《Three Bears - 곰세마리》Three Bears - 8
Advertisement
တစ်ပတ်မကတော့ဘူး။
ပတ်ဂျီမင်း သူ့ကို အဆက်အသွယ်ဖြတ်ပြီး ဘယ်ကို လွင့်နေမှန်းမသိတာ။ အစကတော့ ခရီးစဉ်လိုက်သွားတယ်ပဲ ထင်နေခဲ့တာ။ သိပ်မသင်္ကာတော့လို့ စုံစမ်းကြည့်မှ အလုပ်ပါထွက်သွားပြီတဲ့။
ဖုန်းတွေလည်း မကိုင်။ မက်ဆေ့ခ်ျတွေလည်း မဖတ်ဘဲ ဘာအရူးထလဲမသိ။ တစ်ဖက်မှာ ရိုအာနဲ့ မင်္ဂလာပွဲကလည်း နီးသထက် နီးနေပြီမို့ အလုပ်တွေကလည်း ရှုပ်ပြီးရင်း ရှုပ်လို့မပြီးတော့။
ဒီနေ့တော့ မေးကြည့်မှ ဖြစ်တော့မယ်ဟု တွေးကာ အလုပ်ကနေ ခပ်စောစော ပြန်လာခဲ့လိုက်သည်။ အရင်ဆုံး အန်ကယ်ပတ်တို့ ခြံဘက် ကူးသွားပြီး ပတ်ဂျီမင်း ရှိနေ၊ မရှိနေ အကဲခတ်လိုက်ပေမဲ့ ခါတိုင်းလိုပဲ ရှိပုံမပေါ်။
"သားဂျွန် ထူးထူးဆန်းဆန်းပါလား"
"ပတ်ဂျီမင်း ရှိလား အန်တီ"
"သားငယ်က လေယာဉ်လိုက်နေတယ်လေ"
ကြည့်ရတာ မိသားစုတွေလည်း ပတ်ဂျီမင်းတစ်ယောက်က Global Asia Airlines ကနေ အလုပ်ထွက်သွားတာကို သိကြသေးပုံမပေါ်။ မိသားစုကိုတောင် အသိမပေးဘဲ ဒေါသအိုးတစ်ယောက် တကယ်ကို ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။
"မဟုတ်လည်း သားငယ်က အိမ်ကို တစ်ခါတလေမှ ပြန်လာတတ်တာသိရက်နဲ့"
"ဟုတ် ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"
အန်တီ့ကို စကားစမြန်မြန်ဖြတ်ကာ အိမ်လေးထဲမှ အလျင်လိုနေသည့် ခြေလှမ်းတွေနဲ့အတူ ပြန်ထွက်လာခဲ့သည်။ သူ့ရဲ့ နောက်ထပ်ဦးတည်ရာကတော့ အစ်ကိုကြီးဆီကိုပါပဲ။
"ဘယ်လို.... ပတ်ဂျီမင်းက ဥက္ကဌဂျန်နဲ့ အတူတူနေနေတယ်ဟုတ်လား!"
ရက်တွေအများကြီး သူ့ဆီကနေရော၊ မိသားစုဆီကပါ ခြေရာဖျောက်ပြီး သွားနေနေတာက ဥက္ကဌဂျန်ဆီမှာတဲ့လား။ လက်တောင်မထပ်ရသေးဘူး ပတ်ဂျီမင်းက ဘယ်လိုတောင် ရဲတင်းလွန်းနေတာလဲ။ ဒါကြီးက အရမ်းများသွားပြီ မဟုတ်ဘူးလား။
"ဥက္ကဌဂျန်ရဲ့လိပ်စာ ကျွန်တော့်ကိုပေး အစ်ကိုကြီး"
"ဘာသွားလုပ်မလို့လဲ"
"ပြန်သွားခေါ်မလို့"
ကော်ဖီသောက်ရင်း မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ အငယ်လေးပြောခဲ့တဲ့ ကျွန်တော်တို့ မချစ်ကြဘူးဆိုတာ ဒါမျိုးလား။ အိမ်အထိလိုက်ခေါ်မဲ့ မချစ်ကြတာမျိုးပေါ့လေ။ ဆန်းကြယ်သားပဲ။
"ဘာပဲဖြစ်ဖြစ် အငယ်လေးနဲ့ဥက္ကဌဂျန်ကလည်း လက်ထပ်တော့မှာ။ အတူတူနေတာကတော့ ပြဿနာမရှိလောက်ပါဘူး"
"အစ်ကိုကြီး ဘယ်လိုပြောလိုက်တာလဲ။ တစ်ချိန်ချိန်မှာ လက်ထပ်မယ်ဆိုတိုင်း ပစ်စလက်ခတ်နေလို့ဖြစ်မလား။ အစ်ကိုကြီးက တကယ်ပဲ ပတ်ဂျီမင်းရဲ့အစ်ကိုအရင်းရော ဟုတ်သေးရဲ့လား။ ကိုယ့်ညီတစ်ယောက်လုံးကိုတောင် လူစိမ်းလက်ထဲ ဖြစ်ချင်ရာဖြစ် ထိုးထည့်တဲ့အထိ...."
