《Amiss Prayer (Zawgyi&Unicode) [Completed]》Part-59 (မှန်ကန်သောရွေးချယ်မှု)
Advertisement
For Unicode
မှန်ကန်သောရွေးချယ်မှု
ခက်ခဲစွာဆုံးဖြတ်ပြီးနောက် ကျွန်မရွေးချယ်ခဲ့သည်က သူရိန်ပျော်ရွှင်ဖို့အတွက်သာ ဦးတည်မိသည်။
ကျွန်မ သူရိန့်ကိုလက်လွှတ်ဖို့ ကြိုးစားလိုက်တယ်။ မချစ်လို့ စွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘူးနော်။ ချစ်လွန်းလို့ သူပျော်ပါစေတော့ဆိုပြီး လက်လွှတ်လိုက်မျိုး။ သူ့ကိုကျွန်မ မပိုင်ဆိုင်ချင်ဘူး။ သူ.. ကျွန်မအနားရှိနေပြီး စိတ်ဆင်းရဲနေတာထက် သူ.. တခြားသူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာမျိုးကို ကြည့်နေရတာ စိတ်ချမ်းသာတယ်။ အနည်းဆုံးတော့ သူ့အပြုံးကို ကျွန်မမြင်နေရမှာပဲလေ..။ ကျွန်မပြောခဲ့တယ်မဟုတ်လား..။ ကျွန်မအချစ်က သူ့ကိုပျော်စေချင်တာပါလို့..။
ထိုသို့သောအတွေးစတို့နှင့် သဉ္ဇာထက်သည် ဖုန်းကိုသာကြည့်နေမိသည်။ ဖုန်း screenထက်တွင်ပေါ်နေသည်က နေသူရိန်နှင့်လမင်းကိုကို၏ စုံတွဲပုံလေးသာ။ ထိုပုံလေးအား မျက်ရည်များနှင့် ပြုံးလျက်ကြည့်နေသော သဉ္ဇာထက်သည် ဆုံးဖြတ်ချက်တို့ ခိုင်မာလေပြီ။ သူသည် ခိုင်မာလှသော ဆုံးဖြတ်ချက်တို့ဖြင့် နေသူရိန်ထံသို့ဖုန်းခေါ်လိုက်သည်။
" ဟဲလို.. သူရိန်.. ငါ.. နင့်ကို ပြောစရာရှိတယ် "
" အင်း.. ပြောလေ "
" နင်.. အခုတစ်လော လမင်းကိုကို ကိုတစ်ယောက်တည်း အပြင်မလွှတ်ရင်ကောင်းမယ် "
" ဟမ်.. "
" ဖြစ်နိုင်ရင်.. လမင်းကိုကိုရဲ့အနားမှာ နင်အမြဲတမ်းရှိဖို့ လိုအပ်တယ် "
" ဘာဖြစ်လို့လဲ ဇာဇာ "
" ကိုတေဇက လမင်းကိုကိုကိုကားတင်ပြေးဖို့ စီစဉ်နေတာ ငါကြားလိုက်တယ် "
" နင့်အစ်ကိုက ဘာတွေအရူးထနေတာလဲ "
" လမင်းကိုကိုကိုချစ်တော့လည်း လုပ်မိလုပ်ရာတွေ လုပ်နေတာနေမှာပါ..။ နင်နဲ့သူ့ကို ထိပ်တိုက်ရင်မဆိုင်စေချင်ဘူး..။ နင်တို့နှစ်ယောက်က သူ့ကိုတတ်နိုင်သလောက် ရှောင်နေပါ။ နောက်ပြီး လမင်းကိုကို ကိုစောင့်ရှောက်ပါ "
