《Dancing On Your Heartbeat • Kookmin || Completed ||》- 16 -
Advertisement
အချိန်က ည ရှစ်နာရီ ကျော်ကျော် ။
" ပတ်ဂျီမင်း ... မင်း အလုပ်မဆင်းသေးဘူးလား ? "
အတူ အလုပ်လုပ်နေသော သူငယ်ချင်းမှ မေးလာသည် ။
" အေး ဆင်းဖို့ လုပ်နေတာ ! "
" မင်း ကြည့်ရတာ အမြဲ တစ်ခုခုကို တွေးနေသလိုပဲ ။
ဘာတွေ စိတ်ရှုပ်စရာရှိတာလဲ ? "
ဘေးလူတောင် ရိပ်မိသည်အထိ ဂျီမင်း ငူငိုင်နေမိ
တာ ဖြစ်သည် ။
" အာ ... အဲ့လို မဟုတ်ပါဘူး ။ မင်း ပြန်တော့လေ "
" အေးပါ ! ငါသွားပြီနော် ! "
နှုတ်ဆက်ပြီးနောက် ဂျီမင်းလဲ အလုပ်ဆင်းဖို့ ပြင်
ဆင်လိုက်သည် ။
" ဂျီမင်းရှိ ! "
ဂျီမင်းက ခေါ်သံကြောင့် အနောက်ကို ဆတ်ခနဲလှည့်
ကြည့်ပေမယ့်လည်း ဘယ်သူမှမရှိ ။
" အာ ... တကယ် ငါရူးနေပြီပဲ ။ သူ့အသံကိုတောင်
ကြားယောင်နေမိတာ ။ မဖြစ်တော့ဘူးပဲ ... "
အမြန် ဘေးက လွယ်အိတ်ကို ဆွဲကာ ဆိုင်ထဲက
ထွက်လာခဲ့လိုက်သည် ။
//
ဟိုဆော့က တံခါးပွင့်သံ ကြားတာမို့ ထွက်ကြည့်
လိုက်တော့ ဂျီမင်း ပြန်ရောက်လာခြင်း ဖြစ်သည် ။
" အာ ... ဂျီမင်း ! မင်း ဒီနေ့နောက်ကျတယ်နော် ။
ငါတောင် ခု ဖုန်းဆက်တော့မလို့ "
" အော် အင်း ! "
ထုံးစံအတိုင်း ဂျီမင်း ပုံစံအရဆို စိတ်ညစ်နေတဲ့ ပုံဆို
တာ သိသာသည် ။
" မင်း နေကောင်းတယ်မလား ? "
" အင်း "
" မြန်မြန် ခြေလက်ဆေးတော့ ! "
" အင်း "
ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ဝင်လိုက်သည် ။
ရေချိုးခန်း မှန်ကို ကြည့်လိုက်တော့ မျက်နှာက
အတော်လေး ချောင်သွားတာ သတိထားမိသည် ။
" ဒီကြားထဲ ငါဘယ်လောက်တောင် စိတ်ဖိစီးနေခဲ့
တာလဲ ? "
ဆိုးလ်ကို စစရောက်တုန်းက ပါးဖောင်းဖောင်းတွေ
တောင် မရှိတော့ဘူး ။
ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတော့ ဟိုဆော့
က နားကြပ်နဲ့ Laptop တစ်လုံး နဲ့ အလုပ်ရှုပ်နေသည် ။
" ဂျီမင်း ... အိပ်တော့မလား ? "
" ဟင့်အင်း ! "
" ငါ အလုပ်လေး နည်းနည်း လုပ်လိုက်ဦးမယ် "
" ရတယ် လုပ်လုပ် အစ်ကို ! "
ဂျီမင်းက အိပ်လို့လည်း မပျော်သေးတာရယ် တစ်
ခြားထွေထွေထူးထူး မရှိတာရယ်နဲ့ ဖုန်းကိုယူကာ
သီချင်း နားထောင်နေလိုက်သည် ။
အနည်းဆုံးတော့ အာရုံထဲကနေ ဂျောင်ကု ခဏ
ဖြစ်ဖြစ် ပျောက်ကွယ်သွားအောင် ဖြစ်သည် ။
အဲ့လိုနဲ့ မျက်လုံးက စဥ်းလာကာ ပင်ပန်းသည့် ဒဏ်နဲ့
မို့ ဆိုဖာခုံမှာ ထိုင်ရင်း အိပ်လို့ပျော်ခဲ့သည် ။ ဒီတစ်
ညလည်း ဒီလိုနည်းနဲ့ အိပ်ပျော်အောင် ဖြတ်သန်းခဲ့
သည် ။
အရင်ကဆို တက်တက်ကြွကြွ ရှိတတ်တဲ့ ကောင်
လေးဟာ ဟိုနားမှိုင် ဒီနားမှိုင်ခွေပြီး အိပ်ပျော်သွား
တာကို ဟိုဆော့က အဝေးက ကြည့်ရင်း သက်ပြင်း
သာ ချလိုက်မိသည် ။
