《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၄]စိတ်ပျက်မှု|စိတ္ပ်က္မႈ
Advertisement
.........................................................................
ကျန်းရွေ့သည်လက်ထဲတွင်ဓားကိုင်လျက်သားဖြင့် လူတစ်စု၏ဝန်းရံခြင်းခံထားရ၏။ သူ့လက်တွင်ချိပ်စည်းတစ်ခုဖော်လိုက်ပြီး ၎င်းကိုစုပ်ယူကာ ဓားအတွင်းရှိဓားအသက်ရှုသံတစ်မျှင်ကိုဆွဲထုတ်လိုက်သည်။ ဓားထံမှသက်တန့်ရောင်အလင်းပေါက်ထွက်လာပြီး ၎င်းမှာအလွန့်အလွန်ကျက်သရေရှိလှသည်။
သူ့တစ်ဝိုက်ရှိချီးကျူးသံများမှာ တစ်ခုတည်းအဖြစ်ပေါက်ထွက်လာခဲ့သည်။
"ရုပ်ဆိုးတဲ့ပြကွက်တစ်ခုပါပဲကွာ။ ပိုးမွှားတွေကိုသတ်ပစ်တဲ့အစွမ်းအစသေးသေးလေးပါပဲ။ ငါ့ကိုမရယ်ကြပါနဲ့။ ညီလေး၊ ညီမလေးတို့ရေ။"
ကျန်းရွေ့ပြောလိုက်သည်။
"ခြုံပြောရရင် ဒီလိုမျိုးပဲပေါ့။ ဓားနည်းလမ်းတွေဟာ ဓားအသက်ရှုသံတွေထဲကမတူညီတဲ့အချက်ကိုခွဲခြားပေးတယ်။ သွမ့်ဟောင်ရန်ပိုင်တဲ့အပိုင်းကိုထုတ်လိုက်ပြီး သစ္စာဖောက်ကိုဖမ်းရာမှာ သူတို့ကိုဖြစ်နိုင်သမျှကူညီနိုင်ဖို့ မျှော်လင့်ရမှာပဲ။"
ဂိုဏ်းသားတစ်ယောက်ကဆိုသည်။
"အစ်ကိုကျန်းကဒီလောက်တော်တာ၊ ဘာကြောင့်နိမ့်ချပြောဆိုနေရတာလဲဗျာ။ အစ်ကို့မှာဒီအစွမ်းအစရှိတယ်လေ။ ခက်ခဲမှုအဆင့်က တို့ဖူးပေါ်ကိုအလှဆင်ရတာထက်မလျော့ပါဘူးဗျာ။ ရှင်းဇုန်ကသူတို့ကိုကူညီဖို့အစ်ကို့ကိုခေါ်တာအံ့သြစရာမရှိပါဘူး!"
အခြားလူတစ်ယောက်ကလည်းရယ်မောလာသည်။
"အမှန်ပဲ။ ဒီတစ်ကြိမ်မှာ အစ်ကိုကပထမဆုံးဂုဏ်ယူစရာဖြစ်လာမှာ။ ဘာရတနာပဲရလာရလာ အစ်ကိုအဲ့ဒါကိုပြန်ယူလာဖို့မမေ့နဲ့နော်။ ပြီးတော့ အစ်ကို့ရဲ့မျက်လုံးတွေကိုဖွင့်ပြီး ဒီကရှစ်တိလေးကိုကြည့်အုံးနော်၊ ရှစ်ရှုန်းရ။"
ပတ်ဝန်းကျင်ရှိလူများစွာကလည်းဟာသတစ်ဝက်နှော၍ ထောက်ခံလာကြသည်။ ကျန်းရွေ့တစ်ယောက်ပြုံးကာ ပြန်ဖြေဖို့ပြင်လိုက်ချိန်တွင် မဖော်ပြနိုင်လောက်သောမူးဝေမှုဝေဒနာကိုရုတ်တရက်ခံစားလိုက်ရပြီး သူ့ဘေးရှိသစ်ပင်၏ပင်စည်ပေါ်အလျင်စလိုမှီလိုက်ရသည်။
စွမ်းအင်အပိုင်းအစတစ်ခုချက်ချင်းဆိုသလိုဆွဲထုတ်ခံလိုက်ရသည့်အလား ခံစားလိုက်ပေမဲ့ ၎င်းမှာမသိမသာလေးဖြစ်ပြီး ထူးဆန်းမှုကချက်ချင်းပျောက်သွားပေသည်။
သူ့စိတ်ဝိညာဥ်စွမ်းအင်ကိုသူအလျင်စလိုသုံးလိုက်ပေမဲ့ သူ့ကိုယ်ပေါ်တွင်မည်သည့်သိသာသောအကျိုးသက်ရောက်မှုကို မခံစားရသဖြင့် ခုနကသူများအာရုံခြောက်ခြားသွားသည်ဟု တွေးမိလုမတတ်ပင်။ ထိုစဥ်၊ မလှမ်းမကမ်းမှလူနှစ်ယောက်ခြေလှမ်းကျဲဖြင့်လျှောက်လာကြပြီး သူတို့ကအနီးမရောက်လာမီ ရွှင်ပျသောမျက်နှာများဖြင့်အော်ပြောလာချေသည်။
"အားလုံးပဲ၊ သွမ့်ဟောင်ရန်ကိုရှာတွေ့ပြီကွ!"
အသေးစားအဆင်မပြေမှုကို သူ့ခေါင်းနောက်ကိုပို့ထားလိုက်ပြီး သူ့မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ပေါ်လာရသည်။
သူ့နံဘေးရှိလူကလည်းပြောသည်။
"ကျန်းရှစ်ရှုန်းကအခုလေးတင်ရှင်းဇုန်ကပြန်လာတာလေ။ သူ့ကိုဒီလောက်မြန်မြန်ကြီးရှာတွေ့သွားကြပြီလား။ ဘယ်နေရာမှာရှာတွေ့ခဲ့တာလဲ။"
အစီရင်ခံတင်ပြလာခဲ့သည့်လူမှာ အလွန်အမင်းစိတ်လှုပ်ရှားပြီးရင်းစိတ်လှုပ်ရှားနေပေသည်။
"ကျန်းရှစ်တိနဲ့ဘာမှမဆိုင်ဘူးကွ! မင်းဒါကိုကြားရင် အံ့သြသွားလိမ့်မယ်။ ဒီကိစ္စကို ကျင်းရှစ်ရှုန်းနဲ့ ရှုရှစ်ရှုန်းကဖြေရှင်းခဲ့တာ..."