" အင်းပါ.. ငါစောင့်ရှောက်မှာပါ "
ကျွန်တော်ပြောခဲ့တယ် မဟုတ်လား။ ဇာဇာက စိတ်ထားဖြူစင်တဲ့ မိန်းကလေးသူငယ်ချင်းပါလို့..။ အခု.. ကျွန်တော့်ရဲ့စကားတွေမှန်ကန်ကြောင်း သူသက်သေပြပြီလေ။
" အခုလို အသိပေးလို့ အရမ်းကျေးဇူးတင်ပါတယ်ဇာဇာ "
" ငါတို့သူငယ်ချင်းတွေအကြားမှာ ကျေးဇူးဆိုတာကြီးက မလိုပါဘူးဟာ "
" ဒီကိစ္စကို.. နင်အခုလို အသိပေးတာ ငါအရမ်းအံ့ဩမိတယ်။ တကယ်လို့ နင်သာဖွင့်မပြောပြခဲ့ရင် ငါတို့တွေ ဒုက္ခရောက်နိုင်တယ် "
" ငါက နင်ဒုက္ခရောက်နေတာကို မကြည့်ရက်ဘူး..။ နင်ငိုနေတာကိုလည်း ငါမမြင်ချင်ဘူး။ နင်နာကျင်နေရတာကို ငါမလိုလားဘူး။ အခုလိုဖွင့်ပြောရတာ နင့်အတွက်ပါ..။ နင်အတွက် ပြောပြခဲ့ပြီး တခြားလူတစ်ယောက်လည်း အဆင်ပြေသွားတော့ ပိုကောင်းတာပေါ့ဟာ "
" ငါတို့ကိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ဇာဇာ "
" ရပါတယ် "
" စိတ်ချပါဇာဇာ။ ငါကိုကို့ကို သေချာစောင့်ရှောက်ပါ့မယ် "
" အင်း.. တစ်ဖဝါးမှမခွာလေ ပိုကောင်းလေးပဲ။ နင့်ကောင်လေးက ပျော့တိပျော့ဖက်လေး.. နုနေရော..။ သူ့ဘေးနားက ယှဉ်လျှောက်ရင် ငါတောင်မိန်းမကြမ်းကြီး ဖြစ်သွားနိုင်တယ် "
ဟာသနှောလာသည့် ဇာဇာ၏စကားကြောင့် သူအနည်းငယ်မျှအဆင်ပြေနေကြောင်းကို သိရသည်မို့ဝမ်းသာမိပါသည်။
" အင်းဆို.. ကိုကိုက ကျော့ကျော့လေးနေတာ.. "
" သိပ်လှတဲ့ လမင်းကိုကိုက.. သိပ်ခန့်ညားတဲ့ နေသူရိန်နဲ့ လိုက်ဖက်ပါတယ် "
" လိုက်ဖက်ရမယ်လေဟာ.. နေနဲ့လ ရွှေနဲ့မြပါဆို "
" အေးပါ အေးပါ.. ကြွားထားဦးပေါ့..။ ငါချစ်သူရတော့မှ နင်တို့အရှေ့ကိုခေါ်လာပြီး လာRoပြဦးမယ် "
" အရင်ဦးဆုံး ကောင်လေးတစ်ယောက်ရအောင်သာ လုပ်စမ်းပါဦး နှစ်တစ်ထောင်FAရယ် "
" ဟယ်.. ဟဲ့ ယုတ်မာလှချီလား..။ အေးအေး ပြောထား.. အပြင်မှာတွေ့တော့မှ နင့်ကိုသတ်မယ် "
" မကြောက်တာပါကွာ.."
