《Amiss Prayer (Zawgyi&Unicode) [Completed]》Part-42(အသစ်တစ်ဖန်...)
Advertisement
For Unicode
အသစ်တစ်ဖန်
ဆယ်နှစ်မျှကြာပြီးနောက်....
နှစ်ထောင်ခုနှစ် ရှစ်လပိုင်း ရှစ်ရက်နေ့...။
ရန်ကုန်မြို့ရှိ အမျိုးသမီးဗဟိုဆေးရုံကြီး၏ သားဖွားမီးယပ်ဌာန ကလေးမွေးရန် ညှစ်သည့်အခန်းထဲတွင် ချွေးများစိုရွှဲလျက် အံကိုကြိတ်ကာ ခုတင်ကိုကိုင်၍ ရှိသမျှအားအင်တို့ ကလေးငယ်အား မွေးထုတ်ပေးနေသည့် မိခင်တစ်ဦး...။ မိုးခြိမ်းသံများမှာလည်း မြည်ဟိန်းလျက်.. လျှပ်အရောင်တို့မှလည်း ကောင်းကင်တစ်ခွင်လုံးကိုကြီးစိုးလျက်ရှိနေသည်။
ရာသီဥတု၏ ကြောက်စဖွယ်မြင်ကွင်းနှင့် အသံတို့ကို ထိုအမျိုးသမီးနှင့် သူ၏အမျိုးသားတို့ မကြားနိုင်.. မသိနိုင်။ ထိုအမျိုးသမီး၏ မိခင်ဖြစ်သူမှာလည်း သမီးဖြစ်သူ၏ဘေးတွင်သာနေလျက် ဘုရားစာသာရွတ်နေမိသည်။ သမီးဖြစ်သူ၏ မျက်ရည်နှင့်ချွေးစတို့ကိုသာ သုတ်ပေး၍ အားတင်းထားရန် ပြောရုံမှအပ မည်သည့်အရာမျှမတတ်နိုင်ခဲ့..။
“ သမီးလေး အားတင်းထားနော်။ လျှာမကိုက်ရဘူးနော် သမီး "
မိခင်၏ စကားကိုနားထဲတွင်ကြားသော်လည်း ပြန်မဖြေနိုင်။ နာကျင်မှုသည်က ဆိုးဝါးလှပါသည်။ လျှာကိုမကိုက်မိရန် ထိန်းထားရသောကြောင့် အောက်နှုတ်ခမ်းတို့ကို ဖိကိုက်ထားမိသည်။ ခန္ဓာကိုယ်မှာလည်း တုန်ယင်လို့လာသည်။ အားပင်မရှိနိုင်တော့သည်အထိပင်...။ သို့သော် အပြစ်မရှိသောကလေးငယ်အတွက် လက်လျှော့ရန်မထိုက်တန်..။ ထို့ကြောင့်သာ မိမိအသက်သေခဲ့လျင်ပင် မိမိ၏ကလေးကိုတော့ လူ့လောကထဲ ဆွဲခေါ်ရမည်။
ဒေါ်သီတာဦးသည် ထိုသို့သာ ဆုံးဖြတ်ချက်ချကာ ကလေးအတွက်သာ ကြိုးစားနေခဲ့သည်။ ထို့နောက် ဆရာဝန်မှ ဒေါ်သီတာဦးအား ကြည့်ရှုခဲ့သည်။
“ ကလေးခေါင်းထွက်လာပြီ.. လာလာ မွေးခန်းထဲပို့မယ် "
မွေးခန်းထဲသို့ သယ်ဆောင်သွားပြီးနောက် နာရီဝက်ခန့်ကြာသောအခါ... ဤလောကထဲသို့ ကလေးငယ်တစ်ဦးရောက်လာသည်..။
“ ဒေါ်သီတာဦးရဲ့မိသားစုဝင်ရှိပါသလား.. "
“ ဟုတ်.. ဟုတ်.. ရှိပါတယ်ရှင့် "
“ ရှိပါတယ်ဗျ.."
သိချင်စိတ်တို့ စိုးမိုးနေကာ ဆရာဝန်၏အမေးကို ဒေါ်သီတာဦး၏ခင်ပွန်းဖြစ်သူ ဦးနေမျိုးနှင့် မိခင်ဖြစ်သူဒေါ်မေဦးတို့မှ တစ်ပြိုင်နက်တည်းဖြေမိခဲ့သည်။
“ ဒေါ်သီတာဦးကလေးမွေးပြီးပါပြီ။ ယောက်ျားလေးပါ။ ကလေးရောမိခင်ရော ကျန်းမာပါတယ်ရှင်။ ခဏနေရင် မွေးခန်းထဲက ထွက်လာပါမယ်နော် "
ပျော်ရွှင်မှုတို့သည် အတိုင်းအထက်အလွန်...။ သားဦးယောက်ျားလေးအား မွေးဖွားနိုင်ခဲ့သည့် ချစ်ဇနီးအား ကျေးဇူးတင်၍မဆုံး...။ မွေးခန်းထဲမှ ထွက်လာသည့်ချစ်ဇနီးနှင့်သားငယ်ကိုကြည့်ကာ ပျော်ရွှင်မှုမျက်ရည်တို့သည်က ကျလုဆဲဆဲ...။
“ သီတာပင်ပန်းသွားပြီကွာ..။ သားဦးလေးကို အခုလို အောင်အောင်မြင်မြင်မွေးဖွားပေးလို့ ကျေးဇူးပါနော် "
အပြုံးလေးဖြင့် ပြန်လည်ဖြေဆိုလာသောချစ်ဇနီး၏ နှုတ်ခမ်းပါးတို့သည် တုန်ယင်လို့နေသည်။ အားကုန်ခဲ့ရသည်လေ...။
“ ကျေးဇူးတင်စရာလားရှင်ရယ်.. "
“ တင်ရတာပေါ့ကွာ.. အသက်နဲ့ရင်းပြီးမွေးခဲ့တာလေ..။ အခုဘယ်လိုနေသေးလဲ "
“ ချမ်းတယ်.. "
ထိုသို့သမီးဖြစ်သူ၏စကားကို မိခင်ဒေါ်မေဦးက ဝင်၍ဖြေသည်။
“ ချမ်းတာပေါ့သမီးရယ်။ အားကုန်ခဲ့တာကို.. "
“ ဟုတ်ကဲ့အမေ ..."
