《Amiss Prayer (Zawgyi&Unicode) [Completed]》Part-46(နွေးထွေးမှု)
Advertisement
For Unicode
နွေးထွေးမှု
ဘယ်သူ့ကိုမှ ရင်မခုန်ဖူးတဲ့ကျွန်တော်က အခုသူ့ကိုမှ ရင်ခုန်မိတာလား...။ မထူးဆန်းဘူးလား.. ယောက်ျားလေးတစ်ယောက်မှန်းသိသိနဲ့ ရင်ခုန်မိတာ.. အံ့ဩစရာမကောင်းဘူးလား..။ မကြာသေးတဲ့ အချိန်ကာလကမှ သိခဲ့ရတဲ့သူကို ဒီလောက်ရင်နှီးမိတာ.. မဆန်းကြယ်ဘူးလား..။ အဲဒီအချိန် ခဏလေးအတွင်းမှာ ကျွန်တော်သူ့ကို တကယ်သဘောကျနေမိတာ..။ သေချာတာကတော့ သူနဲ့ပတ်သက်ပြီး ဖြစ်တည်ခဲ့ရတဲ့ အံ့ဩမှုတွေ.. ရင်ခုန်မှုတွေက ကျွန်တော့်အတွက် ကမ္ဘာပေါ်မှာ အထူးအဆန်းဆုံးဖြစ်နေတယ်..။
ကျွန်တော်ကြားဖူးတယ်.. အချစ်ဆိုတဲ့စကားလုံးက အဓိပ္ပာယ်တိတိကျကျ သတ်မှတ်လို့မရသေးတဲ့ ခံစားမှုပြစကားလုံးတဲ့..။ အဲဒီစကားလုံးလေးကို လူတွေက ရယူခြင်း.. ပိုင်ဆိုင်ခြင်း.. စသည်ဖြင့်ပေါ့.. အဓိပ္ပာယ်တွေသတ်မှတ်ကြတယ်..။ သူနဲ့မတွေ့ခင်အထိ အချစ်ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်သတ်မှတ်တဲ့ လူတွေထဲမှာ ကျွန်တော်မပါခဲ့ဘူး..။ အခုတော့.. ကျွန်တော် နည်းနည်းသတ်မှတ်ကြည့်မယ်..။
အချစ်ဆိုတာ အထူးအဆန်းဆုံးနှင့် အဆန်းကြယ်ဆုံးသော မေးခွန်းတို့စုဝေးရာ လှပသောခံစားမှု..။ အဖြေတိတိကျကျရှာမရပေမဲ့ လှပနေဆဲ..။ ခံစားနေရရင်း လှနေတာတော့သိတယ်.. အဲဒီအလှဆိုတာလည်း စာတွေ ကဗျာတွေနဲ့ တင်စားရင်းကို မမီနိုင်တဲ့ အလှမျိုး..။
ဒီလို တိတိကျကျအဖြေရှာမရတဲ့ စကားလုံးကို ဘယ်သူများဖန်တီးခဲ့တာလည်း..။ ဖန်တီးပြီး စတင်အသုံးပြုတဲ့လူတွေကရော ဘယ်လိုအဓိပ္ပာယ်တွေနဲ့ အသုံးပြုခဲ့တာလဲ...။ ရှေးလူကြီးတွေက ကျွန်တော်တို့ကို အလုပ်သိပ်ပေးတယ်..။ အဖြေမရသေးတဲ့မေးခွန်းတွေ အများကြီးထားခဲ့တယ်..။ နောင်လာနောင်သားတွေကလည်း အခုထိ ပင်ပင်ပန်းပန်း အဖြေရှာနေတာပဲ..။ အဖြေတိတိကျကျမရပေမဲ့ ပေါက်ကရ အဓိပ္ပာယ်တွေတော့ ထွက်လာတယ်..။ အခု ကျွန်တော့်အဖြေကလည်း ရူးကြောင်ကြောင်နဲ့လေ..။
အတွေးစတို့ဖြင့် လဝန်းငယ်ကိုကြည့်ကာ ပြုံးနေသော လမင်းကိုကို..။
ဒီအချိန်.. သူရော လမင်းကြီးကိုကြည့်နေမလား..။
အင်း.. ကျွန်တော်ကြည့်နေတယ်..။ အတွေးစတို့နဲ့တော့ မဟုတ်ဘူး.. လမင်းကို မြင်နေရတိုင်း သူ့ကိုမြင်နေသလို အေးချမ်းသွားလို့.. လသာတဲ့ညတာတွေကို ကျွန်တော်သဘောကျမိတယ်..။ ဒါကလည်း သူနဲ့တွေ့မှ ပြောင်းလဲသွားတဲ့ ကျွန်တော့်ရဲ့အကျင့်တစ်ခု..။ သူနဲ့တွေ့ပြီးမှ အကျင့်တစ်ခု ထပ်တိုးလာသေးတယ်..။ phone wallpaperမှာတင်ထားတဲ့ သူပုံကိုကြည့်ပြီး တစ်ခါတလေ တစ်ယောက်တည်းစကားပြောမိတယ်..။ ပြောနေတဲ့စကားကတော့ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး..။ သူ့ကိုဘယ်လောက်ချစ်ကြောင်း ဖော်ပြရုံပါ..။
ချစ်တယ်အစ်ကို... ခင်ဗျားလေးကိုလေ.. တကယ်မြတ်နိုးမိတယ်..။ ဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ ခင်ဗျားလေးကို မြတ်မြတ်နိုးနိုးမိချစ်တယ်..။ အိပ်မက်ထဲမှာ ခင်ဗျားပြောသွားတယ်နော်.. အတိတ်တုန်းက ကျွန်တော်သိပ်မှားခဲ့တာတဲ့..။ စိုးရိမ်မိတယ်.. ကိုယ်ကပေးဆပ်ချင်ရင်တောင် ကိုယ့်ရဲ့အမှားတွေကြောင့် သူ... ရယူရဲပါ့မလား...။
ပြင်ဆင်ခွင့်မရတော့တဲ့အတိတ်ကို ပြန်သွားချင်မိတယ်..။ သူ့ကိုနာကျင်စေခဲ့တဲ့အတိတ်တွေကို ပြန်ပြင်ဆင်ချင်တယ်..။ မရနိုင်မှန်းသိသိနဲ့ မျှော်လင့်နေရတာ ပင်ပန်းမှန်းသိတယ်..။ သူ့အတွက်ဆိုရင်တော့ ပင်ပန်းရလည်း အဆင်ပြေတယ်လေ...။
သူ့အတွက်သာ ဟူသောစိတ်ကူးငယ်တို့ဖြင့် phone screenကိုကြည့်နေရင်းပင် သူ၏ active now ဟူသော မီးအစိမ်းလေးကို မြင်ရသည်။ အလိုအလျောက် နှိပ်မိသွားသည်က call တစ်ခုသာဖြစ်သည်..။ ဆယ်စက္ကန့်မျှအကြာတွင် ကြားလာရသောအသံချိုချိုသည် နားထောင်ဖူးသမျှ သီချင်းတို့ထက် ပို၍ချိုမိန်သည်။
" ဟယ်လို.. "
" အစ်ကို.. မအိပ်သေးဘူးလား "
" အင်း "
" အစ်ကို အခုဘာလုပ်နေတာလဲ "
" ဒီလိုပါပဲ ဟိုတွေး ဒီတွေး..."
