Advertisement
.
................................................................
ဤအခမ်းအနားမှာ မင်ရှောင်း၏အသက်ကိုလဲလှယ်မည့်ရှုလင်ကျားအတွက်ဖြစ်သည်။ အခမ်းအနားဆက်သွားနေသည်နှင့် နှစ်ဦးသားမှာပင်ကိုယ်အားဖြင့်ဆက်သွယ်ချက်ရှိလာမည်ပင်။ ငိုသံနှင့်တီးတိုးပြောသံကမင်ရှောင်းထံမှပို့လိုက်တာဖြစ်နိုင်သည်။
ရှုလင်ကျားရှေ့တိုးကာ သေချာနားထောင်ကြည့်လိုက်သော် တစ်ဖက်လူ၏"ဟင့်အင်း"၊ "ငါနောက်မဆုတ်ဘူး"အစရှိသဖြင့်စကားများပြောလာသည်ကို ဝေဝေဝါးဝါးသာကြားလိုက်ရပေမဲ့ စကားလုံးအနည်းငယ်မျှသာဖြစ်ကာ ကျန်ရှိသောစကားလုံးများမှာမူငိုသံဝူးဝူးဝူးထဲတွင်နစ်မြုပ်သွားပြီး ယင်းမှာလူတွေကိုသေစေနိုင်လုနီးပါးပင်။
သူအသံနိမ့်ဖြင့်မေးလိုက်သည်။
"ဘာလို့ငြင်းတာလဲ။"
တစ်ဖက်လူကားတစ်ခုခုပြောလာပုံပေါ်ပေမဲ့ မိန်းကလေးကလည်းတတိယမြောက်စာကြောင်းကိုဖတ်လိုက်ပြီးသားဖြစ်သည်။
"အဆင့်သုံး၊ သချိုင်းကခုံးသွားပြီး လူတွေနဲ့တစ္ဆေတွေကိုခွဲခြားဖို့ခက်ခဲတယ်။"
တစ္ဆေသရဲများဟာခွဲခြား၍မရနိုင်။ ယင်နှင့်ယန်ကားပေါင်းစည်းသွားပြီး သေဆုံးသွားခဲ့သောလူသေဝိညာဥ်များဟာနွေဦးဝါမှတစ်ဖန်ပြန်တက်လာကာ လူတွေ၏အသက်ကိုယူ၍ သက်ရှိလောကကြီးထံပြန်လာရန်စောင့်ဆိုင်းနေကြ၏။
အချိန်အားဖြင့် လေး၊ ငါးဆင့်သာလျှင်ကျန်တော့သည်။ --စာကြောင်းတစ်ကြောင်း။
စာချူပ်၏မမြင်နိုင်သောစွမ်းအားကလူတွေကို အရှေ့တိုးရန်တွန်းလာပေမဲ့ သူ့ရှေ့ရှိကျင်းဖေးထုန်မှာအလျင်စလိုမဖြစ်ဘဲ နှေးကွေးသောခြေလှမ်းများဖြင့်လျှောက်သွားသည်။
သူသည်စာချုပ်၏စွမ်းအားကိုသူ၏ကိုယ်ပိုင်ခွန်အားဖြင့်ဆန့်ကျင်ကာ သူ့ခြေလှမ်းကိုနှေးချ၍ ရှုလင်ကျားအတွက်အချိန်ဆွဲပေးနေ၏။
ကျင်းဖေးထုန်နောက်မှရှုလင်ကျားလိုက်သွားလိုက်ပြီး သူနောက်လှည့်မကြည့်ပေမဲ့ ဤအခိုက်အတန့်တွင် သူ့အနောက်ရှိထောင့်၌ပုံရိပ်တစ်ရိပ်ပေါ်လာသည်ကိုသူသိသည်။
နားထဲရှိတစ္ဆေ၏ငိုသံကပျောက်ကွယ်သွားပြီး တီးတိုးပြောသံကရှင်းလင်းပီသလာသည်။
"ငါ့ကိုမကယ်နဲ့... ငါက... ငါကတစ်စုံတစ်ယောက်ရဲ့အသက်ကိုလဲလှယ်ပြီးသေသွားခဲ့တာ... ငါအသက်ပြန်မရှင်လာနိုင်ဘူး... သူတို့လိမ်နေတာ၊ မင်းလဲလိုက်တာက...မအောင်မြင်ပဲသေသွားတဲ့ငါတို့ပါ..."
ကြည့်ရသည်မှာ သူကတစ်ယောက်ယောက်၏အသက်ကိုလဲလှယ်ရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပုံပင်။
ဒါပေမဲ့ သေပြီးသားလူတွေကပြန်ရှင်လာနိုင်တယ်လား။ ဒါကဘာစည်းမျဥ်းလဲ။
သူအရမ်းကိုတစ်သမတ်တည်းတွေးနေမိမှန်း ရှုလင်ကျားရုတ်ခြည်းသဘောပေါက်လိုက်သည်။
စာချုပ်ကားနှစ်ဦးနှစ်ဖက်စလုံးမှချုပ်ဆိုထားခြင်းဖြစ်ကာ စာချုပ်ကိုသူတို့ချိုးဖောက်၍မရပေမဲ့ သူတို့တည်ထားသောရိုးရာဓလေ့ကို သူတို့လိုက်နာရလိမ့်မည်။
အဓိကသော့ချက်ကား အတွေးအခေါ်နှင့်ပုံသေနည်းပင်ဖြစ်၏!
ထိုစဥ်၊ ကျင်းဖေးထုန်၌နောက်ဆုံးခြေလှမ်းတစ်လှမ်းသာလျှင်ကျန်ရှိတော့သည်။ ကောင်လေး၏မျက်နှာပေါ်ကအပြုံးမှာကျယ်ပြန့်သထက်ကျယ်ပြန့်လာသည်ကိုမြင်လိုက်ရရင်း မိန်းကလေး၏ပါးစပ်မှာအနည်းငယ်ဟလာကာ ရှုလင်ကျားကရုတ်တရက်ရွေ့ကာ အနောက်ဆုတ်လိုက်သည်။
ထိုအခိုက်၊ သူကျယ်လောင်စွာပြောလိုက်သည်။
"အဆင့်လေး၊ ကောင်းမြတ်သောယင်နဲ့ယန်၊ သေခြင်းနဲ့ရှင်ခြင်း!"
