《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၀.၁] တင်းခဲ့ရင်းလီ|တင္းခဲ့ရင္းလီ
Advertisement
........................................................................
ရှုလင်ကျားကိုယ်တိုင်ပင်သူဘာကိုရိုက်လိုက်မိမှန်းမသိပေမဲ့ တိုက်ခိုက်မှုအသံကအရမ်းကိုကျယ်လောင်လွန်းသည်ဟုခံစားမိ၍ သူ့ခန္ဓာကိုယ်ပေါ့ပါးသွားသော် သူ့မျက်လုံးတောက်ပသွားရသည်။
သူရုတ်ခြည်းတောင့်တင်းသွားရကာ သူလက်တွေ့ကိုပြန်ရောက်လာကြောင်းသိလိုက်ရပေသည်။
ကျင့်ကြံကြသောလူများတွင်အမြဲတစေပင် "ရုတ်တရက်ဉာဏ်အလင်းပွင့်ခြင်း"ဟူသောဆိုရိုးစကားရှိသည်။
အချိန်တဒဂ်လေးအတွင်း၌ ရှုလင်ကျား၏အတွေးတို့မှာတက်လိုက်ကျလိုက်နှင့် သူ၏ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှုများမှာဆန်တက်လာပေသည်။ သိသာစွာပင်၊ သူဟာငယ်စဥ်ကတည်းကလေ့လာခဲ့သောဓားရေး၏တားမြစ်ချက်ကိုချိုးဖောက်လိုက်သည်ပင်၊ ၎င်းကဒုက္ခရောက်ဖို့ရန်အလွယ်ကူဆုံးနည်းလမ်းပင်။
သို့သော် ဤအခိုက်သူနိုးလာသော် သူ့နယ်ပယ်ကားတိုးတက်လာပြီး ပွင့်လင်းကြင်နာကာ အထိန်းအကွတ်မဲ့ပျော်ရွှင်သောခံစားချက်တို့ပင်ရှိလာသည်ကို သူတကယ်ကြီးတွေ့လိုက်ရသည်။
သူ့ကျောပြင်တလျှောက်ချွေးအေးများစီးကျလျက်ရှိကာ ကျောပြင်ရှိဝတ်ရုံတစ်ခုလုံးရွှဲရွှဲစိုနေသည်ကိုသူခံစား၍ရသည်။ သူ့ဘယ်လက်ထဲတွင်ကိုင်ထားသောကျောက်စိမ်းပြားမှာ အရိုးထိတိုင်အေးစိမ့်လုမတတ်ပင်။
ပတ်ပတ်လည်တွင်ဆူညံသံများစွာရှိနေပြီး လူအများစုမှာအာမေဋိတ်သံများလုပ်လျက်ရှိပေမဲ့ ဘာဖြစ်သွားမှန်းသူတို့မသိကြပေ။ ရှုလင်ကျားကြည့်နေရင်းဖြင့် သူ၏ဇာတ်ကောင်အဆင့်ဘားတန်းမှာရုတ်ခြည်းအရှေ့တိုးသွားပေသည်။
ဤနည်းဖြင့် သူသည် "ဖြတ်လျှောက်"ဇာတ်ကောင်အဆင့်နှင့်နီးကပ်လာချေ၏။
ရှုလင်ကျားမရေမရာဖြစ်သွားကာ မတ်တပ်ထရပ်၍ ဘာဖြစ်သွားလဲကြည့်ချင်နေမိသည်။
နှစ်ဖက်ကြားမှယှဥ်ပြိုင်မှုကား အရမ်းကိုပြင်းထန်လှပေသည်။
ကျန်းရွေ့လှုပ်ရှားမှုတစ်ကွက်လွဲချော်သွားရသဖြင့် သူအရမ်းရှက်နေမိပြီးဖြစ်သည်။ ရှုလင်ကျားကလက်ဖဝါးမြှောက်၍ ပြဿနာကိုဖြေရှင်းလိုက်သည်။ ထိုအခိုက်တုန်းက သူ့မျက်နှာမှာအကျည်းတန်လုမတတ်ပင်။
ဤသခင်လေးကားတစ်နှစ်ပတ်လုံးတွင်ရက်အနည်းငယ်သာ ချင်းချိုးတွင်နေထိုင်ပေသည်။ မြေခွေးမျိုးနွယ်စုမှလူတို့ကသူ့ကိုကောင်းကောင်းမသိကြဘဲ သူ့ကိုသဘာဝအလျောက်ဂရုစိုက်မိကာ သူအန္တရာယ်ကင်းပြီးနေကောင်းကျန်းမာဖို့သာ မျှော်လင့်မိကြရုံပင်။ ယခုတွင် သူ့ကိုဤကဲ့သို့မြင်လိုက်ရရာ သူတို့ဂုဏ်ယူပြီး အံ့အားသင့်မိကြသည်။
ဒါကမြေခွေးမျိုးနွယ်စုတစ်စုလုံးအတွက်ကောင်းသောအရာဖြစ်ကာ အကယ်၍ မျိုးနွယ်စုခေါင်သာနိုးလာနိုင်ပြီး သခင်လေးကိုမြင်လျှင် သူမသေချာပေါက်ကိုအရမ်းပျော်ရွှင်သွားပေလိမ့်မည်။
