《Amiss Prayer (Zawgyi&Unicode) [Completed]》Part-23(နာကျင်မှု)
Advertisement
For Unicode
နာကျင်မှု
သခင်လေးမည်မျှပင် ဟန်ဆောင်မကောင်းနေပါစေ သခင်လေးပြောခဲ့သည့် လမ်းခွဲစကားကို ယခုအချိန်ထိ နာကျင်နေသေးသည်။
လက်မခံနိုင်ဘူးသခင်လေး လွယ်လွယ်ကူကူစတင်ခဲ့ခြင်းမဟုတ်လို့ လွယ်လွယ်ကူကူအဆုံးမသတ်ပေးနိုင်ဘူး။ ခိုင်လုံတဲ့အကြောင်းပြချက်ကို ပြတ်ပြတ်သားသားမပေးနိုင်ကတည်းက သခင်လေး ကျွန်တော့်ကို ချစ်နေကြောင်း သက်သေပြနေတာနဲ့အတူတူပဲလေ..။ ဒါနဲ့များ ဘာလို့လမ်းခွဲစကား ဆိုတာလဲဗျာ..။
မိမိနှလုံးသားကို ကစား၍၀သောကြောင့် လမ်းခွဲရသည်ဟူသော စကားကို နည်းနည်းမျှသဘောမကျ။ နာကျင်မိသည်။
မကြာခင်က ရပ်ဆဲသွားသော မျက်ရည်တို့သည် နာကျင်မှုကြောင့်တစ်ဖန်ပြန်လည် စီးဆင်းလာပြန်သည်။ မိမိရင်းခဲ့ရသည့်နှလုံးသားကို သူက ကစားခဲ့သည်တဲ့လား။ နာကျင်ရသည်။ နာကျင်ရင်းနှင့် နာကြည်း၍မရသည်က ပိုပင်ပန်းသည်။
ခေတ္တကြာသောအခါ ငိုနေသော နန္ဒသည် တစ်ဖန်ပြန်ပြုံးလာပြန်သည်။ တခြားသူများသာ မြင်ပါက ‘ဒီကောင်လေး ရူးနေပြီ’ ဟုသာ ထင်မည်။ တစ်ယောက်တည်းငိုနေခြင်း၊ ခေတ္တမျှကြာလျှင် တိတ်ဆိတ်သွားခြင်း၊ ထပ်၍ ခေတ္တမျှကြာလျှင် မျက်ရည်များဖြင့်ပြုံးနေခြင်း စသည်အမူအရာတို့ဖြင့် တစ်ယောက်တည်းသာဝေခွဲမရ၊ ဆုံးဖြတ်ရခက်ခဲနေသော သူ၏ပုံစံသည် သနားဖွယ်အတိ...။
ဝေခွဲ၍မရ၊ ဆုံးဖြတ်ရခက်နေသည်တို့မှာ မိမိနှလုံးသားကိုကစားခဲ့သည့် သခင်လေးအား မုန်းချင်သည်။ သို့သော် မုန်း၍မရ။ မုန်း၍မရသောကြောင့် ထွက်သွားချင်သည်။ သို့သော် ကျန်းမာရေးချူချာလှသော အဘကြောင့် ထွက်သွား၍လည်းမရ။ အရူးမီးဝိုင်းသကဲ့သို့ပင်။
မုန်း၍မရ ထွက်သွားရန်လည်းမဖြစ်နိုင်တော့သည့်အဆုံး သခင်လေးကို မြင်နေသမျှကာလပတ်လုံး သခင်လေးကို ဆက်ချစ်နေရုံသာ..။
နောက်ဆုံးတော့ နန္ဒတစ်ယောက် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီ။ အဲဒီဆုံးဖြတ်ချက်က မှန်ကန်ပါ့မလား။
ကျွန်တော့်နှလုံးသားကို ကစားနေသည်ဆိုလင့်ကစား ကျွန်တော်က ဆက်၍အသုံးတော်ခံပေးမည်ဖြစ်၍ ဆက်၍သာ ကစားပေးပါ။ သခင့်အနားကထွက်သွားဖို့ ရည်ရွယ်ချက် မရှိသည်ဖြစ်၍ သခင့်အပါးတွင် ကပ်ပါးကောင်သဖွယ် နေနေရဦးမည်။
အေးစက်နေသာ လေညင်းသည် ခြုံထည်အပိုမပါသော နန္ဒ၏ခန္ဓာကိုယ်လေးအား ညှာတာခြင်းမရှိ တိုက်ခတ်မြဲ တိုက်ခတ်နေသည်။
ထို့အတူ သခင်လေးပင် မုန်းလင့်ကစား မိမိသည်လည်း သခင်လေးအား ဆက်၍ချစ်မြဲ ချစ်နေဦးမည်။
ဆူညံသံတစ်စုံတစ်ရာမရှိ.. တိတ်ဆိတ်မှုအတိရှိသော ပတ်၀န်းကျင်နှင့် လေညင်း၏အေးစက်မှုတို့သည် နန္ဒ၏တိတ်ဆိတ်မှုနှင့် အေးစက်မှုတို့ကိုမမီခဲ့။ မျက်ရည်များ ကုန်လုနီးနီးအထိ ငိုကြွေးခဲ့သည်ဟု မှတ်ယူထားသည်။
အေးစက်နေသော လေညင်းသည် နန္ဒ၏ ကိုယ်ငယ်လေးအား မအေးခဲစေခဲ့။ သို့သော် နှလုံးသားကိုမူ အေးခဲစေခဲ့သည်။ ထိုသို့အေးခဲခြင်းသည် မိမိအနေနှင့် သခင်လေးအပေါ်ထားသည့် ခံစားချက်များအေးခဲသွားခြင်းမဟုတ်။ နှလုံးသား၌ရှိသော သခင်လေးအားချစ်ခြင်းကို ပျောက်ကွယ်မသွားစေရန် အေးခဲမှုဖြင့် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
ဆုံးဖြတ်ချက်တို့ သေချာပြီးသည့်နောက် နန္ဒသည် ယခင်ကကဲ့သို့ နူးညံ့တတ်သော ကြင်နာတတ်သော နန္ဒမဟုတ်တော့။ သွေးအေးအေးနှင့် ရက်စက်သည့်အသွင်ကို ဆောင်နေသည်။
