《Amiss Prayer (Zawgyi&Unicode) [Completed]》Part-49(မွေ့လျော်ခြင်း)
Advertisement
For Unicode
မွေ့လျော်ခြင်း
အချိန်အားဖြင့် ဆယ်နာရီထိုးခဲ့ပြီ..။ နေသူရိန်သည်က သတိမရသေး..။ လမင်းကိုကိုသည်က နေသူရိန်ကိုသာငေးကြည့်လျက် မည်သည်ကိုမျှမဆောင်ရွက်နိုင်..။ လန့်နေသောကိုယ်ငယ်လေးမှာ ယခုအထိတိုင်ပင် တုန်ယင်လို့နေသည်။ နှစ်ဖက်မိသားစုတို့သည်လည်း ဆေးရုံတွင်ရောက်နေလေပြီ။
နေသူရိန်၏အမေနှင့်အဘွားအား ကျွန်တော်မျက်နှာမပြရဲ..။ အလွန်တရာ အားနာမိပါသည်။ မိမိအတွက်နှင့် နေသူရိန်ထိခိုက်ခဲ့ရသည်မဟုတ်လော..။ ယခုတွင် မိမိကိုများ မုန်းနေပြီလော..။ သူနှင့် သူ၏မိဘကိုပါ တောင်းပန်ချင်မိသည်။
“ ဆရာမကြီးနဲ့ အန်တီကို သားတောင်းပန်ပါတယ်နော်..။ သားကြောင့် နေသူရိန်က.. အခုလို ထိခိုက်မိတာဆိုတော့ ..”
“ မဟုတ်တာသားရယ်.. ရပါတယ်.. ကံကိုကလည်း ဒီလိုဖြစ်ရမယ်လို့ ပါလာတာနေမှာပါ..။ သားလည်းလန့်နေမှာပေါ့.. “
“ သားလန့်တာထက်.. သူ.. တစ်ခုခုဖြစ်သွားရင်..”
“ သိပ်လည်း စိုးရိမ်စရာမလိုပါဘူး.. အန်တီ့သားက ဘယ်ဘက်လက်တော့ကျိုးသွားတယ်..။ ကျန်တာက ပွန်းပဲ့ဒဏ်ရာပဲ ရှိပါတယ်..။ ခေါင်းလည်း မထိပါဘူး..။ အခုမေ့နေတာကလည်း သူဖျားနေတဲ့အရှိန်ကြောင့်လည်းပါတယ်တဲ့.. သတိရလာလို့ ခေါင်းမူးတာတွေအန်တာတွေမရှိရင် မနက်ဖြန်ပဲ ဆေးရုံကဆင်းရမယ်တဲ့ “
“ တော်ပါသေးရဲ့.. သူဘာမှမဖြစ်လို့ “
ဝမ်းသာ၍ကျသည့်မျက်ရည်လော.. ဝမ်းနည်း၍ကျသည့်မျက်ရည်လော.. ကျွန်တော်မသိ..။ သူ့ကိုသာစိတ်ပူနေမိသည်။ အနည်းငယ်သာထိခိုက်မိသည်ဆိုသော်ငြား.. မိမိကြောင့် သူထိခိုက်ခဲ့ရသည်မို့ မိမိတွင်အပြစ်ရှိနေသည်။
“ မငိုပါနဲ့သားရယ်.. သား လန့်နေတုန်းပဲလား..။ အင်္ကျီမှာလည်း သွေးတွေနဲ့..။ သားအိမ်ပြန်ပြီး နားလိုက်ပါလား “
“ သားက ရပါတယ်.. အန်တီတို့ပြန်နားရင်နားပါ သားဆေးရုံစောင့်ပေးပါမယ် “
“ မဟုတ်တာသားရယ်.. “
“ သားကြောင့် အခုလိုဖြစ်တာဆိုတော့ သားမှာ အပြစ်ရှိတယ်လို့ခံစားရလို့ပါ..။ သားကို ဆေးရုံစောင့်ခွင့်ပေးပါ အန်တီ “
စကားပြောနေသော်လည်း လမင်းကိုကိုသည် နေသူရိန်၏မိခင်မျက်နှာကို သေချာမကြည့်ရဲ..။ ခေါင်းကိုသာ ငုံ့မြဲငုံ့ထားသည်။
“ အေးပါကွယ်.. သားသဘောပါပဲ.. “
“ ကျေးဇူးတင်ပါတယ် အန်တီ “
မိမိ၏အမှားအားဗွေမယူ.. ကြည်ဖြူပေးသော သူ၏မိသားစုဝင်များအား ကျေးဇူးတင်မိသည်။ ယနေ့ မိမိ၏အမှားအားတောင်းပန်ရင်းသာ သူ၏ဘေး၌အချိန်ကုန်ဆုံးမည်။ သတိရခဲ့လျှင် တောင်းပန်ချင်ပါသည်။ တောင်းပန်ခြင်းအား သူလက်ခံမည်လော.. မသိ..။ မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုအား သူစိတ်ပျက်နေမည်လော..။ ဆောင်းရာသီဖြစ်သည်မို့ သူချမ်းနေမည်လော..။ သတိမရသေးသည့် သူကိုသာကြည့်၍အစစအရာရာ ဤမျှလောက် စိုးရိမ်နေမိသည်မှာ ယခင်က လမင်းကိုကိုမဟုတ်သည့်နှယ်..။
အေးစက်နေသော သူ၏လက်လေးအား နွေးထွေးစေလိုသည်..။ ထို့ကြောင့်သာသူ၏လက်အား မိမိ၏လက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ ခေတ္တမျှအကြာတွင် မိမိ၏လက်များအား ပြန်လည်ဆုပ်ကိုင်လာသောသူ...။ သတိရကာစတွင် ပြောလာသော မျက်ရည်များနှင့် သူ၏စကားကြောင့် ဝမ်းနည်းရပြန်သည်။
“ အစ်ကို.. သူနဲ့ ကျွန်တော်က ဘာမှမပတ်သက်ပါဘူးနော်.. သူ့ဘက်က တစ်ဖက်သတ်ပါ.. ကျွန်တော့်ကို ယုံပေးပါနော်.. “
“ သတိရရခြင်း ဘာလို့အဲဒါတွေပြောနေတာလဲ.. မင်းကိုမင်းပြန်ကြည့်ပါဦးလား “
“ ကျွန်တော် ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့.. အစ်ကို့လောက် ဘယ်အရာမှအရေးမကြီးဘူး “
