《Amiss Prayer (Zawgyi&Unicode) [Completed]》Part-51(စိုးရိမ်မှု)
Advertisement
For Unicode
စိုးရိမ်မှု
ထူးဆန်းစွာပင်..။ ယခင်ကာလ နေ့ရက်များစွာနှင့်မတူ..။ ယနေ့တွင် စိတ်ကြည်လင်စွာနိုးထလာခဲ့သည်..။ အိပ်မက်ဆိုးများလည်း မမက်မြင်တော့ပေ..။
ယနေ့တွင်အကြည်ဓာတ်တို့ ပို၍စုဆောင်းသည့်နှယ်..။ အိပ်မက်ဆိုးများမမက်မြင်၍ စိတ်ကြည်ရသည်ထက် ပို၍ကြည်နူးဖွယ်အရာတစ်ခုက ထပ်၍ရှိနေပြန်သည်..။ ဤသည်ကာ Sun ၏စာတိုတစ်ခုကြောင့်ပင်..။
Good morningကိုကို..ဒီ Sunက လမင်းလေးရဲ့အေးမြမှုကို တစ်ရက်တောင်မတွေ့ရလို့ သတိရပြီး အရမ်းတွေ့ချင်နေတာပါတယ်.. ဒီနေ့မနက် ကိုကိုတို့ရဲ့တစ်လမ်းကျော်မှာရှိတဲ့ သိဒ္ဓိစံလက်ဖက်ရည်ဆိုင်မှာ ကျွန်တော်စောင့်နေမယ်.. ကိုကိုနဲ့အတူတူ မနက်စာစားမယ် ပြီးမှ ကျောင်းသွားတာပေါ့..။
စနေ့နေ့တစ်ရက် သူ့ဆီကိုသွားရတယ်။ တနင်္ဂနွေနေ့က ကျွန်တော် နေမကောင်းလို့ မသွားဖြစ်ဘူးလေ..။ တစ်ရက်လေးမတွေ့ရတာကို လွမ်းတယ်တဲ့လား..။ အရမ်းအပိုလွန်နေတဲ့ Sunပါကွာ..။ မတွေ့ဖြစ်တဲ့တစ်ရက်လေး နေမကောင်းဖြစ်တာကို ဖုန်းကလည်း တဂွမ်ဂွမ်ဆက်..။ ဟိုဟာမစားနဲ့ ဒါမစားနဲ့က ခဏခဏမှာ..။ မသက်သာရင် သူကိုယ်တိုင်တောင် လာပြုစုဦးမှာတဲ့လေ..။ အဲဒီလောက်တောင်ပဲ စိုးရိမ်တာလား..။ အဲဒီလောက်ဂရုစိုက်တာလား..။
နှစ်ဘဝတောင် မျှော်လင့်ခဲ့ရတဲ့ အခွင့်အရေးတွေကို အခုမှပြန်ပေးဆပ်နေတာလား..။ အရင်ဘဝတွေကလည်း ဂရုစိုက်ပါတယ်လေ..။ ဂရုစိုက်ပုံကတော့ ကွာတာပေါ့..။ ဟိုးအရင်တုန်းက ရက်စက်မှုတွေနဲ့အတူ မဝံ့မရဲဂရုစိုက်တယ်..။ နောက်ပြီး.. ကြောက်မက်ဖွယ် အေးစက်မှုတွေနဲ့အတူ ဂရုစိုက်ပြန်တယ်..။ အခုတော့.. နွေးထွေးမှုတွေနဲ့အတူ ကြင်နာစွာဂရုစိုက်ပြန်တယ်..။ မဆိုးပါဘူး.. Sunက တစ်ဘဝကို ရသတစ်မျိုးတော့ ပေးသားပဲ..။ ရသလို့သုံးလိုက်တာ လွန်သွားသလား..။ မလွန်လောက်ပါဘူးနော်..။ ဘာလို့လဲဆိုတော့ သူ့ကို.. ဝမ်းနည်းရင်းနဲ့လည်းနှစ်သက်မိတယ်..။ ကြောက်ရွံ့ရင်းနဲ့လည်း နှစ်သက်မိတယ်..။ သနားရင်းနဲ့လည်း နှစ်သက်မိတယ်လေ..။
နံနက်နိုးစ ချစ်ရသူနှင့် ပတ်သက်သည်တို့ကို တွေးရသည်ကအရသာတစ်ခု..။ ကြည်နူးသယောင်... နွေးထွေးသယောင်...။ Sunဟူသည့် အမည်နှင့်လိုက်ဖက်လေသည်..။
ထိုသို့သောအတွေးဆတချို့နှင့် လက်ဖက်ရည်ဆိုင်လေးသို့လာနေမိသည်..။ သူသည်က ကြို၍ရောက်နှင့်လေသည်..။ စားပွဲပေါ်တွင်လည်း မိမိကြိုက်နှစ်သက်သည့် အစားအစာတို့ကို ကြို၍မှာထားလေသည်။ မိမိသည်က သူနှင့်မျက်နှာချင်းဆိုင်ခုံတွင် ထိုင်မည်ပြုသောအခါ သူသည်မိမိလက်အားဆွဲ၍ သူ၏အနားတွင်ထိုင်စေသည်။ ထိုင်ပြီးသည်နှင့်တစ်ပြိုက်နက် မိမိ၏နဖူးကို လက်ဖြင့်ကိုယ်ပူစမ်းခဲ့သည်။
“ ကိုကို.. သက်သာရဲ့လား "
“ အင်း.. သက်သာပါတယ်.. "
“ အခု အစားစားလိုက်ဦးနော်..။ ကိုကိုကြိုက်တဲ့ ရှမ်းခေါက်ဆွဲမှာထားတယ်.. အိုဗာတင်းကို ကျွန်တော်အိမ်ကဖျော်ခဲ့တယ်.. ဒါတွေစားပြီးရင်ဆေးသောက်ရမယ် "
“ ကိုယ်က ကလေးလား.. အဲဒီလောက် ဂရုစိုက်နေရအောင် "