//
ချိုးချိုးချွတ်ချွတ် အသံကြားတာကြောင့် နိုးလာ
သော ဟိုဆော့ မှာ ရှုံ့မဲ့နေသော မျက်နှာထားနဲ့ ဂျီ
မင်း ကို လှမ်းကြည့်သည် ။
" မင်း ထပ်ပြီး သူနဲ့ စောစောစီးစီး ချိန်းထားပြန်ပြီလား ? "
" ဟာ ဘယ်က ချိန်းရမှာ ? ကိုယ့်ဘာသာ စောစော
နိုးနေလို့ "
" စောစောနိုးနေလို့ ဂျောင်ကုကို သွားစောင့်နေ
မယ်ပေါ့ ? "
" မဟုတ်ပါဘူး ။ တစ်ယောက်တည်း လမ်းလျှောက်
မလို့ လိုက်မလို့လား ? "
ဟိုဆော့က ဂျီမင်းကို ပျင်းရိရိနဲ့ တစ်ဝါးဝါးသန်းပြ
နေပုံက မလိုက်ချင်ကြောင်း တပ်အပ်ပြောနေသည် ။
" ကဲ တော်ပါ အစ်ကိုရယ် သန်းပြမနေနဲ့ ကိုယ့်ဘာ
သာ သွားမယ် "
ဂျီမင်းက ပြောပြောဆိုဆိုနဲ့သာ ထွက်လာခဲ့ရသည် ။
စောစောနိုးလာတာရယ် စိတ်က လွင့်နေတာရယ်
ကြောင့် လမ်းလျှောက်ဖို့ လာပေမယ့် ခြေလှမ်းတွေ
က ဦးတည်ရာမရှိ ။
ဘယ်ကို ရောက်ရောက်ဆိုပြီး လျှောက်လာတဲ့ ခြေ
လှမ်းတွေက ချန်ဖြောင်လမ်းကိုပဲ ရောက်လာနေခဲ့
သည် ။
" အာ ... ထပ်ပြီး ဒီနေရာကို ရောက်လာတာပဲ "
ဂျောင်ကုနဲ့သာ တူတူ လမ်းလျှောက်ကြဖို့ မထင်မှတ်
ပဲဆုံဖြစ်မယ် ဆိုရင် ကောင်းမည် ထင်သည် ။
" ထပ်ပြီး ငါ စိတ်ကူးတွေ ယဉ်နေပြန်ပါပြီလေ "
" ဂျီမင်းရှိ !!? "
ခပ်ဝေးဝေးတစ်နေရာက အသံကြောင့် ဂျီမင်းက
ခြေလှမ်းတွေ တုံ့ဆိုင်းသွားမိသည် ။ သို့သော် ထပ်
ပြီး အယောင်ယောင်အမှားမှားနဲ့ နားကြားမှားတာလို့
ပဲ ထင်မိသည် ။
" ဂျီမင်းရှိ ? "
ဂျီမင်းရဲ့ ပုခုံးကို ထိခတ်လာသော လက်တစ်စုံ
ကြောင့် ဂျီမင်းက လှည့်ကြည့်လိုက်မိသည် ။
" ဂျောင်ကု ? "
ဂျီမင်းက ဂျောင်ကုကို မြင်မြင်ချင်း ကြောင်နေမိ
သည် ။ တကယ်ကြီး သူ ဖြစ်နေတာကို ပို၍ အံ့သြ
သည် ။ နားကြားမှားတာရော စိတ်စွဲနေတာရော သူ့
ကို တမ်းတနေလို့ရောတစ်ခုမှမဟုတ်ဘဲ အလိုလို
သူဘေးနား ရောက်လာသည်က ထူးဆန်းမိသည် ။
" ဘာလို့ ဒီကို ရောက်နေတာလဲ ? ကျွန်တော့်ကို
စောင့်နေတာလား ? "
Advertisement
အနည်းဆုံးတော့ ဂျောင်ကုကြောင့် ဒီရောက်နေတာ
ဆိုတာမျိုး မထင်စေချင်ဘူး ဖြစ်သည် ။
" မဟုတ်ဘူး ! ဒီနေ့စောစောနိုးနေတာနဲ့ ခြေဦး
တည့်ရာလာရင်း ဒီရောက်လာတာ "
" အော် ! ဒါဆို တိုက်ဆိုင်တာပဲ ! "
" အာ ဟုတ်လား ? "
ဘယ်လိုပဲပြောပြော ဂျီမင်း က ဒီကို ခြေဦးတည့်ရာ
ရောက်လာတာ မဟုတ်တာတော့ ဂျောင်ကု သိသည် ။
" မထူးပါဘူး ဆုံလက်စနဲ့ ကျွန်တော်တို့ တစ်နေရာမှာ
ထိုင်ကြရအောင် ကော်ဖီ ဝယ်တိုက်ပါ့မယ် "
" အာ ... အဲ့လို လုပ်ကြမလား ? "
ဘယ်လိုပဲ ခပ်ဝေးဝေးနေမယ်လို့ ဆုံးဖြတ်ထား
လည်း ဂျောင်ကုနဲ့ တွေ့ရင် မသိစိတ်ကိုက ပြောင်း
လဲသွားတာ ကိုယ်တိုင်လည်း မထိန်းချုပ်နိုင် ဖြစ်
နေသည် ။
