《Amiss Prayer (Zawgyi&Unicode) [Completed]》Part-36(စွန်းထင်းမှု)
Advertisement
For Unicode
စွန်းထင်းမှု
အေးစက်သော ထွေးပွေ့မှုမရရှိသည့် ညများစွာကို တစ်ယောက်တည်းဖြတ်သန်းရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤသည်ကို သူသိနိုင်မည်လော။ ကြိမ်းသေပေါက် သူသိနေနိုင်မည်ဟု မိမိထင်သည်။ သို့သော်.. အဘယ့်တွက်ကြောင့် မိမိအရှေ့သို့ပေါ်မလာရသနည်း။ မုန်းနေ၍လား သို့မဟုတ်... သူမရှိတော့၍လား။ အခက်တွေ့ရသည့် စဉ်းစားခန်းတို့ကို တစ်ယောက်တည်း အဖြေရှာရသည်မှာ ခက်ခဲလွန်းပါသည်။
သူအချစ်ကြီးပုံကို နားလည်ပါသည်။ သို့သော် မိမိကို သူယုံကြည်သင့်သည်။ ပေးထားမိသော ကတိများသည်ကလည်း နှုတ်ဖျားကသာလျှင် ထွက်လာသည်မဟုတ်။ နှလုံးသားမှ ခံစားချက်တို့ကို နှုတ်ဖျားတို့ဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ဤမျှမိမိချစ်ပါလျက် သူက အဘယ့်အတွက်ကြောင့် မိမိကို မယုံပါသနည်း။ အဘယ့်ကြောင့်ရှောင်ထွက်ပြေးနေ ရပါသနည်း။
သူပေါ်မလာခဲ့သည့်ညများတွင် သူ့ကိုခေါ်ဖူးပါသည်။ သူ၏နာမည်ကို အကြိမ်ကြိမ်တမ်းတဖူးပါသည်။ သို့သော် သူ၏အရိပ်အယောင်လေးပင် မမြင်ရပေ။ သူရက်စက်သည်။ အတိတ်ဘ၀တွင် မိမိကိုလျစ်လျူရှုနိုင်သကဲ့သို့ ယခုတွင်လည်းပစ်ပယ်ထားပြန်သည်။ မိမိသည်ကလည်း သူ.. မည်သို့သောအပြစ်မျိုးပင် ကျူးလွန်နေပါစေ ခွင့်လွှတ်မြဲ ခွင့်လွှတ်နေသည့်အကျင့်မှာ ပျောက်သွားခြင်းမရှိ။
သူရောက်လာသော ညများတွင် သူနှင့်အတူဖြတ်သန်းရင်း ညမအိပ်သည်သာမဟုတ်။ သူရောက်မလာသောညများတွင် သူ့ကိုလွမ်း၍သာ ညတိုင်းအိပ်မပျော်ခဲ့ပေ။ သူရှိ၍ မအိပ်ခဲ့သည့်ညများသည် ပျော်ရွှင်ခဲ့ရသည်။ သို့သော်.. သူမရှိဘဲ အိပ်မပျော်သည့်ညများသည် အလွန်၀မ်းနည်းရသည်။ ဤသည်ကို သူသိပါစေ...။
ကျွန်တော့်၏ ပုံမှန်နိုးနေကျ အချိန်တိုင်းပင် ညနေလေးနာရီအချိန်တွင် အိပ်ရာထခဲ့သည်။ ထုံးစံအတိုင်းပင် စိုင်းသန့်ဇင်သည်လည်း အိမ်သို့ရောက်နေပြန်သည်။
" မြတ်သူ မျက်နှာက တော်တော်ကိုချောင်သွားတယ်နော်။ နေမကောင်းပြန်ဘူးလား "
" ကောင်းပါတယ်။ သန့်ဇင် ထင်နေလို့ပါ "
" မဟုတ်ဘူးနော်။ ထင်နေရုံတင်မဟုတ်ဘူး။ မြတ်သူ တော်တော်ပိန်လာတယ် "
" ဘာမှမဖြစ်ပါဘူးကွာ။ တစ်ခုခုဆိုရင် သန့်ဇင်ကို ပြောလို့ရတာပဲ။ တကယ်ဘာမှမဖြစ်ဘူး "
" အင်းပါ။ စိတ်ပူအောင်ခဏခဏမလုပ်နဲ့နော်"
" ကျွန်တော်ကမလုပ်ပါဘူး။ သန့်ဇင်သာ ခဏခဏစိတ်ပူတာ "
