《Dancing On Your Heartbeat • Kookmin || Completed ||》- 2 -
Advertisement
" အစ်ကို ဟိုဆော့ ပြန်ကြမယ်လေ ... "
ဂျီမင်းက အိတ်ထဲကို ပစ္စည်းတွေ ထည့်သိမ်းရင်း ဟို
ဆော့ကို လှမ်းပြောလိုက်သည် ။
" အာ ... ငါ မင်းကို ပြောဖို့မေ့နေတာပဲ ။ နောက်တစ်
ပတ်ထဲ ပြိုင်ပွဲ ရှိတာမို့ ငါ ဒီညတော့ ဒီမှာပဲ နေပြီး
လေ့ကျင့်ရမယ် ။ "
" ဒါဆို ကျွန်တော်ကရော ? "
ဂျီမင်းက မျက်လုံး အကြောင်သားလေးနဲ့ ဟိုဆော့
ကို ကြည့်နေသည် ။
" မင်းက ပြန်နှင့်တော့လေ ! ရော့ အိမ် သော့ကို
ယူသွား "
ဟိုဆော့က သော့ကို ဂျီမင်းဆီ လှမ်းပစ်လိုက်သည် ။
" ကျွန်တော် တစ်ယောက်တည်း !? "
ဂျီမင်းက ယုံကြည်ချက် မရှိတဲ့ မျက်နှာ အမူအရာနဲ့
ဟိုဆော့ကို ကြည့်နေသည် ။
" ငါ မင်းကို ယုံပါတယ်ကွ ။ တစ်ယောက်တည်း နေရဲ
တယ်မလား ။ ငါ ပြန်လာမှာဆိုပေမယ့် စောစောအိပ်
ငါ့ကိုလည်းမစောင့်နဲ့ "
ဂျီမင်းက တစ်ယောက်တည်း မပြန်ချင်ပေမယ့်
လည်း ဟိုဆော့အတွက် လေ့ကျင့်တာ မလုပ်လို့
မရတဲ့ အခြေအနေဆိုတော့ နားလည်ပေးရမည်
ဖြစ်သည် ။
" အင်း ... သိပါပြီ "
ဂျီမင်းက သော့ကို ကြည့်ကာ သက်ပြင်းချလိုက်
သည် ။
" ဒါနဲ့ လေ့ကျင့်မှာက အစ်ကို တစ်ယောက်တည်း
မဟုတ်ဘူးမလား ? "
ခုဏက အတူတူ Collab မယ်ဆိုတဲ့ စကားကို ဂျီမင်း
က ကြားထားတာကြောင့် မေးလိုက်ခြင်းဖြစ်သည် ။
" အင်း ဂျောင်ကုနဲ့ အတူတူလေ ... "
သို့သော် ဂျွန်ဂျောင်ကု ဆိုသူကို အတန်းထဲ ရှာမတွေ့
တော့ပါ ။
" အခု သူ မရှိပါလား ... "
" အင်း .. လာလိမ့်မယ် ။ ခု သူ ဟိုတစ်ယောက်နဲ့
သွားတွေတာနေမယ် "
ဟိုဆော့က သိနှင့်ပြီးသား လူလိုမျိုး ပြောနေသည် ။
" ဘယ်တစ်ယောက်လဲ ? "
ရုတ်တရက် သိချင်စိတ်က ဘာလို့ ပြင်းပြလာလဲ ဆို
တာ ကိုယ်တိုင်တောင် သတိမထားမိ ။ တကယ်ဆို
သူများ ကိုယ်ရေးကိုယ်တာ ကိစ္စပဲမို့ စပ်စုမနေသင့် ။
" အာ ... ဟိုလေ ... "
ဟိုဆော့ ပြောနေတုန်းမှာပင် ဂျောင်ကုက အတန်းထဲ
ပြန်ဝင်လာသည် ။
ဂျီမင်းက သူ့ကို မြင်တာနဲ့ စိတ်ထဲမှာ ရှိန်သလို လန့်
သလို ဖြစ်မိနေသည် ။
ထုံးစံအတိုင်း နားကြပ်က တပ်ထားပြီး ကျောပိုး
အိတ် ကိုလည်း ကြိုးတစ်ဖက်ပဲ လွယ်ထားကာ
အောက်ထိ လျှောကျနေအောင် လွယ်သည် ။
ညာဘက်လက်က လွယ်အိတ်ကြိုးကို ကိုင်ထား
ကာ ဘက်ဘက်လက်ထဲက ဖုန်းကိုလှည့်ရင်း လှည့်
ရင်း ဆော့ကစားနေသည် ။
တီးလုံးသံစဥ် ကို လေချွန်နေကာ ဟိုဆော့နဲ့ ဂျီမင်း
ရှေ့ရောက်တော့ ဂျောင်ကုက ရုတ်တရက်ဆိုသလို
ရပ်လိုက်သည် ။
မျက်တောင်မခတ်ဘဲ လိုက်ကြည့်မိရာက ရုတ်တ
ရက်ရှေ့မှာ ရပ်လိုက်သည်မို့ ဂျီမင်းက အကြည့်
ကို ချက်ချင်း လွှဲလိုက်သည် ။
ဂျောင်ကုက နားကြပ်ကို ဆွဲချွတ်ကာ ဟိုဆော့ ဆီကို
တည့်တည့် မျက်နှာမူလိုက်သည် ။
" အစ်ကို အပေါ်ထပ်က Practice Room ကို တက်
လာခဲ့ ။ အပေါ်က စောင့်နေမယ် ။ "
" အင်း သိပြီ ! "
ဂျီမင်းက ဟိုဆော့ကို ကြည့်လိုက် ဂျောင်ကုကို ကြည့်လိုက်နဲ့ နှစ်ယောက်ကြားထဲမှာ ရောက်နေ
သည် ။ ဂျောင်ကုနဲ့ အကြည့် ဆုံလိုဆုံငြား သူ့
မျက်လုံးတွေကို စူးစိုက်ကြည့်နေပေမယ့်လည်း
သူ့ဘက်က ပြန်မကြည့်လာ ။
သူစိမ်းတစ်ယောက်ဆီက အကြည့်ခံရဖို့ ဒီလောက်
ပဲ ခက်သလား ? သူ့အတွက် အာရုံက သူစိတ်ဝင်စား
ရာမှာပဲ ဒီလိုမျိုး ရှိတတ်သလား ?
