《Amiss Prayer (Zawgyi&Unicode) [Completed]》Part-43(အိပ်မက်သခင်..)
Advertisement
For Unicode
အိပ်မက်သခင်
ဆုံစည်းခွင့်မပေးသည့် ကံကြမ္မာရယ်က ကလေးငယ်နှစ်ဦးအား ရက်စက်လေသလား...။ မဆုံစည်းခဲ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ဘဝအဆက်ဆက်ရယ်က သံယောဇဉ်တွေကို ကံတရားက ဤမျှဖြတ်တောက်သည်လော..။ မတရားလိုက်သည့် ကံကြမ္မာ..။
ကံကြမ္မာ၏ ရက်စက်မှုကြောင့် ကလေးငယ်ကိုယ်စီလည်း ဆုံစည်းခဲ့ပုံတို့ကို မေ့လေချေပြီ..။ နာမည်တို့အား ခပ်ရေးရေးကိုမျှ မမှတ်မိခဲ့ပေ..။ ရက်စက်မှုတို့ ခြုံလွှမ်းထားသည့် ကံကြမ္မာကိုသာ အပြစ်တင်မိသည်..။
သံယောဇဉ်ခိုင်ခံ့မှုကို တကယ်ပဲ ကံတရားက တားဆီးနိုင်မည်လော..။ ချစ်ခြင်းတရားတို့ကို ပိတ်ပင်နိုင်မည်လော..။ အကြင်သူနှစ်ဦးအား ဆုံစည်းခွင့်မရစေရန် တားဆီးသည်ဖြစ်လင့်ကစား မသိစိတ်၏လှုံ့ဆော်မှုကြောင့် နှလုံးချင်းသည်က ဆက်သွယ်နေသေးသည်။ ယခုဘဝ၏ ပုံရိပ်များနှင့်တော့မဟုတ်..။ အတိတ်ဘဝတို့ကို အိပ်မက်ဖြင့် ပုံဖော်ကာ ဆက်သွယ်နေဆဲ...။
ဆက်သွယ်မှုသည် ကောင်းသောဆက်သွယ်ခြင်းလည်းရှိသကဲ့သို့ မကောင်းသောဆက်သွယ်မှုမျိုးလည်းရှိနေခဲ့သည်။
မရမ်းကုန်းမြို့နယ် ငါးရပ်ကွက် မြဝတ်ရည်လမ်းရှိ တိုက်အိမ်လေးတစ်ခုမှ ကောင်လေးတစ်ယောက်သည် မနက်တိုင်းကို ပျော်ရွှင်ကြည်လင်စွာ နိုးထလေ့ရှိသည်။ ထိုသူမှာတခြားသူမဟုတ်...။ နေသူရိန်ပင်ဖြစ်သည်။
ဟုတ်တယ်.. ကျွန်တော်က မနက်ခင်းတိုင်းကို ပျော်ရွှင်စွာနိုးထလေ့ရှိတယ်..။ အကြောင်းကတော့ ထူးထူးဆန်းဆန်းပဲ..။ အိပ်မက်ထဲမှာတွေ့ရတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပေါ့..။ သူပါဝင်တဲ့အိပ်မက်တိုင်းကို ကျွန်တော်နေ့တိုင်းမက်လေ့ရှိတယ်..။ မက်မြင်တိုင်းလည်း သူပြောနေကျ စကားလေးတစ်ခွန်းရှိတယ်..။ “ကျွန်တော်တို့ ပြန်ဆုံမယ်နော်... ကျွန်တော်ကိုယုံကြည်ပေးပါနော်.. ကျွန်တော့်ရဲ့ဆုတောင်းတွေ ပြည့်မှာပါ “ တဲ့လေ..။ သူပြောတဲ့ အဲဒီစကားလေးက ကျွန်တော့်နှလုံးသားကို ချုပ်နှောင်ထားသလိုပဲ။ ချုပ်နှောင်မှုကြောင့် စိတ်မညစ်ရဘူးလားမေးရင်.. ကျွန်တော်ပြုံးပြီးပြန်ဖြေမယ်...။ လုံးဝစိတ်ညစ်ခြင်း မရှိဘူး။ သူရဲ့ချုပ်နှောင်မှုကို ကျွန်တော်သဘောကျတယ်..။ နိုးထလာတဲ့မနက်ခင်းတိုင်းကလည်း သူ့စကားလေးကြောင့် နွေးထွေးသာယာမှုတွေအပြည့်နဲ့..။ တစ်ခါတလေတော့ ဝမ်းနည်းမိတယ်..။ အိမ်မက်ထဲမှာ သူ့မျက်နှာကို မမြင်ရဘူးရယ်...။ ချုပ်နှောင်သူလေးရယ်... ဘယ်တော့များမှ မင်းလေးကို တွေ့ခွင့်ရမှာတဲ့လဲ..။ စောင့်ရတာ မောလှပြီကွာ...။
အိပ်မက်၏ချိုမြိန်သောအရသာကြောင့် ပြုံးရွှင်စွာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မိမိ၏ မနက်ခင်းအပြုံးကို မြင်တိုင်း.. ဘွားဘွားကလည်း သဘောကျမြဲ..။
“ အိပ်မက်က နိုးလာပြီလားမြေး.. “
“ ဟုတ် “
“ ပျော်ရဲ့လား.. “
“ ပျော်တာပေါ့ ဘွားဘွားရဲ့..။ ဒါပေမဲ့.. တစ်ခုတော့ စိတ်မကောင်းဖြစ်ရတယ်..။ သား သူ့မျက်နှာကို မမြင်ရဘူး “
“ တွေ့ဖို့ကံက မဆက်သေးလို့နေမှာပါကွယ်..။ ထားတော့.. စိတ်မကောင်းဖြစ်မနေနဲ့.. မင်းအမေသိရင် ဆူဦးမယ်။ ဒီကိစ္စကို သူလက်ခံထားတာ သိပ်တောင်မကြာသေးတာကို “
“ ဘွားဘွား.. မေမေက ရှေးရေစက်တွေ ဘာတွေယုံတယ်ဆိုပြီး.. သားကိုအိပ်မက်ကိုကျတော့ ဘာလို့သဘောမကျတာလဲဟင်.. “
“ ဘာလို့ သဘောမကျတာလဲဆိုတော့.. အိပ်မက်ထဲကလူက ကောင်လေးဖြစ်နေလို့ပဲ..။ မြေးကို အခြောက်ဖြစ်မှာ ကြောက်နေတာလေ။ ဘွားဘွားကတော့ အဲဒီလိုတွေမထင်ပါဘူး။ ဖူးစာပါလာရင် ဘာကြီးပဲဖြစ်ဖြစ်ပေါင်းရမှာပဲ။ ဘွားဘွားရဲ့အမြင်အရ မြေးနဲ့အိပ်မက်ထဲက ကောင်လေးဆိုတာ ရှေးရေစက်ရှိတယ်။ အရင်ဘဝကတည်းက အကြောင်းကံပါပြီး ဆုံစည်းခဲ့တာမျိုးပေါ့ “
“ အခုဘဝရော ဆုံစည်းရဦးမှာလားဟင် “
ထိုမေးခွန်းကို ဘွားဘွားပြန်မဖြေ..။ ထိုမေးခွန်းမေးလိုက်တိုင်း ဘွားဘွား၏တိတ်ဆိတ်မှုကို ကျွန်တော်သဘောမကျ..။ ကျွန်တော့်၏မေးခွန်းအား ဘွားဘွားသည် အလွယ်တကူဖြေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော ဘွားဘွားသည် ကျွန်တော်အိပ်မက်မက်မြင်ကြောင်း ပြောပြခဲ့သည့် ကလေးဘဝကတည်းကပင် ကျွန်တော်၏ရှေ့ဖြစ်တို့ကို ကြို၍ကြည့်နေခဲ့ပြီးဖြစ်သည်။ ဘွားဘွား၏ အကြားအမြင်အာရုံကို ကျွန်တော်ယုံကြည်သည်။ သို့သော် အခုထိတိုင် ကျွန်တော့်၏ထိုမေးခွန်းကို ဘွားဘွားသည် ပြန်မဖြေခဲ့..။ တိတ်ဆိတ်နေဆဲပင်..။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူက မေမေပင်...။
“ သား... သားအဘွားကိုပါခေါ်ခဲ့။ မနက်စာအဆင်သင့်ဖြစ်နေပြီ..”