“ အင်းပါ.. ငါယုံပါတယ်.. ခေါင်းတွေဘာတွေမူးနေသေးလား “
“ မမူးပါဘူး.. “
“ ခဏနော်.. ဆရာဝန်သွားခေါ်လိုက်ဦးမယ် “
ဆရာဝန်ခေါ်ရန်ပြေးထွက်သွားသော လမင်းကိုကိုအား နေသူရိန်ကြည့်ရင်းသာ မျက်ရည်များအကြားပြုံးနေမိသည်။
တစ်ညတည်းမှာပဲ ကိုယ့်ရင်ခွင်ထဲက ရုန်းထွက်သွားတဲ့သူလေ..။ အခုတော့ ကိုယ့်ရဲ့လက်တွေကို ပြန်ဆုပ်ကိုင်ထားတယ်ပေါ့..။ ခင်ဗျားလေးကိုကြည့်ရတာ ဆန့်ကျင်ဘက်အရပ်နှစ်ခုမှာ နေရတာကိုသဘောကျတယ်ထင်တယ်..။ မပြတ်သားသေးဘူးပဲ..။ ခင်ဗျားလေးရဲ့ မပြတ်သားမှုတွေကို ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုအဖြစ် ဖန်တီးမိချင်ရဲ့..။
ခေတ္တမျှအကြာတွင် ဆရာဝန်ခေါ်၍ ပြန်လည်ရောက်ရှိလာသော သူ..။ ဆရာဝန်သည် မိမိအား စစ်ဆေးနေချိန်တွင် သူသည်လည်း မိမိအား စိုးရိမ်နေသည့်မျက်ဝန်းလေးဖြင့် လှမ်းကြည့်ကာ လက်သီးများဆုပ်ထားသေးသည်။ မိမိတွင် စိုးရိမ်ဖွယ်တစ်စုံတစ်ရာမရှိကြောင်း ဆရာဝန်ပြောသောအခါတွင်လည်း သူ၏သက်ပြင်းချသံကို ကြားမိပါသေးသည်။ ထိုသို့သော စိုးရိမ်နေသည့်သူ၏အမူအရာလေးများကြောင့် မိမိ၏ဒဏ်ရာမှ နာကျင်မှုများ သက်သာရပြန်သည်။ ဆရာဝန်ထွက်သွားသောအခါမှသာ မိမိအနားတွင် မျက်နှာငယ်လေးဖြင့် လာထိုင်သောသူ...။
“ ငါ... တောင်းပန်ပါတယ်နော်.. အမှန်ဆိုရင် မင်းစကားကို နားထောင်ခဲ့သင့်တယ် “
ထိုစကားနှင့်အတူ ကျဆင်းလာသော မျက်ရည်စတို့အား ပွန်းပဲ့ဒဏ်ရာသာရသော ညာဘက်လက်ဖြင့် ဖယ်ရှားပေးမိသည်။ မိမိလက်မှ ဒဏ်ရာများကိုတွေ့သောအခါ ရှိုက်သံလေးပါ ကြားရပြန်သည်။
“ ဟေ့.. မငိုနဲ့လေ ကျွန်တော်ဘာမှမဖြစ်ပါဘူး.. “
“ မလိမ်ပါနဲ့.. မင်းဒဏ်ရာတွေက အရမ်းနာနေမှာ “
“ ဒဏ်ရာတွေကနာတာ ဟုတ်ပါတယ်.. ဒါပေမဲ့.. အစ်ကို့မျက်ရည်တွေကိုမြင်ရတာ ပိုပြီးရင်နာတယ်.. မငိုပါနဲ့.. ကျွန်တော်က အစ်ကိုပျော်တာပဲမြင်ချင်တာပါ “
လက်တစ်ဖက်နှင့် သူ့အားဆွဲယူလိုက်သောကျွန်တော်..။ အလိုက်သိသူကလည်း ရင်ခွင်ထဲတွင်နေရာယူလျက်..။ မချစ်ဘူးပြော၍ ဤသို့ပြုမူသည်လော..။ အစ်ကို့၏ဆန်းကြယ်မှုကို လိုက်၍မမီ...။
“ ပြောတော့ မချစ်ဘူးဆို.. အခုတော့ မျက်ရည်တောင်ကျနေပြီလား “
မိမိစကားကြောင့် ရင်ခွင်ထဲမှ ရုန်းထွက်နေသောသူ..
“ မရုန်းနဲ့နော် ကျွန်တော့မှာ ဒဏ်ရာတွေနဲ့.. ထိမိရင် နာတယ် “
“ မင်းကဘာလို့ မဟုတ်တာ လာပြောလဲ “
“ ဟုတ်တာပြောတာလေ.. ဒါနဲ့.. အစ်ကိုကျွန်တော့်ကို ဘယ်နေ့အဖြေပြန်ပေးမှာလဲဟင်.. “
“ မပေးပါဘူး.. မင်းနော်.. ဒဏ်ရာတွေနဲ့မို့လို့ ညှာနေတာကို အကောင်းထင်မနေနဲ့ “
“ ညှာတာလက်စနဲ့ ချစ်တယ်လို့ပြောလိုက်ရင် ပိုပြီးအဆင်မပြေဘူးလား.. ဟင် “
စကားပြောရင်း ခိုးပြီးနမ်းရှိုက်မိတဲ့ ဆံနွယ်လေးတွေကလည်း မွှေးနေရော..။
“ လက်သာကျိုးနေတာ ဒါမျိုးကျတော့ ပြောနိုင်သေးလား “
“ ပြောနိုင်တာပေါ့.. ဘယ်ဘက်လက်ပဲ ကျိုးတာလေ.. အစ်ကို့ကိုချစ်တဲ့ ဒီနှလုံးသားကြီးက အကောင်းတိုင်းရှိသေးတာရယ်.. “
“ တော်စမ်းပါကွာ.. မင်းလည်းယောက်ျားလေး.. ငါလည်းယောက်ျားလေး.. လာပြီး နုမနေနဲ့ “
“ ဒါက နုတာမဟုတ်ဘူးလေ.. ကျွန်တော် ဘယ်လောက်ချစ်ကြောင်းကို ပုံဖော်နေတာ “
Advertisement
“ စကားတတ်တိုင်း လျှောက်ပြောမနေနဲ့..။ စောစောကတော့ မင်းအမေနဲ့အဘွားလာသွားတယ်.. ငါဆေးရုံစောင့်ပေးမယ်ဆိုလို့ ပြန်သွားတာ..။ အခု အန်တီကမုန့်တွေ ဝယ်ထားပေးခဲ့တယ်.. တစ်ခုခုစားလိုက်ပါလား.. အခုဗိုက်ဆာနေပြီလား “