ထိုနေ့ကတွင် ညကိုးနာရီထိုးသည်အထိ နန္ဒအိမ်ပြန်မလာခဲ့ပေ။ အိမ်ရှိ ယောက်ျားသားတို့ကိုလည်း ရှာဖွေကြသည်။
ဦးသစ္စာမှာလည်း အလွန်အမင်းကို စိတ်ပူနေသည်။ သူ၏သားလေးသည် နှစ်စေ့ကံကုန်ခြင်းဖြင့် တစ်ခုခုများဖြစ်နေမည်လားဟု ထင်ကာ ရင်၀ယ်မီးတောက်နေသည်။
“ သားတော် ဘာလို့သူ့ကိုထားခဲ့တာလဲကွယ်.. မြို့အကြောင်း သိပ်မသိတဲ့လူက ဘယ်ကိုသွားစရာရှိတာတဲ့လဲ..။ ပေါ်တာဆွဲလို့များ ပါသွားလေသလား “
“ သားတော်မသိဘူးမယ်မယ် သူခဏနေခဲ့ဦးမယ်ဆိုပြီးတော့ ကျန်ခဲ့တာပါပဲ “
ကောင်လေးရယ် မင်းဘယ်ကိုသွားနေတာလဲ။ စိတ်ပူလို့ ရူးရတော့မယ်။ ဒီလိုဖြစ်မယ်မှန်းသိရင် မထားခဲ့ပါဘူးကွာ။ အခုတော့ မင်းခဏလောက်စိတ်ပြေလက်ပျောက်နေတာပါဆိုပြီ ထားခဲ့မိတာ ကိုယ်မှားသွားပြီလား။ နောက်ပြီး ဦးသစ္စာပြောတာ ကြားရတယ်..။ ဒီနေ့က မင်းမွေးနေ့တဲ့။ မွေးနေ့မှန်းသာ သိခဲ့ရင် ကိုယ်ဒီလို ရက်စက်မိတယ်မထင်ဘူး။ တောင်းပန်ပါတယ် ကောင်လေးရယ်...။
ထိုသို့သခင်လေး၏ ရင်တွင်းစကားကိုမည်သူမျှမကြားခဲ့။ ရင်ထဲတွင် လောင်မြိုက်နေသော မီးတို့ကိုလည်း မည်သူမျှ မမြင်ခဲ့။
သွားရှာနေသော သူများထံမှလည်း သတင်းအစအန မတွေ့သည်နှင့် စိုင်းထွဋ်ခေါင်သည် သူကိုယ်တိုင်ရှာရန် ကားစက်နှိုးနေချိန်တွင် နန္ဒပြန်ရောက်လာခဲ့သည်။ နန္ဒကိုတွေ့တွေ့ချင်းပင် စိုင်းထွဋ်ခေါင်သည် နန္ဒ အနားသို့ ပြေးသွားခဲ့သည်။ နန္ဒမှာမူ အနားသို့ရောက်လာသော စိုင်းထွဋ်ခေါင်ကို ဂရုမပြု..။ လမ်းလျှောက်မြဲ လျှောက်နေသည်။ ထို့ကြောင့် နန္ဒ၏ကိုယ်ငယ်လေးအား လှုပ်ရမ်းကာ စကားပြောခဲ့သည်။
“ မင်းဘယ်တွေသွားနေတာလဲ နန္ဒ ဟမ်.. “
“ ထားခဲ့တဲ့နေရာမှာပဲ ရပ်နေခဲ့တာပါ “
“ ဘာလို့ အခုချိန်မှ ပြန်လာရသလဲ.. ပြန်လာတဲ့အချိန်ကို ကြည့်ဦး.. ငါတို့တွေ မင်းကို ဘယ်လောက် စိုးရိမ်ခဲ့တယ်ထင်သလဲ “
“ ဟက်... စိုးရိမ်တယ်လား.. မုန်းနေတဲ့သူကို စိုးရိမ်စရာမလိုဘူးလေ..။ အခုက စိုးရိမ်နေတာဆိုတော့ ချစ်နေတုန်းပဲမဟုတ်လား “
“ ဒီအချိန်က ဒါတွေပြောနေရမယ့်အချိန် မဟုတ်ဘူး နန္ဒ “
“ အဲဒါဆို ပြောလို့ရမယ့်အချိန်လေးကို ပြောပြပါဦး..။ ကျွန်တော်လာပြောမို့လေ.. “
ကောင်လေးစကားပြောနေပုံသည် အရင်ကနှင့်မတူ အေးစက်စက်နှင့် လိပ်ပြာလွင့်နေသည့် သူနှယ်။
အပများ မှီလာသလားကောင်လေးရယ်..
“ တောင်စောင်းမှာရပ်နေရင်း အကြာကြီးစဉ်းစားခဲ့တယ်...။ သခင်လေးအနားက ထွက်သွားဖို့နဲ့ ထွက်မသွားဖို့ကို အချိန်အကြာကြီးတွေဝေနေခဲ့တာ..။ တကယ်လို့.. သခင်လေးရဲ့အနားကထွက်သွားမယ်ဆုံးဖြတ်ခဲ့ရင် အခုအချိန်.. သခင်လေးတို့ ကျွန်တော့်အလောင်းကို သိမ်တောင်အောက်မှာ ပွဲပေးပြီးရှာနေရလောက်ပြီ..။ ဒါပေမဲ့ အခုက ကျွန်တော်ဒီအိမ်ကို ပြန်ရောက်လာပြီဆိုတော့.. ကျွန်တော်ဘာကိုဆိုလိုလဲ သခင်လေးသိမှာပါ...”
Advertisement
သိတယ်ကောင်လေး.. မင်းပြောချင်တာကိုသိတယ်။ ထွက်မသွားဘူးဆိုတော့ ရှေ့ဆက်တိုးမယ်ပေါ့..။ ဘာလို့များခေါင်းမာရတာလဲ ကောင်လေးရယ်..။ အဆုံးသတ်မှာ မင်းကို သိပ်နာကျင်မှာစိုးတယ်..။
“ လွယ်ကူခြင်းမရှိတဲ့ တေးသွားတစ်ပုဒ်ကို အဆိုရှင်ကလည်း ခက်ခက်ခဲခဲ သီဆိုရတယ်...။ အဲဒီလိုပဲ လွယ်ကူခြင်းမရှိတဲ့ ကျွန်တော်တို့ရဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်ကလည်း ခက်ခက်ခဲခဲနဲ့ ရှေ့ဆက်တိုးပြီး ကမိနေဦးမယ်..။ သခင်လေး စိတ်ရှုပ်နေမယ်ဆိုတာကို သိတယ်..။ သိလို့လည်း ကြိုပြီးတောင်းပန်ထားမယ်နော်..”
