《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၁.၂] မိန်းမငယ်လေး|မိန္းမငယ္ေလး
Advertisement
"ဒီအလောင်းက...ချင်းချိုးမျိုးနွယ်စုသခင်လေးအစစ်လား။"
(ဒုတိယပိုင်း)
.................................................................
သူမေးလိုက်သည်။
"ကျွန်တော့်အမေမေ့မြောနေတာက ဇုန်ဝူရှင်းနဲ့တစ်ခုခုများပတ်သတ်နေလို့လား။"
ကျင်းဖေးထုန်ကဆိုသည်။
"အရင်တုန်းက ဇုန်ဝူရှင်းဟာကမ္ဘာကြီးကိုရှုပ်ထွေးအောင်လုပ်ခဲ့တယ်။ ကပ်ဘေးဒုက္ခ၇မျိုးပြီးတဲ့နောက်မှာ လက်ရှိလူတွေကအနည်းနဲ့အများမဆိုညစ်ညမ်းနေကြမှာပဲ။"
"ကိုယ်တို့သိထားတာက ဗုဒ္ဓဘာသာဝင်ဆရာသခင်ချန်ရှင်းနဲ့ ဟွမ်မျိုးနွယ်ကမသေမျိုးဧကရာဇ်ချင်းကျန်က သေခြင်းတရားကိုခံစားခဲ့ကြတယ်ဆိုတာပဲ။ သူတို့ကလွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကသေဆုံးသွားကြတယ်။ မျိုးနွယ်စုခေါင်မင်ချီကချစ်ဒုက္ခကိုခံစားခဲ့ရပြီး နှစ်ပေါင်းများစွာပျောက်သွားခဲ့တယ်။ မင်းကိုပြန်ခေါ်လာပြီးနောက်မှာ သူမမေ့မြောသွားတော့တာပဲ။ အခုထိမနိုးလာသေးဘူး။"
ဒါကိုကြားလိုက်ရအပြီးတွင် ကျင်းဖေးထုန်ဒါကိုပြောလာသည့်အကြောင်းရင်းကို ရှုလင်ကျားရုတ်ခြည်းနားလည်သွားရသည်။
-----အစတုန်းက သွမ့်ဟောင်ရန်ဟာမိစ္ဆာတစ်ကောင်နှင့်လျို့ဝှက်ပူးပေါင်းကြံစည်ပြီး ဂိုဏ်း၏စည်းမျဥ်းများကိုချိုးဖောက်ခဲ့သဖြင့် သူဟာနေရာတိုင်း၌ရှင်းဇုန်၏အလိုရှိခြင်းခံနေရသည်ဟုဆိုကြ၏။ အခုကြည့်ရတာတော့ ထိုမိစ္ဆာကဇုန်ဝူရှင်းကိုရည်ညွှန်းတာဖြစ်ကောင်းဖြစ်နိုင်သည်။
ကိစ္စကတကယ်ပဲဒီလိုသာဆိုရင် သွမ့်ဟောင်ရန်ကအလွန်တရာရဲတင်းသည်ဟုပြော၍ရပြီး ထိုကဲ့သို့သောလူမျိုးကရန်စရဲပေရာ ရှင်းဇုန်ဒေါသထွက်သည်မှာမဆန်းပေ။
ကျင်းဖေးထုန်သည်ရှုလင်ကျားကိုကြည့်၍ထပ်ပြောလာ၏။
"အဲ့ဒီ့အချိန်တုန်းက ရှင်းဟွမ်ကအကြီးအကဲနှစ်ယောက်ရယ်၊ ဒေါသဂိုဏ်းချုပ်ဝူရှင်းရူနဲ့ ဗုဒ္ဓဂိုဏ်းသခင်ချင်းဟုန်ရယ်၊ ပြီးတော့ ချီဇုန်ဂိုဏ်းချုပ်ဟယ်ဇီကျိုးလည်းပါသေးတယ်။ သူတို့ကပျက်စီးသွားဖို့နဲ့အဝေးကြီးဆိုပေမဲ့ အနာဂတ်မှာဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလေ။"
ဤကိစ္စကလွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းကဖြစ်ပျက်ခဲ့ပြီး လူတိုင်းကယင်းကိုလျို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားခဲ့ရာ ဤကိစ္စထဲတွင်ဟယ်ဇီကျိုးပါဝင်နေမှန်း ရှုလင်ကျားလုံးဝမသိခဲ့ပေ။ ဒါကိုကြားလိုက်ရတော့ သူအံ့အားသင့်သွားမိသည်။
သူ့မျက်နှာကထိုအခိုက်အတန့်တွင်မသိမသာပြောင်းလဲသွားမှန်း သူသိသည်။ အကယ်၍ ဟန်မဆောင်ထားလို့ရှိရင် ပိုသိသာသွားမှာစိုးသည်။
သူဖုံးကွယ်ရန်မျက်လွှာအသာချလိုက်မိသည်။
"ကျွန်တော်သိပြီ။"
"ဒီချိပ်ပိတ်ထားတဲ့နယ်မြေကချင်းချိုးနဲ့အရမ်းနီးတယ်။ နှစ်ဖက်သားအပြင်းအထန်တိုက်ခိုက်တုန်းက ဝူချန်မြို့တော်ကဇုန်ဝူရှင်းရဲ့ခဏတာအုပ်စိုးခံခဲ့ရပြီး တခြားမျိုးနွယ်စုတွေကလက်ရှိအခြေအနေကိုကယ်တင်ဖို့ရောက်လာခဲ့ကြတယ်လေ။"
ရှုလင်ကျားပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့လိုက်ဖမ်းနေတဲ့လူဒီကိုရောက်လာတာက ဇုန်ဝူရှင်းနဲ့တစ်ခုခုလုပ်စရာရှိလို့များဖြစ်နေမလား။"
ကျင်းဖေးထုန်ပြုံးလိုက်သည်။
"ဒါကိုတော့..ကိုယ်စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ အခုလေးတင်သိလိုက်ရရုံပါ။"
