《Amiss Prayer (Zawgyi&Unicode) [Completed]》Part-15(သူ့အတွက်..)
Advertisement
For Unicode
သူ့အတွက်
သခင်လေးထံမှ ပြန်လာပြီးနောက် အဘသည် မိမိအား စိုးရိမ်တကြီးနှင့်မေးရှာသည်။
" သား.. သခင်လေးကခေါ်တယ်ဆို။ ဘာကိစ္စခေါ်တာလဲ.."
" ဘာမှမဟုတ်ပါဘူးအဘ.. သူ့အခန်းထဲက မင်တွေဖိတ်ကျတာကိုရှင်းခိုင်းတာပါ "
" ဘာမှမဖြစ်တာ သေချာလား "
" ဟုတ်ကဲ့.. တကယ်ဘာမှမဖြစ်ပါဘူး "
" အေးကွယ်.. မဖြစ်ရင်ပြီးတာပါပဲ..။ သခင်လေးက စိတ်ဆက်တော့ အဘက သားအတွက်စိုးရိမ်တယ် "
" ဟိုအရင်လူတွေလို အပြစ်ပေးခံရမှာကို အဘစိုးရိမ်တာလား "
" အေးကွယ် "
" မစိုးရိမ်ပါနဲ့အဘရယ်.. သားကမဟုတ်တာမလုပ်ပါဘူး..။ ဒါနဲ့လေ သားတစ်ခုလောက်မေးချင်တယ်..။ သခင်လေးက အဲဒီလိုတွေနှိပ်စက်နေတော့ ပလိပ်တွေက မဖမ်းဘူးလား.. "
" ရေများရေနိုင် မီးများမီးနိုင်ခေတ်လေကွယ်။ နိုင်ငံရေးဥပဒေဆိုတာ သူတို့တွေအတွက် ပြဌာန်းထားတာမဟုတ်သလိုပါပဲ "
အဘပြောသည်များကို ယုံရန်အဖို့ရာ မိမိအနေနှင့်ခက်ခဲလွန်းနေသည်။ မိမိမြင်နေရသည့် သခင်လေးမှာ တစ်ခါတစ်ရံအေးစက်သောငြား.. နွေးထွေးမှုလည်းရှိပါသည်။ နူးညံ့မှုလည်းရှိပါသည်..။ သဘောထားလည်း ကောင်းနေသည်။ မိမိကိုယ်တိုင်သည်လည်း သခင်လေးအပေါ် အကောင်းမြင်ဝါဒကိုသာ လက်ကိုင်ထား၍ ကြည့်နေ၍လားတော့မသိ..။ သခင်လေး ပြုလုပ်သမျှ အကောင်းသာမြင်သည်။ သဘောကျမိပါသည်။
ထိုသဘောကျမှုသည် လေးစားအားကျ၍သာ သဘောကျခြင်းမျိုးဖြစ်စေရန် အခါခါဆုတောင်းခဲ့သော်လည်း မိမိဆုတောင်းသမျှသည် ပြည့်ဝမလာခဲ့ပေ။
ထိုနေ့ညတွင် ဆုတောင်းများမပြည့်သောကြောင့် တွေဝေနေသောကောင်လေး ရှိနေသကဲ့သို့ မိမိကြိုးဆွဲရာကို ကမည့်လူသားတစ်ယောက်အား ပိုင်ဆိုင်ထားရ၍ ပျော်နေသော ကောင်လေးလည်းရှိနေခဲ့သည်။
ထိုတစ်နေ့တာ ကျော်လွန်ပြီး နောက်တစ်နေ့နံနက်ခင်းတွင်လည်း ထုံးစံအတိုင်းပင် သခင်များသုံးဆောင်ရန် မနက်စာစားပွဲကို အိမ်တော်ရှိ အစေခံများက ပြင်ဆင်ပေးနေရသည်။ သခင်လေးမှာမူ နံနက်စာသုံးဆောင်ရန် အချိန်နီးကပ်သည်အထိ အိပ်ရာမှမထသေးပေ။
မနိုးသေးသော သခင်လေးကိုနှိုးရန် သခင်မကြီးက စေခိုင်းသောကြောင့် သခင်လေးကို နှိုးရမည့်တာဝန်ကို ထမ်းဆောင်မည်။
ပထမဦးစွာ နန္ဒသည်သခင်လေး၏ အခန်းတံခါးကိုခေါက်၍နှိုးသော်လည်း မနိုးသေးသောကြောင့် အခန်းထဲသို့ ဝင်၍နှိုးရသည်။
" သခင်လေး... သခင်လေး... ထတော့လေ.. သခင်မကြီးက မနက်စာစားဖို့ နှိုးခိုင်းလိုက်တယ်။ သခင်လေး.. သခင်လေး.. ထပါတော့လို့.. "
နှိုးသောသူသာ အသက်ထွက်တော့မည်။ သခင်လေးမှာမူ 'အင်း..' ဟုဆို၍သာ ပြန်အိပ်နေသည်။
" သခင်လေးရေ.. ထပါတော့လို့..။ သခင်မကြီး ဒေါသထွက်နေမယ်.. သခင်လေး.. သ.. "
နန္ဒ၏ စကားသည် အဘယ်ကြောင့် 'သ' တွင်ရပ်သွားသည်ဟု ထင်သနည်း..။ စင်စစ်.. စိုင်းထွဋ်ခေါင်သည် နန္ဒ၏စကားမဆုံးမီတွင် နန္ဒအား လက်မှဆွဲလိုက်သောကြောင့် ဖြစ်သည်။ လှမ်းဆွဲရုံနှင့် ပြီးသွားသောဇာတ်လမ်းမဟုတ်..။ ရုတ်တရက်လှမ်းဆွဲလိုက်သောကြောင့် နန္ဒသည် ကိုယ်ကို မထိန်းနိုင်ဘဲ စိုင်းထွဋ်ခေါင်အပေါ်သို့ ကျသွားသည်။ ယခုအနေအထားရ နန္ဒသည် စိုင်းထွဋ်ခေါင်၏အပေါ်တွင် အုပ်မိုးလျက်..။ စိုင်းထွဋ်ခေါင်သည်လည်း နန္ဒ၏လက်ကို ကိုင်ထားလျက်..။ နှစ်ဦးလုံး၏ ဝင်သက်ထွက်သက်များသည် တစ်ဦးမျက်နှာသို့ တစ်ဦးကရိုက်ခက်လျက်..။ စိုင်းထွဋ်ခေါင်သည် နန္ဒ၏ မျက်ဝန်းများအား စိုက်ကြည့်နေသည်။ နန္ဒသည်လည်း စိုင်းထွဋ်ခေါင်၏ အကြည့်စူးစူးများတွင် ရုန်းမထွက်နိုင်ပေ..။