“ စကားလမ်းကြောင်းလွှဲတာ ဒါအကုန်ပဲလား..။ ထားပါလေ အစ်ကိုရှက်နေတာကိုသိလို့ လျှော့ပေးမယ်လိုက်မယ်နော်..။ ကျွန်တော်ဗိုက်ဆာတယ် “
“ အဲဒါဆိုရင် ခဏနေဦး.. ရေနွေးသွားဝယ်လိုက်ဦးမယ်”
ထသွားသည့်သူ့ကို လှမ်းတားမိသည်။ သူ၏အင်္ကျီတွင်လည်း မိမိ၏သွေးစအချို့နှင့်။ ထို့ကြောင့် မိမိအနားတွင်ရှိသော Hoddieလေးအား ယူခိုင်းစေသည်။
“ ခဏ.. “
“ ဘာမှာမလို့လဲ.. “
“ မမှာပါဘူး.. ဒါလေးဝတ်သွား.. အပြင်မှာအေးတယ်.. နောက်ပြီး အစ်ကို့အင်္ကျီမှာက သွေးတွေနဲ့ “
“ ဒါက အန်တီယူလာပေးတာလေ မင်းပဲဝတ်ထားပါ “
“ သွားပါ.. ဝတ်သွား.. အစ်ကိုပြန်လာမှဝတ်မယ် “
Hoddieသည် မိမိ၏အနားတွင်ဖြစ်သည်မို့ ကုန်း၍ယူနေစဉ်.. သူ၏ပါးမို့မို့လေးအား အနမ်းခြွေမိသည်။ မိမိ၏ အပြုအမူကြောင့် ဒေါသမျက်ဝန်းလေးဖြင့် စိုက်ကြည့်လာပုံက ချစ်စဖွယ်အတိ.. ။
“ ကျိုးသာ ကျိုးနေတာ အသားယူတာတော့ ရသေးတာလား “
ပွစိပွစိနဲ့ ရေရွတ်ပြီးထွက်လာတဲ့ ကျွန်တော်..။ ရယ်ပြီးကျန်ခဲ့တာက သူ..။ ဟုတ်တယ်လေ.. တကယ်ပဲ.. အသားယူလိုက်တာလွန်ပါရော..။ First Kissကိုယူတာ အားမရသေးဘူး.. အခုလည်း ပါးကိုနမ်းပြန်ပြီ..။ အဖြေပြန်မပေးကခင်ကတည်းက အကုန်ကုန်နေပြီ..။ ဒင်းဟာ တော်တော်လက်သွက်..။ ငြိမ်ခံနေတဲ့ ကိုယ်ကလည်း အပြစ်..။ ရေနွေးဝယ်ပြီးပြန်လာတော့ ခုတင်ပေါ်မှာ သူက ပြုံးစိစိနဲ့..။ ဒဏ်ရာတွေသာမရှိရင် ပြေးရိုက်တယ်..။
“ အသားယူဖို့မစဉ်းစားနဲ့နော်.. ဖြတ်ရိုက်ပစ်မှာ “
“ ရိုက်ရက်တာလား “
“ အင်း “
“ ရက်စက်တယ်ပေါ့ “
“ ဒါပေါ့ “
အိုဗာတင်းဖျော်နေရင်းပင် မျက်ခုံးလေးတစ်ဖက်ပင့်ကာ မျက်နှာပြောင်တိုက်နေသည့်အမူအရာသည် အသည်းယားဖွယ်အတိ..။ မိမိထက် အသက်သုံးနှစ်ကြီးသည်ဟု ဆိုသော်ငြားလည်း ယုံချင်စဖွယ်မရှိ..။
“ စားလို့ရပြီ “
“ ဘာနဲ့စားရမှာလဲ “
“ ပါးစပ်နဲ့စားပေါ့ “
“ ကျွန်တော်လက်ကျိုးနေတယ်လေ “
“ ညာဘက်လက်နဲ့စား.. “
“ ညာဘက်လက်က ဒဏ်ရာတွေနဲ့လေ.. နောက်ပြီး ကျွန်တော်ကဘယ်သန် “
အမှန်က ညာသန်ပါ..။ ဒီလိုပဲလေ.. ဂရုစိုက်တာခံချင်တော့လည်း ဉာဏ်ကောင်းရတာပေါ့..။
“ ပြီးရော ခွန့်ကျွေးမယ် “
အိုဗာတင်းအား သေချာစွာအနွေးခံပေးသည်။ ကိတ်မုန့်ကိုလည်း သူကိုယ်တိုင်ပင်ခွန့်ကျွေးသည်။ သူ၏ဂရုစိုက်မှုများတွင် မွေ့လျော်နေရသည်မို့ ဒဏ်ရာများကိုပင် သတိမထားမိခဲ့..။ စားသောက်ပြီးသောအခါတွင်လည်း မိမိ၏မျက်နှာအား သန့်စင်ပေးခဲ့သည်။
“ အိပ်တော့မလား “
“ မအိပ်ချင်သေးဘူး.. အစ်ကိုရော အိပ်ချင်နေပြီလား “
“ မအိပ်ချင်ပါဘူး “
“ အဲဒါဆို စကားပြောမယ်လေ “
“ ပြောလေ.. “
“ စပြောရရင်တော့.. အခု.. ကျွန်တော်က ဒီအခြေအနေဆိုတော့ သင်တန်းလည်း သွားလို့မရဘူး..။ ဆိုတော့ကာ.. အစ်ကိုကျွန်တော့်ကို အိမ်မှာ.. သင်တန်းကစာတွေကိုပြန်ရှင်းပြပေးပါလား “
“ အင်း.. ရတယ်လေ “
“ ဒီလက် မကောင်းသေးသ၍နော် “
ငြင်းဆန်ခွင့်မရှိ။ မိမိကြောင့်သူထိခိုက်ရသည်မို့ သူ၏ဆန္ဒအတိုင်း လိုက်လျောရုံသာ။
“ ကောင်းပြီလေ.. လက်ကောင်းသွားရင်တော့.. မလာဘူးနော် “
“ ဒီလက်တောင် ပြန်မကောင်းစေချင်တော့... “
ပြောမိသည့်စကားသည် အဆုံးထိမရောက်..။ အကြောင်းမှာ သူ၏လက်ညှိုးလေးဖြင့် မိမိနှုတ်ခမ်းမှဖြစ်ပေါ်လာမည့် စကားများအား တားဆီးလိုက်သောကြောင့်ပင်..။
“ မပြောကောင်း မဆိုကောင်းတွေ.. အဲဒီလိုတွေ လျှောက်မပြောရဘူး “
“ စိုးရိမ်တာလား “
“ အင်း.. “
အကြိမ်ကြိမ်ငြင်းဆန်ထားသည်မို့ ယခုတွင် ဝန်ခံမိသည်။ သူ စိတ်ချမ်းသာစေရန် ဟန်ဆောင်၍မဟုတ်..။ နှလုံးသား၏စေခိုင်းရာ အတိုင်းသာ..။