ဂျောင်ကုက နားကြပ်ကို ပြန်တပ်ကာ အပေါ်ထပ်ကို
တက်သွားသည် ။
" အစ်ကို ဟိုဆော့ ! ကျွန်တော် သွားပြီ ဒါဆို
လည်း ... "
" အေး အိုကေ !! "
ဟိုဆော့ ကို နှုတ်ဆက်ရင်း အပေါ်ထပ်သို့ တက်သွား
တဲ့ ဂျောင်ကုဆီက အကြည့်မလွှဲနိုင်ပေမယ့် သီချင်း
တညည်းညည်းနဲ့ တက်သွားသည် သူက ဂျီမင်းကို
အာရုံ ရှိပုံတောင် မရ ။
မျက်လုံးလေးတွေက သိပ်လှတာကို ။ အဲ့ဒီ မျက်လုံး
လှလှလေးတွေနဲ့ တစ်ခါလောက်ပဲ အကြည့်ခံရရင်
ကောင်းမယ် ။
//
ဟိုဆော့က ခြံတံခါးက ပွင့်နေသည်မို့ ဝင်လာခဲ့ပြီး
နောက် အိပ်ခန်းတံခါးကို အသာ ဆွဲဖွင့်လိုက်သည် ။
မြင်လိုက်ရတာက အခန်းထဲမှာ ဂျီမင်းက ငုတ်
တုပ်ကြီး ။
" ဟာ ! ဟေ့ကောင် ၁၁ နာရီတောင် ထိုးနေပြီလေ ။
မအိပ်သေးဘူးလား ? "
" အင်း ... ၁၁ နာရီ ဆိုတာ စောပါသေးတယ် ။
တစ်ယောက်တည်းဆိုတော့ အိပ်လို့လည်း မပျော်
သေးလို့ ။ အစ်ကို ပင်ပန်းလာပြီလား ? "
ဟိုဆော့က လည်ပင်းကို ကိုင်ကာ ၃၆၀ ဒီဂရီ လှည့်
လိုက်သည် ။
" အေး နည်းနည်း ... "
ဟိုဆော့က နည်းနည်း ဟုသာ ပြောသော်လည်း
အတော် ပင်ပန်းလာပုံရသည် ။
" အမြန် ကိုယ်လက် သန့်စင်လိုက် ။ လန်းသွား
မှာပေါ့ ။ "
" အေး ... "
ဟိုဆော့က ရေချိုးခန်းထဲ ဝင်သွားကာ မျက်နှာသစ်
တော့ ဂျီမင်းက အတူလိုက်လာသည် ။ ထို့နောက် ဟို
ဆော့ ပြီးတဲ့အထိ မတ်တပ်ရပ် စောင့်နေသည် ။
" ဘာလဲ ? မင်း ဘာပြောစရာ ရှိလို့လဲ ? "
" တကယ်တော့လေ ... သိပ်တော့ အရေးမကြီးပါ
ဘူး ။ ဟိုဟာ ဒီနေ့ လာတဲ့ ဆရာက တစ်ပတ်ကို
ဘယ်နှစ်ရက်သင်တာလဲ ? "
" အာ ... ဂျောင်ကုလား ? သူက တစ်ပတ်မှ သုံးရက်
Advertisement
တည်းသင်တာ ။ သူ့ဆီက အချိန်ရဖို့ မနည်းလုထား
ရတာ ။ "
ဂျီမင်း သိပါသည် ။ သူက တစ်ခုခုတော့ ထူးခြားနေ
တဲ့ သူပဲမို့ ။
ဟိုဆော့က သဘက်နဲ့ မျက်နှာကို သုတ်လိုက်ပြီး ဂျီ
မင်းကို ကြောင်ကြည့်နေသည် ။
" နေပါဦး အဲ့တာကို ဘာလို့လဲ ? "
" အာ .. ဒီတိုင်း ကျွန်တော် သဘောကျလို့ပါ "
ဟိုဆော့က ရုတ်တရက် မျက်လုံးပြူးကာ လန့်သွား
သည် ။
" ဟမ် ! မင်း အဲ့ဆရာကို သဘောကျနေတယ် ?! "
" အင်းလေ ... "
ဟိုဆော့ ပုံစံကြည့်ရတာ တစ်မျိုး ထင်သွားပုံ
ပေါက်သည် ။
" ဟာ ... ကျွန်တော် ပြောတာက အဲ့ ဆရာ သင်တာ
ကို သဘောကျတယ် ။ ကျွန်တော်နဲ့ အဆင်ပြေ
တယ် ။ ကျွန်တော့် ပုံစံနဲ့ ကောင်းကောင်း လိုက်ဖက်
တယ်လို့ ပြောချင်တာပါ "
ဟိုဆော့က ခပ်ဟဟ ရီလိုက်ပြီး -
" မင်းတင်မဟုတ်ဘူး ။ သူက အကုန်လုံးနဲ့ အဆင်
ပြေတယ်ကွ ! "
" ဟမ် ! ဘယ်လို ... "
ဂျီမင်းက ဟိုဆော့ စကားကြောင့် အနည်းငယ်
ကြောင်သွားသည် ။
" အော် ... ငါပြောတာက သူက နာမည်ကြီးပဲလေ ။
တော်လည်းတော်တယ် ။ သေချာလည်း စနစ်တကျ
သင်ပေးတယ် ။ ဒီတော့ လာတဲ့ သင်တန်းသားတွေ
ကလည်း သဘောကျတာပေါ့ ။ မင်း ပြောသလိုပဲ
အဆင်ပြေတယ်ဆိုတာ အယ် ... အဲ့ဒါကိုပြောတာ "
ဂျီမင်းက ခေါင်းတညိတ်ညိတ်နဲ့ ဟိုဆော့ ပြောတာ
