《Amiss Prayer (Zawgyi&Unicode) [Completed]》Part-18 (ရေစက်...)
Advertisement
For Unicode
ရေစက်
အိမ်တော်ကြီး၏မနက်စာစားပွဲတစ်ခု..
“ သားတော်... ဒီနေ့အပြင်သွားစရာရှိတယ်ဆို “
“ ဟုတ်မယ်မယ်... သားတော်.. မင်းသူရနဲ့တွေ့မလို့ပါ “
“ ဘာကိစ္စများရှိလို့လဲ သားတော် “
“ သားတော်.. ပွဲရုံတွေကိုဦးစီးတဲ့အခါ အလုပ်ကိုနည်းနည်းပိုတိုးချဲ့ချင်တာမို့ သူတို့နဲ့လုပ်ငန်းချင်းပူးပေါင်းချင်လို့ပါ.. နောက်ပြီးမွေးနေ့ပါတီလည်းရှိနေတော့ မသွားမဖြစ်လို့ပါမယ်မယ်.. “
“ အင်း.. ကောင်းတယ်သားတော်.. ကောင်းတယ် မင်းဖခည်းတော် တည်ထောင်ခဲ့တဲ့လုပ်ငန်းတွေကို မင်းလက်ထက်မှာ ပိုပြီးတိုးပွားလာတာကိုပဲ မယ်မယ်မြင်ချင်တယ်သားတော် “
“ ဟုတ်ကဲ့မယ်မယ်.. စိတ်ချပါ.. “
သခင်လေးက လုပ်ငန်းတွေကိုဦးစီတော့မှာလား..။ ဒါဆို.. ကျွန်တော်က သခင်လေးရဲ့အနားမှာ အချိန်ပြည့် ခစားခွင့်မရှိတော့ဘူးပေါ့နော်...။ ဟူး...ဝမ်းနည်းလိုက်တာ...။
“ ဒါနဲ့.. သားတော်ကို ပုံတူပန်းချီဆွဲဖို့ကိစ္စကို ပန်းချီဆရာခေါ်ပြီးပြီလား မယ်မယ်.. “
“ မယ်မယ်တို့အစဉ်အဆက် ပုံတူပန်းချီဆွဲတဲ့သူက ကွယ်လွန်သွားပြီတဲ့လေ.. အခုသူ့မှာသမီးတစ်ယောက်ရှိတယ်.. သူက.. သူအဖေလက်ရာမီတယ်ဆိုပဲ.. “
“ ဖြစ်ပါ့မလားအစ်မတော်...သူက မိန်းကလေး.. တူတော်က ယောက်ျားလေး.. ပန်းချီဆွဲတယ်ဆိုတာ တစ်နာရီနှစ်နာရီနဲ့ပြီးတဲ့အလုပ်မဟုတ်ဘူး.. ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်.. အချိန်အတော်ကြာကြီး မြင်တွေ့တဲ့အခါ မလိုလားအပ်တာတွေဖြစ်လာပါဦးမယ်.. “
“ အင်း.. ညီမတော်ပြောတာလည်း အဟုတ်သား.. မဖြစ်ဘူး မဖြစ်ဘူး.. ဒီမိန်းကလေးကိုခေါ်လို့မဖြစ်ဘူး.. တခြားပန်းချီဆရာကို စုံစမ်းဦးမှပါ... “
ထို့နောက်သခင်မကြီးသည် မနက်စာကိုသုံးဆောင်နေရင်း နန္ဒထံသို့အကြည့်ရောက်သွားသည်။
“ သြော်... အခုမှအမှတ်ရတယ်..။ မောင်သစ္စာပြောဖူးတယ်။ သူ့သားက ပန်းချီဆွဲတတ်တယ်တဲ့။ နန္ဒ..မင်းတကယ်ပဲ ပန်းချီဆွဲတတ်သလား.. “
“ ဟုတ်.. ဆွဲတတ်ပါတယ်... “
“ ငါ့ကိုသက်သေတစ်ခုခု ပြနိုင်မလား.. “
“ ကျွန်တော့်မေမေပုံကိုဆွဲထားတဲ့ ပန်းချီကားတော့ ရှိပါတယ်သခင်မကြီး.. “
“ ငါကြည့်ချင်စမ်းတယ်.. သွားယူခဲ့နန္ဒ.. “
“ အမိန့်အတိုင်းပါ “
နန္ဒသည်လည်း ထိုပုံတူပန်ချီလေးကိုယူပြခဲ့ရာ သခင်မကြီးသည် အလွန်သဘောကျခဲ့သည်။
“ တော်သားပဲကွယ့်... “
“ ချီးကျူးမှုကို မခံယူဝံ့ပါဘူးသခင်မကြီး.. “
“ မင်း.. သားတော်အတွက် ပုံတူပန်းချီဆွဲပေးနိုင်မလား.. မင်းကို ထိုက်တန်တဲ့အဖိုးအခပေးမှာပါ “
“ အဖိုးအခမရှိရင်တောင် ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေမို့လို့ ယခုလိုပုံတူဆွဲခွင့်ရတာကိုပဲ ဝမ်းသာလှပါပြီ.. “
“ မင်းက တကယ်ယဉ်ကျေးတာပဲ။ ကောင်းပြီ ကောင်းပြီ.. လိုအပ်တဲ့ဆေးတွေကို ဘယ်လိုဝယ်မလဲ။ နောက်ပြီး.. ပန်းချီကို ဘယ်နေ့စဆွဲမှာလဲ.. “
“ နန္ဒ.. မင်းလိုအပ်တဲ့ဆေးတွေကို ငါ့ကိုပြောလိုက်ပါ.. ငါဒီနေ့အပြင်သွားမှာမို့လို့.. ဝယ်ခဲ့ပေးမယ်.. ပန်းချီကိုတော့ မနက်ဖြန်ပဲစဆွဲမယ်.. သားတော်လည်း လုပ်ငန်းခွင်ဝင်ရဦးမှာဆိုတော့ မြန်မြန်ပြီးလေကောင်းလေပါပဲ “
“ သားတော်သဘောပါပဲကွယ် “
ကျွန်တော်ကတော့ အဲဒီပန်းချီကားကိုနှစ်ချီအောင် ဆွဲချင်ပါရဲ့။ ဒါမှလည်း သခင်လေးကို အမြဲမြင်နေရမှာလေ...။
ထိုမနက်စာစားဝိုင်း တည့်ခင်းပြီနောက် သခင်လေးအား ပန်းချီရေးဆွဲရာတွင် လိုအပ်သည့်ပစ္စည်းများကို မှာနေဆဲတွင် မျက်နှာသည် တည်တည်ထား၍မရ။ ပြုံးနေမိသည်..။
