《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅]နွေဦးဝါရောင်ပြန်|နွဦေးဝါရောင်ပြန်
Advertisement
"မြေကြီးပေါ်မှာကြမ်းပိုးတွေအများကြီးရှိတာကို မင်းမြင်တယ်နော်။ မင်းကစားဖို့ ငါနှစ်ကောင်ဖမ်းပေးရမလား။"
______________________________________________
ထိုအခိုက်၊ ခပ်လှမ်းလှမ်းတွင်ရှိသောခေါက်ဆွဲဆိုင်မှတစ်ယောက်ယောက်က အော်ပြောလာသည်။
"ရှောင်ကျန်း၊ ရှောင်ကျန်း၊ ဧည့်သည်တစ်ယောက်ရောက်လာပြီ၊ နင်ပြန်လာအုံးမှာလား။"
ရှောင်ကျန်းသည်မိန်းမငယ်လေး၏အမည်နာမဖြစ်ကာ သူမသည်မြန်မြန်ဆန်ဆန်ထရပ်လိုက်ပြီး လည်တိုင်ပေါ်တွင်ဓားတစ်ချောင်းချိတ်လျက်သားဖြင့် သူမဟာ ရှုလင်ကျားအားတွန့်ဆုတ်စွာဖြင့်နှုတ်ဆက်စကားဆိုပြီးနောက် ခေါက်ဆွဲဆိုင်ဆီသို့ပြန်ပြေးသွားတော့သည်။
ရှုလင်ကျားသည်တိတ်တိတ်လေးလိုက်သွားကာ ခေါက်ဆွဲဆိုင်ဘေးရှိသစ်ပင်ကြီးနောက်တွင်ပုန်းလိုက်ချိန်၊ လမ်းမပေါ်ရှိသူဖုန်းစားအိုကြီးက ဆိုင်ပိုင်ရှင်အမျိုးသမီးကိုဆဲဆိုနေသည်ကို သူကြားလိုက်ရပေသည်။
"ကျုပ်ပြောမယ်၊ ဝမ်မိသားစုရဲ့ချွေးမ၊ မင်းကသိပ်ကိုနှလုံးသားမဲ့တာပဲ။ ကောင်းပြီလေ။ ကျုပ်ဒီမိန်းကလေးကိုကူညီခွင့်ပေးဖို့ဆန္ဒရှိနေတုန်းပဲ။ မင်းရဲ့စီးပွားရေးထိခိုက်မှာကို မင်းမစိုးရိမ်ဘူးလား။"
ဆိုင်ပိုင်ရှင်အမျိုးသမီးက သူမ၏လက်ကိုရှေ့ဖုံးခါးစည်းနှင့်သုတ်ကာ မထူးခြားမခြားနားစွာဆိုသည်။
"ကျွန်မလက်ရာကိုစားရတဲ့ကြိုက်တဲ့သူတွေက အသိအကျွမ်းတွေကြီးပဲ။ သူတို့လာချင်ရင်လာမှာပဲ။ ရှောင်ကျန်းရဲ့အဖေနဲ့အမေဆုံးသွားတာကြောင့်မဟုတ်ရင် ညီအစ်မနှစ်ယောက်က ဘယ်သူမှမသွားတဲ့သရဲအိမ်ကြီးထဲမှာ ဘယ်လိုလုပ်ပြီးနေနိုင်ပါ့မလဲ။ ဒီလောကမှာ လူကောင်းတွေကချီးမြှောက်ခံရပြီး နှလုံးသားထဲမှာမကောင်းတဲ့စိတ်ရှိနေရင်တော့ ကံဆိုးမှာကိုကြောက်နေကြမှာပဲ!"
စားသုံးသူအများအပြားကနားထောင်နေကြပြီး သူမကိုချီးကျူးလိုက်မိကြကာ တော်တယ်ဟုဆိုသည်။
သို့ပေမဲ့ သူဖုန်းစားမှာအရက်မူးစွာရယ်သွမ်းလာသည်။
"လူကောင်းသူကောင်းတွေကချီးမြှောက်ခံရတယ်တဲ့လား။ ဘာ့! လူကောင်းတွေသာတကယ်ပဲကံကောင်းတယ်ဆိုရင် အဲ့ဒီ့သရဲခြောက်တဲ့အိမ်ထဲမှာသေသွားတဲ့လူတွေကဘာပြောလာကြမလဲ။ မသေမျိုးမိသားစုကအရမ်းကိုအစွမ်းအစရှိတယ်မလား။ အခုတော့သွားပြီလေ။ မင်းသာကျုပ်ကိုပြောစေချင်တယ်ဆိုရင် လောကကြီးမှာဘာအကြောင်းပြချက်မရှိဘူး၊ ကျုပ်လိုသူဖုန်းစားအိုကြီးထက် ဘယ်ဟာကပိုကောင်းအုံးမှာလဲ။ ကျုပ်ကဘယ်နေရာမှာမှမတော်ဘူး၊ ဘာအလုပ်မှလဲမလုပ်ဘဲ လမ်းမပေါ်မှာလဲလျောင်းရင်း အရက်လေးသောက်လိုက်နဲ့ သိပ်ကိုပျော်စရာကောင်းတာကွ!"
