《Amiss Prayer (Zawgyi&Unicode) [Completed]》Part-21(ရက်စွဲများ)
Advertisement
For Unicode
ရက်စွဲများ
ပျော်ရဲ့လားသခင်လေး... အနာပေးလိုက် ဆေးပေးလိုက်နဲ့ ကျွန်တော့်ကိုကစားရတာ ပျော်ရဲ့လား..။ အမျိုးသမီးတစ်ဦးကို ခေတ္တမျှတွေ့ရုံနဲ့ သခင်လေးရဲ့စိတ်တွေ အရောင်ပြောင်းကုန်ပြီလား...။ ဟုတ်ရဲ့လားသခင်လေးရယ်.. ကျွန်တော်ချစ်ခဲ့တဲ့သခင်လေးက အင်မတန် တည်ကြည်တဲ့လူသားပါ..။ ဘာကြောင့်အချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားတာလဲ။
သခင်လေးနှင့်မိမိတို့ စကားအချေအတင် ပြောပြီးနောက် သခင်လေးနှင့်မိမိ မျက်နှာချင်းမဆိုင်ခဲ့တာ ယခုတွင်နှစ်ရက်မျှရှိပြီ။ သခင်လေးကလည်း မိမိအား ခေါ်ဆိုခြင်းမရှိသကဲ့သို့ မိမိသည်ကလည်း သခင်လေးထံ ခစားခြင်းမရှိ။ စိမ်းရက်နိုင်သူသခင်လေးက မိမိအားမခေါ်မပြောဘဲ နေနိုင်သည်ရှိသော်လည်း မိမိသည်က မနေနိုင်။ မျက်နှာဆိုင်တွေ့လျှင် မမြင်ချင်ယောင်ဆောင်ထားသော်လည်း ကွယ်ရာတွင် သခင်လေးကို ခိုးကြည့်မိသည်။ သခင်လေးသည်က မိမိရှိသည်ကိုတောင် သတိထားမိဟန်မတူ။
ဟူး... နေရခက်လိုက်တာ...။ ကျွန်တော်ပြောတာများလွန်သွားတာလား။ ဖြေရှင်းလို့ရတဲ့ပြဿနာလေးကို တစ်ယောက်နဲ့တစ်ယောက် ဖြေရှင်းချက်တွေမပေးဘဲ အပြစ်တင်ရာက ကြီးမားသွားတဲ့ ပြဿနာငယ်ပါ။ ဘာလို့အခုလိုတွေ ခက်ထန်နေရတာလဲ။ တစ်ယောက်နဲ့တစ်ယောက်ဖြေရှင်းလိုက်ရင် ရရဲ့သားနဲ့ ရှောင်နေတာက မဖြစ်သင့်ဘူးမဟုတ်လား။ ထားပါလေ သူ့ဘက်က စမပြောတော့လည်း ကိုယ့်ကပဲစပြောရတာပေါ့။
ထိုသို့ စဉ်းစားခန်းဖွင့်ပြီးနောက် သခင်လေးရှိရာ ခြံ၀န်းထဲသို့လိုက်လာခဲ့သည်။
“ သခင်လေး... "
“ ပြော "
“ သခင်လေး ဘာလို့ကျွန်တော့်ကိုစကားမပြောတာလဲဟင် "
“ ငါက အချိန်တိုင်း မင်းကိုစကားလိုက်ပြောနေရမှာလား နန္ဒ "
“ အဲဒီလိုတော့လည်း မဟုတ်ပါဘူး...။ သခင်လေးက ကျွန်တော့်ကို လုံး၀စကား မပြောတာလေ "
“ အမှန်တိုင်းပြောရရင်တော့ မင်းက သွေးနထင်လွန်းလို့..။ နည်းနည်းလောက် အခွင့်ရေးလေးပေးတာနဲ့ သိပ်ရောက်တတ်လွန်းလို့..။ သခင်ကို ပမာမခန့်လုပ်လို့ စကားမပြောချင်တာ "
ပြတ်သားလွန်းသည့် သခင်လေး၏ စကားများသည် နောက်ပြောင်နေခြင်းဖြစ်ဟန်မတူ။ တည်ကြည်နေသည့်မျက်နှာက သူ၏စကားများသည် အလွန်လေးနက်နေကြောင်း သက်သေပြနေသယောင်။ သခင်လေး၏ ပြတ်သားလှသော စကားများကို ကြားသည်နှင့် တစ်ပြိုင်နက် မိမိပြောချင်သည့် စကားလုံးတို့သည် ခေတ္တမျှပျောက်ရှကုန်သည်။
ထို့နောက် ဆယ်စက္ကန့်မျှတိတ်ဆိတ်သွားသော ပတ်၀န်းကျင်ကို နန္ဒဘက်မှ စတင်ဖြိုခွဲလိုက်သည်။
“ သခင်လေး... မရှင်းလို့မေးချင်တာရှိတယ်။ သခင်လေးနဲ့ ကျွန်တော်တို့ကြားက ပြဿနာက အဲဒီလောက်ခက်ထန်စရာ လိုလို့လား။ ကျွန်တော်က သွေးနထင်ရောက်တယ်.. ပမာမခန့်လုပ်တယ်လို့ ပြောတယ်နော်။ ကျွန်တော်ဘာအပြစ်လုပ်ထားလို့ အဲဒီလိုပြောရတာလဲ သခင်လေး "
ကောင်လေးက တကယ်စကားတတ်သည်။ သူ၏အပြောများအကြား သူ့ကိုအပြစ်တင်ရန် တစ်စွန်းတစ်စ ရှာမိသည်။ အတော်ကိုပင် ရှာယူရပါသည်။
“ မင်း.. မနေ့ကပြောသွားတာကို မင်းမမှတ်မိဘူးလားနန္ဒ "
“ ကျွန်တော်ကောင်ကောင်းကြီး မှတ်မိပါတယ်သခင်လေး။ ကျွန်တော်မှတ်မိရသလောက်ကတော့ ကျွန်တော်မမှားဘူး ထင်ပါတယ် "
ထိုစကား ကြားသည်နှင့်တစ်ပြိုင်နက် စိုင်းထွဋ်ခေါင်သည် စိတ်တိုသော အမူအရာဖြင့် ထိုင်နေရာမှ ထလိုက်ကာ နန္ဒအား တင်းမာသော လေသံဖြင့်စကားပြောသည်။
“ မင်းပြောတာက ငါမှားနေတာပေါ့လေ "
