《Three Bears - 곰세마리》Three Bears - 1
Advertisement
နာမည်က ပတ်ဂျီမင်း
အသက်က ၂၅ နှစ်
အလုပ်အကိုင်က flight attendant
ရုပ်ရည်ရူပကာကိုလည်း ဦးစားပေးပြီး အပြုံးမပျက် ကြွကြွရွရွ လှလှပပလေး နေထိုင်ပြုမူရတဲ့ အလုပ်အကိုင်ပေါ့။ Global Asia Airlines ရဲ့ ထိပ်တန်း လေယာဉ်မောင်၊ လေယာဉ်မယ်စာရင်းတွင် အမြဲတမ်းအတွက် နံပါတ်တစ်နေရာဟာ သူဆိုတဲ့ ပတ်ဂျီမင်း။
တိုးတက်ပြီးရင်း တိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစု ကမ္ဘာကြီးထဲမှာ Alpha မှ၊ Omegaမှ ဆိုတဲ့ ခွဲခြားဆက်ဆံမှု အယူအစွဲတွေ မရှိသလောက်နီးပါးဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ လုံးဝမရှိဘူးလို့တော့ တစ်ထစ်ချ မဆိုလိုချင်ပါ။ တချို့နေရာတွေမှာတော့ ကျန်ကောင်းကျန်နေဦးမှာပေါ့လေ။
"မင်္ဂလာပါ။"
လည်စည်းပဝါ လှလှလေးကို လည်တိုင်မှာ ကျော့ကျော့မော့မော့ စည်းနှောင်ထားပြီး လေယာဉ်ပေါ်အသီးသီးတက်လာသည့် ခရီးသည်တွေကို အပြုံးလှလှလေးနှင့် ကြိုဆိုနှုတ်ဆက်နေသည့် အမျိုးသားတစ်ဦး။
လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များထဲမှ Alpha တော်တော်များများ ထိုအမျိုးသားလှလှဆီက မျက်လုံးမခွာချင်ကြ။ Global Asia မှာ ပတ်ဂျီမင်း တာဝန်ထမ်းဆောင်တဲ့ လမ်းကြောင်းတိုင်းက ဒီလိုဖြစ်တတ်မြဲမို့ ဘယ်သူကမှ အထူးတဆန်းမဖြစ်ကြတော့။
"ဒီကလူကြီးမင်း အအေးယူဦးမလားမသိဘူး"
"အာ ဟုတ်ကဲ့"
"အအေး ရပါပြီ"
အအေးထည့်ကာ ဖန်ခွက်ကို ကမ်းပေးလိုက်တော့ လှမ်းယူရင်း အနားကိုကပ်လာဖို့ အချက်ပြလိုက်တာမို့ ကိုယ်ကိုကိုင်းကာ ဘာပြောလာမလဲ နားထောင်နေလိုက်သည်။
"အချိန်ရခဲ့ရင်ပေါ့ ပတ်ဂျီမင်းရှီး"
ဝတ်စုံပေါ်မှာ တပ်ထားသည့် Name Tag လေးကို ကြည့်ရင်း အတော်ချမ်းသာပုံရသည့် High boss လိုလို ဘာလိုလို ထိုခရီးသည်က ရွှေရောင်ကဒ်လေးတစ်ကဒ်ကို သူ့ထံ ကမ်းပေးလာသည်။ ဂျီမင်းသည် အနူးညံ့ဆုံးဆိုသလို ပြုံးလိုက်ရင်း ဘာမှပြန်မပြောဘဲ ကဒ်ကို အသာလက်ခံကာ ထိုနေရာက ထွက်လာခဲ့လိုက်သည်။
ဒါမျိုးကလည်း အထူးအဆန်းမဟုတ်တော့ပြီ။ ခရီးစဉ်တစ်ခု ပျံသန်းတိုင်း အရေထူအောင် ကြုံတွေ့ရတတ်တာမို့ ရိုးအီလို့ပင်နေခဲ့ပြီ။
"သူများတွေများ ကောင်းလိုက်တာနော်။ VIP ကဒ်တွေ ဘာတွေနဲ့"
နားနေခန်းထဲမှာ ကဒ်ကို ထုတ်ကြည့်နေချိန် တခြားလေယာဉ်မယ်တွေ ရောက်ချလာကာ သူ့လက်ထဲက ကဒ်ကိုလည်း မြင်သွားပုံရသည်။ အားကျသလို ပြောလာရင်း မလိုအမုန်းမပါသည့် မျက်စောင်းဝင့်ဝင့်လေးများဖြင့်။
"စိတ်ဝင်စားလား"
ဂျီမင်းသည် ပေါ့ပေါ့ပါးပါးပင် ထိုရွှေရောင်ကဒ်လေးကို လက်နှစ်ချောင်းကြား ညှပ်ကာ လေယာဉ်မယ်လေးတွေဆီ ကမ်းပေးလိုက်သည်။
"တကယ်ပေးတာလား"
"ဒါပေါ့"
လေယာဉ်မယ်လေးများက သူ့လက်ထဲက ကဒ်လေးကို အလုအယက်ဆိုသလို အလျင်အမြန်ဆွဲယူလိုက်ရင်း ပြူးကျယ်နေသော မျက်ဝန်းအစုံနဲ့ ကဒ်ကို ဖင်တပြန် ခေါင်းတပြန် ကြည့်လို့နေသည်။
"ဟောလ်! မိုက်လိုက်တာ"
အပျော်ကြီးပျော်နေသည့် ကောင်မလေးတွေကို လက်ပိုက်ကြည့်ရင်း ခေါင်းအသာယမ်းလိုက်သည်။ ဂျီမင်းဆီ ရောက်ရောက်လာတတ်သည့် ဒီလိုကမ်းလှမ်းမှုမျိုးတွေက တစ်နည်းမဟုတ်တစ်နည်းဖြင့် လုပ်ဖော်ကိုင်ဖက် လေယာဉ်မောင်မယ်တွေဆီကို ရောက်သွားတတ်တာလည်း ထုံးစံ။
"ဒါနဲ့ သိချင်တာက ဂျီမင်းက ဘာလို့ အကုန်လုံးကို ငြင်းတာလဲ။ မဟုတ်မှလွဲ ချစ်သူရှိပြီးသားမို့လား"
"ဟင့်အင်း အဲ့လိုမရှိပါဘူး"
"အမယ် ဟုတ်လို့လား"
"တကယ်သာရှိရင် အကုန်လုံးမသိဘဲနေပါ့မလား"
"အင်းနော် ဟုတ်သား။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲနော် ဟီး"
ရွှေရောင်ကဒ်လေးကို ဆိုလိုချင်တာမို့ ဘာမှမပြောတော့ဘဲ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး အခန်းထဲက ထွက်ခဲ့သည်။ နောက်ထပ် တာဝန်ထမ်းဆောင်ရဦးမဲ့ အချိန်တွေမှာ ဘယ်သူဘယ်လို ပိုးပန်းကြဦးမလဲဆိုတာ အင်း သိချင်စရာပါပဲ။
"အအေးယူပါဦးမလား လူကြီးမင်း"
စာအုပ်ဖတ်နေပုံရသည့် ခရီးသည်တစ်ဦးကို ချိုအီအီ နူးညံ့ညံ့အသံနဲ့အတူ မေးလိုက်သည်။ ထိုခရီးသည်က ၎င်းမျက်နှာကိုကွယ်ထားသော စာအုပ်ကို အောက်ချလိုက်သည့်အခါ ပြုံးနေသည့် ဂျီမင်းမျက်နှာလှလှလေးက ချက်ချင်းပြောင်းလဲသွားခဲ့တော့သည်။
ဒီအမှိုက်လိုကောင်က ဘယ်လိုလုပ်ပြီး သူ့လေယာဉ်ပေါ် ပါလာတာလဲ!
