《Amiss Prayer (Zawgyi&Unicode) [Completed]》Part-54(ကလေးဆန်မှု)
Advertisement
For Unicode
ကလေးဆန်မှု
ဆေးရုံခုတင်ထက်တွင် ထိုင်နေသောလူသားလေးသည် မိမိ၏လှုပ်ရှားမှုတို့ကို တစ်ချက်မခွာ လိုက်၍ကြည့်နေသည်။
“ ဘာတွေလိုက်ကြည့်နေတာလဲ...”
“ ပျင်းနေလို့.. မနက်ကတည်းက ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ စကားလည်းမပြောဘူး “
“ ဪ.. ခဏလောက်သည်းခံပါသခင်လေးရယ်.. ကျွန်တော်မျိုးက သခင်လေးအားရှိဖို့ အစားအသောက်တွေပြင်ဆင်နေရလို့ပါဗျာ “
“ မရွဲ့နဲ့.. “
“ မရွဲ့ပါဘူးဗျာ.. ကဲပြော.. ဘာပြောမလို့လဲ.. အလုပ်အကုန်ပြီးပြီ “
“ ပြောချင်တာတော့.. တော်တော်ပျင်းနေတယ် “
“ ကျွန်တော်နဲ့စကားပြောမယ်လေ “
ကျွန်တော့်၏စကားကို ပြန်ဖြေသူကိုကိုသည် နှုတ်ခမ်းအားတစ်ခြမ်းသာကွေး၍ပြုံးပြကာ ဆိုလာသည့်စကားသည် ကြင်နာမှုမရှိ..။
“ အာညောင်းတယ်..”
နေသူရိန်တစ်ယောက်.. ဆက်ပြောရမည့်စကားတို့ ပျောက်ရှလေပြီ..။
“ ဪ... ပြောရက်တယ်နော်.. ချစ်သူနဲ့ စကားပြောတာကိုပဲ အာညောင်းတယ်တဲ့.. လူကြားလို့မှမကောင်း “
“ game ဆော့ချင်တယ် “
“ ဆော့လေ.. ကိုကို့ဖုန်းရှိတာပဲ “
“ ကိုယ့်ဖုန်းထဲမှာ ကိုယ်ဆော့ချင်တဲ့ gameမရှိဘူး “
“ လာ စားပြီးကိုကိုရာ။ ကိုယ်ဆော့မယ့် gameက ကိုယ့်ဖုန်းထဲမှာမရှိဘူးဆိုတော့.. “
“ အဲဒီgame က Sunဖုန်းထဲမှာရှိတယ်.. Mobile legendsလေ.. “
သိတယ်လေ.. စကားကိုကန့်လန့်တွေပြောနေကတည်းက ကိုကိုမွှေတော့မယ်ဆိုတာ သိတာပေါ့
“ ကိုကိုမျက်လုံးထဲမှာ ဆေးထိုးအပ်တွေမြင်နေရပြီ.. အကွက်တွေနော်။ ထားပါ ကိုကိုဆော့ချင်ရင်လည်းဆော့လေ “
ယုံယုံကြည့်ပေးလာသည့် သူ၏ဖုန်း..။ ဖုန်း ဖွင့်လိုက်လျင်ပင် စစဦးစွာမြင်ရသည့် wallpaperတစ်ခုကြောင့် ရင်ထဲတွင်နွေးလာပြန်သည်။ မြင်လိုက်ရသည်က မိမိ၏ပုံပင်ဖြစ်သည်။ သူသည် မိမိအားဤမျှအလေးထားသည်။
“ Password ကရော “
“ ကိုကို့မွေးနေ့ “
ကြားရသည့်စကားတို့သည် ကျေနပ်စရာ..။
“ ဪ.. ပြီးရင် Finger printမှာ ကိုကိုလက်ဗွေရာပါထည့်ထားပေး.. “
“ အင်း “
မြင်တာပေါ့.. ကိုကို့ရဲ့အပြုံးတွေကို.. ဒီလိုအသေးအဖွဲ့လေးကအစ ဂရုစိုက်တတ်တဲ့ကိုကို့ကို ကျွန်တော်ကလည်း သေသေချာချာကိုဂရုစိုက်ပေးနေမှာမို့ ကိုကိုက အမြဲတမ်းပြုံးနေပေးနော်။
သူဂိမ်းဆော့ပြီး.. သုံးမိနစ်အကြာတွင်စ၍ကြားရသည်က You have been salin….။ ကြားရသည်က တစ်ခါတည်းသာမဟုတ်..။
“ ကိုကို ဘာဆော့နေတာလဲ classicလား rankလား “
“ rank လို့တော့ ရေးထားတာပဲ “
မိုးကြိုးပစ်လေပြီ..။ တစ်ခါမှမဆော့ဖူးတဲ့သူက Legendရောက်နေတဲ့ ကျွန်တော့်gameလေးကို rank ဝင်ဆော့တယ်တဲ့..။ သူဖုန်းစကိုင်ကတည်းက မြင်မိပါတယ်လေ.. သူ့မျက်လုံးထဲက ဆေးတွေကို...။ ဖုန်းလေးတစ်ချက်ကြည့်မိတော့ enemyတွေအလယ်မှာ ရပ်နေတဲ့ သူ..
“ ကိုကိုဘာလုပ်နေတာလဲ.. “
“ သွေးဖြည့်နေတာလေ “
“ ငါးကောင်ကြားထဲဝင်ပြီး သွေးဖြည့်စရာလားဟ “
“ အခုမှဆော့တာလေ ဘယ်သိမလဲ.. “
“ ဪ.. အေးပါ အေးပါသဘော “
You have been salinဟူသောအသံကို မကြာခဏကြာနေရသည်မို့ ထပ်၍ကြည့်လိုက်သောအခါ turrets ကို by 1 ချနေသည့်သူ...။
ပိန်းဥလေးကို ချစ်သူတော်ထားရတာလား..။
“ ဟာ.. ကိုကိုရေ.. turretsကိုတစ်ယောက်တည်းသွားခုတ်နေတော့ သေမှာပေါ့ဟ “
“ သေလည်း ပြန်ရှင်တာပဲကို “
“ ဪ... အေးပါကွာ.. ကြိုက်တာလုပ်တော့ “
တစ်နာရီကြာမြင့်ပြီးသောအခါ စိတ်ကြိုက်မွှေပြီး၍ အနားယူနေခဲ့သည့် မိမိ၏ပိန်းဥလေးအား အစားစားရန်တိုက်တွန်းရပြန်သည်။
“ ဆေးထိုးလိုက်ရလို့ ပင်ပန်းရောပေါ့.. မုန့်လေးစားလိုက်ဦး “
“ အင်း “
သူမုန့်စားနေစဉ် မိမိဖုန်းသို့ဝင်လာသည့် callတစ်ခု...။
“ ဇာဇာပြော..”