" ကိုယ်တန်ဖိုးထားရတဲ့လူပဲ စိတ်ပူရတာပေါ့ "
" ဟမ် "
မထင်မှတ်စွာ ပြောလာသည့်စကားကြောင့် မိမိအံ့ဩမိသည်။ စိုင်းထွဋ်ခေါင်ပြောသောစကားသည် အခုတွင်လက်တွေ့ဖြစ်ပေါ်လာသောကြောင့်ပင်..။
" ဟုတ်တယ်။ မြတ်သူက ကိုယ်တန်းဖိုးရတဲ့လူတစ်ဦးပဲ။ ဘာလို့လဲဆိုတော့ ကိုယ်.. မြတ်သူကို ချစ်နေလို့ပဲ။ ယောက်ျားအချင်းချင်းမို့ ဒီစကားပြောရတာ နည်းနည်းအားနာပေမဲ့ မပြောဘဲမျိုသိပ်လို့လည်း မဖြစ်ဘူးလေ "
ထိုစကားကြောင့် မြတ်သူအနည်းငယ် မျက်နှာပျက်မိသည်။
သန့်ဇင်သည် မိမိအား မချစ်ကြောင်းနဲ့ပတ်သက်၍ စိုင်းထွဋ်ခေါင်နှင့် အချင်းပွားခဲ့ရသည်..။ ယခုတွင်မူ စိုင်းသန့်ဇင်မှာ ရုတ်တရက် ဤသို့ဖွင့်ပြောလာသောအခါ စိုင်းထွဋ်ခေါင်အား အားနာမိသယောင်ပင်။
အတွေးစတို့ဖြင့် မြတ်သူ မျက်နှာမကောင်းသည်ကို စိုင်းသန့်ဇင်မြင်ပါသည်။ အတွေးတို့ကို ၀င်ကြည့်၍မရသော်ငြား မြတ်သူစိတ်ရှုပ်ထွေးနေသည်ကို စိုင်းသန့်ဇင်သိပါသည်။
" ဟိုလေ.. ကိုယ်က အခုလို ယောက်ျားလေးအချင်းချင်း ချစ်ခွင့်ပန်မိလို့ ထူးဆန်းတယ်ထင်ရင်လည်း မြတ်သူသဘောပါ။ ဒါပေမဲ့ ကိုယ့်စိတ်က ထူးဆန်းနေလို့ မြတ်သူကိုချစ်မိတာမဟုတ်ပါဘူး။ မြတ်သူကိုချစ်မိလို့ ကိုယ့်စိတ်တွေက ထူးဆန်းသွားတာပါ။ ကိုယ့်ကို ရွံသွားပြီလား "
" ရွံလို့ မဟုတ်ပါဘူး။ ရုတ်တရက်ဆိုတော့ အံ့ဩသွားလို့ပါ "
" ဪ.. တော်ပါသေးရဲ့။ အဲဒါဆို ကိုယ့်ကို ဘယ်လိုသဘောရလဲ "
" ဗျာ... "
ယခုတွင် ချစ်ရေးဆို၊ ယခုပင် အဖြေတောင်းနေသည်မို့ အံ့ဩရပြန်သည်။ အံ့ဩမှုတို့ ထပ်ဆင့်လိုက်သောအခါ မြတ်သူ၏အမူအရာများပါ ပြောင်းလာရသည်။ နေမကောင်းဖြစ်ချင်နေ၍ မှေးနေသောမျက်လုံးပင် ပြူးလာရသည်။ မကြာမီက အားမရှိသည့်အသံတို့မှာလည်း အတော်ပင်ကျယ်သွားသည်။
" ဟီး... ကိုယ်နည်းနည်းလောသွားတယ်။ ကိုယ့်ကိုစဉ်းစားပေးပါနော်။ မြတ်သူ ကြိုက်သလောက်အချိန်ယူ စဉ်းစားလို့ရပါတယ် "
ကလေးဆန်ဆန်အပြုံးဖြင့် ဆိုလာသော စိုင်းသန့်ဇင်ကိုကြည့်ကာ ငြင်းဆိုရမည်ကိုပင် အနည်းငယ် အားနာသယောင်..။ သူသည် မိမိဆေးရုံတွင်မေ့နေချိန်၌ များစွာအကူအညီပေးဖူးသူဖြစ်သည်။ ဆေးရုံမှဆင်းသောအခါတွင်လည်း မိမိအား အလွန်ဂရုစိုက်သည်။ ထို့ကြောင့် ယခုချက်ချင်းပင် ငြင်းဆိုရန် အားနာရသော်လည်း ပြတ်သားလွန်းသောနှလုံးသားသည်က စိုင်းထွဋ်ခေါင်တစ်ဦးတည်းကိုသာ နေရာပေးထားသည်။ တခြားသောပြင်ပလူကို လက်မခံ။ ခံစားချက်တို့သည်လည်း အနည်းငယ်မျှမယိမ်းယိုင်သွားပေ။ ထို့ကြောင့် စိုင်းသန့်ဇင်အား ယခုတွင်မငြင်းဆန်ပါလျှင် မျှော်လင့်ချက်များပေးသကဲ့သို့ ဖြစ်နေမည်။ ထို့ကြောင့်သာ ငြင်းဆိုရန်ဆုံးဖြတ်ခဲ့သည်။