နန္ဒစကားအား ပြန်လည်မတုံ့ပြန်ရသေးခင် မယ်မယ်က နန္ဒအားတွေ့ကာ လှမ်းခေါ်လိုက်သောကြောင့် နန္ဒနှင့် မိမိတို့ စကားပြတ်သွားသည်။
“ နန္ဒ.. မင်းကွယ် ဘယ်ကိုများသွားလေသလဲ..။ အိမ်တော်ကလူတွေ အကုန်လုံးစိုးရိမ်နေကြတာ “
“ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် သခင်မကြီး။ အရေးကြီးကိစ္စရှိနေလို့ ခဏကျန်ခဲ့တာပါ “
“ ခေတ်အခါကြီးက မကောင်းရကြားထဲ မင်းတစ်ခုခုဖြစ်မှာ စိတ်ပူနေကြတာကွယ်..။ မင်းအဘနဲ့ မင်းသခင်လေးဆို ထိုင်လို့တောင်မရဘူး ယောက်ယက်ခတ်နေတာ “
“ စိတ်ပူစေမိလို့ အားလုံးကို တောင်းပန်ပါတယ် “
“ အေးအေး.. ရှိစေတော့ ရှိစေတော့...။ဒါပေမဲ့ ဒါနောက်ဆုံးဖြစ်ပါစေ နန္ဒ “
“ ဟုတ်ကဲ့ သခင်မကြီး “
သခင်မကြီးဒေါ်နန်းသီရိ၏စကားကို ပြန်ဖြေနေသော်လည်း နန္ဒပြောနေသော လေသံတို့သည် အသက်မပါ။ မျက်နှာသည်လည်း ရွှင်ပျခြင်းမရှိ၊ ၀မ်းနည်းခြင်းမရှိ၊ ကြောက်ရွံခြင်းမရှိ၊ တစ်စုံတစ်ရာသော ခံစားမှုတို့ရှိမနေခဲ့။
ထိုနေ့ညတွင် နန္ဒ၏ပြောင်းလဲသွားသော အမူအရာကို သခင်လေးတစ်ယောက်တည်းသာ သိနေသည်မဟုတ်..။ အိမ်တော်ရှိလူတိုင်းလိုလို ရိပ်မိပါသည်။ သို့သော် မည်သည့်အရာကြောင့် ပြောင်းလဲရကြောင်း မသိခဲ့ပေ။ အလုပ်သမားတန်းသို့ပြန်ရောက်သောအခါ ဦးသစ္စာက နန္ဒအားစိုးရိမ်တကြီးမေးရှာသည်။
“ သား.. လူလေး ဘာဖြစ်လာတာလဲကွယ်.. ဘာလို့အခုမှပြန်လာတာလဲ.. အဘဖြင့် စိတ်ပူလိုက်တာကွယ် “
“ အသိတွေ့လို့ နှုတ်ဆက်ရင်း စကားပြောရင်း ကြာသွားတာပါအဘ..။ မစိုးရိမ်ပါနဲ့ ညနက်နေပြီအဘ အိပ်တော့နော်။ ကျွန်တော်လည်း ရေချိုးပြီးနားတော့မယ် “
နောက်တစ်နေ့မနက်တွင် မိမိအား မဖိတ်ခေါ်သော သခင်လေး၏အခန်းသို့ ရောက်နေခဲ့သည်။ မိမိမရောက်ဖြစ်သည့် ကာလလေးအတွင်းတွင် ယခင်ကဲ့သို့ ပစ္စည်းများသည်လည်း နေရာတကျမရှိ။ ပန်းအိုးရှိ ပန်းတို့မှာလည်း ခြောက်သွေ့နေသည်။ ရှင်လင်းသင့်သည်များကို ရှင်းလင်းနေခိုက် သခင်လေးနိုးလာခဲ့သည်။
“ နိုးပြီလားသခင်လေး “
“ မင်းက.. ဘယ်လိုလုပ်.. အခန်းထဲရောက်နေတာလဲ ငါ့ရဲ့ အပါးစေက လှထွန်းလေ... လှထွန်းဘယ်မှာလဲ “
“ ဆယ်နှစ်ကျော်ကျော်ကလေးက ဘာတွေလုပ်နိုင်မှာလဲ သခင်လေး..။ ဟိုကခြောက်သွေ့နေတဲ့ ပန်းတွေကို ကြည့်ပါဦး။ အဲဒါတွေက ဆယ်နှစ်သားကလေးရဲ့ အလိုက်သိမှုကြီးလား “
“ ငါမခိုင်းလို့ သူမလုပ်တာ “
“ အခုလို မခိုင်းဘဲ အလိုက်သိလုပ်ပေးနေတဲ့ ကျွန်တော်ရှိတော့ သခင်လေးမမောရတော့ဘူးမဟုတ်လား..။ အဲဒါတွေကိုထားပါ အခုတော့ မျက်နှာသစ်လိုက်ပါဦး..။ မနက်စောစောစီးစီး ဒေါသထွက်တာက လူကို အကျည်းတန်စေတယ်...။ နေ့တစ်နေ့ရဲ့အစမှာ ရွှင်ပျနေမှ တစ်နေကုန် စိတ်ကြည်မှာ..။ အဲဒီလိုမဟုတ်ဘဲ နိုးကတည်းက စိတ်တိုနေရင် တစ်နေကုန် စိတ်မကြည်တော့ဘူး “
“ စိတ်တိုအောင် မင်းပဲလုပ်တာ..။ မင်းရောက်နေကတည်းက ငါစိတ်မကြည်တာပဲ “
“ ဟုတ်ရဲ့လားဗျာ... မနက်နိုးစမှာ ချစ်ရသူရဲ့မျက်နှာကို မြင်ရခြင်းက စည်းစိမ်တစ်ခုပါ..။ အဲဒါကြောင့် သခင်လေးကို ကျွန်တော်က မျက်နှာလာပြပြီး စည်းစိမ်လာပေးတာလေ..”
ကောင်လေး၏စကားတို့သည် သိပ်ကိုရဲတင်းလွန်းသည်။ ယခင်က မိမိလေသံမာသည်နှင့် ငိုနေသည့် ကောင်လေးမဟုတ်တော့ပေ။ စင်စစ် နိုးနိုးချင်းတွင် သူ့ကိုတွေ့ရ၍ ပျော်နေခဲ့ရပါသည်။ သို့သော် ဟန်ဆောင်ရဦးမည်...။
ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာသည်အထိ ကောင်လေးသည် အခန်းထဲ၌ရှိနေသေးသည်။ ထို့နောက် သူလုပ်နေကျတာ၀န်အတိုင်းပင် အင်္ကျီလာ၀တ်ပေးခဲ့သည်။
“ မနေ့က အဆက်လေးကို ဆက်ပါရစေဦး...။ မလိုချင်ဘူးမဟုတ်လား.. မုန်းတယ်လို့ပြောပါလား..။ အခု ကျွန်တော့်မျက်နှာကို ကြည့်ပြီး မုန်းတယ်လို့ ပြောလေ။ ဘာလို့မပြောနိုင်ရတာလဲ..။ အဲဒါက သခင်လေးရင်ထဲမှာ ကျွန်တော်ရှိနေလို့မဟုတ်လား...။ မလိမ်ပါနဲ့ ကိုယ့်ကိုယ်ကိုပြန်လိမ်ရတာက ပင်ပန်းတယ် “
“ ချစ်တယ်လို့ မပြောခဲ့တာက မုန်းလို့မဟုတ်ဘူး နန္ဒ။ အဲဒီလိုပဲ မုန်းတယ်လို့ မပြောခဲ့တာကလည်း ချစ်နေလို့မဟုတ်ဘူး...။ မင်းသိထားရမှာက လောကမှာ ဖြစ်သင့်တာရှိတယ် မဖြစ်သင့်တာရှိတယ်။ မဖြစ်သင့်တာကို အတင်းလုပ်ခဲ့ရင်.. မိုက်မဲခဲ့ရင်.. အဆုံးသတ်က နှစ်ယောက်လုံးအတွက် လှပမှာမဟုတ်တော့ဘူး.. “
ထိုစကားကြားပြီးနောက် သူ့နှုတ်ခမ်းထက်၀ယ် ပန်ဆင်လိုက်သည့် နှုတ်ခမ်းတစ်ဖက်ကွေးရုံမျှသာ ပြုံးလိုက်သော ရွဲ့ပြုံးလေးသည် လူတစ်ယောက်ကို လှောင်ပြောင်နိုင်စွမ်း အပြည့်ရှိသည်။
“ ဟက်.. လှပမှာ မဟုတ်မှန်းသိရင် ဘာလို့ ဖန်တီးခဲ့သေးလဲ။ သခင်လေး ကျွန်တော့်ကို ချစ်ခဲ့တယ်မဟုတ်လား။ ကျွန်တော်လည်းချစ်ခဲ့တယ်လေ။ ချစ်မိလို့ပေးမိတဲ့နှလုံးသားက အခုချိန်မှ ပြန်ယူလို့လည်းရတော့ဘူး “
Advertisement
“ ငါကလည်း အပိုင်မသိမ်းထားတာမို့ အချိန်မရွေးလာယူနိုင်တယ်.. “
“ ပြန်ယူဖို့ ဆန္ဒမရှိတာမို့ တောင်းပန်ပါတယ်သခင်လေး...”