“ အခုက မွေးခန်းထဲကလည်း ထွက်လာပြီ.. ကလေးကလည်းကျန်းမာတယ်ဆိုတော့ ကျန်တာတွေမတွေးနဲ့တော့နော်။ မျက်လုံးလေးမှိတ်ထား။ မူးနေမယ် "
အမေ့စကား ကြားပြီးနောက်မျက်လုံးများကို မှိတ်လိုက်မိသည်။ မျက်လုံးမမှိတ်ခင် မြင်တွေ့ခဲ့ရသည့် အမေ၏ပုံစံသည် အကြားအမြင်ရ ရှေးဖြစ်ဟောဗေဒင်ဆရာမပီပီ လက်ထဲတွင် ဘုရားစာအုပ်၊ပုတီးနှင့်အဆောင်ယတြာတချို့ကို ကိုင်ဆောင်ထားသေးသည်။ မြင်ယောင်မိပါသည်။ မကြာမီတွင် အမေသည် ကလေးအားအမည်ပေးရန် တွက်ကိန်းများ၊နက္ခများနှင့် အလုပ်ရှုပ်တော့မည်။
ထိုနေ့တွင် ၎င်းတို့၏မိသားစုလေးသည် အခက်အခဲမှကျော်လွန်နိုင်ကာ ပျော်ရွှင်နေခဲ့သည်။
သုံးရက်ခန့်ကြာသောအခါ....
ဒေါ်မေဦးသည် ဆေးရုံတက်နေသာ သမီးဖြစ်သူထံသို့ ထမင်းချိုင့်လာပေးသည်။
“ သမီး နေရတာ အဆင်ပြေရဲ့လား "
“ ဟုတ်ပြေပါတယ် အမေ "
“ ကလေးရော အရမ်းငိုနေသေးလား "
“ အရမ်းတော့မငိုပါဘူးအမေ။ အမေ့မြေးက လူလိမ္မာလေးထင်ပါရဲ့ "
“ အေးအေး.. အဲဒီလူလိမ္မာလေးအတွက် ဒီကအဘွားက နာမည်တွက်ချက်လာတယ် "
“ ဘာတဲ့လဲအမေ "
“ နေသူရိန်ပါတဲ့ရှင်... "
“ နာမည်လေးက ကောင်းလိုက်တာ "
“ နာမည်ကောင်းရုံတင်မဟုတ်ဘူး အတိတ်ကောင်းနိမိတ်ကောင်းနဲ့ပေးထားတာတော် "
“ ဟုတ်ပါပြီအမေရယ် "
ထိုသို့ စကားပြောနေခိုက် ဒေါ်သီတာဦးနေသည့်အဆောင်သို့ သားအမိနှစ်ဦးရောက်လာသည်။ ထိုသားအမိမှကလေးငယ်သည် အသက်သုံးနှစ်မျှရှိနေပြီဖြစ်သည်။ ထိုသားအမိနှစ်ဦးသည်က ကလေးမွေးထားသည့် အသိမိတ်ဆွေတစ်ဦးထံသို့ လာရောက်ခြင်းဖြစ်သည်။
အဆောင်ထဲသို့ရောက်သောအခါ ထိုအမျိုးသမီးနှင့်သူ၏မိတ်ဆွေတို့ စကားပြောနေခိုက်.. ကလေးငယ်သည် အခန်းထဲတွင်ပင် ခုန်ကာဆော့နေသေးသည်။ ထို့နောက် ကလေးငယ်သည် ဒေါ်သီတာဦးရှိရာ ခုတင်အနားသို့ရောက်လာခဲ့သည်။ ဒေါ်သီတာဦးလက်ထဲမှ ကလေးငယ်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
အသားဖြူဖြူ ပါးဖောင်းဖောင်းလေး၊ လုံးလုံးလေးနှင့် ထိုကလေးငယ်သည် ဒေါ်သီတာဦး၏မျက်လုံးထဲတွင် ချစ်စဖွယ်အတိ..။
“ သားလေး.. သားလေးနာမည်က ဘယ်လိုခေါ်လဲဟင် "
ထိုသို့ဒေါ်သီတာဦး၏အမေးကိုလည်း ကလေးငယ်သည် ပြန်မဖြေ..။ ဒေါ်သီတာဦးလက်ထဲမှ ကလေးကိုသာ ကြည့်နေဆဲပင်..။
“ သားလေးက ညီညီလေးကို ချစ်လို့လားဟင် "
“ အွန်း.."
