《Dancing On Your Heartbeat • Kookmin || Completed ||》Final
Advertisement
ပြတင်းပေါက်ဘက်ကိုပဲ ငေးကြည့်နေတဲ့ ဂျောင်ကု
က ယွန်းဂီဘက်ကို လှည့်လာကာ မေးသည် ။
" အစ်ကို ! ကျွန်တော် ဆေးရုံက မဆင်းရသေးဘူးလား ? "
" ဆင်းလို့ ဘယ်ဖြစ်မလဲ ? မင်း ခွဲစိတ်ရဦးမယ်လေ ... "
" ခွဲစိတ်ဖို့က အဆင်ရောပြေရဲ့လား ? "
ဂျောင်ကုကို ဘာမှ မပြောထားသေးပေမယ့် ခံစားနေ
ရတဲ့ နာကျင်မှုကြောင့် သူ့အခြေအနေလဲ သူသိသည် ။
" ပြေပါတယ်ကွ မင်းနောက်တစ်ပတ်လောက်ဆို ခွဲရ
တော့မှာ ပြီးရင်ကောင်းသွားပြီ "
မုသား သုံးလိုက်ရပေမယ့် ဂျောင်ကုကို ဒီထက်ပိုပြီး
စိတ်ကျသွားစေလို့မဖြစ်ဘူး လို့ ယွန်းဂီက တွေးလိုက်သည် ။
ဂျောင်ကု က ယွန်းဂီကို ပြုံးလျက် ကြည့်လိုက်သည် ။
" တကယ်လား အစ်ကို !? "
ယွန်းဂီက ခဏတော့ တုံ့ခနဲ ဖြစ်သွားပေမယ့် ဟန်
မပျက် ပြန်ဖြေလိုက်သည် ။
" တကယ်ပေါ့ကွ !! "
ခွဲစိတ်ဖို့ဆိုတာ ဘာမှ မသေချာ ဘာမှ မရေရာ ။ ခု
ချိန်ထိ အလှူရှင်လည်း မရှိသေးဘဲ ဂျောင်ကုကို
လိမ်လိုက်ရသည်က ပို စိတ်ဖိစီးရသည် ။
အမြန် အဆင်ပြေရင်ကောင်းမှာပဲ ဂျောင်ကုရယ် ။
//
ကြာလာလေ ဂျောင်ကု အခြေအနေက ဆေးတွေ
သောက်နေရင်းကို ပိုဆိုးလာခဲ့သည် ။ ဂျောင်ကုက
စကားပြောဖို့ ပိုကြိုးစားနေရပြီး ပို၍ နွမ်းဖတ်ဖြူ
ဖျော့လာသည် ။
" ဂျောင်ကု ! အစ်ကိုက မင်းအတွက် ဆန်ပြုတ်လေး
ပြုတ်လာခဲ့ပေးမယ်နော် "
ယွန်းဂီက ခေါင်းပဲ ညိတ်ပြနိုင်တဲ့ ဂျောင်ကုကို ကြည့်
ရင်း ပိုစိတ်မကောင်းဖြစ်မိသည် ။
" အင်း ခဏစောင့်နော် ... "
ယွန်းဂီက အခန်းတံခါးကို ပြန်စေ့ကာ ထွက်လာခဲ့သည် ။
ဒီကောင်လေး ဒီလိုဖြစ်နေတာ အတွက် ယွန်းဂီက
ဘာလုပ် ပေးရမယ်ဆိုတာ မသိတော့ဘူး ဖြစ်သည် ။
ယွန်းဂီအတွက်ကတော့ အလှူရှင်ကို ထိုင်စောင့်နေရ
တာဟာ သေမယ့်နေ့တွေကို ထိုင်စောင့်နေသလိုပဲ
ခံစားရသည် ။
" ဂျီမင်း ? ဂျီမင်းကို ငါဆက်သွယ်ရမလား ? ဟုတ်
တယ် ဂျီမင်း ကို ငါဆက်သွယ်ရမယ် ။ ပြီးရင် ဂျောင်
ကုကို ပြောပြရမယ် ။ ဂျီမင်းကို မင်းဆီခေါ်လာမယ်
လို့ ။ အဲ့တာဆို ဒီကလေးက အများကြီး စိတ်ပျော်
လာပြီး တစ်ဝက်သက်သာနေတော့မှာပဲ "
ယွန်းဂီက ဆန်ပြုတ်ပန်းကန်လေးယူပြီး လူနာဆောင်
ထဲ ဝင်လာတော့ ကုတင်ဘေးမှာ သတိမရှိတော့ဘဲ
ပုံလျက်သား လဲကျနေတဲ့ ဂျောင်ကုကို တွေ့လိုက်
ရသည် ။
*ခွမ်း*
ယွန်းဂီ လက်ထဲက ဆန်ပြုတ် ပန်းကန်မှာ ခွမ်းခနဲ ။
" ဟင် ဂျောင်ကု !! ဂျောင်ကု ! သတိထားစမ်း !!!!!!!
