《Dancing On Your Heartbeat • Kookmin || Completed ||》- 5 -
Advertisement
ဂျီမင်းက တဖြည်းဖြည်းနဲ့ အဆင့်တိုးလာကာ ခင်မင်
မှုပိုရလာမည် ဆိုတာလည်း ယုံကြည်နေမိသည် ။
နောက်ဆုံး သန္နိဋ္ဌာန်ချပြီး ဆုံးဖြတ်မိတာက အကောင်း
ဆုံး ဖြစ်အောင် လေ့ကျင့်ပြီး ဂျောင်ကုနဲ့တူတူ တွဲက
ရအောင် လုပ်ဖို့ပါပဲ ။
ဂျောင်ကု အတန်း ထဲကို ခြေချတာနဲ့ အားလုံးရဲ့ အာ
ရုံတွေက သူ့အပေါ်မှာ ဖြစ်သည် ။ သူကလည်း အား
လုံးရဲ့ စိတ်ကို ဖမ်းစားနိုင်သည်ကိုး ။
ဒူးထိ မရောက်တစ်ရောက် ဘောင်းဘီအတို ဝတ်လာ
တာကြောင့် စင်းပြီးဖွေးနေသော ခြေသလုံးသား တို့
ကို အတိုင်းသား မြင်နေရသည် ။
" ဂလု ! ငါ ဆွဲကိုက်လိုက်ရ ! "
ဂျီမင်းက လေသံ ခပ်တိုးတိုးနဲ့ ရေရွတ်လိုက်သည် ။
" ကဲကဲ စမယ်နော် ! "
အတွေးတွေကို ဖြိုခွင်း ပစ်လိုက်သည့် အသံခပ်သြ
သြလေး ။
အတန်းကို စသင်တာနဲ့ အတန်း တစ်ခုလုံးကို လွှမ်း
မိုးထားနိုင်သူလည်း ဖြစ်သည် ။ ကနေရင်း မေ့သွား
ရင်လည်း မျက်နှာပြောင်တတ်သူဖြစ်ပြီး Intro တီး
လုံး နေရာတွေ ဆိုလည်း ပေါက်ကရ ကကွက်တွေ
ထထကကာ နောက်တတ်သည် ။ မသိရင်လည်း ထပ်
ခါထပ်ခါ သင်ပေးသလို ဥပမာလေးတွေနဲ့ လည်း
ပြောပြတတ်သည် ။
သို့သော် အတန်း ချိန်ပြီးတာနဲ့ တစ်ခြားတစ်ယောက်
လို ဖြစ်သွားသည်မှာ အံ့သြစရာ ကောင်းလှသည် ။
ဒီတစ်ခါတော့ ရသမျှ အခွင့်အရေး လာထား ဆိုပြီး
အနားယူချိန်ပေးတာတောင် ဂျီမင်းက မနားတော့ဘဲ
လေ့ကျင့်နေသည် ။ ဟိုဆော့က ရေသောက်နေရင်းနဲ့
နားတောင် မနားတဲ့ ဂျီမင်းကို ကြည့်ကာ အထူးအဆန်း
ဖြစ်နေသည် ။
" ဟေ့ကောင် မင်း အရမ်း ကြိုးစားနေပါလား ? တစ်
ကိုယ်လုံးလည်း ချွေးတွေရွှဲတောက်နေပြီ ။ ရေလေး
ဘာလေးလည်း သောက်ဦး "
ဂျီမင်းက ဘာမှပြန်မပြောမိ ။ ဒီလိုကကြည့် အချိုး
မပြေ ဟိုလိုက ဒီလိုက ဟိုလိုက နဲ့ အဆင်မပြေတာ
ကိုသာ ပြေအောင် နည်းလမ်းရှာနေသည် ။
" ဂျီမင်းရှိ ! "
ဂျီမင်း နားကို ရောက်လာပြီး ဂျီမင်းကို ဒီလို ခေါ်
လိုက်တာ ဂျောင်ကု ပဲဖြစ်သည် ။
" ဟမ် ! "
ဂျီမင်းက အနားကို တဖြည်းဖြည်း ကပ်လာတဲ့
ဂျောင်ကု ကို တောင့်ခဲစွာ ကြည့်နေမိသည် ။
" ကျွန်တော် ကြည့်နေတာကြာပြီ "
" ဟမ် ! "
ကြည့်နေတာ ကြာပြီဆိုတဲ့ စကားက ဂျီမင်းအတွက်
တော့ ရင်ထဲမှာ ပန်းတွေ ပွင့်သွားသလိုပါပဲ ။
" နည်းနည်းလွဲနေတယ် "
အိုကေ ! ချီးပါပဲ ပတ်ဂျီမင်းရေ ။
စိတ်ထဲကနေပဲ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိလိုက်သည် ။
နှလုံးသားတွေ ထွက်ကျတော့မလို ရင်ခုန်လာရပြီးမှ
လွဲနေလို့တဲ့လေ ။
" အာ ဟုတ်လား ? ကျွန်တော် တောင်းပန်ပါတယ် "
" အာ ... ဘာလို့လဲ ? ဒါတောင်းပန်ရမယ့် ဟာမှ