“ ကျွန်တော့်လက်တွေ အေးနေတယ် “
ထိုစကားနောက် ကျွန်တော့်လက်များအား ဆုပ်ကိုင်၍ အနွေးဓာတ်ရစေရန် ပွတ်သပ်ပေးနေသောသူ၏လက်တစ်စုံ..။ နွေးထွေးသည်..။ နူးညံ့သည်..။ စကားပြောတိုင်း ပေါ်လာတတ်သည့် သွားစွယ်လေးကိုလည်း သဘောကျမိသည်။ ရယ်လိုက်သောအခါ ပေါ်လာတတ်သည့် Eyes smileလှလှလေးများကိုလည်း မြတ်နိုးမိသည်။
သူ၏အမူအရာများကို အသေးစိတ်မှတ်သားရင် သူ၏ဂရုစိုက်မှုများအကြား မွေ့လျော်မိသည့် ထိုညတာသည် အလွန်တရာလှပခဲ့သည်။
တစ်ဦးတည်းအတွက်သာ လှပခြင်းမျိုးမဟုတ်..။ နှစ်ဦးလုံးအတွက်သာဖြစ်သည်။ သို့သော် လမင်းကိုကိုအဖို့ရာ ပျော်ရသည်ဟုဆိုသော်ငြား ဝမ်းနည်းမှုက နှောင့်ယှက်လေပြန်သည်။
သူနှင့်တူတူအချိန်များ ကုန်ဆုံးရခြင်းအား ယနေ့တွင်သဘောကျနေသယောင်..။ မအိပ်ရသည်ဖြစ်သော်လည်း တစ်နည်းအားဖြင့် အိပ်မက်ဆိုးများမှ လွတ်မြောက်ခဲ့သည့် ထိုညတာအဖို့ရာ သူ့ကိုသာကျေးဇူးတင်မိသည်။ ဝန်ခံချင်မိသည်။ သို့သော်ငြား နှစ်ဦးမှတစ်ဦးထိခိုက်မည်ဟူသော ဆရာမကြီး၏စကားကြောင့် ရှေ့တိုးမည့်ခြေလှမ်းများ ရပ်တန့်ကုန်သည်။
သူများ.. ပိုပြီးထိခိုက်နေမလား..။ အခုလည်း ကျွန်တော့်ကြောင့် သူထိခိုက်ရပြီလေ..။ ရှေ့တိုးဖို့ခက်ခဲနေသလို နောက်ဆုတ်ဖို့လည်း အင်အားမရှိဘူး..။ မင်းနဲ့ဝေးရာမှာ မနေနိုင်သလို မင်းနဲ့နီးရာကိုလည်း မလာရဲဘူး..။ မင်းထိခိုက်မှာ စိုးရိမ်လို့လေ..။
ထိုအတွေးကြောင့် စကားပြောရင်း ငြိမ်သက်သွားသော လမင်းကိုကိုအား နေသူရိန်သတိထားမိပါသည်။
“ မြင်နေရတယ်.. အစ်ကို့ရဲ့ ဂရုစိုက်မှုတွေ.. အစ်ကို့ရဲ့မျက်ရည်တွေက.. ကျွန်တော့်အပေါ်ထားရှိတဲ့ အစ်ကို့ရဲ့ကြင်နာမှုကိုပြနေတယ်..။ အတိတ်တွေကြောင့် ပွင့်ပွင့်လင်းလင်း ဝန်မခံရဲတာကို သိပါတယ်..။ ကျွန်တော်ကပဲ ဆက်ကြိုးစားပေးမှာမို့လို့ အစ်ကိုသာခြေတစ်လှမ်းလောက် ရှေ့ကိုတိုးခဲ့ပေးပါ..။ ကျန်တာကို ကျွန်တော်က ကာကွယ်ပေးမယ်လေ..။ ဒီအတိုင်ကြီး ရပ်နေလို့တော့ အဆင်ပြေမှာမဟုတ်ဘူးနော်..။ နှစ်ယောက်လုံးနာကျင်ရမယ်.. ကျွန်တော်ပြောတာကို နားလည်ရဲ့လား “
“ ငါ.. နားလည်ပါတယ် “
“ အဲဒါဆိုရင်.. ဒီကစောင့်နေရသူကို သနားသောအားဖြင့် အဲဒီခြေတစ်လှမ်းလေးကို မြန်မြန်တိုးခဲ့ပေးပါနော်.. “
Advertisement
“ ကြိုးစားကြည့်ပါမယ်..”
ချစ်ရသူ ထိခိုက်မည်အား စိုးရိမ်နေရသော လမင်းကိုကို..၊ ချစ်ရသူအား ကာကွယ်ပေးချင်သည့် နေသူရိန်တို့၏မေတ္တာပြိုင်ပွဲ..။ အဆုံးသတ်၌ မည်သူ၏မေတ္တာသည်.. အနိုင်ရမည်နည်း..။ သို့မဟုတ်.. နှစ်ဦးသားလုံး အနိုင်ရမည်လော..။
For Zawgyi
ေမြ႕ေလ်ာ္ျခင္း
အခ်ိန္အားျဖင့္ ဆယ္နာရီထိုးခဲ့ၿပီ..။ ေနသူရိန္သည္က သတိမရေသး..။ လမင္းကိုကိုသည္က ေနသူရိန္ကိုသာေငးၾကည့္လ်က္ မည္သည္ကိုမွ်မေဆာင္႐ြက္ႏိုင္..။ လန႔္ေနေသာကိုယ္ငယ္ေလးမွာ ယခုအထိတိုင္ပင္ တုန္ယင္လို႔ေနသည္။ ႏွစ္ဖက္မိသားစုတို႔သည္လည္း ေဆး႐ုံတြင္ေရာက္ေနေလၿပီ။
ေနသူရိန္၏အေမႏွင့္အဘြားအား ကြၽန္ေတာ္မ်က္ႏွာမျပရဲ..။ အလြန္တရာ အားနာမိပါသည္။ မိမိအတြက္ႏွင့္ ေနသူရိန္ထိခိုက္ခဲ့ရသည္မဟုတ္ေလာ..။ ယခုတြင္ မိမိကိုမ်ား မုန္းေနၿပီေလာ..။ သူႏွင့္ သူ၏မိဘကိုပါ ေတာင္းပန္ခ်င္မိသည္။
“ ဆရာမႀကီးနဲ႔ အန္တီကို သားေတာင္းပန္ပါတယ္ေနာ္..။ သားေၾကာင့္ ေနသူရိန္က.. အခုလို ထိခိုက္မိတာဆိုေတာ့ ..”
“ မဟုတ္တာသားရယ္.. ရပါတယ္.. ကံကိုကလည္း ဒီလိုျဖစ္ရမယ္လို႔ ပါလာတာေနမွာပါ..။ သားလည္းလန႔္ေနမွာေပါ့.. “
“ သားလန႔္တာထက္.. သူ.. တစ္ခုခုျဖစ္သြားရင္..”
