《Amiss Prayer (Zawgyi&Unicode) [Completed]》Part-50(ချစ်ခြင်း)
Advertisement
For Unicode
ချစ်ခြင်း
ယနေ့သည့် စနေနေ့..။ ပုံမှန်အားဖြင့် သင်တန်းသွားရမည့်ရက်ဖြစ်သည်..။ သို့သော် ယနေ့တွင်သင်တန်းမသွားဖြစ်..။ ကြီးမားသောအကြောင်းပြချက်မှာ လက်ကျိုးခြင်းဖြစ်သည်။ ထိုအကြောင်းပြချက်နှင့် ချစ်ရသူအားချုပ်ကိုင်ထားသေးသည်။ ယနေ့ သူ၏သင်တန်းဆင်းချိန်၌မိမိထံလာ၍ စာပြရမည်ဖြစ်သည်။
ထို့ကြောင့် သူ့ကိုသာမျှော်နေမိသည်။ မျှော်နေသောသူသည် ညနေခင်းမှသာ ရောက်လာမည်ဖြစ်သောကြောင့် သူမလာသေးသောအချိန်တို့အား ဂိမ်းဆော့ရင်း ကုန်ဆုံးမိပြန်သည်။ အချိန်အားဖြင့် ညနေလေးနာရီသို့ရောက်သောအခါ မျှော်နေသောသူသည် ရောက်လာခဲ့သည်။
“ အန်တီ.. နေသူရိန်ရှိလားဗျ “
“ လမင်းပါလား.. လာလေသား.. နေသူရိန်အပေါ်မှာရှိတယ် အန်တီခေါ်ပေးမယ်နော်..။ နေသူရိန်ရေ.. သား.. အောက်မှာ လမင်းကိုကိုရောက်နေတယ် “
မေမေ၏ခေါ်သံကြောင့် အိမ်အောက်ထပ်သို့ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် ထိုင်နေသော ချစ်ရသူသည် ငြိမ်သက်လျက် မေမေ၏မျက်နှာအား မကြည့်ဘဲ ခေါင်းကိုသာငုံ့ထားသည်။
“ အစ်ကို ရောက်ပြီလား...”
“ အင်း.. စာပြရမယ်ဆို.. အခုစမယ်လေ “
“ အခုမှရောက်တာကို.. ခဏနားပါဦးလား.. ဘာလဲ.. မတော်ရသေးတဲ့ ယောက္ခမကို ကြောက်နေတာလား “
ပြုံးစိစိနဲ့ပြောလာတဲ့ နေသူရိန်ရဲ့စကားက အန်တီ့ကိုအားနာစရာ..။
“ သားကလည်း လိုက်စနေတယ်.. လမင်းက အစကတည်းက ကြောက်နေရကြားထဲ “
“ ကြောက်နေမှန်းသိလို့ တမင်စတာလေ..။ စာပြဖို့ခေါ်ထားတာလေ.. ကိုက်စားဖို့ခေါ်ထားတာမှမဟုတ်တာ “
“ ဘာစာပြခိုင်းမလို့လဲ “
“ အခု သားက ဒီအခြေအနေကြောင့် သင်တန်းကစာတွေလွတ်တယ်လေ..။ အဲဒါ သူ့ကိုပြခိုင်းမလို့ “
“ သားကလည်းကွယ် အားနာစရာကြီး.. လမင်းက အားလားမအားလားမသိပဲနဲ့ကို “
သဘောကောင်းလွန်သူ မေမေသည် သားဖြစ်သူ၏လက်ကျိုးခြင်းအား ဂရုမစိုက်..။ တစ်ဖက်သူ အားမလပ်မည်ကိုသာ စိုးရိမ်နေပြန်သည်။
“ သားက ကိစ္စမရှိပါဘူးအန်တီ..။ သားကြောင့် သူဒီလိုဖြစ်ပြီး စာတွေလွတ်ကုန်တာဆိုတော့ သားတာဝန်မကင်းလို့ပါ “
“ အေးပါ အေးပါ.. ကွန်ပျူတာက သားအခန်းထဲမှာမဟုတ်လား.. စာသွားလုပ်ရင်လုပ်တော့လေ.. အန်တီမုန့်လာပို့ပေးမယ် “
“ မဟုတ်တာ.. နေပါစေအန်တီရယ် “
အန်တီ့အား စကားကောင်းမွန်စွာမပြောရသေးခင်တွင် နေသူရိန်၏အားကောင်းစွာ ဆွဲခေါ်မှုကြောင့် အိမ်အပေါ်ထပ်သို့ရောက်သွားပြန်သည်။
“ လက်သာကျိုးနေတာ အားတော့ရှိသေးသား “
“ စာပြဖို့ခေါ်တာ.. အားနာနေဖို့ခေါ်တာမဟုတ်ဘူး.. “
စကားပြောရင်း သူခေါ်ဆောင်ရာသို့လိုက်ပါခဲ့မိသည်။ ဝင်ခဲ့မိသည့်အခန်းငယ်သည် ပစ္စည်များရှုပ်ပွနေခြင်းမရှိ.. သန့်ရှင်းလျက်..။ အခန်းနံရံများတွင်လည်း မိုးပြာရောင်သည် လွှမ်းမိုးလျက် အမြင်သင့်လှသည်။ အခန်းထောင့်နားတွင် ထားရှိသည့် ကွန်ပျူတာအား နေသူရိန်မှဖွင့်လိုက်သောအခါ Desktopပေါ်တွင် ပေါ်လာသောမိမိ၏ပုံကြောင့် ရှက်ရပြန်သည်။
ဒီကောင်လေး ရူးလိုက်တာ...
Desktopမှပုံကြောင့် ရှက်သွေးဖြာနေသော ချစ်ရသူလေးကို မြင်ပါသည်။ ပါးများရဲလျက် နှုတ်ခမ်းမှလည်း ပွစိပွစိရေရွတ်လျက် သူ၏အမူအရာသည် ချစ်စဖွယ်ကောင်းနေပြန်သည်။ အရှက်ပိုနေသော ချစ်ရသူအား ထပ်၍ကျီစယ်လိုသည်။ အခန်းထဲဝင်လာ၍ မုန့်နှင့်ကော်ဖီလာပေးသော မေမေကြောင့် ချစ်ရသူလေးအား နိုင်ကွက်ထပ်တွေ့ပြန်သည်။
“ အစ်ကို.. ကျွန်တော်မုန့်စားချင်တယ် “
“ စားလေ..”
