《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၆]စိတ်ဝိညာဥ်ကျင့်ကြံရာတွင်နာကျည်းမှုမရှိရ။
Advertisement
"တစ္ဆေခြောက်သောစံအိမ်ကြီးထဲကလျို့ဝှက်ချက်။"
________________________________________________
ဇောက်ထိုးမိုးမျှော်ဖြစ်နေသောဖယောင်းတိုင်ကား လေထဲတွင်လွင့်မျောနေပြီး မီးတောက်စိမ်းပေါ်ကအကြည့်စိမ်းစိမ်းမှာ ရှုလင်ကျား၏မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေသည်။
သူ့နှလုံးသားထဲတွင်"မကောင်းတော့ဘူး"ဟုရေရွတ်မိလိုက်ပြီး ကလေးမလေးကိုကောက်မကာ ရွှီးခနဲချောထွက်ပြီး တံခါးမှခုန်ထွက်လာလိုက်သည်။
ဤနေရာသည်ဝေးလံခေါင်ဖျားတွင်ရှိသဖြင့် လမ်းမပေါ်တွင်မည်သည့်လမ်းသွားလမ်းလာမျှရှိမနေ။ တံခါးဝမှသူလျှောက်ထွက်လာသော် ခပ်လှမ်းလှမ်းတွင်ရှိသောလမ်းကြိုလမ်းကြားထဲမှအော်သံတစ်ခုခထွက်လာသည်ကို သူကြားလိုက်ရသည်။
၎င်းကား ထိုနေရာတွင်ရပ်နေသော ရှောင်ကျန်းဖြစ်ကာ သူမပတ်ပတ်လည်တွင်တစ္ဆေဝိညာဥ်များဝန်းရံနေပေသည်။ သူမကြောက်ရွံ့နေမိသဖြင့် မျက်လုံးမှိတ်ကာ အဆက်မပြတ်အော်နေမိသည်။
သူမလည်တိုင်တွင်ချိတ်ဆွဲထားသောမိစ္ဆာဓားကို ရှုလင်ကျားတစ်ချက်ကြည့်ရုံမျှဖြင့်မြင်လိုက်ပြီး ယင်းဓားမှာ မိစ္ဆာဝိညာဥ်စီးကြောင်းကိုထုတ်လွှတ်ပေးနေသည်။
သူအသံမြှင့်လိုက်သည်။
"ဓားကိုလွှင့်ပစ်လိုက်!"
ရှောင်ကျန်းကမျက်လုံးမှိတ်ထားပြီး သူ့ကိုပြောနေတာဘယ်သူမှန်းမသိပေမဲ့ မသိလိုက်မသိဘာဘာတုံ့ပြန်မိသည်။
"ကျွန်မလုပ်လို့မရဘူး။"
သူမစကားပြောနေစဥ်တွင် ရှုလင်ကျားမှာသူမရှေ့ကိုရောက်နေပြီးဖြစ်၏။
သူသည် ကလေးကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်လက်တစ်ဖက်ကိုမကာ လေထဲတွင်စက်ဝန်းခြမ်းတစ်ခုဆွဲလိုက်သည်။ ပတ်ဝန်းကျင်ရှိလေပြေကသည်းထန်စွာတိုက်ခတ်လာပြီး သူ့မျက်နှာအား ထက်ရှသောဓားသွားကဲ့သို့ ကုတ်ခြစ်သွားကာ အနီးဝန်းကျင်ရှိမိစ္ဆာဝိညာဥ်များကိုတစ်အောင့်မျှမစုစည်းနိုင်အောင်ဖြစ်သွားစေသည်။ ရှုလင်ကျားကရှောင်ကျန်း၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ သူ့နောက်ကိုဆွဲလိုက်သည်။
ချက်ချင်းပင် သူ့လက်ဝါးကိုစောင်းခုတ်ကာ အော်လိုက်သည်။
"ဖျက်ဆီးစမ်း!"
လျှပ်တပြက်စိတ်ဝိညာဥ်အလင်းရောင်က လရောင်ကိုထိုးဖောက်ကျော်ဖြတ်လာပြီး ပတ်ဝန်းကျင်ရှိအနက်ရောင်လေထုမှာ ငွေ့ရည်ပျံလာပြီး မျက်စိတစ်မှိတ်အတွင်းတွင်ကြည်လင်သထက်ကြည်လင်လာရော့သည်။
ထိုအချိန်မှသာ ရှုလင်ကျားကရှောင်ကျန်းကိုလွှတ်ပေးကာ မေးမိသည်။
"မင်းဒဏ်ရာရသွားသေးလား။"
ရှောင်ကျန်းကားထိတ်လန့်နေမိလျက်သားဖြင့် မျက်လုံးများကိုဖွင့်ကြည့်လိုက်ရာ သေမျိုးနှင့်မတူသောငယ်ရွယ်ချောမောသည့်လူရွယ်တစ်ယောက်က သူမကိုနီးနီးကပ်ကပ်ကြည့်နေသည်ကိုမြင်လိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့်မျက်နှာလေးနီးစွေးသွားတော့သည်။
သို့ပေမဲ့ ထို့နောက်တွင် ရှုလင်ကျား၏လက်မောင်းထဲတွင်ကိုင်ထားသောကလေးမလေးကိုမြင်သွားကာ သူမမျက်နှာထားချက်ချင်းပြောင်းလဲသွားပြီး စိတ်ပူပန်စွာမေးမိသည်။
"ရင်းရင်း?"
ရှုလင်ကျားကကလေးကိုသူမဆီပေးပြီး ပြောလိုက်သည်။
"သူမအဆင်ပြေပါတယ်။ အိပ်ပျော်နေရုံပါ။"
တကယ်တမ်းတွင်မူ သူအိပ်ငွေ့ချမန္တာန်ချထားခြင်းဖြစ်၏။ သူမညီမလေး၏ကျန်းမာကာနီမြန်းနေသောမျက်နှာနှင့် အသက်ရှုသံမှန်မှန်ကို မြင်လိုက်ရရင်း ရှောင်ကျန်းတစ်ယောက်သက်မချမိကာ ရှုလင်ကျားအားကျေးဇူးတင်လိုက်သည်။
"သခင်လေး၊ ကျွန်မရှင့်ကိုကျေးဇူးတင်ပါတယ်။ ကျွန်မရှင့်ကိုဘယ်လိုကျေးဇူးတင်ရမယ်မှန်း တကယ်...တကယ်မသိတော့ပါဘူး။"
ဒါက ရှုလင်ကျားကို ရှောင်ကျန်းတစ်ယောက်ကျေးဇူးတင်တာ ဒီနေ့ဒုတိယအကြိမ်ဖြစ်ပေသည်။ ဒီမိန်းကလေးကတကယ်ခံစားနေရခြင်းပင်။
ရှုလင်ကျားကဆိုသည်။
"သာမန်ကာလျှံကာပြောလို့ရပါတယ်။ အရမ်းယဥ်ကျေးစရာမလိုပါဘူး။ ဒါပေမဲ့ မိန်းကလေးဆွဲထားတဲ့အဆင်တန်ဆာကအရမ်းကိုမိစ္ဆာဆန်တာကို ကျွန်တော်တွေ့တယ်။ ဒီကနေ့ဖြစ်ရပ်က ဒါနဲ့ဆိုင်နေတဲ့ပုံပဲ။"
ရှောင်ကျန်းပြောမိသည်။
"ဒါပေမဲ့ ဒါကို...ချွတ်လို့မရဘူးလေ.."
