《Amiss Prayer (Zawgyi&Unicode) [Completed]》Part-37(အကြင်သူနှစ်ဦး)
Advertisement
For Unicode
အကြင်သူနှစ်ဦး
ယနေ့တွင် ထူးဆန်းစွာ မြတ်သူသည် မနက်ခုနှစ်နာရီကတည်းကပင် ဧည့်ခန်းတွင်ထိုင်နေသည်။ မနေ့ညက စောစောအိပ်၍မဟုတ်။ တစ်ညလုံးမအိပ်ရသေးခြင်းပင် ဖြစ်သည်။ သိသိသာသာပိန်သွားသော ကိုယ်ငယ်လေးသည် ယခင်ကကဲ့သို့ ပြည့်ပြည့်ဖြိုးဖြိုးမရှိ။ ယခင်ကကဲ့သို့ ပါးဖောင်းဖောင်းလေးများလည်းရှိမနေခဲ့..။ နီမြန်သော နှုတ်ခမ်းတစ်စုံမှာလည်း ဖြူဖပ်ဖြူရော်နှင့်။ အကြည့်တို့သည်လည်း အသက်မပါ။ လမ်းလျှောက်လျှင် ချော်လဲမည်ကိုပင် စိုးရိမ်ရသည်အထိ လူနှင့်စိတ်နှင့်မကပ်။ အစားကိုလည်းပုံမှန်မစား။ အိပ်စက်မှုသည်လည်း ပုံမှန်မရှိ။
သားဖြစ်သူ မြေးဖြစ်သူ၏ စိတ်နွမ်းပါးနေမှုကိုကြည့်ကာ မိခင်နဲ့အဘွားတို့မှာလည်း စိတ်မကောင်းခဲ့။ ခံစားရသည့် တစ်စုံတစ်ရာကိုမေးသော်လည်း ပြန်ဖြေခြင်းမရှိ။ ‘အဆင်ပြေပါတယ်’ ဟုသာကြားရသော်လည်း စကားနှင့်လက်တွေ့တို့မှာ ခြားနားလျက်။ ဆေးခန်းပြသော်လည်း အအိပ်အစားမမှန်၍ နေမကောင်းဖြစ်သည်.. နှလုံးအားနည်းနေသည်ဟူသည်မှအပ ကျန်သောတစ်စုံတစ်ရာမကြားခဲ့။ ပင်ပန်းနေသည့် ကိုယ်လေးသည်လည်း ကြားရသည်နှင့် အဆမတန် ချူချာလို့နေသည်။
မြတ်သူ ဧည့်ခန်းတွင်ထိုင်နေခိုက် မိခင်နှင့်အဘွားတို့မှာ စကားလာပြောသည်။ လဲလုလုရှိနေသော ခန္ဓာကိုယ်ပိုင်ရှင်လေးသည် ဆိုဖာကိုမှီ၍ ငြိမ်သက်လို့နေသည်။
“ သားလေး အစောကြီးနိုးနေတာလား “
“ အင်း “
“ သားနေကောင်းရဲ့လား။ သားကိုကြည့်ရတာ သိပ်မလန်းသလိုပဲ “
“ ညမအိပ်ရသေးလို့ပါ “
“ ညမအိပ်ရအောင် သားက ဘာတွေလုပ်နေလို့လဲ “
“ ဘာမှ မလုပ်ပါဘူး။ ဒီအတိုင်းပဲ အိပ်မပျော်တာ “
“ သား ဆေးရုံသွားပြမလားဟင် “
“ သား ဆေးရုံအနံ့တွေကို မုန်းတယ်မေမေ “
“ အဲဒါဆို ဆရာ၀န်ပင့်မလား “
“ မပင့်ပါနဲ့မေမေရယ်။ တော်ကြာ သားအတွက်နဲ့ အပြစ်မရှိတဲ့ဆရာဝန်တွေ ခရစ်တော်မှာထာဝရအိပ်စက်ခြင်းနဲ့ အိပ်နေရပါဦးမယ်။ အခုတော့ သားခေါင်းကိုက်နေလို့ အိပ်လိုက်ဦးမယ် “
“ ဘာကိုပြောတာလဲသား... သားလေး.. “
ခေါ်သော်လည်း ပြန်မထူး။ သူပြောသည့်စကားကိုလည်း ကျွန်မနားမလည်။ “အပြစ်မရှိတဲ့ဆရာဝန်တွေ ခရစ်တော်မှာထာဝရအိပ်စက်ခြင်းနဲ့ အိပ်နေရပါဦးမယ် “ ဟူသည် မည်သည့်အဓိပ္ပာယ်နှင့် ဆိုလိုကြောင်း ကျွန်မမသိ။ သားငယ်ထံသို့လာသော ဆရာဝန်တစ်ဦး သေသွားသည်ကို စိတ်မကောင်းဖြစ်နေသည်လော။ ဆရာဝန်လေး ဆုံးပါးပြီးနောက် သားငယ်.. အရင်ကထက် ပို၍ချူချာလာသည်ကို သတိထားမိပါသည်။
“ မဖြစ်သေးပါဘူး။ ဆရာဝန်ပင့်ဦးမှာပါ။ တနင်္ဂနွေနေ့ကိုလည်း ဖာသာဆီကိုခေါ်သွားဦးမှပါ “
ဤသို့ မိခင်၏စီမံမှုကို မြတ်သူမသိ။ မိခင်၏ သောကကိုလည်း မြတ်သူသတိမထားမိ။ ယခင်က လိမ္မာ၍ မိဘအပေါ်သိတတ်သော ဤကလေးငယ်သည် ယခုတွင်မူ ဆန့်ကျင်ဘက်။ အဘယ်ကြောင့်ဤမျှပြောင်းလဲရပါသနည်းဟု မေးလျှင် သူ.. တစ်ခွန်းတည်းသာ ပြန်ဖြေနိုင်မည်။
“ အချစ်တဲ့လေ “
အက္ခရာလေးနှစ်လုံးနှင့် ကျယ်ပြောသည့်အဓိပ္ပာယ်များကို ဆောင်ကြဉ်းနေသည့်ထိုစကား..။ လူတိုင်းပြောနိုင်သော်လည်း အဓိပ္ပာယ်တိတိကျကျသတ်မှတ်၍ မရသေးသည့် ခံစားမှုပြဝိသေသအသုံးလေးတစ်ခုသည် လူသားတစ်ဦးအား ဤမျှပြောင်းလဲသည်အထိ စိုးမိုးနိုင်သည်လော။ သက်သေသည်က တခြားသောသူကိုမကြည့်နှင့်။ မြတ်သူကိုသာကြည့်နိုင်သည်။
ဟုတ်သည်။ ကျွန်တော်သည် အချစ်၏စိုးမိုးမှု၊ အင်အားသက်ရောက်မှုကို လက်တွေ့နမူနာပြနိုင်သည့် စံပြလူသား..။ အချစ်၏ဆန်းကြယ်မှုအရ ကျွန်တော်သည်လည်း ဆန်းကြယ်လာသည်။
