《Amiss Prayer (Zawgyi&Unicode) [Completed]》Part-24(ခက်ခဲမှု)
Advertisement
For Unicode
ခက်ခဲမှု
အိမ်တော်ကြီး၏ မနက်စာစားဝိုင်းတစ်ခု..။ ပုံမှန်အတိုင်း စကားပြောဆိုခြင်းမရှိ တိတ်ဆိတ်လို့နေသည်။ အဘယ့်ကြောင့်များ တိတ်ဆိတ်နေရပါသနည်း။
တခြားသူများပြောသည်မှာ မနေ့က သခင်လေးပြန်ရောက်ပြီးသောအခါ သခင်မကြီးနှစ်ဦးနှင့် သခင်လေးတို့ စကားအချေအတင် ပြောကြသည်ဟု ဆိုသည်။ အိမ်တော်ရှိလူများ ကြားရသည့်တစ်စွန်းတစ်စသည်က သခင်လေးထံတွင် ချစ်သူရှိကြောင်း သခင်လေးက ထိုသူအား အလွန်ချစ်ကြောင်းပြောကြသည် ဟုဆိုသည်။
ဘယ်သူလဲ.. သခင်လေးချစ်ရတဲ့သူက ဘယ်သူများလဲ။ ကျွန်တော်များလား... ဟုတ်ပါ့မလား...။ ကျွန်တော်သာဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အတွေးလေးနှင့်သာပျော်နေသည့် နန္ဒသည် မနေ့မှ သခင်လေးတို့ စကားများရသည် အကြောင်စုံကိုသာသိလျှင် မည်သို့သော ခံစားမှုများ ဖြစ်နေမည်နည်း။
ဖြစ်ပုံသည်က ထိုနေ့တွင် စိုင်းထွဋ်ခေါင်ပြန်လာပြီးနောက် ဒေါ်နန်းသီရိနှင့် ဒေါ်နန်းသီတာက စိုင်းထွဋ်ခေါင်အား စကားပြောရန် ခေါ်လိုက်သည်။
“ တူတော်... ခဏလာပါဦး တိုင်ပင်စရာရှိလို့ “
“ ဟုတ်ကဲ့ ရီးတော် ပြောပါ...”
“ တူတော်နဲ့ စောကလျာရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ..”
သခင်မကြီးဒေါ်နန်းသီတာ၏ စကားအသွားအလာကို စိုင်းထွဋ်ခေါင် ရိပ်မိပါသည်။ သခင်မကြီးနှစ်ဦးသည် စိုင်းထွဋ်ခေါင်နှင့် စောကလျာဟူသော အမျိုးသမီးကို နီးစပ်စေချင်သည်။ စိုင်းထွဋ်ခေါင်သည်က ထိုအမျိုးသမီးအား မည်သို့သော ခံစားချက်မျှ မရှိသောကြောင့် သခင်မကြီးဒေါ်နန်းသီတာ၏ အမေးကို ပြန်ဖြေလိုက်သော စိုင်းထွဋ်ခေါင်၏ အဖြေသည် အလွန်ပြတ်သားပါသည်။
“ မိတ်ဆွေပါ အရီးတော်..။ အဆင့်ပိုခဲ့ခြင်း ပိုနေခြင်း လုံး၀မရှိပါဘူး..။ နောက်လည်း ပိုလာမှာမဟုတ်တဲ့အတွက် မစိုးရိမ်ပါနဲ့ “
“ အဆင့်မပိုလာတာကို အရီးတော်နဲ့ မင်းမယ်မယ်က စိုးရိမ်နေတာတူတော် “
အစကတည်းကပင် မကြည်လင်သောစိတ်တို့သည် အရီးတော်၏စကားကြောင့် ပို၍နောက်ကျိလာရသည်။ မသာယာသောစိတ်တို့၏ အရိပ်အယောင်သည် မျက်နှာတွင် တဖြည်းဖြည်းထင်ဟပ်လာသည်။ အလိုမကျမှုများထင်ဟပ်သော မျက်နှာဖြင့် အရီးတော်နှင့် မယ်မယ်တို့၏စကားအား ဆန့်ကျင်သောစကားကိုသာ ဆိုမိသည်။
“ မယ်မယ်နဲ့ အရီးတော်တို့ကို စိုးရိမ်စေမိတဲ့အတွက် တောင်းပန်ပါတယ်...။ အဲဒါဆိုလည်း တောင်းပန်လက်စနဲ့ ကြိုပြီးတောင်းပန်ပါဦးမယ်။ ဘယ်တော့မှ အဆင့်ပိုလာမှာမဟုတ်တဲ့အတွက် ကြိုတောင်းပန်ပါတယ် “
ထိုအခါ ဒေါ်နန်းသီရိက ဒေါသအလွန်ထွက်သွားသည်။
“ သားတော်... ဘယ်လိုပြောလိုက်တာလဲ။ မယ်မယ်တို့ရဲ့ လုပ်ငန်းအခြေအနေကို သားတော်သိတယ်မဟုတ်လား..။ ဒီအတိုင်းတစ်ယောက်အားနဲ့ ရှေ့ဆက်လို့ မရတော့ဘူးဆိုတာ သားတော်အသိပါ..။ ခေါင်းမမာချင်စမ်းပါနဲ့ကွယ် ”
“ သားတော်.. ဒီနည်းလမ်းနဲ့ မတူတဲ့ တခြားနည်းလမ်းရှာနေတာမို့ မယ်မယ်မစိုးရိမ်ပါနဲ့...။ စိုးရိမ်ရမယ့်အစား မယ်မယ်တစ်ခုပဲသိထားပေးပါ..။ သားတော် သူနဲ့ မနီးစပ်နိုင်ဘူး ”
“ မနီးစပ်လို့မရဘူးသားတော်.. လူကြီးတွေ အားလုံးပြောထား ဆိုထားပြီးပြီ..။ အခုက သားတော်တို့မင်္ဂလာကိစ္စကို ဆွေးနွေးဖို့ခေါ်တာ...”
