《Amiss Prayer (Zawgyi&Unicode) [Completed]》Part-48(ဝမ်းနည်းမှု)
Advertisement
For Unicode
ဝမ်းနည်းမှု
အစိုးမရသည့် ဝမ်းနည်းမှုတို့က နှစ်ဦးသားလုံး၏ရင်ထဲတွင် ပြည့်ကျပ်လျက်..။ ထွက်သွားသူတွင်လည်း ကြေကွဲမှုအပြည့်..။ ကျန်ခဲ့သူသည်လည်း နာကျင်မှုအပြည့်နှင့်...။ အတိတ်တို့မှ ရုန်းထွက်မရ၍ ခက်ခဲနေသည့်အထဲ.. တစ်ဖန်အလည်သွားရောက်သည်မို့ ပိုပို၍နာကျင်ရသည်။ ထွက်သွားသူလည်း ကျန်ခဲ့သူကိုမေ့မရခဲ့..။
သူဘာလို့ အဲဒီလောက်ရက်စက်ရတာလဲ..။ ချစ်ပါတယ်လို့ ရဲရဲဝံ့ဝံ့မပြောရဲ့တဲ့သူက ရက်ရက်စက်စက်တော့ သက်ဝံ့ခဲ့သလား။ ဘာအပြစ်တွေကျူးလွန်ခဲ့လို့လဲ..။ အပြစ်ရှ်ိခဲ့တယ်ဆိုရင်ရော.. ချစ်ရတဲ့သူအသက်နဲ့ ပေးဆပ်ရလောက်တဲ့အထိ ထိုက်တန်လို့လား..။ ချစ်ရသူကို တန်ဖိုးရမယ်လေ..။ သူဘာလို့တန်ဖိုးမထားခဲ့တာလဲ..။ အတိတ်ဘဝတွေတုန်းကတောင် ရူးသွပ်ခဲ့တာ.. ဒီဘဝမှာရော မရူးသွပ်ပါဘူးလို့ အာမခံနိုင်မလား...။ ကျွန်တော်ကရော ယုံရဲပါ့မလား...။ မယုံရတဲ့သူကို ချစ်မိတာ ဘယ်လောက်ဆိုးဝါးလိုက်တဲ့ ဒုက္ခလဲ..။ ရင်ထဲမှာ ပူလောင်လိုက်တာဗျာ..။
ထိုသို့ ထွက်သွားသူသည်လည်း တစ်စုံတစ်ရာသောအပြစ်တင်မှုနှင့်..။ ကျန်ခဲ့သူသည်လည်း အပြစ်တင်မှုတစ်စုံတစ်ရာနှင့်..။ ထွက်သွားခဲ့သူကို မေ့မရခဲ့..။
ကိုယ်ကသူ့ကိုသတ်တယ်တဲ့လား..။ ဟုတ်ရဲ့လား..။ အခုချိန်မှာတောင် ကိုယ်က မင်းကိုမြတ်မြတ်နိုးနိုးချစ်မိတယ်လေ..။ သတ်ဖို့နေနေသာသာ မှည့်တစ်ပေါက်လေးတောင် အစွန်းမခံချင်ခဲ့တာပါ..။ တကယ်မြတ်နိုးခဲ့မိတာပါ..။ မြတ်နိုးမိခဲ့လို့ ပိုင်ဆိုင်ထားချင်ရုံပါ..။ ပိုင်ဆိုင်ချင်တယ်ပြောလို့ အတ္တကြီးတယ်ထင်ရင်လည်းရတယ်..။ ဘယ်သူမဆို.. ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တာပဲလေ...။ ခင်ဗျားပိုင်ဆိုင်ခွင့်မပေးရင်တောင် ရအောင်ကြိုးစားနေမိဦးမှာမို့လို့ တောင်းပန်ပါတယ်နော်..။ မင်းလေးပဲပြောခဲ့တာလေ... ရုန်းထွက်ခဲ့ရင်တောင် လက်မလွှတ်လိုက်ပါနဲ့ဆို..။ စိတ်ချပါ.. လက်လွှတ်ဖို့ အစီအစဉ်မရှိတာမို့ ခင်ဗျားရဲ့လက်လေးကို သေချာဆုပ်ကိုင်မိဦးမှာ..။
တစ်ဦးကိုတစ်ဦးချစ်ပါလျက် တင်းခံနေသည့် မယုံကြည်မှုက အနှောင့်အယှက်ပြုလေပြီ..။ မြတ်နိုးလျက် ဝေးခဲ့ကြပြန်ပြီ..။ ထိုလူသားနှစ်ဦးလုံးတွင် အပြစ်မရှိ..။ လူငယ်နှစ်ဦး၏ မေတ္တာအကြား ဝင်ရောက်ဖျက်ဆီးခဲ့သော အတိတ်ဆိုးကိုသာ အပြစ်တင်မိသည်။
ထိုနေ့တွင် လမင်းကိုကိုသည် နေသူရိန်ပို့သည့်စာများကို စာမပြန်ခဲ့...။ တောင်းပန်သူကောင်လေးသည်က ထပ်ခါတလဲလဲ စာများကိုပို့ပေးသည်။ သို့သော် ထိုကောင်လေးအား လျစ်လျူရှုရန် Line outခဲ့သည်။ ရင်ထဲတွင်တော့ နာကျင်မှုကိုယ်စီနှင့်..။