ကျန်းရွေ့ကားမျက်နှာဖြတ်ရိုက်ခံလိုက်ရပုံပေါ်ကာ သူ့မျက်နှာပေါ်ရှိအပြုံးမှာအေးခဲသွားတော့သည်။
ဤလူတွေနောက်ထပ်ပြောလာသည်များကို ကျန်းရွေ့နားမထောင်တော့ဘဲ သူ့နားထဲတွင်တဝီဝီမြည်နေသည်ဟုသာခံစားမိ၍ သူတွေးနိုင်သောအကြောင်းမှာ "ရှုလင်ကျားကတကယ်ပဲသွမ့်ဟောင်ရန်ကိုရှာတွေ့သွားခဲ့သည်"ဟူ၍ပင်။
လုံးဝမပျောက်သွားသေးသောမူးဝေမှုမှာ ထပ်မံသန်မာလာပုံပေါ်သည်။ တခြားသူများ၏ရှုလင်ကျားအပေါ်ချီးကျူးသံများကို သူနားမထောင်ချင်သဖြင့် လူအုပ်ထံမှတိတ်တဆိတ်ထွက်လာပြီး သူ့ဘေးရှိသစ်ပင်ပေါ်တွင်လက်တစ်ဖက်တင်ထားလျက်သားဖြင့် စဥ်းစားတွေးတောမိသည်။
"ကျန်းရှစ်တိ? ကျန်းရှစ်တိ?"
ဟူသည့်အသံမလာခင်အထိပင်။
ကျန်းရွေ့မော့ကြည့်လိုက်ရာ ရှောင်းနဥ်အာကသူ့ရှေ့တွင်မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ရပြီး သူမကအပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"သွမ့်ဟောင်ရန်ကိုဖမ်းမိသွားပြီလို့ ငါခုနကကြားလိုက်ရတယ်။ ဒါကြောင့်နင့်ကိုငါလာရှာတာ။ ငါတို့တွေ့ဖူးတယ်လို့ပြောလို့ရတယ်။ အရင်တစ်ခါတုန်းက သွမ့်ဟောင်ရန်ရဲ့ဓားကို ငါ့အတွက်ယူပေးမယ်လို့ ကျန်းရှစ်တိပြောခဲ့တယ်နော်။ ငါဒါကိုစိတ်ထဲမှာအမြဲမှတ်ထားခဲ့တာ။ ကျန်းရှစ်တိယူလာခဲ့ရဲ့လား။"
သူမကပြော၍ ကျန်းရွေ့ထံလက်ဆန့်ပြလာပြီး သူမကအပြင်ပန်းတွင်လှပကာ ချစ်စရာကောင်းပေမဲ့ မျက်လုံးများကမူအေးစက်လျက်ရှိသည်။
ရှုလင်ကျား၏ဒေါသကိုပုံချရန်အလို့ငှာ ဒီမိန်းမကသူ့ကိုထပ်ပြီးလှောင်ပြောင်လာပြန်သည်။
ကျန်းရွေ့သည်အပြုံးတစ်ပွင့်ဖျစ်ညှစ်ထုတ်ပြရန် အတော်လေးကြိုးစား၍ ပြောလိုက်ရ၏။
"ရှောင်းရှစ်ကျဲကတော့နောက်နေပြန်ပါပြီ။ ရှုရှစ်ရှုန်းဒီမှာရှိနေမှတော့ ကျွန်တော်ကဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာတဲ့လဲ။"
ရှောင်းနဥ်အာကပြုံးလိုက်ပြီး သူမလက်ကိုပြန်ရုတ်ကာ သူ့ကိုကြည့်၍ဆိုသည်။
"နင်သိရင်ကောင်းတာပေါ့။ လောကကြီးမှာထူးချွန်တဲ့လူနည်းနည်းပဲရှိတယ်။ သူတို့တွေမထူးချွန်ရင်တောင် ဘာမှရှက်စရာမလိုဘူး။ ငါစိုးရိမ်တာက သူတို့တွေဟာကိုယ်ပိုင်ဗဟုသုတမရှိဘဲ အတွင်းစိတ်ကောက်ပြီး သူတော်ကောင်းယောင်ဆောင်နေမှာကိုပဲ။ သူတို့ကိုမြင်နေရတာက လူတွေကိုအထင်သေးပြီး သနားတယ်လို့ ခံစားရစေတယ်လေ။"
သူမပြက်ရယ်ပြုခြင်းကိုခံရပေမဲ့ ကျန်းရွေ့မည်မျှပင်ဒေါသထွက်မိပါစေ၊ သူမကိုဘာမှလုပ်၍မရပေ။
သူခေါင်းမော့၍ ရှောင်းနဥ်အာကိုကြည့်ကာ ပြောလိုက်သည်။
"ရှောင်းရှစ်ကျဲက ဘယ်သူ့ကိုကိုယ်ပိုင်ဗဟုသုတမရှိဘူးလို့ထင်တာလဲ။"
သူရန်မူချင်ယောင်ဆောင်နေကြောင်း သူမမြင်လိုက်ရသော် ရှောင်းနဥ်အာအနည်းငယ်ကျေနပ်သွားမိသည်။
"နင့်ကိုပြောနေတာလေ။ သစ္စာဖောက်ကိုဖမ်းဖို့အချိန်တော်တော်ကြာပြီးတဲ့နောက်မှာ ဆုလာဘ်တွေကိုဘယ်လိုခွဲပေးရမလဲလို့ ငါတွေးတောင်တွေးထားခဲ့တာ။ ဒါပေမဲ့ ဘယ်သူကမှနင်နဲ့မပြိုင်ဆိုင်ချင်ဘူး။ ဒါတောင်နင်ကရှုံးသွားသေးတယ်ရော်။ ဒါကရှက်စရာမကောင်းဘူးလား။"
ကျန်းရွေ့သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။
"ရှောင်းရှစ်ကျဲမမေ့ပါနဲ့။ ရှုရှစ်ရှုန်းထွက်သွားပြီးတဲ့နောက်မှာ အခုဆိုရင်ကျွန်တော့်ရဲ့အစွမ်းအစက ပြိုင်ဖက်မရှိလောက်အောင်ပဲ။ နိုင်တာ၊ ရှုံးတာက ဘာအကြောင်းရှိလို့လဲဗျာ။"
ရှောင်းနဥ်အာမျက်မှောင်ကြုတ်လိုက်မိပြီး စကားပြောရန်ပြင်လိုက်ချိန်တွင် ကျန်းရွေ့ကခေါင်းအသာငုံ့လိုက်ပြီး သူ့မျက်လုံးတို့ကသူမအပေါ်တွင်မြဲမြံလျက်ရှိကာ သူ့နှုတ်ခမ်းထက်တွင်အပြုံးတစ်ပွင့်ရှိနေပြီး သူ့မျက်လုံးများမှာအဆိပ်ပြင်းသောမြွေဟောက်တစ်ကောင်ပမာ အနည်းငယ်ရက်စက်ကြမ်းကြုတ်ပုံပေါ်၍ ပုံမှန်နှင့်လုံးဝကွဲပြားခြားနားနေသည်ကို သူမမြင်လိုက်ရသည်။