"ဘာကြည့်နေတာလဲ။ အအေးထည့်ပေးလေ"
မျက်နှာထိ မျက်နှာထားနှင့် တင်တင်စီးစီးပုံစံက သူ့တစ်ယောက်တည်းကိုပဲ တမင်သက်သက် လုပ်ပြတာမှန်း ဂျီမင်း အတပ်သိသည်။ စိတ်ရှိလက်ရှိသာဆို ပျံသန်းနေဆဲ လေယာဉ်ပေါ်က ကန်ချလိုက်ချင်ပေမဲ့ မဖြစ်နိုင်သေးတာမို့ ကြိတ်မှိတ်မြိုသိပ်ကာ အံကြိတ်ရင်း အအေးငဲ့ထည့်ပေးလိုက်သည်။
"အအေးရပါပြီ လူကြီးမင်း"
"အိုကေလေ"
ကြာကြာရပ်မနေချင်တာမို့ လှည့်မကြည့်စတမ်း အရှေ့ကို ဆက်သွားဖို့ ပြင်လိုက်ပေမဲ့ "ခဏလေး" ဆိုသည့်အသံကို ကြားလိုက်ရသည်။ ခရီးသည်အပေါ် ရိုင်းပြသည့် ဝန်ထမ်းတစ်ယောက် မဖြစ်ချင်ပေမဲ့ ဒီကောင်က တော်တော်.....။
"ဟုတ်ကဲ့ လူကြီးမင်း ဘာများအလိုရှိလို့ပါလဲ"
လွန်လွန်ကဲကဲအပြုံးကြီးက တမင်တကာကို လုပ်ယူထားတာမို့ အသက်မပါဘဲ ကြောက်စရာကောင်းသည့်အသွင် ကူးပြောင်းသွားခဲ့သည်။ မျက်လုံးကိုပြူးကာ နောက်ပြန်လှည့်ရင်း မေးလိုက်တော့ ရှေ့ကလူတွေနည်းတူ သူ့အနားတိုးလာဖို့ လက်ကလေးလှုပ်ကာ ခေါ်သည်။
လေယာဉ်ပေါ်က ဆင်းတာနဲ့ ငါ မင်းကို သတ်ပစ်မယ် ဂျွန်ဂျောင်ကု !
"အအေးထဲမှာ အဆိပ်တော့မခပ်ထားဘူးမလား"
နားနားကပ်ကာ ခပ်တိုးတိုးပြောလာသည့် လေသံကိုက မြင်ပြင်းကတ်ဖွယ်။ မထိတထိအကြည့်တွေ၊ လှောင်သလို ခနဲ့သလိုစကားတွေကြောင့်ပဲ ဒီအမှိုက်ကောင်နဲ့ သူဟာ ဘယ်သောအခါမှ ပြေလည်မည့်ဆက်ဆံရေး မဖြစ်လာနိုင်။
"သောက်ရူး!"