မုန့်စားရန်ပြောသော်လည်း နှိုက်မစား..။ မိမိနှင့် သူ၏ကျိုးနေသောလက်အား ကြည့်၍သနားစဖွယ် မျက်နှာနှင့်...။
“ ဘာလဲ.. ခွန့်ကျွေးရဦးမှာလား “
“ ကျွန်တော်မှ လက်မကောင်းသေးတာကို “
“ စာလည်းလာပြရသေးတယ်.. မင်းခိုင်းတာလည်းလုပ်ရသေးတယ်.. မလွန်လွန်းဘူးလား “
“ မငြိုငြင်ပါနဲ့ ခွန့်ကျွေးပါနော် “
မတတ်နိုင်ဘူးလေ.. ခံလိုက်ဦးပေါ့..။ ကိုယ်ကသူ့ကို ကျိုးအောင်လုပ်မိတာကို..။ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့..။
ခက်တာတစ်ခုက မုန့်ကျွေးပြီးတော့လည်း ကျွန်တော့်ဘေးနားက မျက်နှာငယ်နဲ့ ထသွားပြီးခုတင်ပေါ်မှာ သွားထိုင်နေပြန်တယ်..။ တကယ်ပဲ သူဘာဖြစ်ချင်နေတာလဲ..။ ကားတိုက်တုန်းက ခေါင်းများထိသွား သလားပဲ..။
“ ဘာဖြစ်ပြန်တာတုံး “
“ ခေါင်းကိုက်တယ်.. ကွန်ပျူတာကြည့်နေရင် ပိုဆိုးလို့ “
ကျွန်တော့်၏လှည့်ကွက်ကို သူမသိ..။ ကျွန်တော်ခေါင်းကိုက်သည် ဆိုရုံနှင့် အလျင်အမြန်ရောက်လာသော သူအားဖက်ထားမိသည်။ ထူးဆန်းစွာပင်.. ယနေ့တွင် သူသည်မိမိလက်ထဲမှ ရုန်းထွက်သွားခြင်းမရှိ..။
“ ခေါင်းအရမ်းကိုက်နေတာလား.. ဆေးခန်းသွားပြန်မလား “
“ အမှန်တိုင်းပြောရရင် ခေါင်းမကိုက်ပါဘူး.. ဒီတိုင်း အစ်ကို့ကိုဖက်ထားချင်လို့ “
“ ဉာဏ်နီ ဉာဏ်နက်ကများလိုက်တာ “
“အဲဒီဉာဏ်နီ ဉာဏ်နက်ရဖို့.. ဘယ်လောင်ပင်ပန်းတယ်ထင်လဲ.. အစ်ကိုနဲ့နီးစပ်ဖို့ ကြိုးစားတိုင်း အစ်ကို့ဘက်က ငြင်းဆန်နေတာ.. ကျွန်တော်ပင်ပန်းတယ်..။ ပင်ပန်းတယ်ဆိုပြီး လက်လွှတ်မှာတော့မဟုတ်ဘူး.. “
ထိုစကားနှင့်အတူ ပခုံးထက်တွင် စိုလာသော သူ၏မျက်ရည်...။ သူ.. အလွန်ပင်ပန်းနေဟန်တူသည်။ သူနှင့်ထပ်တူ.. မိမိလည်းပင်ပန်းရပါသည်။
“ ကျွန်တော့်ကို တကယ်ပဲမချစ်တာလား.. ပြန်ဆုံဖို့နဲ့ စောင့်နေဖို့ကို ကတိပေးပြီးမှ အခု.. ကျွန်တော့်ကို မချစ်တော့ဘူးလား “
သူ၏မျက်ရည်ကြောင့် ယနေ့တွင် မိမိသည် သူ့အားငြင်းဆန်နိုင်စွမ်းမရှိ..။
Advertisement
“ အမှန်တော့... ငါ.. မင်းကို.. ချစ်ပါတယ် “
ရပြီ.. လုံလောက်ပြီ.. ဒီစကားလေးတစ်ခွန်းနဲ့ပဲ ရှေ့ဆက်ဖို့ အားအင်အပြည့်ရှိသွားပြီ..။
အနှစ်နှစ်အလလ လွမ်းဆွတ်ခဲ့ရသည့် ထိုစကားအား ယနေ့တွင် တစ်ဖန်ကြားရပြန်သည်။ ပျော်မိသည်။ နွေးထွေးမိသည်။ သူ၏လက်ကို ဆုပ်ကိုင်လျက် အရာရာအားရင်ဆိုင်ချင်မိသည်။
“ ဒါပေမဲ့.. ရှေ့လျှောက် ငါတို့လက်တွဲခဲ့ရင် တစ်ယောက်ယောက်က ထိခိုက်ရမှာမဟုတ်လား..။ ငါထိခိုက်မှာကို ကြောက်လို့မဟုတ်ဘူးနော်..။ မင်းတစ်ခုခုဖြစ်သွားမှာကိုပဲ စိုးရိမ်မိတယ်..။ အဲဒါကြောင့် ငါတို့.. ဒီမှာပဲရပ်လိုက်ကြရအောင် “
တစ်ချိန်တည်းတွင် အဖြေပေးပြီးနောက် တစ်ချိန်တည်းတွင် ငြင်းဆန်နေသောချစ်ရသူ..။ ချစ်လျက်ငြင်းဆန်နေရသည့် သူ၏ခက်ခဲမှုကို ဖြေဖျောက်ပေးချင်မိသည်။
“ ပထမစကားကိုပဲလက်ခံတယ်.. ဒုတိယစကားကိုလက်မခံဘူးအစ်ကို..။ ကျွန်တော်က အစ်ကိုနဲ့ရှေ့ဆက်ချင်သေးတာ “
ထိုစကားနှင့်အတူ လမင်းကိုကိုအား အုပ်မိုးလိုက်သည့် နေသူရိန်..။ ခုတင်အထက်သို့လဲကျသွားသော လမင်းကိုကို..။ နှစ်ဦးသားသည် အကြည့်တို့ကို မလွန်ဆန်နိုင်..။
“ အစ်ကိုက ကျွန်တော်ထိခိုက်မှာကို စိုးရိမ်သလို.. ကျွန်တော်ကလည်း အစ်ကိုထိခိုက်မှာကို စိုးရိမ်ပါတယ်..။ ထိခိုက်မှာစိုးလို့ နှစ်ဦးသား.. နာကျင်မှုတွေခံစားပြီး နောက်ဆုတ်နေတာထက်.. တစ်ဦးကိုတစ်ဦး ကာကွယ်ပေးရင် ပိုမကောင်းဘူးလားဟင် “
နွေးထွေးမှုအပြည့်ပေးသည့် သူ၏စကားကြောင့် ပျောက်ဆုံးသွားသော သတ္တိတို့သည် ရုတ်တရက်ကြီး ပြန်လည်းရရှိခဲ့ပြန်သည်။ လွန်ခဲ့သော နေ့ရက်များတွင် သူ၏အနားသို့ရောက်ရှိရန် ဝန်လေးနေသောမိမိသည် ယနေ့တွင် သူ၏အပါး၌နေရသည်ကို သဘောကျမိသယောင်..။
“ ငါ ဘာလို့အစကတည်းက ဒီနည်းလမ်းကိုမတွေးခဲ့မိပါလိမ့်..။ ငါ.. မင်းလောက်ဉာဏ်မကောင်းဘူးထင်တယ် Sun..”