မဟုတ်တာ ။ မရရင် ပြောပေါ့ ကျွန်တော် သေချာ
ပြန်ပြောပြပေးမှာပေါ့ "
" တကယ် ... တကယ် ... တကယ်လား ? "
ဂျောင်ကုက ဂျီမင်း ဘေးမှာ ဝင်ရပ်လိုက်ပြီး ဂျီမင်း
ကို လှည့်ကြည့်ကာ ပြုံးပြသည် ။
"ဒါပေါ့ ... လာ ကျွန်တော် ပြမယ် "
ဂျီမင်းက ဂျောင်ကု ကို ကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးမိ
လိုက်သည် ။
သူ့ရဲ့စေတနာရော သူ့ရဲ့ အပြုံးရော အားလုံး မျက်
မြင် တွေ့လိုက်ရတဲ့အတွက် ဘယ်အရာကို စပြီး
ဝမ်းသာရမယ်တောင် မသိတော့လို့ ပြုံးပဲ ပြုံးမိ
တော့သည် ။
သေချာ အသေးစိတ်က အစ ပြောပြရင်း သင်ပေးနေ
တာမို့ ဂျီမင်းက တစ်ဖတ်သတ် ပျော်စံရာ ကမ္ဘာငယ်
လေး ဖြစ်နေသည် ။
" ရတယ်မလား ? ဂျီမင်းရှိ ... "
ဂျီမင်းက လုပ်ကြည့်ရင်းနဲ့ ချော်လဲ မလို ဖြစ်တော့
ဂျောင်ကု က ဝင်ထိန်းလိုက်သည် ။
အကြည့်ချင်းဆုံသွားတဲ့ အခိုက်အတန့်ဟာ ဒရာမာ
ခန်း တစ်ခုကို ရောက်သွားသလို ရင်ခုန်မိသည် ။
ဂျီမင်းက ရှက်ရှက်နဲ့ ဂျောင်ကု လက်ထဲက မြန်မြန်
ရုန်းထွက်ကာ နောက်တစ်ခါ ထပ်ကကြည့်သည် ။
" အဲ့လို မဟုတ်ဘူး ။ အဲ့လိုဆို ထပ်ချော်လဲလိမ့်
မယ် ။ ဒီလိုမျိုး လက်က ... "
ဂျီမင်းက တစ်ကိုယ်လုံး တောင့်ခဲနေမိသည် ။
အသားချင်းပါထိပြီး လက်နှစ်ဖက်လုံးကိုပါ
ကိုင်ထားတဲ့ အနေအထားက ရင်ခုန်ရတာထက်
ကို ပိုပါသည် ။
" ဂျီမင်းရှိ ! အဆင်ပြေရဲ့လား ? "
ဟိုဆော့က အရောက်ပို့မလို့ ဟန်ပြင်နေတော့သည် ။
" ပတ်ဂျီမင်းရေ မင်း သေများ သေသွားပြီလား ?
အသက်ရှူသေးရဲ့လား စမ်းကြပါဦး ? "
" ဟာ ... အစ်ကိုကလည်း ! "
ဘာရယ်မသိပေမယ့် ဒီစကားကို ဂျောင်ကုက ပြုံးသည် ။
" ဂျီမင်းရှိ ! ဒီဟာက ... က ... "
" အာ သိပြီ သိပြီ ။ ရပြီ ကျေးဇူးတင်ပါတယ် ။ "
ဂျီမင်းက ဟိုဆော့စကားကြောင့် မျက်နှာတွေ ရဲတက်
လာသည်မို့ ဂျောင်ကုရှေ့ ဆက်မနေချင်တော့ပါ ။
ဂျီမင်းရဲ့ ပါးဖောင်းဖောင်းတွေ ရဲတက်လာတာကို
မြင်သည့် ဂျောင်ကုက ဟက်ပက်စွာ မဟုတ်သော်
လည်း ပြုံးသည် ဆိုရုံမျှ ပြုံးသည် ။
မြင်ရခဲသော ထိုအပြုံးများကို နှလုံးသား ပြတိုက်မှာ
ထာဝရထည့်သိမ်းထားချင်မိတော့သည် ။
ဒါနဲ့တင် အမှတ်တရတွေဖြစ်ဖို့ လုံလောက်နေပြီး
ပတ်ဂျီမင်း ရူးသွားဖို့ ပြည့်စုံတဲ့ အကြောင်းအရာ
တွေ ဖြစ်နေပြီပဲကို ထပ်ပြီး -
" ဂျီမင်းရှိ ! ဒီနေ့ Outfit နဲ့ လိုက်နေတယ် "
ဂျီမင်း ထပ်ပြီး ကြက်သေသေသလို ကြောင်သွားမိ
Advertisement
ပြန်သည် ။ အိပ်မက်လားလို့လည်း ထင်မိပါသည် ။
ပြီးတော့ ဂျောင်ကုကို မျက်လုံးချင်းဆုံ မကြည့်မိပေ
မယ့်ခေါင်းငုံ့ကာ ရှက်သွေးဖြန်းပြီး ပြုံးလိုက်သည် ။
ဒီလိုသာဆို တစ်နေ့လုံး တစ်ညလုံး တစ်သက်လုံး
