《Amiss Prayer (Zawgyi&Unicode) [Completed]》Part-20(နာကျင်ရသော)
Advertisement
For Unicode
နာကျင်ရသော
ယခုတစ်လောတွင် စောဒေဝီနှင့်စောကလျာသည် အိမ်တော်ကြီးထဲသို့ အဝင်အထွက်များနေသည်။ တစ်ခါတစ်ရံ စောကလျာတစ်ဦးတည်းသာရောက်ရောက် လာတတ်သည်။
လာသည့်အခါတိုင်းတွင် သခင်လေးနှင့် အနီးဆုံးတွင် သူ့ကိုတွေ့မြင်နေရသည်။ တစ်ခါတစ်ရံ စာပေအကြောင်း ဆွေးနွေးနေကြသည်။ တစ်ခါတစ်ရံ လုပ်ငန်းအကြောင်း ဆွေးနွေးနေကြသည်။ တစ်ခါတစ်ရံတွင် ရယ်မောနေကြသည်။ အတောက်ပဆုံး အပြုံးများ ဆင်မြန်းထားသည် ထိုသူနှစ်ဦး၏ မြင်ကွင်းကို မိမိသဘောမကျ။ ထိုသို့တွေ့မြင်နေရခြင်းသည် မိမိအဖို့ရာ အဆင်မပြေလှ။ သခင်လေး၏ တောက်ပသောအပြုံးတို့ကို မိမိကသာ မူပိုင်မြင်ချင်ပါသည်။ သခင်လေး၏တောက်ပမှုကို ထိုအမျိုးသမီးမှ သဘောကျသည့်အသွင်အပြင်များဖြင့် ကြည့်နေသည်ကို မြင်ရတိုင်း မိမိဘဝင်မကျ..။
မကောင်းသောအငွေ့အသက်တို့သည် နှလုံးသားကိုရစ်သိုင်းလာကာ မသာယာမှုကို ခံစားနေသည်။ ဤသည်ကို သခင်လေးမသိ။ သခင်လေးသည်လည်း မမေးခဲ့။ မမေးသည့်သခင်လေးကြောင့် မိမိ၏ခံစားချက်တို့ကို ရင်ထဲတွင်သာ မျိုသိပ်ထားရသည်။ ကြာလာသောအခါ အလိုမကျမှုသည် တစ်စထက်တစ်စ ဖွံ့ဖြိုးလာသည်။
ပို၍ခံစားရခက်စေသည့် ဖြစ်ရပ်မှာ သခင်လေးသည် စောကလျာရောက်လာတိုင်း မိမိအား သူ၏ပါးထံတွင် မခစားစေဘဲ ရှောင်ခိုင်းထားတတ်သည်။ ရှောင်ခိုင်းထားသောငြား သခင်လေး၏ဘေးထံပါးတွင် မိမိရှိနေသေးသည်ကို သခင်လေးသတိပြုမိစေရန် ကဖီနှင့်အချိုမုန့်တို့ကိုယူဆောင်လာကာ ထိုသူနှစ်ဦး၏ အနီးနားသို့သွားမိသည်။
မိမိကိုမြင်သည်နှင့်တစ်ပြိုင်နက် သခင်လေးသည် ဒေါသထွက်သောအမူအရာဖြင့် မိမိအား စကားပြောလာသည်။
" မင်းဒီကိုဘာလာလုပ်တာလဲ နန္ဒ.. မင်းကို ဝေးဝေးမှာသွားနေလို့ ငါပြောထားတယ်မဟုတ်လား.. "
" အခုက.. မုန့်လာပို့ပေးတာပါသခင်လေး.. "
" ဆင်ခြေတွေလာမပေးနဲ့ နန္ဒ...။ ဒါတွေက သူဇာလုပ်နေကျအလုပ်တွေ... သွား.. မင်းအခုသွားတော့.. "
ဝမ်းနည်းမှုတို့သည် နန္ဒရင်ထဲတွင်နေရာယူလျက်.. မျက်ရည်စတို့သည် နန္ဒ၏မျက်ဝန်းများတွင် ရစ်ဝိုင်းလျက် ထိုနေရာမှထွက်လာခဲ့မိသည်။