“ သခင်လေးမှားတယ်လို့ ကျွန်တော်မဆိုလိုဘူး။ သခင်လေးနဲ့ကျွန်တော်နဲ့ကြားက ပြဿနာက အဲဒီလောက်ကြီးစရာလိုလို့လား တွေးမိရုံပါ "
ဟုတ်ပါတယ်.. အဲဒီလောက်ကြီးစရာမလိုတဲ့ပြဿနာကို ကိုယ်က ပုံကြီးချဲ့တာပါ။ အကြောင်းရင်းကတော့ တစ်ခုတည်းပါ။ လက်တွဲခွင့်မရတော့တဲ့သူကို မျှော်လင့်ချက်တွေ ဆက်မပေးချင်ဘူး။ သူဒီထက်ပိုပြီး နာကျင်နေမှာကို ကျွန်တော်မလိုလားတာမို့ သူကျွန်တော့်ကို မုန်းသွားပါစေတော့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုပြောမိခဲ့တာပါ။
“ သခင်လေး ကျွန်တော်ကို အကြောင်းပြချက်မရှိဘဲ ဘာကြောင့်ဒီလိုပြောနေတာလဲ.. ကျွန်တော်မသိတော့ဘူး..။ ဒါပေမဲ့.. သခင်လေးကို ကျွန်တော်ပြောချင်တာက ကျွန်တော်က သခင်လေးရဲ့ကျွန်ပါ။ ကျွန်တစ်ယောက်ဖြစ်တာမို့ ကျွန်တော့်ရဲ့ခံစားချက်တွေကိုလျစ်လျူရှုတာမျိုးတော့ မလုပ်ပါနဲ့...။ ကျွန်တော်လည်း လူသားတစ်ယောက်ပါ ခံစားချက်ရှိပါတယ်..။ နှလုံးသား ရှိပါတယ်..။ နာကျင်တတ်ပါတယ်..။ ကစားလို့ကောင်းတဲ့အရာထဲမှာ နှလုံးသားနဲ့ခံစားချက်မပါတာကို သခင်လေးသိပါစေ "
နန္ဒ၏စကားအဆုံး၌ စိုင်းထွဋ်ခေါင်သည် လှောင်သော အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် ဆိုလာသည့်စကားသည် နန္ဒအား ၀မ်းနည်းမှုတို့ကို ဖန်တီးပေးသည်။
“ ဟက်... ဘယ်လိုလုပ်ရမလဲ..။ ငါက နှလုံးသားနဲ့ ခံစားချက်တွေကို ကစားရတာ သိပ်သဘောကျနေတာ "
ထိုအခါ နန္ဒသည် ၀မ်းနည်းမှုကို မျိုသိပ်လိုက်ကာ ဟန်ဆောင်အပြုံးလေး ဆင်မြန်းလျက် ဆိုလာသည့် စကားက စိုင်းထွဋ်ခေါင်အတွက် အထိနာလှသည်။
“ ဟုတ်ပါပြီ သခင်လေး..။ နှလုံးသားနဲ့ခံစားချက်တွေကို ကစားရတာ သခင်လေးသဘောကျတယ်ဆိုရင်လည်း ဆက်ကစားပါ..။ ဒါပေမဲ့ သခင်လေးရဲ့နှလုံးသားနဲ့ခံစားချက်တွေကိုပါ မကစားမိစေဖို့ ကျွန်တော်ဆုတောင်းပေးနေပါမယ် "
ဟုတ်ပါရဲ့ သူပြောမှပဲသတိထားမိတယ်။ ကိုယ်က သူ့နှလုံးသားကို ကစားမိရင် ကိုယ့်နှလုံးသားပါ ကစားခံရမယ်မဟုတ်လား။ ဘာကြောင့်ဆိုတော့ ကျွန်တော်က သူ့ကိုချစ်မိခဲ့တာမို့လို့ သူ့နှလုံးသားနဲ့ ကျွန်တော့်နှလုံးသားတို့က ထပ်တူကျနေတယ်လေ။ ဒါကိုကျွန်တော် သတိမထားမိလိုက်ဘူး။
ခံစားလိုက်ပါဦး စိုင်းထွဋ်ခေါင်..။ ဒါက ဖြူစင်တဲ့ကောင်လေးရဲ့နှလုံးသားကို နာကျင်နေစေမိလို့ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ မင်းပါ နာကျင်လိုက်ပါဦးကွာ။
“ သခင်လေး ပန်းချီကားက ပြီးခါနီးနေပြီမို့လို့ ဆက်ဆွဲရအောင် "
Advertisement
အမှန်ကတော့ သခင်လေးနဲ့ စကားအချေအတင် ဆက်မပြောချင်တာမို့ စကားလမ်းကြောင်းလွှဲလိုက်တာပါ..။
“ ဒီနေ့တော့ ပန်းချီမဆွဲချင်ဘူးနန္ဒ..။ မင်းမေးခွန်းတွေမေးလို့ပြီးပြီလား.. ငါနားချင်နေပြီ "
“ နားနိုင်ပါတယ်သခင်လေး... တစ်ခုတော့ မှာလိုက်ပါရစေ...။ အပြစ်တင်တဲ့အခါ အကြောင်းပြချက်တို့ ခိုင်လုံပါစေ..။ ကျွန်တော့်ကိုနှင်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုရင် လက်လျှော့လိုက်ပါသခင်လေး..။ ဘာအမှားမှ မလုပ်မိစေဘဲ သခင်လေးအနားမှာ အမြဲခစားနေမှာမို့လို့ "
ကောင်လေး... မင်းက ငါကို အပြုံးလှလှတွေနဲ့ပါ အနိုင်ယူရတာ အားမရလို့ စကားလုံးလှလှတွေနဲ့ပါ အနိုင်ယူတာလား။ မင်းအနိုင်မယူခင်ကတည်းက အရှုံးပေးပြီးသားပါ ကောင်လေး။ အနိုင်ယူဖို့ သိပ်မကြိုးစားပါနဲ့ ။ မင်းပင်ပန်းမှာစိုးမိတယ် ကောင်လေး။ မိသားစု၊ စီးပွားရေးဆိုတဲ့ အတားအဆီတွေသာ မပါခဲ့ရင် မင်းနဲ့တူတူ ဘ၀ကိုဆုံးခန်းတိုင် လျှောက်လှမ်းမိမယ်ထင်တယ်..။