ရှောင်လွှဲမှုတွင်တော်လွန်းသည့် ချစ်ရသူလေးသည် မိမိစာများကိုမပြန်..။ သူနေထိုင်ရာလမ်းလေးသို့ အလည်သွားမိသော်လည်း အရိပ်အရောင်ပင်မတွေ့..။ မိမိသည်လည်း သူ၏ကျောင်းဆင်းချိန် ကျောင်းတတ်ချိန်များကိုမသိ..။ သူ၏နေအိမ်ကိုလည်း အတိအကျမသိ..။ ခက်လှချီရဲ့..။
သင်တန်းတက်ရမည့် စနေနေ့နှင့်တနင်္ဂနွေနေ့ နှစ်ရက်ကိုလည်း ထိုင်၍မစောင့်ချင်..။ သူမုန်းသွားမည်အား အလွန်တရာ စိုးရိမ်နေမိသည်။ ထို့ကြောင့်မလျှော့သော ဇွဲလုံ့လနှင့် သူနေထိုင်ရာလမ်း၏ထိပ်တွင် ထိုင်စောင့်နေခဲ့သည်။
မလျှော့သောဇွဲနှင့် စောင့်လေသည်ကို တွေ့ဆုံခွင့်မပေးသည့် ကံတရားသည် ဤမျှရက်စက်သည်လော..။ အဖြစ်မှန်မှာဤသို့မဟုတ်..။ စောင့်နေသူကို ရှောင်လေသူကရှိနေသည်မို့ မတွေ့ဆုံခြင်းသာဖြစ်သည်။
အချိန်အားဖြင့် ညနေလေးနာရီရှိခဲ့ပြီ..။ ဤအချိန်သည် ကျွန်တော်ကျောင်းပြန်နေကျအချိန်ပင်။ ယခင်တွင် ကားဂိတ်မှ မိမိနေအိမ်သည် သိပ်၍မဝေးသည်မို့ အိမ်ကို စောစောပြန်ရောက်လေ့ရှိသည်။ ယခုတွင်မူ စောစောပြန်မရောက်နိုင်..။ လမ်းထိပ်တွင် စောင့်နေသူအား ရှောင်ရှား၍ တခြားသောလမ်းများမှ ပတ်၍ပြန်နေသောကြောင့်ဖြစ်သည်။
မပင်ပန်းဘူးလားနေသူရိန်.. စောင့်နေရတဲ့ မင်းကတော့မသိဘူး.. မင်းကိုရှောင်နေရတဲ့ငါက တကယ်ပင်ပန်းနေပြီ..။ ငါ့ရင်ခုန်သံတွေကို ငြင်းဆန်နေရတာ ပင်ပန်းတယ်။ ကျေးဇူးပြုပြီး ငါ့ဆီကို ထပ်မလာပါနဲ့လားကွာ..။ ငါပင်ပန်းနေတာထပ်.. မင်းပင်ပန်းနေတာကို မမြင်ချင်တော့ဘူး...။
ထိုအတွေးနှင့်အတူ သူထံသို့ onlineမှတစ်ဆင့် စာပို့ခဲ့သည်။
“ မင်းကိုမတွေ့ချင်လို့ ရှောင်နေတဲ့သူဆီကို ထပ်မလာချင်ပါနဲ့..။ မင်းလည်းပင်ပန်းသလို ငါလည်းပင်ပန်းရတယ်..။ မင်းပြန်တော့..။ မင်းဘယ်လောက်ပဲလာလာ ငါမင်းကိုထွက်မတွေ့ဘူးဆိုတာ သိထားပေးပါ “
စာပို့သူသည်လည်း မျက်ရည်စတို့နှင့်.. စာဖတ်သူသည်လည်း မျက်ရည်စတို့နှင့်
“ ကျွန်တော်ပင်ပန်းတယ်.. အဲဒီပင်ပန်းမှုတွေက အစ်ကိုနဲ့တွေ့မှ ပြေပျောက်မှာမို့လို့ နေ့တိုင်းစောင့်နေမိဦးမယ်ထင်တယ် “
မင်းပင်ပန်းနေတာကို သိပါတယ်။ အအေးလှိုင်းဖြတ်နေတဲ့ရက်တွေကို အင်္ကျီလက်ရှည်အပါးလေးကိုဝတ်ပြီး.. အမြဲတမ်းစောင့်နေရတာ.. မင်းကဘယ်လောက်များချမ်းနေမလဲ..။ နွေးထွေးမှုတွေပေးချင်ပေမဲ့ မင်းဆီကိုလှမ်းလိုက်တဲ့ခြေလှမ်းတွေကို မင်းရက်စက်ခဲ့တဲ့ မြင်ကွင်းတွေက တားဆီးနေပြန်တယ်...။