“ ဟုတ်ကဲ့မေမေ..”
ဘွားဘွား၏အဖြေကို ကျွန်တော်မကြားရသော်လည်း အိပ်မက်၏နွေးထွေးမှုကြောင့် ကျွန်တော်ပျော်ရွှင်နေမြဲ..။ မေမေပြင်ဆင်ပေးထားသည့် မနက်စာကို အရသာရှိစွာ စားသုံးနေဆဲ..။ စားသုံးပြီးနောက် ယနေ့တွင်စတက်ရမည့် ကွန်ပျူတာသင်တန်းရှိရာ လှည်းတန်းသို့ သွားရဦးမည်။
တစ်ဖက်တွင် ပျော်ရွှင်မှုတို့ဖြင့်ပြည့်နက်နေသည့် ကောင်လေးတစ်ယောက်ရှ်ိနေသကဲ့သို့ တစ်ဖက်တွင်တော့ ဝမ်းနည်းမှုတို့ဖြင့်နိုးထလာသည့်ကောင်လေးတစ်ဦး ရှိနေခဲ့သည်။
ထိုသူမှာတခြားသူမဟုတ်..။ မရမ်းကုန်းမြို့နယ်၊ လေးရပ်ကွက်ရှိ အောင်မင်္ဂလာလမ်းတွင်နေထိုင်သော လမင်းကိုကိုပင်...။
နိုးထလာရမယ့် မနက်ခင်းတိုင်းကို ကျွန်တော်ကြောက်တယ်။ အိပ်မက်ထဲက ခံစားမှုတွေက အိပ်နေရင်းပဲရတာမျိုးမဟုတ်ဘူး။ နိုးထရုံနဲ့မပြီးဘူး။ အိပ်မက်ထဲက နာကျင်မှုတွေက ပြင်ပမနက်ခင်းတွေဖျက်ဆီးပစ်တယ်။ မုန်းမိတယ်။ အိပ်မက်ထဲကလူပြောနေကျ စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကို တင်းကျပ်စေတယ်။ “ကိုယ်စောင့်နေတယ်။ ကောင်လေးရဲ့ဆုတောင်းတွေပြည့်အောင် ကိုယ်ဖန်တီးပေးမယ်။ ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှမချစ်ရဘူး” တဲ့လေ။ အမိန့်ဆန်လွန်းတဲ့ သူ့အသံကို သဘောမကျ။ လွန်ဆန်ရဲတဲ့ သတ္တိကလည်းမရှိပြန်ဘူး..။ ကျွန်တော့်နှလုံးသားကို လွတ်လပ်ခွင့်မပေးတဲ့ အဲဒီလူကြီးကို တကယ်မုန်းချင်တယ်။ မုန်းလို့လည်းမရပြန်ဘူး..။ တစ်ခါတလေဆိုရင် သူ့ခန္ဓာကိုယ်မှာ သွေးတွေနဲ့ ဒဏ်ရာတွေနဲ့..။ ဒါပေမဲ့ သူ့ရဲ့နာကျင်မှုတွေကို ဂရုမစိုက်ဘဲ.. ကျွန်တော့်ကို တောင်းပန်နေသေးတာ။ အဲဒီလိုမက်မြင်ရတော့လည်း သနားသလိုလိုနဲ့...။ ဟူး... စိတ်ရှုပ်လိုက်တာ...။
Advertisement
စိတ်ရှုပ်မှုတို့သည် မျက်နှာပေါ်တွင် ထင်ဟပ်လျက် အိမ်အောက်ထပ်သို့ဆင်းသွားမိသည်။ မိမိကိုမြင်သောအခါ ထုံးစံအတိုင်းပင် မေမေမေးနေကျစကားဖြင့် နှုတ်ဆက်လာသည်။
“ အိပ်မက်တွေကြောင့် စိတ်မကြည်ပြန်ဘူးလားသား..”
