《Amiss Prayer (Zawgyi&Unicode) [Completed]》Part-13(သိလာခြင်း)
Advertisement
For Unicode
သိလာခြင်း
“ လူလေး.. မင်း.. သခင်လေးဘေးမှာ အလုပ်လုပ်နေရတာ အဆင်ပြေရဲ့လား။ သူမင်းကိုနှိပ်စက်သေးလားသား “
“ အဲဒီလိုမျိုးတော့.. မရှိပါဘူးအဘ။ ဘာဖြစ်လို့လဲ “
“ သခင်လေးက စိတ်ကြီးတယ်ကွယ့်။ သူအလိုမကျတာရှိရင် နည်းနည်းမှသည်းမခံတတ်ဘူး။ အရင်က သူဘိလပ်မသွားခင်ကဆိုရင် သူ့အနားမှာခစားရတဲ့ကျွန်တွေကို စိတ်တိုင်းမကျတာနဲ့ တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်တာပဲ။ညအလုပ်ထုတ်ရုံလောက်ဆို မပြောပလောက်ပါဘူး..။ နှိပ်စက်တာတွေပါလုပ်တတ်တော့ ငါ့သားအတွက် အဘစိုးရိမ်တယ်ကွယ် “
“ ဘယ်လိုမျိုး နှိပ်စက်တာလဲအဘ “
“ ဒီလိုကွယ်.. တစ်ခါတုန်းကပေါ့.. ကျွန်တစ်ယောက်က ရွှေတိုငွေစတွေကိုခိုးတာ မိသွားလို့တဲ့ကွယ်.. ခြေတွေလက်တွေကို ချိုးပစ်တာကွယ့်။ ပြီးတော့.. ဘာကြောင့်ခိုးတာလဲ.. ဘာအတွက်လဲ မေးမြန်းခြင်းမရှိဘဲသတ်လိုက်တာပဲ။ နောက်တစ်ယောက်ကကျတော့ ဒီအိမ်တော်ကိုအလည်လာတဲ့ သခင်မကြီးတွေရဲ့ဧည့်သည်မိန်းကလေးကို ကျွန်တစ်ယောက်ကအရက်မူပြီး ညဘက်ကြီး အဲဒီဧည့်သည်မိန်းလေးအခန်းကိုဝင်တယ်.. အတင်းအဓမ္မ ဆွဲလားရမ်းလားလုပ်တယ်လေ။ အဲဒီတော့ သခင်မကြီးတွေရော သခင်လေးကပါ အတော်ကိုစိတ်ဆိုးသွားတယ်။ အိမ်တော်ကိုသိက္ခာကျအောင် လုပ်ရလားဆိုပြီးတော့ အဲဒီကျွန်ကို လျှာဖြတ်၊ မျက်လုံးဖောက်၊ တန်ဆာကိုဖြတ်ပြီး သတ်ဖြစ်တာ။ နောက်တစ်ယောက်ကျတော့.. အမျိုးသမီးကွယ့်။ သူကကျွန်သာလုပ်တာ ရုပ်ရည်ကတော့ အင်မတန်ချောမောတယ်။ အဲဒီအမျိုးသမီးလေးက သခင်လေးကို သခင်မကြီးတွေမရှိတုန်း မြူဆွယ်လို့တဲ့ တံကျင်လျှိုပြီးသတ်လိုက်တာ “
“ တံကျင်လျှိုပြီးသတ်တယ်ဆိုတာ.. ဘယ်လိုသတ်တာလဲအဘ “
“ ဟိုလေကွယ်... မဟာဓမ္မရာဇာမင်းတရာကြီးလက်ထက်မှာ ဗရင်ဂျီဘာသာဝင် ငဇင်ကာကိုသတ်သလိုပေါ့။ ကျင်ကြီးပေါက်ကနေဦးခေါင်ထိ သျှားသစ်သားချောင်း လျှိုပြီးတော့မြို့လယ်မှာပြထားတယ်ဆိုတာ ကြားဖူးလား “
“ ဟုတ်... ကြားဖူးတယ်အဘ “
“ အေး.. အဲဒါကို တံကျင်လျှိုပြီးသတ်တာလို့ခေါ်တယ်။ ဒါပေမဲ့.. ဒီမိန်းကလေးကိုတော့ တံကျင်လျှိုပြီးသတ်တာပေါ့..။ မြို့လယ်မှာတော့မပြဘူးလေ “
“ အဲဒါကို.. သခင်လေးကိုယ်တိုင်သတ်တာလား “
“ သူက သတ်ဖို့အမိန့်ပေးတယ်.. တခြားကျွန်တွေက လုပ်ရတာပေါ့ကွယ် “
“ တကယ်ပဲ.. သခင်လေးက အဲဒီလောက်ရက်စက်တာလား “
“ အင်း... အဲဒီလောက်ထိရက်စက်တယ်.. သွေးအေးအေးနဲ့ ရက်စက်တာ။ အဲဒါကြောင့် အဘကသားကို စိတ်ပူတယ်လို့ ပြောတာပေါ့ကွယ် “
“ အခုထိတော့.. သားအလုပ်လုပ်ရတာ အဆင်ပြေပါတယ်အဘ။ စိတ်မပူပါနဲ့..။ သားက သခင်လေး အလိုရှိတဲ့အတိုင်း သေသေချာချာ အလုပ်လုပ်ပေးတာဆိုတော့ သားအတွက်အန္တရာယ်မရှိလောက်ပါဘူး “
“ အေးကွယ်.. ငါ့သားအဆင်ပြေရင်ပြီးတာပါပဲ “
ထိုသို့ဖြင့် နန္ဒတို့သားအဖနှစ်ယောက်သည် ထမင်းလက်စုံစားနေရင်း အဖေဖြစ်သူက သားဖြစ်သူအားစိတ်ပူပင်ရသောကြောင့် သခင်လေးအနားတွင်သတိထားကာ ခစားစေရန်အကြိမ်ကြိမ်မှာနေသည်။ ဤသို့မှာနေခြင်းမှာ ပထမဆုံးအကြိမ်လည်းမဟုတ်။ အကြိမ်ကြိမ်မှာနေရသည်။
အဘပြောပုံအရ သခင်ကတကယ်ရက်စက်တဲ့သူပါလား..။
အဘသည် မဟုတ်မမှန်သည်ကိုလုပ်ကြံ၍ ပြောမည့်သူမဟုတ်။ ထို့ကြောင့် အဘပြောသည်ကို ယုံချင်ပါသည်။ သို့သော် မိမိမြင်တွေ့နေရသော သခင်လေးမှာမူ အဘပြောသကဲ့သို့ ရက်စက်မည့်ဟန်များကို အရိပ်ယောင်ပင်မမြင်ရ။ ယခုတွင်လည်း တည်ကြည်ငြိမ်သက်စွာ သတင်းစာဖတ်နေသည်။ တည်ကြည်ငြိမ်သက်နေသည့် သခင်လေး၏ အသွင်အပြင်မှာ အေးချမ်းလှသည်။
“ သခင်လေး.. ကျွန်တော်ရောက်ပါပြီ.. “
“ ထမင်းစားခဲ့ပြီးပြီလား “
“ ဟုတ်ကဲ့.. ပြီးပါပြီ...”
