《Amiss Prayer (Zawgyi&Unicode) [Completed]》Part-57(အခက်တွေ့ခြင်း)
Advertisement
For Unicode
အခက်တွေ့ခြင်း
အပြန်အလှန်မြင်ကြသောအခါ နေသူရိန်နှင့် လမင်းကိုကို၏မျက်နှာသည် မကြည်လင်ခဲ့။ အကြင်သူနှစ်ဦးနှင့်ဆန့်ကျင်စွာ တေဇနှင့်သဉ္ဇာထက်သည်က ပြုံးရွှင်နေသည်။
“ သူရိန်.. ဒီကိုဘာလာလုပ်တာလဲ “
ပြုံးရွှင်စွာမေးလာသူက သဉ္ဇာထက်...။ အေးစက်စက်ပြန်ဖြေသူက နေသူရိန်..။
“ ကိုကို့ကိုကျောင်းလိုက်ပို့တာ “
“ နင်.. ဘယ်တုန်းက အစ်ကိုရသွားတာလဲ “
“ အစ်ကိုမဟုတ်ဘူး.. ချစ်သူ.. “
သူရိန်မှာ ချစ်သူရှိနေပြီပြောတုန်းက ကျွန်မဝမ်းနည်းရတယ်။ အခု သူ့ချစ်သူက ကောင်လေးတစ်ယောက်ဖြစ်နေတော့ ပိုပြီး အံ့ဩထိတ်လန့်ရတယ်။ ရှက်လည်းရှက်မိတယ်။ အချိန်တွေအကြာကြီး သူ့ဘေးနားမှာ ကျွန်မရှိနေခဲ့တယ်..။ ဒါပေမဲ့.. သူကကျွန်မအချစ်ကိုမမြင်ဘဲ ယောက်ျားလေးတစ်ယောက်ကို သဘောကျတယ်ဆိုတော့လေ...။
ထိုခံစားမှု၊ အတွေးနှင့်အတူ ထိန်းထားသောမျက်ရည်များသည် မျက်ဝန်းထဲတွင် ရစ်ဝန်းလာသည်။
“ ဟက်.. လောကကြီးက ရယ်စရာတော့ကောင်းနေပြီ.. ငါအချိန်တွေအကြာကြီး နင့်ဘေးနားမှာရှိခဲ့တာတောင် နင်က ယောက်ျားလေးတစ်ယောက်ကို သဘောကျတယ်တဲ့လား “
မျက်ရည်တို့ဖြင့်ပြောနေသော်လည်း သူ၏ရယ်သံသည် မိမိတို့အားလှောင်နေကြောင်း သိသာပါသည်။ သူ၏လှောင်ပြောင်ခြင်းအား မိမိဂရုမစိုက်ချင်..။ သို့သော် မိမိ၏ဘေးတွင်ချစ်ရသူကရှိနေသေးသည်မို့ အဆင်မပြေ..။ ချစ်ရသူစိတ်ထိခိုက်မည်ကို မလိုလား..။ ထို့ကြောင့် ကိုကို့အား အဆောင်ထဲသို့ဝင်ခိုင်းစေသည်။
“ ကိုကို.. အဆောင်ထဲဝင်တော့လေ “
“ မင်းနေခဲ့လို့ အဆင်ပြေပါ့မလား “
“ ပြေပါတယ် “
“ အင်း.. ဘာတွေပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ရှိတာကိုတော့ မမေ့နဲ့Sun “
“ အင်းပါ “
ထို့နောက် လမင်းကိုကိုသည် အဆောင်ထဲသို့ဝင်သွားသည်။ ကျန်ခဲ့သူက တေဇ၊ သဉ္ဇာထက်နှင့် နေသူရိန်ပင်။ ထို့နောက်တေဇ သဉ္ဇာထက်အား စကားတစ်ခွန်းပြောလာသည်။
“ ငါ့ညီမက ငါနဲ့တစ်လှေတည်းစီးမယ့်သူဖြစ်နေတော့ ဝမ်းသာတယ်ကွာ “
နေသူရိန်အားခနဲ့သွားသော ထိုစကားပြောပြီးနောက် တေဇသည်လည်း အဆောင်ထဲသို့ဝင်သွားသည်။ ထို့နောက် နေသူရိန်သည် ပုံမှန်ထက် ပို၍တင်းမာသော မျက်နှာအနေအထားနဲ့ သဉ္ဇာထက်အား စကားပြောခဲ့သည်။
“ ငါယောက်ျားလေးချစ်သူရတဲ့ကိစ္စကို နင်အဲဒီလောက်ဝမ်းနည်းနေစရာမလိုဘူး..။ နင့်မေးခွန်းတွေ သိပ်များနေပြီဇာဇာ.. ငါ့ကိုလည်း မေးခွင့်ပြုဦးမှပေါ့..။ နင်နဲ့ တေဇနဲ့က ဘယ်လိုပတ်သက်တာလဲ “
