《Amiss Prayer (Zawgyi&Unicode) [Completed]》Part-60 (သာယာသောအဆုံးသတ်)
Advertisement
For Unicode
သာယာသောအဆုံးသတ်
ခိုင်မာသောဆုံးဖြတ်ချက်တို့နှင့် သဉ္ဇာထက်၏လုပ်ဆောင်ချက်တို့သည် မှန်ကန်သောနည်းလမ်းများသာဖြစ်သည်။
အိမ်တွင်လည်း ကိုတေဇတစ်ယောက် အကျယ်ချုပ်ကျနေလေပြီ။ ဖေဖေနှင့်မေမေသည်လည်း ကိုတေဇအား အိမ်ထောင်ချပေးရန်နှင့် နိုင်ငံခြားသို့စေလွှတ်ရန် မြန်မြန်ဆန်ဆန်လုပ်ဆောင်လေပြီ။ မိမိသည်လည်း သူရိန်တို့အား ကူညီရန် အဆင်သင့်ဖြစ်နေလေပြီ။ အတ္တကြီး၍ မိုက်ကန်းလှသော ကိုတေဇ၏ရွေးချယ်မှုတို့အား နည်းနည်းမျှသဘောမကျ။ မိမိသည်လည်း သူရိန့်အားချစ်သည်ဟုဆိုသော်ငြား မိုက်ကန်းလွန်းခြင်းမရှိ။ အဆိပ်ပင် ရေမလောင်တတ်။ ထို့ကြောင့်သာ ဤသို့ဆုံးဖြတ်လေသည်။
ကျွန်မရွေးချယ်မှုတွေ မှန်ကန်တယ်မဟုတ်လား။ ကိုယ်သာ စိတ်ဆင်းရဲရပေမဲ့ သူတို့ပျော်နေမှာပဲလေ။ အတိတ်ဘဝက သူများချစ်ခြင်းကိုခွဲခဲ့မိလို့ ဒီဘဝမှာလည်း ကိုယ်ချစ်ရတဲ့သူနဲ့ ကွေကွင်းရတယ်လို့ သတ်မှတ်လိုက်မယ်။ အခုဒီဘဝမှာ သူတို့ကိုချစ်ခြင်းကိုကူညီခဲ့လို့ နောင်ဘဝမှာများ ချစ်ရသူနဲ့ ပေါင်းရလိုပေါင်းရငြားပေါ့။
ထိုသို့သောစေတနာမျှော်လင့်ချက်နှင့်အတူ သဉ္ဇာထက်သည် နေသူရိန်အား အင်းလျားကန်တွင် မနက်ဖြန်ညနေလေးနာရီ၌ တွေ့ဆုံရန် messageပို့ထားလိုက်သည်။ ဖြစ်တည်လာမည့် မနက်ဖြန်ကိုသာ အကောင်းဆုံးဖြတ်သန်းရန် သဉ္ဇာထက်တစ်ယောက် အားခဲလေသည်။
ထိုတစ်နေ့တာကျော်လွန်ပြီးသောအခါ နေသူရိန်နှင့်လမင်းကိုကိုသည် သဉ္ဇာထက်ချိန်းဆိုရာနေရာသို့ ရောက်နှင့်လေပြီ။ ခေတ္တမျှကြာသောအခါ သဉ္ဇာထက်သည်လည်း ရောက်လာခဲ့သည်။
“ ငါနောက်ကျသွားလားသူရိန်.. စောင့်နေရတာကြာပြီလား လမင်းကိုကို.. အားနာလိုက်တာ “
“ နောက်မကျပါဘူး ငါတို့က စောရောက်နေတာပါ “
သဉ္ဇာထက်၏အမေးအားလျှင်မြန်စွာပြန်ဖြေသူသည် နေသူရိန်ပင်။ ခေတ္တမျှ အံ့ဩနေသူက လမင်းကိုကိုပင်။
ဟုတ်ပါသည်.. အံ့ဩမိသည်။ ယခုတွင် မိမိအားနှုတ်ဆက်လာသည့် ဇာဇာသည်.. ယခင်က မိမိတွေ့ခဲ့ဖူးသော ဇာဇာမဟုတ်တော့ပေ..။ သာယာချိုမြိန်စွာပြုံးလျက် နာကြည်းချက်တို့ မရှိတော့သည့်နှယ်..။ ဖြူစင်လှသည်။