သူမယခုလေးတင်ဒါကိုပြောခဲ့ပြီး ထိုတဒဂ်အတွင်းမှာ ရှုလင်ကျား၏ရှေ့တွင် သူမဓားကိုပြန်ကောက်လိုက်ပေမဲ့ ၎င်းကမလှုပ်ရှားသည်မှာ ရှုလင်ကျားတစ်ယောက်မန္တာန်များစွာသုံးထားသည့်နှယ်။
အခုကအချိန်ကောင်းပင်။ ရှောင်ကျန်းကိုခေါင်းပတ်ချာလည်အောင်မလုပ်လိုက်ပါက ဓားကိုယူသွားလို့ရမည်မဟုတ်။
အဆုံးတွင် ရှုလင်ကျားဒီအကြောင်းတွေးမိလိုက်ပြီးနောက် ရှောင်ကျန်းဆီမှာတစ်ခုခုဖြစ်လာလျှင်သေချာရန် တစ်ဖက်လူပေါ်တွင်မန္တာန်ချထားလိုက်ပြီး ထိုမှသာသူချက်ချင်းသိနိုင်မည်ဖြစ်ကာ ဓားပေါ်တွင်မိစ္ဆာစွမ်းအင်ကိုချိပ်ပိတ်ထားလိုက်သည်။
ဤမြို့ကား လင်ရှောင်းတောင်ထွတ်၏အနီးနားတွင်ဖြစ်ကာ မြို့သူမြို့သားများက အစွမ်းရှိသောလူတွေကိုမြင်ဖူးကြပြီး သူတို့က မသေမျိုးကျင့်ကြံသူများကို စိမ်းမနေပေ။
ယင်စွမ်းအင်ကိုပျံ့ကြဲသွားစေသည့်ရှုလင်ကျား၏လုပ်ရပ်များဟာ ရှောင်ကျန်းကို သူ့အားယုံကြည်သွားစေသည်။ အချိန်ခဏလောက်ဘာပြဿနာမှမရှိဘူးဆိုတာမြင်လိုက်ရရင်း သူမအနည်းငယ်စိတ်သက်သာရာရသွားကာ အခုထိတိုင်မနိုးသေးသောရင်းနျန်နှင့်အတူပြန်သွားချေသည်။
သို့ပေမဲ့ ရှုလင်ကျား၏နှလုံးသားထဲတွင် သံသယပိုပြီးဖြစ်လာသည်။ ညီအစ်မနှစ်ယောက်ပြန်သွားတာကိုသူကြည့်နေပြီးနောက် သူထွက်မသွားသေးဘဲ အနီးတစ်ဝိုက်ကိုတစ်ချက်ကြည့်ရန် တစ္ဆေခြောက်သောစံအိမ်ကြီး၏ခြံဝန်းဆီသို့ တိတ်တိတ်လေးပြန်သွားလိုက်သည်။
သူသည် ခုနကတစ္ဆေပုံရိပ်ယောင်ပေါ်လာသောနေရာတွင်ရပ်လိုက်ပြီး အနည်းငယ်တွေးတောလိုက်ပြီးနောက် ဆန့်ကျင်ဖက်မှသိပ်မဝေးသော ထိုက်ဟုကျောက်တုံးဆီလျှောက်သွားလိုက်သည်။
ခုနတုန်းကအနောက်မှရောက်လာသောဓားကို ရှုလင်ကျားမဖမ်းမိလိုက်သော်ငြား အရမ်းကိုရင်းနှီးသောခံစားချက်တစ်ခုသူခံစားလိုက်ရသည်။ ဤအနေအထားမှအကဲခတ်လိုက်ရင်း တစ္ဆေပုံရိပ်ယောင်မရှိတော့သော်လည်း ထိုနှစ်ကဓားရာတွေကိုတော့ရှာတွေ့နိုင်ပေသည်။
ဤထိုက်ဟုရေကန်ကျောက်တုံးကား ရေညှိများနှင့်ဖုံးအုပ်နေပြီး ထိုနေရာတွင်ရှိနေသည်မှာသိသိသာသာကိုနှစ်တချို့ကြာလှပြီဖြစ်သည်။ ရှုလင်ကျားသေချာကြည့်လိုက်ရာ ၎င်းပေါ်တွင်ဓားရာတစ်ချက်တွေ့လိုက်ရသည်။
သူ့ခန့်မှန်းချက်ကမမှားပေ။ ဤဓားရာကား လင်ရှောင်းဂိုဏ်းမှတိုက်ကွက်ဖြစ်သည်။ အတိအကျပြောရရင် လင်ရှောင်းဂိုဏ်း၏ဂိုဏ်းခွဲရှင်းဇုန်ဖြစ်ပေသည်။
(ရှင်းဇုန်= နှလုံးသားဂိုဏ်း)
ရှုလင်ကျား၏သွယ်လျသောလက်ချောင်းများဟာ ကျောက်တုံးမျက်နှာပြင်ကိုခပ်ဖွဖွထိတွေ့လိုက်ပြီး လရောင်ကားသူ၏အတွေးများနေသောမျက်နှာပေါ်ကိုဖြာကျနေပေသည်။
သူတစ်ခုတွေးမိသည်။
----မကြာခင်တုန်းက သူကျင်းဖေးထုန်ကိုလမ်းမပေါ်တွင်တွေ့လိုက်ရသည်။ တစ်ဖက်လူကဒီမှာဘာကြောင့်ပေါ်လာလဲဆိုတာကိုလည်း ရှုလင်ကျားအနည်းကျဥ်းတော့သိပေသည်။
ကျင်းဖေးထုန်က ရှင်းဇုန်၏သစ္စာဖောက်ကိုရှာဖွေရာတွင်လူကိုယ်တိုင်ကူညီရန် ပီလော့နန်းတော်မှကြုံတောင့်ကြုံခဲထွက်လာခဲ့သည်ဟု မူရင်းဝတ္ထုစာအုပ်၏ဇာတ်ကြောင်းထဲတွင် အတိုချုံးဖော်ပြထားသည်။
ရှုလင်ကျားအထင် နှလုံးသားဂိုဏ်းကိုသစ္စာဖောက်သွားသောအကြီးအကဲမှာ သွမ့်ဟောင်ရန်ဟုအမည်ရသည်။ သူသည် သူ၏ဆရာတူညီမလေးနှင့်တောက်ဓမ္မကျင့်ဖော်ကျင့်ဖက်ဖြစ်လာခဲ့ပြီး နှစ်ယောက်သားတွင်သားတစ်ယောက်လည်းရှိ၏။
ကလေးကား ဝိညာဥ်မပါဘဲမွေးဖွားလာခဲ့သည်။ သူကမရူးသွားသော်လည်း သူ့ခန္ဓာကိုယ်ကအလွန်အမင်းအားနည်းလှကာ မသန်စွမ်းတစ်ယောက်ကဲ့သို့ပင်။ သွမ်ဟောင်ရန်က ဒီအတွက် ဆေးကုသမှုနှင့်ဆေးဝါးများရှာခဲ့ပေမဲ့ မိစ္ဆာဂိုဏ်း၏မိစ္ဆာစွမ်းအင်ကိုပင်သုံးလိုက်မိကာ နောက်ဆုံးတွင် ဤကိစ္စဖြစ်ပျက်လာခဲ့သည်။
