《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၁]နှစ်ဖက်ချွန်ဓားသွား|ႏွစ္ဖက္ခြၽန္ဓားသြား
Advertisement
.............................................................................
မိစ္ဆာဓားက မီးတောက်များအဖြစ်သို့ပေါက်ကွဲသွားချိန်တုန်းက ၎င်းဟာရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့၏တစ်ပြိုင်နက်တည်းတိုက်ခိုက်ခြင်းခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ မည်သူမျှသတိမထားမိပေ။
၎င်းကမှော်စက်ဝန်းပျက်ဆီးသွားသည်ကိုအခွင့်ကောင်းယူ၍ အနီးတစ်ဝိုက်ရှိမကျေနပ်ချက်များကိုမြန်မြန်မျိုချကာ သွမ့်ဟောင်ရန်ကိုနောက်ဆုံးတိုက်ကွက်ပေးလာလိမ့်မည်ဟု မည်သူကမျှတွေးမိထားခဲ့မည်မဟုတ်။
သွေးထွက်လာသည့်အခိုက်အတန့်တွင် သွမ့်ဟောင်အရှေ့၌မှုန်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာခဲ့ပြီး ၁၇၊ ၁၈နှစ်အရွယ်မျှရှိသောချောမောသည့်လူငယ်တစ်ယောက်၏ရုပ်ရည်သွင်ပြင်နှင့် အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားလျက် လေထဲတွင်လွင့်မျောနေသည်ကို ရှုလင်ကျားမြင်လိုက်ရသည်။
သူထင်ယောင်ထင်မှားဖြစ်နေသည်ဟုတွေးမိလိုက်သည့်အချိန်မှာပင်၊ ကျင်းဖေးထုန်ကပြောလာသည်။
"ကြည့်ရတာ ဒါကသွမ့်မိသားစုရဲ့သခင်လေးဖြစ်ပုံပဲ။ သူ့ကိုဓားဝိညာဥ်ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ တကယ်ကြုံတောင့်ကြုံခဲပဲ။"
သွမ့်စဲ့သည်၅နှစ်၊ ၆နှစ်အရွယ်လောက်တွင် ဓားအောက်၌သေဆုံးသွားခဲ့ရပြီး သူ၏ဝိညာဥ်ကိုယ်ထည်မှာ သူ့မိခင်၏ပြန်လည်ဝင်စားခြင်းကိုရှာဖွေရန် ဓားထဲတွင် သူ့ဖခင်၏ချိပ်ပိတ်ခြင်းခံခဲ့ရ၏။
သူသည်အားနည်းစွာမွေးဖွားလာခဲ့ပြီး သူ၏မယ်ရီဒျန်များမှာပိတ်ဆို့နေပေသည်။ သူ့ဘဝဟာ လေထဲရှိဖယောင်းတိုင်ပမာ ။ သို့ပေမဲ့ သူ၏နာကျည်းချက်ကား သူသေဆုံးသွားသည့်အခိုက်အတန့်တွင် ပြင်းထန်လာပြီး သူ့ဘဝအားရှင်သန်ဖို့ရန်ပံ့ပိုးပေးလာသည်။
မထင်မှတ်ထားစွာဖြင့် လွန်ခဲ့သော၁၀နှစ်အတွင်းတွင် လူသားစိတ်ဝိညာဥ်နှင့်ဓားကား တစ်ခုတည်းဖြစ်လာပြီး ဓားဝိညာဥ်မှာကျင့်ကြံခြင်းခံလိုက်ရသည်။ ထိုအစား၊ သူ့မိဘမျာအား သူ့ကိုရှင်သန်ခွင့်ပေးစေလိုသောဆန္ဒမှာ မတော်တဆဖြင့်အမှန်တကယ်ဖြစ်မြောက်လာပေသည်။ ဒါက ကောင်းတာလား၊ ဆိုးတာလားဆိုတာ ငါတကယ်မသိတော့။
သွမ့်ဟောင်ရန်ပါးစပ်ထဲတွင်သွေးများရှိနေပြီး သူ့ရှေ့ရှိသွမ့်စဲ့ကို မျက်ဝန်းထဲရှိသံသယနှင့်အမုန်းတရားများဖြင့်ကြည့်လိုက်သည်။
"မင်းလား။"
ဝိညာဥ်ကိုယ်ထည်ကလေထဲတွင်လွင့်မျောလျက် ပြန်မဖြေလာ။ မိစ္ဆာဓားကဆွဲထုတ်ခံလိုက်ရသဖြင့် သွမ့်ဟောင်ရန်၏ရင်ဘတ်မှသွေးများဒလဟောထွက်လာပေသည်။
သွမ့်ဟောင်ရန်မြေကြီးပေါ်ပြိုလဲသွားရသည်။ သူ့ခန္ဓာကိုယ်ကဆတ်ခနဲတွန့်ခါနေပေမဲ့ သူရုတ်တရက်ရယ်မောမိသည်။
"မင်းအရမ်းတော်တာပဲ! အရမ်းတော်တယ်! ငါ့ဘဝမှာကံကြမ္မာကိုဘယ်တုန်းကမှမယုံကြည်ခဲ့ဖူးဘူး။ ငါ့လက်ထဲမှာ...ဟားဟားဟားဟား...တကယ်မင်းပဲကိုး!"