“ ခဏနေရင်.. ငါ့အခန်းထဲကိုသန့်ရှင်းလုပ်ပေးဦး “
“ အမိန့်အတိုင်းပါ သခင်လေး “
သခင်လေး၏ အမိန့်အတိုင်းပင် သခင်လေး၏အခန်းအား သန့်ရှင်းလေးလုပ်ပေးရသည်။ ထိုသို့သန်ရှင်းလေးလုပ်နေစဉ် သခင်လေး၏စာကြည့်စားပွဲအား ဖုန်သုတ်ပေးသောအခါ ထိုစားပွဲပေါ်ရှိနှင်းဆီဖြူလေးများထိုးထားသည့် သခင်လေး၏ ဖန်ပန်းအိုးလေးကို လက်နှင့်တိုက်မိကာ ကျကွဲသွားသည်။
“ ဟာ... သွားပါပြီ “
ပန်းအိုးကျကွဲသွားစဉ် အဘပြောပြထားသည့် သခင်လေး၏ရက်စက်မှုများအား နားထဲတွင် တဖြည်းဖြည်းကြားယောင်လာသည်။ ချွေးသီးချွေးပေါက်များပင်ကျကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာသည်။
ပန်းအိုးလေး ကျကွဲရုံနဲ့.. တံကျင်တော့အလျှိုမခံရပါဘူးနော်။ မဖြစ်ဘူး.. မဖြစ်ဘူး.. ဒါကိိုတစ်ခုခုလုပ်ဦးမှ
ဟိုတစ်စဒီတစ်စဖြစ်နေသာ ပန်းအိုးကွဲအစအများကိုလိုက်ကောက်နေစဥ် လက်ရှကာ သွေးထွက်လာသည်။
“ ဟာ... သေလိုက်ပါတော့ဟ “
သွေးထွက်နေသည့် မိမိလက်ကိုပင်ဂရုမပြုနိုင် ဆက်၍သာ ပန်းအိုးကွဲစများကိုလိုက်ကောက်နေသည်။
လက်ရှပြီးသွေးထွက်တဲ့အရေးထက် တံကျင်အလျှိုမခံရမယ့်အရေးက ပိုကြီးတယ်လေ။
ကံတရားသည် နန္ဒဘက်တွင်မပါ။ နန္ဒသည် ထိုပန်းအိုးကွဲအစများကို ရှင်းနေခိုက်တွင် စိုင်းထွဋ်ခေါင်သည် အခန်းထဲသို့ဝင်လာသည်။
အခန်းထဲသို့ဝင်လာသော သခင်လေးကို ကြည့်ရင်း ပန်းအိုးကွဲစများကိုကိုင်ထားသော လက်အား အလျင်အမြန်ပင် အနောက်သို့ဖွက်လိုက်သည်။
ငါသေရတော့မှာလား..။ သခင်လေးဒေါသထွက်တော့မှာလား..။
ထိုသို့သော အတွေးများနှင့်ပင် စိတ်ချောက်ချားလာကာ လူပါတုန်ယင်လာသည်။
ထိုစဉ်အဘပြောပြခဲ့သော ‘ ကျင်ကြီးပေါက်ကနေဦးခေါင်ထိ သျှားသစ်သားချောင်းလျှိုပြီးတော့.. မြို့လယ်မှာ ပြထားတယ်ဆိုတာကြားဖူးလား’ ဟူသည့် တံကျင်လျှိုသတ်ပုံကြီးသည် နားထဲတွင် အခါခါပြန်ကြားလာသည်။
ကြောက်ရွံမှုကြောင့် စကားမပြောနိုင်ဘဲ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကိုသခင်လေးမှ စတင်ဖြိုခွဲလိုက်သည်။
“ ဘာဖြစ်နေတာလဲ.. မျက်နှာကသွေးမရှိသလိုပဲ “
သခင်လေးစိုင်းထွဋ်ခေါင်၏ ထိုမေးခွန်းအား နန္ဒမဖြေမိ။ ကြောက်ရွံ့နေဆဲသာ..။
“ ဘာလဲ.. ပန်းအိုးကျကွဲသွားတာလား “
နန္ဒသည် ပန်းအိုးကွဲစများကိုသာ ကောက်နေသော်လည်း ကျနေသည် နှင်းဆီဖြူနှင့်ရေတို့ကို မရှင်းရသေးသောကြောင့် သခင်လေးစိုင်းထွဋ်ခေါင်သည် ရိပ်မိသွားခဲ့ခြင်းဖြစ်သည်။
Advertisement
“ ကျွန်တော်.. တောင်းပန်ပါတယ်သခင်လေး.. ဖုန်သုတ်နေရင်း လက်နဲ့တိုက်မိသွားတာပါ “
နန္ဒ၏စကားအား ကြားပြီးနောက် သခင်လေးစိုင်းထွဋ်ခေါင်သည် ရေနှင့်နှင်းဆီဖြူများရှိနေသော ကြမ်းပြင်ကိုကြည့်လိုက်သည်။ ထို့နောက် စိုင်းထွဋ်ခေါင်မြင်ခဲ့ရသည်မှာ ထိုကြမ်းပြင်တွင်ရှိနေသည့် နှင်းဆီဖြူများနှင့် ဖိတ်ကျနေသောရေများသာမက နှင်းဆီဖြူပေါ်တွင် စွန်းထင်းနေသော သွေးစအချို့ကိုပါမြင်ပါသည်။
“ မင်း.. လက်ထိသွားတာလား “
“ ဟုတ်.. ဟုတ်ကဲ့သခင်လေး “
ထုတ်ပြလာတဲ့လက်တွေက ပန်းအိုးကွဲအစတွေကို ကိုင်ထားနေတုန်းပဲ..။ ဒီကောင်လေးနှယ်.. လက်ကထိထားတာတောင် ဒါတွေကိုင်ထားသေးတာလား။ ပိုပြီးရှကုန်တော့မှဖြင့် ဒုက္ခရောက်ကုန်တော့မယ်။
“ လောလောဆယ် မင်းလက်ထဲကဟာတွေကို။လွှင့်ပစ်လိုက်.. ပြီးရင်.. အခန်းထဲပြန်လာခဲ့ “