ရှုလင်ကျားရယ်မောလိုက်ပြီး ကျင်းဖေးထုန်ထံသို့အဓိပ္ပါယ်ရှိသည့်အကြည့်တစ်ချက်ပေးလိုက်သည်။
"အရှင်ကျင်း၊ ခင်ဗျားတကယ်စိတ်အားထက်သန်နေတာပဲ။ တကယ်လို့ ခင်ဗျားကလမ်းပေါ်မှာဒီလိုမတော်တဆမှုနဲ့ကြုံရင် ခင်ဗျားအဲ့ဒါကိုအာရုံစိုက်လိုက်တာပဲနော်။ ကြည့်ရတာ ပီလော့နန်းတော်ရဲ့နန်းတွင်းကိစ္စတွေကအရမ်းအလုပ်မများတဲ့ပုံပဲ။"
ကျင်းဖေးထုန်ခပ်ဖွဖွပြုံးလိုက်သည်။
"မင်သခင်လေးလည်းအတူတူပဲမဟုတ်ဘူးလား။ မျိုးနွယ်စုခေါင်မင်ချီဘာလို့မေ့မြောသွားမှန်းမသိရပေမဲ့လည်း မင်းကတော့သံသယရှိတဲ့လူကိုမြင်တာနဲ့ လက်ဦးမှုရယူပြီးလိုက်ဖမ်းတယ်။ တကယ့်ကိုကြင်နာတတ်တာပဲ။"
သူသည်တမင်သက်သက်နှင့်အဓိပ္ပါယ်ရှိရှိဖြင့်တန့်လိုက်မိပြီး သူ့တူတစ်စုံကိုဆန့်၍ ပန်းကန်ပြားထဲကပဲစေ့ကိတ်တစ်ပိုင်းကိုကိုင်လိုက်၏။
"မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသတ်ဖြတ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့လမ်းကြောင်းကိုလိုက်ဖို့က ကိုယ်တို့မျိုးဆက်ရဲ့တာဝန်ပဲလေ။ မိစ္ဆာတွေကဘယ်လောက်ပဲမရည်ရွယ်ဘူးလို့ဆိုပါစေ ကိုယ်မြင်လိုက်ရမှတော့ ကိုယ်ဘာလုပ်ရတော့မလဲ။ မင်သခင်လေးကစွန့်စားပြီး လျစ်လျူရှုခွင့်ပြုပေးမှာလား။"
ရှုလင်ကျားပြောလိုက်သည်။
"စွန့်စားတယ်တဲ့လား။ ဒါကဘယ်လိုစွန့်စားမှုမျိုးလဲ။ အရှင်ကျင်းပြောတဲ့စကားက နည်းနည်းအထင်သေးနေသလိုပဲ။"
သူ့တူတစ်စုံကိုလည်းပဲဆန့်ထုတ်လိုက်ကာ ကျင်းဖေးထုန်ပိုင်းလိုက်သည့်ကိတ်မုန့်အစွန်ပေါ်တင်၍ မေးအသာပင့်ကာ ကျင်းဖေးထုန်ကိုကြည့်လိုက်သည်။
ကျင်းဖေးထုန်တန့်သွားရကာ ပြောလိုက်သည်။
"မင်သခင်လေး၊ အရာရာတိုင်းကအရင်လာစမြဲပဲ။ မင်းပြောင်းလဲလို့ရပါတယ်။"
ရှုလင်ကျားပြောလိုက်သည်။
"ဟင်? အရင်လာတဲ့သူက....လက်ဦးမှုယူသင့်တယ်မဟုတ်လား။"
သူသည်စားပွဲကိုညာလက်ဖြင့်ပုတ်လိုက်ပြီး ခွန်အားကတော့အလွန်အသာအယာပင်။ စားပွဲပေါ်ရှိစားစရာများကြားတွင် ပဲ့စေ့ကိတ်တစ်ခုသာလျှင်အပေါ်ခုန်တက်သွားပြီး လေထဲသို့ပျံဝဲသွားချေသည်။
တစ်ပြိုင်နက်တည်းပင်၊ ရှုလင်ကျားကသူ့တူတစ်စုံကိုစောင်းကာ ကျင်းဖေးထုန်၏လက်ဖဝါးအဖျားကဟုန်ရှီးသွေးကြောကိုညွှန်လိုက်သည်။
ကျင်းဖေးထုန်ကဆိုသည်။
"အိုး? မင်းဒီလိုထေ့ငေါ့ပြောနေတာက ကိုယ်တို့ကြားကငြိမ်းချမ်းရေးကိုထိခိုက်စေတယ်နော်။"
သူ၏အပြောချိုသာကာ ပြုံးနေသည့်လေသံကစကားပြောရာတွင်မပြောင်းလဲပေမဲ့ သူ၏လှုပ်ရှားမှုမှာတော့အလင်းတန်းပမာလျင်မြန်လှသည်။ ရှုလင်ကျားကသူ၏သွေးကြောကိုထိလိုက်စဥ်၊ သူကသူ့တူတစ်စုံကိုသုံး၍ ပြန်လည်ခုခံလာသည်။
ရှုလင်ကျားသည်သူ့တူတစ်စုံကိုသုံး၍ ကျင်းဖေးထုန်ထံမှရုန်းထွက်ကာ အခြေအနေကိုအခွင့်ကောင်းယူ၍ လေထဲမှကျလာတော့မည့်ပဲစေ့ကိတ်ထံသို့သူ့လက်ကိုမြှောက်လိုက်ပြီး ပြက်ရယ်ပြုလိုက်၏။
"ခင်ဗျားနဲ့ကျွန်တော့်ကြားမှာငြိမ်းချမ်းရေးယူထားလို့လား။"
သူအောင်မြင်တော့မည်ကိုမြင်လိုက်ရရင်း ထိုအခိုက်တွင်ကျင်းဖေးထုန်ကလက်နက်ပုန်းကဲ့သို့ ဝိုင်တစ်စက်ကိုရှုလင်ကျား၏လက်ကောက်ဝတ်ထံခါထုတ်လိုက်သည်။
သူ၏လှုပ်ရှားမှုမှာမြစ်ပေါ်မှာတုန်းကသူ့ဝါးခမောက်ကိုပြုတ်ကျအောင်လုပ်လိုက်သည့်ရှုလင်ကျား၏တိုက်ကွက်နှင့်ဆင်တူသည်။
ဤလူကားကျောက်စိမ်းပမာနွေးထွေးပုံပေါက်ပေမဲ့ တကယ်တမ်းတွင်မူဝမ်းတွင်းမည်းတစ်ယောက်ဖြစ်ကြောင်း မြင်နိုင်လေသည်!