သေသည်အထိလည်း ဒီဟာကို မချွတ်တမ်း ဝတ်
ထားလိုက်ချင်ပါရဲ့ ။
//
ကားပါကင်ဆီ လာတဲ့ လမ်းတွေမှာ ခြေထောက်ဟာ
မြေကြီးနဲ့ မထိသလို မြောက်ကြွမြောက်ကြွ ။
" ဟေ့ကောင် ပတ်ဂျီမင်း ! မင်း ဖင်ထဲမြွေဝင်နေ
လား ။ မြောက်ကြွမြောက်ကြွနဲ့ "
ဟိုဆော့က ဂျီမင်းပုံစံကို ကြည့်ကာ ပြောနေသည် ။
" တကယ်တော့ ဒီနေ့ ပျော်နေလို့ပါ "
" နေစမ်းပါဦး မဟုတ်မှလွဲရော မင်း ဂျွန်ဂျောင်ကုကို
တကယ်ကြီး သဘောကျနေတာမလား ? "
ဂျီမင်းက ပြာပြာသလဲ ငြင်းဖို့ ကြိုးစားလိုက်သည် ။
" မဟုတ်ပါဘူး ကျွန်တော်က ... က ... "
" အယ် တော်တော့ !! ပတ်ဂျီမင်း ... လိမ်ဆင်တွေ
ရပ်တော့ မင်းက သိသာနေတာချည်းကိုကွာ "
" အဲ့ဒါ အဲ့ဒါက ... "
ဂျီမင်းက ဂုတ်ပိုးတွေကို ပွတ်လျက် ဘာဖြေရမယ်
မသိ ဖြစ်နေသည် ။
" မင်းပြောရခက်နေတာမလား ဖြစ်မနေနဲ့ နားလည်
တယ် ။ ဒါမျိုးက ရိုးနေပြီ "
" ဟမ် !! အစ်ကို လည်း ဂျောင်ကု ကို ကြိုက်
နေလို့လား ? "
" ဟာ နေစမ်းပါ ။ အဲ့သောက်ဖတ် မလုပ်တဲ့ ဟာကို
တော့ မကြိုက်ပါရစေနဲ့ ။ သူ့ကို ကြိုက်နေတဲ့သူတွေ
ရှိတယ်လို့ ပြောပြတာ "
" တကယ်ကြီးလား ? "
" အော် မင်းကလည်း ငါ ဒီမှာ စတက်ကတည်းက
ပြောခဲ့ဖူးပါတယ် ။ မင်း ကြွေတာလည်း မမှားပါ
ဘူး ။ ထယ်ယောင်း လည်း သူ့ကိုကြွေနေတာပဲ
လေ ။ "
" ဟမ် !!!! "
ဂျီမင်းက နည်းနည်းတော့ အံ့သြမိသွားသည် ။
အနည်းငယ်တော့ ဝမ်းနည်းမိပေမယ့် ထယ်ယောင်း
က လုံးဝ သိသာမှ မနေဘဲ ။
" အမလေး ဟမ်နေနဲ့ ။ ဘယ်သူမှ မင်းလောက် စပ်
စလူးမထဘူး ။ ထယ်ယောင်းကကျ ပိုဆိုးတယ် ။
ဂျောင်ကု နဲ့ ပတ်သက်လာရင် အလကားနေကြောက်
ရွံ့နေတာ ။ သူ့မှာ ဂျောင်ကု က စကားလာပြောရင်
တောင် ခြေတုန်လက်တုန်နဲ့ "
ဟိုဆော့ ပြောတာလည်း မှန်သည် ။ ထယ်ယောင်းက
သဘောကျနေမှန်းတောင် မသိသာလောက်တဲ့ထိ
ဂျောင်ကုနား သိပ်မကပ်ဘူး ။
" ကျွန်တော် ကတော့ Boy crush တွေရော အသည်း
တွေရော စာပို့ပစ်လိုက်တာ "
" ဘုရားရေ !!! မင်းက အဲ့လောက်တောင်လား ?
ပတ်ဂျီမင်းရယ် ငါထင်ထားတာထက်တောင် မင်း
က လက်သွက်နေပါလား ? "
ဟိုဆော့က ဂျီမင်းကို ကြည့်ရင်း လက်ဖျားခါ
နေသည် ။
" ဒါပေမဲ့လည်း အစ်ကိုသိပါတယ် ။ သောက်ဖတ်
မလုပ်တဲ့ Mood ကို ဒင်းက အမြဲ On ထားတာ ။
ကျွန်တော့်မှာ သူစာပြန်တာ စောင့်ရတာ တစ်
ရက်ကြာတယ် "
" ဟားဟား ... နည်းနည်းတော့ သည်းခံကွ ။ သူနဲ့
ရင်းနှီးသွားဖို့ ဘယ်လောက်ကြာမယ် မသိနိုင်ဘူး ! "
" အမယ် ပတ်ဂျီမင်း ပါနော် ။ ဒီနေ့ Outfit နဲ့လိုက်
တယ်လို့ပါ ထုတ်ပြောခံရတာ ကျွန်တော် ဘယ်
လောက် ခန့်ညားနေလဲ သဘောပေါက် ?! "
" ဒါက မင်းသူ့ကို ရောနေလို့ အားနာပါးနာ ပြန်ပြောတာပဲ ဖြစ်မယ် "
