《Amiss Prayer (Zawgyi&Unicode) [Completed]》Part-12(တွေ့ဆုံပြီးနောက်...)
Advertisement
For Unicode
တွေ့ဆုံပြီးနောက်
မိမိကိုယ်မိမိ ပြန်မြင်နေရသည်ကတစ်ကြောင်း စိုင်းထွဋ်ခေါင် ပါရှိနေသည်ကတစ်ကြောင်းကြောင့် မိမိ၏အတိတ်ဘဝကာလများကို မြင်နေရသည်မှာ အထင်အရှားဖြစ်ပါသည်။
အိမ်ကြီးရှိ ပြက္ခဒိန်ကိုကြည့်လိုက်သောအခါ အချိန်ကာလသည် ၁၉၄၀ပြည့်နှစ်ကာလဖြစ်နေသည်။ ၁၉၄၀ပြည့်မှစတင်ကာ ၁၉၉၀ကာလအထိ စိုင်းထွဋ်ခေါင်သည် မည်သို့သောအစွဲအလမ်းများကြောင့် ရှိနေရပါသနည်း။ သူ.. မည်သည်ကိုမျှော်လင့်နေပါသနည်း။ သူနှင့်နန္ဒကြား၌ မည်သို့သော အကြောင်းများရှိနေမည်နည်း။ သိချင်စမ်းလှပါသည်။
ထိုသို့မိမိစိတ်၏ သိလိုမှုများကို ပို၍မြှင့်တင်လိုက်သည့်အသံမှာ ထိုအိမ်ကြီးရှိ အစေခံတို့၏ အသံပင်။
“ ဟေ့.. အိမ်ထဲကလူတွေ... အမြန်လာကြ။ သခင်လေးပြန်လာပြီတဲ့... အကုန်ကြိုရမယ်.. လာကြ.. လာကြ “
ထိုသို့သောအစေခံတစ်ဦး၏ အသံကိုကြားရသည်နှင့် နန္ဒရော မြတ်သူပါ စိတ်လှုပ်ရှားနေမည်မှာ အမှန်ပင်။
“ အဘ.. သခင်လေးကို ကြိုရမယ်တဲ့ “
“ အေးအေး.. လာပြီကွယ် “
အိမ်ရှိသခင်မကြီးနှစ်ဦးနှင့် အလုပ်သမားတို့သည်လည်း ဘိလပ်မှပြန်လာသောသခင်လေးကို ထွက်၍စောင့်ကြိုနေကြသည်။
ထို့နောက်ခြံထဲသို့ Classic ကားအမည်းတစ်စီးဝင်လာသည်။ ထိုကားဝင်ဝင်လာချင်းပင် အလုပ်သမားတို့သည်လည်း ခါးကိုင်းကာဦးညွှတ်ထားကြသည်။ ကားရပ်သောအခါ ကားမောင်းသူသည် အလျှင်အမြန်ဆင်းလာကာ ကားတံခါးကိုဖွင့်ပေးသည်။ ထို့နောက် တည်ကြည်ခန့်ညား၍ ဖြူသောအသားရည်၊ နှာတံထင်းထင်း၊ ဆွဲဆောင်မှုရှိလှသောမျက်ခုံးဆက်၊ ပါးလွှာသောနှုတ်ခမ်းတစ်စုံတွင်မူ အပြုံးတစ်ပွင့်ဆင်မြန်းကာ ဆင်းလာသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်မှာကဲ့သို့သော လူသားမှာ တခြားသူမဟုတ်..။ သခင်လေးစိုင်းထွဋ်ခေါင်သာဖြစ်သည်။ ကားပေါ်ကဆင်းလာသောသူသည် လက်အုပ်လေးချီကာ သခင်မကြီးတို့အား နှုတ်ဆက်သည်။
“ မယ်မယ်ဘုရား.. နေကောင်းလို့ကျန်းမာပါတယ်နော် “
“ သားတော်မောင် ပို့သတဲ့မေတ္တာကြောင့် မယ်မယ် ကျန်းမာပါတယ်ကွယ် “
“ နေကောင်းလို့ကျန်းမာပါရဲ့လား အရီးတော် “
“ တူတော်မောင်ပို့သတဲ့မေတ္တာကြောင့် ကျန်းမာပါတယ်တူတော် “
ထို့နောက်စိုင်းထွဋ်ခေါင်သည် မိမိ၏ဘေးဘက်ဝဲယာတို့တွင်ရပ်နေသော အလုပ်သမားများကိုကြည့်လိုက်သည်။ ထိုအချိန်တွင်တခြားသောသူများမှာ ခေါင်းမမော့ရဲသော်လည်း တစ်ဦးတစ်ယောက်သည်စိုင်းထွဋ်ခေါင်အား ခိုး၍ကြည့်နေခိုက်ဖြစ်သည်။
မထင်မှတ်ဘဲ ၎င်းတို့နှစ်ဦးအကြည့်ခြင်းဆုံခိုက်တွင် တခြားသောသူများသာဖြစ်လျှင် စိုင်းထွဋ်ခေါင်သည် ချက်ချင်းပင် အကြည့်လွှဲပစ်မည်ဖြစ်သည်။ သို့သော် စိုင်းထွဋ်ခေါင်နှင့် အကြည့်ချင်းဆုံသူမှာ တခြားသူမဟုတ်..။ နန္ဒဖြစ်သည်။