ဟု နှစ်ကိုယ်တည်းကြားရုံ အပြုံးမပျက် ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပေးလိုက်တော့ သကောင့်သားက မျက်မှောင်ကြုတ်သွားသည်။ နောက် သူ့ကို ပြောတာလားဟု မေးသည့်သဘော ၎င်းကိုယ်၎င်း လက်ညှိုးထိုးပြသည်။
Advertisement
"ဟုတ်ပါတယ် ဟောဒီက လူကြီးမင်းတစ်ယောက်တည်းကိုပဲ ပြောတာပါ"
လက်ဟန်ခြေဟန်နှင့်ပါ အပြုံးမပျက် လိုတာထက်ပိုပြီး ချိုပျစ်အီစိမ့်နေအောင် ရွဲ့ပြောပေးနေရချိန်က ဂျီမင်းအတွက် ကျေနပ်အားရပြီး အရသာရှိလွန်းလို့ ဖော်မပြတတ်အောင်ပဲ။
"အဟွန်း ဝန်ဆောင်မှုအရမ်းကောင်းတာပဲ"
"ချီးကျူးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်"
မျက်လွှာအသာချကာ ရွဲ့ပြုံးလေးပြုံးပြီးနောက် နေရာက လှည့်ထွက်ခဲ့သည်။ ကျန်နေခဲ့သည့် ခရီးသည်ကတော့ ကျောပြင်လေး မြင်ကွင်းထဲက ပျောက်သွားသည်အထိ လိုက်ကြည့်နေခဲ့ပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်တော့သည်။
ပတ်ဂျီမင်းက သိပ်စွာတတ်နေတာပဲ။ ထူးတော့လည်း မထူးဆန်းပါဘူး။ ငယ်ငယ်ကတည်းက သူ့ပုံစံက အခုချိန်ထိ မပြောင်းမလဲ အဲ့အတိုင်းပဲမို့။
____________________
ကိုယ်လုံးပေါ် မှန်ကြီးရှေ့မှ ဖူးအိအိနှုတ်ခမ်းပေါ် ဆိုးဆေးအနည်းငယ် တင်လိုက်ပြီးနောက် နေရာနှံ့သွားအောင် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိကပ်ပစ်လိုက်သည်။
နောက်ဆုံးအနေနှင့် စားပွဲပေါ်တင်ထားသည့် လက်စွပ်တွေနှင့် တွဲလီတွဲလောင်း နားကပ်ရှည်တွေကို လက်ချောင်းတွေနဲ့ နားပေါက်မှာ အသီးသီး ဝတ်ဆင်လိုက်သည်။ ကြည့်မိသလောက် မှန်ထဲက သူ့ပုံစံက တော်တော်လေး hot နေပြီမို့ ကျေနပ်သလိုရှိသွားရသည်။
See through အင်္ကျီလှလှက သူ့ကိုယ်ပေါ်မှာ ပနံသင့်သင့် အချိုးအစား တိတိကျကျရှိလို့နေသည်။ All Black ပေမို့ ဘောင်းဘီကလည်း အနက်ရောင်ဖြစ်ကာ တစ်တစ်ရစ်ရစ် ပေါင်တံတွေကို အကောင်ဆုံး ထွေးထုပ်ထားပုံ ပေါ်နေသည်။
ရုတ်တရက် သူ့တင်ပါးတွေသူ ကိုင်ကြည့်လိုက်မိသည်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်ထင်၊ သူ လိုချင်တဲ့ အနေအထားကို ရထားပြီမို့ ဒုတိယမ္ပိ ကျေနပ်သွားရပြန်သည်။ ရုပ်ရည်အပြင် ထိုနေရာမျိုးမှာလည်း မိန်းကလေးတွေတောင် လိုက်မမှီနိုင်တဲ့ ဖြစ်တည်မှုမျိုးလို့တော့ လူတွေက ပြောကြလေရဲ့။
ခစ်!
တစ်ယောက်တည်း အတွေးနဲ့အတူ ရယ်လိုက်ပြီးနောက် ဖိနပ်စင်ပေါ်က ဒေါက်အမြင့်ဆုံးသော ရှူးဖိနပ် အနက်ရောင်ကို လျှိုစီးကာ တိုက်ခန်းလေးထဲမှ ထွက်ခဲ့လိုက်သည်။ တာဝန်ချိန်လည်း လွန်ခဲ့ပြီမို့ ဒီညအတွက် သူကတော့ အကောင်းဆုံး ပျော်ပါးပစ်လိုက်ဖို့ အသင့်ဖြစ်နေခဲ့သည်။
"ချီးယားစ်!"
နားရက်ရထားတာမို့ အပျော်ကြီးပျော်နေကြတဲ့ Global Asia Airlines ရဲ့ တပ်ပေါင်းစုကြီးဟာ အရက်ခွက်ကိုယ်စီမြှောက်လျက် ညခရီးကို မရပ်မနားတမ်း ကခုန်လျက် ဖြတ်သန်းနေကြသည်။
"အို့ ဆောရီး"
အရှိန်လွန်ကာ အနောက်ဘက်ရှိလူကို ဝင်တိုက်မိသလိုဖြစ်သွားတာမို့ ဂျီမင်း မျက်လုံးလေးဝိုင်းကာ ချက်ချင်း လှည့်တောင်းပန်လိုက်သည်။
"ဟင် မင်း..."
မမြင်ချင်ဆုံးသော မျက်နှာကို တစ်နေ့တည်းတင် နှစ်ခါတွေ့လိုက်ရတာမို့ စောနကအထိ ဂျီမင်းရဲ့ ပျော်ရွှင်ခြင်းတွေက ကြက်ပျောက်ငှက်ပျောက်။
"ကျစ် စိတ်ပျက်စရာ"
"အဲ့ဒါ ငါကပြောရမှာမဟုတ်ဘူးလား"
သူ့ထက်အရင် စုပ်သပ်ကာ စိတ်ပျက်စရာလို့ပြောလာသူကို ဂျီမင်း မကျေမနပ်ကြည့်လိုက်မိသည်။ အရှိန်တက်နေပြီဖြစ်တဲ့ Dance Floor ရဲ့ အသီးသီး ကခုန်နေသူတွေကြား အကြည့်ချင်း စစ်ခင်းနေသည့် လူနှစ်ယောက်။