အခမ်းအနားတစ်ခုလုံးမှာဆန့်ကျင်ဖက်ပြောင်းလဲသွားပြီး ရှုလင်ကျား၏ပုံရိပ်ကရုတ်တရက်အနောက်ရွေ့သွားကာ ခုနကပေါ်လာသောအနက်ရောင်တွင်းပေါက်ကိုဆုပ်ကိုင်လိုက်သည်။ ဆန့်ကျင်ဖက်လားရာရှိအရိပ်မှာအနောက်ဖက်ကိုပြန်ရောက်သွားသည်။
ဤအချိန်၌ လေထဲတွင်တစ်ခုခုကွဲကြေသွားသည့်အသံထွက်ပေါ်လာပုံပေါ်ကာ အခန်းထဲ၌ပြည့်နှက်နေသောလေပြင်းပင်ထက်အောက်ပြောင်းပြန်ပြောင်းလဲသွားပြီး လေပြေလားရာပြောင်းသွားကာ "ဝူးဟူး"ဆိုသည့်ဟိန်းသံကိုပြုလုပ်လာသည်။
စက္ကူရုပ်ထုနှစ်ရုပ်မှာပြိုင်တူထိတ်လန့်သွားကြပြီး အော်မိလိုက်ကြသည်။
"မဖြစ်ဘူး! မဖြစ်ဘူး!"
ရှုလင်ကျားသည်သူ့ဓားကိုဆွဲထုတ်လိုက်ရာ အခန်း၏အစိမ်းရောင်အလင်းအောက်တွင် သူ၏ငွေရောင်ဓားရှည်ကတောက်ပစွာဖျတ်ခနဲလက်သွားပြီး နတ်ကွန်းတစ်ခုလုံးမှာဟက်တက်ခွဲခံလိုက်ရကာ နှစ်ခြမ်းကွဲသွားပြီး ဘမ်းခနဲမြည်သံနှင့်အတူမြေပြင်ပေါ်ကျသွားချေ၏။
ရှုလင်ကျားအေးစက်စွာပြောလိုက်သည်။
"ဘာဖြစ်လို့လဲ။"
နတ်ကွန်းပျက်စီးသွားသည်နှင့် စက္ကူရုပ်ထုနှစ်ရုပ်မှာကြောက်လန့်တကြားအော်လိုက်မိကြသည်။
အခန်းထဲရှိလူတိုင်းမှာတအံ့တသြဖြင့်အာမေဋိတ်သံပြုမိကြပြီး ပတ်ပတ်လည်ကိုလျှောက်ပြေးကာ ထွက်ပြေးရန်လုပ်မိကြပေမဲ့ ဘယ်ကိုသွားရမယ်မှန်းမသိကြပေ။
ကျင်းဖေးထုန်ကသူ့ခြေဖဝါးအောက်တွင်ဝေ့ဝဲလိုက်ပြီး လက်ညှိုးထိုးလိုက်ရာ ပတ်ဝန်းကျင်ရှိလေထုမှာသူ့လက်ချောင်းထိပ်တွင်စုစည်းသွားကာ ဓားရောင်ခြည်တန်းများစွာကမမြင်နိုင်စွာပေါက်ထွက်လာပြီး ပတ်ပတ်လည်တွင်ပျံ့ကြဲသွားတော့သည်။
ဤလှုပ်ရှားမှုကိုမြင်လိုက်ရရင်း ရှုလင်ကျား၏မျက်ဝန်းများကမသိမသာလက်သွားကာ လှည့်ကြည့်မိလိုက်သည်။
အရံအတားမှာချိုးဖောက်ခံလိုက်ရပြီး အပြင်ဖက်ရှိမိုးကောင်းကင်မှအလင်းခပ်ဖျော့ဖျော့ကိုဖော်ပြလျက်ရှိသည်။ ကျင်းဖေးထုန်ကရှုလင်ကျားကိုပြောသည်။
"မင်းဒီလူတွေကိုခေါ်သွားပြီး အရင်သွားနှင့်လိုက်၊ ကိုယ်ဒီနေရာကိုရှင်းလိုက်မယ်။"
အနက်ရောင်တွင်းပေါက်ကြီးကိုပြောခြင်းပင်။
သူ့ကျောပြင်ကိုရှုလင်ကျားတစ်အောင့်ကြာစိုက်ကြည့်နေမိပြီး မဖော်ပြနိုင်လောက်အောင်ပြုံးလိုက်ကာ အနောက်လှည့်လိုက်သည်။
လက်ရှိတွင် နေရာတစ်ခုလုံး၌ရှုပ်ပွလျက်ရှိပြီး သူတို့ထိုင်ခဲ့သောစားပွဲမှာမှောက်နေပြီဖြစ်သည်။ ရှုလင်ကျားသည်အောက်ကိုမတော်တဆစိုက်ကြည့်လိုက်မိပြီး စားပွဲအောက်တွင်အနီရောင်အဆောင်စာရွက်တစ်ရွက်ကပ်ထားသည်ကိုမြင်လိုက်ရရာ ယင်းကိုခွာလိုက်၏။
သူသည်၎င်းကိုတစ်အောင့်မျှကြည့်နေမိပြီး ဤအရာကအရမ်းကိုမိစ္ဆာဆန်သည်ဟုခံစားမိသည်။ သူကအဆောင်စာရွက်နီကိုဝတ်ရုံလက်ထဲထည့်ကာ အနောက်လှည့်လိုက်ပြီး ထိတ်လန့်နေသောလူအုပ်ကြီးကိုပြောလိုက်သည်။
"အားလုံးပဲ၊ ကျွန်တော်နဲ့အတူလိုက်ခဲ့ကြပါ။"
ရှုလင်ကျားသည်လူအုပ်ကိုဦးဆောင်ခေါ်ထုတ်သွား၏။
ယခုလေးတင်သူတို့ရှိနေခဲ့သောအခန်းမှာသေးငယ်ပုံပေါက်ပေမဲ့ နတ်ကွန်းအနောက်ရှိအနက်ရောင်တွင်းပေါက်မှာ အဆုံးမဲ့ကျယ်ဝန်းပုံပေါ်သည်။