“ ဒီနေ့ဘာလို့ ကျောင်းမလာတာလဲ “
“ ငါ့ချစ်သူ ဆေးရုံတင်ထားရလို့ ဆေးရုံစောင့်ပေးနေတာ “
“ ဘာ.. ချစ်သူ.. ဟုတ်လား.. နင် ဘယ်တုန်းကရည်းစားရသွားတာလဲ.. သူကဘယ်သူလဲ.. ဘယ်ကလဲ.. ဘာလို့ငါ့ကိုအဲဒီကိစ္စမတိုင်ပင်တာလဲ “
“ အမေးအမြန်းထူလိုက်တာဟာ နောက်မှ အေးဆေးပြောပြမယ်.. အခုတော့ဒါပဲ.. ငါမအားသေးလို့ “
ဖုန်းပြောပြီးနောက် မိမိအားကြည့်လာသည့် ကိုကို၏အကြည့်သည် ယခင်ကနှင့်မတူ..။ ယခင်တွင် ဇာဇာဟူသောအသံကို ကြားသည်နှင့်တစ်ပြိုင်နက် စိတ်အနှောင့်အယှက်ဖြစ်နေတတ်သည်။
“ ဘာဖြစ်လို့ ဖုန်းဆက်တာလဲ “
“ ကျောင်းမလာလို့ မေးတာပါ.. “
“ ဪ.. “
“ ဒီနေ့ထူးထူးဆန်းဆန်းပါလား.. အရင်က ဇာဇာဆိုတဲ့နာမည်ကြားတာနဲ့ စိတ်တိုနေတာလေ.. အခုကျတော့လည်း ဘာမှမဖြစ်သလိုပဲ “
“ Sun ကိုယုံလို့လေ “
ဤမျှကြားရရုံနှင့် အရာအားလုံးပြည့်စုံနေပြီဟု ခံစားရနေသည်။
ကျွန်တော့်ကိုယုံကြည်ဖို့ သူခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လေ..။ စိတ်ဒဏ်ရာတွေရတဲ့အထိ.. သူနာကျင်ခဲ့ရဖူးတယ်လေ..။ မေတ္တာမှန်လို့ ရောင်ပြန်ဟပ်တယ်ဆိုရမှာပေါ့..။ သူ့ကိုကျွန်တော်ယုံသလို သူကလည်းယုံတယ်တဲ့လေ..။ ကိုကို့အတွက် ကျွန်တော့်မေတ္တာက စစ်မှန်ခဲ့ပါတယ်နော်..။
“ ခက်ခက်ခဲခဲယုံကြည့်ပေးလို့ အများကြီးကျေးဇူးတင်ပါတယ်ကိုကို “
ကျွန်တော့်၏လက်အား အသာအယာဆုပ်ကိုင်လျက် ဆိုလာသည့် Sun၏စကား...။
“ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့ကတော့ Sunရဲ့တာဝန်နော် “
“ အင်းပါ.. “
Sunပျော်သည်ကို သူ၏မျက်ဝန်းများမှတစ်ဆင့်မြင်နေရသည်။ သူပျော်ရွှင်သည်မို့ မိမိသည်လည်း ထပ်တူပျော်ရွှင်နေမိသည်။
ဆေးရုံမှဆင်းပြီးနောက် ပြန်လည်အသက်ဝင်လာသည့် ထိုလူသားနှစ်ဦး၏ ဆက်ဆံရေးသည် ကြည်နူးစရာပင်။ တစ်ဦးနှင့်တစ်ဦး ဂရုစိုက်မှု နွေးထွေးမှုတို့အပြည့်နှင့်။ ပြောင်းလဲခဲ့သည်မှာ ယခင်က တွန့်ဆုတ်ခဲ့သော ခြေလှမ်းတို့သည် ယခုတွင် အားအင်အပြည့်နှင့်။ မပြောင်းလဲခဲ့သည်မှာ လမင်းကိုကိုသည် နေသူရိန်မကြိုက်သည့်အလုပ်တို့ကို တဇွတ်ထိုးလုပ်နေဆဲ..။
ဟုတ်တယ်..။ အခုတစ်လော ကျွန်တော်မကြိုက်ဝာာတွေကို သူအရမ်းလုပ်လာတယ်။ အရွဲ့တိုက်တာလားပဲ။ ဥပမာ သူညပိုင်းတွေမှာစာလုပ်ရင် ကော်ဖီမသောက်ဖို့ ကျွန်တော်မှာထားတယ်။ ကျွန်တော့်စကား သိပ်နားထောင်တဲ့ကိုကိုက ကော်ဖီကိုတစ်ညတည်းနဲ့ နှစ်ခွက်သောက်တယ်တဲ့လေ။ မနက်ပိုင်းတွေ သူ့ဆီကိုသွားတွေ့တိုင်း မျက်လုံးကချောက်ထဲကျနေသလိုပဲ။ အခုလည်း ပန်ဒါလူသားက ကျွန်တော့်ဘေးနားမှာ အိပ်နေတာလား မုန့်စားနေတာလား မသဲကွဲဘူး။ ပါးစပ်ကသာဝါးနေပေမဲ့ မျက်လုံးက ပွင့်မလာဘူး။
Advertisement
“ ကိုကို အိပ်နေတာလား စားနေတာလား “
“ နှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်နေတာ “
“ ညက ကော်ဖီသောက်ပြီး စာလုပ်တယ်မဟုတ်လား “
“ အင်း “
“ ကျွန်တော့်စကားကို သိပ်နားထောင်တာပဲနော်.. တအားတွေချစ်လာပြီ “
အံကြိတ်ကာပြုံး၍ ဆိုလာသောသူ၏စကားသည် ရွဲ့ပြောနေသောလေသံဖြစ်ကြောင်း သိပ်သိသာပါသည်။
“ နေမကောင်းတုန်းက မလုပ်ခဲ့ရတဲ့စာတွေ အခုပြန်လုပ်နေရလို့ပါ “
“ နားနားနေနေလုပ်ပါလား.. သေရင်ကိုယ့်နောက်ပါတာလည်း မဟုတ်ဘူး။ ကိုကိုကျန်းမာရေးထိခိုက်မှာ စိုးလို့ပြောနေတာနော် “
“ အင်းပါကွာ.. နောက်မလုပ်တော့ဘူးနော်..”