“ ကိုကိုလို့သာခေါ်နေရပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ ကလေးလေးလိုပဲ.. ချစ်ဖို့ကောင်းတယ် "
ကိုကိုသည် ကျွန်တော့်အဖို့ရာ ကလေးပင်..။ အရောင်တောက်နေသည့်မျက်ဝန်းလှလှနှင့် နူးညံ့သည့်ပြုံးတို့သည် အမှန်ပင်ဖြူစင်လှသည်..။ အသက်အရွယ်နှင့် အသွင်အပြင်သည်မလိုက်ဖက်စွာ။ အသက်သုံးနှစ်ငယ်သောမိမိထက်ပင် သူသည်ပို၍နုနေသေးသည်။ ပြုံးရယ်တိုင်း ပေါ်လာတတ်သည့် ပါးချိုင့်လေးတစ်ဖက်သည် ပို၍ဆွဲဆောင်မှုရှိသည်။ ပြင်ဆင်ခြယ်သခြင်းမရှိ.. သဘာဝအတိုင်းပင် ပန်းရောင်သန်းနေသော နှုတ်ခမ်းတစ်စုံသည် သူ၏အလှတရားတို့ကို ပို၍ပြည့်စုံစေသည်..။ နှုတ်ခမ်းနီမလေးများထက် ပို၍ဆွဲဆောင်မှုအားကောင်းနေသော သူ့အားအဆုံးရှုံးမခံနိုင်သည်မှာ မိမိအမှားမဟုတ်..။ လှနေသော သူ၏အပြစ်သာ...။
အလှတရားတို့ကို လွတ်လပ်စွာ စာဖွဲ့ခိုက် သူ၏စကားကြောင့် စာဖွဲ့မှုအား ခေတ္တရပ်တန့်ထားလ်ိုက်သည်။
“ ဘာတွေအဲဒီလောက်ကြည့်နေတာလဲ.. "
“ အရမ်းချစ်ဖို့ကောင်းနေဖို့ကောင်းနေလို့ morning kiss ပေးရင်ကောင်းမလား စဉ်းစားနေတာ "
“ ဆိုင်ထဲမှာနော် Sun "
“ ဆိုင်ထဲမှာပေးတော့ ပိုမကောင်ဘူးလား..။ ကိုကိုက ကျွန်တော့်အပိုင်ဆိုတာ လူတိုင်းသိသွားတာပေါ့ "
အနားကိုပိုပြီးတိုးလာတာကြောင့် အမြန်တားရတယ်..။ မတားရင် တကယ်လုပ်မယ့်ရုပ်..။ သူကတော့ နည်းနည်းမှ ရှက်ပုံမပေါ်ဘူး..။ ကိုယ်ကတော့ ပူထူနေပြီလေ..။
“ တော်တော့ Sun "
“ ချစ်သူတွေပဲဖြစ်နေပြီ.. morning kissလေးကို နှမြောနေတာလား "
“ ဆိုင်ထဲမှာမပေးဘူးချင်ပါဘူးကွာ "
“ အင်း ပြီးရော.. အဲဒါဆိုနောက်မှပေး "
နံနက်စာစားပြီးနောက် ခြေလှမ်းတို့သည် ကျောင်းတော်ကြီးသို့ ဦးတည်ရင်းပင် လမ်းလျှောက်နေမိသည်။ လမ်းလျှောက်နေစဉ် လူရှင်းသည့်နေရာသို့ရောက်သောအခါ ပါးပြင်ပေါ်သို့ကျရောက်လာသည့် အနမ်းနွေးနွေးတစ်ခုကြောင့် ဆောင်းရာသီနံနက်ခင်း၏အလှတို့သည်ပို၍လှလာသည်။ ကိုကိုမှ စတင်ပေးခဲ့သည့်အနမ်းဖြစ်၍ ပို၍လှပသည်..။
“ တစ်ယောက်တည်းပေးလို့ ဘယ်မျှတမလဲ.. ကျွန်တော်ကလည်း ပြန်ပေးရမှာပေါ့ "
မိမိ၏စကားကြောင့်ပင် ရင်ခွင်မီအရပ်နှင့် ထိုလူသားလေး၏ ပါးပြင်တ်ို့သည် ပန်းရောင်သန်းနေခဲ့ပြီ..။ ချစ်ရသူ၏ လက်ကိုဆွဲကာ လက်ဖမိုးပေါ်သို့ နူးညံ့စွာခြွေမိသည့်အနမ်းသည် ထိုလူသားအား မိမိအလွန်တရာမြတ်နိုးကြောင်း သက်သေပင်..။ မိမိတို့သည် နွေးထွေးမှုကိုယ်စီနှင့် ပတ်ဝန်းကျင်ကို မေ့လေချေပြီ...။ ပတ်ဝန်းကျင်သည်လည်း မိမိတို့နှစ်ဦးသားအား မျက်ကွယ်ပြုထားသည့်အလား.. မည်သူမျှရှိမနေခဲ့။
Advertisement
နွေးထွေးမှုတို့ဖလှယ်ပြီးနောက် ကားဂိတ်သို့လမ်းလျှောက်လာသည့် ထိုလူသားနှစ်ဦး...။ ထိုသူတို့၏သာယာမှုတို့ကို ဖျက်ဆီးမည့် အနှောင့်အယှက်တစ်ခုမှာ ဆက်၍ဖြစ်ပေါ်လာပြန်သည်။ ဤသည်မှာ စက်ဘီးတစ်စီးသည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမင်းကိုကိုရှ်ိရာသို့ ရောက်လာခြင်းပင်..။ ထိုစက်ဘီးအရှိန်မထိန်းနိုင်ဖြစ်နေသည်ကို နေသူရိန်မြင်သောအခါ လမင်းကိုကိုအား အလျင်အမြန်ဆွဲယူလိုက်သည်ဖြစ်သောကြောင့် မည်သူမျှမထိခိုက်မိ..။