" ပြောရမှာ အားနာပေမဲ့ ဒီအတိုင်းနေလို့လည်းမဖြစ်တာကြောင့် ကျွန်တော်ပြောပါရစေ။ ကျွန်တော် သန့်ဇင်ကို သူငယ်ချင်းထက်မပိုဘူး "
ထိုစကားကြားပြီးသည်နှင့်တစ်ပြိုင်နက် စိုင်းသန့်ဇင်၏ အပြုံးချိုချိုတို့မှာလည်း ပျောက်ရှကုန်သည်။
သူတကယ်ပင်ပြတ်သားလွန်းသည်။ အနည်းငယ်မျှတွေဝေနေခြင်းမရှိသည့် သူ၏အဖြေသည် မိမိ၏နှလုံးသားတို့ကို စူးနစ်စေသည်။ ပုံမှန်မဟုတ်သောချစ်ခြင်းဖြင့် သူတစ်ယောက်တည်းကိုသာ ချစ်မိခဲ့သည်။ ထိုအချစ်၏ရလဒ်သည် ဆုံးရှုံးခြင်းဖြစ်နေသောအခါ အလွန်ခံရခက်သည်။ မျှော်လင့်ချက်တို့ကို ရိုက်ချိုးသည့်နှယ်...။ သို့သော်... မိမိသည် သူတစ်ယောက်တည်းကိုသာ ချစ်မိသည်မို့ သူ့ကိုသာရယူလိုသည်။ ပိုင်ဆိုင်လိုသည်။ ထိုကြောင့် မည်သို့သောအကြောင်းနှင့်မျှ လက်လျှော့လိမ့်မည်မဟုတ်။
ဤကဲ့သို့ ဆုံးဖြတ်ချက်များခိုင်မာသော စိုင်းသန့်ဇင်သည် အပြုံးချိုချိုများ ပျောက်ရှပြီးနောက် အေးစက်စက်နိုင်လှသော အပြုံးတုကို ဆင်မြန်းလိုက်သည်။ ရင်ထဲမှ နာကျင်မှုကို ဟန်ဆောင်ရင်းသာ...။
Advertisement
" ကိုယ်ပြောပြီးပြီပဲ..။ မြတ်သူကြိုက်သလောက် အချိန်ယူပြီး စဉ်းစားနိုင်ပါတယ်လို့။ ဘယ်လောက်ကြီးပဲကြာကြာ မြတ်သူဘက်က လက်ခံတဲ့အချိန်အထိ ကိုယ်စောင့်နေမှာပါ။ ကိုယ့်ကိုပြန်ခွင့်ပြုပါဦး "
သူ၏အငြင်းစကားတို့ကို ဆက်၍မကြားလို။ လက်မခံလိုသည်မို့ ပြန်ရန်ကြိုးစားကာ မြတ်သူအား ကျောခိုင်း၍ မတ်တတ်ရပ်လိုက်သည်။ လှမ်းမည့် ခြေလှမ်းများသည် မြတ်သူ၏စကားကြောင့် ရပ်တန့်ကုန်ရသည်။
" စောင့်မနေပါနဲ့သန့်ဇင်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အဖြေကပြောင်းလဲခြင်းမရှိတာမို့ စောင့်နေလည်း မောရုံပါပဲ "
" အမောခံပြီးစောင့်နေမှာမို့ ကိုယ့်ကိုမစိုးရိမ်ပါနဲ့လား "
" ကျွန်တော်နဲ့ သန့်ဇင်ကြားက ခင်မင်မှုက အတိုင်းအတာတစ်ခုထိ ရှိခဲ့ပြီးပြီမို့လို့ နည်းနည်းစိုးရိမ်မိပါတယ်။ မဖြစ်နိုင်တာကိုမျှော်လင့်နေရင်း သန့်ဇင်ပင်ပန်းမှာကို ကျွန်တော်မလိုလားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တာ သေချာနေလို့ပဲ "
" ဘာလို့အဲဒီလောက်ထိ သေချာနေတာလဲ "
" ကျွန်တော့်နှလုံးသားက သန့်ဇင်အတွက်မဟုတ်လို့ပေါ့ "
" ထားပါ။ ဘယ်သူ့အတွက်လဲဆိုပြီး မမေးချင်ဘူး။ သိလည်းမသိချင်ဘူး "