“ ဟုတ်တယ်မေမေ.. “
“ အဲဒါကြောင့် သားကိုမေမေပြောသားပဲ။ တတ်ကျွမ်းတဲ့ဆရာတွေနဲ့ ပြပါမယ်ဆိုတာကို သားကမှလက်မခံပဲ “
“ သားကိုက ရှေ့ဖြစ်နောက်ဖြစ်တွေကို မယုံတာမေမေရယ် “
“ ယုံခိုင်းနေတာမှမဟုတ်တာပဲ။ ဒီလိုကြီးခဏခဏဖြစ်နေတော့ ရေရှည်ဘယ်ကောင်းမလဲ “
“ မသိတော့ဘူးမေမေရယ် “
“ အင်း အင်း.. ထားတော့။ အခုသားသင်တန်းသွားရဦးမှာမဟုတ်လား။ မနက်စာစားတော့ “
မနက်စာစားပြီးနောက် မိမိတက်လက်စ ကွန်ပျူတာသင်တန်းကိုသွားရဦးမည်။
အချိန်အားဖြင့် ဆယ့်နှစ်နာရီထိုးသောအခါ ပြင်ဆင်၍ သင်တန်းသို့လာခဲ့သည်။ လှေကားပေါ်တက်နေချိန်တွင် ကောင်လေးတစ်စုမှ စရင်းနောက်ရင်း ပြေး၍ဆင်းလာသည်။ ပြေးဆင်းလာသည့်အရှိန်ကို မထိန်းနိုင်ဘဲ မိမိကိုပါဝင်တိုက်မိသည်။ တိုက်လိုက်သည့်လူသည် မိမိထက်အကောင်ကြီးသည်မို့ ပို၍နာသည်။ ထို့အပြင် မိမိသည် ထိုသူတိုက်လိုက်သည့် အရှိန်ကြောင့် အနောက်သို့လဲကျတော့မည့်ဟန် ဖြစ်သွားသည်။ သို့သော် လဲတော့မကျ။ ခါးကိုဖက်တွယ်ထားတဲ့ လက်တစ်စုံကြောင့်ဖြစ်သည်။
“ အ.. မင်းတို့တွေ ဘယ်လိုဆင်းလာတာလဲကွ။ လူတွေတက်လာတာ မမြင်ဘူးလား “
“ တောင်းပန်ပါတယ်ဗျ။ ကျွန်တော်တို့က စရင်းနောက်ရင်း ပြေးဆင်းလာတော့ ရုတ်တရက်တိုက်မိသွားတာပါ။ အားနာလိုက်တာ..။ အစ်ကို.. ဘယ်နားနာသွားသေးလဲ “
အားနာရသည်။ အစ်ကိုဟုသာခေါ်နေသော်လည်း သူသည်မိမိထက် လူကောင်သေးနေသည်။ မိမိခန္ဓာကိုယ်ကြီးနှင့် တိုက်မိသည်ကြောင့် သူပို၍နာသွားနိုင်သည်။
“ ရတယ် ထားလိုက်တော့။ အခုလောလောဆယ် မင်းငါ့ခါးကို ဖက်ထားတာလွှတ်တော့ “
“ ဗျာ.. ဟုတ်.. ဟုတ်ကဲ့..”
“ ဘယ်လိုကောင်တွေလဲမသိဘူး “
ပွစိပွစိရေရွတ်ကာ အခန်းထဲသို့ဝင်သွားသည့် ထိုလူသား..။ ယောက်ျားလေးတစ်ယောက်ဖြစ်ပါလျက် ဤမျှလောက်ချစ်စရာကောင်းသည်လော။ လက်မောင်းလေးကိုဖိလျက် အခန်းထဲသို့ဝင်သွားသော သူသည်အတော်နာသွားပုံရသည်။ သူ၏လက်မောင်နာသွားမည်ကို စိုးရိမ်စိတ်နှင့်အတူကြည့်နေစဉ် ခေါင်းထဲသို့ထပ်၍ဝင်လာသည့် အတွေးတစ်ခုက ရှိနေပြန်သည်။ ဤသည်မှာ သူ၏အသံကို ရင်းနှီးနေသယောင်ဖြစ်နေသည်။ အတွေးနယ်တို့လွန်နေစဉ် သူငယ်ချင်းတစ်စု၏ခေါ်သံကြောင့် အတွေးနယ်မှ ရုန်းထွက်လိုက်သည်။
“ ဟေ့ကောင် နေသူရိန်.. ဘာရပ်လုပ်နေတာလဲ သွားမယ်လေ “
“ ဪ အေး အေး.. ဒါနဲ့ မင်းတို့က ဘယ်သွားမှာလဲ “
“ မုန့်သွားမယ်လေ လှည်တန်းစင်တာမှာ ဝယ်စရာရှိတာ ဝယ်မယ်လေကွာ “
“ အေးပါ.. သွားမယ် “
သူငယ်ချင်းတစ်စု၏ အခေါ်ကောင်းမှုကြောင့် လှည်းတန်းစင်တာတစ်ခွင်တွင် ခြေရာနှံ့ခဲ့သည်။ အဝတ်အစားရွေးသည့်နေရာတွင် မိန်းကလေးများထက် ပို၍ကဂျီကဂျောင်ကျလွန်းသည့် ထိုတစ်သိုက်ကြောင့် အချိန်သည်လည်း အတော်ကြာခဲ့သည်။ ထိုတစ်သိုက်စိတ်ကြိုက် အဝတ်အစားနှင့် ဖိနှပ်တို့ဝယ်ပြီးသောအခါ မုန့်စားခဲ့၍ အိမ်ပြန်ရသည်။
ကားစီးရန် ကားဂိတ်တွင်စောင့်နေစဉ် လှေကားတွင် မိမိနှင့်တိုက်မိခဲ့သည် ဖြူဖြူသေးသေးအစ်ကိုလေး ရှိနေသည်။ မိမိကိုတွေ့သည်နှင့် သူ၏မျက်မှောင်တို့ကိုကြုတ်လိုက်သည်။ မိမိအား အမြင်မကြည်ပုံရသည်။ ထို့နောက် YBS77လာသောအခါ သူရောမိမိပါ ကားပေါ်တက်ခဲ့သည်။ အပြန်လမ်းကြောင်း တူပြန်သည်။ မိမိအားအမြင်မကြည်သည့်သူသည် မိမိအနားတွင်မရပ်ပေ..။ ထို့ကြောင့် အနောက်ထဲသို့ တိုးဝင်သွားသည်။ mini bus ဖြစ်၍ လူကျပ်သည်။ လူကျပ်သည့်အပြင် ဖြူဖြူသေးသေးအစ်ကိုလေး၏ အနောက်တွင် ခါးပိုက်နှိုက်သမားက သူ၏ကျောပိုးအိတ်ကိုဇစ်ဖွင့်နေသည်အား မိမိကလှမ်းမြင်လိုက်သည်။
ထို့ကြောင့် ဖြူဖြူသေးသေးအစ်ကိုလေး၏အနားသို့ရောက်ရန် မိမိသည်လည်း လူကြားထဲသို့အတင်းတိုးဝင်လိုက်သည်။ သူ၏အနားသို့ရောက်သောအခါ ခါးပိုက်နှင့် သူ၏အကြားထဲသို့ ဝင်ရပ်ကာ သူ့အားကာထားပေးလိုက်သည်။ လူကောင်သေးသည်မို့ သူသည် မိမိရင်ခွင်ထဲတွင်။ သူအားအတင်းတိုးသကဲ့သို့ဖြစ်နေသည်မို့ မိမိအားမျက်စောင်းထိုးပြန်သည်။
လှလိုက်တဲ့ မျက်စောင်းလေး...