" ကျွန်တော့်အကြောင်းလေးရော မပါဘူးလား "
" မပါပါဘူး "
ဆိုခဲ့သည့်စကားသည် ဤသို့..။ လက်ညှိုးနှင့် လက်ခလယ်လည်း လိမ်ထားမိလို့...။
" အစ်ကို လမင်းကို ကြည့်နေသေးလား "
သူ... ကျွန်တော့်စိတ်ကိုများ သိနေတာလား
" ကျွန်တော်ကတော့ လမင်းကြီးကို ကြည့်နေတယ်.. လမင်းကြီးကို ခင်ဗျားလို့ထင်မှတ်ပြီးတော့ပေါ့.. "
" အဲဒါဆို ငါ့ရုပ်က လမင်းကြီးလိုပဲ ဆိုးနေလို့လား "
" ဟမ်.. ဘာရယ် "
" လမှာက ချိုင့်တွေ ခွက်တွေနဲ့.. ငါကအဲဒီလောက်ရုပ်ဆိုးလို့လား "
တွေးလည်းတွေးတတ်ပါ့... ကိုယ်ကတော့ စာဖွဲ့လိုက်ရတာ.. သူကတော့.. အဆိုးမြင်ဝါဒနဲ့.. တကယ်မလွယ်တဲ့လူကြီးလေး..။
" သူများတွေက လမင်းကိုစာဖွဲ့တာပဲကြားဖူးပါတယ်.. ခင်ဗျားလေးနဲ့ကျမှပဲ လမင်းကို ရုပ်ဆိုးတယ်ပြောရတယ်လို့.."
" ဪ.. ဒါကတော့ အတွေးအခေါ်ဉာဏ်မြင့်မားတာလေ "
" ဟုတ်ပါတယ်.. အဲဒီလူတတ်လေးကိုပဲ ကျွန်တော်ကချစ်နေရတာ "
" မနောက်နဲ့နေသူရိန် "
" နောက်တယ်လို့လည်း မပြောမိဘူးနော်..။ ကျွန်တော်အစ်ကို့ကို တကယ်ချစ်ခဲ့တာ..။ ကျွန်တော် ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး.. အစ်ကို့ကိုပဲချစ်မိတာ.. "
" မင်း.. စိတ်ကစားနေတာပါ "
" ကျွန်တော့်အရွယ်က စိတ်ကစားရမယ့်အရွယ်မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်.. "
" အချောအလှမိန်းကလေးတွေပုံနေတဲ့ ဒီလောကကြီးမှာ.. မင်းကအကြာကြီးလူဖြစ်ခဲ့ပြီးမှ.. ငါ့ကိုချစ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား "
" ဖြစ်နိုင်တာပေါ့.. လောကကြီးမှာရှိတဲ့ အချောအလှတွေက ဒီရင်ထဲကိုမရောက်ဘူး..။ ခင်ဗျားရဲ့ဘုနဲ့ဘောက်စကားတွေကသာ ဒီရင်ထဲကိုရောက်နေတာ "
" မင်းက.. ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ပြောထွက်တယ်နော်.. "
" ယောက်ျားလေးအချင်းချင်း ချစ်တယ်လို့ပြောရတာ လွယ်ကူတယ်ထင်လို့လား..။ လွယ်ကူတယ်ထင်ရင် အစ်ကို.. ကျွန်တော့်ကို တစ်ခါလောက် ပြောကြည့်ပါလား "
" တော်စမ်းပါကွာ.. အဲဒီအကြောင်းကြီးခဏခဏမပြောနဲ့။ ကြက်သီးထတယ် "
Advertisement
အမှန်ကတော့ ရင်ခုန်လာလို့ပါ..။ ကိုယ့်ရင်ခုန်သံတွေကို တစ်ဖက်လူမကြားရစေဖို့ကြိုးစားတဲ့အခါ.. ထိန်းမရတဲ့ကိုယ့်ရင်ခုန်သံကို တားဆီးမယ့်အစား.. စကားလုံးချိုချိုတွေကို သူဆက်မပြောအောင်.. ပိတ်ပင်လိုက်ခြင်းမျိုး။
" မကြားချင်လည်း နေ့တိုင်းပြောဦးမှာမို့လို့ နည်းနည်းသည်းခံနော်.. ဒီနေ့တော့ ဒါလေးပဲပြောမယ် "
" တကယ်ပဲ.. ပြောလည်း ပြောနိုင်တယ်"
" ဒါပေါ့... အခုညကိုးနာရီထိုးနေပြီနော် အစ်ကိုအိပ်သင့်ပြီ "
" အင်း အိပ်တော့မယ် "
" Goodnightပါဗျာ "
" အင်း "
တကယ်အချေကိုယ်တော်လေး.. အင်း တစ်လုံးနဲ့ဖုန်းချသွားလေရဲ့..။ စကားပြောရင်လည်း ဘုနဲ့ဘောက်.. ဘယ်လိုတွေချစ်ဖို့ကောင်းနေတာလဲ ခင်ဗျားလေးရယ်..။
တစ်ဖက်တွက်ပျော်နေသော နေသူရိန်.. တစ်ဖက်တွင် စိတ်ညစ်နေသော လမင်းကိုကို..