မချစ်သော သူနှင့်ပေါင်းဖက်ရမည်။ ချစ်သောသူနှင့်ကွေကွင်းရမည်။ ဤဆင်းရဲခြင်းတို့သည် မည်မျှပူလိုက်မည်နည်း။ ထိုအပူမီးထဲသို့မခုန်ဆင်းခင်ကတည်းက ရိုက်ခတ်လာသော အပူငွေ့လေးကပင် ယခုအချိန်မှစတင်ကာ ပူလောင်နေရပါသည်။ ပူလောင်ခြင်းတို့သည် စိတ် နှလုံးသားတို့ကို စိုးမိုးလာကာ ဒေါသအသွင်သို့ပြောင်းစေသည်။
“ ဘယ်လို... လူကြီးချင်း ပြောထားဆိုထားပြီးနေပြီ... ဟုတ်လား..။ ဒါဆို မယ်မယ်နဲ့ အရီးတော်နဲ့က သားတော်ကို ဆွေးနွေးဖို့ခေါ်တာမှမဟုတ်တာ.. အသိပေးဖို့ခေါ်လိုက်တာပဲ...”
“ သားတော် ဘယ်လိုဖြစ်လို့ မယ်မယ်တို့ကို ကလန်ကဆန်လုပ်နေတာလဲ။ ဘယ်တုန်းက မယ်မယ်တို့ကို အဲဒီလိုတွေပြန်ပြောဖူးလို့လဲ...”
ဟုတ်ပါသည်။ ယခင်က စိုင်းထွဋ်ခေါင်သည် မိဘများအား ဤသို့မပြောဖူးပေ ။ ထို့ကြောင့် သခင်မကြီးနှစ်ဦးတို့သည် ပို၍အံ့ဩရပါသည်။ မိဘဆိုသမျှ အားလုံးနီးပါး နားထောင်နေသော သားလိမ္မာလေးအား ဤသို့ပြောင်းလဲစေသည့်အရာသည် မည်သို့သောအရာဖြစ်သနည်း။ အချစ်.. ဟုတ်ပါသည်။ အချစ်ပင်ဖြစ်ပါသည်။
“ အရင်က မပြောပေမဲ့ အခုပြောမိတယ်မယ်မယ်..။ သားတော်လည်းလူပါ တစ်ခါတလေတော့ သားတော်ဆန္ဒအတိုင်း ဖြစ်ခွင့်မရှိဘူးလား.. “
စင်စစ် စိုင်းထွဋ်ခေါင်၏မိခင် ဒေါ်နန်းသီရိသည် သားတော်ကိစ္စနှင့် ပတ်သက်လာလျှင် မာကျောချင်ယောင်နှင့် နူးညံ့တတ်သည်။
မိမိ၀မ်းနှင့်လွယ်ကာ မွေးခဲ့ရသည်မဟုတ်လော။ ခင်ပွန်းဖြစ်သူ၏အမွေလုပ်ငန်းအား ဆက်လက်တည်တံ့ရန်၊ မိသားစုအခက်အခဲများဖြေရှင်းရန် သားတော်အား မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်စေခြင်းကို လုပ်ဆောင်ချင်သော်လည်း တစ်ခါတစ်ရံအတင်းအကျပ် မလုပ်ဆောင်ချင်ပါ။
ထို့ကြောင့် သားတော်နှင့် စကားအချေအတင်ဆက်မပြောဘဲ သက်ပြင်းချ၍ ထိုစကားဝိုင်းမှ ထွက်လာလိုက်သည်။
သို့သော် အရီးတော်ဒေါ်နန်းသီတာကမူ ထိုစကားဝိုင်းမှမထွက်သေးဘဲ ဆက်လက်ဖန်တီးလိုက်သည်။အရီးတော်သည် ပြတ်သားသည်။ အရာရာကို သူ၏ဆန္ဒအတိုင်းမရမက ပုံသွင်းတတ်သည်။ ထက်မြက်သည်။ စိတ်ဓာတ်မာသည်။
“ ဖြစ်သင့်တာကိုတော့ ဖြစ်ခွင့်ရှိတယ်တူတော် “
“ တူတော်နားလည်တယ်.. မဖြစ်သင့်တာမဖြစ်ရအောင်လည်း တူတော် ကိုယ့်အစွမ်းအစနဲ့ကိုယ် ထိန်းချုပ်နိုင်တယ်။ အခုလည်းထိန်းချုပ်နေတယ်..။ အဲဒါကြောင့် တူတော်ကို သိပ်ပြီးမထိန်းချုပ်ပါနဲ့အရီးတော်..။ သိပ်ထိန်းချုပ်ခံရလွန်းတဲ့ကလေးက လွတ်လမ်းကိုရှာတဲ့အခါ ဘယ်အရာမဆိုဖြစ်သွားနိုင်တယ်.. ပျက်စီးသွားနိုင်တယ်.. ”
“ အဲဒီစကားကို သူများတွေအတွက် ပြောတယ်ဆိုရင် အရီးတော်လက်ခံပေးလိုက်မယ်..။ တူတော်အတွက် ဆိုရင်တော့ အရီးတော်လက်မခံဘူး..။ တူတော်ကတော့ အဲဒီလိုဖြစ်လို့မရဘူး...။ ဘာလို့လဲသိလား...။ တူတော်က ကလေးမဟုတ်တော့ဘူး...။ တူတော့်ကိုသင်ပေးထားတဲ့ ပညာတွေက အရာရာကို မိုက်ရူးရဲဆန်ဆန်လုပ်တတ်အောင် တွေးတတ်ဖို့ သင်ပေးထားတာမဟုတ်ဘူး..”