နန္ဒနှင့်စိုင်းထွဋ်ခေါင် အကြည့်ချင်းဆုံမှုတွင် နန္ဒသည်က အကြည့်လွှဲသွားခြင်းမရှိ။ စိုင်းထွဋ်ခေါင်သည်လည်း အကြည့်လွှဲသွားခြင်းမရှိ..။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်နေခြင်းမှာ တူသောငြား.. အကြည့်များဖြင့်ပုံဖော်နေသည့် ခံစားမှုများမှာမတူပေ။
နန္ဒ၏ မျက်ဝန်းထဲတွင်နွေးထွေးမှုအထိ..။ စိုင်းထွဋ်ခေါင်၏ မျက်ဝန်းထဲတွင်အေးစက်မှုအတိ..။ နန္ဒ၏ အကြည့်တွင် အားကျလေးစားမှုတို့ကိုပုံဖော်ထားသည်။ စိုင်းထွဋ်ခေါင်၏အကြည့်တွင် ကျွန်တစ်ယောက်အား အထင်မြင်သေးမှု တို့ကိုပုံဖော်ထားသည်။
မိမိအားကြည့်နေသော သခင်လေး၏မျက်ဝန်းများသည် အေးစက်မှုအတိဖြစ်နေသည်။ တစ်စုံတစ်ရာသော ကြင်နာမှုမပါသည့် ထိုမျက်ဝန်းများကို မိမိသဘောကျနေသည်။ ထိုအကြည့်စက်ဝန်းများအား ရှောင်လွှဲရမည်ကိုသိပါသည်။ သို့သော် ရုန်းထွက်၍မရ ရှောင်လွှဲ၍မရဖြစ်နေသည်။
နန္ဒသည် စိုင်းထွဋ်ခေါင်၏အကြည့်များကို ရှောင်လွှဲ၍မရသကဲ့သို့ စိုင်းထွဋ်ခေါင်သည်လည်း နန္ဒ၏အကြည့်များကို ရှောင်လွှဲခြင်းမရှိခဲ့။
မရှောင်လွှဲခြင်းမှာ တခြားမဟုတ်..။ သခင်တစ်ယောက်အား ကျွန်တစ်ယောက်အနေဖြင့် ဤမျှလောက်ကြည့်၍ ရဲတင်းလွန်းကာ ရိုင်းနေသည်ကို အပြစ်တင်လိုသောကြောင့်ဖြစ်သည်။
မလှုပ်မယှက်ရပ်နေသာ စိုင်းထွဋ်ခေါင်အား အတွေးနယ်တို့မှ ရုန်းထွက်စေသောအသံမှာ ဒေါ်နန်းသီတာ၏ အသံပင်။
“ ကဲကဲ.. တူတော်မောင်.. ဘာတွေတွေးငေးနေသလဲ။ အနားယူတော့လေကွယ်.. လာလာ.. အထဲဝင်တော့ “
“ ဟုတ်ကဲ့အရီးတော် “
ကျော့မော့စွာဝင်သွားသော သခင်လေးကိုကြည့်ကာ လေးစားအားကျမှု ဖြစ်ပေါ်လာသည်။ ရေခြားမြေခြားဒေသတွင် သွားရောက်နေထိုင်သော်လည်း ယဉ်ကျေးမှုကိုမေ့ဟန်မတူ။ ဝတ်ထားသည်က ရှမ်းရိုးရာဝတ်စုံပင်။ အိမ်တော်သို့စရောက်သောအခါတွင်လည်း မိဘအကြီးအကဲများအား မိမိယဉ်ကျေးမှုအတိုင်းတာနှုတ်ဆက်ကိုင်းရှိုင်းသည်။ မိမိလူမျိုးနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားသော သခင်လေးအား ပို၍ပို၍ လေးစားမိပါသည်။
သခင်လေးနှင့်သခင်မကြီးတို့ အိမ်ထဲသို့ဝင်သွားပြီးနောက် သခင်မကြီးနန်းသီရိက အလုပ်သမားများကိုခေါ်ကာ မိတ်ဆက်ပေးသည်။
“ သားတော်... သူတို့ကိုအမှတ်ရသေးရဲ့လား “
“ သားတော် ကျန်တဲ့သူတွေကိုအမှတ်ရပေမဲ့.. တစ်ဦးကိုတော့ မမြင်ဖူးမတွေ့ဖူးပါ “
“ ဘယ်သူလဲကွယ့် “
“ ဒီကျွန်ကိုပါ “
စိုင်းထွဋ်ခေါင် လက်ညှိုးညွှန်လိုက်သူမှာ နန္ဒဖြစ်သည်။
“ ဒီကောင်လေးက မောင်သစ္စာရဲ့သားလေ။ သူရောက်တာ.. မကြာသေးဘူးကွယ့်..။ အဲဒါကြောင့် သားတော်မသိတာဖြစ်မယ်။ နေပါဦး.. သူ့နာမည်က မောင်နန္ဒတဲ့ “
“ ဟုတ်ကဲ့ပါမယ်မယ် “
“ သူက.. သားတော်နဲ့ အသက်မကွာလောက်ဘူးထင်တယ်။ ဟဲ့.. ကောင်လေး.. မင်းက ဘယ်နှခုနှစ်ဖွားလဲ “
“ ကျွန်တော်က.. ၁၉၁၈ခုနှစ်ဖွားပါသခင်မကြီး “
“ အေးအေး... သားတော်နဲ့အသက်လည်းသိပ်မကွာဘူးကို.. သားတော်က ၁၉၁၃ခုနှစ်ဖွားလေ.. “
“ ဟုတ်ပါတယ်မယ်မယ် “
“ မောင်နန္ဒ.. မင်း.. ဒီနေ့ကစပြီး သခင်လေးရဲ့ ဝေယျာဝစ္စတွေကို တာဝန်ယူရမယ်.. ကြားလား “