ရှုလင်ကျားသူ့လက်ကိုခါလိုက်စဥ်၊ ကျင်းဖေးထုန်ကအခွင့်ကောင်းယူ၍ ပဲစေ့ကိတ်ကိုဖမ်းလိုက်သည်။
သူအနိုင်ရသွားသော်လည်း ကူကယ်ရာမဲ့စွာဖြင့်အာမေဋိတ်သံပြုမိသည်။
"အရမ်းကောင်းတဲ့ကွန်ဖူးပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ဒါကမြေခွေးမျိုးနွယ်စုသခင်လေးလုပ်နိုင်တဲ့အရာမျိုးမဟုတ်လောက်ဘူးနော်။"
သူရှုံးသွားကြောင်းမြင်လိုက်ရရင်း ရှုလင်ကျားသည်ရိုးရှင်းစွာဖြင့်သူ့တူတစ်စုံကိုစားပွဲပေါ်တင်ကာ မျက်ခုံးပင့်၍ပြောလိုက်၏။
"စားစရာတွေကကျောက်တုံးအဖြစ်ပြောင်းသွားလိမ့်မယ်၊ ပြီးတော့လူသေကလည်းပြန်လည်ရှင်သန်လာနိုင်တယ်။ ဒီလောကကြီးထဲမှာထူးဆန်းတဲ့အရာတွေအများကြီးရှိပါတယ်။ ဘာလို့လဲ၊ ကျွန်တော်ကနည်းနည်းပိုတော်ပေမဲ့ ခင်ဗျားမျက်လုံးထဲမှာတော့ကျွန်တော်ကတမျိုးဖြစ်နေတဲ့ပုံပဲ?"
ကျင်းဖေးထုန်ပါးစပ်ထဲကိုပဲစေ့ကိတ်သွင်းရန်ပြင်လိုက်ချိန်တွင် တစ်ခုခုမှားနေသည်ဟုရုတ်ခြည်းခံစားမိလိုက်သည်။
သူသည်တူကိုဖယ်၍အောက်ငုံ့ကြည့်လိုက်ရာ နူးညံ့စေးကပ်သောကိတ်မုန့်တုံးလေးမှာ ကျောက်ရုပ်ဖြစ်စေသောနည်းလမ်းကြောင့် ကျောက်တုံးအဖြစ်ပြောင်းလဲသွားကြောင်း မြင်လိုက်ရတော့၏။
ကျင်းဖေးထုန်: "..."
ထို့နောက် ရှုလင်ကျားသည်နံဘေးရှိသေရည်ဝိုင်ခွက်ကိုယူကာ သူ့ခေါင်းကိုမော့၍ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ဘာလို့မစားတာလဲဗျ။"
ထိုအရာကကျင်းဖေးထုန်၏သွားများအားကျိုးသွားစေမည်ကို သူမစောင့်နိုင်တော့မှန်းသိသာလှပေသည်။
ဤကားလှည့်ကွက်သေးသေးလေးသာဖြစ်ပေမဲ့ ကျင်းဖေးထုန်တွင်မူထူးခြားသောအဆင့်အတန်းရှိကာ သူ့အပေါ်အခြားသူများ၏သဘောထားမှာ ကြောက်ရွံ့မှုနှင့်ရိုသေလေးစားမှုတို့သာရှိသည်။ သူသည်အရင်တုန်းကထိုကဲ့သို့လှည့်ကွက်မျိုးနှင့် လုံးဝမကစားခံခဲ့ရဖူးပေ၊ သို့ဖြစ်ရာ သူပြန်ပဲတိုက်ခိုက်ရမလား၊ ဒေါသပဲထွက်ရမလား သူသိပင်မသိလေတော့။
သို့သော် သူမော့ကြည့်လိုက်သည့်အခါ ရှုလင်ကျားကပြုံးနေပြီး မျက်နှာအနည်းငယ်ပင့်ထားကာ
ကျောက်စိမ်းကဲ့သို့ချောမွတ်နေပြီး အပြုံးကမူနေရောင်အောက်တွင်ကျောက်သလင်းပမာကြည်လင်လျက်ရှိကာ ယင်းကားအရမ်းကိုလှပပျော်ရွှင်နေပုံပင်။
ကျင်းဖေးထုန်မှာရုတ်တရက်အတွေးတစ်ခုရှိလာသည်။
ရှုလင်ကျားကသူ့အနားရှိလူတွေကြားတွင် အလွန်ထင်ပေါ်ကျော်ကြားလိမ့်မည်ဟုသူခံစားရသည်။
ဤလူ၌ လူအများစုတွင်ပျောက်ဆုံးနေသော သန့်ရှင်းစင်ကြယ်မှုနှင့်စိတ်အားထက်သန်မှုမျိုးရှိနေပေသည်။
ကျင်းဖေးထုန်သည်ရှုလင်ကျားကိုကြည့်လိုက်ပြီးနောက် သူ့တူတစ်စုံကိုပြန်ကြည့်လိုက်ကာ သူဟာရိုးစင်းစွာဖြင့်ကျောက်တုံးကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး ကူကယ်ရာမဲ့စွာရယ်မောလိုက်မိ၏။
"ဟုတ်ပါပြီ၊ မင်းနိုင်ပါတယ်။"
သူမျက်စိမှိတ်၍ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ကိုယ်ဝန်ခံတယ်၊ သွမ့်ဟောင်ရန်ကတကယ်မသေဘူး။ ရှင်းဇုန်ကိုကိုယ်ပို့ပေးလိုက်တဲ့အလောင်းက သူမဟုတ်ဘူး။"
နှစ်ဦးစလုံးသည်ဉာဏ်ကောင်းသောလူများဖြစ်၏။ ကျင်းဖေးထုန်သာခုနကအလောင်း၏ပုံတူပန်းချီကိုမမြင်ခဲ့ရပါလျှင် သူနောက်ကောက်ကျန်ခဲ့လိမ့်မည်ပင်။ ရှုလင်ကျားကမြေခွေးမျိုးနွယ်စု၏အတိတ်ကိုနား၊မလည် သူမစမ်းသပ်လိုက်ပေမဲ့ သူ့အစွမ်းအစကိုတော့မှတ်ချက်ပေးလိုက်သည်။
