《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၉]ညအချိန်နှင်းခဲ|ညအချိန်နှင်းခဲ
Advertisement
"Hostမှာမြေခွေးအသွင်ကိုပြန်ပြောင်းဖို့၅စက္ကန့်အချိန်ရပါတယ်! သတိပေးချက်! ချစ်စရာသတိပေးချက်!"
...........................................................................
သူ၏လူတစ်ကိုယ်လုံးနှစ်ခြမ်းကွဲသွားပုံရသည်ဟု ရှုလင်ကျားခံစားမိသည်။
တစ်ဖက်တွင်၊ သွမ့်ဟောင်ရန်၏အလွန်အကျွံတင်းမာပြင်းထန်နေသောစိတ်ခံစားချက်များက သူ့ကိုလွှမ်းမိုးလာပုံပေါ်ပြီး နက်ရှိုင်းသောနာကျည်းမှု၊ မကျေနပ်ချက်နှင့် နောင်တတရားတို့ကို သူအပြည့်အဝတွေ့ကြုံခံစားလို့ရနေပေသည်။
သို့သော် နောက်တစ်ဖက်၌မူ၊ သူ့အသိစိတ်ကိုထိန်းသိမ်းထားသဖြင့် ဘေးမှရပ်ကြည့်သူတစ်ယောက်၏အမြင်မှနေ၍ ဤအခိုက်အတန့်ရှိခံစားချက်တိုင်းကို သူပို၍ရှင်းလင်းပီသစွာတွေ့ကြုံခံစားနိုင်လေသည်။
သွမ့်စဲ့ကို ဟွမ့်ဟောင်ရန်ဓားနှင့်ထိုးလိုက်ချိန်တွင်၊ မိစ္ဆာဓားဟာသေဆုံးရခြင်း၏မကျေနပ်ချက်များကို အငမ်းမရဝါးမျိုလိုက်ပုံရပြီး ဓား၏စူးရှသောအသက်ရှုသံမှာ ပိုမိုပြင်းထန်တက်ကြွလာကာ အထိန်းအကွပ်မဲ့လုမတတ်ဖြစ်လာသည်ကို ရှုလင်ကျားသတိပြုမိလိုက်၏။
သူ့ရင်ထဲတွင်ပြင်းထန်သောလူသတ်ချင်စိတ်ရှိနေသဖြင့် အကယ်၍ သူသာ အခြေအနေကိုဒီလိုမျိုးတိုးတက်ခွင့်ပေးလိုက်မယ်ဆိုရင် မကြာခင်မှာပုံရိပ်ယောင်၏ဝါးမျိုခြင်းခံလိုက်ရပြီး သူ့ကိုယ်ပိုင်အသိစိတ်လုံးလုံးလျားလျားပျောက်သွားလိမ့်မည်ဟု ရှုလင်ကျားသဘောပေါက်မိသည်။
စိတ်ဝိညာဥ်စွမ်းအားကိုများပြားစွာအသုံးပြုခြင်းကား မြေခွေးအဖြစ်သို့ပြန်ပြောင်းသွားနိုင်သော်လည်း အခုသူ့တွင်တခြားရွေးချယ်စရာရှိမနေ။
နတ်သမီးဝမ်ယန်ပေါ်ကိုကျတော့မည့်ဓားသွားမှာ ထို့နောက်တွင် ချက်ချင်းရပ်တန့်သွားတော့သည်။
ရှုလင်ကျားသည်သူ့အသိစိတ်ကိုရှိရှိသမျှအားအင်အကုန်သုံးကာထိန်းသိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီးလှုပ်ရှားလိုက်ရာ သူ့ဝတ်ရုံလက်တွေကသူ့ကိုယ်တစ်ဝိုက်တွင်ဝဲခါသွား၏။
တစ်ချိန်တည်းတွင် သူ့ညာလက်ကိုမြှောက်လိုက်ရာ လက်ဖဝါးထဲမှအလင်းဓားသွားတစ်ခုထွက်ပေါ်လာပြီး သွမ့်ဟောင်ရန်၏လက်ကောက်ဝတ်ကိုခုတ်ဖြတ်လိုက်သည်။
ရှုလင်ကျား၏တရစပ်ဒယိမ်းဒယိုင်ခြေလှမ်းများ၊ မြွေလိမ်မြွေကောက်လှုပ်ရှားမှုတိုက်ကွက်များဟာ နှင်းမုန်တိုင်းပမာ။ သူကား ချောမောလှပ၊ တင့်တယ်ပုံပေါ်ပေမဲ့ တကယ်တမ်းတွင် သူဟာ ဒေါသထွက်ပြီး ခြိမ်းခြောက်နေခြင်းပင်။ သွမ့်ဟောင်ရန်ကလက်ကောက်ဝတ်ကိုတိုက်ရိုက်ရိုက်ခတ်မိပြီး သူ့ဓားရှည်ကားအောက်လွတ်ကျသွားပေသည်။
ရှုလင်ကျားနွံထဲမှရုန်းထွက်လိုက်ကတည်းက ပုံရိပ်ယောင်ထဲရှိအရာရာတိုင်းမှာလုံးဝအထိန်းအကွပ်မဲ့သွားပြီး နာကျည်းမှုအပြည့်နှင့်ဓားရှည်မှာ လွတ်မြောက်သွားကာ စူးရှပီသသောအသံနှင့်ပျံသန်းသွားတော့၏!
ဤဓားကား ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့်အပြင်လောကရှိ ဓားစင်စစ်ဖြစ်ပေ၏!
----ဤဓားကသူ့ကိုသတ်ပစ်လိမ့်မည်ပင်!