ကျွန်တော်ချစ်ရတဲ့ လူသားတစ်ယောက်ရဲ့ ပုံတူဆွဲပေးရမှာ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ..။
“ ဘာလို့ အဲဒီလောက်ပြုံးနေတာလဲနန္ဒ.. ပျော်စရာတွေရှိနေတာလား.. ကိုယ့်ကိုလည်းမျှဝေပါဦး.. “
“ ပျော်စရာလား.. သိပ်ရှိတာပေါ့.. “
“ အင်း.. ပြောပါဦး.. အဲဒီပျော်စရာကို.. “
“ အဲဒါက ကျွန်တော်ချစ်ရတဲ့ သခင်လေးရဲ့ပုံတူပန်းချီကိုဆွဲခွင့်ရလို့... ကျွန်တော်က ပန်းချီဆွဲရတာကို မြတ်နိုးတယ်။ ကျွန်တော်မြတ်နိုးရတဲ့ပညာနဲ့ ကျွန်တော်မြတ်နိုးရတဲ့သခင်လေးရဲ့ပုံတူကို ဆေးရေးခြယ်ပေးရမှာ ဘယ်လောက်တောင်ပျော်စရာ ကောင်းလိုက်သလဲ.. “
“ ဟုတ်ပါပြီ... ကဲ.. ကိုယ်သွားတော့မယ်.. “
“ ဟုတ်ကဲ့... “
မင်းပျော်နေတာကို အမြဲမြင်ချင်တယ်ကောင်လေး..။ သတ္တိမရှိသေးတဲ့ကိုယ့်ကို မင်းရဲ့အပြုံးတွေနဲ့ ခွန်အားပေးသနားပါဦးနော်...။ မင်းရဲ့တောက်ပတဲ့အပြုံးလေးတွေနဲ့ အရာအားလုံးကိုရဲရဲဝံ့ဝံ့ကြီးရင်ဆိုင်ချင်ပါရဲ့..။
ထို့နေ့ညတွင် ကိုးနာရီထိုးသည်အထိ သခင်လေးပြန်မလာခဲ့။ မွေးနေ့ပါတီဖြစ်၍ ပျော်ပါးနိုင်ဦးမည်။
ပျော်တာပါးတာ အသာထားပါလေ။ သခင်လေးကို ဘယ်သူများထိတွေ့နေမလဲလို့ စဉ်းစားရင်းစိုးရိမ်ရတာအမော...။ အရက်တွေမူးပြီး တစ်ခုခုများဖြစ်နေမလား..။ အစကတည်းကလိုက်ခွင့်တောင်းပြီး လိုက်သွားရင်ကောင်းသား..။ အခုတော့စိတ်ပူနေရပြီ...။ ဟူး.. စိတ်လေးလိုက်တာ...။ သခင်မကြီးနှစ်ယောက်ကတော့ သားတော်ကို စိတ်ချယုံကြည်စွာအိပ်စက်နေလေရဲ့..။ ကျွန်တော်တစ်ယောက်တည်း အိန္ဒြေမရဖြစ်နေတာ။
ထို့နောက် ခြံထဲကိုဝင်လာသည့် ကားသံကြားရ၍ ထွက်ကြည့်လိုက်သောအခါ သခင်လေးမူးလာသည်မှာ အလဲလဲအကွဲကွဲပင်။ ခြေလှမ်းများ မမှန်သော သခင်လေးအား မိမိက ကူ၍တွဲပေးရသည်။
“ အိပ်သေးဘူးလား.. ဒီအချိန်ထိ... “
“ တော်သေးတာပေါ့ အချိန်ကိုသိနေသေးလို့.. ဘာလို့ အဲဒီလောက်ထိ သောက်လာတာလဲသခင်လေးရယ်.. “
“ ကိုယ်က အများကြီးမသောက်ပါဘူး.. သူတို့အတင်းတိုက်လို့ “
“ အင်းအင်း.. ဟုတ်ပါပြီ.. အခုတော့အခန်းထဲဝင်ပြီး အိပ်တော့နော်.. ကျွန်တော်လိုက်ပို့ပေးမယ်.. “
“ no.. မ အိပ် ချင် သေး ဘူး ကွာ “
စကားကိုတစ်လုံးချင်းသာ ကျယ်လောင်စွာ အော်ပြောနေသော သခင်လေး၏ပါးစပ်ကိုပိတ်ထားမိသည်။ ဤသို့မပြုမူလျှင် သခင်မကြီးများ နိုးလာသည့်အခါ သခင်လေး၏ ဤကဲ့သို့သော် အခြေအနေကို မြင်ပါက သွေးတက်သွားနိုင်သည်။
“ ဟာ.. သခင်လေးကလည်း တိုးတိုးပြောပါ.. သခင်မကြီးတို့နိုးကုန်မယ်.. “
“ နိုးနိုးပေါ့.. ဘယ် သူ့ ကို ဂရုစိုက်ရ မှာလဲ.. “
“ ဟာဗျာ.. ကိုယ့်အမေကိုအဲဒီလိုပြောရလား.. လာလာ.. တက်တော့... “
အခန်းထဲသို့ရောက်သောအခါ သခင်လေးကိုခုတင်ပေါ်တင်ပေးပြီး ပြန်မည်အပြု သခင်လေးက မိမိ၏လက်ကိုဆွဲထားသည်။
“ ဘာဖြစ်လို့လဲသခင်လေး “
Advertisement
“ ကိုယ်.. မအိပ်ချင်သေးဘူး.. “
“ မအိပ်လို့မရဘူးလေ.. သခင်လေးက မူးလည်းမူးနေတယ်။ အခုကညကိုးနာရီကျော်နေပြီ... အိပ်ပါတော့နော် “
“ ဟင့်အင်း...မ အိပ် ချင် ဘူး.. “
နှုတ်ခမ်းစူကာပြောနေသည့် သခင်လေးသည် မိမိမြင်တွေ့နေကျ တည်ငြိမ်ရင့်ကျက်သည့် စိုင်းထွဋ်ခေါင် မဟုတ်တော့ပေ...။
မူးလာရင်.. သခင်လေးမှာလည်း ဒီလိုချစ်စရာကောင်းတဲ့ အမူအကျင့်တွေရှိနေပါလား..။
“ ဒီနားလာထိုင်ဦး... “
“ အင်း.. ထိုင်ပြီ.. ပြော.. သခင်လေးက မအိပ်ချင်လို့ ဘာလုပ်ချင်သေးတာလဲ.. “
“ ကိုယ်လုပ်ချင်တာကို တကယ်ပဲပြောရမှာလား.. “