ဟိုဆော့က ဂျီမင်းကို တမင် စ လိုက်သည် ။
" တိတ်စမ်း !! သူများတွေ သာယာနေတာကို မနာလို
ဖြစ်မနေပါနဲ့ ။ အဲ့လို အပြောခံချင်ရင် ကိုယ့်ဘာကိုယ်
သာ ရှာလိုက်နော် "
ဂျီမင်းက ဟန်နဲ့ပန်နဲ့ ဟိုဆော့ကို ပြန်ပြောနေသည် ။
" အမလေး နေပါ မရှာပါရစေနဲ့ "
" အာ့ဆို မပြောနဲ့လေ ။ တိတ်တိတ်နေ ... "
" ဟုတ်ကဲ့ပါဗျာ "
ဟိုဆော့က ဒီနေ့ တစ်ရက်တော့ တအားလွတ်သွားတဲ့
ဂျီမင်းကို ဆက်လွှတ်ထားပေးဖို့ ဆုံးဖြတ်လိုက်သည် ။
//
နေရောင်က အခန်းထဲကို မထင်မရှား ထိုးနေသည် ။
နေလည်း ထွက်လာပြီမို့ ဟိုဆော့က မျက်နှာသစ်ရန်
ရေချိုးခန်းဆီ ဦးတည်လိုက်သည် ။
" အစ်ကို ကျွန်တော် ဒီနေ့ နည်းနည်းစောသွားမယ် "
ဂျီမင်းက ရေချိုးခန်းထဲက သဘတ်နဲ့ သုတ်ရင်း
ထွက်လာသည် ။
" မင်းက အရင်နိုးနေတာပဲ ။ ဒါနဲ့ ဘာလို့လဲ ? ငါနဲ့တူ
တူ မသွားဘူးလား "
" နည်းနည်း လေ့ကျင့်ချင်လို့ "
အိပ်ရာပေါ်တင်ထားတဲ့ Shirt ကို အမြန်ကောက်
စွပ်ကာ ပြောလိုက်သည် ။
" အမလေး ပတ်ဂျီမင်းရေ ။ ဖြည်းဖြည်းချင်းလုပ်
လည်းရပါတယ် ။ မင်း ပင်ပန်းမယ် "
" ကျွန်တော် သိပါတယ် ။ အခုတော့ ကျွန်တော် သွားပြီ "
ဂျီမင်းက ဘောင်းဘီကိုလည်း အမြန်ကောက်စွပ်ကာ
ထွက်သွားတော့သည် ။
" ဟာ ဒီကောင် ဇွတ်ပါလား ? "
ပုံမှန်ဆို ဟိုဆော့ကားနဲ့ အတူတူလာပေမယ့် တစ်
ယောက်တည်း ထထွက်လာခဲ့ရတော့ ဘတ်စ်ပဲ စီး
ရတော့သည် ။
အတန်းကိုရောက်တော့လည်း မစသေးတဲ့ အချိန်
အစောကြီး ဖြစ်နေတာမို့ ဘယ်သူမှမရှိဘဲ တိတ်
ဆိတ်နေသည် ။
" ဂျီမင်း စောစောစီးစီးပါလား ? "
နမ်ဂျွန်က အနားယူခန်းထဲက ထွက်လာသည် ။
" ဟုတ်တယ် အစ်ကို ။ ကျွန်တော် နည်းနည်း
Advertisement
လေ့ကျင့်ချင်လို့ "
" အော် ရတာပေါ့ ။ မင်းတစ်ယောက်တည်းဆို
တော့ လွတ်လပ်တာပေါ့ ။ အေးဆေးလုပ် ! "
" ဟုတ် အစ်ကို ကျေးဇူး !!! "
တစ်ယောက်တည်းဖြစ်သည်မို့ ရေကုန်ရေခန်း လွတ်
လပ်စွာ လေ့ကျင့်လို့ရသည် ဖြစ်သည် ။
သို့သော် မှန်းထားသလို ကောင်းကောင်း မလေ့ကျင့်နိုင် ။
" အာ .... နာလိုက်တာ ! "
တကယ်တော့ ထင်ထားသည်ထက် ခက်ခဲသည် ။
တစ်ကိုယ်လုံးနာကာ ကျောရိုးထဲမှ အောင့်တက်
လာသည်အထိ ကိုက်ခဲသည် ။
ပြင်းပြင်းထန်ထန် စလေ့ကျင့်ခါစမို့ ပိုဖြစ်သည်ပဲ
ထင်ရသည် ။
" ဂျီမင်း ခဏနားမလား ? "
နမ်ဂျွန်က က အားဖြည့်အချိုရည် တစ်ဘူးကို ကိုင်
လှုပ်ပြကာ ဂျီမင်း လက်ထဲကို ပေးလိုက်သည် ။
ဂျီမင်းက အချိုရည်ဘူးကို ယူလိုက်ကာ ခဏထိုင်
လိုက်သည် ။
ဂျီမင်းနဲ့ နမ်ဂျွန်က ဟိိုဟိုဒီဒီ စကားပြော ဖြစ်ကြ
သည် ။ ထိုချိန် နမ်ဂျွန့်ဆီကို ဖုန်းက ရုတ်တရက်
မြည်လာတာကြောင့် စကား လတ်စသတ် လိုက်
သည် ။
ဂျီမင်းက နမ်ဂျွန့်ဖုန်း Wallpaper ကို မြင်လိုက်ပေ