“ ဟုတ်ကဲ့ပါသခင်မကြီး.. အမိန့်ကိုနာခံလျက်ပါ “
“ အသက်အရွယ်ကလည်း သိပ်မကွာတော့.. ကူဖော်လှောင်ဖက်လေးရတာပေါ့ကွယ်... ပြီးတော့ ယောကျာ်းလေးဖြစ်တော့ မယ်မယ်တို့စိတ်မပူရဘူးပေါ့ “
“ မယ်မယ့်သဘောတော်အတိုင်းပါ။ အခုတော့..သားတော် နားချင်ပြီမယ်မယ် “
“ အေးကွယ်.. နားစေတော့ “
Advertisement
“ နန္ဒ.. ငါ့အိတ်တွေသယ်ပြီး.. ငါ့အခန်းထဲလိုက်ခဲ့ “
“ ဟုတ်ကဲ့သခင်လေး. “
စိုင်းထွဋ်ခေါင်၏ စကားကြောင့်ပင် နန္ဒသည်အဝတ်အစားထုပ်များကိုသယ်ကာ စိုင်းထွဋ်ခေါင်၏အနောက်မှ လိုက်လာခဲ့သည်။ အိမ်အပေါ်ထပ်မှ စိုင်းထွဋ်ခေါင်၏အခန်းသို့ရောက်သောအခါ စိုင်းထွဋ်ခေါင်သည် ကုလားထိုင်ပေါ်တွင် ခန့်ညားစွာထိုင်လျက် နန္ဒအား စူးစိုက်ကြည့်ကာ စကားဆိုသည်။
“ နန္ဒ.. မင်းဒီကိုလာဦး “
“ ဟုတ်ကဲ့သခင်လေး “
နန္ဒသည် ကြမ်းပြင်ပေါ်တွင် ပဆစ်တုတ်ထိုင်လျက် ခစားရသည်။
“ မင်းရဲ့ အကြည့်တွေကိုပြင်ပါ “
“ ဗျာ “
“ ကျွန်တစ်ယောက်အနေနဲ့ သခင်တစ်ယောက်ကို မြင်မြင်ချင်း ဤမျှလောက်ရိုင်းစိုင်းစွာ ကြည့်ရဲသလား “
“ တောင်းပန်ပါတယ်သခင်လေး “
“ နောက်ကိုဆင်ခြင်ပါ “
သခင်လေးက ထက်မြက်သလောက် အာဏာဆန်လွန်းပါတယ်။ အာဏာဆန်လွန်းတဲ့ သခင်လေးရဲ့အမိန့်ကို နာခံချင်ပေမဲ့ သခင်လေးရဲ့မျက်ဝန်းများက ကျွန်တော်ရုန်းမထွက်နိုင်ရာ ရပ်ဝန်းများဖြစ်လို့.. အတင့်ရဲစွာမျှော်ဖူးချင်ပါသေးတယ်သခင်လေး။
ထိုနေ့မှစ နန္ဒသည် စိုင်းထွဋ်ခေါင်စေခိုင်းသမျှ အမိန့်တို့ကိုနာခံလျက် ခစားရသည်။ သခင်လေး၏ အဝတ်အစားများကိုလည်း မိမိကိုယ်တိုင်စီစဉ်ပေးရသည်။ သခင်လေး၏ဖိနပ်ကိုအစ မိမိကိုယ်တိုင် ပြင်ဆင်၍စီးပေးရသည်။
မိမိသဘော.. မိမိအလိုကျစီစဉ်ပေးသည့် ကောင်လေးသည် အစစအရာရာ စီစစ်သေချာသည်။ မိမိအားကြည့်နေသောအကြည့်များကို ပြင်ရန်ပြောသည်မှစကာ မိမိမျက်နှာအား သိပ်၍မကြည့်..။ ခိုးခိုး၍ကြည့်နေသည်ကို ရိပ်မိပါသည်။ သို့သော် တိုက်ရိုက်ကြည့်နေခြင်းထက် အဆင်ပြေသည်ဖြစ်၍ လိုက်၍မကန့်သတ်တော့ပေ။
“ နန္ဒ “
“ အမိန့်ရှိပါသခင်လေး “
“ ငါ ခြံထဲဆင်းပြီးစာဖတ်မယ်.. ငါ့ကို ကဖီတစ်ခွက်ဖျော်ခဲ့ပေး ငါခြံထဲမှာစောင့်နေမယ် “
“ အမိန့်တိုင်းပါသခင်လေး “
မိမိခြံထဲဆင်းသည့်အခါတွင်လည်း မိမိစီးမည့်ဖိနပ်အား လိုက်၍ပြင်ဆင်ပေးသေးသည်။ ထိုသို့ ပြင်ဆင်ပြီးမှသာ မိမိခိုင်းခဲ့သည်ကိုပြုလုပ်သည်။
ခဏအကြာတွင် နန္ဒသည် ကဖီဖျော်လာကာ မိမိကိုပေးခဲ့သည်။ သောက်လိုက်သည့်ကဖီတွင် သံပုရာသီးအနံ့လေးရနေသည်။
“ သံပုရာသီးညှစ်ထည့် ထားတာလား “
“ ဟုတ်ပါတယ်သခင်လေး.. သခင်လေးက စာဖတ်မှာဆိုတော့ စိတ်ကြည်အောင်ပါ။ အကြိုက်မတွေ့လို့လားသခင်လေး “
“ မဟုတ်ပါဘူး.. မင်းကတော်သားပဲ။ ကဖီကိုဒီလိုဖျော်ဖို့ငါမမှာပေမဲ့ မင်းကဒီလိုဖျော်လာတယ်လေ။ ငါကဒီလိုဖျော်တာကို သဘောကျတယ် “
“ ချီးကျူးပေးလို့.. ကျေးဇူးတင်ပါတယ်သခင်လေး “
တည်ငြိမ်စွာစာဖတ်နေသာသခင်လေးကို ဘေးမှကြည့်နေရသည့်အရသာသည် မည်သည်နှင့်မျှမတူ..။ မိမိအလွန်သဘောကျရပါသည်။