လာကြပါဦး ! "
ယွန်းဂီရဲ့ အော်သံကြောင့် ဆရာဝန်တွေ ရောက်လာ
ပြီး အမြန်စမ်းသပ်ကြသည် ။
" မဖြစ်ဘူး ... မြန်မြန် အရေးပေါ်ခန်းပို့ရမယ် ။
မဟုတ်ရင် အသက်အန္တရာယ် ရှိတယ် "
" ဗျာ !!! "
ယွန်းဂီက အရမ်းကို တုန်လှုပ်သွားသည် ။ ဘယ်
နှရက်မှ မရှိသေးဘဲ အသက်အန္တရာယ် ထိပါ ထိခိုက်
လာပြီတဲ့လေ ။
" ဆရာမတို့ ဒီလူနာကို အရေးပေါ်ခန်း အမြန်ပို့ ... "
ယွန်းဂီကတော့ ဘာတစ်ခွန်းမှ ဝင်မပြောနိုင်ဘဲ
အကြောင်သား ဖြစ်နေရသည် ။
မနေ့တစ်နေ့ကထိ ယွန်းဂီ နဲ့ ဆိုဂျူသောက်နေတဲ့
ကလေးက ၊ အစ်ကို ကို မနေ့တနေ့ကထိ လိုက်စ
နောက်နေတဲ့ကလေးက ၊ အကောင်းအတိုင်းရှိနေ
တဲ့ ကလေးက အခု အရေးပေါ်တဲ့လား ။
ယွန်းဂီ ခြေမကိုင် လက်မကိုင်မိနဲ့ ဘာဆက်လုပ်ရ
မယ် မသိတော့ပါ ။
" အာ ... ဘာလုပ်ရမလဲ ? ဂျီမင်း ! ဂျီမင်း ကို အမြန် ဖုန်းဆက်ရမယ် "
//
ဂျီမင်းက အထုပ်အပိုးတွေကို ကားပေါ်တင်ကာ အိမ်
ပြောင်းနေသည် ။ အဒေါ်ကြီးကို တောင်းတောင်းပန်
ပန် နှစ်လလောက်ထိ ဆွဲကာ အရစ်ရှည်ထားလို့ ခု
ကျမှ အိမ်ပြောင်းရခြင်းဖြစ်သည် ။ မဟုတ်ရင် ပတ်
ဂျီမင်းတို့ လမ်းပေါ်တဲထိုးရတော့မည် ။
" အဲ့ဒါက ဒီဘက်မှာချပေး မဟုတ်ဘူး အဲ့တာက ဟို
ဘက် ဟိုဘက်... "
ဖုန်းသံက အဆက်မပြတ်မြည်နေသော်လည်း အိမ်
ူ
ပြောင်းရွှေ့နေသံတွေကြောင့် ဂျီမင်း ကမကြားပေ ။
" ပတ်ဂျီမင်း ရယ် ဖုန်းကိုင်စမ်းပါ !!!!! "
ယွန်းဂီက ဖုန်းခေါ်နေရင်း ညည်းညူနေမိသည် ။
ဆက်နေရင်းနဲ့ ဂျောင်ကု အရေးပေါ် အခြေအနေကို
လည်း လှမ်းကြည့်နေရသည် ။
" ပတ်ဂျီမင်း မင်းချစ်ရတဲ့သူ အသက်လုနေရချိန်မှာ
မင်းကတော့ အနားမှာရှိသင့်တယ်မလား ?
//
ဂျီမင်းက ဖုန်းကို ခဏထုတ်ကြည့်မိလိုက်တော့ ဖုန်း
အဝင် Call တွေ အများကြီး တွေ့လိုက်ရသည် ။
" ဟင် ! ဖုန်းတွေ ခေါ်ထားတာပဲ ဘယ်သူလဲ မသိ ... သိ "
ဖုန်းနံပါတ်ကို ကြည့်နေရင်းမှာပင် နောက်တစ်ခါ အဲ့
ဖုန်းပဲ ထပ်ဝင်လာသည် ။ ဂျီမင်းက ထိုဖုန်းကို ကောက်
ကိုင်လိုက်သည် ။
" ဟဲလို ... "
" ပတ်ဂျီမင်း ! မင်း ခုချက်ချင်း ငါ့ဆီကိုလာ !! "
ယွန်းဂီအသံက အလျင်လိုပြီး စိုးရိမ်ပူပန်တာတွေ
ပြည့်နေပုံပေါ်သည် ။
" ဟမ် ဒီအသံက .. အစ်ကိုယွန်းဂီ ? ဟားဟား !!!
အစ်ကို ရုတ်တရက်ကြီး ဘာဖြစ်တာလဲ ? ထူးထူး
ဆန်းဆန်း ဖုန်းဆက်လို့ပါလား ? ကျွန်တော်က ဖုန်း
နံပါတ်အဟောင်းပဲ မှတ်ထားမိတာ "
" အခု ငါ့ဆီကိုလာ !!! သူ ဆေးရုံတင်ထားရတယ် "
Advertisement
" သူ ? ဘယ် ... ဘယ်သူလဲ ? "
ဂျီမင်းက နည်းနည်းတော့ ကြောင်သွားမိသည် ။
" ဂျောင်ကု ! ဂျွန်ဂျောင်ကု !!! "
" ဟမ် ... "
ဂျီမင်းက ကြားနေရတာကိုတောင် မယုံနိုင်ဖြစ်နေသည် ။
" ပထမတစ်ခါ မင်း ဂျောင်ကု ဆီလာတဲ့ ဆေးရုံကိုပဲ ။
အရေးပေါ်ခန်းဆီသာ အမြန် လာခဲ့ "
တိခနဲ ပြတ်သွားသော ဖုန်းသံနဲ့အတူ ဘာတွေ ဖြစ်မှန်းမသိဘဲ ဆေးရုံတင်ရသည် ဆိုတာပဲ
သိရသည် ။
" ဟင် .. ဆေးရုံ ? အရေးပေါ်ခန်း ? မဖြစ်ဘူး !!!