ထို့နေ့ညတွင် နေသူရိန်တစ်ယောက် ညမအိပ်နိုင်ခဲ့..။ ချစ်ရသူနှင့် တွေ့ဖို့ရန်သာစဉ်းစားနေခဲ့သည်။
အတိတ်ဆိုး၏နှောင့်ယှက်မှုကြောင့် မနက်တိုင်းကို ပျော်ရွှင်စွာနိုးထခွင့်မရသည့် ကောင်လေးသည်လည်း ထုံးစံအတိုင်းပင်..။ ပင်ပန်းစွာနိုးထနေဆဲ..။ ပင်ပန်းနေသော်လည်း နားနေခြင်းမရှိ...။ ကျောင်းတော်ကြီးထံသို့ သွားမြဲသွားနေရသည်။
ယနေ့တွင်လည်း စိတ်မကြည်..။ မေမေပြင်ဆင်ပေးသာ ထမင်းဘူးကိုသာကိုင်ဆွဲ၍ ကျောင်းသို့သွားရပြန်သည်။ စိတ်ညစ်ဖွယ်အကြောင်းအရာတို့အား ပြန်မတွေးချင်..။ မဖြစ်နိုင်ပါလျက် ရှေ့ဆက်မတိုးချင်..။ ပင်ပန်းခြင်းကို မနှစ်သက်သည့် ကျွန်တော့်အဖို့ရာ သူ့ကိုချစ်ရခြင်း၏ ပင်ပန်းမှုကိုလည်း ကျွန်တော်မလိုလား..။ ကြိုးစား၍သာ မေ့ဖျောက်ရမည်..။
ရင်ခုန်သံများကို အပြောင်းအလဲပြုရမည်မှာ မသက်သာလှ..။ သူ့အား ရင်ခုန်မိသည်ကို တားဆီးရမည်။ သူ၏အပြုံးတို့အားနှစ်သက်ခြင်းကို တားဆီးရမည်။ သူ၏နွေးထွေးမှုအား နှစ်သက်မိသည်ကို တားဆီးရမည်။ တာဆီးခြင်းပေါင်းများနှင့် နေထိုင်ရသည့်ကျွန်တော့ဘဝသည် ကျဉ်းကျပ်လှသည်။
Advertisement
နေ့လယ်စာထမင်းဘူးအား ဖွင့်၍စားနေသောလည်း စိတ်သည်စားသောက်ခြင်းပေါ်တွင်မရှိ..။ တည်နေရာမရှိ လေလွင့်နေဆဲ..။ လေလွင့်နေသော မိမိ၏စိတ်များကို ပြန်လည်းစုစည်းစေသည်က ဖုန်းသံတစ်ခုဖြစ်သည်။ အမည်မသိသော ဖုန်းနံပါတ်တစ်ခု..။
“ ဟယ်လို.. “
“ အစ်ကို.. ကျွန်တော် နေသူရိန်ပါ “
“ ဘာကိစ္စရှိလို့ဖုန်းဆက်တာလဲ “
“ ကျွန်တော် အစ်ကိုနဲ့ခဏလောက်တွေ့ပြီး စကားပြောချင်လို့ပါ “
“ ငါကမင်းနဲ့မတွေ့ချင်ဘူး.. နောက်ပြီး မင်းရှိတဲ့နေရာကိုလည်း မလာချင်ဘူး “
“ ကျွန်တော်ရှိတဲ့နေရာကို အစ်ကိုလာစရာမလိုပါဘူး..။ ကျွန်တော်ကပဲ အစ်ကိုရှိတဲ့အရပ်ကိုလာခဲ့တာ.. အခုကျွန်တော်.. အစ်ကိုတို့အဆောင်ရှေ့ကိုရောက်နေတယ်.. ခဏလောက်ဆင်းခဲ့ပေးပါလား “
“ ဘာလာလုပ်တာလဲကွာ.. စိတ်ရှုပ်လိုက်တာ “
“ စိတ်ရှုပ်လည်း ခဏလောက်သည်းခံပေးပါ.. ဆင်းခဲ့ပေးပါနော် “
“ ထမင်းစားချိန်ပြီးရင် ဆရာမနဲ့တွေ့ဖို့ ရှိသေးတယ်ကွ “
“ အင်းပါ.. အဲဒါဆိုလည်းရတယ်လေ.. ဆရာမနဲ့တွေ့ပြီးမှ ဆင်းခဲ့ပါ..။ ကျွန်တော်စောင့်နေမယ် “
ဒီကောင်လေးတော့မလွယ်ပါလား..။ အအေးလှိုင်းဖြတ်နေတာကို အိမ်မှာမနေဘဲ ဒီအထိရောက်လာရလား..။ အရင်နေ့တွေကလည်း လမ်းထိပ်မှာစောင့်နေသေးတယ်..။ တော်ကြာ.. ဖျားနေမှဖြင့် စာတွေမမီပဲနေဦးမယ်..။ မတွေ့မချင်းပြန်မယ့်ပုံလည်း မမြင်ဘူး...။
တားဆီးနေသာစိတ်များအကြား စိုးရိမ်စိတ်လေးက ဖုံးမရခဲ့..