ကျင်းဖေးထုန်အဝေးကိုလျှောက်လာခဲ့ရာ အရှေ့တွင်လမ်းဆုံးမရှိသည်ကိုမြင်လိုက်ရပြီး မြေပြင်ကပြားဝပ်ကာ သူ့အောက်ရှိမြေကြီးမှာမူမည်းနက်ကာ အနည်းငယ်စိုထိုင်းလျက်ရှိသည်။
လမ်း၏ဘေးနှစ်ဖက်စလုံးတွင် ပေါင်းပင်၊ မြက်ပင်များအစုလိုက်ကြီးထွားပေါက်ရောက်နေကြပြီး ၎င်းတို့ဟာနိမ့်ကျစွာ၊အရုပ်ဆိုးစွာဖြင့် မြေပြင်ပေါ်တွင်ဝပ်တွားခယနေကြပြီး အချိန်နှင့်အမျှယင်းတို့၏ခန္ဓာကိုယ်ကိုတွန့်လိမ်နေကြသည်မှာ အစာရှာနေသောပိုးတီကောင်များနှယ်။
အရှေ့ဆုံး၌ မီးခိုးများဖြင့်အုံ့ဆိုင်းဖုံးအုပ်လျက်ရှိသောမြို့တော်တစ်မြို့ရှိနေကာ မှုန်ဝါးဝါးရင်းနှီးနေမိပေမဲ့ သေချာမမြင်ရပေ။
ကျင်းဖေးထုန်သည်လွှင့်ခါနေသောဝတ်ရုံလက်ကျယ်တို့နှင့်အတူ အရှေ့ကိုခြေလှမ်းကျဲဖြင့်လျှောက်သွားလိုက်၏။ သူ့ခြေလှမ်းနောက်မှလိုက်၍ အရှိန်အဝါအနည်းငယ်မှာသူ့ဝတ်ရုံလက်ထဲမှထွက်လာကာ မြေပြင်ပေါ်ကျသွားတော့သည်။
အလင်းရောင်ကမြေကြီးကိုထိသွားပြီးမကြာမီတွင် ယင်းကားပျံ့နှံ့သွားပြီး မရေတွက်နိုင်သောငွေရောင်ပန်းပွင့်ကလေးများအဖြစ်သို့ပြောင်းလဲသွားကာ နယ်မြေတစ်ခုလုံးကိုဖုံးလွှမ်းသွားချေသည်။
ချက်ချင်းအလျှင်းပင်၊ ပွင့်ဖတ်များလွင့်မျောလာပြီး လေပြေနှင့်အတူရွေ့လျားလျက်ရှိကာ မြေပြင်ပေါ်ပြန်လည်ဆင်းသက်သွားပြီး မကြာမီတွင်ကြီးမားသောငွေရောင်ပန်းခင်းကြီးတစ်ခုဖြစ်လာကာ အောက်ဖက်ရှိမကောင်းသောယင်ဓာတ်တချို့ကိုတားဆီး၍ ကျန်းဖေးထုန်အတွက်လှပပြီးရှည်လျားသောပန်းခင်းလမ်းကို ခင်းကျင်းပေးလာသည်။
ကျင်းဖေးထုန်သည်ဖုန်မှုန့်စိုးစဥ်းမျှမထိဘဲ ပန်းပွင့်များပေါ်တွင်လျှောက်လာပြီး တစ်အောင့်မျှကြာသော် ကျယ်လောင်သောအော်သံတစ်သံကိုသူကြားလိုက်ရသည်။
"ဘယ်သူလာနေတာလဲ။ မြေအောက်လောကရဲ့လေထုကို ဘယ်လိုလုပ်ပြီးဖျက်ဆီးရဲတာလဲကွ?!"
ရပ်မြဲရပ်နေရင်းဖြင့်သူကြည့်လိုက်သည်။ ---လူတစ်စုကသူ့ဆီကိုအလျင်စလိုပြေးလာပြီး ယင်းတို့အားလုံးမှာမြေအောက်လောကသားအမှုထမ်းကဲ့သို့ဝတ်စားထား၏။
ကျင်းဖေးထုန်သူ့ဝတ်ရုံလက်ထဲကလက်မှတ်တစ်ခုထုတ်လိုက်သည်။ ထိုလူများနီးကပ်လာသည်ကိုမြင်လိုက်ရရင်း သူသည်ယင်းတို့မေးလာသည်ကိုစောင့်မနေတော့ဘဲ လက်မှတ်ကိုခါပြလိုက်၏။
ခုနကအော်လိုက်သောလူမှာအစကရန်လိုနေခဲ့ပေမဲ့ မမျှော်လင့်ထားစွာဖြင့် လက်မှတ်ပေါ်က"လောကကြီးကိုမေ့ပျောက်ခြင်း"ဟူသောစာလုံးကိုမြင်လိုက်ရပြီး အံ့သြတကြီးမေးလိုက်မိသည်။
"မင်းကပီလော့နန်းတော်ထဲကမေ့လျော့ခြင်းနယ်မြေရဲ့ကျင်းတျန်းဘုရားကျောင်းရဲ့အရှင်သခင်လား။ ဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ။"
သူ့ကိုထိုကဲ့သို့မြင်လိုက်ရင်း သူမသေသွားခဲ့သင့်ပေ။
ကျင်းဖေးထုန်ပြုံးကာမေးလိုက်သည်။
"ဒါကမြေအောက်လောကလား။"
မင်းကဒီကိုမင်းဘာသာမင်းရောက်လာပြီး မင်းကိုယ်တိုင်မသိဘူးလားဟ?