ထိုသူနှစ်ဦးအကြား ပြတ်သားမှုတို့သည် ထပ်တူကျနေသည်။ သို့သော် နယ်ပယ်ချင်းမတူပေ။ မြတ်သူသည် စိုင်းသန့်ဇင်မည်မျှပင် ချစ်ရေးဆိုနေပါစေ ငြင်းဆန်ဦးမည်မှာ အတိအကျပင်...။ စိုင်းသန့်ဇင်သည်လည်း မြတ်သူမည်မျှပင် ငြင်းဆန်နေပါစေ.. ချစ်ရေးဆိုနေဦးမည်မှာ အတိအကျပင်..။ တစ်ဦးနှင့်တစ်ဦး အလျှော့ပေးမည်မဟုတ်။ တင်းမာနေဦးမည်..။
ထိုအခြေနေကို ရိပ်မိသည့် စိုင်းသန့်ဇင်သည် အနည်းငယ်ရင်မောမိကာ သက်ပြင်းချမိသည်။
" ဟူး... အခါတိုင်းလည်း အလုပ်ကပြန်လာတိုင်း ဒီအိမ်ကို၀င်နေကျပါ။ ဒီနေ့မှ ဒီအိမ်ကိုလာရတာ ပိုပင်ပန်းသွားသလိုပဲ။ ကိုယ်ပင်ပန်းနေပြီမို့လို့ ပြန်တော့မယ်မြတ်သူ "
ထွက်သွားသူသည် တစ်ချက်မျှလှည့်မကြည့်ခဲ့။ ကျန်ခဲ့သူ၏ငြင်းဆန်မှုကြောင့် စိတ်နှင့်နှလုံးသားတို့ ပင်ပန်းနေ၍ဖြစ်သည်။ ကျန်ခဲ့သူသည်လည်း ထွက်သွားသူကို တစ်ချက်မျှမကြည့်ခဲ့။ ထွက်သွားသူ၏ ရယူလိုစိတ်ပြင်းထန်သည်ကိုသိကာ ပင်ပန်းနေ၍ဖြစ်သည်။ ကျန်ခဲ့သူ ပို၍ပင်ပန်းရသည့်အချက်က ရှ်ိနေပြန်သည်။ ဤသည်မှာ ချစ်ရသူ ရောက်မလာခြင်းပင်။
သူပြောသည့်စကားသည် တကယ်ပင်မှန်နေသည်။ သူကကြိုတင်ရိပ်မိနေ၍ မိမိအားသတိပေးမှုကို မိမိကလက်မခံငြင်းဆန်ကာ အချင်းများခဲ့ရသည်။ ဤသည်ကိုတွေးမိတိုင်းပင် သူ့အားတောင်းပန်ချင်သည့်စိတ်တို့မှာ တားမရခဲ့..။
မိမိက မှားခဲ့သည်။ သူ့အား အတိတ်သို့ပြန်၍အလည်ခေါ်မိသည်။ နာကျင်စေလို၍မဟုတ်။ မိမိနာကျင်ရကြောင်းကို သူ့အား သိစေလို့၍သာ ပြောမိခြင်းဖြစ်ပါသည်။
မြတ်သူသည် ဧည့်ခန်းတွင် ရုပ်သေးရုပ်သဖွယ် ထိုင်နေကာ မျက်ရည်စတို့ဖြင့်တစ်ယောက်တည်းစကားပြောနေမိသည်။ ချစ်ရသူ ကြားလိုကြားငြားသာ..။
" ခင်ဗျားကိုမျှော်နေရတာ ပင်ပန်းတယ်။ ကျွန်တော်က ပင်ပန်းတဲ့အလုပ်ကိုလုပ်ရတာ မကြိုက်မှန်း ခင်ဗျားသိတယ်မဟုတ်လား။ ကျွန်တော့်ကို ပင်ပန်းအောင်မလုပ်ပါနဲ့လား။ ကျေးဇူးပြုပြီး ကျွန်တော့်အရှေ့ကို လာပေးပါတော့ဗျာ..။ မျှော်နေရတာ ပင်ပန်းနေပြီဗျ "
ထိုအချိန်တွင် မိမိရုတ်တရက်သတိရမိသည်က မိမိအနာတရ ရချိန်တိုင်းတွင် သူပေါ်လာတတ်သည့် အကြောင်းကိုပင်။ ထို့ကြောင့် စားပွဲပေါ်ရှိ ပန်းသီးလှီးရန် ထားရှိသည့် ဓားကိုယူကာ လက်ပေါ်၌ပြတ်ရှဒဏ်ရာတချို့ဖြင့် နီနီရဲရဲ ပန်းချီကားကို ကိုယ်တိုင်ရေးဆွဲတော့မည်။ ထိုပန်းချီကို ချစ်ရသူက သဘောကျဟန်မတူ..။ မိမိအရှေ့သို့ ချက်ချင်းဆိုသလို ရောက်လာကာ ဓားသွားကို ကိုင်ထားလိုက်သည်။