ရယ်သံချက်ချင်းရပ်သွားကာ သူ့မျက်လုံးပြူးကျယ်လျက်သားဖြင့် သူအသက်ထွက်သွားခဲ့ပြီးဖြစ်သည်။
လေထဲရှိပုံရိပ်ပျောက်ကွယ်သွားကာ မိစ္ဆာဓားမှာ မြေကြီးပေါ်ရှိရှောင်ကျန်း၏ဘေးတွင်ကျသွားသည်။
အတိတ်တုန်းက အလွန်ချစ်ခဲ့ကြသောစုံတွဲမှာ အာဃာတတရားအဖြစ်သို့ပြောင်းလဲသွားပြီး သားအဖဖြစ်ခဲ့ဖူးသောသူတို့မှာ ယခုတွင်အချင်းချင်းသတ်ဖြတ်ကုန်ကြသည်။
မင်းပေးလိုက်တုန်းကမှန်သည်၊ မင်းနာကျည်းတဲ့အခါလည်းမှန်သည်။ ဒီတော့ စစ်မှန်သောနှလုံးသားဆိုတာ ဘယ်လိုမျိုးလဲ။ အမြဲတမ်းပြောင်းလဲနေတာပင်ဖြစ်စေ၊ တစ်ခဏတာပင်ဖြစ်စေ၊ ချစ်ခြင်းမေတ္တာအစစ်အမှန်ကတကယ်ပဲတည်ရှိနေသည်ဖြစ်စေ၊ မည်သူကမျှတပ်အပ်မပြောနိုင်။
စံအိမ်ကြီးတစ်ခုလုံးတွင်နှစ်ပေါင်းများစွာကြီးစိုးနေခဲ့သောယင်စွမ်းအင်များမှာဝေ့ဝဲပျောက်ကွယ်သွားပြီး ကျန်ရှိသောပုံရိပ်ယောင်မှန်များနှင့်မှော်စက်ဝန်းတို့မှာ လုံးဝပျက်ဆီးသွားကာ လေထုကပြင်းထန်စွာတုန်ခါနေပေသည်။ ကျင်းဖေးထုန်၏လက်အောက်ငယ်သားများမှာ အသံကြား၍ရောက်လာကြပြီး သူ့ကိုအလျင်စလိုနှုတ်ဆက်လာကြသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ငါအဆင်ပြေတယ်။"
သူဘေးကိုစိုက်ကြည့်လိုက်ရာ ရှုလင်ကျားတစ်ယောက်မိစ္ဆာဓားကိုလှုပ်ရှားမှုတစ်ကွက်ပြုလုပ်ရင်း လက်ထဲတွင်ကိုင်ထားသည်ကိုမြင်လိုက်ရသည်။ သို့ပေမဲ့ ဤတစ်ကြိမ်တွင်သူမတားမိ။
ဤဓား၏ဓားဝိညာဥ်မှာ ထပ်မံပြေးထွက်လာခြင်းမရှိဘဲ သူ့ခံနိုင်ရည်ကိုယာယီအမဲလိုက်တာဖြစ်ပုံရပေမဲ့ သူ့စိတ်နေသဘောထားမှာ အလွန်ပြင်းထန်နေဆဲပင်။ ၎င်းသည်ရှုလင်ကျား၏လက်ထဲတွင်အဆက်မပြတ်အသံထွက်နေပြီး ဓားသွားကားဓားအိမ်ထဲမှတစ်ဝက်ထွက်နေပုံမှာ ၎င်းမှာဖောက်ထွက်ပြီး လွတ်မြောက်ချင်သည့်အလား။
ရှုလင်ကျားလက်ဖဝါးလှန်ကာ ဓားရိုးပေါ်ကိုရိုက်ချလိုက်ပြီး ဓားရှည်ကိုဓားအိမ်ထဲသွင်း၍ မြေကြီးပေါ်ထားလိုက်ကာ ဆူပူလိုက်သည်။
"ပြန်ဝင်စမ်း!"
၎င်းတွင်ရွေးချယ်စရာမရှိသဖြင့်ဓားအိမ်ထဲသို့အမုန်းတရားဖြင့်ပြန်ဝင်သွားလိုက်ရပေမဲ့ တစ်အောင့်ကြာပြီးသော် ၎င်းတကယ်ပဲစိတ်ငြိမ်သွားလေပြီ။
ရှုလင်ကျားဟာလည်းအရမ်းကိုစိတ်ခံစားမှုလွယ်သည်။ အဆုံးတွင် မူရင်းဇာတ်ကြောင်း၏တည်ဆောက်ပုံ၌ သူဟာဤဓား၏ထိုးသတ်ခြင်းခံရမည်ဖြစ်သည်။
ကျင်းဖေးထုန်၏လက်အောက်ငယ်သားထဲမှတစ်ယောက်ဟာ ဤထူးဆန်းသောဓားရှည်၏ဆွဲဆောင်ခြင်းခံလိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့်ချီးကျူးမိလေသည်။
"ဒီကျင်ရှင်းမင်ရှင်းလို့ခေါ်တဲ့ နှစ်ဖက်ချွန်ဓားသွားဆီးနှင်းပွင့်က တကယ့်ကိုဓားကောင်းတစ်လက်ပဲ။ ဓားထဲမှာနာကျည်းချက်တွေနှစ်ပေါင်းများစွာခိုအောင်းနေပြီး ဆွေမျိုးသွေးရင်းတွေအသတ်ခံခဲ့ရတာတော့ သနားစရာပဲ။ ဓားကသတ်ဖြတ်ဖို့ပြင်းထန်လွန်းတယ်။ ဒါကကံဆိုးမှာစိုးတယ်။ဟင်း၊ နှမြောစရာပါလားနော်။"
မိစ္ဆာဓားမှာ အခြားသူတွေသူ့အကြောင်းပြောတာကိုမကြားနိုင်ပေမဲ့ ဤစကားလုံးများကိုကြားလိုက်ရသော် ထပ်မံခလုတ်တိုက်မိသွားရပေမဲ့ ကံမကောင်းစွာဖြင့်ရှုလင်ကျားကသူ့ကိုမြေကြီးပေါ်ချထားလိုက်လေသည်။ အဆုံးတွင် ငါထပြီးဒီလူကိုသေတဲ့အထိမတိုက်ခိုက်နိုင်ဘူးလေ။ ရှုလင်ကျားခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
"ဟုတ်တယ်။"
သူ့လက်ကဓားရိုးပေါ်တွင်ဖြစ်ကာ သူအနည်းငယ်တုံ့ဆိုင်းမိသည်။
ဤဓား၏အန္တရာယ်ကရှုလင်ကျားထက်ပိုများသည်ကို မည်သူကမျှနားမလည်။ အကယ်၍ သူသာဤအချိန်တွင်သူ့ခွန်အားကိုဆက်တိုးမြှင့်လိုက်လျှင်၊ သူဒီဓားကိုလုံးဝဖျက်ဆီးလို့ရနိုင်ပြီး ဒီဓားနှင့်ထိုးသတ်ခံရမည်ကို စိုးရိမ်နေစရာမလိုတော့။ သို့သော် ရှုလင်ကျားမလုပ်ပေ။
သူသည်ငယ်စဥ်ကတည်းကဓားနှင့်အတူရှိခဲ့၏။
သူ့အတွက်မူ ဓားတိုင်းက မိတ်ဆွေအသစ်များဖွဲ့သကဲ့သို့ပင်၊ လူသားဘဝထက်ပို၍ပျော်ရွှင်စရာကောင်းလှသည်။