ယင်ဓာတ်ကွာခြားမှုကပို၍ပင်ထူးဆန်းလာကာ သူပြောလိုက်သည်။
"ဟုတ်တယ်။"
ကျင်းဖေးထုန်သက်ပြင်းချလိုက်သည်။
"ဒါဖြင့်ဒုက္ခပေးရတော့မှာပဲ။ ငရဲဘုရင်ကိုမင်းသတင်းပို့ပြီးသွားရင် အပြင်ကိုတစ်ချက်သွားစစ်ကြည့်လိုက်ပါအုံး-- မြေအောက်လောကနဲ့နေကဆက်သွယ်နေတယ်။"
ဤယင်ဓာတ်ကွာခြားမှုကိုမြင်လိုက်ရရင်း ဖန်ခိုင်ကျီ၏လူများ၏လုပ်ဆောင်မှုအပါအဝင်၊ ဤစားသောက်ဆိုင်ဟာဇုန်ဝူရှင်းချန်ရစ်ထားခဲ့သော မဏ္ဍိုင်များအနက်တစ်ခုဖြစ်ရမည်ဟု ကျင်းဖေးထုန်အခြေခံအားဖြင့်ဆုံးဖြတ်လိုက်မိသည်။
သူသည်ယင်နှင့်ယန်တို့၏လောကနှစ်ခုကိုဖွင့်ဟလိုက်သဖြင့် ထိုနေရာ၏ယင်နှင့်ယန်ဓာတ်မှာရောထွေးသွားလေရာ သေခြင်းနှင့်ရှင်ခြင်းကိုဝေခွဲမရဖြစ်သွားစေပြီး ယင်နှင့်ယန်ကိုအစားထိုးလိုက်သည့်အကျိုးသက်ရောက်မှုကအောင်မြင်သွားနိုင်၏။
နောက်ကျတော့ ဇုန်ဝူရှင်းဟာချိပ်ပိတ်ခံလိုက်ရသော်လည်း သူ့စွမ်းအင်မှာဤနေရာ၏တည်ရှိမှုကိုထောက်ပံ့နေဆဲပင်။ စွမ်းအားကဖြေးညှင်းစွာမှေးမှိန်လာခဲ့တာကြောင့်မဟုတ်ရင် စက္ကူရုပ်ထုနှစ်ရုပ်မှာပိုမိုခက်ထန်လိမ့်မည်ပင်။
ဇုန်ဝူရှင်း၏မူလရည်ရွယ်ချက်ကဘာမှန်း ကျင်းဖေးထုန်မသိပေမဲ့ သွမ့်ဟောင်ရန်ဘယ်နေရာမှာရှိနေလဲဆိုတာကို သူအကြမ်းဖျင်းခံစားမိသည်။
ထိုမြေအောက်လောကသားသည်ထိုကဲ့သို့အရာမျိုးကိုတစ်ခါမျှမတွေ့ခဲ့ဖူးပေ။ မြေအောက်လောကနှင့်နေလုံးကြားကဆက်သွယ်ချက်မှာ အလွန်အရေးကြီးသောဖြစ်ရပ်ပင်။ သင်သာဂရုမစိုက်လျှင် ယင်းကပြင်းထန်စွာအကျိုးဆက်များဖြစ်ပွားလာစေနိုင်သည်၊ သို့ဖြစ်ရာသူကူကယ်ရာမဲ့စွာဖြင့်ချွေးပြန်လာရသည်။
သူအလျင်စလိုပြောလိုက်သည်။
"ဒီနေရာကလူသူကင်းမဲ့ပြီးပျက်စီးနေပြီဆိုတော့ ဘယ်သူကမှဒီကိုနေ့တိုင်းမလာကြဘူး။ ဒီလိုအပေါက်မျိုးပေါ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူး။ ကျွန်တော့်ကိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"အရမ်းယဥ်ကျေးနေစရာမလိုပါဘူး။"
တစ်အောင့်ကြာပြီးသော် သတင်းပို့သူနောက်တစ်ယောက်ကခုနကစကားပြောလိုက်သည့်တစ်ယောက်ကိုမေးလိုက်သည်။
"ငါပြောတာက သူဘာလို့ထွက်သွားတာလဲ။ မင်းသူ့ကိုမတားလိုက်ဘူးလား။"
ထိုလူကသူ့အဖော်ကိုဗလာသက်သက်အကြည့်တစ်ချက်ပေးလိုက်သည်။
"ငါမလုပ်ရဲဘူး၊ မင်းဘာကြောင့်သူ့ကိုသွားမပြောတာလဲ။"
တစ်ဖက်လူကချောင်းဆိုးလိုက်သည်။
"ငါလည်းမပြောရဲဘူးလေ။"
ကျင်းဖေးထုန်သည်အစမှအဆုံးထိရည်ရည်မွန်မွန်ဖြင့်ယဥ်ကျေးသွားကာ သူ၏အဆင့်အတန်းကြောင့် တခြားသူများအပေါ်အထင်သေးမှုတစ်စုံတစ်ရာမျှမပြသသွားသော်လည်း သူ့တွင်ဤနေရာ၌ရပ်နေနိုင်သည့််အစွမ်းအစမျိုးရှိပြီး လူတစ်ယောက်ကိုသေစေနိုင်အောင်ပြုလုပ်နိုင်ချေ၏။ သို့ဖြစ်ရာ သူအမှားအယွင်းတစ်စုံတစ်ရာမပြုလုပ်ရဲပါပေ။
တစ်အောင့်ကြာသော် သတင်းပို့သူကပြောလာသည်။
"ထားလိုက်တော့၊ ကျင်းနန်းတော်အရှင်ကကျော်ကြားတဲ့မိသားစုကပဲလေ။ ပြီးတော့ သူကယဥ်ကျေးပြီး စဥ်းစားချင့်ချိန်တတ်တဲ့လူတစ်ယောက်ပဲ။ သူကငါတို့ကိုပြောပြသွားမှတော့ သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိလောက်ပါဘူး။ သူအခုပဲပြန်ထွက်သွားရင်ထွက်သွားမှာပါ။ နောက်မကျခင် အပေါက်ကိစ္စကိုသတင်းအရင်ပို့ပြီးတော့ ထပ်ပြီးသွားစစ်ဆေးကြည့်ရအောင်။ အဲ့ဒါကကိစ္စကြီးပဲကွ။"
ကျင်းဖေးထုန်သည်အရှေ့ကိုတစ်ဖန်ပြန်လျှောက်လာရင်း ရုတ်တရက်တန့်လိုက်မိကာ သူ့ရှေ့ရှိငွေရောင်ပန်းပွင့်ကပွင့်ဖတ်တစ်ဖက်ကကြွေသွားပြီး လေထဲတွင်လွင့်မျောနေသည်ကိုမြင်လိုက်ရသည်။ ပွင့်ဖတ်များကအလယ်ဗဟိုတစ်ဝိုက်တွင်လေပွေငယ်လေးတစ်ခုဖြစ်တည်နေပေသည်။