မိမိမျက်စိရှေ့မှ ထိုလူသားခေါ်ဝေါ်လိုက်သည့် အမည်တစ်ခု..။ မိမိကြားနေကျမဟုတ်သော အမည်တစ်ခု..။ ထိုအမည်နှင့် မိမိကိုတင်စားသည်လော..။ ပို၍ပို၍သာ ထိုလူသားအား မြတ်နိုးနေမိသည်။
“ ဘယ်လိုခေါ်လိုက်တာလဲဟင်.. “
“ Sun လို့ခေါ်တာလေ.. Sunလိုလူချောက ကိုကိုတွေ မောင်မောင်တွေအခေါ်ခံရဖူးမှာပေါ့..။ အဲဒါကြောင့် သူများနဲ့မတူအောင် ခေါ်လိုက်တာလေ “
“ အခေါ်မခံရဖူးပါဘူးကွာ..။ ခင်ဗျားလေးက ကျွန်တော့်ရဲ့ First loveလေ..။ အဲဒီတော့ ကျွန်တော့်ကို အဲဒီနာမ်စားတွေနဲ့ ဘယ်သူကလာခေါ်မှာလဲ “
“ ပြောလို့မရဘူးလေ... Sunကယုံရတာမှမဟုတ်တာ..”
“ ဒါပေမဲ့.. ဒီနှလုံးသားထဲမှာတော့ ကိုကိုတစ်ယောက်တည်းရှိတာကို ယုံပေး..”
ထိုလူသားသုံးလိုက်သည့် နာမ်စားတစ်ခု..။ မိမိ၏အမည်တွင် ပါဝင်နေသောစကားလုံးဖြစ်သော်လည်း သူ၏ခေါ်ဆိုမှုကြောင့် အထူးအဆန်းဖြစ်နေရသည်..။
၎င်းတို့အချင်းချင်းသာ သက်ဆိုင်မည့် နာမ်စားတို့ကိုခေါ်ဝေါ်သုံးစွဲလျက် နှလုံးသားထဲတွင် ကမ္ဗည်းတင်နေသည့် ထိုတစ်နေ့တာသည် ထိုလူသားနှစ်ဦးအဖို့ရာ ကြည်နူးမှုအပြည့်နှင့်..။
အနေအထားအားဖြင့် နေသူရိန်သည် လမင်းကိုကို၏အပေါ်တွင် အုပ်မိုးလျက်ဖြစ်နေသည်။
“ လက်တစ်ဖက်တည်းနဲ့ထောက်ထားရတာ မညောင်းဘူးလား “
“ ညောင်းမှန်းတောင် မသိဘူး.. ကိုကို့ ကိုကြည့်နေရလို့လေ “
“ ဖယ်တော့.. လက်နာနေမယ် “
အမိန့်တော်ကိုနာခံလျက် အနေအထားအားပြုပြင်ရန် ဖယ်ပေးလိုက်သည်။ ချစ်ရသူ မငြိုငြင်စေရန် မိမိတွင်တာဝန်ရှိသည်မဟုတ်လော..။
“ လက်က မနာဘူး.. ထောက်တာကြာတော့ နည်းနည်းထုံသွားတယ် “
“ ထင်သားပဲ.. နည်းနည်းပါးပါး ဆင်ခြင်ပါဦးလား..။ ကိုယ့်ကိုပဲ အနိုင်ကျင့်ဖို့စဉ်းစားမနေနဲ့ “
ပွစိပွစိရေရွတ်ကာ မိမိလက်ကို နှိပ်ပေးနေသောသူသည် မိမိအား အလွန်တရာဂရုစိုက်ဟန်တူသည်..။ ထို့နည်းတူစွာ မိမိသည်လည်း သူ့အားဂရုစိုက်၍ချစ်မြတ်နိုးပါသည်..။
“ ဒီနေ့ ဒီလက်တစ်ဖက်ပါထုံသွားလို့ စာဆက်မသင်ချင်တော့ဘူး “
“ ဘာမှမဆိုင်ဘူး.. မသင်ချင်ရင် ဘာလို့ခေါ်နေသေးလဲ “
“ ဒီတိုင်း ကိုကို့မျက်နှာကိုကြည့်ချင်လို့ ခေါ်လိုက်တာ “
“ စကားတတ်တိုင်းလျှောက်ပြောမနေနဲ့.. စာမသင်ချင်ရင် ပြန်တော့မယ် “
ကျွန်တော်များ အကြားအမြင်ရသလား...။ ကိုကိုရဲ့ အဲဒီအကွက်တွေကို ကြိုမြင်လို့ တံခါးကို lockချထားတယ်လေ..။ ကျွန်တော် တော်သွားလားပဲ..။
“ ပြန်ဖို့.. အဲဒီလောက်လွယ်မယ်ထင်လား ကိုကို.. “
မိမိ၏စကားအား နားမလည်သည့်မျက်ဝန်းများနှင့် ပြန်ကြည့်လာသောသူ၏အနားသို့ တဖြည်းဖြည်းချဉ်းကပ်သွားမိသည်..။ နောက်ဆုတ်သွားသူက ကိုကိုပင်..။
“ sorryပါနော်.. ကျွန်တော်က အခန်းတံခါးကို lockချထားတာရယ်..”
