《Amiss Prayer (Zawgyi&Unicode) [Completed]》Part-33(နွေးထွေးမှု)
Advertisement
For Unicode
နွေးထွေးမှု
ဆေးရုံ၏အနံ့နှင့် မွန်းကျပ်မှုတို့မှ လွန်မြောက်ပြီးနောက် မြတ်သူသည် အိမ်ကြီးရှိ အချစ်ဇာတ်လမ်း မွန်းကျပ်မှုတို့ထံ ပြန်သွားရဦးမည်။
မွန်းကျပ်မှုများအကြား နေသားကျနေသည့်ကျွန်တော်သည် အိမ်ကြီးထံသို့ ပြန်ချင်လှပါသည်။ စိုင်းထွဋ်ခေါင်ကို လွမ်းလှပါသည်။ အတိတ်နေ့ရက်များမှ နာကျင်မှုများကို လျစ်လျူရှု၍သာ..။
ထိုသို့ လျစ်လျူရှုရန် မည်မျှကြိုးစားခဲ့ရသည် ဟုထင်သနည်း။ မိမိနှင့် ဘ၀ချင်းမတူသူအား ချစ်မိခဲ့ခြင်းသည် မည်မျှခက်ခဲသည်ဟု ထင်သနည်း။
ခက်ခဲသည်။ သိပ်ခက်ခဲသည်။ ဆုံးဖြတ်ချက်တို့မခိုင်မာခင်က သိပ်နာကျင်ရသည်။ မေ့ရန်ကြိုးစားဖူးသည်။ ရှေ့ဆက်မတိုးရန် နှလုံးသားတို့ကို ပိတ်ပင်ခဲ့ဖူးသည်။ သို့သော်.. မရာမထင်။ မေ့ဖျောက်ရန်ကြိုးစားတိုင်းတွင် နာကျင်နေသည့် နှလုံးသားကြောင့် အခက်တွေ့ရလေသည်။ ပင်ပန်းရပါသည်။
ပင်ပန်းမှုကို ကျွန်တော်မုန်းသည်။ ထို့ကြောင့်သာ ကျွန်တော်သည် သူ့ကိုမေ့ဖျောက်ရန်မကြိုးစားတော့ပေ။ တစ်သက်တာလုံး ဦးနှောက်၏စေခိုင်းမှုများအကြား ပုံစံခွက်ထဲ၌ နေဖူးပြီးပါပြီ။ တစ်ကြိမ်တစ်ခါမျှ နှလုံးသား၏အလိုဆန္ဒကို လိုက်လျောသင့်သည်ဟုထင်ပါသည်။ တစ်ခါလောက် မိုက်ရူးရဲဆန်ကြည့်ဦးမည်။ ထို့ကြောင့်သာ ကျွန်တော်ခင်ဗျားကို ဆက်ချစ်ရန် ဆုံးဖြတ်လိုက်သည်။
ကျွန်တော့်ဆုံးဖြတ်ချက်တွေကို မမှားကြောင်း သက်သေပြပေးမယ်မဟုတ်လား သခင်လေးစိုင်းထွဋ်ခေါင်...။
မိမိသည်သူ့အား တွေ့ချင်လှပါသည်။ သူသည်က မိမိကိုတွေ့ချင်ပါ့မည်လော။ သူ.. မတွေ့ချင်သည်ဖြစ်လင့်ကစား မိမိသည် တွေ့အောင်ရှာမိမည်။ သူ့ထံမှ ဖြေရှင်းချက်တချို့ ကြားချင်သေးသည်။ အတိတ်ဘ၀မှ မပွင့်လင်းမှုကြောင့် မကြားခဲ့ရသည့် သူမိမိကို မည်မျှချစ်ကြောင်းကို စာဖွဲ့ခိုင်းဦးမည်။
အိမ်ကြီးထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် မြတ်သူတစ်ချက်ပြုံးလိုက်သည်။
“ ကျွန်တော်ပြန်လာပြီနော် သခင်လေး... “
တိုးလျစွာဆိုမိသည့် သူ့စကားကို ကျန်သောသူများမကြားရ။ စိုင်းထွဋ်ခေါင်သည်ကတော့ ကြားရပါသည်။
ပြန်လာပြီပေါ့။ နာကျင်ခြင်းတွေ တပွေ့တပိုက်နဲ့ ကောင်လေးပြန်လာပြီပေါ့။ အဲဒီနာကျင်မှုတွေအစား နွေးထွေးမှုတွေ ပေးချင်လိုက်တာ။ ဒါပေမဲ့.. မင်းကိုလည်းမတွေ့ရဲဘူး ကောင်လေးရယ်။ မင်းဆီက စကားလုံးလှလှလေးတွေပဲ ကြားခဲ့ရလို့လား မသိပါဘူး... မင်းဆီက အမုန်းစကားလုံးတွေကို မကြားရဲဘူးကောင်လေးရယ်...။
မြတ်သူကို စိုင်းထွဋ်ခေါင်မြင်ပါသည်။ သို့သော် စိုင်းထွဋ်ခေါင်ကို မြတ်သူမမြင်ခဲ့။ သူပြောသည့်စကားတို့ကိုလည်း မကြားခဲ့ပေ။ လှေကားထိပ်တွင်ရပ်နေသောမြတ်သူကို အောင်ပိုင်ကတွဲ၍ အခန်းထဲသို့ခေါ်သွားသည်။ အခန်းအတွင်းရှိ အလွမ်းငွေ့တို့သည် အခန်းတံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြတ်သူ၏နှလုံးသားသို့ ရိုက်ခတ်လာသည်။
ခုတင်ထက်တွင် ထိုင်လိုက်သောအခါ အောင်ပိုင်သည် မြတ်သူ၏ခြေထောက်တို့ကို စောင်ခြုံပေးသည်။ မြတ်သူ၏အခန်းထဲအား အောင်ပိုင်ကြည့်ရှုနေခဲ့သည်။