" ဒါပဲဟဲ့.. နင်တို့နှိမ်တာကို မခံနိုင်ဘူး..။ ကောင်လေးတစ်ယောက်သွားရှာမယ် "
" ရှာပါ ရှာပါ.. ရှာပြီးရင်လာပြနော် "
" အင်း.. ဒါပဲ "
ဖုန်းကိုလည်း ကျွန်မဘက်မှသာ ဦးစွာချလိုက်သည်။ နှုတ်ခမ်းတွင် ပြုံးနေပါသည်။ ရင်ထဲတွင်တော့ နာကျင်နေဆဲ..။ ထိုနာကျင်မှုကို သူ့အား မသိစေချင်။
နေသူရိန်သည်လည်း ဖုန်းပြောပြီးနောက် သဉ္ဇာထက်ပြောပြသည်များကို လမင်းကိုကိုအား ပြန်ပြောပြရန် ဖုန်းဆက်လိုက်သည်။
" ဟဲလို.. ကိုကို စာလုပ်နေတာလား "
" အင်းလေ.. ဒီအချိန်က ကိုယ့်စာကြည့်ချိန်ပဲကို.. "
" စာလုပ်နေချိန် အနှောင့်ယှက်ဖြစ်သွားရင် sorry နော် "
" ရပါတယ်.. Sunဘာပြောမလို့လဲ.. ပြောလေ "
" ကျွန်တော်ပြောမယ့်ကိစ္စက အရေးကြီးတယ်။ စောစောက ကျွန်တော့်ကို ဇာဇာဖုန်းဆက်တယ်။ ဇာဇာပြောသွားတာက ကိုကို့ကိုသေချာစောင့်ရှောက်တဲ့ "
" ဟမ်.. ကိုယ်ကဘာဖြစ်နေလို့လဲ "
" ကိုကိုက ဘာမှမဖြစ်ပါဘူး.. ဖြစ်တာက တေဇ။ တေဇက ကိုကို့ ကိုကားတင်ပြေးဖို့ စီစဉ်နေတယ်တဲ့။ တေဇဖုန်းပြောတာကို ဇာဇာကကြားလိုက်လို့ ကျွန်တော့်ကိုပြန်ပြောပြပြီးတာ "
" တေဇက ဘာတွေအရူးထနေတာလဲ "
Advertisement
" ဪ.. ဒါကတော့ ကျွန်တော့်ရဲ့အလှလေးကို ပိုင်ဆိုင်ချင်လို့ လုပ်မိလုပ်ရာတွေလုပ်နေတာနေမှာပေါ့ "
" ဘာကိုအလှလေးလဲ.. အဲဒီလိုကြီး မခေါ်စမ်းပါနဲ့ကွာ.. ကြက်သီးထလွန်းလို့ "
" လှလို့ လှတယ်ပြောတာပဲ "
" Sun.."
လေသံမာမာနဲ့ ကျွန်တော့်နာမည်ကိုခေါ်လာတဲ့ကိုကိုက လူပုစိတ်တိုလေးဆိုတော့ ကျွန်တော်ပြောလိုက်ကို ဒေါသထွက်သွားပုံပဲ။ တကယ်ပါ.. ကိုကိုက အမှန်တရားကို သိပ်လက်မခံဘူး။
" စိတ်ဆိုးဖို့မစဉ်းစားနဲ့နော်။ စိတ်ဆိုးရင် အိမ်အထိလိုက်လာမှာ..။ ယောက္ခမကြီးကိုခွင့်တောင်းပြီး တစ်ညအိပ်လိုက်မှာနော် "
" တော်တော့.. အဲဒီနေရာမှာ ရပ်လိုက်တော့.. ဖုန်းချလိုက်တော့မှာနော် "
" အယ်.. စိတ်ကြီးပဲ.. နေဦးလေ.. မှာလို့မပြီးသေးဘူး "
" ဘာမှာမလို့လဲ "
" ဟိုလူယုတ်မာကောင်ရဲ့ အကြံအစီတွေကြောင့် ကိုကို့ရဲ့ကျောင်းအသွား ကျောင်းအပြန် အကြိုအပို့တာဝန်ကို ကျွန်တော်ယူမယ်။ အပြင်ထွက်ပြီး မုန့်မဝယ်နဲ့။ လိုအပ်တာရှိရင် ကျွန်တော့်ကိုပြော။ ကျွန်တော်လာပို့ပေးမယ်။ စိတ်တိုင်းကျ ဝယ်ချင်ပါတယ်ဆိုရင်တော့ ကျွန်တော်ပါမှထွက်ရမယ်။ ဖြစ်နိုင်ရင်.. တစ်ယောက်တည်း ဘယ်မှမသွားနဲ့။ အခန်းထဲကနေ အခန်းအပြင်မထွက်ရင် ပိုအဆင်ပြေတယ် "
" တစ်ယောက်တည်း ဘယ်မှမသွားရဘူးဆိုတော့ကာ.. ရေသောက်တာတို့ ထမင်းစားတာတို့ကြောင့် အိမ်အောက်ထပ်ကိုဆင်းရင်ရော..။ နောက်ပြီး အိမ်သာသွားရင်ရော ဘယ်လိုလုပ်ရမလဲ "