ထို့အပြင် ရှုလင်ကျား၏"စားစရာတွေကကျောက်တုံးဖြစ်သွားပြီး လူသေကပြန်လည်ရှင်သန်လာနိုင်သည်"ဟူသောစကားက နှစ်ယောက်ကြားတွင်ရည်ရွယ်ချက်ရှိရှိကာထားသော ပြတင်းစက္ကူအလွှာကိုထိုးဖောက်လုမတတ်ပင်။
ထိုအချက်ကြောင့် အချင်းချင်းကြားရှိဖုံးကွယ်မှုမှာ တစ်ယောက်၏မျက်ဝန်းထဲတွင်ပျောက်ကွယ်သွားတော့မည်ပင်။
ကျင်းဖေးထုန်အမှန်ပြောပြလာလိမ့်မည်ဟု ရှုလင်ကျားမထင်ထားမိပေမဲ့ သူပျော်ရွှင်စွာပြုံးမိဆဲပင်။ သူ့၌ဖြောင့်မတ်သောမျက်နှာရှိပေမဲ့ သူဟာကပ်စေးနည်းပြီးအပျင်းကြီးသည်ဟု သူယခုခံစားမိလိုက်ပြီး ကူကယ်ရာမဲ့စွာရယ်မောလိုက်မိသည်။
ရှုလင်ကျားသည်သူ့လက်ကိုမျက်ခုံးပေါ်တင်ကာ သူ၏မူလရုပ်ရည်သို့ပြန်ပြောင်းလိုက်၏။
ကျင်းဖေးထုန်ကားနဂိုကတည်းကပြိုင်ဖက်ကင်းတွေးခေါ်သူပင်။ ရှုလင်ကျားနှင့်မြောက်မြားစွာဆွေးနွေးပြီးသည့်နောက်၊ တစ်ဖက်လူ၏လှုပ်ရှားမှုများနှင့်စိတ်နေသဘောထားနှင့်ပတ်သတ်ပြီး အနည်းငယ်သိနေပြီးသားပင်။
ထိုအခိုက် ယင်းကရှုလင်ကျားဖြစ်ကြောင်းမြင်လိုက်ရသောအခါ သူမအံ့သြသွားမိပေမဲ့ ဤပြစ်မျိုးမှဲ့မထင်မျက်နှာလေးရုတ်တရက်ပေါ်ထွက်လာမှုကြောင့် သူမသိမသာမှင်သက်သွားရသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ရှုရှစ်တိ၊ ကိုယ်တို့ထပ်တွေ့ပြန်ပြီ။ မင်းနဲ့ကိုယ်ကတကယ့်ကိုမကြာခဏဆုံတွေ့ရမဲ့ကံပါတာပဲ။"
အရင်ကမြေခွေးကလည်း သူပဲဆိုတာကိုကျင်းဖေးထုန်မသိဟု ရှုလင်ကျားတွေးလိုက်မိသည်၊ မဟုတ်ရင်ပိုပြီးတော့ရေစက်ပါသွားလိမ့်မည်။ သူ့နှုတ်ခမ်းကော့တက်သွားရကာပြောလိုက်သည်။
"ကျွန်တော့်မိတ်ဆွေတစ်ယောက်အကူအညီတောင်းလို့ အချိန်ခဏလောက်ဟန်ဆောင်ပေးနေရတာပါ။ သွမ့်ဟောင်ရန်အသက်ရှင်လျက်ထွက်လာတာကိုမြင်လိုက်ရမယ်လို့ ကျွန်တော်မထင်ထားခဲ့မိတော့ လန့်သွားခဲ့တာ။"
သူသည်ဝေမုန့်ဓားကိုထုတ်ကာ စားပွဲပေါ်တင်လိုက်၏။
"ဒီဓားရဲ့ဇစ်မြစ်ကိုရှစ်ရှုန်းလည်းသိပါတယ်။ အဆုံးမှာတော့ သွမ့်ဟောင်ရန်ကကျွန်တော့်ဓားဝိညာဥ်ရဲ့အဖေအရင်းဖြစ်နေပြီး ကျွန်တော်ကလည်းသူ့သခင်ဖြစ်နေတာဆိုတော့ ဖြစ်ပျက်သွားတာတွေကိုမထိန်းသိမ်းတာကမကောင်းဘူးလေ။"
ရှုလင်ကျား၏ဓားရှည်ကိုမြင်လိုက်ရရင်း မတိုင်ခင်ကသူ့လက်အောက်ငယ်သားပြောခဲ့သော
"မိုးကြိုးဓားသွား"၏အခြားတစ်ပိုင်းက ဤဓားထဲတွင်ပုန်းကွယ်နေနိုင်ကြောင်း ကျင်းဖေးထုန်ရုတ်ခြည်းသတိရသွားပြီး သူယင်းကိုရှာနေသည်မှာကြာလှပြီဖြစ်သည်။
ကျင်းဖေးထုန်အကြည့်လွှဲကာပြောလိုက်သည်။
"အစကတော့ သွမ့်ဟောင်ရန်တကယ်သေသွားပြီလို့ထင်ခဲ့တာ၊ ဒါပေမဲ့ သူကဇုန်ဝူရှင်းနဲ့ဆက်ဆံရေးတစ်ခုရှိနေတာဆိုတော့ သူလည်းမှော်ပညာတတ်ပြီး သူ့ကိုယ်ပေါ်မှာတစ်ဖက်လူချန်ခဲ့တဲ့ပုန်းကွယ်နေတဲ့အရာတွေရှိနေနိုင်တယ်လေ။ အလောင်းကိုရက်အနည်းငယ်လောက်ယာယီထိန်းသိမ်းထားဖို့ တစ်ယောက်ယောက်ကိုပြောခဲ့ပေမဲ့ သူကမထင်ထားစွာနဲ့'ပြန်ရှင်သန်'လာပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။"
ရှုလင်ကျားပြောလိုက်သည်။
"တကယ်လား။ ပီလော့နန်းတော်ရဲ့တင်းကြပ်တဲ့အစောင့်တွေရှိတာတောင်မှ သွမ့်ဟောင်ရန်ကရှစ်ရှုန်းဆီကနေထွက်ပြေးနိုင်တဲ့ အစွမ်းအစရှိတယ်ပေါ့လေ?"