ပြစ်ဒဏ်ကိုရှောင်ရှားဖို့အလို့ငှာ ဤကိစ္စကိုကိုင်တွယ်ရန်ဂိုဏ်းကိုစောင့်မနေဘဲ သူဟာ သူ၏ဇနီးနှင့်ကလေးနှင့်အတူထွက်ပြေးသွားခဲ့သည်။ သူကရှင်းဇုန်၏ရတနာတစ်ခုယူသွားပြီး နှစ်ပေါင်းများစွာဖွက်ထားခဲ့ပုံရသည်ဟု ငါကြားခဲ့ရသည်။ သူ၏ဘဝ၊ သေခြင်းနှင့် ဘယ်နေရာမှာရှိနေသလဲဆိုတာက အမြဲတမ်းပဟေဠိတစ်ခုဖြစ်နေပေသည်။
သွမ့်ဟောင်ရန်မကြာမကြာပေါ်လာသည်ကား မကြာသေးခင်ကမျှဖြစ်သည်။ ရှင်းဇုန်၏သတင်းများဟာ ကျင့်ကြံရေးလောကတစ်ခုလုံးတွင် ကျယ်ပြန့်စွာကြော်ငြာထားသည်။ သူသည် ဤလူအားနေရာတိုင်းတွင်ရှာဖွေချင်ကာ ၎င်းအားဖမ်းဆီးရန်ကြေငြာထားသည်။ ရှင်းဇုန်တွင်မွေးလာခဲ့သောကျင်းဖေးထုန်မှာ လူကိုယ်တိုင်ကူညီဖို့ရောက်လာခဲ့သည်။
ဒါဟာ ရှုလင်ကျားမထွက်လာခင်တုန်းက ဆရာတူညီလေးများပြောပြခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းချုပ်ကလည်းကူညီဖို့လူလွှတ်ခဲ့ပေမဲ့ အရာမရောက်ခဲ့ပေ။
အခုကျန်းဖေးထုန်ကဤနေရာတွင်ရှိနေသည်ဖြစ်ရာ ဆိုလိုတာက သွမ့်ဟောင်ရန်တစ်ယောက်ဒီမှာရှိနေတာဖြစ်ဖို့များသည်။
တစ္ဆေခြောက်သောအိမ်ကြီးထဲတွင်နေထိုင်သွားသော မသေမျိုးမိသားစုတစ်စုရှိခဲ့ဖူးသည်ဟု လမ်းမပေါ်ကသူဖုန်းစားအိုကြီးပြောခဲ့သည်ကို ရှုလင်ကျားမှတ်မိနေဆဲပင်။ သူပြောတာမှန်သည်ဟုပြော၍ရသည်။
မိစ္ဆာဓားကိုကိုင်ထားခဲ့တဲ့အဲ့ဒီ့တစ္ဆေပုံရိပ်ယောင်က သွမ့်ဟောင်ရန်များဖြစ်နေမလား။
ဤအဆင့်ထိပြောင်းလဲသွားခဲ့သော ရှုလင်ကျား၏သေခြင်းအဆုံးသတ်ကား "မိစ္ဆာဓားသက်ရောက်တာခံနေရသောကျင့်ကြံသူတစ်ယောက်၏အသတ်ခံရခြင်း"ဖြစ်နေလေရာ ဤကျင့်ကြံသူကသွမ့်ဟောင်ရန်ကိုရည်ညွှန်းသည်ဟု ရှုလင်ကျားကူကယ်ရာမဲ့စွာသံသယဖြစ်မိသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူသာသူ့ကံကြမ္မာကိုလုံးဝပြောင်းလဲချင်လျှင် ၊ အန္တရာယ်အကင်းဆုံးနည်းလမ်းက မိစ္ဆာဓားကိုရယူဖို့ရန်သာမက သွမ့်ဟောင်ရန်ကိုပါရှာဖို့လည်းလိုသည်။ သူ့ခန့်မှန်းချက်မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဒီလူဘာတွေကြံနေလဲဆိုတာကို သူစုံစမ်းဖို့လိုပေသည်..
ရှုလင်ကျားသည်ခြံဝန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိပြီး လရောင်နှင့်ဇီဇဝါပန်းရနံ့များဟာသူနှင့်အတူတိတ်တဆိတ်လိုက်ပါနေကာ ထို့နောက် သူရုတ်တရက်ရပ်တန့်လိုက်ပြီး ခါးကိုင်းကာ မြေပြင်ပေါ်မှတစ်ခုခုကိုကောက်ယူလိုက်သည်။
ထိုအရာကား မတိုင်ခင်တုန်းကရှုလင်ကျားကိုရင်းနျဥ်ပြခဲ့သော သေးငယ်သောဖယောင်းတိုင်တစ်ဝက်ဖြစ်၏။
ယင်စွမ်းအင်ကရှုလင်ကျား၏လက်ဝါးဖြင့်ဖျက်ဆီးခြင်းခံလိုက်ရသဖြင့် ဖယောင်းတိုင်ကား သဘာဝကျစွာပင် မီးလောင်တာရပ်သွားပြီဖြစ်သည်။ ယခုတွင် ၎င်းဟာမြေကြီးပေါ်တွင်လဲနေခဲ့သည်။
ရှုလင်ကျား၎င်းကိုကိုင်ကာ တုံ့ဆိုင်းသွားပြီး သူ့လက်မောင်းတွေထဲထည့်လိုက်တော့သည်။
အခုဆိုရင်မိစ္ဆာဓားကိုယူသွားလို့်မရသေးဘဲ ပြဿနာကိုဖြေရှင်းရမည့်သော့ချက်က ဤတစ္ဆေအိမ်ကြီးထဲတွင်ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ကြိုးစားရမည့်ပုံပင်။
သူဂိုဏ်းမှထွက်လာပြီး လျှောက်သွားနေစဥ်တွင် ဒီအမှန်နှင့်အမှားနှင့်ဆက်နွယ်နေသည့်ကိစ္စကို ရှောင်လို့မရသေးကြောင်း သူမထင်ထားခဲ့မိရုံတင်။
ရှုလင်ကျားသည် ကျောက်တုံးပေါ်ရှိဓားရာအား သူ့လက်ချောင်းထိပ်လေးများဖြင့် ခပ်ဖွဖွပွတ်သပ်ကာ အချိန်အတော်ကြာပြီးနောက် သက်ပြင်းအသာချလိုက်မိ၏။
....