“ ယုတ်မာလိုက်တာ “
“ ယုတ်မာတာမဟုတ်ဘူး.. ကိုကို့ ကိုချစ်လို့ ဖြစ်တည်လာတဲ့ ဉာဏ်ကောင်းမှုတွေ “
မကြာသောအချိန်တွင် မိမိအား ငို၍အဖြေတောင်းနေသာ နေသူရိန်မဟုတ်သည့်နှယ်..။ အလွန်ပျော်နေပုံရသည်..။
“ အကြာကြီးနေလို့မရဘူးနော်.. ငါးနာရီခွဲရင်ပြန်မှာ “
“ အိုခေလေ.. ကိုကိုပြန်ရင်တော့.. ကျွန်တော်လိုက်ပို့ပေးမယ်..။ အခုတော့ ဒီအခန်းထဲမှာရှိနေတဲ့ကိုကိုက ကျွန်တော့်အပိုင်ပေါ့ “
ထိုစကားနှင့်အတူ မိမိ၏ပါးပြင်ထက်သို့ အနမ်းခြွေလာသောသူ..။ အဆင့်တိုးသွားကာ ရောက်ရှိလာသော သူ၏နှုတ်ခမ်းသည် မိမိ၏နှုတ်ခမ်းထက်ဝယ်..။ မိမိသည်လည်းမရုန်းမိ..။ ပထမဆုံး မဟုတ်တော့၍ဖြစ်မည် ။ မိမိသည် သူ၏အနမ်းတို့တွင် နေသားကျနေသယောင်..။ သူသည်လည်း ရစ်မူးစွာသုံးဆောင်လျက်.. မိမိသည်လည်း သူ၏ခြယ်လှယ်မှုအား လက်ခံလျက်.. အချိန်အတန်ကြာသည်အထိ နူးညံ့သောအနမ်းတို့ကို ဖန်ဆင်းမိသည်..။ မိမိသည်လည်း ငြင်းဆန်ရန် ခွန်အားမရှိသကဲ့သို့.. သူသည်လည်း လွှတ်ပေးဖို့ရာ လမ်းမမြင်ခဲ့..။
Advertisement
ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သောထိုအနမ်းတို့ကို ကျွန်တော်သည် ကိုကို့အားဖန်ဆင်းပေးမိသည်။ ဖန်ဆင်းမှုသည် သူ့ကိုသာပေးဆပ်ခြင်းမျိုးမဟုတ်..။ မိမိသည်ကပါ ရယူလိုက်ခြင်းမျိုးပင်..။ လွမ်းဆွတ်ခဲ့ရသည့် ထိုနူးညံ့မှုအား ပြန်လည်ဖန်တီးရင်းပင် အလွမ်းတော်တို့အား ဖြေသိမ့်မိခဲ့သည်..။
ပျော်ရွှင်ရသည့် အချိန်ကာလဖြစ်သည်မို့ အချိန်တို့သည် ကုန်ဆုံးမှုမြန်လှသည်..။ အချိန်အားဖြင့် ငါးနာရီခွဲခဲ့ပြီဖြစ်သည်မို့ သူအိမ်ပြန်ရန် အချိန်ကျရောက်လာသည်။ ချစ်ရသူလေးအား စိတ်မချ..။ အရိပ်တကြည့်ကြည့်ချစ်ရသည်မို့ အိမ်အပြန်လမ်းကိုလည်း မိမိကိုယ်တိုင်သာ ပို့ဆောင်ပေးသည်..။ နှစ်မှတ်တိုင်အကျော်သာကွာသည်မို့ ကားမစီးခဲ့..။ သူ၏လက်ကိုကိုင်လျက်.. ညနေဆည်းဆာကိုခံစားရင်းသာ လမ်းလျှောက်ခဲ့သည်။ အရိပ်ရသောအချိန်.. နေကျချိန်ဖြစ်သောကြောင့် အအေးဓာတ်စိုးမိုးလာသော်လည်း ဆုပ်ကိုင်ထားမိသည့် လက်တစ်စုံကြောင့် တစ်လောကလုံးနွေးထွေးနေသယောင်..။ မိမိသည်လည်း သူအတွက်သာ အရာရာအားရင်ဆိုင်ရန်အသင့်ရှိနေသကဲ့သို့.. သူသည်လည်း မိမိနှင့်အတူ ရင်ဆိုင်ရန်သတ္တိတို့ရှ်ိနေသယောင်..။ ဆုပ်ကိုင်ထားသည့် မိမိ၏လက်အား ဖယ်ရှားခြင်းမရှိ.. ရုန်းထွက်ခြင်းမရှိ..။ မျက်နှာထက်ဝယ် အလှဆုံးပြုံးနေပါသေးသည်..။
သူ၏အိမ်အရှေ့သို့ ရောက်သောအခါ လက်အားဂရိုစိုက်ရန်.. အိမ်ကိုသာပြန်ရန် တဖွဖွမှာရှာပြန်သည်။ ကိုင်ထားသည့် လက်တို့သည် လွှတ်ပေးခြင်းမရှိ..။ စိုးရိမ်နေသောကိုကိုအား အချစ်ပိုရပြန်သည်။
မာကျောသူကို နူးညံ့စေသည်..။ နူးညံ့သူအား သတ္တိတို့ တစ်ဖန်ပေးစွမ်းနိုင်သည်..။ ဤသည်ကာ အချစ်၏စွမ်းအား..။ ထိုစွမ်းအားသည် နှစ်ဦးသားလုံး၏ နှလုံးသားထဲသို့စီးဝင်လျက်.. အလှပဆုံးဖြစ်နေခဲ့သည်..။