အခြားသူတို့မှာပို၍ပင်လေးစားမိကြပြီး သူတို့တွင်သံသယစိုးစဥ်းမျှရှိမနေကြတော့။ ရှုလင်ကျားထရပ်လာသော် သူတို့အားလုံးသူ့ကိုကျေးဇူးတင်ရန်(သို့)ချီးကျူးရန် သူ့ဆီသွားလိုက်ကြသည်။
သဘာဝကျစွာပင်၊ ကျန်းရွေ့ကိုလှောင်ပြောသောဆွေးနွေးမှုနှင့်တီးတိုးပြောသံများစွာလည်းရှိပေ၏။
သူသာမတိုင်ခင်တုန်းကအနည်းငယ်ပို၍ခပ်လျိုလျိုနေပြီး နိမ့်ကျစွာပြောဆိုခဲ့ရင်တောင်မှ ဤအခိုက်တွင်အရမ်းကိုမျက်နှာပျက်ရလိမ့်မည်မဟုတ်။ သူသည်အချိန်အတော်ကြာကြွားဝါပြောဆိုနေခဲ့ပေမဲ့ သူဟာအရမ်းကိုအရုပ်ဆိုးလှသည်။ ရက်အနည်းငယ်အတွင်းမှာကျန်းရွေ့တစ်ယောက် လင်ရှောင်းချီဇုန်၏ဒဏ္ဍာရီတစ်ခုဖြစ်လာမှာစိုးသည်။ ဝေဖန်မှုများသောလောကကြီး၏ရယ်စဖွယ်ကောင်းသည့်ပြယုဂ်တစ်ခုပေါ့။
အဆုံး၌ သူတို့ဟာတူညီသောမိသားစုမှလာခဲ့ခြင်းဖြစ်သည်ပင်။ လက်ရှိလင်ရှောင်းဂိုဏ်းများမှာမျက်နှာပူမိကြသည်။ သူတို့စကားတစ်ခွန်းပင်မပြောချင်ပေ။
ရှုလင်ကျားထိုနေရာတွင်ရှိနေသော် သူ့ကိုယ်ပေါ်ကရောင်ဝါမှာသူ့ထက်ပိုကြီးသည်ကိုတွေးမိရင်းဖြင့် သူအရမ်းကိုမကျေနပ်ဖြစ်မိသည်။ ယင်းကတကယ့်ကိုနေရာသေးသေးလေးမှထွက်ပေါ်လာပြီး အရမ်းကိုအပေါ်ယံဆန်လွန်းလှသည်။
အပြင်လူတို့၏အထင်သေး၊ လှောင်ပြောင်မှုများနှင့် သူ့ဂိုဏ်းမှဂိုဏ်းသားများ၏စိတ်ပျက်မှုတို့မှာ ကျန်းရွေ့ကိုစိတ်ပျက်ဒေါသထွက်စေပေမဲ့ ၎င်းကသူအစိုးရိမ်ဆုံးအရာမဟုတ်ပေ။
ဒါကဒုတိယအကြိမ်ဖြစ်သည်။
ဤစွမ်းအားဆုံးရှုံးမှုကိုသူခံစားလိုက်ရသည့်ပထမဆုံးအကြိမ်ကား ရှုလင်ကျားကသွမ့်ဟောင်ရန်ကိုဖမ်းမိသွားသည်ဟု သူကြားလိုက်ရသောပထမဆုံးအကြိမ်ဖြစ်သည်ကို ကျန်းရွေ့မှတ်မိနေဆဲပင်။
ထိုအချိန်တုန်းက သူ့နှလုံးသားထဲတွင်ထူးဆန်းမှုတစ်ခုကိုခံစားမိလိုက်ပေမဲ့ ထိုခံစားချက်ကပျောက်ကွယ်သွားသဖြင့် သူသိပ်ပြီးဂရုမထားခဲ့ပေ။
သို့သော် ဤတစ်ကြိမ်တွင် ဤစွမ်းအားဆုံးရှုံးသောခံစားချက်ကား အရင်တစ်ခါကထက်ပို၍သိသာလာပေသည်။ ဆုံးရှုံးမှုကအရမ်းနည်းပေမဲ့ ဤမူမမှန်သောခံစားချက်နှင့်ပတ်သတ်၍ ကျန်းရွေ့စိုးရိမ်မိသည်။
ဘာကြောင့်အဲ့လိုဖြစ်တာလဲ။
တစ်ကြိမ်၊နှစ်ကြိမ်ကလုံလောက်ပေမဲ့ အကယ်၍ ဤဖြစ်စဥ်မှာအနာဂတ်တွင်မကြာမကြာဖြစ်လာခဲ့ရင် အရာအားလုံးပြီးဆုံးသွားပေလိမ့်မည်။
အဆုံးတွင်...ဤစွမ်းအားကား အစကတည်းကသူပိုင်ဆိုင်တာဟုတ်မနေခဲ့။
ကျန်းရွေ့သူ့လက်ကိုတိတ်တဆိတ်မြှောက်၍ သူ့လက်ကောက်ဝတ်ပေါ်တွင်ပတ်ထားသော မီးကျောက်အမျှင်ကိုကိုင်ကြည့်လိုက်သည်။
သူ့တွင်ဘယ်သူ့ကိုမျှလုံးဝမပြောပြခဲ့ဖူးသောလျို့ဝှက်တစ်ခုရှိသည်၊ တကယ်တော့ သူကားအချိန်ကူးပြောင်းလာသူပင်။