Advertisement
လေသံအေးအေးနှင့် မိမိ၏ စကားတိုင်းကို တစ်လုံးချင်းစီ ပြန်ချေပနေသော အရီးတော်သည် တည်ငြိမ်မှု အပြည့်နှင့် ...။
“ တူတော်ပြောပါသေးတယ်.. ‘သိပ်ထိန်းချုပ်ခံရတဲ့ကလေးက လွတ်လမ်းကိုရှာလာတဲ့အခါ ဘယ်အရာမဆိုဖြစ်သွားနိုင်တယ်’ ဆို.. အဲဒီစကားက အလကားတူတော်..။ တကယ်ထိန်းချုပ်ခံရလွန်းတဲ့ကလေးက မိဘတွေကို ဖိန့်ဖိန့်တုန်အောင်ကြောက်နေရတာမို့လို့ လွတ်လမ်းရှာရဖို့ စဉ်းစားချိန်တောင်မရှိဘူး..။ စဉ်းစားခဲ့သည်ရှိသော်.. ရှေးဆက်ဖြစ်လာမှာတွေကို ကြိုတွေးပြီး ဘာကိုမှမလုပ်ရဲတတ်တော့ဘူး..”
“ အဲဒါဆို တူတော်က ထူးချွန်ပြီး ဒါတွေကိုလုပ်မယ်ဆိုရင်ရော...”
“ တူတော်သာလုပ်ရဲရင် အရီးတော်တို့ကို အခုလိုတောင်ပြောနေပါ့မလား..။ လုပ်ပြီးတာကြာရောပေါ့..။ တူတော့်ကို အရီးတော်ထိန်းချုပ်ခဲ့တဲ့နှစ်တွေက နည်းမှမနည်းတော့တာ..”
ဟုတ်ပါသည်။ မိမိမလုပ်ရဲပါ ။ ရှေ့ဆက်ရမည့်မိမိဘ၀ထက် သူ့ကိုနာကျင်မည်ကိုစိုးရိမ်သောကြောင့် မိမိမလုပ်ရဲပါ။
“ အရီးတော်က တကယ်ထက်မြက်တာပဲနော်..။ ဟုတ်ပါတယ် တူတော်မလုပ်ရဲပါဘူး..”
သူထိခိုက်မည်ကို တွေးရုံဖြင့် ရင်ထဲတွင် မွန်းကျပ်လာသောခံစားချက်ကြီးသည် မသက်သာလှ။ သူထိခိုက်မည်ကိုစိုး၍ လမ်းခွဲရသောအခါ နှလုံးသားက ပြစ်ဒဏ်ပေးသော နာကျင်မှုသည်လည်း သိပ်မသက်သာလှ။ မွန်းကျပ်မှုနှင့်နာကျင်မှုတို့ သိပ်သည်း ပေါင်းစပ်လာသောအခါ မျက်၀န်းတစ်စုံမှ မျက်ရည်ဓာတ်ပေါင်းလေးသည် ချောင်းငယ်သဖွယ် စီးဆင်းလာသည်။
“ မဟုတ်သေးဘူး မလုပ်ရဲတာမဟုတ်ဘူး..။ မလုပ်ရက်ခဲ့တာ..။ ဘာလို့လဲသိလား..။ သူနာကျင်မှာစိုးလို့.. သူထိခိုက်မှာကိုစိုးလို့.. သူ့ကိုသိပ်ချစ်ခဲ့လို့ဗျ...”
“ အရီးတော်ပြောတာမှန်တယ်မဟုတ်လား.. ရှေ့ဆက်ဖြစ်မယ့်ကိစ္စကိုကြိုတွေးပြီး မလုပ်ရဲဘူးဆိုတာလေ..။ သူထိခိုက်မှာကိုစိုးပြီး မလုပ်ရက်တာပဲဖြစ်ဖြစ်.. တူတော်ထိခိုက်မှာကိုစိုးပြီး မလုပ်ရဲတာပဲဖြစ်ဖြစ်.. အဓိကက တူတော်တို့ရှေ့ဆက်မတိုးရင်ပြီးပါရောလား..။ နောက်ပြီး.. အချစ်ကို ဘုရားသခင်လိုလို ဖန်ဆင်းရှင်လိုလိုနဲ့.. ချစ်ရဲ့တန်ခိုးတွေကို အရီးတော်ရှေ့မှာ စာဖွဲ့မနေစမ်းနဲ့...”
“ ဟူး.. တကယ်မွန်းကျပ်ရလွန်းလို့.. ရူးသွားရင်ကောင်းမယ်...”
“ ဒီလောက်နဲ့ရူးရအောင် တူတော်က အမတော်မွေးကတည်းက ဉာဏ်ရည်မမီနဲ့သူမဟုတ်ဘူးလေ..။ ဉာဏ်ရည်ပြည့်တဲ့သူ တစ်ယောက်ဖြစ်နေလို့ ရူးစရာမလိုဘူး..”
“ ဒီလောက်နဲ့ ဆိုပါလား... မချစ်ရသူနဲ့ပေါင်းဖက်ပြီး ချစ်ရသူနဲ့ကွေကွင်းရတာ နည်းတဲ့ဒုက္ခလားဗျ..”