ကျွန်တော် ပြောခဲ့တယ်မဟုတ်လား။ သခင်လေးရဲ့မျက်ဝန်းတွေက ကျွန်တော့်အတွက်ရုန်းမထွက်နိုင်ရာ ရပ်ဝန်းများလို့..။
သို့သော်.. သခင်လေးသည် မိမိအားအမိန့်ထုတ်ခဲ့သည့် နေ့မှစကာ သခင်လေးအားရဲဝံ့စွာမကြည့်ရဲခဲ့ပေ။ သခင်လေး၏ တည်ကြည်သောမျက်နှာအား သေချာစွာကြည့်ခွင့်ရသည့်အချိန်မှာ သခင်လေးစာဖတ်နေသော အချိန်များသာရှိပါသည်။ ထိုကြောင့် သခင်လေး စာများများဖတ်ရန်သာ ဆုတောင်းနေရသည်။
အဘယ့်အတွက်ကြောင့် သခင်လေးကိုပင် ကြည့်ချင်နေရပါသနည်း ဟုမေးခွန်းထုတ်ဖူးပါသည်။ ထိုမေးခွန်းကို ဖြေလိုက်သည်အဖြေကမူ ရိုးရှင်းစွာပင်..။
တည်ကြည်ထက်မြက်သော အမျိုးကောင်းသားအနေဖြင့်.. ထက်မြက်တည်ကြည်သောအစ်ကိုတစ်ယောက်အနေဖြင့် လေးစားအားကျသောစိတ်ကြောင့်ကြည့်မိသည် ဟူ၍သာဖြစ်ပါသည်။
ထိုမေးခွန်းမျိုးအဖို့ရာ ထိုအဖြေသာအသင့်တော်ဆုံးဖြစ်ပါမည်။ အခြားသောအဖြေများဖြင့် ဖြေရှင်းရန်မသင့်တော်ပေ။
မသင့်လျော်ရသည့် အကြောင်းအရင်းမှာမူ သူနှင့်မိမိသည် သခင်နှင့်ကျွန် ဖြစ်နေသည်။ အမျိုးသားအချင်းချင်း မေတ္တာမျှရန်မှာ မဖြစ်နိုင်ဟု မိမိထင်မိပါသည်။ အမျိုးသားအချင်းချင်းထားသည့်မေတ္တာသည် မိတ်ဆွေ၊ ညီအစ်ကို သံယောဇဉ်သာရှိသည်ဟု မိမိကြားဖူးပါသည်..။ မြင်ဖူးပါသည်။
နန္ဒအနေနှင့် ထိုမျှသာကြားဖူးသောကြောင့် ထိုမျှသာမြင်ဖူးသောကြောင့် သူသည် သခင်လေးအပေါ်ထားသည့်မေတ္တာအား အစ်ကိုတစ်ယောက်အပေါ်ထားသည့်မေတ္တာဟုသာ လွယ်လွယ်နှင့်ခေါင်းစဉ်တပ်လိုက်သည်။
For Zawgyi
ေတြ႕ဆုံၿပီးေနာက္
မိမိကိုယ္မိမိ ျပန္ျမင္ေနရသည္ကတစ္ေၾကာင္း စိုင္းထြဋ္ေခါင္ ပါရွိေနသည္ကတစ္ေၾကာင္းေၾကာင့္ မိမိ၏အတိတ္ဘဝကာလမ်ားကို ျမင္ေနရသည္မွာ အထင္အရွားျဖစ္ပါသည္။
အိမ္ႀကီးရွိ ျပကၡဒိန္ကိုၾကည့္လိုက္ေသာအခါ အခ်ိန္ကာလသည္ ၁၉၄၀ျပည့္ႏွစ္ကာလျဖစ္ေနသည္။ ၁၉၄၀ျပည့္မွစတင္ကာ ၁၉၉၀ကာလအထိ စိုင္းထြဋ္ေခါင္သည္ မည္သို႔ေသာအစြဲအလမ္းမ်ားေၾကာင့္ ရွိေနရပါသနည္း။ သူ.. မည္သည္ကိုေမွ်ာ္လင့္ေနပါသနည္း။ သူႏွင့္နႏၵၾကား၌ မည္သို႔ေသာ အေၾကာင္းမ်ားရွိေနမည္နည္း။ သိခ်င္စမ္းလွပါသည္။
ထိုသို႔မိမိစိတ္၏ သိလိုမႈမ်ားကို ပို၍ျမႇင့္တင္လိုက္သည့္အသံမွာ ထိုအိမ္ႀကီးရွိ အေစခံတို႔၏ အသံပင္။
“ ေဟ့.. အိမ္ထဲကလူေတြ... အျမန္လာၾက။ သခင္ေလးျပန္လာၿပီတဲ့... အကုန္ႀကိဳရမယ္.. လာၾက.. လာၾက “
ထိုသို႔ေသာအေစခံတစ္ဦး၏ အသံကိုၾကားရသည္ႏွင့္ နႏၵေရာ ျမတ္သူပါ စိတ္လႈပ္ရွားေနမည္မွာ အမွန္ပင္။
“ အဘ.. သခင္ေလးကို ႀကိဳရမယ္တဲ့ “
“ ေအးေအး.. လာၿပီကြယ္ “
အိမ္ရွိသခင္မႀကီးႏွစ္ဦးႏွင့္ အလုပ္သမားတို႔သည္လည္း ဘိလပ္မွျပန္လာေသာသခင္ေလးကို ထြက္၍ေစာင့္ႀကိဳေနၾကသည္။