နန္ဒ၏ ဝမ်းနည်းမှုကို စိုင်းထွဋ်ခေါင်မြင်ပါသည်။ သို့သော် နန္ဒ၏စိုးရိမ်မှုတို့ကို စိုင်းထွဋ်ခေါင်မသိခဲ့..။ ထို့နည်းတူစွာပင် စိုင်းထွဋ်ခေါင်ဒေါသထွက်သည်ကို နန္ဒမြင်ပါသည်။ သို့သော် စိုင်းထွဋ်ခေါင်၏သဝန်တိုမှုကို နန္ဒမသိခဲ့ပေ..။
လွန်ခဲ့သောသုံးရက်ခန့်က စောကလျာတစ်ယောက်တည်းသာ မိမိအိမ်သို့ရောက်လာခဲ့သည်။ မိမိနှင့်စောကလျာ စကားပြောနေစဥ် စောကလျာသည် နန္ဒအားမြင်သွားသောအခါ ပြောလာသည့် သူ၏စကားသည် မိမိအား စိတ်တိုမှုကို အပြည့်အဝပေးစွမ်းနိုင်သည်။
" စိုင်း.. သူက ဘယ်သူလဲဟင်.. "
" သူက.. ကိုယ့်ရဲ့အစေအပါးတစ်ယောက်ပါ.. "
" အိုကွယ်... အစေအပါးတဲ့လား.. ရုပ်ရည်လေးက သားနားလိုက်တာ..။ အစေအပါးဆိုတာနဲ့တောင် မအပ်စပ်ပါလား။ ကလျာက သူ့ကို ဒီအိမ်ကြီးနဲ့ ဆွေမျိုးတော်စပ်သူလို့တောင် ထင်ထားတာ။ ကလျာထက်တောင်လှနေရော.. "
" လှတယ်.. အမျိုးသားတစ်ဦးအတွက်.. လှတယ်ဆိုတဲ့စကားကြီးက မသင့်တော်ဘူးထင်တယ် "
" မသင့်တော်မှန်းတော့သိပါတယ်... ဒါပေမဲ့.. သူ့ပုံလေးကိုကြည့်ပါဦး.. အရင်ဘဝက နတ်မိမယ်လေးများဖြစ်ခဲ့လေသလား.. "
' အင်း..ဟုတ်တယ်.. အဲဒီ နတ်သက်ကြွေလေးက စိုင်းထွဋ်ခေါင်အပိုင် ' ဟုသာ အော်ပြောလိုက်ချင်သည်။ ထိုစကားနောက် ထပ်၍ မှာတမ်းခြွေချင်သည်က ' အဲဒီနတ်သက်ကြွေလေးက ကိုယ့်အပိုင်မို့ ဘယ်သူမှထိပါးခွင့်မရှိဘူး...။ သူက ကိုယ့်နှလုံးမှာပဲနန်းစံခွင့်ရှိတဲ့ ဘုရင်တစ်ပါးမို့ ကိုယ်တစ်ဦးတည်းနဲ့သာ သက်ဆိုင်တယ်။ မင်းဒီလောက်ကြည့်နေတာနဲ့တင် တော်သင့်ပြီစောကလျာ..' ဟူ၍သာ..။
စောကလျာသည် နန္ဒအားချီးမွမ်းခဲ့သည့်နေ့မှစကာ စိုင်းထွဋ်ခေါင်သည် စောကလျာလာတိုင်းတွင်နန္ဒကို ရှောင်ခိုင်းထားတတ်သည်..။ ဤသည်ကို နန္ဒမသိ..။
စောကလျာပြန်သွားပြီးနောက် ကောင်လေးကို အော်မိခဲ့သည်ဖြစ်၍ သူ့အားရင်မဆိုင်ရဲ။ ပန်းချီမှာလည်း ရုပ်လုံးပေါ်နေပြီဖြစ်၍ နောက်ရက်မှဆွဲသော်လည်း အဆင်ပြေကြောင်းတွေးကာ ပွဲရုံများမှစာရင်းများကိုသာစစ်ခဲ့သည်..။ ထို့နောက်.. မိမိလုပ်ငန်းခွင် မဝင်ခင်က စာရင်းများကိုစစ်သော.. ဝင်ငွေနှင့်ထွက်ငွေများ အလွန်ကွာဟနေသည်ကိုတွေ့ကာ မယ်မယ်အားမေးမြန်းရန် သွားခဲ့သည်..။