“ တူတော်ကို အစက စိုင်းထွဋ်ခေါင်လို့ပဲသိထားခဲ့တာ...။ တကယ်တော့ တူတော်ကခေတ်သစ်မင်းနန္ဒာပဲ... ချစ်တတ်လိုက်တာလွန်ပါရော...”
“ အရီးတော်က မချစ်ဖူးတော့ ဘယ်သိပါ့မလဲ..”
“ အချစ်နဲ့ပတ်သက်ပြီး တရားလာမဟောပြနဲ့တူတော်။ အရီးတော်က တူတော့်ကိုတရားပြန်ပြမယ်..။ လူတိုင်းက တစ်နေ့သေရမှာပဲ..။ သေတဲ့အခါ ခွဲခွာရတာကြီးပဲ..။ အခုတူတော်နဲ့ တူတော့်အချစ်တော်လေးက မသေခင်နည်းနည်းလောက် ကြိုခွဲခွာရတယ်လို့ သဘောထားလိုက်..။ တရားသဘောနဲ့ခွဲရတာမို့ တွေးတတ်ရင်.. ဖြေတတ်ရင်.. အေးအေးချမ်းချမ်းနေလို့ရတယ်..”
ထိုဖြစ်စဉ်သည် အိမ်တော်မှအစေခံများပြောနေသည့် စိုင်းထွဋ်ခေါင်နှင့် သခင်မကြီးနှစ်ဦးတို့၏ စကားအချေအတင်ပြောကြပုံပင် ဖြစ်သည်။ စိုင်းထွဋ်ခေါင် ပြောသည့် ချစ်ရသူဆိုသည်မှာ တခြားသူမဟုတ်..။ နန္ဒပင်ဖြစ်သည် ။
သူ့အတွက်နှင့် စိုင်းထွဋ်ခေါင်သည် ဤသို့တိုက်ပွဲ၀င်နေကြောင်းကိုသာသိခဲ့လျှင် ထိုလူသား.. မည်မျှပျော်နေမည်နည်း။ သူနာကျင်မည်ကိုစိုးရိမ်၍ စိုင်းထွဋ်ခေါင်သည် စစ်ပွဲရှုံးနိမ့်သွားရကြောင်း၊ စိုင်းထွဋ်ခေါင်သည်လည်း နာကျင်နေရကြောင်းကိုသာ ထိုလူသားသိခဲ့လျှင် မည်မျှ၀မ်းနည်းနေမည်နည်း။
For Zawgyi
ခက္ခဲမႈ
အိမ္ေတာ္ႀကီး၏ မနက္စာစားဝိုင္းတစ္ခု..။ ပုံမွန္အတိုင္း စကားေျပာဆိုျခင္းမရွိ တိတ္ဆိတ္လို႔ေနသည္။ အဘယ့္ေၾကာင့္မ်ား တိတ္ဆိတ္ေနရပါသနည္း။
တျခားသူမ်ားေျပာသည္မွာ မေန႔က သခင္ေလးျပန္ေရာက္ၿပီးေသာအခါ သခင္မႀကီးႏွစ္ဦးႏွင့္ သခင္ေလးတို႔ စကားအေခ်အတင္ ေျပာၾကသည္ဟု ဆိုသည္။ အိမ္ေတာ္ရွိလူမ်ား ၾကားရသည့္တစ္စြန္းတစ္စသည္က သခင္ေလးထံတြင္ ခ်စ္သူရွိေၾကာင္း သခင္ေလးက ထိုသူအား အလြန္ခ်စ္ေၾကာင္းေျပာၾကသည္ ဟုဆိုသည္။
ဘယ္သူလဲ.. သခင္ေလးခ်စ္ရတဲ့သူက ဘယ္သူမ်ားလဲ။ ကြၽန္ေတာ္မ်ားလား... ဟုတ္ပါ့မလား...။ ကြၽန္ေတာ္သာျဖစ္ခဲ့ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲ။
အေတြးေလးႏွင့္သာေပ်ာ္ေနသည့္ နႏၵသည္ မေန႔မွ သခင္ေလးတို႔ စကားမ်ားရသည္ အေၾကာင္စုံကိုသာသိလွ်င္ မည္သို႔ေသာ ခံစားမႈမ်ား ျဖစ္ေနမည္နည္း။
ျဖစ္ပုံသည္က ထိုေန႔တြင္ စိုင္းထြဋ္ေခါင္ျပန္လာၿပီးေနာက္ ေဒၚနန္းသီရိႏွင့္ ေဒၚနန္းသီတာက စိုင္းထြဋ္ေခါင္အား စကားေျပာရန္ ေခၚလိုက္သည္။
“ တူေတာ္... ခဏလာပါဦး တိုင္ပင္စရာရွိလို႔ “
“ ဟုတ္ကဲ့ ရီးေတာ္ ေျပာပါ...”
“ တူေတာ္နဲ႔ ေစာကလ်ာရဲ႕ ဆက္ဆံေရးက ဘယ္လိုလဲ..”