ဤဓားနှင့်သူ့အခြေအနေကမည်မျှဆင်တူနေကြောင်းပြောရရင် သူတို့ကမရည်ရွယ်ဘဲမွေးဖွားလာခဲ့ရပေမဲ့ သူတို့၏ကံကြမ္မာမှလွတ်မြောက်ရန်ခက်ခက်ခဲခဲကြိုးစားနေရပေသည်။
သူကိုယ်တိုင်တောင်မှအရှုံးပေးဖို့ဆန္ဒမရှိတာ၊ ဒီဓားကိုဘယ်လိုလုပ်ပြီးဖိနှပ်နိုင်ပါ့မည်နည်း။
"ဒါပေမဲ့ ဒီဟာကနဂိုကတည်းကလက်တုံ့ပြန်ဖို့ထိုက်တန်တဲ့ကလဲ့စားပဲ။ တခြားသူတွေကိုထိခိုက်အောင်မလုပ်ခဲ့ဘူး။ ပြန်တိုက်ခိုက်တာကမှားတယ်ဆိုပေမဲ့ တကယ်လို့ ဒီဓားကအနာဂတ်မှာကံဆိုးမိုးမှောင်ကျမှုကိုဆောင်ကျဥ်းလာနိုင်တာမို့ ဒါကိုဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ဒီလိုလှုပ်ရှားမှုရဲ့မြင့်မြတ်တာကဘာများလဲ။"
ရှုလင်ကျားပြုံးလိုက်ပြီး မြေပြင်ပေါ်မှဓားကိုကောက်ကိုင်ကာ ပြောလိုက်သည်။
"ဒါပဲပေါ့။"
သူ့စကားများနောက်လိုက်၍ ဓားထံမှမျက်စိကျိန်းလောက်ဖွယ်ရာအလင်းတစ်ခုရုတ်ခြည်းပေါက်ထွက်လာပြီး သို့ပေမဲ့ ဓားကိုကြည့်ရတာရုတ်တရက်ပျောက်ကွယ်သွားပုံရပြီး ပို၍ကြည်လင်ရှင်းလင်းလာပေသည်။
ရှုလင်ကျား၏လက်ချောင်းသွယ်သွယ်များဟာ ဓားသွားကိုဖြေးဖြေးချင်းပွတ်သပ်လိုက်ပြီး သူ့လက်ချောင်းတွေကိုကွေးလိုက်သည်။ ဓား၏တည်ငြိမ်သောအသက်ရှုသံကိုသူကြားလိုက်ရပြီး အတွင်းရှိနာကျည်းချက်အများစုမှာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားပုံပင်။
သူပြောလိုက်သည်။
"မင်းကငါ့ကိုသခင်အဖြစ်သတ်မှတ်ဖို့ဆန္ဒရှိတယ်ပေါ့။ အဲ့ဒါဆိုရင် မင်းငါ့နောက်ကတစ်ချိန်လုံးလိုက်နေရမှာနော်။"
မိစ္ဆာဓားကားရှုလင်ကျား၏လက်ထဲတွင်တုန်ခါသွားပုံမှာ ခေါင်းငြိမ့်နေသည့်နှယ်။
ပုံမှန်အားဖြင့် ဓားကသခင်ကိုရှာဖွေပုံကား အမျိုးသားတစ်ယောက်ကိုလက်ထပ်ရမည့်အမျိုးသမီးတစ်ယောက်ပမာ။ သက်တောင့်သက်တာဖြစ်ဖို့အတွက် မှန်ကန်သောလူတစ်ယောက်ကိုရွေးချယ်ရမည်ဖြစ်သည်။
သူ့ရှေ့ရှိလူသားမှာ အလွန်နူးညံ့ပြီး သိပ်အင်အားကြီးပုံမပေါ်သော်ငြား၊ အခုလေးတင်သူပြောသွားသည့်စကားများမှာ မိစ္ဆာမျိုးဆက်ဖြစ်သောဒဏ္ဍာရီလာဓားတစ်လက်နှင့်ထိုက်တန်ပြီး လူသိန်းပေါင်းများစွာကိုထိတ်လန့်အံ့သြသွားစေလောက်အောင် ညှို့အားပြင်း၍ အနှောင့်အယှက်ဖြစ်စရာကောင်းလှပေသည်။
ထို့ကြောင့် မိစ္ဆာဓားကသူ့ကိုလက်ခံဖို့ဆုံးဖြတ်လိုက်သည်။
ရှုလင်ကျားပြောလိုက်သည်။
"ဒါဖြင့် ငါမင်းကိုနာမည်ပေးမယ်။"
ယေဘုယျဓားနာမည်များ၊ ကဗျာဆန်၊ သူရဲကောင်းစိတ်ဓာတ်နှင့် နက်နဲသိမ်မွေ့...သူအများကြီးတွေးလိုက်ပေမဲ့ ဘယ်နာမည်ကမှစိတ်ကျေနပ်စရာမကောင်း။
ကိုယ်ပိုင်ဓားရှည်တစ်လက်၏အမည်နာမကား ဓားသမား၏နောက်ကတစ်သက်စာလိုက်နေမည်ပင်။ သူ့အတွက်မူ ထိုအခိုက်အတန့်တွင်အမျှော်လင့်မိဆုံးမှာ ဘယ်တော့မှချစ်စရာကောင်းမလာဖို့ပင်။
မြေခွေးတစ်ကောင်ပင်လျှင် အသန်မာဆုံး၊ ဒေါသအကြီးဆုံး၊ ခွန်အားအကြီးဆုံးဖြစ်ရမည်။ ဖြစ်နိုင်ရင် ဝံပုလွေလိုမျိုးထွားကြိုင်းရမည်။ ထိုမှသာ ရယ်စရာဖြစ်လိမ့်မည်မဟုတ်။
ခွန်အားကြီးတာ၊ ဟုတ်တယ်၊ ဒီလိုပဲခေါ်လိုက်တာပေါ့။
ရှုလင်ကျားလက်ကိုမြှောက်ကာ လေထုအလယ်ရှိ ချိပ်စာလုံးထဲတွင် "ဝေမုန့်"ဟူသည့်ရွှေရောင်အက္ခရာနှစ်လုံးရေးသားလိုက်သည်။ သူ့လက်ချောင်းကိုတွန်းလိုက်ရာ ရွှေရောင်အက္ခရာများကဓားထံသို့ပျံဝဲသွားကြသည်။
(*ဝေမုန့်= ခွန်အားကြီးသော)
နေပါအုံး--
မိစ္ဆာဓား၏ကိုယ်ထည်မှာတုန်ခါသွားရသည်၊ မယုံကြည်နိုင်စရာပဲ!
ဤကလေး၏မျက်နှာပေါ်တွင် မြင့်မြတ်တဲ့အကြည့်ရှိပြီး လိမ္ခာယဥ်ကျေးပုံပေါ်ပေမဲ့ ဒီလိုမျိုးရိုးရှင်းပြီး ရိုင်းစိုင်းတဲ့နာမည်ကိုပေးလိုက်တယ်ပေါ့လေ!
မှားနေပြီ! ငါကခွန်အားကြီးတဲ့သခင်ကိုကြိုက်တယ်ဆိုရင်တောင် ငါ့ကိုခွန်အားကြီးတယ်လို့ခေါ်စေချင်တယ်လို့ မဆိုလိုဘူးလေ!
ရှုလင်ကျားမေးလိုက်သည်။
"မင်းကြိုက်လား။"
အဓိပ္ပါယ်မရှိတာ၊ သေချာပေါက်မကြိုက်ဘူးပေါ့ဟ! မင်းကြိုက်တယ်ဆိုရင်လဲ မင်းကိုယ်မင်းရှုဝေမုန့်လို့ဘာလို့မခေါ်တာလဲ!