ထိုစကားနှင့်အတူ မိမိ၏ပခုံးထက်သို့မှီလာသည့် ထိုလူသား..။
“ အင်း.. ကောင်းတယ်.. လုပ်ချင်တာလုပ်ပြီး အဲဒီလိုချော့နေလိုက်..။ ခင်ဗျားလေးသာလေ ကျွန်တော့်ထက်ငယ်ရင် နှစ်ချက်လောက် ပိတ်ရိုက်လိုက်ပြီ “
“ ရိုက်ရက်တယ်ပေါ့ “
တကယ်ပါ..။ သူတော်တော်ကို ပြောင်းလဲလာတာပါ။ အရွဲ့တိုက်တာရော စကားနားမထောင်ဝာာရော အခုနောက်ပိုင်းမှာ တော်တော်ကိုဆိုးလာတာပါ။ ဒါပေမဲ့ သူဆိုးတာလေးက ချစ်ဖို့တော့ကောင်းသား။
“ ကိုကိုအခုတစ်လော အရမ်းဆိုးနေတယ်ဗျာ “
“ အပြစ်မြင်နေတာလား “
“ အယ်.. မမြင်ရဲပါဘူးဗျာ.. “
“ အဲဒါဆို ဘာလို့ ပေါက်ပေါက်ဖောက်နေတာလဲ.. အဖိုးကြီးလိုပဲ “
“ ဒါက ကိုကိုထိခိုက်မှာစိုးလို့ပြောတာလေ “
“ ကိုယ်ထိခိုက်လည်း Sun ကာကွယ်ပေးလေ.. ရတာပဲကို “
“ ဪ... ကောင်းပါ့.. အင်းပါ.. အခုတော့ ကိုကိုကျောင်းသွားရမယ်။ ကျွန်တော်လိုက်ပို့ပေးမယ် “
“ မပို့နဲ့လေ.. Sunလည်း ကျောင်းသွားရဦးမှာကို “
“ စာမေးပွဲနားနီးနေလို့ ကျောင်းကိုလူတွေသိပ်မလာဘူး..။ အဲဒီတော့ ကျွန်တော်လည်းမသွားဘူး..။ ခင်ဗျားလေးကိုပဲ ကျောင်းလိုက်ပို့မယ်.. “
“ အင်း.. သဘော “
ယနေ့အဖို့ရာ ကျွန်တော်သည် ကိုကို၏ ကိုယ်ရံတော်တစ်ဦး..။
မဟုတ်လောက်ဘူး... ကိုယ်ရံတော်ထက် ပန်းစောင့်တဲ့ဘီလူးဆိုရင် ပိုမှန်မလားပဲ။
အင်္ကျီအဖြူလက်ရှည်နှင့် မိုးပြာရောင်ပုဆိုးကို သပ်ရပ်စွာဝတ်ဆင်ထားသော ကျွန်တော့်၏မဟာတန်းကျောင်းသားလေးသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်။ တစ်ခါတစ်ရံ တချို့သောအမျိုးသားတို့သည်ကလည်း သူ၏အနားတွင် ဝေ့လည်ဝေ့လည်နှင့်။ ကားပေါ်တွင်အစုလိုက်ရပ်နေသည့် မိန်းမပျိုတို့မှာလည်း ကိုကို့ကိုမြင်သည်နှင့် အပြုံးစိစိဖြစ်လာသည်။
ထိုအမျိုးသားနှင့် အမျိုးသမီးတို့ကြောင့်မိမိ၏ခံစားချက်တို့သည် သိပ်မသာယာခဲ့။ ထိုသူတို့မြင်သည်မှာ ကျွန်တော့်ဘေးမှ အဖြူရောင်နတ်သားလေးကိုသာ..။ ထိုနတ်သားလေး၏ဘေးတွင်ရပ်နေသော ဘီလူးမျက်နှာနှင့်ကျွန်တော့်အား သတိထားမိဟန်မတူ။ မိမိအပိုင် ထိုလူသားလေးအား ဤမျှအကြည့်တို့နယ်ကျွံနေသည်မှာ တရားလွန်လေပြီ။ ထို့ကြောင့် မိမိပိုင်ဆိုင်ကြောင်းသက်သေပြရတော့မည်။
နေသူရိန်သည် ဉာဏ်နီဉာဏ်နက်တို့ဖြင့် လမင်းကိုကို၏ခါးကို လှမ်းဖက်လိုက်သည်။ ရုတ်တရက်ဖြစ်သည်မို့ လမင်းကိုကိုသည်လည်း နေသူရိန်၏အနီးနားသို့ ပိုကပ်သွားရသည်။
“ ဘာလုပ်တာတုံး “
“ ကျွန်တော့်အပိုင်လူသားဖြစ်ကြောင်း သက်သေပြနေတာ “
သူ၏စကားကြောင့် ဘေးပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုမိသောအခါ မျက်စောင်းထိုးသူကထိုး၊ ရယ်သူကရယ်နှင့် မိမိတို့အားကြည့်နေသည်။ ရှက်စိတ်တို့ ဖြစ်တည်လာလေပြီ။ ဆောင်းရာသီတွင် air-conတပ်ဆင်ထားသည့်ကားပေါ်၌ ချွေးများပြန်လေသည်။
“ Sun.. လွှတ်တော့ “
“ Sorry ပဲ “
“ လွှတ်လို့ပြောနေတယ်နော် “
အံကြိတ်ကာ စကားပြောလာသည့် လမင်းကိုကို။ ပြုံးလျက် စကားပြန်ပြောနေသူက နေသူရိန်။
အေး... မင်းပဲရွဲ့နိုင်မလား.. ငါပဲနင်းနိုင်မလားကြည့်ရသေးတာပေါ့