“ ဘာလို့ မှန်ကို လိုက်ကာနဲ့ကွယ်ထားတာတုံး.. ဟိုမှာလည်း မှန်ကွဲစတွေ “
“ ဘာရယ်မဟုတ်ပါဘူး.. ဒီလိုပါပဲ “
“ အခန်းထဲက မီးချောင်းလည်းမလင်းဘူး “
“ ပျက်နေတာ “
“ ပျက်နေတာကို ဒီအတိုင်းထားရလားကွ။ ပြင်ရမှာပေါ့။ အမှောင်ထဲမှာ ဘယ်လိုနေနေလဲမသိဘူး “
အမှန်ကတော့ ကျွန်တော်.. တမင်ဖျက်ဆီးထားတာလေ..။ သူ့အတွက်ပေါ့....။
အခန်းထဲမှ ပျက်စီးနေသည်များကိုပြင်ပြီးနောက်အောင်ပိုင်သည် မေမေတို့အားဝိုင်းကူပေးရန် အိမ်အောက်ထပ်သို့ ဆင်းသွားသည်။
အောင်ပိုင်ထွက်သွားသောအခါ မြတ်သူသည် ဒူးနှစ်ဖက်ကိုထောင်လိုက်ပြီး ဒူးပေါ်သို့လက်တင်လိုက်သည်။ လက်ပေါ်သို့ခေါင်းလှဲချလိုက်ကာ စာကြည့်စားပွဲခုံလေးကို ကြည့်နေမိသည်။ မျက်ရည်စအချို့နှင့်သာ..။
အရင်က ညရောက်တိုင်း.. ဒီနေရာလေးမှာ စကားပြောနေကျနော်။ ညတိုင်း ရောက်လာနေကျနော်။ ဒီညရော ရောက်လာပါ့မလား။ ကျွန်တော် ခင်ဗျားလွမ်းတယ်ဗျာ...။ အရင်တုန်းက ရက်စက်ဖူးပြီးပြီမို့ ဒီဘ၀မှာတော့ ရက်စက်ဖို့ မကြိုးစားပါနဲ့နော်။ ကျွန်တော်ရူးသွားလိမ့်မယ်...။
ဤအိမ်ကြီးသို့ ရောက်ခါစတွင်ရရှိခဲ့သည့် သူ၏ဂရုစိုက်မှုများ၊ သူ၏နွေးထွေးမှုများကို ပြန်သတိရမိသည်။ ထိုသတိရခြင်းနှင့်အတူ တွဲ၍ပါလာသည်က အတိတ်ဘဝတွင် သူ.. မိမိကို ရက်စက်ခဲ့သည့် ပုံရိပ်များပင်ဖြစ်သည်။ ပျော်ရွှင်မှုနှင့် နာကျင်မှုတို့ကို ဆက်၍ဆက်၍ခံစားရနေသည်မို့ ပို၍ပင်ပန်းရပါသည်။ နွေးထွေးမှုတို့ကိုတွေးတိုင်း ပူလောင်မှုတို့က ကပ်ပါ၍လာသည်။ ကြင်နာမှုတို့ကိုတွေးတိုင်း နာကျင်မှုတို့ ကပ်ပါ၍လာသည်။ ခက်ခဲလွန်းပါသည်။
အောင်ပိုင်ကလည်း မိမိဘေးတွင် အချိန်တိုင်းလိုလိုရှိနေသည်မို့ ခံစားချက်တို့ကို မျိုသိပ်ရပြန်သေးသည်။ အဖြစ်မှန်ကို ဖွင့်ပြောမိပါလျှင်လည်း ရူးနေသည်ဟု အထင်ခံရဦးမည်။ ထိုသို့မျိုသိပ်လျက် သုံးရက်လွန်ပြီးသောအခါ အောင်ပိုင်လည်း ရန်ကုန်သို့ပြန်သွားသည်။ မေမေသည်လည်း အထည်ဆိုင်နှင့်အလုပ်ရှုပ်နေသည်။ အိမ်တွင် ဘွားဘွား၊ အိမ်အကူအမျိုးသမီးဖြစ်သည် ဒေါ်မြတင်နှင့် မိမိသာရှိနေသည်။ ဒေါ်မြတင်သည် ဘွားဘွားဘေးနားတွင် အမြဲရှိနေပေးသည်။ ဘွားဘွားကလည်း မိမိအား မည်သည့်အရာမျှမခိုင်းပေ။ နေကောင်းခါစဖြစ်၍ နားနေခိုင်းထားသည်။
အအေးဒဏ်ကြောင့် အပြင်လည်းမထွက်ဖြစ်။ ထို့ကြောင့် အခန်းထဲတွင်သာ ကိုယ်ပိုင်ကမ္ဘာဖန်တီးနေခဲ့သည်။ ထိုကမ္ဘာငယ်တွင် နေထိုင်လျက် သူ့ကိုသာနေ့တိုင်းမျှော်မိသည်။ သို့သော်ပေါ်မလာခဲ့...။ မိမိအန္တရာယ်နှင့်ကြုံတိုင်းတွင် သူရောက်ရောက်လာတတ်သည်ဖြစ်၍ မိမိကိုယ်ကိုနာကျင်စေရန် ပြုလုပ်ဖူးသည်။
လက်ကိုရေနွေးပူလောင်ခြင်းဖြင့် စမ်းသပ်ဖူးသည်။ ရေနွေးထည့်မည့် ဖန်ခွက်တိုင်းလိုလိုပင် တိုက်မိခြင်းမရှိ.. အကြောင်းမဲ့စွာ ကျကွဲကုန်သည်။ ဓာတ်ဘူးအဖုံးသည်လည်း ဖွင့်မရခဲ့။ ဓားဖြင့် လက်ကိုမွှန်းရန် ကြံစည်ဖူးသည်။ မိမိလှမ်းယူလိုက်တိုင်းပင် ဓားတို့ အဝေးသို့ လွင့်စင်ကုန်သည်။
ဤသည်တို့ကို ကြည့်ခြင်းဖြင့် သူသည် မိမိ၏အနီးတစ်ဝိုက်တွင်ရှ်ိနေကြောင်းသိသာပါသည်။ သို့သော် အဘယ်ကြောင့် မိမိအရှေ့တွင် ပေါ်မလာရသနည်း။ သူကျီစားလွန်းပါသည်...။ ယနေ့ညတွင်မူ ဆက်၍သည်းမခံနိုင်တော့ပြီ။