အမြင်မကြည်သည်က ပို၍ဆိုးနိုင်သည်မို့ ဖြေရှင်းပြရဦးမည်။ သို့သော် အကျယ်ကြီးပြော၍မရ။ အနောက်မှခါးပိုက်နှိုက်သည် ဓားဖြင့်ထိုးသွားမည်ကိုလည်း စိုးရိမ်ရသည်။ ထို့ကြောင့် သူ၏ပါးအနားသို့ မိမိက ဇက်လေးပုကာ အသံတိုးတိုးဖြင့် ဖြေရှင်းရသည်။
“ ခါးပိုက်နှိုက်ပါလာတယ်။ အစ်ကို့အိတ်ကို နှိုက်နေတယ်။ အဲဒါကြောင့်လာကာပေးတာ။ မျက်စောင်းမထိုးပါနဲ့ ..”
အရမ်းလှလို့ပါ ဟူသောစကားကိုတော့ မပြောမိ။ ပြောမိပါလျှင် ပို၍စိတ်ဆိုးသွားနိုင်သည်။
“ မင်းအိတ်ကရော.. ဖြစ်ပါ့မလား “
“ ဖြစ်ပါတယ်။ ကျွန်တော့်ဖုန်းနဲ့ ပိုက်ဆံကအင်္ကျီအိတ်ကပ်ထဲမှာ “
မှတ်တိုင်သုံးခုမျှကျော်လာသော်အခါ မိမိတို့အရှေ့ရှိခုံတွင်ထိုင်နေသော အဒေါ်ကြီးက မှတ်တိုင်ပါ၍ထခဲ့သည်။ ဖြူဖြူသေးသေးအစ်ကိုလေးအား ဦးစားပေးကာ ထိုင်ခိုင်းခဲ့သည်။ ထိုင်ခုံတွင်ထိုင်လိုက်သော သူက မိမိအားမော့ကြည့်ကာ သူ့၏အနားသို့တိုးလာရန် လက်ဟန်ပြသည်။ မိမိ၏လောရှည်အရပ်ကြောင့် သူ့အနားသို့ရောက်ရန် ခါးကုန်းရပြန်သည်။
“ အခုလိုကူညီလို့ ကျေးဇူးပဲ။ မင်းရဲ့ကျောပိုးအိတ်.. ငါ့ကိုပေးထားမလား။ မင်းကျောပိုးအိတ်ကို ခွဲသွားဦးမယ် “
“ ရပါတယ်။ ကျောပိုးအိတ်ထဲမှာ ပါစရာဆိုလို့ စာအုပ်ပဲရှိတယ်။ ဒါပေမဲ့.. အစ်ကို ယူထားပေးရင်တော့ ပိုအဆင်ပြေတာပေါ့ “
“ အင်း ပေးထား “
ဤသို့ဖြင့် ကားစီးခဲ့ရာ ရဲဘော်ဟောင်းမှတ်တိုင်သို့ရောက်သောအခါ သူဆင်းသွားသည်။ မိမိဆင်းရမည့် မှတ်တိုင်နှင့် သိပ်၍မဝေးပေ။ မှတ်တိုင်မဆင်းခင် ပြုံးပြခဲ့သည့် အပြုံးလေးသည် လှပနေပြန်သည်။
ထိုအပြုံးလေးကြာင့် မြန်ဆန်လာသော ရင်ခုန်သံတို့ကိုလည်း နားမလည်ဖြစ်ရသည်။ ဤရင်ခုန်သံတို့အား အိပ်မက်သခင်လေးများ စိတ်ဆိုးနေမည်လော..။
Advertisement
For Zawgyi
အိပ္မက္သခင္
ဆုံစည္းခြင့္မေပးသည့္ ကံၾကမၼာရယ္က ကေလးငယ္ႏွစ္ဦးအား ရက္စက္ေလသလား...။ မဆုံစည္းခဲ့ရသည္မွာ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာခဲ့ၿပီျဖစ္သည္။ ဘဝအဆက္ဆက္ရယ္က သံေယာဇဥ္ေတြကို ကံတရားက ဤမွ်ျဖတ္ေတာက္သည္ေလာ..။ မတရားလိုက္သည့္ ကံၾကမၼာ..။
ကံၾကမၼာ၏ ရက္စက္မႈေၾကာင့္ ကေလးငယ္ကိုယ္စီလည္း ဆုံစည္းခဲ့ပုံတို႔ကို ေမ့ေလေခ်ၿပီ..။ နာမည္တို႔အား ခပ္ေရးေရးကိုမွ် မမွတ္မိခဲ့ေပ..။ ရက္စက္မႈတို႔ ၿခဳံလႊမ္းထားသည့္ ကံၾကမၼာကိုသာ အျပစ္တင္မိသည္..။
သံေယာဇဥ္ခိုင္ခံ့မႈကို တကယ္ပဲ ကံတရားက တားဆီးႏိုင္မည္ေလာ..။ ခ်စ္ျခင္းတရားတို႔ကို ပိတ္ပင္ႏိုင္မည္ေလာ..။ အၾကင္သူႏွစ္ဦးအား ဆုံစည္းခြင့္မရေစရန္ တားဆီးသည္ျဖစ္လင့္ကစား မသိစိတ္၏လႈံ႕ေဆာ္မႈေၾကာင့္ ႏွလုံးခ်င္းသည္က ဆက္သြယ္ေနေသးသည္။ ယခုဘဝ၏ ပုံရိပ္မ်ားႏွင့္ေတာ့မဟုတ္..။ အတိတ္ဘဝတို႔ကို အိပ္မက္ျဖင့္ ပုံေဖာ္ကာ ဆက္သြယ္ေနဆဲ...။
ဆက္သြယ္မႈသည္ ေကာင္းေသာဆက္သြယ္ျခင္းလည္းရွိသကဲ့သို႔ မေကာင္းေသာဆက္သြယ္မႈမ်ိဳးလည္းရွိေနခဲ့သည္။
မရမ္းကုန္းၿမိဳ႕နယ္ ငါးရပ္ကြက္ ျမဝတ္ရည္လမ္းရွိ တိုက္အိမ္ေလးတစ္ခုမွ ေကာင္ေလးတစ္ေယာက္သည္ မနက္တိုင္းကို ေပ်ာ္႐ႊင္ၾကည္လင္စြာ ႏိုးထေလ့ရွိသည္။ ထိုသူမွာတျခားသူမဟုတ္...။ ေနသူရိန္ပင္ျဖစ္သည္။