စက်ဘီးစီးလာသူသည်က ထပ်ခါထပ်ခါတောင်းပန်ရှာသည်။ ခွင့်မလွှတ်နိုင်သူက ကျွန်တော်..။ မိမိ၏အဖိုးတန်လူသားအား ထိခိုက်စေမည့်ကိစ္စဖြစ်၍ ခွင့်မလွှတ်နိုင်။ သို့သော် ကာယကံရှင် ချစ်ရသူသည်က ခွင့်လွှတ်နေပြန်သည်။
“ မေတ္တာရှင်ကြီး.. အရာအားလုံးကို နားလည်ပေးနေလိုက် "
“ တော်ပါတော့ Sunရယ်... ကိုယ်လည်းထိခိုက်မိတာမဟုတ်ဘူးလေ။ တစ်ဖက်လူကလည်း အရေးကြီးကိစ္စကြောင့် လောနေလို့ပါ "
“ အင်း.. ဘုရားဖြစ်မယ့် အုတ်နီခဲ.. အကုန်ဖြည့်တွေး.. အကုန်ခွင့်လွှတ်.. ကောင်းနေရော.. ဒေါသထွက်ရတဲ့ကျွန်တော်က လူဆိုးကြီးဖြစ်နေရော "
“ လူဆိုးဖြစ်ရင်လည်း နောက်မှဆက်ဖြစ်.. အခုတော့ ကျောင်းသွားမယ်..။ Sun အတန်းချိန်တွေနောက်ကျလိမ့်မယ် "
“ ပြီးရော "
အလိုမကျမှုတို့စုစည်းနေသည့် Sun...။ မိမိမြင်နေကျဖြစ်သော ခန့်ညားမှုနှင့်ထိုလူသားသည် ယနေ့အဖို့ရာကလေးဖြစ်နေသည်။ ဆွဲဆောင်မှုရှ်ိသည့်အပြုံးတို့စား နှုတ်ခမ်းစူမှုက နေရာယူထားသည်။ တည်ငြိမ်သည့်မျက်ဝန်းတို့အစား ဒေါသမျက်လုံးများက နေရာယူထားသည်။ မျက်မှောင်သည်လည်း ကြုတ်ထားသေးသည်..။
“ Sun.. ဒေါသလေးကို နည်းနည်းလျှော့..။ အခုတော့ကျောင်းသွားလိုက်ဦး.. ကျောင်းပြန်လာမှချော့မယ် "
“ ကျွန်တော့်ကိုချော့မယ့်အစား ကိုကိုမထိခိုက်အောင်နေရင် ပိုကောင်းမယ် "
“ အင်းပါ.. ဂရုစိုက်ပါ့မယ်.."
“ ပြီးတာပဲ.. ဟိုမှာ ကိုကိုစီးရမယ့်ကားလာနေပြီ "
“ အင်း.. သွားတော့မယ်နော် "
ကားပေါ်သို့ အေးချမ်းစွာတက်သွားသည့်ကိုကို..။ မိမိသည်က မအေးချမ်းနိုင်။ အဘွားပြောထားသည်လေ..။ တစ်ဦးမဟုတ် တစ်ဦးထိခိုက်မည်တဲ့လေ..။ သူထိခိုက်မည့်အစား မိမိသာနာကျင်ရလိုသည်။ သူ့အား မှဲ့တစ်ပေါက်မျှအစွန်းမခံချင်..။
တစ်ဖက်တွင် စိုးရိမ်နေသော နေသူရိန်..။ တစ်ဖက်တွင် နေသူရိန်၏ ဂရုစိုက်မှုများမကြား ပျော်ရွှင်နေသော လမင်းကိုကို..။
တစ်ယောက်တည်းသာ နေထိုင်ရသည်ကိုနှစ်သက်သော ကျွန်တော်သည် သူ၏ဂရုစိုက်မှုများတွင် အနည်းငယ်မျှစိတ်ပျက်ကွက်ခြင်းမရှိ။ ပို၍သဘောကျမိသည်။
သူမိမိအား စိုးရိမ်နေသည်မှာလည်း မလွန်..။ ကားပေါ်မှအဆင်းတွင်လည်း ခြေချော်ကျကာ ဒဏ်ရာရခဲ့သေးသည်။ ယနေ့သည်ပြဿဒါး..။ ထမင်းစားချိန်ရောက်သောအခါတွင် ချစ်ရသူဖုန်းဆက်လေပြီ။ သူ၏အမေးတို့ကို မလိမ်တတ်သည့် ကျွန်တော်သည် အမှန်တိုင်းသာဝင်ခံမိသည်။
“ ကျွန်တော် ကိုကို့ကိုမနက်က ဘာမှာလိုက်လဲ "
“ ဂရုစိုက်ဖို့ မှာလိုက်တယ် "
“ အင်း.. အခုဘာဆက်ဖြစ်လဲ "
“ ကားပေါ်က ခြေချော်ကျတယ် "
“ အင်း.. ကျွန်တော့်စကားကို တော်တော်နားထောင်တဲ့ပုံပဲ.."
“ နားထောင်ပါဝာယ်.. သူ့ဘာသာသူဖြစ်သွားတာတော့ မပြောတတ်ဘူးလေ.. လာဆူမနေနဲ့ "
“ ဆူနေတာမဟုတ်ဘူး.. စိတ်ပူနေတာ.. ပြောထားရဲ့သားနဲ့ ဖြစ်နေတာကို "
“ အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့.. ဒဏ်ရာက သေးသေးလေးရယ်.."
“ ဆေးထည့်ထားသေးလား "
“ အင်း.."