ဤဓားသည်ရှောင်ကျန်းကိုယ်ပေါ်တွင်ရှိနေသင့်ပေမဲ့ ဘယ်လိုလုပ်ပြီးဒီမှာပေါ်လာလဲဆိုတာကို ရှုလင်ကျားဤအခိုက်အတန့်တွင်မစဥ်းစားနိုင်ဘဲ အပေါ်ခုန်တက်ကာ သူ့ဝတ်ရုံလက်ကိုတွန်းထုတ်လိုက်ပြီး ဓားရိုးကိုဆုပ်ကိုင်လိုက်သည်။
မိစ္ဆာဓားကားလှုပ်ရှားရုန်းကန်နေပြီး အထက်မှကြီးမားသောအရှိန်အဟုန်ဟာ တစ်အောင့်မျှဆန့်ကျင်ခုခံနေသဖြင့် ရှုလင်ကျားကဓား၏ရည်ရွယ်ချက်ကိုရိုးစင်းစွာလိုက်နာလိုက်ပြီး အရှေ့ရှိလေထဲကိုထိုးနှက်လိုက်သည်။
အေးစိမ့်စိမ့်လေတိုက်ခတ်နေကာ ဓားများကစူးရှစွာအော်ဟစ်နေပြီး ညတစ်ခွင်လုံးဓားအလင်းများဖြင့်ပြည့်နှက်သွားသည်မှာ ပုံရိပ်ယောင်အလား။ သူတို့ရှေ့မှောက်ရှိ အိမ်များ၊ သစ်ပင်များ၊ ထူးဆန်းသောကျောက်တုံးများနှင့် ပွဲကြည့်စင်များထံတွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာပေသည်။
မိစ္ဆာဓားတွင် အရာအားလုံးကိုဖျက်ဆီးချင်သည့် ကြောက်ခမန်းလိလိနာကျည်းမှုပါရှိနေပုံပေါ်ကာ ၎င်း၏ဓားဖျားမှာဖျက်ခနဲလက်သွားသည်။ ဤဓားကိုယဥ်ပါးစေဖို့ ရှုလင်ကျားဒါကိုဆန့်ကျင်တိုက်ခိုက်ရလိမ့်မည်ပင်။
သူသည်စိတ်ဝိညာဥ်စွမ်းအားအကုန်လုံးကိုဓားကိုယ်ထည်ထဲသို့ ထည့်သွင်းပေးလိုက်ပြီး သူ့ခန္ဓာကိုယ်အသွင်ကိုပြောင်းလဲလိုက်ကာ လူတစ်ကိုယ်လုံးကားငှက်မွှေးပမာပေါ့ပါးသွားပြီး ဓားနှင့်ယှဥ်နိုင်လာသည်။
လေကတိုက်ခတ်လျက်ရှိပြီး မြူနှင်းများပေါ်ထွက်လာသည်မှာ တဖိတ်ဖိတ်တောက်နေသောလမင်းကြီးကား မှောင်မိုက်ပြီးကျယ်ပြောသောမြစ်တစ်စင်းကို ဖုံးကွယ်လိုက်သည့်နှယ်။ ဓားသွားကား အေးစက်စက်အလင်းရောင်အလွှာတစ်ထပ်၏ဝန်းရံခြင်းခံလိုက်ရပေသည်။
သူ၏နာကျည်းမှုသည်လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း မွေးရာပါဓားရေးဘုရင်ကိုဦးညွှတ်ရမည်ဖြစ်ကာ သူ၏ခက်ထန်မှုမှာအနည်းငယ်ကန့်သတ်ခံလိုက်ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအရာ၌ ပြိုင်ဖက်မဟုတ်သေးပေ။
ပုံရိပ်ယောင်မှာဓားချီကြောင့်ပျက်စီးသွားတော့မည်ကို ရှုလင်ကျားမြင်လိုက်ရသည်။ အကယ်၍ ဓားသာယခုတွင်လှုပ်ရှားနေအုံးမယ်ဆိုရင် အနီးအနားရှိလူတွေကိုထိခိုက်စေမှာစိုးသည်။
သူ့ဘယ်လက်ကဓားကိုကိုင်ပြီး ၎င်းကိုထပ်မံဖိနှိပ်ရန်ပြင်လိုက်ချိန်တွင် လူတစ်ယောက်အပေါ်ခုန်တက်လာပြီး ဓားထံသို့တည့်တည့်မတ်မတ်လာနေသည်ကို သူမြင်လိုက်ရသည်။
တစ်ဖက်လူကားလက်နက်မပါပေမဲ့ သူ့ဝတ်ရုံလက်တို့ကိုလှိမ့်လိုက်၊ ဝှေ့ရမ်းလိုက်နှင့်ပင်။ ချက်ချင်းပင်၊ တိမ်တွေကလှိုင်းများဖြစ်လာပြီး တိုက်ခတ်နေသောလေမှာပြောင်းလဲသွားကာ လေထဲတွင်ကြီးမားသောလေပွေတစ်ခုဖြစ်ပေါ်လာပြီး အလွန်ခက်ထန်သောဓားစွမ်းအင်မှာ ၎င်းထဲတွင်စုပ်ယူခြင်းခံလိုက်ရပေသည်။