“ အင်း.. ပြောကြည့်လေ။ ဒါပေမဲ့ အရက်ထပ်သောက်ဖို့တော့မပြောနဲ့နော်..။ ကျွန်တော်မလုပ်ပေးဘူး..။ အခုသခင်လေးလုပ်ချင်တာလုပ်ပြီးရင်တော့ အိပ်ရမယ်နော်... “
“ ဟုတ် “
“ ကဲ.. ပြော.. သခင်လေးကဘာဖြစ်ချင်နေတာလဲ “
“ ကိုယ်.. ကိုယ်ဖြစ်ချင်နေတာက... “
မဝံ့ရဲဖြစ်နေသည့် အမူအရာနှင့်ထိုစကားအား ဆုံးခန်းတိုင်သည်အထိ မပြောခဲ့။ သခင်လေးသည် မိမိ၏နှုတ်ခမ်းအား နူးညံ့စွာနမ်းရှိုက်လိုက်သည်။ ထို့နောက် တစ်စထက်တစ်စပြင်းထန်လာသည့် အနမ်းတို့သည် သခင်လေးပေးနေကျ ခပ်ဖွဖွအနမ်းများနှင့်မတူတော့..။ ပြင်းထန်သည်..။ တစ်ချက်တစ်ချက် နာကျင်သွားသော်လည်း ထိုနာကျင်မှုသည် သာယာစရာကောင်းလှသည်။
သခင်လေး၏ နှုတ်ခမ်းတစ်ဆင့်ခံစားလိုက်ရသည့် ခါးခါးသက်အရသာသည် ရက်သောက်သူမှာ မိမိလား သူလားပင် မသိတော့သည်အထိ...။
“ ကိုယ်လေ.. မင်းကို.. ချစ်ချင်နေတာ “
“ ဗျာ... “
“ ကိုယ့်ကိုခွင့်ပြုမယ် မဟုတ်လား.. “
ကောင်လေး၏အဖြေကိုပင်မစောင့်နိုင်..။ အနောက်ဆုတ်သွားသောကိုယ်လေးကို လှမ်းယူသိမ်းပိုက်ကာ လည်တိုင်ဖွေးဖွေးသို့ အနမ်းများကျူးကျော်မိပြန်သည်။
“ တစ်ဆိတ်လောက်.. မေးချင်တယ်သခင်လေး... သခင်လေးအခု.. ကျွန်တော့်ဆီက ခွင့်ပြုချက်တောင်းနေတာလား... အသိပေးနေတာလား.. “
“ အင်း.. အသိပေးနေတာဆို ပိုမှန်မယ်.. “
ထို့နောက် မိမိသဘောကျရသည့် သူ၏ညှပ်ရိုးပေါ်မှ မှဲ့လေးအား အမှတ်သား ပြုမိသောအခါ ညည်းသံအချို့က တစ်စတစ်စထွက်ပေါ်လာသည်။
“ အပိုင်သိမ်းထားချင်တယ်ကောင်လေး။ ကိုယ့်အပိုင်ဖြစ်အောင်.. သိမ်းပိုက်ခွင့်ပြုပါလား.. “
“ ကျွန်ဆိုတာ သခင်တွေရဲ့ပိုင်ဆိုင်မှုတစ်ခုပါ။ အဲဒါကြောင့်.. သခင်လေးအလိုကျ ခစားဖိုအသင့်ပါ.. “
နန္ဒ၏စကားကိုကြားပြီးနောက် စိုင်းထွဋ်ခေါင်သည် အောင်နိုင်သူပမာ ပြုံးလျက် နန္ဒ၏ကိုယ်ငယ်လေးကို အိပ်ရာထက်သို့လှဲချလိုက်သည်။
အိပ်ရာထက်တွင်လှဲနေသော ကောင်လေးသည် မိမိအားမကြည့်။ ရှက်လွန်း၍ မျက်နှာလွှဲထားခြင်းဖြစ်သည်။ အခန်းမီးထွန်းခြင်းမရှိ.. ပြတင်းဝမှတစ်ဆင့် ဖြာကျနေသည့် လဝန်းပြည့်၏ အလင်းရောင်ဖြာဖြာအောက်တွင် အလှကြီးလှနေသောကောင်လေး၏ ပုံပန်းအသွင်ပြင်သည် မိမိ၏ထိန်းချုပ်မှုကို ရိုက်ချိုးပစ်လိုက်သည်။
“ သိပ်လှတယ်ကောင်လေး.. သိပ်လှလွန်းလို့.. အပိုင်သိမ်းထားချင်ပြီ “
သခင်လေး၏ အသိပေးမှုအဆုံး၌ အနည်းငယ်မျှကြောက်လန့်နေသော်လည်း ထုတ်မပြောရက်။
ချစ်ရသူ သခင်လေးသာယာပါစေတော့..
ဤသို့ဖြင့် အကြင်သူနှစ်ဦးသည် သာယာမိသော နာကျင်ခြင်းတို့ဖြင့် တစ်ဦးကိုတစ်ဦးပိုင်ဆိုင်လေပြီ။
ထိုအချစ်ညကုန်ဆုံးသွားပြီးနောက် မနက်မိုးလင်းသည့်အခါ နန္ဒသည် ဦးစွာနိုးထလာသည်။
ချစ်ရသူ၏မျက်နှာအား အိပ်ရာနိုးစတွင် တွေ့ခွင့်ရသည်မှာလည်း မင်္ဂလာတစ်ခု...။ မိမိမြတ်နိုးရသည့်သခင်လေးမျက်နှာအား လက်နှင့်ထိတွေကာ အသေးစိတ်မှတ်သားနေမိသည်။ ထိုသို့မှတ်သားနေခိုက် သခင်လေးသည် လှုပ်လာကာ မိမိအား ဖက်ထားပြန်သည်။
“ ထိလို့ဝပြီလားကောင်လေး “
“ သခင်လေး.. ကျွန်တော့်ကြောင့်နိုးသွားတာလား “
“ မဟုတ်ပါဘူး။ ဒါနဲ့... ကိုယ်လက်တွေနာသေးလား.. “
“ ဟာဗျာ သခင်လေးကလည်း.. ဘာတွေမေးနေတာလဲ.. “
“ ဖြေပါ.. “
ရှက်သော်လည်း ကျွန်ဖြစ်နေ၍ သခင်၏အမိန့်အား လွန်ဆန်ခွင့်မရှိ။
“ နည်းနည်းတော့.. နာနေတယ် “
“ ဒီနေ့က ပန်းချီစဆွဲရမှာနော် “
“ ဟုတ်ပါတယ် “
“ ထားပါ.. ပန်းချီကိစ္စကိုခဏထားလိုက်။ ကောင်လေးပင်ပန်းနေရင် နားလိုက်နော်။ ဒီနေ့ ကိုယ့်ဆီကိုလည်း ခစားမဝင်နဲ့... ကြားလား “
“ ဖြစ်ပါ့မလား.. “
“ ဖြစ်ပါတယ်... ဒီအခန်းထဲမှာပဲနားနေလေ..”