ဤသို့ ကျွန်တော်နှင့်Sun ဖုန်းပြောနေချိန်တွင် Sun၏ဖုန်းထဲမှ အမျိုးသမီးတစ်ဦး၏အသံကြားခဲ့ရသည်။
“ သူရိန်.. ကန်တင်းသွားမယ်လေ "
ထိုအသံကြားသည်နှင့်တစ်ပြိုင်နက် Sunသည် ကျွန်တော့်၏စကားအား ပြန်မပြောခဲ့..။ ထိုအမျိုးသမီးနှင့်သာ စကားပြောနေခဲ့သည်။ စိတ်ထဲတွင်မသက်သာလှ..။ မိမိအားလေသံမာမာနှင့်ဆူနေသောSunသည် ယခုတွင် သာယာသောလေသံဖြင့် အမျိုးသမီးတစ်ဦးနှင့် စကားပြောနေလေသည်။
“ ငါ ဗိုက်မဆာသေးဘူး ဇာဇာ "
“ ငါကတော့ အူလိမ်နေပြီ.. ဗိုက်မဆာလည်း လိုက်ခဲ့ဟာ.. မရဘူး.. လာ.. သွားမယ် "
“ နေဦးလေ.. ငါဖုန်းပြောနေတယ်.."
“ နင့်ဖုန်းက ငါ့လောက်အရေးမကြီးဘူး.. လာဟာ "
ဖုန်းထဲမှ ထိုသူတို့၏အသံကိုအလုံးစုံကြားပြီးနောက် Sunသည်မိမိအား သူ.. ကန်တင်းသွားမည်ဟုဆိုကာ ဖုန်းချသွားသည်။
ဤအမျိုးသမီးသည် ဤမျှနိုင်စားသည်လော..။ မိမိအားဂရုစိုက်ကြောင်းပြောနေသော်လည်း အမျိုးသမီးတစ်ဦးအား မိမိထက်ပို၍ အလေးထားသည်လော..။
ခံစားချက်တို့သည်မသက်သာလှ..။ သူ၏မလှပသောအချစ်အား အကြိမ်ကြိမ်စားသုံးဖူးသည်မို့ စိုးရိမ်လွန်ရပါသည်။
မချစ်တော့လည်း တစ်မျိုးစိုးရိမ်ရတယ်..။ အခုချစ်တော့လည်း တစ်မျိုးစိုးရိမ်နေရပြန်တယ်..။ မင်းကိုချစ်ရတာ မလွယ်ကူလိုက်တာ Sunရယ်...။
For Zawgyi
စိုးရိမ္မႈ
ထူးဆန္းစြာပင္..။ ယခင္ကာလ ေန႔ရက္မ်ားစြာႏွင့္မတူ..။ ယေန႔တြင္ စိတ္ၾကည္လင္စြာႏိုးထလာခဲ့သည္..။ အိပ္မက္ဆိုးမ်ားလည္း မမက္ျမင္ေတာ့ေပ..။
ယေန႔တြင္အၾကည္ဓာတ္တို႔ ပို၍စုေဆာင္းသည့္ႏွယ္..။ အိပ္မက္ဆိုးမ်ားမမက္ျမင္၍ စိတ္ၾကည္ရသည္ထက္ ပို၍ၾကည္ႏူးဖြယ္အရာတစ္ခုက ထပ္၍ရွိေနျပန္သည္..။ ဤသည္ကာ Sun ၏စာတိုတစ္ခုေၾကာင့္ပင္..။
Advertisement
Good morningကိုကို..ဒီ Sunက လမင္းေလးရဲ႕ေအးျမမႈကို တစ္ရက္ေတာင္မေတြ႕ရလို႔ သတိရၿပီး အရမ္းေတြ႕ခ်င္ေနတာပါတယ္.. ဒီေန႔မနက္ ကိုကိုတို႔ရဲ႕တစ္လမ္းေက်ာ္မွာရွိတဲ့ သိဒၶိစံလက္ဖက္ရည္ဆိုင္မွာ ကြၽန္ေတာ္ေစာင့္ေနမယ္.. ကိုကိုနဲ႔အတူတူ မနက္စာစားမယ္ ၿပီးမွ ေက်ာင္းသြားတာေပါ့..။
စေန႔ေန႔တစ္ရက္ သူ႔ဆီကိုသြားရတယ္။ တနဂၤေႏြေန႔က ကြၽန္ေတာ္ ေနမေကာင္းလို႔ မသြားျဖစ္ဘူးေလ..။ တစ္ရက္ေလးမေတြ႕ရတာကို လြမ္းတယ္တဲ့လား..။ အရမ္းအပိုလြန္ေနတဲ့ Sunပါကြာ..။ မေတြ႕ျဖစ္တဲ့တစ္ရက္ေလး ေနမေကာင္းျဖစ္တာကို ဖုန္းကလည္း တဂြမ္ဂြမ္ဆက္..။ ဟိုဟာမစားနဲ႔ ဒါမစားနဲ႔က ခဏခဏမွာ..။ မသက္သာရင္ သူကိုယ္တိုင္ေတာင္ လာျပဳစုဦးမွာတဲ့ေလ..။ အဲဒီေလာက္ေတာင္ပဲ စိုးရိမ္တာလား..။ အဲဒီေလာက္ဂ႐ုစိုက္တာလား..။