“ မင်းအနွေးထည်ပါလား “
“ မပါဘူး.. “
“ ဒီနေ့ အအေးလှိုင်းဖြတ်နေတာကို အနွေးထည်မပါဘဲ လျှောက်သွားနေရအောင် မင်းကမသေမျိုးလား.. လူစွမ်းကောင်းလား “
“ အစ်ကိုက စိတ်ပူနေတာလား.. “
“ လျှာမရှည်နဲ့.. ငါ့ဆီလာပြီး အဆောင်ရှေ့မှာသေနေရင် ငါတိုင်ပတ်မှာစိုးလို့.. ဝရန်တာအောက်ကိုလာခဲ့ အနွေးထည်ပစ်ချပေးလိုက်မယ် “
ဒီလိုလား.. ကျွန်တော့်ဆီက ပြေးထွက်သွားတဲ့ခင်ဗျားလေးက အခုကျွန်တော့်ကို စိတ်ပူနေတာပေါ့..။ အပြောနဲ့အလုပ်နဲ့က မအပ်စပ်လိုက်တာဗျာ
“ နေပါဦး ကျွန်တော့်ကိုအနွေးထည်ပေးတော့ အစ်ကိုကရော မချမ်းဘူးလား “
“ ငါကအခန်းထဲမှာနေရတာ ကိစ္စမရှိဘူး “
“ ဟုတ်ပါပြီ.. ကျွန်တော်စောင့်နေမယ်နော် “
“ အင်း.. “
ဖုန်းပြောပြီးနောက် ဆရာမနှင့်ဆွေးနွေးနေသော်လည်း စိတ်မပါ ။ သူ့အား အပြတ်ငြင်းရမည်လား.. အမှန်အတိုင်းသာ ဝန်ခံရမည်လား.. စဉ်းစားရသည်မှာ အခက်တွေ့လှပြီ...။
ထိုသို့စဉ်းစားရကျပ်နေသည့်ကောင်လေးရှ်ိနေသကဲ့သို့ ချစ်ရသူအားတွေ့ရမည်ဟူ၍ ပျော်ရွှင်နေသောကောင်လေးကလည်း စောင့်စားလို့နေသည်။
စောင့်စားနေရင်းပင် လေးဆယ့်ငါးမိနစ်ခန့်အကြာတွင် ချစ်ရသူလေးအတန်းဆင်းခဲ့ပြီ..။ မဟာတန်းကျောင်းသားပီပီ တည်ကြည်လျက်.. အဖြူအပြာယူနီဖောင်းလေးနှင့် ချစ်ရသူသည် ကျွန်တော့်၏အမြင်တွင် ချစ်ဖွယ်အတိ...။
“ ဘာလဲ ပြောစရာရှိတာပြော “
“ အေးဆေးပြောလည်းရပါတယ်.. ကန်တင်းထိုင်ရအောင်လေ..။ မနက်ကတည်းက ကျွန်တော်ဘာမှမစားရသေးဘူး..။ အခုပဲ တစ်နာရီလေးဆယ့်ငါးမိနစ်ဖြစ်နေပြီ “
“ ပြီးရော “
ကျွန်တော်၏စကားကြောင့် သူခေါ်ဆောင်သွားသည့်ကန်တင်းသည် အနည်းငယ်ဝေးလှသည်။ ရောက်သောကန်တင်းသည် လူသူသိပ်မရှိ...။ တိတ်ဆိတ်မှုကို သဘောကျသည့်သူ၏အကျင့်ကြောင့် ဤကန်တင်းအားရွေးချယ်ခဲ့ဟန်တူသည်။ ကန်တင်းထိုင်သောအခါတွင်လည်း သူ၏အနားတွင် ကပ်ထိုင်ခဲ့မိသည်။
မတွေ့ရတာပြီလေ.. လွမ်းလှပြီ.. အစ်ကို့မျက်နှာလေးကို တဝကြီးကြည့်ချင်နေပြီ..