ကို နားထောင်နေလိုက်သည် ။
" အခုထိ ပထမဆုံး ရက်ပဲရှိသေးတယ်နော် ။
တစ်ခြား ဆရာတွေနဲ့လည်း မင်းတွေ့ရဦးမှာ ။
ချက်ချင်းကိုပဲ သူလား ? "
ဂျီမင်းက ပါးတွေ ရဲခနဲ နီတက်လာသည် ။
" အဲ့လိုမဟုတ်ပါဘူး ။ ကျွန်တော်က သူနဲ့ အဆင်ပြေ
မယ်ထင်လို့ ဘယ်ရက်တွေ သူ လာသင်လဲ မေးတာ
ပါ တစ်ခြား ဆရာတွေဆိုလည်း မေးမှာပါ "
ဟိုဆော့ကတော့ ရိုးရိုးလေး ပြောလိုက်ပေမယ့်
ရဲတက်လာတဲ့ ပါးနှစ်ဖက်က မလုံမလဲ ။
" အေး ပြီးတာပဲ ... "
" ဒါနဲ့ သူ့နာမည်ရင်းက ဂျွန်ဂျောင်ကုလား ? အစ်ကို
တို့က သူ့ကို ဂျောင်ကု လို့ပဲခေါ်တယ်နော် ။ ဆရာတို့
ဘာတို့ မခေါ်ကြဘူးလား "
ဂျီမင်း အမေးကို ဟိုဆော့က ဖြေဖို့ အသင့်ဖြစ်နေ
ဟန်ပေါ်သည် ။
" အာ ဟုတ်သား ! မင်းကို ပြောရဦးမယ် ။ သူက
ဆရာလို့ခေါ်ရင် မကြိုက်ဘူး ။ သူမှ မဟုတ်ဘူး ။ ဒီ
Class က ဆရာတွေက ယဥ်ကျေးသမှုနဲ့ အစ်ကိုလို့
ခေါ်ချင်ခေါ် ငယ်တယ်ဆို နာမည်ခေါ်ချင်ခေါ် ။ ဆရာ
လို့ ခေါ်တာကိုတော့ မကြိုက်ကြဘူး ။ "
" အာ ... ဒါကြောင့် အစ်ကိုတို့က ပိုရင်းနှီးနေပုံပေါက်
တာကို "
" ဂျောင်ကု က ငယ်တယ်ကွ ။ ငါတို့ထဲမှာ အငယ်ဆုံး
အကဆရာပဲ ။ မင်းထက်လည်း နှစ်နှစ်လောက် ငယ်
မယ်ထင်တယ် ။ "
ဂျီမင်းက မျက်လုံးတွေ ဝင့်တက်လာကာ ပါးစပ်
ဟောင်းလောင်းလေးနဲ့ ပြောလိုက်သည် ။
" နှစ်နှစ်တောင် ငယ်မယ် ?!!!! ငယ်ငယ်လေးနဲ့ အခု
လို ဆရာဖြစ်နေတာ တော်လိုက်တာ ။ ကျွန်တော်က
တောင် အသက်ကြီးနေပြီ ။ သူက ကိုယ့်ထက်ကို
အရာရာ ပြည့်စုံနေတော့တာ "
" အဲ့လိုလည်း မဟုတ်ပါဘူးကွာ ။ မင်းကလည်း
ညွှန်းနေလိုက်တာ ပြောကိုမပြောချင်ဘူး ။ မင်း
သဘောကျပြီဆို အဲ့လိုမျိုးလား ? "
" အစ်ကိုကလည်း သဘောကျတာကြီး ထည့်ထည့်
ပြောမနေပါနဲ့ ။ ဒီတိုင်း ... "
" ငါ ... အိပ်တော့မယ်...တစ်ကိုယ်လုံးနာနေ
တာကွာ ! "
ဟိုဆော့က ပုခုံးတွေကို ထုရိုက်ရင်း အိပ်ရာထဲပစ်
မှောက်လိုက်သည် ။
" အင်း ပင်ပန်းမှာပေါ့ ။ လိုအပ်တာရှိရင် ကျွန်တော့်
ကို နိုးလိုက်နော် "
" အေး ကျေးဇူး ဂျီမင်း ! ကောင်းကောင်းအိပ် "
" အင်း အစ်ကိုရော ... "
ပင်ပန်းတဲ့ ဒဏ်ကြောင့် ဟိုဆော့ကတော့ အမြန်
အိပ်ပျော်သွားပေမယ့် ဂျီမင်းကတော့ အိပ်မပျော်
သေး ။
ဂျွန်ဂျောင်ကရယ် ။ ငါ့ကို ညို့ဖို့များ မွေးဖွားလာသလားပဲ ။
//
နေဝင်သွားကာ နေပြန်ထွက်လာတဲ့ နောက်တစ်နေ့
ပေါ့ ။ ရာသီဥတုက မပူမအေးနဲ့ နေလို့ကောင်းသည် ။
ဟိုဆော့နဲ့ အတူ သင်တန်းကို ရောက်လာပြီး မနေ့က
လို ပစ္စည်းတွေကို လွယ်အိတ်ထဲက ထုတ်နေကြဆဲ ။
" အစ်ကို ဟိုဆော့ ! ဒီနေ့ရော မနေ့က ဆရာပဲလား ? "
" အေး ဟုတ်တယ် ။ သင်ရမှာက သူပဲ ။ ဒါပေမဲ့ ဒီနေ့
လူချိန်းလိမ့်မယ် "
ဂျီမင်းက မျက်နှာညိုးသွားကာ စိတ်ပျက်သွားဟန်
ပေါ်သည် ။
" ရုတ်တရက် ဘာလို့လဲ ? "
" ငါတို့ နောက် တစ်ပတ်ပြိုင်ပွဲလေ ။ သူ အဲ့အတွက်
ငါနဲ့ တူတူလေ့ကျင့်ရဦးမယ် ။ ငါတို့ ဒီနေ့ အတန်း