“ ဟုတ်ကဲ့... “
သခင်လေးစိုင်းထွဋ်ခေါင်ပြောသည့်အတိုင်းပင် နန္ဒသည်လည်း ပန်းအိုးကွဲအစများကိုလွှင့်ပစ်ပြီးနောက် သခင်လေးစိုင်းထွဋ်ခေါင်၏ အခန်းထဲသို့ အလျှင်အမြန်ပြန်ရောက်ခဲ့သည်။ အခန်းထဲသို့ ပြန်ဝင်လာသောအခါ သခင်လေးစိုင်းထွဋ်ခေါင် ခုတင်ပေါ်တွင်ထိုင်နေသည်။ ထိုကြောင့်နန္ဒသည် သခင်လေးစိုင်းထွဋ်ခေါင်၏အရှေ့ရှိ ကြမ်းပြင်တွင် ပဆစ်တုတ်ခစားရသည်။
“ ဘာလို့အောက်မှာထိုင်နေတာလဲ.. ဒီမှာခုံချထားပေးတယ်.. ဒီမှာထိုင် “
“ ဟို... ကျွန်တော်က သခင်လေးနဲ့ တန်းတူထိုင်ခွင့်မရှိတော့ “
ထိုအခါ စိုင်းထွဋ်ခေါင်သည် မတင်းမမာသော အသံဆက်ဆက်နှင့် နန္ဒအားစကားပြောခဲ့သည်။
“ မင်း.. ငါ့အမိန့်ကိုလွန်ဆန်ရဲသလား “
“ မလွန်ဆန်ဝံ့ပါဘူး သခင်လေး “
“ အဲဒါဆို ငါပြောတဲ့အတိုင်းလုပ် “
“ အမိန့်အတိုင်းပါ သခင်လေး “
“ မင်းလက်ကိုပြစမ်း “
“ ဟုတ်ကဲ့ “
နန္ဒ၏လက်ကို စိုင်းထွဋ်ခေါင်ကကိုင်လိုက်သောခါ နန္ဒ၏ကိုယ်လေးတုန်သွားသည်။ ထို့ကြောင့်စိုင်းထွဋ်ခေါင်သည် စိုးရိမ်စိတ်ဖြစ်မိသည်။
“ ဘာဖြစ်သွားတာလဲ.. နာသွားလို့လား “
“ မဟုတ်ပါဘူး သခင်လေး..”
ထို့နောက် နန္ဒ၏လက်ကို အရက်ပြန်နှင့်ဆေးပေးသည်။ အရက်ပြန်၏တန်ခိုးကို လူတိုင်းသိပါသည်။ အနာပေါ်ကျနှင့်တစ်ပြိုင်နက် စပ်သောခံစားမှုကြီးက ကျရောက်လာသောကြောင့် နန္ဒတစ်ယောက်.. မျက်နှာမဲ့သွားသည်။ ပေါင်ပေါ်တွင်တင်ထားသော ကျန်လက်တစ်ဖက်မှာမူ တင်းကျပ်စွာ လက်သီးဆုပ်ထားမိသည်။ သို့သော် အသံပင်မထွက်ရဲ ..။
နန္ဒ စပ်နေမှန်းသိသော သခင်လေးကမူ အရက်ပြန်နှင့်ဆေးထားသော၎င်းဒဏ်ရာကို အနည်းငယ်မှသက်သာစေရန် ပါးစပ်ဖြင့်လေမှုတ်ပေးခဲ့သည်။
ဆေးထည့်ပေးရင်း သူ၏လက်ကိုအနီးကပ်ကြည့်မိလိုက်သောအခါ လက်လေးများသည် သေးသွယ်လှသည်။ သေးသွယ်ရုံသာမက နူးညံ့မှုလည်းရှိနေသည်။ နူးညံ့သေးသွယ်သော ဤလက်၏ပိုင်ရှင်သည် ကျွန်တစ်ယောက်ပါ ဟုပြောလျှင် ယုံဖွယ်ရာမရှိ။ အသားဖြူပုံက မိမိနှင့်မတူ..။ ပန်းရောင်သန်းနေသော အသားအရည်ကို ပိုင်ဆိုင်ထားသည်။ ကျော့ရှင်းပြေပြစ်သောခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပြန်သည်။ နီဆွေသောနှုတ်ခမ်းတစ်စုံ၊ နှာတံစင်းစင်းနှင့် အနည်းငယ်ကျဉ်းသယောင်ရှိသော မျက်လုံးများဖြင့် ဖန်တီးထားသော သူ၏မျက်နှာအသွင်အပြင်သည် မိန်းကလေးသာဖြစ်ခဲ့လျှင် မင်းစိုးပွဲဝင် တင့်တယ်သော သူသာဖြစ်နိုင်လောက်သည်။ ကံတရားအရ ကျွန်ဟူသောတာဝန်ကိုထမ်းဆောင်ရသောလည်း အဆင်းအချင်းမှာမူ အမှန်တကယ်ပင် ဆုတောင်းကောင်းခဲ့ဟန်တူသည်။
သူ့ကိုသာ မိမိကဲ့သို့ဝတ်စားဆင်ခဲ့လျှင် မိမိထက်ချောမောသော သခင်တစ်ယောက်၏အသွင်အပြင် ဖြင့် အမှန်ပင်တင့်တယ်နေဦးမည်။
“ ယောက်ျားလေးပဲ.. ဒီလောက်တော့ခံနိုင်ရည်ရှိဦးမှပေါ့..။ အရက်ပြန်လေးထည့်တာနဲ့ တွ့န်လိမ်နေရလား “
“ စပ်သွားလို့ပါ “
“ နောက်.. အဲဒီလိုအရသာမျိုးကြီးကို မခံစားချင်ရင် အလုပ်လုပ်တဲ့အခါ ဂရုတစိုက်လုပ်ပေါ့ “
“ ဟုတ်ကဲ့သခင်လေး “
“ ဒါနဲ့.. နေပါဦး.. ငါဝင်လာတုန်းက မင်း.. ဘာလို့အဲဒီလောက်ထိ လန့်နေရတာလဲ “
“ ဟို... ဟို.. သခင်လေးပိုင်ဆိုင်တဲ့ပစ္စည်းကို ဖျက်ဆီးမိခဲ့တော့.. သခင်လေးစိတ်ဆိုးမယ်လို့ ထင်နေမိလို့ပါ “