“ အစ်ကိုဘာလို့ ကျွန်တော့်ကိုရှောင်နေတာလဲ “
“ မတွေ့ချင်လို့ “
“ တကယ်မတွေ့ချင်တာလား.. မတွေ့ချင်ဘူးဆိုပြီး ကျွန်တော်ကိုဘာလို့စိတ်ပူခဲ့တာလဲ ဟင်.. “
ထိုစကားနှင့်အတူ ကျွန်တော့်လက်ကိုကိုင်လိုက်သည့် သူကြောင့် ရုန်းမိသည်..။ သို့သော်အရာမထင်..။ အရာမထင်သည်ထက် နီးကပ်လာသော သူ၏မျက်နှာကြောင့် အခက်တွေ့ပြန်ပြီ။
“ မင်းလက်ကို ဖယ်စမ်းပါ... လူတွေရှိနေတာကို “
“ ရှိတဲ့လူကနည်းနည်းလေးပါ.. အဲဒီလူနည်းနည်းကိုမသိစေချင်ရင် အစ်ကိုငြိမ်ငြိမ်နေ.. ကျွန်တော်အစ်ကို့ကို နေ့တိုင်းလာစောင့်နေတာ အစ်ကိုသိတယ်မဟုတ်လား “
“ သိတယ် “
“ သိသိကြီးနဲ့ ရက်စက်တာလား.. “
“ ရက်စက်တယ်ဆိုရင်လည်း ရက်စက်တယ်ပေါ့..။ သေချာတာကတော့ ငါမင်းကိုမတွေ့ချင်တာပဲ “
“ ဘာလို့မတွေ့ချင်တာလဲ “
“ မင်းရဲ့ဖြေရှင်းချက်တွေကို နားမထောင်ချင်သလို.. မင်းကိုလည်းမယုံချင်လို့ “
“ ယုံပြီးတော့မှ ဟန်ဆောင်နေတာ မပင်ပန်းဘူးလား..။ မယုံချင်တဲ့အကြောင်းအရင်းလေးကို ပြောပြပါဦး “
“ အတိတ်ကကိစ္စတွေကို ငါပြန်မပြောချင်ဘူး နေသူရိန် “
“ အတိတ်တွေကပြီးခဲ့ပြီမဟုတ်လား.. အခုဘဝအသစ်ထိရော အဲဒီအတိတ်တွေကိုဆွဲခေါ်နေဦးမှာလား..။ အတိတ်တွေမှာ ကျွန်တော်မှားခဲ့တယ်ပဲထား.. အခု ကျွန်တော်သေချာပေါက် ကတိပေးနိုင်တယ်.. အဲဒီလိုတွေထပ်မမှားစေရဘူးလေ.. ကျွန်တော့်ကိုယုံပေးပါနော် “
ထိုစကားနှင့်အတူ သူသည်ကျွန်တော့်လက်ကိုကိုင်၍ သူ၏ပါးပြင်ထက်သို့ ကပ်ထားလိုက်သည်။ ထိတွေ့နေမိသည်က သူ၏ပူနွေးနေသောပါးပြင်နှင့် မျက်ရည်စများပင်..။ တင်ထားသမျှစိတ်တို့သည် ပျောက်ပျက်ကုန်ပြီ..။ မယုံကြည်သည့်စိတ်တို့အစား သနားစိတ်သည်က တစ်စထက်တစ်စကြီးမားလာသည်။
“ မင်းဖျားနေပြီ... အရင်နေ့တွေကလည်း အနွေးထည်မပါဘဲ လျှောက်သွားနေသေးတယ်မဟုတ်လား “
Advertisement
“ အင်း.. အစ်ကို့ကိုတွေ့လိုတွေ့ငြားဆိုပြီးတော့ပေါ့ “
“ နောက်အဲဒီလိုတွေမလုပ်ပါနဲ့.. ကျန်မာရေးဂရုစိုက်ပါ..။ နောက်ပြီး စာမေးပွဲက နောက်လဆိုဖြေရတော့မှာနော် “
“ အဲဒီလိုတွေလျှောက်မသွားစေချင်ရင် အစ်ကို့ကိုတွေ့ခွင့်ပေးပါ..။ ကျွန်တော်မှားခဲ့တာတွေက အရမ်းများခဲ့တာကို သိပါတယ်..။ အဲဒါကြောင့်လည်း ချက်ချင်းယုံပေးပါလို့ မတောင်းဆိုပါဘူး..။ ဒါပေမဲ့ ကျွန်တော့်အချစ်ကိုယုံကြည်လာအောင် အမြဲတမ်း သက်သေပြနေမှာပါ “
ထိုလူသားနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဂရုမပြုနိုင်။ တစ်ဦး၏ခံစားချက်ကိုသာတစ်ဦးက ဂရုစိုက်လျက်... မယုံကြည်သူကလည်း အနည်းငယ်ယုံကြည်နေသယောင်.. သတ္တိရှိသူကလည်း ပို၍သတ္တိရှိနေသယောင်..။
ထိုနေ့ညတွင် ပုံမှန်အတိုင်းသာ ပြေလည်ခဲ့သည့် ထိုလူသားနှစ်၏ဆက်ဆံရေးသည် ကြည်နူးဖွယ်အတိနှင့်..။ ကြာမြင့်စွာပြောခဲ့သည့် ဖုန်းcallလေးတစ်ခုသည် ရယ်မောသံတို့အပြည့်နှင့်...။