ထို့နောက် သူသည်လက်နောက်ပြန်ဝေ့ရမ်းလိုက်ကာ သူ၏လက်ဟန်ကား စောင်းကောက်နှင့်ဗုံကိုကိုင်ဆောင်ထားသည့်နှယ်။ လေလှိုင်းများမှာ ပင်လယ်သမုဒ္ဒရာထဲရှိရေလှိုင်းများပမာ။ သူတည့်တိုးတန်ပြန်တိုက်စစ်ဆင်လိုက်ပြီး မိစ္ဆာဓားကိုတားဆီးလိုက်သည်။
ရှုလင်ကျား၏မျက်လုံးများအနည်းငယ်မှေးကျဥ်းသွားကာ လေထဲတွင်ခြေလှမ်းလှမ်းလိုက်ပြီး တစ်ဖက်လူ၏တိုက်ကွက်ကိုခုခံရန် လေထဲသို့ခုန်လိုက်သည်။
လေတစ်ဝှေ့ကသူ့ဝတ်ရုံကိုကခုန်သွားစေပြီး သူ၏ဆံနွယ်အနက်များတဖျတ်ဖျတ်ခါနေပုံမှာ တိမ်ကိုစီးပြီးကောင်းကင်ဘုံသို့တက်လှမ်းတော့မည့်နှယ်။
ထိုအခိုက်အတန့်တွင် နှစ်ယောက်သားမှာတစ်ဖက်လူ၏မျက်နှာကို အပြန်အလှန်ပီသစွာမြင်လိုက်ရပေသည်။
မိစ္ဆာဓားကိုတားဆီးလိုက်သောပုဂ္ဂိုလ်ကား ကျင်းဖေးထုန်ပင်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့နှစ်ဦးစလုံးသည် လင်ရှောင်းမှဆင်းသက်လာခြင်းဖြစ်သည်။ တစ်ယောက်ကချီဇုန်တွင်ဓားရေးပါရမီရှင်တစ်ဦးဖြစ်ကာ နောက်တစ်ယောက်ကမူ ဆယ်စုနှစ်တစ်ခုစာတွင်တစ်ယောက်တည်းရှိသည့် ချီဇုန်၏ပထမဆုံးတပည့်ဂိုဏ်းသားဖြစ်၏။
နှစ်ဖက်စလုံးမှာသိပ်မတွေ့ဖူးကြပေ။ လွန်ခဲ့သောနှစ်နှစ်တုန်းကရှုလင်ကျား၏မတော်တဆမှုတစ်ခုဖြစ်သွားကြောင်းကိုသာ ကျင်းဖေးထုန်ကြားမိခဲ့သည်။ သို့သော် ရှုလင်ကျားကဂိုဏ်းမှထွက်လာပြီး တောင်အောက်ဆင်းလာတာကိုတော့ သူမသိပေ။
တစ်ခုခုမှားနေကြောင်း သူအခုလေးတင်မှသတိပြုမိလိုက်ပြီး အနောက်မှလိုက်လာခဲ့ရာ ထို့နောက်တွင် မိစ္ဆာဓားသောင်းကျန်းနေသည်ကို တွေ့လိုက်ရသည်။ မစဥ်းစားဘဲ ချက်ချင်းတိုက်ခိုက်လိုက်ပေမဲ့ ရှုလင်ကျားကိုဒီမှာမြင်ရလိမ့်မည်ဟု သူမထင်ထားမိပေ။
တစ်ဖက်လူဒဏ်ရာရထားကြောင်း ကျင်းဖေးထုန်သတိရသွားသည်။ သို့ပေမဲ့ လှုပ်ရှားမှုတိုက်ကွက်ကိုပြုလုပ်လိုက်ပြီးဖြစ်ရာ အခြေအနေကိုတားဆီးဖို့အရမ်းနောက်ကျသွားလေပြီ။
သူပြန်ပြင်မလို့လုပ်လိုက်ချိန်တွင် ဓားနောက်လိုက်နေသောရှုလင်ကျား၏ခန္ဓာကိုယ်က အလွန်အလွန့်သိမ်မွေ့လွန်းလှသည်ကို သူမြင်လိုက်ရသည်။
စိတ်ဝိညာဥ်စွမ်းအားလုံလောက်ခြင်းမရှိသော်လည်း အစွမ်းအစနှင့်လှုပ်ရှားမှုတိုက်ကွက်၏တိကျသေသပ်မှုများကတော့ အဆင့်အတန်းအလွန်မြင့်လှသည်။
လေမုန်တိုင်းပေါက်ကွဲထွက်သွားပြီး လေစီးကြောင်းမှာ ကြီးမားသောပုံဆောင်ခဲကဲ့သို့ဓားပန်းပွင့်အဖြစ်သို့ ငွေ့ရည်ဖွဲ့သွားသည်မှာ တစ်ခဏမျှအချိန်များရပ်တန့်သွားသည့်အလား။
ဒါကညအချိန်၏လှည့်ကွက်ပင်!