ဟုတ္တယ္.. ကြၽန္ေတာ္က မနက္ခင္းတိုင္းကို ေပ်ာ္႐ႊင္စြာႏိုးထေလ့ရွိတယ္..။ အေၾကာင္းကေတာ့ ထူးထူးဆန္းဆန္းပဲ..။ အိပ္မက္ထဲမွာေတြ႕ရတဲ့ ေကာင္ေလးတစ္ေယာက္ေၾကာင့္ေပါ့..။ သူပါဝင္တဲ့အိပ္မက္တိုင္းကို ကြၽန္ေတာ္ေန႔တိုင္းမက္ေလ့ရွိတယ္..။ မက္ျမင္တိုင္းလည္း သူေျပာေနက် စကားေလးတစ္ခြန္းရွိတယ္..။ “ကြၽန္ေတာ္တို႔ ျပန္ဆုံမယ္ေနာ္... ကြၽန္ေတာ္ကိုယုံၾကည္ေပးပါေနာ္.. ကြၽန္ေတာ့္ရဲ႕ဆုေတာင္းေတြ ျပည့္မွာပါ “ တဲ့ေလ..။ သူေျပာတဲ့ အဲဒီစကားေလးက ကြၽန္ေတာ့္ႏွလုံးသားကို ခ်ဳပ္ေႏွာင္ထားသလိုပဲ။ ခ်ဳပ္ေႏွာင္မႈေၾကာင့္ စိတ္မညစ္ရဘူးလားေမးရင္.. ကြၽန္ေတာ္ၿပဳံးၿပီးျပန္ေျဖမယ္...။ လုံးဝစိတ္ညစ္ျခင္း မရွိဘူး။ သူရဲ႕ခ်ဳပ္ေႏွာင္မႈကို ကြၽန္ေတာ္သေဘာက်တယ္..။ ႏိုးထလာတဲ့မနက္ခင္းတိုင္းကလည္း သူ႔စကားေလးေၾကာင့္ ေႏြးေထြးသာယာမႈေတြအျပည့္နဲ႔..။ တစ္ခါတေလေတာ့ ဝမ္းနည္းမိတယ္..။ အိမ္မက္ထဲမွာ သူ႔မ်က္ႏွာကို မျမင္ရဘူးရယ္...။ ခ်ဳပ္ေႏွာင္သူေလးရယ္... ဘယ္ေတာ့မ်ားမွ မင္းေလးကို ေတြ႕ခြင့္ရမွာတဲ့လဲ..။ ေစာင့္ရတာ ေမာလွၿပီကြာ...။
အိပ္မက္၏ခ်ိဳၿမိန္ေသာအရသာေၾကာင့္ ၿပဳံး႐ႊင္စြာ အိမ္ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ မိမိ၏ မနက္ခင္းအၿပဳံးကို ျမင္တိုင္း.. ဘြားဘြားကလည္း သေဘာက်ၿမဲ..။
“ အိပ္မက္က ႏိုးလာၿပီလားေျမး.. “
“ ဟုတ္ “
“ ေပ်ာ္ရဲ႕လား.. “
“ ေပ်ာ္တာေပါ့ ဘြားဘြားရဲ႕..။ ဒါေပမဲ့.. တစ္ခုေတာ့ စိတ္မေကာင္းျဖစ္ရတယ္..။ သား သူ႔မ်က္ႏွာကို မျမင္ရဘူး “
“ ေတြ႕ဖို႔ကံက မဆက္ေသးလို႔ေနမွာပါကြယ္..။ ထားေတာ့.. စိတ္မေကာင္းျဖစ္မေနနဲ႔.. မင္းအေမသိရင္ ဆူဦးမယ္။ ဒီကိစၥကို သူလက္ခံထားတာ သိပ္ေတာင္မၾကာေသးတာကို “
“ ဘြားဘြား.. ေမေမက ေရွးေရစက္ေတြ ဘာေတြယုံတယ္ဆိုၿပီး.. သားကိုအိပ္မက္ကိုက်ေတာ့ ဘာလို႔သေဘာမက်တာလဲဟင္.. “
“ ဘာလို႔ သေဘာမက်တာလဲဆိုေတာ့.. အိပ္မက္ထဲကလူက ေကာင္ေလးျဖစ္ေနလို႔ပဲ..။ ေျမးကို အေျခာက္ျဖစ္မွာ ေၾကာက္ေနတာေလ။ ဘြားဘြားကေတာ့ အဲဒီလိုေတြမထင္ပါဘူး။ ဖူးစာပါလာရင္ ဘာႀကီးပဲျဖစ္ျဖစ္ေပါင္းရမွာပဲ။ ဘြားဘြားရဲ႕အျမင္အရ ေျမးနဲ႔အိပ္မက္ထဲက ေကာင္ေလးဆိုတာ ေရွးေရစက္ရွိတယ္။ အရင္ဘဝကတည္းက အေၾကာင္းကံပါၿပီး ဆုံစည္းခဲ့တာမ်ိဳးေပါ့ “
“ အခုဘဝေရာ ဆုံစည္းရဦးမွာလားဟင္ “
ထိုေမးခြန္းကို ဘြားဘြားျပန္မေျဖ..။ ထိုေမးခြန္းေမးလိုက္တိုင္း ဘြားဘြား၏တိတ္ဆိတ္မႈကို ကြၽန္ေတာ္သေဘာမက်..။ ကြၽန္ေတာ့္၏ေမးခြန္းအား ဘြားဘြားသည္ အလြယ္တကူေျဖႏိုင္ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ ဘြားဘြားသည္ ကြၽန္ေတာ္အိပ္မက္မက္ျမင္ေၾကာင္း ေျပာျပခဲ့သည့္ ကေလးဘဝကတည္းကပင္ ကြၽန္ေတာ္၏ေရွ႕ျဖစ္တို႔ကို ႀကိဳ၍ၾကည့္ေနခဲ့ၿပီးျဖစ္သည္။ ဘြားဘြား၏ အၾကားအျမင္အာ႐ုံကို ကြၽန္ေတာ္ယုံၾကည္သည္။ သို႔ေသာ္ အခုထိတိုင္ ကြၽန္ေတာ့္၏ထိုေမးခြန္းကို ဘြားဘြားသည္ ျပန္မေျဖခဲ့..။ တိတ္ဆိတ္ေနဆဲပင္..။ ထိုတိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သူက ေမေမပင္...။
“ သား... သားအဘြားကိုပါေခၚခဲ့။ မနက္စာအဆင္သင့္ျဖစ္ေနၿပီ..”