ဒီဘ၀တော့ ဒီလောက်ပဲထင်ပါတယ်။ မင်းနာကျင်မှာကိုတော့မကြည့်ရက်ပေမဲ့ မင်းမုန်းသွားအောင် ဖန်တီးရမှာမို့လို့ အနည်းငယ်တော့ နာကျင်ရလိမ့်မယ်ကောင်လေး.. တောင်းပန်ပါတယ်။
အကြင်သူနှစ်ဦးတွင် တစ်ဦးမှာ ထိုသို့ သတ္တိနည်းနေသည်။ ကျန်တစ်ဦးမှာမူ အာအင်းအပြည့်နှင့် ရှေ့တိုးမည့်ခြေလှမ်းများကို ပြင်ဆင်နေလေသည်။
ကျွန်တော်ပြောတာ မှန်သွားလားသခင်လေး။ သခင်လေးကကျွန်တော့်ကို ပထုတ်ဖို့ ကြိုးစားနေတာမဟုတ်လား။ သခင်လေးဘယ်လိုပဲ ပထုတ်နေပါစေ ကျွန်တော်က ထွက်သွားဖို့ ဆန္ဒမရှိတာမို့.. သခင်လေးရှိရာ ဒီအိမ်တော်ကြီးထဲက တစ်ဖဝါးမှ ခွာမှာမဟုတ်ပါဘူး။
အခုတော့ အမြဲလိုလို သခင်လေးအနားမှာ ခစားနေတဲ့ ကျွန်တော့်ကိုနှင်ထုတ်လိုက်ပြီး ဆယ်နှစ်သားအရွယ်လှထွန်းလေးကို သခင်လေးအပါးတော်၀င်စေတယ်တဲ့လား။ ရယ်ရတယ်သခင်လေး.. ဆယ်နှစ်သားအရွယ် လှထွန်းလေးကို ခေါ်ခိုင်းတော့ ဘာတွေလုပ်တတ်မှာတဲ့လဲ။ သခင်လေးရဲ့ အလိုကျ ဘယ်လိုဖြည့်ဆည်းပေးမှာတဲ့လဲ.. သိချင်စမ်းပါရဲ့သခင်လေးရယ်။
အနည်းငယ်တော့ စိတ်ပူမိတယ်သခင်လေး။ အရင်လို သခင်လေးခံတွင်းမတွေ့တဲ့ ဟင်းတွေကိုချက်ထားတဲ့အခါ.. ဘယ်သူက အလိုက်တသိနဲ့ ဟင်းအသစ်ကိုပြင်ဆင်ပေးမှာလဲ။ သခင်လေးသဘောကျတဲ့ နှင်းဆီဖြူတွေကို.. ဘယ်သူက ပန်းအိုးထဲမှာ အလိုက်သတိပြင်ဆင်မှာလဲ။ သခင်လေး အပြင်သွားတဲ့အခါ.. ဘယ်သူက အလိုက်တသိ သခင်လေးရဲ့ အ၀တ်အစားတွေကို ထုတ်ပေးမှာလဲ။ ကျွန်တော့်ကို သခင်လေးအနားမှာမထားတော့တာကို တွေးပြီး၀မ်းနည်းမနေပါဘူး။ သခင်လေးက ကျွန်တော့်ကို နားချိန်ပေးတယ်လို့ သဘောထားပြီး ကျေးဇူးတင်နေမယ်။
အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပထုတ်လိုက်ကိုတော့ ကျွန်တော်သဘောမကျဘူး။ ဘာလို့အခုလိုလုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ကျွန်တော်စူးစမ်းဦးမှာပါ။ သခင်လေးပေးတဲ့နားချိန်ကို ကျွန်တော်က အလကားသက်သက် အကုန်မခံပါဘူး။ သခင်လေးက ပန်းချီဆွဲဖို့ မပြောတော့ပေမဲ့.. ကျွန်တော့်ရဲ့အမြင်အာရုံထဲမှာ မှတ်သားပြီးသားဖြစ်တဲ့ သခင်လေးရဲ့ ပုံရိပ်တွေရှိနေတာမို့.. ကျွန်တော်တစ်ယောက်တည်း ဆွဲရလည်း အဆင်ပြေပါတယ်။
ထိုသို့အတွေးကမ္ဘာထဲ အလည်သွားကာ ခြံထဲ၌ ပန်းချီဆွဲနေသည့် နန္ဒသည် ပတ်၀န်းကျင်ကိုသတိမထားမိ။ သူ့အနားတွင် စိုင်းထွဋ်ခေါင်ရောက်နေသည်ကိုလည်း သူမသိ။
“ မင်းဘာလုပ်နေတာလဲနန္ဒ... "
“ ဪ... သခင်လေးရောက်နေတာလား ကျွန်တော်ပန်းချီဆွဲနေတာပါ "
“ မင်းလက်ထဲက ပန်းချီကားကို ငါ့ကိုပေး "
“ အမိန့်အတိုင်းပါ "
ထိုပန်းချီကားသည် သခင်လေး၏လက်ထဲသို့ရောက်သွားသောအခါ သခင်လေးပြောလာသည့်စကားသည် မိမိအား ဝမ်းနည်းမှုကို ဖြစ်ပေါ်စေသည်။
“ အသုံးမကျတဲ့လက်ရာတစ်ခုနဲ့ ငါ့ပုံတူကိုဆွဲဖို့မထိုက်တန်ဘူး "
“ ဗျာ.. "
ဒါကတော့ သခင်လေးအပြစ်ရှာနေတာ သိသာလွန်းပါတယ်။
“ မထိုက်တန်ရင်လည်း ကျွန်တော့်ကိုပြန်ပေးခဲ့ပါ။ ဆက်မဆွဲတော့ပါဘူး "
“ ငါ့ပုံတူက မင်းလက်ထဲမှာထားဖို့လည်း မထိုက်တန်ဘူး "
“ မထိုက်တန်မဲ့အတူတူ ဆွဲဖြဲလိုက်ပါလားသခင်လေး.. အခုဖြဲလိုက်ပါလား..။ ကျွန်တော် အမှိုက်ပစ်လို့ရအောင်လေ "
အရွဲ့တိုက်နေသည့် ကောင်လေး၏မျက်နှာအမူအရာသည် ယုံကြည်မှုအပြည့်နှင့်။
“ နောက်မှ မီးရှို့ပစ်မယ် အခုတော့ယူသွားပြီ "