“ ဟုတ်ပါတယ်.. ကျွန်တော်တို့ကိုက စောရောက်နေတာပါ..။ အဲဒါကြောင့် အားမနာပါနဲ့..။ ဒါနဲ့.. ကျွန်တော်တို့ကို ခေါ်လိုက်ရတဲ့ကိစ္စက ဘာများလဲ “
“ လမင်းတို့ကိစ္စကို ကူညီမလို့ပါ။ ဇာဇာ့ရဲ့သွေးကို လိုအပ်တယ်မဟုတ်လား။ အဲဒီကိစ္စကို ဇာဇာကြည်ကြည်ဖြူဖြူလက်ခံပါမယ် “
“ တကယ်ပြောတာလား ဇာဇာ “
“ ဇာဇာ တကယ်ပြောတာပါ “
“ အခုလိုကူညီလို့ အရမ်းကျေးဇူးတင်ပါတယ်ဇာဇာ “
“ ကျေးဇူးဆိုတဲ့စကားက သူငယ်ချင်းတွေအကြားမှာ မလိုအပ်ဘူးလို့ ဇာဇာယုံကြည်တယ်။ သူရိန်က ဇာဇာ့ရဲ့သူငယ်ချင်းပါ။ သူရိန်နဲ့ပတ်သက်တဲ့ လမင်းကလည်း ဇာဇာ့ရဲ့ သူငယ်ချင်းပဲပေါ့။ အဲဒါကြောင့် ကျေးဇူးဆိုတာကို ထပ်မပြောပါနဲ့ “
“ အခုလိုဇာဇာက ကျွန်တော့်ကိုခင်မင်တဲ့အတွက် တကယ်ဝမ်းသာမိပါတယ် “
“ လမင်းကိုအားနာပေမဲ့ တစ်ခုလောက်တော့ ပြောချင်သေးတယ်။ နောက်ဆုံးအနေနဲ့ပါ “
“ ဘာကိုလဲ ဇာဇာ “
“ ဇာဇာဆိုတာ.. အရင်တုန်းက သိပ်သဘောကောင်းတဲ့မိန်းကလေးတော့မဟုတ်ဘူး။ အခုလိုကူညီတာကလည်း ဇာဇာချစ်ရတဲ့သူအတွက် ဇာဇာကူညီမိတယ်။ ဇာဇာမချစ်ရတဲ့သူဆိုရင် ဇာဇာမကူညီဘူး။ နောက်ကို သူရိန်နဲ့ပတ်သက်ရင် ဘာမှကူညီနိုင်မယ်မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဇာဇာ သူရိန့်ကိုမချစ်နိုင်တော့လို့ပါ “
ကြားရသည့် ထိုစကားအား ဝမ်းသာရမည်လော.. ဝမ်းနည်းရမည်လော.. ကျွန်တော်မသိ။ ကျွန်တော့်အနေနှင့် Sunကိုချစ်ခဲ့မိကြောင်း ဝန်ခံရမည့်အချိန်နှင့် မေ့ဖျောက်ရန် ကြိုးစားခဲ့ရသည့်အချိန်တို့သည် အလွန်နာကျင်ခဲ့ရသည့် အခိုက်အတန့်များသာဖြစ်သည်။ ယခုတွင် ဇာဇာ၏နာကျင်မှုကို ကျွန်တော်နားလည်ပေးနိုင်သည်။ ကျွန်တော်တို့အား ဇာဇာကူညီခဲ့၍ ဝမ်းသာမိသည်။ ဇာဇာ၏ကြေကွဲခြင်းအတွက်မူ ကျွန်တော်ဝမ်းနည်းမိသည်။ သူ... မည်မျှနာကျင်နေမည်နည်း..။
“ ငါက နင့်ကိုခက်ခဲစေမိပြီထင်တယ်ဇာဇာ။ ငါတကယ်တောင်းပန်ပါတယ် “
“ မတောင်းပန်နဲ့သူရိန်။ ငါနင့်ကို ဘယ်တော့မှခွင့်မလွှတ်ချင်ဘူး။ နင့်ကိုလည်း ပြန်မချစ်ချင်ဘူး။ နင့်ရဲ့လုပ်ရပ်တွေအတွက်.. နင့်ကိုနာကြည်းချင်တယ်။ အဲဒီနာကြည်းချက်တွေနဲ့ နင့်ကိုချစ်ခဲ့မိတဲ့ငါ့နှလုံးသားကို.. ငါပြန်ပြင်ဆင်ချင်တယ် “