“ ဟုတ္ကဲ့ေမေမ..”
ဘြားဘြား၏အေျဖကို ကြၽန္ေတာ္မၾကားရေသာ္လည္း အိပ္မက္၏ေႏြးေထြးမႈေၾကာင့္ ကြၽန္ေတာ္ေပ်ာ္႐ႊင္ေနၿမဲ..။ ေမေမျပင္ဆင္ေပးထားသည့္ မနက္စာကို အရသာရွိစြာ စားသုံးေနဆဲ..။ စားသုံးၿပီးေနာက္ ယေန႔တြင္စတက္ရမည့္ ကြန္ပ်ဴတာသင္တန္းရွိရာ လွည္းတန္းသို႔ သြားရဦးမည္။
တစ္ဖက္တြင္ ေပ်ာ္႐ႊင္မႈတို႔ျဖင့္ျပည့္နက္ေနသည့္ ေကာင္ေလးတစ္ေယာက္ရွ္ိေနသကဲ့သို႔ တစ္ဖက္တြင္ေတာ့ ဝမ္းနည္းမႈတို႔ျဖင့္ႏိုးထလာသည့္ေကာင္ေလးတစ္ဦး ရွိေနခဲ့သည္။
ထိုသူမွာတျခားသူမဟုတ္..။ မရမ္းကုန္းၿမိဳ႕နယ္၊ ေလးရပ္ကြက္ရွိ ေအာင္မဂၤလာလမ္းတြင္ေနထိုင္ေသာ လမင္းကိုကိုပင္...။
ႏိုးထလာရမယ့္ မနက္ခင္းတိုင္းကို ကြၽန္ေတာ္ေၾကာက္တယ္။ အိပ္မက္ထဲက ခံစားမႈေတြက အိပ္ေနရင္းပဲရတာမ်ိဳးမဟုတ္ဘူး။ ႏိုးထ႐ုံနဲ႔မၿပီးဘူး။ အိပ္မက္ထဲက နာက်င္မႈေတြက ျပင္ပမနက္ခင္းေတြဖ်က္ဆီးပစ္တယ္။ မုန္းမိတယ္။ အိပ္မက္ထဲကလူေျပာေနက် စကားတစ္ခြန္းက ကြၽန္ေတာ့္ႏွလုံးသားကို တင္းက်ပ္ေစတယ္။ “ကိုယ္ေစာင့္ေနတယ္။ ေကာင္ေလးရဲ႕ဆုေတာင္းေတြျပည့္ေအာင္ ကိုယ္ဖန္တီးေပးမယ္။ ကိုယ္ကလြဲၿပီး ဘယ္သူ႔ကိုမွမခ်စ္ရဘူး” တဲ့ေလ။ အမိန႔္ဆန္လြန္းတဲ့ သူ႔အသံကို သေဘာမက်။ လြန္ဆန္ရဲတဲ့ သတၱိကလည္းမရွိျပန္ဘူး..။ ကြၽန္ေတာ့္ႏွလုံးသားကို လြတ္လပ္ခြင့္မေပးတဲ့ အဲဒီလူႀကီးကို တကယ္မုန္းခ်င္တယ္။ မုန္းလို႔လည္းမရျပန္ဘူး..။ တစ္ခါတေလဆိုရင္ သူ႔ခႏၶာကိုယ္မွာ ေသြးေတြနဲ႔ ဒဏ္ရာေတြနဲ႔..။ ဒါေပမဲ့ သူ႔ရဲ႕နာက်င္မႈေတြကို ဂ႐ုမစိုက္ဘဲ.. ကြၽန္ေတာ့္ကို ေတာင္းပန္ေနေသးတာ။ အဲဒီလိုမက္ျမင္ရေတာ့လည္း သနားသလိုလိုနဲ႔...။ ဟူး... စိတ္ရႈပ္လိုက္တာ...။
စိတ္ရႈပ္မႈတို႔သည္ မ်က္ႏွာေပၚတြင္ ထင္ဟပ္လ်က္ အိမ္ေအာက္ထပ္သို႔ဆင္းသြားမိသည္။ မိမိကိုျမင္ေသာအခါ ထုံးစံအတိုင္းပင္ ေမေမေမးေနက်စကားျဖင့္ ႏႈတ္ဆက္လာသည္။
“ အိပ္မက္ေတြေၾကာင့္ စိတ္မၾကည္ျပန္ဘူးလားသား..”
“ ဟုတ္တယ္ေမေမ.. “
“ အဲဒါေၾကာင့္ သားကိုေမေမေျပာသားပဲ။ တတ္ကြၽမ္းတဲ့ဆရာေတြနဲ႔ ျပပါမယ္ဆိုတာကို သားကမွလက္မခံပဲ “
“ သားကိုက ေရွ႕ျဖစ္ေနာက္ျဖစ္ေတြကို မယုံတာေမေမရယ္ “
“ ယုံခိုင္းေနတာမွမဟုတ္တာပဲ။ ဒီလိုႀကီးခဏခဏျဖစ္ေနေတာ့ ေရရွည္ဘယ္ေကာင္းမလဲ “
“ မသိေတာ့ဘူးေမေမရယ္ “
“ အင္း အင္း.. ထားေတာ့။ အခုသားသင္တန္းသြားရဦးမွာမဟုတ္လား။ မနက္စာစားေတာ့ “
မနက္စာစားၿပီးေနာက္ မိမိတက္လက္စ ကြန္ပ်ဴတာသင္တန္းကိုသြားရဦးမည္။
အခ်ိန္အားျဖင့္ ဆယ့္ႏွစ္နာရီထိုးေသာအခါ ျပင္ဆင္၍ သင္တန္းသို႔လာခဲ့သည္။ ေလွကားေပၚတက္ေနခ်ိန္တြင္ ေကာင္ေလးတစ္စုမွ စရင္းေနာက္ရင္း ေျပး၍ဆင္းလာသည္။ ေျပးဆင္းလာသည့္အရွိန္ကို မထိန္းႏိုင္ဘဲ မိမိကိုပါဝင္တိုက္မိသည္။ တိုက္လိုက္သည့္လူသည္ မိမိထက္အေကာင္ႀကီးသည္မို႔ ပို၍နာသည္။ ထို႔အျပင္ မိမိသည္ ထိုသူတိုက္လိုက္သည့္ အရွိန္ေၾကာင့္ အေနာက္သို႔လဲက်ေတာ့မည့္ဟန္ ျဖစ္သြားသည္။ သို႔ေသာ္ လဲေတာ့မက်။ ခါးကိုဖက္တြယ္ထားတဲ့ လက္တစ္စုံေၾကာင့္ျဖစ္သည္။
“ အ.. မင္းတို႔ေတြ ဘယ္လိုဆင္းလာတာလဲကြ။ လူေတြတက္လာတာ မျမင္ဘူးလား “
“ ေတာင္းပန္ပါတယ္ဗ်။ ကြၽန္ေတာ္တို႔က စရင္းေနာက္ရင္း ေျပးဆင္းလာေတာ့ ႐ုတ္တရက္တိုက္မိသြားတာပါ။ အားနာလိုက္တာ..။ အစ္ကို.. ဘယ္နားနာသြားေသးလဲ “
အားနာရသည္။ အစ္ကိုဟုသာေခၚေနေသာ္လည္း သူသည္မိမိထက္ လူေကာင္ေသးေနသည္။ မိမိခႏၶာကိုယ္ႀကီးႏွင့္ တိုက္မိသည္ေၾကာင့္ သူပို၍နာသြားႏိုင္သည္။
“ ရတယ္ ထားလိုက္ေတာ့။ အခုေလာေလာဆယ္ မင္းငါ့ခါးကို ဖက္ထားတာလႊတ္ေတာ့ “
“ ဗ်ာ.. ဟုတ္.. ဟုတ္ကဲ့..”