ကျင်းဖေးထုန်လက်ဖျောက်တီးလိုက်ရာ စိတ်ဝိညာဥ်အလင်းရောင်ပျံထွက်လာပြီး လေပွေငယ်ဆီသို့ရိုက်ခတ်သွားတော့သည်။ ပါးလွှာသောမြေပြင်ကရုတ်တရက်ကွဲအက်သွားပြီး အထဲရှိလှေကားထစ်များကိုထုတ်ပြလာသည်။ လှေကားထစ်များမှတဆင့်အောက်ဆင်းသွားလိုက်ရင်း အောက်ဖက်၌အသက်နှုတ်ယူခံလိုက်ရသော မရေတွက်နိုင်သည့်ဝိညာဥ်များရှိနေပေသည်။
သူဝင်သွားပြီးမကြာမီတွင် ကြီးမားသောကန်တစ်ကန်ကို ကျင်းဖေးထုန်မြင်လိုက်ရသည်။ ရေမှာအပြင်ဖက်သို့ပွက်ပွက်ဆူကာ ပူစီဖောင်းထလျက်ရှိသည်။ ရေကန်ထဲတွင် မရေတွက်နိုင်သောဝိညာဥ်များမှာရုန်းကန်ရင်း ငိုကြွေးရင်းဖြင့် ကြက်သီးထစေနိုင်သောကြောက်လန့်တကြားအော်သံများပြုလုက်လျက်ရှိ၏။
ခုနကသူမ၏သားအတွက်သေဆုံးသွားခဲ့သောဝူခွေ့နျန်ကို ရေကန်အစွန်းတွင် ကျင်းဖေးထုန်တွေ့လိုက်ရသည်။ သူမသည်ခုနကလေးတင်မှရောက်ရှိလာသည်မို့ သူမ၏ဝိညာဥ်ကိုယ်ထည်မှာသက်ရှိအသွင်ဖြစ်နေဆဲပင်။
သို့သော် ရေကန်ထဲတွင်စောစီးစွာရောက်ရှိနေခဲ့ကြသောဝိညာဥ်တချို့မှာမူ အရည်ပျော်နေသောနှင်းလူသားများကဲ့သို့ပင်ဖြစ်လာကာ ပုံသဏ္ဍန်မရှိ၊ ပုံပန်းသွင်ပြင်မရှိဘဲနှင့် ငိုယိုနေဆဲဖြစ်လေရာ နားထောင်ဖို့ရန်မစွမ်းသာပေ။
Advertisement
ရေကန်အထက်တွင်အဆက်မပြတ်လွင့်မျောလျက်ရှိသည့် ကျောက်သလင်းအလင်းစက်များမှာ ယင်းဘေးရှိကြီးမားသောသတ္ထုဒယ်စောက်အိုးကြီးထဲသို့ ပေါင်းထည့်ခံလိုက်ရသည်။
ဤလူတွေသည်အစကတည်းကမသေဆုံးခဲ့ရသည်မို့ ယင်းတို့သည်သက်ရှိဝိညာဥ်များဖြစ်နေသေးလေရာ ဝိညာဥ်များသာလျှင်ကျန်ခဲ့သော်လည်း သူတို့သည်ယန်စွမ်းအင်များပြည့်နေဆဲဖြစ်ကာ ဒယ်စောက်ထဲတွင်သန့်စင်ခံလိုက်ရသော အသက်ဓာတ်များမှာပြည့်လျှံနေပေသည်။
ဒါကိုဘယ်သူမှမစုတာဘယ်လောက်ကြာပြီမှန်းသူမသိပေ။
ကျင်းဖေးထုန်အပေါ်ပျံသန်းကာ နာကျင်စွာအော်ဟစ်နေကြသောဝိညာဥ်အပြည့်နှင့်ရေကန်ကိုခုန်ကျော်၍ ဒယ်စောက်ဘေးတွင်ဆင်းသက်လိုက်သည်။
ကျင်းဖေးထုန်သည်သူ၏လက်ချောင်းထိပ်ဖျားကိုဆန့်ကာ ၎င်းကိုညင်သာစွာထိကြည့်လိုက်၏။-- လျှံကျလျက်ရှိသောအလင်းစက်များအောက်တွင် သူ့နှလုံးသားထဲသို့စီးဆင်းလာသော မဖော်ပြနိုင်လောက်သည့်စွမ်းအင်နှင့်ယစ်မူးထုံဝေမှုကိုချက်ချင်းခံစားမိလိုက်သည်။
တစ်ကိုယ်လုံးပြေလျော့သွားကာ မဖော်ပြနိုင်လောက်အောင်သက်တောင့်သက်တာဖြစ်လာပြီး စွမ်းအင်အပြည့်ရှိနေပုံပေါ်ပေမဲ့လွှတ်ထုတ်စရာနေရာမရှိသဖြင့် အော်ဟစ်ပြီးကခုန်ချင်သည့်ပုံပင်။
ဤကားလူတိုင်းရဖို့မျှော်လင့်နေသောရတနာဖြစ်၏။ သို့သော် ကျန်းဖေးထုန်၏မျက်နှာမှာအလွန်တရာရွံရှာသောအကြည့်ထင်ဟပ်လျက်ရှိသည်။ သူသည်အလင်းစက်ကိုဝေးဝေးပစ်ထုတ်လိုက်မိကာ သူ့ဘာသာသူသန့်စင်မန္တာန်သုံးလိုက်ရုံနှင့်တင်မလုံလောက်ပေ။ သူလက်ကိုင်ပုဝါထုတ်ကာ သူ့လက်ကိုကြိမ်ဖန်များစွာထပ်ခါထပ်ခါသုတ်ပစ်လိုက်သည်။
အသက်ကားလူသားအားလုံး၏အခြေခံအကျဆုံးလိုအင်ဆန္ဒတစ်ခုဖြစ်သည်ပင်။ သို့သော် သူ့ကိုယစ်မူးစေနိုင်သောအရာရာတိုင်းကိုသူမနှစ်သက်မိပေ။ အခြားသူတို့၏ဝိညာဥ်ကိုယ်ထည်ကိုသန့်စင်၍ရလာသော ဤကဲ့သို့ယန်စွမ်းအင်မျိုးဆိုရင်ပြောမနေနှင့်တော့။ အရမ်းရွံစရာကောင်းလှသည်။
တကယ်တမ်းတွင် ဇုန်ဝူရှင်းကိုယ်၌ကပင် အခြားသောမိစ္ဆာများကိုဝါးမျိုခြင်းအားဖြင့် ကမ္ဘာမြေပေါ်သို့မွေးဖွားလာခဲ့ပေရာ ဒါကသူ၏လှည့်ကွက်ဟောင်းဟုပြော၍ရသည်။
ကိစ္စကားအလွန်ရှင်းလင်းပြီးသားပင်။ အစကတော့ သူယင်းကိုဖော်ထုတ်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ-- ဟွမ်ယန်ကထွက်ပေါ်လာပြီး ယင်နှင့်ယန်၏သေခြင်းနှင့်ရှင်ခြင်းကိုဆန္ဒရှိသလိုထိန်းချုပ်သွားခဲ့သည်။ သူကဤနေရာတွင်မရှိတော့သည့်တိုင် ထိုစက္ကူရုပ်ထုများကသူလုပ်ထားခြင်းဖြစ်ကာ ယင်းတို့မှာလူတွေအားဤအရာကိုလုပ်ရန်ဆွဲဆောင်နေဆဲပင်။ အထက်ပါပြန်လည်ရှင်သန်ခြင်းဟူသောအရာကား ရိုးရှင်းစွာဖြင့်ပရိယာယ်တစ်ခုဖြစ်၏။