မြတ်သူသည် အခန်းတံခါးကို ပိတ်လိုက်ကာ ခုတင်ပေါ်တွင်ထိုင်ပြီးလျက် ခံစားချက်တို့ပျောက်ဆုံးနေသောမျက်နှာ၊ တည်ငြိမ်နေသောအသံဖြင့် တစ်ယောက်တည်းစကားပြောမိသည်။
Advertisement
သူ.. ကြားလို ကြားငြားပေါ့...။
“ ဘယ်အချိန်ထိ ပုန်းနေဦးမှာလဲ။ အခု ခင်ဗျားဒီအခန်းထဲမှာ ရှိနေတယ်မဟုတ်လား။ ကျေးဇူးပြုပြီး ကျွန်တော့်ရှေ့ကိုလာခဲ့ပေးပါလား။ တောင်းဆိုနေတာပါ။ တကယ်.. ခံစားရခက်လွန်းလို့ပါ.. “
လိုအပ်နေသည်။ ခိုနားရန် ရင်ခွင်တစ်ခု လိုအပ်နေသည်ဖြစ်၍ မျက်ရည်တို့ဖြင့် တောင်းဆိုမိပါသည်။
တောင်းဆိုပြီးနောက် အခန်းထောင့်တွင်ပေါ်လာသော စိုင်းထွဋ်ခေါင်...။ စိုင်းထွဋ်ခေါင်သည်လည်း မျက်ရည်တို့ဖြင့်သာ..။ မြတ်သူ၏အရှေ့သို့ရောက်လာပြီး ဒူးထောက်ချလိုက်သည်။ တစ်ချိန်က မြတ်သူ၏သွေးများ စွန်းထင်းခဲ့ဖူးသောလက်တစ်စုံဖြင့် မြတ်သူအားထိတွေ့ရန် ၀န်လေးနေခဲ့သည်။
ကောင်လေးကို ထွေးပွေ့ထားချင်ပါသည်။ သို့သော် မထွေးပွေ့ရဲပေ။
“ ဘာလို့ အကြာကြီးပျောက်နေရတာလဲ။ ဘာလို့ အခုမှပေါ်လာရတာလဲ။ ဘာလဲ ကျွန်တော်ကိုမတွေ့ချင်တော့လို့လား “
တုန်ယင်နေသောအသံသည် သူ၏နာကျင်မှုကို မည်မျှထိန်းချုပ်ထားရကြောင်း ပြနေသည့် သက်သေများပင်... ။
“ မတွေ့ရဲတာပါ.. “
“ ဘာကြောင့်လဲ “
“ ကောင်လေးမုန်းသွားကို သိပ်ကြောက်မိလို့ပါ..။ အပြစ်ကျူးလွန်ထားတဲ့ ကိုယ့်ရဲ့လက်တွေနဲ့ ကောင်လေးကို မထိတွေ့ရဲလို့ပါ “
“ ဘာလို့ အဲဒီလောက်ထိ ရက်စက်ရတာလဲ “
ထိုစကားအတွက် မဖြေမရှိ။ သူ့ကိုရက်စက်မိသည်က ဟုတ်ပါသည်။ သို့သော် သူနှင့်ထပ်တူ မိမိလည်း နာကျင်ဖူးပါသည်။
“ ပြောပါဗျာ... ဒီရင်တွေထဲမှာ ပူလွန်းလို့ပါဗျာ...။ ခင်ဗျားရက်စက်ခဲ့တဲ့ ပုံရိပ်တွေက ဒီခေါင်းထဲက ထုတ်လို့မရသေးဘူးဗျ “
အော်ဟစ်ရင်း ခေါင်းကိုထုနေသည့် မြတ်သူ၏လက်အား စိုင်းထွဋ်ခေါင် လှမ်းတားလိုက်သည်။
“ မလုပ်ပါနဲ့ကောင်လေးရယ်။ ဒဏ်ရာရထားတာ သိပ်မကြာသေးဘူးလေကွာ။ ကောင်လေးတစ်ခုခုဖြစ်မှာစိုးလို့ပါ “
“ အဲဒီလိုစိုးရိမ်နေရင် မရှင်းပြဘဲ ဘာလို့အကြာကြီးပစ်ထားရတာလဲ “
မြတ်သူသည် စိုင်းထွဋ်ခေါင်၏လက်မှ ရုန်းထွက်လျက် စိုင်းထွဋ်ခေါင်အား ရိုက်နေမိသည်။
“ ကောင်လေးရယ်.. ရှင်းပြလိုက်လို့ ကောင်လေးထွက်ပြေးသွားမှာကို ကိုယ်တကယ်ကြောက်နေလို့ပါ။ ကောင်လေးကို ထပ်ပြီးနာကျင်မှုတွေ မပေးရဲလို့ပါ “
မျက်ရည်တို့ဖြင့်ပြောလာသည့်သူ့ကို ကြည့်နေမိသည်။ ထို့နောက် မိမိပါးပြင်ပေါ်မှ မျက်ရည်တို့ကို သူ၏အေးစက်သော လက်ဖြင့် ဖယ်ရှားပေးသည်။
“ ပိုင်ဆိုင်ချင်တာပေါ့...။ ဒီလူသားလေးကို အပိုင်သိမ်းထားချင်တာပေါ့။ ဒါပေမဲ့.. ကောင်လေးနာကျင်ရမယ့် ကိစ္စတွေအတွက် ကိုယ်အခုထိ သတ္တိမရှိသေးဘူး ကောင်လေးရယ်..။ တောင်းပန်ပါတယ်။ အခုလည်း မင်းကိုနာကျင်အောင်လုပ်မိပြန်ပြီကွယ် “
“ အဲဒီနာကျင်မှုတွေကို ဖြေသိမ့်ပေးနိုင်မလား “
“ ဖြေသိမ့်ပေးချင်တာပေါ့ ကောင်လေးရယ် “
“ အဲဒါဆို ကျွန်တော့်ဘေးနားကနေ ဘယ်မှထွက်မသွားပါနဲ့နော်.. “
“ ကိုယ်က စောင့်နေရသူပါကောင်လေးရယ်..”