ဂျောင်ကု ဟိုကြည့်ဒီကြည့်နဲ့ ရှေ့မလှမ်းမကမ်းက
တွေ့တဲ့ ခုံတန်းလေးဆီသို့ လက်ညိုးထိုးပြသည် ။
" အဲ့ဒီမှာ ထိုင်စောင့်နေ ။ ကျွန်တော် ကော်ဖီ သွား
ဝယ်လာခဲ့မယ် "
ပြောရင်း လှည့်ထွက်သွားတဲ့ ဂျောင်ကု ကျောပြင်
ဟာ ဂျီမင်း အဖို့တော့ ထာဝရ မပိုင်ဆိုင်ရတော့မယ့်
အရာလိုမျိုး ဝမ်းနည်းဖို့ ကောင်းနေသည် ။
ဂျောင်ကုက ကော်ဖီသွားဝယ်ရင်း ဂျီမင်းက ခုံတန်း
မှာ ထိုင်နေတာကို အဝေးက လှမ်းမြင်နေရသည် ။
မနက်စောစော အေးနေတာကြောင့် ဂျီမင်းရဲ့ နှုတ်
ခမ်းတို့မှာ ရဲနီနေကာ ချစ်စရာကောင်းလှသည် ။
ဒါ့အပြင် Hoodieလေးကို မျက်စိ ဖုံးအောင်ထိ စွပ်
ထားသော ခုံတန်မှာ ထိုင်လျက် ခြေထောက်ကို
ရှေ့နောက်လွှဲနေပုံက အတော်ကို ချစ်စရာကောင်း
နေသည် ။
" ဘာလဲဟ ? ဒီလောက်ထိ ချစ်စရာကောင်းဖို့
လိုလို့လား ? "
" အစ်ကို ကော်ဖီ နှစ်ခွက် ရပါပြီ !! "
အရောင်းဝန်ထမ်းကောင်မလေးက ကော်ဖီ ပေး
လာမှ ဂျောင်ကုက ဂျီမင်းဆီက အကြည့်လွှဲမိ
လိုက်သည် ။
ဂျီမင်းက ဂျောင်ကုက ပြန်လာနေသည်မို့ မျက်နှာကို
တစ်နေရာဆီ အကြည့်လွှဲထားလိုက်သည် ။ ဒါကို
လည်း မျက်စိလျင်သည့် ဂျောင်ကုက မြင်လိုက်
သည် ။
" ဂျီမင်းရှိ ! ဒီမှာ ရပြီ "
ဂျီမင်းက ကမ်းပေးသော ကော်ဖီခွက်ကို ယူလိုက်သည် ။
" ဟုတ် ! "
" ဒီနေ့ အေးတယ်နော် ! "
" အာ အင်း ! "
နှစ်ယောက်သား ပြောစရာစကားတို့ ပျောက်ကာ
ငြိမ်သွားခဲ့သည် ။ သေချာသည်ကတော့ ဂျီမင်းက
စပြီး စကား စပြောမည် မဟုတ် ။
" ဂျီမင်းရှိ ! "
" ဟုတ် ! "
" သန်ဘက်ခါ ကျွန်တော့် မွေးနေ့သိလား ? "
" တကယ် ? "
ဂျီမင်းက ကော်ဖီသောက်နေရာက မျက်လုံးတို့
အရောင်ဝင်းလက်လာကာ ဂျောင်ကုကို လှည့်
ကြည့်လိုက်သည် ။
" တကယ်ပေါ့ အဲ့ဒါ ပါတီ အသေးစားလေး အပျော်
လုပ်ကြမှာမို့ လာမယ်မလား ? "
" သန်ဘက်ခါ ??? အာ ... ကျွန်တော် အလုပ်ရှိနေတာပဲ ! "
ဂျီမင်းက အလုပ်ရှိတာ သတိရသွားပြီး ခေါင်းကို ပြန်
ငုံ့လိုက်သည် ။
" မလာတော့ဘူးလား ? "
အပြီးပြတ် ငြင်းလိုက်ရမှာပေမယ့်လည်း မငြင်းဖြစ်
ခဲ့ပါ ။
" ကျွန်တော် လာနိုင်အောင်တော့ ကြိုးစားပါ့မယ် ! "
" ဆက်ဆက်လာခဲ့နော် စောင့်နေမှာမို့ ။ နောက်ကလည်း စောင့်နေမယ် "
" သိပါပြီ ! "
လာစေချင်တဲ့ အကြည့်တွေကို မြင်နေရတာမို့ ဂျီမင်း
က အရာအားလုံး ပစ်ချခဲ့ချင်သည် ။ သို့သော်လည်း
နောက်ဆုံးကျ မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့
ခံစားရမှာက ကိုယ်တိုင်ပဲ ဖြစ်မှာကို သိနေသည် ။
" သွားရအောင် ! "
" အင်း ! "
တကယ်တမ်းကျတော့ နေရခက်နေပေမယ့် အချိန်
ကြာလာလေ ဂျောင်ကုနဲ့ အတူ ရှိနေရတာ သက်တောင့်
သက်သာဖြစ်လာသည် ။ ခြေလှမ်းတွေကလည်း ပို