လမင်းကိုကိုတစ်ယောက်.. စိတ်ထဲတွင် ထိုသို့ကြုံးဝါးပြီးလျှင် နေသူရိန်၏ခြေထောက်အား တက်နင်းပါတော့သည်။
နင်းတယ်.. နင်းတာတောင် ရိုးရိုးမဟုတ်ဘူးနော်..။ အံကြိတ်ပြီးတော့ကို အငြိုးနဲ့နင်းနေတာ..။ အော်လို့ကလည်း မဖြစ်ဘူးလေ..။ ခံပေါ့ နေသူရိန်ရယ်..။ မင်းကိုက ရန်သွားစတာကို။
“ ကိုကို နာတယ်နော် “
“ အေး.. ငါလည်းရှက်တယ်ကွ “
“ အာ... ဖယ်တော့လေဗျာ.. ဒီမှာနာလို့ မျက်ရည်တောင်ကျတော့မယ် “
“ အေး ငါလည်းရှက်လို့ ပူထူနေတယ်.. မင်းလက်ကို ငါ့ခါးက အရင်ဖယ် “
“ ပြီးရော “
နှစ်ဦးသားပြိုင်တူ လက်လျှော့ပြီးသည့်နောက် တစ်ယောက်၏မျက်နှာမှာ နီရဲလျက်.. တစ်ယောက်၏မျက်နှာက ရှုံ့မဲ့လျက်..။
“ ရက်စက်လိုက်တာ... အသားတောင်ကြေသွားပြီလားမသိဘူး “
“ နည်းတောင်နည်းသေးတယ် “
ကိုကိုက ကျွန်တော့်ကိုအရမ်းဂရုစိုက်တဲ့ ဘုရားစူးချစ်သူလေးပါ..။
ကားပေါ်မှာ နေရာရလို့ ပေးထိုင်လိုက်တော့လည်း အိပ်လိုက်သေးတယ်။ ရိုးရိုးမအိပ်ဘူးနော်.. စိတ်ကောက်ပြီးအိပ်သွားတာ။ ကိုယ်ကသွားစမိတာကို..။
ကားပေါ်မှဆင်းပြီးနောက် သူ၏အဆောင်သို့လိုက်အပို့သောအခါ ကျွန်တော့်၏သဝန်တိုခန်းပြဿနာ စပါတော့သည်။ ဤပြဿနာဖြစ်ရခြင်းသည် သူ၏အတန်းဖော်သူငယ်ချင်းဖြစ်သူ Major King ဟူသောလူကြောင့်ပင်။
“ Thesisက အဆင်ပြေရဲ့လား “
“ အင်းပြေပါတယ်.. မင်းရော အခြေအနေဘယ်လိုလဲ”
“ ငါလည်း အဆင်ပြေပါတယ်.. ဒါနဲ့ မင်းဘာစားပြီးပြီလဲ “
“ ငါက လက်ဖက်ရည်သောက်ခဲ့တယ် “
“ ဟိုလေ.. ငါဗိုက်ဆာနေတာကွာ ကန်တင်းထိုင်မလို့.. မင်းအတူတူလိုက်ထိုင်ပေးပါလား “
“ အင်း..ရတယ်လေ “
ပြဿနာက အဲဒီကန်တင်းမှာစတာ။ စတွေ့ကတည်းက သူ.. ကိုကို့ကိုကြည့်နေတဲ့ အကြည့်တွေကို မကြိုက်ပေမဲ့ ကိုယ်ကသဝန်တိုလွန်းလို့ မကြိုက်တာနေမှာပါဆိုပြီး ဖြေသိမ့်လိုက်တယ်။ ကန်တင်းရောက်တော့မှ ကိုယ့်အထင်တွေ မလွန်မှန်းစသိရတာပဲ။ ဘေးနားမှာရှိနေတဲ့ ကျွန်တော့်ကို အဲဒီဘဲသတိမထားမိဘူးနော်.. ကိုကို့ကိုပဲ စကားပြောတာ။ ကန်တင်းရောက်တော့ ကိုကိုသောက်ဖို့တဲ့လေ.. ရေခွက်ကိုသူကသေသေချာချာသုတ်ပေးတာ။ ကိုကိုက နန်းကြီးသုပ်မှာတော့လည်း ပန်းကန်ထဲက နံနံပင်ကို သူကိုယ်တိုင်ဖယ်ပေးတာနော်။ ပါးစပ်သုတ်ဖို့ တစ်သျှူးကို ကိုယ်တိုင်ခေါက်ပေးတာ..။ ဒါတော့ နည်းနည်းများသွားပြီ..။
မသာယာသော Sun၏မျက်နှာကို ကျွန်တော်သတိထားမိသည်။ သဝန်တိုနေသည်ကိုလည်း သိပါသည်။ မျက်ထောင့်နီနှင့် ကြည့်နေသောသူ၏ပုံစံသည် ကြောက်စဖွယ်တော့မဟုတ်။ ကလေးဆန်လှသည်။ ကန်တင်းမှထွက်လာသောအခါ တေဇအား အဆောင်သို့ဦးစွာသွားစေသည်။ မိမိသည်က Sunနှင့်အတူကျန်ခဲ့သေးသည်။
“ ဟူး... ဒေါသထွက်လိုက်တာ “
“ ဘာဖြစ်နေတာတုံး “
Advertisement
“ မြင်ရဲ့သားနဲ့ မမေးပါနဲ့လား..။ ဘဲကြီးငုတ်တုတ်နဲ့ကို သူကအဲဒီလောက်ဂရုစိုက်ပြရလား “
“ Sunနဲ့ကိုယ်ရဲ့အခြေအနေကို သူမှမသိတာကွာ “
“ သူမသိလည်း သူငယ်ချင်းဆိုရင် အဲဒီလောက်သည်းသည်းလှုပ်ပြနေစရာမလိုဘူးလေ “
“ အဲလိုပုံစံတွေက သူလုပ်နေကျပါ.. နောက်ပြီးကိုယ်တို့က တကယ်သူငယ်ချင်းတွေပါ “