" မယ်မယ်.. ဒီမှာကြည့်ပါဦး.. သားတော် လုပ်ငန်းခွင်မဝင်ခင်ကစာရင်းတွေမှာ ဝင်ငွေတွေနဲ့ထွက်ငွေတွေက ဘယ်လိုဖြစ်နေတာလဲ..။ ဘာလို့ထွက်ငွေက အရမ်းများနေတာလဲ။ ဝင်ငွေနဲ့တောင် မကာမိဘူးဖြစ်နေတယ်မယ်မယ်။ အခု.. ကုန်တွေအသစ်တင်ဖို့ ပိုက်ဆံတွေအရမ်းလိုနေပြီ "
" ခေတ်အခါအကြောင်းကို သားတော်သိတယ်မဟုတ်လား။ စစ်တွေကြောင့် လုပ်ငန်းတွေမဖြစ်ထွန်းဘူး။ မယ်မယ်တို့လည်း ရှိတာတွေ အကုန်ရောင်းချပြီး လုပ်ငန်းကိုတည်ထောင်နေတာပါပဲ။ ဒါပေမဲ့.. ထင်ထားသလိုဖြစ်မလာဘူး.. "
" မယ်မယ်ရယ်.. အဲဒါဆိုလည်း သားတော်ကိုကြိုပြောရောပေါ့။ အခုက...သားတော် ကုန်အသစ်တွေမှာလိုက်ပြီလေ..။ အခုအဲဒီအတွက် ငွေရှင်းဖို့ ဘယ်လိုလုပ်ရတော့မလဲ.. "
" အဲဒီအတွက်မယ်မယ် စီစဉ်ထားပါတယ်သားတော်။ စောဒေဝီတို့က ရှယ်ယာပါမယ်ပြောတယ်။ နောက်ပြီး လိုအပ်သမျှကိုလည် ထောက်ပံ့မယ်ပြောတယ် "
" ဟမ်... ဘယ်လို.. အဲဒီအမျိုးသမီးက.. "
" ဟုတ်တယ်သားတော်... သူတို့နဲ့မယ်မယ်တို့က သားတော် ဘိလပ်သွားကတည်းက ခင်မင်ရင်းနှီးခဲ့တာ "
" ရင်းနှီးတာနဲ့ပဲ.. ထိုမျှလောက်သဘောကောင်းရောလား မယ်မယ်... "
" ကောင်းဆို.. သူတို့နဲ့မယ်မယ်တို့က.. နှစ်အိမ့်တစ်အိမ်ဖြစ်တော့မှာလေ။ မယ်မယ်ဆိုလိုတာကို သားတော်သိတယ် မဟုတ်လား... "
" ဘယ်လို.. မယ်မယ်ဆိုလိုတာက.. စောကလျာနဲ့သားတော်ကို "
Advertisement
" ဟုတ်တယ်သားတော်.. သားတော်နဲ့ စောကလျာကို ရွှေလမ်းငွေလမ်းဖောက်ပေးဖို့ မယ်မယ်တို့သဘောတူထားတယ်.. "
မကြားချင်ဆုံးသော စကားတစ်ခွန်းကို မထင်မှတ်ထားသော အချိန်တွင် ရုတ်တရက်ကြားခဲ့ရသည်ဖြစ်၍ တုန်လှုပ်မိသည်။ တုန်လှုပ်ခြင်းမှ တစ်ဆင့်တက်ကာ ဒေါသစိတ်သို့ ကူးပြောင်းခဲ့သည်။ မိမိ၏အသိစိတ်တို့တွင် ထိုအမျိုးသမီးအား မနှစ်သက်ကြောင်းကိုသာ အသိပေးနေသည်။
" မဖြစ်နိုင်တာမယ်မယ်.. သူကသာမန်မျိုးရိုးမဟုတ်လား "
" ဟုတ်တယ်သားတော်.. သာမန်မျိုးရိုးပဲ.. "
" ဘယ်လိုဖြစ်တာလဲမယ်မယ်.. အရင်က စော်ဘွားမျိုးနွယ်နဲ့ပဲ လက်ဆက်ရမယ်ဆိုပြီး အတင်းအကျပ်စည်းကမ်းထုတ်ထားတဲ့ မယ်မယ်က သာမန်မျိုးရိုးနဲ့ချက်ချင်းကြီး သဘောတူလိုက်တာလား "
" သူတို့က သာမန်မျိုးရိုးဆိုပေမဲ့... "
" ငွေကြေးချမ်းသာလို့ မဟုတ်လားမယ်မယ်.. "