“ သူရိန်.. နင်နဲ့တွေ့ရသမျှနေ့ရက်တိုင်းက ငါ့အတွက်အပျော်ရွှင်ရဆုံးအချိန်တွေဖြစ်ခဲ့ဖူးတယ်..။ ဒီနေ့တော့.. နင်နဲ့တွေ့ရတာ အနာကျင်ဆုံးပဲ..။ ငါ့မိဘတွေမွေးစားတဲ့ အစ်ကိုဝမ်းကွဲရှိတဲ့အကြောင်း ငါခဏခဏပြောဖူးတယ်နော်။ နင်တကယ်ပဲ ငါနဲ့ပတ်သက်ရင်အလေးမထားတာပဲ “
အဖြစ်မှန်မှာ တေဇသည် သဉ္ဇာထက်၏အစ်ကိုတစ်ဝမ်းကွဲဖြစ်သည်။ တေဇ၏မိဘများ ကားမှောက်၍သေဆုံးသွားသောအခါ တေဇ၏အဒေါ်ဖြစ်သော သဉ္ဇာထက်၏မိခင်သည် တေဇအားသားအဖြစ်မွေးစားခဲ့ခြင်းဖြစ်သည်။ အစ်ကိုတစ်ဝမ်းကွဲဖြစ်သော်လည်း မွေးစားထားသည်ဟူသည့်အမည်ခံကြောင့်တစ်ကြောင်း၊ ပညာတော်၍ မေမေက မြှောက်စားသောကြောင့်တစ်ကြောင်းနှင့် သဉ္ဇာထက်သည် တေဇအားအမြင်မကြည်..။ တေဇသည်လည်း အဖော်မင်သော၊ စာထက် အပျော်ကိုသာမြင်သော သဉ္ဇာထက်အား အမြင်မကြည်။ ယနေ့တွင် တေဇ၏ကျောင်းသို့ သဉ္ဇာထက်ရောက်လာရခြင်းမှာ တေဇ၏ Thesisဖိုင်တွဲမေ့ကျန်ခဲ့သောကြောင့် လာပေးရခြင်းဖြစ်သည်။
“ Sorry ဇာဇာ... ငါက သူများမိသားစုရေးကို စိတ်မဝင်စားလို့ပါ..။ အစက နင့်ကိုခင်ခဲ့ပေမဲ့ အခုနင်က တေဇနဲ့တစ်လှေတည်းစီးမယ့်ခရီးသည်တွေဖြစ်နေတော့ ငါတို့ဆက်ခင်နေလို့ဖြစ်ပါ့မလား “
“ ဘယ်လို.. “
“ အခု.. နင်ငိုနေပုံကိုထောက်ရင် နင်ငါ့အပေါ်ကို ခံစားချက်တွေရှိနေတယ်မဟုတ်လား..။ နင့်လိုပဲ.. နင့်အစ်ကိုကလည်း ငါ့ချစ်သူကို ခံစားချက်တွေရှိနေတယ် “
“ ဟက်.. ဘာမဟုတ်တဲ့ကောင်လေးက အချစ်ခံလူတန်းစားပါလား “
“ နင်ပြောချင်တာ ပြောလို့ရတယ်.. ဒါပေမဲ့.. ကိုကို့ကိုတော့မထိခိုက်နဲ့.. ငါမကြိုက်ဘူး “
သူချစ်ရသောလူသည် တခြားသောလူတစ်ဦးအား ဤမျှကာကွယ်ပေးနေသည်ကို မြင်ရခြင်းမှာ ထိုအမျိုးသမီးအဖို့ရာ မည်မျှနာကျင်လိမ့်မည်နည်း..။
“ ချစ်တတ်လိုက်တာ သူရိန်ရယ်..။ ငါတကယ်ဝမ်းနည်းရတယ်... နင့်အချစ်တွေကိုပိုင်ဆိုင်ရသူက ဘာလို့ငါမဖြစ်ခဲ့ရတာလဲ.. “
“ မထိုက်တန်ခဲ့လို့ပေါ့... “
ပြတ်သားလှသည့် ထိုအဖြေသည် မိမိ၏နှလုံးသားအား ဓားဖြင့်မွှန်းသည့်နှယ်...။
“ နင့်အပေါ်ကို ငါက ဘာအမှားတွေကျူးလွန်ခဲ့လို့ အဲဒီလောက်ခါးခါးသီးသီးဖြစ်နေတာလဲ “
“ နင်နဲ့ငါက ကိုးကွယ်ရာတွေကွဲလွဲနေပေမဲ့ အတိတ်ဘဝဆိုတာတော့ နင်ကောင်းကောင်းကြီးနားလည်မှာပါ..။ ငါပြောရင်လည်း နင်ယုံမှာမဟုတ်ဘူး..။ မယုံပေမဲ့လည်း ပြောဖို့လိုအပ်လာလို့ ပြောပြမယ်..။ အတိတ်ဘဝတုန်းက ငါနဲ့ကိုကိုနဲ့ကချစ်သူဖြစ်ခဲ့တယ်။ အဲဒီဘဝတုန်းက နင့်ရဲ့အတ္တတွေ အငြိုးတွေနဲ့ ငါ့ရဲ့သတ္တိမရှိမှုတွေကြောင့် ငါနဲ့ကိုကိုသေကွဲ ကွဲခဲ့ရတယ် “
“ ငါ့ရဲ့အငြိုး... ငါ့ရဲ့အတ္တ.. ဟုတ်လားသူရိန်.. ရယ်စရာပဲဟာ.. အခုငါ့မှာအဲဒီလိုအတ္တတွေ အငြိုးတွေရှိနေတာ.. နင်မြင်ဖူးခဲ့လား “
“ နင်သတိမထားမိလို့ပါ.. ငါ့အနားမှာ နင်ကအချိန်တွေကြာကြီးရှိနေတိုင်း.. ငါကနင့်ကိုချစ်ရမှာတဲ့လား.. အဲဒါကလည်း နင့်ရဲ့အတ္တတစ်ခုပဲလေ “