သူ့အားခွင့်မလွှတ်ချင်။ ခွင့်လွှတ်ခြင်းသည် ကြည်ဖြူခြင်း၏ အပိုင်းအစ။ ကြည်ဖြူမှုကြောင့် မိမိနှလုံးသားတို့သည် သူနှင့်ပတ်သက်၍ ပြန်လည်နူးညံ့လာနိုင်သည်။ ထို့ကြောင့်သူ့အား ခွင့်မလွှတ်။ မိမိအားလျစ်လျူရှုခဲ့သည်များအတွက် ဆက်၍အပြစ်တင်မည်။ သူ၏တောင်းပန်ခြင်းအား လက်ခံ၍ခွင့်လွှတ်ခဲ့လျှင် သူအားမေ့နိုင်မည်မဟုတ်။ ထို့ကြောင့်သူ့ကို နာကြည်းရင်သာ သူ့အားချစ်သည့်စိတ်များကို မေ့ပစ်လိုက်ချင်သည်။
“ နင့်သဘောပါဇာဇာ။ ငါ့ကို မခင်ချင်လည်း ရပါတယ်။ နင်အဆင်ပြေဖို့က အဓိကပါ “
“ ခင်တာကတော့ ခင်နေဦးမှာ။ နင့်ကိုမချစ်မိအောင် ကြိုးစားရင်းနဲ့ပေါ့။ အဲဒါကြောင့် ငါရဲ့ခင်မင်မှုကို နင်ရော လမင်းရော စိတ်ရှင်းရှင်းထားပေးကြပါ “
“ အင်းပါ “
“ အခု.. အကုန်လုံးအဆင်ပြေသွားပြီဆိုတော့.. ဟိုကျိန်စာကိစ္စကို ဆက်ရအောင် “
“ အဲဒီအတွက်က ဘွားဘွားလုပ်ပေးမှာဆိုတော့.. နင်ငါ့အိမ်ကိုလာမှရမယ် “
“ ကောင်းပြီလေ.. အဲဒါဆိုရင် ဒီစာမေးပွဲဖြေပြီး.. နောက်တစ်နေ့ကျရင် ငါလာခဲ့မယ် “
ထိုသို့စကားပြောပြီးနောက် ကန်ရေပြင်အားငေးကြည့်နေသည့် လမင်းကိုကိုနှင့် ကောင်းကင်အားငေးကြည့်နေသည့် သဉ္ဇာထက်တို့သည် အတွေးကိုယ်စီဖြင့်။
ချစ်ဆိုတာ ကန်ရေပြင်လိုပဲ..။ တစ်ခါတလေ ငြိမ်သက်အေးမြနေတယ်။ တစ်ခါတလေကျတော့လည်း ပူနွေးနေပြီး မငြိမ်သက်ပြန်ဘူး။ ကိုယ်တို့အချစ်ရေးကလည်း ကန်ရေပြင်လိုပဲ။ တစ်ခါတလေ တည်ငြိမ်အေးချမ်းနေသလို တစ်ခါတလေပူဆွေးမှုတွေနဲ့ တုန်လှုပ်နေရတတ်တယ်။ အင်းပေါ့လေ.. သံဇဉ်တွေမှာတောင် အနိမ့်အမြင့် အတက်အကျလေးပါမှ နားထောင်ကောင်းတာကို..။ ကိုယ်တို့အချစ်ရေးကလည်း နာကျင်တစ်လှည့် ကြင်နာတစ်လှည့်နဲ့ကြောင့်မို့လို့ ပိုပြီးအရသာရှိတယ် ထင်ပါရဲ့..။
ဤသည်ကာ လမင်းကိုကို၏အတွေးနယ်။
ကောင်းကင်ယံကိုငေးကြည့်ရင်း ပျံသန်းသွားတဲ့ ငှယ်ငယ်နှစ်ကောင်ကို တွေ့လိုက်ရတယ်။ သူတို့တွေက အချုပ်အနှောင်တွေမရှိဘဲ ပျော်ရွှင်စွာဖြတ်သန်းနေကြတယ်။ သူတို့လိုပဲ.. သူရိန်နဲ့လမင်းလည်း အချုပ်အနှောင်တွေမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတော့မယ်နော်။