မယ့် အချိုရည်ကိုသာ သောက်နေလိုက်သည် ။
နမ်ဂျွန်က ဖုန်းပြောပြီးနောက် ဂျီမင်းဘေးမှာ လာ
ပြန်ထိုင်သည် ။
" ခုဏက ဖုန်းမှာ အစ်ကို ဟိုဆော့တို့ ဆုယူကြတဲ့
အချိန်က အုပ်စုလိုက်ရိုက်ထားတဲ့ပုံကို Wallpaper
တင်ထားတာပဲ "
" အော် အေးကွ ။ မြင်လိုက်တာလား ? "
" မတော်တဆပါ ။ "
" ရပါတယ် ဘာမှ မဖြစ်ပါဘူး "
" ဒါနဲ့ ဘာလို့လဲ ? "
" ဟင် ! ဘာကို ဘာလို့ရမှာလဲကွ ။ "
" အဲ့ပုံကို ထားထားတာလေ "
" အာ ... ဒီတိုင်းပဲ "
" ဒီတိုင်းပဲ ? တခြားပုံတွေထက် တန်ဖိုးထားလို့
Wallpaper တင်ထားတာမလား ? "
" အာ အဲ့ဒါက ... "
" အစ်ကို ! သူ့ပုံကို ထားချင်ပေမယ့် ကွက်ထားရင်
မကောင်းလို့ အကုန်လုံးပါတဲ့ ပုံကိုထားထားတာ
မလား ? "
နမ်ဂျွန်က နည်းနည်း မျက်လုံး ပြူးသွားသည် ။
" မင်း .... မင်းဘယ်လိုသိ .... ? "
" ကျွန်တော်လဲ အဲ့ပုံပဲ အဲ့လိုပဲ ထားထားတာလေ "
ဂျီမင်းက ဖုန်းကို ဖွင့်ကာထောင်ပြလိုက်တော့
နှစ်ယောက်သား ပွဲကျကာ ရယ်မိတော့သည် ။
" အာ ငါတော့ လူမိသွားတာပဲ ! "
တိုက်တိုက်ဆိုင်ဆိုင် ဒီလိုမျိုးအစ်ကိုနဲ့ မှ လာ
တွေ့နေမိသည် ။
" အစ်ကို ! အစ်ကို က ဘယ်သူတုန်း ပြောပါဦး ? "
" အာ ... မင်းကလည်း ... "
" မပြောဘူးပေါ့ ! "
" အင်း ... တကယ်က ကင်ဆော့ဂျင် ! "
နမ်ဂျွန်က မဝံ့မရဲနဲ့ ပြောလိုက်တော့ ဂျီမင်းက
အံ့သြသွားမိသည် ။
" အာ ... တကယ်ကြီး !!!! ဒါဆို အစ်ကိုက ဘာလို့
မလှုပ်ရှားတာလဲ ? "
" နေပါစေ သူ သိသွားတော့လည်း ဘာထူးမှာလဲ ? "
" ကျွန်တော်တော့ အဲ့လိုမတွေးဘူး ။ ထူးမှာ ထူး
လောက်တယ် ။ လူတစ်ယောက်က ကိုယ့်ကို ချစ်
တာပဲလေ ။ သူ့အတွက်တော့ ထူးခြားမှာပဲ ။ အနည်း
ဆုံးတော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
တုံ့ပြန်မှု တစ်ခုရမှာပဲ "
" အဲ့တာက ဆိုးရွားတဲ့တုံ့ပြန်မှု ဖြစ်လာမှာ ငါ
ကြောက်တယ် "
နမ်ဂျွန့် စကားကြောင့် ဂျီမင်းက ခဏ ငြိမ်သက်
သွားသည် ။
" အင်း ... ဒါကတော့ ကျွန်တော်လဲ ကြောက်တာ
ပေါ့ အစ်ကို ရယ် ။ ဒါပေမဲ့ ကြိတ်ပြီးမြိုသိပ်နေရင်
သူလဲ ဘယ်တော့မှ သိမှာမဟုတ်တော့ဘူးလေ ။
အစ်ကို ကြိုးစားကြည့်သင့်တယ် "
နမ်ဂျွန်က ဂျီမင်း ပြောတာကြောင့် ရီလိုက်သည် ။
" အဟက် ! မင်းက တက်ကြွနေတော့လည်း
အေးပါ ။ ဒါနဲ့မင်းကကျတော့ရော ? "
" မသိပါဘူး "
" သူများကျတော့ ပြောတယ် ။ မင်းကျတော့
မသိဘူးတဲ့လား ? "
" မသိဘူးဆိုတာ ဘာအခြေအနေမှန်းကို မသိတာ ။
လောလောဆယ် သူ ဂရုပြုမိလာအောင်တောင် ကြိုး
စားနေဆဲပဲ ။ ကဲ ကျွန်တော် ဆက်လေ့ကျင့်လိုက်ဦး
မယ် ။ အတန်းစရင်လည်း ဆက်တက်မယ်လေ ။
နောက်နာရီဝက်ဆို သင်တန်းသား တွေလာကြတော့မှာမလား ? "