သို့ပေမဲ့ ဒါကပို၍ပင်ကံဆိုးလောက်သည်၊ အခြားသူများတွင်အရေးပါသောဂုဏ်ဒြပ်(သို့) ထူးချွန်ပြောင်မြောက်သောစွမ်းရည်များရှိကြ၏။ သူသည်ကျန်းရွေ့ဖြစ်လာသော် သူကားဆင်းရဲသောကျေးလက်တောသားလေးတစ်ယောက်ဖြစ်လာသည်။ သူ့ကိုယ်တိုင်၌ဘာထူးခြားမှုမှမရှိသဖြင့် သူ့ဘာသာသူလုပ်ယူရတော့သည်။
ထို့နောက် ဤပစ္စည်းမှာသူ့မိထွေးဆူပူဆဲဆိုခံရပြီး သစ်ခုတ်ရန် အိမ်ထဲမှကန်ထုတ်ခံလိုက်ရပြီး တောင်အနောက်ဖက်ရှိသစ်ပင်အိုကြီး၏အောက်တွင် သူဒါကိုကောက်ရခဲ့သည်။
သူသည်ဤကဲ့သို့ပစ္စည်းမျိုးကိုကောက်ရခဲ့ပြီး အေးစက်စက်ကျောက်တုံးမျက်နှာပြင်ကို သူ့လက်ချောင်းထိပ်များဖြင့်ထိကြည့်ကာ သူ့စိတ်ထဲတွင်အဆုံးမဲ့အသံတစ်သံထွက်ပေါ်လာပြီး ဤလောကကြီး၏ဗဟိုချက်တစ်ခုဖြစ်လာချင်လားဟု သူ့ကိုမေးလာခဲ့၏၊ ထိုမှသာ လူတိုင်းကသူ့ကိုချစ်မြတ်နိုးပြီး ယုံကြည်ကိုးကွယ်လိမ့်မည်ဖြစ်ကာ သူ့ထံလက်နက်ချအညံ့ခံလာပေလိမ့်မည်။
ထိုအချိန်တုန်းကကျန်းရွေ့ကြောင်အမ်းသွားမိပြီး သူမဖြေရသေးမီ သူ့ရှေ့တွင်သားရဲတစ်ကောင်၏ဟိန်းဟောက်သံကို သူကြားလိုက်ရပြီး ဝက်ဝံနက်တစ်ကောင်ကတောအုပ်ထဲမှခုန်ထွက်လာကာ သူ့ထံတဟုန်ထိုးပြေးလာခဲ့သည်။
သူထိတ်လန့်သွားမိပြီး သူ့စိတ်ဗလာနတ္ထိဖြစ်သွားရပေမဲ့ သူ့လက်ထဲတွင်မီးကျောက်ကြိုးမျှင်ကိုကိုင်ထားဖို့မှတ်မိနေဆဲဖြစ်ကာ ထို့နောက်တွင်သူဟာဝက်ဝံနက်၏မြေပြင်ပေါ်လှဲချခြင်းခံလိုက်ရသည်။
သေခြင်းနှင့်ရှင်ခြင်းအကြားတွင် ကောင်းကင်ပေါ်မှဓားတစ်လက်ထွက်ပေါ်လာပြီး ဝက်ဝံနက်၏နှလုံးကိုချက်ချင်းဆိုသလိုထိုးဖောက်သွားသည်။
ကျန်းရွေ့ထိတ်လန့်တကြားခေါင်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင်ပေါ်လာသောဝတ်ရုံဖြူနှင့်လူရွယ်တစ်ယောက်ကိုမြင်လိုက်ရပြီး ထိုသူကဓားကိုကိုင်ထားရင်းဓားသွားပေါ်ကသွေးကိုခါချလိုက်ကာ ထို့နောက်တွင်ဓားကိုပြန်ရုတ်၍ဓားအိမ်ထဲပြန်သွင်းလိုက်ပြီး အေးစက်ကာချောမောသောသွင်ပြင်နှင့် မသေမျိုးစွမ်းအင်အပြည့်နှင့်ပင်။
သူ့ဘဝတွင်ဤကဲ့သို့မျက်နှာမျိုးနှင့်လူမျိုးကိုတစ်ခါမျှမမြင်ဖူးခဲ့သဖြင့် သူတစ်အောင့်ကြာမိန်းမောနေမိပေမဲ့ တစ်ဖက်လူကလှည့်ထွက်သွားလေပြီ။
"ကျွန်တော်ထင်တာက..."
သူ့လက်ထဲရှိမီးတောင်ကြိုးမျှင်ကို ကျန်းရွေ့ဆုပ်ကိုင်ကာ လွှတ်ခနဲပြောလိုက်သည်။
"ကျွန်တော်သူ့လိုဖြစ်ချင်တယ်။"
နောက်ကျတော့ သူ့ဆုတောင်းကအမှန်ဖြစ်လာသည်။
ရှုလင်ကျားတွင်ရှိသည့်အရာရာတိုင်းမှာ သူ့ထံဖြည်းဖြည်းချင်းလွှဲပြောင်းခံလိုက်ရပြီး သူ့မှာအမြဲတမ်းရှိနေလိမ့်မည်ဟုကျန်းရွေ့ထင်ခဲ့မိသည်။
ဒါပေမဲ့ အခုဘာဖြစ်သွားတာလဲ။ လုယူထားတဲ့အရာတွေကပြန်ယူသွားခံရတော့မှာလား?!
ဒီမြေခွေးမျိုးနွယ်စုရဲ့သခင်လေးကတကယ်တော့ရှုလင်ကျားဖြစ်နေတာလား။ သူပြန်ကောင်းလာတာများ...ဖြစ်နေမလား။
သူပြန်ကောင်းလာသရွေ့ သူဟာလည်းသူ၏နဂိုပုံစံသို့ပြန်ပို့ခံလိုက်ရလိမ့်မည်ပင်!