သူတို့ကဤနေရာတွင်စကားများနေကြပြီး ရှောင်ကျန်း၏အခြေအနေတချို့ကိုလည်း ရှုလင်ကျားကြားမိသည်။
ဖြစ်ပုံမှာ ဤမိန်းကလေးကား ဆိုးဝါးသောလုပ်ကိုင်နိုင်စွမ်းနှင့်မွေးဖွားလာပြီး သူမ၏ညာဘက်ခြေထောက်တွင် ဝေဒနာတစ်ခုစွဲကပ်နေခဲ့သည်။ သူမ၏မိဘများမှာ လွန်ခဲ့သောနှစ်အနည်းငယ်တုန်းကဆုံးပါးသွားခဲ့ကြပြီး သူမမှာတစ်ယောက်နှင့်တစ်ယောက်မှီခိုနေထိုင်ဖို့ရန် အသက်၇နှစ်အရွယ်ညီမလေးတစ်ယောက်သာကျန်ခဲ့သည်။
သိပ်မကြာသေးခင်ကတိုက်ခတ်ခဲ့သောလေအေးကား ညီအစ်မနှစ်ယောက်၏ဘဝကိုပို၍ပင်ခက်ခဲစေခဲ့သည်။ သူတို့သည် မြို့အရှင်၏မောင်းထုတ်ခြင်းခံရကာ ဤမြို့တွင်နာမည်ကြီးသောတစ္ဆေအိမ်ကြီးဆီသို့ ယာယီပြောင်းရွေ့နေထိုင်ရန်ဖြစ်လာခဲ့ရ၏။
အခြားသူများမှာ ရှောင်ကျန်းတစ်ယောက်ကံဆိုးသည်ဟု ခံစားကြရပြီး သူတို့ဟာရှောင်ကျန်းနှင့်အဆက်အဆံမလုပ်ချင်ကြသည်မှာ မတိုင်ခင်တုန်းကသူမကိုစနောက်နေကြသောကလေးတို့၏အဖြစ်အပျက်ကဲ့သို့ပင်။
ပြီးတော့ ထိုတစ္ဆေအိမ်ကြီးထဲတွင်လူအမြောက်အမြားသေဆုံးခဲ့ကြသည်။ မိန်းကလေးနှစ်ယောက်မှာ ထိုအိမ်ထဲတွင်နေထိုင်ဖို့ဖြစ်လာရသော်လည်း သူတို့လည်းကြောက်ရွံ့မိသဖြင့် ရှောင်ကျန်းမှာအံကြိတ်ပြီး မိစ္ဆာဝိညာဥ်တွေကိုနှိမ်နင်းရန်တစ်ခုခုဝယ်ဖို့ ပိုက်ဆံအနည်းငယ်ညှစ်ထုတ်ခဲ့ရပြီး ဆုတောင်းခဲ့ရသည်။
ရှုလင်ကျားသည်သူသိချင်သည်ကိုအကြမ်းဖျင်းနားထောင်ပြီး သူဖုန်းစားအိုကြီးကိုစိုက်ကြည့်လိုက်ကာ အမွှေးကိုခါပြီး ထွက်လာလိုက်တော့၏။
သူသည်မည်သူမျှမရှိသောနေရာတစ်ခုကိုရှာကာ သူ၏မယ်ရီဒျန်ထဲတွင်ကျန်ရစ်သောစိတ်ဝိညာဥ်စွမ်းအင်ကိုနှိုးဆွဖို့ကြိုးစားလိုက်သည်။
ယခုလေးတင်၊ သူသည် ကျင်းဖေးထုန်ထံမှ ဗီလိန်၏ကံကောင်းမှုတချို့ရရှိခဲ့ပြီး ၎င်းမှာရှုလင်ကျားအပေါ်ဖိနှိပ်နေသောဇာတ်ကြောင်း၏သက်ရောက်မှုကို နောက်ဆုံးတွင်အားနည်းသွားစေပေသည်။ ဤအချိန်တွင်မူ သူသည် သူ၏စိတ်ဝိညာဥ်စွမ်းအားအချို့ကိုစုစည်းကာ သူ၏ကိုယ်ခန္ဓာကိုပြန်လည်ရယူလိုက်၏။
လူသစ်တစ်ယောက်ဖြစ်ရတာ အရမ်းခံစားလို့ကောင်းသား!