လွန်ခဲ့သောကာလများစွာက မြင်တွေ့ခဲ့ရသည် မယ်မယ်မဟုတ်သည့်နှယ်။ တုန်လှုပ်နေသောမယ်မယ်သည် မိမိမြင်နေကျ စော်ဘွားဂုဏ်ကို ပန်ဆင်းထားသော ရဲရင့်အမျိုးသမီးတစ်ဦးမဟုတ်တော့..။ ချောက်ချားမှုကို လွှမ်းခြုံကာ ဆောက်တည်ရာမရ ဖြစ်နေသည့် အမျိုးသမီးတစ်ဦးအသွင်ဖြင့်သာ..။ တုန်ယင်တိုးလျသောလေသံဖြင့် စကားပြောလာသော မယ်မယ်သည် ယခင်က မိမိမြင်ဖူးသော စော်ဘွားမာန်ကို လက်ကိုင်ထားသည့် အမျိုးသမီးတစ်ဦးမဟုတ်တော့..။ တွေဝေမှုတို့ စိုးမိုးကာ သောကအတိနှင့် အမျိုးသမီးတစ်ဦးအသွင်...။
" သားတော်မေးနေတာ.. ဖြေပါမယ်မယ်.. "
" ဟုတ်တယ်.. အခုချိန်မှာ မယ်မယ်တို့အခက်အခဲကို ဖြေရှင်းနိုင်တာ သူတို့ပဲရှိတယ်သားတော်.."
" မယ်မယ်.. သိပ်ကိုပြောင်းလဲသွားပါလား.. အရင်က သားတော်မြင်နေကျ ရဲရင့်သန်မာတဲ့မယ်မယ် မဟုတ်တော့သလိုပါလား...။ ငွေက.. ငွေက လူတစ်ယောက်ကို အဲဒီလောက်ပြောင်းလဲစေတာလား "
" တော်တော့သားတော်.. သားတော် မယ်မယ်ကို အပြစ်ပုံချလည်း ဒီကိစ္စကြီးက ပြောင်းလဲလို့ရမယ့် ကိစ္စမဟုတ်ဘူး "
" ဘာကြောင့်နဲ့များ မယ်မယ်ရယ်.. စောကလျာနဲ့သားတော်ကို လက်ဆက်စေချင်ရတာလဲ..။ သားတော်က သူ့ကိုမှမနှစ်သက်ပဲ "
" ဘာလဲ... သားတော်မှာ နှစ်သက်ရမယ့် မိန်းကလေးရှိနေတာလား.. "
" နှစ်သက်ရမယ့်သူရှိတယ်မယ်မယ်.. သူက.. "
" တော်တော့.. မယ်မယ်မသိချင်ဘူးသားတော်..။ သိလည်း အကျိုးမရှိဘူးသားတော်..။ မယ်မယ်က မယ်မယ်ခင်းထားတဲ့လမ်းကိုပဲ မရ ရတဲ့နည်းနဲ့ပဲလျှောက်မှာသားတော်..။ နောက်ပြီး.. သားတော်စဉ်းစားပေါ့..။ သားတော်ရဲ့ ခမည်းတော် သွေး..ချွေးနဲ့ တည်ထောင်ထားတဲ့လုပ်ငန်းကို သားတော်ရဲ့လက်ထက်မှာ ပျက်စီးစေချင်ရင်.. မယ်မယ်ကို လမ်းဘေးရောက်စေချင်ရင်.. သားတော် နှစ်သက်တဲ့သူနဲ့ လက်ဆက်ပေါ့။ မယ်မယ်ပြောချင်တာ ဒါပဲသားတော်.. မယ်မယ်နားတော့မယ်.. "
ပြင်းထန်လှသော သားအမိနှစ်ဦး၏ အိမ်တွင်းစစ်ပွဲလေးကို ထိုနေရာတွင် တစ်ခန်းရပ်ပြီးနောက်.. စိုင်းထွဋ်ခေါင်သည်လည်း စိတ်ပျက်မှုများစွာဖြင့် အခန်းထဲသို့ပြန်လာခဲ့သည်။
မိုင်ကျယ်လှသောအတွေးနယ်၌ ချစ်သူ မှတ်တိုင်၊ နှလုံးသား မှတ်တိုင်၊ စီးပွားရေး မှတ်တိုင်၊ ဂုဏ် မှတ်တိုင်၊ အတ္တ မှတ်တိုင်၊ လောကနိယာမ မှတ်တိုင်တို့ကို အလီလီဖြတ်သန်းပြီးနောက်.. ဆုံးဖြတ်ချက်ရထားလေ ဆိုက်ရောက်ရာမှတ်တိုင်လေးမှာ မိသားစု မှတ်တိုင်ကိုသာ..။