ဤကိစ္စမှာမြေအောက်လောက၏အတည်ပြုခြင်းမခံခဲ့ရပေ။ အသက်ပြန်ရှင်လာသောလူများဟာလည်း အသိစိတ်ရှိရုံသာဖြစ်သည်။ သူတို့၏အသွေးအသားခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်းနှင့်အလောင်းကဲ့သို့ပုပ်သိုးသွားမည်ဖြစ်ကာ သူတို့ကြာရှည်စွာအသက်ရှင်လိမ့်မည်မဟုတ်။
သွမ့်ဟောင်ရန်ကဤနေရာကိုသတိထားမိသွားပြီး သူဘာကြောင့်ဝူချန်ဆီလာခဲ့လဲဆိုတာကို ကျင်းဖေးထုန်ခန့်မှန်းမိလိုက်သည်။
ကျင်းဖေးထုန်မျက်လုံးမှိတ်ကာ လက်နောက်ပစ်လျက်သားဖြင့် ဒယ်စောက်ရှေ့တွင်တစ်အောင့်မျှတိတ်တဆိတ်ရပ်ကာ ထို့နောက်ပြုံး၍ပြောလိုက်သည်။
"ဦးလေးသွမ့်ကအပုန်းအရှောင်တကယ်တော်တာပဲ၊ ဒီလိုနေရာမျိုးကိုတောင်ရှာပုန်းနိုင်တယ်။ ဦးလေးရဲ့ဒီတူလေးကဦးလေးနဲ့အတူရှိနေတာလေ။ ကျွန်တော်အလည်လာတဲ့ဟာကို ဦးလေးကဧည့်သည့်ကိုထွက်ပြီးဧည့်မခံဘူးလားဗျ။"
သူ့အသံကသိပ်မမြင့်ပေမဲ့ ထောင့်စွန်းတိုင်းကိုပျံ့နှံသွားပြီး နေရာလွတ်ကိုဖြတ်၍ပဲ့တင်သံအနည်းငယ်ထပ်သွားပေမဲ့ မည်သူကမျှပြန်မဖြေလာပေ။
ကျင်းဖေးထုန်ခေါင်းခါကာပြောလိုက်သည်။
"ဒါဖြင့် စိတ်မရှိပါနဲ့ဗျာ။"
ဒါကိုပြောလိုက်အပြီးတွင် သူ့လက်ဝါးကိုရုတ်တရက်ဝေ့ယမ်းလိုက်သည်!
ကျင်းဖေးထုန်၏လက်ဝါးကျင့်စဥ်မှာပန်းပွင့်နှင့်ဖုန်မှုန့်များကိုပွတ်သပ်နေသကဲ့သို့ပင်၊ ရှာတွေ့ရန်သဲလွန်စမရှိပုံပေါ်ပေမဲ့ လက်ဝါးကိုဆန့်ထုတ်ပြီးမကြာမီတွင် ပတ်ပတ်လည်၌လေလှိုင်းများလှုပ်ခတ်လာပြီး ကောင်းကင်ယံသို့ဟစ်ကြွေးလာရာ မြေပြင်မှာတုန်ခါသွားပြီး ရေကန်ထဲရှိရေမှာလည်ပတ်ကာဆန်တက်လာပြီးနောက် ဘမ်းခနဲမြည်သံနှင့်အတူရေကန်ပျက်စီးသွားတော့သည်။
ကျင်းဖေးထုန်သည်သူ့ပတ်ဝန်းကျင်ရှိကြီးမားသောလှုပ်ရှားမှုကို မကြားချင်ယောင်ဆောင်၍မရပ်တန့်ဘဲ ဒုတိယလက်ဝါးတစ်ချက်ကသူ့ဘေးရှိအလွန်အမင်းအဖိုးထိုက်တန်သောသတ္ထုဒယ်စောက်ကိုအစိတ်စိတ်အမွှာမွှာခွဲပစ်လိုက်၏။
ပွက်ပွက်ဆူနေသောရေများမှာနေရာတစ်ဝှမ်းတွင်ပျံ့ကြဲသွားပြီး အော်သံများကောင်းကင်ထက်တွင်ငိုကြွေးလျက်ရှိသည်။ သူသည်ဤအရှုပ်အထွေးထဲတွင်မတ်တပ်ရပ်နေပေမဲ့ အရာရာတိုင်းကသူ့ကိုမထိနိုင်ကြပေ။
ကျင်းဖေးထုန်အရှေ့ကိုခြေလှမ်းကျဲဖြင့်လျှောက်သွားလိုက်ပြီး ပျက်စီးသွားသောရေကန်ကိုတက်နင်းချကာ အောက်တံခါးဝမှဝင်သွားလိုက်ရာ အတွင်းရှိအလွန်သက်တောင့်သက်သာရှိကာ အဆင့်အတန်းကြွယ်ဝသောခန်းမတစ်ခုကိုသာလျှင်မြင်လိုက်ရပြီး စားပွဲ၊ ထိုင်ခုံ၊ အိပ်ရာကုတင်နှင့်တဲများအစုံအလင်ရှိနေလျက် တိတ်ဆိတ်ငြိမ်သက်နေပုံမှာ ထိုနေရာတွင်မည်သူမျှမရှိသည့်နှယ်။
ကျင်းဖေးထုန်သည်သူ၏ဝတ်ရုံလက်များကိုဝှေ့ရမ်းလိုက်ရာ အခန်းတွင်းရှိအရာရာတိုင်းမှာ ချက်ချင်းပျက်စီးသွားတော့သည်။
သူကားလူတိုင်း၏ရှေ့တွင်အမြဲတစေယဥ်ကျေးသိမ်မွေ့နေခဲ့ပေမဲ့ ဤတစ်ကြိမ်တွင်တော့ သူ၏အထက်စီးဆန်မောက်မာသောမျက်နှာကိုဖော်ပြလျက်ရှိကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ဦးလေးကမထွက်မှတော့ ကျွန်တော်ပဲလိုက်ရှာရတော့မှာပေါ့။ နည်းနည်းဆူညံတယ်ဆိုပေမဲ့ ကျွန်တော်မပင်ပန်းပါဘူးလေ။"
သူပြောရင်းဖြင့်သူလမ်းလျှောက်ဝင်လာဆဲဖြစ်ကာ ကြမ်းပြင်ကျောက်ပြားမှာသူ့ခြေဖဝါးအောက်တွင်ပျံ့ကြဲသွားသည်။ ထိုအခိုက်၊ နာကျည်းချက်အပြည့်နှင့်အားနည်းသောအသံတစ်သံကို သူနောက်ဆုံးတွင်ကြားလိုက်ရတော့သည်။
"နေအုံး! ငါဒီမှာရှိတယ်။"
ကျင်းဖေးထုန်ရပ်မြဲရပ်ကာ ဝတ်ရုံလက်ကိုအောက်ချ၍ ခပ်ဖွဖွပြုံးလိုက်မိသည်။
...