“ ငါပိုင်တဲ့ပစ္စည်းတော့ဟုတ်ပါရဲ့.. သူက ငါပိုင်တဲ့သက်မဲ့ပစ္စည်း..။ မင်းက ငါပိုင်တဲ့သက်ရှိကျွန်ဆိုတော့ တန်ဖိုးချင်းယှဉ်ရင် မင်းကပိုတယ်လေ။ စိတ်ဆိုးတာတော့ ရှိပါတယ်။ အဲဒီလိုစိတ်ဆိုးရတာက.. အသက်မဲ့ပန်းအိုးလေး ပျက်စီးသွားလို့မဟုတ်ဘူး။ မင်းလက်ရှသွားလို့..။ နောက်ကိုဘာပဲလုပ်လုပ် ဂရုစိုက်လုပ်ပါ။ ငါပိုင်ဆိုင်တဲ့အရာတွေ ပျက်စီးတာကို ငါမကြိုက်ဘူး..။ အထူးသဖြင့်.. မင်း..။ မင်းဆိုတဲ့ငါပိုင်တဲ့ပစ္စည်းကို အပျက်စီးမခံနိုင်ဘူး “
မိမိပြန်ရောက်သည်မှာ တစ်လခန့်သာရှိသော်လည်း ထိုကောင်လေးအကြောင်းအား ကောင်းကောင်းသိပါသည်။ ကောင်လေးတွင် နူးညံ့သောစိတ်ထား နှလုံးသားရှိသည်။ လူကြီးမိဘကိုလည်း ရိုသေသည်။ မိမိ၏မိန့်ကိုလည်း တသွေမတိမ်းနားထောင်သည်။
မိမိကြိုက်ပါသည် ဟုတစ်ခါမျှပြောထားရုံဖြင့် မိမိအကြိုက်တို့ကို မှတ်သားထားသည်။ မိမိမကြိုက်ကြောင်း တစ်ခါပြောရုံမျှဖြင့် မိမိမနှစ်သက်သည်များကိုမှတ်သားထားကာ ဆင်ခြင်သည်။
မိမိ၏အဝတ်အစားမှသည် ဖိနပ်အထိ ကောင်လေးကိုယ်တိုင်ပင် သန့်ရှင်းပေးသည်။ စီစဉ်ပေးတတ်သည်။ တစ်ခါတစ်ရံ အိမ်တော်၏ အစားအသောက်ကိစ္စအား တာဝန်ယူရသူများချက်ပြုတ်သည်ကို မိမိမှခံတွင်းမတွေ့လျှင် မိမိထံမှ ခွင့်ပြုချက်တောင်းကာ သူကိုယ်တိုင်သာ အစားအသောက်ကိုစီစဉ်၍ လက်စွမ်းပြတတ်သေးသည်။
မိမိအား မျက်နှာမပျက်မခံ..။ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်သည့် သူ၏လုပ်ရည်ကိုင်ရည်ကို မယ်မယ်ကပင် သဘောကျသည်။
မိမိကို ထိုကောင်လေးအား သဘောကျသည်လား.. ဟုမေးလျှင် ဤသို့ဖြေပါမည်။
အခြားသောမိမိအပါးတွင်ခစားဖူးသည့် ကျွန်များထက် သူကပို၍တော်သောကြောင့် သဘောကျပါသည်။ ဤသို့ဖြေလျှင် မှန်ကန်မည်လော..။ ထိုအဖြေထက်ပင် တိကျသောအဖြေရှိနေဦးမည်လော..။
For Zawgyi
သိလာျခင္း
“ လူေလး.. မင္း.. သခင္ေလးေဘးမွာ အလုပ္လုပ္ေနရတာ အဆင္ေျပရဲ႕လား။ သူမင္းကိုႏွိပ္စက္ေသးလားသား “
Advertisement
“ အဲဒီလိုမ်ိဳးေတာ့.. မရွိပါဘူးအဘ။ ဘာျဖစ္လို႔လဲ “
“ သခင္ေလးက စိတ္ႀကီးတယ္ကြယ့္။ သူအလိုမက်တာရွိရင္ နည္းနည္းမွသည္းမခံတတ္ဘူး။ အရင္က သူဘိလပ္မသြားခင္ကဆိုရင္ သူ႔အနားမွာခစားရတဲ့ကြၽန္ေတြကို စိတ္တိုင္းမက်တာနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ အလုပ္ထုတ္တာပဲ။ညအလုပ္ထုတ္႐ုံေလာက္ဆို မေျပာပေလာက္ပါဘူး..။ ႏွိပ္စက္တာေတြပါလုပ္တတ္ေတာ့ ငါ့သားအတြက္ အဘစိုးရိမ္တယ္ကြယ္ “
“ ဘယ္လိုမ်ိဳး ႏွိပ္စက္တာလဲအဘ “
“ ဒီလိုကြယ္.. တစ္ခါတုန္းကေပါ့.. ကြၽန္တစ္ေယာက္က ေ႐ႊတိုေငြစေတြကိုခိုးတာ မိသြားလို႔တဲ့ကြယ္.. ေျခေတြလက္ေတြကို ခ်ိဳးပစ္တာကြယ့္။ ၿပီးေတာ့.. ဘာေၾကာင့္ခိုးတာလဲ.. ဘာအတြက္လဲ ေမးျမန္းျခင္းမရွိဘဲသတ္လိုက္တာပဲ။ ေနာက္တစ္ေယာက္ကက်ေတာ့ ဒီအိမ္ေတာ္ကိုအလည္လာတဲ့ သခင္မႀကီးေတြရဲ႕ဧည့္သည္မိန္းကေလးကို ကြၽန္တစ္ေယာက္ကအရက္မူၿပီး ညဘက္ႀကီး အဲဒီဧည့္သည္မိန္းေလးအခန္းကိုဝင္တယ္.. အတင္းအဓမၼ ဆြဲလားရမ္းလားလုပ္တယ္ေလ။ အဲဒီေတာ့ သခင္မႀကီးေတြေရာ သခင္ေလးကပါ အေတာ္ကိုစိတ္ဆိုးသြားတယ္။ အိမ္ေတာ္ကိုသိကၡာက်ေအာင္ လုပ္ရလားဆိုၿပီးေတာ့ အဲဒီကြၽန္ကို လွ်ာျဖတ္၊ မ်က္လုံးေဖာက္၊ တန္ဆာကိုျဖတ္ၿပီး သတ္ျဖစ္တာ။ ေနာက္တစ္ေယာက္က်ေတာ့.. အမ်ိဳးသမီးကြယ့္။ သူကကြၽန္သာလုပ္တာ ႐ုပ္ရည္ကေတာ့ အင္မတန္ေခ်ာေမာတယ္။ အဲဒီအမ်ိဳးသမီးေလးက သခင္ေလးကို သခင္မႀကီးေတြမရွိတုန္း ျမဴဆြယ္လို႔တဲ့ တံက်င္လွ်ိဳၿပီးသတ္လိုက္တာ “