ရှောင်းနဥ်အာရုတ်တရက်ကျောချမ်းသွားရကာ သူမစိတ်ထဲတွင်အတွေးတစ်ခုဖျတ်ခနဲပေါ်လာသည်။
သူမလွှတ်ခနဲမေးမိသွားရသည်။
"နင်ဘာကိုဆိုလိုတာလဲ။ နင်...သူ့ကိုဂိုဏ်းကနေထွက်သွားဖို့ တွန်းအားပေးခဲ့တာလား။"
ဤကဲ့သို့နူးညံ့သောမိန်းမငယ်လေးရှောင်းနဥ်အာတွင် ထိုကဲ့သို့လျင်မြန်သောတုံ့ပြန်မှုမျိုးရှိလိမ့်မည်ဟု ကျန်းရွေ့မထင်ထားမိသဖြင့် သူတန့်သွားရကာ စကားပြောရန်ပြင်လိုက်သည်။ သူ့နှုတ်ခမ်းဆီရောက်သော် သူ့လေသံကရုတ်ခြည်းပြောင်းလဲသွားချေသည်။
သူအံ့သြတကြီးပြောလိုက်သည်။
"ရှောင်းရှစ်ကျဲ၊ အစ်မဘာလို့အဲ့လိုတွေးရတာလဲ။ ကျွန်တော့်မှာဘယ်လိုလုပ်ပြီးအဲ့လိုအစွမ်းအစရှိပါ့မလဲဗျာ။"
ရှောင်းနဥ်အာသည်တစ်ခုခုကိုရုတ်တရက်ခံစားမိလိုက်ပြီး သူမခေါင်းလှည့်လိုက်ရာ အခြားတစ်ဖက်မှဟယ်ဇီကျိုးလမ်းလျှောက်လာသည်ကို သူမမြင်လိုက်ရသည်။
သူမအရိုအသေပေးကာ ပြောလိုက်သည်။
"နဥ်အာကဂိုဏ်းချုပ်ဆရာကိုအရိုအသေပေးပါတယ်။"
ကျန်းရွေ့ဟာလည်းအရိုအသေပေးလိုက်သည်။ ဟယ်ဇီကျိုးကခေါင်းငြိမ့်၍ သူတို့နှစ်ဦးလုံးကိုထရန်ညွှန်ပြလာပြီး ဆိုသည်။
"အားရွေ့၊ ဒီကိုလာခဲ့။ ဆရာမင်းကိုတစ်ခုခုပြောစရာရှိတယ်။"
ရှောင်းနဥ်အာသည် ယခုလေးတင်ကျန်းရွေ့ပြောခဲ့သည့်စကားကို ဟယ်ဇီကျိုးအားပြောပြလိုက်ချင်ပေမဲ့ သူမကခန့်မှန်းမိရုံသာဖြစ်ပြီး သူတို့ကြားတွင်မကျေနပ်ချက်လည်းမရှိသဖြင့် ဆရာနှင့်တပည့်ထွက်သွားသည်ကိုသာလျှင် ရပ်ကြည့်နေလိုက်ရ၏။
တကယ်တမ်းတွင်မူ၊ ဤနေရာတွင်ဟယ်ဇီကျိုးရုတ်တရက်ပေါ်လာလိမ့်မည်ဟု ကျန်းရွေ့မထင်ထားခဲ့မိပေ။
သူသည်သိမ်မွေ့ညင်သာပြီး ရိုးသားယဥ်ကျေးစွာနေနေရပေမဲ့ ဤတစ်ကြိမ်တွင် ရှောင်းနဥ်အာ၏စကားများကြောင့် သူဒေါသဖြစ်သွားမည့်အစား၊ ရှုလင်ကျားကသွမ့်ဟောင်ရန်ကိုဖမ်းခဲ့သည်ဟူသောသတင်းကြောင့် သူပို၍ရန်စခံရလိုက်ရသည်။
ဟယ်ဇီကျိုးဘယ်လောက်အထိကြားသွားမှန်း ကျန်းရွေ့မသိသဖြင့် သူ့စိတ်ထဲတွင်အရမ်းကိုအဆင်မပြေဖြစ်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဟယ်ဇီကျိုးက လမ်းတစ်လျှောက်တွင် ထိုအကြောင်းမပြောလာဘဲ ကျန်းရွေ့အား ဂိုဏ်းချုပ်အခန်းထဲသို့တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။ သူသည် စားပွဲပေါ်မှရွှေရောင်စာလွှာကိုယူ၍ ကျန်းရွေ့ကိုကမ်းပေးကာ ဆို၏။
"ငါမင်းကိုဒါပေးမလို့။"
ကျန်းရွေ့လက်နှစ်ဖက်စလုံးဖြင့်လှမ်းယူလိုက်ပြီး ဖိတ်ကြားလွှာအပေါ်ရှိစကားလုံးများကို အောက်စိုက်ကြည့်လိုက်ရာ ကူကယ်ရာမဲ့စွာဖြင့်ပြောမိသည်။
"ဒါက ဓားစမ်းသပ်ရေးညီလာခံအတွက် ဖိတ်ကြားလွှာပဲ!"
သူပျော်နေသည်ကိုမြင်လိုက်ရရင်း ဟယ်ဇီကျိုး၏မျက်နှာထားကပေါ့ပါးသွားသည်။ သူကခေါင်းအသာငြိမ့်ကာ ပြောသည်။
"ဟုတ်တယ်။ ဆရာတို့ဂိုဏ်းက လူဆယ်ယောက်ပဲပို့လို့ရတော့ တောင်ထွတ်တစ်ခုချင်းစီတိုင်းက ထူးချွန်တဲ့ဂိုဏ်းသားတွေက ဒီအခွင့်ရေးကိုရဖို့ ယှဥ်ပြိုင်နေကြတာ။ ဒါကကျင့်ဝတ်နဲ့နည်းနည်းတော့မညီပေမဲ့ ငါကမင်ကျန့်တောင်ထွတ်ရဲ့ဂိုဏ်းသခင်ဖြစ်နေတုန်းပဲလေ။ ငါဘယ်လိုလုပ်ပြီးဒီပွဲမှာမပါလို့ရမလဲ။ ဒါကိုသိမ်းထားလိုက်ပါ။"
ဤဖိတ်ကြားမှုကား အရမ်းကိုအဖိုးတန်သည်ဟု ပြော၍ရသဖြင့် ကျန်းရွေ့တစ်ယောက်အံ့သြဝမ်းသာဖြစ်မိကာ အရင်ကပါရမီနိမ့်ကျခြင်းမှာလည်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ ရှစ်စွင်း!"