ကျန်းရွေ့သူ့လက်ကောက်ဝတ်ပေါ်က အရောင်စုံမီးကျောက်ကြိုးမျှင်ကိုထပ်ကြည့်လိုက်ရာ အစိမ်းရောင်တစ်ခုပေါ်တွင်မှေးမှိန်သောအစက်သေးသေးလေးကိုမြင်လိုက်ရပြီး ထိတ်လန့်သွားမိသည်။
ခန့်မှန်းချေကားအနည်းငယ်အတည်ပြုလိုက်ပုံရသည်။ သူအေးစက်သွားရကာ အံကြိတ်၍ ခေါင်းကိုဘေးသို့တိတ်တဆိတ်လှည့်ကာ ရှုလင်ကျား၏တည်နေရာကိုတိတ်တဆိတ်ရှာဖွေလိုက်သည်။
ရှုလင်ကျားလည်းအစကတောင့်တင်းသွားမိပြီး ယခုလေးတင်လှည့်ကွက်သုံးနေသောတစ်ယောက်ယောက်ကို မတော်တဆရိုက်လိုက်မိသည်ဟုထင်လိုက်ပေမဲ့ တစ်စုံတစ်ယောက်၏ကျေးဇူးတင်ခြင်းများကိုမကြားလိုက်ရခင်အထိ ထိုဓားကျိုးများကိုသူ့စိတ်ဝိညာဥ်စွမ်းအင်ဖြင့်ဖျက်ဆီးပစ်လိုက်မိကြောင်း သဘောမပေါက်ခဲ့ပေ။ ပြီးတော့ နာကျည်းမှုဖြင့်ဖြစ်တည်လာသောအရံအတားကိုရောပေါ့။
ဤအတွေးများနှင့်ဓားကျိုးအစုအဝေးတို့မှာ တကယ့်ကိုနည်းလမ်းတချို့ရှိပြီး မတော်တဆတွေ့ဆုံသွားခဲ့ကြသည်။
အကယ်၍ ၎င်းသာရှုလင်ကျားအောင်မြင်ကျော်ကြားချိန်တုန်းကဆိုရင် ဤဂိုဏ်း၏အခြေတည်ဆောက်ပုံမှာတည်ခင်းပြီးသားဖြစ်ကာ ဓားရေးလေ့ကျင့်သောအခါတွင် စိတ်မပါသောအတွေးများလုံးဝရှိလိမ့်မည်မဟုတ်။ ဒီကနေ့တွင် ဤလုံးဝဆန့်ကျင်ဖက်ဖြစ်သောဓားရေးကို သူသိရှိသွားခဲ့ပြီး သူ့ကိုယ်တိုင်နှင့်ဆန့်ကျင်ဖက်ဖြစ်နေကာ ပြင်းထန်သောဒဏ်ရာမှသွေးအန်ခြင်းဟာလည်း အကုန်လုံးပေါ့ပါးသွားပေသည်။
သို့သော် ရှုလင်ကျား၏စိတ်ဝိညာဥ်သွေးကြောများမှာအခြေခံအားဖြင့် ပျက်ဆီးသွားပြီဖြစ်ပေမဲ့ ပျက်စီးသွားပြီးနောက်တွင် ၎င်းတို့ဟာပြန်လည်ဖြစ်ပေါ်လာပေသည်။ ဆန့်ကျင်ဖက်အားဖြင့် ခြေဗလာဖြင့်လူတို့ဟာ ဖိနပ်စီးရမည်ကိုမကြောက်ပေ။
သူသည်လူအုပ်နှင့်အတူဂူထဲမှလမ်းလျှောက်ထွက်လာခဲ့ကာ ဤကိစ္စကိုသူ့စိတ်ထဲတွင်တွေးနေမိဆဲပင်။
စနစ်၏အသိပေးချက်များရှိသော်လည်း ဤကျောက်စိမ်းပြား၏ဇစ်မြစ်ကို သူသံသယဖြစ်မိနေသေးသည်။
ဒီဟာကဘာလို့ဝေမုန့်ဓားအိမ်ထဲမှာရှိနေရတာလဲ။ ဒါကသွမ့်ဟောင်ရန်နဲ့တစ်ခုခုများပတ်သတ်နေတာလား။
ရှုလင်ကျားကူကယ်ရာမဲ့စွာဖြင့် သွမ့်ဟောင်ရန်၏သေဆုံးမှုအကြောင်းသူကြားလိုက်ရသည်ကို တွေးနေမိသည်။
သူစိတ်ထဲတွင်တွေးနေရင်းဖြင့် လူကလမ်းလျှောက်နှေးလာပြီး အဖွဲ့၏နောက်တွင်တဖြည်းဖြည်းချင်းကျန်ရစ်နေခဲ့ရင်းဖြင့် သူ့ရင်ဘတ်ကိုတိတ်တဆိတ်ဖိထားမိလိုက်သည်။
သူ့ကိုယ်ပိုင်ဒဏ်ရာကိုရှုလင်ကျားသိထားသည်။ သူသည်နာကျင်မှုကိုမကြောက်သော်လည်း သူ့ကိုယ်သူမြေခွေးအသွင်ဖြစ်လာရာမှကာကွယ်ရန်အလို့ငှာ များသောအားဖြင့် လှုပ်ရှားမှုတိုက်ကွက်များကိုပြုလုပ်ပြီး အားအနည်းငယ်ချွေတာလေ့ရှိသဖြင့် သူ့ဒဏ်ရာကိုသက်ရောက်ခြင်းမရှိပေ။
ရလဒ်အနေဖြင့် ယခုလေးတင်ပင်၊ ထိုတိုက်ကွက်ကပြင်းထန်သွားပြီး အသုံးမဝင်သောကျော်ကြားမှုကိုရလာခဲ့ပေမဲ့ အသုံးဝင်သောစိတ်ဝိညာဥ်စွမ်းအားမှာကုန်ဆုံးသွားခဲ့ပြီ။
သူထပ်ပြီးမြေခွေးဖြစ်လာတော့မည်ပင်။
သို့ပေမဲ့ ဤတစ်ကြိမ်၌ ရှုလင်ကျားတည်ငြိမ်နေပေသည်-- အဘယ်ကြောင့်ဆိုသော် ဒါကသူ့မျက်နှာဟုတ်မနေပေ။
ဤနည်းဖြင့်သူဟာချစ်ဖို့ကောင်းသည်ဟုချီးကျူးခံရရင်တောင်မှ သူကား ချင်းချိုး၏ပျောက်ဆုံးသွားသော မြေခွေးမျိုးနွယ်စုသခင်လေးဖြစ်နေပေရာ ဤသို့အပြောခံရတာကကိစ္စမရှိပေ။
မြေခွေးအသွင်ပြောင်းလဲပြီး ကြီးမားသောတပ်ဖွဲ့ကြီးနှင့်အတူအပြင်ထွက်ရင်ကောင်းမလား၊ (သို့) သူပြန်ကောင်းလာသည်အထိစောင့်ပြီးမှထွက်ရင်ကောင်းမလားဟု သူတွေးမိရုံသာရှိသေးသည်။
ဤတစ်ကြိမ်တွင် စနစ်ကရုတ်တရက်စကားတစ်ခွန်းပြောလာသည်။
ရှုလင်ကျားချောမွေ့စွာဖြေလိုက်သည်။
"ဘာများလဲ။"
သူ့စကားအနောက်မှလိုက်၍ ပတ်ဝန်းကျင်တစ်ဝိုက်မှာပေါက်ကွဲသွားတော့သည်။
ရှုလင်ကျား: "..."