ရှုလင်ကျားသည်ဝတ်ရုံလက်ကိုခါလိုက်ကာ လန်းဆန်းလာသည်ဟုခံစားမိ၏။
သူသည် သူ၏ဝတ်ရုံလက်ထဲမှမှော်အိတ်ကိုထုတ်လိုက်ပြီး သူမထွက်ခွာမီ သူ၏ဆရာတူအစ်ကိုပေးလိုက်သောမှော်အိတ်ထဲတွင် ငွေပြားအလုံအလောက်ပါဝင်ပေသည်။
လော့ရှောင်းကိုတွေးမိရင်း ရှုလင်ကျားသက်ပြင်းအသာချမိသည်။
သူလမ်းမဆီထပ်သွားလိုက်ပြီး ရှောင်ကျန်းကိုဓားရောင်းလိုက်သောစျေးသည်ကိုရှာချင်ပေမဲ့ ဤကဲ့သို့အချိန်ခဏလေးအတွင်းမှာပင် ဆိုင်ပိတ်သွားခဲ့လေပြီ။
ရှုလင်ကျားထံတွင်သံသယတချို့ရှိနေသဖြင့် သူဟိုဟိုဒီဒီကြည့်ကာ အရှိန်အဝါနှင့်ရှေးဟောင်းကျောက်စိမ်းတချို့ကိုဝယ်ယူလိုက်ပြီး တစ္ဆေခြောက်သောအိမ်ကြီး၏တည်နေရာအကြောင်း မေးမြန်းစုံစမ်းကာ လားရာအတိုင်းလိုက်လာခဲ့လိုက်သည်။
ဤဒဏ္ဍာရီလာတစ္ဆေခြောက်သောစံအိမ်ကြီးကား ကနဦးအစတွင် ကျယ်ပြောကာချမ်းသာကြွယ်ဝသောစံအိမ်ကြီးတစ်ခုဖြစ်ခဲ့ပြီး မြို့၏အနောက်ဖက်မြစ်ငယ်လေး၏အရှေ့ဖက်တွင်တည်ရှိ၏။ ဤစံအိမ်ထဲတွင်နေထိုင်ခဲ့ကြသောမိသားစုများသေဆုံးသွားခဲ့သဖြင့် ၎င်းမှာတဖြည်းဖြည်းနှင့်လူသူကင်းမဲ့လာတော့သည်။
ဤသို့ဖြင့် တစ္ဆေသရဲမရှိရင်တောင် လူများစွာသေဆုံးသွားခဲ့ကြသဖြင့် အိမ်ထဲရှိယင်စွမ်းအင်အလွန်များပြားနေမည်မှာ မလွဲဧကန်ပင်။
ဤအိမ်ထဲတွင်နေထိုင်သောသူများတွင် စိတ်ချောက်ချားခြင်း၊ မေ့မြောခြင်း (သို့) ခန္ဓာကိုယ်အတွင်းရှိယန်စွမ်းအင်အားနည်းလာခြင်းများဖြစ်ပေါ်လာနိုင်ပြီး အတွေးလွန်ခြင်းနှင့်ဖျားနာခြင်းဆီသို့ဦးတည်သွားပေသည်။
အရာရာတိုင်း၌ကိုယ်ပိုင်တည်ရှိမှုရှိကာ ရှောင်ကျန်းဝယ်ယူသွားသောဓားကြောင့် ယင်းတို့ကြားတွင်အကျိုးနှင့်အကြောင်းအလွှာပါးတစ်ခုဖြစ်တည်လာပြီး ၎င်းအားအတင်းအကြပ်နှောင့်ယှက်၍မရနိုင်ပေ။
ရှုလင်ကျားသည်အစတုန်းကစံအိမ်ထဲတွင် မသန့်ရှင်းသောတစ်စုံတစ်ရာရှိနေသည်လားဆိုတာကို အရင်ဆုံးကြည့်ဖို့ရည်ရွယ်ထားခဲ့၏။ တကယ်လို့ ရှိနေမယ်ဆိုရင် သူက၎င်းကိုဖြေရှင်းပေးပြီး အပေးအယူအနေဖြင့် မိစ္ဆာဓားကိုယူမှာဖြစ်သည်။
သူသည်တံခါးကိုမဖွင့်ဘဲ နံရံမှတဆင့်တိုက်ရိုက်ခုန်ဝင်သွားလိုက်၏။
ဤအိမ်ကြီးထဲတွင် လေဝင်ပေါက်မရှိသောစကြ်ံလမ်းနှင့် ဥယျာဥ်တံတားငယ်လေးတစ်စင်းရှိ၏။ လရောင်အားဖြင့် ဟသ်ာပဒါးကျောက်တိုင်များပေါ်မှရွှေရောင်ဒီဇိုင်းများကိုမြင်နိုင်ပေသည်။ အနည်းဆုံးတော့ မျိုးဆက်၄ဆက်ရှိလောက်ပေမည်။
ယခုတွင်အကုန်လုံးကင်းမဲ့သွားပြီဖြစ်ကာ မပြောအပ်သောဝမ်းနည်းမှုသာရှိတော့သည်။
ဤအချိန်တွင် ကောင်းကင်ကားမှောင်မိုက်ကာ ကောင်းကင်ယံထက်တွင်တောက်ပသောလမင်းရှိနေပေမဲ့ အိမ်ကြီးတစ်ခုလုံးတွင်အလင်းရောင်စိုးစဥ်းမျှရှိမနေ။ မိန်းကလေးတစ်ယောက်၏အသံကအရှေ့ဖက်မှထွက်ပေါ်လာပြီး သူမကကျယ်လောင်စွာဆိုသည်။
"ကုတင်ရှေ့ကတောက်ပသောလရောင်ကို မြေပြင်ပေါ်ကမြူနှင်းတစ်မှုန်လို့သံသယရှိတယ်။ မင်းရဲ့ခေါင်းကိုမော့ပြီးလမင်းကြီးကိုကြည့်လိုက်ပြီးရင် မင်းရဲ့ခေါင်းကိုပြန်ငုံ့လိုက်ပါ။ ငါ့ရဲ့မွေးရပ်မြေအကြောင်းစဥ်းစားရင်း..."*