ရှုလင်ကျားသည်ကိုယ်ခံစွမ်းအားအကူအညီဖြင့် စိတ်ဝိညာဥ်စွမ်းအားကင်းမဲ့နေပေသည်။ သို့သော် ကျင်းဖေးထုန်ကမူ လောကကြီးအားလက်ဗလာနှင့် ပြောင်းပြန်လှန်ခဲ့သည်။ နှစ်ဦးသား၏အလွန်အမင်းအံ့သြဖွယ်ကောင်းသောလှုပ်ရှားမှုများပေါင်းဆုံသွားကာ ချက်ချင်းဆိုသလိုထိပ်ဆုံးသို့ရောက်သွားနိုင်ပေသည်။
ကျင်းဖေးထုန်၏တုံ့ပြန်မှုမှာလည်းအလွန်လျင်မြန်လှသည်။ ရှုလင်ကျားလက်ထဲရှိဓားရှည်ကိုအပြည့်အဝမထိန်းချုပ်နိုင်ကြောင်းကိုမြင်လိုက်ရရင်း ဓားအဟုန်နှင့်အတူလှုပ်ရှားလိုက်ရာ ဒါကမိစ္ဆာဓားကိုရူးမသွားအောင်ကာကွယ်နေတာမှန်း သူချက်ချင်းသဘောပေါက်သွားသည်။
သူချက်ချင်းဆိုသလိုလက်ထဲတွင်ဓမ္မချိပ်စည်းတစ်ခုဖော်လိုက်ပြီး ကြီးမားသောအရံအတားတစ်ခုကိုတည်ဆောက်လိုက်သည်။
ဘမ်းခနဲမြည်သံနှင့်အတူချက်ချင်းပင်၊ မိစ္ဆာဓားကသူ့လက်ထဲမှကျသွားပြီး ပုံရိပ်ယောင်အများစုပျက်ဆီးသွားလေသည်။
ရှုလင်ကျားကတိုက်ကရိုက်နောက်လှည့်ကြည့်မိရာ ကောင်းကင်ကကြည်လင်နေပြီး လမင်းကြီးကတောက်ပလျက်ရှိကာ တိုက်ခတ်နေသောလေမှာအေးစိမ့်နေပြီး လေထုကသန့်ရှင်းနေသည်ကိုသာ မြင်လိုက်ရသည်။ အခုလေးတင်ဖြစ်ပွားခဲ့သောရန်ပွဲနှင့်သတ်ဖြတ်ခြင်းကား ဘယ်တုန်းကမျှမဖြစ်ပျက်ခဲ့သည့်နှယ်။ မြေပြင်ပေါ်ရှိအလောင်းများနှင့် ရူးနှမ်းသောလူသတ်ကောင်များမှာလည်း ချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေပြီ။
သွေးဆာပြီး ကြောက်ရွံ့နေသောခံစားချက်မျှသာဖြစ်ပေမဲ့ သူ့နှလုံးသားထဲတွင်တည်ရှိနေဆဲဖြစ်ကာ ဖြေဖျောက်ရန်ခဲယဥ်းလှပေသည်။
ဤတစ်ကြိမ်ကျင်းဖေးထုန်ကိုသူတွေ့လိုက်ရတာကလည်း ကံကောင်းမှုတစ်ရပ်ပင်။ သူတို့နှစ်ဦးစလုံးသည်အလွန်ထက်မြက်ကာ ပြောင်းလဲတတ်သောလူများပင်။ သူတို့သည်ဖြစ်ရပ်များကိုပြောင်းလဲရန်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြပြီး ချောချောမွေ့မွေ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြ၏။
ရှုလင်ကျား၏တင်းမာနေသောအာရုံကြောများအနည်းငယ်ပြေလျော့သွားရပြီး မြေကြီးပေါ်ပြန်ဆင်းရန်ပြင်လိုက်ချိန်တွင် စနစ်၏အသံကသူ့ခေါင်းထဲတွင်ရုတ်တရက်ပေါ်လာသည်။
ရှုလင်ကျား: "!"
သူရုတ်တရက်တုန်ရီသွားရသည်။
အခြားဟာထက်စာရင် ချစ်စရာကောင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးပဲ! တကယ်လို့ သူသာလူမြင်ကွင်းမှာ အမွှေးဖွာဖွာမြေခွေးလေးအဖြစ်ပြောင်းသွားခဲ့ရင် သူအသက်ဆက်မရှင်ချင်တော့ဘူး!
ဒါကကျင်းဖေးထုန်ကိုလိုအပ်ရမယ့်အချိန်ပဲ!
ကျင်းဖေးထုန်ကတော့ဘာကိုမှအာရုံစိုက်ခြင်းမရှိဘဲ ရှုလင်ကျားကဓားကိုလွှတ်လိုက်ပြီး လေထဲမှခုန်ဆင်းလာ၍ သူ၏ပုံရိပ်မှာအနည်းငယ်မငြိမ်မသက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ကျင်းဖေးထုန်သည်သူစိမ်းများနှင့်ထိတွေ့ရခြင်းကိုနှစ်သက်ခြင်းမရှိ၊ သို့ဖြစ်၍ သူ့ဝတ်ရုံလက်ကိုခါကာ တစ်ဖက်လူကိုဖမ်းဖို့ သူ့စိတ်ဝိညာဥ်စွမ်းအားကိုအသုံးပြုလိုက်ချင်ပေမဲ့ ရှုလင်ကျားကသူ့လက်မောင်းကိုတိုက်ရိုက်ဆုပ်ကိုင်လာပေသည်။
ထို့နောက် ရှုလင်ကျားသည်အရှေ့ကိုခြေလှမ်းတစ်ဝက်မျှယိမ်းယိုင်သွားကာ မတ်မတ်မရပ်နိုင်သည့်အလား သူ့ကိုဖက်တွယ်လာ၏။
နှင်းခဲတမျှအေးစက်သောအသက်ရှုငွေ့က သူ့လက်မောင်းကြားထဲသို့ရုတ်ခြည်းဝင်ရောက်လာသဖြင့် ကျင်းဖေးထုန်ချက်ချင်းတောင့်ခဲသွားရသည်။