မိစ္ဆာဓားသည်နှစ်ပေါင်းများစွာမုန်းတီးမှုများရှိနေခဲ့သဖြင့် သူ့တွင်စိတ်ကြီးသောစရိုက်ရှိသည်။ သို့ဖြစ်ရာ ရှုလင်ကျားနှင့်သူထပ်ပြီးတော့တိုက်ခိုက်မိတော့မလိုပင်။
သို့သော် သူ့ကိုစိတ်ဆိုးအောင်လုပ်လိုက်သောလက်သည်တရားခံဖြစ်သည့် ရှုလင်ကျားမှာဖြင့် အလွန်တည်ငြိမ်လျက်ရှိကာ မိစ္ဆာဓားကိုငြိမ်သက်စွာကြည့်နေပေသည်။
ဤအကြည့်က ၎င်းအားကူကယ်ရာမဲ့စွာဖြင့်စောနကရှုလင်ကျား၏စကားများကို ပြန်တွေးမိသွားစေသည်။
၎င်းမှာနမိတ်မကောင်းသောဓားဖြစ်ပြီး များမကြာမီသောင်းကျန်းကာ အရှင့်ကိုသတ်လာလိမ့်မည်ဟု တစ်ခြားသူများတွေးမိကြပေမဲ့ ရှုလင်ကျားကတော့ထိုသို့မထင်ပေ။ ဒါကသူ့ရဲ့ကိုယ်ပိုင်လက်တုံ့ပြန်ခြင်းဟု ရှုလင်ကျားကပြောခဲ့သည်။
လှစ်ဟမပြလာသေးသောဓားသွားကား ဓားအိမ်ထဲတွင်မြဲမြံစွာရှိနေသည်။ အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ဒဏ္ဍာရီလာဓားသွားမှာ "ခွန်အားကြီးသော"ဟူသည့်ရွှေရောင်စကားလုံးနှစ်လုံးနှင့် ထွင်းထုခြင်းခံလိုက်ရပေသည်။
မိစ္ဆာဓား...မဟုတ်ဘူး၊ ခွန်အားကြီးတာမဖြစ်ရဘူးလေ။ တစ်ပတ်လှည့်ကာဖြင့် မိစ္ဆာဓားကိုညှိုးငယ်နေသောအမူအယာနှင့်ဖုံးကွယ်ဖို့ကြိုးစားလိုက်မိသည်။
တစ်ခုခုကိုတွေးလိုက်မိပြီးနောက် သူ့နှလုံးသားတစ်အောင့်မျှပျော့ပြောင်းသွားရသည်။
ရှုလင်ကျားနာမည်ကိုကြည့်လိုက်သည်၊ သို့သော် သူပိုပြီးကြည့်မိလေလေ၊ ပို၍သဘောကျကျေနပ်မိလေလေပင်။ ထိုအခိုက်အတန့်တွင် စနစ်က"တစ်တော့"ဟူသောအသံနှင့်ပေါ်ထွက်လာသည်။
Advertisement
ဤဓားကိုရလိုက်ခြင်းကား မမျှော်လင့်ထားသည့်ပျော်ရွှင်မှုပင်။ ၎င်းကမူလဝတ္ထုစာအုပ်၏ဇာတ်ကြောင်းကိုအောင်မြင်စွာပြောင်းလဲလိုက်ရုံသာမက၊ ဓားဝိညာဥ်နှင့်ဓားများကိုလေ့ကျင့်နိုင်ဖို့ဆိုတာအလွန်ရှားပါးသည့်အပြင် ၎င်းကကျင့်ကြံရေးလောကတစ်ခွင်တွင်လည်း ရှားပါးသေးသည်။ ဤကဲ့သို့ပစ္စည်းမျိုးနှင့် ဇာတ်ကောင်အဆင့်ကိုပွိုင့်များထပ်ပေါင်းထည့်ဖို့ဆိုတာ သဘာဝကျသည်။
"အဆင့်နိမ့်အမြှောက်စာဇာတ်ကောင်"မှ"အဆင့်မြင့်အမြှောက်စာဇာတ်ကောင်"ဆီသို့ဖြစ်စဥ်ဘားတန်းမှာ ချက်ချင်းဆိုသလိုပြည့်သွား၏။
ထို့နောက် ဤသကေ်တလျင်မြန်စွာပျောက်ကွယ်သွားပြီး "အဆင့်မြင့်အမြှောက်စာဇာတ်ကောင်➡ဖြတ်လျှောက်"ဟူသည့်ဒုတိယဘားတန်းဖြစ်လာသည်။
"အမြှောက်စာဇာတ်ကောင်"ဆိုသည့်စကားလုံးကတောက်ပနေသော်လည်း၊ ယခင်က"အဆင့်နိမ့်အမြှောက်စာဇာတ်ကောင်"နေရာထက်စာရင် ဇာတ်ကြောင်းထဲရှိအဆင့်မြင့်အမြှောက်စာဇာတ်ကောင်မှာ ပိုကောင်းသဖြင့် ဇာတ်ကြောင်း၏မကောင်းသောအကျိုးသက်ရောက်မှုမှာလည်း လျော့ကျသွားပေလိမ့်မည်။
ဖြစ်စဥ်ဘားတန်းပြောင်းလဲသွားသော် သူ့ဒဏ်ရာများအနည်းငယ်ပိုကောင်းလာသည်ကို ရှုလင်ကျားခံစားမိလိုက်သည်။
သူရုတ်တရက်စိတ်သက်သာသွားရသည်။
သူဟာဝတ္ထုစာအုပ်ထဲတွင်နေထိုင်နေသည်ဖြစ်ကြောင်းသိလိုက်ရ၍ ဂိုဏ်းမှထွက်ခွာရန်ချက်ချင်းဆုံးဖြတ်ချက်ချခဲ့ပြီး သူ့လက်ထဲကဓားကိုအလျင်စလိုရအောင်ကြိုးပမ်းရင်း ကမ္ဘာကြီးတစ်ခုလုံးမှာလေထဲတွင်လွင့်မျောနေပုံပေါ်ကာ ပုံရိပ်ယောင်ဆန်ပြီး အစစ်အမှန်မဟုတ်ဘဲ ထိတွေ့ရန်ဝေးကွာလွန်းလှသည်ဟု ရှုလင်ကျားအမြဲတစေခံစားနေခဲ့ရသည်။
ယခုအချိန်မတိုင်ခင်အထိ၊ အရာရာတိုင်းကိုပြောင်းလဲ၍ရနိုင်သည်ဟု ၎င်းကသက်သေပြသွားခဲ့ပြီး တခြားသူများဖန်တီးရေးသားခဲ့သောဝတ္ထုထဲတွင်နေစရာမလိုတော့ဘဲ သူကသူကိုယ်တိုင်ပင်ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ ကျင်းဖေးထုန်၏လူတွေက ခြံဝန်းကိုဖြစ်နိုင်သမျှမြန်မြန်လေးသန့်ရှင်းရေးလုပ်သွားကြပြီး မြေပြင်ပေါ်တွင်မေ့မျောလျက်ရှိသောရှောင်ကျန်းမှာလည်း ချီမခံရပြီး အနားယူဖို့လေသာဆောင်ကိုအပို့ခံလိုက်ရလေသည်။
လူနှစ်ယောက်ကကျင်းဖေးထုန်၏အရှေ့တွင် သွမ့်ဟောင်ရန်၏အလောင်းကိုသယ်ထားလျက် သူအမိန့်ပေးမှာကိုစောင့်နေကြသည်။
"အရှင်၊ ကျွန်တော်မျိုးတို့ဘာလုပ်ရ..."