“ နင့်အနားမှာရှိခဲ့ပေမဲ့.. ငါနင့်ကိုပိုင်ဆိုင်ရဖို့အထိ အစွန်းရောက်စွာမကြိုးစားခဲ့ဖူးဆိုတာ.. နင်သိမှာပါ..။ ဒီအတိုင်းရိုးရိုးလေးပဲ နင့်ကိုချစ်ခဲ့ရုံပါ.. “
“ တောင်းပန်တယ်ဇာဇာ... နင်ငါ့အနားမှာရှိနေသမျှကာလပတ်လုံး.. နင်ငါ့ကိုသူငယ်ချင်းလိုပဲခင်တယ်လို့ မြင်ခဲ့တယ်..။ ငါကလည်းနင့်ကို သူငယ်ချင်းထက် မပိုခဲ့ဘူး “
Advertisement
“ ဘာကြောင့် နင်ငါ့အချစ်ကို မမြင်ခဲ့တာလဲ.. “
အဲဒီမေးခွန်းကို ကျွန်မမေးသင့်တယ်မဟုတ်လား။ သူ့အနားမှာ ကျွန်မကအချိန်တွေအကြာကြီးရှိနေခဲ့တယ်။ သူကလွဲပြီး ဘယ်ယောက်ျားလေးကိုမှ ကျွန်မမျက်လုံးထဲမှာ မမြင်နိုင်တဲ့အထိ.. ကျွန်မသူ့ကိုချစ်ခဲ့တယ်။ အရမ်းချစ်ရဲ့သားနဲ့ ဘာလို့ဖွင့်မပြောခဲ့တာလဲလို့ မေးချင်ကောင်းမေးခဲ့လိမ့်မယ်။ အဲဒီအတွက်.. ဖြေကရှင်းရှင်းလေးပါ။ မြန်မာအမျိုးသမီး ဆိုတဲ့ အတာအဆီးကြီးက ရှိနေလို့လေ..။
အဲဒီအတားအဆီးကြီးကြောင့် ကျွန်မ မပြတ်မသားဖြစ်ခဲ့တယ်။ သူကတော့ သူ့ချစ်သူအတွက် ပြတ်သားနေဆဲပဲ..။ ကျွန်မရဲ့အမေးကို သူဖြေလိုက်ပုံက သိပ်ပြတ်သားတယ်။ သူ့နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံကို ညွှန်ပြရင်းဖြေလိုက်ပုံက သိပ်လှတယ်။
“ အစကတည်းက ဒီနေရာက နင့်အတွက် မဟုတ်ခဲ့လို့လေ “
“ သိပ်ပြတ်သားပဲလားသူရိန်..။ ငါသဘောကျရတဲ့နင့်မှာ အခုလိုသတ္တိတွေရှိနေတာကိုမြင်ရတော့ နင့်ကိုမပိုင်ဆိုင်မိခဲ့တာ သိပ်နောင်တရတယ် “
“ ငါ့ချစ်သူအတွက် ငါပြတ်သားရမယ် ဇာဇာ.. သူပြောပြပုံအရ တိတ်ဘဝတွေမှာ ငါ့ကြောင့်သူအရမ်းနာကျင်ခဲ့ရတယ် “
“ နင်ရူးနေလား... သူပြောသမျှကိုနင်ယုံတာပဲလား။ ငါကတော့ အခုကြားနေရတာကိုပဲ မယုံနိုင်ဘူး “
ဒေါသထွက်မိတယ်။ အရာရာပြတ်သားပါတယ်ဆိုတဲ့လူက ရှေ့ဖြစ်တွေကြားမှာ ပျော့ညံ့နေတာ ဖြစ်သင့်ရဲ့လား။ နောက်ပြီး သူပြောတဲ့စကားတိုင်းမှာ သူ့ချစ်သူအကြောင်းက မပါမဖြစ်ပြောနေတာ.. ကြားနေရတဲ့ကျွန်မက ခံရခက်တယ်။
“ ကိုကိုပြောသမျှကို ငါယုံတယ်။ သူပြောသမျှစကားတွေအကုန်မှန်ကြောင်း ဘွားဘွားသက်သေရှိတယ် “
“ တယ်ဟုတ်ပါလား..။ နင့်ကိုအပိုင်သိမ်းထားတဲ့အပြင် နင့်မိသားစုကိုပါ အပိုင်ကိုင်ထားတယ်ပေါ့..။ ယောက်ျားလေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေက တယ်မြင့်မားနေပါလား “
“ နင် ကိုကို့ကိုဘာအကြောင်းနဲ့မှ ထိခိုက်ပြောဆိုနေစရာမလိုဘူး ဇာဇာ..။ သည်းခံတာအတိုင်းအတာတစ်ခုအထိရှိတယ် “
နင်က တကယ်အနီးမှုန်ပဲ..။ နင့်အနားမှာရှိတဲ့ငါ့ကိုမမြင်ဘဲ.. အဝေးကြီးကို အပင်ပန်းခံပြီး ထွက်သွားရက်တယ်နော်..။ ထားပါလေ..။ မပွင့်လင်းခဲ့တဲ့ ငါ့ရဲ့အပြစ်ပေါ့..။