ပြတ်သားသော အဖြေတစ်ခုကို အလျင်အမြန်ဖြေလိုက်သည့် ထိုကလေးငယ်ကြောင့် ဒေါ်သီတာဦးသဘောကျရပြန်သည်။
ထို့နောက် ထိုကလေးငယ်သည် ဒေါ်သီတာဦးပွေ့ချီထားသော နေသူရိန်၏လက်လေးအား လက်ညှိုးလေးဖြင့် ထိတွေ့နေသည်။ ထိုကလေး၏လက်အား နေသူရိန်လေးမှ ဆုပ်ကိုင်ထားလိုက်သည်။
Advertisement
“ တူ... သားသားလက်ကို ကိုင်ထားရယ်.. ဟီး..ဟီး.."
မပီကလာ ပီကလာနှင့် ပြောလာသော ထိုစကားတွင် ပျော်ရွှင်မှုတို့ ပြည့်နက်နေသည်။ မလွှတ်တမ်းဆုပ်ကိုင်ထားသည့် နေသူရိန်ကြောင့်လည်း ဒေါ်သီတာဦးပိုသဘောကျရပြန်သည်။
“ ညီညီလေးကလည်း သားသားကိုချစ်လို့နေမှာပေါ့ "
“ ဟုတ်ရား.. "
“ ဟုတ်တာပေါ့ .."
“ ညီညီယေးရဲ့ နာမည်က ဘယ်ယိုခေါ်ယဲဟင် "
“ နေသူရိန်တဲ့.. သာသားနာမည်ကရော "
“ လ မင်း ကို ကို.."
စကားမပီသောကလေးငယ်သည် သူ၏နာမည်အား တစ်လုံးချင်းစီအသံထွက်၍ ပီသစေရန် သေသေချာချာရွတ်ပြနေသောကြောင့် ဒေါ်သီတာဦးနှင့်ဒေါ်မေဦးတို့က သဘောကျနေသည်။ ထိုသို့ ကလေးငယ်နှင့်ဒေါ်သီတာဦးတို့ အမေးအဖြေပြုနေခိုက် အနောက်မှလမင်းကိုကို၏မိခင်ရောက်လာသည်။
“ သား.. ဘယ်တွေလျှောက်ဆော့နေတာလဲ.. အန်တီတို့ကိုအားနာစရာကြီးကွယ် "
“ ရပါတယ်အစ်မရဲ့ ကလေးပဲကို "
“ ဟုတ်ကဲ့။ သားရေ ပြန်ရအောင် "
“ ဟာ... မပြန်ဝူး "
“ သားက ဘာလို့မပြန်ချင်တာလဲ "
“ ဒီမှာ ညီညီလေးက သားလက်ကို ကိုင်ထားရယ်။ သားသူ့ကို ကြည့်ချင်သေးရယ် "
“ သားကလည်း မဟုတ်တာကွယ်။ ညီညီလေး အိပ်ပါစေ.. မေမေတို့ပြန်ရအောင်နော် "
“ ဟင့်အင်း ဟင့်အင်း မပြန်ဝူး.. သား သူနဲ့နေမှာ "
“ သား ဂျီမကျနဲ့။ အခုပြန်မယ် "
“ မပြန်ပါဝူးဆို... ဟင့်.. ဟင့် "
ငြင်းဆန်ရုံတင်မဟုတ်... အငိုပါလိုက်လာသည်မို့ ဒေါ်သဇင် အခက်တွေ့ရပြန်သည်။ ကလေးသည် ငိုခဲပါသည်။ သို့သော် ငိုလျှင်လည်း တော်တော်နှင့်မပြီး..။
ငိုနေသော လမင်းကိုကိုအား ဒေါ်သီတာဦးကပါဝင်ချော့ရပြန်သည်။
“ သားသားကလည်း မေမေက ပြန်တော့မှာလေ။ မေမေစကားနားထောင်နော်သားလေး။ သား.. ညီညီလေးကိုချစ်ရင် နောက်နေ့လာတွေ့ပေါ့ "
“ တကယ်ရား.. "
“ တကယ်ပေါ့ "
“ အဲဒါဆို နောက်နေ့မှပြန်လာခဲ့မယ်...။ ညီညီလေး ကိုကိုပြန်တော့မယ်နော် "
ထိုစကားနှင့်အတူ နေသူရိန်၏နဖူးအား လမင်းကိုကိုက နမ်းခဲ့သည်။ နေသူရိန်လက်ထဲမှ လမင်းကိုကို၏လက်အား လွတ်သွားချိန်တွင် နေသူရိန်သည်လည်း ငိုခဲ့သည်။ နေသူရိန် ငိုနေသည်ကိုကြည့်ကာ လမင်းကိုကိုသည်လည်း ဆက်၍ငိုပြန်သည်။ ကလေးငယ်တို့အား မိခင်တို့လည်း ကိုယ်စီချော့နေရပြန်သည်။
ထင်ပါသည်။ နောက်နေ့များစွာတွင် လမင်းကိုကိုသည် ဤဆေးရုံသို့ မကြာခဏလာရန် ပူဆာတော့မည်...။
ထိုကလေးငယ်နှစ်ဦးအား ကြည့်နေစဉ် ဒေါ်မေဦး၏ အမြင်အာရုံထဲတွင် လှစ်ခနဲပေါ်လာသည့်မြင်ကွင်းတချို့..။ နေသူရိန်၏ဘေးတွင် ခန့်ညားသော အမျိုးသားတစ်ဦးကိုတွေ့ရသည်။ လမင်းကိုကို၏ဘေးတွင် ချစ်စဖွယ်ကောင်းသော အမျိုးသားတစ်ဦးကိုတွေ့မြင်နေရသည်။ ထိုသူနှစ်ဦးသားသည် ပြုံးနေသေးသည်။
“သံယောဇဉ်တွေနဲ့ပါလား...."
