《Amiss Prayer (Zawgyi&Unicode) [Completed]》Part-40(လွတ်မြောက်ခြင်း)
Advertisement
For Unicode
လွတ်မြောက်ခြင်း
ယနေ့ ကိုကို့ကိုသွားကြိုရမည်။ အချိန်အားဖြင့် နံနက်ဆယ်နာရီခန့်ဖြစ်သည်။ အိမ်အောက်ထပ်သို့ဆင်းလာသော ခြေလှမ်းများသည် ယိုင်နဲ့နဲ့နှင့်...။ ခြေတစ်လှမ်းချင်းစီအတွက် စိုက်ထုတ်ရသောအားတို့မှာမနည်းလှ။ ခေါင်းထဲတွင်လည်း မူးဝေနေသည်။ အမြင်အာရုံတို့သည်လည်း ကြည်လင်မှုမရှိ။ အားယူ၍ထိန်းလျှောက်သော်လည်းမရ..။ လှေကားမှဆင်းပြီး ခြံအပြင်သို့ထွက်မည့်အခိုက်တွင် လဲကျသွားမိသည့် မိမိခန္ဓာကိုယ်..။ မေမေနှင့်ဘွားဘွားတို့သည်က စိုးရိမ်တကြီးပြေးလာခဲ့သည်။ လဲကျသွားသော မိမိခန္ဓာကိုယ်ကို မေမေက ပွေ့ထားပေးသည်။
“ သားငယ်.. ဘယ်လိုဖြစ်တာလဲ.. “
“ သား.. ဘာမှမဖြစ်ပါဘူးမေမေရဲ့..။ ဒီအတိုင်း မိုက်ခနဲမူးသွားတာပါ “
“ အခု သွားကြိုလို့ဖြစ်ပါ့မလားဟင်။ ဆေးရုံသွားမလား “
“ ကိုကို့ကိုပဲ သွားကြိုလိုက်ပါမေမေ။ သားကအခုပုံစံနဲ့တော့ လိုက်လို့ရမယ်မထင်ဘူး “
“ သားလေးတစ်ယောက်တည်း ကျန်ခဲ့မှာလေ။ ဖြစ်ပါ့မလားကွယ် “
“ ဖြစ်ပါတယ်မေမေရဲ့။ ခဏနားလိုက်ရင် သက်သာသွားမှာပါ။ မေမေတို့ပဲသွားကြိုလိုက်တော့နော် “
“ မေမေတို့စိတ်ချမယ်နော်သား..”
“ ဟုတ်မေမေ “
မေမေတို့ထွက်သွားပြီးနောက် အိမ်အပေါ်ထပ်ကိုလည်း ပြန်မတက်နိုင်ခဲ့ပေ။ ဧည့်ခန်းထဲမှခုံပေါ်တွင်သာ ထိုင်နေမိသည်။
ယနေ့တွင် သီပေါမြို့၏ဆောင်းရာသီအအေးဒဏ်သည် ယခင်နေ့များက မိမိခံစားနေကျ အအေးဒဏ်မျိုးမဟုတ်။ ပို၍အေးစိမ့်နေသည်။ ကိုယ်ခံအားနည်းနေသောကြောင့်သာ ရာသီဥတုဒဏ်ကို ပို၍ခံစားမိနေသည်ဟု ယူဆမိသည်။ ကိုယ်ခံအားနည်းနေသည့် မိမိအား ဆောင်းရာသီ၏အအေးဒဏ်အပါအဝင် ပို၍အေးစိမ့်စေသော အကြောင်းအရင်းတစ်ခုက ရှိနေသေးသည်။ ထိုအကြောင်းအရာမှာ မိမိအရှေ့တွင်ရပ်နေသော စိုင်းထွဋ်ခေါင်ကြောင့်ပင် ဖြစ်သည်။
မိမိရှေ့တွင်ရပ်နေသောသူသည် ယခင်ကကဲ့သို့မဟုတ်..။ တောက်ပလွန်းသောမျက်၀န်းတို့အစား နီရဲနေသော မျက်ထောင့်နီတို့က နေရာယူထားသည်။ နွေးထွေးလွန်းသောအပြုံးတို့အစား အေးစက်လွန်းသော တည်ကြည်မှုတို့က နေရာယူထားသည်။ သူ၏စိတ်အလိုမကျမှုတို့ကြောင့် အေးစက်သွားသော အပြုအမူတို့သည် မိမိအားပို၍ အေးစိမ့်စေသည်။
မိမိထံသို့ရောက်လာသော ဧည့်သည်ကို အပြုံးနှင့်ကြိုဆိုရသည်မှာ အိမ်ရှင်တို့၏ဝတ္တရား..။ ထို့ကြောင့်သာ မိမိရှေ့တွင်ရပ်နေသာ နှလုံးသားသို့အလည်လာသည့် ဧည့်သည်ကို အပြုံးလေးဖြင့် ကြိုဆိုရမည်။
“ နေမကောင်းဘူးမဟုတ်လား။ အခန်းထဲမှာ နားနေရောပေါ့။ လဲကျသွားလို့ နာနေသေးတာကို ပြုံးနေနိုင်တယ်နော် “