" ဘာလို့ အဲဒီလောက်အနာတရ ရချင်ရတာလဲ "
အေးစက်စွာ ပြောလာသည့်သူ၏စကားသည် မိမိအားနွေးထွေးမှု အပြည့်ပေးပါသည်။ သူရောက်လာ၍ပျော်ရပါသော်လည်း သူ့ကိုပြောခဲ့မိသည့်စကားများသည် လွန်ထားသည်ဖြစ်၍ ၀မ်းနည်းမှုကလည်း နှောင့်ယှက်နေပြန်သည်။ ထိုခံစားမှုတို့ ပေါင်းစပ်လိုက်သောအခါ ငိုနေသည့်မျက်ဝန်းနှင့် ပြုံးနေသည့်နှုတ်ခမ်းတို့ ဖြစ်ပေါ်လာသည်။ တခြားသောသူတို့ မြင်ပါက မိမိအားရူးနေပြီ ဟုသာထင်လိမ့်မည်။
ဟုတ်တယ်..။ ကျွန်တော်ရူးတယ်..။ အချစ်ရူးလေးဆိုပါတော့..။
မျက်ရည်စတို့ရှိသောမျက်၀န်းသည် သူ့အားစိုက်ကြည့်လျက် နှုတ်ခမ်းမှာပြုံးလျက် သူ့အားစကားပြောမိသည်။
" ခင်ဗျားမှ ပေါ်မလာပဲ "
" မလိုအပ်ဘူးထင်လို့ ပေါ်မလာတာပါ "
" ဘာကြောင့် အဲဒီလိုထင်ရတာလဲ "
" မင်းပြောခဲ့စကားတွေကို မင်းသိမှာပါ "
'ကောင်လေး' ဟုခေါ်နေသည့်အသံကို ဘ၀င်ကျနေရသည်မို့ 'မင်း' ဟူ၍သုံးနှုန်းလိုက်သည်ကို ကျွန်တော်သဘောမကျ။ ပွင့်လင်းလှသည့် ကျွန်တော်က စိတ်ထဲတွင်လည်းမထားတတ်။ နှုတ်ဖျားတို့မှ ပုံဖော်ကာတောင်းဆိုမိသည်။
" အရင်လို ကောင်လေးလို့ မခေါ်တော့ဘူးလား။ အရမ်းစိမ်းကားနေတယ်နော် "
ထိုစကားနှင့်အတူ မြတ်သူသည် ဓားကိုကိုင်ထားသော စိုင်းထွဋ်ခေါင်၏လက်ကိုယူကာ သူ၏ပါးပြင်နှင့် ထိကပ်ထားလိုက်သည်။
" တကယ်ရက်စက်နေပြီလား။ ကျွန်တော့်ကို မချစ်တော့ဘူးလားဟင် "
" အတိတ်နေ့ရက်တွေကို ကြောက်နေမှန်းသိသိနဲ့ ပြန်ဆွဲခေါ်တဲ့အထိတော့ ကိုယ်မရက်စက်ခဲ့ဘူးထင်တယ် "
ထိုစကားနှင့်အတူ စိုင်းထွဋ်ခေါင်၏ပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းလေးတစ်ခု ဖြစ်တည်လာသည်။ အသံနှင့် လက်တို့မှာလည်း တုန်ယင်လျက် မျက်ထောင့်များသည်လည်း နီရဲလျက်ပင်...။
" အဲဒီနေ့ရက်တွေကို ကိုယ်ဖန်တီးခဲ့တာမှန်ပါတယ်။ ဒါပေမဲ့.. ဒီလောက်နှစ်တွေအကြာကြီး ရူးခဲ့ရပြီးပြီလေ..။ မလုံလောက်သေးလို့ ပြန်ဆွဲခေါ်နေတာလား... "
ဆက်ပြောမည့် သူ၏စကားများကို မကြားလိုပေ။ သူနာကျင်နေသည်ကိုလည်း ထပ်၍မကြည့်လိုပေ။ ထို့ကြောင့် သူ၏နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာ တားဆီးမိပါသည်။
" ရှူး... ကျွန်တော်မကြားချင်ဘူးလေ။ ထပ်လည်းမသိချင်ဘူး။ အဲဒါကြောင့်မို့လို့ ဆက်မပြောပါနဲ့နော်။ ကျွန်တော်တောင်းပန်ပါတယ် "
Advertisement
ထိုစကားနှင့်အတူ စိုင်းထွဋ်ခေါင်၏ ရင်ခွင်ထဲသို့ နေရာယူလိုက်သည့် မြတ်သူ...