ညအိပ်ရာဝင်ချိန်တိုင်းတွင် ဆုတောင်းလေ့ရှိသည်က အိပ်မက်ဆိုးများမမက်ရန်ပင်..။ သို့သော် တစ်သက်တာဆုတောင်းခဲ့သော်လည်း ထိုဆုတောင်းမှာ ယနေ့အထိပြည့်မလာခဲ့..။
အမှောင်ထုတို့ ကြီးစိုးနေသောအခန်းငယ်..။ အေးစက်နေသာပတ်ဝန်းကျင်..။ သွေးတို့ဖြင့် စီးကပ်နေသော မိမိခန္ဓာကိုယ်..။ ထိုအခန်းငယ်သို့ ဝင်လာသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး..။ အမျိုးသားနှစ်ဦး၏နှိပ်စက်မှုကြောင့် နာကျင်ကာ အော်ဟစ်နေရသောမိမိ..။ ပင်ပန်းလှသည်..။ ရုန်းထွက်ချင်မိသည်။
နိုးထလာသောအခါတွင်လည်း အိပ်ရာထက်တွင် လှဲလျောင်းနေရသည်ကို သိသည်။ သို့သော် လှုပ်၍မရ..။ အော်မိသော်လည်း အသံမထွက်..။ နိုးတစ်ဝက်အိပ်မက်၏ ချုပ်နှောင်မှုတို့သည် အလွန်စိတ်ပင်ပန်းရသည်..။ ကြိုစား၍ ထနေရသော်လည်း အားတစ်ဝက်သာအရာထင်သည်မို့ ပင်ပန်းရသည်..။
နာရီလက်တံသည်လည်း ဆယ့်နှစ်နာရီသို့ ညွှန်ပြနေပြီ..။ ဆက်၍လည်း မအိပ်ရဲ..။ ဖုန်းကိုသာကိုင်၍ မြင်မြင်ရာ လျှောက်ကြည့်နေစဉ် ဝင်လာသည့် Messengerမှ phone callတစ်ခု..။
" အစ်ကို.. မအိပ်သေးဘူးလား "
" အိပ်နေရင်း လန့်နိုးလာတာ "
" အိပ်မက်ဆိုးတွေ မက်လို့လား "
" အင်း.. "
" ပုတီးစိပ်ပြီး ပြန်အိပ်ကြည့်ပါလား "
" မအိပ်ရဲတော့ဘူး.. ပင်ပန်းတယ်.. အဲဒီလိုတွေခဏခဏမက်နေတာ တကယ်စိတ်ကုန်တယ် "
" မအိပ်တာက အိပ်ရေးပျက်ပြီး ပိုမပင်ပန်းဘူးလား "
" ရတယ်.. ညနေက အိပ်ထားတယ် "
" ဪ.. အင်းပါ.. အစ်ကိုမအိပ်သေးရင် ကျွန်တော်က စကားပြောရင်း အဖော်လုပ်ပေးမယ်လေ.. "
" အဲဒါဆို မင်းကရော.. မအိပ်သေးဘူးလား "
" ကျွန်တော်က ဇီးကွက် "
" ဪ "
" အခု.. စကားစပြောမယ်နော်.. လောလောဆယ် အစ်ကို့အကြောင်း အကုန်ပြောပြ.. ပြီးရင် ကျွန်တော့်အကြောင်း အကုန်ပြောပြမယ် "
" အင်း "
ရင်နှီးမှုယူတဲ့သဘောနဲ့ သူ့အကြောင်း ကိုယ့်အကြောင်း အကုန်ပြောပြခိုင်းတယ်ပေါ့..။ စိတ်ရှည်ရှည်နဲ့ သူ့အကြောင်းကို အကုန်ပြောပြပါရဲ့..။ ကျွန်တော့်အကြောင်းပြောနေရင်း တစ်ဝက်တောင်မရောက်သေးတဲ့အချိန်မှာ သူကအိပ်ပျော်သွားလေရဲ့..။ တကယ့် အဆိုးလေး...။
ချစ်ရသူလေး အိပ်ပျော်သွားသည်မို့ နေသူရိန်သည်လည်း အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်သည်။
မနက်အိပ်ရာထသောအချိန်တွင်လည်း စိတ်မကြည်ခဲ့..။ အိပ်ရေးမဝသည်ထက် ယနေ့တွင် ချစ်ရသူနှင့်တွေ့ရန်အချိန်သည် နည်းပါးနေသောကြောင့်ဖြစ်သည်။
သင်တန်းရောက်သောအခါတွင်လည်း သူငယ်ချင်းဖြစ်သူ ထက်မြက်မင်းသည် ကောင်မလေးတစ်ယောက်အား အီစီကလီလုပ်နေသည်။ အားပေးအားမြှောက်ပြုသူက ဝဏ္ဏ..။ ကျွန်တော်သည်က စိတ်မကြည်မှုတို့ကြီးစိုးလျက် တစ်ယောက်တည်းထိုင်နေမိသည်။
ဆရာရောက်လာသောအခါတွင် သင်ခန်းစာအသစ်တက်ခဲ့သည်။ ဆရာသင်ပြသမျှအား ထိုင်၍သာ လေ့ကျင့်နေသော်လည်း စိတ်ကမပါ..။ စိတ်တို့၏တည်နေရာသည်.. သူ့ထံတွင်သာရှိနေသည်။
သင်တန်းပြီးခါနီး နာရီဝက်အလိုတွင် အခန်းထဲသို့ ဝင်လာသည့် ကျွန်တော့်၏အကြည်ဓာတ်လေး..။ ကျွန်တော်ကြည့်နေသည်ကို သိလျက် မြင်ချင်ယောင်ဆောင်ကာ အနည်းငယ်မျှမနှုတ်ဆက်သည့်မို့ စိတ်ခုရသည်။
" အစ်ကို.. "
" စောလှချီလား "
" အင်း.. မေမေပေါ့.. အစ်ကိုထမင်းစားချိန်မီအောင် ကြက်ဆီထမင်းသွားပေးဆိုလို့ ရောက်လာတာ "
" လမင်းတို့အိမ်မှာ ဘာရှိလို့လဲ "
" ဖေဖေ့ရဲ့ ငါးနှစ်ပြည့် နှစ်ပတ်လည် "
" ဪ.. အေးပါ "
အစ်ကိုနှင့်စကားပြောပြီးနောက် ကြည့်လိုက်မိသည်က နေသူရိန်ပင်..။ မျက်နှာသည်က သာယာနေဟန်မတူ..။
ဒီကောင်လေး ဘာတွေဖြစ်နေတာလဲ..