သခင္မႀကီးေဒၚနန္းသီတာ၏ စကားအသြားအလာကို စိုင္းထြဋ္ေခါင္ ရိပ္မိပါသည္။ သခင္မႀကီးႏွစ္ဦးသည္ စိုင္းထြဋ္ေခါင္ႏွင့္ ေစာကလ်ာဟူေသာ အမ်ိဳးသမီးကို နီးစပ္ေစခ်င္သည္။ စိုင္းထြဋ္ေခါင္သည္က ထိုအမ်ိဳးသမီးအား မည္သို႔ေသာ ခံစားခ်က္မွ် မရွိေသာေၾကာင့္ သခင္မႀကီးေဒၚနန္းသီတာ၏ အေမးကို ျပန္ေျဖလိုက္ေသာ စိုင္းထြဋ္ေခါင္၏ အေျဖသည္ အလြန္ျပတ္သားပါသည္။
“ မိတ္ေဆြပါ အရီးေတာ္..။ အဆင့္ပိုခဲ့ျခင္း ပိုေနျခင္း လုံး၀မရွိပါဘူး..။ ေနာက္လည္း ပိုလာမွာမဟုတ္တဲ့အတြက္ မစိုးရိမ္ပါနဲ႔ “
“ အဆင့္မပိုလာတာကို အရီးေတာ္နဲ႔ မင္းမယ္မယ္က စိုးရိမ္ေနတာတူေတာ္ “
အစကတည္းကပင္ မၾကည္လင္ေသာစိတ္တို႔သည္ အရီးေတာ္၏စကားေၾကာင့္ ပို၍ေနာက္က်ိလာရသည္။ မသာယာေသာစိတ္တို႔၏ အရိပ္အေယာင္သည္ မ်က္ႏွာတြင္ တျဖည္းျဖည္းထင္ဟပ္လာသည္။ အလိုမက်မႈမ်ားထင္ဟပ္ေသာ မ်က္ႏွာျဖင့္ အရီးေတာ္ႏွင့္ မယ္မယ္တို႔၏စကားအား ဆန႔္က်င္ေသာစကားကိုသာ ဆိုမိသည္။
Advertisement
“ မယ္မယ္နဲ႔ အရီးေတာ္တို႔ကို စိုးရိမ္ေစမိတဲ့အတြက္ ေတာင္းပန္ပါတယ္...။ အဲဒါဆိုလည္း ေတာင္းပန္လက္စနဲ႔ ႀကိဳၿပီးေတာင္းပန္ပါဦးမယ္။ ဘယ္ေတာ့မွ အဆင့္ပိုလာမွာမဟုတ္တဲ့အတြက္ ႀကိဳေတာင္းပန္ပါတယ္ “
ထိုအခါ ေဒၚနန္းသီရိက ေဒါသအလြန္ထြက္သြားသည္။
“ သားေတာ္... ဘယ္လိုေျပာလိုက္တာလဲ။ မယ္မယ္တို႔ရဲ႕ လုပ္ငန္းအေျခအေနကို သားေတာ္သိတယ္မဟုတ္လား..။ ဒီအတိုင္းတစ္ေယာက္အားနဲ႔ ေရွ႕ဆက္လို႔ မရေတာ့ဘူးဆိုတာ သားေတာ္အသိပါ..။ ေခါင္းမမာခ်င္စမ္းပါနဲ႔ကြယ္ ”
“ သားေတာ္.. ဒီနည္းလမ္းနဲ႔ မတူတဲ့ တျခားနည္းလမ္းရွာေနတာမို႔ မယ္မယ္မစိုးရိမ္ပါနဲ႔...။ စိုးရိမ္ရမယ့္အစား မယ္မယ္တစ္ခုပဲသိထားေပးပါ..။ သားေတာ္ သူနဲ႔ မနီးစပ္ႏိုင္ဘူး ”
“ မနီးစပ္လို႔မရဘူးသားေတာ္.. လူႀကီးေတြ အားလုံးေျပာထား ဆိုထားၿပီးၿပီ..။ အခုက သားေတာ္တို႔မဂၤလာကိစၥကို ေဆြးေႏြးဖို႔ေခၚတာ...”
မခ်စ္ေသာ သူႏွင့္ေပါင္းဖက္ရမည္။ ခ်စ္ေသာသူႏွင့္ေကြကြင္းရမည္။ ဤဆင္းရဲျခင္းတို႔သည္ မည္မွ်ပူလိုက္မည္နည္း။ ထိုအပူမီးထဲသို႔မခုန္ဆင္းခင္ကတည္းက ႐ိုက္ခတ္လာေသာ အပူေငြ႕ေလးကပင္ ယခုအခ်ိန္မွစတင္ကာ ပူေလာင္ေနရပါသည္။ ပူေလာင္ျခင္းတို႔သည္ စိတ္ ႏွလုံးသားတို႔ကို စိုးမိုးလာကာ ေဒါသအသြင္သို႔ေျပာင္းေစသည္။
“ ဘယ္လို... လူႀကီးခ်င္း ေျပာထားဆိုထားၿပီးေနၿပီ... ဟုတ္လား..။ ဒါဆို မယ္မယ္နဲ႔ အရီးေတာ္နဲ႔က သားေတာ္ကို ေဆြးေႏြးဖို႔ေခၚတာမွမဟုတ္တာ.. အသိေပးဖို႔ေခၚလိုက္တာပဲ...”
“ သားေတာ္ ဘယ္လိုျဖစ္လို႔ မယ္မယ္တို႔ကို ကလန္ကဆန္လုပ္ေနတာလဲ။ ဘယ္တုန္းက မယ္မယ္တို႔ကို အဲဒီလိုေတြျပန္ေျပာဖူးလို႔လဲ...”