“ သူငယ်ချင်းတွေက အဲဒီလိုတွေဂရုစိုက်တာလား “
“ မရွဲ့နဲ့Sun.. သူနဲ့ကိုယ်ကခင်ရုံပဲခင်တာ.. ကိုယ်တို့ကြားကခင်မင်မှုက Sunနဲ့ဇာဇာရဲ့ကြားကခင်မင်မှုလောက် မနီးကပ်ဘူး.. “
“ ကဲကဲ.. တော်ပြီ.. ဆက်ပြောနေရင် ရန်ကဖြစ်ရတော့မယ်..။ တစ်ခုသိထားဖို့ပြောပြမယ်နော်.. ဇာဇာနဲ့ကျွန်တော်နဲ့က တကယ်သူငယ်ချင်းတွေ “
“ မိန်းကလေးသူငယ်ချင်းဖြစ်လို့ပဲ.. Sunရဲ့ရည်းစားဖြစ်တဲ့ ကိုယ့်ထက်တောင် Sun ကိုနိုင်နေသေးတယ် “
“ ကိုကိုနော်.. အဲဒါတော့များသွားပြီ.. ဘာကိစ္စကျွန်တော်က သူ့ကိုအနိုင်ပေးရမှာလဲ..။ ဒီတိုင်းခင်ရုံပါပဲဆိုနေ.. လူကိုများမယုံသင်္ကာနဲ့ “
“ Sunကရော ကိုယ့်ကိုယုံလို့လား.. မယုံလိုပဲစွပ်စွဲနေပြီးတော့ “
“ မယုံတာက ကိုကို့ကိုမဟုတ်ဘူးလေ.. သူ့ကိုမယုံတာ.. “
“ သူ့ဘက်ကလည်း ရိုးသားပါတယ်ကွာ “
“ မရိုးသားဘူး... ကျွန်တော်သိတယ်.. လောင်းမလားပြော “
“ ရတယ်လေ Sunတောင် စိန်ခေါ်သေးတာပဲ.. ဘာကြေးလဲ ပြော “
“ သူကကိုကို့ ကိုကြိုက်နေတယ်ဆိုရင်.. ကျွန်တော် နိုင်တယ်..။ ကျွန်တော်နိုင်ရင် ကိုကိုကကျွန်တော်လိုချင်တာပေးရမယ်..။ တကယ်လို့ သူကရိုးသားတယ်ဆိုရင် ကိုကိုနိုင်တယ်။ ကိုကိုနိုင်ရင် ကျွန်တော်က ကိုကိုကြိုက်တာဝယ်ပေးမယ်.. “
“ ရတယ်လေ.. “
“ တစ်ခုမှာထားမယ်နော်။ သူကြိုက်တိုင်းပြန်မကြိုက်နဲ့နော်။ သစ္စာဖောက်ရင် ကိုကို့ကိုသတ်ပစ်မှာ “
“ ယုတ်မာလိုက်တာ..”
“ မသိဘူး တကယ်သတ်မှာနော်.. ပြီးရင်ကျွန်တော်ပါသတ်သေပစ်မှာ “
“ အချစ်ကြီးပြနေတာ.. အခုမှ “
“ ကြီး ကြီးပဲ.. အဆောင်ထဲဝင်တော့.. ကျွန်တော်ဒီမှာပဲစောင့်နေမယ် “
“ အင်း.. တာ့တာ “
လက်ပြပြီးဝင်သွားတဲ့ကိုကိုက အပြုံးလေးနဲ့.. ကျွန်တော့်ရင်ထဲမှာတော့ အပူတွေနဲ့..။ အတန်းထဲမှာ ဟိုဘဲ ကျွန်တော့်ကောင်လေးကို ဘယ်လိုတွေ ထိတွေ့နေမလဲ..။ စဉ်းစားမိတာနဲ့ ဒေါသထွက်တယ်။ ခင်ဗျားလေးကိုချစ်ရတာလဲ သိပ်တော့လွယ်ကူမနေဘူးဗျာ..။
သဝန်တိုမှုကိုယ်စီနှင့် ထိုလူသားနှစ်ဦး...။ ထိုလူသားနှစ်ဦးနှင့် ပတ်သက်မှုကိုယ်စီရှိနေသည့်သူငယ်ချင်းများ..။ ထိုသူငယ်ချင်းတို့သည် အလွန်ရိုးသားပါသည်ဟု အာမခံနိုင်မည်လော..။ အာမခံသည်ဟုဆိုစေကာမူ မည်သည့်သက်သေနှင့်အာမခံမည်နည်း..။ မြင်တွေ့ရသည့် သက်သေတို့သည်က အာမခံရန် မခိုင်လုံခဲ့..။
For Zawgyi
ကေလးဆန္မႈ
ေဆး႐ုံခုတင္ထက္တြင္ ထိုင္ေနေသာလူသားေလးသည္ မိမိ၏လႈပ္ရွားမႈတို႔ကို တစ္ခ်က္မခြာ လိုက္၍ၾကည့္ေနသည္။
“ ဘာေတြလိုက္ၾကည့္ေနတာလဲ...”
“ ပ်င္းေနလို႔.. မနက္ကတည္းက ဟိုဟာလုပ္လိုက္ ဒီဟာလုပ္လိုက္နဲ႔ စကားလည္းမေျပာဘူး “
“ ဪ.. ခဏေလာက္သည္းခံပါသခင္ေလးရယ္.. ကြၽန္ေတာ္မ်ိဳးက သခင္ေလးအားရွိဖို႔ အစားအေသာက္ေတြျပင္ဆင္ေနရလို႔ပါဗ်ာ “
“ မ႐ြဲ႕နဲ႔.. “
“ မ႐ြဲ႕ပါဘူးဗ်ာ.. ကဲေျပာ.. ဘာေျပာမလို႔လဲ.. အလုပ္အကုန္ၿပီးၿပီ “
“ ေျပာခ်င္တာေတာ့.. ေတာ္ေတာ္ပ်င္းေနတယ္ “
“ ကြၽန္ေတာ္နဲ႔စကားေျပာမယ္ေလ “
ကြၽန္ေတာ့္၏စကားကို ျပန္ေျဖသူကိုကိုသည္ ႏႈတ္ခမ္းအားတစ္ျခမ္းသာေကြး၍ၿပဳံးျပကာ ဆိုလာသည့္စကားသည္ ၾကင္နာမႈမရွိ..။
“ အာေညာင္းတယ္..”