“ အဲဒါတော့... မရဘူးလေ.. သခင်မကြီးတွေသိရင် စိတ်ဆိုးနေပါဦးမယ်..။ ကျွန်တော့်အခန်းထဲပဲပြန်နားလိုက်မယ်.. “
“ ကောင်းပြီလေ “
နံနက်ငါးနာရီဖြစ်သည်မို့ အိမ်တော်တွင် လူခြေတိတ်နေသေးကာ အလွယ်တကူပင်ထွက်လာခွင့်ရသည်။ အလုပ်သမားတန်းရောက်သော်လည်း အဘသည်မနိုးသေးသည်မို့ ပိုအဆင်ပြေခဲ့သည်...။ ထို့နောက် ကိုယ်လက်သန့်စင်ပြီးသောအခါ အိပ်စက်ခြင်းဆီသို့သာ။
မနက်ခုနှစ်နာရီထိုးသည့်အခါ စိုင်းထွဋ်ခေါင်သည် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာရာ ခြံရှင်းနေသော ဦးသစ္စာကိုတွေ့သည်။
“ ဦးသစ္စာ.. နန္ဒရော.. “
“ သခင်လေး.. လူလေးကို ဦးလေးသွားနှိုးတုန်းက ကိုယ်လက်တွေကိုက်ခဲနေလို့တဲ့.. ခဏနေရင်ထမယ်ပြောတယ်..။ အခုထိ သခင်လေးအနားမှာ မခစားရသေးဘူးထင်တယ်..။ ဦးလေးသွားနှိုးလိုက်မယ်နော်..”
“ နေပါစေ.. မနှိုးပါနဲ့။ သူအိပ်ပါစေ.. သူနိုးလာမှသာ ကျွန်တော်ကိုအသိပေးပါ “
ထို့နောက် ထမင်းစားခန်းထဲသို့ဝင်သွားသည့် ကျွန်တော်သည် ကောင်လေးစားစေရန် ကြက်သားဆန်ပြုတ်ကို ဒေါ်မေမြအား ပြင်ဆင်ခိုင်းလိုက်သည်။
“ ဒေါ်မေမြ.. ကြက်သားဆန်ပြုတ် ပြုတ်ထားပေးပါ “
ထိုအခါ ထမင်းစားဝိုင်းတွင်ထိုင်နေသော သခင်မကြီးသည် သားဖြစ်သူ၏ ထူးဆန်းသောအပြုအမူကို သတိထားမိခဲ့သည်။
“ ဘာဖြစ်လို့ ဆန်ပြုတ်ပြုတ်ခိုင်းတာလဲသားတော်.. “
“ နန္ဒနေမကောင်းဖြစ်နေလို့ပါ မယ်မယ်.. “
“ ဪ.. ဟုတ်ပါပြီကွယ်.. ရာသီဥတုကလည်း မှန်တာမဟုတ်ဘူးကွယ့် ဂရုစိုက်ခိုင်းဦး.. “
“ ဟုတ်ကဲ့မယ်မယ်.. “
ဆယ်နာရီဝန်းကျင်ခန့်တွင် နန္ဒနိုးနေကြောင်းကို ဦးသစ္စာက ပြောသောအခါ စိုင်းထွဋ်ခေါင်သည် ဆန်ပြုတ်ချိုင့်လေးကိုဆွဲကာ အလုပ်သမားတန်းဘက်ကိုထွက်လာခဲ့သည်..။
“ နိုးပြီလားကောင်လေး... “
“ သခင်လေး.. ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ..။ ကျွန်တော့်ကိုခိုင်းစရာရှိလို့လား..။ ခိုင်းစရာရှိရင်လည်းခေါ်လိုက်ရောပေါ့..။ သခင်လေးကိုယ်တိုင်မလာလည်း ရပါတယ်... “
Advertisement
“ စကားများလိုက်တာကွာ...။ အခုရော သက်သာရဲ့လား “
“ ဟုတ်ကဲ့ “
မိမိအနားသို့ ရောက်လာသောသခင်လေးသည် မိမိနဖူးအားစမ်းသည်။ သူ၏ဂရုစိုက်မှုကြောင့် နွေးထွေးရပြန်သည်။
“ ကိုယ်တွေနွေးနေတယ်.. ညကအင်္ကျီမပါဘဲ အိပ်လိုက်လို့ထင်တယ်.. “
“ ဟာ.. သခင်လေးကလည်း ညကအကြောင်းကို ခဏခဏမပြောပါနဲ့... ရှက်လို့သေတော့မယ်.. “
သူမည်မျှရှက်နေကြောင်းအား သူ၏နီရဲနေသော နားရွက်ဖျားလေးနှင့်ပါးမို့်မို့တို့က သက်သေပြနေသည်။
“ ဟုတ်ပါပြီကွာ.. မပြောတော့ဘူး..။ လောလောဆယ်တော့ ဒါလေးသောက်လိုက်နော်...။ လာ.. ကိုယ်ခွန့်ကျွေးမယ်..’
ဆန်ပြုတ်ကို ကိုယ်တိုင်ကိုယ်ကျတိုက်ပြီးနောက် နွေးထွေးစေရန် စောင်လေးကိုခြုံပေးထားသည်။ အိပ်ရာထဲတွင်လှဲနေသာ ကောင်လေးအား နဖူးမှဆံစလေးများကိုသပ်တင်ပေးကာ နူးညံ့စွာအနမ်းခြွေမိပြန်သည်...။
နွေးထွေးကြည်နူးမှုအပြည့်နဲ့ ဒီလိုအခိုက်အတန့်လေးကို ရပ်တန့်ထားချင်ပါရဲ့သခင်လေးရယ်...။
For Zawgyi
ေရစက္
အိမ္ေတာ္ႀကီး၏မနက္စာစားပြဲတစ္ခု..