ႏွစ္ဘဝေတာင္ ေမွ်ာ္လင့္ခဲ့ရတဲ့ အခြင့္အေရးေတြကို အခုမွျပန္ေပးဆပ္ေနတာလား..။ အရင္ဘဝေတြကလည္း ဂ႐ုစိုက္ပါတယ္ေလ..။ ဂ႐ုစိုက္ပုံကေတာ့ ကြာတာေပါ့..။ ဟိုးအရင္တုန္းက ရက္စက္မႈေတြနဲ႔အတူ မဝံ့မရဲဂ႐ုစိုက္တယ္..။ ေနာက္ၿပီး.. ေၾကာက္မက္ဖြယ္ ေအးစက္မႈေတြနဲ႔အတူ ဂ႐ုစိုက္ျပန္တယ္..။ အခုေတာ့.. ေႏြးေထြးမႈေတြနဲ႔အတူ ၾကင္နာစြာဂ႐ုစိုက္ျပန္တယ္..။ မဆိုးပါဘူး.. Sunက တစ္ဘဝကို ရသတစ္မ်ိဳးေတာ့ ေပးသားပဲ..။ ရသလို႔သုံးလိုက္တာ လြန္သြားသလား..။ မလြန္ေလာက္ပါဘူးေနာ္..။ ဘာလို႔လဲဆိုေတာ့ သူ႔ကို.. ဝမ္းနည္းရင္းနဲ႔လည္းႏွစ္သက္မိတယ္..။ ေၾကာက္႐ြံ႕ရင္းနဲ႔လည္း ႏွစ္သက္မိတယ္..။ သနားရင္းနဲ႔လည္း ႏွစ္သက္မိတယ္ေလ..။
နံနက္ႏိုးစ ခ်စ္ရသူႏွင့္ ပတ္သက္သည္တို႔ကို ေတြးရသည္ကအရသာတစ္ခု..။ ၾကည္ႏူးသေယာင္... ေႏြးေထြးသေယာင္...။ Sunဟူသည့္ အမည္ႏွင့္လိုက္ဖက္ေလသည္..။
ထိုသို႔ေသာအေတြးဆတခ်ိဳ႕ႏွင့္ လက္ဖက္ရည္ဆိုင္ေလးသို႔လာေနမိသည္..။ သူသည္က ႀကိဳ၍ေရာက္ႏွင့္ေလသည္..။ စားပြဲေပၚတြင္လည္း မိမိႀကိဳက္ႏွစ္သက္သည့္ အစားအစာတို႔ကို ႀကိဳ၍မွာထားေလသည္။ မိမိသည္က သူႏွင့္မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ထိုင္မည္ျပဳေသာအခါ သူသည္မိမိလက္အားဆြဲ၍ သူ၏အနားတြင္ထိုင္ေစသည္။ ထိုင္ၿပီးသည္ႏွင့္တစ္ၿပိဳက္နက္ မိမိ၏နဖူးကို လက္ျဖင့္ကိုယ္ပူစမ္းခဲ့သည္။
“ ကိုကို.. သက္သာရဲ႕လား "
“ အင္း.. သက္သာပါတယ္.. "
“ အခု အစားစားလိုက္ဦးေနာ္..။ ကိုကိုႀကိဳက္တဲ့ ရွမ္းေခါက္ဆြဲမွာထားတယ္.. အိုဗာတင္းကို ကြၽန္ေတာ္အိမ္ကေဖ်ာ္ခဲ့တယ္.. ဒါေတြစားၿပီးရင္ေဆးေသာက္ရမယ္ "
“ ကိုယ္က ကေလးလား.. အဲဒီေလာက္ ဂ႐ုစိုက္ေနရေအာင္ "
“ ကိုကိုလို႔သာေခၚေနရေပမဲ့ ကြၽန္ေတာ့္မ်က္လုံးထဲမွာ ကေလးေလးလိုပဲ.. ခ်စ္ဖို႔ေကာင္းတယ္ "
ကိုကိုသည္ ကြၽန္ေတာ့္အဖို႔ရာ ကေလးပင္..။ အေရာင္ေတာက္ေနသည့္မ်က္ဝန္းလွလွႏွင့္ ႏူးညံ့သည့္ၿပဳံးတို႔သည္ အမွန္ပင္ျဖဴစင္လွသည္..။ အသက္အ႐ြယ္ႏွင့္ အသြင္အျပင္သည္မလိုက္ဖက္စြာ။ အသက္သုံးႏွစ္ငယ္ေသာမိမိထက္ပင္ သူသည္ပို၍ႏုေနေသးသည္။ ၿပဳံးရယ္တိုင္း ေပၚလာတတ္သည့္ ပါးခ်ိဳင့္ေလးတစ္ဖက္သည္ ပို၍ဆြဲေဆာင္မႈရွိသည္။ ျပင္ဆင္ျခယ္သျခင္းမရွိ.. သဘာဝအတိုင္းပင္ ပန္းေရာင္သန္းေနေသာ ႏႈတ္ခမ္းတစ္စုံသည္ သူ၏အလွတရားတို႔ကို ပို၍ျပည့္စုံေစသည္..။ ႏႈတ္ခမ္းနီမေလးမ်ားထက္ ပို၍ဆြဲေဆာင္မႈအားေကာင္းေနေသာ သူ႔အားအဆုံးရႈံးမခံႏိုင္သည္မွာ မိမိအမွားမဟုတ္..။ လွေနေသာ သူ၏အျပစ္သာ...။
အလွတရားတို႔ကို လြတ္လပ္စြာ စာဖြဲ႕ခိုက္ သူ၏စကားေၾကာင့္ စာဖြဲ႕မႈအား ေခတၱရပ္တန႔္ထားလ္ိုက္သည္။
“ ဘာေတြအဲဒီေလာက္ၾကည့္ေနတာလဲ.. "
“ အရမ္းခ်စ္ဖို႔ေကာင္းေနဖို႔ေကာင္းေနလို႔ morning kiss ေပးရင္ေကာင္းမလား စဥ္းစားေနတာ "
“ ဆိုင္ထဲမွာေနာ္ Sun "
“ ဆိုင္ထဲမွာေပးေတာ့ ပိုမေကာင္ဘူးလား..။ ကိုကိုက ကြၽန္ေတာ့္အပိုင္ဆိုတာ လူတိုင္းသိသြားတာေပါ့ "
အနားကိုပိုၿပီးတိုးလာတာေၾကာင့္ အျမန္တားရတယ္..။ မတားရင္ တကယ္လုပ္မယ့္႐ုပ္..။ သူကေတာ့ နည္းနည္းမွ ရွက္ပုံမေပၚဘူး..။ ကိုယ္ကေတာ့ ပူထူေနၿပီေလ..။
“ ေတာ္ေတာ့ Sun "
“ ခ်စ္သူေတြပဲျဖစ္ေနၿပီ.. morning kissေလးကို ႏွေျမာေနတာလား "
“ ဆိုင္ထဲမွာမေပးဘူးခ်င္ပါဘူးကြာ "