For Zawgyi
ခ်စ္ျခင္း
ယေန႔သည့္ စေနေန႔..။ ပုံမွန္အားျဖင့္ သင္တန္းသြားရမည့္ရက္ျဖစ္သည္..။ သို႔ေသာ္ ယေန႔တြင္သင္တန္းမသြားျဖစ္..။ ႀကီးမားေသာအေၾကာင္းျပခ်က္မွာ လက္က်ိဳးျခင္းျဖစ္သည္။ ထိုအေၾကာင္းျပခ်က္ႏွင့္ ခ်စ္ရသူအားခ်ဳပ္ကိုင္ထားေသးသည္။ ယေန႔ သူ၏သင္တန္းဆင္းခ်ိန္၌မိမိထံလာ၍ စာျပရမည္ျဖစ္သည္။
ထို႔ေၾကာင့္ သူ႔ကိုသာေမွ်ာ္ေနမိသည္။ ေမွ်ာ္ေနေသာသူသည္ ညေနခင္းမွသာ ေရာက္လာမည္ျဖစ္ေသာေၾကာင့္ သူမလာေသးေသာအခ်ိန္တို႔အား ဂိမ္းေဆာ့ရင္း ကုန္ဆုံးမိျပန္သည္။ အခ်ိန္အားျဖင့္ ညေနေလးနာရီသို႔ေရာက္ေသာအခါ ေမွ်ာ္ေနေသာသူသည္ ေရာက္လာခဲ့သည္။
“ အန္တီ.. ေနသူရိန္ရွိလားဗ် “
“ လမင္းပါလား.. လာေလသား.. ေနသူရိန္အေပၚမွာရွိတယ္ အန္တီေခၚေပးမယ္ေနာ္..။ ေနသူရိန္ေရ.. သား.. ေအာက္မွာ လမင္းကိုကိုေရာက္ေနတယ္ “
ေမေမ၏ေခၚသံေၾကာင့္ အိမ္ေအာက္ထပ္သို႔ဆင္းလာေသာအခါ ဧည့္ခန္းထဲတြင္ ထိုင္ေနေသာ ခ်စ္ရသူသည္ ၿငိမ္သက္လ်က္ ေမေမ၏မ်က္ႏွာအား မၾကည့္ဘဲ ေခါင္းကိုသာငုံ႔ထားသည္။
“ အစ္ကို ေရာက္ၿပီလား...”
“ အင္း.. စာျပရမယ္ဆို.. အခုစမယ္ေလ “
“ အခုမွေရာက္တာကို.. ခဏနားပါဦးလား.. ဘာလဲ.. မေတာ္ရေသးတဲ့ ေယာကၡမကို ေၾကာက္ေနတာလား “
ၿပဳံးစိစိနဲ႔ေျပာလာတဲ့ ေနသူရိန္ရဲ႕စကားက အန္တီ့ကိုအားနာစရာ..။
“ သားကလည္း လိုက္စေနတယ္.. လမင္းက အစကတည္းက ေၾကာက္ေနရၾကားထဲ “
“ ေၾကာက္ေနမွန္းသိလို႔ တမင္စတာေလ..။ စာျပဖို႔ေခၚထားတာေလ.. ကိုက္စားဖို႔ေခၚထားတာမွမဟုတ္တာ “
“ ဘာစာျပခိုင္းမလို႔လဲ “
“ အခု သားက ဒီအေျခအေနေၾကာင့္ သင္တန္းကစာေတြလြတ္တယ္ေလ..။ အဲဒါ သူ႔ကိုျပခိုင္းမလို႔ “
“ သားကလည္းကြယ္ အားနာစရာႀကီး.. လမင္းက အားလားမအားလားမသိပဲနဲ႔ကို “
သေဘာေကာင္းလြန္သူ ေမေမသည္ သားျဖစ္သူ၏လက္က်ိဳးျခင္းအား ဂ႐ုမစိုက္..။ တစ္ဖက္သူ အားမလပ္မည္ကိုသာ စိုးရိမ္ေနျပန္သည္။
“ သားက ကိစၥမရွိပါဘူးအန္တီ..။ သားေၾကာင့္ သူဒီလိုျဖစ္ၿပီး စာေတြလြတ္ကုန္တာဆိုေတာ့ သားတာဝန္မကင္းလို႔ပါ “
“ ေအးပါ ေအးပါ.. ကြန္ပ်ဴတာက သားအခန္းထဲမွာမဟုတ္လား.. စာသြားလုပ္ရင္လုပ္ေတာ့ေလ.. အန္တီမုန႔္လာပို႔ေပးမယ္ “
“ မဟုတ္တာ.. ေနပါေစအန္တီရယ္ “
အန္တီ့အား စကားေကာင္းမြန္စြာမေျပာရေသးခင္တြင္ ေနသူရိန္၏အားေကာင္းစြာ ဆြဲေခၚမႈေၾကာင့္ အိမ္အေပၚထပ္သို႔ေရာက္သြားျပန္သည္။
“ လက္သာက်ိဳးေနတာ အားေတာ့ရွိေသးသား “
“ စာျပဖို႔ေခၚတာ.. အားနာေနဖို႔ေခၚတာမဟုတ္ဘူး.. “
စကားေျပာရင္း သူေခၚေဆာင္ရာသို႔လိုက္ပါခဲ့မိသည္။ ဝင္ခဲ့မိသည့္အခန္းငယ္သည္ ပစၥည္မ်ားရႈပ္ပြေနျခင္းမရွိ.. သန္႔ရွင္းလ်က္..။ အခန္းနံရံမ်ားတြင္လည္း မိုးျပာေရာင္သည္ လႊမ္းမိုးလ်က္ အျမင္သင့္လွသည္။ အခန္းေထာင့္နားတြင္ ထားရွိသည့္ ကြန္ပ်ဴတာအား ေနသူရိန္မွဖြင့္လိုက္ေသာအခါ Desktopေပၚတြင္ ေပၚလာေသာမိမိ၏ပုံေၾကာင့္ ရွက္ရျပန္သည္။
ဒီေကာင္ေလး ႐ူးလိုက္တာ...