လင်ရှောင်းတောင်ထွတ်၊ သိုင်းလေ့ကျင့်ရေးကွင်းပြင်။
ပန်းရောင်ဝတ်ရုံနှင့်မိန်းကလေးတစ်ယောက်ဟာ ဓားတစ်လက်ကိုကိုင်ဆွဲထားရင်း အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်နှင့်တိုက်ခိုက်နေသည်။ နှစ်ဦးသားဟာသည်းကြီးမဲကြီးကြိုးစားနေကြပြီး စာနာခြင်းအလျှင်းမရှိ။ သူတို့ပတ်ပတ်လည်ရှိဓားစွမ်းအင်မှာ ပိုက်ကွန်တစ်ခုဖြစ်လာပြီး စိတ်ဝိညာဥ်စီးကြောင်းပေါက်ထွက်လာကာ ကြည့်ရှုသူတို့၏လက်ခုပ်သြဘာသံများကို ဆွဲဆောင်သွားသည်။ အသံကဆက်ကာဆက်ကာထွက်ပေါ်လာသည်။
မိန်းကလေးကခပ်ဖွဖွနှာမှုတ်လိုက်တာကိုကြားလိုက်ရရင်း နှစ်ဦးသားကတစ်ပြိုင်နက်တည်းအပေါ်ခုန်တက်ကာ ဓားနှစ်လက်ကအချင်းချင်းထိခတ်သွားကြသည်။ မိန်းကလေးလက်ထဲကဓားကျိုးနေပေမဲ့ သူမသည်လျင်မြန်စွာတုံ့ပြန်လိုက်ကာ တစ်ပတ်လှည့်ဖို့အခြေအနေကိုအခွင့်ကောင်းယူပြီးကန်လိုက်ရာ တစ်ဖက်ကကောင်လေးအားအနောက်အနည်းငယ်ဆုတ်သွားစေသည်။
ကြည့်ရှုသူတွေကကျယ်လောင်စွာအားပေးလက်ခုပ်တီးလိုက်ကြပြီး မိန်းကလေးကဓားကျိုးကိုမြေကြီးပေါ်ပစ်ချကာ ဆိုသည်။
Advertisement
"ပြီးသွားပြီ။"
ကောင်လေးကရယ်သည်။
"ရှစ်ကျဲရဲ့ဓားကြောင့်သာမဟုတ်ရင် ကျွန်တော်ခုနကဦးဆောင်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ရှုံးသွားတယ်လေ။ ကျွန်တော့်ကိုသင်ပြပေးတဲ့အတွက် ရှစ်ကျဲကိုကျွန်တော်ကျေးဇူးတင်ပါတယ်။"
မိန်းကလေးကသူ့စကားများကိုကြားလိုက်ရပေမဲ့ သူမမျက်နှာပေါ်တွင်မည်းမှောင်သောအကြည့်တစ်ချက်လက်သွားကာ ပြောသည်။
"အင်း။ ငါ့နှလုံးသားနဲ့ကိုက်ညီတဲ့ဓားတစ်လက်ကို ငါဘယ်တုန်းကမှမမျှော်လင့်ဖူးဘူး။ ငါဒီဓားကိုပဲသုံးနေရတာ။"
သူမပြောတာကိုနားထောင်နေကြသောလူများမှာ ဖြေဖို့ရန်မလွယ်ကူကြပေ။
ဤမိန်းကလေးသည် တန်တရားရုံးအကြီးအကဲ၏တစ်ဦးတည်းသောသမီးလေးဖြစ်ကာ သူမနာမည်ကား ရှောင်းနဥ်အာဖြစ်၏။
လင်ရှောင်းဂိုဏ်း၏အရေးကိစ္စအဝဝကို တန်တရားရုံးကကိုင်တွယ်ဖြေရှင်းပြီး သူတို့၏အဆင့်အတန်းမှာ အလွန်ပြိုင်ဘက်ကင်းလှသည်။ ထို့အပြင် ရှောင်းနဥ်အာကရိုးသားဖြောင့်မတ်ပြီး သဘောထားပြည့်ဝကာ လှပသောရုပ်ရည်သွင်ပြင်လည်းရှိသဖြင့် ဂိုဏ်းထဲတွင်အလွန်အမင်းလူကြိုက်များပေသည်။
သို့ပေမဲ့ ရှောင်းနဥ်အာက ရှုလင်ကျားဖြင့်သာပျော်ရွှင်သည်ကို ဂိုဏ်းထဲရှိလူတိုင်းသိထားကြပြီး နှစ်ဦးသား၏မည်သူမည်ဝါဖြစ်ကြောင်းနှင့်ရုပ်ရည်သွင်ပြင်မှာလည်း ကောင်းမွန်သောလိုက်ဖက်မှုရှိ၏။ သနားစရာမှာ နတ်ဘုရားမတွင်နှလုံးသားရှိပြီး ဘုရင်မင်းမြတ်တွင်တော့စိတ်ကူးအိပ်မက်ရှိမနေ။ ရှုလင်ကျားကသူမ၏ခံစားချက်များကို ဘယ်သောအခါမှတုံ့ပြန်မလာ။
ရှောင်းနဥ်အာသည်အမြဲတမ်းရွှင်မြူးတက်ကြွကာ ဘာကိုမှအရေးစိုက်ခြင်းမရှိဘဲ လူတွေကတစ်ယောက်နှင့်တစ်ယောက်မတူသဖြင့် သူမသူ့ကိုသဘောကျတာက သူတို့နှင့်မဆိုင်ပေ။
ရှုလင်ကျားက သူမ၏ဓားကျိုးကြောင့် လွန်ခဲ့သောနှစ်နှစ်ခန့်က ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် သူမလည်းကိုယ်ပိုင်ဓားရှည်ကိုဆုံးရှုံးသွားရကာ ရှုလင်ကျားသာမနိုးလာလျှင် သူမဓားလုံးဝမကိုင်တော့ဟု ကျိန်ဆိုခဲ့သည်။
မည်သို့ဆိုစေကာမူ၊ ယခုတွင်ရှုလင်ကျားနိုးလာပေမဲ့ ဂိုဏ်းမှထွက်သွားခဲ့သည်။ ထိုအချိန်တုန်းက ရှောင်းနဥ်အာမသိလိုက်ပေ။ သူမသတင်းရပြီးနောက် များစွာငိုကြွေးခဲ့မိသည်။ ဒီအချိန်မှာဓားအကြောင်း သူမပြောရသော် သူမကူကယ်ရာမဲ့စွာဝမ်းနည်းလာမိသည်။
ကျန်းရွေ့ကရောက်လာပြီး ရှောင်းနဥ်အာ၏နောက်ဆုံးစကားကိုကြားလိုက်ရသည်။
သူပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"ဘာရယ်? ရှစ်ကျဲကလက်နက်ကောင်းတစ်ခုရှာမတွေ့သေးဘူးလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်းဓားကြည့်ဖို့ ရှင်းဇုန်ကိုသွားမလို့လေ။ အစ်မဘယ်လိုဓားမျိုးသုံးလဲဆိုတာ ကျွန်တော့်ကိုဘာလို့မပြောပြတာလဲ။ ကျွန်တော်တတ်နိုင်သလောက် ရှစ်ကျဲကိုဂရုစိုက်ပေးမှာပါ။"