တက်ကြွလာပြီး အပြုံးတွေကလည်း ပိုမိုအသက်ဝင်
လာသည် ။ တိမ်ဝင်နေတဲ့ စကားသံတွေကလည်း ပို
ထွက်လာခဲ့သည် ။
ဒီလို အချိန်တွေကို ရပ်တန့်လို့ရရင် ရပ်တန့်ထားချင်
မိသည် ။ လမ်းလျှောက်လိုက်တိုင်း ဂျောင်ကုရဲ့ ရှေ့
ဆံပင်လေး လွှင့်သွားတာကို ကြည့်မိတိုင်း မြတ်နိုးမိသည် ။
ဂျီမင်းက ဒီလို အတူတူရှိနေရတဲ့ အချိန်ကို
သဘောကျကာ ခပ်တိုးတိုး ပြုံးလိုက်သည် ။
" ဘာရီနေတာလဲ ? "
" အာ ... မဟုတ်ပါဘူး "
ဂျီမင်း ရဲ့ မျက်နှာမှာ အတော်ကြာကြာမှ ဒီလို အပြုံး
တွေ နေရာယူလာတာလည်း ဖြစ်သည် ။
စကားတွေ ပြောနေရင်း ရုတ်တရက် အင်္ကျီဆိုင်လေး
တစ်ဆိုင်ရှေ့မှာ ရပ်ကျန်နေခဲ့သော ဂျောင်ကုကြောင့်
ဂျီမင်းက ရှေ့ကရောက်နှင့်နေသည် ။ ဂျီမင်း လှည့်
ကြည့်လိုက်တော့ ဂျောင်ကုက တစ်ခုခုကို စိတ်ဝင်
တစားကြည့်နေသည် ။
" ဂျောင်ကု ... ဘာကြည့်နေတာလဲ ? "
" ဘာမှမဟုတ်ပါဘူး သွားကြမယ် ! "
ဂျောင်ကုက ရီလျက် ပြောရင်း ဂျီမင်းကို ကျော်ကာ အရှေ့က ထွက်သွားနှင့်သည် ။ ခုဏက ဂျောင်ကု ကြည့် နေတဲ့နေရာကို ဂျီမင်း ပြန်သွားကြည့်လိုက်
တော့ မိုးပြာရောင် Jean Coat လေး ချိတ်ထားတာ
ကို တွေ့လိုက်ရသည် ။
" မဟုတ်မှ ... ဒီ Jean Coat လေးကို သူကြည့်နေခဲ့
Advertisement
တာလား ? "
ဂျောင်ကုကို လှမ်းကြည့်လိုက်တော့ ရှေ့တော်
တော်ကိုရောက်နှင့်နေပြီ ။
" ဂျောင်ကု ခဏစောင့်ဦးလေ မြန်လိုက်တာ ! "
" ဟားဟား ဂျီမင်းက နှေးတာကို ! "
" ဂျောင်ကု က မြန်နေတာကို "
နှစ်ယောက်သား တူတူ ရီလိုက်ကြသည် ။
" အော် ဒါနဲ့ မနက်ဖြန်ကျ ကျွန်တော် လမ်းထလျှောက်
ဖြစ်မှာ မဟုတ်ဘူး ။ ဒီနေ့ည ညဉ့်နက်တဲ့အထိ
အလုပ်တစ်ခုရှိလို့ မနက် နိုးနိုင်မယ် မထင်ဘူး ။
တော်ကြာ ဂျီမင်း တစ်ယောက်တည်း စောင့်နေရ
မှာစိုးလို့ "
" ကျွန်တော်က စောင့်ပါမယ်လို့ ပြောလို့လားနော် "
ဂျီမင်းကလည်း ဂျောင်ကုကို ခပ်ကြောကြောလေး
ပြန်ပြောလိုက်သည် ။
" အာ ဟုတ်သားပဲ ။ ကျွန်တော်ကိုက ပြောပြချင်လို့ကို "
ဂျောင်ကုကလည်း အတည်ပေါက်နဲ့ ဂျီမင်းကို
ပြန်စနေသည် ။ ဂျီမင်းက ဂျောင်ကု ပြန်ပြောတဲ့
စကားကြောင့် ရီလိုက်သည် ။
" အဲ့လိုဆိုလည်း ပြီးတာပါပဲ "
ဂျီမင်းက မျက်နှာကို ခပ်ချေချေလေး ပြောလိုက်
တော့ ဂျောင်ကုက အသံထွက်လျက် ရီမိတော့သည် ။
ဂျီမင်းလည်း ဂျောင်ကုကို ကြည့်ပြီး လိုက်ရီမိသည် ။
ဂျောင်ကုရယ် ။ ငါလေ အချိန်တွေသာ ရပ်တန့်ပစ်
ချင်ပါရဲ့။ ဘယ်သူမှ မပါဘဲ နှစ်ယောက်တည်းသာရှိ
ရင် အားလုံး အဆင်ပြေနေတာကို ။
ဒီလိုမျိုး ပြုံးရီနေတာကို အချိန်တိုင်း မြင်ရမည်ဆို
ရင်လည်း ဂျီမင်းအတွက်ကတော့ နိဗ္ဗာန် ဖြစ်သည်မို့ ။
//
လေချွန်သံလေး တဝီဝီနဲ့ ပြန်လာသော ဂျီမင်း ကို