"အဲ့ဒီ့အချိန်တုန်းကသွမ့်ဟောင်ရန်က ရုပ်လုံးအတုမဟုတ်သေးဘူး။ သူ့နှလုံးကွဲပြီး အသက်လည်းမရှုတော့ဘူး။ ပြန်ရှင်လာနိုင်တဲ့နည်းလမ်းက သူမသေခင်သက်ကယ်မှော်ပညာကိုကျင့်ကြံခဲ့လို့ပဲဖြစ်မယ်၊ အဲ့ဒါကအကြာကြီးခံမှာမဟုတ်ဘူး၊ ဒီတော့ သူအသက်ရှင်ချင်သေးသရွေ့ သူ့အသက်ကိုထိန်းသိမ်းဖို့ တစ်ယောက်ယောက်ကိုသေချာပေါက်ရှာရလိမ့်မယ်။ အဲ့ဒါကမှော်ပညာပဲ။"
Advertisement
ကျင်းဖေးထုန်ကဆိုသည်။
"အဲ့ဒါကြောင့် သူဘယ်ကိုသွားဖို့စီစဥ်ထားလဲကိုယ်လိုက်ကြည့်ချင်တယ်လေ။ ဝူချန်မြို့တော်ကအစတုန်းကဇုန်ဝူရှင်းအုပ်စိုးခဲ့တာဆိုတော့ သူကဒီကိုပဲထပ်ပြေးလာပြန်တယ်။ ဒါကတိုက်ဆိုင်မှုသက်သက်လို့ထင်လား။"
သူအမှန်ပြောနေသည်ကိုရှုလင်ကျားနားထောင်လိုက်ပြီး တစ်အောင့်မျှတွေးကာခေါင်းငြိမ့်လိုက်မိသည်။
ထိုအခိုက်၊ ပန်းကန်ပြားတစ်ပန်းကန်ကသူ့ဖက်ကိုရုတ်တရက်ပျံဝဲလာကာ ရှုလင်ကျားကိုရိုက်မိတော့မည်ပင်။
ဤမြင်ကွင်းကိုမြင်လိုက်ရသော် စားသုံးသူအများစုမှာကူကယ်ရာမဲ့စွာဖြင့်အာမေဋိတ်သံပြုလိုက်မိကြသည်။
ရှုလင်ကျားကယင်းကိုကြည့်ပင်မကြည့်ဘဲလက်မြှောက်၍ ပန်းကန်ပြားကိုလက်တစ်ချောင်းဖြင့်လှည့်လိုက်ပြီး စွမ်းအင်ကိုပယ်ဖျက်လိုက်ပြီးနောက် လက်နောက်ပြန်ပြန်ပစ်လိုက်သည်။
ထို့နောက် ပန်းကန်ပြားဟာချောမွေ့စွာပျံဝဲသွားပြီး ၎င်းဘေးရှိစားပွဲပေါ်တွင်သက်ဆင်းသွားကာ ဖြစ်စဥ်တစ်ခုလုံးတွင်အသီးအရွက်စွပ်ပြတ်ရည်တစ်စက်မျှမစင်ထွက်သွားပေ။
ပတ်ဝန်းကျင်ရှိဧည့်သည့်များမှာကျယ်လောင်စွာချီးကျူးလိုက်မိကြပြီး အချို့လူတွေဆိုရင်လက်ခုပ်များတီးလိုက်ကြသည်မှာ ယင်းကပန်းကန်ပြားကိုယူလိုက်သော ထိုကဲ့သို့ချောမောသောလူငယ်လေးပမာ။
ရှုလင်ကျားမျက်တောင်မပင့်ဘဲ မျက်လွှာချလျက်သားဖြင့်ဝိုင်တစ်ငုံသောက်ကာ သူ့ဘေးရှိထိုင်ခုံကိုကြည့်လိုက်သည်။
ထိုနေရာတွင်ထိုင်နေသည်ကား အလောင်း၏ပုံတူပန်းချီရှေ့၌သူမြင်ခဲ့ရသော ပန်းရောင်နှင့်မိန်းကလေးဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
စားပွဲပေါ်တွင်သူမတင်ထားသောဓားကို ကျင်းဖေးထုန်လည်းပဲမြင်သွားကာ မေးလာသည်။
"ဒါကလင်ရှောင်းဂိုဏ်းသူလား။"
ရှုလင်ကျားကဆိုသည်။
"ဓားကိုကြည့်ရသလောက်တော့ ချီဇုန်ပဲဖြစ်မယ်။"
နှစ်ဦးသားသည်ရှင်းဇုန်နှင့်ချီဇုန်၏ကျော်ကြားသူများဖြစ်ကြ၏။ လင်ရှောင်းဂိုဏ်း၏သာမန်ဂိုဏ်းသားများမှာအရာရာတိုင်းကိုသိထားကြပြီး သူတို့ဟာအမြဲတစေယုံကြည်လေးစားမှုအပြည့်ပင်။ သို့သော် ဤမိန်းကလေးကမူသူတို့နှစ်ယောက်ကိုသိပုံမပေါ်ပေ။
သူမကတစ်စုံတစ်ယောက်ကိုရိုက်မိလုနီးပါးဖြစ်သွားသည်ကိုမြင်လိုက်ရရင်း သူမသည်ထိုင်ခုံမှထကာ ရှုလင်ကျားထံလျှောက်လာပုံမှာ သူ့ကိုတောင်းပန်ချင်သည့်အလား။ သို့ပေမဲ့ သူမဘာဆိုဘာမှမပြောနိုင်မီ ဝဖိုင့်သောအမျိုးသမီးတစ်ယောက်ကသူမ၏ကျောပြင်ကိုဆွဲကာ သူမကိုဆူပူလာသည်။
"သောက်ကလေးမလေး၊ နင်ဘယ်ကိုပြေးမလို့လဲ!"
ပန်းရောင်နှင့်မိန်းကလေးကသူမလက်မောင်းကိုဆောင့်ဆွဲလိုက်ပေမဲ့ ပြန်မဆွဲဘဲနှင့် သူမစိတ်မရှည်စွာပြောလိုက်သည်။
"ရှင်ဘာတွေစဥ်းစားနေတာလဲ။ ရှင်တစ်ယောက်ယောက်ကိုရိုက်မိသွားပြီလေ! အဲ့ဒါကရှက်ဖို့ကောင်းနေပြီမဟုတ်ဘူးလား။"
သူမဒါကိုပြောလိုက်ပြီးမကြာမီ၌ အမျိုးသမီးကချက်ချင်းစိတ်ပျက်သွားကာ စားပွဲကိုဖြန်းခနဲချ၍ဆဲဆိုလာသည်။
"နင်စကားကိုဘယ်လိုပြောနေတာလဲ။ ငါကနင့်အမေနော်! ငါကနင့်ကိုမွေးပြီးပြုစုစောင့်ရှောက်ပေးလာတာ၊ ဒါပေမဲ့ နင်ကအခုအတောင်စုံပြီဆိုတော့ ပြန်ပြောရဲနေပြီပေါ့? ငါနင့်ကိုမေးပါရစေ၊ နင်ဘာလုပ်ခဲ့တာလဲ။ နင့်မောင်ကဖျားပြီးအိပ်ရာထဲကမထွက်နိုင်အောင်ဖြစ်နေပေမဲ့ နင်ကတော့အသက်ရှင်နေတုန်းပဲ! နှလုံးသားမရှိတဲ့ဟာမ၊ နင်ဘယ်လိုမျက်နှာနဲ့ဒီနေရာမှာစားနေ၊သောက်နေနိုင်သေးတာလဲ!"