သူသည်ဘယ်သောအခါကမျှအခြားသူများ၏ချဥ်းကပ်ခံရခြင်းကိုမနှစ်သက်။ သူ့ကိုနှစ်ပေါင်းများစွာခစားလာခဲ့သောလူတွေပင်လျှင်ဒါကိုစိတ်ထဲတွင်မှတ်သားထားရသည်။ ရလဒ်အနေဖြင့် သူဒီကနေ့အပြင်ထွက်လာခဲ့ချိန်တွင် နှစ်ကြိမ်နှစ်ခါမျှအထိခံလိုက်ရသည်။
ပထမအနေဖြင့် မြေခွေးလေးတစ်ကောင်ကလေထဲကကျလာပြီး သူမသိလိုက်မသိဘာသာပင်၎င်းကိုဖမ်းဆုပ်လိုက်မိသည်။
ဤတစ်ကြိမ်တွင်မူ၊ သက်ရှိလူတစ်ယောက်ကကောင်းကင်ပေါ်မှကျလာခဲ့သည်။ သူမဖမ်းလိုက်ပေမဲ့ အဖက်ခံလိုက်ရပေသည်။
ကျင်းဖေးထုန်သည် ထိုသူကိုတွန်းထုတ်လိုက်ချင်ပေမဲ့ အကြောင်းပြချက်တချို့ကြောင့် သူ့နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သောချဥ်စူးစူးခံစားချက်တစ်ခုဖျတ်ခနဲပေါ်ထွက်လာပြီး သူ့အားကူကယ်ရာမဲ့သွားစေသဖြင့် သူအောက်စိုက်ကြည့်လိုက်မိသည်။
ဤရှုထောင့်မှနေ၍ ရှုလင်ကျား၏မျက်နှာတစ်ခြမ်းအနည်းငယ်ကိုသာမြင်နိုင်လေပြီး ညပန်းပွင့်မှာ ရေစက်ပမာ သူ့ဆံနွယ်အဆုံးထိကျဆင်းနေလျက် သူ၏ကျောက်စိမ်းသဖွယ်ချောမွေ့မျှတသောအသားအရည်ကိုတန်ဆာဆင်နေသဖြင့် အလွန့်အလွန်လှပတင့်တယ်ကာ အံ့သြမှင်သက်ဖွယ်ကောင်းလှ၏။
သူ့နှလုံးသားမှာရုတ်ခြည်းမရေမရာဖြစ်လာပြီး မဖော်ပြနိုင်လောက်သောစိတ်ညှိုးငယ်ခြင်းကတဖိတ်ဖိတ်ယိုစီးကျလာသည်။
ထို့နောက်တွင် ရှုလင်ကျားသူ့ကိုခပ်မြန်မြန်လွှတ်ပေးလိုက်ပြီး ကျင်းဖေးထုန်ကတွန်းထုတ်ရန်ပြင်ထားသောလက်ကိုပြန်ရုတ်သိမ်းကာ ခြေနှစ်လှမ်းနောက်ဆုတ်လိုက်တော့သည်။
ထိုသို့နောက်ဆုတ်လိုက်ပြီးနောက်၊ တစ်ဖက်လူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အမြင်ထဲတွင်အလုံးစုံမြင်လိုက်ရပေသည်။ ဖြောင့်မတ်သောခါးနှင့် အခုလေးတင်သူသုံးသွားခဲ့သောဓားတိုက်ကွက်ကဲ့သို့ စူးရှအေးစက်နေသေးသောမျက်နှာထား။ - သေချာပေါက်ကိုစွမ်းအားကြီးလှပေ၏။
Advertisement
သူ့မျက်ဝန်းထဲရှိဝေခွဲမရဖြစ်ခြင်းမှာအလျင်အမြန်ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများတဖြည်းဖြည်းချင်းတည်ငြိမ်သွားကာ သိမ်မွေ့သောအကြည့်နှင့်သတိချပ်လိုက်မိသည်။
ယေဘုယျအားဖြင့်ပြောရသော်၊ ပီလော့နန်းတော်ကသတင်းကိုအရင်ဆုံးရရှိသည်မှလွဲ၍ သွမ့်ဟောင်ရန်ရှိနေသည့်အရာကိုမူမတင်ပြရသေးပေ။ ရှုလင်ကျားကဲ့သို့ဆရာသခင်တစ်ယောက်က ဒဏ်ရာတွေပြန်မကောင်းသေးဘဲ ဘယ်လိုလုပ်ပြီးဤနေရာမှာတစ်ယောက်တည်းရှိနေတာလဲဆိုတာကို သူကူကယ်ရာမဲ့စွာတွေးလိုက်မိသည်။
ဒါကတိုက်ဆိုင်မှုသက်သက်သာဆိုရင်တော့အဆင်ပြေပါသည်။ သို့သော် သူကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာသာဆိုရင်... ဂိုဏ်းအတူတူပင်ဆိုရင်တောင်မှ ကျင်းဖေထုန် မည်သူ့ကိုမျှသူ့အစီအစဥ်ကိုသက်ရောက်နိုင်ခွင့်မပေးနိုင်။
ဤအချိန်တွင်၊ ရှုလင်ကျားကကျင်းဖေးထုန်ကိုလက်နှစ်ဖက်စုကာအရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
"ကျင်းရှစ်ရှုန်းဒီမှာရှိနေလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး။ လင်ကျားကသူ့ကိုကူညီတဲ့အတွက် ရှစ်ရှုန်းကိုကျေးဇူးတင်မိပါတယ်။"
ကျင်းဖေးထုန်သူ့ကိုတစ်ခဏမျှကြည့်လိုက်ပြီးနောက် ပြန်လည်အရိုအသေပေးကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ပြောတာတော့လွယ်ပါတယ်။ တကယ်လို့ကိုယ်မလုပ်ရင် မင်းလဲအတူတူပဲလုပ်မှာပဲလေ။ ရှစ်တိကယဥ်ကျေးလွန်းနေပါပြီ။"