ရှောင်းနဥ်အာသည်ကျန်းရွေ့အားစိုက်ကြည့်ကာ မျက်လုံးလှိမ့်လိုက်ပြီး ဘာမှမပြောပေ။
သူမနှင့်ခုနကဆွေးနွေးနေခဲ့သောလူငယ်လေးကမေးသည်။
"အစ်ကိုကျန်းက ရှင်းဇုန်ကိုသွားမလို့လား။ အာ၊ သစ္စာဖောက်သွမ့်ဟောင်ရန်ကိုအမဲလိုက်ရာမှာ အစ်ကိုသွားကူညီမလို့လား။"
ကျန်းရွေ့ကခေါင်းငြိမ့်သည်။
"အတိအကျပဲ။ ဘာမှကူညီဖို့မလိုပေမဲ့လည်း အကောင်းဆုံးတော့လုပ်ကြည့်ရမှာပေါ့။"
သွမ့်ဟောင်ရန်လွတ်မြောက်သွားပြီးနောက် သူဘယ်နေရာမှာရှိနေလဲဆိုတာကို မသိရသေးသဖြင့် ရှင်းဇုန်ကလျို့ဝှက်ဓားများရှိနေသောရတနာအခန်းကိုဖွင့်လိုက်ပြီး အတိတ်တုန်းကသွမ့်ဟောင်ရန်အသုံးပြုခဲ့သောဓားအနည်းငယ်ကိုရှာဖွေလိုက်သည်။ ယင်းအပေါ်တွင်ကျန်ရစ်သောစိတ်ဝိညာဥ်စွမ်းအင်ကိုစုဆောင်းပြီးနောက် ၎င်းကိုရှာရန် ခြေရာခံသည့်နည်းလမ်းကိုသုံးလိုက်သည်။
ယင်းကား ဓားအသက်ရှုသံ၏အလွန်ထက်ရှသောအာရုံရှိရန် လိုအပ်ပေသည်။ လက်ရှိတွင်နောက်ဆုံးပန်းတိုင်ကိုအောင်မြင်သွားသောသူကား နှစ်ရာပေါင်းများစွာတွင် ရှုလင်ကျားတစ်ယောက်သာရှိသည်။ ရှုလင်ကျားဒဏ်ရာပြင်းစွာရသွားပြီးနောက် ၎င်းမှာကျန်းရွေ့ဖြစ်လာသည်။
ကျန်းရွေ့ကဂိုဏ်း၏နှစ်သက်ခြင်းခံရသော်လည်း နာမည်ကောင်းနှင့်အရည်အချင်းများမှာ လုံလောက်တာနှင့်ဝေးနေဆဲပင်။ ဤတစ်ကြိမ်တွင် ရှင်းဇုန်မှာ အစတုန်းက ရှုလင်ကျားကိုကူညီဖို့ရန်ဖိတ်ကြားချင်ပေမဲ့ ဂိုဏ်းထဲတွင်မရှိတော့ကြောင်းကြားလိုက်ရသော် သူကနောက်တစ်ဆင့်ကိုလှမ်းလိုက်သည်။
သို့ပေမဲ့ အကယ်၍ ကျန်းရွေ့သာ သွမ့်ဟောင်ရန်၏ခြေရာလက်ရာကိုရှာဖွေဖို့ရန် တကယ်ပဲကူညီနိုင်မည်ဆိုလျှင်၊ ၎င်းဟာ သူ့စွမ်းအင်ကိုတိုးတက်ဖို့နှင့် ကျင့်ကြံရေးလောကတစ်ဝှမ်းလုံးတွင် ထင်ရှားကျော်စောလာဖို့ရန် လုံလောက်ပေသည်။ ဒါကသူ့အတွက်ရှားပါးသောအခွင့်အလမ်းတစ်ခုဖြစ်သဖြင့် ကျန်းရွေ့တစ်ယောက်နွေဦးလေညှင်းအပြည့်ဖြစ်နေသည်မှာအံ့သြစရာမရှိ။
သို့သော် ရှောင်းနဥ်အာအတွက်မူ သူ့ကိုဒီလိုမျိုးမြင်နေရခြင်းက သူမအား ရှုလင်ကျား၏အခြေအနေနှင့်ပတ်သတ်၍ ပို၍ပင်စိတ်သောကရောက်စေလေကာ သဘာဝကျကျပင် သူကသူမမျက်စိထဲတွင်ကြည့်ကောင်းမနေပေ။
သူမလှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"တကယ်လား။ ကျန်းရှစ်တိမှာ ဒီလိုနှလုံးသားမျိုးရှိတာကောင်းတာပေါ့။ ငါကြားတာကတော့ ဂိုဏ်းကိုသွမ့်ဟောင်ရန်သစ္စာဖောက်သွားတုန်းက သူကလန်ယောင်းသံနက်နဲ့လုပ်ထားတဲ့ဓားကိုယူသွားတယ်ဆိုပဲ။ ငါအဲ့ဒါကိုလိုချင်တယ်။ နင့်မှာအရမ်းကိုအစွမ်းအစရှိနေမှတော့ နင်ငါ့ကိုဘာလို့လာမတွေ့ရတာလဲ။"
ရှောင်းနဥ်အာ၏လေသံမှာ အလွန်ထက်ရှလှသဖြင့် ၎င်းမှာကိစ္စတွေကိုခက်ခဲအောင်လုပ်နေမှန်း လူတိုင်းပြောနိုင်ပေသည်။ သို့ပေမဲ့ ကျန်းရွေ့၏မျက်နှာကမပြောင်းလဲဘဲ သူကညင်သာစွာပြုံးလိုက်ပြီးပြောလာသည်။
"ရှစ်ကျဲကအမိန့်ပေးလာမှတော့ ကျွန်တော်ဘယ်လိုလုပ်ပြီးငြင်းဆန်ရဲပါ့မလဲ။ ကျွန်တော်အကောင်းဆုံးလုပ်ပါ့မယ်။"
ရှောင်းနဥ်အာနှာမှုတ်လိုက်တော့သည်။
_______________________________________________________
ဒါကတရုတ်siteကနေenglishလိုtranslateလုပ်ပြီးရယ် ggtranslateရယ်ကို ကိုးစားပြီးပြန်ထားတာမို့လို့ ၁၀၀ ရာခိုင်နှုန်းတိကျမှုမရှိပါဘူး။ ဖတ်ရအဆင်ပြေအောင်လို့ သေသေချာချာလေးတော့လုပ်ပေးထားတယ်။ etranမရှိတာမို့လို့ e-versionဖတ်ချင်ရင် jjwxcကတရုတ်လိုကိုtranslateလုပ်ပြီး သွားဖတ်လို့ရပါတယ်နော်။ နားမလည်တဲ့နေရာရှိရင်မေးလို့ရပါတယ်။
_______________________________________________________________
!zawgyi!