ဤကဲ့သို့တိတ်ဆိတ်ကာနောက်ကျသောညတစ်ညတွင် ဤကဲ့သို့တိတ်ဆိတ်နေသောအိမ်ကြီးထဲတွင် ဤကလေးဆန်သောကလေးတစ်ယောက်၏အသံပင် ထူးဆန်းသည့်ပုံပေါ်သည်။
မည်သို့ဆိုစေကာမူ၊ ဤကဲ့သို့စာပိုဒ်မျိုးမွေးဖွားလာသဖြင့် အထီးကျန်သောခံစားချက်တစ်စွန်းတစ်စမှာလည်း အကြောင်းမဲ့ပေါက်ဖွားလာပေသည်။
လေလွင့်ခရီးသည်ကားသူ၏မွေးရပ်မြေအကြောင်းတွေးရသည်ကိုနှစ်ခြိုက်၏။ သို့သော် သူသာအလေအလွင့်တစ်ယောက်ဖြစ်ခဲ့လျှင် သူ့တွင်မည်သည့်အတွေးမျှမရှိ။
ရှုလင်ကျားခေါင်းခါကာ သတိချပ်လိုက်သည်။ အိမ်ကြီးတစ်ခုလုံးဟာတကယ့်ကိုအလွန်မှောင်မိုက်နေပေမဲ့ တစ္ဆေသရဲတို့၏အရိပ်အယောင်လုံးဝမရှိသည့်ပုံပင်။
မိန်းကလေး၏အသံကအရှေ့ဖက်လေသာဆောင်ကလာတာဖြစ်ပြီး ၎င်းမှာရှောင်ကျန်း၏ညီမငယ်လေးဖြစ်လောက်ပေမဲ့ ထိုကလေးမလေးဘာကြောင့်မီးအိမ်မထွန်းမှန်း ငါမသိပေ။
ရှုလင်ကျားမှာသူမကိုမနှောင့်ယှက်ချင်သဖြင့် အရံအတားတစ်ခုတည်ဆောက်ရန် သူ့လက်ကိုမြှောက်လိုက်ပြီး အရှေ့ဖက်လေသာဆောင်အားအတွင်းမှချိပ်ပိတ်လိုက်သည်။ သူအနီးဝန်းကျင်ကိုကြည့်တော့မည့်အချိန်တွင် ရုတ်တရက်ချင်းပင် သူ့အနောက်မှလာသောဓားသံကိုကြားလိုက်ရသည်!
ဤကား ဓားအိမ်ထဲမှထွက်လာသောဓားသွား၏စူးရှသောအသံဖြစ်ပေသည်။
သူ့စိတ်ငြိမ်သွားသောအခိုက်အတန့်တွင် ဓားတစ်လက်ကသူ့နောက်ကျောဆီသို့ ရုတ်ခြည်းဦးတည်လာတော့သည်!
ရှုလင်ကျား၏ဓားရှည်ကား လွန်ခဲ့သောနှစ်နှစ်တုန်းကနှစ်ပိုင်းကျိုးသွားခဲ့သဖြင့် ယခုမူသူ့တွင်လက်နက်မရှိပေ။ အလျင်စလိုဖြင့် လက်တစ်ဖက်နှင့်ချိပ်စည်းတစ်ခုဆွဲလိုက်ကာ သူ၏ဓားချီကအသက်ဝင်လာသဖြင့် သူလှည့်ကာပိတ်ဆို့လိုက်ချေသည်။
ဤဓားချီကထွက်လာပြီး မြေပြင်တွင်နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ခုဖြစ်သွားစေပေမဲ့ ၎င်းမှာမည်သည့်အရာနှင့်မျှထိပ်တိုက်မတွေ့ပေ။
ရှုလင်ကျားနောက်ပြန်ဆုတ်လိုက်ပြီးနောက် သူ့အနေအထားကိုပြန်ကြည့်လိုက်ရာ မှေးမှိန်သောဓားလေ့ကျင့်နေသည့်ပုံရိပ်တစ်ခုကိုသာ ဖမ်းဆုပ်မိလိုက်သည်။
ကြည့်ရတာ မှားယွင်းသောသတိတစ်ခုဖြစ်သွားသည့်ပုံပင်။ သို့ပေမဲ့ ဒါဟာ တကယ်တမ်းတွင်မူ ဤနေရာတွင်နေထိုင်သွားသောတစ်စုံတစ်ယောက်၏အစွဲတစ်ခုဖြစ်ပေ၏။
ရှုလင်ကျားနောက်မှာအသိမပေးဘဲပေါ်လာနိုင်တာအံ့သြစရာမရှိပါဘူး။
ဤကဲ့သို့အစွဲမျိုးကား ယေဘုယျအားဖြင့်တော့ တစ်စုံတစ်ယောက်ကမသေခင်တွင် ကမ္ဘာကြီးမှထွက်ခွာဖို့အလိုမရှိသောသူများဖြစ်ကြပြီး အလွန်အမင်းနာကျည်းမှုအပြည့်ဖြင့် ဆန္ဒမရှိကြဘဲ မသေခင်တုန်းကစိတ်ထဲစွဲနေခဲ့သောဖြစ်ရပ်ကို ထာဝရထိန်းသိမ်းထားကြကာ ၎င်းသည်တချို့သောထူးခြားသည့်အခြေအနေများအောက်တွင် ပေါ်လာပေလိမ့်မည်။
ခုနတုန်းက ရှုလင်ကျားတစ်ယောက်အရံအတားတည်ဆောက်လိုက်ချိန်တွင် သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံးပြီး ဤအစွဲကိုဆွဲထုတ်လိုက်မိသည်။