ဟုတ္ပါသည္။ ယခင္က စိုင္းထြဋ္ေခါင္သည္ မိဘမ်ားအား ဤသို႔မေျပာဖူးေပ ။ ထို႔ေၾကာင့္ သခင္မႀကီးႏွစ္ဦးတို႔သည္ ပို၍အံ့ဩရပါသည္။ မိဘဆိုသမွ် အားလုံးနီးပါး နားေထာင္ေနေသာ သားလိမၼာေလးအား ဤသို႔ေျပာင္းလဲေစသည့္အရာသည္ မည္သို႔ေသာအရာျဖစ္သနည္း။ အခ်စ္.. ဟုတ္ပါသည္။ အခ်စ္ပင္ျဖစ္ပါသည္။
“ အရင္က မေျပာေပမဲ့ အခုေျပာမိတယ္မယ္မယ္..။ သားေတာ္လည္းလူပါ တစ္ခါတေလေတာ့ သားေတာ္ဆႏၵအတိုင္း ျဖစ္ခြင့္မရွိဘူးလား.. “
စင္စစ္ စိုင္းထြဋ္ေခါင္၏မိခင္ ေဒၚနန္းသီရိသည္ သားေတာ္ကိစၥႏွင့္ ပတ္သက္လာလွ်င္ မာေက်ာခ်င္ေယာင္ႏွင့္ ႏူးညံ့တတ္သည္။
မိမိ၀မ္းႏွင့္လြယ္ကာ ေမြးခဲ့ရသည္မဟုတ္ေလာ။ ခင္ပြန္းျဖစ္သူ၏အေမြလုပ္ငန္းအား ဆက္လက္တည္တံ့ရန္၊ မိသားစုအခက္အခဲမ်ားေျဖရွင္းရန္ သားေတာ္အား မခ်စ္မႏွစ္သက္ေသာသူႏွင့္ ေပါင္းဖက္ေစျခင္းကို လုပ္ေဆာင္ခ်င္ေသာ္လည္း တစ္ခါတစ္ရံအတင္းအက်ပ္ မလုပ္ေဆာင္ခ်င္ပါ။
ထို႔ေၾကာင့္ သားေတာ္ႏွင့္ စကားအေခ်အတင္ဆက္မေျပာဘဲ သက္ျပင္းခ်၍ ထိုစကားဝိုင္းမွ ထြက္လာလိုက္သည္။
သို႔ေသာ္ အရီးေတာ္ေဒၚနန္းသီတာကမူ ထိုစကားဝိုင္းမွမထြက္ေသးဘဲ ဆက္လက္ဖန္တီးလိုက္သည္။အရီးေတာ္သည္ ျပတ္သားသည္။ အရာရာကို သူ၏ဆႏၵအတိုင္းမရမက ပုံသြင္းတတ္သည္။ ထက္ျမက္သည္။ စိတ္ဓာတ္မာသည္။
“ ျဖစ္သင့္တာကိုေတာ့ ျဖစ္ခြင့္ရွိတယ္တူေတာ္ “
“ တူေတာ္နားလည္တယ္.. မျဖစ္သင့္တာမျဖစ္ရေအာင္လည္း တူေတာ္ ကိုယ့္အစြမ္းအစနဲ႔ကိုယ္ ထိန္းခ်ဳပ္ႏိုင္တယ္။ အခုလည္းထိန္းခ်ဳပ္ေနတယ္..။ အဲဒါေၾကာင့္ တူေတာ္ကို သိပ္ၿပီးမထိန္းခ်ဳပ္ပါနဲ႔အရီးေတာ္..။ သိပ္ထိန္းခ်ဳပ္ခံရလြန္းတဲ့ကေလးက လြတ္လမ္းကိုရွာတဲ့အခါ ဘယ္အရာမဆိုျဖစ္သြားႏိုင္တယ္.. ပ်က္စီးသြားႏိုင္တယ္.. ”
“ အဲဒီစကားကို သူမ်ားေတြအတြက္ ေျပာတယ္ဆိုရင္ အရီးေတာ္လက္ခံေပးလိုက္မယ္..။ တူေတာ္အတြက္ ဆိုရင္ေတာ့ အရီးေတာ္လက္မခံဘူး..။ တူေတာ္ကေတာ့ အဲဒီလိုျဖစ္လို႔မရဘူး...။ ဘာလို႔လဲသိလား...။ တူေတာ္က ကေလးမဟုတ္ေတာ့ဘူး...။ တူေတာ့္ကိုသင္ေပးထားတဲ့ ပညာေတြက အရာရာကို မိုက္႐ူးရဲဆန္ဆန္လုပ္တတ္ေအာင္ ေတြးတတ္ဖို႔ သင္ေပးထားတာမဟုတ္ဘူး..”
ေလသံေအးေအးႏွင့္ မိမိ၏ စကားတိုင္းကို တစ္လုံးခ်င္းစီ ျပန္ေခ်ပေနေသာ အရီးေတာ္သည္ တည္ၿငိမ္မႈ အျပည့္ႏွင့္ ...။
“ တူေတာ္ေျပာပါေသးတယ္.. ‘သိပ္ထိန္းခ်ဳပ္ခံရတဲ့ကေလးက လြတ္လမ္းကိုရွာလာတဲ့အခါ ဘယ္အရာမဆိုျဖစ္သြားႏိုင္တယ္’ ဆို.. အဲဒီစကားက အလကားတူေတာ္..။ တကယ္ထိန္းခ်ဳပ္ခံရလြန္းတဲ့ကေလးက မိဘေတြကို ဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ေနရတာမို႔လို႔ လြတ္လမ္းရွာရဖို႔ စဥ္းစားခ်ိန္ေတာင္မရွိဘူး..။ စဥ္းစားခဲ့သည္ရွိေသာ္.. ေရွးဆက္ျဖစ္လာမွာေတြကို ႀကိဳေတြးၿပီး ဘာကိုမွမလုပ္ရဲတတ္ေတာ့ဘူး..”
“ အဲဒါဆို တူေတာ္က ထူးခြၽန္ၿပီး ဒါေတြကိုလုပ္မယ္ဆိုရင္ေရာ...”