အတိတ်ကာလများစွာက ငြင်ဆန်းမှုတွေမှာ တော်လွန်းခဲ့တဲ့ကျွန်တော်..၊ အပြတ်သားနိုင်ဆုံး ကျွန်တော်က.. သူနဲ့တွေ့မှ အရာရာကို အရှုံးပေးလာမိတယ်။ မတရားမှုကိုသိတယ်၊ မဖြစ်နိုင်မှုတွေကိုသိနေပေမဲ့ ငြင်းဆန်ဖို့ ခွန်အားမရှိဘူး..။ သူ့ကိုသိပ်ချစ်လို့ လက်ခံမိတယ်ပေါ့။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တဲ့အမျိုးပါ။ သူရောကျွန်တော်ရော မှားနေတာ သိပ်သိတာပေါ့။ ပြန်ဆင်ပြင်လို့မရတဲ့အတိတ်ကို ကျွန်တော်တို့ပြန်သွားလို့မရဘူး။ ရှေ့ဆက်မဖြစ်အောင် တားရုံမှတစ်ပါး ကျွန်တော်မတတ်နိုင်ခဲ့ဘူး။ စိုင်းသန့်ဇင်အတွက် စိတ်မကောင်းရုံကလွဲပြီး ကျန်တာမတတ်နိုင်ခဲ့ဘူး။ သူ့အဖြစ်ကို ဥပမာယူပြီး တခြားသူတွေမနစ်နာရအောင်တော့ ကြိုးစားကြည့်ချင်သား။
တကယ်တမ်းကျတော့.. ကျွန်တော်လည်း ခက်ခဲရတယ်။ ကျွန်တော်ရှိနေခြင်းက သူ့ကိုချုပ်နှောင်ခြင်းနဲ့ ထပ်တူကျနေတယ်လေ။ အဲဒီတော့ ကျွန်တော့်ကို ကျွန်တော်ပဲ အဆုံးသတ်လိုက်ရမလား။ သူနဲ့အတူ ဟိုး... အဝေးကြီးကို ထွက်ပြေးရမလား။ အတိတ်ကာလကမြတ်သူရဲ့ ပြတ်သားမှုတွေ ပြန်လိုချင်လိုက်တာ...။
အတွေးငယ်တို့နှင့်အတူ ယိုစီးလာသည် မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း အိပ်စက်မှုကိုဦးတည်လိုက်သည့် မြတ်သူအား စိုင်းထွဋ်ခေါင်မြင်ပါသည်။
မွန်းကျပ်နေပြီလားကောင်လေး။ ကောင်လေးရဲ့ခံစားမှုတွေကို အလုံးစုံမမြင်နိုင်ပေမဲ့ အနည်းအကျဉ်းတော့မြင်နေရတယ်။ အတိတ်ကာလများက သူ့လက်ကို တင်းတင်းကျပ်ကျပ်မဆုပ်ကိုင်နိုင်ခဲ့လို့ အခုအချိန်မှာ ဆုပ်ကိုင်မိတာ မှားများမှားနေပြီလား။ မှားနေမှန်းသိလျက်နဲ့ ဆက်မှားနေရတာအဆင်မပြေမှန်းသိပါတယ်။ ဒါပေမဲ့ ကောင်လေးအနားမှာပဲ ဆက်နေချင်သေးတယ်...။
နှစ်ဦးသားလုံးတွင် တီးတိုးဝန်ခံမှု ကိုယ်စီနှင့်။ သို့သော် တစ်ယောက်စကားကို တစ်ယောက်မကြားနိုင်ခဲ့။ ဝေးကွာနေ၍မဟုတ်။ နီးလွန်လျက် ဖွင့်မပြောခြင်းက ပို၍ဝေးကွာနေသယောင်ပင်...။
အချိန်အားဖြင့် ညနေငါးနာရီ။ မြတ်သူသည်ကပုံမှန်အတိုင်းပင် အခန်းငယ်အမည်ရှိ ကမ္ဘာတွင်သာယာလျက်။ သူ၏ကမ္ဘာတွင် သူတစ်ယောက်တည်းသာမဟုတ်။ သူ၏ချစ်ရသူ စိုင်းထွဋ်ခေါင်ပါရှိနေသည်။
ထိုစဉ် မိခင်ဖြစ်သူ ဒေါ်မြတ်ကေသီမှ တံခါးလာခေါက်ခဲ့သည်။
“ သားငယ်.. တံခါးခဏဖွင့်ဦး “
“ ဘာဖြစ်လို့လဲမေမေ “
“ မေမေဆရာဝန်ပင့်လာတယ်သား “
ဆရာဝန်တဲ့လား။ မေမေနဲ့တော့ခက်လှချီရဲ့။
“ မေမေ သားဘာမှမဖြစ်ဘူးလို့ ပြောတယ်လေ။ ဘာလို့ပင့်လိုက်တာလဲ “
Advertisement
သားငယ်ပြောသည့်စကားသည် ဆရာဝန်အတွက်အားနာစရာပင်။ ဆရာဝန်သည်လည်း မျက်နှာပျက်သွားသည်ကို မြင်မိပါသည်။ ထို့ကြောင့် ပို၍အားနာရပါသည်။
“ သား.. မေမေပြောနေတယ် တံခါးဖွင့်နော်။ မေမေ့ကိုစိတ်တိုအောင်မလုပ်နဲ့သား “
“ အဲဒါဆိုရင် ဆရာဝန်ကို အရင်ပြန်ခိုင်းလိုက်ပါမေမေ “
“ မင်းစကားတွေကို ဘယ်လိုပြောနေတာလဲ။ လူမှုရေးနားမလည်ဘူးလား။ မိဘစကားကို ကလန်ကဆန်နဲ့ “
“ ကလန်ကဆန်လုပ်နေတာလို့ မေမေထင်ရင်လည်းသဘောပါ။ သားဘာမှမဖြစ်ဘူးလို့ မနက်ကတည်းကပြောပြီးပြီပဲ။ မေမေဘာလို့ဆရာဝန်ပင့်လာတာလဲ။ သူကြည့်လည်း အပိုပဲ။ ဘာမှထူးလာမှာမဟုတ်ဘူး “
ကျွန်တော်ကိုကျွန်တော်သိတယ်။ ကုလို့မရတဲ့အချစ်ရောဂါက ကျွမ်းနေပြီဆိုတာကိုလေ...။ အဲဒီရောဂါကြောင့် တခြားကုလို့ရတဲ့ရောဂါတွေပါ ပိုတိုးလာတယ်ဆိုပါတော့...။
“ မြတ်သူ.. အေး... မင်းမဖွင့်ရင်နေ။ ငါ့နည်း ငါ့ဟန်နဲ့ဖွင့်မယ် “
လက်ထဲတွင်ပါလာသော သော့အပိုတစ်ချောင်းနှင့်ဖွင့်သော်လည်းမရ။ အခန်းတွင်းမှချက်ထိုး၍ ပိတ်ထားသောကြောင့် ဖြစ်သည်။
ထိုသို့သားအမိနှစ်ဦး အပြန်အလှန်ပြောနေခိုက်တွင် ဆရာဝန်သည်လည်း အတော်ပင်မျက်နှာပျက်လာသည်။ လက်ထဲတွင်ကိုင်ထားသော ဆေးသတ္တာကိုပင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ ဒေါသများကို ထိန်းချုပ်နေရသည်။ သည်းမခံနိုင်သည့်အဆုံးတွင် ဆရာဝန်သည်လည်း ပြန်ရန်စကားစလာသည်။
“ ကျွန်တော်ပြန်တော့မယ် “
“ ဟို... ဆရာရယ် ခဏလေးပါနော်။ သားလေးကျန်းမာရေး မကောင်းလို့ပါ “
“ အမေကိုဒီလောက်ပြန်ပြောနိုင်သေးတာပဲ.. သူအကောင်းကြီးရှိပါသေးတယ်။ အဒေါ်တို့ကိုအားနာပေမဲ့ ဒီလူနာကိုကြည့်ဖို့ တကယ်အဆင်မပြေတော့လို့ပါ။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး “
ဒေါ်မြတ်ကေသီနှင့် ဒေါ်သူဇာသည်လည်း ဆရာဝန်ကိုအားနာလျက် သားဖြစ်သူ မြေးဖြစ်သူအား ဒေါသထွက်လျက်ပင်။ ဆေးခန်းမှ ပင့်လာသည်ကို အိမ်တွင်ဤကဲ့သို့ အချင်းများနေသောအခါ မည်သည့်ဆရာဝန်က သည်းခံမည်နည်း။ သားဖြစ်သူ၏ ဆန့်ကျင်မှုများကြောင့် ဒေါ်မြတ်ကေသီလည်း အလွန်အမင်းဒေါသထွက်ကာ တံခါးကိုထု၍ မြတ်သူနှင့်စကားပြောခဲ့သည်။
“ မြတ်သူ.. မင်းတံခါးကိုအခုဖွင့်စမ်း။ ငါပြောနေတယ်နော်။ မင်းမဖွင့်ရင် ငါအခန်းတံခါးကိုဖျက်ပြီး ဝင်လာခဲ့ရမလား “
ဆရာဝန်ပြန်သွားသည်ကို သိသောအခါ မြတ်သူသည်လည်း တံခါးဖွင့်ပေးခဲ့သည်။
“ မင်းဘာလို့ အခုလိုလုပ်ရတာလဲ။ ဆရာဝန်ကို ဘယ်လောက်တောင်အားနာဖို့ကောင်းလဲ “
“ သားဘာမှမဖြစ်ဘူးလို့ပြောသားပဲ “
“ ဘာကိုဘာမှမဖြစ်တာလဲ။ မင်းရုပ်ကို မင်းမှန်နဲ့ပြန်မကြည့်ဘူးလား။ ဘာရုပ်ပေါက်နေပြီလဲလို့.. “
“ သား မှန်မကြည့်ဘူးမေမေ “
“ မင်းငါ့ကိုရွဲ့နေတာလား မြတ်သူ “
“ သားမရွဲ့ဘူးမေမေ။ သားတကယ်မှန်မကြည့်ဖြစ်ဘူး။ မှန်ကတချို့သူတွေကို မပေါ်စေလို့လေ “
“ တော်စမ်းမြတ်သူ။ ပြော.. မင်းဘာတွေဖြစ်နေတာလဲ။ တစ်နေ့လုံး အခန်းထဲမှာပဲနေတယ်။ ညဆိုမအိပ်ဘူး။ နေ့ဘက်ဆိုမထဘူး။ ဘာတွေမဟုတ်တာလုပ်နေတာလဲ။ ဆေးကြောင် ကြောင်နေတာလား ဟမ် “
တုန်လှုပ်မှုမရှိသည့် ကိုယ်ငယ်လေးအား ဒေါ်မြတ်ကေသီသည် လက်မောင်းနှစ်ဖက်မှကိုင်ကာ မေးမြန်နေသည်။ သားဖြစ်သူ၏ မျက်နှာအားကြည့်၍ ပို၍စိတ်မချမ်းသာဖြစ်ရသည်။
“ ဆေးကတစ်ပြားနှစ်ပြားဖိုး ဝယ်လို့ရတဲ့အရာမဟုတ်မှန်း မေမေသိပါတယ် “
“ အေး.. အဲဒါဆို မင်းဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောပြ “
“ သားပြောလည်း မေမေတို့ယုံမှာမဟုတ်ဘူးလေ။ ထားပါ... သားမဟုတ်တာလုပ်နေတယ်ပဲ မေမေထင်လိုက်ပါ။ နောက်ပြီး ဆရာဝန်ခေါ် ဘာခေါ်နဲ့ အပိုအလုပ်တွေ မလုပ်ပါနဲ့ “
“ ဘာ... အပိုအလုပ်တွေ.. ဟုတ်လား မြတ်သူ။ မိဘဆိုတာ မင်းကလန်ကဆန်လုပ်ပြီး စော်ကားဖို့ရှိနေတာမဟုတ်ဘူးဟဲ့ .. “
ထိုစကားနှင့်အတူ ကျွန်တော့်ပါးပြင်ပေါ်သို့ကျရောက်လာသည့် မေမေ့လက်ဖဝါး။ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် ကျွန်တော်...။
မေမေက ကျွန်တော့်ကိုပါးရိုက်လိုက်တာပေါ့။ မေမေဘယ်လောက်များ စိတ်တိုသွားလို့လဲ။ စိတ်မတိုပါနဲ့လားမေမေရယ်။ မေမေ ကျန်းမာရေး ထိခိုက်နေမှာပေါ့။ သားအခုလိုငြင်းဆန်နေရတာ အားလုံးကောင်းဖို့အတွက်ပါ..။
“ မိဘဟဲ့ မိဘ။ ကိုယ့်သားသမီးကို စိုးရိမ်တယ် ပူပန်တယ်။ မိဘမေတ္တာကို မင်းနားမလည်ရင်တောင် မစော်ကားရဘူးဟဲ့”
ထိုသို့ မြေးဖြစ်သူနှင့် သမီးဖြစ်သူ၏ စကားများရန်ဖြစ်ပုံကိုကြည့်ကာ ဒေါ်သူဇာသည်လည်း နှလုံးခုန်နှုန်းများမြန်လာရသည်။
မြေးဖြစ်သူ၏ ယခုကဲ့သို့သော် အပြုအမူမျိုးကို တစ်သက်နှင့်တစ်ကိုယ်မမြင်ခဲ့။ လူကြီးမိဘအပေါ်တွင် သိတတ်လွန်းသော ကလေးသည် ဤသို့ပြောင်းလဲသွားသည်ကို ပို၍စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျမိသည်။
“ တော်ကြပါတော့ဟယ်.. တော်ကြပါတော့...။ နင်တို့တွေဒီအတိုင်းဆက်ဖြစ်နေရင် ငါသေသွားလိမ့်မယ်ဟဲ့.. “
ရင်ဘတ်ကိုဖိကာ ငိုကြွေးနေသော အဘွားဖြစ်သူ၊ ကရုဏာဒေါသဖြင့် မိမိအားရိုက်ခဲ့သော မိခင်ဖြစ်သူတို့အားကြည့်၍ မြတ်သူ၏ ဝမ်းနည်းမှုတို့သည် အဆုံးစွန်ထိ..။ မိမိချစ်ရသောမိသားစုကို မိမိကအပူသောကများ ပေးမိသည်။
မိခင်ဖြစ်သူ၏မျက်ရည်၊ အဘွားဖြစ်သူ၏မျက်ရည်တို့ကို ဆက်၍မကြည့်နိုင်တော့ပြီ..။ ထို့ကြောင့် အခန်းတံခါးကိုပြန်ပိတ်ခဲ့သည်။
ရုပ်သေး ကြိုးပြတ်သည့်နှယ်..။ ထိုင်လျက် လဲကျသွားသော ကိုယ်ငယ်လေးသည် တံခါးကိုမှီကာ ငိုကြွေးနေမိသည်။
ကျွန်တော့်လောက်မိုက်တဲ့သူ ဒီကမ္ဘာမှာ မရှ်ိလောက်တော့ဘူး.. ဆိုတဲ့ အသိနဲ့ပေါ့။
တစ်ဆက်တည်းမှာပင် သတိရမိသည်က မိမိအရှေ့တွင်ရပ်နေသော စိုင်းထွဋ်ခေါင်။