Desktopမွပုံေၾကာင့္ ရွက္ေသြးျဖာေနေသာ ခ်စ္ရသူေလးကို ျမင္ပါသည္။ ပါးမ်ားရဲလ်က္ ႏႈတ္ခမ္းမွလည္း ပြစိပြစိေရ႐ြတ္လ်က္ သူ၏အမူအရာသည္ ခ်စ္စဖြယ္ေကာင္းေနျပန္သည္။ အရွက္ပိုေနေသာ ခ်စ္ရသူအား ထပ္၍က်ီစယ္လိုသည္။ အခန္းထဲဝင္လာ၍ မုန႔္ႏွင့္ေကာ္ဖီလာေပးေသာ ေမေမေၾကာင့္ ခ်စ္ရသူေလးအား ႏိုင္ကြက္ထပ္ေတြ႕ျပန္သည္။
“ အစ္ကို.. ကြၽန္ေတာ္မုန႔္စားခ်င္တယ္ “
“ စားေလ..”
မုန္႔စားရန္ေျပာေသာ္လည္း ႏႈိက္မစား..။ မိမိႏွင့္ သူ၏က်ိဳးေနေသာလက္အား ၾကည့္၍သနားစဖြယ္ မ်က္ႏွာႏွင့္...။
“ ဘာလဲ.. ခြန႔္ေကြၽးရဦးမွာလား “
“ ကြၽန္ေတာ္မွ လက္မေကာင္းေသးတာကို “
“ စာလည္းလာျပရေသးတယ္.. မင္းခိုင္းတာလည္းလုပ္ရေသးတယ္.. မလြန္လြန္းဘူးလား “
“ မၿငိဳျငင္ပါနဲ႔ ခြန႔္ေကြၽးပါေနာ္ “
မတတ္ႏိုင္ဘူးေလ.. ခံလိုက္ဦးေပါ့..။ ကိုယ္ကသူ႔ကို က်ိဳးေအာင္လုပ္မိတာကို..။ ကိုယ့္အျပစ္နဲ႔ကိုယ္ေပါ့..။
ခက္တာတစ္ခုက မုန႔္ေကြၽးၿပီးေတာ့လည္း ကြၽန္ေတာ့္ေဘးနားက မ်က္ႏွာငယ္နဲ႔ ထသြားၿပီးခုတင္ေပၚမွာ သြားထိုင္ေနျပန္တယ္..။ တကယ္ပဲ သူဘာျဖစ္ခ်င္ေနတာလဲ..။ ကားတိုက္တုန္းက ေခါင္းမ်ားထိသြား သလားပဲ..။
“ ဘာျဖစ္ျပန္တာတုံး “
“ ေခါင္းကိုက္တယ္.. ကြန္ပ်ဴတာၾကည့္ေနရင္ ပိုဆိုးလို႔ “
ကြၽန္ေတာ့္၏လွည့္ကြက္ကို သူမသိ..။ ကြၽန္ေတာ္ေခါင္းကိုက္သည္ ဆို႐ုံႏွင့္ အလ်င္အျမန္ေရာက္လာေသာ သူအားဖက္ထားမိသည္။ ထူးဆန္းစြာပင္.. ယေန႔တြင္ သူသည္မိမိလက္ထဲမွ ႐ုန္းထြက္သြားျခင္းမရွိ..။
“ ေခါင္းအရမ္းကိုက္ေနတာလား.. ေဆးခန္းသြားျပန္မလား “
“ အမွန္တိုင္းေျပာရရင္ ေခါင္းမကိုက္ပါဘူး.. ဒီတိုင္း အစ္ကို႔ကိုဖက္ထားခ်င္လို႔ “
“ ဉာဏ္နီ ဉာဏ္နက္ကမ်ားလိုက္တာ “
“အဲဒီဉာဏ္နီ ဉာဏ္နက္ရဖို႔.. ဘယ္ေလာင္ပင္ပန္းတယ္ထင္လဲ.. အစ္ကိုနဲ႔နီးစပ္ဖို႔ ႀကိဳးစားတိုင္း အစ္ကို႔ဘက္က ျငင္းဆန္ေနတာ.. ကြၽန္ေတာ္ပင္ပန္းတယ္..။ ပင္ပန္းတယ္ဆိုၿပီး လက္လႊတ္မွာေတာ့မဟုတ္ဘူး.. “
ထိုစကားႏွင့္အတူ ပခုံးထက္တြင္ စိုလာေသာ သူ၏မ်က္ရည္...။ သူ.. အလြန္ပင္ပန္းေနဟန္တူသည္။ သူႏွင့္ထပ္တူ.. မိမိလည္းပင္ပန္းရပါသည္။
“ ကြၽန္ေတာ့္ကို တကယ္ပဲမခ်စ္တာလား.. ျပန္ဆုံဖို႔နဲ႔ ေစာင့္ေနဖို႔ကို ကတိေပးၿပီးမွ အခု.. ကြၽန္ေတာ့္ကို မခ်စ္ေတာ့ဘူးလား “
သူ၏မ်က္ရည္ေၾကာင့္ ယေန႔တြင္ မိမိသည္ သူ႔အားျငင္းဆန္ႏိုင္စြမ္းမရွိ..။
“ အမွန္ေတာ့... ငါ.. မင္းကို.. ခ်စ္ပါတယ္ “
ရၿပီ.. လုံေလာက္ၿပီ.. ဒီစကားေလးတစ္ခြန္းနဲ႔ပဲ ေရွ႕ဆက္ဖို႔ အားအင္အျပည့္ရွိသြားၿပီ..။