ထိုအတွေးနှင့်သာ သဉ္ဇာထက်၏ ခြေလှမ်းတို့နောက်ဆုတ်ခဲ့သည်။ ထိုခြေလှမ်းတို့နှင့်အတူ သူ၏ခံစားချက်များပါ ပါသွားခဲ့လျှင်မည်မျှကောင်းမည်နည်း..။
“ ငါရင်နာတယ် သူရိန်ရယ် “
ရပြီ။ ဒီလောက်ဆိုရင်သိပြီ..။ ဒီပွဲမှာကျွန်မက မယှဉ်ပြိုင်ခင်ကတည်းက ရှုံးနိမ့်နေတာ ကျွန်မသိခဲ့ရပြီ။ မပြိုင်ခင်ရှုံးပြီးသား အချစ်ကစားပွဲတစ်ခုကို ထပ်ပြီးယှဉ်ပြိုင်ဖို့ အင်းအားတွေရှိပါ့မလား။
ယနေ့သည် သဉ္ဇာထက်အဖို့ရာ အမှတ်တရများစွာကျန်ရစ်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ထိုအမှတ်တရသည် ပျော်ရွှင်စရာမဟုတ်..။ ကြည်နူးစရာလည်းမဟုတ်..။ နာကျင်မှုများစွာဖြင့်သာ..။
အတိတ်ကာလနေ့ရက်များတွင် သူရိန်နှင့် တွေ့ဆုံလေပြီးတိုင်း သူရိန်၏ကျောခိုင်းပုံကိုသာ ကျွန်မကြည့်နေခဲ့ရဖူးသည်။ အိမ်ပြန်ချိန်ရောက်၍ ခွဲရသည့်အချိန်တိုင်းတွင် သူရိန်ကိုသာ ဦးစွာထွက်သွားစေသည်။ ထွက်သွားသည့်သူရိန်ကို ငေးကြည့်နေရခြင်းအား ကျွန်မသဘောကျခဲ့သည်။ ယနေ့တွင်မူ ကျွန်မကစ၍ သူရိန့်အား ကျောခိုင်းကာထွက်ခွာခဲ့လေသည်။ မုန်းလွန်း၍မဟုတ်..။ နာကျင်လွန်း၍သာ...။
သဉ္ဇာထက်ထွက်ခွာသွားပြီးနောက် ကျန်ခဲ့သူသည် နေသူရိန်ပင်..။ နေသူရိန်သည်လည်း တွေဝေခြင်းပေါင်းများစွာဖြင့်..။ ခံစားချက်တို့ မပြတ်သား၍မဟုတ်။ ကျိန်စာပြယ်၍အခွင့်အရေး ပျောက်ဆုံးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ငါတောင်းပန်တယ် ဇာဇာ..။ နင်နဲ့တေဇကို တွဲမြင်ရတဲ့အချိန်မှာ ငါ့စိတ်တွေ ထိန်းချုပ်မရဖြစ်ခဲ့တယ်။ ငါသိခဲ့တဲ့ ဖြူစင်တဲ့မိန်းကလေးက ငါ့အချစ်ရေးကို ဖျက်ဆီးတော့မှာလားဆိုတဲ့ အသိစိတ်နဲ့ ငါနင့်ကိုစကားပြောတာလွန်သွားတယ်။ နင်.. ဖြူစင်နေဦးမယ် မဟုတ်လားဇာဇာ..။ နင့်အတွက်စိတ်ပူမိတယ်။ ငါတို့အချစ်ရေးကို ဝင်ရောက်နှောင့်ယှက်တဲ့အခါ အဆုံးသတ်မှာ နင်ပဲနာကျင်ရလိမ့်မယ်..။ ဘာလို့လဲဆိုတော့ ငါနဲ့ကိုကိုရဲ့ သံယောဇဉ်ကြိုးလေးက သိပ်ခိုင်ခံ့နေလို့လေ...။
သဉ္ဇာထက်ထွက်သွားပြီးနောက် နေသူရိန်သည် ထိုနေရာတွင်သာရပ်နေ၍ လမင်းကိုကိုအားစောင့်နေခဲ့သည်။ လမင်းကိုကိုသည် အဆောင်ထဲမှထွက်လာသောအခါ စိတ်ရှုပ်ထွေးမှုတို့ ကြီးစိုးနေသည့် နေသူရိန်၏မျက်နှာအားတွေ့လိုက်ရသည်။
“ Sun ဘာဖြစ်နေတာလဲ.. “
“ ဘာမှမဖြစ်ပါဘူး ကိုကို “
“ တခြားလူကို သွားလိမ်ပါလားSun..။ ယုံချင်ကောင်း ယုံလိမ့်မယ်.. “
ကျွန်တော့်ကို အကဲခတ်တဲ့နေရာမှာ ကိုကိုကသိပ်တော်တာပဲ..။
“ နည်းနည်း.. အားနာနေလို့ပါ “
“ ဘယ်သူ့အတွက်လဲ..”
“ ဇာဇာအတွက်ပါ..”
“ ဘာကြောင့်လဲ..”
“ ကျွန်တော်ပြောတာတွေ နည်းနည်းလွန်သွားတယ်ကိုကို..။ အဲဒါကြောင့် အားနာရတယ်..။ ပြီးတော့ စိတ်ပူတယ် “