ရှုလင်ကျား၏ကျေးဇူးတင်ခြင်းကား ရိုးသားစစ်မှန်ပေ၏။ စနစ်ကသူ့ကိုတာဝန်အလျင်စလိုမထမ်းဆောင်ခိုင်းသဖြင့် ကျင်းဖေးထုန်ကိုဖက်ဖို့ရန်သဘာဝအကျဆုံးနည်းလမ်းကိုအသုံးပြုလိုက်ရာ နောက်ဆုံးတွင် မြေခွေးဖြစ်လာခြင်းကို နောက်တစ်ကြိမ်ထပ်မံရှောင်ရှားလိုက်နိုင်သည်။
သို့သော် ထိုသို့ဆိုလျှင်ပင်၊ တစ်ဖက်လူကိုအရမ်းကြီးဝင်မပါစေချင်။
ကျင်းဖေးထုန်တွင်အံ့သြဆန်းကျယ်လှသောဇစ်မြစ်နှင့် အရမ်းကိုနက်နဲသောစရိုက်ရှိပြီး ဒေါသကြီးသောသူတစ်ယောက်ဖြစ်၏။ အကယ်၍ သူသာတစ်ခုခုမပြောလိုက်ဘူးဆိုရင် သူဟာ အဆုံးတွင် ကမ္ဘာကြီးကိုဖျက်ဆီးချင်သည့်ဗီလိန်လူဆိုးတစ်ယောက်ဟု ပြော၍ရသည်။ ဤလူကား သေချာပေါက်ကိုလူကောင်းတစ်ယောက်မဟုတ်။
ရှုလင်ကျားသည်စကားလုံးအနည်းငယ်ကိုတယဥ်တကျေးပြောလိုက်ပြီးနောက် မြေကြီးပေါ်တွင်ကျနေသောမိစ္ဆာဓားကိုကောက်ရန် ဘေးကိုလျှောက်သွားလိုက်၏။
ယပ်တောင်အပိတ်တစ်ခုက ဘေးမှထွက်လာပြီး သူ၏ခါးအောက်ရှိ နေကွမ်းအကြောကိုဦးတည်လာသည်။
ရှုလင်ကျား၏လှုပ်ရှားမှုကအရမ်းကိုမြန်ဆန်လှပြီး သူ့လက်ကိုနောက်မရုတ်လိုက်ပေ။ သူ့ခါးကိုလှည့်ကာ ယပ်တောင်ထိပ်ဖျားကိုခါထုတ်လိုက်သည်။ ယပ်တောင်ကရုတ်ခြည်းအပေါ်ပျံတက်သွားကာ တစ်ပတ်လှည့်လိုက်ပြီး အောက်ကိုပြန်ဆင်းလာသော် သူ့လက်ဖမိုးပေါ်ရှိယန်ချီအကြောကို ဦးတည်လာပြန်သည်။
ရှုလင်ကျားသည်၎င်းကိုရှောင်ရန်သူ့လက်ကိုလှည့်လိုက်ပြီး သူ့လက်ချောင်းတွေကိုအတူစုကာ ယပ်တောင်ကိုသူ့လက်ချောင်းကြားထဲတွင်ယူလိုက်ပြီး ကျင်းဖေးထုန်လက်ထဲသို့ပြန်ထည့်ပေးလိုက်၏။
နှစ်ယောက်သားသည်ခေါက်တုံ့ခေါက်ပြန်တိုက်နေကြပေမဲ့ ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ကောက်ဝတ်ကိုမရိုက်ပေ၊ ရှုလင်ကျားကဓားကိုမထိနိုင်သဖြင့် သူကူကယ်ရာမဲ့စွာဖြင့်အပြန်အလှန်စိုက်ကြည့်မိလိုက်ကြပြီး သူ့လက်ကိုရုတ်လိုက်တော့သည်။
ရှုလင်ကျား၏မျက်ခုံးနှင့်မျက်လုံးထောင့်များက ခါးသက်မှုအနည်းငယ်ကိုဖော်ပြလျက်ရှိပေမဲ့ သူအပြုံးတစ်ပွင့်ကိုဖြေးဖြေးချင်းထုတ်ပြလိုက်သည်။
"ကျင်းရှစ်ရှုန်း၊ ဒါကဘာလုပ်တာပါလဲ။"
ကျင်းဖေးထုန်ကမကျေမနပ်ဖြစ်မှုအနည်းငယ်ကိုမြင်နိုင်ခြင်းမရှိဘဲ ချိုသာစွာပြုံးလိုက်ပြီး ဆိုသည်။
"ဒီဓားစွမ်းအင်ကအရမ်းခက်ထန်တယ်။ ဒါကကံမကောင်းမှာစိုးတယ်။ ရှစ်တိကိုဂရုစိုက်ဖို့သတိပေးချင်ရုံပါပဲ။"
သူ့လက်ကိုမြှောက်၍ စန္ဒယားတီးနေသကဲ့သို့ လေထဲတွင်တီးခတ်လိုက်ရာ ရွှေပိုးမျှင်များဖျတ်ခနဲပေါ်လာပြီး တုန်ခါ၍ပဲ့တင်သံထွက်လာပြီး အနီးပတ်ပတ်လည်တွင်မှော်စက်ဝန်းကြီးတစ်ခုပေါ်လာပေသည်။
ကျင်းဖေးထုန်ကပြောသည်။
"ကြည့်၊ ကိုယ်တို့တွေဒီဒုက္ခကနေမလွတ်မြောက်သေးဘူးလေ။"
ဤသွမ့်ဟောင်ရန်ကကောင်းကောင်းကြီးပြင်ဆင်ထားခဲ့ပြီး ပုံရိပ်ယောင်ကသူတို့ကိုမပိတ်ထားနိုင်သဖြင့် အပြင်ဖက်တွင်မှော်စက်ဝန်းတစ်ခုတောင်ဆွဲထားခဲ့လေသည်။
သူ့ကိုတစ်စုံတစ်ယောက်လာဖမ်းမည်ကိုသူသိထားနှင့်ပုံပေါ်သည်၊ သို့ပေမဲ့ သွမ့်ဟောင်ရန်ကဒီလောက်ပြင်ဆင်ထားပြီးမှတော့ ဘာကြောင့်ဒီအတိုင်းပြေးမသွားရတာလဲ။ ဤမြို့ထဲမှာ သူ့ကိုထွက်သွားဖို့တွန့်ဆုတ်စေသည့်ရတနာတစ်ခုခုများရှိနေလို့လား။