ဖုန်းပြောတဲ့တစ်လျှောက်လုံး စလိုက်နောက်လိုက်နဲ့..။ စရင်းနဲ့ ကြားထဲက ဝင်ဝင်ယောင်တာက သူ.. ကျွန်တော့်ကို ဘယ်လောက်ချစ်ကြောင်းပေါ့..။ သူနဲ့ဖုန်းရင် ပျော်တယ်.. နွေးထွေးတယ်..။ အကြောင်းပြချက်ကတော့ ချစ်တယ်လို့ ခဏခဏပြောလို့လေ..။
အစ်ကို့ကို ပျော်ရွှင်မှုတွေဖန်တီးပေးမယ်..။ အစ်ကိုအမြဲတမ်းပြုံးနေစေရမယ်..။ ကျွန်တော်ကလည်း အစ်ကို့ရဲ့အပြုံးတွေနဲ့ မနက်ဖြန်တိုင်းကို ရှင်သန်မယ်..။
လှပလွန်းသော ထိုနေ့ညသည် မနက်ဖြန်တိုင်းတွင် တည်ရှိနေဦးမည်လော...။
ယနေ့သည် ဖေဖော်ဝါရီလတစ်ရက်နေ့..။ ရှားရှားပါးပါးရှိသည့် သူငယ်ချင်း လွင်မိုးသူ၏မွေးနေ့ဖြစ်သည်..။ မွေးနေ့ရှင်သည် Papaya စားသောက်ဆိုင်တွင် ကျွေးမွေးမည်ဟူ၍ ချိန်းဆိုသောကြောင့် သွားရသေးသည်။ စားသောက်ပြီးပြန်သောအခါ သတိရမိသည်က နေသူရိန်ကိုပင်..။ စားသောက်ဆိုင်လေးသည် သူ၏နေအိမ်တည်ရှိရာလမ်းနှင့် သိပ်မဝေးလှ။ သူ၏နေအိမ်ရှိရာလမ်းမှထွက်လာ၍ ကားလမ်းတစ်ဖက်သို့ကူးလိုက်လျှင် ထိုစားသောက်ဆိုင်လေးသို့ ရောက်ပြီဖြစ်သည်။ အိမ်ပြန်ရမည်မှာလည်း တစ်ယောက်တည်းဖြစ်ကာ အဖော်မဲ့နေသည်မို့ သူ့အားဖုန်းဆက်၍ခေါ်မိသည်။
“ ဟယ်လို.. အစ်ကိုပြော..”
“ ငါ.. Papayaရောက်နေတယ်.. အခုပြန်ရမှာတစ်ယောက်တည်းပျင်းနေလို့.. မင်းလိုက်ပို့ပေးနိုင်မလား “
“ သိပ်သိပ်ရတာပေါ့.. နောက်ဆယ်မိနစ်ဆိုရင် ရောက်မယ်နော်.. “
“ အင်း..”
ဖုန်းပြောပြီး ဆယ့်ငါးမိနစ်ကြာသည်အထိ သူမရောက်လာသေး..။ မိမိသည် စောင့်ရခြင်းအား ဝါသနာမပါ..။ ထို့ကြောင့် သူနေထိုင်ရာလမ်းလေးထဲသို့ သွားမိသည်။
လှမ်းမိသည့်ခြေလှမ်းတို့သည် မှားလေပြီလော..။ မြင်ရသည့်မြင်ကွင်းသည် မသက်သာလှ...။ နာကျင်စရာ..။ သူနှင့် အမျိုးသမီးတစ်ဦးတို့ ဖက်နေသည့်မြင်ကွင်းတစ်ခု..။ တစ်ဆက်တည်းမှာပင် မြင်ယောင်မိသည်က အိပ်မက်ထဲမှ သူနှင့်အမျိုးသမီးတစ်ဦးတို့၏ လက်ထပ်မင်္ဂလာပွဲပုံရိပ်များ..။ ရှေ့တိုးမည့်ခြေလှမ်းတို့ နောက်ဆုတ်လေပြီ..။ ထားမိသည်ခံစားချက်တို့သည်လည်း နာကျင်လေပြီ..။ ယုံကြည်မှုတို့သည်လည်း ယုတ်လျော့လေပြီ..။ သူ့အားအပြစ်မတင်.. ယုံကြည်မိသည့် မိမိကိုယ်ကိုသာအပြစ်တင်သည်။
ငါ့ခြေလှမ်းတွေက ဘာလို့ရပ်မနေခဲ့တာလဲ..။ အစကတည်းက ရပ်နေခဲ့ရင်ကောင်းသား..။ အခုလိုမြင်ရတော့.. ကိုယ်ပဲနာကျင်ရတာမဟုတ်လား..။
နောက်ဆုတ်သွားသော ခြေလှမ်းတို့တွင်အားမပါခဲ့..။
ယိမ်းယိုင်စွာ ခြေတစ်လှမ်းချင်းလှမ်းနေသည့်လမင်းကိုကိုအား နေသူရိန် မြင်လိုက်မိသည်..။
အစ်ကိုမဟုတ်လား.. အစ်ကိုအထင်လွဲသွားပြီလား။
ထိုအသိနှင့်ပင် မိမိအားဖက်ထားသည့် ချောရူပါအား တွန်းထုတ်မိသည်။
“ မင်းတော်သင့်ပြီ.. မင်းကမိန်းကလေးဖြစ်နေလို့ ငါသည်းခံသင့်သလောက် သည်းခံပြီးပြီ..။ အစကတည်းက မင်းကိုငါမချစ်ဘူးလို့ ပြောပြီးသားနော်..။ နောက်ငါ့ရှေ့မှာ ပေါ်မလာပါနဲ့ “
“ သူရိန်ရယ်.. အဲဒီလောက်ထိမရက်စက်ပါနဲ့ဟာ..”