အႏွစ္ႏွစ္အလလ လြမ္းဆြတ္ခဲ့ရသည့္ ထိုစကားအား ယေန႔တြင္ တစ္ဖန္ၾကားရျပန္သည္။ ေပ်ာ္မိသည္။ ေႏြးေထြးမိသည္။ သူ၏လက္ကို ဆုပ္ကိုင္လ်က္ အရာရာအားရင္ဆိုင္ခ်င္မိသည္။
“ ဒါေပမဲ့.. ေရွ႕ေလွ်ာက္ ငါတို႔လက္တြဲခဲ့ရင္ တစ္ေယာက္ေယာက္က ထိခိုက္ရမွာမဟုတ္လား..။ ငါထိခိုက္မွာကို ေၾကာက္လို႔မဟုတ္ဘူးေနာ္..။ မင္းတစ္ခုခုျဖစ္သြားမွာကိုပဲ စိုးရိမ္မိတယ္..။ အဲဒါေၾကာင့္ ငါတို႔.. ဒီမွာပဲရပ္လိုက္ၾကရေအာင္ “
တစ္ခ်ိန္တည္းတြင္ အေျဖေပးၿပီးေနာက္ တစ္ခ်ိန္တည္းတြင္ ျငင္းဆန္ေနေသာခ်စ္ရသူ..။ ခ်စ္လ်က္ျငင္းဆန္ေနရသည့္ သူ၏ခက္ခဲမႈကို ေျဖေဖ်ာက္ေပးခ်င္မိသည္။
“ ပထမစကားကိုပဲလက္ခံတယ္.. ဒုတိယစကားကိုလက္မခံဘူးအစ္ကို..။ ကြၽန္ေတာ္က အစ္ကိုနဲ႔ေရွ႕ဆက္ခ်င္ေသးတာ “
ထိုစကားႏွင့္အတူ လမင္းကိုကိုအား အုပ္မိုးလိုက္သည့္ ေနသူရိန္..။ ခုတင္အထက္သို႔လဲက်သြားေသာ လမင္းကိုကို..။ ႏွစ္ဦးသားသည္ အၾကည့္တို႔ကို မလြန္ဆန္ႏိုင္..။
“ အစ္ကိုက ကြၽန္ေတာ္ထိခိုက္မွာကို စိုးရိမ္သလို.. ကြၽန္ေတာ္ကလည္း အစ္ကိုထိခိုက္မွာကို စိုးရိမ္ပါတယ္..။ ထိခိုက္မွာစိုးလို႔ ႏွစ္ဦးသား.. နာက်င္မႈေတြခံစားၿပီး ေနာက္ဆုတ္ေနတာထက္.. တစ္ဦးကိုတစ္ဦး ကာကြယ္ေပးရင္ ပိုမေကာင္းဘူးလားဟင္ “
ေႏြးေထြးမႈအျပည့္ေပးသည့္ သူ၏စကားေၾကာင့္ ေပ်ာက္ဆုံးသြားေသာ သတၱိတို႔သည္ ႐ုတ္တရက္ႀကီး ျပန္လည္းရရွိခဲ့ျပန္သည္။ လြန္ခဲ့ေသာ ေန႔ရက္မ်ားတြင္ သူ၏အနားသို႔ေရာက္ရွိရန္ ဝန္ေလးေနေသာမိမိသည္ ယေန႔တြင္ သူ၏အပါး၌ေနရသည္ကို သေဘာက်မိသေယာင္..။
“ ငါ ဘာလို႔အစကတည္းက ဒီနည္းလမ္းကိုမေတြးခဲ့မိပါလိမ့္..။ ငါ.. မင္းေလာက္ဉာဏ္မေကာင္းဘူးထင္တယ္ Sun..”
မိမိမ်က္စိေရွ႕မွ ထိုလူသားေခၚေဝၚလိုက္သည့္ အမည္တစ္ခု..။ မိမိၾကားေနက်မဟုတ္ေသာ အမည္တစ္ခု..။ ထိုအမည္ႏွင့္ မိမိကိုတင္စားသည္ေလာ..။ ပို၍ပို၍သာ ထိုလူသားအား ျမတ္ႏိုးေနမိသည္။
“ ဘယ္လိုေခၚလိုက္တာလဲဟင္.. “
“ Sun လို႔ေခၚတာေလ.. Sunလိုလူေခ်ာက ကိုကိုေတြ ေမာင္ေမာင္ေတြအေခၚခံရဖူးမွာေပါ့..။ အဲဒါေၾကာင့္ သူမ်ားနဲ႔မတူေအာင္ ေခၚလိုက္တာေလ “
“ အေခၚမခံရဖူးပါဘူးကြာ..။ ခင္ဗ်ားေလးက ကြၽန္ေတာ့္ရဲ႕ First loveေလ..။ အဲဒီေတာ့ ကြၽန္ေတာ့္ကို အဲဒီနာမ္စားေတြနဲ႔ ဘယ္သူကလာေခၚမွာလဲ “
“ ေျပာလို႔မရဘူးေလ... Sunကယုံရတာမွမဟုတ္တာ..”
“ ဒါေပမဲ့.. ဒီႏွလုံးသားထဲမွာေတာ့ ကိုကိုတစ္ေယာက္တည္းရွိတာကို ယုံေပး..”