မဝင်ကြဘူး "
" အာ ... အဲ့လိုလား ? ဒါဆိုလည်း ... "
ဂျီမင်းက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည် ။
" အစ်ကို ! အစ်ကိုနဲ့ Collab လုပ်ပြီး ကတယ်ဆိုတာ
ဘယ်လိုမျိုးလဲ ? ကျွန်တော်ရော သိလို့ရလား ? "
ဟိုဆော့က ဂျီမင်းကို သေချာရှင်းပြဖို့ လွယ်အိတ်ကို
ဘေးက ခုံပေါ် တင်လိုက်သည် ။
" အဲ့ဒါက ... အမှန်ဆို တစ်ယောက်ထဲ ကရတဲ့အခါ ပိုလွယ်တာ ။ သေချာပြောရရင် ဟိုပြိုင်ပွဲကို ရောက်
Advertisement
လို့ သူက သီချင်းတစ်ပုဒ်ဖွင့်တဲ့အခါ Freestyle က
ခွင့် ရှိတယ် ။ အရမ်းလွယ်တယ် မဆိုလိုပေမယ့် ငါ
တို့ လွတ်လပ်မှု ရှိတယ်လေ ။ ငါက အဲ့လိုမျိုးကို ပို
သဘောကျတာ "
" အာ ... Freestyle လည်း ကျွန်တော် တကယ်
သဘောကျတာ ဟီး ... "
ဂျီမင်းက အကအကြောင်း ပြောနေရရင် အလိုလို ပြုံးလာမိသည် ။
" အင်း ... Collab ကျတော့ ငါတို့ နှစ်ယောက် ညီနေ
မှလေ ။ Freestyle လည်း မဟုတ်ဘူး ။ များများ
လေ့ကျင့်ပြီး Choreography တွေ ထွင်ကြ ကကြ
ပေါ့ကွာ ။ Teamwork ကလည်း လိုသေးပြန်ရော "
" အာ ... တကယ် ပင်ပန်းတာပဲ ။ ဒါပေမဲ့ အစ်ကို
တို့က တကယ်တော်တာပဲဟာ ။ အားကျတယ်
အစ်ကို ! "
ဟိုဆော့က ရီလျက် ဂျီမင်း ပုခုံးကို ပုတ်လိုက်သည် ။
" အားကျစရာမလိုပါဘူးကွာ ။ တစ်ချိန်ကျရင် မင်း
လဲ ဒီလိုပြိုင်ပွဲတွေပေါ် ရောက်လာမှာပဲလေ ။ သေ
ချာပေါက် ! "
" အစ်ကို့ကြောင့် အားရှိလိုက်တာ ... "
ဂျီမင်းက မျက်လုံးတွေ မှိတ်သွားသည်အထိ ပြုံး
လိုက်ကာ ဟိုဆော့ကို ရီပြလိုက်သည် ။
" ဟုတ်ပါပြီ ဂျီမင်းရယ် ... "
အခန်းရဲ့ လေထုအခြေအနေက ပြောင်းလဲသွား
သလိုမျိုး သူခြေလှမ်း တစ်လှမ်းချလိုက်တာနဲ့ ငြိမ်
သက်သွားသည် ။
မနေ့ကလို Hoodie အနက်ရောင်ကိုမှ ဒီနေ့တော့
အပြာရောင်လေး အဖြစ် ပြောင်းလဲနေသည် ။
လွယ်အိတ် လွယ်တာအစ နားကြပ်တပ်ထားသည်
အဆုံး မနေ့ကလိုပင် ။ သို့သော်လည်း မရိုးသွားနိုင်
အောင် ဂျီမင်းက ငေးကြည့်နေမိသည် ။
ဟိုဆော့နဲ့ ဂျီမင်းဘေးက ဖြတ်သွားရင်း ဟိုဆော့ကို
လှမ်းပြောလိုက်သည် ။
" အစ်ကို ! အပေါ်ထပ်ကစောင့်နေမယ် "
ဟိုဆော့ မျက်နှာကိုလည်းမကြည့် ။ ဝင်လာကတည်း
က လျှောက်လာတဲ့ခြေလှမ်း ရဲ့ နှုန်းအတိုင်း ။ ခဏ
တာ ရပ်ပြီးတောင် စကားလှမ်းပြောသွားတာ မဟုတ်
ဘဲ သွားနေရင်းနဲ့ကို လှမ်းပြောလိုက်ခြင်းပင် ။
အပေါ်ထပ်ကို လေတချွန်ချွန်နဲ့ တက်သွားတော့
ဂျီမင်းက ဟိုဆော့နားကို ကပ်ကာ ခပ်တိုးတိုး ပြော
သည် ။
" အစ်ကို့ သူငယ်ချင်း ဆရာကလည်း အစ်ကို့
မျက်နှာတောင်ကြည့်မသွားဘူးပဲ ။ ချေမိုးနေတာ "
" အော် ငါ့မျက်နှာ လှမှမလှတာ ကြည့်မလား ? "
" အစ်ကို မစနဲ့ !!! စကားပြောတာ မျက်လုံးလေးနဲ့
တော့ လှမ်းကြည့်ရမှာပေါ့ "
ဟိုဆော့က ဂျီမင်းပြောနေပုံကို ရီပြန်သည် ။
" သူက အဲ့လိုပဲလေကွာ ။ ငါတို့တော့ နေသားကျနေ
ပြီ ။ စိတ်ရင်းကတော့ ကောင်းပါတယ် ။ ကဲကဲ !