“ အိမ်ရှင်က ဧည့်သည်ကို အပြုံးနဲ့ကြိုဆိုရတာ ထုံးစံပဲလေ “
“ ကိုယ်ကဧည့်သည်လား ကောင်လေး “
တင်းမာနေသောအသံဖြင့် ပြောလာသည့်ထိုစကားသည် သူ၏ဒေါသတို့ ပို၍နိုးထလာကြောင်းကို သိသာစေသည်။
“ ဒါပေါ့.. အခုချိန်မှာ ကျွန်တော်က အိမ်ရှင်ပဲဟာ။ အဲဒီတော့ ကျွန်တော့်ဆီအလည်လာတဲ့ ခင်ဗျားက ဧည့်သည်ပဲပေါ့ “
“ ဧည့်သည်ဆိုတာ ခဏတာနေရုံပဲ။ အချိန်တန်ရင် ပြန်သွားရမယ်လေ။ အဲဒါကြောင့် ကိုယ်က ဧည့်သည်မဖြစ်ချင်ဘူး “
“ ဟုတ်လား.. အင်းလေ ဒီအိမ်ကလည်း အရင်ကတည်းက ခင်ဗျားရဲ့အိမ်ပဲကို။ ထားပါလေ... ခင်ဗျားက အိမ်ရှင်ဆိုတော့လည်း ကျွန်တော်ကပဲ ဧည့်သည်လုပ်ပေးမယ်။ ကျွန်တော်က ထွက်သွားရမယ့် လူလေ... “
“ ကိုယ်က ထွက်သွားခွင့် မပေးဘူးဆိုရင်ရော... “
“ သေခြင်းတရားက လူတိုင်းငြင်းဆန်လို့မရတာ ခင်ဗျားသိပါတယ် “
“ မြတ် သူ ... “
နာမည်အားတစ်လုံးချင်းစီ ကွဲပြားစွာအော်လိုက်သော သူ၏အသံ...။ ထို့နောက် ကျကွဲသွားသည့် ဧည့်ခန်းစားပွဲခုံပေါ်မှ ပန်းအိုးငယ်..။
“ ခင်ဗျားနှယ်... ဒေါသကြီးလိုက်တာ။ အပြစ်မရှိတဲ့အရာကို ထပ်ပြီးပျက်စီးစေပြန်ပြီ “
“ ဟုတ်တယ်။ ကိုယ်ဒေါသကြီးတယ်။ ကောင်လေးကို လက်လွှတ်ရမယ့် ဖြစ်ရပ်တိုင်းအတွက် ကိုယ့်စိတ်တွေက ထိန်းချုပ်မရတဲ့အထိ လွတ်ခဲ့ဖူးတယ် “
“ အင်း .. ခင်ဗျားဒေါသကြီးတာကို ကျွန်တော်သိတယ်။ ဒေါသကြီးရုံတင်မဟုတ်ဘူး။ စဉ်းစားဉာဏ်တွေမဲ့ခဲ့တာရော အချစ်အတွက် သတ္တိမရှိခဲ့တာကိုရော ကျွန်တော်သိတယ် “
ထိုစကား၏အဆုံး၌ သူ၏ပါးပြင်ထက်တွက် စီးဆင်းလာသော မျက်ရည်တချို့...။ ကြည်နေခြင်းတော့မရှိ.. နီရဲလို့နေသည့် သွေးမျက်ရည်သာ..။
“ အတိတ်တွေကို သွားပြန်ပြီလား...။ အတိတ်ကအမှားတွေက ပူလောင်တယ်မဟုတ်လား..။ ဆက်မမှားပါနဲ့တော့လား “
“ အခုက ဘာမှားနေလို့လဲ ကောင်လေး “
“ ဒီဘဝနဲ့စောင့်နေတာကိုက အမှားတစ်ခုလေ.. လူတိုင်းက အချိန်တန်ရင်ခွဲရမှာပဲလေ.. အဲဒီလောက်ကြီးအစွဲအလမ်းမထားပါနဲ့လား “
“ မင်းတရားတွေက မထိရောက်ဘူးကောင်လေး.. “
“ ထိရောက်တဲ့နည်းလမ်းတွေနဲ့ ကျွန်တော်ကြိုးစားတဲ့အခါ.. အပြစ်မမြင်နဲ့နော်။ ခင်ဗျားကောင်းဖို့အတွက်ပါ “
“ ဟူး... မင်းလည်း သိပ်ပြောရခက်တယ်။ ဒီနေရာမှာ မင်းမဟုတ်တဲ့ တခြားလူဆိုရင် သေနေလောက်ပြီ။ မင်းနဲ့ကိုယ်နဲ့စကားဝိုင်းကို ဒီမှာရပ်မယ် “
ကောင်လေး၏စကားတို့ကို ဆက်၍မကြားလို။ သူ၏စကားတို့သည် မိမိအား သူ၏အနားမှထွက်သွားစေလိုခြင်းဆီသို့ ဦးတည်နေသည်။ ထို့ကြောင့်သာ စကားဆက်မပြောခဲ့။ သို့သော်လည်း သူအရှေ့မှ မပျောက်ကွယ်ရက်..။
သူနေမကောင်းဘူး။ တစ်ယောက်တည်းနေနေတဲ့ကောင်လေး.. အထီးကျန်နေမှာပေါ့..။