ဒါကပုံမှန်မဟုတ်ပေမဲ့ အရေးကြီးဆုံးအရာမှာ ဓားကိုင်ထားသောလူ၏မျက်နှာသွင်ပြင်ကို ရှုလင်ကျားသေချာမမြင်လိုက်ရပေမဲ့ သူ့လက်ထဲကတစ္ဆေဓားသွားကိုတော့ သူရှင်းရှင်းလင်းလင်းမြင်လိုက်ပေသည်။
ဒါက မိစ္ဆာဓားကပုံမှန်အရွယ်အစားကိုရောက်ပြီးနောက်တွင် ဘယ်လိုပုံစံရှိသလဲဆိုတာပင်။
-----ဒီတစ္ဆေခြောက်သောအိမ်ကြီးထဲရှိတစ်ယောက်ယောက်က ဒီဓားကိုတစ်ခါကအသုံးပြုခဲ့ဖူးသည်ဟု ညွှန်ပြနေသည်။
ဓားကဘာကြောင့်သေးသွားရတာလဲ။ ပြီးတော့ နှစ်တွေဘယ်လောက်အကြာမှ ဓားကဒီနေရာမှာနေနေတဲ့ရှောင်ကျန်းရဲ့လက်ထဲကိုရောက်လာတာကို ဘာကြောင့်များမသိကြရတာလဲ။
ဒါကို'တိုက်ဆိုင်မှု'တစ်ခုလို့ပြောသင့်လား။
ထိုအကြောင်းစဥ်းစားပြီးနောက် ပုံရိပ်မှာလုံးဝပျောက်ကွယ်သွားလေပြီ။
ဘေးတွင်တံခါးတစ်ချပ်ရှိနေပြီး ထိုတံခါးမှာ'ကျွီ'ခနဲပွင့်လာပေသည်။
ရှုလင်ကျား၏စိတ်ခံစားချက်များတင်းမာနေကာ သူလှည့်ကြည့်လိုက်သည်။ သူ၏လက်များမှာခုခံလျက်အနေအထားဖြစ်နေပေမဲ့ သူ့ခါးအောက်သာသာအရပ်ရှိပြီး ခေါင်းပေါ်ကကျစ်ဆံမြီးလေးများပေါ်တွင် ပန်းရောင်ပန်းပွင့်လေးများထိုးထားသော ကလေးမလေးတစ်ယောက်လေသာဆောင်ထဲမှပြေးထွက်လာသည်ကို သူမြင်လိုက်ရသည်။
ရှုလင်ကျားကိုသူမမြင်လိုက်သော် သူမသည်မိန်းမောစွာရပ်တန့်သွား၏။
ဤအချိန်တွင်သူ၏မျက်လုံးများအရမ်းစူးရှခက်ထန်နေလိမ့်မည်ကို ရှုလင်ကျားမှန်ထဲတွင်ကြည့်စရာပင်မလို။ အဘယ်ကြောင့်ဆိုသော် ကလေးမလေးက ပါးစပ်တစ်ဝက်ဟလျက်သားဖြင့် တစ်အောင့်မျှမိန်းမောသွားပြီးနောက် "ဝူး"ဟုအော်ငိုလာသောကြောင့်ပင်။
သူ့ခေါင်းကြီးသွားသည်ဟု ရှုလင်ကျားရုတ်ခြည်းခံစားလိုက်မိသည်။
သူ့တွင်ကလေးများနှင့်ဆက်သွယ်ရန် အခွင့်အလမ်းအလွန့်အလွန်နည်းပါးသည်။ တောင်ထွတ်ပေါ်တွင် ဤအရွယ်တပည့်ဂိုဏ်းသားငယ်လေးများရှိပေမဲ့ သူတို့သည်ရှုလင်ကျားရှေ့တွင်ကောင်းမွန်စွာပြုမူနေထိုင်ကြကာ ဘယ်လိုလုပ်ပြီးဒီလိုမျိုးငိုရဲလိမ့်မည်နည်း။
Advertisement
ရှုလင်ကျားခြောက်ကပ်ကပ်ပြောလိုက်သည်။
"မကြောက်နဲ့။ ငါကလူဆိုးမဟုတ်ဘူး။"
သူမကသူ့ကိုအလုံးစုံလျစ်လျူရှုထားကာ ပို၍ကျယ်လောင်စွာအော်လာပေသည်။
ရှုလင်ကျားကူကယ်ရာမဲ့စွာသက်ပြင်းချမိကာ သူ့နှဖူးသူထုလိုက်ပြီး ကလေးမလေးရှေ့တွင်ဆောင့်ကြောင့်ထိုင်ကာ ခဏကြာပြီးနောက်ပြောလိုက်သည်။
"မငိုနဲ့။ မြေကြီးပေါ်မှာကြမ်းပိုးတွေအများကြီးရှိတာကို မင်းမြင်တယ်နော်။ မင်းကစားဖို့ ငါနှစ်ကောင်ဖမ်းပေးရမလား။"
"..."
ရက်စက်သောအရာကား သူ၏လေသံနှင့်မျက်နှာထားမှာ အလွန်ပင်ရိုးသားစစ်မှန်လှပြီး သူ၏ပင်ကိုယ်စရိုက်သဘာဝနှင့်ပတ်သတ်၍ တစ်ခုခုမှားယွင်းနေသည့်ပုံပင်။
ဤစကားသည်ဆန့်ကျင်ဖက်မှအကျိုးသက်ရောက်သွားခဲ့သည်။ ကလေးမလေးမှာအလွန်ကြောက်လွန်းလှသဖြင့် ငိုပင်မငိုရဲတော့ဘဲ လျင်မြန်စွာပြောလာသည်။
"ဟင့်အင်း၊ သမီးပိုးကောင်မလိုချင်ဘူး။ ပြီးတော့ သမီး၊ သမီးမြေခွေးမလည်းမလိုချင်ဘူး!"
ရှုလင်ကျား: "ဟမ်?"