သူ့ဆရာသခင်ကို သူတကယ်ပဲသဘောကျပြီး ယုံကြည်ကိုးစားမိလေသည်။
ကျန်းရွေ့သည် သူ့မိထွေး၏ရိုက်နှက်ခံ၊ အဆူဆဲခံပြီး ကြီးပျင်းလာရခြင်းဖြစ်၏။ သူကား သစ်ခုတ်ပြီး ရေထမ်းရသည့် ဆင်းရဲသောကျေးလက်တောသားတစ်ယောက်သာဖြစ်သည်။ တစ်နေ့မတိုင်ခင်အထိ၊ သူသည် စုတ်ပြဲသောအဝတ်အစားဖြင့် ရွှံ့ထဲတွင်ဝက်တွေကိုအစာကျွေးနေခဲ့ချိန်တွင် နတ်သားပမာချောမောသော ဤယောက်ျားနှင့်တွေ့ဆုံခဲ့ပေသည်။
သူဟာ ဓားရေးကိုသူ့ဘာသာသူလေ့ကျင့်သင်ယူခဲ့ရပြီး နောက်ကျမှသာ သူဘယ်တုန်းကမျှမတွေးခဲ့ဖူးသည့်မသေမျိုးတောင်ထွတ်ပေါ်ကို ခေါ်ဆောင်ခြင်းခံလာရ၏။
သစ်ခုတ်သမားငယ်လေးကား ဆရာသခင်အဖြစ်သို့ သူ့ဘာသာသူပြောင်းလဲခဲ့ပေသည်။
ဤကဲ့သို့နေ့ရက်ကောင်းမျိုးတွင် ဒါကိုသိမ်းဆည်းဖို့ ခက်ခဲအောင်လုပ်နေလျက်ရှိသည်။
ဟယ်ဇီကျိုးကသူ့ကိုကောင်းမွန်စွာဆက်ဆံသည်ကို ကျန်းရွေ့တစ်ယောက်ဝေဝေဝါးဝါးသာခံစားခဲ့ရသည်။ သို့ပေမဲ့ ဤလူ၏စိတ်နေသဘောထားမှာ အမြဲတမ်းမထူးခြားမခြားနားပင်။ ရှုလင်ကျားရှိစဥ်တုန်းက ရှုလင်ကျားကိုကောင်းမွန်စွာဆက်ဆံခဲ့သည်မှာ သူ့ကိုစိတ်မလုံမခြုံဖြစ်စေသည်။ ထို့ကြောင့် သူရှုလင်ကျားကိုမတွေ့ချင်ခြင်းပင်။ ဤတောင်ထွတ်ပေါ်တွင်နေရဖို့ အကြောင်းပြချက်တွေထဲကတစ်ခုဖြစ်သည်။
Advertisement
ယခုတွင်ဤဖိတ်ကြားလွှာကိုကိုင်ထားရင်းဖြင့် ကျန်းရွေ့၏ဒေါသနှင့်စိုးရိမ်ပူပင်မှုများမှာ လွှင့်ပြယ်သွားတော့သည်။
-------အဆုံးမှာ ဟယ်ဇီကျိုးက သူ့အနှစ်သက်ဆုံးဖြစ်နေတုန်းပဲ။
သူသည်ဖိတ်ကြားလွှာကိုဘေးတွင်ချထားလိုက်ပြီး ၎င်းနှင့်ထိုက်တန်သည်ဟုပင်တွေးမိကာ အပြုံးတစ်ပွင့်နှင့်မေးလိုက်၏။
"ရှစ်စွင်း၊ ဘယ်ရှစ်ရှုန်းတွေလိုက်မယ်ဆိုတာ တပည့်မသိဘူး။ ဒီတပည့်ပြင်ဆင်လို့ရအောင် ရှစ်စွင်းပြောပြပေးမယ်လို့ မျှော်လင့်ပါတယ်။"
တကယ်တမ်းတွင် ကျန်းရွေ့ဘာမှပြောစရာမရှိပေ၊ အဆုံးတွင်သူ၏ဓားရေးပါရမီနှင့်ဆိုလျှင် ဤဂိုဏ်းထဲရှိငယ်ရွယ်သောတပည့်ဂိုဏ်းသားများမှာ ယှဥ်ပြိုင်နိုင်စရာပင်မရှိသဖြင့် ဘယ်သူပဲသွားသွား၊ အတူတူပင်ဖြစ်သည်။
ဟယ်ဇီကျိုးကနာမည်ရှစ်ခုရွတ်ပြ၍ ကျန်းရွေ့ထိုနာမည်တစ်ခုချင်းစီကိုလိုက်နားထောင်လိုက်ပြီး တကယ့်ကိုဘာမှစိုးရိမ်စရာရှိမနေပေ။
သို့သော် နာမည်ရှစ်ခုသာလျှင်ရှိသည်။
"ဒီနောက်ဆုံးဖိတ်ကြားလွှာက..."
ဟယ်ဇီကျိုးကစားပွဲပေါ်ကိုလက်ချောင်းထိပ်ဖြင့်ထိ၍ ပြောလာသည်။
"ဒါကလင်ကျားအတွက်လေ။ သူကရာထူးကိုဂရုမစိုက်ပေမဲ့ သူကဓားတွေကိုမြတ်နိုးတယ်၊ ညီလာခံကိုသွားပြီး အချင်းချင်းအပြန်အလှန်လေ့လာသင်ယူချင်တယ်လို့ ငါ့ကိုအစောပိုင်းတုန်းကပြောခဲ့ဖူးတယ်။ သူကဒေါသကြီးတယ်၊ ခေါင်းမာပြီး အလေးမထားတတ်ဘူးဆိုပေမဲ့ သူဒီဖိတ်ကြားလွှာကိုတကယ်မလိုချင်ဘူးဆိုတာကို ငါမယုံဘူး။"
ရှူလင်ကျား၏စွမ်းရည်များပျက်စီးဆုံးရှုံးသွားသည်ကို ဟယ်ဇီကျိုးသိနေရင်တောင်မှ ဓားစမ်းသပ်ရေးညီလာခံကိုသွားတာက သူ့အတွက်အရှက်ရစရာဖြစ်နေလိမ့်မည်၊ ထို့ကြောင့် သူဒါကိုသူ့အတွက်သိမ်းထားခြင်းပင်။
သူကူကယ်ရာမဲ့စွာပြောမိသည်။
"ရှစ်စွင်း..."