"ကျက်သရေကိုမရှိဘူး"
"ဘာပြောတယ်"
"ထပ်ပြောပေးရမှာလား။ ကျက်..သ..ရေ..မရှိဘူးလို့"
မျက်နှာကို တည့်တည့်ကြည့်ကာ တစ်လုံးချင်း ခပ်ကျယ်ကျယ် ပီပီသသ ပြောပေးလိုက်တော့ ဂျွန်ဂျောင်ကုရဲ့ မျက်နှာကြီးက ချက်ချင်း မဲကျသွားသည်။
"အရမ်းတွေ သတ္တိရှိနေတာပဲ ပတ်ဂျီမင်း"
ညာဘက်ပါးစောင်ဆီကို လျှာတစ်ချက်ထိုးလိုက်သည့် အပြုအမူက ဂျွန်ဂျောင်ကု ဒေါသထွက်နေပြီဆိုတဲ့အကြောင်း လက်တို့လို့နေသည်။
"ငါ မင်းကို ဒီနေရာမှာတင် ကိုင်ပေါက်လို့ရတာလည်း မမေ့နဲ့"
"မင်းတစ်ယောက်တည်းပဲ လက်ပါတယ်ထင်နေတယ်ပေါ့"
ဖြဲခြောက်ဖို့ သူရှိရာကို ခြေလှမ်းတိုးလာသည့် မေတ္တာတုံးကောင်ရဲ့ ရင်ဘတ်အား လက်နှစ်ဖက်နဲ့ ဆောင့်တွန်းလိုက်တော့ အနားက လူတချို့ရဲ့ ဘာလဲဟူသော အကြည့်တွေက သူတို့နှစ်ယောက်ပေါ် ကျရောက်လာသည်။
ဂျွန်ဂျောင်ကုက ပုံပျက်သွားသည့် ၎င်းရဲ့အင်္ကျီကို အိန္ဒြေရရ ပြန်ပြင်လိုက်သည်။ ထို့နောက် သူ့လက်ကို ဗြုန်းခနဲ ဆွဲဆောင့်ယူလိုက်တာမို့ အရူးကောင်နဲ့ ရင်ဘတ်ချင်း ထိကပ်သွားခဲ့ရသည်။
"မူးနေတယ်ဆိုရင်တောင် ဒီလောက်အထိမရိုင်းရဘူးဆိုတာ မသိဘူးလား ဟမ်"
လက်ကောက်ဝတ်ကို အားနဲ့ဖိညှစ်ထားပြီး ခြိမ်းခြောက်နေသူ။ စောက်ရမ်း မုန်းဖို့ကောင်းလွန်းတယ်။
"မင်းလိုကောင်ကို ယဉ်ကျေးပေးနေရအောင် အလုပ်ချိန်ကလည်း ပြီးခဲ့ပြီးပြီ ဂျွန်ဂျောင်ကု"
စကားဆုံးသည်နှင့် လက်ကောက်ဝတ်ဆီက လက်ချောင်းတွေကို နဂိုထက် နှစ်ဆလောက် အားထည့်ပစ်လိုက်တာမို့ အတော်လေးနာကျင်သွားရကာ ဂျီမင်းရဲ့ မျက်နှာလှလှလေးက ရှုံ့မဲ့သွားခဲ့ရသည်။ နှုတ်ခမ်းဖူးဆီကလည်း မထိန်းထားနိုင်စွာ "အ" ခနဲ ထွက်ကျလာသည်။
အဆုံးမှာတော့ မထိန်းထားနိုင်တော့သည့် ဒေါသကြောင့် လွတ်နေသည့် လက်တစ်ဖက်နဲ့ သောက်ရူးလိုကောင်ရဲ့ မျက်နှာကို ရှိသမျှအားနဲ့လွှဲကာ ရိုက်ပစ်လိုက်တော့သည်။
"ပတ်ဂျီမင်း မင်း...!"
မထင်ထားသည့် ရိုက်ချက်ကြောင့် ဂျွန်ဂျောင်ကုဟာ ဟန်ချက်ပျက်သွားခဲ့ပြီး ဂျီမင်းလည်း ချုပ်ထားခံရသည့် ၎င်းလက်ထဲက လွတ်မြောက်သွားခဲ့သည်။
"ဟိတ် ဟိတ်! ရန်မဖြစ်ကြနဲ့လေ"
နှစ်ယောက်လုံးက ရန်ဖက်တွေလို မညှာစတမ်း သတ်ပုတ်ပစ်လိုက်ဖို့ အရှိန်ယူနေတုန်းမှာပဲ နှစ်ဖက်လုံးရဲ့ အလုပ်ကလူတွေ ရောက်လာကြပြီး ဝင်ဆွဲကုန်တာမို့ တစ်ခန်းတော့ရပ်သွားခဲ့သည်။
သို့သော်လည်း တွေ့ကြသေးတာပေါ့ဆိုသည့် အကြည့်တွေက ပတ်ဂျီမင်းရော ဂျွန်ဂျောင်ကုရောရဲ့ မျက်လုံးထဲမှာ အထင်းသား ပေါ်လွင်နေခဲ့ လေသည်။ လောလောဆယ်ကတော့ ငြိမ်သွားကြပြီဆိုပေမဲ့ နောက်တစ်ခါ ထပ်တွေ့ရင် ဘာဖြစ်ကြဦးမယ်မသိ။
Advertisement
ဘယ်ဘဝက ရေစက်ကြောင့်ရယ်မသိ။
ပတ်ဂျီမင်းနဲ့ ဂျွန်ဂျောင်ကု တို့ဟာ ဆုံလိုက်တိုင်း တဇောင်းစေးနဲ့ မျက်ချေးဆိုသလို လူတိုင်းအမြင်မှာ ဘယ်တုန်းကမှ တည့်တည့်ရှုရှုရယ်လို့ မရှိဖူးခဲ့ပါချေ။
___________________
"ဂျီမင်း ဒီအတိုင်း ပြန်လို့အဆင်ပြေရဲ့လား"
"ရတယ် ရတယ်။ ဘာမှ....မဖြစ်ဘူး"
ပြာပြာသလဲ လက်ကာပြကာ ကားပေါ်က ယိုင်တိယိုင်တိုင် ဆင်းခဲ့လိုက်သည်။ အပေါင်းအသင်းတွေ လိုက်ပို့တာ ကွန်ဒိုအောက်အထိ ရောက်နေပြီမို့ တိုက်ခန်းဆီ တက်သွားတာလောက်က ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်။
"ဒါဆို ငါတို့ ပြန်ပြီနော်"
"အွန်း...အွန်း...တာ့တာ"
လက်နှစ်ဖက်လုံး ပြကာ ခေါင်းတွေပါငုံ့၊ ခါးတွေပါကိုင်းလျက် နှုတ်ဆက်ပြီးသည့်နောက် ယိုင်တိုင်တိုင် ခြေလှမ်းတွေနဲ့အတူ တိုက်ခန်းဆီ တက်လာခဲ့လိုက်သည်။ ဓာတ်လှေကားထဲတင် ခုပဲ အန်ချတော့မလို ပျို့တာက နှစ်ခါလောက်။
"အင်.."