ကျင်းဖေးထုန်လက်မြှောက်ကာ သူတို့စကားကိုကြားဖြတ်လိုက်သည်။
"ရှုရှစ်တိ"
လက်တစ်ဖက်ကိုနောက်ပစ်ထားလျက် နောက်လက်တစ်ဖက်ကိုကွေးကာဗိုက်ပေါ်တွင်တံတောင်ဆစ်ထားထားရင်း ရှုလင်ကျားရှေ့ကိုလျှောက်လာကာ သာမန်ဆန်ပြီး နူးညံ့သိမ်မွေ့သောသဘောထားနှင့် ချိုသာသောအသံဖြင့်မေးလိုက်သည်။
"သွမ့်ဟောင်ရန်ကိုဖမ်းပေးတဲ့အတွက်ဒီကနေ့ရှုရှစ်တိကိုအကြွေးတင်သွားပြီရယ်။ မင်းသူ့အလောင်းကိုကိုယ်နဲ့အတူရှင်းဇုန်ကိုပို့ချင်လား။"
ကျင်းဖေးထုန်၏စိတ်နေသဘောထားက သူ့လက်အောက်ငယ်သားများကိုအံ့သြသွားစေသည်။ သူတို့အရှင်သခင်ကလက်ဦးမှုယူပြီး တခြားသူများကိုကြင်နာပြတာကို သူတို့တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဤဖိတ်ကြားချက်ကား ဒီနေ့မြေခွေးလေးကိုသူတကယ်ကြီးထိတွေ့လိုက်သောအချိန်ကထက်ပို၍ပင်မူမမှန်နေပေ။
ယခုလေးတင်ပင်၊ ရှုလင်ကျားကပြင်းထန်သောဒဏ်ရာတစ်ခုမှမရပါဘဲ တောင်အောက်ကိုတစ်ယောက်တည်းဆင်းလာကြောင်းကို သွမ့်ဟောင်ရန်ကဖော်ညွှန်းသွားခဲ့သည်။ သူဤနေရာတွင်ပေါ်လာရသည့်အကြောင်းကား သူ့ဂိုဏ်းနှင့်စိတ်ဝမ်းကွဲခဲ့တာကြောင့်ပင်။
စိတ်ဝမ်းကွဲရသည့်အကြောင်းမှာ တစ်ဖက်လူကလွန်ခဲ့သောနှစ်နှစ်တုန်းကဒဏ်ရာအပြင်းအထန်ရသွားခဲ့သဖြင့် ချီဇုန်မင်ကျန့်ကစွန့်ပစ်လိုက်ခြင်းပင်။
ယခင်ကဓားရေးပါရမီရှင်၊ ဆရာသခင်၏အနှစ်သက်ဆုံးတပည့်ကား ဘယ်နေရာမှပေါ်ထွက်လာမှန်းမသိသောတောသားတစ်ယောက်၏အစားထိုးခြင်းခံလိုက်ရသည်။ ဒေါသနည်းနည်းကြီးသောလူကဒါကိုလက်ခံဖို့ခက်ခဲမှာစိုးသည်။
သို့သော်ယခုမူ ရှုလင်ကျားကတောင်အောက်ဆင်းလာပြီး ကျင့်ကြံရေးလောကတစ်ခုလုံးတိုက်ခိုက်နေကြသည့် ဤကဲ့သို့အောင်မြင်မှုမျိုးနှင့်တွေ့ဆုံကြုံကြိုက်ခဲ့ပေမဲ့ ဒါကနတ်ဘုရား၏ဆန္ဒဟုပြော၍ရသည်။
အကယ်၍ သူနှင့်ကျင်းဖေးထုန်သာ ရှင်းဇုန်ကိုသွမ့်ဟောင်ရန်၏အလောင်းသွားပို့မည်ဆိုလျှင်၊ သူဂိုဏ်းကိုပြန်ခေါ်ခံရဖို့လုံလောက်သဖြင့် သူမျက်ခုံးပင့်လိုက်မိသည်။
ကျင်းဖေးထုန်ကဒီလိုစကားမျိုးပြောလာသည်ကို ရှုလင်ကျားအနည်းငယ်အံ့အားသင့်မိပြီး သူ့ကိုကျေးဇူးတင်ရန်ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"မလိုပါဘူးဗျ။"
ကျင်းဖေးထုန်သည်ဤအဖြေကြောင့်အရမ်းကြီးမအံ့သြသွားဘဲ အပြုံးတစ်ပွင့်ဖြင့်မေးလိုက်သည်။
"မင်းချီဇုန်ကိုပြန်မသွားဘူးလား။"
ရွေးချယ်မှုပြုလုပ်ရသောအခိုက်အတန့်တွင်၊ နောင်တတရားနှင့်ဝမ်းနည်းမှုများရှိနေသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာသက်တောင့်သက်တာဖြစ်ခြင်းကပိုများလေသည်။
သူပုခုံးတွန့်ကာ စိုးရိမ်သောကကင်းသောအပြုံးဖြင့်ပြောလိုက်သည်။
"အသက်ရှင်နေတုန်းပါပဲ။ ဒါပေမဲ့ ရှုလင်ကျားဘယ်တော့မှပြန်မသွားတော့ပါဘူး။"
ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာဖြင့်သူ့မျက်လုံးတွေထဲကိုကြည့်မိသည်။
ရှုလင်ကျားသည်တစ်ချက်ကြည့်ရုံမျှဖြင့် အလွန်အံ့အားသင့်စေနိုင်သောလူစားမျိုးဖြစ်ကာ သို့ပေမဲ့ ယခုအချိန်မတိုင်ခင်အထိ တစ်ဖက်လူ၏မျက်လုံးများမှာအလှပဆုံးဖြစ်သည်ကို ကျင်းဖေးထုန်သဘောမပေါက်ခဲ့ပေ။
အနက်နှင့်အဖြူကား ခွဲခြား၍မရနိုင်သောအလင်းရောင်ပမာ ကြည်လင်တောက်ပလျက်ရှိသည်။
ဆုံးဖြတ်ချက်ခိုင်မာသောလူတစ်ယောက်တွင် အခြားသူတွေကိုလွှမ်းမိုးနိုင်သောစွမ်းအင် အမြဲရှိနေပေ၏။
________________________________________________________
!zawgyi!