"အားရွေ့"
ဟယ်ဇီကျိုးသည်ကျန်းရွေ့ဆီကိုလျှောက်လာပြီး လက်ကိုမြှောက်၍သူ့ပုခုံးကိုဆုပ်ကိုင်ကာ ဖြေးညှင်းစွာဆိုလာ၏။
"မင်းကလိမ္မာပြီးစိတ်ထားကောင်းတဲ့ကောင်လေးမှန်း ရှစ်စွင်းသိပါတယ်။ မင်းရဲ့ရှုရှစ်ရှုန်းကတော့မတူဘူး။ ဒါကမင်းအတွက်ကြီးမားတဲ့အကျိုးအမြတ်ပဲ။ မင်းအမြဲတမ်းလိမ္မာနေမယ်လို့ ငါမျှော်လင့်မိတယ်၊ မင်းသိတယ်မလား။"
သူ့လက်တွင်ခွန်အားထောင်ပေါင်းများစွာရှိပုံပေါ်ပြီး ကျန်းရွေ့မှာသူ့ကျောကိုမတ်နိုင်စွမ်းမရှိတော့လုနီးပါးပင်၊ ထို့ကြောင့် သူအံကြိတ်လိုက်ရသည်။ သူ၎င်းကိုသေချာဆုပ်ကိုင်ထားပြီး သူ့မျက်နှာကားဒေါသဖြင့်နီရဲနေပေမဲ့ သူစကားမပြောနိုင်ပေ။ ဟယ်ဇီကျိုးကပြောသည်။
"လင်ကျားကိုငါလုပ်ခဲ့တာက ငါ့ကိစ္စပါ။ ဒါပေမဲ့ အရာရာတိုင်းမှာ အကြီးနဲ့အငယ်၊ အရင်ရောက်တဲ့သူနဲ့နောက်မှရောက်လာတဲ့သူဆိုပြီးရှိတာကို မင်းမှတ်မိနေရမယ်။ သူကအမြဲတမ်းမင်းရဲ့ရှစ်ရှုန်းအဖြစ်ရှိနေမှာ ၊ မင်းနားလည်ရဲ့လား။"
သူ့ပါးပြင်ပေါ်သို့ချွေးတစ်စက်စီးကျလာပြီး သူခက်ခက်ခဲခဲခေါင်းငြိမ့်ပြလိုက်ရသည်။
ဟယ်ဇီကျိုးသူ့ကိုလွှတ်လိုက်ပေးမှသာလျှင်၊ သူချက်ချင်းနောက်ပြန်လဲကျသွားရသည်။ သူခဏနားဖို့အရေးမစိုက်မိဘဲ ပြန်ထကာ ဒူးထောက်ချ၍ပြောမိသည်။
"ရှစ်စွင်း၊ ဒီတပည့်မှားသွားပါတယ်။ အနာဂတ်မှာကျွန်တော်ဘယ်တော့မှမထောင်လွှားရဲတော့ပါဘူး။"
ဟယ်ဇီကျိုးကဆိုသည်။
"ဒီနေ့ချင်းချိုးကတောင်ပေါ်ကိုလူလွှတ်ပြီး လျို့ဝှက်ရတနာကိုအတူတူအမဲလိုက်ဖို့ လင်ရှောင်းကိုဖိတ်ကြားလာတယ်။ မင်းဂိုဏ်းသားနည်းနည်းခေါ်ပြီး အတွေ့အကြုံရဖို့ တောင်အောက်ဆင်းသွားချည်။"
ဒါကကျန်းရွေ့ကိုအချိန်ခဏမျှမတွေ့ချင်ဘူးဟုဆိုလိုခြင်းပင်။ ကျန်းရွေ့အသံနိမ့်ဖြင့်"ဟုတ်ကဲ့"ဟုပြောလိုက်သည်။
ဟယ်ဇီကျိုး၏စိတ်သဘောထားကို သူနားလည်သည်။ သူကား ရှင်းပြချက်နှင့်တောင်းပန်ခယခြင်းများကို ဘယ်သောအခါမှမနှစ်သက်ပေ။ သူက သူ့ကိုဆန့်ကျင်ခြင်းနှင့်မနာခံခြင်းကိုသည်းညည်းမခံနိုင်ပေ။
ဖြစ်နိုင်တာက...ရှုလင်ကျားတစ်ယောက်သာလျှင် ခြွင်းချက်ဖြစ်ပုံပင်။
ဒါပေမဲ့ အဆင်ပြေပါတယ်လေ။
ဘာပဲဖြစ်ဖြစ် ဤအခိုက်အတန့်တွင် တစ်ဖက်လူက မိသားစုမရှိ၊ ဂိုဏ်းမရှိဘဲ သူ၏စွမ်းရည်များမှာလည်းအသုံးမဝင်တော့ပေ။ သူတကယ်ပဲပြန်လာပြီး ဓားစမ်းသပ်ရေးညီလာခံကဲ့သို့ ကြီးကျယ်ခမ်းနားသောပွဲမျိုးကိုသွားရန် ဖိတ်ကြားလွှာလာတောင်းခဲ့လျှင်ပင် ၎င်းမှာအရှက်ရစရာသာဖြစ်ပြီး သူ့အတွက် ရှုလင်ကျားက သေချာပေါက်ကို သူ့ပြိုင်ဖက်မဖြစ်နိုင်ပေ။
ပြီးလျှင် သူသာဓားစမ်းသပ်ရေးညီလာခံတွင် အနိုင်ရခဲ့သော် သူဟာဂိုဏ်းတစ်ခုလုံးတွင်ကြီးမြတ်သောသူရဲကောင်းတစ်ယောက်ဖြစ်လာပေလိမ့်မည်။ ဒီလိုနှိုင်းယှဥ်တာကပိုမကောင်းဘူးလား။
သူ့ကိုပြောင်းပြန်လှန်ဖို့ဘာမှလုပ်စရာမလိုဘဲ ထိုနေရာတွင်ဘယ်လိုလုပ်ပြီး ဂုဏ်ကျက်သရေရှိလိမ့်မည်မှန်း သူသေချာနေရသနည်း။
ဘာပဲဖြစ်ဖြစ်ပါ၊ ချင်းချိုးကလည်းနေရာကောင်းတစ်ခုဖြစ်သည်။ ထိုနေရာတွင် မြေခွေးမျိုးနွယ်စု၏ရှားပါးသောရတနာများစွာရှိသည်။ ထိုနေရာကိုသွားတာက သူ့အတွက်အရှုံးမရှိ။
*
ထိုစဥ်၊ ရှုလင်ကျားကလည်းချင်းချိုးကိုရောက်သွားပြီဖြစ်သည်။