“ မင်းသိပ်ခေါင်းမာတယ် နန္ဒ “
“ အခုမှသိတာလား.. ဒါဆိုရင် သခင်လေးသိတာ နောက်ကျတယ်။ အခုတော့ အပြစ်တင်နေတာတွေကို ခဏထားပြီး အောက်ဆင်းလိုက်ပါဦး။ သခင်မကြီးတို့ စောင့်နေရောပေါ့ “
နန္ဒ၏ စကားဆုံးပြီးနောက် ထိုသူနှစ်ဦး၏ ရင်ခုန်သံ ငြင်းခုန်ပွဲလေးကို ဤနေရာတွင် တစ်ခန်းရပ်ခဲ့သည်။ အခန်းဆက်များအား မျှော်လင့်၍ရနိုင်သေးသည်။
For Zawgyi
နာက်င္မႈ
သခင္ေလးမည္မွ်ပင္ ဟန္ေဆာင္မေကာင္းေနပါေစ သခင္ေလးေျပာခဲ့သည့္ လမ္းခြဲစကားကို ယခုအခ်ိန္ထိ နာက်င္ေနေသးသည္။
လက္မခံႏိုင္ဘူးသခင္ေလး လြယ္လြယ္ကူကူစတင္ခဲ့ျခင္းမဟုတ္လို႔ လြယ္လြယ္ကူကူအဆုံးမသတ္ေပးႏိုင္ဘူး။ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ကို ျပတ္ျပတ္သားသားမေပးႏိုင္ကတည္းက သခင္ေလး ကြၽန္ေတာ့္ကို ခ်စ္ေနေၾကာင္း သက္ေသျပေနတာနဲ႔အတူတူပဲေလ..။ ဒါနဲ႔မ်ား ဘာလို႔လမ္းခြဲစကား ဆိုတာလဲဗ်ာ..။
မိမိႏွလုံးသားကို ကစား၍၀ေသာေၾကာင့္ လမ္းခြဲရသည္ဟူေသာ စကားကို နည္းနည္းမွ်သေဘာမက်။ နာက်င္မိသည္။
မၾကာခင္က ရပ္ဆဲသြားေသာ မ်က္ရည္တို႔သည္ နာက်င္မႈေၾကာင့္တစ္ဖန္ျပန္လည္ စီးဆင္းလာျပန္သည္။ မိမိရင္းခဲ့ရသည့္ႏွလုံးသားကို သူက ကစားခဲ့သည္တဲ့လား။ နာက်င္ရသည္။ နာက်င္ရင္းႏွင့္ နာၾကည္း၍မရသည္က ပိုပင္ပန္းသည္။
ေခတၱၾကာေသာအခါ ငိုေနေသာ နႏၵသည္ တစ္ဖန္ျပန္ၿပဳံးလာျပန္သည္။ တျခားသူမ်ားသာ ျမင္ပါက ‘ဒီေကာင္ေလး ႐ူးေနၿပီ’ ဟုသာ ထင္မည္။ တစ္ေယာက္တည္းငိုေနျခင္း၊ ေခတၱမွ်ၾကာလွ်င္ တိတ္ဆိတ္သြားျခင္း၊ ထပ္၍ ေခတၱမွ်ၾကာလွ်င္ မ်က္ရည္မ်ားျဖင့္ၿပဳံးေနျခင္း စသည္အမူအရာတို႔ျဖင့္ တစ္ေယာက္တည္းသာေဝခြဲမရ၊ ဆုံးျဖတ္ရခက္ခဲေနေသာ သူ၏ပုံစံသည္ သနားဖြယ္အတိ...။
ေဝခြဲ၍မရ၊ ဆုံးျဖတ္ရခက္ေနသည္တို႔မွာ မိမိႏွလုံးသားကိုကစားခဲ့သည့္ သခင္ေလးအား မုန္းခ်င္သည္။ သို႔ေသာ္ မုန္း၍မရ။ မုန္း၍မရေသာေၾကာင့္ ထြက္သြားခ်င္သည္။ သို႔ေသာ္ က်န္းမာေရးခ်ဴခ်ာလွေသာ အဘေၾကာင့္ ထြက္သြား၍လည္းမရ။ အ႐ူးမီးဝိုင္းသကဲ့သို႔ပင္။
မုန္း၍မရ ထြက္သြားရန္လည္းမျဖစ္ႏိုင္ေတာ့သည့္အဆုံး သခင္ေလးကို ျမင္ေနသမွ်ကာလပတ္လုံး သခင္ေလးကို ဆက္ခ်စ္ေန႐ုံသာ..။
ေနာက္ဆုံးေတာ့ နႏၵတစ္ေယာက္ ဆုံးျဖတ္ခ်က္ခ်ႏိုင္ခဲ့ၿပီ။ အဲဒီဆုံးျဖတ္ခ်က္က မွန္ကန္ပါ့မလား။
ကြၽန္ေတာ့္ႏွလုံးသားကို ကစားေနသည္ဆိုလင့္ကစား ကြၽန္ေတာ္က ဆက္၍အသုံးေတာ္ခံေပးမည္ျဖစ္၍ ဆက္၍သာ ကစားေပးပါ။ သခင့္အနားကထြက္သြားဖို႔ ရည္႐ြယ္ခ်က္ မရွိသည္ျဖစ္၍ သခင့္အပါးတြင္ ကပ္ပါးေကာင္သဖြယ္ ေနေနရဦးမည္။
ေအးစက္ေနသာ ေလညင္းသည္ ၿခဳံထည္အပိုမပါေသာ နႏၵ၏ခႏၶာကိုယ္ေလးအား ညႇာတာျခင္းမရွိ တိုက္ခတ္ၿမဲ တိုက္ခတ္ေနသည္။
ထို႔အတူ သခင္ေလးပင္ မုန္းလင့္ကစား မိမိသည္လည္း သခင္ေလးအား ဆက္၍ခ်စ္ၿမဲ ခ်စ္ေနဦးမည္။
ဆူညံသံတစ္စုံတစ္ရာမရွိ.. တိတ္ဆိတ္မႈအတိရွိေသာ ပတ္၀န္းက်င္ႏွင့္ ေလညင္း၏ေအးစက္မႈတို႔သည္ နႏၵ၏တိတ္ဆိတ္မႈႏွင့္ ေအးစက္မႈတို႔ကိုမမီခဲ့။ မ်က္ရည္မ်ား ကုန္လုနီးနီးအထိ ငိုေႂကြးခဲ့သည္ဟု မွတ္ယူထားသည္။