“ ဇာဇာကိုပဲလား “
“ ဇာဇာအတွက်ဆိုတာထက်.. ကျွန်တော်တို့နှစ်ယောက်အတွက်ဆိုရင် ပိုမှန်နေလား..။ ဘွားဘွားကပြောတယ်..။ ကျွန်တော်တို့ကြားက ကျိန်စာကိုဖယ်ရှားဖို့အတွက် ဇာဇာ့ရဲ့သွေးလိုတယ်တဲ့။ သွေးကိုတောင်မှ သူလိုလိုလာလာပေးတဲ့ သွေးဖြစ်ရမယ်တဲ့လေ..။ အခုကျွန်တော်ပြောလိုက်တဲ့စကားတွေကြောင့် ကျွန်တော်တို့ကိုမကူညီရင် ကိုကိုဒုက္ခနောက်မှာ စိတ်ပူမိတယ် “
“ Sun ပြောတယ်မဟုတ်လား..။ ဇာဇာက စိတ်ရင်းကောင်းတယ်ဆို..။ စိတ်ရင်းကောင်းတဲ့မိန်းကလေးတိုင်းက ကူညီတတ်ပါတယ် “
“ အင်းပါ.. ကျွန်တော်ကပဲတောင်းပန်ပြီး အကူအညီတောင်းရမှာပေါ့ “
လွန်ခဲ့တဲ့တစ်ပတ်က သူ့ကိုစာရွက်ငှားခဲ့တာ ကံကောင်းတယ်လို့ပဲပြောရမလား။ သူ့ဆီက စာရွက်ပြန်တောင်းရင်း သူနဲ့တွေ့ပြီးအကူအညီတောင်းဖို့ တစ်ခုတည်းသော နည်းလမ်းရပြီလေ။
Advertisement
ထို့ကြောင့်သာ နေသူရိန်သည်သဉ္ဇာထက်အား စိုးလန်းစိုပြည်တွင်တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။ သဉ္ဇာထက်သည်လည်း လက်ခံသည်။
ကျွန်မထင်မိသည်က သူရိန်တစ်ယောက်တည်းသာ ရောက်လာမည်ဟူ၍ဖြစ်သည်။ ထင်ထားသည့်အတိုင်း ဖြစ်လာခဲ့ခြင်းမရှိ။ သူရိန်နှင့်သာသက်ဆိုင်၍ ကျွန်မနှင့်မသက်ဆိုင်သော အပိုလူတစ်ဦးပါ ရောက်လာသည်။ ကျွန်မ၏ပြိုင်ဘက်ဖြစ်သော ထိုလူသားကို အမြင်မကြည်။ ထို့ကြောင့် နှုတ်ဆက်ပုံတို့သည် မသာယာခဲ့။
“ သွားလေရာ နင့်ကောင်လေးကို ခေါ်လာရအောင်.. သူကနင့်ရဲ့ အုပ်ထိန်းသူလား သူရိန် “
ကျွန်မမေးသည်က ကျွန်မနှစ်သက်ရသော သူသို့..။ ပြန်ဖြေသည်က ကျွန်မမနှစ်သက်သောသူသာ..။
“ အုပ်ထိန်းသူထက် စောင့်ရှောက်ပေးသူဆိုရင် ပိုမှန်လေမလား.. ”
“ ကျွန်မမေးတာ ရှင့်ကိုမှမဟုတ်ပဲ.. “
“ ကိုယ်နဲ့Sunက နှစ်ကိုယ့်တစ်စိတ်မို့လို့ ဘယ်သူဖြေဖြေ အဆင်ပြေပါတယ် “
“ အို... စကားပြောပုံက စိတ်ရှုပ်စရာကောင်းလိုက်တာ “
“ ကိုယ့်အတွက်လည်း မင်းရဲ့နှုတ်ဆက်ပုံက စိတ်ခုစရာကောင်းတယ် “
“ စကားတွေ သိပ်တတ်နေပါလား..။ ဒီလောက်ပြောရဲဆိုရဲရှိနေပုံကိုထောက်ရရင် ရှင့်ကို သူရိန်က သိပ်မြှောက်စားထားပုံပဲ..”
“ ချစ်သူတွေအကြားမှာ မြှောက်စားတယ်ဆိုတာရှိလို့လား။ ဂရုစိုက်တာတွေ ချစ်တာတွေပဲရှိတာမဟုတ်ဘူးလား။ နောက်ပြီး.. ကိုယ်က နေရာတကာပြောရဲဆိုရဲရှိနေတာမဟုတ်ပါဘူး..။ ကိုယ့်အရှေ့မှာ ကိုယ့်ကိုသက်သက်မဲ့blameနေတော့လည်း မခံချင်လို့ ပြန်ရှင်းပြရုံပါ “
မထင်မှတ်စွာ ကိုကိုပြောလာသည့်ထိုစကားများ..။ ကိုကို၏ခွန်းတုံ့ပြန်မှုအား ကျွန်တော်သဘောကျသည်။ ချစ်ရသူဖြစ်နေ၍ သဘောကျနေခြင်းမျိုးမဟုတ်။ ခံစားချက်တို့အား ဖော်ပြရာတွင်အားနာခြင်းမရှိသည့်ဇာဇာအား ခွန်းတုံ့ပြန်နိုင်သူက ခပ်ရှားရှား။ ထိုသို့ရှားပါးသောသူများတွင် ကိုကိုသည်က အယဉ်ကျေးဆုံးလူသား..။