၎င်းမှာဝေးလံသောနေရာတွင်ရှိပြီး လူနည်းစုသာဤနေရာကိုလာကြသည်။ ရှုလင်ကျားဓားပေါ်ကဆင်း၍ မြင်လိုက်ရသည်မှာ ဤနေရာကအလွန်လှပပြီး နေရာတိုင်းတွင်တောင်တန်းနှင့်တောင်ထွတ်များရှိကာ မြေကြီးပေါ်ရှိမြက်စိမ်းနှင့်ပန်းရိုင်းတို့မှာ အရောင်အသွေးစုံလင်လှပြီး သူ့ခေါင်းထက်ရှိ သစ်ပင်ပေါ်ရှိမက်မွန်ပန်းပွင့်များကား ငွားငွားစွင့်စွင့်ပွင့်လန်းလျက်ရှိကာ တိမ်တိုက်တို့ပင်လယ်ပြင်ပမာရွေ့လျားနေကြသည်။
မတူညီသောကုတ်အကျီများနှင့်မြေခွေးငယ်လေး၆ကောင်၊ ၇ကောင်မှာ မြက်ပင်များထဲတွင်လှိမ့်နေကြရင်း သူတို့၏မထက်ရှသောသွားလေးများဖြင့် အချင်းချင်းအပြန်အလှန်ကိုက်နေကြသည်။ ရှုလင်ကျားကိုမြင်လိုက်ရရင်း သူတို့ချက်ချင်းအစုခွဲသွားကြကာ ကြောက်လန့်တကြားအော်ဟစ်ကြတော့သည်။
မြေခွေးငယ်လေးအနည်းစုမှာအဝေးကိုပြေးသွားကြသည်မှာ တစ်ယောက်ယောက်ကိုသွားရှာကြသည့်အလား။ အနီရောင်အမွှေးနှင့်မြေခွေးလေးတစ်ကောင်မှာလည်း ကြက်သေသေနေကာ ရှုပ်ပွနေသောအမွှေးတို့ဖြင့် ရှုလင်ကျား၏ကိုယ်ပေါ်ကိုကုန်းကာအနံ့ရှုကြည့်လာပြီး ထို့နောက်တွင် ၎င်းလက်ဖဝါးလေးများဖြင့်စိတ်လှုပ်ရှားစွာပုတ်လာပေသည်။
ရှုလင်ကျားခါးကိုင်းကာ မြေခွေးလေး၏ခေါင်းကိုထိလိုက်သည်။
သူသည်မြေခွေးဖြစ်သော်လည်း အမြှီးကိုးချောင်းမြေခွေးဖြူမိသားစုမှမဟုတ်ပေ။ ဒီနေရာကိုသူလာတာပထမဆုံးအကြိမ်ဖြစ်ပေမဲ့ မဖော်ပြနိုင်လောက်သောရင်းနှီးမှုကိုခံစားမိသည်။
အလျင်လိုနေသည့်ခြေလှမ်းသံများထွက်ပေါ်လာပြီး မည်သူမျှမလာမီ အသံကအရင်ထွက်လာသည်။
"လင်ကျား!"
ရှုလင်ကျားခေါင်းလှည့်ကာ ပြောလိုက်သည်။
"ချန်နဥ်"
ရောက်လာသည့်လူမှာ ချောမောသောလူရွယ်တစ်ယောက်ဖြစ်ပြီး အမြှီးကိုးချောင်းမြေခွေးဖြူမျိုးနွယ်စုခေါင်၏တူလေးချန်နဥ်ဖြစ်ကာ လွန်ခဲ့သောနှစ်ရာပေါင်းများစွာကကပ်ဘေးတစ်ခုတွင် မျိုးနွယ်စုခေါင်ဒဏ်ရာရသွားစဥ်ကတည်းက အမြှီးကိုးချောင်းမြေခွေးဖြူမျိုးနွယ်စုကိုတာဝန်ယူထားခြင်းဖြစ်သည်။
နှစ်ယောက်သားသည်နှစ်ပေါင်းများစွာအပြန်အလှန်သိကျွမ်းခဲ့ကြသော သူငယ်ချင်းဟောင်းများဖြစ်ကြပြီး အလွန်နီးကပ်သောဆက်ဆံရေးရှိ၏။
ချန်နဥ်တစ်ယောက်ရှုလင်ကျားတွေ့လိုက်ရသော် အရမ်းကိုပျော်ရွှင်သွားရပြီး ပုခုံးချင်းတိုက်၍ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ကောင်စုတ်လေး၊ ဂိုဏ်းကနေအချိန်အကြာကြီးမခွာဘူးနော်။ ဘယ်လိုလဲ၊ မင်းရဲ့ဒဏ်ရာကောင်းသွားပြီလား။"
ရှုလင်ကျားပြောလိုက်သည်။
"အင်း၊ ငါအခုဒီမှာမင်းလာရှာတာက ငါမင်းဆီကအကူအညီတစ်ခုတောင်းချင်လို့။ မင်းကူညီမှာလား။"
သူဘာမှမပြောပေမဲ့ ချန်နဥ်ကမေးပင်မမေးဘဲ အပြုံးနှင့်ဆိုလာသည်။
"ရှုသခင်လေးကအမိန့်ပေးမှတော့ ဘယ်သူကငြင်းဆန်ရဲလဲဆိုတာကြည့်ရသေးတာပေါ့။ ဘာအကူအညီလဲပြောလေ။"
ရှုလင်ကျားပြုံးလျက်ပြောလိုက်သည်။
"မင်းမှာ ဓားစမ်းသပ်ရေးညီလာခံအတွက် ဖိတ်ကြားချက်တစ်ခုခုရှိလား။ တကယ်လို့ အပိုရှိသေးရင် ငါ့ကိုတစ်ခုပေးလို့ရလား။"
ချန်နဥ်ကဆိုသည်။
"အို၊ ဘာကိစ္စကြီးများလဲလို့။ ကိစ္စမရှိပါဘူး။ မြေခွေးမျိုးနွယ်စုမှာဓားသမားနည်းနည်းပဲရှိတာ၊ မင်းအချိန်မီရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ်လေ လူတိုင်းကမြေခွေးတွေပဲ၊ သွားတဲ့လူဘယ်သူပဲဖြစ်ဖြစ် ရင်းနှီး...နေပါအုံးဟ။"
တစ်ခုခုမှားနေမှန်းသူရုတ်တရက်သဘောပေါက်သွားကာ မေးလိုက်မိသည်။
"မင်းမှာလင်ရှောင်းဂိုဏ်းကဖိတ်ကြားလွှာရှိတယ်မလား။ မင်းပါပါ၊ မပါပါ နှစ်ခုစလုံးမှာအလားအလာမရှိဘူးနော်။"
ရှုလင်ကျားပြောပြလိုက်သည်။
"ငါလင်ရှောင်းမှာမနေတော့ဘူး။"
ချန်နဥ်ရုတ်တရက်အသံမြှင့်ကာ ပြောလိုက်မိသည်။
"ဘာ?!"