“ အင္း ၿပီးေရာ.. အဲဒါဆိုေနာက္မွေပး "
နံနက္စာစားၿပီးေနာက္ ေျခလွမ္းတို႔သည္ ေက်ာင္းေတာ္ႀကီးသို႔ ဦးတည္ရင္းပင္ လမ္းေလွ်ာက္ေနမိသည္။ လမ္းေလွ်ာက္ေနစဥ္ လူရွင္းသည့္ေနရာသို႔ေရာက္ေသာအခါ ပါးျပင္ေပၚသို႔က်ေရာက္လာသည့္ အနမ္းေႏြးေႏြးတစ္ခုေၾကာင့္ ေဆာင္းရာသီနံနက္ခင္း၏အလွတို႔သည္ပို၍လွလာသည္။ ကိုကိုမွ စတင္ေပးခဲ့သည့္အနမ္းျဖစ္၍ ပို၍လွပသည္..။
“ တစ္ေယာက္တည္းေပးလို႔ ဘယ္မွ်တမလဲ.. ကြၽန္ေတာ္ကလည္း ျပန္ေပးရမွာေပါ့ "
မိမိ၏စကားေၾကာင့္ပင္ ရင္ခြင္မီအရပ္ႏွင့္ ထိုလူသားေလး၏ ပါးျပင္တ္ို႔သည္ ပန္းေရာင္သန္းေနခဲ့ၿပီ..။ ခ်စ္ရသူ၏ လက္ကိုဆြဲကာ လက္ဖမိုးေပၚသို႔ ႏူးညံ့စြာေႁခြမိသည့္အနမ္းသည္ ထိုလူသားအား မိမိအလြန္တရာျမတ္ႏိုးေၾကာင္း သက္ေသပင္..။ မိမိတို႔သည္ ေႏြးေထြးမႈကိုယ္စီႏွင့္ ပတ္ဝန္းက်င္ကို ေမ့ေလေခ်ၿပီ...။ ပတ္ဝန္းက်င္သည္လည္း မိမိတို႔ႏွစ္ဦးသားအား မ်က္ကြယ္ျပဳထားသည့္အလား.. မည္သူမွ်ရွိမေနခဲ့။
ေႏြးေထြးမႈတို႔ဖလွယ္ၿပီးေနာက္ ကားဂိတ္သို႔လမ္းေလွ်ာက္လာသည့္ ထိုလူသားႏွစ္ဦး...။ ထိုသူတို႔၏သာယာမႈတို႔ကို ဖ်က္ဆီးမည့္ အေႏွာင့္အယွက္တစ္ခုမွာ ဆက္၍ျဖစ္ေပၚလာျပန္သည္။ ဤသည္မွာ စက္ဘီးတစ္စီးသည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမင္းကိုကိုရွ္ိရာသို႔ ေရာက္လာျခင္းပင္..။ ထိုစက္ဘီးအရွိန္မထိန္းႏိုင္ျဖစ္ေနသည္ကို ေနသူရိန္ျမင္ေသာအခါ လမင္းကိုကိုအား အလ်င္အျမန္ဆြဲယူလိုက္သည္ျဖစ္ေသာေၾကာင့္ မည္သူမွ်မထိခိုက္မိ..။
စက္ဘီးစီးလာသူသည္က ထပ္ခါထပ္ခါေတာင္းပန္ရွာသည္။ ခြင့္မလႊတ္ႏိုင္သူက ကြၽန္ေတာ္..။ မိမိ၏အဖိုးတန္လူသားအား ထိခိုက္ေစမည့္ကိစၥျဖစ္၍ ခြင့္မလႊတ္ႏိုင္။ သို႔ေသာ္ ကာယကံရွင္ ခ်စ္ရသူသည္က ခြင့္လႊတ္ေနျပန္သည္။
“ ေမတၱာရွင္ႀကီး.. အရာအားလုံးကို နားလည္ေပးေနလိုက္ "
“ ေတာ္ပါေတာ့ Sunရယ္... ကိုယ္လည္းထိခိုက္မိတာမဟုတ္ဘူးေလ။ တစ္ဖက္လူကလည္း အေရးႀကီးကိစၥေၾကာင့္ ေလာေနလို႔ပါ "
“ အင္း.. ဘုရားျဖစ္မယ့္ အုတ္နီခဲ.. အကုန္ျဖည့္ေတြး.. အကုန္ခြင့္လႊတ္.. ေကာင္းေနေရာ.. ေဒါသထြက္ရတဲ့ကြၽန္ေတာ္က လူဆိုးႀကီးျဖစ္ေနေရာ "
“ လူဆိုးျဖစ္ရင္လည္း ေနာက္မွဆက္ျဖစ္.. အခုေတာ့ ေက်ာင္းသြားမယ္..။ Sun အတန္းခ်ိန္ေတြေနာက္က်လိမ့္မယ္ "
“ ၿပီးေရာ "
အလိုမက်မႈတို႔စုစည္းေနသည့္ Sun...။ မိမိျမင္ေနက်ျဖစ္ေသာ ခန႔္ညားမႈႏွင့္ထိုလူသားသည္ ယေန႔အဖို႔ရာကေလးျဖစ္ေနသည္။ ဆြဲေဆာင္မႈရွ္ိသည့္အၿပဳံးတို႔စား ႏႈတ္ခမ္းစူမႈက ေနရာယူထားသည္။ တည္ၿငိမ္သည့္မ်က္ဝန္းတို႔အစား ေဒါသမ်က္လုံးမ်ားက ေနရာယူထားသည္။ မ်က္ေမွာင္သည္လည္း ၾကဳတ္ထားေသးသည္..။
“ Sun.. ေဒါသေလးကို နည္းနည္းေလွ်ာ့..။ အခုေတာ့ေက်ာင္းသြားလိုက္ဦး.. ေက်ာင္းျပန္လာမွေခ်ာ့မယ္ "
“ ကြၽန္ေတာ့္ကိုေခ်ာ့မယ့္အစား ကိုကိုမထိခိုက္ေအာင္ေနရင္ ပိုေကာင္းမယ္ "
“ အင္းပါ.. ဂ႐ုစိုက္ပါ့မယ္.."