ထိုကြောင့် ဧည့်ခန်း၏ထောင့်တစ်နေရာတွင်သာနေ၍ သူ့အားစောင့်ကြည့်နေခဲ့သည်။
မြတ်သူ၏မိဘများသည်လည်း မင်းသူအား လားရှိုးလေဆိပ်တွင် သွားကြိုရသည်မို့ လမ်းခရီးတွင် အတော်ကြာမြင့်ခဲ့သည်။ လေဆိပ်တွင် မင်းသူ၏ချစ်သူ နန်းခင်ယွန်း၏မိဘများသည်လည်း စောင့်နေခဲ့ကြသည်။ မြန်မာနိုင်ငံသို့ပြန်ရောက်သော သားနှင့် သမီးတို့ကိုသွားကြိုရင်း ဆွေမျိုးတော်ရမည့် မိသားစုနှစ်ခုလည်း စကားပြောနေခဲ့သည်။
Advertisement
ထိုစကားဝိုင်းတွင် သိခဲ့ရသည့် နန်းခင်ယွန်း၏ဖခင်အကြောင်းသည် မြတ်သူအတွက် တစ်စုံတစ်ရာသောမျှော်လင့်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ နန်းခင်ယွန်း၏ဖခင်သည် အထက်လမ်းဆရာတစ်ဦးဖြစ်နေခြင်းပင်။ နာမည်မှာ စိုင်းသီဟဇော်ဖြစ်သည်။
ထိုသူအား သားငယ်၏အဖြစ်စဉ်တို့ကိုပြောပြ၍ အကူအညီတောင်းသောအခါ သူသည်လည်းလက်ခံခဲ့သည်။ ယခုချက်ချင်းပင် အိမ်သို့ လိုက်ကြည့်ရန်မှာ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော သူသည်ဗုဒ္ဓဘာသာကိုးကွယ်သော အထက်လမ်းဆရာဖြစ်သည်။ မြတ်သူ၏မိဘများသည်က ခရစ်ယာန်ဘာသာ၀င်ဖြစ်ကြသည်။ အယူသီးသူများမဟုတ်သော်လည်း ဘာသာဆိုင်ရာအယူအဆများသည်က ကွဲလွဲနေသေးသည်။ ထို့ကြောင့်သာ နန်းခင်ယွန်း၏အိမ်ကိုလာရန် ဖိတ်ခေါ်ခဲ့သည်။
အိမ်သို့ပြန်ရောက်သောအခါ တွေ့လိုက်ရသည့် မြင်ကွင်းသည် စိတ်မသက်သာဖွယ်...။ မြတ်သူသည်က ထိုင်ခုံထက်တွင် လှဲနေသည်။ အလှပန်းအိုးလေးသည်က အစိတ်စိတ်အမြွှာမြွှာ။
အားမရှိသော ညီညီ၏မျက်နှာသည်က ဖြူဖပ်ဖြူရော်နှင့်..။ ယခင်က ပြည့်ဖောင်းနေသည့် ခန္ဓာကိုယ်လေးမှာလည်း အလွန်ပိန်သွားသည်။ မိုက်လွန်းသည့်ညီညီကို ဆူချင်သော်လည်း သွေးမရှိသယောင် ဖြူဖွေးနေသည့် သူ၏မျက်နှာလေးကြောင့် မဆူရက်ခဲ့။ မိမိတို့ရောက်နေကြောင်းကို သူသိပုံမရ..။ ခေါ်မှသာ မျက်လုံးလေး ပွင့်လာသည်။ ထ၍ထိုင်ဖို့ကိုပင် အားယူနေရသေးသည့် ညီညီကိုကြည့်ကာ ဝမ်းနည်းမှုတို့က အစိုးမရခဲ့..။
“ ညီညီ “
“ ကိုကိုတောင် ရောက်နေပြီလား “
မိမိအားထိုသို့ပြောပြီးနောက် သူ၏အကြည့်တို့သည် မိမိတို့ထံတွင်မဟုတ်...။ အခန်းထောင့်တစ်နေရာဆီသို့သာ...။
“ သက်သာရဲ့လား သားငယ် “
“ သားသက်သာပါတယ်မေမေ “
ပြန်ဖြေသောအသံတို့မှာ အားမပါခဲ့..။
“ ဘာလို့ အဲဒီလောင်တောင်ရူးတာလဲညီညီ။ အခု ညီညီပုံကို ပြန်ကြည့်ပါဦးကွာ “
“ ဟုတ်ပါတယ်.. ညီညီမှားခဲ့တယ်။ မမြင်ရတဲ့ အချစ်ကြီးကြောင့်ပေါ့ “
“ ဒီလောက်ထိမှားခဲ့တာတောင် အချစ်ဆိုတာကြီးကို ထည့်ပြောနေတုံးလား။ ပုံမှန်မဟုတ်တဲ့ ချစ်ခြင်းကြီးကို မင်းမို့လို့ ယုံတယ် ညီညီရယ်... “