ထို့အပြင်၊ ခုနကအမေးတွင်အဖြေရှိမနေ။ ဤဓားက ရှောင်ကျန်း၏လည်ပင်းပေါ်တွင်ဖြစ်ရမည်ကို အဘယ်ကြောင့်ဒီမှာရှိနေရသနည်း။
သူ့ရင်ထဲတွင်နားလည်ဖမ်းဆုပ်ရခက်သောအကြံဉာဏ်တချို့ရှိနေသည်ကိုသာ ရှုလင်ကျားခံစားမိပြီး ရုတ်တရက်ထွက်ပြေးပျောက်ကွယ်သွားသော ရေကူးနေသည့်ငါးတစ်ကောင်ပမာ ၎င်းကိုဖမ်းရန်အရမ်းကိုခဲယဥ်းလှပေသည်။
ကျင်းဖေးထုန်ကလည်းသူ့ကိုအရေးစိုက်မနေပေ။ အဖြစ်မှန်နှင့် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ရှုလင်ကျားမဖော်ထုတ်နိုင်သဖြင့် ခပ်ပေါ့ပေါ့သာပြောလိုက်သည်။
"ဒီလိုကိုး။ ကျွန်တော့်ကိုသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ကြည့်ရတာ မင်းနဲ့ကိုယ်နဲ့အလုပ်တူတူလုပ်ရမယ့်ပုံပဲ။ ကိုယ်ဒီကနေဖောက်ထွက်ဖို့ကြံရွယ်ထားတယ်။"
ပုံရိပ်ယောင်ကို စက္ကူဖြဲလိုက်သကဲ့သို့ လက်ဗလာနှင့်ဆုတ်ဖြဲပစ်လိုက်နိုင်သည့်သူ၏အစွမ်းအစနှင့်ဆိုရင် သူသာတကယ်ပဲထွက်သွားချင်ပါက ဘယ်သူကတားနိုင်ပါ့မည်နည်း။
ဤလူက သူ့ကိုအရမ်းကိုမကျေမနပ်ဖြစ်နေသည်ဟု ရှုလင်ကျားခံစားနေရပြီး ဟန်ဆောင်ဖို့လည်းအရမ်းကိုပျင်းရိလှသည်ဖြစ်ရာ ပျင်းရိပျင်းတွဲပြုံး၍ ပြောလိုက်သည်။
"ဟုတ်ကဲ့။ ရှစ်ရှုန်း... ညီလေးနဲ့မတိုက်ခိုက်သင့်တော့ဘူးမဟုတ်လား။"
ကျင်းဖေးထုန်စိတ်ထဲတွင်ပြက်ရယ်ပြုလိုက်သည်။
ဤညီလေးတွင် ထူးကဲသောရုပ်ရည်သွင်ပြင်ရှိပြီး ကွန်ဖူးသိုင်းမှာလည်းအလွန်လှပသေသပ်၏။ သူအစတုန်းကအနည်းငယ်ချီးကျူးမိပေမဲ့ အရမ်းကိုမိုက်မဲစွာစကားပြောတတ်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ၊ သနားစရာပဲ။
သူအနည်းငယ်စိတ်ပျက်သွားရကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"သဘာဝကျပါတယ်။ ဒီမှော်စက်ဝန်းက ဒီနေရာမှာကျန်ရှိနေတဲ့နာကျည်းချက်ပေါ်အခြေခံပြီးဆွဲထားရုံပါပဲ။ ဒါကြောင့်မို့ ကိုယ်တို့တွေစက်ဝန်းကိုမချိုးဖောက်ခင် ဒါကိုဆွဲခဲ့တဲ့လူကိုသတ်လိုက်လို့မရဘူး။ မဟုတ်ရင် လူတွေမသေခင်ကအမုန်းတရားက ပိုပြီးပြင်းထန်လာလိမ့်မယ်။ အဲ့အခါကျရင် ပိုပြီးထွက်ရခက်သွားမှာစိုးတယ်။ ဒါကိုမှတ်ထားပါ။"
ရှုလင်ကျားထောက်ခံဖို့ပြင်လိုက်ပေမဲ့ သူ့နှလုံးသားကရုတ်ခြည်းအလင်းဝင်လာသည်။
မိစ္ဆာဓားကပုံရိပ်ယောင်ထဲတွင်ရုတ်တရက်ပေါ်လာတယ်၊ မတိုင်ခင်တုန်းကဤတစ္ဆေခြောက်စံအိမ်ကြီးထဲတွင်သေဆုံးသွားခဲ့သောမိသားစုနှစ်စု၊ အန္တရာယ်ကိုသိနေပေမဲ့ ထွက်သွားဖို့ငြင်းဆန်နေတဲ့ သွမ့်ဟောင်ရန်၏အပြုအမူတွေ...
အခုလေးတင်မပြတ်မသားနှောင့်ယှက်နေသောအာရုံ၆ပါးမှာ ရေထဲမှခုန်ထွက်လာသောငါးတစ်ကောင်ပမာ၊ ဇာတ်လမ်းတစ်ခုလုံးကိုချက်ချင်းဆိုသလိုဖမ်းဆုပ်မိလိုက်သည်။
--သွမ့်ဟောင်ရန်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ သူသိလိုက်ပြီ!
ဤစိတ်လှုပ်ရှားနေသောအခိုက်အတန့်တွင် ဤစာကြောင်းကသူ့ပါးစပ်ဖျားသို့ရောက်လာခဲ့ပေမဲ့ တစ်ချိန်တည်း၌ ကျင်းဖေးထုန်၏မျက်လုံးများကိုလည်း ရှုလင်ကျားမြင်လိုက်ရပေသည်။
သူ့မျက်နှာပေါ်ကခပ်ဖျော့ဖျော့အပြုံးနှင့်လုံးဝမအပ်စပ်စွာ အေးစက်ပြီးတည်ငြိမ်လေးနက်နေသောမျက်လုံးများ။
ထိုအခိုက်၊ သူရုတ်တရက်စိတ်ပြောင်းလိုက်မိ၏။
________________________________________________________
!zawgyi!