“ ဇာဇာ.. ငါဘက်မလိုက်တတ်ဘူးဆိုတာ နင်သိမှာပါ..။ အခုကိစ္စက စစနှုတ်ဆက်ကတည်းက နင်လွန်နေတာ နင်သိမှာပါ “
“ ဟုတ်တယ် ငါမှားတယ် သူ့ကိုမြင်မြင်ချင်း ဒေါသထွက်မိတယ်။ ငါမြင်ချင်တာက သူ့ကိုမှမဟုတ်ပဲ “
“ နင့်ခံစားချက်ကို ငါနားလည်တယ်..။ အပြစ်တင်ချင်ရင်တော့ ငါ့ကိုပဲအပြစ်တင်..။ သူမလိုက်ချင်တာကို ငါကအတင်းခေါ်လာတာ “
“ ထားပါလေ.. နင့်စာရွက်တွေပြန်ယူဖို့ ငါ့ကိုခေါ်လိုက်တာမဟုတ်လား “
“ စာရွက်ယူစရာရှိသလို အကူအညီတောင်းစရာလည်းရှိတယ် “
“ ဘာအကူအညီလဲ “
“ ငါပြောဖူးတယ်လေ.. အတိတ်တုန်းက ငါနဲ့ကိုကိုနဲ့ကို နင်ကခွဲခဲ့တယ်ဆိုတာ “
ထိုစကားကြားပြီးနောက် ဇာဇာ၏တင်းမာနေသော မျက်နှာထားသည် စိတ်ပျက်သောအမူအရာအဖြစ်သို့ ပြောင်းသွားသည်။
“ ကျစ်.. လာပြန်ပြီဒီစကား.. ငါမယုံဘူးလို့ပြောပြီးပဲမဟုတ်လား “
ဇာဇာသည် Sun၏စကားအားမယုံ။ Sunသည်လည်း ထောက်ပြရန် သက်သေမရှိ။ အဘယ့်ကြောင့်ဆိုသော် သူမက်မြင်ခဲ့သည့် အိပ်မက်များသည် သာယာနွေးထွေးသော အရိပ်အယောင်များသာဖြစ်သည်။ မိမိသည်က လူမှန်းသိတတ်စအရွယ်ကပင် နာကျင်ရသော အရိပ်အယောင်တို့ကို မက်မြင်နေရသည်။ စိတ်ထဲမှ ထုတ်ပစ်၍မရ။ နာကျင်စွာမှတ်သားထားသည်မို့ အလုံးစုံမှတ်မိနေသည်။ ထို့ကြောင့် သူသည် အတိတ်ဘဝမှ မိမိတို့အား ခွဲခဲ့သူဖြစ်ကြောင်းသက်သေအား မိမိမှထုတ်ပြောရပါတော့သည်။
“ မင်းရဲ့ ဘယ်ဘက်လက်ဖဝါးမှာ ထောင့်တန်းကန့်လန့်ဖြတ် အမာရွတ်လိုလိုအမှတ်တစ်ခုရှိတယ်.. “
“ ရှင်... ဘယ်လိုလုပ်သိလဲ.. သူရိန်ပြောပြတာလား “
သူငယ်ချင်းဖြစ်သည့်ကျွန်တော်သည် ထိုအမှတ်ကိစ္စအားမသိ..။ ကိုကိုကသာသိနေသည်။
“ ငါမသိဘူးဇာဇာ.. နင်လည်း ငါ့ကိုမပြောပြခဲ့ပါဘူး။ ငါလည်းသတိမထားမိခဲ့ဘူး “
“ ငါနင့်ကိုမပြောပြဖူးဘူးသူရိန်.. အဲဒီအမှတ်ကိစ္စကိုလည်း မေမေနဲ့ဖေဖေပဲသိတာ.. ”
သူ၏စကားကို မယုံချင်သော်ငြား မိမိနှင့်မိဘများသာသိသောအမှတ်အား သူကသိနေသည်မို့ အံ့ဩမိပါသည်။ ထို့ကြောင့် သူပြောလာမည့်စကားတို့အား ဆက်၍နားထောင်ခဲ့မိသည်။
“ အဲဒီအမှတ်က ကိုယ်နဲ့Sunနဲ့ကို မင်းသတ်ပြီးတော့.. သွေးကျိန်စာဆိုတုန်းက မင်းလက်ဖဝါးကို ဓားနဲ့မွှန်းခဲ့တဲ့အမှတ်ပဲ “
“ သက်သေတစ်ခုတည်းနဲ့တော့ ဘယ်ယုံမလဲ..။ ကျွန်မနဲ့ပတ်သက်ပြီး သူရိန်မသိတဲ့ကိစ္စတစ်ခုကိုမေးချင်တယ်။ ကျွန်မနဲ့ပတ်သက်တဲ့ထူးဆန်းမှုတစ်ခုကို ရှင်သိထားတော့ အခုမေးမယ့် တစ်ခုကိုလည်း ရှင်သိရမှာပေါ့။ အဲဒီအဖြေကို ရှင်ဖြေနိုင်ရင် ကျွန်မယုံပေးမယ်။ “
“ မေးပါ “