သင်တန်းမဆင်းခင်တွင် ကျွန်တော်သည် အအေးသွားဝယ်ရန်အောက်သို့ ခဏဆင်းခဲ့သည်။ အအေးဝယ်၍ ပြန်တက်လာသောအခါ သင်တန်းဆင်းနေပြီဖြစ်၍ သူနှင့် လှေကားတွင် ဆုံမိသည်။ ဆုံသောအခါတွင်လည်း မိမိအရှေ့မှမဖယ်... ပိတ်၍ရပ်နေသည်။
" ဘာဖြစ်နေတာလဲ.. မျက်နှာက မသာမယာနဲ့ "
" ကျွန်တော့်ကို နည်းနည်းလေးတောင် မနှုတ်ဆက်ဘူးနော်.. အဲဒီလောက်ထိလျစ်လျူရှုနိုင်တာလား "
" မင်းစာသင်နေလို့ မနှုတ်ဆက်တာလေ.. အဲဒါနဲ့ပဲ ရုပ်က အခုလိုဖြစ်ရောလား "
" ညကကျတော့ရော.. စကားပြောနေရင် တန်းလန်း မပြောမဆိုနဲ့ အိပ်ပျော်သွားတယ်လေ..။ ကျွန်တော့်မှာတော့ အဖော်လုပ်နေရတာကို.. ခင်ဗျားက အိပ်ရက်တယ် "
လူကောင်ကြည့်တော့ ကိုယ့်ထက်ကြီးတယ်..။ ခန့်ညားနေတဲ့ရုပ်ကြီးနဲ့ တောင့်တင်းနေတဲ့ကြွက်သားကိုမှ အားမနာ နှုတ်ခမ်းစူပြီး စိတ်ကောက်တယ်ပေါ့..။ ဟိ ဟိ ရယ်ချင်လာပြီ..။
" ခွီ .."
" အဲဒီမှာ ရယ်နေလိုက်.. "
" အေးပါအေးပါ.. ငါမှားတယ်.. ဘယ်လိုချော့ရမလဲ "
" မုန့်ဝယ်ကျွေး.. "
Advertisement
သာယာနေသော အချစ်ငှက်နှစ်ကောင်သည် ပတ်ဝန်းကျင်ကို မေ့နေသည်မို့ နေသူရိန်၏သူငယ်ချင်းတို့က အသိပေးရပြန်သည်။
" အဟမ်း... သိက္ခာရှင်ကြီး ဦးနေသူရိန်က အခုတစ်လော ပုံမှန်တွေမဟုတ်ဘူး..။ ကိုယ့်ဘာသာကိုယ် ဝယ်စားနိုင်ရဲ့နဲ့ တောင်းစားနေတော့.. ကြည့်ရတာ သိပ်အဆင်ပြေမနေဘူး "
" ဪ.. ဒါကတော့ ချစ်သူကျွေးတဲ့အစားအစာက ပိုအရသာရှိတယ်လေကွာ "
" အယ်... ချစ်သူတဲ့လား.. ချက်ချင်းကြီး ကွေးကုန်ပြီဟ "
" သူတစ်ယောက်တည််းတွက်ပဲ ကွေးတာ "
မိမိအားစိုက်ကြည့်၍ပြောနေသူက နေသူရိန်..။ သဘောကျသူတစ်သိုက်က နေသူရိန်၏ သူငယ်ချင်းပင် ..။
" မင်း ကြီးတော်ကြီးကို ချစ်သူပါလား... အရှက်မရှ်ိလိုက်တာ.. "
ထိုစကားကို စိတ်တိုရကောင်းမှန်း ကျွန်တော်သိသည်..။ သို့သော် သူဖြစ်နေသည်မို့ စိတ်မတိုရက်..။ ချစ်သူနှုတ်ဖျားမှ ကျလာသည့်စကားလုံးတိုင်းသည် ပျားရည်ပေါ်တွင် ပန်းပွင့်ချပ်များ စီထားသည့်နှယ်..။ ချိုမြိန်လှပလွန်းသည်။ သူ၏စိတ်ထဲတွင် ဂေါ်ဖီပန်းဖြစ်ကောင်းဖြစ်နိုင်သည်။ မိမိ၏စိတ်ထဲတွင်တော့ နှင်းဆီပန်းသဖွယ်ပင်..။ မျက်စောင်းထိုးကာ အပြစ်တင်လာသည့်သူ့အား ပို၍မြတ်နိုးရသည်မို့ နှာခေါင်းလေးကို လက်ညှိုးနှင့် တို့လိုက်မိသည်..။
" အဲဒီလိုအရှက်မရှိတာတွေက.. ခင်ဗျားနဲ့မှ ဖြစ်ပေါ်လာတာ "
" မင်းမုန့်စားမှာမဟုတ်လား ဆင်းခဲ့ "
နွေးထွေးမှုနှင့် ရှက်စိတ်တို့ ရောထွေးလာသည်မို့ လှေကားမှအမြန်ဆင်းခဲ့ရသည်။
ခြေလှမ်းတို့၏ဦးတည်ရာသည် Lotteria ကြက်ကြော်ဆိုင်လေးသို့..။
ကြက်ကြော်စားနေစဥ်တွင် အလိုက်ကမ်းဆိုးမသိသည့် chilli sauceက နှုတ်ခမ်းတွင်ပေသွားသည်။ အကွက်ကောင်းကို စောင့်နေသူက နေသူရိန်ပင်ဖြစ်သည်။
သူ့နှုတ်ခမ်းတွေပေနေသော sauceကို လက်မနှင့်သုတ်ပေးကာ ထိုလက်မတွင်ပေလာသော sauceကို ကျွန်တော်ကပြန်လည်စားသုံးမိသည်။
အရသာရှိလိုက်လေခြင်း...