ကိုကို၏စကားတို့သည် မိမိအားကရုဏာဒေါသဖြင့် ဆူနေကြောင်းသိပါသည်။ သို့သော် မိမိအားထိပါးလာလျှင် နည်းနည်းမျှသည်းခံခြင်းမရှိသည့် အခန်းထောင့်မှချစ်ရသူကြီးက ကိုကိုအားတစ်ခုခုပြုလုပ်လိုက်မည်ကိုလည်း စိုးရိမ်ရသည်။ ထို့ကြောင့် သူရှိကြောင်း ကိုကို့ကို သတိပေးလျှင် ပို၍အဆင်ပြေမည်..။
“ တွေ့လား။ ခင်းဗျားကြောင့် ကျွန်တော်အဆူခံနေရပြီ “
အခန်းထောင့်ကိုကြည့်ကာ ခံစားချက်တို့ပျောက်ဆုံးနေသော မျက်နှာနှင့် ညီညီပြောလိုက်သည့်စကား...။ ထိုစကားနှင့်အတူ မိမိ၏ကျောပြင်သည် စိမ့်ခနဲဖြစ်သွားပြီး ကြက်သီးများပင် ထလာသည်။
“ ဘာလဲ အဲဒီမကောင်းဆိုးဝါးရှိနေတာလား “
“ အင်း.. “
“ ငါ့မိသားစုကိုဒုက္ခပေးတဲ့ အဲဒီမကောင်းဆိုးဝါးကို ကြာကြာထားလို့မဖြစ်ဘူးပဲ.. “
ကိုကို၏ဒေါသသံနှင့်အတူ အိမ်ရှိမီးချောင်းများသည် အလင်းရောင်ပျောက်ရှကုန်သည်။ ထို့နောက် ကိုကိုအပေါ်သို့ကျလာသည့် မီးချောင်း...။ ထိုမီးချောင်း ကျလာသည်ကိုမြင်လိုက်သည့် ကျွန်တော်က ကိုကို့အား ကျွန်တော့်ခန္ဓာကိုယ်နှင့်ကာပေးခဲ့သည်။ ထို့နောက် လောကြီးသည် ခေတ္တအမှောင် ဖုံးသွားခဲ့သည်။
ချစ်ရသူတွေကို အထိအခိုက်မခံတော့ဘူးလေ။ ကျွန်တော်ပဲ နာကျင်လိုက်မယ်..။
ဤဖြစ်ရပ်ကြောင့် မိသားစု၀င်တို့သည်လည်း ထိတ်လန့်ကုန်ကြသည်။ မေ့လဲသွားသည့် မြတ်သူအတွက် အလွန်တရာစိုးရိမ်မိသည်။ ဤအတိုင်းသာ ဆက်ထားနေ၍မဖြစ်သည်ကိုသိ၍ နန်းခင်ယွန်း၏ အိမ်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
နန်းခင်ယွန်း၏အိမ်သို့ရောက်သည်အထိ မြတ်သူသတိမလည်သေးပေ။ မြတ်သူ၏ကိုယ်လေးအား မင်းသူက ပွေ့ချီလျက် ဘုရားခန်းထဲသို့သွားခဲ့သည်။
မေမေနှင့် ဘွားဘွားတို့ကို ဘုရားခန်းထဲသို့မခေါ်လို။ ညီညီ၏အဖြစ်ကိုကြည့်ရင်းပင် ပို၍စိတ်ထိခိုက်လိမ့်မည်။ ထို့ကြောင့်သာ ခင်လေး၏မေမေကိုခွင့်တောင်း၍ ဧည့်ခန်းထဲတွင်သာ ထိုင်စေခဲ့သည်။ ခင်လေး၏မေမေမှာလည်း ဘွားဘွားနှင့်မေမေတို့ကို အဖော်ပြုရင်း နေပေးခဲ့သည်။
ဘုရားခန်းထဲသို့ရောက်သောအခါ ဦးစိုင်းသီဟဇော်သည် သမီးဖြစ်သူအား ခေါ်ကာ သူ၏အရှေ့တွင်ထိုင်ခိုင်းစေသည်။
“ ကဲ.. သမီးရေ.. ခုနှစ်ရက်သားသမီးတွေကိုကယ်ဖို့ ငါ့သမီးလေး ခရီးကရောက်ရောက်ချင်း အပင်ပန်းခံလိုက်ဦးကွယ်.. “
“ ဟုတ်ကဲ့ဖေဖေ.. “
“ ကဲ.. ဒီကြာသပတေးသား မောင်မြတ်သူကို နှောင့်ယှက်နေ အမှောက်ပယောဂ အခုချက်ချင်းငါ့အရှေ့လာခဲ့စမ်းဟဲ့။ အိမ်စောင့်နတ် ခြံစောင့်နတ်တွေက အဲဒီအကောင်ကို တားဆီးပိတ်ပင်ခြင်းမပြုနဲ့။ ငါ့ရှေ့ကို အရောက်လာပစေ.. “