ေနသူရိန္တစ္ေယာက္.. ဆက္ေျပာရမည့္စကားတို႔ ေပ်ာက္ရွေလၿပီ..။
“ ဪ... ေျပာရက္တယ္ေနာ္.. ခ်စ္သူနဲ႔ စကားေျပာတာကိုပဲ အာေညာင္းတယ္တဲ့.. လူၾကားလို႔မွမေကာင္း “
“ game ေဆာ့ခ်င္တယ္ “
“ ေဆာ့ေလ.. ကိုကို႔ဖုန္းရွိတာပဲ “
“ ကိုယ့္ဖုန္းထဲမွာ ကိုယ္ေဆာ့ခ်င္တဲ့ gameမရွိဘူး “
“ လာ စားၿပီးကိုကိုရာ။ ကိုယ္ေဆာ့မယ့္ gameက ကိုယ့္ဖုန္းထဲမွာမရွိဘူးဆိုေတာ့.. “
“ အဲဒီgame က Sunဖုန္းထဲမွာရွိတယ္.. Mobile legendsေလ.. “
သိတယ္ေလ.. စကားကိုကန႔္လန႔္ေတြေျပာေနကတည္းက ကိုကိုေမႊေတာ့မယ္ဆိုတာ သိတာေပါ့
“ ကိုကိုမ်က္လုံးထဲမွာ ေဆးထိုးအပ္ေတြျမင္ေနရၿပီ.. အကြက္ေတြေနာ္။ ထားပါ ကိုကိုေဆာ့ခ်င္ရင္လည္းေဆာ့ေလ “
ယုံယုံၾကည့္ေပးလာသည့္ သူ၏ဖုန္း..။ ဖုန္း ဖြင့္လိုက္လ်င္ပင္ စစဦးစြာျမင္ရသည့္ wallpaperတစ္ခုေၾကာင့္ ရင္ထဲတြင္ေႏြးလာျပန္သည္။ ျမင္လိုက္ရသည္က မိမိ၏ပုံပင္ျဖစ္သည္။ သူသည္ မိမိအားဤမွ်အေလးထားသည္။
“ Password ကေရာ “
“ ကိုကို႔ေမြးေန႔ “
ၾကားရသည့္စကားတို႔သည္ ေက်နပ္စရာ..။
“ ဪ.. ၿပီးရင္ Finger printမွာ ကိုကိုလက္ေဗြရာပါထည့္ထားေပး.. “
“ အင္း “
ျမင္တာေပါ့.. ကိုကို႔ရဲ႕အၿပဳံးေတြကို.. ဒီလိုအေသးအဖြဲ႕ေလးကအစ ဂ႐ုစိုက္တတ္တဲ့ကိုကို႔ကို ကြၽန္ေတာ္ကလည္း ေသေသခ်ာခ်ာကိုဂ႐ုစိုက္ေပးေနမွာမို႔ ကိုကိုက အၿမဲတမ္းၿပဳံးေနေပးေနာ္။
သူဂိမ္းေဆာ့ၿပီး.. သုံးမိနစ္အၾကာတြင္စ၍ၾကားရသည္က You have been salin….။ ၾကားရသည္က တစ္ခါတည္းသာမဟုတ္..။
“ ကိုကို ဘာေဆာ့ေနတာလဲ classicလား rankလား “
“ rank လို႔ေတာ့ ေရးထားတာပဲ “
မိုးႀကိဳးပစ္ေလၿပီ..။ တစ္ခါမွမေဆာ့ဖူးတဲ့သူက Legendေရာက္ေနတဲ့ ကြၽန္ေတာ့္gameေလးကို rank ဝင္ေဆာ့တယ္တဲ့..။ သူဖုန္းစကိုင္ကတည္းက ျမင္မိပါတယ္ေလ.. သူ႔မ်က္လုံးထဲက ေဆးေတြကို...။ ဖုန္းေလးတစ္ခ်က္ၾကည့္မိေတာ့ enemyေတြအလယ္မွာ ရပ္ေနတဲ့ သူ..
“ ကိုကိုဘာလုပ္ေနတာလဲ.. “
“ ေသြးျဖည့္ေနတာေလ “
“ ငါးေကာင္ၾကားထဲဝင္ၿပီး ေသြးျဖည့္စရာလားဟ “
“ အခုမွေဆာ့တာေလ ဘယ္သိမလဲ.. “
“ ဪ.. ေအးပါ ေအးပါသေဘာ “
You have been salinဟူေသာအသံကို မၾကာခဏၾကာေနရသည္မို႔ ထပ္၍ၾကည့္လိုက္ေသာအခါ turrets ကို by 1 ခ်ေနသည့္သူ...။
ပိန္းဥေလးကို ခ်စ္သူေတာ္ထားရတာလား..။
“ ဟာ.. ကိုကိုေရ.. turretsကိုတစ္ေယာက္တည္းသြားခုတ္ေနေတာ့ ေသမွာေပါ့ဟ “
“ ေသလည္း ျပန္ရွင္တာပဲကို “
“ ဪ... ေအးပါကြာ.. ႀကိဳက္တာလုပ္ေတာ့ “
တစ္နာရီၾကာျမင့္ၿပီးေသာအခါ စိတ္ႀကိဳက္ေမႊၿပီး၍ အနားယူေနခဲ့သည့္ မိမိ၏ပိန္းဥေလးအား အစားစားရန္တိုက္တြန္းရျပန္သည္။
“ ေဆးထိုးလိုက္ရလို႔ ပင္ပန္းေရာေပါ့.. မုန႔္ေလးစားလိုက္ဦး “
“ အင္း “
သူမုန႔္စားေနစဥ္ မိမိဖုန္းသို႔ဝင္လာသည့္ callတစ္ခု...။
“ ဇာဇာေျပာ..”