ထို႔ေနာက္ၿခံထဲသို႔ Classic ကားအမည္းတစ္စီးဝင္လာသည္။ ထိုကားဝင္ဝင္လာခ်င္းပင္ အလုပ္သမားတို႔သည္လည္း ခါးကိုင္းကာဦးၫႊတ္ထားၾကသည္။ ကားရပ္ေသာအခါ ကားေမာင္းသူသည္ အလွ်င္အျမန္ဆင္းလာကာ ကားတံခါးကိုဖြင့္ေပးသည္။ ထို႔ေနာက္ တည္ၾကည္ခန႔္ညား၍ ျဖဴေသာအသားရည္၊ ႏွာတံထင္းထင္း၊ ဆြဲေဆာင္မႈရွိလွေသာမ်က္ခုံးဆက္၊ ပါးလႊာေသာႏႈတ္ခမ္းတစ္စုံတြင္မူ အၿပဳံးတစ္ပြင့္ဆင္ျမန္းကာ ဆင္းလာေသာ ပ်ိဳတိုင္းႀကိဳက္သည့္ႏွင္းဆီခိုင္မွာကဲ့သို႔ေသာ လူသားမွာ တျခားသူမဟုတ္..။ သခင္ေလးစိုင္းထြဋ္ေခါင္သာျဖစ္သည္။ ကားေပၚကဆင္းလာေသာသူသည္ လက္အုပ္ေလးခ်ီကာ သခင္မႀကီးတို႔အား ႏႈတ္ဆက္သည္။
“ မယ္မယ္ဘုရား.. ေနေကာင္းလို႔က်န္းမာပါတယ္ေနာ္ “
“ သားေတာ္ေမာင္ ပို႔သတဲ့ေမတၱာေၾကာင့္ မယ္မယ္ က်န္းမာပါတယ္ကြယ္ “
Advertisement
“ ေနေကာင္းလို႔က်န္းမာပါရဲ႕လား အရီးေတာ္ “
“ တူေတာ္ေမာင္ပို႔သတဲ့ေမတၱာေၾကာင့္ က်န္းမာပါတယ္တူေတာ္ “
ထို႔ေနာက္စိုင္းထြဋ္ေခါင္သည္ မိမိ၏ေဘးဘက္ဝဲယာတို႔တြင္ရပ္ေနေသာ အလုပ္သမားမ်ားကိုၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္တျခားေသာသူမ်ားမွာ ေခါင္းမေမာ့ရဲေသာ္လည္း တစ္ဦးတစ္ေယာက္သည္စိုင္းထြဋ္ေခါင္အား ခိုး၍ၾကည့္ေနခိုက္ျဖစ္သည္။
မထင္မွတ္ဘဲ ၎တို႔ႏွစ္ဦးအၾကည့္ျခင္းဆုံခိုက္တြင္ တျခားေသာသူမ်ားသာျဖစ္လွ်င္ စိုင္းထြဋ္ေခါင္သည္ ခ်က္ခ်င္းပင္ အၾကည့္လႊဲပစ္မည္ျဖစ္သည္။ သို႔ေသာ္ စိုင္းထြဋ္ေခါင္ႏွင့္ အၾကည့္ခ်င္းဆုံသူမွာ တျခားသူမဟုတ္..။ နႏၵျဖစ္သည္။
နႏၵႏွင့္စိုင္းထြဋ္ေခါင္ အၾကည့္ခ်င္းဆုံမႈတြင္ နႏၵသည္က အၾကည့္လႊဲသြားျခင္းမရွိ။ စိုင္းထြဋ္ေခါင္သည္လည္း အၾကည့္လႊဲသြားျခင္းမရွိ..။ တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ၾကည့္ေနျခင္းမွာ တူေသာျငား.. အၾကည့္မ်ားျဖင့္ပုံေဖာ္ေနသည့္ ခံစားမႈမ်ားမွာမတူေပ။
နႏၵ၏ မ်က္ဝန္းထဲတြင္ေႏြးေထြးမႈအထိ..။ စိုင္းထြဋ္ေခါင္၏ မ်က္ဝန္းထဲတြင္ေအးစက္မႈအတိ..။ နႏၵ၏ အၾကည့္တြင္ အားက်ေလးစားမႈတို႔ကိုပုံေဖာ္ထားသည္။ စိုင္းထြဋ္ေခါင္၏အၾကည့္တြင္ ကြၽန္တစ္ေယာက္အား အထင္ျမင္ေသးမႈ တို႔ကိုပုံေဖာ္ထားသည္။
မိမိအားၾကည့္ေနေသာ သခင္ေလး၏မ်က္ဝန္းမ်ားသည္ ေအးစက္မႈအတိျဖစ္ေနသည္။ တစ္စုံတစ္ရာေသာ ၾကင္နာမႈမပါသည့္ ထိုမ်က္ဝန္းမ်ားကို မိမိသေဘာက်ေနသည္။ ထိုအၾကည့္စက္ဝန္းမ်ားအား ေရွာင္လႊဲရမည္ကိုသိပါသည္။ သို႔ေသာ္ ႐ုန္းထြက္၍မရ ေရွာင္လႊဲ၍မရျဖစ္ေနသည္။
နႏၵသည္ စိုင္းထြဋ္ေခါင္၏အၾကည့္မ်ားကို ေရွာင္လႊဲ၍မရသကဲ့သို႔ စိုင္းထြဋ္ေခါင္သည္လည္း နႏၵ၏အၾကည့္မ်ားကို ေရွာင္လႊဲျခင္းမရွိခဲ့။
မေရွာင္လႊဲျခင္းမွာ တျခားမဟုတ္..။ သခင္တစ္ေယာက္အား ကြၽန္တစ္ေယာက္အေနျဖင့္ ဤမွ်ေလာက္ၾကည့္၍ ရဲတင္းလြန္းကာ ႐ိုင္းေနသည္ကို အျပစ္တင္လိုေသာေၾကာင့္ျဖစ္သည္။
မလႈပ္မယွက္ရပ္ေနသာ စိုင္းထြဋ္ေခါင္အား အေတြးနယ္တို႔မွ ႐ုန္းထြက္ေစေသာအသံမွာ ေဒၚနန္းသီတာ၏ အသံပင္။
“ ကဲကဲ.. တူေတာ္ေမာင္.. ဘာေတြေတြးေငးေနသလဲ။ အနားယူေတာ့ေလကြယ္.. လာလာ.. အထဲဝင္ေတာ့ “
“ ဟုတ္ကဲ့အရီးေတာ္ “