ကျယ်လောင်သောဆူညံသံကားနားကန်းလောက်အောင်ပင်၊ မီးခိုးနှင့်ဖုန်မှုန့်များမှာလေထုထဲတွင်ပြည့်နှက်လျက်ရှိသည်။
ရှုလင်ကျား၏လက်များမှာဖျတ်လတ်သကဲ့သို့ မျက်လုံးတစ်စုံမှာလည်းလျင်မြန်သည်။ ဓားရှည်ကားဓားအိမ်ထဲမှဆွဲထုတ်ခံလိုက်ရပြီး အလွန်အမင်းခွန်အားပြည့်ဝကာစူးရှခက်ထန်စွာဖြင့် ခေါင်းပေါ်ကျလာသောကျောက်တုံးကြီးကို ချက်ချင်းဆိုသလိုအစိတ်စိတ်အမွှာမွှာချေမွပစ်လိုက်သည်။
သို့ပေမဲ့ ဤလုပ်ရပ်ဟာလည်းသူ၏နောက်ဆုံးသောစိတ်ဝိညာဥ်စွမ်းအားကို လုံးဝကုန်ခမ်းသွားစေကာ သူ့အား မြေခွေးအသွင်သို့ချက်ချင်းဆိုသလိုပြောင်းလဲသွားစေသည်။
ဤတစ်ကြိမ်၌မူ ခန္ဓာကိုယ်သေးငယ်သွားတာက အခွင့်အရေးယူ၍ရသည့်အရာတစ်ခုဖြစ်လာသည်။ ခေါင်းထိပ်ပေါ်ရှိကျောက်တုံးများမှာအောက်ကျလာပြီး သက်ရှိလူကိုမြေမြှုပ်လုနီးပါးပင်၊ သို့ပေမဲ့ ရှုလင်ကျားကတော့နေရာအဟလေးရှိရင်ရှောင်တိမ်း၍ရပေသည်။
သူသည်သူ၏လက်ဖဝါးများဖြင့်ကျောက်တုံးကျောက်ပဲ့များကို ကျွမ်းကျင်သွက်လက်စွာဖယ်ထုတ်ပြီး ကျောက်တုံးကြီးတစ်တုံး၏အောက်တွင်သာမန်ကာလျှံကာဖြင့် ဆတ်ခနဲငုံ့ပုန်းလိုက်၏။ ပတ်ဝန်းကျင်တစ်ခွင်တိတ်ဆိတ်ငြိမ်သက်သွားသော် သူထွက်လာပြီး အမွှေးများကိုခါလိုက်သည်။ အခြားအပေါင်းအဖော်များမှာပျောက်သွားတာကြာပြီဖြစ်သည်။
ရှုလင်ကျား: "..."
မင်းတို့အဲ့လိုလုပ်ဖို့မလိုပါဘူး။
သူ့ရှေ့ရှိမီးခိုးအပြည့်နှင့်လေထုကိုကြည့်လိုက်ကာ သူ့မျက်ခုံးပင့်လို့မရသဖြင့် သူ့အမြှီးကိုသာခါရမ်းလိုက်မိကာ သူ့ကိုအရမ်းခန့်ညားသွားစေသည်။
"စနစ်၊ ဟုတ်ပြီကွ။"
စနစ်ကအလွန်တည်ငြိမ်လျက်ရှိသည်။
ရှုလင်ကျားသည်ကျောက်စရစ်ခဲအပုံကိုကျွမ်းကျင်စွာခုန်ကျော်လိုက်ကာ အရှေ့ကလမ်းကိုကြည့်လိုက်၏။
"အိုး?"
စနစ်ကဇာတ်ကြောင်းအသစ်ထုတ်ပြန်လာသည်:
ရှုလင်ကျားဒါကိုဖတ်ကြည့်လိုက်ပြီးနောက် တစ်ခုခုမှားနေသည်ဟု သူခံစားမိဆဲပင်-- ဒီတစ်ကြိမ်ဇာတ်ကြောင်းကသူ့ကိုသတ်ဖို့မရည်ရွယ်ခဲ့ပေ။
"မထိခိုက်ဘဲပြန်ထွက်လာနိုင်လိမ့်မည်မဟုတ်"ဟူသောစကားလုံးကား အမြှောက်စာဇာတ်ကောင်အနေဖြင့် သူ့အပေါ်အရမ်းကိုညင်သာသည့်ပုံပင်။
သူမေးလိုက်သည်။
"မပြောင်းရသေးတဲ့နဂိုဇာတ်ကြောင်းကရော၊ ဘယ်လိုမျိုးလဲ။"
စနစ်၏အသံကားပျော်ရွှင်မှုကိုပြသလျက်ရှိသည်။
ကြည့်ရတာတော့ဇာတ်ကြောင်းပြောင်းလဲမှုဖြစ်သွားပုံပင်!