မနက်မိုးလင်းစ မျက်နှာမသစ်ရသေးတာတောင် သခင်လေးရဲ့ ခန့်ညားမှုကြီးက အတော်ကို ပြည့်စုံလွန်းတာပဲ။
တစ်မိနစ်ခန့်မျှ ထိုသူနှစ်ဦးသားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် မည့်သည့်စကားမှမပြောခဲ့ပေ။ ထို့နောက် ၎င်းတို့အကြား တိတ်ဆိတ်မှုကြားခံအား စတင်ဖြိုခွဲလိုက်သူမှာ နန္ဒဖြစ်သည်။
" သခင်လေး.. ဟို.. ဟို "
ဤသို့ စတင်ချိုးဖျက်လိုက်ကာ သခင်လေး၏အကြည့်စူးစူးများကို ရှောင်နေသော်လည်း သခင်လေးမှာမူ မိမိအားမကြည့်မလွှဲ။ မလွှဲသည့်အပြင် ရှောင်ရှားနေသော မိမိ၏မျက်ဝန်းများကို လိုက်၍ဖမ်းဆီးကာကြည့်နေသေးသည်။
ထစ်နေသောစကားသံများနှင့် နီမြန်းနေသော ပါးပြင်တို့သည် နန္ဒတစ်ယောက် မည်မျှစိတ်လှုပ်ရှားကို သက်သေပြနေသည်။ တစ်ဖက်လူကြားနိုင်လောက်သော ရင်ခုန်သံများနှင့် အရှက်ပိုနေသော နန္ဒအား ၁၉၉၀ခုနှစ်မှမြတ်သူက ဤသို့လှမ်း၍ပြောလိုက်သည်။
" သေဟဲ့.. အဲဒီလောက်ရှက်စရာလား.. "
စိုင်းထွဋ်ခေါင်မှာမူ နန္ဒအား ပြုံး၍ကြည့်နေသည်။
" သခင်လေးကိုလေ.. ဟို.. သခင်မကြီးက နှိုးခိုင်းလိုက်တာ.. "
" အင်း.. ဘယ်က ဟို သခင်မကြီးလဲ "
" ဟို.. သခင်လေးရဲ့.. အမေပါ "
" အင်း.. ဘယ်က ဟို သခင်လေးလဲ "
" သခင်လေးကိုပြောတာပါ.. ထပါတော့နော်.. သခင်မကြီးတို့စောင့်နေပြီ "
" အင်း.. အခုငါထမယ်.. မင်းဖယ်ပေးလေ "
" ဗျာ.. ဟုတ်.. ဟုတ်ကဲ့.. "
ဖယ်ခိုင်းသော်လည်း လက်ကိုမလွှတ်သေးသောကြောင့် ထ၍မရ..။
" သခင်လေး.. လက် က.. "
" ဪ... အင်းပါ.. ငါ့ကိုစောင့်နေဦး.. ပြီးရင် ငါဝတ်ဖို့ အဝတ်အစားထုတ်ပေးထား.. "
Advertisement
" အမိန့်အတိုင်းပါ "
မနက်မိုးလင်းစ မျက်လုံးနှစ်လုံးဖွင့်ချိန်တွင် ကောင်လေး၏မျက်နှာကို မြင်လိုက်ရုံနှင့် စိတ်ထဲတွင် ကြည်နူးနေသယောင်..။
ထိုသို့စိတ်ကြည်နူးခြင်း၏ အကြောင်းပြချက်အား ထပ်၍မရှာ။ ရှာလျှင် ယောက်ျားသားနှစ်ဦးဖြစ်နေသည့် ပညတ်ချက်အကြား မထားအပ်သည့် သံယောဇဉ်များ ပို၍တိုးလာမည်ကိုစိုးရိမ်မိသည်။
ရေချိုးပြီးနောက် အခန်းထဲပြန်ဝင်လာသည့် စိုင်းထွဋ်ခေါင်တွင် အပေါ်အင်္ကျီမပါ။ ခါးတွင် ပုဆိုးသာပါသည်။ အားကစားလိုက်စားသူပီပီ သန်မာသော ကြွက်သားများသည် လက်မောင်းတို့တွင်လိုက်ဖက်စွာ နေရာယူထားသည်။
ယောက်ျားပီသသော ခန္ဓာပေါ်တွင်တွဲလဲခိုနေသည့် ရေစက်များနှင့် သခင်လေး၏ အသွင်အပြင်သည်ဆွဲဆောင်မှုရှိလွန်းလှသည်။ သခင်လေးကိုကြည့်ရင်းပင် လွန်ခဲ့သောမိနစ်အနည်းငယ်မှ ခုန်နှုန်းသာမန်ပြန်ဖြစ်သွားသော မိမိ၏ရင်ခုန်သံသည် တစ်ဖန်ပြန်လည်မြန်ဆန်လာရသည်။
' မဖြစ်ဘူး.. မဖြစ်ဘူး.. ငါ့ရင်ခုန်သံတွေ သူကြားသွားလို့မဖြစ်ဘူး ' ဟုရေရွတ်ကာ သခင်လေးတစ်လှမ်းတိုးလာတိုင်းတွင် မိမိသည် ခြေတစ်လှမ်းနောက်ဆုတ်မိသည်။
" ဘာလုပ်နေတာလဲ... အင်္ကျီလာဝတ်ပေး "
" ဟုတ်.. ဟုတ်ကဲ့.. "
သခင်လေး၏အနားသို့သွားကာ အင်္ကျီဝတ်ပေးသောအခါ သခင်လေး၏လက်သည် မိမိပါးပြင်ပေါ်မှ မှဲ့လေးနားသို့ရောက်လာသည်။
" ဒီနားမှာမှဲ့လေးရှိတာလား "
" ဟုတ်.. "
" ငါက မျက်နှာအနားတစ်ဝိုက်မှာ မှဲ့ရှိတာကို သဘောကျတယ်။ ဒါပေမဲ့ ငါ့မျက်နှာမှာမရှိဘူး။ မင်းမှာတော့ရှိနေတယ်..။ လည်ပင်းမှာရောပဲ ရှိသေးတာတယ် "