“ ဒီေန႔ဘာလို႔ ေက်ာင္းမလာတာလဲ “
“ ငါ့ခ်စ္သူ ေဆး႐ုံတင္ထားရလို႔ ေဆး႐ုံေစာင့္ေပးေနတာ “
“ ဘာ.. ခ်စ္သူ.. ဟုတ္လား.. နင္ ဘယ္တုန္းကရည္းစားရသြားတာလဲ.. သူကဘယ္သူလဲ.. ဘယ္ကလဲ.. ဘာလို႔ငါ့ကိုအဲဒီကိစၥမတိုင္ပင္တာလဲ “
“ အေမးအျမန္းထူလိုက္တာဟာ ေနာက္မွ ေအးေဆးေျပာျပမယ္.. အခုေတာ့ဒါပဲ.. ငါမအားေသးလို႔ “
ဖုန္းေျပာၿပီးေနာက္ မိမိအားၾကည့္လာသည့္ ကိုကို၏အၾကည့္သည္ ယခင္ကႏွင့္မတူ..။ ယခင္တြင္ ဇာဇာဟူေသာအသံကို ၾကားသည္ႏွင့္တစ္ၿပိဳင္နက္ စိတ္အေႏွာင့္အယွက္ျဖစ္ေနတတ္သည္။
“ ဘာျဖစ္လို႔ ဖုန္းဆက္တာလဲ “
“ ေက်ာင္းမလာလို႔ ေမးတာပါ.. “
“ ဪ.. “
“ ဒီေန႔ထူးထူးဆန္းဆန္းပါလား.. အရင္က ဇာဇာဆိုတဲ့နာမည္ၾကားတာနဲ႔ စိတ္တိုေနတာေလ.. အခုက်ေတာ့လည္း ဘာမွမျဖစ္သလိုပဲ “
“ Sun ကိုယုံလို႔ေလ “
ဤမွ်ၾကားရ႐ုံႏွင့္ အရာအားလုံးျပည့္စုံေနၿပီဟု ခံစားရေနသည္။
ကြၽန္ေတာ့္ကိုယုံၾကည္ဖို႔ သူခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရတယ္ေလ..။ စိတ္ဒဏ္ရာေတြရတဲ့အထိ.. သူနာက်င္ခဲ့ရဖူးတယ္ေလ..။ ေမတၱာမွန္လို႔ ေရာင္ျပန္ဟပ္တယ္ဆိုရမွာေပါ့..။ သူ႔ကိုကြၽန္ေတာ္ယုံသလို သူကလည္းယုံတယ္တဲ့ေလ..။ ကိုကို႔အတြက္ ကြၽန္ေတာ့္ေမတၱာက စစ္မွန္ခဲ့ပါတယ္ေနာ္..။
“ ခက္ခက္ခဲခဲယုံၾကည့္ေပးလို႔ အမ်ားႀကီးေက်းဇူးတင္ပါတယ္ကိုကို “
ကြၽန္ေတာ့္၏လက္အား အသာအယာဆုပ္ကိုင္လ်က္ ဆိုလာသည့္ Sun၏စကား...။
“ ယုံၾကည္မႈကို အလြဲသုံးစားမလုပ္ဖို႔ကေတာ့ Sunရဲ႕တာဝန္ေနာ္ “
“ အင္းပါ.. “
Sunေပ်ာ္သည္ကို သူ၏မ်က္ဝန္းမ်ားမွတစ္ဆင့္ျမင္ေနရသည္။ သူေပ်ာ္႐ႊင္သည္မို႔ မိမိသည္လည္း ထပ္တူေပ်ာ္႐ႊင္ေနမိသည္။
ေဆး႐ုံမွဆင္းၿပီးေနာက္ ျပန္လည္အသက္ဝင္လာသည့္ ထိုလူသားႏွစ္ဦး၏ ဆက္ဆံေရးသည္ ၾကည္ႏူးစရာပင္။ တစ္ဦးႏွင့္တစ္ဦး ဂ႐ုစိုက္မႈ ေႏြးေထြးမႈတို႔အျပည့္ႏွင့္။ ေျပာင္းလဲခဲ့သည္မွာ ယခင္က တြန႔္ဆုတ္ခဲ့ေသာ ေျခလွမ္းတို႔သည္ ယခုတြင္ အားအင္အျပည့္ႏွင့္။ မေျပာင္းလဲခဲ့သည္မွာ လမင္းကိုကိုသည္ ေနသူရိန္မႀကိဳက္သည့္အလုပ္တို႔ကို တဇြတ္ထိုးလုပ္ေနဆဲ..။
ဟုတ္တယ္..။ အခုတစ္ေလာ ကြၽန္ေတာ္မႀကိဳက္ဝာာေတြကို သူအရမ္းလုပ္လာတယ္။ အ႐ြဲ႕တိုက္တာလားပဲ။ ဥပမာ သူညပိုင္းေတြမွာစာလုပ္ရင္ ေကာ္ဖီမေသာက္ဖို႔ ကြၽန္ေတာ္မွာထားတယ္။ ကြၽန္ေတာ့္စကား သိပ္နားေထာင္တဲ့ကိုကိုက ေကာ္ဖီကိုတစ္ညတည္းနဲ႔ ႏွစ္ခြက္ေသာက္တယ္တဲ့ေလ။ မနက္ပိုင္းေတြ သူ႔ဆီကိုသြားေတြ႕တိုင္း မ်က္လုံးကေခ်ာက္ထဲက်ေနသလိုပဲ။ အခုလည္း ပန္ဒါလူသားက ကြၽန္ေတာ့္ေဘးနားမွာ အိပ္ေနတာလား မုန႔္စားေနတာလား မသဲကြဲဘူး။ ပါးစပ္ကသာဝါးေနေပမဲ့ မ်က္လုံးက ပြင့္မလာဘူး။
“ ကိုကို အိပ္ေနတာလား စားေနတာလား “
“ ႏွစ္ခုလုံးကို တစ္ၿပိဳင္တည္းလုပ္ေနတာ “
“ ညက ေကာ္ဖီေသာက္ၿပီး စာလုပ္တယ္မဟုတ္လား “
“ အင္း “
“ ကြၽန္ေတာ့္စကားကို သိပ္နားေထာင္တာပဲေနာ္.. တအားေတြခ်စ္လာၿပီ “
အံႀကိတ္ကာၿပဳံး၍ ဆိုလာေသာသူ၏စကားသည္ ႐ြဲ႕ေျပာေနေသာေလသံျဖစ္ေၾကာင္း သိပ္သိသာပါသည္။
“ ေနမေကာင္းတုန္းက မလုပ္ခဲ့ရတဲ့စာေတြ အခုျပန္လုပ္ေနရလို႔ပါ “
“ နားနားေနေနလုပ္ပါလား.. ေသရင္ကိုယ့္ေနာက္ပါတာလည္း မဟုတ္ဘူး။ ကိုကိုက်န္းမာေရးထိခိုက္မွာ စိုးလို႔ေျပာေနတာေနာ္ “
“ အင္းပါကြာ.. ေနာက္မလုပ္ေတာ့ဘူးေနာ္..”