" လူရှေ့သူရှေ့မှာ နည်းနည်းပါးပါးဆင်ခြင်ပါဦးလား "
" အစ်ကိုလည်း ကျွန်တော်မဆွဲဆောင်နဲ့လေ.. "
" ငါက ဘာကိုဆွဲဆောင်နေလို့လဲ "
" သေချာတာကတော့.. အစ်ကို့ရဲ့ အမူအရာတိုင်းကို ကျွန်တော်မြတ်နိုးနေတာပဲ "
" အားနေ အဲဒါပဲပြောနေ.. ငါသွားတော့မယ်.. သင်တန်းစတော့မှာ မို့လို့ "
ထွက်သွားတဲ့သူ့ကို လက်ကနေလှမ်းဆွဲထားလိုက်တယ်..။ တခြားဝိုင်းကလူတွေကတော့ အဓိပ္ပာယ်မျိုးစုံနဲ့ လှမ်းကြည့်ကြတယ်..။ ကျွန်တော်ဂရုမစိုက်ဘူးလေ..။ သူနဲ့ပတ်သက်မှပဲ ကျွန်တော်သိပ်ရဲတင်းလာတယ်..။
" ခဏနေဦး "
" ဘာတုံး "
" ကျွန်တော့်ကို ဘယ်တော့ အဖြေပြန်ပေးမှာလဲ "
" ငါ.. ငါ စဉ်းစားနေတုန်း.. လူတွေကြည့်နေတယ်လေ.. ဖယ်တော့.. "
လက်ကိုရုန်းကာ အတင်းထွက်လာသည့် ကျွန်တော်..။
တကယ်ပဲ.. ဒီကောင်လေးရဲတင်းလိုက်တာ..။ ရှက်ပြီး စိတ်တိုရကောင်းမှန်းသိပေမဲ့ ဘာလို့စိတ်မတိုရတာလဲ..။ သူနဲ့ပတ်သက်လာရင် ကိုယ့်ဘာသာကိုယ် တကယ်နားမလည်နိုင်ဘူး..။
ဤသို့ နားမလည်မှုများစွာထဲတွင် ကျွန်တော်သေချာပေါက် သိနေသည်က ကျွန်တော်.. သူ့ကိုချစ်မိနေသည်..။ မကြာသေးသော အချိန်ကာလတွင် သိကျွမ်းခဲ့သည်ဟူသော တားဆီးမှုသာ မရှိခဲ့လျှင်.. မည်မျှကောင်းလိုက်မည်နည်း..။
For Zawgyi
ေႏြးေထြးမႈ
ဘယ္သူ႔ကိုမွ ရင္မခုန္ဖူးတဲ့ကြၽန္ေတာ္က အခုသူ႔ကိုမွ ရင္ခုန္မိတာလား...။ မထူးဆန္းဘူးလား.. ေယာက္်ားေလးတစ္ေယာက္မွန္းသိသိနဲ႔ ရင္ခုန္မိတာ.. အံ့ဩစရာမေကာင္းဘူးလား..။ မၾကာေသးတဲ့ အခ်ိန္ကာလကမွ သိခဲ့ရတဲ့သူကို ဒီေလာက္ရင္ႏွီးမိတာ.. မဆန္းၾကယ္ဘူးလား..။ အဲဒီအခ်ိန္ ခဏေလးအတြင္းမွာ ကြၽန္ေတာ္သူ႔ကို တကယ္သေဘာက်ေနမိတာ..။ ေသခ်ာတာကေတာ့ သူနဲ႔ပတ္သက္ၿပီး ျဖစ္တည္ခဲ့ရတဲ့ အံ့ဩမႈေတြ.. ရင္ခုန္မႈေတြက ကြၽန္ေတာ့္အတြက္ ကမာၻေပၚမွာ အထူးအဆန္းဆုံးျဖစ္ေနတယ္..။
ကြၽန္ေတာ္ၾကားဖူးတယ္.. အခ်စ္ဆိုတဲ့စကားလုံးက အဓိပၸာယ္တိတိက်က် သတ္မွတ္လို႔မရေသးတဲ့ ခံစားမႈျပစကားလုံးတဲ့..။ အဲဒီစကားလုံးေလးကို လူေတြက ရယူျခင္း.. ပိုင္ဆိုင္ျခင္း.. စသည္ျဖင့္ေပါ့.. အဓိပၸာယ္ေတြသတ္မွတ္ၾကတယ္..။ သူနဲ႔မေတြ႕ခင္အထိ အခ်စ္ဆိုတဲ့စကားလုံးကို အဓိပၸာယ္သတ္မွတ္တဲ့ လူေတြထဲမွာ ကြၽန္ေတာ္မပါခဲ့ဘူး..။ အခုေတာ့.. ကြၽန္ေတာ္ နည္းနည္းသတ္မွတ္ၾကည့္မယ္..။
အခ်စ္ဆိုတာ အထူးအဆန္းဆုံးႏွင့္ အဆန္းၾကယ္ဆုံးေသာ ေမးခြန္းတို႔စုေဝးရာ လွပေသာခံစားမႈ..။ အေျဖတိတိက်က်ရွာမရေပမဲ့ လွပေနဆဲ..။ ခံစားေနရရင္း လွေနတာေတာ့သိတယ္.. အဲဒီအလွဆိုတာလည္း စာေတြ ကဗ်ာေတြနဲ႔ တင္စားရင္းကို မမီႏိုင္တဲ့ အလွမ်ိဳး..။
ဒီလို တိတိက်က်အေျဖရွာမရတဲ့ စကားလုံးကို ဘယ္သူမ်ားဖန္တီးခဲ့တာလည္း..။ ဖန္တီးၿပီး စတင္အသုံးျပဳတဲ့လူေတြကေရာ ဘယ္လိုအဓိပၸာယ္ေတြနဲ႔ အသုံးျပဳခဲ့တာလဲ...။ ေရွးလူႀကီးေတြက ကြၽန္ေတာ္တို႔ကို အလုပ္သိပ္ေပးတယ္..။ အေျဖမရေသးတဲ့ေမးခြန္းေတြ အမ်ားႀကီးထားခဲ့တယ္..။ ေနာင္လာေနာင္သားေတြကလည္း အခုထိ ပင္ပင္ပန္းပန္း အေျဖရွာေနတာပဲ..။ အေျဖတိတိက်က်မရေပမဲ့ ေပါက္ကရ အဓိပၸာယ္ေတြေတာ့ ထြက္လာတယ္..။ အခု ကြၽန္ေတာ့္အေျဖကလည္း ႐ူးေၾကာင္ေၾကာင္နဲ႔ေလ..။