.............................................................................
မိစ္ဆာဓားက မီးေတာက္မ်ားအျဖစ္သို႔ေပါက္ကြဲသြားခ်ိန္တုန္းက ၎ဟာရႈလင္က်ားႏွင့္က်င္းေဖးထုန္တို႔၏တစ္ၿပိဳင္နက္တည္းတိုက္ခိုက္ျခင္းခံလိုက္ရသျဖင့္ ေျမျပင္ေပၚသို႔ျပဳတ္က်သြားကာ မည္သူမွ်သတိမထားမိေပ။
၎ကေမွာ္စက္ဝန္းပ်က္ဆီးသြားသည္ကိုအခြင့္ေကာင္းယူ၍ အနီးတစ္ဝိုက္ရွိမေက်နပ္ခ်က္မ်ားကိုျမန္ျမန္မ်ိဳခ်ကာ သြမ့္ေဟာင္ရန္ကိုေနာက္ဆုံးတိုက္ကြက္ေပးလာလိမ့္မည္ဟု မည္သူကမွ်ေတြးမိထားခဲ့မည္မဟုတ္။
ေသြးထြက္လာသည့္အခိုက္အတန့္တြင္ သြမ့္ေဟာင္အေရွ႕၌မႈန္ဝါးဝါးပုံရိပ္တစ္ခုေပၚလာခဲ့ၿပီး ၁၇၊ ၁၈ႏွစ္အ႐ြယ္မွ်ရွိေသာေခ်ာေမာသည့္လူငယ္တစ္ေယာက္၏႐ုပ္ရည္သြင္ျပင္ႏွင့္ အျပာေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားလ်က္ ေလထဲတြင္လြင့္ေမ်ာေနသည္ကို ရႈလင္က်ားျမင္လိုက္ရသည္။
သူထင္ေယာင္ထင္မွားျဖစ္ေနသည္ဟုေတြးမိလိုက္သည့္အခ်ိန္မွာပင္၊ က်င္းေဖးထုန္ကေျပာလာသည္။
"ၾကည့္ရတာ ဒါကသြမ့္မိသားစုရဲ႕သခင္ေလးျဖစ္ပုံပဲ။ သူ႕ကိုဓားဝိညာဥ္ျဖစ္လာလိမ့္မယ္လို႔ ငါမထင္ထားမိဘူး။ တကယ္ႀကဳံေတာင့္ႀကဳံခဲပဲ။"
သြမ့္စဲ့သည္၅ႏွစ္၊ ၆ႏွစ္အ႐ြယ္ေလာက္တြင္ ဓားေအာက္၌ေသဆုံးသြားခဲ့ရၿပီး သူ၏ဝိညာဥ္ကိုယ္ထည္မွာ သူ႕မိခင္၏ျပန္လည္ဝင္စားျခင္းကိုရွာေဖြရန္ ဓားထဲတြင္ သူ႕ဖခင္၏ခ်ိပ္ပိတ္ျခင္းခံခဲ့ရ၏။
သူသည္အားနည္းစြာေမြးဖြားလာခဲ့ၿပီး သူ၏မယ္ရီဒ်န္မ်ားမွာပိတ္ဆို႔ေနေပသည္။ သူ႕ဘဝဟာ ေလထဲရွိဖေယာင္းတိုင္ပမာ ။ သို႔ေပမဲ့ သူ၏နာက်ည္းခ်က္ကား သူေသဆုံးသြားသည့္အခိုက္အတန့္တြင္ ျပင္းထန္လာၿပီး သူ႕ဘဝအားရွင္သန္ဖို႔ရန္ပံ့ပိုးေပးလာသည္။
မထင္မွတ္ထားစြာျဖင့္ လြန္ခဲ့ေသာ၁၀ႏွစ္အတြင္းတြင္ လူသားစိတ္ဝိညာဥ္ႏွင့္ဓားကား တစ္ခုတည္းျဖစ္လာၿပီး ဓားဝိညာဥ္မွာက်င့္ႀကံျခင္းခံလိုက္ရသည္။ ထိုအစား၊ သူ႕မိဘမ်ာအား သူ႕ကိုရွင္သန္ခြင့္ေပးေစလိုေသာဆႏၵမွာ မေတာ္တဆျဖင့္အမွန္တကယ္ျဖစ္ေျမာက္လာေပသည္။ ဒါက ေကာင္းတာလား၊ ဆိုးတာလားဆိုတာ ငါတကယ္မသိေတာ့။
သြမ့္ေဟာင္ရန္ပါးစပ္ထဲတြင္ေသြးမ်ားရွိေနၿပီး သူ႕ေရွ႕ရွိသြမ့္စဲ့ကို မ်က္ဝန္းထဲရွိသံသယႏွင့္အမုန္းတရားမ်ားျဖင့္ၾကည့္လိုက္သည္။
"မင္းလား။"
ဝိညာဥ္ကိုယ္ထည္ကေလထဲတြင္လြင့္ေမ်ာလ်က္ ျပန္မေျဖလာ။ မိစ္ဆာဓားကဆြဲထုတ္ခံလိုက္ရသျဖင့္ သြမ့္ေဟာင္ရန္၏ရင္ဘတ္မွေသြးမ်ားဒလေဟာထြက္လာေပသည္။
သြမ့္ေဟာင္ရန္ေျမႀကီးေပၚၿပိဳလဲသြားရသည္။ သူ႕ခႏၶာကိုယ္ကဆတ္ခနဲတြန့္ခါေနေပမဲ့ သူ႐ုတ္တရက္ရယ္ေမာမိသည္။
"မင္းအရမ္းေတာ္တာပဲ! အရမ္းေတာ္တယ္! ငါ့ဘဝမွာကံၾကမၼာကိုဘယ္တုန္းကမွမယုံၾကည္ခဲ့ဖူးဘူး။ ငါ့လက္ထဲမွာ...ဟားဟားဟားဟား...တကယ္မင္းပဲကိုး!"