ထိုစကားဆုံးပြီးနောက် နန်းခင်ယွန်း၏ခေါင်းသည် ငိုက်ကျသွားသည်။ ခန္ဓာကိုယ်လည်း တဆတ်ဆတ်တုန်လာသည်။ မျက်နှာသည်လည်း ခက်ထန်မာကျောနေသည်။ ဦးစိုင်းသီဟဇော်အား မော့ကြည့်လာသောအကြည့်များသည် မကောင်းဆိုးဝါးသဖွယ် အလွန်ကြောက်စရာကောင်းလှသည်။
“ မင်းရောက်ပြီပေါ့..။ မင်းဘယ်သူလဲ.. ဘယ်ကလဲ.. မင်းကို ဘယ်သူခိုင်းတာလဲ။ ဘာကိစ္စ ဒီကလေးကို နှောင့်ယှက်ရတာလဲ “
ဦးစိုင်းထွဋ်ခေါင်၏အမေးကို ပြန်မဖြေခဲ့။ မျက်ထောင့်နီနှင့်သာ စိုက်ကြည့်နေသည်။
“ ဘာလဲ မင်းပါးစပ်ထဲမှာ အာစေးထည့်ထားလို့ မပြောနိုင်တာလား။ အားစေးမိနေရင် မင်းရဲ့နှုတ်ကို ငါဖွင့်ပေးမယ် “
အသံဖြင့် ပြန်မဖြေ။ ခေါင်းသာခါပြသည်..။ ပြီးနောက် အသံနက်ကြီးဖြင့် အော်ရယ်သည်။
“ ရယ်တောင်ရယ်နိုင်တယ်ဆိုတော့ မင်းကအားစေးမိတာမဟုတ်ဘူးပေါ့။ မင်းကငါအေးအေးဆေးဆေး မေးနေတာကို မဖြေဘူးပေါ့လေ..။ ကဲ.. ဟုတ်ပြီ မင်းအပြစ်နဲ့မင်းခံစေရမယ်။ မင်းလိုကောင်တွေက မေတ္တာရှေ့ထားလို့ မတန်ဘူးပဲ “
ထိုစကားကိုကြားသော်လည်း ဂရုမစိုက်သည့်အပြင် အသံနက်ကြီးဖြင့် အော်ရယ်နေဆဲပင်။ ပါးစပ်မှလည်း တံထွေးကို ပစ်ခနဲထွေးလိုက်ကာ မထီမဲ့မြင်ပြုသည်။
“ တယ်.. ရိုင်လိုက်တဲ့သတ္တဝါပါလား။ ငါ့အမိန့်ကို လွန်ဆန်နေတဲ့သူ့ကို နဂါးကြီးနှစ်ကောင်က လာရောက်ရစ်ပတ်ချုပ်နှောင်ထားစမ်း.. မလွှတ်နဲ့.. လုံးဝမလွှတ်နဲ့.. အဲဒီအကောင်ရဲ့ ဦးခေါင်းကို အသင်နဂါးတို့ရဲ့ မီးနဲ့ မှုတ်စမ်းဟဲ့။ ပါးစပ်ကိုဖြဲပြီး သံရည်ပူတို့ လောင်းထည့်စမ်း။ အဲဒီအကောင်ရဲ့လက်တွေကို ကြိုးပိုင်က နှောက်ပြန်တုပ်ထားစမ်း “
Advertisement
စိုင်းထွဋ်ခေါင်ဝင်ပူးနေသည့် နန်းခင်ယွန်း၏ခန္ဓာကိုယ်သည် ကြိုးများဖြင့် တင်းကျပ်စွာ ချုပ်နှောင်ထားသကဲ့သို့ တောင့်တင်းလာပြီးချွေးစီးများထွက်လာကာ အော်ဟစ်နေသည်။
“ ယခု ထိရောက်နေသော အစွမ်းသည် တနင်္လာသမီးနန်းခင်ယွန်းကို မထိခိုက်ရဘူး။ ငါ့ကိုအာခံနေတဲ့ဒီအကောင်ကိုသာ သက်ရောက်စေရမယ်။ တနင်္လာသမီးကို ဘာနာကျင်မှုမှ မဖြစ်ရဘူး..။ “
နန်းခင်ယွန်း၏အော်ဟစ်သံ.. ဦးစိုင်းသီဟဇော်တို့၏အမိန့်ပေးသံတို့နောက် သတိလည်လာသည့် မြတ်သူသည် စိုင်းထွဋ်ခေါင်ဝင်ပူးနေသော နန်းခင်ယွန်၏ အဖြစ်အပျက်ကိုကြည့်ကာ မျက်ရည်တို့ စီးကျလာသည်။
“ ငါဆရာကို မလွန်ဆန်နဲ့ကွ။ ငါ့ကိုအလေးမခန့်လုပ်ရင် အခုခံရတဲ့ဒဏ်တွေထက် ပိုဆိုးသွားမယ်။ ပြောစမ်း မင်းနာမည် ဘယ်သူလဲ။ ဘယ်ကလဲ။ မင်းကိုဘယ်သူခိုင်းတာလဲ “
“ စိုင်း... ထွဋ်ခေါင်..။ ငါက ဟိုး.. အရင်ကတည်းက အဲဒီအိမ်မှာနေတာ။ ငါ့ကို ဘယ်သူမှမခိုင်းဘူး.. “
“ ဘယ်သူမှမခိုင်းပဲ.. မင်းကဘာလို့ ဒီကလေးကိုနှောင့်ယှက်လဲ “
“ ငါ့ဘာသာငါ နေချင်လို့နေနေတာ “
“ နေချင်တိုင်း နေလို့ရမလားကွ။ မင်းက မကောင်းဆိုးဝါး။ သူကလူကွ “