“ တံက်င္လွ်ိဳၿပီးသတ္တယ္ဆိုတာ.. ဘယ္လိုသတ္တာလဲအဘ “
“ ဟိုေလကြယ္... မဟာဓမၼရာဇာမင္းတရာႀကီးလက္ထက္မွာ ဗရင္ဂ်ီဘာသာဝင္ ငဇင္ကာကိုသတ္သလိုေပါ့။ က်င္ႀကီးေပါက္ကေနဦးေခါင္ထိ သွ်ားသစ္သားေခ်ာင္း လွ်ိဳၿပီးေတာ့ၿမိဳ႕လယ္မွာျပထားတယ္ဆိုတာ ၾကားဖူးလား “
“ ဟုတ္... ၾကားဖူးတယ္အဘ “
“ ေအး.. အဲဒါကို တံက်င္လွ်ိဳၿပီးသတ္တာလို႔ေခၚတယ္။ ဒါေပမဲ့.. ဒီမိန္းကေလးကိုေတာ့ တံက်င္လွ်ိဳၿပီးသတ္တာေပါ့..။ ၿမိဳ႕လယ္မွာေတာ့မျပဘူးေလ “
“ အဲဒါကို.. သခင္ေလးကိုယ္တိုင္သတ္တာလား “
“ သူက သတ္ဖို႔အမိန႔္ေပးတယ္.. တျခားကြၽန္ေတြက လုပ္ရတာေပါ့ကြယ္ “
“ တကယ္ပဲ.. သခင္ေလးက အဲဒီေလာက္ရက္စက္တာလား “
“ အင္း... အဲဒီေလာက္ထိရက္စက္တယ္.. ေသြးေအးေအးနဲ႔ ရက္စက္တာ။ အဲဒါေၾကာင့္ အဘကသားကို စိတ္ပူတယ္လို႔ ေျပာတာေပါ့ကြယ္ “
“ အခုထိေတာ့.. သားအလုပ္လုပ္ရတာ အဆင္ေျပပါတယ္အဘ။ စိတ္မပူပါနဲ႔..။ သားက သခင္ေလး အလိုရွိတဲ့အတိုင္း ေသေသခ်ာခ်ာ အလုပ္လုပ္ေပးတာဆိုေတာ့ သားအတြက္အႏၲရာယ္မရွိေလာက္ပါဘူး “
“ ေအးကြယ္.. ငါ့သားအဆင္ေျပရင္ၿပီးတာပါပဲ “
ထိုသို႔ျဖင့္ နႏၵတို႔သားအဖႏွစ္ေယာက္သည္ ထမင္းလက္စုံစားေနရင္း အေဖျဖစ္သူက သားျဖစ္သူအားစိတ္ပူပင္ရေသာေၾကာင့္ သခင္ေလးအနားတြင္သတိထားကာ ခစားေစရန္အႀကိမ္ႀကိမ္မွာေနသည္။ ဤသို႔မွာေနျခင္းမွာ ပထမဆုံးအႀကိမ္လည္းမဟုတ္။ အႀကိမ္ႀကိမ္မွာေနရသည္။
အဘေျပာပုံအရ သခင္ကတကယ္ရက္စက္တဲ့သူပါလား..။
အဘသည္ မဟုတ္မမွန္သည္ကိုလုပ္ႀကံ၍ ေျပာမည့္သူမဟုတ္။ ထို႔ေၾကာင့္ အဘေျပာသည္ကို ယုံခ်င္ပါသည္။ သို႔ေသာ္ မိမိျမင္ေတြ႕ေနရေသာ သခင္ေလးမွာမူ အဘေျပာသကဲ့သို႔ ရက္စက္မည့္ဟန္မ်ားကို အရိပ္ေယာင္ပင္မျမင္ရ။ ယခုတြင္လည္း တည္ၾကည္ၿငိမ္သက္စြာ သတင္းစာဖတ္ေနသည္။ တည္ၾကည္ၿငိမ္သက္ေနသည့္ သခင္ေလး၏ အသြင္အျပင္မွာ ေအးခ်မ္းလွသည္။
“ သခင္ေလး.. ကြၽန္ေတာ္ေရာက္ပါၿပီ.. “
“ ထမင္းစားခဲ့ၿပီးၿပီလား “
“ ဟုတ္ကဲ့.. ၿပီးပါၿပီ...”
“ ခဏေနရင္.. ငါ့အခန္းထဲကိုသန႔္ရွင္းလုပ္ေပးဦး “
“ အမိန႔္အတိုင္းပါ သခင္ေလး “
သခင္ေလး၏ အမိန႔္အတိုင္းပင္ သခင္ေလး၏အခန္းအား သန႔္ရွင္းေလးလုပ္ေပးရသည္။ ထိုသို႔သန္ရွင္းေလးလုပ္ေနစဥ္ သခင္ေလး၏စာၾကည့္စားပြဲအား ဖုန္သုတ္ေပးေသာအခါ ထိုစားပြဲေပၚရွိႏွင္းဆီျဖဴေလးမ်ားထိုးထားသည့္ သခင္ေလး၏ ဖန္ပန္းအိုးေလးကို လက္ႏွင့္တိုက္မိကာ က်ကြဲသြားသည္။
“ ဟာ... သြားပါၿပီ “
ပန္းအိုးက်ကြဲသြားစဥ္ အဘေျပာျပထားသည့္ သခင္ေလး၏ရက္စက္မႈမ်ားအား နားထဲတြင္ တျဖည္းျဖည္းၾကားေယာင္လာသည္။ ေခြၽးသီးေခြၽးေပါက္မ်ားပင္က်ကာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္လာသည္။
ပန္းအိုးေလး က်ကြဲ႐ုံနဲ႔.. တံက်င္ေတာ့အလွ်ိဳမခံရပါဘူးေနာ္။ မျဖစ္ဘူး.. မျဖစ္ဘူး.. ဒါကိိုတစ္ခုခုလုပ္ဦးမွ
ဟိုတစ္စဒီတစ္စျဖစ္ေနသာ ပန္းအိုးကြဲအစအမ်ားကိုလိုက္ေကာက္ေနစဥ္ လက္ရွကာ ေသြးထြက္လာသည္။
“ ဟာ... ေသလိုက္ပါေတာ့ဟ “
ေသြးထြက္ေနသည့္ မိမိလက္ကိုပင္ဂ႐ုမျပဳႏိုင္ ဆက္၍သာ ပန္းအိုးကြဲစမ်ားကိုလိုက္ေကာက္ေနသည္။