"ဗီလိန်နှင့်ထိပ်တိုက်ရင်ဆိုင်ပြီး ဗီလိန်၏ထုရိုက်မှုအောက်တွင် စွမ်းရည်ကိုနှိုးဆွကာ အဆင့်မြှင့်တင်ရမည်" - ဤကားအဓိကဇာတ်ဆောင်ပိုင်ဆိုင်သောပုံမှန်ဇာတ်ကြောင်းပင်။
သို့သော် ကျန်းရွေ့ကိုယ်တိုင်ကရှုလင်ကျားကိုအရမ်းကြောက်ပြီး အရင်ဆုံးလမ်းလွဲသွားလေရာ သူရသင့်သောအခွင့်အရေးကိုရှုလင်ကျားထံလွှဲပေးလိုက်သည်ပင်။
ပြောရရင် ဤအခိုက်အတန့်မှစ၍ ရှုလင်ကျားသည်အဓိကဇာတ်ဆောင်ပိုင်ဆိုင်သောဇာတ်ကြောင်းကို နှစ်ခြိုက်နိုင်ပြီဖြစ်၏။
ရှုလင်ကျားကအရမ်းကိုသတိရှိလွန်းလှသဖြင့် မူရင်းဇာတ်ကြောင်းကိုဂရုတစိုက်ထပ်ဖတ်ကြည့်လိုက်သည်။ တစ်အောင့်ကြာတွေးပြီးနောက် သူရုတ်တရက်ပြောလိုက်သည်။
"မဟုတ်ဘူး၊ ဒီဇာတ်ကြောင်းကမပြီးသေးဘူး။"
စနစ်:
"ကျန်းရွေ့ကငါ့ကိုဘာကြောင့်ရုတ်တရက်သတ်ခဲ့တာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"သူကငါဘယ်သူမှန်းသိတောင်မသိဘဲ ငါကသူ့ကိုပြဿနာဖြစ်စေလိမ့်မယ်လို့သူတွေးမိခဲ့တာ။ ငါစွန့်စားလိုက်ရင် သူငါ့ကိုသတ်ပစ်လိမ့်မယ်။ ဒီလိုလုပ်ရပ်မျိုးကအရမ်းကိုရက်စက်ပြီးညှာတာမှုကင်းမဲ့တယ်။ ဒါကသူလုပ်နိုင်တာတစ်ခုခုဖြစ်ပုံမပေါ်ဘူး။"
သူခြေနှစ်လှမ်းတိုးလိုက်သည်။
"ကျန်းရွေ့မှာငါ့ကိုသတ်ရတဲ့တခြားအကြောင်းရင်းရှိကိုရှိရမယ်။"
စနစ်ကသတိထား၍မေးလာသည်။
ရှုလင်ကျားပြောလိုက်သည်။
"မင်းအရင်ကပြောခဲ့တယ်လေ၊ ကျန်းရွေ့ကရုတ်တရက်ပေါ်လာပြီး အဓိကဇာတ်ဆောင်ကဏ္ဍကိုလုယူပိုင်ဆိုင်သွားတာ၊ ဒါကြောင့်မို့ သူကဒီနေ့လိုပါရမီစွမ်းရည်ရှိနေတာပဲ။ သူဒီအကြောင်းသိ၊မသိကို ငါမသေချာပေမဲ့ အခုကြည့်ရတာတော့ သူက ခိုးယူထားတဲ့အရာတွေကိုသာ နေ့စဥ်ရက်ဆက်ပူပန်နေရပြီး ပိုင်ရှင်ပြန်လာယူမှာစိုးတဲ့အကြောက်တရားနဲ့နေနေရပုံပဲ။"
စနစ်ကကူကယ်ရာမဲ့စွာဖြင့်နှုတ်ဆိတ်နေမိကာ Host၏လျင်မြန်ဖျတ်လတ်မှုကား၎င်းထင်ထားတာထက် ပို၍သာလွန်နေပေသည်။ ရှုလင်ကျားပြောလိုက်သည်။
"ဒီစွမ်းရည်ကသူမပိုင်ဆိုင်ဘူးဆိုတာကို သူ့စိတ်ထဲမှာကောင်းကောင်းကြီးသိနေမှာစိုးတယ်။ သူ့စွမ်းရည်ကတောင်...ငါ့ဆီကခိုးထားတာပဲလေ။"
သူသည်မြေကြီးပေါ်ကိုခပ်ဖွဖွပုတ်ကာ အမွှေးဖွာနေသောမျက်နှာဖြင့် လှောင်ပြုံးပြုံးလိုက်မိ၏။
စနစ်:
ရှုလင်ကျားတန့်သွားရကာ ဘာမှမဖြစ်ခဲ့သည့်အလား သူ့လက်ဖဝါးကိုပြန်ရုတ်လိုက်မိသည်။
"ငါအကောင်းပြောနေတာလေ၊ ငါကရယ်စရာကောင်းလို့လား။"
သူ့လေသံကားပေါ့ပါးနေပေမဲ့ သူ့ကိုယ်ပေါ်ရှိအမွှေးတို့နှင့်အမြှီးမှာပေါက်ကွဲလျက်ရှိသည်။
မူရင်းဇာတ်ကြောင်းထဲ၌ ကျန်းရွေ့တွေ့ခဲ့သောဗီလိန်ကား ကျင်းဖေးထုန်ပင်။
ပီလော့နန်းတော်ကချင်းချိုးမှဖိတ်ကြားလွှာကိုမရခဲ့ကြောင်း သူသိသည်။ ထို့ကြောင့် ကျင်းဖေးထုန်ကဒီလျို့ဝှက်နယ်မြေထဲမှဘယ်လိုလုပ်ပေါ်လာနိုင်ပါမည်နည်း။
စနစ်၏ယင်နှင့်ယန်ကြောင့် ရှုလင်ကျားမွန်းကြပ်လာပြီး သူဒေါသထွက်လာရကာ သူ့ကိုမမြင်ချင်ပေ။ သူသည်မျှတချောမွေ့သောကျောက်တုံးပေါ်ခုန်တက်ကာ သူ့ကိုယ်သူအမွှေးလုံးလေးအဖြစ်ခွေလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုအမြှီးနှင့်ကွယ်၍ ဒေါသတကြီးပြောမိ၏။
"မလုပ်ဘူး။"
နည်းနည်းပိုစားလိုက်ရင် ပိုကောင်းလာပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ချင်းချိုးတွင်မြေခွေးများစွာရှိလေရာ သူကဒီတစ်ကောင်ထက်မနိမ့်ကျပေ။
အရင်တစ်ကြိမ်တုန်းက သူသည်ပန်းရောင်ဖဲပြားကိုမတော်တဆကျကျန်ခဲ့သဖြင့် ၎င်းကိုပြန်တောင်းရန်ပြန်သွားခဲ့ရ၏။ ဒါဟာရှုလင်ကျားအတွက်ဘဝတစ်သက်တာအရှက်ရမှုဖြစ်ကာ သူထပ်မလုပ်ချင်တော့ပေ!