အမှန်ကတော့ သည်းသည်းလှုပ်ပြနေလို့ ရွဲ့မေးတာပါ။ ရွဲ့မေးကာမှ သူအကွက်ထဲကို တန်းပြီးဝင်သွားတော့တာပဲ။
" အဲဒါကြောင့် ကျွန်တော်ပြောတာလေ...။ ကိုကို့အိမ်မှာ ကျွန်တော်လာနေပါမယ်လို့ "
" Sunဘွားဘွားနဲ့မေမေက လက်ခံပါ့မလား "
" အဲဒါဆို ကိုကိုကကျွန်တော့်အိမ်မှာ လာနေရင်ရော "
" ကိုယ့်မေမေက သဘောတူပါ့မလား "
" အဲဒါဆိုလည်း ကိုကိုရော ယောက္ခမကြီးရော.. ကျွန်တော့်အိမ်မှာလာနေ "
" အဲဒါဆိုရင် လူကြီးအချင်းချင်း တည့်ပါ့မလား "
" ဟာကွာ.. လာ.. အခုခိုးပြေးမယ်.. ပြီးရင်လက်မှတ်ထိုးမယ်.. လက်ထပ်မယ် "
" ဟက်.. စိတ်ကြီးလိုက်တာကွာ "
" ကြီး ကြီးပဲ "
သူရွဲ့ ကိုယ်ရွဲ့နဲ့ ဖြစ်ပေါ်လာတဲ့ ဟာသစကားဝိုင်းလေးက ကြည်နူးစရာတော့ကောင်းသား..။
" ဟုတ်ပါပြီ.. Sun ပြောသလိုနေပါ့မယ်။ စိတ်မပူနဲ့နော် "
" အင်း "
" အဲဒါဆို ဖုန်းချလိုက်တော့မယ်နော်..။ ကိုယ်စာကြည့်တော့မလို့.. Sunလည်း စာကျက်တော့လေ "
" အင်းပါ... ညနက်တဲ့အထိ.. စာမကြည့်နဲ့နော်.."
" ဟုတ်ကဲ့ပါဗျာ "
" အင်း.. အရမ်းချစ်တယ်.. Goodnightနော် "
" Goodnight.. love you Sun "
ဖုန်းပြောပြီးတိုင်းတွင် ဤသို့နှုတ်ဆက်သည်က ကျွန်တော်နှင့်ကိုကို၏ ရိုးရာတစ်ခု..။ ထိုသို့နှုတ်ဆက်သံကို ကြားရတိုင်းတွင် ဘယ်ဘက်ရင်အုံ၌ နွေးသွားသည်အား သဘောကျမိသည်။
တစ်ဖက်တွင် အကြင်သူနှစ်ဦးသည် ဤသို့ပျော်ရွှင်ကြည်နူးနေသည်။ တစ်ဖက်တွင်မူ သောကများနေသည့် မိသားစုတစ်ခုရှိနေခဲ့သည်။
အချိန်အားဖြင့် ညရှစ်နာရီဖြစ်သည်။ ဤအချိန်သည် ဖေဖေနှင့်မေမေတို့.. ဧည့်ခန်းထဲတွင် TVကြည့်နေကျအချိန်ဖြစ်သည်။ ဖေဖေနှင့်မေမေရှိရာ ဧည့်ခန်းထဲသို့ ကျွန်မလိုက်သွား၍ TVအားပိတ်လိုက်သည်။
" ဘာလုပ်တာလဲ ဇာဇာ "
" ဇာဇာ ပြောစရာရှိတယ်မေမေ။ မေမေ့ရဲ့ချစ်လှစွာသောသားကို အိမ်ထောင်ချပေးပြီးတော့ နိုင်ငံခြားကိုပို့လိုက်တော့ "
" ဘာလဲ... နင်နဲ့နင့်အစ်ကိုနဲ့ ရန်ဖြစ်ပြန်ပြီလား။ နင်နဲ့ မတည့်တာနဲ့ပဲ အစ်ကိုလုပ်သူကို နိုင်ငံခြားသွားခိုင်းရောလား "
" ဒီနိုင်ငံမှာဆက်ထားရင် မေမေ့သား အခြောက်ဖြစ်တော့မယ် "
မိသားစုစကားဝိုင်းတွင် ပွင့်လင်းမှုရှိလှသည့် မိမိ၏စကားအား အံ့အားသင့်ကုန်သည်က ဖေဖေနှင့်မေမေသာ..။
" ကိုတေဇနဲ့ သဘောတူထားတဲ့ အစ်မကြီးက ဩစီမှာမဟုတ်လား။ အဲဒီကိုပို့လိုက်တော့ "
" နင်ဘာတွေပြောနေတာလဲ ဇာဇာ..။ ဘာကိစ္စတေဇက အခြောက်ဖြစ်ရမှာလဲ "
" မေမေမယုံရင်လည်း ခေါ်မေးကြည့်လေ။ မေမေ့သားက ကောင်လေးတစ်ယောက်ကို အတင်းလိုက်ကြိုက်ပြီးတော့ အလိုမတူဘဲခိုးပြေးဖို့လုပ်နေတာ "
" မဖြစ်နိုင်တာ ဇာဇာရယ်.."