ငါအပေါ်တက်ပြီ အောက်မှာ ဆက်နေနှင့်တော့ ။
တော်ကြာ ကြာနေလို့ ဒီကောင် ပွားနေဦးမယ် "
ဟိုဆော့က ရေဘူးနဲ့ လွယ်အိတ်ကိုဆွဲယူကာ
အပေါ်ကို အပြေးအလွှား တက်သွားသည် ။
" အစ်ကို ဖြည်းဖြည်းသွားဦး ချော်လဲဦးမယ် !! "
ဂျီမင်းရဲ့ နောက်ကျောဘက်ဆီက အသံတစ်ခုကို
ကြားလိုက်ရသည် ။
" ဖြေးဖြေး သွားပါကွာ ဟိုဆော့ရာ ... "
ဂျီမင်း ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ ဖြူဖွေးစွတ်
နေသော အသားအရည်နဲ့ အမျိုးသား တစ်ယောက် ။
" အစ်ကို ယွန်းဂီရေ ဖြည်းရင် ဂျောင်ကုက လုပ်မှာ ။
သူက အပေါ်ထပ်မှာလေ ။ အခုပဲ တက်လာဖို့ ခေါ်
ထားတာ ... "
" အော် ဒီကောင်လေးတော့ ဒုက္ခ !! "
ယွန်းဂီက ပြုံးလိုက်တော့ သွားသေးသေးလေးတွေ
ဟာ စီတန်းလျက် ရှိနေပြီး သွားဖုံးလေးတွေက
လင်းခနဲ ပေါ်လာသည် ။
ဂျီမင်းက ယွန်းဂီကို စိတ်ဝင်တစား သေသေချာချာ
စိုက်ကြည့်မိသည် ။ ယွန်းဂီက သတိထားမိပြီး ဂျီ
မင်း ကို ပြန်ကြည့်လာသည် ။
" အာ ... မင်းက အတန်းသားသစ်လား "
" အာ ... ဟုတ် ဟုတ် ... မနေ့ကမှ စတက်တာပါ ။
ပတ်ဂျီမင်းပါ "
ရုတ်တရက်မို့ ဂျီမင်းက စကားလုံးတွေ ထစ်စွာ ပြော
လိုက်သည် ။
" အော် ပတ်ဂျီမင်း ?! ။ ဒါဆို မနေ့က ဂျောင်ကု
အချိန် မှီလိုက်သေးတာပေါ့ "
" အာ မှန်ပါတယ် ... "
ဂျီမင်းက မျက်နှာစိမ်းမို့ ရှိန်နေပေမယ့် ယွန်းဂီက
သွားသေးသေးလေးတွေ ပေါ်သည်အထိ ပြုံးပြ
သည် ။
ဂျီမင်းက သူ ပြုံးလိုက်တော့ ကိုယ့်ရင်ထဲလည်း ရင်း
နှီးသလို ခံစားမိသွားသဖြင့် ပြန်ပြုံးပြလိုက်မိသည် ။
ယွန်းဂီက ဟိုဘက်ကိုလှည့်ရင်း ဆူဆူ ဆူဆူ ဖြစ်နေ
သော အကခန်း ကို လက်ခုပ် သုံးလေးချက် တီးကာ
ငြိမ်စေလိုက်သည် ။
" စကြမယ် အားလုံးပဲ ! "
ယွန်းဂီရဲ့ အသံက ဟိန်းကာ အကခန်း တစ်ခုလုံးကို
ပျံသွားသည် ။
ဟိုဆော့ ပြောသလို ဒီသင်တန်းက ဆရာတွေက
အချောတွေချည်းဆိုတာကို နားထဲပြန်ကြား ယောင်
မိလာသည် ။ ငွေရောင်ဆံပင်က အသားဖြူဖြူနဲ့
လိုက်ဖက်လှသည် ။ အကသမားထက် Idol တစ်
ယောက် လို ပုံစံပေါက်သည့် ယွန်းဂီကလည်း တစ်
မျိုး ကြည့်ကောင်းပြန်သည် ။
" ဂျီမင်းရှိ ... စမယ်လေ ဘာကြည့်နေတာလဲ ? "
ဂျီမင်း အတွေးတွေကို ယွန်းဂီက စကားသံနဲ့ ပျက်
ပြယ်စေလိုက်သည် ။
" အာ ဟုတ်ကဲ့ တောင်းပန်ပါတယ် "
" ကျွန်တော် ဘယ်သူလဲဆိုတာ သိပြီးကြမှာပေမယ့်
ဒီမှာ ဂျီမင်းက အသစ်ဆိုတော့ အစကနေ ပြန်မိတ်
ဆက်ရအောင် ။ နာမည်ကတော့ မင်ယွန်းဂီ ။ ကျွန်
တော်လည်း ဂျောင်ကုနဲ့ ပုံစံဆင်တဲ့ Choreography
တွေ သင်ပေမယ့် ပုံစံတော့ မတူဘူး ။ နည်းနည်း
ပေါ့ပါးပြီး လွယ်တယ် ။ "
ယွန်းဂီက အကခန်းရဲ့ မှန်အကျယ်ကြီးကို မျက်နှာမူ
ကာ ပြောပြနေသည် ။
" လွယ်တယ် ဆိုပေမယ့် Feeling သုံးရတာမျိုး ပို
များမယ် ။ လွယ်ပေမယ့် တကယ်ကျ အဲ့လောက်
မလွယ်ဘူးနော် ဟုတ်ပြီလား ? "
စကားတစ်ခွန်းဆုံးတိုင်း ပြုံးလိုက်သည်က တစ်ခြား
သူကိုလည်း လိုက်ပြုံးစေသည် ။
" ကဲ ဒါဆိုလည်း စကြတာပေါ့ "
//
ဟိုဆော့ မရှိသည်မို့ တစ်ယောက်တည်း ခက်ခဲ
မယ်ထင်ပေမယ့် ယွန်းဂီက အများကြီး ကူညီ
ပေးခဲ့သည် ။
" ဂျီမင်း အဆင်ပြေရဲ့လား ? "
ဂျီမင်းက နဖူးက ချွေးတွေကို သုတ်လိုက်ပြီး အိတ်
ထဲကို ရေဘူး ထည့်နေတုန်း ယွန်းဂီက ဘေးကို
ရောက်လာသည် ။
" သေချာပေါက် အဆင်ပြေတာပေါ့ ။ အစ်ကိုက
သေချာ စိတ်ရှည်ပြီး ပြောပြပေးတာပဲ ။ ကျေးဇူး
တင်ပါတယ် "
" မလိုပါဘူး ။ အသစ်ဆိုတော့ တစ်ခုခု ရှိန်မှာ ကြောက်နေတာ ။ ဒါပေမဲ့ မင်းက အဲ့လိုမဟုတ်
ဘဲ အကကို သင်နေတုန်းမှာ အများကြီး စိတ်
ဝင်စားမှုရှိနေတာ သဘောကျတယ်ရယ် ။
ကြိုးစားလိုက်ပါဦး ... "
ယွန်းဂီက ဂျီမင်း ပုခုံးကို ပုတ်သွားကာ ထွက်သွား
သည် ။ ဂျီမင်း တစ်ယောက် ပီတိတွေနဲ့ ကျန်ရစ်
ခဲ့ပြီး ပြောမပြတတ်အောင် ပျော်မိသည် ။
" အင်း ... ဂျွန်ဂျောင်ကုသာ သူ့တစ်ဝက်လောက် ငါ့
ကို ပြုံးပြနေမယ်ဆိုရင် အများကြီး ပိုကြိုးစားမိမှာ
ကို "
" ဘာလဲ ? ဘာတွေ တိုးတိုး ပြောနေတာလဲ "
ဂျီမင်း ခပ်တိုးတိုး ရေရွတ်နေတာကို ထယ်ယောင်း
က ဘေးကို ရောက်လာပြီး မေးသည် ။
" အာ ... ထယ်ယောင်း ! "
" ဘာတွေ ဒီလောက် ရေရွတ်နေတာလဲ ? "
" မဟုတ်ပါဘူး ... ငါ အက .. အက ပြန်မှတ်နေတာ
မေ့မေသွားလို့ "
" ကဲ !!!! နှစ်ယောက် ဘာတွေပြောနေတာလဲ ? ငါ
ပြောတာကိုပဲ အရင်နားထောင်ကြ "
ဆော့ဂျင်က ထယ်ယောင်းနဲ့ ဂျီမင်းနားကို ရောက်
လာပြီး ခပ်ကျယ်ကျယ် အော်ပြောလိုက်သည် ။
" နားမထောင်လည်း အစ်ကိုက ပြောမှာပဲမလား ?