“ သိပ္လည္း စိုးရိမ္စရာမလိုပါဘူး.. အန္တီ့သားက ဘယ္ဘက္လက္ေတာ့က်ိဳးသြားတယ္..။ က်န္တာက ပြန္းပဲ့ဒဏ္ရာပဲ ရွိပါတယ္..။ ေခါင္းလည္း မထိပါဘူး..။ အခုေမ့ေနတာကလည္း သူဖ်ားေနတဲ့အရွိန္ေၾကာင့္လည္းပါတယ္တဲ့.. သတိရလာလို႔ ေခါင္းမူးတာေတြအန္တာေတြမရွိရင္ မနက္ျဖန္ပဲ ေဆး႐ုံကဆင္းရမယ္တဲ့ “
“ ေတာ္ပါေသးရဲ႕.. သူဘာမွမျဖစ္လို႔ “
ဝမ္းသာ၍က်သည့္မ်က္ရည္ေလာ.. ဝမ္းနည္း၍က်သည့္မ်က္ရည္ေလာ.. ကြၽန္ေတာ္မသိ..။ သူ႔ကိုသာစိတ္ပူေနမိသည္။ အနည္းငယ္သာထိခိုက္မိသည္ဆိုေသာ္ျငား.. မိမိေၾကာင့္ သူထိခိုက္ခဲ့ရသည္မို႔ မိမိတြင္အျပစ္ရွိေနသည္။
“ မငိုပါနဲ႔သားရယ္.. သား လန႔္ေနတုန္းပဲလား..။ အက်ႌမွာလည္း ေသြးေတြနဲ႔..။ သားအိမ္ျပန္ၿပီး နားလိုက္ပါလား “
“ သားက ရပါတယ္.. အန္တီတို႔ျပန္နားရင္နားပါ သားေဆး႐ုံေစာင့္ေပးပါမယ္ “
“ မဟုတ္တာသားရယ္.. “
“ သားေၾကာင့္ အခုလိုျဖစ္တာဆိုေတာ့ သားမွာ အျပစ္ရွိတယ္လို႔ခံစားရလို႔ပါ..။ သားကို ေဆး႐ုံေစာင့္ခြင့္ေပးပါ အန္တီ “
စကားေျပာေနေသာ္လည္း လမင္းကိုကိုသည္ ေနသူရိန္၏မိခင္မ်က္ႏွာကို ေသခ်ာမၾကည့္ရဲ..။ ေခါင္းကိုသာ ငုံ႔ၿမဲငုံ႔ထားသည္။
“ ေအးပါကြယ္.. သားသေဘာပါပဲ.. “
“ ေက်းဇူးတင္ပါတယ္ အန္တီ “
မိမိ၏အမွားအားေဗြမယူ.. ၾကည္ျဖဴေပးေသာ သူ၏မိသားစုဝင္မ်ားအား ေက်းဇူးတင္မိသည္။ ယေန႔ မိမိ၏အမွားအားေတာင္းပန္ရင္းသာ သူ၏ေဘး၌အခ်ိန္ကုန္ဆုံးမည္။ သတိရခဲ့လွ်င္ ေတာင္းပန္ခ်င္ပါသည္။ ေတာင္းပန္ျခင္းအား သူလက္ခံမည္ေလာ.. မသိ..။ မိမိ၏ တစ္ကိုယ္ေကာင္းဆန္မႈအား သူစိတ္ပ်က္ေနမည္ေလာ..။ ေဆာင္းရာသီျဖစ္သည္မို႔ သူခ်မ္းေနမည္ေလာ..။ သတိမရေသးသည့္ သူကိုသာၾကည့္၍အစစအရာရာ ဤမွ်ေလာက္ စိုးရိမ္ေနမိသည္မွာ ယခင္က လမင္းကိုကိုမဟုတ္သည့္ႏွယ္..။
ေအးစက္ေနေသာ သူ၏လက္ေလးအား ေႏြးေထြးေစလိုသည္..။ ထို႔ေၾကာင့္သာသူ၏လက္အား မိမိ၏လက္ျဖင့္ ဆုပ္ကိုင္ထားမိသည္။ ေခတၱမွ်အၾကာတြင္ မိမိ၏လက္မ်ားအား ျပန္လည္ဆုပ္ကိုင္လာေသာသူ...။ သတိရကာစတြင္ ေျပာလာေသာ မ်က္ရည္မ်ားႏွင့္ သူ၏စကားေၾကာင့္ ဝမ္းနည္းရျပန္သည္။
“ အစ္ကို.. သူနဲ႔ ကြၽန္ေတာ္က ဘာမွမပတ္သက္ပါဘူးေနာ္.. သူ႔ဘက္က တစ္ဖက္သတ္ပါ.. ကြၽန္ေတာ့္ကို ယုံေပးပါေနာ္.. “
“ သတိရရျခင္း ဘာလို႔အဲဒါေတြေျပာေနတာလဲ.. မင္းကိုမင္းျပန္ၾကည့္ပါဦးလား “
“ ကြၽန္ေတာ္ ဘာႀကီးပဲျဖစ္ခဲ့ျဖစ္ခဲ့.. အစ္ကို႔ေလာက္ ဘယ္အရာမွအေရးမႀကီးဘူး “
“ အင္းပါ.. ငါယုံပါတယ္.. ေခါင္းေတြဘာေတြမူးေနေသးလား “
“ မမူးပါဘူး.. “
“ ခဏေနာ္.. ဆရာဝန္သြားေခၚလိုက္ဦးမယ္ “
ဆရာဝန္ေခၚရန္ေျပးထြက္သြားေသာ လမင္းကိုကိုအား ေနသူရိန္ၾကည့္ရင္းသာ မ်က္ရည္မ်ားအၾကားၿပဳံးေနမိသည္။
တစ္ညတည္းမွာပဲ ကိုယ့္ရင္ခြင္ထဲက ႐ုန္းထြက္သြားတဲ့သူေလ..။ အခုေတာ့ ကိုယ့္ရဲ႕လက္ေတြကို ျပန္ဆုပ္ကိုင္ထားတယ္ေပါ့..။ ခင္ဗ်ားေလးကိုၾကည့္ရတာ ဆန႔္က်င္ဘက္အရပ္ႏွစ္ခုမွာ ေနရတာကိုသေဘာက်တယ္ထင္တယ္..။ မျပတ္သားေသးဘူးပဲ..။ ခင္ဗ်ားေလးရဲ႕ မျပတ္သားမႈေတြကို ကြၽန္ေတာ့္ရဲ႕ပိုင္ဆိုင္မႈအျဖစ္ ဖန္တီးမိခ်င္ရဲ႕..။
ေခတၱမွ်အၾကာတြင္ ဆရာဝန္ေခၚ၍ ျပန္လည္ေရာက္ရွိလာေသာ သူ..။ ဆရာဝန္သည္ မိမိအား စစ္ေဆးေနခ်ိန္တြင္ သူသည္လည္း မိမိအား စိုးရိမ္ေနသည့္မ်က္ဝန္းေလးျဖင့္ လွမ္းၾကည့္ကာ လက္သီးမ်ားဆုပ္ထားေသးသည္။ မိမိတြင္ စိုးရိမ္ဖြယ္တစ္စုံတစ္ရာမရွိေၾကာင္း ဆရာဝန္ေျပာေသာအခါတြင္လည္း သူ၏သက္ျပင္းခ်သံကို ၾကားမိပါေသးသည္။ ထိုသို႔ေသာ စိုးရိမ္ေနသည့္သူ၏အမူအရာေလးမ်ားေၾကာင့္ မိမိ၏ဒဏ္ရာမွ နာက်င္မႈမ်ား သက္သာရျပန္သည္။ ဆရာဝန္ထြက္သြားေသာအခါမွသာ မိမိအနားတြင္ မ်က္ႏွာငယ္ေလးျဖင့္ လာထိုင္ေသာသူ...။
“ ငါ... ေတာင္းပန္ပါတယ္ေနာ္.. အမွန္ဆိုရင္ မင္းစကားကို နားေထာင္ခဲ့သင့္တယ္ “
ထိုစကားႏွင့္အတူ က်ဆင္းလာေသာ မ်က္ရည္စတို႔အား ပြန္းပဲ့ဒဏ္ရာသာရေသာ ညာဘက္လက္ျဖင့္ ဖယ္ရွားေပးမိသည္။ မိမိလက္မွ ဒဏ္ရာမ်ားကိုေတြ႕ေသာအခါ ရႈိက္သံေလးပါ ၾကားရျပန္သည္။