ရယ္သံခ်က္ခ်င္းရပ္သြားကာ သူ႕မ်က္လုံးျပဴးက်ယ္လ်က္သားျဖင့္ သူအသက္ထြက္သြားခဲ့ၿပီးျဖစ္သည္။
ေလထဲရွိပုံရိပ္ေပ်ာက္ကြယ္သြားကာ မိစ္ဆာဓားမွာ ေျမႀကီးေပၚရွိေရွာင္က်န္း၏ေဘးတြင္က်သြားသည္။
အတိတ္တုန္းက အလြန္ခ်စ္ခဲ့ၾကေသာစုံတြဲမွာ အာဃာတတရားအျဖစ္သို႔ေျပာင္းလဲသြားၿပီး သားအဖျဖစ္ခဲ့ဖူးေသာသူတို႔မွာ ယခုတြင္အခ်င္းခ်င္းသတ္ျဖတ္ကုန္ၾကသည္။
မင္းေပးလိုက္တုန္းကမွန္သည္၊ မင္းနာက်ည္းတဲ့အခါလည္းမွန္သည္။ ဒီေတာ့ စစ္မွန္ေသာႏွလုံးသားဆိုတာ ဘယ္လိုမ်ိဳးလဲ။ အၿမဲတမ္းေျပာင္းလဲေနတာပင္ျဖစ္ေစ၊ တစ္ခဏတာပင္ျဖစ္ေစ၊ ခ်စ္ျခင္းေမတၱာအစစ္အမွန္ကတကယ္ပဲတည္ရွိေနသည္ျဖစ္ေစ၊ မည္သူကမွ်တပ္အပ္မေျပာနိုင္။
စံအိမ္ႀကီးတစ္ခုလုံးတြင္ႏွစ္ေပါင္းမ်ားစြာႀကီးစိုးေနခဲ့ေသာယင္စြမ္းအင္မ်ားမွာေဝ့ဝဲေပ်ာက္ကြယ္သြားၿပီး က်န္ရွိေသာပုံရိပ္ေယာင္မွန္မ်ားႏွင့္ေမွာ္စက္ဝန္းတို႔မွာ လုံးဝပ်က္ဆီးသြားကာ ေလထုကျပင္းထန္စြာတုန္ခါေနေပသည္။ က်င္းေဖးထုန္၏လက္ေအာက္ငယ္သားမ်ားမွာ အသံၾကား၍ေရာက္လာၾကၿပီး သူ႕ကိုအလ်င္စလိုႏႈတ္ဆက္လာၾကသည္။
က်င္းေဖးထုန္ေျပာလိုက္သည္။
"ငါအဆင္ေျပတယ္။"
သူေဘးကိုစိုက္ၾကည့္လိုက္ရာ ရႈလင္က်ားတစ္ေယာက္မိစ္ဆာဓားကိုလႈပ္ရွားမႈတစ္ကြက္ျပဳလုပ္ရင္း လက္ထဲတြင္ကိုင္ထားသည္ကိုျမင္လိုက္ရသည္။ သို႔ေပမဲ့ ဤတစ္ႀကိမ္တြင္သူမတားမိ။
ဤဓား၏ဓားဝိညာဥ္မွာ ထပ္မံေျပးထြက္လာျခင္းမရွိဘဲ သူ႕ခံနိုင္ရည္ကိုယာယီအမဲလိုက္တာျဖစ္ပုံရေပမဲ့ သူ႕စိတ္ေနသေဘာထားမွာ အလြန္ျပင္းထန္ေနဆဲပင္။ ၎သည္ရႈလင္က်ား၏လက္ထဲတြင္အဆက္မျပတ္အသံထြက္ေနၿပီး ဓားသြားကားဓားအိမ္ထဲမွတစ္ဝက္ထြက္ေနပုံမွာ ၎မွာေဖာက္ထြက္ၿပီး လြတ္ေျမာက္ခ်င္သည့္အလား။
ရႈလင္က်ားလက္ဖဝါးလွန္ကာ ဓားရိုးေပၚကိုရိုက္ခ်လိဳက္ၿပီး ဓားရွည္ကိုဓားအိမ္ထဲသြင္း၍ ေျမႀကီးေပၚထားလိုက္ကာ ဆူပူလိုက္သည္။
"ျပန္ဝင္စမ္း!"
၎တြင္ေ႐ြးခ်ယ္စရာမရွိသျဖင့္ဓားအိမ္ထဲသို႔အမုန္းတရားျဖင့္ျပန္ဝင္သြားလိုက္ရေပမဲ့ တစ္ေအာင့္ၾကာၿပီးေသာ္ ၎တကယ္ပဲစိတ္ၿငိမ္သြားေလၿပီ။
ရႈလင္က်ားဟာလည္းအရမ္းကိုစိတ္ခံစားမႈလြယ္သည္။ အဆုံးတြင္ မူရင္းဇာတ္ေၾကာင္း၏တည္ေဆာက္ပုံ၌ သူဟာဤဓား၏ထိုးသတ္ျခင္းခံရမည္ျဖစ္သည္။
က်င္းေဖးထုန္၏လက္ေအာက္ငယ္သားထဲမွတစ္ေယာက္ဟာ ဤထူးဆန္းေသာဓားရွည္၏ဆြဲေဆာင္ျခင္းခံလိုက္ရၿပီး ကူကယ္ရာမဲ့စြာျဖင့္ခ်ီးက်ဴးမိေလသည္။
"ဒီက်င္ရွင္းမင္ရွင္းလို႔ေခၚတဲ့ ႏွစ္ဖက္ခြၽန္ဓားသြားဆီးႏွင္းပြင့္က တကယ့္ကိုဓားေကာင္းတစ္လက္ပဲ။ ဓားထဲမွာနာက်ည္းခ်က္ေတြႏွစ္ေပါင္းမ်ားစြာခိုေအာင္းေနၿပီး ေဆြမ်ိဳးေသြးရင္းေတြအသတ္ခံခဲ့ရတာေတာ့ သနားစရာပဲ။ ဓားကသတ္ျဖတ္ဖို႔ျပင္းထန္လြန္းတယ္။ ဒါကကံဆိုးမွာစိုးတယ္။ဟင္း၊ ႏွေျမာစရာပါလားေနာ္။"
မိစ္ဆာဓားမွာ အျခားသူေတြသူ႕အေၾကာင္းေျပာတာကိုမၾကားနိုင္ေပမဲ့ ဤစကားလုံးမ်ားကိုၾကားလိုက္ရေသာ္ ထပ္မံခလုတ္တိုက္မိသြားရေပမဲ့ ကံမေကာင္းစြာျဖင့္ရႈလင္က်ားကသူ႕ကိုေျမႀကီးေပၚခ်ထားလိုက္ေလသည္။ အဆုံးတြင္ ငါထၿပီးဒီလူကိုေသတဲ့အထိမတိုက္ခိုက္နိုင္ဘူးေလ။ ရႈလင္က်ားေခါင္းၿငိမ့္ကာ ေထာက္ခံလိုက္သည္။
"ဟုတ္တယ္။"
သူ႕လက္ကဓားရိုးေပၚတြင္ျဖစ္ကာ သူအနည္းငယ္တုံ႕ဆိုင္းမိသည္။
ဤဓား၏အႏၱရာယ္ကရႈလင္က်ားထက္ပိုမ်ားသည္ကို မည္သူကမွ်နားမလည္။ အကယ္၍ သူသာဤအခ်ိန္တြင္သူ႕ခြန္အားကိုဆက္တိုးျမႇင့္လိုက္လွ်င္၊ သူဒီဓားကိုလုံးဝဖ်က္ဆီးလို႔ရနိုင္ၿပီး ဒီဓားႏွင့္ထိုးသတ္ခံရမည္ကို စိုးရိမ္ေနစရာမလိုေတာ့။ သို႔ေသာ္ ရႈလင္က်ားမလုပ္ေပ။
သူသည္ငယ္စဥ္ကတည္းကဓားႏွင့္အတူရွိခဲ့၏။
သူ႕အတြက္မူ ဓားတိုင္းက မိတ္ေဆြအသစ္မ်ားဖြဲ႕သကဲ့သို႔ပင္၊ လူသားဘဝထက္ပို၍ေပ်ာ္႐ႊင္စရာေကာင္းလွသည္။
ဤဓားႏွင့္သူ႕အေျခအေနကမည္မွ်ဆင္တူေနေၾကာင္းေျပာရရင္ သူတို႔ကမရည္႐ြယ္ဘဲေမြးဖြားလာခဲ့ရေပမဲ့ သူတို႔၏ကံၾကမၼာမွလြတ္ေျမာက္ရန္ခက္ခက္ခဲခဲႀကိဳးစားေနရေပသည္။
သူကိုယ္တိုင္ေတာင္မွအရႈံးေပးဖို႔ဆႏၵမရွိတာ၊ ဒီဓားကိုဘယ္လိုလုပ္ၿပီးဖိႏွပ္နိုင္ပါ့မည္နည္း။
"ဒါေပမဲ့ ဒီဟာကနဂိုကတည္းကလက္တုံ႕ျပန္ဖို႔ထိုက္တန္တဲ့ကလဲ့စားပဲ။ တျခားသူေတြကိုထိခိုက္ေအာင္မလုပ္ခဲ့ဘူး။ ျပန္တိုက္ခိုက္တာကမွားတယ္ဆိုေပမဲ့ တကယ္လို႔ ဒီဓားကအနာဂတ္မွာကံဆိုးမိုးေမွာင္က်မႈကိုေဆာင္က်ဥ္းလာနိုင္တာမို႔ ဒါကိုဖ်က္ဆီးပစ္လိုက္မယ္ဆိုရင္ ဒီလိုလႈပ္ရွားမႈရဲ႕ျမင့္ျမတ္တာကဘာမ်ားလဲ။"
ရႈလင္က်ားၿပဳံးလိုက္ၿပီး ေျမျပင္ေပၚမွဓားကိုေကာက္ကိုင္ကာ ေျပာလိုက္သည္။
"ဒါပဲေပါ့။"
သူ႕စကားမ်ားေနာက္လိုက္၍ ဓားထံမွမ်က္စိက်ိန္းေလာက္ဖြယ္ရာအလင္းတစ္ခု႐ုတ္ျခည္းေပါက္ထြက္လာၿပီး သို႔ေပမဲ့ ဓားကိုၾကည့္ရတာ႐ုတ္တရက္ေပ်ာက္ကြယ္သြားပုံရၿပီး ပို၍ၾကည္လင္ရွင္းလင္းလာေပသည္။
Advertisement
- In Serial69 Chapters
Sin-Eater