ဘာပြောမလို့လဲ ? "
ထယ်ယောင်းက ဂျီမင်း ပုခုံးကို ဖက်ထားလျက်
ဆော့ဂျင်ကို ပြောလိုက်သည် ။
" ကင်ထယ်ယောင်း ကတော့ ရှည်ပြန်ပြီ ။ ဒီလို
ကွာ ... နောက်တစ်ပတ် ပြိုင်ပွဲကို ငါတို့ သွားကြည့်
ကြမယ် မလား ။ အဲ့တာ ဂျီမင်း ... မင်းလိုက်မယ်
မလား ? "
ဆော့ဂျင်က ဂျီမင်းကို မေးလာပေမယ့် ဂျီမင်းက
အူကြောင်ကြောင်လေး ဖြစ်နေသည် ။
" ဟမ် ... ကျွန်တော် လိုက်လို့ရတယ်လား ? "
ထယ်ယောင်းက ဂျီမင်း မေးစေ့ကို ဆတ်ခနဲ
ထိလိုက်ကာ -
" ရတာပေါ့ ဒီသင်တန်းက လူတွေ ပြိုင်တာ ဒီသင်
တန်းက လူတွေက သွားအားပေးရမှာပေါ့ကွ "
ဂျီမင်းက မျက်လုံးတွေ အရောင်ဝင်းလက်သွား
ပြီး ပျော်သွားသည် ။
" တကယ်လား ? ပျော်လိုက်တာ ဒါဆိုလိုက်မှာပေါ့
ကွ ။ ငါအဲ့လိုမျိုး အရမ်းကြည့်ချင်တာ "
" ဒါဆို မင်းအတွက်ပါ စာရင်းထဲ ထည့်ထားလိုက
မယ် ။ ဘယ်ချိန်သွားကြမယ် ဆိုတာကတော့ အဲ့
နေ့ကျမှ ပြောကြတာပေါ့ ။ ဟုတ်ပြီလား ? "
" ကျေးဇူးပါပဲ အတူခေါ်ပေးကြလို့ ! "
ဂျီမင်းက နှစ်ယောက်လုံးရဲ့ ပုခုံးကို ဖက်ကာ ပြော
လိုက်သည် ။
" ရပါတယ်ကွာ ။ အထွေအထူးမို့လို့လား ? "
ဆော့ဂျင် က ဂျီမင်းကို ပြုံးပြကာ ပြောလိုက်သည် ။
" ဒါဆို ငါတို့ပြန်တော့မယ် ဂျီမင်း ။ ဒါနဲ့ အစ်ကို
ဆော့ဂျင်ကရော ကျွန်တော်နဲ့ လိုက်မယ်မလား ? "
ထယ်ယောင်းက သူ့ရဲ့ လက်ဖျံပေါ်မှာ တင်ထားတဲ့
ကုတ်ကို ဝတ်လိုက်ကာ ပြောလိုက်သည် ။
" အင်း လိုက်မယ်ကွ ! ဒါနဲ့ ဂျီမင်း ကရော ? "
" အာ ... အပေါ်မှာ အစ်ကိုဟိုဆော့ ကို တက်ခေါ်
လိုက်ဦးမယ် ။ သွားနှင့်ကြ ! "
" အင်း ဒါဆိုလည်း သွားပြီ " " သွားပြီ ဂျီမင်း ! "
နှစ်ယောက်လုံး နှုတ်ဆက်သွားသည်မို့ ဂျီမင်းက
အပေါ်ထပ်ကို ဖြည်းဖြည်းချင်း တက်လာခဲ့လိုက်
သည် ။
//
အပေါ်ထပ်ကို မရောက်ခင် အပြင်ဘက်မှာ တံခါး
အလုံ ပိတ်ထားတာကြောင့် သီချင်းသံ သဲ့သဲ့တော့
ကြားရသည် ။ ဂျီမင်းက တံခါးကို အသာ ဆွဲဖွင့်
ကြည့်တော့ ဟိုဆော့ ရော ဂျောင်ကု ရော အတူတူ
ကနေကြတာကို မြင်လိုက်ရသည် ။
" လှလိုက်တာ .. "
ကတာများ ဖယောင်းလေးတွေ အလား ထင်မှတ်
လောက်သည် ။ မျက်စိရှေ့တင် ဒီလိုမျိုးကို မြင်နေ
ရတာ ဘယ်အရာနဲ့မှ လဲနိုင်မယ်တောင် မထင်မိဘူး ။
ဂျီမင်းက ပါးစပ်ကြီးဟောင်းလောင်းနဲ့ ကြောင်ကြည့်
နေမိသည် ။ သီချင်းက ရပ်သွားတော့ ဟိုဆော့က
တံခါးဝမှာ ရောက်နေတဲ့ ဂျီမင်းကို မြင်သွားသည် ။
" ဂျီမင်း ?! မင်းက အဲ့ဒီမှာ ဘာလုပ်နေတာလဲ ? "
ဟိုဆော့က ဂျီမင်း နာမည်ကို ခေါ်ကာ ဂျီမင်း အနား
ကို ရောက်လာတော့ ဂျောင်ကုကလည်း ဂျီမင်းကို
ရုတ်တရက် လှမ်းကြည့်သည် ။ ပြုံးပြမယ် ကြံကာရှိ
သေး ဂျောင်ကုက ချက်ချင်းပဲ ဆတ်ခနဲ ခေါင်းကို
ပြန်လှည့်သွားသည် ။ ထို့နောက် အကကိုသာ ပြန်
အာရုံထားကာ လေ့ကျင့်နေသည် ။
ဂျီမင်း အကြည့်တွေမှာ ဂျောင်ကုဆီကနေ မလွှဲနိုင် ။
" ဘာကြည့်နေတာလဲ ? ဘာလုပ်နေတာလဲ မေးနေ
တာကို "
ဂျီမင်းက ဟိုဆော့ မေးတာကို မကြား ။
" ဂျီမင်းရေ ဂျီမင်းရေ !!! "
ဟိုဆော့က ဂျီမင်း မျက်နှာ ရှေ့မှာ လက်ပြတော့မှ
ဂျီမင်းက သတိကပ်သည် ။
" ဟမ် ! "
" အမလေး ဘာတွေများ ဒီလောက် စိတ်ဝင်စားနေရ
တာလဲ ? ငါပြောတာလည်း မကြားဘူး "
" ဘာမှ စိတ်မဝင်စားပါဘူး ။ ဘာပြောလိုက်တာ
လဲ ? "
ဂျီမင်းက သူခိုးလူမိသလို ပြာပြာသလဲ ပြန်မေး
သည် ။
" မင်း ဒီမှာ ဘာလုပ်နေတာလဲလို့လေ ! "
" အာ ... အဲ့တာ အစ်ကို့ကို ပြန်ဖို့လာခေါ်တာလေ "
" အော် ဒီတစ်ရက် နှစ်ရက်တော့ သည်းခံပေးကွာ ။
ငါ လေ့ကျင့် ရဦးမယ် "
" လေ့ကျင့်ဦးမယ် ? အခု ခဏလေး ကြည့်လိုက်တာ
နဲ့တောင် လုံးဝ Perfect ဖြစ်နေပြီကို "
" အချင်းချင်းတွေကို လာမြှောက်နေတာလား ။
တော်ပြီ !! "
" တကယ်ပါဆို !!! "
ဂျီမင်းက ရီကာ ဟိုဆော့ကို ပြောလိုက်တော့ နှစ်
ယောက်သား တူတူ ရီဖြစ်ကြသည် ။
ဂျောင်ကုက ကနေရင်းက ဂျီမင်းဆီ မျက်လုံးဝှေ့ကာ
တစ်ချက်ကြည့်လိုက်တော့ Sweater လက်ရှည်
လေးကို လက်ဖမိုးအုပ်အောင်ဝတ်ထားပြီး ဆံပင်