အေတြးစတို႔ျဖင့္ လဝန္းငယ္ကိုၾကည့္ကာ ၿပဳံးေနေသာ လမင္းကိုကို..။
ဒီအခ်ိန္.. သူေရာ လမင္းႀကီးကိုၾကည့္ေနမလား..။
အင္း.. ကြၽန္ေတာ္ၾကည့္ေနတယ္..။ အေတြးစတို႔နဲ႔ေတာ့ မဟုတ္ဘူး.. လမင္းကို ျမင္ေနရတိုင္း သူ႔ကိုျမင္ေနသလို ေအးခ်မ္းသြားလို႔.. လသာတဲ့ညတာေတြကို ကြၽန္ေတာ္သေဘာက်မိတယ္..။ ဒါကလည္း သူနဲ႔ေတြ႕မွ ေျပာင္းလဲသြားတဲ့ ကြၽန္ေတာ့္ရဲ႕အက်င့္တစ္ခု..။ သူနဲ႔ေတြ႕ၿပီးမွ အက်င့္တစ္ခု ထပ္တိုးလာေသးတယ္..။ phone wallpaperမွာတင္ထားတဲ့ သူပုံကိုၾကည့္ၿပီး တစ္ခါတေလ တစ္ေယာက္တည္းစကားေျပာမိတယ္..။ ေျပာေနတဲ့စကားကေတာ့ ထူးထူးဆန္းဆန္းမဟုတ္ပါဘူး..။ သူ႔ကိုဘယ္ေလာက္ခ်စ္ေၾကာင္း ေဖာ္ျပ႐ုံပါ..။
ခ်စ္တယ္အစ္ကို... ခင္ဗ်ားေလးကိုေလ.. တကယ္ျမတ္ႏိုးမိတယ္..။ ဘယ္သူ႔ကိုမွမခ်စ္ဖူးတဲ့အခ်စ္မ်ိဳးနဲ႔ ခင္ဗ်ားေလးကို ျမတ္ျမတ္ႏိုးႏိုးမိခ်စ္တယ္..။ အိပ္မက္ထဲမွာ ခင္ဗ်ားေျပာသြားတယ္ေနာ္.. အတိတ္တုန္းက ကြၽန္ေတာ္သိပ္မွားခဲ့တာတဲ့..။ စိုးရိမ္မိတယ္.. ကိုယ္ကေပးဆပ္ခ်င္ရင္ေတာင္ ကိုယ့္ရဲ႕အမွားေတြေၾကာင့္ သူ... ရယူရဲပါ့မလား...။
ျပင္ဆင္ခြင့္မရေတာ့တဲ့အတိတ္ကို ျပန္သြားခ်င္မိတယ္..။ သူ႔ကိုနာက်င္ေစခဲ့တဲ့အတိတ္ေတြကို ျပန္ျပင္ဆင္ခ်င္တယ္..။ မရႏိုင္မွန္းသိသိနဲ႔ ေမွ်ာ္လင့္ေနရတာ ပင္ပန္းမွန္းသိတယ္..။ သူ႔အတြက္ဆိုရင္ေတာ့ ပင္ပန္းရလည္း အဆင္ေျပတယ္ေလ...။
သူ႔အတြက္သာ ဟူေသာစိတ္ကူးငယ္တို႔ျဖင့္ phone screenကိုၾကည့္ေနရင္းပင္ သူ၏ active now ဟူေသာ မီးအစိမ္းေလးကို ျမင္ရသည္။ အလိုအေလ်ာက္ ႏွိပ္မိသြားသည္က call တစ္ခုသာျဖစ္သည္..။ ဆယ္စကၠန႔္မွ်အၾကာတြင္ ၾကားလာရေသာအသံခ်ိဳခ်ိဳသည္ နားေထာင္ဖူးသမွ် သီခ်င္းတို႔ထက္ ပို၍ခ်ိဳမိန္သည္။
" ဟယ္လို.. "
" အစ္ကို.. မအိပ္ေသးဘူးလား "
" အင္း "
" အစ္ကို အခုဘာလုပ္ေနတာလဲ "
" ဒီလိုပါပဲ ဟိုေတြး ဒီေတြး..."
" ကြၽန္ေတာ့္အေၾကာင္းေလးေရာ မပါဘူးလား "
" မပါပါဘူး "
ဆိုခဲ့သည့္စကားသည္ ဤသို႔..။ လက္ညႇိဳးႏွင့္ လက္ခလယ္လည္း လိမ္ထားမိလို႔...။
" အစ္ကို လမင္းကို ၾကည့္ေနေသးလား "
သူ... ကြၽန္ေတာ့္စိတ္ကိုမ်ား သိေနတာလား
" ကြၽန္ေတာ္ကေတာ့ လမင္းႀကီးကို ၾကည့္ေနတယ္.. လမင္းႀကီးကို ခင္ဗ်ားလို႔ထင္မွတ္ၿပီးေတာ့ေပါ့.. "
" အဲဒါဆို ငါ့႐ုပ္က လမင္းႀကီးလိုပဲ ဆိုးေနလို႔လား "
" ဟမ္.. ဘာရယ္ "
" လမွာက ခ်ိဳင့္ေတြ ခြက္ေတြနဲ႔.. ငါကအဲဒီေလာက္႐ုပ္ဆိုးလို႔လား "
ေတြးလည္းေတြးတတ္ပါ့... ကိုယ္ကေတာ့ စာဖြဲ႕လိုက္ရတာ.. သူကေတာ့.. အဆိုးျမင္ဝါဒနဲ႔.. တကယ္မလြယ္တဲ့လူႀကီးေလး..။
" သူမ်ားေတြက လမင္းကိုစာဖြဲ႕တာပဲၾကားဖူးပါတယ္.. ခင္ဗ်ားေလးနဲ႔က်မွပဲ လမင္းကို ႐ုပ္ဆိုးတယ္ေျပာရတယ္လို႔.."