မဖြစ်ဘူး !!! "
ဂျီမင်းက ခေါင်းပေါ်ကို မိုးကြိုးတည့်တည့် ပစ်ချ
လိုက်သလို ခံစားနေရသည် ။ ထို့နောက် အိမ်ရှေ့ကို
ပြေးထွက်ပြီး Taxi ငှားလိုက်သည် ။
" အစ်ကိုလေး !! ဒါတွေကရော ဘယ်မှာထား ... ထား ... "
ဂျီမင်းက အလောတကြီးနဲ့ ပြေးထွက်သွားတာမို့
ဘေးလူတွေကလည်း ကြောင်သွားကြသည် ။ ဂျီမင်း
အဖို့ စိတ်လောနေတာကြောင့် အချိန်တွေက အရမ်း
နှေးနေသလို ခံစားနေရသည် ။ ရပ်လာတဲ့ တက္ကစီ
ပေါ် တက်ကာ အမြန်မောင်းခိုင်းလိုက်သည် ။
" ဂျောင်ကုရယ် ... ဘာတွေဖြစ်တာလဲကွာ !!! ချီး ! "
ဂျီမင်းက စိတ်ပူတာပဲသိတော့သည် ။ ခြေမကိုင်မိ
လက်မကိုင်မိနဲ့ ပူထူကာ ရူးတော့မလို ခံစားနေရသည် ။
အရင်ကလည်း ဒီလို သတင်းကြောင့် ပြေးခဲ့ရဖူးပြီး
ဒီလိုမျိုး နောက်တစ်ခါ မပြေးရပါစေနဲ့ ဆုတောင်း
နေခဲ့တာ ဆုတောင်းက မပြည့်ခဲ့ဘူး ။ ဂျီမင်းအတွက်
ဆို ဆုတောင်းတွေက ဘယ်တော့မှ မပြည့်ခဲ့တာ
လည်း ဖြစ်သည် ။
ဆေးရုံရှေ့ကားလဲ ထိုးစိုက်ရော ဂျီမင်း ကားအရှိန်
မသတ်ခင်မှာပင် ပြေးဆင်းကာ ဆေးရုံထဲကို ဘယ်
လို ပြေးဝင်သွားသည် မသိအောင် အမြန် ရောက်လာ
သည် ။ ထို့နောက် အရေးပေါ်ခန်းဆီ အမြန်ပြေးသွား
လိုက်သည် ။
ခွဲစိတ်ခန်းရှေ့မှာ ခြေကုန်လက်ပန်းကျလျက် ထိုင်နေ
တဲ့ ယွန်းဂီကို ဂျီမင်းက တွေ့လိုက်ရသည် ။
" အစ်ကို !! "
ဂျီမင်း ကိုတွေ့တော့ ယွန်းဂီ က ထိုင်နေရာမှ ထလိုက်သည် ။
" ဂျီမင်း ! "
ရုတ်တရက် ယွန်းဂီက ဂျီမင်း ကို ဖက်ကာ ငိုတော့သည် ။
" ဟမ် အစ်ကို ? ဘာဖြစ်တာလဲ ? ကျွန်တော့်ကိုပြော
ပါဦး ! စိတ်ပူလိုက်တာ အစ်ကိုရယ် "
ယွန်းဂီက ငိုနေတာကြောင့် စကားလုံးတွေဟာ ကောင်း
ကောင်း မထွက်လာ ။
" သူ ... သူ ... နှလုံးအစားထိုး ခွဲစိတ်ရမယ်တဲ့ ။ "
" ဘာဖြစ်တယ် ? မဖြစ်နိုင်တာ အဲ့တာ ဘာစကား
လဲ ? ဂျောင်ကုက ကောင်းကောင်း အလုပ်လုပ်နေ
တာပဲ မလား ? "
ယွန်းဂီက မျက်ရည်တွေကို သုတ်ရင်း ခေါင်းညိတ်လိုက်သည် ။
" ဟုတ်တယ် ... ဒါပေမဲ့ သူကလေ ... သူက မင်း
ပြန်ဆက်သွယ်လာမှာ စောင့်ရင်း ဆေးတွေလည်း
မသောက်ဘူးကွာ !!! "
" ဘယ်လို ! "
ဂျီမင်းရဲ့ ရင်ထဲကို မြှားနဲ့ ပစ်တာထက် ပိုနာကျင်ရသည် ။
" သူသာ နေမကောင်းရင် မင်းပြန်ဆက်သွယ်လာမှာ
ပဲ ဆိုပြီး ခေါင်းမာနေတာလေ ... "
ဂျီမင်းက ခြေလှမ်းတွေ ယိုင်နဲ့ကာ နောက်သို့ တစ်
လှမ်း နှစ်လှမ်း ဆုတ်သွားလိုက်သည် ။
" မဟုတ်ဘူး .. မဟုတ်ဘူး ... အဲ့တာ ဘာစကားလဲ ? "
" ဂျီမင်းရယ် ! အခု .. သူ့ သွေးနဲ့တူတဲ့သူ ၊ တစ်ရှူး
အမျိုးအစားတူတဲ့သူကလဲ မရှိဘူး ။ ခုချိန်ထိ ခွဲစိတ်
ခန်းထဲမှာ သေသလား ရှင်သလားလည်း မသိရဘူး
ဘယ်လိုလုပ်ကြမလဲ ငါတို့ဘယ်လိုလုပ်ကြမလဲ ? ဂျီ
မင်း ရယ် !!!!! "
ဂျီမင်းရဲ့ ကမ္ဘာပြိုလေသည် ။ နှလုံးသားတွေ တစ်စ
စီစုတ်ပြတ်သွားခဲ့ပြီ ။ ကြားနေရတဲ့ စကားတွေကို
မယုံနိုင်အောင် အိပ်မက်သာ ဖြစ်စေချင်ခဲ့သည် ။
" အစ်ကို ! အဲ့တာ ဘာတွေ ပြောနေတာလဲ ?!
ဘာတွေလဲလို့ အစ်ကို !!!!!!! "
" မင်းလည်း နာကျင်ရမယ်ဆိုတာ ငါသိပါတယ် ။
ဒါပေမဲ့ ဂျောင်ကုကလည်း နာကျင်ခဲ့ရပါတယ် ။ သူ
မင်းကို နေ့တိုင်းမျှော်နေတာ ။ သူ တောက်ပတာပဲ
မြင်ချင်တဲ့ မင်းဆန္ဒကို သူဖြည့်ပေးခဲ့တာ ။ မင်း
အကြောင်းတွေချည်း အပ်ကြောင်းထပ်အောင် ငါ့ကို
ပြောနေခဲ့တာ "
" တော်ပါတော့ !!!!! အခု ကျွန်တော် သေတော့မလိုပဲ ။ "
ဂျီမင်းက နားနှစ်ဖက်ကို ပိတ်ကာ အော်ပစ်ကာ
ထိုင်ချမိလိုက်သည် ။
' အစ်ကို့ ဘက်ကသာ ဆက်သွယ်လာမယ်ဆို အချိန်
မရွေးပါပဲ ' တဲ့လို့ ပြောခဲ့တဲ့ စကားတွေဟာ ဂျီမင်း
နားထဲမှာ ပဲ့တင်ထပ်ကာ ကြားနေမိသည် ။
" ဘာလို့လဲ ? ဘာလို့အဲ့လောက်ရက်စက်ရတာလဲ ?