“ ၿပီးတာပဲ.. ဟိုမွာ ကိုကိုစီးရမယ့္ကားလာေနၿပီ "
“ အင္း.. သြားေတာ့မယ္ေနာ္ "
ကားေပၚသို႔ ေအးခ်မ္းစြာတက္သြားသည့္ကိုကို..။ မိမိသည္က မေအးခ်မ္းႏိုင္။ အဘြားေျပာထားသည္ေလ..။ တစ္ဦးမဟုတ္ တစ္ဦးထိခိုက္မည္တဲ့ေလ..။ သူထိခိုက္မည့္အစား မိမိသာနာက်င္ရလိုသည္။ သူ႔အား မွဲ႔တစ္ေပါက္မွ်အစြန္းမခံခ်င္..။
တစ္ဖက္တြင္ စိုးရိမ္ေနေသာ ေနသူရိန္..။ တစ္ဖက္တြင္ ေနသူရိန္၏ ဂ႐ုစိုက္မႈမ်ားမၾကား ေပ်ာ္႐ႊင္ေနေသာ လမင္းကိုကို..။
တစ္ေယာက္တည္းသာ ေနထိုင္ရသည္ကိုႏွစ္သက္ေသာ ကြၽန္ေတာ္သည္ သူ၏ဂ႐ုစိုက္မႈမ်ားတြင္ အနည္းငယ္မွ်စိတ္ပ်က္ကြက္ျခင္းမရွိ။ ပို၍သေဘာက်မိသည္။
သူမိမိအား စိုးရိမ္ေနသည္မွာလည္း မလြန္..။ ကားေပၚမွအဆင္းတြင္လည္း ေျခေခ်ာ္က်ကာ ဒဏ္ရာရခဲ့ေသးသည္။ ယေန႔သည္ျပႆဒါး..။ ထမင္းစားခ်ိန္ေရာက္ေသာအခါတြင္ ခ်စ္ရသူဖုန္းဆက္ေလၿပီ။ သူ၏အေမးတို႔ကို မလိမ္တတ္သည့္ ကြၽန္ေတာ္သည္ အမွန္တိုင္းသာဝင္ခံမိသည္။
“ ကြၽန္ေတာ္ ကိုကို႔ကိုမနက္က ဘာမွာလိုက္လဲ "
“ ဂ႐ုစိုက္ဖို႔ မွာလိုက္တယ္ "
“ အင္း.. အခုဘာဆက္ျဖစ္လဲ "
“ ကားေပၚက ေျခေခ်ာ္က်တယ္ "
“ အင္း.. ကြၽန္ေတာ့္စကားကို ေတာ္ေတာ္နားေထာင္တဲ့ပုံပဲ.."
“ နားေထာင္ပါဝာယ္.. သူ႔ဘာသာသူျဖစ္သြားတာေတာ့ မေျပာတတ္ဘူးေလ.. လာဆူမေနနဲ႔ "
“ ဆူေနတာမဟုတ္ဘူး.. စိတ္ပူေနတာ.. ေျပာထားရဲ႕သားနဲ႔ ျဖစ္ေနတာကို "
“ အရမ္းႀကီးလည္း စိတ္ပူမေနပါနဲ႔.. ဒဏ္ရာက ေသးေသးေလးရယ္.."
“ ေဆးထည့္ထားေသးလား "
“ အင္း.."
ဤသို႔ ကြၽန္ေတာ္ႏွင့္Sun ဖုန္းေျပာေနခ်ိန္တြင္ Sun၏ဖုန္းထဲမွ အမ်ိဳးသမီးတစ္ဦး၏အသံၾကားခဲ့ရသည္။
“ သူရိန္.. ကန္တင္းသြားမယ္ေလ "
ထိုအသံၾကားသည္ႏွင့္တစ္ၿပိဳင္နက္ Sunသည္ ကြၽန္ေတာ့္၏စကားအား ျပန္မေျပာခဲ့..။ ထိုအမ်ိဳးသမီးႏွင့္သာ စကားေျပာေနခဲ့သည္။ စိတ္ထဲတြင္မသက္သာလွ..။ မိမိအားေလသံမာမာႏွင့္ဆူေနေသာSunသည္ ယခုတြင္ သာယာေသာေလသံျဖင့္ အမ်ိဳးသမီးတစ္ဦးႏွင့္ စကားေျပာေနေလသည္။
“ ငါ ဗိုက္မဆာေသးဘူး ဇာဇာ "
“ ငါကေတာ့ အူလိမ္ေနၿပီ.. ဗိုက္မဆာလည္း လိုက္ခဲ့ဟာ.. မရဘူး.. လာ.. သြားမယ္ "
“ ေနဦးေလ.. ငါဖုန္းေျပာေနတယ္.."