ေအးစက္ေနေသာ ေလညင္းသည္ နႏၵ၏ ကိုယ္ငယ္ေလးအား မေအးခဲေစခဲ့။ သို႔ေသာ္ ႏွလုံးသားကိုမူ ေအးခဲေစခဲ့သည္။ ထိုသို႔ေအးခဲျခင္းသည္ မိမိအေနႏွင့္ သခင္ေလးအေပၚထားသည့္ ခံစားခ်က္မ်ားေအးခဲသြားျခင္းမဟုတ္။ ႏွလုံးသား၌ရွိေသာ သခင္ေလးအားခ်စ္ျခင္းကို ေပ်ာက္ကြယ္မသြားေစရန္ ေအးခဲမႈျဖင့္ ထိန္းခ်ဳပ္လိုက္ျခင္းျဖစ္သည္။
ဆုံးျဖတ္ခ်က္တို႔ ေသခ်ာၿပီးသည့္ေနာက္ နႏၵသည္ ယခင္ကကဲ့သို႔ ႏူးညံ့တတ္ေသာ ၾကင္နာတတ္ေသာ နႏၵမဟုတ္ေတာ့။ ေသြးေအးေအးႏွင့္ ရက္စက္သည့္အသြင္ကို ေဆာင္ေနသည္။
ထိုေန႔ကတြင္ ညကိုးနာရီထိုးသည္အထိ နႏၵအိမ္ျပန္မလာခဲ့ေပ။ အိမ္ရွိ ေယာက္်ားသားတို႔ကိုလည္း ရွာေဖြၾကသည္။
ဦးသစၥာမွာလည္း အလြန္အမင္းကို စိတ္ပူေနသည္။ သူ၏သားေလးသည္ ႏွစ္ေစ့ကံကုန္ျခင္းျဖင့္ တစ္ခုခုမ်ားျဖစ္ေနမည္လားဟု ထင္ကာ ရင္၀ယ္မီးေတာက္ေနသည္။
“ သားေတာ္ ဘာလို႔သူ႔ကိုထားခဲ့တာလဲကြယ္.. ၿမိဳ႕အေၾကာင္း သိပ္မသိတဲ့လူက ဘယ္ကိုသြားစရာရွိတာတဲ့လဲ..။ ေပၚတာဆြဲလို႔မ်ား ပါသြားေလသလား “
“ သားေတာ္မသိဘူးမယ္မယ္ သူခဏေနခဲ့ဦးမယ္ဆိုၿပီးေတာ့ က်န္ခဲ့တာပါပဲ “
ေကာင္ေလးရယ္ မင္းဘယ္ကိုသြားေနတာလဲ။ စိတ္ပူလို႔ ႐ူးရေတာ့မယ္။ ဒီလိုျဖစ္မယ္မွန္းသိရင္ မထားခဲ့ပါဘူးကြာ။ အခုေတာ့ မင္းခဏေလာက္စိတ္ေျပလက္ေပ်ာက္ေနတာပါဆိုၿပီ ထားခဲ့မိတာ ကိုယ္မွားသြားၿပီလား။ ေနာက္ၿပီး ဦးသစၥာေျပာတာ ၾကားရတယ္..။ ဒီေန႔က မင္းေမြးေန႔တဲ့။ ေမြးေန႔မွန္းသာ သိခဲ့ရင္ ကိုယ္ဒီလို ရက္စက္မိတယ္မထင္ဘူး။ ေတာင္းပန္ပါတယ္ ေကာင္ေလးရယ္...။
ထိုသို႔သခင္ေလး၏ ရင္တြင္းစကားကိုမည္သူမွ်မၾကားခဲ့။ ရင္ထဲတြင္ ေလာင္ၿမိဳက္ေနေသာ မီးတို႔ကိုလည္း မည္သူမွ် မျမင္ခဲ့။
သြားရွာေနေသာ သူမ်ားထံမွလည္း သတင္းအစအန မေတြ႕သည္ႏွင့္ စိုင္းထြဋ္ေခါင္သည္ သူကိုယ္တိုင္ရွာရန္ ကားစက္ႏႈိးေနခ်ိန္တြင္ နႏၵျပန္ေရာက္လာခဲ့သည္။ နႏၵကိုေတြ႕ေတြ႕ခ်င္းပင္ စိုင္းထြဋ္ေခါင္သည္ နႏၵ အနားသို႔ ေျပးသြားခဲ့သည္။ နႏၵမွာမူ အနားသို႔ေရာက္လာေသာ စိုင္းထြဋ္ေခါင္ကို ဂ႐ုမျပဳ..။ လမ္းေလွ်ာက္ၿမဲ ေလွ်ာက္ေနသည္။ ထို႔ေၾကာင့္ နႏၵ၏ကိုယ္ငယ္ေလးအား လႈပ္ရမ္းကာ စကားေျပာခဲ့သည္။
“ မင္းဘယ္ေတြသြားေနတာလဲ နႏၵ ဟမ္.. “
“ ထားခဲ့တဲ့ေနရာမွာပဲ ရပ္ေနခဲ့တာပါ “
“ ဘာလို႔ အခုခ်ိန္မွ ျပန္လာရသလဲ.. ျပန္လာတဲ့အခ်ိန္ကို ၾကည့္ဦး.. ငါတို႔ေတြ မင္းကို ဘယ္ေလာက္ စိုးရိမ္ခဲ့တယ္ထင္သလဲ “
“ ဟက္... စိုးရိမ္တယ္လား.. မုန္းေနတဲ့သူကို စိုးရိမ္စရာမလိုဘူးေလ..။ အခုက စိုးရိမ္ေနတာဆိုေတာ့ ခ်စ္ေနတုန္းပဲမဟုတ္လား “
“ ဒီအခ်ိန္က ဒါေတြေျပာေနရမယ့္အခ်ိန္ မဟုတ္ဘူး နႏၵ “
“ အဲဒါဆို ေျပာလို႔ရမယ့္အခ်ိန္ေလးကို ေျပာျပပါဦး..။ ကြၽန္ေတာ္လာေျပာမို႔ေလ.. “
ေကာင္ေလးစကားေျပာေနပုံသည္ အရင္ကႏွင့္မတူ ေအးစက္စက္ႏွင့္ လိပ္ျပာလြင့္ေနသည့္ သူႏွယ္။
အပမ်ား မွီလာသလားေကာင္ေလးရယ္..