"တော်ပြီ တော်ပြီ။ ဒီလောက်ဆို ငါ သဘောပေါက်ပြီ"
အစ်ကိုကြီးမှာ ကော်ဖီတောင် ဆက်မသောက်နိုင်။ ဂျွန်ဂျောင်ကုပါးစပ်ထဲ လုံးပါးမပါးခင် အချိန်မီ လက်ကာပြပြီး တားဆီးလိုက်ရသည်။
"အငယ်လေးက လက်ခံသဘောတူလို့ ငါလည်း ထည့်လိုက်တာပါ ဂျောင်ကုရာ"
"သူ အလုပ်ကပါထွက်သွားတာရော အစ်ကိုကြီးသိလား"
နှုတ်ဆိတ်သွားတာကြောင့် သိထားနှင့်နေမှန်း ရိပ်မိလိုက်သည်။ ဒေါသအိုးအပြင် အစ်ကိုကြီးကပါ အလိုတူအလိုပါ ဖြစ်နေတာလား။ ဒီလိုဆို သူ ကြားဝင်ဖို့က ထင်သလောက် မလွယ်တော့ဘူး။
ဒါပေမဲ့လည်း အလွယ်လေး လက်မလျှော့လိုက်ချင်။ ပတ်ဂျီမင်းက သူ့ရှေ့ကနေ အသာတကြည် အလျှော့ပေးပြီး ငုပ်လျှိုးသွားမဲ့သူမျိုး မဟုတ်သလို သူကလည်း ငြိမ်နေပြီး လက်ခံပေးမှာမဟုတ်ဘူး။
"ကျွန်တော် သွားတော့မယ်"
"တလက်စတည်း ငါ့ကို စားပွဲပေါ်ကဖိုင်လေး ယူပေးခဲ့ပါဦး"
သွားပါမယ်ဆိုမှ ထိုင်ရာကမထဘဲ အမိအရ လာခိုင်းနေသည့် အစ်ကိုကြီးကြောင့် စိတ်အချဉ်ပေါက်သွားရသည်။ ယူပေးဆိုတော့လည်း ယူပေးလိုက်ရုံပေါ့။
"ရော့"
ဟောဗျာ။ ယူပေးပြီးတာနဲ့ အိမ်လေးထဲက ချက်ချင်းထွက်သွားလေသူ။ ဇာတ်လမ်းတွဲတွေထဲကလို နောက်ခံသံစဉ်လေးနဲ့ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းလို ဖြစ်လေမလားဆိုပြီး အငယ်လေးရဲ့ ဆေးစစ်ချက်ဖိုင်ကိုမှ ရည်ရွယ်ချက်ရှိရှိ ယူခိုင်းလိုက်တာ။
ခုတော့ နာမည်လေးတောင် ကြည့်မသွားဘူး။ နှစ်ယောက်လုံးက အရမ်းကောင်း သိပ်သိပ်ကောင်း စိတ်ဓာတ်ကျဖို့။ ဘဝမှာ စိတ်ကူးထားတာတွေက ထင်ထားသလို လက်တွေ့ကျကျ ဖြစ်မလာတတ်ဘူးဆိုတဲ့ သာဓက။
အစ်ကိုကြီးတစ်ယောက် သက်ပြင်းချလျက် အလုပ်ဖြစ်မည့် နောက်တစ်နည်းကို စဉ်းစားရတော့သည်။
_____________________
"ဧည့်သည့်ရောက်နေပါတယ်"
"ဘယ်သူလဲ"
"ဒုဥက္ကဌဂျွန်လို့ပြောပါတယ်"
ဖွီး!
ဝါးလက်စ စပျစ်သီးတွေပင် ပါးစပ်ထဲက ပြန်ထွက်ကာ သီးလုသီးနီး။ ဂျွန်ဂျောင်ကုက ဒီအထိ ဘာလိုက်လုပ်တာလဲ။ မယုံနိုင်တာမို့ မှန်ပြင်နားသွားကာ ချောင်းကြည့်လိုက်တော့ အိမ်ရှေ့မှာ ဂျွန်ဂျောင်ကု စီးနေကျ ကားအမဲကြီးကို တွေ့လိုက်ရသည်။
နောက်ပြီး တံခါးနားမှာ ရပ်နေသည့် ဂျွန်ဂျောင်ကုကြီးကိုပါ အရှင်းသား အထင်းသား ထပ်တွေ့လိုက်ရသည်။ တကယ် ရောက်နေတာပဲ။
"တံခါးဖွင့်ပေးလိုက်ရမလား"
အိမ်အကူအဒေါ်ကြီးက မေးလာတော့ ခေါင်းယမ်းပြလိုက်သည်။ သိပ်တော့မဖြစ်သေးဘူး ဖွင့်မပေးလို့ဆိုပြီး ခြံကျော်ပြီး ဝင်လာရင် ဘယ်လိုလုပ်မလဲ။ ငယ်ငယ်ကတည်းက စိတ်တိုလာရင် ဂျွန်ဂျောင်ကုတို့ မလုပ်ရဲတာ ဘာမှမရှိ။
မူလတန်းတုန်းကဆို တခြားသူငယ်ချင်းတွေလိုမျိုး စာမရှင်းပြရကောင်းလားဆိုပြီး တစိမ့်စိမ့်အငြှိုးနဲ့ မထင်မှတ်ထားတဲ့အချိန် လူကြားထဲ သူ့ကို ကုန်းကိုက်ခဲ့တဲ့ကောင်,မလား။
ခွေးကောင်!
အိမ်အကူအဒေါ်ကြီးကို မခိုင်းတော့ဘဲ ကိုယ်တိုင်ကိုယ်ကျ လူချင်းထွက်တွေ့ဖို့အတွက် အိမ်ရှေ့ဆီကို ထွက်ခဲ့လိုက်သည်။
"ဘာကိစ္စလဲ"
တံခါးဖွင့်ပြီးပြီးချင်း အပေါက်ဝမှာ ပိတ်ရပ်ထားရင်း ဆီးမေးလိုက်တော့ မှုန်ကုတ်ကုတ်မျက်နှာနဲ့ သူ့ကို အကဲခတ်လာသူ။ သတိတော့မထားမိနိုင်ပါဘူး။ သူ့ဗိုက်က အဲ့လောက်လည်း သိသာသေးတာမှမဟုတ်ဘဲ။
"မင်း ထွက်ပြေးနေတာလား ပတ်ဂျီမင်း"
ဘာလာကြောင်နေတာဆိုတဲ့ အကြည့်ပြင်းပြင်း ပြန်ပေးလိုက်ပေမဲ့ ဂျွန်ဂျောင်ကုတို့က မဖြုံတော့ပြီ။
Advertisement
"ငါ့ကိုရှုံးမှာစိုးလို့လေ"
"အဲ့တော့ မပျော်ဘူးလား"
မပျော်ဘူး။
တစ်နေရာမှ ပျော်စရာလည်း ကောင်းမနေဘူး။ ပတ်ဂျီမင်းက ပတ်ဂျီမင်းနဲ့ တူမနေတာ ပိုလို့တောင် ပျော်စရာမကောင်းသေးတယ်။
"သိပ်လည်း စိတ်ပူမနေပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းထက် အရင်လက်ထပ်မှာပဲလေ"
"ဘယ်မှာလဲ"
"ဘာကိုလဲ"
"ဘယ်မှာသွားလက်ထပ်မှာလဲ အဲ့ဒါပြော"
လက်ညှိုးလေးကွေးကာ နေရာပြောပြဖို့ ဇွတ်မေးနေပုံက မြင်ပြင်းကတ်ဖွယ်။
"ဂျောင်ဒုံက ဘုရားကျောင်းမှာပါ"
ဝင်ဖြေလိုက်သူက ဥက္ကဌဂျန်။ ဘယ်အချိန်က သူတို့နှစ်ယောက်အနား ရောက်နေမှန်းမသိသလို မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ဥက္ကဌဂျန်ရဲ့ ကားကိုမြင်တော့မှ နှစ်ယောက်သား ပတ်ဝန်းကျင်ကိုပါ သတိမထားမိဘဲ အိမ်ရှေ့တည့်တည့်မှာ အချေအတင်ဖြစ်နေမိမှန်း တန်းသိလိုက်သည်။
"ဘုရားကျောင်း...."