ဂျီမင်းက ထိုင်နေရာကနေ ထပြီး နေရာပြန်ယူဖို့
လုပ်လိုက်သည် ။
" နေပါဦး မင်း ... မင်းက ဘယ်သူ့ကိုတုန်း ? "
" အအေးအတွက် ကျေးဇူးပဲ အစ်ကို "
နမ်ဂျွန် မေးသော အမေးကို ဂျီမင်းက မဖြေခဲ့ ။
အအေးဘူးကို မြှောက်ပြကာ ကျေးဇူးတင်ကြောင်း
ပြောပြီး ထွက်သွားသည် ။
" ဟာ ဒီကောင်လေး ! သူကျ မပြောသွားဘူး "
//
" ထယ်ယောင်း ! "
ထယ်ယောင်းက လွယ်အိတ်ထဲက ရေဘူးကို ထုတ်
နေတုန်း ဂျီမင်းက အနားကို သွားလိုက်သည် ။
" အင်း ဂျီမင်း ပြော ! "
" အတန်း မစသေးတော့ စကားပြောလို့ရလား "
" ရတယ်လေ ပြော ! "
ထယ်ယောင်းက လွယ်အိတ်ထဲကို ဖုန်းနဲ့ ဦးထုပ်ကို
ထည့်လျက် ဂျီမင်းကို ပြောလိုက်သည် ။
" မင်း ဂျောင်ကု အပေါ် ဘယ်လို သဘော ရှိတယ်
ဆိုတာ ... တာ ... "
ထယ်ယောင်းက ဂျီမင်းစကားကို အလန့်တကြား
တုံ့ပြန်သည် ။
" မင်းကို အစ်ကိုဟိုဆော့ ပြောတာလား ? "
" သူ့ကိုစိတ်မဆိုးပါနဲ့ ။ တကယ်က ငါနဲ့ အဖြစ်
တူနေလို့ ပြောပြတာပါ "
ထယ်ယောင်းက ထပ်ပြီးတော့ ကြောင်သွားမိ
ပြန်သည် ။
" ဘာပြောတာလဲ ? "
" မင်းရော သူ့အပေါ် အဲ့လို ခံစားမိတာပဲလား "
ထယ်ယောင်း က ဂျီမင်းပြောချင်တာကို သဘော
ပေါက်လိုက်သည် ။
" အင်း အဲ့ဒါ သေချာတယ် "
" အင်း ... ငါ့အတွက်ကတော့ မဖြစ်နိုင်ပါဘူး ။
သေချာနေလည်း ဘာမှဖြစ်လာမှာမှ မဟုတ်တာ ။
ဒီတိုင်း မြိုသိပ်လိုက်တာပေါ့ "
" ဘာလို့ အဲ့လိုတွေးရတာလဲ ? "
ဂျီမင်းက ထယ်ယောင်း ခံယူချက်ကို မကျေမနပ်
ဖြစ်နေသည် ။
" ဒီလို အချစ်က ဖြစ်နိုင်လို့လား ? သူ့ကိုချစ်နေတယ်
ဆိုပြီးတာပဲ "
" ချစ်နေရုံနဲ့ မပြီးဘူး ။ ချစ်တာကိုလည်း သူသိရ
မယ် ။ ချစ်နေရုံနဲ့ ကျေနပ်ရအောင် ငါတို့က သီလသမာဓိပြည့်ဝနေတဲ့သူလည်းမဟုတ်ဘူး "
" ဟမ် ? "
ဂျီမင်း စကားကြောင့် ထယ်ယောင်းက ကြောင်
တောင်ကြောင်သွားသည် ။
" ဂျီမင်း ... အဲ့တာ မင်းငါ့ကို ပြောရမှာ ဟုတ်လို့
လား ။ ငါရော မင်းရော သူ့ကို သဘောကျနေတာ
လေကွာ ... "
" အဲ့တာ ဘာဖြစ်လဲ ? လူတိုင်းမှာ လူတစ်ယောက်ကို
သဘောကျပိုင်ခွင့်ရှိတာပဲ ။ "
ထယ်ယောင်းက ခပ်ယဲ့ယဲ့ ရီလိုက်မိသည် ။
" ငါက လက်လျှော့ထားတာ ကြာပြီ ! သူ့မှာလည်း ....
သူ့လူ ... လူ ... "
" ငါဆို သူနဲ့ ရင်းနှီးအောင် ကြိုးစားနေတာ ။ မင်း
လည်း ကြိုးစားပေါ့ "
ဂျီမင်းက ဖြတ်ပြောလိုက်တာကြောင့် ထယ်ယောင်း
က ဆက်မပြောဖြစ်တော့ပေ ။
" အဲ့တာ မင်းက လုပ်နိုင်ပေမယ့် ငါ့အတွက်တော့
နောက်ဆုတ်ခဲ့တာကြာပြီကွ ။ မင်းပြောသလို ဖြစ်ဖို့
ကလည်း ငါအများကြီး ရဲဝံ့ရဦးမှာ "
ထယ်ယောင်း ပုံစံကြောင့် ဂျီမင်းက သက်ပြင်းချ
လိုက်သည် ။
" အစ်ကိုနမ်ဂျွန်လည်း မင်းအတိုင်းပဲ ။ ငါကတော့
ရှေ့ဆက်တိုးကြည့်ချင်တာ "