ရှုလင်ကျား"ကျစ်"ခနဲစုတ်သပ်ကာ သူ့ကိုမျက်မှောင်ကြုတ်ပြလိုက်သည်။
ဤကလေးတွင်သူကျင့်သားရနေသည့်ငြီးငွေ့ဖွယ်ကောင်းသောအကျင့်စရိုက်ရှိသည်။ လူတွေကသူ့ကိုဂရုစိုက်ပေမဲ့ လူတို့၏အသံကနားငြီးစရာကောင်းသည်ဟု သူကတော့တွေးမိသည်။
ချန်နဥ်ကရှုလင်ကျား၏ပုခုံးကိုဒေါသတကြီးပုတ်လာသည်။
"ငါ့ကိုမြန်မြန်ပြောပြစမ်းပါ၊ မင်းငါ့ကိုသတ်ဖို့ကြိုးစားနေတာလား! ဘာဖြစ်ခဲ့တာလဲလို့!"
ရှုလင်ကျားပြောလိုက်သည်။
"ရိုးရိုးလေးပါပဲ၊ ငါအဲ့မှာမနေချင်တော့လို့။"
သူသည်ချန်နဥ်အားဖြစ်စဥ်တစ်ရပ်လုံးကိုပေါ့ပါးစွာပြောပြလိုက်ပြီး ချန်နဥ်မှာကူကယ်ရာမဲ့စွာဖြင့်မျက်မှောင်ကြုတ်မိသည်။
"ငါအရင်ကအကြေးခွံမျိုးနွယ်စုကသခင်လေးကိုမြင်ဖူးတယ်။ ဒါပေမဲ့ သူကအရမ်းကိုအရှက်မဲ့ပြီး တုံးအလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ပြီးတော့ မင်းရဲ့ရှစ်တိ၊ သူကလည်းစိတ်ဓာတ်သိပ်မကောင်းဘူးနော်။ ထူးဆန်းလိုက်တာ၊ မင်းရဲ့ရှစ်စွင်းက သူ့ကိုဘက်လိုက်နေတာလား။"
"ငါမပြောတတ်ဘူး၊ ဒီတော့ ငါလည်းစဥ်းစားမနေတော့ဘူး။ ရှစ်စွင်းကဒီမှာမရှိပေမဲ့ ငါ့ရင်ထဲမှာရှစ်စွင်းအတွက်နေရာရှိပါတယ်။"
ရှုလင်ကျားပြောလိုက်သည်။
"အင်း၊ ဒီအကြောင်းမပြောကြရအောင်ပါ။ မင်းငါ့ဆီကအကူအညီလိုတာရှိလား။ ငါမင်းကိုပြန်ကူညီပေးမယ်လေ။"
ချန်နဥ်ပြုံးကာပြောလိုက်သည်။
"အခုမလိုသေးပါဘူးကွာ။ အကြွေးမှတ်ထားလိုက်...ဟေး၊ မဟုတ်ဘူး၊ နေအုံးဟ။"
သူသည်ရှုလင်ကျားကိုရုတ်တရက်ကြည့်လာပြီး သူ့မျက်လုံးများတောက်သွားလေသည်။
"မင်းရဲ့မြေခွေးအသွင်ကသေးသေးလေးဆိုတာကို ငါမှတ်မိသေးတယ်၊ ဟုတ်တယ်မလား။"
ရှုလင်ကျားကချန်နဥ်ကိုကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ။"
ချန်နဥ်ကဖြစ်စဥ်ကိုထပ်မံရှင်းပြလာသည်။
ကြည့်ရသည်မှာ ရှုလင်ကျားတစ်ယောက်ချင်းချိုးဆီအပြေးအလွှားသွားရင်းအလုပ်များနေသဖြင့် လမ်းပေါ်တွင်အကြီးစားသတင်းကို ပြီးပြည့်စုံစွာလွဲသွားခဲ့သည်။
------ချင်းချိုး၏တောင်ဘက်ချီရှန်၏လျို့ဝှက်နယ်မြေပွင့်လာခဲ့သည်။
ဤလျို့ဝှက်နယ်ပယ်ကား အရင်လူချန်ရစ်ထားခဲ့သည့်ဂူအိမ်မဟုတ်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်လာသည့်လျို့ဝှက်နယ်မြေဖြစ်သည်။ ဂူတွင်းရှိပတ်ဝန်းကျင်ကထူးခြားဆန်းကျယ်ပြီး သားရဲတိရစ္ဆာန်များရှိပေမဲ့ ရှားပါးသောဆေးဖက်ဝင်ပစ္စည်းများနှင့် ကောင်းကင်နှင့်မြေကြီး၏စိတ်ဝိညာဥ်ရတနာများစွာပေါက်ဖွားလျက်ရှိသည်။
နောက်ဆုံးတစ်ကြိမ်လျို့ဝှက်နယ်မြေမတော်တဆပွင့်လာခဲ့သည်မှာ လွန်ခဲ့သောနှစ်၇ရာခန့်ကဖြစ်၏။ ထိုအချိန်တုန်းက မြေခွေးဖြူမျိုးနွယ်စုခေါင်မင်ချီဟာ ထိုနေရာတွင်ရှိနေသေးသဖြင့် သူကမျိုးနွယ်စုကိုဦးဆောင်၍ ရတနာပေါင်းများစွာကိုရှာဖွေစုဆောင်းခဲ့သည်။
ယခုတွင် မင်ချီကားလွန်ခဲ့သောနှစ်ပေါင်းများစွာကဖြစ်ရပ်ကြောင့် မေ့မျောနေရာမှမနိုးထလာသေးပေ။ မြေခွေးမျိုးနွယ်စုက မျိုးနွယ်စုခေါင်ပြန်လည်နိုးထလာဖို့ရန် ဆေးဖက်ဝင်ပစ္စည်းများကိုရှာဖွေနေခဲ့ကြသည်။ ယခုမူ ဆေးဖက်ဝင်အပင်သုံးမျိုးသာလိုတော့ခြင်းဖြစ်သည်။ မျက်မှောက်တွင် ၎င်းအပင်များမှာ ချီရှန်၏လျို့ဝှက်နယ်ပယ်ထဲတွင်သာရှိကြောင်းကို တစ်လောကလုံးသိထားကြသည်။
သို့သော် လျို့ဝှက်နယ်မြေက၎င်းဘာဘာ၎င်းမပွင့်လာခဲ့လျှင် တုပ၍ချိုးဖောက်ဝင်မှသာလျှင်ရပေလိမ့်မည်။ ချင်းချိုးက ကူညီရန်ဂိုဏ်းအချို့ကိုဖိတ်ခေါ်ခဲ့ပြီး ဆုလာဘ်အနေဖြင့် သူတို့ဟာလည်းလျို့ဝှက်နယ်ပယ်ထဲဝင်၍ ရတနာများကိုအတူတူအမဲလိုက်ခွင့်ရှိသည်။
ထို့ကြောင့် လက်ရှိချင်းချိုးကား အလွန်သက်ဝင်လှုပ်ရှားလျက်ရှိပြီး လင်ရှောင်းဂိုဏ်းအပါအဝင်၊လင်းဇူ၊ ကျင်းဟိုင်၊ ရှီလော့နှင့်အခြားဂိုဏ်းများမှလူတွေလည်း လာနေကြပြီဖြစ်သည်။
ချန်နဥ်ကဆိုသည်။
"လျို့ဝှက်နယ်ပယ်မပွင့်ခင်တုန်းက ချင်းချိုးရဲ့စည်းမျဥ်းတွေအရဆိုရင် ဘိုးဘေးတွေကိုပူဇော်ဖို့ မြေခွေးမျိုးနွယ်စုတစ်စုလုံးကိုဦးဆောင်မဲ့ မျိုးနွယ်စုခေါင်၊ ဒါမှမဟုတ် မျိုးနွယ်စုခေါင်ရဲ့သွေးသားဖြစ်ရမယ်။"