“ ေတာင္ေစာင္းမွာရပ္ေနရင္း အၾကာႀကီးစဥ္းစားခဲ့တယ္...။ သခင္ေလးအနားက ထြက္သြားဖို႔နဲ႔ ထြက္မသြားဖို႔ကို အခ်ိန္အၾကာႀကီးေတြေဝေနခဲ့တာ..။ တကယ္လို႔.. သခင္ေလးရဲ႕အနားကထြက္သြားမယ္ဆုံးျဖတ္ခဲ့ရင္ အခုအခ်ိန္.. သခင္ေလးတို႔ ကြၽန္ေတာ့္အေလာင္းကို သိမ္ေတာင္ေအာက္မွာ ပြဲေပးၿပီးရွာေနရေလာက္ၿပီ..။ ဒါေပမဲ့ အခုက ကြၽန္ေတာ္ဒီအိမ္ကို ျပန္ေရာက္လာၿပီဆိုေတာ့.. ကြၽန္ေတာ္ဘာကိုဆိုလိုလဲ သခင္ေလးသိမွာပါ...”
သိတယ္ေကာင္ေလး.. မင္းေျပာခ်င္တာကိုသိတယ္။ ထြက္မသြားဘူးဆိုေတာ့ ေရွ႕ဆက္တိုးမယ္ေပါ့..။ ဘာလို႔မ်ားေခါင္းမာရတာလဲ ေကာင္ေလးရယ္..။ အဆုံးသတ္မွာ မင္းကို သိပ္နာက်င္မွာစိုးတယ္..။
“ လြယ္ကူျခင္းမရွိတဲ့ ေတးသြားတစ္ပုဒ္ကို အဆိုရွင္ကလည္း ခက္ခက္ခဲခဲ သီဆိုရတယ္...။ အဲဒီလိုပဲ လြယ္ကူျခင္းမရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ဇာတ္လမ္းကို ကြၽန္ေတာ္ကလည္း ခက္ခက္ခဲခဲနဲ႔ ေရွ႕ဆက္တိုးၿပီး ကမိေနဦးမယ္..။ သခင္ေလး စိတ္ရႈပ္ေနမယ္ဆိုတာကို သိတယ္..။ သိလို႔လည္း ႀကိဳၿပီးေတာင္းပန္ထားမယ္ေနာ္..”
နႏၵစကားအား ျပန္လည္မတုံ႔ျပန္ရေသးခင္ မယ္မယ္က နႏၵအားေတြ႕ကာ လွမ္းေခၚလိုက္ေသာေၾကာင့္ နႏၵႏွင့္ မိမိတို႔ စကားျပတ္သြားသည္။
“ နႏၵ.. မင္းကြယ္ ဘယ္ကိုမ်ားသြားေလသလဲ..။ အိမ္ေတာ္ကလူေတြ အကုန္လုံးစိုးရိမ္ေနၾကတာ “
“ စိုးရိမ္မႈအတြက္ ေက်းဇူးတင္ပါတယ္ သခင္မႀကီး။ အေရးႀကီးကိစၥရွိေနလို႔ ခဏက်န္ခဲ့တာပါ “
“ ေခတ္အခါႀကီးက မေကာင္းရၾကားထဲ မင္းတစ္ခုခုျဖစ္မွာ စိတ္ပူေနၾကတာကြယ္..။ မင္းအဘနဲ႔ မင္းသခင္ေလးဆို ထိုင္လို႔ေတာင္မရဘူး ေယာက္ယက္ခတ္ေနတာ “
“ စိတ္ပူေစမိလို႔ အားလုံးကို ေတာင္းပန္ပါတယ္ “
“ ေအးေအး.. ရွိေစေတာ့ ရွိေစေတာ့...။ဒါေပမဲ့ ဒါေနာက္ဆုံးျဖစ္ပါေစ နႏၵ “
“ ဟုတ္ကဲ့ သခင္မႀကီး “
သခင္မႀကီးေဒၚနန္းသီရိ၏စကားကို ျပန္ေျဖေနေသာ္လည္း နႏၵေျပာေနေသာ ေလသံတို႔သည္ အသက္မပါ။ မ်က္ႏွာသည္လည္း ႐ႊင္ပ်ျခင္းမရွိ၊ ၀မ္းနည္းျခင္းမရွိ၊ ေၾကာက္႐ြံျခင္းမရွိ၊ တစ္စုံတစ္ရာေသာ ခံစားမႈတို႔ရွိမေနခဲ့။
ထိုေန႔ညတြင္ နႏၵ၏ေျပာင္းလဲသြားေသာ အမူအရာကို သခင္ေလးတစ္ေယာက္တည္းသာ သိေနသည္မဟုတ္..။ အိမ္ေတာ္ရွိလူတိုင္းလိုလို ရိပ္မိပါသည္။ သို႔ေသာ္ မည္သည့္အရာေၾကာင့္ ေျပာင္းလဲရေၾကာင္း မသိခဲ့ေပ။ အလုပ္သမားတန္းသို႔ျပန္ေရာက္ေသာအခါ ဦးသစၥာက နႏၵအားစိုးရိမ္တႀကီးေမးရွာသည္။
“ သား.. လူေလး ဘာျဖစ္လာတာလဲကြယ္.. ဘာလို႔အခုမွျပန္လာတာလဲ.. အဘျဖင့္ စိတ္ပူလိုက္တာကြယ္ “
“ အသိေတြ႕လို႔ ႏႈတ္ဆက္ရင္း စကားေျပာရင္း ၾကာသြားတာပါအဘ..။ မစိုးရိမ္ပါနဲ႔ ညနက္ေနၿပီအဘ အိပ္ေတာ့ေနာ္။ ကြၽန္ေတာ္လည္း ေရခ်ိဳးၿပီးနားေတာ့မယ္ “
ေနာက္တစ္ေန႔မနက္တြင္ မိမိအား မဖိတ္ေခၚေသာ သခင္ေလး၏အခန္းသို႔ ေရာက္ေနခဲ့သည္။ မိမိမေရာက္ျဖစ္သည့္ ကာလေလးအတြင္းတြင္ ယခင္ကဲ့သို႔ ပစၥည္းမ်ားသည္လည္း ေနရာတက်မရွိ။ ပန္းအိုးရွိ ပန္းတို႔မွာလည္း ေျခာက္ေသြ႕ေနသည္။ ရွင္လင္းသင့္သည္မ်ားကို ရွင္းလင္းေနခိုက္ သခင္ေလးႏိုးလာခဲ့သည္။