လက္ရွၿပီးေသြးထြက္တဲ့အေရးထက္ တံက်င္အလွ်ိဳမခံရမယ့္အေရးက ပိုႀကီးတယ္ေလ။
ကံတရားသည္ နႏၵဘက္တြင္မပါ။ နႏၵသည္ ထိုပန္းအိုးကြဲအစမ်ားကို ရွင္းေနခိုက္တြင္ စိုင္းထြဋ္ေခါင္သည္ အခန္းထဲသို႔ဝင္လာသည္။
အခန္းထဲသို႔ဝင္လာေသာ သခင္ေလးကို ၾကည့္ရင္း ပန္းအိုးကြဲစမ်ားကိုကိုင္ထားေသာ လက္အား အလ်င္အျမန္ပင္ အေနာက္သို႔ဖြက္လိုက္သည္။
ငါေသရေတာ့မွာလား..။ သခင္ေလးေဒါသထြက္ေတာ့မွာလား..။
ထိုသို႔ေသာ အေတြးမ်ားႏွင့္ပင္ စိတ္ေခ်ာက္ခ်ားလာကာ လူပါတုန္ယင္လာသည္။
ထိုစဥ္အဘေျပာျပခဲ့ေသာ ‘ က်င္ႀကီးေပါက္ကေနဦးေခါင္ထိ သွ်ားသစ္သားေခ်ာင္းလွ်ိဳၿပီးေတာ့.. ၿမိဳ႕လယ္မွာ ျပထားတယ္ဆိုတာၾကားဖူးလား’ ဟူသည့္ တံက်င္လွ်ိဳသတ္ပုံႀကီးသည္ နားထဲတြင္ အခါခါျပန္ၾကားလာသည္။
ေၾကာက္႐ြံမႈေၾကာင့္ စကားမေျပာႏိုင္ဘဲ တိတ္ဆိတ္ေနသည့္ ပတ္ဝန္းက်င္ကိုသခင္ေလးမွ စတင္ၿဖိဳခြဲလိုက္သည္။
“ ဘာျဖစ္ေနတာလဲ.. မ်က္ႏွာကေသြးမရွိသလိုပဲ “
သခင္ေလးစိုင္းထြဋ္ေခါင္၏ ထိုေမးခြန္းအား နႏၵမေျဖမိ။ ေၾကာက္႐ြံ႕ေနဆဲသာ..။
“ ဘာလဲ.. ပန္းအိုးက်ကြဲသြားတာလား “
နႏၵသည္ ပန္းအိုးကြဲစမ်ားကိုသာ ေကာက္ေနေသာ္လည္း က်ေနသည္ ႏွင္းဆီျဖဴႏွင့္ေရတို႔ကို မရွင္းရေသးေသာေၾကာင့္ သခင္ေလးစိုင္းထြဋ္ေခါင္သည္ ရိပ္မိသြားခဲ့ျခင္းျဖစ္သည္။
“ ကြၽန္ေတာ္.. ေတာင္းပန္ပါတယ္သခင္ေလး.. ဖုန္သုတ္ေနရင္း လက္နဲ႔တိုက္မိသြားတာပါ “
နႏၵ၏စကားအား ၾကားၿပီးေနာက္ သခင္ေလးစိုင္းထြဋ္ေခါင္သည္ ေရႏွင့္ႏွင္းဆီျဖဴမ်ားရွိေနေသာ ၾကမ္းျပင္ကိုၾကည့္လိုက္သည္။ ထို႔ေနာက္ စိုင္းထြဋ္ေခါင္ျမင္ခဲ့ရသည္မွာ ထိုၾကမ္းျပင္တြင္ရွိေနသည့္ ႏွင္းဆီျဖဴမ်ားႏွင့္ ဖိတ္က်ေနေသာေရမ်ားသာမက ႏွင္းဆီျဖဴေပၚတြင္ စြန္းထင္းေနေသာ ေသြးစအခ်ိဳ႕ကိုပါျမင္ပါသည္။
“ မင္း.. လက္ထိသြားတာလား “
“ ဟုတ္.. ဟုတ္ကဲ့သခင္ေလး “
ထုတ္ျပလာတဲ့လက္ေတြက ပန္းအိုးကြဲအစေတြကို ကိုင္ထားေနတုန္းပဲ..။ ဒီေကာင္ေလးႏွယ္.. လက္ကထိထားတာေတာင္ ဒါေတြကိုင္ထားေသးတာလား။ ပိုၿပီးရွကုန္ေတာ့မွျဖင့္ ဒုကၡေရာက္ကုန္ေတာ့မယ္။
“ ေလာေလာဆယ္ မင္းလက္ထဲကဟာေတြကို။လႊင့္ပစ္လိုက္.. ၿပီးရင္.. အခန္းထဲျပန္လာခဲ့ “
“ ဟုတ္ကဲ့... “
သခင္ေလးစိုင္းထြဋ္ေခါင္ေျပာသည့္အတိုင္းပင္ နႏၵသည္လည္း ပန္းအိုးကြဲအစမ်ားကိုလႊင့္ပစ္ၿပီးေနာက္ သခင္ေလးစိုင္းထြဋ္ေခါင္၏ အခန္းထဲသို႔ အလွ်င္အျမန္ျပန္ေရာက္ခဲ့သည္။ အခန္းထဲသို႔ ျပန္ဝင္လာေသာအခါ သခင္ေလးစိုင္းထြဋ္ေခါင္ ခုတင္ေပၚတြင္ထိုင္ေနသည္။ ထိုေၾကာင့္နႏၵသည္ သခင္ေလးစိုင္းထြဋ္ေခါင္၏အေရွ႕ရွိ ၾကမ္းျပင္တြင္ ပဆစ္တုတ္ခစားရသည္။
“ ဘာလို႔ေအာက္မွာထိုင္ေနတာလဲ.. ဒီမွာခုံခ်ထားေပးတယ္.. ဒီမွာထိုင္ “
“ ဟို... ကြၽန္ေတာ္က သခင္ေလးနဲ႔ တန္းတူထိုင္ခြင့္မရွိေတာ့ “
ထိုအခါ စိုင္းထြဋ္ေခါင္သည္ မတင္းမမာေသာ အသံဆက္ဆက္ႏွင့္ နႏၵအားစကားေျပာခဲ့သည္။
“ မင္း.. ငါ့အမိန႔္ကိုလြန္ဆန္ရဲသလား “
“ မလြန္ဆန္ဝံ့ပါဘူး သခင္ေလး “
“ အဲဒါဆို ငါေျပာတဲ့အတိုင္းလုပ္ “
“ အမိန႔္အတိုင္းပါ သခင္ေလး “
“ မင္းလက္ကိုျပစမ္း “
“ ဟုတ္ကဲ့ “
နႏၵ၏လက္ကို စိုင္းထြဋ္ေခါင္ကကိုင္လိုက္ေသာခါ နႏၵ၏ကိုယ္ေလးတုန္သြားသည္။ ထို႔ေၾကာင့္စိုင္းထြဋ္ေခါင္သည္ စိုးရိမ္စိတ္ျဖစ္မိသည္။
“ ဘာျဖစ္သြားတာလဲ.. နာသြားလို႔လား “
“ မဟုတ္ပါဘူး သခင္ေလး..”