ထိုအချိန်တွင် ကျွန်တော်စိတ်ထဲ၌ အစ်ကိုသာရှိနေသည်မို့ ချောရူပါအား သတိမထားခဲ့ပေ..။ အစ်ကို့၏အနောက်သို့ မောဟိုက်စွာ ပြေးလိုက်ခဲ့မိသည်။
ပြေးလိုက်၍မီသော်အခါ အစ်ကို့လက်အားဆွဲထားမိသည်။ ရုန်းခဲ့သူက အစ်ကိုပင်..။ မိမိဘက်သို့လှည့်ကြည့်လာသောအစ်ကိုသည် မျက်ထောင့်များနီရဲကာ မျက်ရည်စတို့ဖြင့်..။
အစ်ကို ဘယ်လောက်တောင်နာကျင်သွားလို့လဲ..။
“ အစ်ကို.. ကျွန်တော်ရှင်းပြတာကို နားထောင်ပေးပါဦး “
“ ငါကိုယ်တိုင်မြင်ခဲ့တာကို မင်းက ဘာတွေလိမ်ဦးမလို့လဲ..။ အခုမင်းသစ္စာဖောက်တာလည်း မဆန်းပါဘူး..။ အရင်ဘဝတုန်းကလည်း မင်းသစ္စာဖောက်ခဲ့တာပဲလေ..။ မင်းရဲ့သစ္စာမရှိမှုမှာ ငါနေသားကျပြီ..။ အရင်အတိုင်းပဲ.. မင်းရဲ့အချစ်က တစ်ရာဖိုးသုံးခုလိုအချစ်မျိုး.. အတ္တကြီးတာကလွဲရင် ကျန်တာဘာမှအရာမထင်ဘူး..။ အဲဒီလိုအချစ်မျိုးကို ငါကလက်ခံမဟုတ်သလို မင်းကိုလည်း မချစ်နိုင်ဘူး “
“ဟုတ်တယ် ကျွန်တော်အတ္တကြီးတယ်..။ ခင်ဗျားကိုချစ်တယ်ဆိုတဲ့ အဖြူထည်အတ္တလေးပဲ ကျွန်တော့်မှာရှိခဲ့တယ်.. သူက.. ”
ဖြေရှင်းချက်ကိုပင်မစောင့်... ကျွန်တော့်အားတွန်းထုတ်ကာ ထွက်ပြေးသွားလေသူ..။ သူ၏ခြေလှမ်းတို့ဦးတည်နေသည်က ကားလမ်းမဆီ..။ ဖြတ်သွားနေသော ကားများကို သူမြင်ဟန်မတူ..။ သို့သော်.. ကားတစ်စီးသည်က သူ့ကိုမြင်၍ ဟွန်းတီးနေသည်..။ သူသည်က ကြားဟန်မတူ..။ ကြားနေသူ မြင်နေသူမိမိက သူ့အားအထိအခိုက်မခံလိုသည်မို့.. သူအား ထိုကားနှင့်ဝေးရာသို့တွန်းထုတ်မိသည်..။ မိမိသည်က ရှောင်ချိန်မရခဲ့..။
ကားလမ်းပေါ်သို့ အသိစိတ်မဲ့ကာ ပြေးထွက်သွားသည့်မိမိအား လူတစ်ဦးက တွန်းထုတ်ခဲ့သည်။ လမ်းမထက်သို့ မိမိလဲကျသွားချိန်တွင် ကျယ်လောင်သော ကားဘရိတ်အသံနှင့် ‘ဒုတ်’ ဟူသောအသံသာကြားရသည်။ အသံကြားရာသို့ ကြည့်မိသောအခါ နေသူရိန်သည် နဖူးမှသွေးများယိုစီးလျက် လဲကျနေပြီဖြစ်သည်..။ ဝမ်းနည်းမိသည်..။ ချောက်ချားမိသည်..။ မိမိကြောင့် သူထိခိုက်ခဲ့လေပြီ..။
သွေးများဖြင့်လဲကျနေသော သူ့အား ပွေ့ဖက်မိသောအခါ.. သူပြောသည့်စကားသည် ရင်နာစရာ..။
“ တော်သေးတာပေါ့... အစ်ကို မထိခိုက် မိလို့.. “
အလင်းတို့မကွယ်ပျောက်ခင်.. ကြည့်နေရသည့် သူမျက်နှာမှမျက်ရည်များသည် ရင်နာစရာ..။
ချစ်ရသူအား ကြည်နေရင်ပင်း နေသူရိန်၏အမြင်တွင်ကမ္ဘာကြီးသည် အမှောင်ဖုံးကာ သူနှင့်အဆက်အသွယ်ပြတ်လေသည်..။
လမင်းကိုကိုသည်လည်း တုန်လှုပ်လျက်.. နေသူရိန်၏နာမည်ကိုသာ ခေါ်နေခဲ့သည်..။ ဘေးတွင်လူများစွာအုံလာသောအခါမှသာ သတိဝင်ကာ ဆေးရုံသို့ဆက်သွယ်ခဲ့သည်..။ ထို့နောက်နေသူရိန်၏ ဖုန်းကိုယူကာ သူ၏မိဘများထံသို့ဆက်သွယ်မိသည်..။ လက်တို့သည်က တုန်ရီနေသည်။ ဝမ်းနည်းမှုသည်က အစိုးမရခဲ့..။ သူ၏မိဘများထံသို့ဖုန်းဆက်သွယ်နေစဉ် ဝင်လာသော စာတိုများသည် ရင်ကွဲစရာ..။ သူနှင့်ဖက်နေခဲ့သော ကောင်မလေး၏ တောင်းပန်စာများနှင့် ကောင်မလေးထံမှ တစ်သက်ဖက်အချစ်တို့အားဝန်ခံနေသော စာတိုများသာ...။
မိမိအသုံးမကျခဲ့.. အတိတ်တို့ကိုဆွဲခေါ်ရင်း မိမိနာကျင်ရာမှ သူပါထိခိုက်ခဲ့ရပြီ..။ သူထိခိုက်မည့်အစား.. မိမိကသာ ဤလောကမှ ထွက်သွားချင်မိသည်။
Advertisement
- In Serial304 Chapters
The Satan CEO’s Woman: He Unexpectedly Fell In Love With Her
She was the daughter of the leader of the League of Mercenaries. She was an S-Class Level Assassin and was on a league of her own.
8 1697 - In Serial15 Chapters
Rose Noble