ဘဝင်မကျဖြစ်နေသူက ဟိုဆော့ ဖြစ်သည်
" လာပါဦး တစ်နေကုန် ဘယ်သွားနေလို့ ခုမှပြန်လာ
တာလဲ ? "
" ဘယ်သွားရမှာလဲ ? နာရီလဲကြည့်ဦးလေ ညရောက်
နေပြီ ! ကျွန်တော့် အလုပ်က ပြန်လာတာပေါ့ ! "
" အဲ့ဒါတော့ ငါသိတယ်လေ တစ်နေ့လုံး ပျောက်
ချက်သားကောင်းနေတာလေ ဘယ်တွေ သွားနေ
တာလဲ လို့ပြောတာ "
" အော် မနက်က အစောကြီးထတယ်လေ ။ လမ်း
လျှောက်တယ်လေ ။ ကော်ဖီသောက်တယ် ။ နေ့ခင်း
အိမ်ပြန်လာတော့ အစ်ကိုက အပြင်ရောက်နေတယ်
လေ ။ ညနေကျတော့ အလုပ်သွားတယ်လေ ! ကဲ
ဘာသိချင်သေးတုန်း ! "
ဂျီမင်းက လက်ချိုးရေရင်း ဟိုဆော့ကို တစ်ခုချင်း
ပြောပြနေသည် ။
" တော်ပါပြီ ရပြီ ။ မသိပါဘူး မင်း ဘဲနဲ့များ Date
နေလားလို့ "
" ဘယ်ကဘဲလဲ ? ဘဲမဟုတ်ပါဘူး ဟီးဟီး "
ဂျီမင်းက ခေါင်းကို ကုတ်ပြီး ရှက်နေတာကြောင့် ဟို
ဆော့က ထူးဆန်းနေတာ သိလိုက်သည် ။
" အမယ် ပြောပုံကိုက ဘာလဲ မင်းက ! "
" ဘာမှ မဟုတ်ပါဘူး ။ ခုတော့ ကိုယ်လက်သန့်စင်
လိုက်ဦးမယ် ။ ပြီးရင် အိပ်တော့မယ်နော် ဟိဟိ "
" မဟုတ်သေးပါဘူး ဒီကောင် ဘာဖြစ်လာပါလိမ့် ?
Mood အတက်အကျကလည်း မြန်လိုက်တာ "
လေတစ်ချွန်ချွန်နဲ့ ရေချိုးခန်းထဲ ဝင်သွားသော ဂျီ
မင်း ကို ဟိုဆော့က ကြောင်ကြည့်ရင်းသာ ကျန်ခဲ့
သည် ။
//
ဂျီမင်းက ဒီနေ့လည်း မနက်စောစောနိုးနေကာ မျက်
နှာကလည်း ပြုံးရွှင်လို့ သီချင်းတအေးအေးနဲ့ ဖြစ်
နေသည် ။ ဟိုနေ့က မနက်ဘက် ပြန်လာတုန်းက
မျက်နှာက တစ်မျိုး ညဘက်ပြန်လာတော့ တစ်မျိုး
ဖြစ်နေတဲ့ ဂျီမင်းကို အဆင်မှပြေနေရဲ့လားလို့ ဟို
ဆော့က လိုက်ကြည့်ရင်း တွေးနေမိသည် ။
ခေါင်းဖြီးကာ အပြင်သွားဖို့ ပြင်ဆင်နေသော ဂျီမင်း
ကို ဟိုဆော့က မေးလိုက်သည် ။
" ဒါက ထပ်ပြီးဘယ်တုန်း ? "
" သွားစရာရှိလို့ ! "
" ဘယ်ကိုတုန်းလို့ ? "
ဟိုဆော့ကို ဂျီမင်းက မျက်စောင်းထိုးပြီး ကြည့်
လိုက်သည် ။
" ဝယ်စရာပစ္စည်းလေးရှိလို့ ! "
" ဘာဝယ်မလို့လဲ ? "
" အာ ... အစ်ကို ဘာဖြစ်နေတာလဲ ? "
ခရေစေ့တွင်းကျ လိုက်မေးနေသာ ဟိုဆော့ကို
ဂျီမင်းက ပြန်ငေါက်လိုက်သေးသည် ။
" ဘာမှ မဖြစ်ဘူး ။ မင်းက ထူးဆန်းနေလို့လေ "
" ဘာကိုလဲ ? "
" အခုပဲ မျက်နှာမကောင်း ။ အခုပဲ ပြုံးရွှင် ။ မင်းကို
ကြည့်ရတာ အမျိုးမျိုးဖြစ်နေလို့ "
" အော် လူပါဆို ။ အမျိုးမျိုးဖြစ်မှာပေါ့ "
" အခု ဘာသွားဝယ်မလဲတော့ ပြောသွား "
" အာ ... အဲ့တာက ... "
" အမယ် မင်းက ငါ့ကိုတောင် လျှို့ဝှက်နေတယ် ?! "
" မဟုတ်ပါဘူး ။ အမှန်က ဂျောင်ကု မွေးနေ့ရှိတယ်
လေ ။ အဲ့ဒါ မွေးနေ့လက်ဆောင် ... ဆောင် ... "
" အော် ! သူက မင်းကို ဖိတ်ထားလား ? "
ဂျီမင်းက မျက်လုံးများ ပိတ်သွားသည် အထိ ပြုံးပြ