"တစ္ေဆေျခာက္ေသာစံအိမ္ႀကီးထဲကလ်ိဳ႕ဝွက္ခ်က္။"
________________________________________________
ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေနေသာဖေယာင္းတိုင္ကား ေလထဲတြင္လြင့္ေမ်ာေနၿပီး မီးေတာက္စိမ္းေပၚကအၾကည့္စိမ္းစိမ္းမွာ ရႈလင္က်ား၏မ်က္ႏွာေပၚတြင္ေရာင္ျပန္ဟပ္ေနသည္။
သူ႕ႏွလုံးသားထဲတြင္"မေကာင္းေတာ့ဘူး"ဟုေရ႐ြတ္မိလိုက္ၿပီး ကေလးမေလးကိုေကာက္မကာ ႐ႊီးခနဲေခ်ာထြက္ၿပီး တံခါးမွခုန္ထြက္လာလိုက္သည္။
ဤေနရာသည္ေဝးလံေခါင္ဖ်ားတြင္ရွိသျဖင့္ လမ္းမေပၚတြင္မည္သည့္လမ္းသြားလမ္းလာမွ်ရွိမေန။ တံခါးဝမွသူေလွ်ာက္ထြက္လာေသာ္ ခပ္လွမ္းလွမ္းတြင္ရွိေသာလမ္းႀကိဳလမ္းၾကားထဲမွေအာ္သံတစ္ခုခထြက္လာသည္ကို သူၾကားလိုက္ရသည္။
၎ကား ထိုေနရာတြင္ရပ္ေနေသာ ေရွာင္က်န္းျဖစ္ကာ သူမပတ္ပတ္လည္တြင္တစ္ေဆဝိညာဥ္မ်ားဝန္းရံေနေပသည္။ သူမေၾကာက္႐ြံ႕ေနမိသျဖင့္ မ်က္လုံးမွိတ္ကာ အဆက္မျပတ္ေအာ္ေနမိသည္။
သူမလည္တိုင္တြင္ခ်ိတ္ဆြဲထားေသာမိစ္ဆာဓားကို ရႈလင္က်ားတစ္ခ်က္ၾကည့္႐ုံမွ်ျဖင့္ျမင္လိုက္ၿပီး ယင္းဓားမွာ မိစ္ဆာဝိညာဥ္စီးေၾကာင္းကိုထုတ္လႊတ္ေပးေနသည္။
သူအသံျမႇင့္လိုက္သည္။
"ဓားကိုလႊင့္ပစ္လိုက္!"
ေရွာင္က်န္းကမ်က္လုံးမွိတ္ထားၿပီး သူ႕ကိုေျပာေနတာဘယ္သူမွန္းမသိေပမဲ့ မသိလိုက္မသိဘာဘာတုံ႕ျပန္မိသည္။
"ကြၽန္မလုပ္လို႔မရဘူး။"
သူမစကားေျပာေနစဥ္တြင္ ရႈလင္က်ားမွာသူမေရွ႕ကိုေရာက္ေနၿပီးျဖစ္၏။
သူသည္ ကေလးကိုလက္တစ္ဖက္ျဖင့္ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္ကိုမကာ ေလထဲတြင္စက္ဝန္းျခမ္းတစ္ခုဆြဲလိုက္သည္။ ပတ္ဝန္းက်င္ရွိေလေျပကသည္းထန္စြာတိုက္ခတ္လာၿပီး သူ႕မ်က္ႏွာအား ထက္ရွေသာဓားသြားကဲ့သို႔ ကုတ္ျခစ္သြားကာ အနီးဝန္းက်င္ရွိမိစ္ဆာဝိညာဥ္မ်ားကိုတစ္ေအာင့္မွ်မစုစည္းနိုင္ေအာင္ျဖစ္သြားေစသည္။ ရႈလင္က်ားကေရွာင္က်န္း၏လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ကာ သူ႕ေနာက္ကိုဆြဲလိုက္သည္။
ခ်က္ခ်င္းပင္ သူ႕လက္ဝါးကိုေစာင္းခုတ္ကာ ေအာ္လိုက္သည္။
"ဖ်က္ဆီးစမ္း!"
လွ်ပ္တျပက္စိတ္ဝိညာဥ္အလင္းေရာင္က လေရာင္ကိုထိုးေဖာက္ေက်ာ္ျဖတ္လာၿပီး ပတ္ဝန္းက်င္ရွိအနက္ေရာင္ေလထုမွာ ေငြ႕ရည္ပ်ံလာၿပီး မ်က္စိတစ္မွိတ္အတြင္းတြင္ၾကည္လင္သထက္ၾကည္လင္လာေရာ့သည္။
ထိုအခ်ိန္မွသာ ရႈလင္က်ားကေရွာင္က်န္းကိုလႊတ္ေပးကာ ေမးမိသည္။
"မင္းဒဏ္ရာရသြားေသးလား။"
ေရွာင္က်န္းကားထိတ္လန့္ေနမိလ်က္သားျဖင့္ မ်က္လုံးမ်ားကိုဖြင့္ၾကည့္လိုက္ရာ ေသမ်ိဳးႏွင့္မတူေသာငယ္႐ြယ္ေခ်ာေမာသည့္လူ႐ြယ္တစ္ေယာက္က သူမကိုနီးနီးကပ္ကပ္ၾကည့္ေနသည္ကိုျမင္လိုက္ရၿပီး ကူကယ္ရာမဲ့စြာျဖင့္မ်က္ႏွာေလးနီးေစြးသြားေတာ့သည္။
သို႔ေပမဲ့ ထို႔ေနာက္တြင္ ရႈလင္က်ား၏လက္ေမာင္းထဲတြင္ကိုင္ထားေသာကေလးမေလးကိုျမင္သြားကာ သူမမ်က္ႏွာထားခ်က္ခ်င္းေျပာင္းလဲသြားၿပီး စိတ္ပူပန္စြာေမးမိသည္။
"ရင္းရင္း?"