[ I was reborn as a sin-eater and now I want to eat the demon-king ] After finally leaving behind a life that he hated, Canta is reborn in the depths of a decayed dungeon. With a new body and a powerful, ancient class that is highly revered by the holy-people of the surface-world, he makes a bid to leave the wretchedness of his past existence, as well as his old personality, behind. However, he is not alone down in the darkness. There is something else, someone else, trapped down together with him. Someone who shares his wishes of changing. Someone who is clearly evil. No ifs, ands, or buts about it. (litRPG) [Also available on Amazon!]
8 234 - In Serial138 Chapters
The Dark Lord Gillian - Tales of Prompted Madness (Complete)
There's an evil wizard. A dark knight. An elf with a shovel. There's a dude with a car. And there is a lot of just complete and total chaos. ... As an explanation for those mildly interested or mildly confused: this is a story that was crafted from the beloved-madness that is r/writingprompts. From one prompt, to the next prompt, to the next, with no other way to progress except taking a new prompt and using it. Far as stories go, this one was spawned by a mix of blind-clicks, and dice-rolls, more than any true selection process. Fantasy driven, it was written mostly in my spare hours between work-projects and on lunch breaks (whenever I was lucky enough to get those) by clicking on reddit writingprompts that I could find within those windows of time. Title is notable cliche, and I'm far more than just open to alternative suggestions. This story is complete and will by copied and pasted in with minimal to no clean-up. It will not be held to much in the way of quality standards. So if you have corrections, just keep that in mind... But, on the brighter-side of things, there will be an awful lot of it. Apologies ahead of time.
8 186 - In Serial8 Chapters
Response From A Distant Sky
In the age of airships, where the royal navy rules the skies, the empire is threatened by a rising power.Fredrik, loyal sailor on the RSS Sunseed, has his life turned around when he discovers an old friend fighting on the enemy side. Torn between his childhood friend and his duty, his choice will shape the start of the coming conflict. (Also uploaded on Scribblehub)
8 189 - In Serial10 Chapters
War Act I: Factory of Heroes
More than a thousand years ago a prophecy was told by the Old Gods; the human race will bring forth death and destruction all over the galaxy, enslaving every sentient race. The most ancient and most powerful race came to Earth to ensure that the prophecy will never come to pass. After more than a thousand years of escaping genocide. Humankind made 'weapons' akin to the stories of old, to fight enemies of ancient origins. This is a story of those weapons, how they start from Experimental Subjects to God Killers
8 183 - In Serial16 Chapters
Overseer (Dwarf Fortress x Worm)
A young woman gains the power to make elements of a saved game real. She must then survive the assault of a coordinated attack by some of the deadliest parahumans on the planet - he same group of murderhobos that caused her the mental trauma that resulted in her gaining her powers to begin with.This is a crossover fiction between the most complicated game ever created, 'Dwarf Fortress' by Toady One, and an extensive grimdark superpower genre serial fiction called 'Worm' by Wildbow. It is violent and there are some references to sex in it, so it's probably not fit for young children to read, and persons not familiar with Dwarf Fortress or Worm might be confused by some elements, but I feel confident that it stands reasonably well on it's own.This crossover is complete. I posted it here in it's entirety all at once. I hope you all enjoy reading it as much as I enjoyed writing it.
8 76 - In Serial6 Chapters
Greene's Monthly Contest
most writers don't have enough recognition. most of them only win awards based on the general aspects of a story; genre or theme, judged by the same things, not appreciating the genius behind the chapters. same awards, same results.--and we disagree with that.
8 102