အဲ့လောက်လိုလို့လားဗျာ !!! ကျွန်တော့်ကိုပဲ သေ
အောင် နှိပ်စက်ရရင်တော်ရောပေါ့ ။ ကျွန်တော်
ချစ်တဲ့သူကိုပါ ခုလို ဖြစ်အောင်လုပ်ရတာလဲ !!!!!!!!!! "
ဂျီမင်းက လည်ချောင်း ခြစ်သံတွေနဲ့အတူ ငိုနေမိ
သည် ။ နှစ်ယောက်လုံးလည်း မပျော်ရွှင်ခဲ့ရတာ
တင် လုံလောက်နေပြီကို ထပ်ပြီး ဝမ်းနည်းစရာ
အဖြစ်အပျက်တွေတဲ့လေ ။
" လူနာရှင် ရှိလား !!!??? "
ထိုစဉ် ဆရာဝန်က လူနာရှင်ကို ရှာနေတာကြောင့် စိုး
ရိမ်မှုတို့ ပိုကြီးမားလာခဲ့သည် ။
ယွန်းဂီ က ဆရာဝန်ဆီပြေးကာ သွားပေမယ့် ဂျီမင်း
က မတ်တပ်တောင် ရပ်နိုင်စွမ်းမရှိတော့ ။
" ဆရာ ... အခြေအနေ ? "
Advertisement
" နောက်လေးနာရီအတွင်းမှ နှလုံးအစားထိုးဖို့ မရရင်
စိတ်မကောင်းပေမယ့် ကျွန်တော်တို့ လက်လွှတ်ရပါ
လိမ့်မယ် "
ဒီစကားကိုလည်း ယွန်းဂီနဲ့ အတူ ကြားလိုက်တဲ့ ဂျီ
မင်းက စိတ်လွှတ်သွားမိသည် ။ ကြမ်းပြင်ပေါ် ထိုင
ကျနေတဲ့ ဂျီမင်းက မြန်မြန်ထလာကာ ဆရာဝန်ရဲ့
အင်္ကျီစတို့ကို ဆောင့်ဆွဲလိုက်သည် ။
" ဘာဗျ !!!!! ဘာစကားပြောတာလဲ ? သူတစ်ခုခုဖြစ်
ရင် ခင်ဗျားတို့ကို ကျုပ်သတ်မှာနော် !!!!! "
" ဂျီမင်း ကျေးဇူးပြုပြီး စိတ်လျှော့ပါကွာ ! "
ယွန်းဂီ က ကြားကနေ ဂျီမင်းကို ဝင်ဆွဲကာ တားလိုက်သည် ။
" ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားနေပါ
တယ် ။ နှလုံး မရဘူး ဆိုရင်တော့ ကျွန်တော်တိုလည်း ဘာမှ လုပ်ပေးလို့ မရပါဘူး ။ သွားခွင့်ပြုပါဦး ... "
ဂျီမင်းက ဆရာဝန်ရှေ့တွင် ပြေးကာ ဒူးထောက်
တောင်းပန်လိုက်သည် ။
" ဂျီမင်း !? အဲ့တာ ဘာလုပ် ... "
ယွန်းဂီ က မျက်လုံးအပြူးသား နဲ့ ဂျီမင်း ကို ကြည့်
နေမိသည် ။
" ဘယ်ကိုလဲ ? မသွားပါနဲ့ ... ဂျောင်ကု ကိုတော့
ကယ်ပေးပါ ဒီလိုမျိုး တောင်းပန်ပါ့မယ် !!! "
" အားနာပေမယ့် ကျွန်တော်လည်း ပြောစရာ
တစ်ခြားစကား မရှိပါဘူး ။ နှလုံးအစားထိုးဖို့
အလှူရှင်ရလာပြီဆိုရင် ကျွန်တော်တို့ အကောင်း
ဆုံး ကြိုးစားပေးမှာပါ ။ ဒီကြားထဲလည်း ရလာနိုငသေးတာမို့ စောင့်ကြည့်ရအောင်ပါ "
ဆရာဝန်က အားတတ်အောင် ပြောသွားပေမယ့် ဂျီ
မင်းကတော့ ခြေထောက်တွေ ယိုင်နဲ့ကာ မြေပေါ်မှာ
ခွေလျက် ကျသွားသည် ။ ခုလိုမျိုး ဘာမှ မလုပ်ပေး
နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း မုန်းနေမိသည် ။
" အစ်ကို နဲ့ ကျွန်တော်က Soulmate တွေ သိလား ? "
ဂျောင်ကုရဲ့ ပုံရိပ်တွေ မြင်ယောင်နေရင်းက ဂျောင်
ကုပြောခဲ့တဲ့ စကားလေးကို ပြန်ကြားမိသည် ။
" ဂျောင်ကု ... တကယ် ငါတို့က Soulmate တွေ
ထင်ပါတယ် ။ အခု မင်းလဲ အသက်လုနေရသလို ငါလဲ အရှင်လတ်လတ် သေနေရသလိုပဲ ။ "
" အစ်ကို နဲ့ ကျွန်တော်က Soulmate တွေ သိလား "
ပဲ့တင်ထပ်နေတဲ့ အသံလေးက ကြားယောင်တိုင်း
ရင်ထဲမှာ စူးခနဲ နာသည် ။
" ခဏ Soulmate ? "
" ကြိုက်တာလည်း တူတယ် တစ်ယောက်နဲ့ တစ်
ယောက်လဲ လိုက်လျောညီထွေမှု ရှိတယ် ။ တော်
တော်များများ တူနေတာက အဓိကအချက်ပဲလေ "
ဂျောင်ကု ပြုံးရင်း ပြောနေတဲ့ မြင်ကွင်းလေးက ဂျီ
မင်း အတွေးထဲ မြင်ယောင်လာသည် ။
" ငါတို့က တူတယ် ? ဟုတ်တယ် ... ငါတို့က တူတယ် "
ဂျီမင်းက တစ်ခုခုကို သဘောပေါက်သွားကာ ယွန်းဂီ
ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည် ။
" အစ်ကို ယွန်းဂီ ! ဂျောင်ကု သွေးကဘာလဲ ? "
" AB negative တဲ့ "
" AB negative ? ဟုတ်ပြီ .. "
ဂျီမင်း မျက်နှာမှာ ပြုံးရိပ်သန်းလာသည် ။ မျက်ရည်
တွေကို လက်ဖမိုးနဲ့ သုတ်ပစ်ကာ ရုတ်တရက် ထွက်
သွားသည် ။
" ဂျီမင်း ဒါက ဘယ်လဲ ? "
ယွန်းဂီ ပြောတာကိုလည်း ဂျီမင်းက မဖြေဘဲ ပြေး
ထွက်သွားသည် ။ အနောက်က ယွန်းဂီ က အပြေး