ထိုအချိန်၌ သခင်လေး၏လက်များသည် မိမိလည်ပင်းသို့ ရောက်နေပြီဖြစ်သည်။ ထို့နောက် ညှတ်ရိုးပေါ်တွင်ရှိသောမှဲ့အား လက်နှင့်ထိတွေ့နေကာ သေချာစွာ စူးစိုက်ကြည့်နေသည်။
သခင်လေး၏ အသက်ရှူသံငွေ့ငွေ့သည် မိမိ၏လည်ပင်းသို့ တိုင်းသားထိတွေ့နေသည်။ အပြင်မှကြားနိုင်လောက်သော ရင်ခုန်သံနှင့် နီမြန်းနေသာနားရွက်တို့ကြောင့် သခင်လေး၏အရှေ့မှ အငွေ့ပျံ၍သာ ပျောက်သွားချင်သည်။
" ကဲ.. အောက်ကိုဆင်းမယ်.. "
အင်္ကျီဝတ်ပေးပြီးသည်နှင့် မိမိလည်းအိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ့ကိုသာ မိမိသဘောအရ ဆက်၍ထိတွေ့နေလျှင် ထိုကောင်လေးနှလုံးရောဂါတော့မည် ဖြစ်သည်။
ကြည်နူးနေသောစိတ်တို့သည် မနက်စာစားဝိုင်းသို့ရောက်သောအခါ ပျက်စီးကုန်ရသည်။ အကြောင်းမှာ ရှင်မေသည် နန္ဒကိုတွေ့တွေ့ချင်းပင် ပြုံးပြသောအခါ မိမိအနောက်မှနန္ဒကို လှည့်ကြည့်မိသည်။ နန္ဒမှာလည်း ထိုနည်း၎င်းပင် ပြန်လည်ပြုံးပြနေသည်။
ရှင်မေ၏ အပြုံးကို မိမိမမြင်ချင်။ ရှင်မေ၏ အပြုံးများကိုလည်း နန္ဒအားမမြင်စေချင်။ နန္ဒ၏အပြုံးလှလှကိုလည်း ရှင်မေအားမပြလို..။ မိမိသာ ပိုင်ဆိုင်ရလိုသည်။ ရှင်မေကို အမြင်မကြည်သည်ဖြစ်၍ ရှင်မေပြင်ဆင်ထားသည့် မနက်စာကိုလည်းမစားချင်ပေ။
" နန္ဒ.. ငါ့ကို ထမင်းကြော်ပေး "
" သခင်လေးက ရှမ်းခေါက်ဆွဲကြိုက်တယ်လေ.. အခုမနက်စာပြင်ထားတာက သခင်လေးနှစ်သက်တဲ့ အစားအစာပဲကို..။ ဘာလို့မစားချင်တာလဲဟင် "
" မင်းဘာလို့ လျှာရှည်နေတာလဲ။ ငါလုပ်ဆိုလုပ်လိုက်။ အရင်က ငါကြိုက်တယ်။ ဒီနေ့အတွက်တော့ ငါ.. ရှမ်းခေါက်ဆွဲ မကြိုက်ဘူး.. "
" အမိန့်အတိုင်းပါ "
ထို့နေ့တွင် မနက်ခင်းမှစတင်ခဲ့သော စိတ်ကြည်နူးခြင်းများသည် တဖြည်းဖြည်းပျက်စီးလာကာ ညသို့ရောက်သောအခါ ပို၍ပျက်စီးလာသည်။ အကြောင်းမှာ ထိုနေ့ညတွင် သခင်မကြီးဒေါ်နန်းသီရိသည် အခိုင်းအစေများအားလုံးကို စုစည်းခိုင်းသည်။ ထို့နောက် သခင်မကြီးဒေါ်နန်းသီရိ ပြောသည့်စကားသည် စိုင်းထွဋ်ခေါင်အား အလွန်အမင်းစိတ်ဆိုးစေသည်။
" နန္ဒ.. မင်းနဲ့ရှင်မေနဲ့ ရည်ငံနေသလား "
" ဗျာ.. မဟုတ်ပါဘူး သခင်မကြီး "
" ဒါဆို.. မင်းက ရှင်မေကို မေတ္တာရှိနေတာလား "
" ဗျာ.. "
" မညာနဲ့.. မနက်က မင်းတို့ အကြည့်တွေကို ငါသိတယ်။ အမှန်တိုင်းပြော... ခိုးပြေးတာတွေ ထွက်ပြေးတာတွေ မလုပ်ရအောင် တစ်ခါတည်းလက်ဆက်ထားပေးမလို့ "
မည်သို့ ပြန်ဖြေရမည်နည်း။ မိမိသည် ရှင်မေအပေါ်တွင် စည်းမဖောက်ခဲ့..။ စိတ်နှင့်ပင်ပြစ်မှားခဲ့ခြင်း မရှိ..။ အသိမိတ်ဆွေဟု သဘောထားခဲ့သည်။ ထိုအတိုင်းအတာထက်ပင် ပိုခဲ့သည်မရှိပါ။ သို့သော် သခင်လေးအပေါ်တွင် ယိမ်းယိုင်ဖောက်ပြားနေသည့် မိမိ၏စိတ်များကို ပြုပြင်ရန် လိုအပ်နေသည်ဖြစ်၍ ဤသို့သာ ဆုံးဖြတ်ချက်ချခဲ့သည်။
" ဟုတ်ကဲ့.. မေတ္တာရှိပါတယ်.. "
" ရှင်မေကရော.. "
" ဟုတ်ကဲ့.. ကိုနန္ဒနဲ့ထပ်တူပါပဲ "
ရှက်ပြုံးလေးနှင့် တိုးလျစွာဆိုလာသည့် ရှင်မေ၏စကားအား စိုင်းထွဋ်ခေါင်သည် လုံးဝသဘောမကျ။
" မောင်သစ္စာကရော..။ ဒီလို လက်ဆက်ပေးမယ့် ကိစ္စအတွက် ဘယ်လိုသဘောရလဲ "
" မိန်းကလေးက ရှင်မေဆိုတော့ ကန့်ကွက်စရာမရှိပါဘူး "
ထို့နောက်သခင်မကြီးဒေါ်နန်းသီရိ စကားပြောနေသည့်တစ်လျှောက်လုံးတွင် တိတ်ဆိတ်နေသည့်သခင်လေးသည် စတင်၍စကားပြောလာသည်။ ထိုစကားသည် လူအများ၏ သဘောကျမှုကို ဖျက်ဆီးလိုက်သည်။