ရႈလင္က်ားကကေလးကိုသူမဆီေပးၿပီး ေျပာလိုက္သည္။
"သူမအဆင္ေျပပါတယ္။ အိပ္ေပ်ာ္ေန႐ုံပါ။"
တကယ္တမ္းတြင္မူ သူအိပ္ေငြ႕ခ်မႏၱာန္ခ်ထားျခင္းျဖစ္၏။ သူမညီမေလး၏က်န္းမာကာနီျမန္းေနေသာမ်က္ႏွာႏွင့္ အသက္ရႈသံမွန္မွန္ကို ျမင္လိုက္ရရင္း ေရွာင္က်န္းတစ္ေယာက္သက္မခ်မိကာ ရႈလင္က်ားအားေက်းဇူးတင္လိုက္သည္။
"သခင္ေလး၊ ကြၽန္မရွင့္ကိုေက်းဇူးတင္ပါတယ္။ ကြၽန္မရွင့္ကိုဘယ္လိုေက်းဇူးတင္ရမယ္မွန္း တကယ္...တကယ္မသိေတာ့ပါဘူး။"
ဒါက ရႈလင္က်ားကို ေရွာင္က်န္းတစ္ေယာက္ေက်းဇူးတင္တာ ဒီေန႕ဒုတိယအႀကိမ္ျဖစ္ေပသည္။ ဒီမိန္းကေလးကတကယ္ခံစားေနရျခင္းပင္။
ရႈလင္က်ားကဆိုသည္။
"သာမန္ကာလွ်ံကာေျပာလို႔ရပါတယ္။ အရမ္းယဥ္ေက်းစရာမလိုပါဘူး။ ဒါေပမဲ့ မိန္းကေလးဆြဲထားတဲ့အဆင္တန္ဆာကအရမ္းကိုမိစ္ဆာဆန္တာကို ကြၽန္ေတာ္ေတြ႕တယ္။ ဒီကေန႕ျဖစ္ရပ္က ဒါနဲ႕ဆိုင္ေနတဲ့ပုံပဲ။"
ေရွာင္က်န္းေျပာမိသည္။
"ဒါေပမဲ့ ဒါကို...ခြၽတ္လို႔မရဘူးေလ.."
သူမယခုေလးတင္ဒါကိုေျပာခဲ့ၿပီး ထိုတဒဂ္အတြင္းမွာ ရႈလင္က်ား၏ေရွ႕တြင္ သူမဓားကိုျပန္ေကာက္လိုက္ေပမဲ့ ၎ကမလႈပ္ရွားသည္မွာ ရႈလင္က်ားတစ္ေယာက္မႏၱာန္မ်ားစြာသုံးထားသည့္ႏွယ္။
အခုကအခ်ိန္ေကာင္းပင္။ ေရွာင္က်န္းကိုေခါင္းပတ္ခ်ာလည္ေအာင္မလုပ္လိုက္ပါက ဓားကိုယူသြားလို႔ရမည္မဟုတ္။
အဆုံးတြင္ ရႈလင္က်ားဒီအေၾကာင္းေတြးမိလိုက္ၿပီးေနာက္ ေရွာင္က်န္းဆီမွာတစ္ခုခုျဖစ္လာလွ်င္ေသခ်ာရန္ တစ္ဖက္လူေပၚတြင္မႏၱာန္ခ်ထားလိုက္ၿပီး ထိုမွသာသူခ်က္ခ်င္းသိနိုင္မည္ျဖစ္ကာ ဓားေပၚတြင္မိစ္ဆာစြမ္းအင္ကိုခ်ိပ္ပိတ္ထားလိုက္သည္။
ဤၿမိဳ႕ကား လင္ေရွာင္းေတာင္ထြတ္၏အနီးနားတြင္ျဖစ္ကာ ၿမိဳ႕သူၿမိဳ႕သားမ်ားက အစြမ္းရွိေသာလူေတြကိုျမင္ဖူးၾကၿပီး သူတို႔က မေသမ်ိဳးက်င့္ႀကံသူမ်ားကို စိမ္းမေနေပ။
ယင္စြမ္းအင္ကိုပ်ံ့ႀကဲသြားေစသည့္ရႈလင္က်ား၏လုပ္ရပ္မ်ားဟာ ေရွာင္က်န္းကို သူ႕အားယုံၾကည္သြားေစသည္။ အခ်ိန္ခဏေလာက္ဘာျပႆနာမွမရွိဘူးဆိုတာျမင္လိုက္ရရင္း သူမအနည္းငယ္စိတ္သက္သာရာရသြားကာ အခုထိတိုင္မနိုးေသးေသာရင္းန်န္ႏွင့္အတူျပန္သြားေခ်သည္။
သို႔ေပမဲ့ ရႈလင္က်ား၏ႏွလုံးသားထဲတြင္ သံသယပိုၿပီးျဖစ္လာသည္။ ညီအစ္မႏွစ္ေယာက္ျပန္သြားတာကိုသူၾကည့္ေနၿပီးေနာက္ သူထြက္မသြားေသးဘဲ အနီးတစ္ဝိုက္ကိုတစ္ခ်က္ၾကည့္ရန္ တစ္ေဆေျခာက္ေသာစံအိမ္ႀကီး၏ၿခံဝန္းဆီသို႔ တိတ္တိတ္ေလးျပန္သြားလိုက္သည္။
သူသည္ ခုနကတစ္ေဆပုံရိပ္ေယာင္ေပၚလာေသာေနရာတြင္ရပ္လိုက္ၿပီး အနည္းငယ္ေတြးေတာလိုက္ၿပီးေနာက္ ဆန့္က်င္ဖက္မွသိပ္မေဝးေသာ ထိုက္ဟုေက်ာက္တုံးဆီေလွ်ာက္သြားလိုက္သည္။
ခုနတုန္းကအေနာက္မွေရာက္လာေသာဓားကို ရႈလင္က်ားမဖမ္းမိလိုက္ေသာ္ျငား အရမ္းကိုရင္းႏွီးေသာခံစားခ်က္တစ္ခုသူခံစားလိုက္ရသည္။ ဤအေနအထားမွအကဲခတ္လိုက္ရင္း တစ္ေဆပုံရိပ္ေယာင္မရွိေတာ့ေသာ္လည္း ထိုႏွစ္ကဓားရာေတြကိုေတာ့ရွာေတြ႕နိုင္ေပသည္။
ဤထိုက္ဟုေရကန္ေက်ာက္တုံးကား ေရညွိမ်ားႏွင့္ဖုံးအုပ္ေနၿပီး ထိုေနရာတြင္ရွိေနသည္မွာသိသိသာသာကိုႏွစ္တခ်ိဳ႕ၾကာလွၿပီျဖစ္သည္။ ရႈလင္က်ားေသခ်ာၾကည့္လိုက္ရာ ၎ေပၚတြင္ဓားရာတစ္ခ်က္ေတြ႕လိုက္ရသည္။
သူ႕ခန့္မွန္းခ်က္ကမမွားေပ။ ဤဓားရာကား လင္ေရွာင္းဂိုဏ္းမွတိုက္ကြက္ျဖစ္သည္။ အတိအက်ေျပာရရင္ လင္ေရွာင္းဂိုဏ္း၏ဂိုဏ္းခြဲရွင္းဇုန္ျဖစ္ေပသည္။
(ရွင္းဇုန္= ႏွလုံးသားဂိုဏ္း)
ရႈလင္က်ား၏သြယ္လ်ေသာလက္ေခ်ာင္းမ်ားဟာ ေက်ာက္တုံးမ်က္ႏွာျပင္ကိုခပ္ဖြဖြထိေတြ႕လိုက္ၿပီး လေရာင္ကားသူ၏အေတြးမ်ားေနေသာမ်က္ႏွာေပၚကိုျဖာက်ေနေပသည္။
သူတစ္ခုေတြးမိသည္။
----မၾကာခင္တုန္းက သူက်င္းေဖးထုန္ကိုလမ္းမေပၚတြင္ေတြ႕လိုက္ရသည္။ တစ္ဖက္လူကဒီမွာဘာေၾကာင့္ေပၚလာလဲဆိုတာကိုလည္း ရႈလင္က်ားအနည္းက်ဥ္းေတာ့သိေပသည္။
က်င္းေဖးထုန္က ရွင္းဇုန္၏သစၥာေဖာက္ကိုရွာေဖြရာတြင္လူကိုယ္တိုင္ကူညီရန္ ပီေလာ့နန္းေတာ္မွႀကဳံေတာင့္ႀကဳံခဲထြက္လာခဲ့သည္ဟု မူရင္းဝတၳဳစာအုပ္၏ဇာတ္ေၾကာင္းထဲတြင္ အတိုခ်ဳံးေဖာ္ျပထားသည္။
ရႈလင္က်ားအထင္ ႏွလုံးသားဂိုဏ္းကိုသစၥာေဖာက္သြားေသာအႀကီးအကဲမွာ သြမ့္ေဟာင္ရန္ဟုအမည္ရသည္။ သူသည္ သူ၏ဆရာတူညီမေလးႏွင့္ေတာက္ဓမၼက်င့္ေဖာ္က်င့္ဖက္ျဖစ္လာခဲ့ၿပီး ႏွစ္ေယာက္သားတြင္သားတစ္ေယာက္လည္းရွိ၏။
ကေလးကား ဝိညာဥ္မပါဘဲေမြးဖြားလာခဲ့သည္။ သူကမ႐ူးသြားေသာ္လည္း သူ႕ခႏၶာကိုယ္ကအလြန္အမင္းအားနည္းလွကာ မသန္စြမ္းတစ္ေယာက္ကဲ့သို႔ပင္။ သြမ္ေဟာင္ရန္က ဒီအတြက္ ေဆးကုသမႈႏွင့္ေဆးဝါးမ်ားရွာခဲ့ေပမဲ့ မိစ္ဆာဂိုဏ္း၏မိစ္ဆာစြမ္းအင္ကိုပင္သုံးလိုက္မိကာ ေနာက္ဆုံးတြင္ ဤကိစၥျဖစ္ပ်က္လာခဲ့သည္။
Advertisement
- In Serial86 Chapters
Knight and Smith