"ဟုတ်တယ်"
ဂျွန်ဂျောင်ကုသည် နားရှိလို့သာ ကြားရတယ်ဆိုသည့်အတိုင်း မယုံနိုင်လွန်းလို့ ဘယ်ကစပြောရမလဲတောင်မသိတော့။ ပတ်ဂျီမင်းလိုလူက ဘုရားကျောင်းမှာပဲ သိုသိုသိပ်သိပ် မင်္ဂလာဆောင်မယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား။
ရွှေပန်းကန်ဆိုတဲ့ နာမည်ကိုတောင် ပြန်ပြောင်းစဉ်းစားရတော့မလို။
"အဲ့မှာပဲ လက်ထပ်မဲ့အကြောင်း ဂျီမင်းနဲ့ပါ အတူတူတိုင်ပင်ခဲ့ကြတာမို့"
ဒေါသအိုးရဲ့ ပခုံးပေါ် လက်တင်ကာ ခပ်ပြုံးပြုံး ပြောလာသည်။ ဥက္ကဌဂျန်ဘက်က အတင်းဖိအားပေးလို့များလားဆိုပြီး အကဲခတ်ကြည့်လိုက်ပေမဲ့လည်း ဒေါသအိုးကပါ ဥက္ကဌဂျန်ကို ပြန်ကြည့်ပြီး နူးနူးညံ့ညံ့ ပြုံးပြနေသည်လေ။ ဒီလိုဆို ပြန်ပေးဆွဲခံရတာလည်း မဖြစ်နိုင်။
"ဆောင်မဲ့ရက်ကရော"
"လာမဲ့သောကြာနေ့ပါ။ တစ်ခါတည်း ဒုဥက္ကဌဂျွန်ကိုပါ ဖိတ်လိုက်ပါရစေ"
မဟုတ်လောက်ပါဘူးလို့ ဆက်တိုက် တွေးနေပေမဲ့ လာမဲ့သောကြာနေ့သာ တကယ်ဆိုရင် ကြားထဲမှာ ဘယ်နှရက်မှတောင် မလိုတော့ဘူး။ လက်စွပ်ကအစ သူ့ကို ပြိုင်တုပြီး ဘာမဆို သူ့ထက်ပိုပြီး ကြီးကျယ်ခမ်းနားချင်တဲ့ ပတ်ဂျီမင်းလိုလူက ဘုရားကျောင်းလေးမှာပဲ တိတ်တဆိတ် လက်ထပ်မယ်တဲ့။
ဘုရားရေ....။
ကောင်းကင်မှာ နေဆယ်စင်း လဆယ်စင်း ပြိုင်ထွက်တော့မှာများလား။
"အန်ကယ်တို့ရော သိပြီးပြီလား"
အလုပ်ထွက်တာတောင် မသိကြတဲ့ဟာ။ လက်ထပ်မဲ့အထိလည်း မျက်စိရှေ့က သားအကောင်းစားလေးက အသိပေးမဲ့ပုံမပေါ်။
"ကိုယ်တိုင်သွားပြောမှာမို့ ဒုဥက္ကဌဂျွန် စိတ်မပူလည်း ဖြစ်ပါတယ်"
ဂျီမင်းသည် အလယ်မှာနေရင်းက လေထုက ပိုပိုပြီး နေရခက်လာသည်။ ဂျွန်ဂျောင်ကုက လိုတာထက်ပိုပြီး အမေးအမြန်းထူနေသလို ဥက္ကဌဂျန်ကို ကြည့်ရတာလည်း ဂျွန်ဂျောင်ကုနဲ့ပတ်သတ်ပြီး တစ်ခုခု အလိုမကျနေသလိုပဲ။
"ပြန်ခွင့်ပြုပါဦး"
"ပြန်တော့မလို့လား။ အိမ်ထဲ ခဏလောက်ဖြစ်ဖြစ် ဝင်မထိုင်တော့ဘူးလား"
"နေပါစေ။ ကျေးဇူးတင်ပါတယ်"
ပြန်သာလှည့်လာရသည်။ စိတ်ထဲ လုံးဝမှ မကျေနပ်။ ဘာကို ဒေါသထွက်လို့ ထွက်ရမယ်မှန်းလည်း ရေရေရာရာမသိ။ တစ်လမ်းလုံး အီလည်လည် ခံစားချက်ကြီးဖြင့် အိမ်သာပြန်ရောက်လာသည်၊ အဆုံးထိအောင် စိတ်နဲ့လူက မကပ်။
"သေချာပေါက် ငါ့ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိမှာပဲ"
ဟုတ်တယ်။ ပတ်ဂျီမင်းဆီမှာ သူ မသိနိုင်တဲ့ အချက်တစ်ချက်တော့ ရှိကို ရှိနေလိမ့်မယ်။ ဒါမှမဟုတ် အကြံတစ်ခုခုရှိနေတာလည်း ဖြစ်နိုင်တယ်။ လက်ထပ်တာကတော့ စိတ်ပြောင်းနိုင်တာမို့ ထားဦး။ အလုပ်ကရော ဘာကြောင့်ထွက်ရသလဲ။
ဥက္ကဌဂျန်လုပ်စာပဲ ထိုင်စားမယ်လို့တော့ မဖြေနဲ့။ ပတ်ဂျီမင်းလောက် မာနကြီးတာ ပတ်ဂျီမင်းပဲရှိတယ်။ အဲ့ဒီမာနတွေက ချက်ချင်း အရည်ကျိုခံလိုက်ရသလို ပျော်ကျသွားစရာအကြောင်းလည်း ခိုင်ခိုင်မာမာမရှိ။ဘယ်ဘက်က စဉ်းစားစဉ်းစား ဟာကွက်တွေနဲ့မို့ တကယ်ကို မရိုးသားတာပဲ။
ထိုသို့ တွေးမိသည်နှင့်တပြိုင်နက် ချက်ချင်းဆိုသလို အစ်ကိုကြီးဆီကို ဖုန်းတန်းခေါ်လိုက်တော့သည်။
____________________
"ဒီနေ့ နေရတာ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ်"
ဥက္ကဌဂျန်က သူ့အပေါ် အများကြီးကောင်းပေးပြီး အများကြီးလည်း ဂရုစိုက်ပေးပါသည်။ အနီးကပ်နေကြည့်တော့မှ ဥက္ကဌဂျန်ရဲ့ လူကြီးလူကောင်းဆန်မှုတွေကို ပိုသိလာရသည်။