“ သားေတာ္... ဒီေန႔အျပင္သြားစရာရွိတယ္ဆို “
“ ဟုတ္မယ္မယ္... သားေတာ္.. မင္းသူရနဲ႔ေတြ႕မလို႔ပါ “
“ ဘာကိစၥမ်ားရွိလို႔လဲ သားေတာ္ “
“ သားေတာ္.. ပြဲ႐ုံေတြကိုဦးစီးတဲ့အခါ အလုပ္ကိုနည္းနည္းပိုတိုးခ်ဲ႕ခ်င္တာမို႔ သူတို႔နဲ႔လုပ္ငန္းခ်င္းပူးေပါင္းခ်င္လို႔ပါ.. ေနာက္ၿပီးေမြးေန႔ပါတီလည္းရွိေနေတာ့ မသြားမျဖစ္လို႔ပါမယ္မယ္.. “
“ အင္း.. ေကာင္းတယ္သားေတာ္.. ေကာင္းတယ္ မင္းဖခည္းေတာ္ တည္ေထာင္ခဲ့တဲ့လုပ္ငန္းေတြကို မင္းလက္ထက္မွာ ပိုၿပီးတိုးပြားလာတာကိုပဲ မယ္မယ္ျမင္ခ်င္တယ္သားေတာ္ “
“ ဟုတ္ကဲ့မယ္မယ္.. စိတ္ခ်ပါ.. “
သခင္ေလးက လုပ္ငန္းေတြကိုဦးစီေတာ့မွာလား..။ ဒါဆို.. ကြၽန္ေတာ္က သခင္ေလးရဲ႕အနားမွာ အခ်ိန္ျပည့္ ခစားခြင့္မရွိေတာ့ဘူးေပါ့ေနာ္...။ ဟူး...ဝမ္းနည္းလိုက္တာ...။
“ ဒါနဲ႔.. သားေတာ္ကို ပုံတူပန္းခ်ီဆြဲဖို႔ကိစၥကို ပန္းခ်ီဆရာေခၚၿပီးၿပီလား မယ္မယ္.. “
“ မယ္မယ္တို႔အစဥ္အဆက္ ပုံတူပန္းခ်ီဆြဲတဲ့သူက ကြယ္လြန္သြားၿပီတဲ့ေလ.. အခုသူ႔မွာသမီးတစ္ေယာက္ရွိတယ္.. သူက.. သူအေဖလက္ရာမီတယ္ဆိုပဲ.. “
“ ျဖစ္ပါ့မလားအစ္မေတာ္...သူက မိန္းကေလး.. တူေတာ္က ေယာက္်ားေလး.. ပန္းခ်ီဆြဲတယ္ဆိုတာ တစ္နာရီႏွစ္နာရီနဲ႔ၿပီးတဲ့အလုပ္မဟုတ္ဘူး.. ေယာက္်ားေလးတစ္ေယာက္နဲ႔မိန္းကေလးတစ္ေယာက္.. အခ်ိန္အေတာ္ၾကာႀကီး ျမင္ေတြ႕တဲ့အခါ မလိုလားအပ္တာေတြျဖစ္လာပါဦးမယ္.. “
“ အင္း.. ညီမေတာ္ေျပာတာလည္း အဟုတ္သား.. မျဖစ္ဘူး မျဖစ္ဘူး.. ဒီမိန္းကေလးကိုေခၚလို႔မျဖစ္ဘူး.. တျခားပန္းခ်ီဆရာကို စုံစမ္းဦးမွပါ... “
ထို႔ေနာက္သခင္မႀကီးသည္ မနက္စာကိုသုံးေဆာင္ေနရင္း နႏၵထံသို႔အၾကည့္ေရာက္သြားသည္။
“ ေၾသာ္... အခုမွအမွတ္ရတယ္..။ ေမာင္သစၥာေျပာဖူးတယ္။ သူ႔သားက ပန္းခ်ီဆြဲတတ္တယ္တဲ့။ နႏၵ..မင္းတကယ္ပဲ ပန္းခ်ီဆြဲတတ္သလား.. “
“ ဟုတ္.. ဆြဲတတ္ပါတယ္... “
“ ငါ့ကိုသက္ေသတစ္ခုခု ျပႏိုင္မလား.. “
“ ကြၽန္ေတာ့္ေမေမပုံကိုဆြဲထားတဲ့ ပန္းခ်ီကားေတာ့ ရွိပါတယ္သခင္မႀကီး.. “
“ ငါၾကည့္ခ်င္စမ္းတယ္.. သြားယူခဲ့နႏၵ.. “
“ အမိန႔္အတိုင္းပါ “
နႏၵသည္လည္း ထိုပုံတူပန္ခ်ီေလးကိုယူျပခဲ့ရာ သခင္မႀကီးသည္ အလြန္သေဘာက်ခဲ့သည္။
“ ေတာ္သားပဲကြယ့္... “
“ ခ်ီးက်ဴးမႈကို မခံယူဝံ့ပါဘူးသခင္မႀကီး.. “
“ မင္း.. သားေတာ္အတြက္ ပုံတူပန္းခ်ီဆြဲေပးႏိုင္မလား.. မင္းကို ထိုက္တန္တဲ့အဖိုးအခေပးမွာပါ “
“ အဖိုးအခမရွိရင္ေတာင္ ကြၽန္ေတာ္တို႔ရဲ႕ေက်းဇူးရွင္ေတြမို႔လို႔ ယခုလိုပုံတူဆြဲခြင့္ရတာကိုပဲ ဝမ္းသာလွပါၿပီ.. “
“ မင္းက တကယ္ယဥ္ေက်းတာပဲ။ ေကာင္းၿပီ ေကာင္းၿပီ.. လိုအပ္တဲ့ေဆးေတြကို ဘယ္လိုဝယ္မလဲ။ ေနာက္ၿပီး.. ပန္းခ်ီကို ဘယ္ေန႔စဆြဲမွာလဲ.. “
“ နႏၵ.. မင္းလိုအပ္တဲ့ေဆးေတြကို ငါ့ကိုေျပာလိုက္ပါ.. ငါဒီေန႔အျပင္သြားမွာမို႔လို႔.. ဝယ္ခဲ့ေပးမယ္.. ပန္းခ်ီကိုေတာ့ မနက္ျဖန္ပဲစဆြဲမယ္.. သားေတာ္လည္း လုပ္ငန္းခြင္ဝင္ရဦးမွာဆိုေတာ့ ျမန္ျမန္ၿပီးေလေကာင္းေလပါပဲ “
“ သားေတာ္သေဘာပါပဲကြယ္ “