“ ဘယ်လောက် စောင့်နေခဲ့ရလဲ “
“ နှစ်ငါးဆယ်ကျော် “
“ ဘာလို့စောင့်နေခဲ့တာလဲ “
“ စိတ်အစွဲတစ်ခုကြောင့်ပေါ့။ ကောင်လေးအပေါ်ကျူးလွန်ခဲ့တဲ့အမှားတွေကို ပြန်ပေးဆပ်ချင်တဲ့ စိတ်အစွဲကြောင့် “
“ အင်း.. ကျွန်တော့်ရဲ့ အတိတ်ဘ၀က နစ်နာမှုတွေအတွက် ပြန်ပေးဆပ်ပါ။ အမြဲတမ်းထွေးပွေ့ပေးထားပါ။ အခုလိုမျိုးပေါ့ “
“ ထွေးပွေ့ထားချင်တာပေါ့။ ဒါပေမဲ့.. “
“ အခုချိန်ထိ သတ္တိကြောင်နေတုန်းပဲလား.. ဘာကိုဒါပေမဲ့ လဲ “
“ မင်းရဲ့သွေးတွေစွန်းထင်းဖူးတဲ့ ဒီလက်တွေနဲ့... “
“ ထပ်မပြောပါနဲ့... အတိတ်တွေကိုပြန်မသွားချင်ဘူး။ အတိတ်ဆိုတာကျန်ခဲ့ပြီ။ လက်ရှိပစ္စုပ္ပန်မှာ အတိတ်ဆိုတာက အရိပ်သာသာပဲရှိတာပါ။ အရိပ်ဆိုတာ မြင်နေရရုံပဲ။ ကိုယ့်ကို သူကအန္တရာယ်မပြုနိုင်သလို ကိုယ်ကလည်းသူ့ကို ပြန်ပြင်ဆင်လို့မရဘူး “
“ ကောင်လေးသဘောပါ.. “
“ အတိတ်တွေဆီက ရုန်းထွက်ပေးပါ။ ပစ္စုပ္ပန်မှာ ကျွန်တော်ကို ကြင်နာပေးပါ “
“ ကောင်လေးအလိုကျ အားလုံးဖြစ်စေရမယ်။ ဒီညတော့ အိပ်လိုက်တော့နော်။ ငိုလိုက်ရလို့ ပင်ပန်းနေရောပေါ့။ “
စိုင်းထွဋ်ခေါင်သည် မြတ်သူအား ခုတင်ပေါ်သို့ ညင်သာစွာ လှဲစေပြီး စောင်ခြုံပေးလိုက်သည်။ နန္ဒသည် စောင်ခြုံပေးသည့် စိုင်းထွဋ်ခေါင်၏ လက်တို့ကို လှမ်းကိုင်လိုက်ပြီးလျင် တောင်းဆိုမှုတစ်ခုကို ပြောပြန်သည်။
“ ကျွန်တော့်ကို ဖက်ထားပေးနိုင်မလား “
ထိုတောင်းဆိုမှုမျိုးသည် စိုင်းထွဋ်ခေါင်အတွက် ငြင်းစရာကောင်းသောအရာမဟုတ်ခဲ့။
“ ကိုယ့်ကောင်လေးသဘော... “
ထို့နောက် မိမိရင်ခွင်ထဲမှ ချစ်ရသူလေးသည် မိမိအားကြင်နာစွာ စကားဆိုလာပြန်သေးသည်။
“ စောစောက ကျွန်တော်ရိုက်လိုက်တာ နာသွားသေးလား “
“ မင်းကိုပေးခဲ့တာ နာကျင်မှုတွေကိုမမီပါဘူး ကောင်လေးရယ်။ ဒီလောက်လေးနဲ့ ကိုယ်ကနာစရာလား။ ကိုယ်ဘာမှမဖြစ်တာမို့လို့ စိတ်ချလက်ချအိပ်တော့နော် “
“ အင်း.. “
ကောင်လေး၏အိပ်စက်မှုအတွက် မိမိသည်အဖော်ပြုပေးခဲ့ရသည်။ အိပ်ပျော်သွားသည့် ကောင်လေး၏ မျက်နှာကိုကြည့်နေမိခဲ့သည်။ ဖြူစင်လွန်းသည့် ထိုကောင်လေးကို မိမိကအရောင်ဆိုးနေမိပြီလား ဟုအတွေးခေါင်မိသည်။
အရောင်ဆိုးမိတယ်။ ဟုတ်တယ်။ ဒါပေမဲ့ အလှပဆုံး ဆေးခြယ်ပေးမှာမို့လို့ ဒီရင်ခွင်မှာခိုနားလှည့်ပါ ကောင်လေး..။
ထိုညတွင် အကြင်သူနှစ်ဦးသည် ကိစ္စအချို့ကိုမေ့ဖျောက်ကာ နွေးထွေးမှုအချို့ကိုဖန်တီးနေမိသည်။ ထိုသူနှစ်ဦး မေ့ဖျောက်ထားသည့်အရာတို့တွင် မမေ့ဖျောက်သင့်သောအရာတို့လည်း ပါ၀င်နေသည်။ ဤသည်မှာ ဘ၀ချင်းခြားနားနေမှု ပင်ဖြစ်သည်။
Advertisement
For Zawgyi
ေႏြးေထြးမႈ
ေဆး႐ုံ၏အနံ႔ႏွင့္ မြန္းက်ပ္မႈတို႔မွ လြန္ေျမာက္ၿပီးေနာက္ ျမတ္သူသည္ အိမ္ႀကီးရွိ အခ်စ္ဇာတ္လမ္း မြန္းက်ပ္မႈတို႔ထံ ျပန္သြားရဦးမည္။
မြန္းက်ပ္မႈမ်ားအၾကား ေနသားက်ေနသည့္ကြၽန္ေတာ္သည္ အိမ္ႀကီးထံသို႔ ျပန္ခ်င္လွပါသည္။ စိုင္းထြဋ္ေခါင္ကို လြမ္းလွပါသည္။ အတိတ္ေန႔ရက္မ်ားမွ နာက်င္မႈမ်ားကို လ်စ္လ်ဴရႈ၍သာ..။
ထိုသို႔ လ်စ္လ်ဴရႈရန္ မည္မွ်ႀကိဳးစားခဲ့ရသည္ ဟုထင္သနည္း။ မိမိႏွင့္ ဘ၀ခ်င္းမတူသူအား ခ်စ္မိခဲ့ျခင္းသည္ မည္မွ်ခက္ခဲသည္ဟု ထင္သနည္း။
ခက္ခဲသည္။ သိပ္ခက္ခဲသည္။ ဆုံးျဖတ္ခ်က္တို႔မခိုင္မာခင္က သိပ္နာက်င္ရသည္။ ေမ့ရန္ႀကိဳးစားဖူးသည္။ ေရွ႕ဆက္မတိုးရန္ ႏွလုံးသားတို႔ကို ပိတ္ပင္ခဲ့ဖူးသည္။ သို႔ေသာ္.. မရာမထင္။ ေမ့ေဖ်ာက္ရန္ႀကိဳးစားတိုင္းတြင္ နာက်င္ေနသည့္ ႏွလုံးသားေၾကာင့္ အခက္ေတြ႕ရေလသည္။ ပင္ပန္းရပါသည္။
ပင္ပန္းမႈကို ကြၽန္ေတာ္မုန္းသည္။ ထို႔ေၾကာင့္သာ ကြၽန္ေတာ္သည္ သူ႔ကိုေမ့ေဖ်ာက္ရန္မႀကိဳးစားေတာ့ေပ။ တစ္သက္တာလုံး ဦးေႏွာက္၏ေစခိုင္းမႈမ်ားအၾကား ပုံစံခြက္ထဲ၌ ေနဖူးၿပီးပါၿပီ။ တစ္ႀကိမ္တစ္ခါမွ် ႏွလုံးသား၏အလိုဆႏၵကို လိုက္ေလ်ာသင့္သည္ဟုထင္ပါသည္။ တစ္ခါေလာက္ မိုက္႐ူးရဲဆန္ၾကည့္ဦးမည္။ ထို႔ေၾကာင့္သာ ကြၽန္ေတာ္ခင္ဗ်ားကို ဆက္ခ်စ္ရန္ ဆုံးျဖတ္လိုက္သည္။
ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ေတြကို မမွားေၾကာင္း သက္ေသျပေပးမယ္မဟုတ္လား သခင္ေလးစိုင္းထြဋ္ေခါင္...။