ေက်ာ့ေမာ့စြာဝင္သြားေသာ သခင္ေလးကိုၾကည့္ကာ ေလးစားအားက်မႈ ျဖစ္ေပၚလာသည္။ ေရျခားေျမျခားေဒသတြင္ သြားေရာက္ေနထိုင္ေသာ္လည္း ယဥ္ေက်းမႈကိုေမ့ဟန္မတူ။ ဝတ္ထားသည္က ရွမ္း႐ိုးရာဝတ္စုံပင္။ အိမ္ေတာ္သို႔စေရာက္ေသာအခါတြင္လည္း မိဘအႀကီးအကဲမ်ားအား မိမိယဥ္ေက်းမႈအတိုင္းတာႏႈတ္ဆက္ကိုင္းရႈိင္းသည္။ မိမိလူမ်ိဳးႏွင့္ယဥ္ေက်းမႈကို တန္ဖိုးထားေသာ သခင္ေလးအား ပို၍ပို၍ ေလးစားမိပါသည္။
သခင္ေလးႏွင့္သခင္မႀကီးတို႔ အိမ္ထဲသို႔ဝင္သြားၿပီးေနာက္ သခင္မႀကီးနန္းသီရိက အလုပ္သမားမ်ားကိုေခၚကာ မိတ္ဆက္ေပးသည္။
“ သားေတာ္... သူတို႔ကိုအမွတ္ရေသးရဲ႕လား “
“ သားေတာ္ က်န္တဲ့သူေတြကိုအမွတ္ရေပမဲ့.. တစ္ဦးကိုေတာ့ မျမင္ဖူးမေတြ႕ဖူးပါ “
“ ဘယ္သူလဲကြယ့္ “
“ ဒီကြၽန္ကိုပါ “
စိုင္းထြဋ္ေခါင္ လက္ညႇိဳးၫႊန္လိုက္သူမွာ နႏၵျဖစ္သည္။
“ ဒီေကာင္ေလးက ေမာင္သစၥာရဲ႕သားေလ။ သူေရာက္တာ.. မၾကာေသးဘူးကြယ့္..။ အဲဒါေၾကာင့္ သားေတာ္မသိတာျဖစ္မယ္။ ေနပါဦး.. သူ႔နာမည္က ေမာင္နႏၵတဲ့ “
“ ဟုတ္ကဲ့ပါမယ္မယ္ “
“ သူက.. သားေတာ္နဲ႔ အသက္မကြာေလာက္ဘူးထင္တယ္။ ဟဲ့.. ေကာင္ေလး.. မင္းက ဘယ္ႏွခုႏွစ္ဖြားလဲ “
“ ကြၽန္ေတာ္က.. ၁၉၁၈ခုႏွစ္ဖြားပါသခင္မႀကီး “
“ ေအးေအး... သားေတာ္နဲ႔အသက္လည္းသိပ္မကြာဘူးကို.. သားေတာ္က ၁၉၁၃ခုႏွစ္ဖြားေလ.. “
“ ဟုတ္ပါတယ္မယ္မယ္ “
“ ေမာင္နႏၵ.. မင္း.. ဒီေန႔ကစၿပီး သခင္ေလးရဲ႕ ေဝယ်ာဝစၥေတြကို တာဝန္ယူရမယ္.. ၾကားလား “
“ ဟုတ္ကဲ့ပါသခင္မႀကီး.. အမိန႔္ကိုနာခံလ်က္ပါ “
“ အသက္အ႐ြယ္ကလည္း သိပ္မကြာေတာ့.. ကူေဖာ္ေလွာင္ဖက္ေလးရတာေပါ့ကြယ္... ၿပီးေတာ့ ေယာက်ာ္းေလးျဖစ္ေတာ့ မယ္မယ္တို႔စိတ္မပူရဘူးေပါ့ “
“ မယ္မယ့္သေဘာေတာ္အတိုင္းပါ။ အခုေတာ့..သားေတာ္ နားခ်င္ၿပီမယ္မယ္ “
“ ေအးကြယ္.. နားေစေတာ့ “
“ နႏၵ.. ငါ့အိတ္ေတြသယ္ၿပီး.. ငါ့အခန္းထဲလိုက္ခဲ့ “
“ ဟုတ္ကဲ့သခင္ေလး. “
စိုင္းထြဋ္ေခါင္၏ စကားေၾကာင့္ပင္ နႏၵသည္အဝတ္အစားထုပ္မ်ားကိုသယ္ကာ စိုင္းထြဋ္ေခါင္၏အေနာက္မွ လိုက္လာခဲ့သည္။ အိမ္အေပၚထပ္မွ စိုင္းထြဋ္ေခါင္၏အခန္းသို႔ေရာက္ေသာအခါ စိုင္းထြဋ္ေခါင္သည္ ကုလားထိုင္ေပၚတြင္ ခန႔္ညားစြာထိုင္လ်က္ နႏၵအား စူးစိုက္ၾကည့္ကာ စကားဆိုသည္။
“ နႏၵ.. မင္းဒီကိုလာဦး “
“ ဟုတ္ကဲ့သခင္ေလး “
နႏၵသည္ ၾကမ္းျပင္ေပၚတြင္ ပဆစ္တုတ္ထိုင္လ်က္ ခစားရသည္။
“ မင္းရဲ႕ အၾကည့္ေတြကိုျပင္ပါ “
“ ဗ်ာ “
“ ကြၽန္တစ္ေယာက္အေနနဲ႔ သခင္တစ္ေယာက္ကို ျမင္ျမင္ခ်င္း ဤမွ်ေလာက္႐ိုင္းစိုင္းစြာ ၾကည့္ရဲသလား “
“ ေတာင္းပန္ပါတယ္သခင္ေလး “
“ ေနာက္ကိုဆင္ျခင္ပါ “
သခင္ေလးက ထက္ျမက္သေလာက္ အာဏာဆန္လြန္းပါတယ္။ အာဏာဆန္လြန္းတဲ့ သခင္ေလးရဲ႕အမိန႔္ကို နာခံခ်င္ေပမဲ့ သခင္ေလးရဲ႕မ်က္ဝန္းမ်ားက ကြၽန္ေတာ္႐ုန္းမထြက္ႏိုင္ရာ ရပ္ဝန္းမ်ားျဖစ္လို႔.. အတင့္ရဲစြာေမွ်ာ္ဖူးခ်င္ပါေသးတယ္သခင္ေလး။
ထိုေန႔မွစ နႏၵသည္ စိုင္းထြဋ္ေခါင္ေစခိုင္းသမွ် အမိန႔္တို႔ကိုနာခံလ်က္ ခစားရသည္။ သခင္ေလး၏ အဝတ္အစားမ်ားကိုလည္း မိမိကိုယ္တိုင္စီစဥ္ေပးရသည္။ သခင္ေလး၏ဖိနပ္ကိုအစ မိမိကိုယ္တိုင္ ျပင္ဆင္၍စီးေပးရသည္။