" ကျွန်တော်က သဘောမတူဘူးဆိုရင်ရော မယ်မယ် "
" သားတော်က.. ဘာလို့သဘောမတူတာလဲ "
" သူက သားတော်ရဲ့ အစေအပါးပါမယ်မယ်။ သားတော်အနေနဲ့ သူ့ကို ခိုင်းစရာကိစ္စတွေ အပုံကြီးရှိပါသေးတယ်။ သူ.. သားတော်အပါးမှာ ကျွန်တစ်ယောက်အနေနဲ့ ခစားရမယ့်အချိန်တွေ အများကြီးကျန်သေးတယ်လို့ သားတော်ထင်ပါတယ်။ သူက အိမ်ထောင်ဦးစီးဖြစ်ဖို့ အချိန်မတန်သေးဘူးမယ်မယ်။ အဲဒါက သားတော်သဘောမတူရတဲ့ အကြောင်းအရင်းပါပဲ။ သားတော်အနားယူပါတော့မယ် "
Advertisement
သူ၏သဘောအတိုင်းသာ ပြောပြီးနောက် အိမ်အပေါ်ထပ်သို့ တက်သွားသောသခင်လေးအား နားမလည်ခြင်းပေါင်းများစွာဖြင့် ကြည့်နေရုံမှအပ ကျန်သည်များကို ကျွန်တော်မတတ်နိုင်ခဲ့။
နောက်တစ်နေ့ နံနက်တွင် အိမ်တော်ထဲ၌ ငိုသံအချို့ကြားခဲ့ရသည်။ အစေအပါးတချို့မှာလည်း ကွယ်ရာမှ ကြည့်နေကြသည်။ ငိုသံပိုင်ရှင်မှာမူ ရှင်မေဖြစ်သည်။
" ဟင့်.. ကျွန်မ.. ကျွန်မ သခင်လေးရဲ့နာရီကို မခိုးပါဘူး "
" အဲဒါဆို.. ငါ့နာရီက မင်းအခန်းထဲကို လမ်းလျှောက်သွားတယ်ဆိုပါတော့ "
" သခင်လေးနာရီက ဘယ်လိုလုပ်ပြီး ကျွန်မအခန်းထဲကိုရောက်နေမှန်း တကယ်မသိတာပါ သခင်လေးရယ်။ ကျွန်မမှာ အဲဒီလိုအကျင့်မရှိပါဘူးရှင်.. "
" အဲဒါဆိုပျောက်သွားတဲ့ ငါ့နာရီက မင်းအခန်းထဲမှာ ဘာလို့တွေ့ရသလဲ..။ မနေ့က မင်းကို ငါ့အခန်းရှေ့မှာ ဘာလို့တွေ့ရသလဲ "
" အဲဒီတုန်းက ဘုရားပန်းလဲရင်း သခင်လေးအခန်းရှေ့က ဖြတ်လျှောက်တုန်း.. ကျွန်မအင်္ကျီကြယ်သီးလေး ပြုတ်ကျသွားလို့ ကောက်တာပါ။ ကျွန်မတကယ် မခိုးပါဘူးရှင် "
" ဘယ်သူခိုးက ခိုးတယ်ပြောမှာလဲ။ မင်းစကားကို နားမထောင်ချင်ဘူးရှင်မေ..။ မင်း ကိုယ့်အထုပ် ကိုယ်ယူပြီး ဒီအိမ်ကနေထွက်သွားတော့.."
" သခင်လေး.. ကျွန်မရှင်းပြပါရစေ.. "
" နားငြီးလိုက်တာကွာ သူ့ကို ဆွဲထုတ်သွားကြစမ်း "
တစ်အိမ်လုံးတွင် သခင်လေး၏အမိန့်ကို လွန်ဆန်ရဲသူမရှိခဲ့။ ရှင်မေကို ဆွဲထုတ်သွားပြီးနောက် လှပစွာပြုံးနေသည့် သခင်လေးသည် မကြာသောအချိန်ကာလတွင် ဒေါသထွက်နေသည့် သူ၏အမူအရာများ ပျောက်ရှကုန်သည်။
အဖြစ်အပျက်က ရိုးရှင်းတယ်။ လွယ်ကူပါတယ်။ ကိုယ့်နာရီကို သူမသိခင်မှာ သူ့အခန်းထဲမှာသွားထားလိုက်တယ်။ နာရီပျောက်သွားတယ်ဆိုပြီး ကျွန်တွေအကုန်လုံးရဲ့ အခန်းတွေကိုစစ်တယ်။ ရှင်မေနေတဲ့ အခန်းက အဲဒီနာရီတွေ့တယ်။ သူခိုးတယ်လို့ စွပ်စွဲပြီး နှင်ထုတ်လိုက်တယ်။
ဒီလုပ်ရပ်က သူများအမြင်မှာ ယုတ်ညံ့တဲ့လုပ်ရပ်လို့ မြင်ကောင်းမြင်လိမ့်မယ်။ မြင်လည်း ဂရုမစိုက်နိုင်ဘူး။ အနည်းဆုံးတော့ လူတိုင်းလိုလို ကိုယ်တန်ဖိုးထားရတဲ့အရာကို မဆုံးရှုံးရဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားဖူးကြပါတယ်။ လူသားထဲက လူသားဖြစ်တဲ့ကျွန်ဝောာ်ကလည်း အခုလိုကာကွယ်မိတယ်။
တစ်ဖက်သား နစ်နာသွားရတာကို သိတယ်။ ဒါပေမဲ့ ကျွန်တော်နောင်တမရဘူး။ ဒီလိုလုပ်ရခြင်းကြောင့် ကျွန်တော် အမှားကျူးလွန်ရာရောက်ပေမဲ့ အနည်းဆုံးတော့ ကျွန်တော်တန်ဖိုးထားရတဲ့သူကို ကျွန်တော့်ဘေးနားမှာထားနိုင်ခဲ့တယ်လေ..။
For Zawgyi
သူ႔အတြက္
သခင္ေလးထံမွ ျပန္လာၿပီးေနာက္ အဘသည္ မိမိအား စိုးရိမ္တႀကီးႏွင့္ေမးရွာသည္။
" သား.. သခင္ေလးကေခၚတယ္ဆို။ ဘာကိစၥေခၚတာလဲ.."