ထိုစကားႏွင့္အတူ မိမိ၏ပခုံးထက္သို႔မွီလာသည့္ ထိုလူသား..။
“ အင္း.. ေကာင္းတယ္.. လုပ္ခ်င္တာလုပ္ၿပီး အဲဒီလိုေခ်ာ့ေနလိုက္..။ ခင္ဗ်ားေလးသာေလ ကြၽန္ေတာ့္ထက္ငယ္ရင္ ႏွစ္ခ်က္ေလာက္ ပိတ္႐ိုက္လိုက္ၿပီ “
“ ႐ိုက္ရက္တယ္ေပါ့ “
တကယ္ပါ..။ သူေတာ္ေတာ္ကို ေျပာင္းလဲလာတာပါ။ အ႐ြဲ႕တိုက္တာေရာ စကားနားမေထာင္ဝာာေရာ အခုေနာက္ပိုင္းမွာ ေတာ္ေတာ္ကိုဆိုးလာတာပါ။ ဒါေပမဲ့ သူဆိုးတာေလးက ခ်စ္ဖို႔ေတာ့ေကာင္းသား။
“ ကိုကိုအခုတစ္ေလာ အရမ္းဆိုးေနတယ္ဗ်ာ “
“ အျပစ္ျမင္ေနတာလား “
“ အယ္.. မျမင္ရဲပါဘူးဗ်ာ.. “
“ အဲဒါဆို ဘာလို႔ ေပါက္ေပါက္ေဖာက္ေနတာလဲ.. အဖိုးႀကီးလိုပဲ “
“ ဒါက ကိုကိုထိခိုက္မွာစိုးလို႔ေျပာတာေလ “
“ ကိုယ္ထိခိုက္လည္း Sun ကာကြယ္ေပးေလ.. ရတာပဲကို “
“ ဪ... ေကာင္းပါ့.. အင္းပါ.. အခုေတာ့ ကိုကိုေက်ာင္းသြားရမယ္။ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ “
“ မပို႔နဲ႔ေလ.. Sunလည္း ေက်ာင္းသြားရဦးမွာကို “
“ စာေမးပြဲနားနီးေနလို႔ ေက်ာင္းကိုလူေတြသိပ္မလာဘူး..။ အဲဒီေတာ့ ကြၽန္ေတာ္လည္းမသြားဘူး..။ ခင္ဗ်ားေလးကိုပဲ ေက်ာင္းလိုက္ပို႔မယ္.. “
“ အင္း.. သေဘာ “
ယေန႔အဖို႔ရာ ကြၽန္ေတာ္သည္ ကိုကို၏ ကိုယ္ရံေတာ္တစ္ဦး..။
မဟုတ္ေလာက္ဘူး... ကိုယ္ရံေတာ္ထက္ ပန္းေစာင့္တဲ့ဘီလူးဆိုရင္ ပိုမွန္မလားပဲ။
အက်ႌအျဖဴလက္ရွည္ႏွင့္ မိုးျပာေရာင္ပုဆိုးကို သပ္ရပ္စြာဝတ္ဆင္ထားေသာ ကြၽန္ေတာ့္၏မဟာတန္းေက်ာင္းသားေလးသည္ ပ်ိဳတိုင္းႀကိဳက္သည့္ ႏွင္းဆီခိုင္။ တစ္ခါတစ္ရံ တခ်ိဳ႕ေသာအမ်ိဳးသားတို႔သည္ကလည္း သူ၏အနားတြင္ ေဝ့လည္ေဝ့လည္ႏွင့္။ ကားေပၚတြင္အစုလိုက္ရပ္ေနသည့္ မိန္းမပ်ိဳတို႔မွာလည္း ကိုကို႔ကိုျမင္သည္ႏွင့္ အၿပဳံးစိစိျဖစ္လာသည္။
ထိုအမ်ိဳးသားႏွင့္ အမ်ိဳးသမီးတို႔ေၾကာင့္မိမိ၏ခံစားခ်က္တို႔သည္ သိပ္မသာယာခဲ့။ ထိုသူတို႔ျမင္သည္မွာ ကြၽန္ေတာ့္ေဘးမွ အျဖဴေရာင္နတ္သားေလးကိုသာ..။ ထိုနတ္သားေလး၏ေဘးတြင္ရပ္ေနေသာ ဘီလူးမ်က္ႏွာႏွင့္ကြၽန္ေတာ့္အား သတိထားမိဟန္မတူ။ မိမိအပိုင္ ထိုလူသားေလးအား ဤမွ်အၾကည့္တို႔နယ္ကြၽံေနသည္မွာ တရားလြန္ေလၿပီ။ ထို႔ေၾကာင့္ မိမိပိုင္ဆိုင္ေၾကာင္းသက္ေသျပရေတာ့မည္။
Advertisement
- In Serial52 Chapters
Alpha Dylan
"We have a feisty one," he mumbled, tracing kisses down my neck, settling just above my breasts as he admired them, licking his lips."She said no!" someone growled, the voice sending a shiver down my spine.Suddenly, the man was ripped off of me and I gasped as he was punched, his lifeless body falling to the floor and landing in a heap, blood dribbling down from a busted lip. I stared in shock as my mate stood in front of me, his chest heaving as he growled, glaring at the guy who had attacked me. After a few seconds, he turned to me, his eyes, which were now black, piercing mine. I stood there motionless, my entire body shaking as I tried to regain my normal breathing rate. "Go," my mate ordered, swallowing harshly.Highest ranking: #1 in werewolf
8 517 - In Serial41 Chapters
How to Survive in Black Butler (Black Butler x Reader)
(Y/N) was chilling on her couch Saturday evening (like she always does) when she is transported to the world of Black Butler! What will happen then? Will she ever get back home? Will she meet a hottie? WILL SHE BE ABLE TO BINGE WATCH SHOWS ON NETFLIX AGAIN! Well, read to find out.(Uploaded from Quotev )
8 211 - In Serial6 Chapters
A Safe Place
A young woman meets a prestigious Actor by chance on the busy streets. Little does she know she where life will take her. Will he stay at her side? * note this is my first time writing my own story ...
8 208 - In Serial57 Chapters
The Chance of Falling
Stumbling her way through the past at the hands of Voldemort, Lilah Lupin is forced to pose as the cousin of Remus Lupin. Reckless is the last thing one should be when partaking in matters of time, however, preserving the timeline is the last thing on Lilah's mind.James Potter x OCAlso, be warned that this is an extremely rough draft that I started when I was 15 and apparently didn't understand the concept of proper grammar but it gets better! Have fun😂😂Ranked #13 in #HarryPotter out of like 22 000 stories!!! I am literally dying right now!! Tbh I don't even know how but thanks to every single one of you xx
8 250 - In Serial15 Chapters
Open Wounds
Welcome to a new read.
8 61 - In Serial33 Chapters
Rumi
"the wound is the place where the Light enters you."
8 138