ကာ ခေါင်းကို ဆတ်ဆတ်ညိတ်လိုက်သည် ။
" သောက်ကောင်လေး !! ဒါကြောင့်ကို ငါသိပြီ ... "
" ကဲ ကျွန်တော် သွားပြီ ! "
" အေး သတိထားသွား "
မွေးနေ့ကို မသွားပါနဲ့လို့ ပြောချင်ပေမယ့် ဟိုဆော့က
ပြောမထွက်ခဲ့ ။ အခုသာ ပျော်နေပေမယ့် မွေးနေ့မှာ
ဆဲအင်း ရောက်လာရင် ဂျီမင်း နာကျင်ရဦးမည် မလား ။
ဂျိမင်း ဆိုသည်မှာ ဂျောင်ကု ဆိုတဲ့ လူသားအတွက်
ဝဠ်ကြွေး ပေးဆပ်ဖို့ ပါလာတယ် ဆိုရမည် ။ ဂျောင်
ကုက နည်းနည်းလေး ပြန်ပျော့လိုက်ရင် ဂျီမင်းက
ပြန်ပါသွားတာချည်း ဖြစ်နေသည် ။
ငါတော့ နောက်ဆုံးဇာတ်သိမ်းဟာ ဘယ်လိုဖြစ်မလဲ
ဆိုတာ သိချင်မိပါရဲ့ ပတ်ဂျီမင်း ရယ် ။ အဲ့ဇာတ်သိမ်း
ဟာ မင်းနာကျင်ရတဲ့ အဆုံးသတ်မဖြစ်ဖို့ မျှော်လင့်
ပါတယ် ။
" အေး ဆင်းဖို့ လုပ်နေတာ ! "
တာ ဖြစ်သည် ။
" အာ ... အဲ့လို မဟုတ်ပါဘူး ။ မင်း ပြန်တော့လေ "
" အေးပါ ! ငါသွားပြီနော် ! "
ဆင်လိုက်သည် ။
" ဂျီမင်းရှိ ! "
" အာ ... တကယ် ငါရူးနေပြီပဲ ။ သူ့အသံကိုတောင်
ကြားယောင်နေမိတာ ။ မဖြစ်တော့ဘူးပဲ ... "
ထွက်လာခဲ့လိုက်သည် ။
//
" အော် အင်း ! "
တာ သိသာသည် ။
" မင်း နေကောင်းတယ်မလား ? "
" အင်း "
" အင်း "
တာလဲ ? "
တောင် မရှိတော့ဘူး ။
" ဂျီမင်း ... အိပ်တော့မလား ? "
" ဟင့်အင်း ! "
" ရတယ် လုပ်လုပ် အစ်ကို ! "
သည် ။
သာ ချလိုက်မိသည် ။
//
နိုးနေလို့ "
မယ်ပေါ့ ? "
မလို့ လိုက်မလို့လား ? "
သာ သွားမယ် "
က ဦးတည်ရာမရှိ ။
သည် ။
" ဂျီမင်းရှိ !!? "
ပဲ ထင်မိသည် ။
" ဂျီမင်းရှိ ? "
" ဂျောင်ကု ? "
စောင့်နေတာလား ? "
" အာ ဟုတ်လား ? "
" အာ ... အဲ့လို လုပ်ကြမလား ? "
နေသည် ။
ဝယ်လာခဲ့မယ် "
နေသည် ။
လိုလို့လား ? "
လိုက်သည် ။
သည် ။
" ဂျီမင်းရှိ ! ဒီမှာ ရပြီ "
" ဟုတ် ! "
" ဒီနေ့ အေးတယ်နော် ! "
" အာ အင်း ! "
" ဂျီမင်းရှိ ! "
" ဟုတ် ! "
" တကယ် ? "
ကြည့်လိုက်သည် ။
ငုံ့လိုက်သည် ။
" မလာတော့ဘူးလား ? "
ခဲ့ပါ ။
" သိပါပြီ ! "
" သွားရအောင် ! "
" အင်း ! "
သက်သာဖြစ်လာသည် ။ ခြေလှမ်းတွေကလည်း ပို
ထွက်လာခဲ့သည် ။
" ဘာရီနေတာလဲ ? "
" အာ ... မဟုတ်ပါဘူး "
Advertisement
- In Serial69 Chapters
Destined for Revenge
What will you do when your own prince charming becomes the villain?Your only love becomes your tormentor?As for Aveliene it was a nightmare come true.Aveliene Lawrence:"I never imagined that my fantasy will turn out to be my worst nightmare."I always got attracted to fairy tales, since childhood when my mom told me about the stories where