စနစ်ကဟူအောင့်ထျန်းအဖြစ်ကျင့်ကြံရန်နစ်မြှုပ်ထားခဲ့ပေမဲ့ ဤကဲ့သို့မပူးပေါင်းသောHostကိုမြင်ရခဲလှသည်။
လောကကြီးတွင် ချစ်စရာကောင်းတာကသူ့ကိုသတ်နေသလိုတွေးနေသောမြေခွေးတစ်ကောင် ဘာကြောင့်ရှိနေမှန်း စနစ်တကယ်နားမလည်နိုင်တော့ပေ။
သေချာတာပေါ့၊ မြေခွေးများမှာငယ်စဥ်ကတည်းကမြေခွေးတို့၏ပြုစုပျိုးထောင်ခြင်းသာခံရသင့်ပြီး လူသားများပျိုးထောင်တာခံခဲ့ရသောမြေခွေးများမှာ ဆိုးဝါးစွာလေ့လာသင်ယူခဲ့ရပေသည်။ သူတို့မှာအမွှေးတွေအများကြီးရှိနေသဖြင့် ချစ်ဖို့မကောင်းပေ။
အချိန်ကာလအတန်ကြာအတူရှိလာပြီးနောက်တွင် ရှုလင်ကျား၏စိတ်သဘောထားမှာနူးညံ့ပျော့ပြောင်းပြီး မာကျောမခက်ထန်ကြောင်း စနစ်လည်းသိထားပြီးဖြစ်ကာ ၎င်းမှာမယိမ်းယိုင်သောစိတ်ဓာတ်ဖြစ်ပေသည်။
စနစ်မှာရွေးချယ်စရာမရှိပါဘဲချော့မြှူလိုက်ရသည်:
မြေခွေးလေးမှာခေါင်းကိုအမြှီးထဲမြှုပ်ထားပြီး ၎င်းကိုလျစ်လျူရှုရန် မျက်လုံးမှိတ်လိုက်သည်။
စနစ်အသက်အောင့်လိုက်မိကာ စနစ်မျက်နှာပြင်၏ဒိုင်ယာလော့ခ်အခန်းကိုတိတ်တိတ်လေးဖွင့်၍ မျက်လုံးလှိမ့်သည့်မျက်နှာထားများစွာကို၎င်းထံ၎င်းပို့လိုက်သည်။
ဒေါသပုံချလိုက်အပြီးတွင် ဒိုင်ယာလော့ခ်အခန်းကိုပိတ်လိုက်ရင်း
ဘိုးဘေးလေးကိုခါးသက်စွာဆက်တောင်းဆိုရပြန်သည်:
နောက်ဆုံးစကားကအဆုံးတွင်သက်ရောက်မှုတချို့ရှိသွားပြီး မြေခွေးလေး၏နားရွက်တစ်စုံဟာ အမြှီးထဲရှိအမွှေးဖွာဖွာလေးများထဲမှထောင်လာပေသည်။
စနစ်ကဆက်လက်ကြိုးစားသည်:
ရှုလင်ကျားဆူပုတ်သွားရကာ နောက်ဆုံးတွင်ထရပ်၍ မြေကြီးပေါ်ခုန်ဆင်းပြီး အနည်းငယ်စိတ်ဆိုးစွာဖြင့်သူ့အမြှီးကိုမြေကြီးပေါ်ဝှေ့ရမ်းလိုက်မိသည်။
မင်းကိုယ်တိုင်ပြန်ကောင်းလာသည့်အပေါ်မှီခိုအားထားတာက တကယ့်ကိုအရမ်းနှေးကွေးသည်။
ဒါကပုံမှန်ပင်၊ ဤတစ်ကြိမ်တွင် မြေခွေးမျိုးနွယ်စုတစ်စုလုံး၏တန်ဖိုးထားခြင်းခံရသော သခင်လေးအဖြစ်ဟန်ဆောင်ရင်း သူတို့နှင့်အချိန်အတော်ကြာကွဲသွားခဲ့သည်။ အခြားသူများအစိုးရိမ်လွန်ပြီး တစ်ခုခုဖြစ်သွားမှာစိုးသည်။
မေ့လိုက်တော့၊ မင်းဒီအရာတွေကိုလုပ်ဖို့မလိုမှတော့ ဒီအတိုင်းတောင့်ခံလိုက်ရုံပေါ့။
ယောက်ျားရင့်မာကြီးကားကွေးနိုင်၊ဆန့်နိုင်၏!