ပန်းရောင်ဝတ်ရုံနှင့်မိန်းကလေးမှာ အစကတော့နားထောင်နေပေမဲ့ သူမအဆုံးမဲ့စကားပြောနေသည်ကိုမြင်လိုက်ရရင်း သူမသည်းညည်းမခံနိုင်တော့ဘဲ သူမလက်ကိုမြှောက်လိုက်သည်။ သူမသည်အမျိုးသမီးကိုတွန်းထုတ်ကာပြောလိုက်၏။
"ကျွန်မကိုမတားနဲ့တော့!"
အဆုံး၌မူ၊ သူမသည်ကားကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ သူမ၏ခွန်အားမှာသာမန်လူထက်ပို၍သာလွန်သည်ပင်။ သူမသမီးကထိုသို့လုပ်လာလိမ့်မည်ဟုအမျိုးသမီးမထင်ထားမိသဖြင့် သူမကြောင်အသွားရသည်။
သူမကမြေပြင်ပေါ်ထိုင်ချကာ ပေါင်နှစ်ဖက်ကိုပုတ်၍ပြောတော့သည်။
"မကောင်းတော့ဘူးပဲ၊ နင်ကနင့်အမေရင်းကိုတောင်ပြန်ရိုက်ရဲသေးတယ်။ ငါကနင့်ကိုဒီအသက်ပေးခဲ့တာပါ။ အခုနင့်မှာအိမ်ရှိပြီးပြန်မလာချင်တဲ့အပြင် နင့်လက်တွေကိုသုံးပြီးတော့တောင်ငါ့ကိုတွန်းလိုက်သေးတယ်။ ပတ်ဝန်းကျင်ကရွာသူရွာသားတွေနဲ့လူတွေကအပြစ်မရှိအပြစ်ရှာနေကြတာဟဲ့! ဘယ်လိုအသိစိတ်မရှိတဲ့သမီးမျိုးလဲ!"
ကလေးဘဝမှအရွယ်ရောက်သည်အထိ သူ့ဘဝတွင်ဆူပူဆဲရေးသံဘယ်လောက်များများကြားဖူးခဲ့မှန်း သူမသိပေ။ မတိုင်ခင်ကဤအမျိုးသမီးဆဲဆိုနေတုန်းက ပန်းရောင်ဝတ်ရုံနှင့်မိန်းကလေးမှာစိတ်မရှည်ဖြစ်နေသော်လည်း ဒေါသသိပ်မထွက်ခဲ့ပေ။ သို့သော် "ငါကနင့်ကိုဒီအသက်ပေးခဲ့တာ"ဆိုသည့်စကားကို သူမကြားလိုက်ရချိန်တွင် သူမမျက်လုံးများနီရဲလာပေသည်။
အမျိုးသမီးကိုကူညီပေးမည့်အစား သူမကခြေနှစ်လှမ်းဆုတ်၍ အေးစက်စက်ပြောလာသည်။
"ရှင်ကျွန်မကိုပေးခဲ့တဲ့အသက်အတွက် ရှင့်သားကိုကျွန်မပြန်ဆပ်ခဲ့ပြီးသားပဲ။ အခုရှင်ကကျွန်မကိုလှည့်စားပြီး ဂုတ်သွေးစုပ်ချင်နေတယ်ပေါ့လေ? ကျွန်မငယ်ငယ်လေးကတည်းက ရှင်ကျွန်မအပေါ်ကောင်းခဲ့ရဲ့လားဆိုတာကိုပြန်စဥ်းစားကြည့်လိုက်အုံး၊ ရှင်ကကျွန်မကိုအမြဲဆူပူရိုက်နှက်နေခဲ့တာပါ။ ဒါဖြင့် ဘယ်သူကမှအရူးမဟုတ်မှန်းကျွန်မရှင့်ကိုပြောပြလိုက်မယ်။"
"ရှင်ငိုနေတာကိုကျွန်မအရေးစိုက်မယ်ထင်နေတာလား။ ရှင်သေသွားရင်တောင်မှ ကျွန်မအဲ့ဒီ့အိမ်ကိုပြန်သွားဖို့လုံးဝမဖြစ်နိုင်ဘူး!"
သူမစကားပြောလို့ပြီးသွားသည့်နောက်၌၊ သူမသည်အမျိုးသမီးစကပ်ကိုဘေးဖယ်ကာ ဓားကိုကောက်၍ လှည့်မကြည့်ဘဲထွက်သွားတော့သည်။
ထိုအမျိုးသမီးကားငိုယိုပြီး ပြဿနာရှာရာတွင်ဝါရင့်တစ်ယောက်ပင်။ သူမသမီးကသူမကိုအခုဤကဲ့သို့ဆက်ဆံသွားလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့မိပေ။ သူမသည်မြေပြင်ပေါ်တွင်တစ်အောင့်ကြာထိုင်နေပြီး ဟန်ဆောင်ဖို့ပင်အရေးမစိုက်နိုင်တော့ဘဲ သူမပတ်ဝန်းကျင်ရှိဧည့်သည်များကိုအထင်သေးစွာစိုက်ကြည့်ကာ မြန်မြန်ထပြီးထွက်သွားရန်ပြင်လိုက်သည်။
ဒါကိုမြင်လိုက်ရရင်း စားသောက်ဆိုင်ကစာရေးမှာအလျင်စလိုလျှောက်လာပြီး သူမကိုဆွဲလိုက်သည်။
"ခဏနေပါအုံး၊ အဒေါ်ရ။ အဒေါ်ကခုနကလက်ဖက်ရည်ခွက်နှစ်လုံးကိုခွဲပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဒေါ်ထွက်မသွားခင်ပိုက်ဆံရှင်းသွားရမှာပေါ့။"