ထို့ကြောင့်ကောင်လေးရယ် မင်းနဲ့ခွဲရဦးမည်သာ...။
ထိုသို့ ဆုံးဖြတ်ပြီးနောက် စိုင်းထွဋ်ခေါင်၏ မျက်နှာထက်ဝယ် အပြုံးများ ပျောက်ဆုံးလေသည်။ နန္ဒ၏ မျက်နှာတွင်လည်း အပြုံးတို့ ပျောက်ဆုံးနေသည်။ ပုံမှန်ထက် ပိုတည်နေသော နန္ဒ၏မျက်နှာကို စိုင်းထွဋ်ခေါင် သတိထားမိပါသည်။ သို့သော်.. မမေးမိခဲ့။ မေးချင်သော်ငြား ဆုံးဖြတ်ချက်တစ်ခုက တားဆီးထားသည်။
ပန်းချီဆွဲနေသည့် အချိန်မှာ အတော်ကြာသည်အထိ နန္ဒ၏မျက်နှာမှာမူ မပြောင်းလဲခဲ့။ လျစ်လျူရှုချင်သော်လည်း မိမိသည်က သူ၏အရှေ့တွင်ထိုင်ကာ ပန်းချီဆွဲခံနေရသည်ဖြစ်၍ ထပ်၍လျစ်လျူရှုရန်မဖြစ်နိုင်တော့ပြီ။ ထို့ကြောင့်.. ပန်းချီဆွဲခြင်းကို လက်စသက်ခိုင်းလိုက်သည်။
" နန္ဒ.. ငါညောင်းနေပြီ.. မနက်ဖြန်မှ ဆက်ဆွဲမယ်။ ပြီးတော့.. မင်းငါနဲ့လိုက်ခဲ့.. "
နန္ဒမှာ စိတ်မကြည်သော်လည်း သခင်၏အမိန့်အား လွန်ဆန်ခွင့် မရှိသည်ဖြစ်၍ စိုင်းထွဋ်ခေါင်ခေါ်ဆောင်ရာနောက်သို့ လိုက်လာခဲ့မိသည်။
" ပြော နန္ဒ.. မင်းဘာဖြစ်နေတာလဲ.. မျက်နှာက မသာမယာနဲ့...။ မနက်ကခစားဝင်တာတွေလည်း နောက်ကျတယ်.. "
" ကျွန်တော်ဘာဖြစ်နေလဲဆိုတာ သခင်လေး တကယ်မသိတာလား.. ဟမ်.. "
" ဘာလဲ.. ငါက မင်းမျက်နှာကို အရိပ်တကြည့်ကြည့် လိုက်ကြည့်ပြီး မင်းရဲ့ခံစားမှုကို ခန့်မှန်းနေရမှာလား "
" ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေအနေက.. အဲဒီလို ခန့်မှန်းနေရမယ့် အနေအထားမဟုတ်ဘူးလား.. "
နှစ်ဦးလုံး၏ စကားလုံးတို့သည် တစ်စထက်တစ်စ ပြင်းထန်လာကာ ယခင်က စိုင်းထွဋ်ခေါင်းပြောသမျှကို နာခံနေသည့် နန္ဒမဟုတ်တော့...။ ထို့နည်းတူ ယခင်က နန္ဒအပေါ်နူညံ့ခဲ့သည့် စိုင်းထွဋ်ခေါင်မဟုတ်တော့ပေ။
" ဟက်.. မင်းက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေပါရော..။ မင်းနဲ့ငါနဲ့ကြားက အခြေအနေတွေကို မင်းကဘယ်လိုသတ်မှတ်နေတာလဲ နန္ဒ...။ ဘာလဲ မေတ္တာမျှနေတဲ့ချစ်သူလို့ သတ်မှတ်နေတာလား..။ မင်းက ငါ့ရဲ့ကျွန်.. ကျွန်ဆိုတာ သခင်တွေရဲ့ ပိုင်ဆိုင်မှုတစ်ခု.. သခင်ဖြစ်တဲ့ငါက ကျွန်ဖြစ်တဲ့မင်းကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိတာ မင်းမေ့နေတာလား နန္ဒ.. "