ထိုလူသားသုံးလိုက္သည့္ နာမ္စားတစ္ခု..။ မိမိ၏အမည္တြင္ ပါဝင္ေနေသာစကားလုံးျဖစ္ေသာ္လည္း သူ၏ေခၚဆိုမႈေၾကာင့္ အထူးအဆန္းျဖစ္ေနရသည္..။
၎တို႔အခ်င္းခ်င္းသာ သက္ဆိုင္မည့္ နာမ္စားတို႔ကိုေခၚေဝၚသုံးစြဲလ်က္ ႏွလုံးသားထဲတြင္ ကမၺည္းတင္ေနသည့္ ထိုတစ္ေန႔တာသည္ ထိုလူသားႏွစ္ဦးအဖို႔ရာ ၾကည္ႏူးမႈအျပည့္ႏွင့္..။
အေနအထားအားျဖင့္ ေနသူရိန္သည္ လမင္းကိုကို၏အေပၚတြင္ အုပ္မိုးလ်က္ျဖစ္ေနသည္။
“ လက္တစ္ဖက္တည္းနဲ႔ေထာက္ထားရတာ မေညာင္းဘူးလား “
“ ေညာင္းမွန္းေတာင္ မသိဘူး.. ကိုကို႔ ကိုၾကည့္ေနရလို႔ေလ “
“ ဖယ္ေတာ့.. လက္နာေနမယ္ “
အမိန႔္ေတာ္ကိုနာခံလ်က္ အေနအထားအားျပဳျပင္ရန္ ဖယ္ေပးလိုက္သည္။ ခ်စ္ရသူ မၿငိဳျငင္ေစရန္ မိမိတြင္တာဝန္ရွိသည္မဟုတ္ေလာ..။
“ လက္က မနာဘူး.. ေထာက္တာၾကာေတာ့ နည္းနည္းထုံသြားတယ္ “
“ ထင္သားပဲ.. နည္းနည္းပါးပါး ဆင္ျခင္ပါဦးလား..။ ကိုယ့္ကိုပဲ အႏိုင္က်င့္ဖို႔စဥ္းစားမေနနဲ႔ “
ပြစိပြစိေရ႐ြတ္ကာ မိမိလက္ကို ႏွိပ္ေပးေနေသာသူသည္ မိမိအား အလြန္တရာဂ႐ုစိုက္ဟန္တူသည္..။ ထို႔နည္းတူစြာ မိမိသည္လည္း သူ႔အားဂ႐ုစိုက္၍ခ်စ္ျမတ္ႏိုးပါသည္..။
“ ဒီေန႔ ဒီလက္တစ္ဖက္ပါထုံသြားလို႔ စာဆက္မသင္ခ်င္ေတာ့ဘူး “
“ ဘာမွမဆိုင္ဘူး.. မသင္ခ်င္ရင္ ဘာလို႔ေခၚေနေသးလဲ “
“ ဒီတိုင္း ကိုကို႔မ်က္ႏွာကိုၾကည့္ခ်င္လို႔ ေခၚလိုက္တာ “
“ စကားတတ္တိုင္းေလွ်ာက္ေျပာမေနနဲ႔.. စာမသင္ခ်င္ရင္ ျပန္ေတာ့မယ္ “
ကြၽန္ေတာ္မ်ား အၾကားအျမင္ရသလား...။ ကိုကိုရဲ႕ အဲဒီအကြက္ေတြကို ႀကိဳျမင္လို႔ တံခါးကို lockခ်ထားတယ္ေလ..။ ကြၽန္ေတာ္ ေတာ္သြားလားပဲ..။
“ ျပန္ဖို႔.. အဲဒီေလာက္လြယ္မယ္ထင္လား ကိုကို.. “
မိမိ၏စကားအား နားမလည္သည့္မ်က္ဝန္းမ်ားႏွင့္ ျပန္ၾကည့္လာေသာသူ၏အနားသို႔ တျဖည္းျဖည္းခ်ဥ္းကပ္သြားမိသည္..။ ေနာက္ဆုတ္သြားသူက ကိုကိုပင္..။
“ sorryပါေနာ္.. ကြၽန္ေတာ္က အခန္းတံခါးကို lockခ်ထားတာရယ္..”
“ ယုတ္မာလိုက္တာ “
“ ယုတ္မာတာမဟုတ္ဘူး.. ကိုကို႔ ကိုခ်စ္လို႔ ျဖစ္တည္လာတဲ့ ဉာဏ္ေကာင္းမႈေတြ “
မၾကာေသာအခ်ိန္တြင္ မိမိအား ငို၍အေျဖေတာင္းေနသာ ေနသူရိန္မဟုတ္သည့္ႏွယ္..။ အလြန္ေပ်ာ္ေနပုံရသည္..။
“ အၾကာႀကီးေနလို႔မရဘူးေနာ္.. ငါးနာရီခြဲရင္ျပန္မွာ “
“ အိုေခေလ.. ကိုကိုျပန္ရင္ေတာ့.. ကြၽန္ေတာ္လိုက္ပို႔ေပးမယ္..။ အခုေတာ့ ဒီအခန္းထဲမွာရွိေနတဲ့ကိုကိုက ကြၽန္ေတာ့္အပိုင္ေပါ့ “
Advertisement
- In Serial233 Chapters
Taming The Queen Of Beasts
Elreth is a Princess in the world of Anima—where humans can shift into the form of their animal ancestors. As the Lion King's daughter, Elreth breaks a thousand-year tradition when she challenges her father for dominance—and wins. But as the first known dominant Alpha Female, she faces a lonely, and dangerous Rule.
8 142 - In Serial29 Chapters
One Sided Love
" I have watched you loved another girl for so long and that broke me everyday"Rihanna has been Brandon's best friend for years. They went to high school and college together and now she works as his Personal Assistant.They satisfied each other more than one occasions to Brandon it was nothing but to Rihanna it was everything.She watched Brandon fall in love with another girl and there was nothing she could do about it. One day it was enough and everything was spilled.Will Brandon's mind change?Will he forget his first love?Read to find out
8 112 - In Serial25 Chapters
Singsing - G. del Pilar
𝐒𝐢𝐧𝐠𝐬𝐢𝐧𝐠// Kung saan ang dalawang tao mahal ang isa't isa sa gitna ng labanan.Started: February 6, 2022Finished: February 24, 2022(©LynSafirah 2022)
8 193 - In Serial30 Chapters
Ice Queen
Dawson is devastated when she heard the news that her parents married her off to a famous ice skater named, Rylee. Dawson didn't have a say in the marriage but most importantly, she is not ready to settle down. Dawson still wants to be single; she's not ready to take responsibility of another human being. Now, her life won't be the same again.
8 170 - In Serial5 Chapters
Philline's Writer Room
A book where I share writing tips (including templates you can use to craft your own stories), give sneak peeks and post background info about my novels! It's a fun time!
8 172 - In Serial44 Chapters
Far From Perfect
Far From Perfect. That's what I am. It's what I've always been. How do I even begin to see myself as anything different when all I've ever been is the fat girl? I just want to be loved and accepted. It's all I've ever wanted. And all I've ever needed. I didn't think it was possible to have either of those until I met Nate Carter. Nate swooped into my life like a wrecking ball, rattling the very walls I built around myself to keep anyone from ever getting in. And without me realizing it, he knocked them all down one by one and did what no one was ever able to do. He taught me to see me. The real me. But will that be enough to keep what is growing between us alive? × Highest Rankings ×#1 in Bodypositive#1 in Selfacceptance#2 in Bodyimage#2 Bodyimageissues#2 Self-esteem#6 Firstkiss#13 Outcast
8 140