မိမိသေဘာ.. မိမိအလိုက်စီစဥ္ေပးသည့္ ေကာင္ေလးသည္ အစစအရာရာ စီစစ္ေသခ်ာသည္။ မိမိအားၾကည့္ေနေသာအၾကည့္မ်ားကို ျပင္ရန္ေျပာသည္မွစကာ မိမိမ်က္ႏွာအား သိပ္၍မၾကည့္..။ ခိုးခိုး၍ၾကည့္ေနသည္ကို ရိပ္မိပါသည္။ သို႔ေသာ္ တိုက္႐ိုက္ၾကည့္ေနျခင္းထက္ အဆင္ေျပသည္ျဖစ္၍ လိုက္၍မကန႔္သတ္ေတာ့ေပ။
“ နႏၵ “
“ အမိန႔္ရွိပါသခင္ေလး “
“ ငါ ၿခံထဲဆင္းၿပီးစာဖတ္မယ္.. ငါ့ကို ကဖီတစ္ခြက္ေဖ်ာ္ခဲ့ေပး ငါၿခံထဲမွာေစာင့္ေနမယ္ “
“ အမိန႔္တိုင္းပါသခင္ေလး “
မိမိၿခံထဲဆင္းသည့္အခါတြင္လည္း မိမိစီးမည့္ဖိနပ္အား လိုက္၍ျပင္ဆင္ေပးေသးသည္။ ထိုသို႔ ျပင္ဆင္ၿပီးမွသာ မိမိခိုင္းခဲ့သည္ကိုျပဳလုပ္သည္။
ခဏအၾကာတြင္ နႏၵသည္ ကဖီေဖ်ာ္လာကာ မိမိကိုေပးခဲ့သည္။ ေသာက္လိုက္သည့္ကဖီတြင္ သံပုရာသီးအနံ႔ေလးရေနသည္။
“ သံပုရာသီးညႇစ္ထည့္ ထားတာလား “
“ ဟုတ္ပါတယ္သခင္ေလး.. သခင္ေလးက စာဖတ္မွာဆိုေတာ့ စိတ္ၾကည္ေအာင္ပါ။ အႀကိဳက္မေတြ႕လို႔လားသခင္ေလး “
“ မဟုတ္ပါဘူး.. မင္းကေတာ္သားပဲ။ ကဖီကိုဒီလိုေဖ်ာ္ဖို႔ငါမမွာေပမဲ့ မင္းကဒီလိုေဖ်ာ္လာတယ္ေလ။ ငါကဒီလိုေဖ်ာ္တာကို သေဘာက်တယ္ “
“ ခ်ီးက်ဴးေပးလို႔.. ေက်းဇူးတင္ပါတယ္သခင္ေလး “
တည္ၿငိမ္စြာစာဖတ္ေနသာသခင္ေလးကို ေဘးမွၾကည့္ေနရသည့္အရသာသည္ မည္သည္ႏွင့္မွ်မတူ..။ မိမိအလြန္သေဘာက်ရပါသည္။
ကြၽန္ေတာ္ ေျပာခဲ့တယ္မဟုတ္လား။ သခင္ေလးရဲ႕မ်က္ဝန္းေတြက ကြၽန္ေတာ့္အတြက္႐ုန္းမထြက္ႏိုင္ရာ ရပ္ဝန္းမ်ားလို႔..။
သို႔ေသာ္.. သခင္ေလးသည္ မိမိအားအမိန႔္ထုတ္ခဲ့သည့္ ေန႔မွစကာ သခင္ေလးအားရဲဝံ့စြာမၾကည့္ရဲခဲ့ေပ။ သခင္ေလး၏ တည္ၾကည္ေသာမ်က္ႏွာအား ေသခ်ာစြာၾကည့္ခြင့္ရသည့္အခ်ိန္မွာ သခင္ေလးစာဖတ္ေနေသာ အခ်ိန္မ်ားသာရွိပါသည္။ ထိုေၾကာင့္ သခင္ေလး စာမ်ားမ်ားဖတ္ရန္သာ ဆုေတာင္းေနရသည္။
အဘယ့္အတြက္ေၾကာင့္ သခင္ေလးကိုပင္ ၾကည့္ခ်င္ေနရပါသနည္း ဟုေမးခြန္းထုတ္ဖူးပါသည္။ ထိုေမးခြန္းကို ေျဖလိုက္သည္အေျဖကမူ ႐ိုးရွင္းစြာပင္..။
တည္ၾကည္ထက္ျမက္ေသာ အမ်ိဳးေကာင္းသားအေနျဖင့္.. ထက္ျမက္တည္ၾကည္ေသာအစ္ကိုတစ္ေယာက္အေနျဖင့္ ေလးစားအားက်ေသာစိတ္ေၾကာင့္ၾကည့္မိသည္ ဟူ၍သာျဖစ္ပါသည္။
ထိုေမးခြန္းမ်ိဳးအဖို႔ရာ ထိုအေျဖသာအသင့္ေတာ္ဆုံးျဖစ္ပါမည္။ အျခားေသာအေျဖမ်ားျဖင့္ ေျဖရွင္းရန္မသင့္ေတာ္ေပ။
မသင့္ေလ်ာ္ရသည့္ အေၾကာင္းအရင္းမွာမူ သူႏွင့္မိမိသည္ သခင္ႏွင့္ကြၽန္ ျဖစ္ေနသည္။ အမ်ိဳးသားအခ်င္းခ်င္း ေမတၱာမွ်ရန္မွာ မျဖစ္ႏိုင္ဟု မိမိထင္မိပါသည္။ အမ်ိဳးသားအခ်င္းခ်င္းထားသည့္ေမတၱာသည္ မိတ္ေဆြ၊ ညီအစ္ကို သံေယာဇဥ္သာရွိသည္ဟု မိမိၾကားဖူးပါသည္..။ ျမင္ဖူးပါသည္။
နႏၵအေနႏွင့္ ထိုမွ်သာၾကားဖူးေသာေၾကာင့္ ထိုမွ်သာျမင္ဖူးေသာေၾကာင့္ သူသည္ သခင္ေလးအေပၚထားသည့္ေမတၱာအား အစ္ကိုတစ္ေယာက္အေပၚထားသည့္ေမတၱာဟုသာ လြယ္လြယ္ႏွင့္ေခါင္းစဥ္တပ္လိုက္သည္။
Advertisement
- In Serial238 Chapters
The Alliance Marriage Went Wrong