“ အဲဒါ ငါတို့ကိစ္စ မင်းနဲ့မဆိုင်ဘူး “
မျက်ထောင့်နီနှင့်ကြည့်ကာ အော်၍ပြောလိုက်သော သူ၏စကားကြောင့် ဦးစိုင်းသီဟဇော်သည် ဘုရားစင်ပေါ်မှ ကြေးချောင်းကိုယူကာ သူ၏ဦးခေါင်းကိုထောက်ထားလိုက်သည်။
“ ငါ့ကိုအာမခံနဲ့။ ငါ့ကိုအာခံရင် မင်းဦးခေါင်း ရှစ်စိတ်ကွဲသွားမယ်။ မင်းရဲ့ အသုံးနှုန်းတွေ ပြန်ပြင်လိုက်စမ်း။ ငါကဆရာ မင်းကမကောင်းဆိုးဝါးကွ “
“ အား.... ပူတယ်.. ပူတယ်.. အား..... “
ထိုအဖြစ်အပျက်တို့ကိုကြည့်ကာ မြတ်သူသည်လည်း အသက်ကိုပင် မနည်းရှူနေရသည်။
သူ၏အော်သံတို့သည် ကျွန်တော့်၏နှလုံးသားတို့ကို ဓားဖြင့်မွှန်းသည့်အလား နာကျင်ရပါသည်။
“ မင်းမြင်လား ဟိုမှာကြည့်စမ်း။ မင်းကြောင့် အပြစ်မရှိတဲ့ကလေးက အခုလို ထိခိုက်နေတာ မင်းမြင်လား။ မင်းက သူ့ကိုထိခိုက်စေချင်တာလား “
ချုပ်နှောင်ထားသည် နဂါးတို့ကြောင့် လှုပ်၍မရ။ ပူလောင်လှသည်။ ထိုမျှသာမက ကောင်လေး၏ ငိုကြွေးမှုတို့ကြောင့်လည်း ပို၍ပူလောင်ရပါသည်။
“ အင်း... မြင်တယ် ။ မထိခိုက်စေချင်ပါဘူး.. “
ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ မျက်ရည်တို့ဖြင့်ဖြေလာသည့် သူ..။
သူ နာကျင်နေမှာပေါ့.. ။
“ အေး အဲဒါဆိုရင် ငါမေးတာကို မင်းအေးအေးဆေးဆေးဖြေ။ မင်းကဘာလို့ သူ့ဘေးနားမှာ တွယ်ကပ်နေတာလဲ “
“ မေတ္တာရှိလို့.. သူနဲ့ကျွန်တော်က အရင်ဘ၀တုန်းက မေတ္တာမျှခဲ့ကြတယ်။ ကျွန်တော့်လက်နဲ့ သူ့ကိုသတ်ခဲ့မိတယ်။ အဲဒီအပြစ်တွေအတွက်... သူ့ကိုတောင်းပန်ချင်လို့.. စောင့်ရှောက်ချင်လို့ “
“ အေး အဲဒါက အရင်ဘ၀ကကိစ္စ။ အခုဘဝနဲ့ ဘာမှမဆိုင်တော့ဘူး။ အခုမင်းဒီလိုတွယ်ကပ်နေလို့ သူကောင်းကျိုးခံစားရလား “
အသံဖြင့် မဖြေ။ ခေါင်းသာ ခါပြပြန်သည်။
“ အဲဒါကို မင်းသိရဲ့နဲ့ ဘာလို့ တွယ်ကပ်နေတာတုံး “
“ နောက်ဘ၀ဆိုတာကြီးက.. မသေချာလို့.. သူ့ကို.. သူ့ကို တွေ့ချင်သေးလို့ တွယ်ကပ်မိတာပါ “
ထိုစကားဆုံးပြီးနောက် အော်ဟစ်၍ ငိုကြွေးသည့် သူ..။ ရှိုက်ကြီးတငင်ငင်နှင့်။ မျက်ရည်တို့မှာလည်း မစဲခဲ့။
“ မင်းသူ့ကို မထိခိုက်စေချင်ရင် အခုမင်းဒီဘ၀က ကျွတ်လွတ်အောင် အရင်လုပ်.. ပြီးရင် မင်းရဲ့အပြစ်တွေအတွက် မှန်မှန်ကန်ကန် ပြန်ပေးဆပ်ပါ “
“ ကျွန်တော်သူ့ကိုစကားပြောချင်လို့ ပြောခွင့်ပေးပါလား “
တောင်းဆိုလိုက်သည့် မြတ်သူ၏စကားကို ဦးစိုင်းသီဟဇော်က လက်ခံပေးသည်။
“ အင်း ပြောပါ။ ဦးလေးကို အားမနာနဲ့ “
“ ဟုတ်ကဲ့.. “
မူးဝေနေသော ခေါင်းကြောင့် မတ်တတ်မရပ်နိုင်။ ထိုင်လျက်ပင် တရွေ့ရွေ့နှင့် သူ၏အနားသို့ချဉ်းကပ်သွားသည်။ အနားသို့ ရောက်သောအခါ သူ၏မျက်ရည်တို့ကို မိမိ၏လက်များဖြင့် ဖယ်ရှားပေးလိုက်သည်။