လိုက်ရင်း ဂျီမင်း လက်ကို လှမ်းဆွဲလိုက်သည် ။
" ဂျီမင်း ဒါဘယ်သွားတာလဲလို့ !!! "
" အစ်ကို ကျွန်တော် ... ကျွန်တော်ပေးမယ် !! ဂျောင်
ကု အတွက် ကျွန်တော့် နှလုံးကို ပေးမယ် !!! "
" ဟာ အဓိပ္ပာယ်မရှိတာ !! "
ယွန်းဂီက ခေါင်းကို ခါပြီး ငြင်းလိုက်သည် ။
" ဘာလို့ အဓိပ္ပာယ် မရှိရမှာလဲ ? ကျွန်တော့်ကိုလေ
ဂျောင်ကုက ပြောဖူးတယ် ကျွန်တော်တို့က Soulmate
တွေတဲ့ ။ အရာအားလုံးလည်း တူတယ်တဲ့ ။ ခုကြည့်
ကျွန်တော်တို့ သွေးအမျိုးအစားတူနေကြတယ် ။
ဘယ်လောက်တောင် ကံကောင်းလိုက်လဲ "
တစ်ဦးအတွက် ကံကောင်းရင် တစ်ဦးအတွက် ကျိန်း
သေပေါက် ကံဆိုးမှ ဖြစ်မှာလား ဆိုတာ ကံကြမ္မာ
ဇာတ်ဆရာရဲ့အလိုကျသာ ဖြစ်သည် ။
ယွန်းဂီလည်း ဒီလိုတိုက်ဆိုင်မှုမျိုး အတွက် အံ့သြမိ
ပေမယ့် ဂျီမင်း ရွေးမယ့်လမ်းကိုတော့ ကျိန်းသေ
ပေါက် တားရမည် ဖြစ်သည် ။
" ဂျီမင်း !! ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ လျှောက်
မလုပ်စမ်းပါနဲ့ ! မင်းသေသွားလိမ့်မယ် "
ဂျီမင်းက ခဏတော့ တုံ့ဆိုင်းသွားခဲ့သည် ။
" မင်းသိလား ? ငါတို့လည်း သေလူရဲ့ နှလုံးကိုပဲ ရှာ
နေတာ ။ မင်းရဲ့ အသက်ရော နှလုံးကိုရော ပေးတဲ့ထိတော့ မရူးစမ်းနဲ့ ပတ်ဂျီမင်း !!!! "
ယွန်းဂီက ဂျီမင်းရဲ့ လက်ကို တင်းတင်းဆွဲထားသည် ။
အသက်ကို ရင်း၍ နှလုံးတစ်ခုလုံး ပေးလိုက်ရမည်
မှာ ဂျီမင်း အတွက်လည်း လွယ်နေသည့် ကိစ္စတော့
မဟုတ် ။
" သေလူရဲ့ နှလုံးမှ ဆိုရင် လူသတ်ရမှာလား ။ ဘယ်
သူ့ကို သေပါလို့ ဆုတောင်းရမလဲ ? ဒါတောင် အဲ့သွေး
က မတူရင် ဂျောင်ကုက ဘယ်လိုလုပ်မလဲ !!!! "
မျက်ရည်တွေနဲ့ မေးနေတဲ့ ဂျီမင်းရဲ့ မေးခွန်းတွေကို
ယွန်းဂီက မဖြေနိုင်ခဲ့ ။
" အစ်ကို သေချာနားထောင် ! ကျွန်တော် မသေရင် သူသေမှာလေ .... "
ဂျီမင်းက ယွန်းဂီ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း
တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် ။
" မင်းကွာ ... ငါတို့အလှူရှင်ကိုပဲ စောင့်ကြရအောင်နော် "
ယွန်းဂီ က ဂျီမင်း လက်ကို ဆွဲကာ လှည့်ပြန်ဖို့
လုပ်သည် ။ ဂျီမင်း က ယွန်းဂီ လက်ကိုဆွဲဖြုတ်
ကာ လွှတ်ချလိုက်သည် ။
" မဟုတ်ဘူး အစ်ကို ! နောက်လေးနာရီဆို သူမရှိ
တော့ဘူး ဆိုတာ တွေးကြည့ရုံနဲ့တင် ကျွန်တော်
ရင်တွေကြေမွလို့ပါ ! ထပ်ပြီးလည်း ဘယ်သူ့မှ
မစောင့်နိုင်တော့ဘူး "
" ဂျီမင်း ရယ် သေချာ ပြန်စဉ်းစားပါဦး ။ တစ်ခြား
နည်းလမ်း ရှိမှာပါကွာ ... "
ဂျီမင်း ရဲ့ လက်တွေကို ယွန်းဂီက တစ်ဖန် ပြန်လည်
ဆုပ်ကိုင်ထားလိုက်သည် ။
" အစ်ကို ရယ် ! ကျွန်တော်က ဘယ်သူမို့လဲ ? ပတ်ဂျီ
မင်းလေ ။ ဂျွန်ဂျောင်ကု အတွက် ဘာမဆို လုပ်ပေး
မယ့်ကောင်လေ "
ယွန်းဂီ လက်ကို ဖြုတ်ကာ ထွက်သွားတဲ့ ဂျီမင်း ကို
တားခွင့်မရလိုက်တော့ပါ ။
" ဂျောင်ကုရာ ။ မင်း ခုလိုဖြစ်နေချိန် မင်း သိပ်ချစ်
ရတဲ့သူကလည်း မင်းအနားကို ရောက်လာပြီး ဒီလို
ပူပန်နေတယ်ဆိုတာ သိရင် သိပ်ပျော်ရှာမှာ မင်းပြန်
ထလာနိုင်မှာမလား ။ ကျေးဇူးပြုပြီး ပြန်ကောင်း
လာပါတော့လား ? "
ယွန်းဂီက နှစ်ယောက်လုံး အတွက် ပူလောင်ရင်း
မျက်ရည်တွေ ကျမိနေသည် ။
//
ဆရာဝန်တွေက ဂျီမင်းရဲ့ ဆုံးဖြတ်ချက်ကို လက်မခံ
ပေမယ့် ဂျီမင်းက တစ်ဇွတ်ထိုး ခေါင်းမာသူခဖြစ်သည် ။
ဆုံးဖြတ်ချက် ချပြီးတာကိုလည်း ပြန်မပြင်ဘဲ အဆုံး
စွန်ထိ ရွေးချယ်ထားသည် ။
" အဲ့တာက ကျွန်တော်တို့အတွက်လည်း ခက်ခဲတဲ့
ကိစ္စမို့ အကောင်းတိုင်း ရှိနေတဲ့ လူဆီကတော့ ... "
" ကျွန်တော် လက်မှတ်ထိုးပါ့မယ် ။ ကျွန်တော် ကိုယ်
တိုင် သဘောတူညီစွာနဲ့ ပေးခဲ့တယ်ဆိုတာ ။ ခင်ဗျား
တို့ ဘာပြဿနာမှ မဖြစ်စေရဘူး !!!! "