တစ်အိမ်တည်း နေကြတယ်ဆိုပေမဲ့လည်း အခန်းတစ်ခန်းစီမှာ သပ်သပ်နေခဲ့ကြသည်။ သူ အိမ်မှာ လာနေသည့် တလျှောက်လုံး လိုအပ်တယ်ဆိုတာမျိုး မရှိစေရအောင်လည်း အထူးတလည် ဖြည့်ဆည်းပေးပြန်သည်။
"ကျေးဇူးတင်ပါတယ်"
"ဘာကိုလဲ ဥက္ကဌဂျန်"
"ကိုယ့်ကမ်းလှမ်းချက်ကို လက်ခံပေးခဲ့လို့"
ဂျွန်ဂျောင်ကုနဲ့သာ တွေ့တိုင်း အစေးမတည့်ဘဲ ကြမ်းကြမ်းရမ်းရမ်းတွေ ပြောဆို၊ သတ်ပုတ်ရန်ဖြစ်နေခဲ့တာ။ ဥက္ကဌဂျန်လိုလူအနားမှာ နေရသည့်အခါမှာတော့ ဒေါသထွက်၊ စိတ်တိုရတာမရှိတဲ့အပြင် ဂျီမင်းရဲ့စိတ်အစဉ်က ထူးထူးခြားခြား ပိုနူးညံ့လာတယ်လို့တောင် ထင်ရတဲ့အထိပါပဲ။
"ကျေးဇူးတင်စရာမလိုပါဘူး။ အထင်တော့ ဥက္ကဌဂျန်က ကံကောင်းလို့ဖြစ်မယ်"
မျက်ခုံးပင့်ကာ ဆိုလိုက်တော့ ဥက္ကဌဂျန်က သဘောတကျ သွားတွေပါ ပေါ်တဲ့အထိရယ်သည်။ ထို့နောက် သူ့ခေါင်းကို မနာစေရအောင် အသာလေးထုကာ စနောက်လာသည်။
ထိုနေ့က ဥက္ကဌဂျန်က လက်ထပ်ဖို့အကြောင်း ထပ်စဉ်းစားကြည့်ပေးဖို့ပြောလာတော့ သူ အံ့ဩသွားခဲ့ရသည်။ ကလေးရှိနေပါတယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တာတောင် သူနဲ့ လက်ထပ်ဖို့ ထပ်စဉ်းစားခိုင်းတဲ့ ဥက္ကဌဂျန်ကို ရူးနေတာလားလို့တောင် မေးလိုက်မိသည်အထိ။
"ဒီအသက်အရွယ်၊ ဒီအနေအထားမျိုးနဲ့ အပေါ်ယံတွေးခေါ်ကြည့်ရင် ကိုယ် ရူးနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာပြန်တွေးကြည့်မယ်ဆိုရင် စတွေ့ကတည်းက ဂျီမင်းကို အမှန်တကယ်သဘောကျခဲ့တာမို့ ဘယ်လိုအနေအထားမှာမဆို လက်ခံနိုင်တဲ့အကြောင်းကို ဒီနေ့ပဲ သိလိုက်ရတယ်"
နောက်ဆုံး ဂျီမင်းကပဲ လက်မြှောက်အရှုံးပေးလိုက်ရသည်။ ဥက္ကဌဂျန်ကို ချစ်လား၊ မချစ်လားဆိုတာထက် ဒီလူက သူ့အတွက် အသင့်တော်ဆုံးဆိုတဲ့ ရွေးချယ်မှုမှာတော့ အစကတည်းက နံပါတ်တစ်။ သဘောမကျစရာအချက်ဆိုတာလည်း အခုထိရှာမတွေ့သေး။
အစက တစ်နှစ်လောက်ပဲ ဂျွန်ဂျောင်ကုဆီက ရှောင်နေလိုက်ရင် အဆင်ပြေသွားမယ်လို့ တွေးထားခဲ့ပေမဲ့ အစီအစဉ်ပြောင်းသွားရကာ ဥက္ကဌဂျန်နဲ့ လက်ထပ်ဖို့ ပြန်ခေါင်းငြိမ့်ခဲ့လိုက်သည်။ အရာရာမှာ လူသိရှင်ကြား အာရုံစိုက်ချင်တတ်တဲ့ ရွှေပန်းကန်လေးဟာ ဒီအချိန်မှာတော့ လက်ထပ်ပွဲကို ခပ်ဆိတ်ဆိတ်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့တော့သည်။
Advertisement
တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်မိသည့်အခါတိုင်း အရင်လို တစ်ယောက်တည်းမဟုတ်တော့ဘူးလို့ တွေးမိမြဲ။ ဒီကလေးလေးနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က အိပ်မက်နဲ့ ဆက်စပ်နေမလားလို့လည်း ခဏခဏ တွေးမိသည်။
"အဲ့တုန်းက ငါ ခွင့်ပြုပေးလိုက်မိတာပဲ"
လာနေလို့ရမလားဟု မေးခဲ့စဉ်က သူကိုယ်တိုင် ခေါင်းငြိမ့် ခွင့်ပြုပေးခဲ့တာ။ ဒါဆို ဒီကလေးလေးက အိပ်မက်ထဲက လူများလား။ ထိုသို့တွေးမိလေတိုင်း သူ့ရဲ့ တခြားသောအကြံအစည်တွေအကုန် ပျောက်ပြယ်သွားရမြဲ။
"ဘယ်လိုလေးထွက်လာမလဲဆိုတာတော့ သိချင်သား"
အခန်းထဲ တစ်ယောက်တည်း ခပ်တိုးတိုးပြောရင်း တွေးဆကြည့်နေမိတော့သည်။
____________________
"ဂျွန်ဂျောင်ကုကို အစ်ကိုကြီး ပြောပြလိုက်တာလား"
"ဘာကိုလဲ"
"ဥက္ကဌဂျန်ဆီမှာ ကျွန်တော်ရှိနေတဲ့အကြောင်း"