“ ကျွန်တော် ဆုတောင်းခဲ့တယ်..။ ကျွန်တော့်ဆုတောင်းတွေကပြည့်ခဲ့လို့ အခုတောင်ပြန်ဆုံရသေးတာပဲ။ နောက်ဘဝမှာလည်း ပြည့်ဦးမှာလို့ ကျွန်တော်ယုံကြည်တယ်လေ။ ခင်ဗျားလည်း ယုံကြည်ပေးပါနော်။ ဒီလိုဘဝကြီးနဲ့တော့ ဆက်မနေပါနဲ့ဗျာ..။ ကျွန်တော်လည်း နာကျင်ရလို့ပါ “
စိုင်းထွဋ်ခေါင်သည် မြတ်သူ၏ပခုံးထက်တွင် မျက်နှာအပ်ကာ ငိုကြွေးနေသည်။ မြတ်သူသည်လည်း စူးနင့်သောရင်ဘတ်ကို ဆုပ်ကိုင်ကာ ငိုကြွေးနေမိသည်။ နှစ်ဦးသားလုံး၏ ငိုရှိုက်သံသည် အခန်းငယ်အတွင်း၌ လွှမ်းမိုးလို့နေသည်။
“ ကောင်လေးကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူးကောင်လေးရယ်..။ တကယ်တောင်းပန်ပါတယ် “
“ ကျွန်တော်တို့နှစ်ယောက်လုံး မှားခဲ့ကြတာပဲ..။ အမှားတွေကို ပြင်ဆင်ရအောင်နော်။ ခင်ဗျားဒီဘ၀က ကျွတ်လွတ်ဖို့ ကျွန်တော်ကူညီပေးမယ်လေ။ လက်ခံပေးပါနော် “
“ ကိုယ်.. ကိုယ်လက်ခံပါမယ်.. “
“ အခုလိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် “
အကြင်သူနှစ်ဦး၏ ဆွေးနွေးမှုပြီးသည့်နောက် ဦးစိုင်းသီဟဇော်သည် စိုင်းထွဋ်ခေါင်အားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ရန် တိုင်ပင်ခဲ့သည်။
“ မင်းအမှားကိုမင်းသိပြီဆိုတော့ အခုမင်းဘုရားကန်တော့။ ကြိုးပိုင်တွေက သူ့ရဲ့လက်ကို မချုပ်ထားနဲ့.. လွှတ်ပေးလိုက်ပါ။ ငါတို့ကမင်းအတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးမယ်။ မင်းက သာဓုအနုမောဒနာ ပြန်ခေါ်ပေး “
“ ဟုတ်ကဲ့..”
“ မင်းဒီည ဒီကောင်လေးနဲ့ သူရဲ့မိသားစုကို မနှောင့်ယှက်နဲ့။ မနက်ဖြန်ကို မင်းအတွက် ကောင်းမှုကုသိုလ်လုပ်ပေးမယ်။ ဟုတ်ပြီလား။ ငါပြုသမျှ ကောင်းမှုကုသိုလ်တွေနဲ့ မင်းကိုအမျှအတမ်းပေးဝေမယ် “
ဘုရားရှိခိုးပြီးနောက် နန်းခင်ယွန်း၏ခန္ဓာကိုယ်မှ ထွက်သွားသည် စိုင်းထွဋ်ခေါင်..။ မြတ်သူသည်လည်း တင်းထားသမျှအားတို့ လျှော့ချလိုက်သည်။
“ မနက်ဖြန်ကို သူ့အတွက်ရည်စူးပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ရမယ်။ ကောင်လေးတို့မိဘတွေက ခရစ်ယာန်ဘာသာ၀င်တွေဆိုတော့ အဆင်ပြေမှာမဟုတ်ဘူး။ ဦးလေးတို့ပဲ လုပ်ပေးပါ့မယ်။ ဒါပေမဲ့ မြတ်သူကတော့ ဘုန်းကြီးကျောင်းကို လိုက်မှရမယ် “
“ ဟုတ်ကဲ့.. ကျွန်တော်လိုက်ခဲ့ပါမယ်”
နောက်ဆုံးတော့ ခင်ဗျားလွတ်မြောက်တော့မယ်နော်။ ကျွန်တော်လည်း.. ထွက်သွားရတော့မယ်ထင်ပါရဲ့.. အသက်ရှူလို့တောင် မဝဘူးရယ်...။
Advertisement
- In Serial189 Chapters
My Villainous Wife
She was dubbed as the evil witch in the female lead and the male lead's love story.