" ဘာမွမဟုတ္ပါဘူးအဘ.. သူ႔အခန္းထဲက မင္ေတြဖိတ္က်တာကိုရွင္းခိုင္းတာပါ "
" ဘာမွမျဖစ္တာ ေသခ်ာလား "
" ဟုတ္ကဲ့.. တကယ္ဘာမွမျဖစ္ပါဘူး "
" ေအးကြယ္.. မျဖစ္ရင္ၿပီးတာပါပဲ..။ သခင္ေလးက စိတ္ဆက္ေတာ့ အဘက သားအတြက္စိုးရိမ္တယ္ "
" ဟိုအရင္လူေတြလို အျပစ္ေပးခံရမွာကို အဘစိုးရိမ္တာလား "
" ေအးကြယ္ "
" မစိုးရိမ္ပါနဲ႔အဘရယ္.. သားကမဟုတ္တာမလုပ္ပါဘူး..။ ဒါနဲ႔ေလ သားတစ္ခုေလာက္ေမးခ်င္တယ္..။ သခင္ေလးက အဲဒီလိုေတြႏွိပ္စက္ေနေတာ့ ပလိပ္ေတြက မဖမ္းဘူးလား.. "
" ေရမ်ားေရႏိုင္ မီးမ်ားမီးႏိုင္ေခတ္ေလကြယ္။ ႏိုင္ငံေရးဥပေဒဆိုတာ သူတို႔ေတြအတြက္ ျပဌာန္းထားတာမဟုတ္သလိုပါပဲ "
အဘေျပာသည္မ်ားကို ယုံရန္အဖို႔ရာ မိမိအေနႏွင့္ခက္ခဲလြန္းေနသည္။ မိမိျမင္ေနရသည့္ သခင္ေလးမွာ တစ္ခါတစ္ရံေအးစက္ေသာျငား.. ေႏြးေထြးမႈလည္းရွိပါသည္။ ႏူးညံ့မႈလည္းရွိပါသည္..။ သေဘာထားလည္း ေကာင္းေနသည္။ မိမိကိုယ္တိုင္သည္လည္း သခင္ေလးအေပၚ အေကာင္းျမင္ဝါဒကိုသာ လက္ကိုင္ထား၍ ၾကည့္ေန၍လားေတာ့မသိ..။ သခင္ေလး ျပဳလုပ္သမွ် အေကာင္းသာျမင္သည္။ သေဘာက်မိပါသည္။
ထိုသေဘာက်မႈသည္ ေလးစားအားက်၍သာ သေဘာက်ျခင္းမ်ိဳးျဖစ္ေစရန္ အခါခါဆုေတာင္းခဲ့ေသာ္လည္း မိမိဆုေတာင္းသမွ်သည္ ျပည့္ဝမလာခဲ့ေပ။
ထိုေန႔ညတြင္ ဆုေတာင္းမ်ားမျပည့္ေသာေၾကာင့္ ေတြေဝေနေသာေကာင္ေလး ရွိေနသကဲ့သို႔ မိမိႀကိဳးဆြဲရာကို ကမည့္လူသားတစ္ေယာက္အား ပိုင္ဆိုင္ထားရ၍ ေပ်ာ္ေနေသာ ေကာင္ေလးလည္းရွိေနခဲ့သည္။
ထိုတစ္ေန႔တာ ေက်ာ္လြန္ၿပီး ေနာက္တစ္ေန႔နံနက္ခင္းတြင္လည္း ထုံးစံအတိုင္းပင္ သခင္မ်ားသုံးေဆာင္ရန္ မနက္စာစားပြဲကို အိမ္ေတာ္ရွိ အေစခံမ်ားက ျပင္ဆင္ေပးေနရသည္။ သခင္ေလးမွာမူ နံနက္စာသုံးေဆာင္ရန္ အခ်ိန္နီးကပ္သည္အထိ အိပ္ရာမွမထေသးေပ။
မႏိုးေသးေသာ သခင္ေလးကိုႏႈိးရန္ သခင္မႀကီးက ေစခိုင္းေသာေၾကာင့္ သခင္ေလးကို ႏႈိးရမည့္တာဝန္ကို ထမ္းေဆာင္မည္။
ပထမဦးစြာ နႏၵသည္သခင္ေလး၏ အခန္းတံခါးကိုေခါက္၍ႏႈိးေသာ္လည္း မႏိုးေသးေသာေၾကာင့္ အခန္းထဲသို႔ ဝင္၍ႏႈိးရသည္။
" သခင္ေလး... သခင္ေလး... ထေတာ့ေလ.. သခင္မႀကီးက မနက္စာစားဖို႔ ႏႈိးခိုင္းလိုက္တယ္။ သခင္ေလး.. သခင္ေလး.. ထပါေတာ့လို႔.. "
ႏႈိးေသာသူသာ အသက္ထြက္ေတာ့မည္။ သခင္ေလးမွာမူ 'အင္း..' ဟုဆို၍သာ ျပန္အိပ္ေနသည္။
" သခင္ေလးေရ.. ထပါေတာ့လို႔..။ သခင္မႀကီး ေဒါသထြက္ေနမယ္.. သခင္ေလး.. သ.. "
နႏၵ၏ စကားသည္ အဘယ္ေၾကာင့္ 'သ' တြင္ရပ္သြားသည္ဟု ထင္သနည္း..။ စင္စစ္.. စိုင္းထြဋ္ေခါင္သည္ နႏၵ၏စကားမဆုံးမီတြင္ နႏၵအား လက္မွဆြဲလိုက္ေသာေၾကာင့္ ျဖစ္သည္။ လွမ္းဆြဲ႐ုံႏွင့္ ၿပီးသြားေသာဇာတ္လမ္းမဟုတ္..။ ႐ုတ္တရက္လွမ္းဆြဲလိုက္ေသာေၾကာင့္ နႏၵသည္ ကိုယ္ကို မထိန္းႏိုင္ဘဲ စိုင္းထြဋ္ေခါင္အေပၚသို႔ က်သြားသည္။ ယခုအေနအထားရ နႏၵသည္ စိုင္းထြဋ္ေခါင္၏အေပၚတြင္ အုပ္မိုးလ်က္..။ စိုင္းထြဋ္ေခါင္သည္လည္း နႏၵ၏လက္ကို ကိုင္ထားလ်က္..။ ႏွစ္ဦးလုံး၏ ဝင္သက္ထြက္သက္မ်ားသည္ တစ္ဦးမ်က္ႏွာသို႔ တစ္ဦးက႐ိုက္ခက္လ်က္..။ စိုင္းထြဋ္ေခါင္သည္ နႏၵ၏ မ်က္ဝန္းမ်ားအား စိုက္ၾကည့္ေနသည္။ နႏၵသည္လည္း စိုင္းထြဋ္ေခါင္၏ အၾကည့္စူးစူးမ်ားတြင္ ႐ုန္းမထြက္ႏိုင္ေပ..။
မနက္မိုးလင္းစ မ်က္ႏွာမသစ္ရေသးတာေတာင္ သခင္ေလးရဲ႕ ခန႔္ညားမႈႀကီးက အေတာ္ကို ျပည့္စုံလြန္းတာပဲ။
တစ္မိနစ္ခန႔္မွ် ထိုသူႏွစ္ဦးသားလုံးသည္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လ်က္ မည့္သည့္စကားမွမေျပာခဲ့ေပ။ ထို႔ေနာက္ ၎တို႔အၾကား တိတ္ဆိတ္မႈၾကားခံအား စတင္ၿဖိဳခြဲလိုက္သူမွာ နႏၵျဖစ္သည္။
" သခင္ေလး.. ဟို.. ဟို "
ဤသို႔ စတင္ခ်ိဳးဖ်က္လိုက္ကာ သခင္ေလး၏အၾကည့္စူးစူးမ်ားကို ေရွာင္ေနေသာ္လည္း သခင္ေလးမွာမူ မိမိအားမၾကည့္မလႊဲ။ မလႊဲသည့္အျပင္ ေရွာင္ရွားေနေသာ မိမိ၏မ်က္ဝန္းမ်ားကို လိုက္၍ဖမ္းဆီးကာၾကည့္ေနေသးသည္။
ထစ္ေနေသာစကားသံမ်ားႏွင့္ နီျမန္းေနေသာ ပါးျပင္တို႔သည္ နႏၵတစ္ေယာက္ မည္မွ်စိတ္လႈပ္ရွားကို သက္ေသျပေနသည္။ တစ္ဖက္လူၾကားႏိုင္ေလာက္ေသာ ရင္ခုန္သံမ်ားႏွင့္ အရွက္ပိုေနေသာ နႏၵအား ၁၉၉၀ခုႏွစ္မွျမတ္သူက ဤသို႔လွမ္း၍ေျပာလိုက္သည္။