a princess always got saved and loved by their prince charming. I also waited for the time to meet my own . BUT, little did I know that he will become my worst fear, 'Because In Reality there is no fantasy.'Vaughn Rodriguez:He was marked as the most successful young and handsome eligible bachelor according to Forbes. He was also an arrogant multi-billionaire playboy and a ruthless mafia leader. Girls easily throw themselves at his feet as if he is a charmer who likes to play with emotions.But--- he is also harbouring a 'Dark Ancestral Past'."My sole aim in life is to take revenge and get back the prestige of my family. Which was lost decades ago.""How far will you run away princess as I will always found you 'Cause I am your only Protector and Destroyer."Get ready for a journey full of suspense, deceit, drama and romance.What will happen when destiny will tie these two different sides of a thread together? READ to find out.....Note- This is not a cliché.(C) 2021 Unrevealed Author. All rights reserved.Cover designed by @navyblueee
8 302 - In Serial12 Chapters
Freestyle [DROPPED]
One day out of the blue, Oneleaf Tree, an unheard of company, shocked the world by revealing that after extensive research; they developed the first virtual reality game. Gameplay adapted to the individual player, opens thousands of possibilities for ways to enjoy the game. No classes exist. Concepts are meant to be broken so that the player can gain wings and become who they want to be. Nothing stops a player from making their own path. You play the game Freestyle.
8 191 - In Serial12 Chapters
Monstrous Apartments: short stories
A series of short stories about an apartment. There’s nothing unusual about the building. Old. Rickety. Cheap. Words that could describe any building. No, what makes this apartment complex special was the residents. From Androids to Undead, various life forms walk its halls. Each with a human companion. Come in, have a seat, maybe you’ll find a room you’d want to rent.
8 83 - In Serial69 Chapters