...........................................................................
သွမ့်စဲ့ကို ဟွမ့်ဟောင်ရန်ဓားနှင့်ထိုးလိုက်ချိန်တွင်၊ မိစ်ဆာဓားဟာသေဆုံးရခြင်း၏မကျေနပ်ချက်များကို အငမ်းမရဝါးမျိုလိုက်ပုံရပြီး ဓား၏စူးရှသောအသက်ရှုသံမှာ ပိုမိုပြင်းထန်တက်ကြွလာကာ အထိန်းအကွပ်မဲ့လုမတတ်ဖြစ်လာသည်ကို ရှုလင်ကျားသတိပြုမိလိုက်၏။
မိစ်ဆာဓားကားလှုပ်ရှားရုန်းကန်နေပြီး အထက်မှကြီးမားသောအရှိန်အဟုန်ဟာ တစ်အောင့်မျှဆန့်ကျင်ခုခံနေသဖြင့် ရှုလင်ကျားကဓား၏ရည်ရွယ်ချက်ကိုရိုးစင်းစွာလိုက်နာလိုက်ပြီး အရှေ့ရှိလေထဲကိုထိုးနှက်လိုက်သည်။
Advertisement
- In Serial80 Chapters
Her Golemancer Girlfriend
The dazzling, high-tech city of Fleettwixt is the jewel of the North Sunwell Company's colonial empire. Its vast dungeons vanquished by the Great Hero, the city is now home to wealth and peace... at the cost of exploiting the continent's people and resources. Enter Amelia Bluewood: half-human, half-golem—all fury. She had lost everything. Her hometown was in ruins, her girlfriend missing without a trace, her modular system malfunctioning. Now in Fleettwixt, she has a chance for revenge, answers, and ultimate power. Amelia will never stop until she finds her lover and her vengeance, no matter the cost. Patreon DiscordAmelia's mantra Story by Thedude3445 Art by Mikalya Buan Things to expect from Her Golemancer Girlfriend: -LGBT+ cast. -Significant violence. An anti-hero MC who does things that you and I both disagree with. Mature themes. Chapters with sexual content will be marked. -LitRPG-lite progression fantasy. There are blue boxes and systems, upgrades and new skills, but no stats and no character sheets. Progression is slow. -A huge fantasy city explored in-depth that mixes medieval high fantasy with cyberpunk aesthetics and a whole lotta golems. -".X" chapters are bonuses that can be skipped. ".1" chapters are alternate POVs and should not be skipped.
8 537 - In Serial41 Chapters
And So We Leisurely Walk
The boy wants nothing more than to return to his reclusive life of studying history in Lanzhou, yet the whims of fate are too willing to drag him into the conflicts of Great Zhao, both external and internal. The girl, bored and wanting to do anything, travels from Lanzhou to the capital where she will meet her father for the first time, not understanding that she is stepping onto the path of seeking The Way. Things never go as expected in this beautiful but chaotic world. So let’s take things one step at a time. --- Feedback is welcome in the comments. Open criticism leads to improvement. I will also try to answer every question.
8 189 - In Serial9 Chapters
Witnesses Speak
In a semi-utopian universe with people living in upmost comfort there are only few that go out of their way to murder and steal. Most of them are not threatening everyday life, but there are a few that are powerfull enough to cast fear in people's minds. Most powerful of them being Adalie. Our main character-Arnold unfortunately encounters her. She decides to spare his existence but transports him into a world full of war, a crippled world, our world. The year is 1939 and WW II has just started. He was reincarnated as a soldier with special abilities. He can still use magic, but his existence in our world comes at a cost. Every time he dies he is reborn as a soldier in a random nation. Those who were once his comrades may now very well be his enemies... Image was taken from Google images. If you are the author of this image and want to take it down, please message me. There may be some historical inaccuracies due to compromisation for the plot progression. Also due to the nature of this fiction, the historical genre will shift more into alternative history.
8 113 - In Serial15 Chapters
Dinosaur Reborn
Darkness, Darkness, shell. Wait, shell? Your MC is reborn into a world, with only some magic and a dungeon core on his side Watch Ryan/Ascendant learn to survive in this new world as a Dominator A typical reborn/iseki story, but maybe some evolution and definitely magic.
8 71 - In Serial15 Chapters
It All Started With A Proposal
"I dare you," He said to me with determination in his eyes."I dare you to accept my proposal. If you do then I will make you the happiest women on earth.""What happens if I don't?" I challenged him.Who does he think he is just popping back into my life whenever he wants? It's been two years since we've last spoken! And now he's asking for my hand in marriage!? "You will because I'm Adam Mathews and you're Zamzam Amin. The girl who got the airhead jock to change his ways.""Deal?"I thought for a moment. I loved him once and the only thing keeping us apart was that he needed to figure himself out and now he has! He also showed up in front of my dad and asked for my hand."Maybe."I then got up and walked away. It won't that easy to win me back, play boy.Two years had gone by since Zamzam and Adam had last spoken. They're both different people now, Zamzam is now a Freshman in college while Adam just got back from traveling the world. Now that Adam's come back he's ready to ask for Zamzam's hand in marriage. Will Zamzam accept? Will she forgive him for being gone so long? Or will the time they've spent apart get between them? Find out![cover by @Tammzz]#QURUXNATION
8 206 - In Serial7 Chapters
GCSE Language P1&2 Q5
My English Language Paper 1 and 2 Question 5s, in the hope that they can inspire others to write and perform well in their GCSEs :)
8 94