“ ကျွန်မငယ်ငယ်တုန်းက ကျွန်မကိုယ်ကျွန်မ သုံးနှုန်းခဲ့တဲ့ အမည်တစ်ခုရှိတယ်။ အဲဒီအမည်ကို တချို့ကလည်း အတိတ်ဘဝက နာမည်လို့ ပြောကြတယ်။ အဲဒီအမည်ကိုလည်း ကျွန်မမိဘတွေပဲသိတယ်။ အိမ်ကိုကျွန်မဆယ်နှစ်သမီးအရွယ်မှ ရောက်လာခဲ့တဲ့ ကိုတေဇတောင် မသိခဲ့ဘူး။ အဲဒီနာမည်က ဘာလဲ “
“ ကလျာ မဟုတ်လား “
သူ၏အဖြေကြားပြီးနောက် ခြေဖျားလက်ဖျားများ အေးစက်လာသည်။ မိမိနှင့်မိဘများသာသိသောအမည်ကို သူသည်မှန်ကန်စွာ ဖြေလိုက်သောကြောင့်ဖြစ်သည်။
“ တကယ်ပဲ ကျွန်မက အတိတ်ဘဝမှာ ရက်စက်ခဲ့သူပေါ့ “
“ ဟုတ်ပါတယ် “
သူနှင့်စကားပြောပြီးနောက် ဝင်လာသည့်အတွေးသည် နောင်တများစွာဖြင့်..။
အရင်ဘဝက သူများချစ်ခြင်းကိုခွဲခဲ့တဲ့အပြင် ကျိန်စာပါတိုက်ခဲ့လို့.. ဒီဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့ မပေါင်းရတာများလား..။
“ ထားပါလေ.. ရှင်ပြောတဲ့ကျိန်စာကိစ္စကို ဆက်ပါဦး “
“ မင်းကျိန်ဆိုခဲ့ကျိန်စာကြောင့် ကိုယ်တို့တွေပေါင်းဖက်လို့ မရဘူးဖြစ်နေတယ်။ ကျိန်စာကမပြယ်သေးဘဲ အခုချိန်ထိသက်ရောက်နေသေးတာမို့လို့ ရှေ့ဆက်ပြီး ကိုယ်တို့လက်တွဲနေရင်.. ကိုယ်တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က ထိခိုက်ရင်း သေဆုံးရမယ်။ ကျိန်စာပြယ်ဖို့ နည်းလမ်းကရှိပါတယ်။ အဲဒါကလည်း မင်းကူညီမှဖြစ်မှာမို့လို့ အကူအညီတောင်းတာပါ “
“ ဘယ်လိုကူညီရမှာလဲ.. “
“ မင်းဘက်က လိုလိုလားလားပေးတဲ့သွေးနဲ့ ကိုယ်တို့ရဲ့လက်ကို ဆေးကြောရုံပါ “
ထိုစကားကိုကြားပြီးနောက် သဉ္ဇာထက်သည် နေသူရိန်အားပေးရမည့် စာရွက်တို့ကို စားပွဲပေါ်တွင်ထားလိုက်ကာ ထိုင်ရာမှထလိုက်သည်။ ထို့နောက် မျက်နှာထက်ဝယ် အပြုံးလေးတစ်ခုဆင်မြန်းလျက် ဆိုလာသည့် ထိုစကား..။ အပြုံးတို့သည် နှစ်သက်စရာမကောင်းသကဲ့သို့ စကားတို့သည်လည်း နှစ်သက်စရာမကောင်းခဲ့..။
“ ကျွန်မချစ်ရတဲ့လူတစ်ယောက်လုံးကို တခြားလူလက်ထဲ ထည့်လိုက်ရမယ့်ကိစ္စအတွက် ကျွန်မကကူညီပေးမယ်လို့.. ရှင်တို့ထင်နေလား “
ထိုသို့ပြောပြီးနောက် အကြင်သူနှစ်ဦး၏အရှေ့မှ ထွက်လာခဲ့သော သဉ္ဇာထက်သည် ရင်ထဲတွင်ပြတ်ရှဒဏ်ရာများ ပြည့်နက်လျက်..။ ကျန်ခဲ့သည့်အကြင်သူနှစ်ဦးတွင်လည်း ခက်ခဲခြင်းတို့က တားဆီးလျက်..။
Advertisement
- In Serial6 Chapters
Under the Moon
She rejected him He denied itShe wanted anything but a mate He hadn't wanted one until then She was on the run He was not She was a lonerHe was an Alpha, leader of his pack She was undoubtedly trouble He needn't more trouble And against all odds this is still a love story This is a tale about how the discovery of a