တွေက ပျော့စင်းကာ ဝဲကျနေသည် ။
ရီနေတော့လည်း လက်ဖမိုးထိ ဖုံးနေတဲ့ Sweater
လေးနဲ့ မျက်နှာကို အုပ်ထားကာ မျက်လုံးတွေဟာ
မှိတ်ကျသွားပြန်သည် ။
" မူကြို ကလေးလား ဘာလား ? "
ဂျောင်ကုက ခပ်တိုးတိုးပင် ရေရွတ်လိုက်မိသည် ။
" ခဏလေး ။ USB တစ်ခုယူသွားပေး ။ အဲ့တာကို
ငါ့အခန်းထဲမှာ ထားထားပေး ။ တောင်းဆိုမယ်နော် "
ဟိုဆော့ပြောတာကို ဂျီမင်းက ခေါင်းကို ခပ်ဆတ်
ဆတ် ညိတ်လိုက်သည် ။
ဟိုဆော့ က အခန်းထောင့်မှာ ထောင်ထားတဲ့ သူရဲ့
လွယ်အိတ်လေးထဲက USB သေးသေးလေးကို
ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ရှာနေသည် ။
ဟိုဆော့ကို သတိမထားမိတဲ့ ဂျီမင်း မျက်လုံးတွေနဲ့
စိတ်တွေက ဂျောင်ကု ဆိုတဲ့ ကောင်လေးဆီပေါ်မှာ
သက်ရောက်နေသည် ။
ဂျီမင်း တစ်ယောက်လုံး ရပ်နေတာတောင် သူ့အာရုံနဲ့
သူ သူအလုပ်ကိုသာ အာရုံထားနေသည် ။
သူ ကနေတဲ့အချိန်ဟာ ဆွဲဆောင်မှု အရှိဆုံးလို့ ဆို
ကြပေမယ့် တစ်ခြား ဘယ်ချိန်ဖြစ်ဖြစ် ဆွဲဆောင်မှု
အားပြင်းပြီး အန္တာရယ်များတဲ့ ယောကျာ်းပါပဲ ။
" တွေ့ပြီကွ ဟဟ !! "
ဟိုဆော့က USB တွေ့တာကို အကျယ်ကြီး အော်
လိုက်တော့ ဆွဲဆောင်မှုလေးကို ငေးမောနေတဲ့ ဂျီ
မင်း အတွေးတွေ ပျောက်ကုန်သည် ။
" ဒီ အရူးအစ်ကိုကတော့ ... "
" ဟမ် ဘာပြောလိုက်တာလဲ ? "
ဟိုဆော့က ဂျီမင်းဆီကို USB လာပေးရင်း မေး
နေသည် ။
" ဘာမှ မဟုတ်ဘူး အစ်ကို ။ ဟို ဒီ USB က အစ်ကို့
အခန်းရဲ့ ဘယ်နားကိုထား ... ထား ... "
" အစ်ကို ! "
အသံခပ်မြင့်မြင့်နဲ့ ဂျောင်ကုက ဟိုဆော့ကို ခေါ်
လိုက်သည် ။ ဒါကြောင့်ပဲ ဂျီမင်း စကားသံဟာ
ပြောလက်စကနေ တိမ်ဝင်သွားသည် ။
" ခုနက Second Chorus မှာ ခြေထောက် နည်းနည်း
မှားနေတာလား ။ ကျွန်တော်မှားတာလား ။ "
ဂျီမင်းနဲ့ စကားပြောနေမှန်းသိသည် ။ သို့သော် သူ့
အလုပ် ကိစ္စကိုသာ အဓိက အရေးပေးပြီး ပြော
တတ်သူ လည်းဖြစ်သည် ။
" အာ ... အဲ့ဒါက ခြေထောက်က ညာဘက် အရင်ရှေ့
ချ ပြီးရင် ဘယ်ဘက် ရှေ့ချ ။ ညာ slide ပြန်ဆွဲ ချိန်
လက်နှစ်ဖက်က Roll ဟုတ်တယ်မလား "
လူမှုရေး မသိတတ်တဲ့ ထိုကောင်လေးကို ဂျီမင်း
စိတ်မဆိုးပါ ။ စကားပြောနေတာကို ဖြတ်ပြီး အလုပ်
အကြောင်းကို ဖြတ်ပြောတာလည်း စိတ်မဆိုးမိပါ ။
ဒါဟာ ပြိုင်ပွဲအတွက်မလား အရေးကြီးတယ်လေ ။
အခုပဲဖြစ်ဖြစ် ချက်ချင်း မေးရမှာပေါ့ ။
" ဟင့်အင်း အဲ့မှာ လွဲသွားတာ အဲ့လို မဟုတ်ဘူး ။
ညာဘယ် ညာ ပြီးရင် ညာဘက်က ပြန်ပြီး slide ။
အဲ့မှာ Beat တစ်ချက်လွတ်သွားတာ အစ်ကိုက "
" အာ ... ငါ အမှတ်မှားနေတာပဲ ။ ဒါဆို TapTap
Tap ...(Slide) Roll မဟုတ်ဘဲ TapTapTap Tap ...
(Slide) Roll ပေါ့ "
Advertisement
- In Serial423 Chapters
Amara – Reunion
A college senior goes on a vacation to Italy with her classmates and her world flips upside down when she dies and wakes up as an immortal.
8 6152 - In Serial116 Chapters
Return To The Past: I Won't Choose Humility This Time!
In her previous life, as Yun Xi laid in d for the terminally ill, she was heartlessly informed by her famous painter husband, "Yun Xi, let's divorce. Back then, if you hadn't posed as your sister and took her place, did you think I would marry you? The person who saved me was clearly your sister." Yun Xi was dumbstruck. It was actually her who saved Mo Ran! She struggled to look at her sister, Yun Lian, trying to obtain verification from her. Yet, what she saw made her heart sink into her stomach. Yun Lian lowered her gaze to conceal the emotion in her eyes as she said, "Sister, I'm sorry. My Brother-in-law and I truly love each other. I've been