" မေမေ့သားကို မေမေအရမ်းယုံလွန်းတာ ဇာဇာသိတယ်။ အခုမေမေက ဇာဇာပြောတာကို မယုံဘူးမဟုတ်လား..။ မယုံရင် ခေါ်မေးကြည့် "
သမီးဖြစ်သူ၏စကားအား ထောက်ခံသော၊ ဇနီးဖြစ်သူဒေါ်ရတီ၏ အယုံလွန်မှုတို့ကို နားလည်သော ဦးကောင်းထက်သည် သဉ္ဇာထက်၏စကားအားလက်ခံ၍ တေဇအားခေါ်မေးခဲ့သည်။ တေဇရောက်လာသောအခါ ထိုမိသားစု၏ ဖြစ်ခဲလှသော မိသားစုစကားဝိုင်းလေးတစ်ခု ဖြစ်လာခဲ့သည်။
" တေဇ.. မင်း ကောင်လေးတစ်ယောက်ကို ကြိုက်နေတယ်ဆိုတာ အမှန်ပဲလား "
ဖေဖေ၏အမေးကြောင့် ခေတ္တမျှတိတ်ဆိတ်နေမိသည်။ ဇာဇာ့အားကြည့်လိုက်သောအခါ သူသည်ကအပြုံးမပျက်။ ကျွန်တော့်ကိုသာ စိုက်ကြည့်နေသည်။ ဖေဖေဤသို့မေးလာရသည်မှာ ဇာဇာ၏လက်ချက်ဖြစ်ကြောင်း သိသာပါသည်။ လိမ်လည်၍ ဖြေခွင့်မရှိ။ သက်သေထူမည့်ဇာဇာက ရှိနေသောကြောင့်သာ..။
" ဟုတ်တယ်ဖေဖေ.. သား.. ကောင်လေးတစ်ယောက်ကို သဘောကျနေတယ် "
" ဘာကွ.. ယောက်ျားလေးတစ်ယောက်ကို သဘောကျရအောင် မင်းကအခြောက်လား.. ငါတို့မျိုးရိုးထဲမှာ အဲဒီလိုမရှိဘူးကွ "
Advertisement
ဒေါသထွက်နေသူမှာ ဖေဖေ။ သွေးတိုးနေသူမှာ မေမေ။ အပြုံးမပျက်သူမှာ ဇာဇာ။
" ဖေဖေတို့မျိုးရိုးကို နာမည်ပျက်စေခဲ့ရင် သားတောင်းပန်ပါတယ်။ ဒါပေမဲ့.. သားသူ့ကိုချစ်တယ် "
ထိုစကားအား ဝင်၍လှောင်ပြောင်သူက မိမိနောက်ကျောကို ဓားဖြင့်ထိုးသူဇာဇာပင်..