သခင်လေးပြောပုံအရ သခင်လေးသည် မိမိအား ကစားရုံကစားခဲ့သည် ဟူသောအသိဝင်ရုံနှင့် တင်းထားသမျှစိတ်တို့သည် ပျော့ညံ့ကုန်ရသည်။ ၎င်းပျော့ညံ့မှုကို ကိုယ်စားပြုသည့် မျက်ရည်တို့ကလည်း ပါးပြင်ထက်တွင် ချောင်းငယ်လေး သဖွယ် စီးကျလာသည်။
" ကျွန်တော့်ကိုကျွန်တော် အထင်ကြီးတာမျိုး မရှိခဲ့ဘူး သခင်လေး.. ဒီအတိုင်း.. သခင်လေးကိုချစ်လို့.. ဟိုအမျိုးသမီးနဲ့အတူရှိနေတာကို သဘောမကျလို့.. သခင်လေးအော်လိုက်တာကို စိတ်မကောင်းမိလို့ ကျွန်တော်မျက်နှာပျက်နေရုံပါ။ သခင်လေးက ဘာကြောင့် ကျွန်တော့်ကို အဲဒီလောက်ထိ စကားလုံးပြင်းပြင်းထန်ထန်တွေနဲ့ တိုက်ခိုက်နေတာလဲ။ ကျွန်တော်သိတာပေါ့ သခင်လေးရယ်.. ကျွန်တော်သိပ်သိတာပေါ့..။ ကျွန်တော်က သခင်လေးရဲ့ပိုင်ဆိုင်မှုတစ်ခုမို့လို့ သခင်လေးကျွန်တော့်ကို စိတ်ကြိုက်အသုံးချခွင့်ရှိတယ်။ ဒါပေမဲ့.. ကျွန်တော့်နှလုံးသားလေးကို ခံစားရအောင် မလုပ်ပါနဲ့..။ အနာပေးလိုက်.. ဆေးပေးလိုက်နဲ့.. ကျွန်တော့်ကိုရူးစေချင်တာလားဗျာ.. ဆေးပေးမယ့်အစား.. နာကျင်မှုတွေပဲပေးနေပါတော့လား။ အနည်းဆုံးတော့.. ခံစားရတာများလာရင် ထုံသွားကောင်း ထုံသွားနိုင်တာမို့လို့... "
" ပျော့ညံံ့လိုက်တာ.. "
" အင်း.. ဟုတ်တယ်.. ကျွန်တော်ပျော့ညံ့တယ်။ အဲဒီပျော့ညံ့မှုရဲ့ မြစ်ဖျားခံက ကျွန်တော့်နှလုံးသားကြီးကို သခင်လေးအတွက် ပေးဆပ်မိလို့..။ သခင်လေးခိုင်းစရာမရှိတော့ရင် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး.. "
နာကျင်သွားပြီလား ကောင်လေး...။ ကိုယ်လည်း မင်းနဲ့ထပ်တူ နာကျင်ရတာကို မင်းမသိပါစေနဲ့လား။ မင်းပိုခံစားနေရမှာ စိုးရိမ်မိတာမို့ မင်း.. ကိုယ့်ရဲ့ခံစားချက်တွေကို မမြင်ပါစေနဲ့။ ကိုယ့်ရဲ့နာကျင်မှုကို ဖုံးဖိထားမယ်။ မင်းအတွက်.. သန်မာချင်ယောင်.. ဟန်ဆောင်လိုက်မယ်နော်။ ရက်စက်တဲ့ အသွင်အပြင်တွေနဲ့ပေါ့။
ဟန်ဆောင်သူတွေရဲ့ နှလုံးသားတိုင်းဟာ ပြတ်ရှဒဏ်ရာတွေပြည့်နေတာကို မင်းမသိပါစေနဲ့ ကောင်လေး...။
Advertisement
- In Serial40 Chapters
Love Bands?