ဓာတ်လှေကားထဲကအထွက် တစ်ဖက်စီကျွတ်ထွက်ကုန်သည့် ဖိနပ်နှစ်ဖက်ကို ပြန်ကုန်းကောက်ရပြန်သည်။ လက်တစ်ဖက်စီမှာ ဖိနပ်တစ်ဖက်စီ ကိုင်ထားရင်း ခြေဗလာနဲ့ပဲ တိုက်ခန်းဆီ ယိုင်ရွဲလျက် လျှောက်လာခဲ့သည်။
"အွန်..နံပါတ်က ဘာလို့မပွင့်တာလဲ"
မူးမူးနဲ့ 6 နဲ့ 9 ကို မှားနှိပ်နေမိတာကို မသိဘဲ အခန်းတံခါးက ဘာလို့မပွင့်တာလဲဆိုပြီး မျက်မှောင်ကြုတ်လျက် အတန်ကြာအောင် ရပ်စဉ်းစားနေပြန်သည်။ ဘယ်လိုမှ အဖြေမထွက်လာသည့်အဆုံး ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာ နံပါတ် (1) ကို နှိပ်လိုက်တော့သည်။
"ဟယ်လို....တံခါးလာဖွင့်ပေးဦး...ငါဖွင့်တာ မှန်ရဲ့သားနဲ့ မပွင့်လာလို့"
မကြာပါ။ 'တီ'ဆိုသော အသံနဲ့အတူ အခန်းတံခါးက ချက်ချင်း ပွင့်ကျလာသည်။ ဂျီမင်းသည် သဘောကျသလို တစ်ချက်ရယ်လိုက်ပြီးနောက် အောက်ပြုတ်ကျသွားသည့် ဖိနပ်တစ်ဖက်ကို ပြန်ကောက်ယူကာ အခန်းထဲဝင်ဖို့ ပြင်လိုက်တော့ လူတစ်ယောက်က အပေါက်ဝတည့်တည့်မှာ ရပ်လို့နေသည်။
"Hi Darling !"
ဖိနပ်ကိုင်ထားသည့် လက်နှစ်ဖက်ကို မြှောက်ကာ တံခါးဝမှာ ရပ်နေသူရဲ့ ရင်ခွင်ထဲ လုံးခနဲ ပစ်ဝင်လိုက်တော့ တစ်ဖက်လူက ခါးပေါ်လက်တင်ကာ အလိုက်သင့် ပြန်ထိန်းပေးလာသည်။
"ငါ့ကိုချီ"
"သိပ်ဆိုးတယ် ပတ်ဂျီမင်း"
"ခစ်"
မသိလျှင် ချီးကျူးသံကြားရသလိုမျိုး အမူးသမားလေးက သဘောတကျ ခစ်ခနဲ ရယ်လိုက်ပြန်သေးသည်။
"ဒီအတိုင်း ချီ"
သတို့သမီးချီနည်းအတိုင်း ပွေ့ချီဖို့ပြင်လိုက်သူကို ငြင်းဆန်ရင်း ခွလျက်အတိုင်း ပြောင်းချီခိုင်းပြန်သည်။ တစ်ဖက်လူက ဘာမှအတွန့်မတက်တော့ဘဲ အမူးသမားလေး သဘောကျ ခြေထောက်နှစ်ဖက်ကို ခါးတစ်ဖက်ဆီမှာ ချိတ်ကာ အခန်းထဲ ချီခေါ်လာခဲ့သည်။
"ဂျွန်ဂျောင်ကု... My Darling"
မှန်၏။ အထဲကနေ အခန်းတံခါးဖွင့်ပေးပြီး ပတ်ဂျီမင်းကို အခန်းထဲအထိ ပွေ့ချီလာသူကား တခြားမဟုတ်။ မြင်လိုက်တိုင်းမှာ သတ်ပုတ်နေတတ်သည့်၊ ပတ်ဂျီမင်းဆီက ကျက်သရေမရှိဘူးဟု အမြဲပြောခံရသည့် တစ်မိုးအောက် ဂျွန်ဂျောင်ကုတည်း.....။
_____________________
Mood Music - PSYCHO (Red Velvet)
နာမည္က ပတ္ဂ်ီမင္း
အသက္က ၂၅ ႏွစ္
အလုပ္အကိုင္က flight attendant
႐ုပ္ရည္႐ူပကာကိုလည္း ဦးစားေပးၿပီး အၿပဳံးမပ်က္ ႂကြႂကြ႐ြ႐ြ လွလွပပေလး ေနထိုင္ျပဳမူရတဲ့ အလုပ္အကိုင္ေပါ့။ Global Asia Airlines ရဲ႕ ထိပ္တန္း ေလယာဥ္ေမာင္၊ ေလယာဥ္မယ္စာရင္းတြင္ အၿမဲတမ္းအတြက္ နံပါတ္တစ္ေနရာဟာ သူဆိုတဲ့ ပတ္ဂ်ီမင္း။
တိုးတက္ၿပီးရင္း တိုးတက္ေနတဲ့ ႏွစ္ဆယ့္တစ္ရာစု ကမာၻႀကီးထဲမွာ Alpha မွ၊ Omegaမွ ဆိုတဲ့ ခြဲျခားဆက္ဆံမႈ အယူအစြဲေတြ မရွိသေလာက္နီးပါးျဖစ္ေနခဲ့ၿပီ။ ဒါေပမဲ့ လုံးဝမရွိဘူးလို႔ေတာ့ တစ္ထစ္ခ် မဆိုလိုခ်င္ပါ။ တခ်ိဳ႕ေနရာေတြမွာေတာ့ က်န္ေကာင္းက်န္ေနဦးမွာေပါ့ေလ။
"မဂၤလာပါ။"
လည္စည္းပဝါ လွလွေလးကို လည္တိုင္မွာ ေက်ာ့ေက်ာ့ေမာ့ေမာ့ စည္းေႏွာင္ထားၿပီး ေလယာဥ္ေပၚအသီးသီးတက္လာသည့္ ခရီးသည္ေတြကို အၿပဳံးလွလွေလးႏွင့္ ႀကိဳဆိုႏႈတ္ဆက္ေနသည့္ အမ်ိဳးသားတစ္ဦး။