Advertisement
ဤသည်ကာ သဉ္ဇာထက်၏အတွေးနယ်။
ထိုသို့အေးချမ်းမှုတစ်နေ့တာကို ကျော်ဖြတ်ပြီးနောက်.. တစ်ပတ်ခန့်ကြာသောအခါ လွတ်မြောက်ခြင်းတစ်နေ့တာသို့ ရောက်ရှိလာပြန်သည်။ နေသူရိန်၏အိမ်သို့ ကြို၍ရောက်နေသူက လမင်းကိုကိုဖြစ်သည်။ အိမ်သို့ရောက်လာကတည်းကပင် လမင်းကိုကို၏မျက်နှာမကောင်းသည်ကို နေသူရိန်သတိထားမိပါသည်။
“ ကိုကို.. မျက်နှာလည်းမကောင်းပါလား.. ဘာဖြစ်လို့လဲ “
“ စိတ်လှုပ်ရှားနေတယ်.. ပြီးတော့ ရင်ထဲမှာပူနေတယ် “
“ ကျွန်တော်လည်းအတူတူပါပဲ.. သိပ်လည်း စိတ်မပူပါနဲ့.. အားလုံးအဆင်ပြေသွားမှာပါ”
ထိုသို့စကားပြောနေခိုက်တွင် နေသူရိန်၏အိမ်သို့ သဉ္ဇာထက်ရောက်လာသည်။ သဉ္ဇာထက်ရောက်လာသောအခါတွင် နေသူရိန်၏အဘွားဖြစ်သူသည် သဉ္ဇာထက်၊ နေသူရိန်နှင့် လမင်းကိုကိုတို့အား သူ၏ဓာတ်ခန်းထဲသို့ခေါ်သွားသည်။ ဓာတ်ခန်းထဲသို့ရောက်သောအခါ နေသူရိန်၏အဘွားသည် ဓား၊ ရေနှင့်စံပယ်ပန်းထည့်ထားသော ငွေဖလားတို့အားပြင်ဆင်ပြီးနောက် သဉ္ဇာထက်အား စတင်၍စကားပြောသည်။
“ သမီး အဆင်သင့်ဖြစ်ပြီလား “
“ ဟုတ်ကဲ့ “
“ အဲဒါဆိုရင် ဒီဓားနဲ့ သမီးရဲ့ဘယ်ဘက်လက်ဖဝါးကို မွှန်းလိုက်ပါ။ သမီးလက်ကသွေးတွေကို ဖလားထဲ ထည့်လိုက်ပါ။ ပြီးရင်.. သားတို့နှစ်ယောက်ရဲ့လက်တွေကိုလည်း ဒီဖလားထဲထည့်ပါ။ ဖလားထဲက သားတို့ရဲ့လက်တွေကို သမီးရဲ့သွေးပေနေတဲ့လက်နဲ့ ထပ်ပြီးဆေးကြောပေးလိုက်ပါ “
သူရိန့်အဘွား၏ မှာကြားချက်အတိုင်းပင် ကျွန်မလုပ်ဆောင်လေသည်။ ပထမဦးစွာ ဓားဖြင့်လက်ကိုမွှန်းလိုက်သည်။ နာကျင်ရပါသည်။ သို့သော်လည်း မိမိ၏နာကျင်မှုဖြင့်အကြင်သူနှစ်ဦးတို့ လွတ်မြောက်ရမည်ဖြစ်၍ သည်းခံထားလိုက်သည်။ ကျစီးလာသော သွေးများကိုဖလားထဲထည့်ပြီးနောက် သူရိန်နှင့်လမင်းတို့၏လက်သည်လည်း ထိုဖလားထဲသို့ထည့်လိုက်သည်။ ထို့နောက်မိမိသည် ထိုသူနှစ်ဦး၏လက်အား ကိုယ်တိုင်ဆေးကြောပေးရသည်။
“ အတိတ်ဘဝမှာ ဒီလူငယ်နှစ်ဦးရဲ့လက်မှာ စွန်းထင်းနေခဲ့တဲ့ မင်းရဲ့ညစ်ညမ်းတဲ့သွေးတွေကို ဒီဘဝကမင်းရဲ့ဖြူစင်တဲ့သွေးနဲ့ဆေးကြောမယ်။ မင်း သွေးရဲ့ဖြူစင်မှုကို စံပယ်နဲ့ကိုယ်စားပြုမယ်။ လူငယ်နှစ်ဦးရဲ့နှလုံးသားမှာ လောင်မြိုက်စွာနှောင်ဖွဲ့ထားတဲ့မင်းရဲ့ကျိန်စာက အခုချက်ချင်းပင် ပြယ်ပျောက်စေရမယ်။ ဒီလူငယ်နှစ်ဦးရဲ့ နှလုံးသားဟာ ယခုအချိန်မှစ၍ ရေအတိသို့ အေးမြစေရမယ် “