ရှုလင်ကျားသည် နှစ်ပေါင်းများစွာမေ့မျောနေခဲ့သော မြေခွေးမျိုးနွယ်စုခေါင်ကိုတစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူ့အကြောင်းချန်နဥ်ပြောသည်ကိုတစ်ခါမျှမကြားဖူးပေ။ ထို့ကြောင့်သူမေးလိုက်မိသည်။
"မင်းရဲ့မျိုးနွယ်စုခေါင်မှာ သွေးသားရှိသေးလို့လား။"
"ငါ့အဒေါ်မှာသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့ပြောလို့ရတယ်။ ငါ့ဝမ်းကွဲကမွေးသာမွေးလာတာ။ ငါအဲ့ဒီမှာရှိတုန်းက သူ့ကိုတစ်ခါ၊ နှစ်ခါလောက်ပဲမြင်ဖူးတယ်။ ဒါပေမဲ့ ဓားပြတိုက်တဲ့ဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်မှာ ကိစ္စတွေအများကြီးဖြစ်သွားပြီးတော့ ကလေးလည်းပျောက်သွားခဲ့တာပဲ။"
ချန်နဥ်ကခေါင်းခါသည်။
"ဒါကြောင့်မို့ သူနဲ့တူတဲ့မြေခွေးကိုငါလိုက်ရှာနေခဲ့တာ။ သခင်လေးကအဝေးမှာစာသွားသင်ပြီး နှစ်အနည်းငယ်ကြာတိုင်းမှပြန်လာတယ်လို့ပြောထားရတယ်။ ဒါပေမဲ့ ကိစ္စကဒီလိုရုတ်တရက်ဖြစ်လာတော့ သူ့ကိုရှာမတွေ့တော့ဘူးလေ။ မင်းလာတာနဲ့အတော်ပဲ၊ ငါစဥ်းစားကြည့်ပြီးပြီ၊ မင်းဟန်ဆောင်ပေးမှာလား။"
ရှုလင်ကျားကူကယ်ရာမဲ့စွာရယ်မောလိုက်မိသည်။
"မင်းမှာလူတွေအများကြီးရှိတဲ့ဟာကို ဘာလို့ငါ့ကိုမှလဲ။"
"မင်းရဲ့အရွယ်အစားကကွက်တိပဲလေ။"
ချန်နဥ်ကဆိုသည်။
"ငါတို့သခင်လေးကသွေးနှောပဲ။ အဖေတော့မသိပေမဲ့ သွေးနှောမျိုးနွယ်မြေခွေးရဲ့မူလအသွင်က သိပ်မကြီးဘူးလေ။ သူကမင်းနဲ့တူတယ်။ ငါရှာနေတဲ့တစ်ယောက်က မြေခွေးနဲ့လူသားမျိုးစပ်ပဲ။"
Advertisement
- In Serial20 Chapters
My New Boss
Zara has always been headstrong and determined to do exactly what she wants. What happens when she meets a man just as determined to get what he wants, when what he wants is her?
8 81 - In Serial19 Chapters
BLOOD CURSE ACADEMIA
Blood is life and life is magic. At the age of six, Kizu was kidnapped and raised by a crone living deep in a tropical basin. Rescued ten years later, he returned to his negligent parents and former childhood life only to discover his older sister both disowned and missing. After his homecoming, his parents quickly signed him up for Wave Edge Academy. Three years behind every other student his age, he was placed as one of the worst students in the academy. To discover the answers about his blood sister, Kizu must climb the rankings. -New chapter every Thursday-
8 126 - In Serial15 Chapters
Children of One Piece
Oneshots of the characters from One Piece if they had children. I dont own One Piece(obviously)
8 183 - In Serial190 Chapters
The Unseen
In a draconian world, a young man comes of age.
8 188 - In Serial28 Chapters
Black Fortunes
Harry breaks the copy of Sirius' mirror in 7th year after the horrific end of the war. He is sent back to 1975 and takes up the mantle of Lord Peverell. He hopes to turn around the tragic Black family story. How? By getting newly widowed Lord Orion Black to fall in love with him. Disclaimer: I do not own Harry Potter. This fanfiction does not belong to me and can be found on AO3. It is written by Herald_of_Dreams.
8 134 - In Serial11 Chapters
Writer's Room: Nicole Knight
Welcome to your source for all the inside information about my characters, books, and everything that it takes to make their stories come to life! Ever have questions about how characters were created or why they make certain choices? Wonder about the writing process and what goes into a story? You'll find all of that plus more in this blog-style journal!
8 163