မိမိသည္သူ႔အား ေတြ႕ခ်င္လွပါသည္။ သူသည္က မိမိကိုေတြ႕ခ်င္ပါ့မည္ေလာ။ သူ.. မေတြ႕ခ်င္သည္ျဖစ္လင့္ကစား မိမိသည္ ေတြ႕ေအာင္ရွာမိမည္။ သူ႔ထံမွ ေျဖရွင္းခ်က္တခ်ိဳ႕ ၾကားခ်င္ေသးသည္။ အတိတ္ဘ၀မွ မပြင့္လင္းမႈေၾကာင့္ မၾကားခဲ့ရသည့္ သူမိမိကို မည္မွ်ခ်စ္ေၾကာင္းကို စာဖြဲ႕ခိုင္းဦးမည္။
အိမ္ႀကီးထဲသို႔ ၀င္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ျမတ္သူတစ္ခ်က္ၿပဳံးလိုက္သည္။
“ ကြၽန္ေတာ္ျပန္လာၿပီေနာ္ သခင္ေလး... “
တိုးလ်စြာဆိုမိသည့္ သူ႔စကားကို က်န္ေသာသူမ်ားမၾကားရ။ စိုင္းထြဋ္ေခါင္သည္ကေတာ့ ၾကားရပါသည္။
ျပန္လာၿပီေပါ့။ နာက်င္ျခင္းေတြ တေပြ႕တပိုက္နဲ႔ ေကာင္ေလးျပန္လာၿပီေပါ့။ အဲဒီနာက်င္မႈေတြအစား ေႏြးေထြးမႈေတြ ေပးခ်င္လိုက္တာ။ ဒါေပမဲ့.. မင္းကိုလည္းမေတြ႕ရဲဘူး ေကာင္ေလးရယ္။ မင္းဆီက စကားလုံးလွလွေလးေတြပဲ ၾကားခဲ့ရလို႔လား မသိပါဘူး... မင္းဆီက အမုန္းစကားလုံးေတြကို မၾကားရဲဘူးေကာင္ေလးရယ္...။
ျမတ္သူကို စိုင္းထြဋ္ေခါင္ျမင္ပါသည္။ သို႔ေသာ္ စိုင္းထြဋ္ေခါင္ကို ျမတ္သူမျမင္ခဲ့။ သူေျပာသည့္စကားတို႔ကိုလည္း မၾကားခဲ့ေပ။ ေလွကားထိပ္တြင္ရပ္ေနေသာျမတ္သူကို ေအာင္ပိုင္ကတြဲ၍ အခန္းထဲသို႔ေခၚသြားသည္။ အခန္းအတြင္းရွိ အလြမ္းေငြ႕တို႔သည္ အခန္းတံခါးဖြင့္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ျမတ္သူ၏ႏွလုံးသားသို႔ ႐ိုက္ခတ္လာသည္။
ခုတင္ထက္တြင္ ထိုင္လိုက္ေသာအခါ ေအာင္ပိုင္သည္ ျမတ္သူ၏ေျခေထာက္တို႔ကို ေစာင္ၿခဳံေပးသည္။ ျမတ္သူ၏အခန္းထဲအား ေအာင္ပိုင္ၾကည့္ရႈေနခဲ့သည္။
“ ဘာလို႔ မွန္ကို လိုက္ကာနဲ႔ကြယ္ထားတာတုံး.. ဟိုမွာလည္း မွန္ကြဲစေတြ “
“ ဘာရယ္မဟုတ္ပါဘူး.. ဒီလိုပါပဲ “
“ အခန္းထဲက မီးေခ်ာင္းလည္းမလင္းဘူး “
“ ပ်က္ေနတာ “
“ ပ်က္ေနတာကို ဒီအတိုင္းထားရလားကြ။ ျပင္ရမွာေပါ့။ အေမွာင္ထဲမွာ ဘယ္လိုေနေနလဲမသိဘူး “
အမွန္ကေတာ့ ကြၽန္ေတာ္.. တမင္ဖ်က္ဆီးထားတာေလ..။ သူ႔အတြက္ေပါ့....။
အခန္းထဲမွ ပ်က္စီးေနသည္မ်ားကိုျပင္ၿပီးေနာက္ေအာင္ပိုင္သည္ ေမေမတို႔အားဝိုင္းကူေပးရန္ အိမ္ေအာက္ထပ္သို႔ ဆင္းသြားသည္။
ေအာင္ပိုင္ထြက္သြားေသာအခါ ျမတ္သူသည္ ဒူးႏွစ္ဖက္ကိုေထာင္လိုက္ၿပီး ဒူးေပၚသို႔လက္တင္လိုက္သည္။ လက္ေပၚသို႔ေခါင္းလွဲခ်လိုက္ကာ စာၾကည့္စားပြဲခုံေလးကို ၾကည့္ေနမိသည္။ မ်က္ရည္စအခ်ိဳ႕ႏွင့္သာ..။
အရင္က ညေရာက္တိုင္း.. ဒီေနရာေလးမွာ စကားေျပာေနက်ေနာ္။ ညတိုင္း ေရာက္လာေနက်ေနာ္။ ဒီညေရာ ေရာက္လာပါ့မလား။ ကြၽန္ေတာ္ ခင္ဗ်ားလြမ္းတယ္ဗ်ာ...။ အရင္တုန္းက ရက္စက္ဖူးၿပီးၿပီမို႔ ဒီဘ၀မွာေတာ့ ရက္စက္ဖို႔ မႀကိဳးစားပါနဲ႔ေနာ္။ ကြၽန္ေတာ္႐ူးသြားလိမ့္မယ္...။
ဤအိမ္ႀကီးသို႔ ေရာက္ခါစတြင္ရရွိခဲ့သည့္ သူ၏ဂ႐ုစိုက္မႈမ်ား၊ သူ၏ေႏြးေထြးမႈမ်ားကို ျပန္သတိရမိသည္။ ထိုသတိရျခင္းႏွင့္အတူ တြဲ၍ပါလာသည္က အတိတ္ဘဝတြင္ သူ.. မိမိကို ရက္စက္ခဲ့သည့္ ပုံရိပ္မ်ားပင္ျဖစ္သည္။ ေပ်ာ္႐ႊင္မႈႏွင့္ နာက်င္မႈတို႔ကို ဆက္၍ဆက္၍ခံစားရေနသည္မို႔ ပို၍ပင္ပန္းရပါသည္။ ေႏြးေထြးမႈတို႔ကိုေတြးတိုင္း ပူေလာင္မႈတို႔က ကပ္ပါ၍လာသည္။ ၾကင္နာမႈတို႔ကိုေတြးတိုင္း နာက်င္မႈတို႔ ကပ္ပါ၍လာသည္။ ခက္ခဲလြန္းပါသည္။
ေအာင္ပိုင္ကလည္း မိမိေဘးတြင္ အခ်ိန္တိုင္းလိုလိုရွိေနသည္မို႔ ခံစားခ်က္တို႔ကို မ်ိဳသိပ္ရျပန္ေသးသည္။ အျဖစ္မွန္ကို ဖြင့္ေျပာမိပါလွ်င္လည္း ႐ူးေနသည္ဟု အထင္ခံရဦးမည္။ ထိုသို႔မ်ိဳသိပ္လ်က္ သုံးရက္လြန္ၿပီးေသာအခါ ေအာင္ပိုင္လည္း ရန္ကုန္သို႔ျပန္သြားသည္။ ေမေမသည္လည္း အထည္ဆိုင္ႏွင့္အလုပ္ရႈပ္ေနသည္။ အိမ္တြင္ ဘြားဘြား၊ အိမ္အကူအမ်ိဳးသမီးျဖစ္သည္ ေဒၚျမတင္ႏွင့္ မိမိသာရွိေနသည္။ ေဒၚျမတင္သည္ ဘြားဘြားေဘးနားတြင္ အၿမဲရွိေနေပးသည္။ ဘြားဘြားကလည္း မိမိအား မည္သည့္အရာမွ်မခိုင္းေပ။ ေနေကာင္းခါစျဖစ္၍ နားေနခိုင္းထားသည္။
အေအးဒဏ္ေၾကာင့္ အျပင္လည္းမထြက္ျဖစ္။ ထို႔ေၾကာင့္ အခန္းထဲတြင္သာ ကိုယ္ပိုင္ကမာၻဖန္တီးေနခဲ့သည္။ ထိုကမာၻငယ္တြင္ ေနထိုင္လ်က္ သူ႔ကိုသာေန႔တိုင္းေမွ်ာ္မိသည္။ သို႔ေသာ္ေပၚမလာခဲ့...။ မိမိအႏၲရာယ္ႏွင့္ႀကဳံတိုင္းတြင္ သူေရာက္ေရာက္လာတတ္သည္ျဖစ္၍ မိမိကိုယ္ကိုနာက်င္ေစရန္ ျပဳလုပ္ဖူးသည္။