" ရယ်ရတယ်ကွာ.. ချစ်တယ်တဲ့လား..။ မိဘတွေအရှေ့မှာတောင် ဒီလိုပြောရဲတာလား..။ ထားပါလေ ကိုတေဇချစ်တယ်ပဲထား..။ ဟိုက ကိုတေဇကို အဖက်တောင်လုပ်လို့လား "
" သဉ္ဇာထက် "
သဉ္ဇာထက်၏နာမည်အား ကျယ်လောင်သောအသံဖြင့် လည်ပင်းကြောများထောင်လျက်.. တစ်လုံးချင်းပြောလိုက်သောတေဇသည် အလွန်းအမင်းဒေါသထွက်နေကြောင်း သိသာပါသည်။
" မင်း.. ငါ့သမီးကို အော်စရာ ဘာအကြောင်းမှမရှိဘူး။ ဘာတဲ့.. မင်းက အဲဒီကောင်လေးကို အလိုမတူဘဲခိုးပြေးဦးမှာဆို.. ဟုတ်လား။ မင်းက ဘာလုပ်နိုင်တာရှိလို့လဲ။ ဒီအိမ်မှာ မင်းက ဘာအာဏာရထားလို့လဲ။ မင်းသိထားဖို့က.. ဒီအိမ်မှာမင်းက မင်းဘဝတိုးတတ်ဖို့ကလွဲရင် ကျန်တာဘာမှလုပ်ပိုင်ခွင့်မရှိသေးတဲ့ ကျောင်းသားဆိုတာပဲ။ ဒါနဲ့များမင်းက ဘယ်သူ့အကူအညီနဲ့ ခိုးပြေးဦးမှာလဲ "
" ဘာလို့ သားရဲ့လုပ်ပိုင်ခွင့်တွေမရှိရတာလဲ... သားလည်းလူပဲဖေဖေရာ "
" လူလိုလုပ်ရပ်ကို လုပ်ရင်ခွင့်ပြုတယ်။ မင်းဘဝက စတောင်မစရသေးဘူး။ မစရသေးခင်မှာပဲ မင်းကမင်းဘဝကိုဖျက်ဆီးပစ်နေတာ "
" သား သူ့ကိုသဘောကျတာ.. သားဘဝကြီး ပျက်စီးတာမှမဟုတ်တာ "
" ဘာကိုမပျက်စီးရမှာလဲ.. ဒါလား ပညာတတ်။ မင်းက သူ့ကိုအလိုမတူဘဲခိုးပြေးတယ်ထား..။ ငါတို့က အကန်းတွေမှမဟုတ်တာကွ.. မင်းတို့ကိုလိုက်ရှာပြီး ခွဲလိုက်လို့ရတယ်။ အဲဒီလိုခွဲလိုက်ရင်.. မင်းရော ဟိုကောင်လေးရော မနစ်နာဘူးလား။ မင်း.. ဒါတောင် မတွေးတတ်ဘူးလား။ မင်းပညာတတ်တယ်ဆိုတာ ဘာလဲ..။ အရူးထဖို့အတွက်လား "
ထိုစကားဝိုင်းတွင် တိတ်ဆိတ်နေသော ဒေါ်ရတီသည် သားဖြစ်သူအား အံ့ဩခြင်းပေါင်းများစွာဖြင့်..။ သားဖြစ်သူအတွက်သာ ဝမ်းနည်းလျက် အကောင်းဆုံးသော နည်းလမ်းအား ရွေးချယ်နေရသည်။
သားကြီးကို ဒီလောက်မိုက်ရူးရဲဆန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မွေးစားထားပေမဲ့ တစ်သက်လုံး ကိုယ့်သားအရင်းလို ချစ်လာခဲ့ရတော့ ဒီနေ့ကြားရတဲ့ သားကြီးရဲ့ မိုက်ကန်းမှုတွေက ကျွန်မကိုသွေးတိုးစေတယ်။
" မဖြစ်ဘူး.. ငါ့သားကို အခြောက်တော့ အဖြစ်မခံနိုင်ဘူး..။ ဟန်နီလင်းနဲ့အမြန်ဆုံးလက်ထပ်ပေးမှပဲ။ ဟန်နီလင်းက နောက်သုံးရက်ဆိုရင် မြန်မာနိုင်ငံကိုပြန်ရောက်တော့မှာ။ သူပြန်လာတာနဲ့ အမြန်ဆုံးလက်ထပ်ပေးရမယ်။ ပြီးရင် သားနဲ့ဟန်နီလင်းက ဟိုမှာကျောင်းဆက်တက်ရမယ် "
" သားသူ့ကို လက်မထပ်ချင်ဘူးမေမေ "
" မင်း.. ဒီတစ်ခါတော့ ငြင်းလို့မရဘူး။ မင်းလိုအပ်တာမှန်သမျှ မေမေအကောင်းဆုံးဖြည့်ဆည်းပေးခဲ့တယ်။ ဒီလိုမဟုတ်တဲ့လုပ်ရပ်ကိုတော့ မေမေလက်မခံဘူး "
" မေမေ.. "
" မေမေ့ကို မလွန်ဆန်နဲ့။ မေမေက သားထက်မိုက်ရဲလို့ သားအမေလုပ်နေတာ။ မင်းလက်ထပ်ဖို့နဲ့ ဩစီမှာကျောင်းဆက်တက်ဖို့ စီစဥ်ပေးမယ်။ စီစဉ်နေတဲ့ ကာလအတွင်းမှာ မင်းဘယ်မှထွက်ဖို့မစဉ်းစားနဲ့။ ခြေထောက်မှာပတ်တီးစီးပြီး ဝှီးချဲနဲ့မင်္ဂလာမဆောင်ချင်ရင် အိမ်မှာပဲအေးဆေးနေ..။ မင်းဖေဖေရဲ့ နောက်လိုက်တွေကို ဒီခြံထဲမှာ အပြည့်ထားထားမယ်။ အဲဒါမေမေ့ရဲ့ အမိန့်ပဲ "
For Zawgyi
" အင်း.. ပြောလေ "
" ဟမ်.. "
" ဘာဖြစ်လို့လဲ ဇာဇာ "
" ရပါတယ် "
" မကြောက်တာပါကွာ.."
" အင်း.. ဒါပဲ "
" လှလို့ လှတယ်ပြောတာပဲ "
" Sun.."
" ဘာမှာမလို့လဲ "
" ကြီး ကြီးပဲ "
" အင်း "
" ဟုတ်ကဲ့ပါဗျာ "
" Goodnight.. love you Sun "
" ဘာလုပ်တာလဲ ဇာဇာ "
" မဖြစ်နိုင်တာ ဇာဇာရယ်.."
Advertisement
- In Serial42 Chapters
Mr Possessive ✅