“ ေဟ့.. မငိုနဲ႔ေလ ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး.. “
“ မလိမ္ပါနဲ႔.. မင္းဒဏ္ရာေတြက အရမ္းနာေနမွာ “
“ ဒဏ္ရာေတြကနာတာ ဟုတ္ပါတယ္.. ဒါေပမဲ့.. အစ္ကို႔မ်က္ရည္ေတြကိုျမင္ရတာ ပိုၿပီးရင္နာတယ္.. မငိုပါနဲ႔.. ကြၽန္ေတာ္က အစ္ကိုေပ်ာ္တာပဲျမင္ခ်င္တာပါ “
လက္တစ္ဖက္ႏွင့္ သူ႔အားဆြဲယူလိုက္ေသာကြၽန္ေတာ္..။ အလိုက္သိသူကလည္း ရင္ခြင္ထဲတြင္ေနရာယူလ်က္..။ မခ်စ္ဘူးေျပာ၍ ဤသို႔ျပဳမူသည္ေလာ..။ အစ္ကို႔၏ဆန္းၾကယ္မႈကို လိုက္၍မမီ...။
“ ေျပာေတာ့ မခ်စ္ဘူးဆို.. အခုေတာ့ မ်က္ရည္ေတာင္က်ေနၿပီလား “
မိမိစကားေၾကာင့္ ရင္ခြင္ထဲမွ ႐ုန္းထြက္ေနေသာသူ..
“ မ႐ုန္းနဲ႔ေနာ္ ကြၽန္ေတာ့မွာ ဒဏ္ရာေတြနဲ႔.. ထိမိရင္ နာတယ္ “
“ မင္းကဘာလို႔ မဟုတ္တာ လာေျပာလဲ “
“ ဟုတ္တာေျပာတာေလ.. ဒါနဲ႔.. အစ္ကိုကြၽန္ေတာ့္ကို ဘယ္ေန႔အေျဖျပန္ေပးမွာလဲဟင္.. “
“ မေပးပါဘူး.. မင္းေနာ္.. ဒဏ္ရာေတြနဲ႔မို႔လို႔ ညႇာေနတာကို အေကာင္းထင္မေနနဲ႔ “
“ ညႇာတာလက္စနဲ႔ ခ်စ္တယ္လို႔ေျပာလိုက္ရင္ ပိုၿပီးအဆင္မေျပဘူးလား.. ဟင္ “
စကားေျပာရင္း ခိုးၿပီးနမ္းရႈိက္မိတဲ့ ဆံႏြယ္ေလးေတြကလည္း ေမႊးေနေရာ..။
“ လက္သာက်ိဳးေနတာ ဒါမ်ိဳးက်ေတာ့ ေျပာႏိုင္ေသးလား “
“ ေျပာႏိုင္တာေပါ့.. ဘယ္ဘက္လက္ပဲ က်ိဳးတာေလ.. အစ္ကို႔ကိုခ်စ္တဲ့ ဒီႏွလုံးသားႀကီးက အေကာင္းတိုင္းရွိေသးတာရယ္.. “
“ ေတာ္စမ္းပါကြာ.. မင္းလည္းေယာက္်ားေလး.. ငါလည္းေယာက္်ားေလး.. လာၿပီး ႏုမေနနဲ႔ “
“ ဒါက ႏုတာမဟုတ္ဘူးေလ.. ကြၽန္ေတာ္ ဘယ္ေလာက္ခ်စ္ေၾကာင္းကို ပုံေဖာ္ေနတာ “
“ စကားတတ္တိုင္း ေလွ်ာက္ေျပာမေနနဲ႔..။ ေစာေစာကေတာ့ မင္းအေမနဲ႔အဘြားလာသြားတယ္.. ငါေဆး႐ုံေစာင့္ေပးမယ္ဆိုလို႔ ျပန္သြားတာ..။ အခု အန္တီကမုန႔္ေတြ ဝယ္ထားေပးခဲ့တယ္.. တစ္ခုခုစားလိုက္ပါလား.. အခုဗိုက္ဆာေနၿပီလား “
“ စကားလမ္းေၾကာင္းလႊဲတာ ဒါအကုန္ပဲလား..။ ထားပါေလ အစ္ကိုရွက္ေနတာကိုသိလို႔ ေလွ်ာ့ေပးမယ္လိုက္မယ္ေနာ္..။ ကြၽန္ေတာ္ဗိုက္ဆာတယ္ “
“ အဲဒါဆိုရင္ ခဏေနဦး.. ေရေႏြးသြားဝယ္လိုက္ဦးမယ္”
ထသြားသည့္သူ႔ကို လွမ္းတားမိသည္။ သူ၏အက်ႌတြင္လည္း မိမိ၏ေသြးစအခ်ိဳ႕ႏွင့္။ ထို႔ေၾကာင့္ မိမိအနားတြင္ရွိေသာ Hoddieေလးအား ယူခိုင္းေစသည္။
“ ခဏ.. “
“ ဘာမွာမလို႔လဲ.. “
“ မမွာပါဘူး.. ဒါေလးဝတ္သြား.. အျပင္မွာေအးတယ္.. ေနာက္ၿပီး အစ္ကို႔အက်ႌမွာက ေသြးေတြနဲ႔ “
“ ဒါက အန္တီယူလာေပးတာေလ မင္းပဲဝတ္ထားပါ “
“ သြားပါ.. ဝတ္သြား.. အစ္ကိုျပန္လာမွဝတ္မယ္ “
Hoddieသည္ မိမိ၏အနားတြင္ျဖစ္သည္မို႔ ကုန္း၍ယူေနစဥ္.. သူ၏ပါးမို႔မို႔ေလးအား အနမ္းေႁခြမိသည္။ မိမိ၏ အျပဳအမူေၾကာင့္ ေဒါသမ်က္ဝန္းေလးျဖင့္ စိုက္ၾကည့္လာပုံက ခ်စ္စဖြယ္အတိ.. ။
“ က်ိဳးသာ က်ိဳးေနတာ အသားယူတာေတာ့ ရေသးတာလား “
ပြစိပြစိနဲ႔ ေရ႐ြတ္ၿပီးထြက္လာတဲ့ ကြၽန္ေတာ္..။ ရယ္ၿပီးက်န္ခဲ့တာက သူ..။ ဟုတ္တယ္ေလ.. တကယ္ပဲ.. အသားယူလိုက္တာလြန္ပါေရာ..။ First Kissကိုယူတာ အားမရေသးဘူး.. အခုလည္း ပါးကိုနမ္းျပန္ၿပီ..။ အေျဖျပန္မေပးကခင္ကတည္းက အကုန္ကုန္ေနၿပီ..။ ဒင္းဟာ ေတာ္ေတာ္လက္သြက္..။ ၿငိမ္ခံေနတဲ့ ကိုယ္ကလည္း အျပစ္..။ ေရေႏြးဝယ္ၿပီးျပန္လာေတာ့ ခုတင္ေပၚမွာ သူက ၿပဳံးစိစိနဲ႔..။ ဒဏ္ရာေတြသာမရွိရင္ ေျပး႐ိုက္တယ္..။
“ အသားယူဖို႔မစဥ္းစားနဲ႔ေနာ္.. ျဖတ္႐ိုက္ပစ္မွာ “
“ ႐ိုက္ရက္တာလား “
“ အင္း “
“ ရက္စက္တယ္ေပါ့ “
“ ဒါေပါ့ “
အိုဗာတင္းေဖ်ာ္ေနရင္းပင္ မ်က္ခုံးေလးတစ္ဖက္ပင့္ကာ မ်က္ႏွာေျပာင္တိုက္ေနသည့္အမူအရာသည္ အသည္းယားဖြယ္အတိ..။ မိမိထက္ အသက္သုံးႏွစ္ႀကီးသည္ဟု ဆိုေသာ္ျငားလည္း ယုံခ်င္စဖြယ္မရွိ..။
“ စားလို႔ရၿပီ “
“ ဘာနဲ႔စားရမွာလဲ “
“ ပါးစပ္နဲ႔စားေပါ့ “
“ ကြၽန္ေတာ္လက္က်ိဳးေနတယ္ေလ “
“ ညာဘက္လက္နဲ႔စား.. “
“ ညာဘက္လက္က ဒဏ္ရာေတြနဲ႔ေလ.. ေနာက္ၿပီး ကြၽန္ေတာ္ကဘယ္သန္ “
အမွန္က ညာသန္ပါ..။ ဒီလိုပဲေလ.. ဂ႐ုစိုက္တာခံခ်င္ေတာ့လည္း ဉာဏ္ေကာင္းရတာေပါ့..။
“ ၿပီးေရာ ခြန႔္ေကြၽးမယ္ “