" အဲ့လိုလုပ်ရအောင် သူက ကြိုက်လား မကြိုက်
လား မသိနဲ့ ။ နေပါကွာ တော်ကြာ စိတ်ခုသွားရင် ? "
" မင်း သိပ်မတွေးနဲ့ အရမ်းတွေးရင် ရှုပ်တယ် ကိုယ့်
စိတ်ထဲရှိတာကိုသာ လုပ်ကြည့် အဆင်ပြေသွားလိမ့်
မယ် "
ဂျီမင်းက ထယ်ယောင်းကို တက်တက်ကြွကြွ နှစ်
သိမ့်ပေးနေပုံများ မသိရင် အောင်သွယ်တော်ကျလို့ရယ် ။
" အေးပါ ။ မင်းသာ ကြိုးစားနေဆဲကို ဆက်ကြိုး
စား ။ ငါက အရှိန်ယူရဦးမှာ ... "
ထယ်ယောင်းနဲ့ ရီမောကာ ပြောနေတုန်း ဂျောင်ကုက
အတန်းထဲကို ဝင်လာသည် ။
" ဟော ဟိုမှာ ... အချစ်တော်ကြီးလာပါပြီ ။ ဖိုက်
တင်း ထယ်ယောင်း ! "
ရေခဲတုံး ဂျောင်ကု ကို မျှဝေနေမိတဲ့ ဂျီမင်းက ဘယ်
လို စိတ်ကူးနဲ့လည်းဆိုတာ ထယ်ယောင်း ကိုယ်တိုင်
လည်း မသိ ။
" အင်း ဖိုက်တင်း ဂျီမင်း "
" ဂျီမင်းရှိ ! "
ရုတ်တရက် ဂျောင်ကုက ဂျီမင်းကို ခေါ်လိုက်သည် ။
" ခင်ဗျာ ? "
ဂျီမင်းက ထိုင်နေရာက ဆတ်ခနဲ ကောက်ထတာ
မြန်ချက်က အံ့သြလောက်သည် ။
" ဟိုဟာလေး တစ်ချက်လောက် ဖွင့်ပေးနိုင်
မလား ? "
အဲယားကွန်း ခလုတ်နဲ့နီးနေတာကြောင့် အဲကွန်းကို
လှမ်းဖွင့်ခိုင်းတာဖြစ်သည် ။
" အော် အဲ့တာလား ? "
တစ်ခုခုဆို ဘယ်ရယ်မသိ ထထရင်ခုန်နေတဲ့ ဒီနှလုံး
သားကြီးကိုလည်း တူနဲ့သာ ထုထားချင်ပါရဲ့ ။
//
အတန်းချိန်စတော့ ဂျီမင်းက အရင်နေ့ကထက် အာရုံ
ပိုစူးစိုက်ထားလိုက်သည် ။ ကြိုးစားထားတာကိုလည်း
သိသာစေချင်သည် ။
အတန်း အပြီးမှာတော့ တစ်ခုခုပြောခံလို ပြောခံရ
ငြား အတွေးနဲ့ ပိုကြိုးစားနေမိသည် ။
" ဂျီမင်းရှိ ! တကယ်ကြိုးစားနေတာပဲ ။ အများကြီး
တိုးတက်လာတယ် "
" ဟမ် ? "
ဂျောင်ကု တစ်ခုခုပြောလိုက်တိုင်း ပါးစပ်ဟောင်း
လေးလေးနဲ့ အံ့သြနေရတာလည်း မရိုးနိုင်အောင်
ပင် ။
ဟိုဆော့ နဲ့ ဂျီမင်းက မျက်လုံးချင်း ဆုံလျက် တစ်
ယောက်နဲ့ တစ်ယောက် ပြူးကြည့်နေကြသည် ။
သူဟာ ဘယ်သူ့ကိုမှ ပါးစပ်က ထုတ်မချီးကျူးဘူး
သူ ဖြစ်ကြောင်း ဟိုဆော့ တောင် ချီးကျူးမခံရဘူး
ကြောင်း မိမိ ကိုယ်တိုင်သိထားပြီးသားလည်း ဖြစ်
သည် ။ ဒါကြောင့် ဒီစကားကြားရတာ ပိုအံ့သြစရာ
ကောင်းနေသည် ။
" ဟုတ် ... ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
ဂျီမင်းက ပြောပြီးပြီးချင်းပဲ အိမ်သာ ကိုအမြန် ပြေးကာ အိမ်သာရှေ့မှာ ခုန်ပေါက်တော့သည် ။
" အား ... ဒါက အိပ်မက်လား တကယ်လား !!!! "
ဂျီမင်းက ကိုယ့်ပါးကို ဖြန်းခနဲ ချပါတော့သည် ။
" နာတယ်ဟ ! အိပ်မက်မဟုတ်ဘူး ။ အမေရေ !!!!!!
ဒီနေ့ တစ်ရက်လေးပဲ ပင်ပန်းရသေးတယ် ။ ပင်ပန်း
ရကျိုးနပ်လိုက်တာ ။ ချစ်လိုက်တာ ။ အသည်းတွေ
ယားလွန်းလို့ ကိုက်စားပစ်ချင်နေပြီ ။ ဂျောင် ...