“ ဘယ္လိုေကာင္ေတြလဲမသိဘူး “
ပြစိပြစိေရ႐ြတ္ကာ အခန္းထဲသို႔ဝင္သြားသည့္ ထိုလူသား..။ ေယာက္်ားေလးတစ္ေယာက္ျဖစ္ပါလ်က္ ဤမွ်ေလာက္ခ်စ္စရာေကာင္းသည္ေလာ။ လက္ေမာင္းေလးကိုဖိလ်က္ အခန္းထဲသို႔ဝင္သြားေသာ သူသည္အေတာ္နာသြားပုံရသည္။ သူ၏လက္ေမာင္နာသြားမည္ကို စိုးရိမ္စိတ္ႏွင့္အတူၾကည့္ေနစဥ္ ေခါင္းထဲသို႔ထပ္၍ဝင္လာသည့္ အေတြးတစ္ခုက ရွိေနျပန္သည္။ ဤသည္မွာ သူ၏အသံကို ရင္းႏွီးေနသေယာင္ျဖစ္ေနသည္။ အေတြးနယ္တို႔လြန္ေနစဥ္ သူငယ္ခ်င္းတစ္စု၏ေခၚသံေၾကာင့္ အေတြးနယ္မွ ႐ုန္းထြက္လိုက္သည္။
“ ေဟ့ေကာင္ ေနသူရိန္.. ဘာရပ္လုပ္ေနတာလဲ သြားမယ္ေလ “
“ ဪ ေအး ေအး.. ဒါနဲ႔ မင္းတို႔က ဘယ္သြားမွာလဲ “
“ မုန႔္သြားမယ္ေလ လွည္တန္းစင္တာမွာ ဝယ္စရာရွိတာ ဝယ္မယ္ေလကြာ “
“ ေအးပါ.. သြားမယ္ “
သူငယ္ခ်င္းတစ္စု၏ အေခၚေကာင္းမႈေၾကာင့္ လွည္းတန္းစင္တာတစ္ခြင္တြင္ ေျခရာႏွံ႔ခဲ့သည္။ အဝတ္အစားေ႐ြးသည့္ေနရာတြင္ မိန္းကေလးမ်ားထက္ ပို၍ကဂ်ီကေဂ်ာင္က်လြန္းသည့္ ထိုတစ္သိုက္ေၾကာင့္ အခ်ိန္သည္လည္း အေတာ္ၾကာခဲ့သည္။ ထိုတစ္သိုက္စိတ္ႀကိဳက္ အဝတ္အစားႏွင့္ ဖိႏွပ္တို႔ဝယ္ၿပီးေသာအခါ မုန႔္စားခဲ့၍ အိမ္ျပန္ရသည္။
ကားစီးရန္ ကားဂိတ္တြင္ေစာင့္ေနစဥ္ ေလွကားတြင္ မိမိႏွင့္တိုက္မိခဲ့သည္ ျဖဴျဖဴေသးေသးအစ္ကိုေလး ရွိေနသည္။ မိမိကိုေတြ႕သည္ႏွင့္ သူ၏မ်က္ေမွာင္တို႔ကိုၾကဳတ္လိုက္သည္။ မိမိအား အျမင္မၾကည္ပုံရသည္။ ထို႔ေနာက္ YBS77လာေသာအခါ သူေရာမိမိပါ ကားေပၚတက္ခဲ့သည္။ အျပန္လမ္းေၾကာင္း တူျပန္သည္။ မိမိအားအျမင္မၾကည္သည့္သူသည္ မိမိအနားတြင္မရပ္ေပ..။ ထို႔ေၾကာင့္ အေနာက္ထဲသို႔ တိုးဝင္သြားသည္။ mini bus ျဖစ္၍ လူက်ပ္သည္။ လူက်ပ္သည့္အျပင္ ျဖဴျဖဴေသးေသးအစ္ကိုေလး၏ အေနာက္တြင္ ခါးပိုက္ႏႈိက္သမားက သူ၏ေက်ာပိုးအိတ္ကိုဇစ္ဖြင့္ေနသည္အား မိမိကလွမ္းျမင္လိုက္သည္။
ထို႔ေၾကာင့္ ျဖဴျဖဴေသးေသးအစ္ကိုေလး၏အနားသို႔ေရာက္ရန္ မိမိသည္လည္း လူၾကားထဲသို႔အတင္းတိုးဝင္လိုက္သည္။ သူ၏အနားသို႔ေရာက္ေသာအခါ ခါးပိုက္ႏွင့္ သူ၏အၾကားထဲသို႔ ဝင္ရပ္ကာ သူ႔အားကာထားေပးလိုက္သည္။ လူေကာင္ေသးသည္မို႔ သူသည္ မိမိရင္ခြင္ထဲတြင္။ သူအားအတင္းတိုးသကဲ့သို႔ျဖစ္ေနသည္မို႔ မိမိအားမ်က္ေစာင္းထိုးျပန္သည္။
လွလိုက္တဲ့ မ်က္ေစာင္းေလး...