ေလယာဥ္ေပၚလိုက္ပါလာသည့္ ခရီးသည္မ်ားထဲမွ Alpha ေတာ္ေတာ္မ်ားမ်ား ထိုအမ်ိဳးသားလွလွဆီက မ်က္လုံးမခြာခ်င္ၾက။ Global Asia မွာ ပတ္ဂ်ီမင္း တာဝန္ထမ္းေဆာင္တဲ့ လမ္းေၾကာင္းတိုင္းက ဒီလိုျဖစ္တတ္ၿမဲမို႔ ဘယ္သူကမွ အထူးတဆန္းမျဖစ္ၾကေတာ့။
"ဒီကလူႀကီးမင္း အေအးယူဦးမလားမသိဘူး"
"အာ ဟုတ္ကဲ့"
"အေအး ရပါၿပီ"
အေအးထည့္ကာ ဖန္ခြက္ကို ကမ္းေပးလိုက္ေတာ့ လွမ္းယူရင္း အနားကိုကပ္လာဖို႔ အခ်က္ျပလိုက္တာမို႔ ကိုယ္ကိုကိုင္းကာ ဘာေျပာလာမလဲ နားေထာင္ေနလိုက္သည္။
"အခ်ိန္ရခဲ့ရင္ေပါ့ ပတ္ဂ်ီမင္းရွီး"
ဝတ္စုံေပၚမွာ တပ္ထားသည့္ Name Tag ေလးကို ၾကည့္ရင္း အေတာ္ခ်မ္းသာပုံရသည့္ High boss လိုလို ဘာလိုလို ထိုခရီးသည္က ေ႐ႊေရာင္ကဒ္ေလးတစ္ကဒ္ကို သူ႔ထံ ကမ္းေပးလာသည္။ ဂ်ီမင္းသည္ အႏူးညံ့ဆုံးဆိုသလို ၿပဳံးလိုက္ရင္း ဘာမွျပန္မေျပာဘဲ ကဒ္ကို အသာလက္ခံကာ ထိုေနရာက ထြက္လာခဲ့လိုက္သည္။
ဒါမ်ိဳးကလည္း အထူးအဆန္းမဟုတ္ေတာ့ၿပီ။ ခရီးစဥ္တစ္ခု ပ်ံသန္းတိုင္း အေရထူေအာင္ ႀကဳံေတြ႕ရတတ္တာမို႔ ႐ိုးအီလို႔ပင္ေနခဲ့ၿပီ။
"သူမ်ားေတြမ်ား ေကာင္းလိုက္တာေနာ္။ VIP ကဒ္ေတြ ဘာေတြနဲ႔"
နားေနခန္းထဲမွာ ကဒ္ကို ထုတ္ၾကည့္ေနခ်ိန္ တျခားေလယာဥ္မယ္ေတြ ေရာက္ခ်လာကာ သူ႔လက္ထဲက ကဒ္ကိုလည္း ျမင္သြားပုံရသည္။ အားက်သလို ေျပာလာရင္း မလိုအမုန္းမပါသည့္ မ်က္ေစာင္းဝင့္ဝင့္ေလးမ်ားျဖင့္။
"စိတ္ဝင္စားလား"
ဂ်ီမင္းသည္ ေပါ့ေပါ့ပါးပါးပင္ ထိုေ႐ႊေရာင္ကဒ္ေလးကို လက္ႏွစ္ေခ်ာင္းၾကား ညႇပ္ကာ ေလယာဥ္မယ္ေလးေတြဆီ ကမ္းေပးလိုက္သည္။
"တကယ္ေပးတာလား"
"ဒါေပါ့"
ေလယာဥ္မယ္ေလးမ်ားက သူ႔လက္ထဲက ကဒ္ေလးကို အလုအယက္ဆိုသလို အလ်င္အျမန္ဆြဲယူလိုက္ရင္း ျပဴးက်ယ္ေနေသာ မ်က္ဝန္းအစုံနဲ႔ ကဒ္ကို ဖင္တျပန္ ေခါင္းတျပန္ ၾကည့္လို႔ေနသည္။
"ေဟာလ္! မိုက္လိုက္တာ"
အေပ်ာ္ႀကီးေပ်ာ္ေနသည့္ ေကာင္မေလးေတြကို လက္ပိုက္ၾကည့္ရင္း ေခါင္းအသာယမ္းလိုက္သည္။ ဂ်ီမင္းဆီ ေရာက္ေရာက္လာတတ္သည့္ ဒီလိုကမ္းလွမ္းမႈမ်ိဳးေတြက တစ္နည္းမဟုတ္တစ္နည္းျဖင့္ လုပ္ေဖာ္ကိုင္ဖက္ ေလယာဥ္ေမာင္မယ္ေတြဆီကို ေရာက္သြားတတ္တာလည္း ထုံးစံ။
"ဒါနဲ႔ သိခ်င္တာက ဂ်ီမင္းက ဘာလို႔ အကုန္လုံးကို ျငင္းတာလဲ။ မဟုတ္မွလြဲ ခ်စ္သူရွိၿပီးသားမို႔လား"
"ဟင့္အင္း အဲ့လိုမရွိပါဘူး"
"အမယ္ ဟုတ္လို႔လား"
"တကယ္သာရွိရင္ အကုန္လုံးမသိဘဲေနပါ့မလား"
"အင္းေနာ္ ဟုတ္သား။ ဘာပဲျဖစ္ျဖစ္ ေက်းဇူးပဲေနာ္ ဟီး"
ေ႐ႊေရာင္ကဒ္ေလးကို ဆိုလိုခ်င္တာမို႔ ဘာမွမေျပာေတာ့ဘဲ မ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ၿပီး အခန္းထဲက ထြက္ခဲ့သည္။ ေနာက္ထပ္ တာဝန္ထမ္းေဆာင္ရဦးမဲ့ အခ်ိန္ေတြမွာ ဘယ္သူဘယ္လို ပိုးပန္းၾကဦးမလဲဆိုတာ အင္း သိခ်င္စရာပါပဲ။
"အေအးယူပါဦးမလား လူႀကီးမင္း"
စာအုပ္ဖတ္ေနပုံရသည့္ ခရီးသည္တစ္ဦးကို ခ်ိဳအီအီ ႏူးညံ့ညံ့အသံနဲ႔အတူ ေမးလိုက္သည္။ ထိုခရီးသည္က ၎မ်က္ႏွာကိုကြယ္ထားေသာ စာအုပ္ကို ေအာက္ခ်လိုက္သည့္အခါ ၿပဳံးေနသည့္ ဂ်ီမင္းမ်က္ႏွာလွလွေလးက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့ေတာ့သည္။
ဒီအမႈိက္လိုေကာင္က ဘယ္လိုလုပ္ၿပီး သူ႔ေလယာဥ္ေပၚ ပါလာတာလဲ!