အိုဗာတင္းအား ေသခ်ာစြာအေႏြးခံေပးသည္။ ကိတ္မုန႔္ကိုလည္း သူကိုယ္တိုင္ပင္ခြန႔္ေကြၽးသည္။ သူ၏ဂ႐ုစိုက္မႈမ်ားတြင္ ေမြ႕ေလ်ာ္ေနရသည္မို႔ ဒဏ္ရာမ်ားကိုပင္ သတိမထားမိခဲ့..။ စားေသာက္ၿပီးေသာအခါတြင္လည္း မိမိ၏မ်က္ႏွာအား သန႔္စင္ေပးခဲ့သည္။
“ အိပ္ေတာ့မလား “
“ မအိပ္ခ်င္ေသးဘူး.. အစ္ကိုေရာ အိပ္ခ်င္ေနၿပီလား “
“ မအိပ္ခ်င္ပါဘူး “
“ အဲဒါဆို စကားေျပာမယ္ေလ “
“ ေျပာေလ.. “
“ စေျပာရရင္ေတာ့.. အခု.. ကြၽန္ေတာ္က ဒီအေျခအေနဆိုေတာ့ သင္တန္းလည္း သြားလို႔မရဘူး..။ ဆိုေတာ့ကာ.. အစ္ကိုကြၽန္ေတာ့္ကို အိမ္မွာ.. သင္တန္းကစာေတြကိုျပန္ရွင္းျပေပးပါလား “
“ အင္း.. ရတယ္ေလ “
“ ဒီလက္ မေကာင္းေသးသ၍ေနာ္ “
ျငင္းဆန္ခြင့္မရွိ။ မိမိေၾကာင့္သူထိခိုက္ရသည္မို႔ သူ၏ဆႏၵအတိုင္း လိုက္ေလ်ာ႐ုံသာ။
“ ေကာင္းၿပီေလ.. လက္ေကာင္းသြားရင္ေတာ့.. မလာဘူးေနာ္ “
“ ဒီလက္ေတာင္ ျပန္မေကာင္းေစခ်င္ေတာ့... “
ေျပာမိသည့္စကားသည္ အဆုံးထိမေရာက္..။ အေၾကာင္းမွာ သူ၏လက္ညႇိဳးေလးျဖင့္ မိမိႏႈတ္ခမ္းမွျဖစ္ေပၚလာမည့္ စကားမ်ားအား တားဆီးလိုက္ေသာေၾကာင့္ပင္..။
“ မေျပာေကာင္း မဆိုေကာင္းေတြ.. အဲဒီလိုေတြ ေလွ်ာက္မေျပာရဘူး “
“ စိုးရိမ္တာလား “
“ အင္း.. “
အႀကိမ္ႀကိမ္ျငင္းဆန္ထားသည္မို႔ ယခုတြင္ ဝန္ခံမိသည္။ သူ စိတ္ခ်မ္းသာေစရန္ ဟန္ေဆာင္၍မဟုတ္..။ ႏွလုံးသား၏ေစခိုင္းရာ အတိုင္းသာ..။
“ ကြၽန္ေတာ့္လက္ေတြ ေအးေနတယ္ “
ထိုစကားေနာက္ ကြၽန္ေတာ့္လက္မ်ားအား ဆုပ္ကိုင္၍ အေႏြးဓာတ္ရေစရန္ ပြတ္သပ္ေပးေနေသာသူ၏လက္တစ္စုံ..။ ေႏြးေထြးသည္..။ ႏူးညံ့သည္..။ စကားေျပာတိုင္း ေပၚလာတတ္သည့္ သြားစြယ္ေလးကိုလည္း သေဘာက်မိသည္။ ရယ္လိုက္ေသာအခါ ေပၚလာတတ္သည့္ Eyes smileလွလွေလးမ်ားကိုလည္း ျမတ္ႏိုးမိသည္။
သူ၏အမူအရာမ်ားကို အေသးစိတ္မွတ္သားရင္ သူ၏ဂ႐ုစိုက္မႈမ်ားအၾကား ေမြ႕ေလ်ာ္မိသည့္ ထိုညတာသည္ အလြန္တရာလွပခဲ့သည္။
တစ္ဦးတည္းအတြက္သာ လွပျခင္းမ်ိဳးမဟုတ္..။ ႏွစ္ဦးလုံးအတြက္သာျဖစ္သည္။ သို႔ေသာ္ လမင္းကိုကိုအဖို႔ရာ ေပ်ာ္ရသည္ဟုဆိုေသာ္ျငား ဝမ္းနည္းမႈက ေႏွာင့္ယွက္ေလျပန္သည္။
သူႏွင့္တူတူအခ်ိန္မ်ား ကုန္ဆုံးရျခင္းအား ယေန႔တြင္သေဘာက်ေနသေယာင္..။ မအိပ္ရသည္ျဖစ္ေသာ္လည္း တစ္နည္းအားျဖင့္ အိပ္မက္ဆိုးမ်ားမွ လြတ္ေျမာက္ခဲ့သည့္ ထိုညတာအဖို႔ရာ သူ႔ကိုသာေက်းဇူးတင္မိသည္။ ဝန္ခံခ်င္မိသည္။ သို႔ေသာ္ျငား ႏွစ္ဦးမွတစ္ဦးထိခိုက္မည္ဟူေသာ ဆရာမႀကီး၏စကားေၾကာင့္ ေရွ႕တိုးမည့္ေျခလွမ္းမ်ား ရပ္တန႔္ကုန္သည္။
သူမ်ား.. ပိုၿပီးထိခိုက္ေနမလား..။ အခုလည္း ကြၽန္ေတာ့္ေၾကာင့္ သူထိခိုက္ရၿပီေလ..။ ေရွ႕တိုးဖို႔ခက္ခဲေနသလို ေနာက္ဆုတ္ဖို႔လည္း အင္အားမရွိဘူး..။ မင္းနဲ႔ေဝးရာမွာ မေနႏိုင္သလို မင္းနဲ႔နီးရာကိုလည္း မလာရဲဘူး..။ မင္းထိခိုက္မွာ စိုးရိမ္လို႔ေလ..။
ထိုအေတြးေၾကာင့္ စကားေျပာရင္း ၿငိမ္သက္သြားေသာ လမင္းကိုကိုအား ေနသူရိန္သတိထားမိပါသည္။
Advertisement
- End79 Chapters
Gentle Beast
A girl crossed over to a different world, running into a small wounded animal. She thought it was completely harmless. She never expected that once he grew up, it would be this world’s most ferocious beast.
8 863 - In Serial14 Chapters
A Blank Tale
I only hope to be with him for this life. For he's the one who fills in the blank in my life. Yet, my mind only draws a blank as to who he is. (NOTE: Story under same author (Fluffypie) on different site with same progress)
8 149 - In Serial6 Chapters
Happy Ending