မျက်ထောင့်များပင်နီလျက် အေးစက်မှုအတိနှင့် ဒေါသထွက်နေသည့်အမူအရာသည် ကြောက်စဖွယ်ပင်။
မကြာမီကပင် ထိုင်လျက်လဲကျသွားသော ကိုယ်ငယ်လေးသည် မတ်တတ်ရပ်ရန်လည်း အင်အားမရှိ။ ထို့ကြောင့် စိုင်းထွဋ်ခေါင်အရှေ့သို့ ထိုင်လျက်နှင့်ပင် တဖြည်းဖြည်းရွေ့သွားခဲ့သည်။ စိုင်းထွဋ်ခေါင်အရှေ့သို့ရောက်သောအခါ ငိုကြွေးကာ တုန်ယင်နေသောအသံဖြင့် ဒူးကိုဖက်၍ တောင်းဆိုပြန်သည်။ သူ့အတွက်သာမဟုတ်။ မိဘများအတွက်သာ...။
Advertisement
“ စိတ်ကိုလျှော့ပါနော်။ သူတို့က ကျွန်တော့်မိဘလေ။ သူတို့ကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့။ ကျွန်တော်တောင်းပန်ပါတယ်နော် “
မည်သည့်စကားမျှမဆို။ ထိုအတိုင်းသာအရပ်နေသည့် စိုင်းထွဋ်ခေါင်အား မြတ်သူသည်လည်း အကြိမ်ကြိမ်တောင်းပန်ရှာသည်။
“ ခင်ဗျားသဘောမကျတဲ့ ဆရာဝန်တွေလည်း မလာတော့ဘူးလေ။ ကျွန်တော်လည်း လက်မခံဘူးလေ။ ခင်ဗျားစကားကို ကျွန်တော်နားထောင်တယ်လေ။ ကျွန်တော့်စကားကို နားထောင်ပေးတဲ့အနေနဲ့ ကျွန်တော်မိဘတွေကို မထိခိုက်ပါနဲ့နော်။ သူတို့ပါတစ်ခုခုဖြစ်ရင် ကျွန်တော်ရူးတော့မှာ မို့လို့ပါ။ တောင်းဆိုတာပါဗျာ “
မျက်ရည်များတသွင်သွင်စီးလျက် တောင်းပန်နေရှာသည့်ကောင်လေး...။ သူ၏မျက်ရည်များသည် မိမိ၏အားနည်းချက်။ ကောင်လေး၏မျက်ရည်များကို ဆက်၍မမြင်လိုပေ။
သူပင်ပန်းနေရောပေါ့။ သူနာကျင်နေရောပေါ့။ ကျွန်တော်နဲ့ သူ့မိဘအကြားမှာ သူမွန်းကျပ်နေရောပေါ့..။
တုန်ယင်သော ကောင်လေး၏ကိုယ်ငယ်လေးအား ထွေးဖက်ထားမိသည်။ ရှိုက်ကြီးတငင်ငင်ငိုကြွေးသော ကောင်လေးအား အငိုတိတ်ရန်ဖြေသိမ့်ရဦးမည်။
“ ကောင်လေးရယ်။ အဲဒီလောက်ထိ တောင်းပန်စရာမလိုပါဘူး။ ကောင်လေးမကြိုက်တာကို ကိုယ်မလုပ်ဘူးလေ။ မငိုပါနဲ့တော့လားကွာ။ ဒီရင်တွေနာလွန်းလို့ပါ။ ကောင်လေးလည်း ပင်ပန်းနေရောပေါ့။ တိတ်တော့နော်။ စောစောက နည်းနည်းစိတ်တိုမိသွားလို့ပါ။ ကောင်လေးထိခိုက်မှာကိုမလိုလားတာ ကောင်လေးသိပါတယ် “
ထိုစကားနှင့်အတူ သတိရမိသည်က.. အတိတ်နှင့် ပစ္စုပ္ပန်တို့တွင် မိမိကသာလျှင် သူ့အား ထိခိုက်စေခဲ့သည်မှာ များလှသည်ကိုပင်။
“ သိပ်ချစ်မိလို့ မထိခိုက်စေချင်ပေမဲ့ ကိုယ့်ကြောင့် ကောင်လေး နာကျင်ခဲ့ရတာတွေ များနေပြီနော်။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အတ္တသိပ်ကြီးမိတယ်ကွာ “
လွတ်ထွက်သွားမည်ကိုစိုးသည့်လား.. ကောင်လေးအားပွေ့ဖက်ထားမိသည်။ မိမိအနှစ်သက်ရဆုံးသော ထိုလူသားသည် မိမိအားနွေးထွေးမှု အပြည့်အ၀ပေးပါသည်။ မိမိသည်လည်း သဘောကျရမြဲ။ ဆန့်ကျင်ဘက်ဖြစ်နေသည်က မိမိကသူ့အား အေးစက်မှုတို့ကိုသာ ပေးနေမိသည်။ မိမိ၏အေးစက်မှုတို့အကြား ကောင်လေး၏ နှလုံးသားသည်လည်း ထုံကျင်နေရမည်လော။
ထိုနေ့ည... အကြင်သူနှစ်၏ ပူလောင်နေသော နှလုံးသားတို့အား ဆောင်းရာသီ၏အေးစက်မှုတို့က မစိုးမိုးနိုင်ခဲ့...။
For Zawgyi
အၾကင္သူႏွစ္ဦး
ယေန႔တြင္ ထူးဆန္းစြာ ျမတ္သူသည္ မနက္ခုႏွစ္နာရီကတည္းကပင္ ဧည့္ခန္းတြင္ထိုင္ေနသည္။ မေန႔ညက ေစာေစာအိပ္၍မဟုတ္။ တစ္ညလုံးမအိပ္ရေသးျခင္းပင္ ျဖစ္သည္။ သိသိသာသာပိန္သြားေသာ ကိုယ္ငယ္ေလးသည္ ယခင္ကကဲ့သို႔ ျပည့္ျပည့္ၿဖိဳးၿဖိဳးမရွိ။ ယခင္ကကဲ့သို႔ ပါးေဖာင္းေဖာင္းေလးမ်ားလည္းရွိမေနခဲ့..။ နီျမန္ေသာ ႏႈတ္ခမ္းတစ္စုံမွာလည္း ျဖဴဖပ္ျဖဴေရာ္ႏွင့္။ အၾကည့္တို႔သည္လည္း အသက္မပါ။ လမ္းေလွ်ာက္လွ်င္ ေခ်ာ္လဲမည္ကိုပင္ စိုးရိမ္ရသည္အထိ လူႏွင့္စိတ္ႏွင့္မကပ္။ အစားကိုလည္းပုံမွန္မစား။ အိပ္စက္မႈသည္လည္း ပုံမွန္မရွိ။
သားျဖစ္သူ ေျမးျဖစ္သူ၏ စိတ္ႏြမ္းပါးေနမႈကိုၾကည့္ကာ မိခင္နဲ႔အဘြားတို႔မွာလည္း စိတ္မေကာင္းခဲ့။ ခံစားရသည့္ တစ္စုံတစ္ရာကိုေမးေသာ္လည္း ျပန္ေျဖျခင္းမရွိ။ ‘အဆင္ေျပပါတယ္’ ဟုသာၾကားရေသာ္လည္း စကားႏွင့္လက္ေတြ႕တို႔မွာ ျခားနားလ်က္။ ေဆးခန္းျပေသာ္လည္း အအိပ္အစားမမွန္၍ ေနမေကာင္းျဖစ္သည္.. ႏွလုံးအားနည္းေနသည္ဟူသည္မွအပ က်န္ေသာတစ္စုံတစ္ရာမၾကားခဲ့။ ပင္ပန္းေနသည့္ ကိုယ္ေလးသည္လည္း ၾကားရသည္ႏွင့္ အဆမတန္ ခ်ဴခ်ာလို႔ေနသည္။