" ေသဟဲ့.. အဲဒီေလာက္ရွက္စရာလား.. "
စိုင္းထြဋ္ေခါင္မွာမူ နႏၵအား ၿပဳံး၍ၾကည့္ေနသည္။
" သခင္ေလးကိုေလ.. ဟို.. သခင္မႀကီးက ႏႈိးခိုင္းလိုက္တာ.. "
" အင္း.. ဘယ္က ဟို သခင္မႀကီးလဲ "
" ဟို.. သခင္ေလးရဲ႕.. အေမပါ "
" အင္း.. ဘယ္က ဟို သခင္ေလးလဲ "
" သခင္ေလးကိုေျပာတာပါ.. ထပါေတာ့ေနာ္.. သခင္မႀကီးတို႔ေစာင့္ေနၿပီ "
" အင္း.. အခုငါထမယ္.. မင္းဖယ္ေပးေလ "
" ဗ်ာ.. ဟုတ္.. ဟုတ္ကဲ့.. "
ဖယ္ခိုင္းေသာ္လည္း လက္ကိုမလႊတ္ေသးေသာေၾကာင့္ ထ၍မရ..။
" သခင္ေလး.. လက္ က.. "
" ဪ... အင္းပါ.. ငါ့ကိုေစာင့္ေနဦး.. ၿပီးရင္ ငါဝတ္ဖို႔ အဝတ္အစားထုတ္ေပးထား.. "
" အမိန႔္အတိုင္းပါ "
မနက္မိုးလင္းစ မ်က္လုံးႏွစ္လုံးဖြင့္ခ်ိန္တြင္ ေကာင္ေလး၏မ်က္ႏွာကို ျမင္လိုက္႐ုံႏွင့္ စိတ္ထဲတြင္ ၾကည္ႏူးေနသေယာင္..။
ထိုသို႔စိတ္ၾကည္ႏူးျခင္း၏ အေၾကာင္းျပခ်က္အား ထပ္၍မရွာ။ ရွာလွ်င္ ေယာက္်ားသားႏွစ္ဦးျဖစ္ေနသည့္ ပညတ္ခ်က္အၾကား မထားအပ္သည့္ သံေယာဇဥ္မ်ား ပို၍တိုးလာမည္ကိုစိုးရိမ္မိသည္။
ေရခ်ိဳးၿပီးေနာက္ အခန္းထဲျပန္ဝင္လာသည့္ စိုင္းထြဋ္ေခါင္တြင္ အေပၚအက်ႌမပါ။ ခါးတြင္ ပုဆိုးသာပါသည္။ အားကစားလိုက္စားသူပီပီ သန္မာေသာ ႂကြက္သားမ်ားသည္ လက္ေမာင္းတို႔တြင္လိုက္ဖက္စြာ ေနရာယူထားသည္။
ေယာက္်ားပီသေသာ ခႏၶာေပၚတြင္တြဲလဲခိုေနသည့္ ေရစက္မ်ားႏွင့္ သခင္ေလး၏ အသြင္အျပင္သည္ဆြဲေဆာင္မႈရွိလြန္းလွသည္။ သခင္ေလးကိုၾကည့္ရင္းပင္ လြန္ခဲ့ေသာမိနစ္အနည္းငယ္မွ ခုန္ႏႈန္းသာမန္ျပန္ျဖစ္သြားေသာ မိမိ၏ရင္ခုန္သံသည္ တစ္ဖန္ျပန္လည္ျမန္ဆန္လာရသည္။
' မျဖစ္ဘူး.. မျဖစ္ဘူး.. ငါ့ရင္ခုန္သံေတြ သူၾကားသြားလို႔မျဖစ္ဘူး ' ဟုေရ႐ြတ္ကာ သခင္ေလးတစ္လွမ္းတိုးလာတိုင္းတြင္ မိမိသည္ ေျခတစ္လွမ္းေနာက္ဆုတ္မိသည္။
" ဘာလုပ္ေနတာလဲ... အက်ႌလာဝတ္ေပး "
" ဟုတ္.. ဟုတ္ကဲ့.. "
သခင္ေလး၏အနားသို႔သြားကာ အက်ႌဝတ္ေပးေသာအခါ သခင္ေလး၏လက္သည္ မိမိပါးျပင္ေပၚမွ မွဲ႔ေလးနားသို႔ေရာက္လာသည္။
" ဒီနားမွာမွဲ႔ေလးရွိတာလား "
" ဟုတ္.. "
" ငါက မ်က္ႏွာအနားတစ္ဝိုက္မွာ မွဲ႔ရွိတာကို သေဘာက်တယ္။ ဒါေပမဲ့ ငါ့မ်က္ႏွာမွာမရွိဘူး။ မင္းမွာေတာ့ရွိေနတယ္..။ လည္ပင္းမွာေရာပဲ ရွိေသးတာတယ္ "
ထိုအခ်ိန္၌ သခင္ေလး၏လက္မ်ားသည္ မိမိလည္ပင္းသို႔ ေရာက္ေနၿပီျဖစ္သည္။ ထို႔ေနာက္ ညႇတ္႐ိုးေပၚတြင္ရွိေသာမွဲ႔အား လက္ႏွင့္ထိေတြ႕ေနကာ ေသခ်ာစြာ စူးစိုက္ၾကည့္ေနသည္။
သခင္ေလး၏ အသက္ရွဴသံေငြ႕ေငြ႕သည္ မိမိ၏လည္ပင္းသို႔ တိုင္းသားထိေတြ႕ေနသည္။ အျပင္မွၾကားႏိုင္ေလာက္ေသာ ရင္ခုန္သံႏွင့္ နီျမန္းေနသာနား႐ြက္တို႔ေၾကာင့္ သခင္ေလး၏အေရွ႕မွ အေငြ႕ပ်ံ၍သာ ေပ်ာက္သြားခ်င္သည္။
" ကဲ.. ေအာက္ကိုဆင္းမယ္.. "
အက်ႌဝတ္ေပးၿပီးသည္ႏွင့္ မိမိလည္းအိမ္ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ သူ႔ကိုသာ မိမိသေဘာအရ ဆက္၍ထိေတြ႕ေနလွ်င္ ထိုေကာင္ေလးႏွလုံးေရာဂါေတာ့မည္ ျဖစ္သည္။
ၾကည္ႏူးေနေသာစိတ္တို႔သည္ မနက္စာစားဝိုင္းသို႔ေရာက္ေသာအခါ ပ်က္စီးကုန္ရသည္။ အေၾကာင္းမွာ ရွင္ေမသည္ နႏၵကိုေတြ႕ေတြ႕ခ်င္းပင္ ၿပဳံးျပေသာအခါ မိမိအေနာက္မွနႏၵကို လွည့္ၾကည့္မိသည္။ နႏၵမွာလည္း ထိုနည္း၎ပင္ ျပန္လည္ၿပဳံးျပေနသည္။
ရွင္ေမ၏ အၿပဳံးကို မိမိမျမင္ခ်င္။ ရွင္ေမ၏ အၿပဳံးမ်ားကိုလည္း နႏၵအားမျမင္ေစခ်င္။ နႏၵ၏အၿပဳံးလွလွကိုလည္း ရွင္ေမအားမျပလို..။ မိမိသာ ပိုင္ဆိုင္ရလိုသည္။ ရွင္ေမကို အျမင္မၾကည္သည္ျဖစ္၍ ရွင္ေမျပင္ဆင္ထားသည့္ မနက္စာကိုလည္းမစားခ်င္ေပ။
" နႏၵ.. ငါ့ကို ထမင္းေၾကာ္ေပး "
" သခင္ေလးက ရွမ္းေခါက္ဆြဲႀကိဳက္တယ္ေလ.. အခုမနက္စာျပင္ထားတာက သခင္ေလးႏွစ္သက္တဲ့ အစားအစာပဲကို..။ ဘာလို႔မစားခ်င္တာလဲဟင္ "
" မင္းဘာလို႔ လွ်ာရွည္ေနတာလဲ။ ငါလုပ္ဆိုလုပ္လိုက္။ အရင္က ငါႀကိဳက္တယ္။ ဒီေန႔အတြက္ေတာ့ ငါ.. ရွမ္းေခါက္ဆြဲ မႀကိဳက္ဘူး.. "
" အမိန႔္အတိုင္းပါ "