ဂျောင် ... ဂျောင် "
အိမ်သာထဲမှ ဆော့ဂျင်က ရုတ်တရက် ထွက်လာ
ကာ -
" တစ် ဂျောင် ဂျောင် နဲ့ မင်းဘာဖြစ်နေတာလဲ ? "
ဆော့ဂျင်ကြောင့် ဂျီမင်းခမျာ လူမိတော့မလို ဖြစ်
သွားသည် ။
" အာ .. ဂျောင်ဟိုဆော့လေ အစ်ကို ဟိုဆော့ ! "
" ဘာဖြစ်လို့လဲ ? သူက ... "
ဂျီမင်းလည်း ပြောစရာ စကားလုံးက ရှာမတွေ့သည်
မို့ လျှောက်ပြောလိုက်တော့သည် ။
" ဂျောင် .. အယ် ... အစ်ကိုပေါ့ သူ အီးပါချင်တယ်
ဆိုလို့ ခုထွက်သွားပြီ ထွက်သွားပြီ "
" ဟင် ! အီးထွက်သွားတာလား !!!!? "
ဆော့ဂျင်ကလည်း အလန့်တကြား ထအော်သည် ။
" မဟုတ်ပါဘူး မပါတော့ဘူး ဆိုပြီး ပြန်ထွက်
သွားတာ ... "
" ဟင် ! အီးပါချင်နေတာကို ? ဟာ ဒါအရေးကြီးတာ
ပဲ ။ ကျန်းမာရေးကိစ္စနော် ။ ခေါ်ရမယ် ။ ပြန်ခေါ်
လိုက်လေ !!! "
ဆော့ဂျင်က တစ်ခါနဲ့ မပြီး အရစ်ရှည်ကာ အီး
ပြဿနာ အရှုပ်တော်ပုံထဲ ဆွဲထည့်သည် ။
" ရတယ် ဖင်ထဲပြန်ဝင်သွားပြီတဲ့ ရတယ် ... "
ဂျီမင်းလည်း မြန်မြန် ဖြစ်ချင်ရာဖြစ် ပြောပြီး
ထွက်လာခဲ့လိုက်သည် ။
" အစ်ကို ဟိုဆော့ရေ ဆောရီးပါ ! "
သန့်စင်ခန်းထဲ ကျန်ခဲ့တဲ့ ဆော့ဂျင်ကတော့
မအူမလည်နဲ့ ကြောင်ကျန်ခဲ့သည် ။
" ဘယ်လို ပြန်ဝင်သွားတာလဲ ? "
ဂျီမင်းက မျက်နှာပြဖို့လည်း မဝံ့မရဲ ။ အရှက်က
တော့ ကွဲပြီးရင်းကွဲ ။ ကွဲရအောင် ကွဲစရာ အရှက်
ကလည်း မကျန်တော့ ။ ဂျွန်ဂျောင်ကု ကိုချစ်မိ
သော အကျိုးဆက်တွေပါပဲ ။
ရအောင် လုပ်ဖို့ပါပဲ ။
" ဂလု ! ငါ ဆွဲကိုက်လိုက်ရ ! "
" ကဲကဲ စမယ်နော် ! "
သြလေး ။
ထထကကာ နောက်တတ်သည် ။ မသိရင်လည်း ထပ်
ပြောပြတတ်သည် ။
ဖြစ်နေသည် ။
ဘာလေးလည်း သောက်ဦး "
" ဂျီမင်းရှိ ! "
" ဟမ် ! "
" ဟမ် ! "
" နည်းနည်းလွဲနေတယ် "
လွဲနေလို့တဲ့လေ ။
" တကယ် ... တကယ် ... တကယ်လား ? "
Advertisement
- In Serial11 Chapters
Let’s Finish What We Started!
She possessed the body of a side character who was suffering because of her toxic fiancée.
8 301 - In Serial15 Chapters
I'm Not Going To Let You Capture Me!
A boy is seduced by the posters for a game and ends up buying it on impulse. Turns out the game was called 'Love Love Medieval Magic Fantasy', what's more, the cute heroine he saw was actually a guy! He ends up playing it, but the heroine is a whiny idiot, the main love interest has a terrible personality and the 'villain' character is unfairly persecuted. What the hell? He goes to sleep and wakes up as the main love interest, Jin. This is his journey.
8 597 - In Serial6 Chapters
Behind the Mask
Alison is invited to her best friend's masquerade ball birthday party little does she know she'll peek the interest of two guys at the party Zack and Noah From there the choice is yours I want you the readers to choose what'll happen, every few chapters I'll leave a poll and you guys can choose what happen next and what happens as Alison tries to discover who these guys are.. behind the mask
8 109 - In Serial24 Chapters
The Unwanted Mate
"I expect you to bow in front of your Alpha.""You are not my Alpha.""You will show me respect!""Fuck you."He grabs my arm, and drags me inside. The other guard is waiting in the doorway."Leave us now!"He bows and leaves the room. He lets me go, and pushes me onto the couch. He pins me down, and is nose to nose with me. "You listen to me very carefully. Just because I recognize you as my mate, does not mean you get to order me around. There is only one woman I fuck, and it is not you.""Your mistress. I get it.""Are you mad little mate? Did you think it would be a fairy tale ending? We'd fall in love and have lots of little babies running around?""If you don't want me, just reject me so I can find a new mate.""You belong to me, and will do as I say.""Why?""I still need an heir little mate. Only my mate can provide that.""Never will I procreate with you.""Oh...you will. You'll beg me to. But not until I say so.""Go to hell.""Oh sweetheart...I'm already there."*Arianna just wanted to fullfill her dream of becoming a doctor, that was until, she found out the visiting lecturer turned out to be her mate. Not just any mate, the Alpha of the Blue Moon Pack. There's only one problem...he doesn't want a mate. Or does he? *
8 121 - In Serial39 Chapters
Forbidden Love (Book One)
"Are you mine?" I asked."I don't know." She replied.Without thinking I pushed her back against the bed and spread her legs apart as I fit myself between her. I captured her surprised mouth in mine as I kissed her with every breath I possessed. I wanted her to belong to me. My hands slowly massaged their way up her legs as I increased the intensity of the kiss. I heard her moan into my mouth and her back arched a bit off the bed as I slipped my fingers inside her already soaking folds."Tell me what I want to hear Roni."THIS IS A GIRL ON GIRL BOOK, SO PLEASE BE ADVISED.
8 123 - In Serial15 Chapters
Stay With Me (VegasPete)
Another VegasPete Fanfic
8 154