____________________________________
ထင်ထားသည့်အတိုင်းပင်.. လမင်းကိုကိုသည် ဆေးရုံသွားရန် အင်မတန်တက်ကြွနေသည်။ မိုးလင်း၍ အိပ်ရာနိုးစကပင် မိခင်ဖြစ်သူအား ဤသို့မေးပါသည်။
“ မေမေ ဆေးရုံမသွားဘူးလား "
“ ဘာလို့သွားရမှာတုံး သားရယ် "
“ ညီညီယေးကို တွေ့ချင်တယ်ယေ "
“ သားကလည်း တွေ့ချင်တိုင်း.. နေ့တိုင်းသွားလို့မှမရတာကို "
“ မနေ့ကပြောတော့ တွေ့လို့ရတယ်ဆို။ အခုတော့ မရဘူးပြောတယ်။ မေမေလိမ်တယ်..."
ငို၍ အိမ်အပေါ်ထပ်သို့ ပြေးတက်သွားသည့် သားတစ်ယောက်ကြောင့် စိတ်ညစ်ရပါသည်။ ထမင်းမစားကာ စိတ်ကလည်းကောက်ဦးမည်။ မိခင်ဖြစ်သူမို့ သားငယ်၏လုပ်ရိုးလုပ်စဉ်တို့ကို အလွတ်မှတ်မိနေပါသည်။
“ ဒီတိုင်းဆိုရင် မဖြစ်ပါဘူးလေ။ မနက်ဖြန် ဆေးရုံကမမြိုင်ဆီကို မုန့်ပို့ရင်း သွားဦးမှပါ.. "
ဤသို့ဖြင့် သားဖြစ်သူ၏အလိုကိုလိုက်ကာ မိတ်ဆွေ၏ရင်နှီးမှုပိုတိုးစေရန် ဆေးရုံသို့သွားခဲ့သည်။ ဆေးရုံသို့ရောက်သောအခါ မျှော်လင့်ထားသကဲ့သိုဖြစ်မလာ...။
သားငယ်တွေ့ချင်နေသော ကလေး၏မိသားစုမှာ ဆေးရုံဆင်းသွားခဲ့ပြီဖြစ်သည်။ ဒီသတင်းကြားကြားပြီးချင်း သားငယ်၏ အငိုပွဲသည် ထိန်းမနိုင်သိမ်းမနိုင်...။ မနည်းချော့ကာ အိမ်သို့ပြန်ခေါ်ခဲ့ရသည်။
တစ်ရက်မျှတွေ့ရုံနှင့် ဤမျှသံယောဇဉ်ကြီးနေရှာသည့် ကလေးငယ်နှစ်ဦးသည် ထူးဆန်းလှပါသည်...။
For Zawgyi
အသစ္တစ္ဖန္
ဆယ္ႏွစ္မွ်ၾကာၿပီးေနာက္....
ႏွစ္ေထာင္ခုႏွစ္ ရွစ္လပိုင္း ရွစ္ရက္ေန႔...။
ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသမီးဗဟိုေဆး႐ုံႀကီး၏ သားဖြားမီးယပ္ဌာန ကေလးေမြးရန္ ညႇစ္သည့္အခန္းထဲတြင္ ေခြၽးမ်ားစို႐ႊဲလ်က္ အံကိုႀကိတ္ကာ ခုတင္ကိုကိုင္၍ ရွိသမွ်အားအင္တို႔ ကေလးငယ္အား ေမြးထုတ္ေပးေနသည့္ မိခင္တစ္ဦး...။ မိုးၿခိမ္းသံမ်ားမွာလည္း ျမည္ဟိန္းလ်က္.. လွ်ပ္အေရာင္တို႔မွလည္း ေကာင္းကင္တစ္ခြင္လုံးကိုႀကီးစိုးလ်က္ရွိေနသည္။
ရာသီဥတု၏ ေၾကာက္စဖြယ္ျမင္ကြင္းႏွင့္ အသံတို႔ကို ထိုအမ်ိဳးသမီးႏွင့္ သူ၏အမ်ိဳးသားတို႔ မၾကားႏိုင္.. မသိႏိုင္။ ထိုအမ်ိဳးသမီး၏ မိခင္ျဖစ္သူမွာလည္း သမီးျဖစ္သူ၏ေဘးတြင္သာေနလ်က္ ဘုရားစာသာ႐ြတ္ေနမိသည္။ သမီးျဖစ္သူ၏ မ်က္ရည္ႏွင့္ေခြၽးစတို႔ကိုသာ သုတ္ေပး၍ အားတင္းထားရန္ ေျပာ႐ုံမွအပ မည္သည့္အရာမွ်မတတ္ႏိုင္ခဲ့..။
“ သမီးေလး အားတင္းထားေနာ္။ လွ်ာမကိုက္ရဘူးေနာ္ သမီး "
Advertisement