သူ့အားတောင်းပန်သော်လည်း သူ့ထံမှ ခွင့်လွှတ်သံကို မကြားသေးပေ။
" တောင်းပန်နေတာကို ခွင့်မလွှတ်ဘူးလား။ ဘယ်လိုတောင်းပန်ရမှာလဲ ဟင် "
" ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တောင်းပန်မှာလား "
" အင်း.. "
" ဟိုဆရာ၀န်ကို ထိခိုက်စေချင်တယ် "
" သူ့ကိုမှလား.. "
" အင်း.. ဘာလဲ ကောင်လေးမလုပ်နိုင်ဘူးလား "
" အခုချိန်မှာ ခင်ဗျားက ကျွန်တော့်အတွက် အရေးကြီးဆုံးသူမို့လို့ ခင်ဗျားခိုင်းတာမှန်သမျှ အကုန်လုပ်နိုင်မယ်ထင်တယ် "
ကောင်လေး၏ ထိုစကားသည် မိမိ၏နာကျင်မှုတို့ကို ပြေပျောက်စေနိုင်သည့် အကောင်းဆုံးဆေးတစ်ခွက်ပင်။ မိမိအားဘ၀င်ကျစေသည့် ထိုစကားကြောင့် ပြုံးမိပါသည်။
" ဘာမှလုပ်စရာမလိုပါဘူး။ ဒီအတိုင်းလေး ကိုယ့်ကို ခွင့်လွှတ်ပေးရုံလေးပဲ "
" အဲဒါက ကျွန်တော်အလုပ်နိုင်ဆုံးအရာပါ "
ကောင်လေး ဘာမှလုပ်စရာမလိုဘူး။ ကောင်လေးရဲ့ဖြူစင်တဲ့လက်မှာ သွေးစွန်းနေမှာကို.. ကိုယ်မလိုလားဘူး။ ကိုယ့်လက်မှာပဲ အစွန်းခံမယ်ကောင်လေး..။ အဲဒါက ကောင်လေးကို သိပ်ချစ်လို့ပဲ။
သွေးညှီနံ့လွှမ်းနေသော အတွေးတို့ကို မြတ်သူမသိခဲ့။ မြတ်သူ သိသည်က သူဘာလုပ်လုပ် ခွင့်လွှတ်ပေးရုံသာ...။
ရိုးရာပျက်လျှင် နတ်ကိုင်မည်ကို စိုးရိမ်သည့်အလား...။ စိုင်းသန့်ဇင်သည်လည်း မြတ်သူရှိရာကို မလာဘဲမနေ..။ နေ့စဉ်နှင့်အမျှ ဂျူတီပြီးချိန် ညနေတိုင်းတွင် ရောက်လာခဲ့သည်။ ယနေ့တွင်အိမ်၌ မြတ်သူ၏အမေနှင့်အဘွားပါရှိနေသည်မို့ စကားပြောရာတွင် အချိန်ကြာမြင့်ခဲ့သည်။ အချိန်အားဖြင့် ညရှစ်နာရီသို့ ရောက်လာခဲ့သည်။ စိုင်းသန့်ဇင်သည်လည်း အိမ်သို့ကားလေးဖြင့် အပြန်ခရီးဆက်ခဲ့သည်။
စိုင်းသန့်ဇင်ကားမောင်းရင်းတွင် ကားလမ်းမ၌ အမျိုးသားတစ်ဦးသည် သူ၏ကားရှေ့တွင် ရုတ်တရက်ပေါ်လာသည်မို့ ထိုသူအားရှောင်လိုက်ရာ ကားလမ်းမဘေးရှိ သစ်ပင်ကို ၀င်တိုက်မိခဲ့သည်။ စိုင်းသန့်ဇင်သွေးထွက်လွန်နေသည့် မြင်ကွင်းကို အပြုံးတစ်ခုဖြင့် ကျေနပ်စွာကြည့်နေသူတစ်ဦးရှိခဲ့သည်။ ထိုသူမှာ စိုင်းထွဋ်ခေါင်ပင်ဖြစ်သည်။
" ကိုယ့်ဘ၀နဲ့ကိုယ်နေရင်ရရဲ့သားနဲ့ ငါ့ရဲ့ဘ၀လေးကို ဘာလို့လုချင်ရတာလဲ။ ငါ့ဘ၀လေးကို ပိုင်ဆိုင်ချင်တာ မင်းအပြစ်ပဲ။ မင်းသိပ်မှားတယ် ဆရာ၀န်လေး .. "
စိုင်းသန့်ဇင်၏အပြန်ခရီးသည် ပျော်ရွှင်စရာမကောင်းခဲ့။ အိမ်အပြန်ခရီးမဟုတ်။ ဘ၀နိဂုံးခရီးသာ ဖြစ်ခဲ့ရသည်။ ထိုခရီးစဉ်ကို ပို့ဆောင်သူက စိုင်းထွဋ်ခေါင်ပင်.. ။
စိုင်းထွဋ်ခေါင်သည် ထိုခရီးစဉ်ကို ပို့ဆောင်ပေးပြီးနောက် မြတ်သူထံသို့ပြန်လာခဲ့သည်။ မြတ်သူ၏ အရှေ့သို့ရောက်သောအခါ သွေးပေနေသောလက်ကို မြတ်သူ၏ နှာခေါင်းအနားသို့ ကပ်ပေးလိုက်သည်။