မင်းနဲ့ မနီးစပ်ရတော့မှာကိုသိနေတာမို့လို့ မနီးစပ်အောင် ကိုယ်ကဖန်တီးရမှာမို့လို့ နောက်ဆုံးအမှတ်တရပစ္စည်းအဖြစ် ဒီပန်းချီကားလေးကို သိမ်းထားပါရစေ။ မကြာခင်ကြားရတော့မယ့် မင်္ဂလာသတင်းက မင်းအတွက်တော့ မင်္ဂလာမရှိလောက်ဘူး ထင်တယ်။
မင်းနဲ့အတူတူရင်ဆိုင်ဖို့ ကိုယ့်မှာသတ္တိမရှိဘူး..။ မင်းနဲ့ အတူတူဘ၀ကိုရင်ဆိုင်တဲ့အခါ အဆုံးသတ်မှာ မင်းကပိုပြီးနာကျင်ရမှာ..။ မင်းနာကျင်ရမယ့် ကိစ္စအတွက် ကိုယ်သတ္တိမရှိဘူး..။ မချစ်လို့ အဝေးကိုတွန်းပို့တာာမဟုတ်ဘူးနော် ကောင်လေး..။ ချစ်လို့ မင်းနာကျင်မှာစိုးရိမ်လို့ပါ။
အရီးတော်ရဲ့ ရက်စက်မှုကို မင်းမသိဘူးထင်တယ်။ သူက ကိုယ်တို့မေတ္တာမျှနေကြောင်းကိုသိရင် ဒီအတိုင်းအလွတ်ပေးမယ်ထင်သလား..။ မဟုတ်ဘူးနော်..။ သေကွဲကွဲအောင် သူဖန်တီးမှာ။ သေကွဲတော့မကွဲချင်ဘူး ကောင်လေး။ သက်ရှိထင်ရှားရှိနေတဲ့ မင်းကို အဝေးကနေပဲ ချစ်ခွင့်ပေးပါ။
စိုင်းထွဋ်ခေါင်၏ ရင်တွင်း ဝန်ခံစကားကို နန္ဒမကြားရပေ။ ထို့အတူပင် နန္ဒရင်တွင်းစကားကိုလည်း စိုင်းထွဋ်ခေါင် မကြားရပေ။
ဒီတစ်ခါတော့ သခင်လေးဟန်ဆောင်တာညံ့တယ်။ ဘာလို့လဲ... ကိုယ်မနှစ်သက်တဲ့ ပန်းချီကားကို ဖျက်ဆီးလိုက်လို့ရရဲ့သားနဲ့ ဘာလို့ ယူသွားရတာလဲ။ ကလေးဆန်လိုက်တာဗျာ...။ မီးရှို့မယ်လို့ပြောပြီး သိမ်းထားမှာတော့ မဟုတ်ပါဘူးနော်။ သခင်လေးလည်း ကျွန်တော်ကိုချစ်ရဲ့သားနဲ့ ဘာလို့ဟန်ဆောင်နေရတာလဲ..။
ခံစားမှုကိုယ်စီနှင့် ထိုအကြင်သူနှစ်ဦးသည် ခက်ခဲလေသည်။
For Zawgyi
ရက္စြဲမ်ား
ေပ်ာ္ရဲ႕လားသခင္ေလး... အနာေပးလိုက္ ေဆးေပးလိုက္နဲ႔ ကြၽန္ေတာ့္ကိုကစားရတာ ေပ်ာ္ရဲ႕လား..။ အမ်ိဳးသမီးတစ္ဦးကို ေခတၱမွ်ေတြ႕႐ုံနဲ႔ သခင္ေလးရဲ႕စိတ္ေတြ အေရာင္ေျပာင္းကုန္ၿပီလား...။ ဟုတ္ရဲ႕လားသခင္ေလးရယ္.. ကြၽန္ေတာ္ခ်စ္ခဲ့တဲ့သခင္ေလးက အင္မတန္ တည္ၾကည္တဲ့လူသားပါ..။ ဘာေၾကာင့္အခ်ိန္တိုေလးအတြင္းမွာ ေျပာင္းလဲသြားတာလဲ။
Advertisement
သခင္ေလးႏွင့္မိမိတို႔ စကားအေခ်အတင္ ေျပာၿပီးေနာက္ သခင္ေလးႏွင့္မိမိ မ်က္ႏွာခ်င္းမဆိုင္ခဲ့တာ ယခုတြင္ႏွစ္ရက္မွ်ရွိၿပီ။ သခင္ေလးကလည္း မိမိအား ေခၚဆိုျခင္းမရွိသကဲ့သို႔ မိမိသည္ကလည္း သခင္ေလးထံ ခစားျခင္းမရွိ။ စိမ္းရက္ႏိုင္သူသခင္ေလးက မိမိအားမေခၚမေျပာဘဲ ေနႏိုင္သည္ရွိေသာ္လည္း မိမိသည္က မေနႏိုင္။ မ်က္ႏွာဆိုင္ေတြ႕လွ်င္ မျမင္ခ်င္ေယာင္ေဆာင္ထားေသာ္လည္း ကြယ္ရာတြင္ သခင္ေလးကို ခိုးၾကည့္မိသည္။ သခင္ေလးသည္က မိမိရွိသည္ကိုေတာင္ သတိထားမိဟန္မတူ။
ဟူး... ေနရခက္လိုက္တာ...။ ကြၽန္ေတာ္ေျပာတာမ်ားလြန္သြားတာလား။ ေျဖရွင္းလို႔ရတဲ့ျပႆနာေလးကို တစ္ေယာက္နဲ႔တစ္ေယာက္ ေျဖရွင္းခ်က္ေတြမေပးဘဲ အျပစ္တင္ရာက ႀကီးမားသြားတဲ့ ျပႆနာငယ္ပါ။ ဘာလို႔အခုလိုေတြ ခက္ထန္ေနရတာလဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ေျဖရွင္းလိုက္ရင္ ရရဲ႕သားနဲ႔ ေရွာင္ေနတာက မျဖစ္သင့္ဘူးမဟုတ္လား။ ထားပါေလ သူ႔ဘက္က စမေျပာေတာ့လည္း ကိုယ့္ကပဲစေျပာရတာေပါ့။
ထိုသို႔ စဥ္းစားခန္းဖြင့္ၿပီးေနာက္ သခင္ေလးရွိရာ ၿခံ၀န္းထဲသို႔လိုက္လာခဲ့သည္။
“ သခင္ေလး... "
“ ေျပာ "
“ သခင္ေလး ဘာလို႔ကြၽန္ေတာ့္ကိုစကားမေျပာတာလဲဟင္ "
“ ငါက အခ်ိန္တိုင္း မင္းကိုစကားလိုက္ေျပာေနရမွာလား နႏၵ "
“ အဲဒီလိုေတာ့လည္း မဟုတ္ပါဘူး...။ သခင္ေလးက ကြၽန္ေတာ့္ကို လုံး၀စကား မေျပာတာေလ "
“ အမွန္တိုင္းေျပာရရင္ေတာ့ မင္းက ေသြးနထင္လြန္းလို႔..။ နည္းနည္းေလာက္ အခြင့္ေရးေလးေပးတာနဲ႔ သိပ္ေရာက္တတ္လြန္းလို႔..။ သခင္ကို ပမာမခန႔္လုပ္လို႔ စကားမေျပာခ်င္တာ "