မိခင္၏ စကားကိုနားထဲတြင္ၾကားေသာ္လည္း ျပန္မေျဖႏိုင္။ နာက်င္မႈသည္က ဆိုးဝါးလွပါသည္။ လွ်ာကိုမကိုက္မိရန္ ထိန္းထားရေသာေၾကာင့္ ေအာက္ႏႈတ္ခမ္းတို႔ကို ဖိကိုက္ထားမိသည္။ ခႏၶာကိုယ္မွာလည္း တုန္ယင္လို႔လာသည္။ အားပင္မရွိႏိုင္ေတာ့သည္အထိပင္...။ သို႔ေသာ္ အျပစ္မရွိေသာကေလးငယ္အတြက္ လက္ေလွ်ာ့ရန္မထိုက္တန္..။ ထို႔ေၾကာင့္သာ မိမိအသက္ေသခဲ့လ်င္ပင္ မိမိ၏ကေလးကိုေတာ့ လူ႔ေလာကထဲ ဆြဲေခၚရမည္။
ေဒၚသီတာဦးသည္ ထိုသို႔သာ ဆုံးျဖတ္ခ်က္ခ်ကာ ကေလးအတြက္သာ ႀကိဳးစားေနခဲ့သည္။ ထို႔ေနာက္ ဆရာဝန္မွ ေဒၚသီတာဦးအား ၾကည့္ရႈခဲ့သည္။
“ ကေလးေခါင္းထြက္လာၿပီ.. လာလာ ေမြးခန္းထဲပို႔မယ္ "
ေမြးခန္းထဲသို႔ သယ္ေဆာင္သြားၿပီးေနာက္ နာရီဝက္ခန႔္ၾကာေသာအခါ... ဤေလာကထဲသို႔ ကေလးငယ္တစ္ဦးေရာက္လာသည္..။
“ ေဒၚသီတာဦးရဲ႕မိသားစုဝင္ရွိပါသလား.. "
“ ဟုတ္.. ဟုတ္.. ရွိပါတယ္ရွင့္ "
“ ရွိပါတယ္ဗ်.."
သိခ်င္စိတ္တို႔ စိုးမိုးေနကာ ဆရာဝန္၏အေမးကို ေဒၚသီတာဦး၏ခင္ပြန္းျဖစ္သူ ဦးေနမ်ိဳးႏွင့္ မိခင္ျဖစ္သူေဒၚေမဦးတို႔မွ တစ္ၿပိဳင္နက္တည္းေျဖမိခဲ့သည္။
“ ေဒၚသီတာဦးကေလးေမြးၿပီးပါၿပီ။ ေယာက္်ားေလးပါ။ ကေလးေရာမိခင္ေရာ က်န္းမာပါတယ္ရွင္။ ခဏေနရင္ ေမြးခန္းထဲက ထြက္လာပါမယ္ေနာ္ "
ေပ်ာ္႐ႊင္မႈတို႔သည္ အတိုင္းအထက္အလြန္...။ သားဦးေယာက္်ားေလးအား ေမြးဖြားႏိုင္ခဲ့သည့္ ခ်စ္ဇနီးအား ေက်းဇူးတင္၍မဆုံး...။ ေမြးခန္းထဲမွ ထြက္လာသည့္ခ်စ္ဇနီးႏွင့္သားငယ္ကိုၾကည့္ကာ ေပ်ာ္႐ႊင္မႈမ်က္ရည္တို႔သည္က က်လုဆဲဆဲ...။
“ သီတာပင္ပန္းသြားၿပီကြာ..။ သားဦးေလးကို အခုလို ေအာင္ေအာင္ျမင္ျမင္ေမြးဖြားေပးလို႔ ေက်းဇူးပါေနာ္ "
အၿပဳံးေလးျဖင့္ ျပန္လည္ေျဖဆိုလာေသာခ်စ္ဇနီး၏ ႏႈတ္ခမ္းပါးတို႔သည္ တုန္ယင္လို႔ေနသည္။ အားကုန္ခဲ့ရသည္ေလ...။
“ ေက်းဇူးတင္စရာလားရွင္ရယ္.. "
“ တင္ရတာေပါ့ကြာ.. အသက္နဲ႔ရင္းၿပီးေမြးခဲ့တာေလ..။ အခုဘယ္လိုေနေသးလဲ "
“ ခ်မ္းတယ္.. "
ထိုသို႔သမီးျဖစ္သူ၏စကားကို မိခင္ေဒၚေမဦးက ဝင္၍ေျဖသည္။
“ ခ်မ္းတာေပါ့သမီးရယ္။ အားကုန္ခဲ့တာကို.. "
“ ဟုတ္ကဲ့အေမ ..."
“ အခုက ေမြးခန္းထဲကလည္း ထြက္လာၿပီ.. ကေလးကလည္းက်န္းမာတယ္ဆိုေတာ့ က်န္တာေတြမေတြးနဲ႔ေတာ့ေနာ္။ မ်က္လုံးေလးမွိတ္ထား။ မူးေနမယ္ "
အေမ့စကား ၾကားၿပီးေနာက္မ်က္လုံးမ်ားကို မွိတ္လိုက္မိသည္။ မ်က္လုံးမမွိတ္ခင္ ျမင္ေတြ႕ခဲ့ရသည့္ အေမ၏ပုံစံသည္ အၾကားအျမင္ရ ေရွးျဖစ္ေဟာေဗဒင္ဆရာမပီပီ လက္ထဲတြင္ ဘုရားစာအုပ္၊ပုတီးႏွင့္အေဆာင္ယၾတာတခ်ိဳ႕ကို ကိုင္ေဆာင္ထားေသးသည္။ ျမင္ေယာင္မိပါသည္။ မၾကာမီတြင္ အေမသည္ ကေလးအားအမည္ေပးရန္ တြက္ကိန္းမ်ား၊နကၡမ်ားႏွင့္ အလုပ္ရႈပ္ေတာ့မည္။
ထိုေန႔တြင္ ၎တို႔၏မိသားစုေလးသည္ အခက္အခဲမွေက်ာ္လြန္ႏိုင္ကာ ေပ်ာ္႐ႊင္ေနခဲ့သည္။
သုံးရက္ခန႔္ၾကာေသာအခါ....