“ ႏိုးၿပီလားသခင္ေလး “
“ မင္းက.. ဘယ္လိုလုပ္.. အခန္းထဲေရာက္ေနတာလဲ ငါ့ရဲ႕ အပါးေစက လွထြန္းေလ... လွထြန္းဘယ္မွာလဲ “
“ ဆယ္ႏွစ္ေက်ာ္ေက်ာ္ကေလးက ဘာေတြလုပ္ႏိုင္မွာလဲ သခင္ေလး..။ ဟိုကေျခာက္ေသြ႕ေနတဲ့ ပန္းေတြကို ၾကည့္ပါဦး။ အဲဒါေတြက ဆယ္ႏွစ္သားကေလးရဲ႕ အလိုက္သိမႈႀကီးလား “
“ ငါမခိုင္းလို႔ သူမလုပ္တာ “
“ အခုလို မခိုင္းဘဲ အလိုက္သိလုပ္ေပးေနတဲ့ ကြၽန္ေတာ္ရွိေတာ့ သခင္ေလးမေမာရေတာ့ဘူးမဟုတ္လား..။ အဲဒါေတြကိုထားပါ အခုေတာ့ မ်က္ႏွာသစ္လိုက္ပါဦး..။ မနက္ေစာေစာစီးစီး ေဒါသထြက္တာက လူကို အက်ည္းတန္ေစတယ္...။ ေန႔တစ္ေန႔ရဲ႕အစမွာ ႐ႊင္ပ်ေနမွ တစ္ေနကုန္ စိတ္ၾကည္မွာ..။ အဲဒီလိုမဟုတ္ဘဲ ႏိုးကတည္းက စိတ္တိုေနရင္ တစ္ေနကုန္ စိတ္မၾကည္ေတာ့ဘူး “
“ စိတ္တိုေအာင္ မင္းပဲလုပ္တာ..။ မင္းေရာက္ေနကတည္းက ငါစိတ္မၾကည္တာပဲ “
“ ဟုတ္ရဲ႕လားဗ်ာ... မနက္ႏိုးစမွာ ခ်စ္ရသူရဲ႕မ်က္ႏွာကို ျမင္ရျခင္းက စည္းစိမ္တစ္ခုပါ..။ အဲဒါေၾကာင့္ သခင္ေလးကို ကြၽန္ေတာ္က မ်က္ႏွာလာျပၿပီး စည္းစိမ္လာေပးတာေလ..”
ေကာင္ေလး၏စကားတို႔သည္ သိပ္ကိုရဲတင္းလြန္းသည္။ ယခင္က မိမိေလသံမာသည္ႏွင့္ ငိုေနသည့္ ေကာင္ေလးမဟုတ္ေတာ့ေပ။ စင္စစ္ ႏိုးႏိုးခ်င္းတြင္ သူ႔ကိုေတြ႕ရ၍ ေပ်ာ္ေနခဲ့ရပါသည္။ သို႔ေသာ္ ဟန္ေဆာင္ရဦးမည္...။
ကိုယ္လက္သန႔္စင္ၿပီး ျပန္ထြက္လာသည္အထိ ေကာင္ေလးသည္ အခန္းထဲ၌ရွိေနေသးသည္။ ထို႔ေနာက္ သူလုပ္ေနက်တာ၀န္အတိုင္းပင္ အက်ႌလာ၀တ္ေပးခဲ့သည္။
“ မေန႔က အဆက္ေလးကို ဆက္ပါရေစဦး...။ မလိုခ်င္ဘူးမဟုတ္လား.. မုန္းတယ္လို႔ေျပာပါလား..။ အခု ကြၽန္ေတာ့္မ်က္ႏွာကို ၾကည့္ၿပီး မုန္းတယ္လို႔ ေျပာေလ။ ဘာလို႔မေျပာႏိုင္ရတာလဲ..။ အဲဒါက သခင္ေလးရင္ထဲမွာ ကြၽန္ေတာ္ရွိေနလို႔မဟုတ္လား...။ မလိမ္ပါနဲ႔ ကိုယ့္ကိုယ္ကိုျပန္လိမ္ရတာက ပင္ပန္းတယ္ “
“ ခ်စ္တယ္လို႔ မေျပာခဲ့တာက မုန္းလို႔မဟုတ္ဘူး နႏၵ။ အဲဒီလိုပဲ မုန္းတယ္လို႔ မေျပာခဲ့တာကလည္း ခ်စ္ေနလို႔မဟုတ္ဘူး...။ မင္းသိထားရမွာက ေလာကမွာ ျဖစ္သင့္တာရွိတယ္ မျဖစ္သင့္တာရွိတယ္။ မျဖစ္သင့္တာကို အတင္းလုပ္ခဲ့ရင္.. မိုက္မဲခဲ့ရင္.. အဆုံးသတ္က ႏွစ္ေယာက္လုံးအတြက္ လွပမွာမဟုတ္ေတာ့ဘူး.. “
ထိုစကားၾကားၿပီးေနာက္ သူ႔ႏႈတ္ခမ္းထက္၀ယ္ ပန္ဆင္လိုက္သည့္ ႏႈတ္ခမ္းတစ္ဖက္ေကြး႐ုံမွ်သာ ၿပဳံးလိုက္ေသာ ႐ြဲ႕ၿပဳံးေလးသည္ လူတစ္ေယာက္ကို ေလွာင္ေျပာင္ႏိုင္စြမ္း အျပည့္ရွိသည္။
“ ဟက္.. လွပမွာ မဟုတ္မွန္းသိရင္ ဘာလို႔ ဖန္တီးခဲ့ေသးလဲ။ သခင္ေလး ကြၽန္ေတာ့္ကို ခ်စ္ခဲ့တယ္မဟုတ္လား။ ကြၽန္ေတာ္လည္းခ်စ္ခဲ့တယ္ေလ။ ခ်စ္မိလို႔ေပးမိတဲ့ႏွလုံးသားက အခုခ်ိန္မွ ျပန္ယူလို႔လည္းရေတာ့ဘူး “
“ ငါကလည္း အပိုင္မသိမ္းထားတာမို႔ အခ်ိန္မေ႐ြးလာယူႏိုင္တယ္.. “
“ ျပန္ယူဖို႔ ဆႏၵမရွိတာမို႔ ေတာင္းပန္ပါတယ္သခင္ေလး...”