ထို႔ေန႔တြင္ မနက္ခင္းမွစတင္ခဲ့ေသာ စိတ္ၾကည္ႏူးျခင္းမ်ားသည္ တျဖည္းျဖည္းပ်က္စီးလာကာ ညသို႔ေရာက္ေသာအခါ ပို၍ပ်က္စီးလာသည္။ အေၾကာင္းမွာ ထိုေန႔ညတြင္ သခင္မႀကီးေဒၚနန္းသီရိသည္ အခိုင္းအေစမ်ားအားလုံးကို စုစည္းခိုင္းသည္။ ထို႔ေနာက္ သခင္မႀကီးေဒၚနန္းသီရိ ေျပာသည့္စကားသည္ စိုင္းထြဋ္ေခါင္အား အလြန္အမင္းစိတ္ဆိုးေစသည္။
" နႏၵ.. မင္းနဲ႔ရွင္ေမနဲ႔ ရည္ငံေနသလား "
" ဗ်ာ.. မဟုတ္ပါဘူး သခင္မႀကီး "
" ဒါဆို.. မင္းက ရွင္ေမကို ေမတၱာရွိေနတာလား "
" ဗ်ာ.. "
" မညာနဲ႔.. မနက္က မင္းတို႔ အၾကည့္ေတြကို ငါသိတယ္။ အမွန္တိုင္းေျပာ... ခိုးေျပးတာေတြ ထြက္ေျပးတာေတြ မလုပ္ရေအာင္ တစ္ခါတည္းလက္ဆက္ထားေပးမလို႔ "
မည္သို႔ ျပန္ေျဖရမည္နည္း။ မိမိသည္ ရွင္ေမအေပၚတြင္ စည္းမေဖာက္ခဲ့..။ စိတ္ႏွင့္ပင္ျပစ္မွားခဲ့ျခင္း မရွိ..။ အသိမိတ္ေဆြဟု သေဘာထားခဲ့သည္။ ထိုအတိုင္းအတာထက္ပင္ ပိုခဲ့သည္မရွိပါ။ သို႔ေသာ္ သခင္ေလးအေပၚတြင္ ယိမ္းယိုင္ေဖာက္ျပားေနသည့္ မိမိ၏စိတ္မ်ားကို ျပဳျပင္ရန္ လိုအပ္ေနသည္ျဖစ္၍ ဤသို႔သာ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။
" ဟုတ္ကဲ့.. ေမတၱာရွိပါတယ္.. "
" ရွင္ေမကေရာ.. "
" ဟုတ္ကဲ့.. ကိုနႏၵနဲ႔ထပ္တူပါပဲ "
ရွက္ၿပဳံးေလးႏွင့္ တိုးလ်စြာဆိုလာသည့္ ရွင္ေမ၏စကားအား စိုင္းထြဋ္ေခါင္သည္ လုံးဝသေဘာမက်။
" ေမာင္သစၥာကေရာ..။ ဒီလို လက္ဆက္ေပးမယ့္ ကိစၥအတြက္ ဘယ္လိုသေဘာရလဲ "
" မိန္းကေလးက ရွင္ေမဆိုေတာ့ ကန႔္ကြက္စရာမရွိပါဘူး "
ထို႔ေနာက္သခင္မႀကီးေဒၚနန္းသီရိ စကားေျပာေနသည့္တစ္ေလွ်ာက္လုံးတြင္ တိတ္ဆိတ္ေနသည့္သခင္ေလးသည္ စတင္၍စကားေျပာလာသည္။ ထိုစကားသည္ လူအမ်ား၏ သေဘာက်မႈကို ဖ်က္ဆီးလိုက္သည္။
" ကြၽန္ေတာ္က သေဘာမတူဘူးဆိုရင္ေရာ မယ္မယ္ "
" သားေတာ္က.. ဘာလို႔သေဘာမတူတာလဲ "
" သူက သားေတာ္ရဲ႕ အေစအပါးပါမယ္မယ္။ သားေတာ္အေနနဲ႔ သူ႔ကို ခိုင္းစရာကိစၥေတြ အပုံႀကီးရွိပါေသးတယ္။ သူ.. သားေတာ္အပါးမွာ ကြၽန္တစ္ေယာက္အေနနဲ႔ ခစားရမယ့္အခ်ိန္ေတြ အမ်ားႀကီးက်န္ေသးတယ္လို႔ သားေတာ္ထင္ပါတယ္။ သူက အိမ္ေထာင္ဦးစီးျဖစ္ဖို႔ အခ်ိန္မတန္ေသးဘူးမယ္မယ္။ အဲဒါက သားေတာ္သေဘာမတူရတဲ့ အေၾကာင္းအရင္းပါပဲ။ သားေတာ္အနားယူပါေတာ့မယ္ "
Advertisement
- In Serial9 Chapters
The Archon's Legacy: Forgotten
The return of the forgotten king. I am pride, wrath and greed. I bow before none. The heavens themself are my throne. I have been called devil, demon, lord, master, savior, destroyer but who am I? *This novel will have everything from kingdom building to massive battle scenes hopefully. ***This is my first novel. ***Proof reading and editing starts at chapter 5. I will be going back and edit as well as revising every 5 chapters
8 184 - In Serial36 Chapters
The Painter's Amour
Dante is a painter. He is a young nobleman who has everything the gods can offer. He has fame, status, money and a beautiful fiancée. He has nothing to lose until he met a pianist named Julian.He felt immediate attraction, temptation and lust towards the man but never love. Betrayal is his innocence. However things will not always be the same because, suddenly one day, he falls in love and paints it for him.But what happens if someone else steals the pianist's heart?Copyright 2013 © All Rights Reserved
8 200 - In Serial85 Chapters
Aquamarine (GirlxGirl)
"You fucked a mermaid?!"*Highest Ranks*1- lesbianromance 5- gaystory 5- wattpadpride 10- girlxgirl
8 112 - In Serial56 Chapters
Her Eyes Bedevil...