ျမတ္သူ ဧည့္ခန္းတြင္ထိုင္ေနခိုက္ မိခင္ႏွင့္အဘြားတို႔မွာ စကားလာေျပာသည္။ လဲလုလုရွိေနေသာ ခႏၶာကိုယ္ပိုင္ရွင္ေလးသည္ ဆိုဖာကိုမွီ၍ ၿငိမ္သက္လို႔ေနသည္။
“ သားေလး အေစာႀကီးႏိုးေနတာလား “
“ အင္း “
“ သားေနေကာင္းရဲ႕လား။ သားကိုၾကည့္ရတာ သိပ္မလန္းသလိုပဲ “
“ ညမအိပ္ရေသးလို႔ပါ “
“ ညမအိပ္ရေအာင္ သားက ဘာေတြလုပ္ေနလို႔လဲ “
“ ဘာမွ မလုပ္ပါဘူး။ ဒီအတိုင္းပဲ အိပ္မေပ်ာ္တာ “
“ သား ေဆး႐ုံသြားျပမလားဟင္ “
“ သား ေဆး႐ုံအနံ႔ေတြကို မုန္းတယ္ေမေမ “
“ အဲဒါဆို ဆရာ၀န္ပင့္မလား “
“ မပင့္ပါနဲ႔ေမေမရယ္။ ေတာ္ၾကာ သားအတြက္နဲ႔ အျပစ္မရွိတဲ့ဆရာဝန္ေတြ ခရစ္ေတာ္မွာထာဝရအိပ္စက္ျခင္းနဲ႔ အိပ္ေနရပါဦးမယ္။ အခုေတာ့ သားေခါင္းကိုက္ေနလို႔ အိပ္လိုက္ဦးမယ္ “
“ ဘာကိုေျပာတာလဲသား... သားေလး.. “
ေခၚေသာ္လည္း ျပန္မထူး။ သူေျပာသည့္စကားကိုလည္း ကြၽန္မနားမလည္။ “အျပစ္မရွိတဲ့ဆရာဝန္ေတြ ခရစ္ေတာ္မွာထာဝရအိပ္စက္ျခင္းနဲ႔ အိပ္ေနရပါဦးမယ္ “ ဟူသည္ မည္သည့္အဓိပၸာယ္ႏွင့္ ဆိုလိုေၾကာင္း ကြၽန္မမသိ။ သားငယ္ထံသို႔လာေသာ ဆရာဝန္တစ္ဦး ေသသြားသည္ကို စိတ္မေကာင္းျဖစ္ေနသည္ေလာ။ ဆရာဝန္ေလး ဆုံးပါးၿပီးေနာက္ သားငယ္.. အရင္ကထက္ ပို၍ခ်ဴခ်ာလာသည္ကို သတိထားမိပါသည္။
“ မျဖစ္ေသးပါဘူး။ ဆရာဝန္ပင့္ဦးမွာပါ။ တနဂၤေႏြေန႔ကိုလည္း ဖာသာဆီကိုေခၚသြားဦးမွပါ “
ဤသို႔ မိခင္၏စီမံမႈကို ျမတ္သူမသိ။ မိခင္၏ ေသာကကိုလည္း ျမတ္သူသတိမထားမိ။ ယခင္က လိမၼာ၍ မိဘအေပၚသိတတ္ေသာ ဤကေလးငယ္သည္ ယခုတြင္မူ ဆန႔္က်င္ဘက္။ အဘယ္ေၾကာင့္ဤမွ်ေျပာင္းလဲရပါသနည္းဟု ေမးလွ်င္ သူ.. တစ္ခြန္းတည္းသာ ျပန္ေျဖႏိုင္မည္။
“ အခ်စ္တဲ့ေလ “
အကၡရာေလးႏွစ္လုံးႏွင့္ က်ယ္ေျပာသည့္အဓိပၸာယ္မ်ားကို ေဆာင္ၾကဥ္းေနသည့္ထိုစကား..။ လူတိုင္းေျပာႏိုင္ေသာ္လည္း အဓိပၸာယ္တိတိက်က်သတ္မွတ္၍ မရေသးသည့္ ခံစားမႈျပဝိေသသအသုံးေလးတစ္ခုသည္ လူသားတစ္ဦးအား ဤမွ်ေျပာင္းလဲသည္အထိ စိုးမိုးႏိုင္သည္ေလာ။ သက္ေသသည္က တျခားေသာသူကိုမၾကည့္ႏွင့္။ ျမတ္သူကိုသာၾကည့္ႏိုင္သည္။
ဟုတ္သည္။ ကြၽန္ေတာ္သည္ အခ်စ္၏စိုးမိုးမႈ၊ အင္အားသက္ေရာက္မႈကို လက္ေတြ႕နမူနာျပႏိုင္သည့္ စံျပလူသား..။ အခ်စ္၏ဆန္းၾကယ္မႈအရ ကြၽန္ေတာ္သည္လည္း ဆန္းၾကယ္လာသည္။
အတိတ္ကာလမ်ားစြာက ျငင္ဆန္းမႈေတြမွာ ေတာ္လြန္းခဲ့တဲ့ကြၽန္ေတာ္..၊ အျပတ္သားႏိုင္ဆုံး ကြၽန္ေတာ္က.. သူနဲ႔ေတြ႕မွ အရာရာကို အရႈံးေပးလာမိတယ္။ မတရားမႈကိုသိတယ္၊ မျဖစ္ႏိုင္မႈေတြကိုသိေနေပမဲ့ ျငင္းဆန္ဖို႔ ခြန္အားမရွိဘူး..။ သူ႔ကိုသိပ္ခ်စ္လို႔ လက္ခံမိတယ္ေပါ့။
လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွ ျမည္တဲ့အမ်ိဳးပါ။ သူေရာကြၽန္ေတာ္ေရာ မွားေနတာ သိပ္သိတာေပါ့။ ျပန္ဆင္ျပင္လို႔မရတဲ့အတိတ္ကို ကြၽန္ေတာ္တို႔ျပန္သြားလို႔မရဘူး။ ေရွ႕ဆက္မျဖစ္ေအာင္ တား႐ုံမွတစ္ပါး ကြၽန္ေတာ္မတတ္ႏိုင္ခဲ့ဘူး။ စိုင္းသန႔္ဇင္အတြက္ စိတ္မေကာင္း႐ုံကလြဲၿပီး က်န္တာမတတ္ႏိုင္ခဲ့ဘူး။ သူ႔အျဖစ္ကို ဥပမာယူၿပီး တျခားသူေတြမနစ္နာရေအာင္ေတာ့ ႀကိဳးစားၾကည့္ခ်င္သား။
တကယ္တမ္းက်ေတာ့.. ကြၽန္ေတာ္လည္း ခက္ခဲရတယ္။ ကြၽန္ေတာ္ရွိေနျခင္းက သူ႔ကိုခ်ဳပ္ေႏွာင္ျခင္းနဲ႔ ထပ္တူက်ေနတယ္ေလ။ အဲဒီေတာ့ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ပဲ အဆုံးသတ္လိုက္ရမလား။ သူနဲ႔အတူ ဟိုး... အေဝးႀကီးကို ထြက္ေျပးရမလား။ အတိတ္ကာလကျမတ္သူရဲ႕ ျပတ္သားမႈေတြ ျပန္လိုခ်င္လိုက္တာ...။
အေတြးငယ္တို႔ႏွင့္အတူ ယိုစီးလာသည္ မ်က္ရည္စတို႔ကို ခပ္ၾကမ္းၾကမ္းသုတ္လိုက္ရင္း အိပ္စက္မႈကိုဦးတည္လိုက္သည့္ ျမတ္သူအား စိုင္းထြဋ္ေခါင္ျမင္ပါသည္။