" ဪ.. ဒါကေတာ့ အေတြးအေခၚဉာဏ္ျမင့္မားတာေလ "
" ဟုတ္ပါတယ္.. အဲဒီလူတတ္ေလးကိုပဲ ကြၽန္ေတာ္ကခ်စ္ေနရတာ "
" မေနာက္နဲ႔ေနသူရိန္ "
" ေနာက္တယ္လို႔လည္း မေျပာမိဘူးေနာ္..။ ကြၽန္ေတာ္အစ္ကို႔ကို တကယ္ခ်စ္ခဲ့တာ..။ ကြၽန္ေတာ္ ဘယ္သူ႔ကိုမွမခ်စ္ခဲ့ဖူးဘူး.. အစ္ကို႔ကိုပဲခ်စ္မိတာ.. "
" မင္း.. စိတ္ကစားေနတာပါ "
" ကြၽန္ေတာ့္အ႐ြယ္က စိတ္ကစားရမယ့္အ႐ြယ္မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္သိတယ္.. "
" အေခ်ာအလွမိန္းကေလးေတြပုံေနတဲ့ ဒီေလာကႀကီးမွာ.. မင္းကအၾကာႀကီးလူျဖစ္ခဲ့ၿပီးမွ.. ငါ့ကိုခ်စ္တယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား "
" ျဖစ္ႏိုင္တာေပါ့.. ေလာကႀကီးမွာရွိတဲ့ အေခ်ာအလွေတြက ဒီရင္ထဲကိုမေရာက္ဘူး..။ ခင္ဗ်ားရဲ႕ဘုနဲ႔ေဘာက္စကားေတြကသာ ဒီရင္ထဲကိုေရာက္ေနတာ "
" မင္းက.. ခ်စ္တယ္ဆိုတဲ့စကားကို လြယ္လြယ္နဲ႔ေျပာထြက္တယ္ေနာ္.. "
" ေယာက္်ားေလးအခ်င္းခ်င္း ခ်စ္တယ္လို႔ေျပာရတာ လြယ္ကူတယ္ထင္လို႔လား..။ လြယ္ကူတယ္ထင္ရင္ အစ္ကို.. ကြၽန္ေတာ့္ကို တစ္ခါေလာက္ ေျပာၾကည့္ပါလား "
" ေတာ္စမ္းပါကြာ.. အဲဒီအေၾကာင္းႀကီးခဏခဏမေျပာနဲ႔။ ၾကက္သီးထတယ္ "
အမွန္ကေတာ့ ရင္ခုန္လာလို႔ပါ..။ ကိုယ့္ရင္ခုန္သံေတြကို တစ္ဖက္လူမၾကားရေစဖို႔ႀကိဳးစားတဲ့အခါ.. ထိန္းမရတဲ့ကိုယ့္ရင္ခုန္သံကို တားဆီးမယ့္အစား.. စကားလုံးခ်ိဳခ်ိဳေတြကို သူဆက္မေျပာေအာင္.. ပိတ္ပင္လိုက္ျခင္းမ်ိဳး။
" မၾကားခ်င္လည္း ေန႔တိုင္းေျပာဦးမွာမို႔လို႔ နည္းနည္းသည္းခံေနာ္.. ဒီေန႔ေတာ့ ဒါေလးပဲေျပာမယ္ "
" တကယ္ပဲ.. ေျပာလည္း ေျပာႏိုင္တယ္"
" ဒါေပါ့... အခုညကိုးနာရီထိုးေနၿပီေနာ္ အစ္ကိုအိပ္သင့္ၿပီ "
" အင္း အိပ္ေတာ့မယ္ "
" Goodnightပါဗ်ာ "
" အင္း "
တကယ္အေခ်ကိုယ္ေတာ္ေလး.. အင္း တစ္လုံးနဲ႔ဖုန္းခ်သြားေလရဲ႕..။ စကားေျပာရင္လည္း ဘုနဲ႔ေဘာက္.. ဘယ္လိုေတြခ်စ္ဖို႔ေကာင္းေနတာလဲ ခင္ဗ်ားေလးရယ္..။
တစ္ဖက္တြက္ေပ်ာ္ေနေသာ ေနသူရိန္.. တစ္ဖက္တြင္ စိတ္ညစ္ေနေသာ လမင္းကိုကို..
ညအိပ္ရာဝင္ခ်ိန္တိုင္းတြင္ ဆုေတာင္းေလ့ရွိသည္က အိပ္မက္ဆိုးမ်ားမမက္ရန္ပင္..။ သို႔ေသာ္ တစ္သက္တာဆုေတာင္းခဲ့ေသာ္လည္း ထိုဆုေတာင္းမွာ ယေန႔အထိျပည့္မလာခဲ့..။
အေမွာင္ထုတို႔ ႀကီးစိုးေနေသာအခန္းငယ္..။ ေအးစက္ေနသာပတ္ဝန္းက်င္..။ ေသြးတို႔ျဖင့္ စီးကပ္ေနေသာ မိမိခႏၶာကိုယ္..။ ထိုအခန္းငယ္သို႔ ဝင္လာသည့္ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး..။ အမ်ိဳးသားႏွစ္ဦး၏ႏွိပ္စက္မႈေၾကာင့္ နာက်င္ကာ ေအာ္ဟစ္ေနရေသာမိမိ..။ ပင္ပန္းလွသည္..။ ႐ုန္းထြက္ခ်င္မိသည္။
ႏိုးထလာေသာအခါတြင္လည္း အိပ္ရာထက္တြင္ လွဲေလ်ာင္းေနရသည္ကို သိသည္။ သို႔ေသာ္ လႈပ္၍မရ..။ ေအာ္မိေသာ္လည္း အသံမထြက္..။ ႏိုးတစ္ဝက္အိပ္မက္၏ ခ်ဳပ္ေႏွာင္မႈတို႔သည္ အလြန္စိတ္ပင္ပန္းရသည္..။ ႀကိဳစား၍ ထေနရေသာ္လည္း အားတစ္ဝက္သာအရာထင္သည္မို႔ ပင္ပန္းရသည္..။
နာရီလက္တံသည္လည္း ဆယ့္ႏွစ္နာရီသို႔ ၫႊန္ျပေနၿပီ..။ ဆက္၍လည္း မအိပ္ရဲ..။ ဖုန္းကိုသာကိုင္၍ ျမင္ျမင္ရာ ေလွ်ာက္ၾကည့္ေနစဥ္ ဝင္လာသည့္ Messengerမွ phone callတစ္ခု..။
" အစ္ကို.. မအိပ္ေသးဘူးလား "
" အိပ္ေနရင္း လန႔္ႏိုးလာတာ "
" အိပ္မက္ဆိုးေတြ မက္လို႔လား "
" အင္း.. "
" ပုတီးစိပ္ၿပီး ျပန္အိပ္ၾကည့္ပါလား "
" မအိပ္ရဲေတာ့ဘူး.. ပင္ပန္းတယ္.. အဲဒီလိုေတြခဏခဏမက္ေနတာ တကယ္စိတ္ကုန္တယ္ "
" မအိပ္တာက အိပ္ေရးပ်က္ၿပီး ပိုမပင္ပန္းဘူးလား "
" ရတယ္.. ညေနက အိပ္ထားတယ္ "
" ဪ.. အင္းပါ.. အစ္ကိုမအိပ္ေသးရင္ ကြၽန္ေတာ္က စကားေျပာရင္း အေဖာ္လုပ္ေပးမယ္ေလ.. "
" အဲဒါဆို မင္းကေရာ.. မအိပ္ေသးဘူးလား "
" ကြၽန္ေတာ္က ဇီးကြက္ "
" ဪ "
" အခု.. စကားစေျပာမယ္ေနာ္.. ေလာေလာဆယ္ အစ္ကို႔အေၾကာင္း အကုန္ေျပာျပ.. ၿပီးရင္ ကြၽန္ေတာ့္အေၾကာင္း အကုန္ေျပာျပမယ္ "
" အင္း "
ရင္ႏွီးမႈယူတဲ့သေဘာနဲ႔ သူ႔အေၾကာင္း ကိုယ့္အေၾကာင္း အကုန္ေျပာျပခိုင္းတယ္ေပါ့..။ စိတ္ရွည္ရွည္နဲ႔ သူ႔အေၾကာင္းကို အကုန္ေျပာျပပါရဲ႕..။ ကြၽန္ေတာ့္အေၾကာင္းေျပာေနရင္း တစ္ဝက္ေတာင္မေရာက္ေသးတဲ့အခ်ိန္မွာ သူကအိပ္ေပ်ာ္သြားေလရဲ႕..။ တကယ့္ အဆိုးေလး...။
ခ်စ္ရသူေလး အိပ္ေပ်ာ္သြားသည္မို႔ ေနသူရိန္သည္လည္း အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္သည္။
မနက္အိပ္ရာထေသာအခ်ိန္တြင္လည္း စိတ္မၾကည္ခဲ့..။ အိပ္ေရးမဝသည္ထက္ ယေန႔တြင္ ခ်စ္ရသူႏွင့္ေတြ႕ရန္အခ်ိန္သည္ နည္းပါးေနေသာေၾကာင့္ျဖစ္သည္။