ျပတ္သားလြန္းသည့္ သခင္ေလး၏ စကားမ်ားသည္ ေနာက္ေျပာင္ေနျခင္းျဖစ္ဟန္မတူ။ တည္ၾကည္ေနသည့္မ်က္ႏွာက သူ၏စကားမ်ားသည္ အလြန္ေလးနက္ေနေၾကာင္း သက္ေသျပေနသေယာင္။ သခင္ေလး၏ ျပတ္သားလွေသာ စကားမ်ားကို ၾကားသည္ႏွင့္ တစ္ၿပိဳင္နက္ မိမိေျပာခ်င္သည့္ စကားလုံးတို႔သည္ ေခတၱမွ်ေပ်ာက္ရွကုန္သည္။
ထို႔ေနာက္ ဆယ္စကၠန႔္မွ်တိတ္ဆိတ္သြားေသာ ပတ္၀န္းက်င္ကို နႏၵဘက္မွ စတင္ၿဖိဳခြဲလိုက္သည္။
“ သခင္ေလး... မရွင္းလို႔ေမးခ်င္တာရွိတယ္။ သခင္ေလးနဲ႔ ကြၽန္ေတာ္တို႔ၾကားက ျပႆနာက အဲဒီေလာက္ခက္ထန္စရာ လိုလို႔လား။ ကြၽန္ေတာ္က ေသြးနထင္ေရာက္တယ္.. ပမာမခန႔္လုပ္တယ္လို႔ ေျပာတယ္ေနာ္။ ကြၽန္ေတာ္ဘာအျပစ္လုပ္ထားလို႔ အဲဒီလိုေျပာရတာလဲ သခင္ေလး "
ေကာင္ေလးက တကယ္စကားတတ္သည္။ သူ၏အေျပာမ်ားအၾကား သူ႔ကိုအျပစ္တင္ရန္ တစ္စြန္းတစ္စ ရွာမိသည္။ အေတာ္ကိုပင္ ရွာယူရပါသည္။
“ မင္း.. မေန႔ကေျပာသြားတာကို မင္းမမွတ္မိဘူးလားနႏၵ "
“ ကြၽန္ေတာ္ေကာင္ေကာင္းႀကီး မွတ္မိပါတယ္သခင္ေလး။ ကြၽန္ေတာ္မွတ္မိရသေလာက္ကေတာ့ ကြၽန္ေတာ္မမွားဘူး ထင္ပါတယ္ "
ထိုစကား ၾကားသည္ႏွင့္တစ္ၿပိဳင္နက္ စိုင္းထြဋ္ေခါင္သည္ စိတ္တိုေသာ အမူအရာျဖင့္ ထိုင္ေနရာမွ ထလိုက္ကာ နႏၵအား တင္းမာေသာ ေလသံျဖင့္စကားေျပာသည္။
“ မင္းေျပာတာက ငါမွားေနတာေပါ့ေလ "
“ သခင္ေလးမွားတယ္လို႔ ကြၽန္ေတာ္မဆိုလိုဘူး။ သခင္ေလးနဲ႔ကြၽန္ေတာ္နဲ႔ၾကားက ျပႆနာက အဲဒီေလာက္ႀကီးစရာလိုလို႔လား ေတြးမိ႐ုံပါ "
ဟုတ္ပါတယ္.. အဲဒီေလာက္ႀကီးစရာမလိုတဲ့ျပႆနာကို ကိုယ္က ပုံႀကီးခ်ဲ႕တာပါ။ အေၾကာင္းရင္းကေတာ့ တစ္ခုတည္းပါ။ လက္တြဲခြင့္မရေတာ့တဲ့သူကို ေမွ်ာ္လင့္ခ်က္ေတြ ဆက္မေပးခ်င္ဘူး။ သူဒီထက္ပိုၿပီး နာက်င္ေနမွာကို ကြၽန္ေတာ္မလိုလားတာမို႔ သူကြၽန္ေတာ့္ကို မုန္းသြားပါေစေတာ့ ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ ဒီလိုေျပာမိခဲ့တာပါ။
“ သခင္ေလး ကြၽန္ေတာ္ကို အေၾကာင္းျပခ်က္မရွိဘဲ ဘာေၾကာင့္ဒီလိုေျပာေနတာလဲ.. ကြၽန္ေတာ္မသိေတာ့ဘူး..။ ဒါေပမဲ့.. သခင္ေလးကို ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္က သခင္ေလးရဲ႕ကြၽန္ပါ။ ကြၽန္တစ္ေယာက္ျဖစ္တာမို႔ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြကိုလ်စ္လ်ဴရႈတာမ်ိဳးေတာ့ မလုပ္ပါနဲ႔...။ ကြၽန္ေတာ္လည္း လူသားတစ္ေယာက္ပါ ခံစားခ်က္ရွိပါတယ္..။ ႏွလုံးသား ရွိပါတယ္..။ နာက်င္တတ္ပါတယ္..။ ကစားလို႔ေကာင္းတဲ့အရာထဲမွာ ႏွလုံးသားနဲ႔ခံစားခ်က္မပါတာကို သခင္ေလးသိပါေစ "
နႏၵ၏စကားအဆုံး၌ စိုင္းထြဋ္ေခါင္သည္ ေလွာင္ေသာ အၿပဳံးတစ္ပြင့္ကို ဆင္ျမန္းလ်က္ ဆိုလာသည့္စကားသည္ နႏၵအား ၀မ္းနည္းမႈတို႔ကို ဖန္တီးေပးသည္။
“ ဟက္... ဘယ္လိုလုပ္ရမလဲ..။ ငါက ႏွလုံးသားနဲ႔ ခံစားခ်က္ေတြကို ကစားရတာ သိပ္သေဘာက်ေနတာ "
ထိုအခါ နႏၵသည္ ၀မ္းနည္းမႈကို မ်ိဳသိပ္လိုက္ကာ ဟန္ေဆာင္အၿပဳံးေလး ဆင္ျမန္းလ်က္ ဆိုလာသည့္ စကားက စိုင္းထြဋ္ေခါင္အတြက္ အထိနာလွသည္။
“ ဟုတ္ပါၿပီ သခင္ေလး..။ ႏွလုံးသားနဲ႔ခံစားခ်က္ေတြကို ကစားရတာ သခင္ေလးသေဘာက်တယ္ဆိုရင္လည္း ဆက္ကစားပါ..။ ဒါေပမဲ့ သခင္ေလးရဲ႕ႏွလုံးသားနဲ႔ခံစားခ်က္ေတြကိုပါ မကစားမိေစဖို႔ ကြၽန္ေတာ္ဆုေတာင္းေပးေနပါမယ္ "
ဟုတ္ပါရဲ႕ သူေျပာမွပဲသတိထားမိတယ္။ ကိုယ္က သူ႔ႏွလုံးသားကို ကစားမိရင္ ကိုယ့္ႏွလုံးသားပါ ကစားခံရမယ္မဟုတ္လား။ ဘာေၾကာင့္ဆိုေတာ့ ကြၽန္ေတာ္က သူ႔ကိုခ်စ္မိခဲ့တာမို႔လို႔ သူ႔ႏွလုံးသားနဲ႔ ကြၽန္ေတာ့္ႏွလုံးသားတို႔က ထပ္တူက်ေနတယ္ေလ။ ဒါကိုကြၽန္ေတာ္ သတိမထားမိလိုက္ဘူး။