"ဘာၾကည့္ေနတာလဲ။ အေအးထည့္ေပးေလ"
မ်က္ႏွာထိ မ်က္ႏွာထားႏွင့္ တင္တင္စီးစီးပုံစံက သူ႔တစ္ေယာက္တည္းကိုပဲ တမင္သက္သက္ လုပ္ျပတာမွန္း ဂ်ီမင္း အတပ္သိသည္။ စိတ္ရွိလက္ရွိသာဆို ပ်ံသန္းေနဆဲ ေလယာဥ္ေပၚက ကန္ခ်လိုက္ခ်င္ေပမဲ့ မျဖစ္ႏိုင္ေသးတာမို႔ ႀကိတ္မွိတ္ၿမိဳသိပ္ကာ အံႀကိတ္ရင္း အေအးငဲ့ထည့္ေပးလိုက္သည္။
"အေအးရပါၿပီ လူႀကီးမင္း"
"အိုေကေလ"
ၾကာၾကာရပ္မေနခ်င္တာမို႔ လွည့္မၾကည့္စတမ္း အေရွ႕ကို ဆက္သြားဖို႔ ျပင္လိုက္ေပမဲ့ "ခဏေလး" ဆိုသည့္အသံကို ၾကားလိုက္ရသည္။ ခရီးသည္အေပၚ ႐ိုင္းျပသည့္ ဝန္ထမ္းတစ္ေယာက္ မျဖစ္ခ်င္ေပမဲ့ ဒီေကာင္က ေတာ္ေတာ္.....။
"ဟုတ္ကဲ့ လူႀကီးမင္း ဘာမ်ားအလိုရွိလို႔ပါလဲ"
လြန္လြန္ကဲကဲအၿပဳံးႀကီးက တမင္တကာကို လုပ္ယူထားတာမို႔ အသက္မပါဘဲ ေၾကာက္စရာေကာင္းသည့္အသြင္ ကူးေျပာင္းသြားခဲ့သည္။ မ်က္လုံးကိုျပဴးကာ ေနာက္ျပန္လွည့္ရင္း ေမးလိုက္ေတာ့ ေရွ႕ကလူေတြနည္းတူ သူ႔အနားတိုးလာဖို႔ လက္ကေလးလႈပ္ကာ ေခၚသည္။
ေလယာဥ္ေပၚက ဆင္းတာနဲ႔ ငါ မင္းကို သတ္ပစ္မယ္ ဂြၽန္ေဂ်ာင္ကု !
"အေအးထဲမွာ အဆိပ္ေတာ့မခပ္ထားဘူးမလား"
နားနားကပ္ကာ ခပ္တိုးတိုးေျပာလာသည့္ ေလသံကိုက ျမင္ျပင္းကတ္ဖြယ္။ မထိတထိအၾကည့္ေတြ၊ ေလွာင္သလို ခနဲ႔သလိုစကားေတြေၾကာင့္ပဲ ဒီအမႈိက္ေကာင္နဲ႔ သူဟာ ဘယ္ေသာအခါမွ ေျပလည္မည့္ဆက္ဆံေရး မျဖစ္လာႏိုင္။
"ေသာက္႐ူး!"
ဟု ႏွစ္ကိုယ္တည္းၾကား႐ုံ အၿပဳံးမပ်က္ ပ်စ္ပ်စ္ႏွစ္ႏွစ္ က်ိန္ဆဲေပးလိုက္ေတာ့ သေကာင့္သားက မ်က္ေမွာင္ၾကဳတ္သြားသည္။ ေနာက္ သူ႔ကို ေျပာတာလားဟု ေမးသည့္သေဘာ ၎ကိုယ္၎ လက္ညႇိဳးထိုးျပသည္။
"ဟုတ္ပါတယ္ ေဟာဒီက လူႀကီးမင္းတစ္ေယာက္တည္းကိုပဲ ေျပာတာပါ"
လက္ဟန္ေျခဟန္ႏွင့္ပါ အၿပဳံးမပ်က္ လိုတာထက္ပိုၿပီး ခ်ိဳပ်စ္အီစိမ့္ေနေအာင္ ႐ြဲ႕ေျပာေပးေနရခ်ိန္က ဂ်ီမင္းအတြက္ ေက်နပ္အားရၿပီး အရသာရွိလြန္းလို႔ ေဖာ္မျပတတ္ေအာင္ပဲ။
"အဟြန္း ဝန္ေဆာင္မႈအရမ္းေကာင္းတာပဲ"
"ခ်ီးက်ဴးေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
မ်က္လႊာအသာခ်ကာ ႐ြဲ႕ၿပဳံးေလးၿပဳံးၿပီးေနာက္ ေနရာက လွည့္ထြက္ခဲ့သည္။ က်န္ေနခဲ့သည့္ ခရီးသည္ကေတာ့ ေက်ာျပင္ေလး ျမင္ကြင္းထဲက ေပ်ာက္သြားသည္အထိ လိုက္ၾကည့္ေနခဲ့ၿပီး ဟက္ခနဲ တစ္ခ်က္ရယ္လိုက္ေတာ့သည္။
ပတ္ဂ်ီမင္းက သိပ္စြာတတ္ေနတာပဲ။ ထူးေတာ့လည္း မထူးဆန္းပါဘူး။ ငယ္ငယ္ကတည္းက သူ႔ပုံစံက အခုခ်ိန္ထိ မေျပာင္းမလဲ အဲ့အတိုင္းပဲမို႔။
____________________
ကိုယ္လုံးေပၚ မွန္ႀကီးေရွ႕မွ ဖူးအိအိႏႈတ္ခမ္းေပၚ ဆိုးေဆးအနည္းငယ္ တင္လိုက္ၿပီးေနာက္ ေနရာႏွံ႔သြားေအာင္ အေပၚႏႈတ္ခမ္းနဲ႔ ေအာက္ႏႈတ္ခမ္းကို ခပ္ၾကမ္းၾကမ္းဖိကပ္ပစ္လိုက္သည္။
ေနာက္ဆုံးအေနႏွင့္ စားပြဲေပၚတင္ထားသည့္ လက္စြပ္ေတြႏွင့္ တြဲလီတြဲေလာင္း နားကပ္ရွည္ေတြကို လက္ေခ်ာင္းေတြနဲ႔ နားေပါက္မွာ အသီးသီး ဝတ္ဆင္လိုက္သည္။ ၾကည့္မိသေလာက္ မွန္ထဲက သူ႔ပုံစံက ေတာ္ေတာ္ေလး hot ေနၿပီမို႔ ေက်နပ္သလိုရွိသြားရသည္။
See through အက်ႌလွလွက သူ႔ကိုယ္ေပၚမွာ ပနံသင့္သင့္ အခ်ိဳးအစား တိတိက်က်ရွိလို႔ေနသည္။ All Black ေပမို႔ ေဘာင္းဘီကလည္း အနက္ေရာင္ျဖစ္ကာ တစ္တစ္ရစ္ရစ္ ေပါင္တံေတြကို အေကာင္ဆုံး ေထြးထုပ္ထားပုံ ေပၚေနသည္။
႐ုတ္တရက္ သူ႔တင္ပါးေတြသူ ကိုင္ၾကည့္လိုက္မိသည္။ ေလ့က်င့္ခန္းလုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးေၾကာင့္ထင္၊ သူ လိုခ်င္တဲ့ အေနအထားကို ရထားၿပီမို႔ ဒုတိယမၸိ ေက်နပ္သြားရျပန္သည္။ ႐ုပ္ရည္အျပင္ ထိုေနရာမ်ိဳးမွာလည္း မိန္းကေလးေတြေတာင္ လိုက္မမွီႏိုင္တဲ့ ျဖစ္တည္မႈမ်ိဳးလို႔ေတာ့ လူေတြက ေျပာၾကေလရဲ႕။
ခစ္!