ေဒၚေမဦးသည္ ေဆး႐ုံတက္ေနသာ သမီးျဖစ္သူထံသို႔ ထမင္းခ်ိဳင့္လာေပးသည္။
“ သမီး ေနရတာ အဆင္ေျပရဲ႕လား "
“ ဟုတ္ေျပပါတယ္ အေမ "
“ ကေလးေရာ အရမ္းငိုေနေသးလား "
“ အရမ္းေတာ့မငိုပါဘူးအေမ။ အေမ့ေျမးက လူလိမၼာေလးထင္ပါရဲ႕ "
“ ေအးေအး.. အဲဒီလူလိမၼာေလးအတြက္ ဒီကအဘြားက နာမည္တြက္ခ်က္လာတယ္ "
“ ဘာတဲ့လဲအေမ "
“ ေနသူရိန္ပါတဲ့ရွင္... "
“ နာမည္ေလးက ေကာင္းလိုက္တာ "
“ နာမည္ေကာင္း႐ုံတင္မဟုတ္ဘူး အတိတ္ေကာင္းနိမိတ္ေကာင္းနဲ႔ေပးထားတာေတာ္ "
“ ဟုတ္ပါၿပီအေမရယ္ "
ထိုသို႔ စကားေျပာေနခိုက္ ေဒၚသီတာဦးေနသည့္အေဆာင္သို႔ သားအမိႏွစ္ဦးေရာက္လာသည္။ ထိုသားအမိမွကေလးငယ္သည္ အသက္သုံးႏွစ္မွ်ရွိေနၿပီျဖစ္သည္။ ထိုသားအမိႏွစ္ဦးသည္က ကေလးေမြးထားသည့္ အသိမိတ္ေဆြတစ္ဦးထံသို႔ လာေရာက္ျခင္းျဖစ္သည္။
အေဆာင္ထဲသို႔ေရာက္ေသာအခါ ထိုအမ်ိဳးသမီးႏွင့္သူ၏မိတ္ေဆြတို႔ စကားေျပာေနခိုက္.. ကေလးငယ္သည္ အခန္းထဲတြင္ပင္ ခုန္ကာေဆာ့ေနေသးသည္။ ထို႔ေနာက္ ကေလးငယ္သည္ ေဒၚသီတာဦးရွိရာ ခုတင္အနားသို႔ေရာက္လာခဲ့သည္။ ေဒၚသီတာဦးလက္ထဲမွ ကေလးငယ္ကို စူးစူးစိုက္စိုက္ၾကည့္ေနသည္။
အသားျဖဴျဖဴ ပါးေဖာင္းေဖာင္းေလး၊ လုံးလုံးေလးႏွင့္ ထိုကေလးငယ္သည္ ေဒၚသီတာဦး၏မ်က္လုံးထဲတြင္ ခ်စ္စဖြယ္အတိ..။
“ သားေလး.. သားေလးနာမည္က ဘယ္လိုေခၚလဲဟင္ "
ထိုသို႔ေဒၚသီတာဦး၏အေမးကိုလည္း ကေလးငယ္သည္ ျပန္မေျဖ..။ ေဒၚသီတာဦးလက္ထဲမွ ကေလးကိုသာ ၾကည့္ေနဆဲပင္..။
“ သားေလးက ညီညီေလးကို ခ်စ္လို႔လားဟင္ "
“ အြန္း.."
ျပတ္သားေသာ အေျဖတစ္ခုကို အလ်င္အျမန္ေျဖလိုက္သည့္ ထိုကေလးငယ္ေၾကာင့္ ေဒၚသီတာဦးသေဘာက်ရျပန္သည္။
ထို႔ေနာက္ ထိုကေလးငယ္သည္ ေဒၚသီတာဦးေပြ႕ခ်ီထားေသာ ေနသူရိန္၏လက္ေလးအား လက္ညႇိဳးေလးျဖင့္ ထိေတြ႕ေနသည္။ ထိုကေလး၏လက္အား ေနသူရိန္ေလးမွ ဆုပ္ကိုင္ထားလိုက္သည္။
“ တူ... သားသားလက္ကို ကိုင္ထားရယ္.. ဟီး..ဟီး.."
မပီကလာ ပီကလာႏွင့္ ေျပာလာေသာ ထိုစကားတြင္ ေပ်ာ္႐ႊင္မႈတို႔ ျပည့္နက္ေနသည္။ မလႊတ္တမ္းဆုပ္ကိုင္ထားသည့္ ေနသူရိန္ေၾကာင့္လည္း ေဒၚသီတာဦးပိုသေဘာက်ရျပန္သည္။
“ ညီညီေလးကလည္း သားသားကိုခ်စ္လို႔ေနမွာေပါ့ "
“ ဟုတ္ရား.. "
“ ဟုတ္တာေပါ့ .."
“ ညီညီေယးရဲ႕ နာမည္က ဘယ္ယိုေခၚယဲဟင္ "
“ ေနသူရိန္တဲ့.. သာသားနာမည္ကေရာ "
“ လ မင္း ကို ကို.."