ခံစားလိုက္ပါဦး စိုင္းထြဋ္ေခါင္..။ ဒါက ျဖဴစင္တဲ့ေကာင္ေလးရဲ႕ႏွလုံးသားကို နာက်င္ေနေစမိလို႔ ျပစ္ဒဏ္ေပးတဲ့အေနနဲ႔ မင္းပါ နာက်င္လိုက္ပါဦးကြာ။
“ သခင္ေလး ပန္းခ်ီကားက ၿပီးခါနီးေနၿပီမို႔လို႔ ဆက္ဆြဲရေအာင္ "
အမွန္ကေတာ့ သခင္ေလးနဲ႔ စကားအေခ်အတင္ ဆက္မေျပာခ်င္တာမို႔ စကားလမ္းေၾကာင္းလႊဲလိုက္တာပါ..။
“ ဒီေန႔ေတာ့ ပန္းခ်ီမဆြဲခ်င္ဘူးနႏၵ..။ မင္းေမးခြန္းေတြေမးလို႔ၿပီးၿပီလား.. ငါနားခ်င္ေနၿပီ "
“ နားႏိုင္ပါတယ္သခင္ေလး... တစ္ခုေတာ့ မွာလိုက္ပါရေစ...။ အျပစ္တင္တဲ့အခါ အေၾကာင္းျပခ်က္တို႔ ခိုင္လုံပါေစ..။ ကြၽန္ေတာ့္ကိုႏွင္ထုတ္ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ လက္ေလွ်ာ့လိုက္ပါသခင္ေလး..။ ဘာအမွားမွ မလုပ္မိေစဘဲ သခင္ေလးအနားမွာ အၿမဲခစားေနမွာမို႔လို႔ "
ေကာင္ေလး... မင္းက ငါကို အၿပဳံးလွလွေတြနဲ႔ပါ အႏိုင္ယူရတာ အားမရလို႔ စကားလုံးလွလွေတြနဲ႔ပါ အႏိုင္ယူတာလား။ မင္းအႏိုင္မယူခင္ကတည္းက အရႈံးေပးၿပီးသားပါ ေကာင္ေလး။ အႏိုင္ယူဖို႔ သိပ္မႀကိဳးစားပါနဲ႔ ။ မင္းပင္ပန္းမွာစိုးမိတယ္ ေကာင္ေလး။ မိသားစု၊ စီးပြားေရးဆိုတဲ့ အတားအဆီေတြသာ မပါခဲ့ရင္ မင္းနဲ႔တူတူ ဘ၀ကိုဆုံးခန္းတိုင္ ေလွ်ာက္လွမ္းမိမယ္ထင္တယ္..။
ဒီဘ၀ေတာ့ ဒီေလာက္ပဲထင္ပါတယ္။ မင္းနာက်င္မွာကိုေတာ့မၾကည့္ရက္ေပမဲ့ မင္းမုန္းသြားေအာင္ ဖန္တီးရမွာမို႔လို႔ အနည္းငယ္ေတာ့ နာက်င္ရလိမ့္မယ္ေကာင္ေလး.. ေတာင္းပန္ပါတယ္။
အၾကင္သူႏွစ္ဦးတြင္ တစ္ဦးမွာ ထိုသို႔ သတၱိနည္းေနသည္။ က်န္တစ္ဦးမွာမူ အာအင္းအျပည့္ႏွင့္ ေရွ႕တိုးမည့္ေျခလွမ္းမ်ားကို ျပင္ဆင္ေနေလသည္။
ကြၽန္ေတာ္ေျပာတာ မွန္သြားလားသခင္ေလး။ သခင္ေလးကကြၽန္ေတာ့္ကို ပထုတ္ဖို႔ ႀကိဳးစားေနတာမဟုတ္လား။ သခင္ေလးဘယ္လိုပဲ ပထုတ္ေနပါေစ ကြၽန္ေတာ္က ထြက္သြားဖို႔ ဆႏၵမရွိတာမို႔.. သခင္ေလးရွိရာ ဒီအိမ္ေတာ္ႀကီးထဲက တစ္ဖဝါးမွ ခြာမွာမဟုတ္ပါဘူး။
အခုေတာ့ အၿမဲလိုလို သခင္ေလးအနားမွာ ခစားေနတဲ့ ကြၽန္ေတာ့္ကိုႏွင္ထုတ္လိုက္ၿပီး ဆယ္ႏွစ္သားအ႐ြယ္လွထြန္းေလးကို သခင္ေလးအပါးေတာ္၀င္ေစတယ္တဲ့လား။ ရယ္ရတယ္သခင္ေလး.. ဆယ္ႏွစ္သားအ႐ြယ္ လွထြန္းေလးကို ေခၚခိုင္းေတာ့ ဘာေတြလုပ္တတ္မွာတဲ့လဲ။ သခင္ေလးရဲ႕ အလိုက် ဘယ္လိုျဖည့္ဆည္းေပးမွာတဲ့လဲ.. သိခ်င္စမ္းပါရဲ႕သခင္ေလးရယ္။
အနည္းငယ္ေတာ့ စိတ္ပူမိတယ္သခင္ေလး။ အရင္လို သခင္ေလးခံတြင္းမေတြ႕တဲ့ ဟင္းေတြကိုခ်က္ထားတဲ့အခါ.. ဘယ္သူက အလိုက္တသိနဲ႔ ဟင္းအသစ္ကိုျပင္ဆင္ေပးမွာလဲ။ သခင္ေလးသေဘာက်တဲ့ ႏွင္းဆီျဖဴေတြကို.. ဘယ္သူက ပန္းအိုးထဲမွာ အလိုက္သတိျပင္ဆင္မွာလဲ။ သခင္ေလး အျပင္သြားတဲ့အခါ.. ဘယ္သူက အလိုက္တသိ သခင္ေလးရဲ႕ အ၀တ္အစားေတြကို ထုတ္ေပးမွာလဲ။ ကြၽန္ေတာ့္ကို သခင္ေလးအနားမွာမထားေတာ့တာကို ေတြးၿပီး၀မ္းနည္းမေနပါဘူး။ သခင္ေလးက ကြၽန္ေတာ့္ကို နားခ်ိန္ေပးတယ္လို႔ သေဘာထားၿပီး ေက်းဇူးတင္ေနမယ္။
အေၾကာင္းျပခ်က္ ခိုင္ခိုင္လုံလုံမရွိဘဲ ပထုတ္လိုက္ကိုေတာ့ ကြၽန္ေတာ္သေဘာမက်ဘူး။ ဘာလို႔အခုလိုလုပ္ရတယ္ဆိုတဲ့ အေၾကာင္းအရင္းကို ကြၽန္ေတာ္စူးစမ္းဦးမွာပါ။ သခင္ေလးေပးတဲ့နားခ်ိန္ကို ကြၽန္ေတာ္က အလကားသက္သက္ အကုန္မခံပါဘူး။ သခင္ေလးက ပန္းခ်ီဆြဲဖို႔ မေျပာေတာ့ေပမဲ့.. ကြၽန္ေတာ့္ရဲ႕အျမင္အာ႐ုံထဲမွာ မွတ္သားၿပီးသားျဖစ္တဲ့ သခင္ေလးရဲ႕ ပုံရိပ္ေတြရွိေနတာမို႔.. ကြၽန္ေတာ္တစ္ေယာက္တည္း ဆြဲရလည္း အဆင္ေျပပါတယ္။