တစ္ေယာက္တည္း အေတြးနဲ႔အတူ ရယ္လိုက္ၿပီးေနာက္ ဖိနပ္စင္ေပၚက ေဒါက္အျမင့္ဆုံးေသာ ရႉးဖိနပ္ အနက္ေရာင္ကို လွ်ိဳစီးကာ တိုက္ခန္းေလးထဲမွ ထြက္ခဲ့လိုက္သည္။ တာဝန္ခ်ိန္လည္း လြန္ခဲ့ၿပီမို႔ ဒီညအတြက္ သူကေတာ့ အေကာင္းဆုံး ေပ်ာ္ပါးပစ္လိုက္ဖို႔ အသင့္ျဖစ္ေနခဲ့သည္။
"ခ်ီးယားစ္!"
နားရက္ရထားတာမို႔ အေပ်ာ္ႀကီးေပ်ာ္ေနၾကတဲ့ Global Asia Airlines ရဲ႕ တပ္ေပါင္းစုႀကီးဟာ အရက္ခြက္ကိုယ္စီေျမႇာက္လ်က္ ညခရီးကို မရပ္မနားတမ္း ကခုန္လ်က္ ျဖတ္သန္းေနၾကသည္။
"အို႔ ေဆာရီး"
အရွိန္လြန္ကာ အေနာက္ဘက္ရွိလူကို ဝင္တိုက္မိသလိုျဖစ္သြားတာမို႔ ဂ်ီမင္း မ်က္လုံးေလးဝိုင္းကာ ခ်က္ခ်င္း လွည့္ေတာင္းပန္လိုက္သည္။
"ဟင္ မင္း..."
Advertisement
- In Serial11 Chapters
The Sanctuary of Dust
Luca hates angels, hates the Underworld and hates being bossed around more than anything. When the ruler of the Underworld asks him to go find the Seer's heir in the human world, he knows it's only a question of time until he gets involved in some epic trouble. As he is dragged in a power game between Heaven and the Underworld, he might find the strength to mend a broken friendship, get over his troubled past, and even to defy the angels.
8 79 - In Serial26 Chapters
Demonhunter Zecruix
In the world of Xylesia, there exist beings known as Rakhe or Demons. Some of them roam free, while other were sealed. Their existence was an enigma to all the races that lived in Xylesia but one consistent thing about them was that they were always a danger to other living beings. Aside from Rakhe, there were many beings that are related to them such as Demon-corrupted or their vile worshipers, the heretical tribes and cults. To face such threats, a sacred order of warriors called Rakh-Threc-Zal or Demonhunters were created long ago by the Ehridolon, an offshoot of the human race of Xylesia, to counter the Rakhe and all the evils that it branched. This is the story of one of the demonhunters, Zecruix Valvren and his many deeds.
8 204 - In Serial33 Chapters
Otherworldly Life as a Beastman
After working on a costume for cosplaying, an introverted boy, Shouya Kirikage, suddenly woke up another world where it inhabited by other races such as Elves, Half-breeds, and of course, Beast-humans. When he arrived, his body was mysteriously transformed into a beast-man, an animal that walks and talks like a human. Can he survive in another world in an inhuman form?
8 125 - In Serial51 Chapters
Fox
Completed. FOX is the most mysterious person you could ever meet. All that they know about her is that she is a girl who joined the ANBU at age 4 and then mysteriously disappeared with little notice at age 5. Little did they know, FOX never left the village. A matter of fact, she has been under their very noses this whole time.Where was she? Well, the better the question is- who was she?One name: Naruto Uzumaki. A trouble maker. A dead last. A person that hid under a henge with almost nobody's knowledge.FOX was doing well at not being figured out... well... not till the age of 11. Slowly, male after male will discover her secret, and FOX will do anything to keep them from talking.But... how long can she keep it a secret?Let me tell you this, the FOX is closer than you think.Highest Rank: #33 in Naruto #1 in Fox #1 in Menma #6 in Hinata #1 in Kakashi-sensei #1 in narutoshippuden #19 in Sakura #1 in Iruka #1 in femnaruto #34 in anime #3 in kurama #3 in longstory #3 in longchapters I own nothing but the plot and the characters I make up.Started: May 22, 2018Ended: June 14, 2019
8 114 - In Serial7 Chapters
○Kacchan..○ - A Bakugou and Deku (?) Fanfiction -
☆Warning☆This story contains:○Suicide○Self Harm○Triggering subjectsRead at your own risk!
8 68 - In Serial16 Chapters
RTTE watches HTTYD
The characters Viggo and Ryker Grimborn, Queen Mala, Thork, and Dagger will be watching the first how to train your dragon movie.(Sequel is out! It's called Dragon Hunters Hunting Their Lover's Dragon Soul.)
8 188