ပြဿနာရှာတာအောင်မြင်သွားလိမ့်မည်ဟု အမျိုးသမီးမထင်မှတ်ထားမိရာ လျော်ကြေးအနေဖြင့်သူမ၏အိတ်ကပ်ထဲမှပိုက်ဆံထုတ်ပေးလိုက်ရသည်။ သူမနှလုံးသားထဲမှသွေးတစိမ့်စိမ့်ထွက်နေပြီး စားသောက်ဆိုင်ထဲမှမထွက်လာခင်အထိ ဤကောင်လေးနှင့်အငြင်းပွားရမည်စိုးသဖြင့် တွန့်ဆုတ်ဆုတ်နှင့်ပိုက်ဆံထုတ်ပေးလိုက်ရသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့သည်အလွန်ဖျတ်လတ်တက်ကြွသူများမဟုတ်။ သို့ပေမဲ့ ထိုအခိုက်အတန့်တွင် ဤဟာသပြဇာတ်ကိုပထမဆုံးအကြိမ်အတူကြည့်ခဲ့ကြသည်။
အမျိုးသမီးကငိုယို၊ဆဲဆိုလျက်သားဖြင့်ထွက်သွားသည်ကို ရှုလင်ကျားလိုက်ကြည့်နေမိပြီး သူလှည့်ကြည့်လိုက်သောအခါ ကျင်းဖေးထုန်အတွေးများနေသည်ကိုမြင်လိုက်ရရင်း စားပွဲပေါ်ကိုလက်ချောင်းများဖြင့်တတောက်တောက်ခေါက်မိသည်။
ကျင်းဖေးထုန်ကသူ့ကိုလှည့်ကြည့်လာရာ ရှုလင်ကျားမေးလိုက်သည်။
"ကျင်းရှစ်ရှုန်း၊ ခင်ဗျားဘယ်လိုထင်လဲ။"
ကျင်းဖေးထုန်ရယ်မောလိုက်ပြီး ခေါင်းခါကာပြန်ဖြေလိုက်သည်။
"သူမမှာယင်ဓာတ်များနေတယ်ထင်တယ်။"
ရှုလင်ကျားကပြောသည်။
"သူမပြောတာကိုနားထောင်ကြည့်မိသလောက်တော့ 'ကျွန်မအသက်ကရှင့်သားကိုပြန်ပေးပြီးသွားပြီ'ပြီးတော့ 'ကျွန်မထပ်ပြီးတော့ရှင်ဂုတ်သွေးစုပ်တာခံတော့မှာမဟုတ်ဘူး'ဆိုတဲ့စကားတွေက မသိရင်သူမကတစ်ခါသေပြီးသွားတဲ့အတိုင်းပဲ။"
သွမ့်ဟောင်ရန်၏အတုအယောက်ရုပ်လုံးကို နှစ်ယောက်သားစစ်ဆေးခဲ့ကြသည်။ ပင်ကိုယ်အားဖြင့် သူသည်၎င်းနှင့်ပတ်သတ်၍ အလွန်စိုးရိမ်ပူပန်နေမိလေရာ ဤအမျိုးသမီးကလင်ရှောင်းဂိုဏ်းသူဖြစ်နေသည်ကိုမပြောနှင့်။ ဤအခြေအနေမျိုးကသူမထံတွင်ဖြစ်ပွားခဲ့သည်မှာ ပို၍ပင်အံ့သြစရာကောင်းလှသည်။
ကျင်းဖေးထုန်ကဆိုသည်။
"မြေအောက်လောကမှာဟွမ်ယန်နယ်မြေလို့ခေါ်တဲ့ နေရာတစ်ခုရှိတာကိုမင်းကြားဖူးမလားမသိဘူး။"
ရှုလင်ကျားပြောလိုက်သည်။
"အို့?"
ကျင်းဖေးထုန်ကပြောသည်။
"မိစ္ဆာဝိညာဥ်တွေကဝိညာဥ်တစ်ခုရဲ့ဆွဲဆောင်ခံလိုက်ရရင် သူတို့တွေထွက်ပေါ်လာမှာပဲ။ တစ်ခုခုမှားသွားတဲ့အခါကျရင် ကိုယ်ကဝိညာဥ်ထုတ်လို့မပြီးသေးတဲ့လူတစ်ယောက်နဲ့ မတော်တဆချိတ်ဆက်မိသွားပြီး အဲ့ဒီ့လူရဲ့ဝိညာဥ်ကိုခန္ဓာကိုယ်ထဲပြန်ထည့်ဖို့ ဟွမ်ယန်နယ်မြေကိုကိုယ်သွားရလိမ့်မယ်။ အဲ့ဒီ့နေရာကအရမ်းအေးတဲ့နေရာလိုမျိုးအေးစိမ့်ပြီး အရိုးဖယောင်းတိုင်နဲ့ထွန်းညှိထားတဲ့အစိမ်းရောင်အလင်းပဲရှိတယ်။ လူသားခန္ဓာကိုယ်ကိုပြန်ထည့်လိုက်တာနဲ့ မင်း..."
သူသည်ထိုနေရာထိပြောလာပြီး အသံကရုတ်တရက်ရပ်တန့်သွားချေ၏။
တစ်ပြိုင်နက်တည်း၌၊ ရှုလင်ကျားဟာလည်း"ရပ်"ဆိုသည့်လက်ဟန်အမူအရာပြကာ ပြောလိုက်မိသည်။
"ခဏနေပါအုံး၊ ကျွန်တော်အကြံတစ်ခုပေးချင်တယ်။ ပြောမယ်ဆိုရင်လည်းသေချာပြော။ ပတ်ဝန်းကျင်ကိုတမင်သက်သက်အေးစက်အောင်လုပ်မနေနဲ့။ ပြီးတော့ ကျွန်တော့်အနောက်မှာလည်းလေလာမမှုတ်နဲ့..."