ရှုလင်ကျားသည်သာမန်လူများကိုအရံအတားအပြင်ဖက်ပို့ပေးလိုက်ပြီး သူတို့အိမ်ပြန်သွားသော် ဤအကြောင်းကိုဘယ်သူ့ကိုမျှမပြောပြရန်မှာလိုက်၏။
ဤလူများဟာဤနေရာကိုလာရဲကြပြီး အစကတော့သူတို့အတွက်အရေးကြီးသောလူကိုကယ်တင်ချင်သည့်ရည်ရွယ်ချက်နှင့်ဖြစ်ကာ ဤကဲ့သို့ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းသောအရာများစွာကိုသက်သေခံပေးရလိမ့်မည်ဟုမမျှော်လင့်ထားမိပေရာ ရေအေးတစ်ပုံးလောင်းချခံလိုက်သည့်အလား ကျောချမ်းသွားကြသည်။
ထို့အပြင်၊ မွေးဖွားခြင်း၊ အသက်ကြီးရင့်ခြင်း၊ အနာရောဂါနှင့်သေခြင်းတရားတို့ကား လောကကြီးထဲတွင်ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသည်ပင်။ ဤကဲ့သို့မှော်အတတ်မျိုးကကောင်းကင်ဘုံကိုဆန့်ကျင်နေပေရာ ယင်းကတကယ်ပဲယုံကြည်စိတ်ချ၍ရနိုင်မည်လား။
ယခုလေးတင်ဖြစ်ပျက်သွားသည်များနောက်၌၊ ဤလူတွေသည်ရှုလင်ကျားအားမသေမျိုးအဖြစ်ယူဆလိုက်ကြသဖြင့် သူတို့သည်ပင်ကိုယ်အားဖြင့် သူ့စကားကိုနားမထောင်ဘဲမနေရဲကြပေ၊ သူတို့အသက်ကိုလဲလှယ်မည့်အတွေးမှာလည်းတစ်ဝက်မျှလျော့ကျသွားပေရာ သူတို့သဘောတူလက်ခံလိုက်ကြသည်။
ထို့နောက်မှသာလျှင်၊ သူခေါ်ထုတ်လာခဲ့သော တောက်ပပျော့ပြောင်းသည့်ဝိညာဥ်ကိုယ်ထည်ကို သူကြည့်လိုက်တော့သည်။ တစ်ဖက်လူ၏မျက်ဝန်းတစ်စုံကမှိတ်လျက်ရှိပြီး တစ်ကိုယ်လုံးမှာလည်းဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရရင်း သူ့လက်ချောင်းထိပ်တွင်စိတ်ဝိညာဥ်စွမ်းအားကိုစုစည်းကာ ယင်း၏မျက်ခုံးနှစ်ဖက်ကြားနေရာကိုခပ်ဖွဖွထိ၍ ပြောလိုက်သည်။
"မင်သခင်လေး? မင်သခင်လေး?"