ထို႔ေနာက္ နႏၵ၏လက္ကို အရက္ျပန္ႏွင့္ေဆးေပးသည္။ အရက္ျပန္၏တန္ခိုးကို လူတိုင္းသိပါသည္။ အနာေပၚက်ႏွင့္တစ္ၿပိဳင္နက္ စပ္ေသာခံစားမႈႀကီးက က်ေရာက္လာေသာေၾကာင့္ နႏၵတစ္ေယာက္.. မ်က္ႏွာမဲ့သြားသည္။ ေပါင္ေပၚတြင္တင္ထားေသာ က်န္လက္တစ္ဖက္မွာမူ တင္းက်ပ္စြာ လက္သီးဆုပ္ထားမိသည္။ သို႔ေသာ္ အသံပင္မထြက္ရဲ ..။
နႏၵ စပ္ေနမွန္းသိေသာ သခင္ေလးကမူ အရက္ျပန္ႏွင့္ေဆးထားေသာ၎ဒဏ္ရာကို အနည္းငယ္မွသက္သာေစရန္ ပါးစပ္ျဖင့္ေလမႈတ္ေပးခဲ့သည္။
ေဆးထည့္ေပးရင္း သူ၏လက္ကိုအနီးကပ္ၾကည့္မိလိုက္ေသာအခါ လက္ေလးမ်ားသည္ ေသးသြယ္လွသည္။ ေသးသြယ္႐ုံသာမက ႏူးညံ့မႈလည္းရွိေနသည္။ ႏူးညံ့ေသးသြယ္ေသာ ဤလက္၏ပိုင္ရွင္သည္ ကြၽန္တစ္ေယာက္ပါ ဟုေျပာလွ်င္ ယုံဖြယ္ရာမရွိ။ အသားျဖဴပုံက မိမိႏွင့္မတူ..။ ပန္းေရာင္သန္းေနေသာ အသားအရည္ကို ပိုင္ဆိုင္ထားသည္။ ေက်ာ့ရွင္းေျပျပစ္ေသာခႏၶာကိုယ္ကိုလည္း ပိုင္ဆိုင္ထားျပန္သည္။ နီေဆြေသာႏႈတ္ခမ္းတစ္စုံ၊ ႏွာတံစင္းစင္းႏွင့္ အနည္းငယ္က်ဥ္းသေယာင္ရွိေသာ မ်က္လုံးမ်ားျဖင့္ ဖန္တီးထားေသာ သူ၏မ်က္ႏွာအသြင္အျပင္သည္ မိန္းကေလးသာျဖစ္ခဲ့လွ်င္ မင္းစိုးပြဲဝင္ တင့္တယ္ေသာ သူသာျဖစ္ႏိုင္ေလာက္သည္။ ကံတရားအရ ကြၽန္ဟူေသာတာဝန္ကိုထမ္းေဆာင္ရေသာလည္း အဆင္းအခ်င္းမွာမူ အမွန္တကယ္ပင္ ဆုေတာင္းေကာင္းခဲ့ဟန္တူသည္။
သူ႔ကိုသာ မိမိကဲ့သို႔ဝတ္စားဆင္ခဲ့လွ်င္ မိမိထက္ေခ်ာေမာေသာ သခင္တစ္ေယာက္၏အသြင္အျပင္ ျဖင့္ အမွန္ပင္တင့္တယ္ေနဦးမည္။
“ ေယာက္်ားေလးပဲ.. ဒီေလာက္ေတာ့ခံႏိုင္ရည္ရွိဦးမွေပါ့..။ အရက္ျပန္ေလးထည့္တာနဲ႔ တြ႕န္လိမ္ေနရလား “
“ စပ္သြားလို႔ပါ “
“ ေနာက္.. အဲဒီလိုအရသာမ်ိဳးႀကီးကို မခံစားခ်င္ရင္ အလုပ္လုပ္တဲ့အခါ ဂ႐ုတစိုက္လုပ္ေပါ့ “
“ ဟုတ္ကဲ့သခင္ေလး “
“ ဒါနဲ႔.. ေနပါဦး.. ငါဝင္လာတုန္းက မင္း.. ဘာလို႔အဲဒီေလာက္ထိ လန႔္ေနရတာလဲ “
“ ဟို... ဟို.. သခင္ေလးပိုင္ဆိုင္တဲ့ပစၥည္းကို ဖ်က္ဆီးမိခဲ့ေတာ့.. သခင္ေလးစိတ္ဆိုးမယ္လို႔ ထင္ေနမိလို႔ပါ “
“ ငါပိုင္တဲ့ပစၥည္းေတာ့ဟုတ္ပါရဲ႕.. သူက ငါပိုင္တဲ့သက္မဲ့ပစၥည္း..။ မင္းက ငါပိုင္တဲ့သက္ရွိကြၽန္ဆိုေတာ့ တန္ဖိုးခ်င္းယွဥ္ရင္ မင္းကပိုတယ္ေလ။ စိတ္ဆိုးတာေတာ့ ရွိပါတယ္။ အဲဒီလိုစိတ္ဆိုးရတာက.. အသက္မဲ့ပန္းအိုးေလး ပ်က္စီးသြားလို႔မဟုတ္ဘူး။ မင္းလက္ရွသြားလို႔..။ ေနာက္ကိုဘာပဲလုပ္လုပ္ ဂ႐ုစိုက္လုပ္ပါ။ ငါပိုင္ဆိုင္တဲ့အရာေတြ ပ်က္စီးတာကို ငါမႀကိဳက္ဘူး..။ အထူးသျဖင့္.. မင္း..။ မင္းဆိုတဲ့ငါပိုင္တဲ့ပစၥည္းကို အပ်က္စီးမခံႏိုင္ဘူး “
မိမိျပန္ေရာက္သည္မွာ တစ္လခန႔္သာရွိေသာ္လည္း ထိုေကာင္ေလးအေၾကာင္းအား ေကာင္းေကာင္းသိပါသည္။ ေကာင္ေလးတြင္ ႏူးညံ့ေသာစိတ္ထား ႏွလုံးသားရွိသည္။ လူႀကီးမိဘကိုလည္း ႐ိုေသသည္။ မိမိ၏မိန႔္ကိုလည္း တေသြမတိမ္းနားေထာင္သည္။
မိမိႀကိဳက္ပါသည္ ဟုတစ္ခါမွ်ေျပာထား႐ုံျဖင့္ မိမိအႀကိဳက္တို႔ကို မွတ္သားထားသည္။ မိမိမႀကိဳက္ေၾကာင္း တစ္ခါေျပာ႐ုံမွ်ျဖင့္ မိမိမႏွစ္သက္သည္မ်ားကိုမွတ္သားထားကာ ဆင္ျခင္သည္။
မိမိ၏အဝတ္အစားမွသည္ ဖိနပ္အထိ ေကာင္ေလးကိုယ္တိုင္ပင္ သန႔္ရွင္းေပးသည္။ စီစဥ္ေပးတတ္သည္။ တစ္ခါတစ္ရံ အိမ္ေတာ္၏ အစားအေသာက္ကိစၥအား တာဝန္ယူရသူမ်ားခ်က္ျပဳတ္သည္ကို မိမိမွခံတြင္းမေတြ႕လွ်င္ မိမိထံမွ ခြင့္ျပဳခ်က္ေတာင္းကာ သူကိုယ္တိုင္သာ အစားအေသာက္ကိုစီစဥ္၍ လက္စြမ္းျပတတ္ေသးသည္။
မိမိအား မ်က္ႏွာမပ်က္မခံ..။ လိုေလေသးမရွိ ျဖည့္ဆည္းေပးတတ္သည့္ သူ၏လုပ္ရည္ကိုင္ရည္ကို မယ္မယ္ကပင္ သေဘာက်သည္။
မိမိကို ထိုေကာင္ေလးအား သေဘာက်သည္လား.. ဟုေမးလွ်င္ ဤသို႔ေျဖပါမည္။
အျခားေသာမိမိအပါးတြင္ခစားဖူးသည့္ ကြၽန္မ်ားထက္ သူကပို၍ေတာ္ေသာေၾကာင့္ သေဘာက်ပါသည္။ ဤသို႔ေျဖလွ်င္ မွန္ကန္မည္ေလာ..။ ထိုအေျဖထက္ပင္ တိက်ေသာအေျဖရွိေနဦးမည္ေလာ..။
Advertisement
- In Serial6 Chapters
Blue March
Mark is a soldier, has been his whole life. Now, the war is over and he made it through alive. What else could he ask for? He soon realizes that there is a hole in his heart. He has nothing, nowhere to go; he only knows war. It is an emptiness he can't fill. Until he meets Jenny, a store clerk. It's his only chance to feel alive again, but he underestimates the responsibility required for a relationship. Legends are true and, thanks to them, he has a chance of redemption. — My worksCover drawn by @retrosenseiEdited by RedPandaChick This novel will also be posted on: Scribble Hub, Webnovel, Penana, and Neovel.
8 215 - In Serial21 Chapters
Hopeless Romangatic