A freedom fighter from 1919 Korea, unexpectedly finds herself in the 21st century! Contrary to what she had anticipated, her country is still governed by a monarchy. While she desperately tries to navigate her new world and find a way back home to her fiancé, Hae-eun is faced with a dilemma: she must become an empress! But will she make it back home, unscathed?Amazing cover by: swag_shini :) Definitely check out her insta some time~!
8 153 - In Serial72 Chapters
A Court of Horizon and Shadows
{ACOTAR AU - BOOK 1}"The Daughter of Dawn and the Spymaster of the Night Court locked eyes... and the mating bond snapped into place."After suffering decades of torture during the reign of Amarantha, Auriella, daughter of Thesan and Zephyr, tries her best to recover from the trauma and damage that has been done to her physically, emotionally, and mentally. Before Under the Mountain, Auriella was a light that glowed in the deepest darkness but not anymore.As much as she tries to go back to the person she once was, she cannot. Auriella is stuck in a pit of nightmares and pain that she fears she will never overcome. But as her trauma worsens and unexpected things happen, it is up to the Daughter of Dawn to find answers in the Night Court, where she will receive help from the Inner Circle.But as Auriella spends more time around her mate, Azriel, things become more complicated and could possibly become more than she ever believed. {All ACOTAR characters belong to Sarah J. Maas}Best Ranking: - #1 in ACOTAR - #1 in Azriel
8 151 - In Serial24 Chapters
Kuno Riddle[√]
I DONT GIVE PERMISSION FOR MY STORY TO BE POSTED ANYWHERE OTHER THAN WATTPAD, OR REPOSTED BY ANYONE.This is an HP, story not going to give away much.Who is Kuno Riddle? Reading to find out.Chapters may be short*I DONT OWN HARRY POTTER*
8 224 - In Serial83 Chapters
THE PRINCE AND I
Skye was starting university thinking it wil be just a normal experience but what he didn't expect was to find out that the prince was his roommateFormally known as SKYE PRINCE
8 398 - In Serial69 Chapters
Reborn To Revenge
"Please, let me go"I don't know why she wanted to kill me. I thought she was my best friend. She stabbed the knife into my chest, "He said only if you are dead, he'll accept me"I spatted the blood from my mouth, "H-He?" "Yes. When he confessed his love to you, do you remember how you rejected him?" "I d-did that because I k-knew you like -him""Oh stop your drama 'I am a good girl' show. I have lots of money, I have so many ways to get what I like. But he asked me you to be dead. so of course to get what i want, I'll go to any extreme"Again she stabbed me in the same place, "Be a good a girl and have a Eternal sleep. Don't worry, I'll lead a happy life with the one I love"Before I closed my eyes, I saw her evil smile which pained me a lot. Why I have to die like this? It's unfair for me. I can't accept dying like this. It's really not fair.--------------------------Daily update guaranteed.Please support me.Thank you.
8 197