"ဒီလောက်တောင် ပြောပြလို့မရတော့ဘူးလား"
ဗီဇလေးအရ အနှေးနဲ့အမြန် ဒီလို ရန်လာလုပ်မယ်ဆိုတာ ကြိုသိသားပဲ။ ဒါကြောင့် အငယ်လေး မေးလာရင် ဖြေရမဲ့အဖြေတွေကိုတောင် အစကတည်းက ကြိုစဉ်းစားထားပြီးပေါ့။
"သူနဲ့ ဘာမှမပတ်သတ်ချင်၊ မဆုံချင်ဘူးလို့ ကျွန်တော် အတန်တန် ပြောထားရက်နဲ့"
"မဟုတ်လည်း သူသိတာမှ မဟုတ်ဘဲ"
"အစ်ကိုကြီး ဒီလိုသာဆက်လုပ်နေရင် သိသွားနိုင်တယ်လေ"
"အရမ်းလည်း စိတ်ပူမနေပါနဲ့ အငယ်လေးရာ။ ရက်ကရော ရွေးပြီးပြီလား"
ကော်ဖီခွက်ကို စားပွဲပေါ်ပြန်ချရင်း စကားလမ်းကြောင်းလွှဲပေးလိုက်သည်။ လောလို့မရဘူး ဒီအချိန်ဆို ဟိုတစ်ယောက်က အပြင်မှာပဲ ရှိဦးမယ်။
"သောကြာနေ့ ဘုရားကျောင်းမှာ လက်ထပ်ဖြစ်မယ်"
"ဟိုတယ်ကြီးမှာ မင်္ဂလာဝတ်စုံနဲ့ ခမ်းခမ်းနားနားလေး မြင်ချင်သေးတာကို"
"အဲ့လိုသာဆို ဥက္ကဌဂျန်အပေါ် အရှက်မရှိရာ ကျလွန်းသွားလိမ့်မယ်"
"ဒါတော့ ဒါပေါ့ အငယ်လေးရယ် ဒါပေမဲ့ သူ ကျေနပ်လို့ ဖြစ်လာတာပဲဟာ"
"ဥက္ကဌဂျန်က ပြောပါတယ်။ ကျွန်တော်က မလုပ်ချင်တော့လို့"
အငယ်လေးကို အကဲခတ်ရင်း လက်ကောက်ဝတ်ဆီက နာရီကို မသိမသာ တစ်ချက်လှမ်းကြည့်လိုက်သည်။ သုံးနာရီထိုးဖို့ အချိန် သိပ် မလိုတော့ဘူးပဲ။
"ပုံမှန် ဆေးစစ်ဖို့လည်း မမေ့နဲ့ဦး"
"သိပါတယ်"
"နေထိုင်မကောင်းတာမျိုးရော ရှိသေးလား"
"နည်းနည်းပါးပါးပါ"
ငါးမိနစ်။
သုံးနာရီထိုးဖို့ အတိအကျ ငါးမိနစ်ပဲ လိုတော့တယ်။
"အငယ်လေး အပြန်ကျရင် စားပွဲပေါ်က ဆေးတွေယူသွားဖို့ မမေ့နဲ့နော်"
စကားကြောင့် အငယ်လေးက တစ်ဖက်လှည့်ကာ အာရုံပြောင်းသွားတုန်း ဖုန်းဖွင့်ကာ အဆင်သင့် ကြိုရိုက်ထားသည့် မက်ဆေ့ခ်ျတိုလေးကို နံပါတ်တစ်ခုဆီ လှမ်းပို့လိုက်သည်။
"ဒါတွေလား အစ်ကိုကြီး"
အချိန်မီလေးပဲ။ ဟုတ်တယ်ဟု ပြောကာ ဟန်မပြတ် နောက်ထပ်ကော်ဖီတစ်ငုံ ယူသောက်လိုက်သည်။
"ယောက်ျားလေးဖြစ်မလား၊ မိန်းကလေးဖြစ်မလားမသိဘူးနော်"
စဉ်းစားကြည့်ဟန် အငယ်လေးရဲ့ခေါင်းလေး တစ်ချက်စောင်းသွားသည်။ နောက် ဤသို့ ပြောလာလေသည်။
"အရမ်းကြီး မသတ်မှတ်ချင်သေးဘူး။ စောလွန်းသေးတယ်"
"ဂျောင်ကုကို တကယ်ပဲ မပြောပြတော့ဘူးလား"
"ထပ်မေးပြန်ပြီ"
"ဂျောင်ကုကို အဲ့လောက်တောင် သဘောမကျတာလား"
မဟုတ်ဘူး မုန်းပါမုန်းတာ။ ဒီအတိုင်းလေး စဉ်းစားကြည့်မိရုံနဲ့တင် အာရုံနောက်ပြီး ဒေါသထွက်ရလွန်းတယ်။
"သဘောမကျဘူး၊ မုန်းတယ်ဆိုရင်လည်း ဒီကလေးက ဂျောင်ကုနဲ့ရတဲ့အကြောင်း ဖွင့်ပြောပြီး သူ့လက်ထပ်ပွဲကို တဆုံးဖျက်စီးပစ်လိုက်လို့ရတာပဲ။ ဒီလိုသာဆို အငယ်လေးဘက်က အနိုင်ဖြစ်မှာပဲဥစ္စာ"
"နှစ်ဦးသဘောတူ ကျေနပ်ခဲ့ကြလို့ ဖြစ်လာတာဆိုပေမဲ့လည်း နောက်ဆက်တွဲတွေကို တာဝန်ယူဖို့အထိ မပါဘူး အစ်ကိုကြီး။ နောက်ပြီး မဆိုင်တဲ့ မွန်ရိုအာကိုလည်း မထိခိုက်စေချင်ဘူး။ ဒီကိစ္စမှာ ကျွန်တော်မုန်းတာ အတိအကျ သူတစ်ယောက်တည်း"
ရှုတည်တည် မျက်နှာထားနဲ့ မမှိတ်မသုန်ပြောလာသည့် အငယ်လေး။ လုံလောက်တာထက်တော့ ပိုလောက်မယ်လို့ ထင်တာပဲ။ ဒါက နောက်ဆုံးအခွင့်အရေးပဲ ဂျွန်ဂျောင်ကု။ ဒီအခွင့်အရေးကိုသာ လွဲချော်သွားခဲ့မယ်ဆိုရင် ကလေးကိုရော အငယ်လေးကိုရော တပါတည်း ဆုံးရှုံးရလိမ့်မယ်။
"ပြန်တော့မယ်"
"ဟုတ်ပြီ။ ဂရုစိုက် အငယ်လေး အော် အားဆေးတစ်ဘူးကျန်နေတာ မေ့တော့မလို့ ခဏ"