ဒါကနည်းနည်းထူးဆန်းနေသလိုပဲနော်၊ ဟုတ်တယ်မလား။
ကလေးမလေးကဆိုသည်။
"သူကကြည့်ကောင်းပြီး တခြားလူတွေရဲ့အိမ်ထဲကိုညလယ်ခေါင်မှာတိတ်တိတ်လေးလာတတ်တယ်လို့ ဦးလေးဝမ်ပြောတာကို သမီးကြားခဲ့တယ်။ သူတို့ကမြေခွေးဝိညာဥ်တွေပဲ၊ သူတို့ကလူတွေကိုခြောက်ဖို့ အိပ်ရာထဲမှာပုန်းနေကြတယ်...မမကပြန်မလာသေးဘူး။ အိမ်မှာသမီးတစ်ယောက်တည်းကြောက်တယ်။ သမီးကိုမခြောက်ပါနဲ့နော်..."
ဤကလေးမလေးသည်ရှောင်ကျန်း၏ညီမလေးဖြစ်၏။ သူမကအခန်းထဲတွင်ခုနကလေးတင်ရှိနေခဲ့သဖြင့် ရှုလင်ကျားက ယင်စွမ်းအင်နှင့်အပြင်ဖက်ရှိမူမမှန်သောလှုပ်ရှားမှုတို့ကို တားဆီးပိတ်ပင်ရန် အရံအတားတည်ဆောက်လိုက်ပေမဲ့ သူမရုတ်တရက်ပြေးထွက်လာတာကို သူမတားလိုက်နိုင်ပေ။
ယန်စွမ်းအင်ကိုဘယ်သောအခါမှမဆွဲဆောင်သည့် တည်ငြိမ်လေးနက်သောမြေခွေးတစ်ကောင်အနေဖြင့် ရှုလင်ကျားအာမခံနိုင်ပေသည်။
"ငါမင်းကိုမခြောက်ပါဘူး။ ပြီးတော့ ငါကမကောင်းဆိုးဝါးမဟုတ်ဘူး။ ကောင်းပြီလေ..ငါကဒီကိုမတော်တဆရောက်လာတာ၊ မဟုတ်ရင် မင်းကို..ပြောပြပါ့မလား။"
ကလေးမလေးကသူမ၏လက်များဖြင့်မျက်လုံးများကိုပွတ်ကာ တီးတိုးဆိုသည်။
"ရပါတယ်။"
ရှုလင်ကျားထပ်မေးလိုက်သည်။
"မင်းဘာလို့မီးမထွန်းထားတာလဲ။"
သူမအရှေ့ရှိ အစ်ကိုကြီးကား "ကြည့်ကောင်း"ရုံတင်မကဘဲ သူ၏အနည်းငယ်မော့နေသောမျက်နှာလေးမှာ လူတွေအားအသက်ရှုဖို့တောင်မေ့သွားစေနိုင်သည့် ညှို့အားပြင်းသောအလှတရားရှိနေပေသည်။
၎င်းအလှတရားမှာအသက်အရွယ်မရွေးဆွဲဆောင်နိုင်ပေ၏။ ကလေးမလေးမှာမဖော်ပြနိုင်လောက်အောင်မိန်းမောသွားသည်ဟု ရုတ်ခြည်းခံစားမိလိုက်သည်။ သူမသည်သူမ၏လက်မောင်းကြားထဲမှအဝတ်အိတ်သေးသေးလေးတစ်အိတ်ထုတ်ကာ ဖွင့်လိုက်သည်။ သူမကတစ်ခုခုထုတ်ယူလိုက်ပြီး ရှုလင်ကျားဆီကမ်းပေးလာသည်။
"ဒါက"
ဖယောင်းတိုင်ခေါင်းပင်။
"ဖယောင်းတိုင်တွေကစျေးကြီးပြီး ပိုက်ဆံအများကြီးကုန်တယ်။"
ကလေးမလေးကသူ့ကိုမျက်လုံးတောက်တောက်လေးများဖြင့်ကြည့်လာသည်မှာ ကမ္ဘာပေါ်တွင်အရှားပါးဆုံးအရာကိုကိုင်ထားရသည့်နှယ်။
"ဒါပေမဲ့ သမီးဒီနေ့တစ်ပိုင်းကောက်ရခဲ့တယ်။ သမီးမမပြန်လာတဲ့အခါကျ သမီးတို့အတူတူသုံးကြမှာ။"
ဤဖယောင်းတိုင်မှာလက်မအရွယ်မျှသာရှိပြီး ဖြူစွတ်နေသည်ကို ရှုလင်ကျားမြင်လိုက်ရသည်။ ၎င်းမှာ စျာပနတွင်အသုံးပြုသောတစ္ဆေဖယောင်းနှင့်အနည်းငယ်ဆင်တူကာ ဒီကလေးဘယ်ကကောက်လာသလဲဆိုတာ သူမသိပေ။
သူပြုံးလိုက်ကာ ဖယောင်းတိုင်ကိုကလေးမလေးလက်ထဲပြန်ထည့်ပေးလိုက်ပေမဲ့ တစ်ဖက်လူကသေချာမကိုင်လိုက်သဖြင့် ဖယောင်းတိုင်ကသူတို့နှစ်ယောက်ကြားထဲကိုကျသွားပေသည်။
ရှုလင်ကျားကောက်မလို့ပြင်လိုက်ပေမဲ့ တစ်ဝက်ဖြူနေသောဖယောင်းတိုင်မှာ သူတို့နှစ်ဦး၏မြင်ကွင်းအောက်တွင် လေထုအလယ်ထဲ၌မြဲမြံနေ၏။
ရှုလင်ကျားတောင့်တင်းသွားရပြီးနောက် လက်ကိုမြန်မြန်မြှောက်ကာ ကလေးမလေးမတုံ့ပြန့်လာခင် သူမမျက်လုံးကိုအုပ်ထားလိုက်သည်။
ဖယောင်းတိုင်ကဟန်ဆောင်ခြင်းမရှိဘဲ သူ့အကြည့်အောက်တွင် အပေါ်ကိုတည့်တည့်မတ်မတ်ဖြည်းဖြည်းချင်းထရပ်လာသည်။ ထို့နောက် ဖယောင်းတိုင်၏မီးစာပေါ်တွင် အစိမ်းရောင်မီးတောက်တစ်ခုထွန်းတောက်လာပေသည်။
ဒါက ဟွမ်ချွမ်းရဲ့ရောင်ပြန်ဟပ်ခြင်းပဲ။ အရိပ်တွေကလမ်းဖွင့်နေတယ်!