“ တူေတာ္သာလုပ္ရဲရင္ အရီးေတာ္တို႔ကို အခုလိုေတာင္ေျပာေနပါ့မလား..။ လုပ္ၿပီးတာၾကာေရာေပါ့..။ တူေတာ့္ကို အရီးေတာ္ထိန္းခ်ဳပ္ခဲ့တဲ့ႏွစ္ေတြက နည္းမွမနည္းေတာ့တာ..”
ဟုတ္ပါသည္။ မိမိမလုပ္ရဲပါ ။ ေရွ႕ဆက္ရမည့္မိမိဘ၀ထက္ သူ႔ကိုနာက်င္မည္ကိုစိုးရိမ္ေသာေၾကာင့္ မိမိမလုပ္ရဲပါ။
“ အရီးေတာ္က တကယ္ထက္ျမက္တာပဲေနာ္..။ ဟုတ္ပါတယ္ တူေတာ္မလုပ္ရဲပါဘူး..”
သူထိခိုက္မည္ကို ေတြး႐ုံျဖင့္ ရင္ထဲတြင္ မြန္းက်ပ္လာေသာခံစားခ်က္ႀကီးသည္ မသက္သာလွ။ သူထိခိုက္မည္ကိုစိုး၍ လမ္းခြဲရေသာအခါ ႏွလုံးသားက ျပစ္ဒဏ္ေပးေသာ နာက်င္မႈသည္လည္း သိပ္မသက္သာလွ။ မြန္းက်ပ္မႈႏွင့္နာက်င္မႈတို႔ သိပ္သည္း ေပါင္းစပ္လာေသာအခါ မ်က္၀န္းတစ္စုံမွ မ်က္ရည္ဓာတ္ေပါင္းေလးသည္ ေခ်ာင္းငယ္သဖြယ္ စီးဆင္းလာသည္။
“ မဟုတ္ေသးဘူး မလုပ္ရဲတာမဟုတ္ဘူး..။ မလုပ္ရက္ခဲ့တာ..။ ဘာလို႔လဲသိလား..။ သူနာက်င္မွာစိုးလို႔.. သူထိခိုက္မွာကိုစိုးလို႔.. သူ႔ကိုသိပ္ခ်စ္ခဲ့လို႔ဗ်...”
“ အရီးေတာ္ေျပာတာမွန္တယ္မဟုတ္လား.. ေရွ႕ဆက္ျဖစ္မယ့္ကိစၥကိုႀကိဳေတြးၿပီး မလုပ္ရဲဘူးဆိုတာေလ..။ သူထိခိုက္မွာကိုစိုးၿပီး မလုပ္ရက္တာပဲျဖစ္ျဖစ္.. တူေတာ္ထိခိုက္မွာကိုစိုးၿပီး မလုပ္ရဲတာပဲျဖစ္ျဖစ္.. အဓိကက တူေတာ္တို႔ေရွ႕ဆက္မတိုးရင္ၿပီးပါေရာလား..။ ေနာက္ၿပီး.. အခ်စ္ကို ဘုရားသခင္လိုလို ဖန္ဆင္းရွင္လိုလိုနဲ႔.. ခ်စ္ရဲ႕တန္ခိုးေတြကို အရီးေတာ္ေရွ႕မွာ စာဖြဲ႕မေနစမ္းနဲ႔...”
“ ဟူး.. တကယ္မြန္းက်ပ္ရလြန္းလို႔.. ႐ူးသြားရင္ေကာင္းမယ္...”
“ ဒီေလာက္နဲ႔႐ူးရေအာင္ တူေတာ္က အမေတာ္ေမြးကတည္းက ဉာဏ္ရည္မမီနဲ႔သူမဟုတ္ဘူးေလ..။ ဉာဏ္ရည္ျပည့္တဲ့သူ တစ္ေယာက္ျဖစ္ေနလို႔ ႐ူးစရာမလိုဘူး..”
“ ဒီေလာက္နဲ႔ ဆိုပါလား... မခ်စ္ရသူနဲ႔ေပါင္းဖက္ၿပီး ခ်စ္ရသူနဲ႔ေကြကြင္းရတာ နည္းတဲ့ဒုကၡလားဗ်..”
“ တူေတာ္ကို အစက စိုင္းထြဋ္ေခါင္လို႔ပဲသိထားခဲ့တာ...။ တကယ္ေတာ့ တူေတာ္ကေခတ္သစ္မင္းနႏၵာပဲ... ခ်စ္တတ္လိုက္တာလြန္ပါေရာ...”
“ အရီးေတာ္က မခ်စ္ဖူးေတာ့ ဘယ္သိပါ့မလဲ..”
“ အခ်စ္နဲ႔ပတ္သက္ၿပီး တရားလာမေဟာျပနဲ႔တူေတာ္။ အရီးေတာ္က တူေတာ့္ကိုတရားျပန္ျပမယ္..။ လူတိုင္းက တစ္ေန႔ေသရမွာပဲ..။ ေသတဲ့အခါ ခြဲခြာရတာႀကီးပဲ..။ အခုတူေတာ္နဲ႔ တူေတာ့္အခ်စ္ေတာ္ေလးက မေသခင္နည္းနည္းေလာက္ ႀကိဳခြဲခြာရတယ္လို႔ သေဘာထားလိုက္..။ တရားသေဘာနဲ႔ခြဲရတာမို႔ ေတြးတတ္ရင္.. ေျဖတတ္ရင္.. ေအးေအးခ်မ္းခ်မ္းေနလို႔ရတယ္..”