ထိုသို႔အေတြးကမာၻထဲ အလည္သြားကာ ၿခံထဲ၌ ပန္းခ်ီဆြဲေနသည့္ နႏၵသည္ ပတ္၀န္းက်င္ကိုသတိမထားမိ။ သူ႔အနားတြင္ စိုင္းထြဋ္ေခါင္ေရာက္ေနသည္ကိုလည္း သူမသိ။
“ မင္းဘာလုပ္ေနတာလဲနႏၵ... "
“ ဪ... သခင္ေလးေရာက္ေနတာလား ကြၽန္ေတာ္ပန္းခ်ီဆြဲေနတာပါ "
“ မင္းလက္ထဲက ပန္းခ်ီကားကို ငါ့ကိုေပး "
“ အမိန႔္အတိုင္းပါ "
ထိုပန္းခ်ီကားသည္ သခင္ေလး၏လက္ထဲသို႔ေရာက္သြားေသာအခါ သခင္ေလးေျပာလာသည့္စကားသည္ မိမိအား ဝမ္းနည္းမႈကို ျဖစ္ေပၚေစသည္။
“ အသုံးမက်တဲ့လက္ရာတစ္ခုနဲ႔ ငါ့ပုံတူကိုဆြဲဖို႔မထိုက္တန္ဘူး "
“ ဗ်ာ.. "
ဒါကေတာ့ သခင္ေလးအျပစ္ရွာေနတာ သိသာလြန္းပါတယ္။
“ မထိုက္တန္ရင္လည္း ကြၽန္ေတာ့္ကိုျပန္ေပးခဲ့ပါ။ ဆက္မဆြဲေတာ့ပါဘူး "
“ ငါ့ပုံတူက မင္းလက္ထဲမွာထားဖို႔လည္း မထိုက္တန္ဘူး "
“ မထိုက္တန္မဲ့အတူတူ ဆြဲၿဖဲလိုက္ပါလားသခင္ေလး.. အခုၿဖဲလိုက္ပါလား..။ ကြၽန္ေတာ္ အမႈိက္ပစ္လို႔ရေအာင္ေလ "
အ႐ြဲ႕တိုက္ေနသည့္ ေကာင္ေလး၏မ်က္ႏွာအမူအရာသည္ ယုံၾကည္မႈအျပည့္ႏွင့္။
“ ေနာက္မွ မီးရႈိ႕ပစ္မယ္ အခုေတာ့ယူသြားၿပီ "
မင္းနဲ႔ မနီးစပ္ရေတာ့မွာကိုသိေနတာမို႔လို႔ မနီးစပ္ေအာင္ ကိုယ္ကဖန္တီးရမွာမို႔လို႔ ေနာက္ဆုံးအမွတ္တရပစၥည္းအျဖစ္ ဒီပန္းခ်ီကားေလးကို သိမ္းထားပါရေစ။ မၾကာခင္ၾကားရေတာ့မယ့္ မဂၤလာသတင္းက မင္းအတြက္ေတာ့ မဂၤလာမရွိေလာက္ဘူး ထင္တယ္။
မင္းနဲ႔အတူတူရင္ဆိုင္ဖို႔ ကိုယ့္မွာသတၱိမရွိဘူး..။ မင္းနဲ႔ အတူတူဘ၀ကိုရင္ဆိုင္တဲ့အခါ အဆုံးသတ္မွာ မင္းကပိုၿပီးနာက်င္ရမွာ..။ မင္းနာက်င္ရမယ့္ ကိစၥအတြက္ ကိုယ္သတၱိမရွိဘူး..။ မခ်စ္လို႔ အေဝးကိုတြန္းပို႔တာာမဟုတ္ဘူးေနာ္ ေကာင္ေလး..။ ခ်စ္လို႔ မင္းနာက်င္မွာစိုးရိမ္လို႔ပါ။
အရီးေတာ္ရဲ႕ ရက္စက္မႈကို မင္းမသိဘူးထင္တယ္။ သူက ကိုယ္တို႔ေမတၱာမွ်ေနေၾကာင္းကိုသိရင္ ဒီအတိုင္းအလြတ္ေပးမယ္ထင္သလား..။ မဟုတ္ဘူးေနာ္..။ ေသကြဲကြဲေအာင္ သူဖန္တီးမွာ။ ေသကြဲေတာ့မကြဲခ်င္ဘူး ေကာင္ေလး။ သက္ရွိထင္ရွားရွိေနတဲ့ မင္းကို အေဝးကေနပဲ ခ်စ္ခြင့္ေပးပါ။
စိုင္းထြဋ္ေခါင္၏ ရင္တြင္း ဝန္ခံစကားကို နႏၵမၾကားရေပ။ ထို႔အတူပင္ နႏၵရင္တြင္းစကားကိုလည္း စိုင္းထြဋ္ေခါင္ မၾကားရေပ။
ဒီတစ္ခါေတာ့ သခင္ေလးဟန္ေဆာင္တာညံ့တယ္။ ဘာလို႔လဲ... ကိုယ္မႏွစ္သက္တဲ့ ပန္းခ်ီကားကို ဖ်က္ဆီးလိုက္လို႔ရရဲ႕သားနဲ႔ ဘာလို႔ ယူသြားရတာလဲ။ ကေလးဆန္လိုက္တာဗ်ာ...။ မီးရႈိ႕မယ္လို႔ေျပာၿပီး သိမ္းထားမွာေတာ့ မဟုတ္ပါဘူးေနာ္။ သခင္ေလးလည္း ကြၽန္ေတာ္ကိုခ်စ္ရဲ႕သားနဲ႔ ဘာလို႔ဟန္ေဆာင္ေနရတာလဲ..။
ခံစားမႈကိုယ္စီႏွင့္ ထိုအၾကင္သူႏွစ္ဦးသည္ ခက္ခဲေလသည္။
Advertisement
- In Serial52 Chapters
Mr. Ceo & I
Highest Ranking: # 15 in Romance on August, 5, 2018Highest Ranking: #1 in CEO on December, 15,2018Highest Ranking#1 in Interracial January,10,2020Asher, is the cocky, arrogant, rude, and closed off Ceo of The National Elect Industries. He works hard for what he wants. He has everything he needs except one thing... A personal assistant until Natalia fulfills the position. Unfortunately they loathe each other. She puts him in his place, while he pushes her buttons. However Natalia's young daughter clenches at Asher's heart and