"Xavier, are you out of your mind? You can't hit anyone you want." I tried to pull him away from the guy. With his temper, he might send him to the hospital for quite a long time. Xavier suddenly stood up, he took my hands in his and pushed me to the wall behind me. He looked deep into my eyes. I got scared, I saw him angry before but never at me. He closed his eyes and put his head against mine."You make me do crazy things. I'm not letting you talk to any guy from now on. I know I promised that I'll behave, but I can't see you talk or laugh with any guy."How can he be possessive over our juniors?******************Hello. I'm Anastasia. You can call me Anna. I'm a normal school girl. Like other kids of my age, I also don't like school. But my reason is different from them. I get bullied every day. It is the same at home also. My cousins bully me. My uncle and aunt only listen to their children. I get punished for their mistakes too.But suddenly one by one all of this bullying stopped. I don't know the reason, but from the moment I started spending time with this new guy who transferred to our school. Everything bad had stopped. ***************Hey. I'm Xavier. I hate school, but I still go there so I can entertain myself. I got expelled from 9 schools already. You see, I can't tolerate ill-mannered people and in school, you can find a bunch of them. So it is fun to make them see their place. In this new school, I found a girl. She was so fragile and oblivious of her beauty. She made me feel warm. So I followed her. I followed her literally everywhere.****************Hello, lovelies.Hope you like the story.
8 156 - In Serial16 Chapters
Avni+Neil=AvNeil
Short stories on Avneil.Stories written so far:UNITED (2 parts) CEO Neil Khanna weds Cute Avni Mehta (5 parts)She is Mrs Avni Neil Khanna, my Wife (1part)I Love You (3parts)A Twisted Tale (Ongoing)
8 188 - In Serial62 Chapters
Bringing the Nation's Husband Home II
Thirteen years ago, she fell in love with him. Because she was young and shy, she didn't dare confess her love.Thirteen years later, she was still in love with him. She loved him so much she tried her hardest to conceal it.The furthest distance on Earth was the distance between them - so close, and yet he didn't realize that she loved him. She stood before him, and yet she didn't dare to let him know that she loved him.But he did.***OFFICIAL BRINGING THE NATION'S HUSBAND HOME'S ENGLISH VERSION ON Wattpad☆ MINT(10 TO 9.9) GRADE CHINESE/MANGA NOVELTHIS WILL BE THE SEQUEL TO BRINGING THE NATION'S HUSBAND HOME.If you haven't read the first one, this one will make ABSOLUTELY ZERO SENSE as this is a continuation of Bringing the Nation's Husband Home.