8 2301 - In Serial200 Chapters
she became glamous after the engagement annulment Part 1
She Becomes Pretty And Cool After The Engagement AnnulmentThe fat and ugly Nora Smith is the laughingstock of the town when her fiancé breaks off their engagement.He says, "The sight of your gigantic face and thunder thighs disgusts me! Don't ever pester me again!""What an idiot." Nora scoffs and turns around, her lips curling up into a smile.Later, when Nora successfully slims down, she returns as an astounding beauty.Her ex-fiancé comes to her bearing flowers and begs, "I was wrong, Nora. I'm willing to do anything as long as you come back to me." Nora rests her chin in her hands and smiles as she replies, "Real men don't dwell on the past." Angered, he says, "You're just a dimwit saddled with baggage that I dumped, Nora. No one will want you except me!"But following that...A young and popular singer tweets: "Nora Smith is my goddess!"An internationally renowned surgeon asks, "Are you free tonight, Nora?"Even the rich and influential hotshot whom everyone is scared of comes forward and says, "I can take care of my wife and children myself, thank you very much."*****************************************Not my story just wanted to share it to you guys*****************************************
8 455 - In Serial46 Chapters
Beauty and the Beast
Charlotte has kept her wolf a secret her entire life. She knows she is the first born heir to an Alpha, but her mother refuses to tell her who her father is. After seeking refuge in a small pack, her world is suddenly shaken when she is chosen by the beast. The man that everyone fears. The man that claims her as his mate and the man that will change her life as she knows it.
8 150 - In Serial27 Chapters
Finding Love (King series #1)
I sniffed the room and the most intoxicating smell hit my senses with full force, never had I smelled something this addicting, not even the most delicious food can top this scent, it was so addicting, it smelt of newly cut grass mixed with the smell of the woods, it was pure bliss.I moved towards the bed to see whose scent it belongs, I looked at him and my jaw almost dropped to the floor, he was gorgeous, beautiful, perfect, no words could describe this beauty in front of me, he had soft brown hair that makes my fingers twitch, aching for me to touch and run them through his hair, he had a perfect yet sharp jawline that can cut through anything. He looked so peaceful yet handsome at the same time as he slept.I smiled at him before that smile faded and turned into a frown, a hand was wrapped around his neck that makes me feel so stupid for not noticing it earlier, I almost whimpered at the sight before I put my hand on my mouth to stop me and my wolf from howling in pain and dejection, I felt like crying, I felt like I was falling from the tallest building, I felt like my heart was torn out from my chest and no matter what I do, I cannot do anything so stop the pain♔️This is the first book of King Series♔️
8 212 - In Serial14 Chapters
Regency Romance: The Earl's Obsession (Historical Romance) (COMPLETED)
(COMPLETED)It's 1817 and there is nothing more a woman wants than to marry a rich man and live a life of comfort. But not Nancy Brooks. Having spent half her life helping her mother run her laundry shop and the other half in the local library, Nancy knows what she wants, and it is not a life spent looking for the perfect suitor. Things take a turn when she delivers clothes to one of the schools she always dreamed of attending and ends up saving the day. Lord Andrew Montgomery rules almost every place he sets foot in-one of the perks of being the son of the most powerful duke of the time-and this includes Oxford. Violent and aggressive, he vows to make the life of every student who dares defy him miserable. However, when he targets the new (and first) girl at Oxford, his obsession becomes a little more than just making her life miserable. It began, he would later speculate, with a shout: the simple sound of someone shouting at him-for the first time in his life. It began, she would later speculate, with a catch: the simple movement of strong arms, breaking her fall, catching her midway. But after that, there would come many more events, and ones not too keen on bringing them together. What will they do when a powerful duchess steps in, when it seems every person is working to keep them apart? This is a story of betrayal and love, because they are not so different after all...
8 113 - In Serial9 Chapters
The Rise Of The Dawn(Completed)
This is about 3 weird girl getting reborn into the world of naruto, but in the warring state. Lets just hope that everyone can keep there sanity in the end."Wait what do you mean another weird girl got reborn into the world of naruto.....oh kami"Highest rank:#8 hagoromoAdditional tags:Hashirama/madaratobirama/IzunaTajima/ Butsuma are amazing parentsblack zetsu is a piece of shitUchiha elders are amazingSenju elders needs a chill pillBoys can wear female clothesGirl can wear male clothesMadara a cat so is Tobirama to be feared (especially the head clans)Madara and tobirama are a perfect example of a wife so is mitoEveryone wants to marry an uchiha, and tobiramaNever mess with madara, tobirama, and mitoThere modern things in this story
8 159