လက္ကိုေရေႏြးပူေလာင္ျခင္းျဖင့္ စမ္းသပ္ဖူးသည္။ ေရေႏြးထည့္မည့္ ဖန္ခြက္တိုင္းလိုလိုပင္ တိုက္မိျခင္းမရွိ.. အေၾကာင္းမဲ့စြာ က်ကြဲကုန္သည္။ ဓာတ္ဘူးအဖုံးသည္လည္း ဖြင့္မရခဲ့။ ဓားျဖင့္ လက္ကိုမႊန္းရန္ ႀကံစည္ဖူးသည္။ မိမိလွမ္းယူလိုက္တိုင္းပင္ ဓားတို႔ အေဝးသို႔ လြင့္စင္ကုန္သည္။
ဤသည္တို႔ကို ၾကည့္ျခင္းျဖင့္ သူသည္ မိမိ၏အနီးတစ္ဝိုက္တြင္ရွ္ိေနေၾကာင္းသိသာပါသည္။ သို႔ေသာ္ အဘယ္ေၾကာင့္ မိမိအေရွ႕တြင္ ေပၚမလာရသနည္း။ သူက်ီစားလြန္းပါသည္...။ ယေန႔ညတြင္မူ ဆက္၍သည္းမခံႏိုင္ေတာ့ၿပီ။
ျမတ္သူသည္ အခန္းတံခါးကို ပိတ္လိုက္ကာ ခုတင္ေပၚတြင္ထိုင္ၿပီးလ်က္ ခံစားခ်က္တို႔ေပ်ာက္ဆုံးေနေသာမ်က္ႏွာ၊ တည္ၿငိမ္ေနေသာအသံျဖင့္ တစ္ေယာက္တည္းစကားေျပာမိသည္။
သူ.. ၾကားလို ၾကားျငားေပါ့...။
“ ဘယ္အခ်ိန္ထိ ပုန္းေနဦးမွာလဲ။ အခု ခင္ဗ်ားဒီအခန္းထဲမွာ ရွိေနတယ္မဟုတ္လား။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ေရွ႕ကိုလာခဲ့ေပးပါလား။ ေတာင္းဆိုေနတာပါ။ တကယ္.. ခံစားရခက္လြန္းလို႔ပါ.. “
လိုအပ္ေနသည္။ ခိုနားရန္ ရင္ခြင္တစ္ခု လိုအပ္ေနသည္ျဖစ္၍ မ်က္ရည္တို႔ျဖင့္ ေတာင္းဆိုမိပါသည္။
ေတာင္းဆိုၿပီးေနာက္ အခန္းေထာင့္တြင္ေပၚလာေသာ စိုင္းထြဋ္ေခါင္...။ စိုင္းထြဋ္ေခါင္သည္လည္း မ်က္ရည္တို႔ျဖင့္သာ..။ ျမတ္သူ၏အေရွ႕သို႔ေရာက္လာၿပီး ဒူးေထာက္ခ်လိုက္သည္။ တစ္ခ်ိန္က ျမတ္သူ၏ေသြးမ်ား စြန္းထင္းခဲ့ဖူးေသာလက္တစ္စုံျဖင့္ ျမတ္သူအားထိေတြ႕ရန္ ၀န္ေလးေနခဲ့သည္။
ေကာင္ေလးကို ေထြးေပြ႕ထားခ်င္ပါသည္။ သို႔ေသာ္ မေထြးေပြ႕ရဲေပ။
“ ဘာလို႔ အၾကာႀကီးေပ်ာက္ေနရတာလဲ။ ဘာလို႔ အခုမွေပၚလာရတာလဲ။ ဘာလဲ ကြၽန္ေတာ္ကိုမေတြ႕ခ်င္ေတာ့လို႔လား “
တုန္ယင္ေနေသာအသံသည္ သူ၏နာက်င္မႈကို မည္မွ်ထိန္းခ်ဳပ္ထားရေၾကာင္း ျပေနသည့္ သက္ေသမ်ားပင္... ။
“ မေတြ႕ရဲတာပါ.. “
“ ဘာေၾကာင့္လဲ “
“ ေကာင္ေလးမုန္းသြားကို သိပ္ေၾကာက္မိလို႔ပါ..။ အျပစ္က်ဴးလြန္ထားတဲ့ ကိုယ့္ရဲ႕လက္ေတြနဲ႔ ေကာင္ေလးကို မထိေတြ႕ရဲလို႔ပါ “
“ ဘာလို႔ အဲဒီေလာက္ထိ ရက္စက္ရတာလဲ “
ထိုစကားအတြက္ မေျဖမရွိ။ သူ႔ကိုရက္စက္မိသည္က ဟုတ္ပါသည္။ သို႔ေသာ္ သူႏွင့္ထပ္တူ မိမိလည္း နာက်င္ဖူးပါသည္။
“ ေျပာပါဗ်ာ... ဒီရင္ေတြထဲမွာ ပူလြန္းလို႔ပါဗ်ာ...။ ခင္ဗ်ားရက္စက္ခဲ့တဲ့ ပုံရိပ္ေတြက ဒီေခါင္းထဲက ထုတ္လို႔မရေသးဘူးဗ် “
ေအာ္ဟစ္ရင္း ေခါင္းကိုထုေနသည့္ ျမတ္သူ၏လက္အား စိုင္းထြဋ္ေခါင္ လွမ္းတားလိုက္သည္။
“ မလုပ္ပါနဲ႔ေကာင္ေလးရယ္။ ဒဏ္ရာရထားတာ သိပ္မၾကာေသးဘူးေလကြာ။ ေကာင္ေလးတစ္ခုခုျဖစ္မွာစိုးလို႔ပါ “
“ အဲဒီလိုစိုးရိမ္ေနရင္ မရွင္းျပဘဲ ဘာလို႔အၾကာႀကီးပစ္ထားရတာလဲ “
ျမတ္သူသည္ စိုင္းထြဋ္ေခါင္၏လက္မွ ႐ုန္းထြက္လ်က္ စိုင္းထြဋ္ေခါင္အား ႐ိုက္ေနမိသည္။
“ ေကာင္ေလးရယ္.. ရွင္းျပလိုက္လို႔ ေကာင္ေလးထြက္ေျပးသြားမွာကို ကိုယ္တကယ္ေၾကာက္ေနလို႔ပါ။ ေကာင္ေလးကို ထပ္ၿပီးနာက်င္မႈေတြ မေပးရဲလို႔ပါ “
မ်က္ရည္တို႔ျဖင့္ေျပာလာသည့္သူ႔ကို ၾကည့္ေနမိသည္။ ထို႔ေနာက္ မိမိပါးျပင္ေပၚမွ မ်က္ရည္တို႔ကို သူ၏ေအးစက္ေသာ လက္ျဖင့္ ဖယ္ရွားေပးသည္။
“ ပိုင္ဆိုင္ခ်င္တာေပါ့...။ ဒီလူသားေလးကို အပိုင္သိမ္းထားခ်င္တာေပါ့။ ဒါေပမဲ့.. ေကာင္ေလးနာက်င္ရမယ့္ ကိစၥေတြအတြက္ ကိုယ္အခုထိ သတၱိမရွိေသးဘူး ေကာင္ေလးရယ္..။ ေတာင္းပန္ပါတယ္။ အခုလည္း မင္းကိုနာက်င္ေအာင္လုပ္မိျပန္ၿပီကြယ္ “
“ အဲဒီနာက်င္မႈေတြကို ေျဖသိမ့္ေပးႏိုင္မလား “
“ ေျဖသိမ့္ေပးခ်င္တာေပါ့ ေကာင္ေလးရယ္ “
“ အဲဒါဆို ကြၽန္ေတာ့္ေဘးနားကေန ဘယ္မွထြက္မသြားပါနဲ႔ေနာ္.. “
“ ကိုယ္က ေစာင့္ေနရသူပါေကာင္ေလးရယ္..”
“ ဘယ္ေလာက္ ေစာင့္ေနခဲ့ရလဲ “
“ ႏွစ္ငါးဆယ္ေက်ာ္ “
“ ဘာလို႔ေစာင့္ေနခဲ့တာလဲ “
“ စိတ္အစြဲတစ္ခုေၾကာင့္ေပါ့။ ေကာင္ေလးအေပၚက်ဴးလြန္ခဲ့တဲ့အမွားေတြကို ျပန္ေပးဆပ္ခ်င္တဲ့ စိတ္အစြဲေၾကာင့္ “
“ အင္း.. ကြၽန္ေတာ့္ရဲ႕ အတိတ္ဘ၀က နစ္နာမႈေတြအတြက္ ျပန္ေပးဆပ္ပါ။ အၿမဲတမ္းေထြးေပြ႕ေပးထားပါ။ အခုလိုမ်ိဳးေပါ့ “
“ ေထြးေပြ႕ထားခ်င္တာေပါ့။ ဒါေပမဲ့.. “
“ အခုခ်ိန္ထိ သတၱိေၾကာင္ေနတုန္းပဲလား.. ဘာကိုဒါေပမဲ့ လဲ “
“ မင္းရဲ႕ေသြးေတြစြန္းထင္းဖူးတဲ့ ဒီလက္ေတြနဲ႔... “