hiding this truth for so long now, and I can't hide it any longer.Yun Xi and Yun Lian are twins, but because Yun Xi was always better in terms of studies and had a better husband, both society and their parents preferred Yun Xi. Yun Xi suddenly felt her world spin, and the past flashed through her mind. Her sister had always asked her about how she saved Mo Ran in detail and constantly sowed discord in between her and Mo Ran. Yun Xi used to dote on Yun Lian, giving her most of her opportunities, including the chance to go to school. Now that she was given another chance at life, Yun Xi swore to take back what was hers.Whatever she was owed and whatever that was taken from her, she would start from this high school admission opportunity! As for her ex-husband,. Yun Xi decided to let Yun Lan have him. However, the new Yun Xi, who had become aloof instead of her old humble self, was further loved by the world.Disclaimer: The content of the story is not mine. They are uploaded here, not for any bad purposes but for entertainment only. I did not write nor translate this story, all credit to the author and translator
8 89 - In Serial41 Chapters
How to Survive in Black Butler (Black Butler x Reader)
(Y/N) was chilling on her couch Saturday evening (like she always does) when she is transported to the world of Black Butler! What will happen then? Will she ever get back home? Will she meet a hottie? WILL SHE BE ABLE TO BINGE WATCH SHOWS ON NETFLIX AGAIN! Well, read to find out.(Uploaded from Quotev )
8 216 - In Serial17 Chapters
ADJOURNMENT || benny watts x reader
"You're his daughter." Benny stated to himself."Bingo.""Do you play?" He asked, and you shot him a stare."Bingo?" You replied, sarcastically. He smiled at the board, before tipping his hat and head upwards."Chess."Life wasn't easy growing up with a chess Grandmaster as a father; it's even more difficult when you find out you could be better than him at his own game.Benny helps you realise that potential.
8 139 - In Serial7 Chapters
Dmsp/mcyt smutshots
Just smut lolzies , no I'm not doing minors or people who are uncomfortable with it.
8 139 - In Serial17 Chapters
a silent cause
Working as Blackpink's assistant isn't always fun and games, especially with Jennie Kim at the head of the group. Their rise to fame has been immediate, and with fast success comes lots of pressure. All you want to do is relieve her of some of it, but it doesn't come without its own challenges and heartache."told you i could see it all, but all i saw was you."Set in 2017-2018, timeline and events are significantly adjusted for the story and are most likely not actually accurate! Loosely based off the song "A Silent Cause" by The Paper Kites. jennie x fem!readerlisten to the playlist i made for the story if you'd like, link in my bio :) (i'm always updating it and fixing it lol. some songs are meant for the story in general, some for the different povs of you and jennie)
8 171