soulmate is a blessing to one and a curse to the other. How there is but a name separating them from each other at the very end. The name being a soul name. The most valuable secret to a werewolf. It is the very essence of their being. One which Blake lost and one which Ember denied. And in the midst of all this, hell's door has opened. Spreading crazed determination and perverted delirium among men. Soon no one is safe. Unfortunately, it just so seems that Ember might just have been the one leading it straight to Blake's door. (Be aware, there will be mature content in this story).
8 158 - In Serial6 Chapters
Like Oil and Water - Love and Hate at the Same Time
A man and a woman of opposite character and values fall in passionate love badly. In their head, they know it's not going to be easy but they just can't resist.
8 197 - In Serial10 Chapters
little lies [boyxboy] cake
❝no one likes me❞ ❝i like you❞ or where calum is just a freshman in college wondering who those blue eyes belong to sequel to little hands lowercase intended©Aug 2016Ausllymonkey ␟
8 82 - In Serial21 Chapters
Second Chances - Completed
"I, Seth Weathers, reject you, Baila Daniels, as my mate forever and all eternity unless you thus chose to take me back." Her mate said. In those few words Baila's whole life ended, or had it just begun? Baila Daniels finds herself rejected by her mate and then offered to not only help herself, but also help all the other poor wolves who were rejected. What will she do when given the chance to help her race? Will it lead to her second chance?
8 175 - In Serial7 Chapters
LOST and FOUND
V is known in fashion world as a perfectionist designer while JK is the newly appointed Director of the company he's working at. Two hearts gone cold until Yanna, the 4 year old daughter of V got lost & found inside the strict director's office!
8 74 - In Serial30 Chapters
Floating Like a Lilo ── Itadori Yuuji (✓)
there is no stopping when it comes to god © parhkers / 2020ITADORI YUUJI / READER . COMPLETED (✓)
8 159