She wants nothing of it...Obviously, she really doesn't. Why would she, when she has everything in life? Money, business, and the luxury that life could offer but except for one, just this one - a love life. Even her family and friends keep on bugging her to date and settle down. D*mn! Love life?!?! She doesn't have anything to do with it. "Love is for the fool and I am not!", that was always her answer. Really, she had enough of it; hearing such, would make her sick. Love has left her heart wounded and made her life miserable, going through such emotional trauma for once again is hell. She's going anywhere but never in hell! ****************At 28 years old, Sarah Garcia, the formidable CEO of Pacific Loop Telecom is one of the most respected entrepreneurs in the country. The woman is not only gorgeous but also an amazing human being. Children are so dear to her, which is why she started the ChildFuSure Initiative, a foundation which aims to provide education assistance to filipino children. Amidst her lovely face and sweet smile which is only reserved for the kids, the woman's heart is carved in ice stones. No man has ever climbed the walls she built for herself, she cursed love and all the things that came with it several years ago. She needs no one as she has everything, so here is she enjoying her jet set lifestyle; because why not when she can afford it - a life free from pain and stress and purely just fun...But she got it wrong...A week after her holiday, her dad demands her presence immediately to seal a business partnership to keep up with the competitive market. And she will do everything in her power to close out the deal - the business deal that seals her fate forever, the deal that cripples her world, the moment her eyes met hers...
8 147 - In Serial20 Chapters
My Giant Dream
George has been living a tough life. He is an orphan adopted by abusive parents who always leave him alone in the day, but at night, he suffersHe wished there was a way to escape his horrible life - parents abusing him, students bullying him, working like a slave, and not eating muchOne day, he hears rumors of a giant nearby. He fears it will destroy his home, but his theory changes once he comes face-to-face with the monster itself, who seems to be what George wantedWARNINGS- Self Harm- Language- Suicide
8 135 - In Serial41 Chapters
Jack of Clubs (BxB)
•Book one of the Suit Series. Can be read as a stand-alone•They were always enemies. Everyone knew that Sawyer and Samson despised one another. It was a bit cliché, the way that Sam was a football player, loved by all, and could party like no other. If you couldn't already guess, Sawyer was a bit different. He enjoyed movie nights, and wasn't a big fan of having all eyes on him. However, as sweet as that may sound, there was something dark. On a fateful movie night with his best friend Millie, Sawyer found himself eating at the local diner. When the pair spot Sam and his friends leaving their cars, things quickly spiral out of control. Everything rapidly changes, and the two seem to have one thing in common: They were both being watched by the same guys•O•O•Started: 12 . 27 . 19Finished: 5 . 2 . 20#2 in teen fiction-5/8/20#1 in lgbt-4/24/22#1 in teen romance-4/10/20#3 in gay-5/7/20#1 in bisexual-5/24/22
8 219