ဒီခွဲစိတ်မှုရဲ့ နောက်ကွယ်မှာ ဘာပြဿနာမှ တက်
မလာစေဖို့ ဂျီမင်းက ကိုယ်တိုင် တာဝန်ယူပြီး
လက်မှတ်ထိုးခဲ့သည် ။
ဂျီမင်းက စိတ်အားထက်သန်နေသည်မို့ လက်မှတ်
ထိုးဖို့လည်း တုံ့ဆိုင်းမနေခဲ့ပါ ။
" ဒါ ငါပေးနိုင်တဲ့ နောက်ဆုံးအရာပဲ ဂျောင်ကုရယ် ...
ဒါကြောင့် ထပ်ပြီး နေမကောင်းမဖြစ်နဲ့တော့ "
ဆေးတွေ မုန်းတဲ့ မင်း ထပ်ပြီး ဆေးတွေ ထပ်မသောက်
ရတော့ဘူး ။ ဆေးရုံကို မုန်းတဲ့ မင်း ထပ်ပြီး ဆေးရုံ
ကို မလာရတော့ပါဘူး ။ မင်းက မွေးရာပါ ဖြစ်လာ
တယ် ဆိုရင် မင်းဘဝမှာ အဲ့ဒီမွေးရာပါ ကို ငါဖျောက်
ပေးမယ် ။
ငါကတော့ အရမ်းပျော်တယ် ဂျောင်ကု ။ မကြာခင်
မင်းအကောင်းပကတိ ဖြစ်လာပြီး ငါ အရမ်းသဘော
ကျတဲ့ အဲ့ဒီမျက်လုံးဝိုင်းလေးတွေနဲ့ ရယ်ပြုံးနေမယ့်
မျက်နှာလေးကို မြင်ယောင်ရင်းပေါ့ ။
ကောင်းကောင်းရှင်သန်ပါ ကောင်လေး ။ ငါ့အချစ်
တွေနဲ့ ငါ့နှလုံးသားတစ်စုံနဲ့ မင်းပျော်ရွှင်ပါစေ ။
နာရီ လက်တံသံတွေက တစ်ချက်ချက် မြည်နေတာ
ကို အတိုင်းသား ကြားနေရသည် ။ စက္ကန့်တွေ ရွေလျားသွားတိုင်း တစ်ဦးကတော့ ပြန်နိုးထလာဖို့ ပိုနီး
လာပါပြီ ။
ဒီအတောအတွင်း ရီပြုံးခဲ့ရတဲ့ အမှတ်တရတွေကို ဂျီမင်းက ပြန်မြင်ယောင်ရင်း မျက်လုံးထဲက မျက်ရည်ပူတွေဟာ ပါးပြင်ပေါ်မှာ နွေးခနဲ ။
ဂျောင်ကု ရေ ငါ မင်းကိုချစ်တယ် ။ ငါပြောခွင့် မရ
လိုက်ပေမယ့် ငါပြောချင်တယ် ။ ငါမင်းကို တကယ်
ချစ်တာပါ ။
ဂျီမင်း ရဲ့ လက်သွေးကြောထဲကို အရည်တချို့စတငစီးဝင်သွားသည် ။ အမှတ်တရတွေနဲ့အတူ ခွဲစိတ်ကု
တင်ပေါ်က ကောင်လေးကတော့ အိပ်ပျော်တော့မည်
ထင်သည် ။
မင်း ကို ငါ အ ရမ်း ချစ် ပါ တယ် ။
ခဏကြာတဲ့အခါ ' တီ ' ဟု ကြာရှည်မြည်သွားသော
အသံနဲ့အတူ တစ်ဖက်မှာ အသက်မဲ့သွားတဲ့ ခန္ဓာကိုယ် ။
ဆရာဝန်တွေဟာ အချင်းချင်း ခေါင်းညိတ်ပြကာ
လုပ်စရာရှိတာအတွက် ပြင်ဆင်ကြတော့သည် ။
ငြိမ်သက်သွားတဲ့ ခန္ဓာကိုယ်ဟာ မေတ္တာတွေ အပြည့်
အချစ်တွေ အပြည့် သံယောစဥ်ကြိုးတွေ အပြည့် ။
ပြုံးနေပြီး အသက်မဲ့သွားတဲ့ ရုပ်အလောင်းရဲ့ ပါးပြငပေါ်မှာ စီးကျနေတာ မရပ်တဲ့ မျက်ရည်ပူတွေ ။
အချို့အချစ်တွေဟာလည်း သက်သေပြပေးခဲ့တာ
တန်ဖိုး ကြီးမားလွန်းနေခဲ့ပါတော့သည် ။
//
ရွက်ဝါတွေက မြေကြီးပေါ် ကြွေလွင့်ရင်း လေပြေက
ခပ်အေးအေးတိုက်သည် ။ ပြတင်းပေါက်ကနေ ကြွေ
နေတဲ့ ရွက်ဝါတွေကို ကြည့်ကာ အနည်းငယ် ပြုံးရိပ်
သန်းမိသည် ။
နားကြပ်တပ်ထားပြီး သီချင်းကို နားထောင်ကာ
ကောင်းကောင်း လှုပ်ရှားနိုင်နေတဲ့ ကိုယ်ခန္ဓာကနေ
ပြီးတီးလုံးသံ စည်းချက်ကို လိုက်ရင်း လှုပ်နေမိသည် ။
" အမလေး အစ်ကိုလေး ဂျောင်ကုရယ် ငြိမ်ငြိမ်နေ
ပါ ငါတောင်းပန်ပါတယ် "
" ဟီး ..: ရပါတယ် အစ်ကို ကလဲ ... ဘာမှ မဖြစ်တာကို ! "
" မရနဲ့ ။ ငြိမ်ငြိမ်နေ ငါကြောက်လို့ပါ ။ ဆေးရုံက
ဆင်းတာ မကြာသေးဘူး ။ ငါလန့်အောင် မလုပ်နဲ့ "
ယွန်းဂီက ဆေးနဲ့ ရေခွက်ကို ယူလာကာ ဂျောင်ကုဆီ
ပေးလိုက်သည် ။ ဂျောင်ကုက သီချင်းကို ပိတ်ကာ
ဆိုဖာမှာ ဝင်ထိုင်လိုက်ရသည် ။
" အစ်ကို ယွန်းဂီ တို့က စိတ်ပူပြီ ဆိုလွန်ရော !! "
" ပူရတာပေါ့ မင်းက ပြန်ကောင်းလာတာပဲ မကြာ
သေးဘူး ။ အရမ်းလှုပ်လှုပ်ရွရွ မလုပ်နဲ့ဦးလေ "
" အစ်ကို ? "
ဂျောင်ကုက ယွန်းဂီ မျက်နှာကို သေသေချာချာ
ကြည့်ကာ ပြောလိုက်သည် ။
" အင်း ပြော ..."
" ကျွန်တော် နဲ့ သွေးတူတဲ့သူကို တကယ်ရှာတွေ့သွား
တာပေါ့ အဲ့နေ့က "
ယွန်းဂီက တကယ်တော့ အဲ့နေ့က အကြောင်းတွေ
ပြန်မပြောချင် ။ ဒါကြောင့် ခဏတော့ ဆွံ့အသွားတာ အမှန် ။
" အင်း ... အင်း ... ဟုတ်တယ်လေ "
တိတ်ဆိတ်နေတဲ့ ဂျောင်ကု ကြောင့်ယွန်းဂီက နည်း
နည်းတော့ လန့်သွားမိသည် ။ တစ်ခုခုများ ရိပ်မိနေ