ပြောပြောဆိုဆို အစ်ကိုကြီးက စားပွဲဆီထသွားကာ အားဆေးဘူးရှာဖို့ ပြင်သည်။ အစ်ကိုဖြစ်သူက တမင်တကာ အချိန်ဆွဲနေမှန်းမသိတဲ့ အငယ်လေးကတော့ သူနဲ့အတူတူ ဆေးဗူးကို ကူရှာပေးလာသည်။
"ဘယ်နားထားလိုက်မိပါ့လိမ့်"
"ရှာနေတာ ဒီဆေးဘူးလား"
အခန်းထဲရှိနေသည့် လူနှစ်ယောက်ဆီကမဟုတ်ဘဲ အခန်းတံခါးဝက ထွက်ကျလာသည့်အသံ။ ၎င်းအသံကို ကြားကြားချင်း ဝိုင်းစက်သွားသည့် ပတ်ဂျီမင်းရဲ့ မျက်အိမ်ကျဉ်းတွေ။
မဟုတ်ပါစေနဲ့လို့ ဆက်တိုက်ဆုတောင်းနေခဲ့ပေမဲ့ တံခါးဝဆီကို မျက်လုံးရောက်သွားချိန်မှာတော့ သရဲသဘက်တစ်ကောင်ကို တွေ့လိုက်ရသလို တစ်ကိုယ်လုံးက ရှိရှိသမျှ လိပ်ပြာတွေအကုန်ဟာ ကမ္ဘာ့အပြင်အထိ လွင့်စင်သွားခဲ့တော့သည်။
____________________
မနက်ဖြန်မှ ဆက်တင်ပေးမယ် 🤭
တစ္ပတ္မကေတာ့ဘူး။
ပတ္ဂ်ီမင္း သူ႔ကို အဆက္အသြယ္ျဖတ္ၿပီး ဘယ္ကို လြင့္ေနမွန္းမသိတာ။ အစကေတာ့ ခရီးစဥ္လိုက္သြားတယ္ပဲ ထင္ေနခဲ့တာ။ သိပ္မသကၤာေတာ့လို႔ စုံစမ္းၾကည့္မွ အလုပ္ပါထြက္သြားၿပီတဲ့။
ဖုန္းေတြလည္း မကိုင္။ မက္ေဆ့ခ္်ေတြလည္း မဖတ္ဘဲ ဘာအ႐ူးထလဲမသိ။ တစ္ဖက္မွာ ႐ိုအာနဲ႔ မဂၤလာပြဲကလည္း နီးသထက္ နီးေနၿပီမို႔ အလုပ္ေတြကလည္း ရႈပ္ၿပီးရင္း ရႈပ္လို႔မၿပီးေတာ့။
ဒီေန႔ေတာ့ ေမးၾကည့္မွ ျဖစ္ေတာ့မယ္ဟု ေတြးကာ အလုပ္ကေန ခပ္ေစာေစာ ျပန္လာခဲ့လိုက္သည္။ အရင္ဆုံး အန္ကယ္ပတ္တို႔ ၿခံဘက္ ကူးသြားၿပီး ပတ္ဂ်ီမင္း ရွိေန၊ မရွိေန အကဲခတ္လိုက္ေပမဲ့ ခါတိုင္းလိုပဲ ရွိပုံမေပၚ။
"သားဂြၽန္ ထူးထူးဆန္းဆန္းပါလား"
"ပတ္ဂ်ီမင္း ရွိလား အန္တီ"
"သားငယ္က ေလယာဥ္လိုက္ေနတယ္ေလ"
ၾကည့္ရတာ မိသားစုေတြလည္း ပတ္ဂ်ီမင္းတစ္ေယာက္က Global Asia Airlines ကေန အလုပ္ထြက္သြားတာကို သိၾကေသးပုံမေပၚ။ မိသားစုကိုေတာင္ အသိမေပးဘဲ ေဒါသအိုးတစ္ေယာက္ တကယ္ကို ဘာေတြလုပ္ဖို႔ စဥ္းစားေနတာလဲ။
"မဟုတ္လည္း သားငယ္က အိမ္ကို တစ္ခါတေလမွ ျပန္လာတတ္တာသိရက္နဲ႔"
"ဟုတ္ ဒါဆို ကြၽန္ေတာ္ သြားလိုက္ပါဦးမယ္"
အန္တီ့ကို စကားစျမန္ျမန္ျဖတ္ကာ အိမ္ေလးထဲမွ အလ်င္လိုေနသည့္ ေျခလွမ္းေတြနဲ႔အတူ ျပန္ထြက္လာခဲ့သည္။ သူ႔ရဲ႕ ေနာက္ထပ္ဦးတည္ရာကေတာ့ အစ္ကိုႀကီးဆီကိုပါပဲ။
"ဘယ္လို.... ပတ္ဂ်ီမင္းက ဥကၠဌဂ်န္နဲ႔ အတူတူေနေနတယ္ဟုတ္လား!"
ရက္ေတြအမ်ားႀကီး သူ႔ဆီကေနေရာ၊ မိသားစုဆီကပါ ေျခရာေဖ်ာက္ၿပီး သြားေနေနတာက ဥကၠဌဂ်န္ဆီမွာတဲ့လား။ လက္ေတာင္မထပ္ရေသးဘူး ပတ္ဂ်ီမင္းက ဘယ္လိုေတာင္ ရဲတင္းလြန္းေနတာလဲ။ ဒါႀကီးက အရမ္းမ်ားသြားၿပီ မဟုတ္ဘူးလား။
"ဥကၠဌဂ်န္ရဲ႕လိပ္စာ ကြၽန္ေတာ့္ကိုေပး အစ္ကိုႀကီး"
"ဘာသြားလုပ္မလို႔လဲ"
"ျပန္သြားေခၚမလို႔"
ေကာ္ဖီေသာက္ရင္း မ်က္ခုံးတစ္ဖက္ ပင့္လိုက္သည္။ အငယ္ေလးေျပာခဲ့တဲ့ ကြၽန္ေတာ္တို႔ မခ်စ္ၾကဘူးဆိုတာ ဒါမ်ိဳးလား။ အိမ္အထိလိုက္ေခၚမဲ့ မခ်စ္ၾကတာမ်ိဳးေပါ့ေလ။ ဆန္းၾကယ္သားပဲ။
"ဘာပဲျဖစ္ျဖစ္ အငယ္ေလးနဲ႔ဥကၠဌဂ်န္ကလည္း လက္ထပ္ေတာ့မွာ။ အတူတူေနတာကေတာ့ ျပႆနာမရွိေလာက္ပါဘူး"
"အစ္ကိုႀကီး ဘယ္လိုေျပာလိုက္တာလဲ။ တစ္ခ်ိန္ခ်ိန္မွာ လက္ထပ္မယ္ဆိုတိုင္း ပစ္စလက္ခတ္ေနလို႔ျဖစ္မလား။ အစ္ကိုႀကီးက တကယ္ပဲ ပတ္ဂ်ီမင္းရဲ႕အစ္ကိုအရင္းေရာ ဟုတ္ေသးရဲ႕လား။ ကိုယ့္ညီတစ္ေယာက္လုံးကိုေတာင္ လူစိမ္းလက္ထဲ ျဖစ္ခ်င္ရာျဖစ္ ထိုးထည့္တဲ့အထိ...."