A high-school kid is so wrapped in romance mangas and the love that they have in them by the time an actual girl likes him he has no idea how to deal with her. After having to break up with his girlfriend, Yu, a 2nd year high-schooler spends most of his days reading romance mangas. It makes his heart flutter in ways never thought to be possible. His classmate Sara likes to watch over him from a distance. He really doesn't take care of himself making her worry for him. In actuality it's because she is in love with him. The only thing that she thinks is getting in the way is his manga. So she decides that she'll fix him up and show him what true romance is like. She's confident in her plans, but when it doesn't go her way she becomes very flustered and shy. And to make matters worse she's never actually been in a relationship before. How will things work out between the two? Who knows! Because I sure as hell don't!
8 88 - In Serial47 Chapters
The Dandelion System
A new system of marriage for the prince has been made in the kingdom Taraxac: The Dandelion System.When Karlina Dearcage makes a deal with the manipulative Princess Oda to be her pawn in The Dandelion System, she has a bad feeling about it. There are ominous rumors of the mysterious prince whom the public never sees, the other contestants are just as driven as her for different reasons, and the Queen herself has some tricks up her sleeve. Nevertheless, she meets the strangely childish Prince Otto and the other personality, Oscar, who shares his body, and realizes she wants to help both of them out of her own will. As Karlina learns of the dark secrets of the Royal family and the other girls' feelings about it, she finds herself questioning the innocence of The Dandelion System.***#1 in royal (2/11/21)#1 in royalty (4/21/20)#1 in retelling (6/13/19)#1 in medieval (1/22/20)#1 in revolution (4/16/20) #1 in dark fantasy (1/1/21)#2 in rebel (10/20/19)#2 in contest (8/22/19)#2 in competition (6/19/20)#2 in fantasy romance (10/8/21)
8 144 - In Serial30 Chapters
Restrained Affection [Affection Series 3] {Completed}
Advin Martin being the first born is next in line to be an Alpha, all his life he had dreamed to be a good leader just like his father but one fateful night turns his life upside down! He doesn't know the word heartache, not until he looses something so precious that was landed in his arms by Fate itself... Jasmine Summers, when she looses everything she knows she finds something in return from people unknown to her. All her life she tries to get accepted within the pack she lives with but fails. It saddens her but that's nothing compared to the pain she feels when the one person who should stand with her doesn't even acknowledge her existence. While the wolf within fights with his human side, the human restrains his wolf as well as his feelings in the name of doing the right thing. But the human side forgot that a pack cannot be run properly without a strong Alpha and for an Alpha to be strong and at his best, he needs a mate...one who silently supports him whether he knows it or not! Affection Series:- 1) Mate's Affection 2) Warrior's Affection 3) Restrained Affection 4) Sweet Affection 5) Devil's Affection
8 58 - In Serial132 Chapters
Joji X Reader-- Boy Next Door
You are a normal girl, with a good and amazing past, Well that's what everyone thinks... You live in a small apartment but with big dreams. The only thing stopping you is the boy next door. He makes too much noise and sometimes it affects you more than it should. But who is this... The boy next door?You went to Harvard and thought "I will be big!" In the end. You work in a store and your only friend... Is Paper Towns, the book.(Look, dude, I wrote this back in middle school. Stop catching my mistakes and just read it for fun or get out. Also please don't show this to Joji, I lost all my dignity writing this story anyway)
8 121 - In Serial38 Chapters
Game On
#1 in Thriller /15-05-18/"I want her", he says in a deep voice, causing me to shiver. His hair and eyes are the same color as the sky at night and his lips are curled up in a mischievous smirk. He reaches out his hand and gently touches my cheek and I take a step back, my eyes full of anger and fear. "Ah, feisty one, aren't you?" I hear him say as he leans in closer, trapping me between the cold wall and his tense body. Copyright © 2014
8 397