possibly ties Natalia and Asher together.Natalia, is a sarcastic, independent, opinionated, and strong willed women. Recently having a baby who is 3 years of age. Natalia fulfills the position of a personal assistant of the CEO of The National Elect Industries. She accepts the job to make a successful living for her and her daughter. However she can't stand him, let alone working for him. However, Natalia's little daughter warms up to Asher. She sees a side of him that draws her to him and possibly take interest in.
8 212 - In Serial56 Chapters
The Ecstasy Of Faking It
Emily Bennett thinks Charles Morrison is the love of her life, but what do you do when the love of your life suddenly breaks up with you?Fake date the guy he despises the most? That's exactly what she does. But who said fake dating a badboy was easy?Adrian Mackey is the true definition of trouble. He skips class, starts fights, talks back to everyone and definitely doesn't give two fucks about what people say about him. He and Charles have hated each other throughout highschool, so yeah, he agrees to fake date Charlie's ex just to piss him off but why is he starting to enjoy all of it?Warning: this story contains strong language, drug abuse, bullying, violence and sexual content.
8 212 - In Serial18 Chapters
Green Eyes | Larry Stylinson ❀
Harry gets into a coma after a bad accident and experiences flashbacks of his relationship with Louis while Louis visits him everyday in hopes he wakes up.
8 110 - In Serial29 Chapters
Old Work
-
8 192 - In Serial11 Chapters
Running | (GxG) (Darlentina)
In a world where Darna and Valentina never existed, only a pair named Narda and Regina."Stop running, I've caught you now"
8 128 - In Serial174 Chapters
I Became the Wife of The Monstrous Crown Prince
She transmigrated into the body of Ancia, the current wife of the monstrous crown prince, Blake, in an R-19 romance novel. In the original story, Ancia committed suicide on the day of their marriage, leaving Blake with massive trauma. But this time, Ancia wouldnt do such a thing. Blake was the second male lead in the original novel. He was portrayed as a beast that possessed an exquisite facade. Yet, right now, he was behaving just like an innocent rabbit. The only person who can remove the crown princes curse is the heroine, Diana. My role is to just keep this little boy from getting hurt and then step down in time, but.. Ancia, dont leave me!This little rabbit keeps chasing me.DISCLAIMER: This is Not my own story, credits to the respective Korean novel writer/owner (꿈결나무). This is for OFFLINE reading purposes only.
8 269