ကြၽန္ေတာ္ကေတာ့ အဲဒီပန္းခ်ီကားကိုႏွစ္ခ်ီေအာင္ ဆြဲခ်င္ပါရဲ႕။ ဒါမွလည္း သခင္ေလးကို အၿမဲျမင္ေနရမွာေလ...။
ထိုမနက္စာစားဝိုင္း တည့္ခင္းၿပီေနာက္ သခင္ေလးအား ပန္းခ်ီေရးဆြဲရာတြင္ လိုအပ္သည့္ပစၥည္းမ်ားကို မွာေနဆဲတြင္ မ်က္ႏွာသည္ တည္တည္ထား၍မရ။ ၿပဳံးေနမိသည္..။
ကြၽန္ေတာ္ခ်စ္ရတဲ့ လူသားတစ္ေယာက္ရဲ႕ ပုံတူဆြဲေပးရမွာ ဘယ္ေလာက္ေတာင္ကံေကာင္းလိုက္သလဲ..။
“ ဘာလို႔ အဲဒီေလာက္ၿပဳံးေနတာလဲနႏၵ.. ေပ်ာ္စရာေတြရွိေနတာလား.. ကိုယ့္ကိုလည္းမွ်ေဝပါဦး.. “
“ ေပ်ာ္စရာလား.. သိပ္ရွိတာေပါ့.. “
“ အင္း.. ေျပာပါဦး.. အဲဒီေပ်ာ္စရာကို.. “
“ အဲဒါက ကြၽန္ေတာ္ခ်စ္ရတဲ့ သခင္ေလးရဲ႕ပုံတူပန္းခ်ီကိုဆြဲခြင့္ရလို႔... ကြၽန္ေတာ္က ပန္းခ်ီဆြဲရတာကို ျမတ္ႏိုးတယ္။ ကြၽန္ေတာ္ျမတ္ႏိုးရတဲ့ပညာနဲ႔ ကြၽန္ေတာ္ျမတ္ႏိုးရတဲ့သခင္ေလးရဲ႕ပုံတူကို ေဆးေရးျခယ္ေပးရမွာ ဘယ္ေလာက္ေတာင္ေပ်ာ္စရာ ေကာင္းလိုက္သလဲ.. “
“ ဟုတ္ပါၿပီ... ကဲ.. ကိုယ္သြားေတာ့မယ္.. “
“ ဟုတ္ကဲ့... “
မင္းေပ်ာ္ေနတာကို အၿမဲျမင္ခ်င္တယ္ေကာင္ေလး..။ သတၱိမရွိေသးတဲ့ကိုယ့္ကို မင္းရဲ႕အၿပဳံးေတြနဲ႔ ခြန္အားေပးသနားပါဦးေနာ္...။ မင္းရဲ႕ေတာက္ပတဲ့အၿပဳံးေလးေတြနဲ႔ အရာအားလုံးကိုရဲရဲဝံ့ဝံ့ႀကီးရင္ဆိုင္ခ်င္ပါရဲ႕..။
ထို႔ေန႔ညတြင္ ကိုးနာရီထိုးသည္အထိ သခင္ေလးျပန္မလာခဲ့။ ေမြးေန႔ပါတီျဖစ္၍ ေပ်ာ္ပါးႏိုင္ဦးမည္။
ေပ်ာ္တာပါးတာ အသာထားပါေလ။ သခင္ေလးကို ဘယ္သူမ်ားထိေတြ႕ေနမလဲလို႔ စဥ္းစားရင္းစိုးရိမ္ရတာအေမာ...။ အရက္ေတြမူးၿပီး တစ္ခုခုမ်ားျဖစ္ေနမလား..။ အစကတည္းကလိုက္ခြင့္ေတာင္းၿပီး လိုက္သြားရင္ေကာင္းသား..။ အခုေတာ့စိတ္ပူေနရၿပီ...။ ဟူး.. စိတ္ေလးလိုက္တာ...။ သခင္မႀကီးႏွစ္ေယာက္ကေတာ့ သားေတာ္ကို စိတ္ခ်ယုံၾကည္စြာအိပ္စက္ေနေလရဲ႕..။ ကြၽန္ေတာ္တစ္ေယာက္တည္း အိေျႏၵမရျဖစ္ေနတာ။
ထို႔ေနာက္ ၿခံထဲကိုဝင္လာသည့္ ကားသံၾကားရ၍ ထြက္ၾကည့္လိုက္ေသာအခါ သခင္ေလးမူးလာသည္မွာ အလဲလဲအကြဲကြဲပင္။ ေျခလွမ္းမ်ား မမွန္ေသာ သခင္ေလးအား မိမိက ကူ၍တြဲေပးရသည္။
“ အိပ္ေသးဘူးလား.. ဒီအခ်ိန္ထိ... “
“ ေတာ္ေသးတာေပါ့ အခ်ိန္ကိုသိေနေသးလို႔.. ဘာလို႔ အဲဒီေလာက္ထိ ေသာက္လာတာလဲသခင္ေလးရယ္.. “
“ ကိုယ္က အမ်ားႀကီးမေသာက္ပါဘူး.. သူတို႔အတင္းတိုက္လို႔ “
“ အင္းအင္း.. ဟုတ္ပါၿပီ.. အခုေတာ့အခန္းထဲဝင္ၿပီး အိပ္ေတာ့ေနာ္.. ကြၽန္ေတာ္လိုက္ပို႔ေပးမယ္.. “
“ no.. မ အိပ္ ခ်င္ ေသး ဘူး ကြာ “
စကားကိုတစ္လုံးခ်င္းသာ က်ယ္ေလာင္စြာ ေအာ္ေျပာေနေသာ သခင္ေလး၏ပါးစပ္ကိုပိတ္ထားမိသည္။ ဤသို႔မျပဳမူလွ်င္ သခင္မႀကီးမ်ား ႏိုးလာသည့္အခါ သခင္ေလး၏ ဤကဲ့သို႔ေသာ္ အေျခအေနကို ျမင္ပါက ေသြးတက္သြားႏိုင္သည္။
“ ဟာ.. သခင္ေလးကလည္း တိုးတိုးေျပာပါ.. သခင္မႀကီးတို႔ႏိုးကုန္မယ္.. “
“ ႏိုးႏိုးေပါ့.. ဘယ္ သူ႔ ကို ဂ႐ုစိုက္ရ မွာလဲ.. “
“ ဟာဗ်ာ.. ကိုယ့္အေမကိုအဲဒီလိုေျပာရလား.. လာလာ.. တက္ေတာ့... “
အခန္းထဲသို႔ေရာက္ေသာအခါ သခင္ေလးကိုခုတင္ေပၚတင္ေပးၿပီး ျပန္မည္အျပဳ သခင္ေလးက မိမိ၏လက္ကိုဆြဲထားသည္။
“ ဘာျဖစ္လို႔လဲသခင္ေလး “