Hamasaki Eiji might look normal on the outside, but he's actually an Introvert with no friends at all. He loves reading manga and watching anime with happy endings and always wished he could be the main character. However, with his hatred for people due to his past, he keeps everything to himself... Until one day he bumps into Takaki Hikari. Beautiful, energetic, and weird, the weird thing wasn't about her being too energetic or anything, but it's because she wouldn't leave Eiji alone. No clue why, but it's as if she knew him before they even met.
8 148 - In Serial10 Chapters
Akad Kedua - Ana Eimaya
TAJUK: AKAD KEDUAPENULIS: ANA EIMAYAISBN N0: 978-967-0907-27-7BLURB :"Ini keputusan muktamad abi dan ingat... Khuz tak boleh kata tidak."- Tan Sri Junaidi.Mampus! Memang sah-sahlah Hasbi Khuzairy tiada pilihan. Baginya, tidak perlu lagi dia pertaruhkan kebahagiaan untuk sebuah perkahwinan. Namun, alasan serik dan takut mendirikan rumah tangga untuk kali kedua, awal-awal lagi dipangkah oleh abi.Nak tak nak, 'ya' jugalah jawabnya."Kerek! Ego! Membosankan!"- DhiaBelum sampai sehari bergelar isteri, Dhia Irdina dengan yakin melabelkan suaminya begitu. Nampaknya, dia perlu bikin sesuatu.Biarpun ego setinggi langit, Hasbi Khuzairy tidak pernah mengabaikan keperluan Dhia Irdina. Cuma cinta... itu yang sukar diberikan. Hari berganti hari, hatinya yang sunyi mula terpikat dengan sikap ceria, penyayang, manja, menggoda dan kuat mengusik isterinya."Dengan awak pun saya tak tercinta lagi, nak kahwin lagi satu? Hati saya ni ada satu ajelah."- Khuz."Jadi, hati tu untuk Dhia la kan? Kan? Kan?"- Dhia"Tolonglah, jangan nak terlajak perasan!"- Khuz.Layanan acuh tidak acuh Hasbi Khuzairy terhadap Dhia Irdina membuatkan Irsyad mula mencuri peluang yang ada. Hasbi Khuzairy gelisah. Dia mula rasa tergugat."Kalau kau rasa tak dapat nak berikan itu semua kepada Dhia, aku cadangkansupaya lepaskan ajelah dia daripada hidup kau."- IrsyadDatanglah seribu langau mahupun pendendam sekalipun, Dhia Irdina dan Hasbi Khuzairy masing-masing lebih suka memilih untuk mendiamkan diri. Namun, tanpa sedar ia membuatkan mereka makan hati berulamkan jantung."Saja. Aku nak Khuz, Tan Sri Junaidi, Rayna, Syad dan semua orang tahu perempuan yang dikatakan sepuluh kali ganda lebih baik tu sebenarnya lebih kurang sama aje dengan aku. Murah. Kau tahu tak erti mu-rah?"- DaliyaMurah? Apa maksud Daliya, bekas isteri Hasbi Khuzairy? Apa yang Dhia Irdina telah lakukan? Dan berhasilkah Hasbi Khuzairy menjadikan perkahwinan kali ini yang terakhir?
8 162 - In Serial61 Chapters
Mercy | Relief
(m.) fluctuat nec mergitur _ it is tossed by the waves but does not sink_ "I love you. You know that right?""Yeah, I know. Why?""I just wanted you to know."
8 242 - In Serial49 Chapters
Our Arrange Marriage ( Sequel Of Be Mine.(Completed).
In wattys2018.Spiritual+Romance.Ranking 2 in spiritual (4 March 2018)He's bold.She's shy.He's full of confidence.She's outspoken.He's a workaholic.She's a dreamy girl.He's romantic0She's nervousHe didn't think about loveShe waits for love.Meet Aarham and Mehak in their journey of Arrange marriage.Witness how love will attach Aarham when he will be tie to that stupid girl which will make him fall for him.
8 346