ဘွားဘွား၏စကားကြားပြီးနောက် မိမိ၏နှလုံးသားသည် အမှန်ပင်အေးမြသည်။ ကိုကို၏မျက်နှာသည်လည်း ရွှင်လန်းလာသည်။ သူသည်လည်း မိမိနှင့်ထပ်တူ အေးမြနေလိမ့်မည်။ ရေဖလားထဲတွင် သူ၏လက်လေးအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။ ဆုပ်ကိုင်ထားမိသည့်ဤလက်တစ်စုံအား ဘယ်သောအခါမှ လက်လွှတ်လိမ့်မည်မဟုတ်။ အတိတ်ဘဝမှ မှားယွင်လေသောဆုတောင်းကြောင့် ဤလူသားနှင့် တွေ့ဆုံခွင့်ရခဲ့သည်မို့ ထိုဆုတောင်းအား ကျေးဇူးတင်လျက်..။
ထိုသူတို့၏ အစီအစဉ်အောင်မြင်ပြီးသောအခါ လမင်းကိုကိုသည် သဉ္ဇာထက်၏လက်ဒဏ်ရာအား ဆေးထည့်ပေးခဲ့သည်။
“ ဇာဇာ.. ဆေးထည့်လို့ အဆင်ပြေပါ့မလား..။ ဆေးခန်းသွားမလား “
“ ရပါတယ်.. ဆေးပဲထည့်လိုက်..။ ဆေးရုံ ဆေးခန်းအနံ့ကို တကယ်မကြိုက်လို့ “
“ အင်းပါ... မသက်သာရင်တော့ ပြောနော် “
“ အင်း.. “
ထိုသူတို့၏မြင်ကွင်းအား ကော်ဖီခွက်များတင်ထားသော လင်ဗန်းကိုကိုင်၍ အနောက်မှကြည့်နေသူသည် နေသူရိန်ပင်။
သူတို့အခုလိုအဆင်ပြေတာ မြင်ရတော့.. ဝမ်းသာမိတယ်။ တစ်ဖက်က ချစ်ရသူ။ တစ်ဖက်က ခင်မင်ရသူလေ။ ဘယ်လောက်ပဲ ဝမ်းသာတယ်ပြောပြော နည်းနည်းတော့ သဝန်တိုမိသား။ ကိုကို့မှာက မိန်းကလေးအပေါင်းအသင်းဆိုတာ မရှိဘူးလေ။ ကိုကိုက မိန်းကလေးတစ်ယောက်ရဲ့အနားမှာ အခုလိုရှိတာက မြင်နေကျမဟုတ် မြင်ရတာသိပ်တော့ အဆင်ပြေမနေဘူး။
“ ဟဲ့.. အနောက်ကကြည့်နေပြီး ဂျယ်လီနင်မနေနဲ့.. ကော်ဖီခွက် မြန်မြန်လာချ။ ငါဗိုက်ဆာလို့ အူပြတ်တော့မယ် “
“ နင့်ကို နည်းနည်းမှ မသဒ္ဓါတာ “
“ ဒီ ဖော်... “
သူငယ်ချင်းဖြစ်၍ ဆဲနေကျဖြစ်သော်လည်း သူ၏အိမ်တွင်ဖြစ်နေသည်မို့ မဆဲဖြစ်။ အားနာရမည့် လူကြီးများက ရှိသေးသည်။ ထို့ကြောင့်စကားတို့အား လမ်းတစ်ဝက်တွင် အရှိန်သတ်လိုက်ရသည်။
“ နင့် အိမ်မှာမို့လို့ သက်သာသွားတယ်မှတ်ပါ “
“ နေပါ.. မနိုင်ရင် မနိုင်ဘူးပေါ့ “