သလား ဆိုတဲ့ စိတ်ကလည်း ပူပန်ရသည် ။
" ဘာ ... ဘာလို့လဲ ? ဂျောင်ကု ! "
" မဟုတ်ပါဘူး ... သိချင်လို့ ဒီတိုင်းမေးတာပါ "
ယွန်းဂီက ဒီတော့မှ သက်ပြင်းကို စိတ်ထဲကနေ ချမိသည် ။
အဖြစ်မှန်အတိုင်း ဂျောင်ကုသာ သိသွားရင် ဘာတွေ
ဖြစ်မလဲဆိုတာ တကယ်မတွေးရဲ ။ ဖုံးကွယ်ထားနိုငသလောက် တစ်သက်လုံး ဖြစ်မယ်ဆိုလည်း အဲ့အချိန်
ထိ ဖုံးကွယ်ထားရတော့မည် ။
//
*Starlight Entertainment ရဲ့ Choreographer ဂျွန်
ဂျောင်ကု အကလောကမှ အပြီး အနားယူလိုက်ပြီ ဆို
တဲ့ သတင်းပဲ ဖြစ်ပါတယ် ။ ဂျွန်ဂျောင်ကုက နှလုံး
ရောဂါကြောင့် ခဏအနားယူရာကနေ ယခုတော့ ... *
TV က ခပ်ကျယ်ကျယ်လာနေသော သတင်းကို
ဂျောင်ကုက ဆက်ကြည့်မနေဘဲ ဘေးရှိ Remote
ကို ယူကာ ပိတ်ပစ်လိုက်သည် ။
" ချက်ချင်းပဲ ! သတင်းတွေက စပြန့်တော့တာပဲနော် ... "
ယွန်းဂီက အဝေးကနေ ဂျောင်ကုကို ကြည့်ရင်း
ပြောလိုက်သည် ။ ဂျောင်ကုက ဘာမှ ပြန်မပြောဘဲ
ခေါင်းငုံ့ထားသည် ။
ဂျောင်ကုဟာ ခွဲစိတ်မှုပြီးကတည်းက ဒီအလုပ်ကို
ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကာ အားလုံးကို အပြီး
ကြေငြာခဲ့သည် ။ Starlight ကလည်း စာချုပ်ကို
ဖျက်သိမ်းကာ အပြီးအပြတ် ရှင်းလင်းခဲ့သည် ။
ဒီလောကနေ လုံးဝ အဝေးဆုံးမှာနေပြီး သိပ်ချစ်တဲ့
အလုပ်ကို စွန့်ပစ်သည်အထိ ဂျီမင်းကို စောင့်နေ
ခဲ့တာဖြစ်သည် ။ ဂျီမင်းမှ ပြန်မလာရင် ဂျောင်ကုကအကကို လုံးဝ ပြန်မလုပ်တော့ဖို့ ဆုံးဖြတ်ထားခဲ့သည် ။
" ဂျောင်ကုရေ "
" ပြော အစ်ကို ! "
" ဒီမှာ ... မင်းကို ဘယ်သူတွေ လာတွေ့လဲ ကြည့်စမ်း "
ဂျောင်ကုက ရောက်လာတဲ့သူတွေကို မြင်လိုက်ရ
တော့ အံ့သြသွားသည် ။
" ဟိုဆော့ နဲ့ နမ်ဂျွန် တို့ရောက်နေတယ် !! "
ယွန်းဂီပြောလို့ လှမ်းကြည့်လိုက်တော့ တံခါးဝက
ပြုံးကာရပ်နေသော အမျိုးသား နှစ်ဦးက ဂျောင်ကကို ပြုံးလျက် ကြည့်နေသည် ။
" အစ်ကိုတို့ !!!! "
ဂျောင်ကုက နှစ်ယောက်လုံးကို အပြေး ဖက်လိုက်မိသည် ။
" အေး ... ဂျောင်ကု ။ မင်း သက်သာရဲ့လား ? အတူ
တူစားဖို့ ငါတို့ စားစရာတွေလည်း အများကြီး ဝယ်
လာခဲ့တယ် ။ အစ်ကို ယွန်းဂီ !! ဒီမှာ မက်ဂျူလည်း ပါတယ် ဟီးဟီး "
" လုပ်ကြပြန်ပြီ ။ ဂျောင်ကုကို ပေးမသောက်ပါဘူးဆို ။ မင်းတို့ကောင်တွေကတော့ !! "
ဂျောင်ကုကတော့ ယွန်းဂီ ဆူလိုက်လို့ နှုတ်ခမ်း
ထော်သွားကြတဲ့ အစ်ကို နှစ်ယောက်ကို ကြည့်ကာ
ရီနေမိသည် ။
" ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ကို တွေ့ရတာ ဝမ်းသာလိုက်တာဗျာ ... "
ဂျောင်ကုက နောက်တစ်ကြိမ် နှစ်ယောက်လုံးကို
ထပ်ဖက်လိုက်သည် ။ ဂျောင်ကု အနေနဲ့ မတွေ့ရ
တာကြာပြီမို့ တကယ်လည်း သတိရနေခဲ့သည် ။
" အစ်ကိုတို့က ဘာလို့ အခုမှ လာတာလဲ ? "
" မင်း ခွဲစိတ်ပြီးတုန်းက ငါတို့လာပါတယ်ကွာ ။ မင်း
က သတိမှ မရသေးဘဲ ။ အခု ငါလည်း စာပြန်လေ့
လာနေတာနဲ့ တကယ် မအားလို့ ။ ဟိုဆော့က ငါ့
Class ကို ဦးစီးပေးနေရတာလေ ။ မင်းသတင်းကို
လည်း အစ်ကို ယွန်းဂီဆီက သိနေရတယ်လေ အဲ့
တော့ အခုမှ လာဖြစ်တော့တယ် ! "
ဂျောင်ကုက နမ်ဂျွန့် စကားကြောင့် အံ့သြသွားသည် ။
" အစ်ကို တကယ် စာပြန်လေ့လာနေပြီလား ?
တကယ် အဲ့ဘက်ကို ရွေးလိုက်ပြီလား ? "
Advertisement
- In Serial74 Chapters
Crown Of Thorns
The person who was locked away inside the thorn-covered tower was not a princess, but a witch who employed the powers of Darkness.
8 378 - In Serial36 Chapters
His Scared Angel