" ဆရာ၀န်လေးက ကောင်လေးကို စိတ်ရှုပ်စေခဲ့တယ်မဟုတ်လား။ အခု သူ့သွေးအနံ့ကိုရှူပြီး စိတ်ရှုပ်တာတွေကို ဖြေဖျောက်လိုက်နော်။ သူ.. ကောင်လေးကို နောက်ထပ် စိတ်ရှုပ်အောင် လုပ်လို့မရတော့ဘူး "
ကြောက်မက်ဖွယ်အတိနှင့်ထိုစကားကို စိုင်းထွဋ်ခေါင်ဆိုလာသည်။ မြတ်သူသည်က နည်းနည်းမျှမထိတ်လန့်ခဲ့။ ပုံမှန်အတိုင်းသာ ပြုံး၍ကြိုဆိုနေသည်။
အနားသို့ရောက်လာကာ ထွေးဖက်ထားသည့်ချစ်ရသူအား ပြန်လည်ဖက်တွယ်ထားမိသည်။ အေးစိမ့်နေသော လမ်းမထက်မှ ပြန်လာသည့်ချစ်ရသူအား နွေးလိုနွေးငြားသာ..။
" ကောင်လေးအတွက် စိတ်ရှုပ်ရမယ့်အရာတွေကို ရှင်းလိုက်တာလေ။ ကိုယ်တော်တယ်မဟုတ်လား "
" ဒါပေါ့... "
" ခွင့်လွှတ်မယ် မဟုတ်လား "
" ပြောပြီးပြီပဲ။ ခင်ဗျားကို ခွင့်လွှတ်ဖို့က ကျွန်တော်အလုပ်နိုင်ဆုံးအရာပါလို့ "
" သိပ်ချစ်တယ်ကောင်လေးရယ် "
သူ၏စိုးရိမ်မှုအား ဤသို့သောနည်းဖြင့် ဖြေရှင်းလိုက်သည်ကို အပြစ်မတင်ရက်။ သူသိပ်ချစ်၍ ဤသို့မှားခဲ့ရသည်။ ကျွန်တော်ကလည်း သိပ်ချစ်၍ ဤသို့ခွင့်လွှတ်မိသည်။
Advertisement
- In Serial56 Chapters
Miss. Fragile And Mr. Powerful
#1 in business - 17/07/2022#1 in forcedmarriage - 20/07/2022#1 in businessman -18/07/2022#1 in arrogant - 23/07/2022#1 in contract - 23/07/2022"This is your check for the first month of five hundred thousand dollars ."She jerked her face to the side as soon as the envelope hit her cheeks."Wh....wh.... what's this? " She asked stuttering."This my dear wife, is your payment in advance for being Mrs. Adams. I know that you are a burden on everyone and I am ready to do a charity of giving $500,000 to you every month till the time you are here.I know you don't deserve this , but I had given it in my clause that as you don't work and solely rely on the money of your parents, I will give you $500,000 every month , so that you can spend that on yourself and not try to rob or steal from my mansion." I said I grabbed her chin in my hand and said, "Get this thing , after this night if you dare to break any of the clause from the agreement or try to raise your hand or even point a finger at me, I wouldn't mind cutting off your hand and ruining you completely." Don't let it break you. No matter how hard it gets, Life goes on.This line works exact right to both of their life. Both having their own demons to fight with find it difficult to tackle each other. Join these two souls in their journey of separation or union.