“ နင့္ဖုန္းက ငါ့ေလာက္အေရးမႀကီးဘူး.. လာဟာ "
ဖုန္းထဲမွ ထိုသူတို႔၏အသံကိုအလုံးစုံၾကားၿပီးေနာက္ Sunသည္မိမိအား သူ.. ကန္တင္းသြားမည္ဟုဆိုကာ ဖုန္းခ်သြားသည္။
ဤအမ်ိဳးသမီးသည္ ဤမွ်ႏိုင္စားသည္ေလာ..။ မိမိအားဂ႐ုစိုက္ေၾကာင္းေျပာေနေသာ္လည္း အမ်ိဳးသမီးတစ္ဦးအား မိမိထက္ပို၍ အေလးထားသည္ေလာ..။
ခံစားခ်က္တို႔သည္မသက္သာလွ..။ သူ၏မလွပေသာအခ်စ္အား အႀကိမ္ႀကိမ္စားသုံးဖူးသည္မို႔ စိုးရိမ္လြန္ရပါသည္။
မခ်စ္ေတာ့လည္း တစ္မ်ိဳးစိုးရိမ္ရတယ္..။ အခုခ်စ္ေတာ့လည္း တစ္မ်ိဳးစိုးရိမ္ေနရျပန္တယ္..။ မင္းကိုခ်စ္ရတာ မလြယ္ကူလိုက္တာ Sunရယ္...။
Advertisement
- In Serial611 Chapters
Thrown Into A New World: Let The Punishment Begin!
What do you think would happen when a mean and cranky bitch was suddenly thrown into a new world with no fault of her own? At least that is what she chose to believe.
8 2699 - In Serial35 Chapters
MC's Viking Warriors- Mouse #2
Since high school, Elle has been in a toxic relationship with a psychologically damaging man, who belittles her every move from her weight to her interests. So even when she finally builds up the strength to leave him, his voice stays prominent in her mind. Every waking moment is spent at the gym, dieting and feeling hopeless. Then Mouse appears, teaching a self defence class at her gym. Immediately, his heart is drawn to the gaunt, quiet girl at the back who refuses to make eye contact. But getting Elle to open up and trust him is going to take every ounce of goodness in his heart.
8 263 - In Serial123 Chapters
The Crimson Throne
Upcoming college graduate Elaine Lawrence never imagine her life would be cut short by a freak accident, leading her soul to transfer into a dead body. Elaine soon discovered the young woman she recently possessed true identity, a villainess side character within a novel she finished, Estella Marie de La Croix. Estella's family, the house of Croix, and the male protagonist's family were sworn enemies, destined to collide. As she tried to survive this unknown and dangerous world, her rationality warned her to avoid him, else she will suffer terrible consequences. Yet he remained her favorite character, and her heart wildly fluttered whenever their path crossed. "I know we are not meant to be, but can I still like you?" Warning: Grimdark Story&Art: Littlefoodie
8 361 - In Serial28 Chapters
The Red Door
When Mollie starts to prefer the dreams she's having to the painful reality of life, she's forced to choose between embracing a fantasy or the man she loves. *****Since she was seven, Mollie Cutright has known two truths: she loves Howard Flynn and her dreams are the most magical part of her life. Each day she suffers at the hands of her abusive parents, but each night she is surrounded by a loving family who call her by a different name. Growing up in 1930's Virginia, no one has patience for a girl who might be mad, so Mollie strives to keep her dreams (and how often they intrude on her reality) a secret. But when her secret comes out, Mollie is sent to an asylum, though not before she and Howard are secretly engaged. It is at the asylum she discovers the dreams are echoes of her past lives. She's an immortal, if she makes a journey to claim her heritage. The problem is, if she continues down this path, she can never see Howard, the love of her life, again.[[word count: 70,000-80,000 words]]
8 120 - In Serial25 Chapters
سوارچاکەکانی خوێن(blood knights)
هەلاو جەمەعەت با کورتەیەکتان پێبڵێم لەسەر چیرۆکەکە 🥰ناوی چیرۆک: سوارچاکەکانی خوێن.جۆری چیرۆک: ڕۆمانسی، ترسناک، خەیاڵی،+١٦کارەکتەرەکان بە پێی ڕیزبەندی:تۆ، جیمین، ڤی، جین، جۆنگکوک، شوگە، جەی هۆپ، ئاڕئێم..، خاتوو لی، خزمەتکار، بەڕێز یۆ، کوڕی ١، کوڕی٢..کورتەیەک: باس لە ژیانی کچێکی هەژاری ١٩ ساڵ ئەکات لە سەردەمی مۆدێرن کە ئەکەوێتە ژێر دەستی ٧ خوێنمژی کلاسیکی کە وەک سەدەی ١٩ ئەژین وە ئایا چۆن بتوانێ کۆنتڕۆڵی شتەکە بکات یاخود هەڵبێت!؟جا ئەزانم ١٢ ساڵیش ئەیخوێنێتەوە هههههه هەی زۆر زانانە 😂😂، بەڵام لەبەر جۆرەکەی نوسیومە..Writer: Poshya.Text copyright © PoshyaDartash_™ 2020Illustration copyright © PoshyaDartash_™ 2020
8 331 - In Serial16 Chapters
The Pet
10 years ago everything changed. 10 years ago something came and took over lives. After we lost The Blood War, a war between humans and vampires. Yes, vampires the creatures that could drain every drop of blood in your body. They took over and changed everything. Now the land of Illia is split into three groups. RoyalsServants PetsRoyals were obviously the vampires, they ruled all of Illia.Men were given the job as servants. Servants had it pretty good . Well not good but they had food and decent places to live. Servants get to live in the castle due to them helping royals in day to day life. The women however were the pets. Pets are the lowest of the three. You basically had all your freedom ripped away from you. From the moment the war ended women were thrown into cages with collars around your neck waiting for the dreadful day to be bought. Once bought you were the vampires personal blood bag. I was 8 years old when I was torn away from my family and thrown into a cage. I haven't seen the outside world since. My family was killed right on sight so I have been alone for 10 years in the very same cage. Until today, when he walked in.
8 153