မြန္းက်ပ္ေနၿပီလားေကာင္ေလး။ ေကာင္ေလးရဲ႕ခံစားမႈေတြကို အလုံးစုံမျမင္ႏိုင္ေပမဲ့ အနည္းအက်ဥ္းေတာ့ျမင္ေနရတယ္။ အတိတ္ကာလမ်ားက သူ႔လက္ကို တင္းတင္းက်ပ္က်ပ္မဆုပ္ကိုင္ႏိုင္ခဲ့လို႔ အခုအခ်ိန္မွာ ဆုပ္ကိုင္မိတာ မွားမ်ားမွားေနၿပီလား။ မွားေနမွန္းသိလ်က္နဲ႔ ဆက္မွားေနရတာအဆင္မေျပမွန္းသိပါတယ္။ ဒါေပမဲ့ ေကာင္ေလးအနားမွာပဲ ဆက္ေနခ်င္ေသးတယ္...။
ႏွစ္ဦးသားလုံးတြင္ တီးတိုးဝန္ခံမႈ ကိုယ္စီႏွင့္။ သို႔ေသာ္ တစ္ေယာက္စကားကို တစ္ေယာက္မၾကားႏိုင္ခဲ့။ ေဝးကြာေန၍မဟုတ္။ နီးလြန္လ်က္ ဖြင့္မေျပာျခင္းက ပို၍ေဝးကြာေနသေယာင္ပင္...။
အခ်ိန္အားျဖင့္ ညေနငါးနာရီ။ ျမတ္သူသည္ကပုံမွန္အတိုင္းပင္ အခန္းငယ္အမည္ရွိ ကမာၻတြင္သာယာလ်က္။ သူ၏ကမာၻတြင္ သူတစ္ေယာက္တည္းသာမဟုတ္။ သူ၏ခ်စ္ရသူ စိုင္းထြဋ္ေခါင္ပါရွိေနသည္။
ထိုစဥ္ မိခင္ျဖစ္သူ ေဒၚျမတ္ေကသီမွ တံခါးလာေခါက္ခဲ့သည္။
“ သားငယ္.. တံခါးခဏဖြင့္ဦး “
“ ဘာျဖစ္လို႔လဲေမေမ “
“ ေမေမဆရာဝန္ပင့္လာတယ္သား “
ဆရာဝန္တဲ့လား။ ေမေမနဲ႔ေတာ့ခက္လွခ်ီရဲ႕။
“ ေမေမ သားဘာမွမျဖစ္ဘူးလို႔ ေျပာတယ္ေလ။ ဘာလို႔ပင့္လိုက္တာလဲ “
သားငယ္ေျပာသည့္စကားသည္ ဆရာဝန္အတြက္အားနာစရာပင္။ ဆရာဝန္သည္လည္း မ်က္ႏွာပ်က္သြားသည္ကို ျမင္မိပါသည္။ ထို႔ေၾကာင့္ ပို၍အားနာရပါသည္။
“ သား.. ေမေမေျပာေနတယ္ တံခါးဖြင့္ေနာ္။ ေမေမ့ကိုစိတ္တိုေအာင္မလုပ္နဲ႔သား “
“ အဲဒါဆိုရင္ ဆရာဝန္ကို အရင္ျပန္ခိုင္းလိုက္ပါေမေမ “
“ မင္းစကားေတြကို ဘယ္လိုေျပာေနတာလဲ။ လူမႈေရးနားမလည္ဘူးလား။ မိဘစကားကို ကလန္ကဆန္နဲ႔ “
“ ကလန္ကဆန္လုပ္ေနတာလို႔ ေမေမထင္ရင္လည္းသေဘာပါ။ သားဘာမွမျဖစ္ဘူးလို႔ မနက္ကတည္းကေျပာၿပီးၿပီပဲ။ ေမေမဘာလို႔ဆရာဝန္ပင့္လာတာလဲ။ သူၾကည့္လည္း အပိုပဲ။ ဘာမွထူးလာမွာမဟုတ္ဘူး “
ကြၽန္ေတာ္ကိုကြၽန္ေတာ္သိတယ္။ ကုလို႔မရတဲ့အခ်စ္ေရာဂါက ကြၽမ္းေနၿပီဆိုတာကိုေလ...။ အဲဒီေရာဂါေၾကာင့္ တျခားကုလို႔ရတဲ့ေရာဂါေတြပါ ပိုတိုးလာတယ္ဆိုပါေတာ့...။
“ ျမတ္သူ.. ေအး... မင္းမဖြင့္ရင္ေန။ ငါ့နည္း ငါ့ဟန္နဲ႔ဖြင့္မယ္ “
လက္ထဲတြင္ပါလာေသာ ေသာ့အပိုတစ္ေခ်ာင္းႏွင့္ဖြင့္ေသာ္လည္းမရ။ အခန္းတြင္းမွခ်က္ထိုး၍ ပိတ္ထားေသာေၾကာင့္ ျဖစ္သည္။
ထိုသို႔သားအမိႏွစ္ဦး အျပန္အလွန္ေျပာေနခိုက္တြင္ ဆရာဝန္သည္လည္း အေတာ္ပင္မ်က္ႏွာပ်က္လာသည္။ လက္ထဲတြင္ကိုင္ထားေသာ ေဆးသတၱာကိုပင္ က်စ္က်စ္ပါေအာင္ဆုပ္ကိုင္၍ ေဒါသမ်ားကို ထိန္းခ်ဳပ္ေနရသည္။ သည္းမခံႏိုင္သည့္အဆုံးတြင္ ဆရာဝန္သည္လည္း ျပန္ရန္စကားစလာသည္။
“ ကြၽန္ေတာ္ျပန္ေတာ့မယ္ “
“ ဟို... ဆရာရယ္ ခဏေလးပါေနာ္။ သားေလးက်န္းမာေရး မေကာင္းလို႔ပါ “
“ အေမကိုဒီေလာက္ျပန္ေျပာႏိုင္ေသးတာပဲ.. သူအေကာင္းႀကီးရွိပါေသးတယ္။ အေဒၚတို႔ကိုအားနာေပမဲ့ ဒီလူနာကိုၾကည့္ဖို႔ တကယ္အဆင္မေျပေတာ့လို႔ပါ။ ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး “
ေဒၚျမတ္ေကသီႏွင့္ ေဒၚသူဇာသည္လည္း ဆရာဝန္ကိုအားနာလ်က္ သားျဖစ္သူ ေျမးျဖစ္သူအား ေဒါသထြက္လ်က္ပင္။ ေဆးခန္းမွ ပင့္လာသည္ကို အိမ္တြင္ဤကဲ့သို႔ အခ်င္းမ်ားေနေသာအခါ မည္သည့္ဆရာဝန္က သည္းခံမည္နည္း။ သားျဖစ္သူ၏ ဆန႔္က်င္မႈမ်ားေၾကာင့္ ေဒၚျမတ္ေကသီလည္း အလြန္အမင္းေဒါသထြက္ကာ တံခါးကိုထု၍ ျမတ္သူႏွင့္စကားေျပာခဲ့သည္။
“ ျမတ္သူ.. မင္းတံခါးကိုအခုဖြင့္စမ္း။ ငါေျပာေနတယ္ေနာ္။ မင္းမဖြင့္ရင္ ငါအခန္းတံခါးကိုဖ်က္ၿပီး ဝင္လာခဲ့ရမလား “
ဆရာဝန္ျပန္သြားသည္ကို သိေသာအခါ ျမတ္သူသည္လည္း တံခါးဖြင့္ေပးခဲ့သည္။
“ မင္းဘာလို႔ အခုလိုလုပ္ရတာလဲ။ ဆရာဝန္ကို ဘယ္ေလာက္ေတာင္အားနာဖို႔ေကာင္းလဲ “
“ သားဘာမွမျဖစ္ဘူးလို႔ေျပာသားပဲ “
“ ဘာကိုဘာမွမျဖစ္တာလဲ။ မင္း႐ုပ္ကို မင္းမွန္နဲ႔ျပန္မၾကည့္ဘူးလား။ ဘာ႐ုပ္ေပါက္ေနၿပီလဲလို႔.. “
“ သား မွန္မၾကည့္ဘူးေမေမ “
“ မင္းငါ့ကို႐ြဲ႕ေနတာလား ျမတ္သူ “
“ သားမ႐ြဲ႕ဘူးေမေမ။ သားတကယ္မွန္မၾကည့္ျဖစ္ဘူး။ မွန္ကတခ်ိဳ႕သူေတြကို မေပၚေစလို႔ေလ “