“ မင္းသိပ္ေခါင္းမာတယ္ နႏၵ “
“ အခုမွသိတာလား.. ဒါဆိုရင္ သခင္ေလးသိတာ ေနာက္က်တယ္။ အခုေတာ့ အျပစ္တင္ေနတာေတြကို ခဏထားၿပီး ေအာက္ဆင္းလိုက္ပါဦး။ သခင္မႀကီးတို႔ ေစာင့္ေနေရာေပါ့ “
နႏၵ၏ စကားဆုံးၿပီးေနာက္ ထိုသူႏွစ္ဦး၏ ရင္ခုန္သံ ျငင္းခုန္ပြဲေလးကို ဤေနရာတြင္ တစ္ခန္းရပ္ခဲ့သည္။ အခန္းဆက္မ်ားအား ေမွ်ာ္လင့္၍ရႏိုင္ေသးသည္။
Advertisement
- In Serial43 Chapters
Bad Boy Brothers, little sister
Maya is a 17 year old rebellious teen, that always seems to be getting into trouble. She has just been sent off to live with her older brothers so her parents can travel the world. What her parents didn't know is they have a new roommate staying with them too. Join Maya, her brothers Jace and Seb and sex-god hunky roommate Noah on this new adventure. ~ Cliche bad-boy meets girl story with 2 very over-protective brothers. Find out what happens when they find out their innocent sister is not so innocent after all!
8 203 - In Serial42 Chapters
My Vampire Assistant
“A boyfriend in a box. Do not keep under direct sunlight.”After the death of her father the antiquarian, Diana Daraeva struggled with the debt he left her together with his antiquities shop. Her dream of becoming a famous antiquarian was ready to be shattered by reality.Only a miracle could save it, but Diana didn’t believe in those. Not until she accidentally released a centuries old vampire from a sealed coffin in the store’s basement.Jean-Jacques, an embodiment of dangerous allure and mysteries, all hiding behind his suave smile, was Diana’s miracle. In return to Diana’s help, he offered Diana to help fulfil her dream—and she agreed. A best helper there could be—someone who was alive (or undead) when the antiquities of today were made.But when old and new enemies appear, crazy exes compete in the madness of their stunts, and hidden truths unveil, will Diana be able to grow into her heritage and find her place between the two worlds? And how long will she be able to escape Jean-Jacques’s temptations?⠀⠀ ⠀I stared at him like he just grew another head. “So basically, you chose to pursue me of all people because I'm so impossible for you to seduce, is it? You do realise that you only make your task harder right now?”“But that’s the whole point, ma chèrie! The longer the chase, the sweeter the prize.” Jean-Jacques’s smile turned positively sly, but damn if it didn’t make butterflies fly in my stomach.“What I will keep refusing? Forever?”“Well,” he clicked his tongue, “then this will be a first.” ⠀⠀ ⠀ ⠀⠀ ⠀ The story is posted on both Royal Road and Webnovel. Webnovel is my main platform and it has more chapters.
8 110 - In Serial43 Chapters
The Alpha's Girl
Bailey Scotts just wanted to find love again. When tragedy strikes her family, they move to a small town to live with her grandparents. While there, Bailey realizes something strange is going on. Her sight enhances, her smell is stronger and her hearing is unbelievable. She didn't think anything of it, until she met Chance Hayes.Chance Hayes is the Alpha of the Black Wolves Pack. All he ever wanted was to find his mate and finally have a Luna of his pack. But when he sees Bailey for the first time, he doesn't know what to do. He knows she doesn't know about his kind, but he just wants her to be his and he'll do anything to have her, no matter who gets in the way. With Bailey's past always catching up to her, will she ever be able to have a future with Chance? Find out by reading, The Alpha's Girl.Completed Copyrighted 2015-2021 ©All Rights ReservedCompleted
8 3617 - In Serial70 Chapters
Angel In Devil's hell √
His love became her biggest curse in the world. She thought when somebody is in love, the other person's happiness matters the most to that person but her innocence became her biggest enemy.He was the young age owner of Khurana companies owning the wealth earned by his father and chachu. The person he loves and respects the most in the world is his chachi.He was the reason why people started fearing Khuranas. His brain worked like a devil with his devilish looks. His dark eyes observe the littlest details in his surroundings. He earned the name of the devil for himself.She was the definition of an angel with her innocence and beauty. Her heart is pure as an angel and her brain innocent as a child. She was the heart of her family. She never believed in darkness and attracted the devil himself towards her. The devil never wants a single male to look at her the way, he looks at her.He never thought he could ever feel love ever in his life but everything changed when his eyes fall on her. His obsession, his possession, his soulmate, his angel, his babydoll.
8 129 - In Serial61 Chapters
Bitter Heart √
Caden Miller.Hot, cynical, and notoriously labelled the bad boy of Crestmont High. Attention-seekers flirt with him. Idiots fight with him. The ones who know what's good for them, stay away from him. If you fight him, you know you'll lose soon. Short-tempered, mysterious, and those oh-so-hot looks. All of that was enough for a person to fall head over heels for him.If only he cared to give a shit about them.Not when he was also the youngest gang leader in New York City, with just one mission in mind: stop his equally cynical brother from ruining his life more than he already had. Skylar Anderson.Not a nerd. Or a cheerleader. All she cares about is her workaholic (and maybe even a little dysfunctional) parents, her adorable cat and her not-so adorable best friend, and her sleep. Quite literally. Living a normal and carefree life, trying her best not to flunk Physics, there wasn't anything more that she wanted. Until she receives a letter in her mailbox......and that normal, carefree life goes right above the clouds...."Tʜᴇ ᴘʀᴏʙʟᴇᴍ ɪꜱ," ʜᴇ ꜱᴀɪᴅ ᴀꜱ ʜᴇ ʟᴇᴀɴᴇᴅ ᴄʟᴏꜱᴇʀ, "Iғ ɪ ᴋɪꜱꜱ ʏᴏᴜ, ɪ ᴅᴏɴ'ᴛ ᴛʜɪɴᴋ ɪ'ᴅ ʙᴇ ᴀʙʟᴇ ᴛᴏ ꜱᴛᴏᴘ."#2 in Chick-lit#1 in Humor#7 in Romance#1 in Teen Fiction #3 in The Grace Awards 2019Text copyright © Crystal7016 ™ 2018Cover credits: @youtumblrgeek ✨
8 192 - In Serial44 Chapters
While the Sun Shines
What do you get when you put a neurotic failed jock and the guy he used to bully in high school in one apartment? Well, an interesting situation. That's for sure. ***Twenty-one-year-old Nick Walsh was used to being overlooked. His parents were always busy. He had never been as bold and outgoing as his friends. He couldn't seem to get lucky in love, and, after failing to get the attention of scouts for years, he can add 'failed soccer player' to the list.There was nothing keeping Nick home. So, what's a 'loser' with no plan in life to do, except flee abroad and escape having to think about life for a while? Nick had no idea what he'd find in the Netherlands. But he never thought it would be Blake Passant, a boy he has a long, troubled history with, sleeping in the bedroom opposite his in his student dorm.
8 234