“ ထပ္မေျပာပါနဲ႔... အတိတ္ေတြကိုျပန္မသြားခ်င္ဘူး။ အတိတ္ဆိုတာက်န္ခဲ့ၿပီ။ လက္ရွိပစၥဳပၸန္မွာ အတိတ္ဆိုတာက အရိပ္သာသာပဲရွိတာပါ။ အရိပ္ဆိုတာ ျမင္ေနရ႐ုံပဲ။ ကိုယ့္ကို သူကအႏၲရာယ္မျပဳႏိုင္သလို ကိုယ္ကလည္းသူ႔ကို ျပန္ျပင္ဆင္လို႔မရဘူး “
“ ေကာင္ေလးသေဘာပါ.. “
“ အတိတ္ေတြဆီက ႐ုန္းထြက္ေပးပါ။ ပစၥဳပၸန္မွာ ကြၽန္ေတာ္ကို ၾကင္နာေပးပါ “
“ ေကာင္ေလးအလိုက် အားလုံးျဖစ္ေစရမယ္။ ဒီညေတာ့ အိပ္လိုက္ေတာ့ေနာ္။ ငိုလိုက္ရလို႔ ပင္ပန္းေနေရာေပါ့။ “
စိုင္းထြဋ္ေခါင္သည္ ျမတ္သူအား ခုတင္ေပၚသို႔ ညင္သာစြာ လွဲေစၿပီး ေစာင္ၿခဳံေပးလိုက္သည္။ နႏၵသည္ ေစာင္ၿခဳံေပးသည့္ စိုင္းထြဋ္ေခါင္၏ လက္တို႔ကို လွမ္းကိုင္လိုက္ၿပီးလ်င္ ေတာင္းဆိုမႈတစ္ခုကို ေျပာျပန္သည္။
“ ကြၽန္ေတာ့္ကို ဖက္ထားေပးႏိုင္မလား “
ထိုေတာင္းဆိုမႈမ်ိဳးသည္ စိုင္းထြဋ္ေခါင္အတြက္ ျငင္းစရာေကာင္းေသာအရာမဟုတ္ခဲ့။
“ ကိုယ့္ေကာင္ေလးသေဘာ... “
ထို႔ေနာက္ မိမိရင္ခြင္ထဲမွ ခ်စ္ရသူေလးသည္ မိမိအားၾကင္နာစြာ စကားဆိုလာျပန္ေသးသည္။
“ ေစာေစာက ကြၽန္ေတာ္႐ိုက္လိုက္တာ နာသြားေသးလား “
“ မင္းကိုေပးခဲ့တာ နာက်င္မႈေတြကိုမမီပါဘူး ေကာင္ေလးရယ္။ ဒီေလာက္ေလးနဲ႔ ကိုယ္ကနာစရာလား။ ကိုယ္ဘာမွမျဖစ္တာမို႔လို႔ စိတ္ခ်လက္ခ်အိပ္ေတာ့ေနာ္ “
“ အင္း.. “
ေကာင္ေလး၏အိပ္စက္မႈအတြက္ မိမိသည္အေဖာ္ျပဳေပးခဲ့ရသည္။ အိပ္ေပ်ာ္သြားသည့္ ေကာင္ေလး၏ မ်က္ႏွာကိုၾကည့္ေနမိခဲ့သည္။ ျဖဴစင္လြန္းသည့္ ထိုေကာင္ေလးကို မိမိကအေရာင္ဆိုးေနမိၿပီလား ဟုအေတြးေခါင္မိသည္။
အေရာင္ဆိုးမိတယ္။ ဟုတ္တယ္။ ဒါေပမဲ့ အလွပဆုံး ေဆးျခယ္ေပးမွာမို႔လို႔ ဒီရင္ခြင္မွာခိုနားလွည့္ပါ ေကာင္ေလး..။
Advertisement
- In Serial31 Chapters
Because She Had A Time Limit, She Became The Villain’s Daughter-in-law
The final villain is being deceived by his young time-limited daughter in law who was possessed.
8 699 - In Serial360 Chapters
Crashing Into You
He pinched her nose and that made Song Dei Si snapped back to reality.
8.18 1039 - In Serial172 Chapters
Reincarnation: I Married My Ex’s Brother
“Marry me. Once we’re married, I will be loyal to you for life—as long as you keep me alive.” Qiao Jiusheng was pushed into the water by her older twin sister, had her identity stolen, losing her old love and life. With no other choice, she seeks out Fang Yusheng, the blind man rumored to have no interest in women. With blank and empty eyes, he says, “Sure.” In her past life, she was betrayed by her sister and trapped in the basement. Her tongue was cut off as she watched her sister take her place, winning overall her loved ones, marrying her lover of six years, and starting a family with him. Now that she’s back to a time before it all went wrong, Qiao Jiusheng escapes from the river and goes to her boyfriend’s older half-brother. She puts on a mask and marries him, to fight their common enemy. The wheels of fate begin to spin, and the severed threads of destiny are once again entwined… Before their wedding, he tells her, “Don’t peek at me so openly just because I’m blind and can’t see you.” On the night of their wedding, he tells her,” You don’t have to dress like a bear. I don’t care for women.” Half a year after their wedding, just because she gives another man another look, Fang Yusheng covers her laptop, phone, bedside drawers, desk, and wallet with nothing but his selfies.
8 897 - In Serial13 Chapters
The Forest Dark