ထိုသူငယ်ချင်းနှင့် ဆက်၍စကားမများချင်။ ဗိုက်က ပို၍အရေးကြီးသည်မို့ ဗိုက်ကိုသာ အရင်ဖြည့်လိုက်မိသည်။ ကော်ဖီနှင့်မုန့်တို့အား စိတ်တိုင်းကျသုံးဆောင်ပြီးနောက် ကျွန်မနှင့်အကြင်သူနှစ်ဦးတို့သည် ခြံဝန်းလေးထဲသို့ သွားခဲ့သည်။ ခြံထဲသို့ရောက်သောအခါ သူရိန်သည် သူ၏ဘွားဘွားစိုက်ပျိုးထားသောသစ်ခွပန်းပင်များအကြောင်းကို လမင်းအားရှင်းပြရင်း အလုပ်ရှုပ်နေသည်။ ပန်းကြိုက်တတ်သောကျွန်မသည်လည်း ခြံထဲ၌သူရိန်၏မေမေစိုက်ပျိုးထားသောပန်းတို့ကို ကြည့်ရှုရင်း နှင်းဆီပန်းအနံ့ သင်းသင်းလေးအား ရှူရှိုက်နေမိသည်။ ထိုပန်းတို့၏အနံ့ကြောင့် စိတ်ကြည်လင်ရသည်။
အလှအပတို့ကို ခံစားနေရင်း လေယာဉ်ပျံအသံအား ကြားလိုက်ရသည်။ ကောင်းကင်ထက်သို့ ပျံတက်သွားသော လေယာဉ်အားကြည့်နေရင်း လွမ်းမိသယောင်။ ယနေ့သည် ကိုတေဇတစ်ယောက်.. မြန်မာနိုင်ငံမှ ထွက်ခွာသောနေ့ဖြစ်သည်။ အစ်ကိုဖြစ်သူ၏ခရီးစဉ်အား လိုက်၍မပို့ဖြစ်။ အကြင်သူတို့အားလည်း ထုတ်မပြောဖြစ်ခဲ့။
အစ်ကိုဖြစ်သူရဲ့ခရီးစဉ်ကို.. လိုက်မပို့ဆောင်နိုင်ခဲ့လို့ ဇာဇာ့ကို ခွင့်မလွှတ်ပါနဲ့ ကိုတေဇ...။
ထိုတောင်းပန်ချက်နှင့်အတူ တွေးနေမိသည်က.. အကြင်သူနှစ်ဦးသည်လည်း ပျော်ရွှင်လေပြီ..။ ကိုတေဇသည်လည်း အဝေးသို့ထွက်ခွာလေပြီ။ မိမိသည်လည်း အထီးကျန်လေပြီ...။
အကြင်သူတို့၏မြင်ကွင်းသည် သာယာမှုနှင့်အတူဝမ်းနည်းမှုတို့လည်း ရောနှောနေလေသည်။ နေသူရိန်နှင့်လမင်းကိုကိုသည် ပျော်ရွှင်လျက်။ ထိုပျော်ရွှင်မှုနှင့် အစ်ကိုဖြစ်သူ ထွက်ခွာသွားလေသောလေယာဉ်တို့ကို ငေးကြည့်နေလျက် ဝမ်းနည်းနေသူက သဉ္ဇာထက်..။ ဤသို့.. သာယာငြိမ်းချမ်းလေသောအဆုံးသတ်ဖြင့် ထိုလူသားတို့လည်း အေးချမ်းလေပြီ..။
#သာမန်ဘ၀လေးကို ပိုင်ဆိုင်ဖူးတယ် #နာကျင်မှုမရှိ တဲ့သာမန်ဘ၀လေးမှာ #နှလုံးသားလေးဟာလည်း #တည်ငြိမ်လို့..။
အဲဒီတည်ငြိမ်နေတဲ့နှလုံးသားလေးက
#ဘယ်သူ့အတွက် #စောင့်နေခြင်းလဲ #သတိမမူမိခဲ့ဘူး #သူနှင့် #မဆုံစည်းသည်ခင်အထိပေါ့..။
#သို့သော် #သူနဲ့ #တွေ့ဆုံပြီးနောက် #သိလာခဲ့တယ် #ကျွန်တော့်နှလုံးသားလေးဟာ #သူ့အတွက်ပဲဆိုတာ