Secrets once thought lost are coming to light... Orin, a young thief turned mercenary, is returning to his home for the first time in four years. Orin wants nothing more than to reconnect with his family and settle down in the city he loves, but fate is fickle and has another destiny in mind for the swordsman. Now bound to the Princess of the Realm in ways he doesn't fully understand, Orin finds himself thrust into the world of Nobility, where no one can be truly trusted and his friends are few and far between. To ensure his survival, and that of the entire Kingdom, Orin must learn to harness the power of a Knight and work with the Princess Elora to protect those they both love, all while dealing with psychotic Knights, a mad King and Elora's own protectors. Well, if nothing else, I'm sure it will be an adventure. This is one of the ideas I've been working on for a while and wanted to see how far I can go with it. There's nothing really original here, just something fun I wanted to explore a bit more. Chapters will be posted once a week on Sundays at five pm GMT. Thank you for reading and I hope that you enjoy Knight and Smith!
8 175 - In Serial273 Chapters
Age of Gods - A VRMMO Story
Darren is just an average guy, not rich, not poor, not too fat, not too thin, just about everything regarding him is in the 'Goldilocks Zone'. He spends his leisure time playing VRMMO's, but he isn't the righteous hero or conniving villain, instead, he spends his time hunting down the rarest resources to craft the most powerful items he can. Today Karonite Industries newest VRMMO is launching and Darren is ready to play. Join Darren in a new world on his adventures in Age of Gods! ------------------------------------------- I had previously started writing this story but became dissatisfied because of my lack of experience. Now, Age of Gods is relaunching with the same premise but many many changes. I hope you will all enjoy this journey with me! (Just a quick note, any reviews dated before 12/10/2018 are for the previous version of this story.) I did not make the cover if the owner of the art wants me to take the image down please just send me a message and I will comply immediately.
8 293 - In Serial11 Chapters
The Skeleton King
Boy and his whole class got killed by the suicide bomber,but their soul's are summoned to a new world by the humans with the help of light god for them to be their champions/heroes.Except for our main protagonist.AN: new pls go easy on me ^^PS: I don't own the pic i just find it cool ^^
8 163 - In Serial15 Chapters
Second Chronicle's
Mylo was currently lying in the hospital bed, counting his remaining time before his life finally fades away .regretting only one thing in life. Not being able to play a VR game. Wishing he could create the craziest build and dominate the world of ‘Second Chronicle’s ‘. Unfortunately for him technology couldn’t advance fast enough and at the age of 93 only one day away from the release of the first VR RPG game. He dies of heart failure.-------------------------“…”““Is this death? Why is it so dark?”“…”“What is that? Light? Is it the entrance to paradise?”
8 167 - In Serial15 Chapters
Vindicated
Noboru was isekai'd along with his friends but there's just one problem... He's not a hero? Can he survive in this new world? Or will the evil powers lurking around be the end of him?
8 115 - In Serial59 Chapters
A Dangerous Woman (A Fay Cunningham Mystery-Book 1)
Fay Cunningham, publisher of a small-town Pennsylvania newspaper, is having a well deserved midlife crisis. Both nicotine-and calorie-deprived, she stays busy delivering the paper she publishes in order to get closer to her customer base, craving inspiration, a smoke, and a cheeseburger. But she discovers something odd going on behind the closed doors of her trusted friend Joe Wise. Like, where is he and who is the mysterious blonde rudely blocking Fay's entry to his house?Adding to the puzzle, Fay learns that Joe's brother and biggest rival, Thomas, has just died under strange circumstances. Joe was Fay's professional benefactor and her journalistic instincts kick into overdrive. But first, she has to get past Angel, Joe's hostile and secretive new companion. And when Fay's questions get too personal, a killer makes lethal plans to send Fay into permanent retirement....
8 182