Whoever insult the Jerivians is insulting my fiancee and insulting my fiancee is insulting me.
8 1785 - In Serial22 Chapters
Rebuilding the Sun Kingdom!
Chris Duhan wakes up in a world where different races are fighting for supremacy. Humanity is in a tough spot as the humans are now scattered in the ruins of their kingdom. Cities are no more, armies are long defeated and survivors are hunted. Author's note: This is a kingdom building novel with comedy elements. You can expect romance but no harem. As most of my audience is on webnovel I will keep the novel updated there first and post chapters here a little later. The main page of the novel : https://www.webnovel.com/book/10361389106019205/Rebuilding-the-Sun-Kingdom! The first map revealed to the MC: https://ibb.co/gEpvCyMore maps are revealed as the story progresses.
8 131 - In Serial20 Chapters
A small cloud (Complete )
အရင်က ချစ်ခဲ့တယ် အခုမချစ်တော့ဘူးကျွန်တော့်ရဲ့သေဆုံးသွားတဲ့ဝိညာဉ်နဲ့အတူခင်ဗျားကိုချစ်တဲ့အချစ်တွေပါသွားပြီXiaoZhanမင်းဘာလို့ ငါ့ကို မုန်းနေမှန်းငါမသိပေမယ့်မင်းကို ချစ်နေမိတာတော့ ငါသိတယ်WangYiBoYiZhan ပါနော်
8 92 - In Serial13 Chapters
Last chances (bechole fanfic)
its Chloe's last year to be next to her one true love who's sadly dating a treble maker but it seems like that might be coming to a end and she's lost because she Dosent know if beca feels the same way as she does. What will happen this year will Chloe finally confess or will she forever hold her peace.
8 66 - In Serial23 Chapters
La Lace (Elizabeth Olsen x F Reader)
Y/N works as a bartender, one night stands are expected. Elizabeth Olsen, a professor, hasn't had a drunk make out session in a decade. Y/N changes that. Their jobs collide and a decision has to be made.Completed as of 20/12/2021Elizabeth Olsen x Female ReaderInvolves Aubrey Plaza, Florence Pugh and Scarlett Johansson🎖#2- Florence
8 118 - In Serial9 Chapters
7 Days
Conner wasn't sure if a week's time was enough to successfully make Bree blush. But he would do whatever it took, to win the heart of his girl.Conner is determined to make Bree blush by the end of seven days. Set at the end of the sixth book, so spoilers may apply. Slight AU. Cross posted on fanfiction.net.✧・゚: *✧・゚:* ☆ *:・゚✧*:・゚✧A story ofhope,patience,wooing, and love𝟳 𝘿𝘼𝙔𝙎‼
8 139