ထိုျဖစ္စဥ္သည္ အိမ္ေတာ္မွအေစခံမ်ားေျပာေနသည့္ စိုင္းထြဋ္ေခါင္ႏွင့္ သခင္မႀကီးႏွစ္ဦးတို႔၏ စကားအေခ်အတင္ေျပာၾကပုံပင္ ျဖစ္သည္။ စိုင္းထြဋ္ေခါင္ ေျပာသည့္ ခ်စ္ရသူဆိုသည္မွာ တျခားသူမဟုတ္..။ နႏၵပင္ျဖစ္သည္ ။
သူ႔အတြက္ႏွင့္ စိုင္းထြဋ္ေခါင္သည္ ဤသို႔တိုက္ပြဲ၀င္ေနေၾကာင္းကိုသာသိခဲ့လွ်င္ ထိုလူသား.. မည္မွ်ေပ်ာ္ေနမည္နည္း။ သူနာက်င္မည္ကိုစိုးရိမ္၍ စိုင္းထြဋ္ေခါင္သည္ စစ္ပြဲရႈံးနိမ့္သြားရေၾကာင္း၊ စိုင္းထြဋ္ေခါင္သည္လည္း နာက်င္ေနရေၾကာင္းကိုသာ ထိုလူသားသိခဲ့လွ်င္ မည္မွ်၀မ္းနည္းေနမည္နည္း။
Advertisement
- In Serial42 Chapters
Mr Possessive ✅
"Xavier, are you out of your mind? You can't hit anyone you want." I tried to pull him away from the guy. With his temper, he might send him to the hospital for quite a long time. Xavier suddenly stood up, he took my hands in his and pushed me to the wall behind me. He looked deep into my eyes. I got scared, I saw him angry before but never at me. He closed his eyes and put his head against mine."You make me do crazy things. I'm not letting you talk to any guy from now on. I know I promised that I'll behave, but I can't see you talk or laugh with any guy."How can he be possessive over our juniors?******************Hello. I'm Anastasia. You can call me Anna. I'm a normal school girl. Like other kids of my age, I also don't like school. But my reason is different from them. I get bullied every day. It is the same at home also. My cousins bully me. My uncle and aunt only listen to their children. I get punished for their mistakes too.But suddenly one by one all of this bullying stopped. I don't know the reason, but from the moment I started spending time with this new guy who transferred to our school. Everything bad had stopped. ***************Hey. I'm Xavier. I hate school, but I still go there so I can entertain myself. I got expelled from 9 schools already. You see, I can't tolerate ill-mannered people and in school, you can find a bunch of them. So it is fun to make them see their place. In this new school, I found a girl. She was so fragile and oblivious of her beauty. She made me feel warm. So I followed her. I followed her literally everywhere.****************Hello, lovelies.Hope you like the story.
8 156 - In Serial6 Chapters
Happy Ending
Hamasaki Eiji might look normal on the outside, but he's actually an Introvert with no friends at all. He loves reading manga and watching anime with happy endings and always wished he could be the main character. However, with his hatred for people due to his past, he keeps everything to himself... Until one day he bumps into Takaki Hikari. Beautiful, energetic, and weird, the weird thing wasn't about her being too energetic or anything, but it's because she wouldn't leave Eiji alone. No clue why, but it's as if she knew him before they even met.
8 148 - In Serial9 Chapters
The Outlaw
Gaara was an outlaw that was sent to prison. Now on a stroke of luck, he's been invited to serve the remaining sentence on Naruto's ranch. Nobody wants to get close to him. The one person who does can send him back to prison in a blink of an eye. GaaXNaru
8 220 - In Serial38 Chapters
A Lonesome Fragrance Waiting to be Appreciated 4
Book 3 COMPLETEDThis is Book 4 (COMPLETE)This is the final book:Bai Pingting has always been contrary the saying, "A woman's virtue is ignorance". Although she serves the Marquess of Jing-An as a maid, she leads a life far richer than most women. Her plain appearance is not what defines her - but her intelligence, far beyond many wise men.Although Chu Beijie was an enemy general, she still cannot help being attracted to this man, despite the many lies and conspiracies...but between love and loyalty, she must make a choice. She can only hope that man's love for her isn't as deep as she thought.One is a soul who seemingly destroys peace while the other aspires to be the sword that saves. Between them, lies a mountain of hate...Who of the two most cunning people on earth cast the trap and just who captured the other?
8 217 - In Serial36 Chapters
Big girls need loving (editing)
A 17year old girl name Angel always get bully about her weight. It sucks being the fat girl..18year old Cameron jerkins is a young hustler in the streets. When these two cross paths what will happen ?****This book is not to downsize skinny girls! I'm just putting big girls in the spotlight for once.****Currently updating
8 139 - In Serial53 Chapters
Breaking Friend Zone
(Sequel to Possessive At First Sight) Highest Romance Rating: #70Alexander James Demakis. One thing for sure, he's a drop-dead gorgeous hunk with a stare that could make you cum right away. At a young age, he earned a spot in Forbes as one of the world most influential person. He turns silver into gold. And, as far as women go, they just exist as a mere sexual plaything. Meet his match, Clara Bell Valiente. A strong-willed royal, calm but a very blunt model. And she hated Alexander with a passion. A stolen kiss both made them realized that hate has a deeper meaning, but friendship comes first before love, that's Clara Bell's principle, except for Alex. He doesn't believe in Best Friend Forever especially when he knew Clara's so called bestfriend more than anyone. He's going all the way breaking that friend zone just to get another kiss from the woman who made him realized that kisses can be addicting, and he's addicted to her, like a heroine. And nothing can stop a drug addict, not even her bestfriend which happens to be his ex.
8 181