8 198 - In Serial32 Chapters
Saving Her ✓
Riddhima is left traumatized after a horrible incident, will Vansh be able to heal her or her pain would remain forever.......🔺Hands tied, blood wiped , soul screamed and heart shrieked,But then I felt your hand on my shoulder...................I knew somewhere, that I would heal.🔺Love heals.................... everything, hopefully._________________________________Characters:Riddhima Raisinghania- female protagonist,wife of Vansh Raisinghania.Vansh Raisinghania- male protagonist ,husband of RiddhimaKabir Sharma- ex fiancee of Riddhima , antagonistRecurring:Sana - in-house security officialAngre - in-house security official and Ishani's husbandIshani- vansh's sisterSia- vansh's sisterDadiAryan - vansh's cousinOthers Househelp ,servants, doctor etc._______________________________*This was my first book so yup "amateur writing"; hope you don't judge me by this.*#1 Riansh (Feb2021)#1 Immj #1 Immj2 (Dec2020) #2 Kabir (Dec2020)#2 Vansh (Dec2020)#6 happiness out of 51000+ stories#6 care out of 85000+ stories (Dec2020)Story length: 34,500 wordsP.C: Pinterest & Google.
8 163 - In Serial55 Chapters
Gaining Traction | Formula 1
COMPLETED"Seems to me," he whispered, his lips brushing her ear, "that you have two heartbeats." "Oh really?" Dakota raised a brow, unconsciously pressing her thighs together. Alessandro hummed in response, his green eyes dark with lust. His racing suit hung loosely over his hips, the skin tight fireproof showing off his rippling muscles. "One here," he began, pushing a lock of hair off her shoulder. He took her hand, pressing it against her chest. Her heart hammered against her rib cage as if it was threatening to jump out. "Would you like to know where the other one is, Dakota?" Her breath hitched at her name leaving his lips. He spun her around, the two falling back onto the couch that was against the wall. She held her breath as he took her hand again. Slowly, he led her hand down her stomach. Lower. Lower.-------------------------The roar of V6 engines. The whirring of wheel guns. The sweet taste of champagne. All things that made Alessandro's heart race. The thrill of racing on tracks at speeds one could only imagine. The 2021 season was one that Italian Alessandro Moreno never saw coming. His first year as a Formula One driver. A chance to be 1 of 20 lucky enough to race in the most elite & selective sport in the world. He only had one shot. Out of nearly 7.9 billion people, only 20 had the opportunity. And there was no way he was letting anything fuck it up. Or so he thought. There was only one thing Dakota Sánchez loved in life. Speed. A thrilling feeling spread through her body at the sound of engines revving. The hustle and bustle up and down the pitlanes. The drama, the overtakes, the wheel to wheel racing. F1 had stolen her heart. COMPLETE - In a sport dominated by upper-class males, Dakota knew her options were limited. But she wasn't going to give up that easy. With one phone call on a late January evening, Dakota found herself in a shiny Aston Martin Safety Car. Original Character x Driver⚠ mature cont
8 88 - In Serial37 Chapters
Master's Boy (mxb)
[Book 2] Jerry McQueen was a needy bottom and proud to admit it. However, even he couldn't deal with the attention of a very persistent older man.Jerry didn't think that a man twice his age was an appropriate partner, but would his curiosity get the best of him? And what if curiosity - and, admittedly, intimacy - turned into something more?-Book 1: Professor's Pet*PS: Mature and naughty things happen within the electronic pages of this book.*Disclaimer: Why is the boy on the cover smoking? I have no clue. None of these characters smoke. It looks artsy I guess. Don't smoke, people.
8 209