“ ကိုယ္.. မအိပ္ခ်င္ေသးဘူး.. “
“ မအိပ္လို႔မရဘူးေလ.. သခင္ေလးက မူးလည္းမူးေနတယ္။ အခုကညကိုးနာရီေက်ာ္ေနၿပီ... အိပ္ပါေတာ့ေနာ္ “
“ ဟင့္အင္း...မ အိပ္ ခ်င္ ဘူး.. “
ႏႈတ္ခမ္းစူကာေျပာေနသည့္ သခင္ေလးသည္ မိမိျမင္ေတြ႕ေနက် တည္ၿငိမ္ရင့္က်က္သည့္ စိုင္းထြဋ္ေခါင္ မဟုတ္ေတာ့ေပ...။
မူးလာရင္.. သခင္ေလးမွာလည္း ဒီလိုခ်စ္စရာေကာင္းတဲ့ အမူအက်င့္ေတြရွိေနပါလား..။
“ ဒီနားလာထိုင္ဦး... “
“ အင္း.. ထိုင္ၿပီ.. ေျပာ.. သခင္ေလးက မအိပ္ခ်င္လို႔ ဘာလုပ္ခ်င္ေသးတာလဲ.. “
“ ကိုယ္လုပ္ခ်င္တာကို တကယ္ပဲေျပာရမွာလား.. “
“ အင္း.. ေျပာၾကည့္ေလ။ ဒါေပမဲ့ အရက္ထပ္ေသာက္ဖို႔ေတာ့မေျပာနဲ႔ေနာ္..။ ကြၽန္ေတာ္မလုပ္ေပးဘူး..။ အခုသခင္ေလးလုပ္ခ်င္တာလုပ္ၿပီးရင္ေတာ့ အိပ္ရမယ္ေနာ္... “
“ ဟုတ္ “
“ ကဲ.. ေျပာ.. သခင္ေလးကဘာျဖစ္ခ်င္ေနတာလဲ “
“ ကိုယ္.. ကိုယ္ျဖစ္ခ်င္ေနတာက... “
မဝံ့ရဲျဖစ္ေနသည့္ အမူအရာႏွင့္ထိုစကားအား ဆုံးခန္းတိုင္သည္အထိ မေျပာခဲ့။ သခင္ေလးသည္ မိမိ၏ႏႈတ္ခမ္းအား ႏူးညံ့စြာနမ္းရႈိက္လိုက္သည္။ ထို႔ေနာက္ တစ္စထက္တစ္စျပင္းထန္လာသည့္ အနမ္းတို႔သည္ သခင္ေလးေပးေနက် ခပ္ဖြဖြအနမ္းမ်ားႏွင့္မတူေတာ့..။ ျပင္းထန္သည္..။ တစ္ခ်က္တစ္ခ်က္ နာက်င္သြားေသာ္လည္း ထိုနာက်င္မႈသည္ သာယာစရာေကာင္းလွသည္။
သခင္ေလး၏ ႏႈတ္ခမ္းတစ္ဆင့္ခံစားလိုက္ရသည့္ ခါးခါးသက္အရသာသည္ ရက္ေသာက္သူမွာ မိမိလား သူလားပင္ မသိေတာ့သည္အထိ...။
“ ကိုယ္ေလ.. မင္းကို.. ခ်စ္ခ်င္ေနတာ “
“ ဗ်ာ... “
“ ကိုယ့္ကိုခြင့္ျပဳမယ္ မဟုတ္လား.. “
ေကာင္ေလး၏အေျဖကိုပင္မေစာင့္ႏိုင္..။ အေနာက္ဆုတ္သြားေသာကိုယ္ေလးကို လွမ္းယူသိမ္းပိုက္ကာ လည္တိုင္ေဖြးေဖြးသို႔ အနမ္းမ်ားက်ဴးေက်ာ္မိျပန္သည္။
“ တစ္ဆိတ္ေလာက္.. ေမးခ်င္တယ္သခင္ေလး... သခင္ေလးအခု.. ကြၽန္ေတာ့္ဆီက ခြင့္ျပဳခ်က္ေတာင္းေနတာလား... အသိေပးေနတာလား.. “
“ အင္း.. အသိေပးေနတာဆို ပိုမွန္မယ္.. “
ထို႔ေနာက္ မိမိသေဘာက်ရသည့္ သူ၏ညႇပ္႐ိုးေပၚမွ မွဲ႔ေလးအား အမွတ္သား ျပဳမိေသာအခါ ညည္းသံအခ်ိဳ႕က တစ္စတစ္စထြက္ေပၚလာသည္။
“ အပိုင္သိမ္းထားခ်င္တယ္ေကာင္ေလး။ ကိုယ့္အပိုင္ျဖစ္ေအာင္.. သိမ္းပိုက္ခြင့္ျပဳပါလား.. “
“ ကြၽန္ဆိုတာ သခင္ေတြရဲ႕ပိုင္ဆိုင္မႈတစ္ခုပါ။ အဲဒါေၾကာင့္.. သခင္ေလးအလိုက် ခစားဖိုအသင့္ပါ.. “
နႏၵ၏စကားကိုၾကားၿပီးေနာက္ စိုင္းထြဋ္ေခါင္သည္ ေအာင္ႏိုင္သူပမာ ၿပဳံးလ်က္ နႏၵ၏ကိုယ္ငယ္ေလးကို အိပ္ရာထက္သို႔လွဲခ်လိုက္သည္။
အိပ္ရာထက္တြင္လွဲေနေသာ ေကာင္ေလးသည္ မိမိအားမၾကည့္။ ရွက္လြန္း၍ မ်က္ႏွာလႊဲထားျခင္းျဖစ္သည္။ အခန္းမီးထြန္းျခင္းမရွိ.. ျပတင္းဝမွတစ္ဆင့္ ျဖာက်ေနသည့္ လဝန္းျပည့္၏ အလင္းေရာင္ျဖာျဖာေအာက္တြင္ အလွႀကီးလွေနေသာေကာင္ေလး၏ ပုံပန္းအသြင္ျပင္သည္ မိမိ၏ထိန္းခ်ဳပ္မႈကို ႐ိုက္ခ်ိဳးပစ္လိုက္သည္။
“ သိပ္လွတယ္ေကာင္ေလး.. သိပ္လွလြန္းလို႔.. အပိုင္သိမ္းထားခ်င္ၿပီ “
သခင္ေလး၏ အသိေပးမႈအဆုံး၌ အနည္းငယ္မွ်ေၾကာက္လန႔္ေနေသာ္လည္း ထုတ္မေျပာရက္။
ခ်စ္ရသူ သခင္ေလးသာယာပါေစေတာ့..