"ေတာ္ၿပီ ေတာ္ၿပီ။ ဒီေလာက္ဆို ငါ သေဘာေပါက္ၿပီ"
အစ္ကိုႀကီးမွာ ေကာ္ဖီေတာင္ ဆက္မေသာက္ႏိုင္။ ဂြၽန္ေဂ်ာင္ကုပါးစပ္ထဲ လုံးပါးမပါးခင္ အခ်ိန္မီ လက္ကာျပၿပီး တားဆီးလိုက္ရသည္။
"အငယ္ေလးက လက္ခံသေဘာတူလို႔ ငါလည္း ထည့္လိုက္တာပါ ေဂ်ာင္ကုရာ"
"သူ အလုပ္ကပါထြက္သြားတာေရာ အစ္ကိုႀကီးသိလား"
ႏႈတ္ဆိတ္သြားတာေၾကာင့္ သိထားႏွင့္ေနမွန္း ရိပ္မိလိုက္သည္။ ေဒါသအိုးအျပင္ အစ္ကိုႀကီးကပါ အလိုတူအလိုပါ ျဖစ္ေနတာလား။ ဒီလိုဆို သူ ၾကားဝင္ဖို႔က ထင္သေလာက္ မလြယ္ေတာ့ဘူး။
ဒါေပမဲ့လည္း အလြယ္ေလး လက္မေလွ်ာ့လိုက္ခ်င္။ ပတ္ဂ်ီမင္းက သူ႔ေရွ႕ကေန အသာတၾကည္ အေလွ်ာ့ေပးၿပီး ငုပ္လွ်ိဳးသြားမဲ့သူမ်ိဳး မဟုတ္သလို သူကလည္း ၿငိမ္ေနၿပီး လက္ခံေပးမွာမဟုတ္ဘူး။
"ကြၽန္ေတာ္ သြားေတာ့မယ္"
"တလက္စတည္း ငါ့ကို စားပြဲေပၚကဖိုင္ေလး ယူေပးခဲ့ပါဦး"
သြားပါမယ္ဆိုမွ ထိုင္ရာကမထဘဲ အမိအရ လာခိုင္းေနသည့္ အစ္ကိုႀကီးေၾကာင့္ စိတ္အခ်ဥ္ေပါက္သြားရသည္။ ယူေပးဆိုေတာ့လည္း ယူေပးလိုက္႐ုံေပါ့။
"ေရာ့"
ေဟာဗ်ာ။ ယူေပးၿပီးတာနဲ႔ အိမ္ေလးထဲက ခ်က္ခ်င္းထြက္သြားေလသူ။ ဇာတ္လမ္းတြဲေတြထဲကလို ေနာက္ခံသံစဥ္ေလးနဲ႔ ဇာတ္ရွိန္အျမင့္ဆုံးအပိုင္းလို ျဖစ္ေလမလားဆိုၿပီး အငယ္ေလးရဲ႕ ေဆးစစ္ခ်က္ဖိုင္ကိုမွ ရည္႐ြယ္ခ်က္ရွိရွိ ယူခိုင္းလိုက္တာ။
ခုေတာ့ နာမည္ေလးေတာင္ ၾကည့္မသြားဘူး။ ႏွစ္ေယာက္လုံးက အရမ္းေကာင္း သိပ္သိပ္ေကာင္း စိတ္ဓာတ္က်ဖို႔။ ဘဝမွာ စိတ္ကူးထားတာေတြက ထင္ထားသလို လက္ေတြ႕က်က် ျဖစ္မလာတတ္ဘူးဆိုတဲ့ သာဓက။
အစ္ကိုႀကီးတစ္ေယာက္ သက္ျပင္းခ်လ်က္ အလုပ္ျဖစ္မည့္ ေနာက္တစ္နည္းကို စဥ္းစားရေတာ့သည္။
_____________________
"ဧည့္သည့္ေရာက္ေနပါတယ္"
"ဘယ္သူလဲ"
"ဒုဥကၠဌဂြၽန္လို႔ေျပာပါတယ္"
ဖြီး!
ဝါးလက္စ စပ်စ္သီးေတြပင္ ပါးစပ္ထဲက ျပန္ထြက္ကာ သီးလုသီးနီး။ ဂြၽန္ေဂ်ာင္ကုက ဒီအထိ ဘာလိုက္လုပ္တာလဲ။ မယုံႏိုင္တာမို႔ မွန္ျပင္နားသြားကာ ေခ်ာင္းၾကည့္လိုက္ေတာ့ အိမ္ေရွ႕မွာ ဂြၽန္ေဂ်ာင္ကု စီးေနက် ကားအမဲႀကီးကို ေတြ႕လိုက္ရသည္။
ေနာက္ၿပီး တံခါးနားမွာ ရပ္ေနသည့္ ဂြၽန္ေဂ်ာင္ကုႀကီးကိုပါ အရွင္းသား အထင္းသား ထပ္ေတြ႕လိုက္ရသည္။ တကယ္ ေရာက္ေနတာပဲ။
"တံခါးဖြင့္ေပးလိုက္ရမလား"
အိမ္အကူအေဒၚႀကီးက ေမးလာေတာ့ ေခါင္းယမ္းျပလိုက္သည္။ သိပ္ေတာ့မျဖစ္ေသးဘူး ဖြင့္မေပးလို႔ဆိုၿပီး ၿခံေက်ာ္ၿပီး ဝင္လာရင္ ဘယ္လိုလုပ္မလဲ။ ငယ္ငယ္ကတည္းက စိတ္တိုလာရင္ ဂြၽန္ေဂ်ာင္ကုတို႔ မလုပ္ရဲတာ ဘာမွမရွိ။
မူလတန္းတုန္းကဆို တျခားသူငယ္ခ်င္းေတြလိုမ်ိဳး စာမရွင္းျပရေကာင္းလားဆိုၿပီး တစိမ့္စိမ့္အျငႇိဳးနဲ႔ မထင္မွတ္ထားတဲ့အခ်ိန္ လူၾကားထဲ သူ႔ကို ကုန္းကိုက္ခဲ့တဲ့ေကာင္,မလား။
ေခြးေကာင္!