#မမျှော်လင့်ခဲ့ဖူးတဲ့ #ကံကြမ္မာ #ရေစက် တွေကြောင့် #အတိတ်ဘ၀ရဲ့ #နာကျင်ရသော #ရက်စွဲများဆီသို့ #ခေတ္တအလည် သွားမိတယ်။ #နာကျင်မှု တွေ #ခက်ခဲမှု တွေ #ပင်ပန်းမှု တွေ #ကြေကွဲခြင်း တွေအပြည့်နဲ့ပေါ့။ ဇာတ်ကနေတဲ့ #ရုပ်သေးရုပ် လေးမှာ #ပြောင်လဲခြင်း တွေရှိလာပြန်တယ်။
Advertisement
#ဆန်းကြယ်မှုတွေ #ကြောက်ရွံ့မှု တွေနဲ့ #နယ်ရုပ်တို့၏အဆုံးသတ်က ရင်နာစရာ...။
ထိုသို့ #ခါးသီးမှုတို့ စားသုံးပြီးနောက် တဖန်ပြန်လည်ရရှိလာတဲ့#နွေးထွေးမှု နှင့် #ကြည်နူးမှုတွေရဲ့နောက် ၀င်ရောက်လာသည့် #အတ္တ #စွန်းထင်းမှု တွေက ထို#ကြင်သူနှစ်ဦး အဖို့ရာ #မလှပသော#ချုပ်နှောင်မှု တွေနှင့်..။ #လွတ်မြောက်ခြင်း ပြီးနောက် မှားယွင်းမှုများ #အဆုံးသတ်ခဲ့ ပြန်သည်..။
ထို့နောက်#အသစ်တစ်ဖန် ဖြစ်တည်လာသည့်ထိုလူသားနှစ်ဦး.. #အိပ်မက်သခင်တို့နှင့် အချင်းအချင်းဆက်နွှယ်လျက် #ဖန်တီးမိသော #ပျော်ရွှင်မှု များသည်#နွေးထွေးမှုအတိ..။ သို့သော်ကြာရှည်မခံ..။ #မျက်ရည်စကားဝိုင်းမှ အတိတ်တို့ကြောင့် #ဝမ်းနည်းရပြန်သည်။ သို့သော်.. ပိုးဖလံဟူသည် ပူလောင်ခြင်း၌သာ #မွေ့လျော်သည်မို့ ပူလောင်းသော #ချစ်ခြင်းကို ရွေးမိပြန်သည်။
သာယာမှုအတိတော့မဟုတ်.. #စိုးရိမ်မှု တွေနှင့် #ယိုင်နဲ့ခြေလှမ်းတွေနှင့်။ #ထပ်တူ ကျနေတဲ့ #ကလေးဆန်မှုတွေ ကြောင့်လည်း #ပျော်ရွှင်ခြင်း တို့ဖြစ်တည်ရဖူးသည်။
#ကြည်နူးမှုရောနေတဲ့ #အခက်တွေ့ခြင်း #ဝေခွဲရခက်ခြင်းတွေရဲ့နောက်# မှန်ကန်သောရွေးချယ်မှု နှင့်# သာယာသောအဆုံးသတ်တို့ ဖြစ်တည်ခဲ့လေပြီ..။
11.1.2021
For Zawgyi
သာယာသောအဆုံးသတ်
“ တကယ်ပြောတာလား ဇာဇာ “
“ ဇာဇာ တကယ်ပြောတာပါ “
“ ဘာကိုလဲ ဇာဇာ “
“ အင်းပါ “
“ ဟုတ်ကဲ့ “
“ အင်း.. “
“ ဒီ ဖော်... “
Advertisement
- In Serial376 Chapters
Married To The Cruel Crown Prince
Han Sheng Li is the Crown Prince of the Great Han kingdom. Since the age of fourteen, he mostly went to the wars with his father, Han Wenji, the great emperor of the Han Kingdom. He's the most favored child of his father but, is the cruelest and ruthless among all of his seven half brothers.