စကားမပီေသာကေလးငယ္သည္ သူ၏နာမည္အား တစ္လုံးခ်င္းစီအသံထြက္၍ ပီသေစရန္ ေသေသခ်ာခ်ာ႐ြတ္ျပေနေသာေၾကာင့္ ေဒၚသီတာဦးႏွင့္ေဒၚေမဦးတို႔က သေဘာက်ေနသည္။ ထိုသို႔ ကေလးငယ္ႏွင့္ေဒၚသီတာဦးတို႔ အေမးအေျဖျပဳေနခိုက္ အေနာက္မွလမင္းကိုကို၏မိခင္ေရာက္လာသည္။
“ သား.. ဘယ္ေတြေလွ်ာက္ေဆာ့ေနတာလဲ.. အန္တီတို႔ကိုအားနာစရာႀကီးကြယ္ "
“ ရပါတယ္အစ္မရဲ႕ ကေလးပဲကို "
“ ဟုတ္ကဲ့။ သားေရ ျပန္ရေအာင္ "
“ ဟာ... မျပန္ဝူး "
“ သားက ဘာလို႔မျပန္ခ်င္တာလဲ "
“ ဒီမွာ ညီညီေလးက သားလက္ကို ကိုင္ထားရယ္။ သားသူ႔ကို ၾကည့္ခ်င္ေသးရယ္ "
“ သားကလည္း မဟုတ္တာကြယ္။ ညီညီေလး အိပ္ပါေစ.. ေမေမတို႔ျပန္ရေအာင္ေနာ္ "
“ ဟင့္အင္း ဟင့္အင္း မျပန္ဝူး.. သား သူနဲ႔ေနမွာ "
“ သား ဂ်ီမက်နဲ႔။ အခုျပန္မယ္ "
“ မျပန္ပါဝူးဆို... ဟင့္.. ဟင့္ "
ျငင္းဆန္႐ုံတင္မဟုတ္... အငိုပါလိုက္လာသည္မို႔ ေဒၚသဇင္ အခက္ေတြ႕ရျပန္သည္။ ကေလးသည္ ငိုခဲပါသည္။ သို႔ေသာ္ ငိုလွ်င္လည္း ေတာ္ေတာ္ႏွင့္မၿပီး..။
ငိုေနေသာ လမင္းကိုကိုအား ေဒၚသီတာဦးကပါဝင္ေခ်ာ့ရျပန္သည္။
“ သားသားကလည္း ေမေမက ျပန္ေတာ့မွာေလ။ ေမေမစကားနားေထာင္ေနာ္သားေလး။ သား.. ညီညီေလးကိုခ်စ္ရင္ ေနာက္ေန႔လာေတြ႕ေပါ့ "
“ တကယ္ရား.. "
“ တကယ္ေပါ့ "
“ အဲဒါဆို ေနာက္ေန႔မွျပန္လာခဲ့မယ္...။ ညီညီေလး ကိုကိုျပန္ေတာ့မယ္ေနာ္ "
ထိုစကားႏွင့္အတူ ေနသူရိန္၏နဖူးအား လမင္းကိုကိုက နမ္းခဲ့သည္။ ေနသူရိန္လက္ထဲမွ လမင္းကိုကို၏လက္အား လြတ္သြားခ်ိန္တြင္ ေနသူရိန္သည္လည္း ငိုခဲ့သည္။ ေနသူရိန္ ငိုေနသည္ကိုၾကည့္ကာ လမင္းကိုကိုသည္လည္း ဆက္၍ငိုျပန္သည္။ ကေလးငယ္တို႔အား မိခင္တို႔လည္း ကိုယ္စီေခ်ာ့ေနရျပန္သည္။
ထင္ပါသည္။ ေနာက္ေန႔မ်ားစြာတြင္ လမင္းကိုကိုသည္ ဤေဆး႐ုံသို႔ မၾကာခဏလာရန္ ပူဆာေတာ့မည္...။
ထိုကေလးငယ္ႏွစ္ဦးအား ၾကည့္ေနစဥ္ ေဒၚေမဦး၏ အျမင္အာ႐ုံထဲတြင္ လွစ္ခနဲေပၚလာသည့္ျမင္ကြင္းတခ်ိဳ႕..။ ေနသူရိန္၏ေဘးတြင္ ခန႔္ညားေသာ အမ်ိဳးသားတစ္ဦးကိုေတြ႕ရသည္။ လမင္းကိုကို၏ေဘးတြင္ ခ်စ္စဖြယ္ေကာင္းေသာ အမ်ိဳးသားတစ္ဦးကိုေတြ႕ျမင္ေနရသည္။ ထိုသူႏွစ္ဦးသားသည္ ၿပဳံးေနေသးသည္။
“သံေယာဇဥ္ေတြနဲ႔ပါလား...."
____________________________________
ထင္ထားသည့္အတိုင္းပင္.. လမင္းကိုကိုသည္ ေဆး႐ုံသြားရန္ အင္မတန္တက္ႂကြေနသည္။ မိုးလင္း၍ အိပ္ရာႏိုးစကပင္ မိခင္ျဖစ္သူအား ဤသို႔ေမးပါသည္။
“ ေမေမ ေဆး႐ုံမသြားဘူးလား "
“ ဘာလို႔သြားရမွာတုံး သားရယ္ "
“ ညီညီေယးကို ေတြ႕ခ်င္တယ္ေယ "
“ သားကလည္း ေတြ႕ခ်င္တိုင္း.. ေန႔တိုင္းသြားလို႔မွမရတာကို "
“ မေန႔ကေျပာေတာ့ ေတြ႕လို႔ရတယ္ဆို။ အခုေတာ့ မရဘူးေျပာတယ္။ ေမေမလိမ္တယ္..."