“ ေတာ္စမ္းျမတ္သူ။ ေျပာ.. မင္းဘာေတြျဖစ္ေနတာလဲ။ တစ္ေန႔လုံး အခန္းထဲမွာပဲေနတယ္။ ညဆိုမအိပ္ဘူး။ ေန႔ဘက္ဆိုမထဘူး။ ဘာေတြမဟုတ္တာလုပ္ေနတာလဲ။ ေဆးေၾကာင္ ေၾကာင္ေနတာလား ဟမ္ “
တုန္လႈပ္မႈမရွိသည့္ ကိုယ္ငယ္ေလးအား ေဒၚျမတ္ေကသီသည္ လက္ေမာင္းႏွစ္ဖက္မွကိုင္ကာ ေမးျမန္ေနသည္။ သားျဖစ္သူ၏ မ်က္ႏွာအားၾကည့္၍ ပို၍စိတ္မခ်မ္းသာျဖစ္ရသည္။
“ ေဆးကတစ္ျပားႏွစ္ျပားဖိုး ဝယ္လို႔ရတဲ့အရာမဟုတ္မွန္း ေမေမသိပါတယ္ “
“ ေအး.. အဲဒါဆို မင္းဘာေတြျဖစ္ေနတာလဲ ငါ့ကိုေျပာျပ “
“ သားေျပာလည္း ေမေမတို႔ယုံမွာမဟုတ္ဘူးေလ။ ထားပါ... သားမဟုတ္တာလုပ္ေနတယ္ပဲ ေမေမထင္လိုက္ပါ။ ေနာက္ၿပီး ဆရာဝန္ေခၚ ဘာေခၚနဲ႔ အပိုအလုပ္ေတြ မလုပ္ပါနဲ႔ “
“ ဘာ... အပိုအလုပ္ေတြ.. ဟုတ္လား ျမတ္သူ။ မိဘဆိုတာ မင္းကလန္ကဆန္လုပ္ၿပီး ေစာ္ကားဖို႔ရွိေနတာမဟုတ္ဘူးဟဲ့ .. “
ထိုစကားႏွင့္အတူ ကြၽန္ေတာ့္ပါးျပင္ေပၚသို႔က်ေရာက္လာသည့္ ေမေမ့လက္ဖဝါး။ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည့္ ကြၽန္ေတာ္...။
ေမေမက ကြၽန္ေတာ့္ကိုပါး႐ိုက္လိုက္တာေပါ့။ ေမေမဘယ္ေလာက္မ်ား စိတ္တိုသြားလို႔လဲ။ စိတ္မတိုပါနဲ႔လားေမေမရယ္။ ေမေမ က်န္းမာေရး ထိခိုက္ေနမွာေပါ့။ သားအခုလိုျငင္းဆန္ေနရတာ အားလုံးေကာင္းဖို႔အတြက္ပါ..။
“ မိဘဟဲ့ မိဘ။ ကိုယ့္သားသမီးကို စိုးရိမ္တယ္ ပူပန္တယ္။ မိဘေမတၱာကို မင္းနားမလည္ရင္ေတာင္ မေစာ္ကားရဘူးဟဲ့”
ထိုသို႔ ေျမးျဖစ္သူႏွင့္ သမီးျဖစ္သူ၏ စကားမ်ားရန္ျဖစ္ပုံကိုၾကည့္ကာ ေဒၚသူဇာသည္လည္း ႏွလုံးခုန္ႏႈန္းမ်ားျမန္လာရသည္။
ေျမးျဖစ္သူ၏ ယခုကဲ့သို႔ေသာ္ အျပဳအမူမ်ိဳးကို တစ္သက္ႏွင့္တစ္ကိုယ္မျမင္ခဲ့။ လူႀကီးမိဘအေပၚတြင္ သိတတ္လြန္းေသာ ကေလးသည္ ဤသို႔ေျပာင္းလဲသြားသည္ကို ပို၍စိတ္မေကာင္းျဖစ္ကာ မ်က္ရည္က်မိသည္။
“ ေတာ္ၾကပါေတာ့ဟယ္.. ေတာ္ၾကပါေတာ့...။ နင္တို႔ေတြဒီအတိုင္းဆက္ျဖစ္ေနရင္ ငါေသသြားလိမ့္မယ္ဟဲ့.. “
ရင္ဘတ္ကိုဖိကာ ငိုေႂကြးေနေသာ အဘြားျဖစ္သူ၊ က႐ုဏာေဒါသျဖင့္ မိမိအား႐ိုက္ခဲ့ေသာ မိခင္ျဖစ္သူတို႔အားၾကည့္၍ ျမတ္သူ၏ ဝမ္းနည္းမႈတို႔သည္ အဆုံးစြန္ထိ..။ မိမိခ်စ္ရေသာမိသားစုကို မိမိကအပူေသာကမ်ား ေပးမိသည္။
မိခင္ျဖစ္သူ၏မ်က္ရည္၊ အဘြားျဖစ္သူ၏မ်က္ရည္တို႔ကို ဆက္၍မၾကည့္ႏိုင္ေတာ့ၿပီ..။ ထို႔ေၾကာင့္ အခန္းတံခါးကိုျပန္ပိတ္ခဲ့သည္။
Advertisement
- In Serial413 Chapters
The Forgotten Princess
Alicia Rosalyn Von Heist is the youngest daughter of King Edward of Alvannia. She is an illegitimate child born from a maid in the castle her father has fancied. After her mother died when she was young her father took her home and ‘adopted’ her.
8 1810 - In Serial6 Chapters
Remembering You
21-year-old Yoo Hyun-ki and Lee Chanwoo are two boys who have been best friends since Junior High. A terrible accident sends Chanwoo into a coma, leaving Hyun-Ki to diligently wait for his return to consciousness. The thing is, Chanwoo was never just his best friend. To Hyun-ki, he was always so much more than that. However, when new feelings seem to suddenly arise after the accident, things start to stir and blur the line between best friends and something more. This leaves both boys with a lot of figuring out to do and an unexpected journey to embark on- that is, if these new and unexplored territories can be welcomed on both parts. ~ a love story told from both points of view. FOLLOW ME ON WATTPAD TO READ FULL STORY: https://wattpad.com/user/sharkymaru *started 5/1/20* --> if posted anywhere else other than here and Webnovel @petalpower or on my Wattpad @sharkymaru, it's being stolen! >;c