8 1568 - In Serial17 Chapters
Making A Deal With The Bad Boy
I opened the door to the toilet when he slammed the door shut before I could walk through."I heard your in some trouble with money," he said."Was you listening to me in registration?" I questioned. He shrugged."Since you are in some trouble with money I would be generous and play a simple game. Make me fall in love with you," he whispered into my ears."What," he spun me around."You heard me. Make fall in love with you. If you win I'll give you the money you need. If you don't I will reveal your parents little secret and make your life a living hell," he threatened casually walking away. "You've got until the end of July," he called out.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.*.Violet is that unusual girl next door. Unnoticeable and hidden behind her glasses. Right now she is in some desperate need for money and she would do anything to get it. Let's see what happens when she is forced to make a deal with the bad boy.
8 231 - In Serial29 Chapters
Seducing the Diva (On Hold)
Temporarily on HoldNandini Kapoor is perhaps one of the most successful actresses of her time known for her stunning looks passionate acting and Kind attitude. Bedazzled and Infuriated from the industry s shine and glimmer. Her life is going nowhere until she meets Manik Malhotra The Captain of The Indian Cricket Team, equally popular with a whole lot of crazy female following.Manik takes an instant liking towards Nandini and it is reciprocated However, A relationship in front of the media between two central figures of their respective fields isn't that easy as it looks, when, their respective pasts threaten to come between them, MaNan have to act fast. But will they ever find their happily ever after?
8 247 - In Serial30 Chapters
Ex- husband and babies
She could easily recognize that touch. Sharon knew it was him. She could feel him against her body. His hands still on her wrists. He smells different though. The ally was dark so she couldn't see him clearly but she knew he was looking at her. Taking her appearance in. He always does... did that. His breath was fanning her cheeks. It was always same. She couldn't think properly when he was this close. She could feel his eyes on her lips as he ran his thumb on her lips. Before she could think straight and push him away. His lips were on hers.. *** 4 years after an ugly divorce, their paths cross again. Not only did he separate her daughter from her but also is now engaged to her ex-bestfriend Lillian.But she has a secret she vowed to protect from him. They hate each other. But some say 'There is a thin line between love and hate' #11 in romance on 06/07/2016
8 147 - In Serial39 Chapters
Supernatural High
Kit Evans was just a normal 18 year old boy whose only secret was that his relationship was completely fake. Everything changes though after he goes to a club with his best friend, Harley. Who knew such a great night could turn so disastrous and change everything. Book 1 (Completed)**Warning!**This book contains mature content between boys! Also, there is a rape scene in chapters 1 and 19.(Unedited)
8 75 - In Serial93 Chapters
Dear, JJ | JJ Maybank
𝘋𝘦𝘢𝘳, 𝘑𝘑 (𝘰𝘳 𝘸𝘩𝘢𝘵𝘦𝘷𝘦𝘳 𝘺𝘰𝘶𝘳 𝘧𝘪𝘳𝘴𝘵 𝘯𝘢𝘮𝘦 𝘳𝘦𝘢𝘭𝘭𝘺 𝘪𝘴) 𝘔𝘢𝘺𝘣𝘢𝘯𝘬,𝘐 𝘳𝘦𝘨𝘳𝘦𝘵 𝘵𝘰 𝘪𝘯𝘧𝘰𝘳𝘮 𝘺𝘰𝘶 𝘵𝘩𝘢𝘵 𝘺𝘰𝘶 𝘩𝘢𝘷𝘦 𝘮𝘢𝘯𝘢𝘨𝘦𝘥 𝘵𝘰 𝘪𝘮𝘱𝘳𝘦𝘨𝘯𝘢𝘵𝘦 𝘮𝘦.𝘞𝘪𝘵𝘩 𝘬𝘪𝘯𝘥 𝘳𝘦𝘨𝘢𝘳𝘥𝘴, 𝘖𝘵𝘵𝘪𝘭𝘪𝘦 𝘔𝘰𝘳𝘦𝘢𝘶.A touron that had more blunts than she cares to admit, not to mention a handful of xannys ends up sleeping with the one and only JJ Maybank who was drowning his sorrows in a bottle of painfully cheap tequila. After ignoring the glaring issue, which included the symptoms like a lack of period, sore tits and throwing up any food within a mile radius, for a few weeks Ottilie Moreau takes a test -- the test -- and it may be the only test she's ever taken were a positive is a negative.
8 97