8 301 - In Serial14 Chapters
Frankenstein (of a sort): There Will Be Musical Parts
She is 18 the creature is unknown one night an 18 year old girl who lived with her mom went out for a walk it started to rain she was deep in the woods she told her mother that she wouldn't be back for a while because it was raining she found a small little Shack in which was a dining room a sitting room a flight of stairs when she climbed up the stairs she was greeted with a bedroom a bathroom and in the bedroom there was a bed and a closet she thought. That place was abandoned but boy was she wrong
8 73 - In Serial6 Chapters
He Was Mine
This takes place in the werewolf universe. At the age of eight, Arthit was forcefully removed from his mate via ritual. "Two men cannot be together." Forced apart not only for being a man but for being of the lowest rank and omega Arthit must hide away his love from Kongpob who seems to have already forgotten who he is. (I do not own these characters simply the plot. 2moons characters belong to ChiffonCake Sotus Characters belong to BitterSweet. Any pictures, art or music shown are not owned by me and are found online)*Happy Ending Story*Arthit x KongpobSlight Forth x Beam & Ming x Kit. Mentions of PhaxYoDisclaimer: If you are reading this story on a site that is not wattpad. Chances are you are seeing my plagiarized work. Please do not support these sites as they harm authors who have worked hard on their craft. You are also at high risk of viruses by using these sites. Please got to my wattpad page where you can read my stories. https://www.wattpad.com/user/boyslovefanfics
8 230 - In Serial53 Chapters
Iliana's Choice (Completed) SAMPLE ONLY!
Only the first five chapters of Iliana's Choice will remain on Wattpad.Iliana Thomas is MateLess.Only, it's a lie. A terrible lie to hide the pain of rejection. A lie that no one in her pack, her family, or her tight-knit group of friends suspects. Iliana holds her agonizing secret tightly as she forces herself to move on, to survive, to thrive, all without the male who chose her sister Georgina over her at her side. She has no need of such a faithless male.Her mate disagrees. Sean caused his fated truemate excruciating pain and will never forgive himself, so how can he possibly ask it of her? Inexcusable betrayal tastes wrong in his mouth, but worse is the knowledge that if Iliana's lie is exposed, it will be the she-wolf who suffers the consequences. The pack is facing a threat from a hidden foe, a group of mad scientists kidnapping and murdering she-wolves. When their next luna is a human, an alpha female must be chosen. It is Iliana's natural spot, and she intends to fight for it, but a MateLess she-wolf can't hold a position of leadership in the pack.Their alpha suggests a bond between two young, MateLess wolves, Iliana, and the younger brother of the next alpha, Braxton. The two are already close friends, and the attraction between them has always bloomed. When Braxton lost his own mate at a young age, it was Iliana who comforted him. Now, the young male is eager to mate with his closest friend.Iliana's secret can't remain hidden forever, but the threat to the pack is only growing. When the tower of lies comes tumbling down, who will bear its weight? And can the three find a way to deal with a love triangle they are a part of?Warning: Sex, Violence, and Language. MFM Romance.
8 152 - In Serial67 Chapters
❥Kadhal Kanave
The story of two separated hearts!What if a college romance moved away from eachother and came back after years?That's what exactly happened in Arjun & Thara's life.Arjun Prathap,A popular,talented and charming Kollywood Artist infront of the media but hiding all his sorrows behind the screens.He once lost his lady love who came into his life.One day she came back to him,but not ready to believe him.Thara Vishwanathan,A fashion designer and trying to open a fancy restaurant by her own.She met her College sweetheart after years but she doesn't want to go back to him.The destiny made them to meet again!Arjun and Thara met eachother after years but a truth behind their seperation was the not the same they know,its different!What is the reason for their seperation?Did destiny re-united them?Did she accepted him?Let's see what setting has kadavul done for them 💫!
8 141 - In Serial10 Chapters
Regular Love ⚡Idol Love [ Re-Edit ]
Hiseo Middle School is a school categorized in half. The Idol Department and the Regular Department. The Idol Department is where 'rich' kids attend to become famous idols, athletes, artists and more. The Regular Department is where 'average' students attend to learn like every other school. Akira Akibara is a girl who attends the Regulat Department but some Idol Department students get interested in her making her stuck between the two Departments. How did that happen? And will love prevail?Cover By: @Random_Pizza
8 175