ရှုလင်ကျားပင့်သက်ရှိုက်ကာ ချန်နျဥ်ထံစာပို့၍ ဖြစ်ပျက်သွားသည်ကိုအတိုချုံးရှင်းပြရင်း ကျန်းရွေ့နှင့်ပတ်သတ်၍ဂရုစိုက်ရန်နှင့် သူ့ကိုမစိုးရိမ်ရန်ပြောပြလိုက်ရင်း သူကစားရန်နောက်တစ်နေရာရှာရတော့သည်။
သတင်းရောက်ရှိသွားသော် ရှုလင်ကျားမှာဗီလိန်ကျင်းဖေးထုန်ထံချဥ်းကပ်သွားချေပြီ။
အစတုန်းက ချန်နျဥ်ဟာကျန်းရွေ့နှင့်တစ်ဖွဲ့တည်းရှိနေပေမဲ့ နောက်ကျတော့လမ်းပေါ်တွင်လမ်းခွဲတစ်ခုကိုတွေ့လိုက်ရသည်။
ဤတစ်ကြိမ်၌မူ၊ မြေခွေးမျိုးနွယ်စုခေါင်လိုအပ်သည့်ဆေးဖက်ဝင်အပင်၂ပင်ကိုရှာရန် ချန်နျဥ်နှင့်အခြားသူများလှုပ်ရှားရတော့သည်။
ကျန်းရွေ့နှင့်ရှုလင်ကျားပြန်ဆုံသွားပြီဖြစ်ကြောင်းကို သူမသိခဲ့ပေ။ သူသည်ဆေးပင်ကိုကိုင်ထားလျက် အရမ်းပျော်နေမိချိန်တွင် သိပ်မဝေးသောနေရာမှကျောက်တုံးပြိုကျ၊အက်ကွဲသံကို ကြားလိုက်ရသည်။
ချန်နျဥ်သည်တစ်စုံတစ်ယောက်နှင့်အတူ အခြေအနေကိုစစ်ဆေးရန်အလျင်စလိုသွားလိုက်ပြီး သူဘေးဖက်ကိုလျှောက်သွားလိုက်သော် မြေခွေးလူငယ်လေးတစ်ယောက်သူ့ထံထိတ်လန့်တကြားပြေးလာသည်ကိုမြင်လိုက်ရပြီး ၎င်း၏မျက်နှာမှာမီးခိုးများဖြင့်ပေကျံနေပေသည်။
သူ့နာမည်ကားဟယ့်လျန်ဖြစ်ကာ ရှုလင်ကျား၏အဖွဲ့ကဖြစ်သည်။ ချန်နျဥ်ဒါကိုမြင်လိုက်ရသော် သူမြန်မြန်မေးလိုက်မိသည်။
"ဘာဖြစ်တာလဲ။"
"အကြီးအကဲ၊ တစ်ခုခုဖြစ်သွားခဲ့တယ်!"
Advertisement
-
In Serial63 Chapters
FoxStone
Debut: the day every young gentleperson of age gathers to receive their Spirit Blessing and shift for the first time into their second form. Except for those who don't. Beatrice's worst fear is to be one of the unlucky few trapped perpetually in a human body, cut off from the magic of the spirits and unfit for any respectable pack or pride. But when the time comes to face her fear, the outcome is one she never could have imagined. Be warned, this story is some highly experimental fluff—an unapologetically girly, unrelentingly bisexual, Regency/Victorian-ish fantasy mish-mash. It does have a dark side, though, so don’t come in expecting all sunshine and roses. Worthy of note, given the reputation of shifter stories: there will be no explicit sex in this tale. There will, however, be lots of polyamorous romance, necromancy, portal magic, capricious spirits, elemental mages, an unconventional take on shifters and a highly ordered society built around their existence.
8 71 -
In Serial9 Chapters
Experia Online
Aiden "Tripper" James is a champion gamer in every genre but one: Full Dive MMO. With his friends Z and Rae, Tripper enters the immersive world of Experia Online, but things quickly go wrong when all of the players get trapped inside. Unable to log out and unable to die, Tripper and his friends must fight to free everyone from the game's rogue AI and make it back to the real world.
8 83 -
In Serial12 Chapters
Reborn as the Goddess – Who summoned a hero
Warning! Chaotic Comedy ahead. (Who needs a real plot anyway?) Maria has come across several near-death experiences for as long as she can remember. Whether it be from exploding electronics - almost being run over by a truck any time she goes near a street or avoiding muggers with knives. It almost seems the whole world is out to kill her.That is until a stranger with black wings in a cloak shows up and sends her soul out of her body. When Maria wakes she finds herself in a new body with beautiful white wings and robe.
8 130 -
In Serial30 Chapters
My Life in Ruins ; Poetry
Doesn't go in a specific order so feel free to skip around my favorite writing, (by me)All rights reserved Possibly triggering and deeply traumatic subjectsSelf harm, suicidal thoughts/idealization, mental illness, growing up to fast, and eating disordersYoung author struggling to survive If you like please vote, comment, save to your library, or share <>"All alone, whether you like it or not, alone is something you'll be quite a lot." - Dr. Seuss
8 89 -
In Serial40 Chapters
⋰ The Umbrella Academy Memes ⋱
klaus. diego. memes. :)
8 117 -
In Serial13 Chapters
SEDATED, kaz brekker
𝐒𝐄𝐃𝐀𝐓𝐄𝐃 we're nursing on a poison thatnever stung, our teeth and lungs are linedwith the scum of it❪ six of crows - crooked kingdom ❫❪ all of the characters and the plotbelong to the author, leigh bardugo ❫❪ © STARSUMMONER, 2020 ❫
8 122