ဤအခြေအနေအတွက် အကြောင်းပြချက်ရှိ၏။ သေဆုံးပြီးနောက် လူတွေဟာ မြေအောက်လောကထံသို့ အမည်းနှင့်အဖြူသေမင်းနှစ်ဦး၏ပို့ဆောင်ခြင်းခံရသည်။ ငရဲဂိတ်တံခါးဝကိုဖြတ်ကျော်ပြီးနောက် သူတို့သည်ဟွမ်ချွမ်းလမ်းမဆီသို့ရောက်လာကြသည်။ သူတို့သည်ခန်းမဆယ်ခုထဲတွင် ချောချောမွေ့မွေ့အောင်မြင်စွာအကဲဖြတ်ကျော်လွှားနိုင်မှသာလျှင် ချောမွေ့စွာပြန်လည်ဝင်စားနိုင်မည်ဖြစ်၏။
ဟွမ်ချွမ်းမြစ်၏နှစ်ဖက်စလုံးသည် ဆန်တက်နေသောမြစ်များဖြစ်ကြကာ တစ္ဆေဝိညာဥ်အတွက်ဖြစ်သောအလယ်ရှိလမ်းမကား ဖြတ်သန်းဖို့ရန်အလွန်ပင်ကျဥ်းမြှောင်းလှ၏။ ၎င်းတို့ဟာရေအောက်တစ္ဆေများအဖြစ်သို့ပြောင်းလဲသွားကြပေသည်။
ဤထက်အောက်ပြောင်းပြန်တစ္ဆေများဟာ ပြန်လည်ဝင်စားဖို့ရန်အရည်အချင်းမပြည့်မှီဘဲ ရေအောက်ထဲတွင်နေ့စဥ်နေ့တိုင်းငိုကြွေးနေကြကာ ကမ်းစပ်ကိုသွားပြီး လူ့ပြည်သို့ပြန်လာဖို့ရန် အခွင့်အရေးကိုစောင့်မျှော်နေကြသည်။
ဤကဲ့သို့တစ္ဆေဝိညာဥ်များမှာ များသောအားဖြင့် မိစ္ဆာပစ္စည်းများ၏မိစ္ဆာဝိညာဥ်များဆွဲဆောင်တာခံခဲ့ရခြင်းပင်။ မြေအောက်လောကတွင်အလင်းရောင်မရှိ။ လမ်းပြပေးမည့်အဖြူနှင့်အမည်းသေမင်းဝိညာဥ်နှစ်ဦးလည်းမရှိ။ ထို့ကြောင့် သူတို့လွတ်မြောက်လာသောအခါ သူတို့ကိုအလင်းရောင်ပေးဖို့ရန် ဖယောင်းတိုင်ကို မကြာခဏအသုံးပြုကြသည်။
ပြီးတော့ တစ္ဆေဝိညာဥ်များမြစ်ကမ်းစပ်မှမရောက်ရှိလာခင် ၎င်းတို့ဟာရောင်ပြန်အဖြစ်အမြဲတည်ရှိနေကာ ဖယောင်းတိုင်ဇောက်ထိုးမိုးမျှော်ဖြစ်သောသဘာဝဖြစ်စဥ်မှာ မြေအောက်လောကမှတစ္ဆေဝိညာဥ်များလူ့ပြည်သို့ပြန်လာနေပြီဟုဆိုလိုသော
အရေးကြီးသည့်လက္ခဏာများထဲကတစ်ခုဖြစ်ပေ၏။
တစ်ခုခုလာနေပြီ။
___________________________________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
မုန့်ဟူ: ကြမ်းပိုးတွေကဘာဖြစ်လို့လဲ။ သူတို့ကဘယ်လောက်ရယ်စရာကောင်းလိုက်လဲနော်။
*လီပိုင်ရဲ့'တိတ်ဆိတ်သောညအတွေးများ'
______________________________________________________________________
Something is coming.....
___________________________________________________
!zawgyi!