သင္တန္းေရာက္ေသာအခါတြင္လည္း သူငယ္ခ်င္းျဖစ္သူ ထက္ျမက္မင္းသည္ ေကာင္မေလးတစ္ေယာက္အား အီစီကလီလုပ္ေနသည္။ အားေပးအားေျမႇာက္ျပဳသူက ဝဏၰ..။ ကြၽန္ေတာ္သည္က စိတ္မၾကည္မႈတို႔ႀကီးစိုးလ်က္ တစ္ေယာက္တည္းထိုင္ေနမိသည္။
ဆရာေရာက္လာေသာအခါတြင္ သင္ခန္းစာအသစ္တက္ခဲ့သည္။ ဆရာသင္ျပသမွ်အား ထိုင္၍သာ ေလ့က်င့္ေနေသာ္လည္း စိတ္ကမပါ..။ စိတ္တို႔၏တည္ေနရာသည္.. သူ႔ထံတြင္သာရွိေနသည္။
သင္တန္းၿပီးခါနီး နာရီဝက္အလိုတြင္ အခန္းထဲသို႔ ဝင္လာသည့္ ကြၽန္ေတာ့္၏အၾကည္ဓာတ္ေလး..။ ကြၽန္ေတာ္ၾကည့္ေနသည္ကို သိလ်က္ ျမင္ခ်င္ေယာင္ေဆာင္ကာ အနည္းငယ္မွ်မႏႈတ္ဆက္သည့္မို႔ စိတ္ခုရသည္။
" အစ္ကို.. "
" ေစာလွခ်ီလား "
" အင္း.. ေမေမေပါ့.. အစ္ကိုထမင္းစားခ်ိန္မီေအာင္ ၾကက္ဆီထမင္းသြားေပးဆိုလို႔ ေရာက္လာတာ "
" လမင္းတို႔အိမ္မွာ ဘာရွိလို႔လဲ "
" ေဖေဖ့ရဲ႕ ငါးႏွစ္ျပည့္ ႏွစ္ပတ္လည္ "
" ဪ.. ေအးပါ "
အစ္ကိုႏွင့္စကားေျပာၿပီးေနာက္ ၾကည့္လိုက္မိသည္က ေနသူရိန္ပင္..။ မ်က္ႏွာသည္က သာယာေနဟန္မတူ..။
ဒီေကာင္ေလး ဘာေတြျဖစ္ေနတာလဲ..
သင္တန္းမဆင္းခင္တြင္ ကြၽန္ေတာ္သည္ အေအးသြားဝယ္ရန္ေအာက္သို႔ ခဏဆင္းခဲ့သည္။ အေအးဝယ္၍ ျပန္တက္လာေသာအခါ သင္တန္းဆင္းေနၿပီျဖစ္၍ သူႏွင့္ ေလွကားတြင္ ဆုံမိသည္။ ဆုံေသာအခါတြင္လည္း မိမိအေရွ႕မွမဖယ္... ပိတ္၍ရပ္ေနသည္။
" ဘာျဖစ္ေနတာလဲ.. မ်က္ႏွာက မသာမယာနဲ႔ "
" ကြၽန္ေတာ့္ကို နည္းနည္းေလးေတာင္ မႏႈတ္ဆက္ဘူးေနာ္.. အဲဒီေလာက္ထိလ်စ္လ်ဴရႈႏိုင္တာလား "
Advertisement
- In Serial18 Chapters
The Daily Life of a Supporting Character
When Arisa Tanaka dies from getting hit by a truck, she is reincarnated into future Japan. She wants to live a normal life, only to find her wish obstructed by various obstacles as she gradually uncovers secrets of the world she thought she knew. Follow Sia Analie through her eventful (and not so eventful) life as she tries to protect what's important to her.Reincarnation story inspired by Otoburi and Kenkyo.Warning! Slow plot progression.
8 172 - In Serial9 Chapters
Flowers Before the Dragon
Linnea must grant a boon to a dragon before inheirting the throne, little did she know that the dragon would be asking for her. --- Cover photo by Kenny Luo on Unsplash - https://unsplash.com/@kennyluoping --- Flowers Before the Dragon was inspired by the Grimm's fairy tales. I hope you enjoy it, and be sure to take a glance at my other works. I do updates on my twitter and blog on what I'm up to every now and again when it comes to my writing. Twitter: https://twitter.com/AdelaideGWest Blog: https://adelaidewest.blogspot.com/
8 114 - In Serial210 Chapters
Bride of War [WATTYS 22]
An unlucky bride makes a deal with a God of War to bless her marriage. Unfortunately, her husband has other plans and leaves her for dead at his altar.#8 in Romance
8 346 - In Serial17 Chapters
Last Call - A Heartstopper Fanfiction
Charlie x NickThis one might hurt
8 200 - In Serial17 Chapters
One Shots || stopped
Hello! This book will be one shots written by Admin Winter and Admin Summer. Please read, comment, vote and follow our account! We hope you enjoy the stories:))Okay actually it isn't one shots. Sometimes it will be stories with real content, other times it will be like a diary entry. Like what you would write in a diary if you saw your crush with another girl, etc.
8 153 - In Serial5 Chapters
Pickup Lines
"Your eyes are like limpid pools of primordial ooze, and I am the protozoa that wish to swim in their depths.""Uh Donnie? I just want pizza breh."¤¤¤In which Donnie just happens to be in love with Mikey, but there's just one problem: He sucks at pickup lines.Yes this is a 5 chapter story. I got bored and then boom! This was created. Enjoy this short story :D
8 177