အိမ္အကူအေဒၚႀကီးကို မခိုင္းေတာ့ဘဲ ကိုယ္တိုင္ကိုယ္က် လူခ်င္းထြက္ေတြ႕ဖို႔အတြက္ အိမ္ေရွ႕ဆီကို ထြက္ခဲ့လိုက္သည္။
"ဘာကိစၥလဲ"
တံခါးဖြင့္ၿပီးၿပီးခ်င္း အေပါက္ဝမွာ ပိတ္ရပ္ထားရင္း ဆီးေမးလိုက္ေတာ့ မႈန္ကုတ္ကုတ္မ်က္ႏွာနဲ႔ သူ႔ကို အကဲခတ္လာသူ။ သတိေတာ့မထားမိႏိုင္ပါဘူး။ သူ႔ဗိုက္က အဲ့ေလာက္လည္း သိသာေသးတာမွမဟုတ္ဘဲ။
"မင္း ထြက္ေျပးေနတာလား ပတ္ဂ်ီမင္း"
ဘာလာေၾကာင္ေနတာဆိုတဲ့ အၾကည့္ျပင္းျပင္း ျပန္ေပးလိုက္ေပမဲ့ ဂြၽန္ေဂ်ာင္ကုတို႔က မၿဖဳံေတာ့ၿပီ။
"ငါ့ကိုရႈံးမွာစိုးလို႔ေလ"
"အဲ့ေတာ့ မေပ်ာ္ဘူးလား"
မေပ်ာ္ဘူး။
တစ္ေနရာမွ ေပ်ာ္စရာလည္း ေကာင္းမေနဘူး။ ပတ္ဂ်ီမင္းက ပတ္ဂ်ီမင္းနဲ႔ တူမေနတာ ပိုလို႔ေတာင္ ေပ်ာ္စရာမေကာင္းေသးတယ္။
"သိပ္လည္း စိတ္ပူမေနပါနဲ႔။ ဘယ္လိုပဲျဖစ္ျဖစ္ ငါက မင္းထက္ အရင္လက္ထပ္မွာပဲေလ"
"ဘယ္မွာလဲ"
"ဘာကိုလဲ"
"ဘယ္မွာသြားလက္ထပ္မွာလဲ အဲ့ဒါေျပာ"
လက္ညႇိဳးေလးေကြးကာ ေနရာေျပာျပဖို႔ ဇြတ္ေမးေနပုံက ျမင္ျပင္းကတ္ဖြယ္။
"ေဂ်ာင္ဒုံက ဘုရားေက်ာင္းမွာပါ"
ဝင္ေျဖလိုက္သူက ဥကၠဌဂ်န္။ ဘယ္အခ်ိန္က သူတို႔ႏွစ္ေယာက္အနား ေရာက္ေနမွန္းမသိသလို မလွမ္းမကမ္းမွာ ရပ္ထားတဲ့ ဥကၠဌဂ်န္ရဲ႕ ကားကိုျမင္ေတာ့မွ ႏွစ္ေယာက္သား ပတ္ဝန္းက်င္ကိုပါ သတိမထားမိဘဲ အိမ္ေရွ႕တည့္တည့္မွာ အေခ်အတင္ျဖစ္ေနမိမွန္း တန္းသိလိုက္သည္။
"ဘုရားေက်ာင္း...."
"ဟုတ္တယ္"
ဂြၽန္ေဂ်ာင္ကုသည္ နားရွိလို႔သာ ၾကားရတယ္ဆိုသည့္အတိုင္း မယုံႏိုင္လြန္းလို႔ ဘယ္ကစေျပာရမလဲေတာင္မသိေတာ့။ ပတ္ဂ်ီမင္းလိုလူက ဘုရားေက်ာင္းမွာပဲ သိုသိုသိပ္သိပ္ မဂၤလာေဆာင္မယ္ဆိုတာ တကယ္ေရာ ဟုတ္ရဲ႕လား။
ေ႐ႊပန္းကန္ဆိုတဲ့ နာမည္ကိုေတာင္ ျပန္ေျပာင္းစဥ္းစားရေတာ့မလို။
"အဲ့မွာပဲ လက္ထပ္မဲ့အေၾကာင္း ဂ်ီမင္းနဲ႔ပါ အတူတူတိုင္ပင္ခဲ့ၾကတာမို႔"
ေဒါသအိုးရဲ႕ ပခုံးေပၚ လက္တင္ကာ ခပ္ၿပဳံးၿပဳံး ေျပာလာသည္။ ဥကၠဌဂ်န္ဘက္က အတင္းဖိအားေပးလို႔မ်ားလားဆိုၿပီး အကဲခတ္ၾကည့္လိုက္ေပမဲ့လည္း ေဒါသအိုးကပါ ဥကၠဌဂ်န္ကို ျပန္ၾကည့္ၿပီး ႏူးႏူးညံ့ညံ့ ၿပဳံးျပေနသည္ေလ။ ဒီလိုဆို ျပန္ေပးဆြဲခံရတာလည္း မျဖစ္ႏိုင္။
"ေဆာင္မဲ့ရက္ကေရာ"
Advertisement
- In Serial7 Chapters
Solstice Anthology
A collection of short stories I've written over the past few years, the centerpiece being "Solstice" itself: On the Winter Solstice, the wind whispered. It roared and blew across the world, and reached even the Heavens above. With it, the great cold of winter flooded across that higher plane, and the gods staggered. They felt the golden dust of their divinity drift away from them, and the message of that wind became clear… This Winter will never end so that the Earth will.
8 328 - In Serial7 Chapters
Rising of Grenetas
"The fate of entire world is in your hands." The entire world drifts into endless sleep, Modern Buildings turn into Jungle, Unknown dangers lurk in those jungles Five teens find themselves awake, They have no idea what's going on, All they know is that the fate of entire world depends on them. A thrilling Fantasy novel which brings you to a dark and mysterious world where creatures beyond your imagination lurk along with their mistress - A crazy Sorceres who wants to create a new world.
8 78 - In Serial13 Chapters
Incant - A Wizard in Cienmiedos (Short Story)
The town of Cienmiedos requests assistance from the AWW. A level three Incant is promptly dispatched. The horror she finds in this podunk town might just be beyond her pay grade. This short story is complete. Set in the Incant world with other stories in this setting likely coming soon. Same Book Banner will be used for the short stories.
8 185 - In Serial15 Chapters
The Foxy Dungeon
Inspired by stories like The Slime Dungeon and Arnar the dungeon, This is my dungeon tale with the mystical Yokai, Kitsune! Kitsune, Foxes with great magical power as well as being naturally gifted in illusions. They also hold the power to take human form. Now is the time to make their race known to the world through the powers of a newly born dungeon!
8 249 - In Serial12 Chapters
Looking for My Future
“fk why are they have so fast hand, fk why are them can react like that, fk why are they can doing it like that, and some time he ask what the fking insane instinct the pro player have….”that the curse he always say after he been beaten up in game, actually he is someone that can be say one of a genius people in a real world. but every time he play a game he just can become an average player. so he decided…“i will make my own game, so that i will not been beaten up on my own game. and i can become one of the top player, hahahaha…”that his promise to himself, and this is a story of a beater in some game that play for his more little time.
8 201 - In Serial65 Chapters
NCT 19th Member
The description is in the title :) If you have any suggestions on chapters make sure to let me know!
8 143