Ishita Gupta is a Delhi based college going girl who is very shy and timid in nature. She is very much loved by her family and her best friend whom she considers as a sister. But not everything we see in front of us is bound to be true. A terrible incident of the past has left a deep impact on her soul that she has not been able to move on from her past.Rudra Bajaj is a Mumbai based self-made billionaire who likes to keep people on their toes. He is an arrogant and cold-hearted man who doesn't care about what people think of him. He has been deceived once in his life by someone very special to him so he has decided to not to get married ever in his life.✳✳✳✳✳✳✳Two people with different perspective towards life. However, fate has decided to bind them together in an arranged marriage.But how will they survive this marriage when they both are not ready for any commitment? What will Rudra do when he finds out that his wife is hiding a big secret from him? And can Ishita put her trust in her husband after what she has to endure because of her past?••••••••••••••••••••••••••••••••••••••••••••••••••••
8 187 - In Serial39 Chapters
Sweet Tooth
Jon Williams is a 29 year old reclusive man who owns a car workshop. Growing up as an orphan his whole life has taken a huge toll on him. Being thrown from one foster home to an other throughout his childhood, didn't do any justice to the parental attention he craved for. Emma Daniels is a 24 year old, lively, bubbly girl who owns a cozy little bakery, Sweet Tooth. She is the epitome of optimism. Despite the harsh events that has taken place in her life, she manages to see the good in everything. Losing her parents at the ripe age of 18 and taking over their bakery has put huge responsibilities on her shoulder. This story embarks on a journey of two broken souls who find solace in each other.
8 121 - In Serial57 Chapters
Saved By a Gangleader ✔️
19 year old Ray gets abused by her foster parents that don't want anything to do with her. She's in her fourth year of university planning to become a doctor. Ray is extremely smart, known for her kindness and most of all, she's very shy.21 year old Ace is a quiet and dangerous gangleader. He's never been seen with friends, smiling, or even talking. He's majoring in business, but everyone knows about his most known gang in the country, therefor he is feared by everyone.What happens when Ray bumps into a walking wall named Ace King in her vulnerable state? What causes Ace to start questioning this 19 year old?
8 208 - In Serial29 Chapters
mike wheeler x reader
a new student at hawkins that discovers love is not so easy.
8 212 - In Serial74 Chapters
Accidentally Knocked Up
So, have you ever told a teensy little white lie?Like your NEW hot boss, DIDN'T accidentally knock you up during a drunken night of passion?No...just me. COOL!
8 212