8 89 - In Serial20 Chapters
The Lost Boy's Girl
Ashley Emerson and her two brothers Michael and Sam move to Santa Carla due to their mothers recent divorce. What will happen when the infamous lost boys take a liking to Ashley?*I do not own the lost boys*
8 233 - In Serial255 Chapters
forbidden
Manik Shah, 26, the son of the richest diamond merchant in India, is dating his best friend's sister.But with fates rolling their dice continuously, his grandfather dies and in his will, he declared Manik the heir to his whole empire, provided that he acts as a guardian to a girl child, Roshni. Manik, on meeting her, realises, she is not exactly a child.Now, he is living in Surat, in close proximity to this girl-who-is-not-a-child, and away from her girlfriend. He is slowly getting attracted to her... But is it right, when she is so young and above all his ward? Hell no! It is forbidden.Now he is in a dilemma, should he keep trying to maintain this relationship with his girlfriend even though they are losing their spark? Or should he get into a forbidden and slightly scandalous one which will, though, make both Manik and Roshni happy?
8 144 - In Serial38 Chapters
Crazy Love - Pranushka Story
One Girl who always do crazy things without thinking and One Boy always do things careful. She fall in Love with him even he Loves her he don't want to accept it due to differences between their families .Will he confess his Love to her? Will their families became Unite for them?
8 246 - In Serial34 Chapters
Life With Boys (Emerson Series #1)
After a tragic accident that completely changes her life, Annie and her twin brother, Austin, are taken in by the Emersons, a family of seven (drop-dead gorgeous) boys. But Annie never expects to fall for one of the boys...let alone two."A delicious series of twists and turns." - Grace @ HQ ***** Annie Cassidy has always had a simple life. She lives with her mom, dad, and her twin brother, Austin, in Indiana. She's always been close to each of them; a bond nobody could break until one fatal night when Annie's parents are killed in a head-on collision. She and Austin have no other family nearby and are taken under the wing of their father's best friend, Derek Emerson. They move from their small, comfortable hometown in Indiana, to the giant city of Los Angeles, California. Not only are they shocked to find out that the Emersons are rich--but that they also have seven kids. And they're all boys! As Annie begins to settle in, the last thing she expects is to develop feelings for one of the brothers, let alone two. It's safe to say that her new life in LA is about to get a whole lot more complicated.Content warning: mature scenes, depictions of a car crash, and mentions of grief.[[Word count: 60,000 - 70,000 words]]Cover designed by Gillian Goulet
8 164