ကျင်းဖေးထုန်ကသံသယဖြစ်စွာပြောလာသည်။
"မင်းလုပ်တာမဟုတ်ဘူးလား။"
နှစ်ယောက်သားမှာအပြန်အလှန်ကြည့်လိုက်မိကြသည်နှင့်တစ်ပြိုင်နက်၊ စားသောက်ဆိုင်တစ်ဆိုင်လုံးမှာအမှောင်ကျသွားတော့သည်။
ထိုအခိုက်အတန့်ရှိခံစားချက်ကား အလွန်သိမ်မွေ့လျက်ရှိသည်။ သူသည်ရေထဲတွင်ရှိနေပြီး ရေလှိုင်းများ၏ဝန်းရံခံထားရကာ ပျော့ပြောင်းသထက်ပျော့ပြောင်းလာပြီး သူ့ကိုရေထဲဆွဲချနေသည်ဟု ရှုလင်ကျားခံစားမိလိုက်သည်။
အလွန်အမင်းအေးစိမ့်မှုမှာ တစ်ကိုယ်လုံးတုန်ရီလာစေပြီး အနီးတဝိုက်တွင်မည်သည့််အသံစိုးစဥ်းမျှမရှိပေ။
ရှုလင်ကျား၏လက်မောင်းတစ်ဖက်ကစားပွဲပေါ်တွင်ရှိနေဆဲပင်။ ထိုအခိုက်၊ သူ့လက်ကမသိလိုက်မသိဘာသာအရှေ့ဆန့်ထွက်သွားကာ ထို့နောက်တွင်နောက်ထပ်နွေးထွေးသောလက်ချောင်းထိပ်ဖျားနှင့်ထိမိသည်။
ရှုလင်ကျား၏လှုပ်ရှားမှုများတစ်အောင့်မျှတန့်သွားရကာ တစ်ဖက်လူကကျင်းဖေးထုန်ဖြစ်ကြောင်းသူသိလိုက်ရချိန်တွင် စနစ်က[လေထုကံကောင်းမှု: +2]ဟုပြောလာသည်ကို သူကြားလိုက်ရသည်။
ဘယ်လိုဖြစ်ပြီးထပ်တိုးလာမှန်းသူမသိပေ။ ပမာဏကသိပ်မများသော်လည်း ရှုလင်ကျား၌ ပိုက်ဆံမတော်တဆကောက်ရခဲ့သောခံစားချက်ရှိနေဆဲပင်။
ချက်ချင်းပင်၊ ပတ်ဝန်းကျင်ကတစ်ဖန်အနည်းငယ်ပြန်လင်းလာပြီး သူတို့နှစ်ဦးသားမှာလက်ကိုပြိုင်တူရုတ်သိမ်းလိုက်မိကာ ဤမရည်ရွယ်ဘဲထိတွေ့သွားမှုကြီးကိုအဆုံးသတ်လိုက်ကြသည်။
ရှုလင်ကျားပတ်ဝန်းကျင်ကိုတစ်ချက်စိုက်ကြည့်လိုက်ရာ စားသောက်ဆိုင်အခန်းတစ်ခုလုံးကလုံးဝပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
အခန်းရှေ့တွင်လူတစ်ယောက်၏အရပ်ထက်ပိုမြင့်သော နတ်ကွန်းတစ်ခုရှိနေပြီး အနီရောင်ပိတ်စနှင့်ပန်းပွင့်ဖြူအစည်းလိုက်ဖြင့်အလှဆင်ထားကာ ပြုံးနေသောစက္ကူပုံများဖြင့်ဝန်းရံလျက်ရှိသည်။
အတွင်းရှိရုပ်ထုများမှာကြောက်မက်ဖွယ်ကောင်းလှပြီး မည့်သည့်နတ်ဘုရားအားပူဇော်ထားသည်ကိုမြင်ရရန်ခဲယဥ်းပေမဲ့
ပိတ်စပေါ်ရှိအနီရောင်မှာအလွန်နက်မှောင်ပုံပေါ်သည်မှာ ယခုလေးတင်မှခြောက်သွားသောသွေးရောင်ပမာ။
အောက်ဖက်၌၊ စားပွဲရှည်နှင့်ထိုင်ခုံများရှိပြီး စားပွဲနှင့်ခုံကိုးလုံးကိုဒေါင်လိုက်နှင့်အလျားလိုက်သေသပ်စွာစီရီထားကာ စားပွဲတစ်လုံးစီပေါ်တွင်အရိုးဖယောင်းတိုင်တစ်တိုင်စီရှိနေပြီး ခပ်ဖျော့ဖျော့လောင်ကျွမ်းလျက်ရှိ၏။
မီးတောက်စိမ်းကားတောက်လောင်လျက်ရှိပြီး စားပွဲရှိစားသုံးသူများ၏မျက်နှာမှာလည်း ဆိုးဝါးဖွယ်အစိမ်းရောင်ဖြင့်ရောင်ပြန်ဟပ်နေပေသည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်မှာအလယ်ခေါင်တွင်ထိုင်နေကြခြင်းပင်။
ရှုလင်ကျားသည်သူ့မေးကိုရွှတ်နောက်နောက်ဖြင့်ထိလိုက်ကာ ကျင်းဖေးထုန်နားကပ်၍ အသံနိမ့်ဖြင့်မေးလိုက်၏။
"ရှစ်ရှုန်း? ဒါက--ဟွမ်ယန်နယ်မြေလား။"
သူ့ဘဝတွင်ပထမဆုံးအနေဖြင့်သူ့တွင်ကျီးပါးစပ်ရှိနေမှန်း ကျင်းဖေးထုန်သိလိုက်ရကာ တစ်အောင့်မျှဆွံ့အသွားရပြီး ရယ်သာရယ်မောလိုက်မိချေသည်။
___________________________________________
Advertisement
- In Serial33 Chapters
Sunflower : [A sunflower based litRPG]
Hello. I am a sunflower. Are you a sunflower too? Well, it doesn't really matter. Today is a calm day. The wind is warm. I do not know why I am alive, but do you want to look at the sun together with me? - I am a sunflower. [Updates Sundays]
8 236 - In Serial7 Chapters
Arcanum
For nine hundred years, the Arcanum has endured as the premier institution of higher magical education in the Kingdom of Renaitia. Its graduates maintain the Kingdom's sovereignty against demonic incursions from the Abyss, explore the Far Planes, push back against hordes of Outworlders seeking to claim dominion of the world of Ethore, and establish diplomatic relations with other civilisations across the Material Plane and beyond. Taelin Korr now enrolls in Quintus, one of the Arcanum's nine Colleges, and opens his eyes to new heights of magic. Though he may still be a fledgling student of little talent, through his years of study in the Arcanum, his name shall one day have its place alongside the greatest mages of legend. - - - This is a slow story that explores the life of a student in magical university.
8 143 - In Serial6 Chapters
The Witch Doctor
Story revolves around a boy named Agung. Who is an only survivor of his family because of a certain incident. Now he lives with his childhood friend Sarah in a town named Kendimadu. But now, his happiness just get crushed once again because of a demon invasion at his town. Will he survives it once again and lived to tell the tale?
8 132 - In Serial22 Chapters
Perfect Blood
In a world where ones' bloodlines decides one's fate. A cruel world that people with powerful blood lines are fated to rise to the top. While ones do not is stucked in a life full of pain, descrimination and miseries. Erhart Rain, a 18 years old teenager boy that is supposbly killed by poisionous gas during a lab experiment is given another chance to recarnate into this world along with three other 18 year olds charged with the role to change this unknown world. But instead of being recarnarted into a body with [Perfect Blood], a powerful mixed bloodlines of Dragons, Demons and Divine Warriors like the other three. Erhart is simply given the blood of a normal human. "How am i going to change this world like this? "
8 187 - In Serial24 Chapters
How it All Started... (Deku x Uraraka)*UNDER EDITING!*
. . . Midoriya x Uraraka. . .
8 136 - In Serial21 Chapters
Behind this mask 2.0 (Rottmnt Donnie)
!this story isn't entirely mine!Something happened to Donnie, no one knew what. One minute they were listening to Donnie yell the next they stood in the door way of horror. **Warning, may contain the following: Blood Cussing Mature scenes Self harm
8 88