______________________________________________
ပြီးတော့ ထိုတစ်ဆေအိမ်ကြီးထဲတွင်လူအမြောက်အမြားသေဆုံးခဲ့ကြသည်။ မိန်းကလေးနှစ်ယောက်မှာ ထိုအိမ်ထဲတွင်နေထိုင်ဖို့ဖြစ်လာရသော်လည်း သူတို့လည်းကြောက်ရွံ့မိသဖြင့် ရှောင်ကျန်းမှာအံကြိတ်ပြီး မိစ်ဆာဝိညာဉ်တွေကိုနှိမ်နင်းရန်တစ်ခုခုဝယ်ဖို့ ပိုက်ဆံအနည်းငယ်ညှစ်ထုတ်ခဲ့ရပြီး ဆုတောင်းခဲ့ရသည်။
သူလမ်းမဆီထပ်သွားလိုက်ပြီး ရှောင်ကျန်းကိုဓားရောင်းလိုက်သောဈေးသည်ကိုရှာချင်ပေမဲ့ ဤကဲ့သို့အချိန်ခဏလေးအတွင်းမှာပင် ဆိုင်ပိတ်သွားခဲ့လေပြီ။
ရှုလင်ကျားထံတွင်သံသယတချို့ရှိနေသဖြင့် သူဟိုဟိုဒီဒီကြည့်ကာ အရှိန်အဝါနှင့်ရှေးဟောင်းကျောက်စိမ်းတချို့ကိုဝယ်ယူလိုက်ပြီး တစ်ဆေခြောက်သောအိမ်ကြီး၏တည်နေရာအကြောင်း မေးမြန်းစုံစမ်းကာ လားရာအတိုင်းလိုက်လာခဲ့လိုက်သည်။
ဤသို့ဖြင့် တစ်ဆေသရဲမရှိရင်တောင် လူများစွာသေဆုံးသွားခဲ့ကြသဖြင့် အိမ်ထဲရှိယင်စွမ်းအင်အလွန်များပြားနေမည်မှာ မလွဲဧကန်ပင်။
Advertisement
- In Serial14 Chapters
Planetary Brawl
Participant in the Royal Road Writathon challenge What good was victory when so much had been lost. A party of over a hundred, reduced to less than twenty, the last remaining members of the human race. There was a chance to go back, to start from the opening of Dos, but only one member of the party could go back. And he was dead. Dustin found himself waking up to a head filled with memories he did not remember, a life lived, and ended, without his consent. Cover Image:"Red Giant Earth warm" https://commons.wikimedia.org/wiki/File:Red_Giant_Earth_warm.jpg by Fsgregs is licensed under CC BY-SA 3.0. / Image has been modified by adding text.
8 273 - In Serial14 Chapters
Chain Worlds: In the Name of the Allfather
Born into the service of the Ercinee, raised to fight the Human Empire and their false gods. Together with thousands like him, Rake is being trained to join the battle the Damned one started hundred of years ago. To prevent the apocalypse and save all life in this universe he and his siblings will stand against the mislead humans and their cursed soldiers. __________ A story set in the same universe all of my stories are set in. This time from the perspective of an Ercinee soldier.
8 133 - In Serial48 Chapters
The Roamer
A peaceful, weak little village with no issues stands separated and undiscovered from the rest of the world, the villagers living their lives fulfilled. That is, until the outer world finally catches on to them, and all the inhabitants are forced to be slaves. Aeollus, a child who also originates from the village, expects to live the rest of his life in slavery. However, things don't end up as simple as that. Later on, he experiences a battle of high standards, and is inspired by it. Through some future events, he ends up breaking out of slavery. He proceeds to roam the world in search of strength, and to thoroughly understand and gain it. He will face many challenges while roaming the world, and the majority of them will need him to surpass his limits. Will he truly be able to set a new legend in this world, or will he fall like the majority and become a forgotten person?
8 635 - In Serial774 Chapters
Multiverse of Marvel
-------------- "Let's leave my origins. We both have unspeakable origins. But the problem is I know of your origins. Galan of Taa." John said. Galactus' eyes squinted as John said his real name out loud. He never expected someone totally out of nowhere knew his actual name. "Never expected an unknown guy would know my origins. So what of it? I don't think it matters where I came from." Galactus replied. "It doesn't. You did what you had to do to survive. But the problem is you made a deal with the devil." John replied. Galactus looked at John with more stoic eyes now. He had done many things in the past and he made many bad decisions. He just wasn't sure what John was referring to so he was silent. John seeing that Galactus was silent and refused to speak said "Black Winter is coming." -------------When a cinephile and an otaku/weeb travels through dimensions and gets a system which can only be described as overpowered but comes with restrictions. At first he was overjoyed with the system but soon realizes that he is in a very dangerous world where his life was at risk all the time. (There will be no change in the canon until the New York War ends) Disclaimer : I am not an economist so I might have done some mistakes in the economics section of the story. If you have suggestions to make it better you can leave in the comments. Warning - The MC won't be OP from the start itself and will grow to a powerful character in due time. The starting feels a bit odd because I am totally new to writing a novel and I don't have an editor so the conversations and descriptions might be little stiff. I have been trying to improve. The romance in the story is very little and I understand that its badly written. I am sorry about that but no need to worry. It doesn't have any effect in the story. The story is assumed on the fact that the reader at least knows the plot of Marvel movies and some popular animes. All the other elements are explained as much as possible. P.S. This story is based on pure Marvel Multiverse
8 3562 - In Serial128 Chapters
Absolute Divinity (JJBA)
When you're given the chance to bring prosperity to the entire world, would you deny it because of the horrible person you are now taking over? "It takes a fool to underestimate true justice. The Heavens have Spoken, for I am the bringer of peace for this world!" A look in a somewhat less-malicious SI!Dio's tale of deception, family and some bizarre stuff.
8 117 - In Serial6 Chapters
SF - toruka
8 194