ငို၍ အိမ္အေပၚထပ္သို႔ ေျပးတက္သြားသည့္ သားတစ္ေယာက္ေၾကာင့္ စိတ္ညစ္ရပါသည္။ ထမင္းမစားကာ စိတ္ကလည္းေကာက္ဦးမည္။ မိခင္ျဖစ္သူမို႔ သားငယ္၏လုပ္႐ိုးလုပ္စဥ္တို႔ကို အလြတ္မွတ္မိေနပါသည္။
“ ဒီတိုင္းဆိုရင္ မျဖစ္ပါဘူးေလ။ မနက္ျဖန္ ေဆး႐ုံကမၿမိဳင္ဆီကို မုန႔္ပို႔ရင္း သြားဦးမွပါ.. "
ဤသို႔ျဖင့္ သားျဖစ္သူ၏အလိုကိုလိုက္ကာ မိတ္ေဆြ၏ရင္ႏွီးမႈပိုတိုးေစရန္ ေဆး႐ုံသို႔သြားခဲ့သည္။ ေဆး႐ုံသို႔ေရာက္ေသာအခါ ေမွ်ာ္လင့္ထားသကဲ့သိုျဖစ္မလာ...။
သားငယ္ေတြ႕ခ်င္ေနေသာ ကေလး၏မိသားစုမွာ ေဆး႐ုံဆင္းသြားခဲ့ၿပီျဖစ္သည္။ ဒီသတင္းၾကားၾကားၿပီးခ်င္း သားငယ္၏ အငိုပြဲသည္ ထိန္းမႏိုင္သိမ္းမႏိုင္...။ မနည္းေခ်ာ့ကာ အိမ္သို႔ျပန္ေခၚခဲ့ရသည္။
တစ္ရက္မွ်ေတြ႕႐ုံႏွင့္ ဤမွ်သံေယာဇဥ္ႀကီးေနရွာသည့္ ကေလးငယ္ႏွစ္ဦးသည္ ထူးဆန္းလွပါသည္...။
Advertisement
- In Serial22 Chapters
Wood Boy
A reclusive man obsesses over a seemingly inconsequential detail and attempts to create a meaningful narrative to explain it which ends up changing the way he sees and interacts with the world. He finds his new outlook to be at odds with his established life as it crumbles around him.
8 322 - In Serial49 Chapters
Because of Karson
Dakota is just like every other 17 year old high school senior. Or that's what everyone thinks. Everyone sees Dakota as this funny, sarcastic, and caring girl. What people don't see is how much she is truly suffering inside. People don't know that the smile she always wears is completely fake. They don't know what's really going on at home. They don't see the bruises she has to cover up every morning. They don't see her having to step up to take care of her two younger siblings. She puts on a fake smile as soon as she walks through the school doors and slowly builds her walls up higher as each day goes on. She thinks no one will ever see past her facade...that is, until three new bad boys come strolling into town taking an automatic interest in Dakota. And one certain bad boy can read her like an open book. Will Dakota eventually let these three bad boys in? Or will she keep everything in until she finally reaches her breaking point?Warning: explicit language, violence, sexual assault, abuse, and sexual content ----------------------------Highest Rankings: #1 Past#1 Underground #1 Abuse#1 Broken#1 Fighter #2 Boxer#1 hurt#2 sad
8 210 - In Serial6 Chapters
SEX!!
A compilation of sex poems, and or poems filled with intimacy.
8 134 - In Serial10 Chapters
Where Destiny Lies
*takes place after season 4*vile's been defeated, the team has split up, carmens found her mother... all stories had their happy endings... all except one: the story of carmen and gray. both aren't sure what they want, but one thing was for certain... they've never felt so torn in their lives. with dozens of vile operatives on the loose, carmen and gray vow to keep their head in the game and answer the question once and for all...were they meant to stay together? or were they meant to be apart for eternity?(disclaimer: these characters all belong to the netflix show, carmen sandiego. the characters are NOT mine, except for Elena, Luna, and Claire)
8 109 - In Serial24 Chapters
Chasing the Colemans (ON HOLD)
"Congratulations tersoro. Mio piccolo genio." I said in a low whisper, making me sound more husky than usual. (My little genius.)****Kara Coleman was 21 years old when she adopted a little girl, who completely changed her world. On top of that, she was a young genius, making a name for herself before the age of 25. What more could attract a billionaire and ceo like Alessandro De Luca who admires a strong, independent, intelligent woman like herself.How much trouble can two harmless girls give a billionaire? A lifetime.Stay tuned to find out how Alessandro De Luca keeps up with the Colemans.******start date: 16/06/20******#1 in troublemaker - 28/06/20#3 in innocent - 28/06/20#1 in godfather - 03/07/20#3 in piccolo - 09/07/20#2 in genius -19/07/20#1 in single mum -26/07/20#2 in baby - 12/07/20#1 in humor - 03/08/20
8 226 - In Serial43 Chapters
Harry Potter One Shots
hello potterheads! in this fanfiction I will be writing about the Harry Potter characters x reader! i apologize, but i cannot take requests right now, but they should be open soon! xoxohighest ranking: #266 in fanfiction #219 in books
8 234