ဤသို႔ျဖင့္ အၾကင္သူႏွစ္ဦးသည္ သာယာမိေသာ နာက်င္ျခင္းတို႔ျဖင့္ တစ္ဦးကိုတစ္ဦးပိုင္ဆိုင္ေလၿပီ။
ထိုအခ်စ္ညကုန္ဆုံးသြားၿပီးေနာက္ မနက္မိုးလင္းသည့္အခါ နႏၵသည္ ဦးစြာႏိုးထလာသည္။
ခ်စ္ရသူ၏မ်က္ႏွာအား အိပ္ရာႏိုးစတြင္ ေတြ႕ခြင့္ရသည္မွာလည္း မဂၤလာတစ္ခု...။ မိမိျမတ္ႏိုးရသည့္သခင္ေလးမ်က္ႏွာအား လက္ႏွင့္ထိေတြကာ အေသးစိတ္မွတ္သားေနမိသည္။ ထိုသို႔မွတ္သားေနခိုက္ သခင္ေလးသည္ လႈပ္လာကာ မိမိအား ဖက္ထားျပန္သည္။
“ ထိလို႔ဝၿပီလားေကာင္ေလး “
“ သခင္ေလး.. ကြၽန္ေတာ့္ေၾကာင့္ႏိုးသြားတာလား “
“ မဟုတ္ပါဘူး။ ဒါနဲ႔... ကိုယ္လက္ေတြနာေသးလား.. “
“ ဟာဗ်ာ သခင္ေလးကလည္း.. ဘာေတြေမးေနတာလဲ.. “
“ ေျဖပါ.. “
ရွက္ေသာ္လည္း ကြၽန္ျဖစ္ေန၍ သခင္၏အမိန႔္အား လြန္ဆန္ခြင့္မရွိ။
“ နည္းနည္းေတာ့.. နာေနတယ္ “
“ ဒီေန႔က ပန္းခ်ီစဆြဲရမွာေနာ္ “
“ ဟုတ္ပါတယ္ “
“ ထားပါ.. ပန္းခ်ီကိစၥကိုခဏထားလိုက္။ ေကာင္ေလးပင္ပန္းေနရင္ နားလိုက္ေနာ္။ ဒီေန႔ ကိုယ့္ဆီကိုလည္း ခစားမဝင္နဲ႔... ၾကားလား “
“ ျဖစ္ပါ့မလား.. “
“ ျဖစ္ပါတယ္... ဒီအခန္းထဲမွာပဲနားေနေလ..”
“ အဲဒါေတာ့... မရဘူးေလ.. သခင္မႀကီးေတြသိရင္ စိတ္ဆိုးေနပါဦးမယ္..။ ကြၽန္ေတာ့္အခန္းထဲပဲျပန္နားလိုက္မယ္.. “
“ ေကာင္းၿပီေလ “
နံနက္ငါးနာရီျဖစ္သည္မို႔ အိမ္ေတာ္တြင္ လူေျခတိတ္ေနေသးကာ အလြယ္တကူပင္ထြက္လာခြင့္ရသည္။ အလုပ္သမားတန္းေရာက္ေသာ္လည္း အဘသည္မႏိုးေသးသည္မို႔ ပိုအဆင္ေျပခဲ့သည္...။ ထို႔ေနာက္ ကိုယ္လက္သန႔္စင္ၿပီးေသာအခါ အိပ္စက္ျခင္းဆီသို႔သာ။
မနက္ခုႏွစ္နာရီထိုးသည့္အခါ စိုင္းထြဋ္ေခါင္သည္ မနက္စာစားရန္ ေအာက္ထပ္သို႔ဆင္းလာရာ ၿခံရွင္းေနေသာ ဦးသစၥာကိုေတြ႕သည္။
“ ဦးသစၥာ.. နႏၵေရာ.. “
Advertisement
- In Serial195 Chapters
The Devil’s Bride: War Of Endless Love
Something's are bound to happen.. If it would not be done in this life then may be in another…
8 1434 - In Serial36 Chapters
The Undisclosed Union
Katelyn Victoria Darcy, daughter of the late Viscount of Montgomery, whose privilege life has a drastic, changed when her father died. His death revealed the secret of their financial ruination. He had sold their properties to pay the debts, and what were left are an empty title and the house.A lot of problems came into her family life, and it all needed money to solve it. So Katelyn decided to accept the marriage laid down by her grandmother's best friend to her grandson and leave the country where she was born to start a new life with him in New York.But the arrogant grandson, Jared Frederick Steele, who, despite being young, is already a CEO of a multi-billion conglomerate doesn't like the idea of marrying a noble lady, especially the daughter of Lady Montgomery. He thought that she would be like her haughty mother, but as it is his grandmother who asked him and she is the only person in the world whom he can't refuse, he accepted the arrange marriage but only if it is an undisclosed Union and on his terms.What will be those terms? Will it affect Katelyn's newfound job and friends, especially that the company's Big Boss is her secret husband, or it will be the reason for finding lasting love?
8 144 - In Serial37 Chapters
Boss's Order's
Working at one of New York's largest companies as personal assistant to Mr Steele, owner and CEO of Steele industries is great. I enjoy my job and get along with most of the other staff here too. Who knew that just one day could change my life? And probably not for the better either!? Being screwed over after I'd done so much left me feeling bitter, but could it lead to something even better than I could ever imagine?!
8 155 - In Serial39 Chapters
Rab Ne Bana Di Jodi (Arjuhi Fiction)
I'm just a Fangirl of the Original writer, Her stories are simply Amazing ! Felt like sharing her work here, So I'm just Reposting her Story!All Credit goes to Original Writer..I own NOTHING ☺Story is Written by Raman (IF ID : @salmankh1)
8 84 - In Serial41 Chapters
Only mine
Jace Smith, a 19 year old heir of the Italian mafia, or mostly known as "The Devil", he doesn't have a soft spot for anyone, but with an arranged marriage with a girl he hates that can change.Hazel Williams, an 18 year old daughter of an abusive mother and a father who was the leader of the American mafia before he died, Hazel still has the choice to accept the offer to become the heir. She knows how to fight too. With an arranged marriage with the guy she hates everything turns upside down.
8 125 - In Serial31 Chapters
Flower Crown | KV ✔
In which god of flowers Kim Taehyung gets stolen by the Lord of the underworld, Jeon Jeongguk TopKook BottomTae
8 119