အျမင္မၾကည္သည္က ပို၍ဆိုးႏိုင္သည္မို႔ ေျဖရွင္းျပရဦးမည္။ သို႔ေသာ္ အက်ယ္ႀကီးေျပာ၍မရ။ အေနာက္မွခါးပိုက္ႏႈိက္သည္ ဓားျဖင့္ထိုးသြားမည္ကိုလည္း စိုးရိမ္ရသည္။ ထို႔ေၾကာင့္ သူ၏ပါးအနားသို႔ မိမိက ဇက္ေလးပုကာ အသံတိုးတိုးျဖင့္ ေျဖရွင္းရသည္။
“ ခါးပိုက္ႏႈိက္ပါလာတယ္။ အစ္ကို႔အိတ္ကို ႏႈိက္ေနတယ္။ အဲဒါေၾကာင့္လာကာေပးတာ။ မ်က္ေစာင္းမထိုးပါနဲ႔ ..”
အရမ္းလွလို႔ပါ ဟူေသာစကားကိုေတာ့ မေျပာမိ။ ေျပာမိပါလွ်င္ ပို၍စိတ္ဆိုးသြားႏိုင္သည္။
“ မင္းအိတ္ကေရာ.. ျဖစ္ပါ့မလား “
“ ျဖစ္ပါတယ္။ ကြၽန္ေတာ့္ဖုန္းနဲ႔ ပိုက္ဆံကအက်ႌအိတ္ကပ္ထဲမွာ “
မွတ္တိုင္သုံးခုမွ်ေက်ာ္လာေသာ္အခါ မိမိတို႔အေရွ႕ရွိခုံတြင္ထိုင္ေနေသာ အေဒၚႀကီးက မွတ္တိုင္ပါ၍ထခဲ့သည္။ ျဖဴျဖဴေသးေသးအစ္ကိုေလးအား ဦးစားေပးကာ ထိုင္ခိုင္းခဲ့သည္။ ထိုင္ခုံတြင္ထိုင္လိုက္ေသာ သူက မိမိအားေမာ့ၾကည့္ကာ သူ႔၏အနားသို႔တိုးလာရန္ လက္ဟန္ျပသည္။ မိမိ၏ေလာရွည္အရပ္ေၾကာင့္ သူ႔အနားသို႔ေရာက္ရန္ ခါးကုန္းရျပန္သည္။
“ အခုလိုကူညီလို႔ ေက်းဇူးပဲ။ မင္းရဲ႕ေက်ာပိုးအိတ္.. ငါ့ကိုေပးထားမလား။ မင္းေက်ာပိုးအိတ္ကို ခြဲသြားဦးမယ္ “
“ ရပါတယ္။ ေက်ာပိုးအိတ္ထဲမွာ ပါစရာဆိုလို႔ စာအုပ္ပဲရွိတယ္။ ဒါေပမဲ့.. အစ္ကို ယူထားေပးရင္ေတာ့ ပိုအဆင္ေျပတာေပါ့ “
“ အင္း ေပးထား “
ဤသို႔ျဖင့္ ကားစီးခဲ့ရာ ရဲေဘာ္ေဟာင္းမွတ္တိုင္သို႔ေရာက္ေသာအခါ သူဆင္းသြားသည္။ မိမိဆင္းရမည့္ မွတ္တိုင္ႏွင့္ သိပ္၍မေဝးေပ။ မွတ္တိုင္မဆင္းခင္ ၿပဳံးျပခဲ့သည့္ အၿပဳံးေလးသည္ လွပေနျပန္သည္။
ထိုအၿပဳံးေလးၾကာင့္ ျမန္ဆန္လာေသာ ရင္ခုန္သံတို႔ကိုလည္း နားမလည္ျဖစ္ရသည္။ ဤရင္ခုန္သံတို႔အား အိပ္မက္သခင္ေလးမ်ား စိတ္ဆိုးေနမည္ေလာ..။
Advertisement
- In Serial40 Chapters
Vincent & Ezra
Vincent Brunos is the Don of the families. Ezra Gallo is a shy girl. When Vincent meets Ezra by chance, he can't help but feel enthralled by the young girl sitting on a couch, reading a book.
8 409 - In Serial153 Chapters
[HIATUS] Rainbow of the Horizon—Illuminating Our Darkened Path | Our World
"The world is unfair and unjust… that's the second time I've said that, haven't I?" Gin Sakato and Ringo Akanami's somewhat eventful life continued together with his ever so increasing number of companions in the unpredictable world they live in and discover its urban obscurity, as they blur the line of the 'unbelievables', 'believables', and the obliterated fourth wall. New people and new happenings came to their life as they move forward in the hardships and mishaps that are bound to test their individual strengths to survive in this (normal) world. But the sun's hope comes shining down after the rain of despair and sometimes, rainbows of bliss spreads in the horizon. Remembering the past, living in the present, and molding the future is what they have learned and instilled to their minds as their individual roles. And therefore, the journey of life continues awaiting the uncertain tomorrow. This is a sequel to Normal in Parenthesis. *Alternative name/abbreviation: NijiHo*
8 208 - In Serial26 Chapters
Zeno's Sapphire
She's a shy and soft girl who only finds comfort as long as she's next to her family but when she got lost and found by him. She felt new feeling that leads her to wanting the presence of that strict gay.
8 121 - In Serial54 Chapters
Resisting A Cocky Billionaire
6 simple rules. 6 rules she was unconsciously breaking, simply by trying to resist him. Karma wasn't fair when her fiancé ran away on their wedding day. As if that wasn't enough, Karma shipped her to another world that had to involve her wealthy, cocky and arrogant ex boyfriend. A world that involved a deal with a man she hated terribly. But, a deal isn't really one if rules are broken right? What happens when the stubborn Aisha Ahmad tries to resist a cocky billionaire?
8 307 - In Serial70 Chapters
That's Why I Love You
I never wondered what this could be...I just fuck you and leaveYou never wanted nothing from me....I just fuck you and leaveRead To Find Out More
8 101 - In Serial23 Chapters
All At Once
[Highest Ranking #1 in Team][Highest Ranking #1 in Harper][Highest Ranking #1 in Myles][Highest Ranking #1 in Cowboys][Highest Ranking #1 in Cheater][Highest Ranking #1 in NFL]Myles Cruz is a football player, who's only focus has been his game. He flys through defensive lines faster than no other. Harper Riley a newly single talented photographer. Witty, yet shy, she may be the only person who can tame Myles Cruz. After one night together a connection was formed. Now they can never go back.
8 203