"She is the epitome of selflessness."..Dedicated to all the beautiful Women who have sacrificed their happiness for their loved ones!
8 284 - In Serial9 Chapters
Reborn Husband Wants Revenge, But There's Too Much Going On
Zhang Li, the overbearing CEO, was suddenly returned to ten years before his death, reborn. After realizing where he was, he resolved to take revenge on the people that had driven him to a corner and caused his demise. First his CEO wife, her brother (who has now been replaced with a transmigrator), then his wife's lover (who is now a world hopper with a system)-- Wait, what happened to the plot? How was he supposed to take revenge like this? Lao Yang (world hopper): Mission success! 0181, look at how unrecognizable the plot has become!Chi Yumeng: ...Didn't you say your mission was to save my boyfriend?System 0181: [ ...Host, the task. Please remember why we're here. ]Su Lin (transmigrator): I just invented full dive VR. Sister, can your company use this?Su Jia: Can use! Since when have you been so competent? I really have a good brother, much better than that useless ex-husband.Zhang Li (reborn): I... also invented full dive VR...Lao Yan (world hopper): Oh, me too! Look, I also made full dive VR!Zhang Li (reborn): ...Yuan Yu: Mister Zhang, please don't take out your anger on the office.
8 207 - In Serial25 Chapters
Always and Forever
The most unexpected thing that can happen in life is LOVE. We don’t have control over with whom it happens. When Alin and Sebian walk together on the road named LOVE, will their destination be as beautiful as they have imagined or will it be the journey that will be worth remembering.
8 214 - In Serial14 Chapters
Down And Out Is Where You Oughta Stay (Patrochilles AU)
Patrochilles AUPatroclus and Achilles were best friends as children, but when they got to high school they drifted apart. Achilles made lots of new friends, while Patroclus is the loner, with Greek foreign exchange student Briseis as his only friend. Now Achilles needs his help, but, afraid of getting hurt again, Patroclus is reluctant to let him back into his life.
8 126 - In Serial45 Chapters
Lady Sarah's Secret
Sarah is in trouble, so she's willing to fall back on an old betrothal contract to save herself from a lecherous guardian out for her inheritance. One problem - her last hope is long dead and now it's his brother with the title and estate. The brother she always loved... and the one who never wanted her. Can she keep her secret long enough to outrun her guardian? Or will someone recognize her while she hides in plain sight?
8 97 - In Serial81 Chapters
Prank || LJN
Texting AU"I almost choke on my soda wtf"When a girl texted a random number out of boredom, she didn't thought her prank would cause a lot of unexpected events.Book 1 of The Online Series HIGHEST RANKINGS#1 in mark #1 in renjun#1 in haechan #1 in bored#1 in parkjisung#1 in marklee#2 in nctdream#2 in jeno#2 in leejeno#3 in jaemin#6 in jisung#7 in donghyuk #10 in kpop #10 in donghyuck #11 in nct#11 in chenle #15 in random
8 176