Alexa González is alone. That’s fine. Following the sudden loss of her long-time gaming partner, Alexa has fallen back to old, nasty habits; namely, wielding her independent nature like a weapon. It’s one thing to be a solo player by choice. It’s another to be a pariah when the UI disappears, taking the logout button with it. Justin Hayes is not alone. That’s also fine. As a long-time streamer, Justin’s never played DUSKFALL without an audience to keep his attention off the demon-infested forests and brutal violence. But hastily chosen teammates in a world gone sideways can have more repercussions than a few bruised feelings. None of this is fine; not remotely. If either is going to survive, they can’t do it alone, they can’t do it lightly, and they have to figure it out soon... before it’s too late for either of them. Guaranteed Wednesday updates.Contains light LitRPG elements
8 98 - In Serial61 Chapters
A Crown of Bones
A teen monster will stop at nothing to get power, even if that means eating the forbidden fruit that will forever bind her to the keeper of death itself. *****After rejecting the Wolf King and refusing to be his docile, powerless bride, Korin escapes into the mountains in search of forbidden fruit. And while the legends say that anyone who eats the fruit will be enslaved to the keeper of death itself, Korin is confident she can become something more. Because the power that comes with being queen of the underworld is everything she craves, as she'll finally be able to destroy the society that ripped her werewolf identity from her soul.[[word count: 60,000-70,000 words]]
8 149 - In Serial21 Chapters
Choosing His Luna (bxb)
This is a story I have published on Inkitt and I thought I'd post it on here too since I've started to update it again. 😅 I hope to continue to do so although the updates will probably be only once or twice a month.The chapters are a little shorter than what I normally post on Wattpad but I hope you enjoy them all the same.‐-----------------------------The fateful day had finally arrived, the one which I had been preparing for since birth, one which my parents had been preparing for since I'd been conceived. Well, that wasn't exactly true, my parents had been preparing, and I on the other hand had been mostly unwilling with the whole affair. See I was a werewolf, my whole family was, or pack if you will. It was tradition for all those of marriageable age to gather on the strongest werewolf pack in the world, to try and impress the next Alpha to be, the most powerful werewolf in the world. It was a major honour to be chosen by the Alpha, for the individual and their whole pack. So here I was, packing a bag for the journey and time I would be spending at the strongest pack in the world, which was called the Stentorian Pack and was located deep in the mountains surrounded by forest. My parents thought I had a chance, they'd told me what to eat, how to act, and how to look all my life, needless to say, it had gotten old pretty quick. All the lack of control I'd had over my life had boiled down to this day, it had all been for this day. I had to be the most attractive, smartest, and likeable... you get the idea, and I couldn't help but feel inadequate.
8 173