Undercover Gangleader
You know the normal cliche of the nerd secretly being a street fighter and the bad boy just so happens to find out? Well this is like that.... But nothing like that at all. Meet Xavier, he's your average bad boy who so happens to be the leader of a feared gang. But what happens when strange things begin to happen and he has to go undercover and go back to high school? But not as his role of the bad boy. He has to be the school nerd. Meet Asher, she's your average nerd.... Not. At school, she's pushed around, bullied, and made fun of because of her grades. To some people she's just an ordinary nerd who will most likely go far in life. What they don't know is that her father was one of the worlds best street fighters and that she's following behind his footsteps. Conflicts are resolved, secrets are told, and friendships are broken. But through all of that. Can the two find love? Warning: unedited. Many mistakes within this book but I'm very slowly going through and editing chapters.Also, this book contains major character growth. These characters mature a lot from the first to second book so if you don't like them at first, you most likely will in the second book.
8 150 - In Serial36 Chapters
Silver Silence
Siles follows the Queen like a shadow, protecting her from the many dangers that arise from ruling a treacherous hierarchy of magicians. He doesn't have magic like the other members of the ruling class, but his ability to resist their magic allows him to enjoy their luxurious lifestyle.After the Queen's death, a new magician with an almost obsessive interest in Siles takes her place. Meanwhile, a commoner rebellion begins to build that, for the first time, Siles might not be able to or want to suppress.
8 301 - In Serial46 Chapters
Heartstopper Smut
That's a Fanfic I guess (☞͡͡°͜ʖ͡͡°)☞⚠The characters belong to the author Alice Osman who wrote the books :Heartstopper and Solitaire, containing those characters~{Fluff, smut, chill!!!Read on your own risk!!
8 105