တစ်အောင့်ကြာသော် မင်ရှောင်းကမျက်လုံးဖွင့်လာပြီး ပတ်ပတ်လည်ကိုဗလာနတ္ထိကြည့်လာသည်။
စနစ်ကထွက်ပေါ်လာကာတာဝန်တစ်ခုပေးလာသည်။
[တင်! အရံဇာတ်ကောင်ကိုကောက်ရခြင်း: မြေခွေးမျိုးနွယ်စုသခင်လေး၏လူစားထိုး။
ကျပန်းတာဝန်: အရံဇာတ်ကောင်တွေကိုကယ်တင်ပြီးတော့ မိတ်ဆွေဆက်ဆံရေးတန်ဖိုးနဲ့ဇာတ်ကြောင်းပါဝင်မှုကိုတိုးတက်အောင်လုပ်ပြီး ဇာတ်ကောင်အဆင့်ကိုတိုးမြှင့်ပြီးတော့ ပြီးပြည့်စုံတဲ့ဇာတ်ကောင်နောက်ခံအသိုင်းအဝိုင်းကိုဖြည့်စွက်လိုက်ပါ။]
ရှုလင်ကျားပြောလိုက်သည်။
"ဇာတ်ကောင်နောက်ခံအသိုင်းအဝိုင်း? မင်းဆိုလိုတာက ငါ့ဇာတ်ကောင်အဆင့်မြင့်လာရင် ငါလင်ရှောင်းဂိုဏ်းကိုမလာခင်တုန်းကကိစ္စတချို့ကို ငါပြန်မှတ်မိလာနိုင်တယ်ပေါ့လေ၊ ဟုတ််တယ်မလား။"
[အမြှောက်စာဇာတ်ကောင်ကပြည့်စုံတဲ့နောက်ခံအသိုင်းအဝိုင်းအချက်အလက်ရှိဖို့မတန်ပါဘူး။ ဇာတ်ကောင်အဆင့်မြှင့်လာတဲ့အခါကျရင် ဇာတ်ကြောင်းအပေါ်လွှမ်းမိုးမှုမြင့်တက်လာပြီးတော့ ဇာတ်ကောင်နောက်ခံအသိုင်းအဝိုင်းကအလိုလိုအဖြည့်ခံလိုက်ရမှာပါ။]
ရှုလင်ကျားသည်မင်ရှောင်း၏ပုခုံးကိုပုတ်ကာပြောလိုက်၏။
"မင်သခင်လေး၊ ကျွန်တော့်အသံကြားရလား။ ကျွန်တော့်နာမည်ကရှုလင်ကျား၊ ကျွန်တော်ကအကြီးအကဲချန်နဥ်ရဲ့မိတ်ဆွေပါ။ မင်းဒီလိုဘယ်လိုလုပ်လိုက်တာလဲ၊ မင်းတောင့်ထားနိုင်ရဲ့လား။"
မင်ရှောင်းသူ့ကိုမှတ်မိသွားသည်။
"ခင်ဗျားက...ခုနကကျွန်တော့်ကိုအစားထိုးမလို့လုပ်တဲ့အစ်ကိုလား။"
"ရှုသခင်လေး၊ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်ဒါကိုလုပ်ဖို့ကိုယ့်ဘာသာကိုယ်ရွေးချယ်ခဲ့တာပါ။ ဘယ်သူမှတွန်းအားပေးခဲ့တာမဟုတ်တာမို့ အစ်ကိုကျွန်တော့်ကိုစိုးရိမ်စရာမလိုပါဘူး။"
အစောပိုင်းတုန်းကသူနှင့်စက္ကူရုပ်ထုနှစ်ရုပ်ပြောခဲ့သည်ကို ရှုလင်ကျားသတိရသွားသည်။ မင်ရှောင်းကတစ်စုံတစ်ယောက်၏အသက်ကိုလဲလှယ်ရန်သေဆုံးသွားခဲ့သည်ပင်။
ထို့နောက်သူပြောလိုက်သည်။
"ကျွန်တော်မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ မင်းအသက်ကိုလဲလှယ်တဲ့ကိစ္စကတော့ တကယ့်ကိုမခန့်မှန်းရဲလောက်အောင်ပဲ။ ကျွန်တော်မေးခွန်းတစ်ခုလောက်ပိုမေးပါရစေ၊ အခမ်းအနားရဲ့စည်းမျဥ်းနဲ့စာချုပ်ကတကယ်ပဲအစွမ်းအရမ်းထက်တာလား။ သာမန်လူတွေကဒါကိုမတောင့်ခံနိုင်ကြဘူးလေ၊ ဒီလောက်ပါပဲ။ မင်သခင်လေးအရမ်းရှက်နေလောက်ပေမဲ့ အခြားလျို့ဝှက်ပူးပေါင်းမှုကဘာများလဲ။"
မင်ရှောင်းချောင်းဆိုးကာပြောလိုက်သည်။
"ဘာလျို့ဝှက်ကြံစည်မှုမရှိဘူး။ အဲ့ဒါကစွမ်းအားကြီးလွန်းတော့ ကျွန်တော်တောင့်မခံနိုင်မိရုံပါပဲ။"
ရှုလင်ကျား: "..."
မင်ရှောင်းကသူ့ကိုရိုးသားစွာပြောလာသည်။
"ကျွန်တော်လေ့ကျင့်ခဲ့တဲ့အရင်းနှီးဆုံးမန္တာန်က အသွင်ပြောင်းကျင့်စဥ်ပဲ၊ မြေခွေးအသွင်ကလူသားပုံစံပြောင်းတယ်၊ ပြီးတော့မြေခွေးပုံစံပြန်ပြောင်းတာလေ။"
ရှုလင်ကျား: "..."
မတိုင်ခင်တုန်းကသူလျို့ဝှက်နယ်မြေထဲတွင်ရှိနေခဲ့ရသည့်အကြောင်းရင်းကို သူရုတ်တရက်နားလည်သွားရသည်။ သူတို့စတိုက်ခိုက်တုန်းက မြေခွေးလူသားများဟာကောင်းကင်ပေါ်ကဆန်းကြယ်မှုကျလာသကဲ့သို့ အံ့အားသင့်သောမျက်နှာအမူအရာကိုဖော်ပြလျက်ရှိကြသည်။
ဖြစ်စဥ်မှာ ယခင်ကနဦးအယောင်ဆောင်က...တကယ်တော့ အနည်းငယ်...ချာတူးလန်နေခြင်းဖြစ်သည်ပင်။
___________________________________________
တကယ်တော့မနေ့ကတည်းကတင်ပေးမလို့။ ရေးလည်းပြီးရော၊ဖုန်းအားလည်းကုန်၊မီးလည်းလာတာနဲ့ ဖုန်းအားသွင်းလိုက်တာ တင်ပေးဖို့မေ့သွားလို့ရယ်။
________________________________
!zawgyi!
.................................................................
Advertisement
- In Serial24 Chapters
Core and Guide
A story about the awakening, and subsequent life, of an ordinary Dungeon Core. Along with a Guide, their only goal is to survive long enough to become the greatest Dungeon. How can an ordinary Core accomplish this when facing off against the world's ‘chosen’? Those who rush to his home for riches, glory, and everything in between. This Core knows one thing, though. Not every Two-legged freak that walks into their Dungeon can be a Hero. Authors Note - This will be my first attempt at writing, and any criticism is welcome. If you see any grammatical mistakes please let me know. I hope you have as much fun reading this as I will writing it.
8 145 - In Serial6 Chapters
The Immortals' Poison
Immortals, gods, devils. All of them have escaped the grasp of time and transcended the limits of mortality. Existences that can see a bug on a leaf thousands of miles away, beings who can create and destroy on a whim, entities of such awe-striking power that you can only tremble and await your demise. Reality is at their will. However, there is one thing that makes them cower in fear, a creation of utter darkness and endless malice: The Immortals' Poison. Said to be the soul of The First Dragon mixed with the remains of the dead Arch Pheonix, two items which shouldn't even be possible to gather. It is a sentient poison capable of killing anything it infects, giving the afflicted being, whether mortal or immortal, exactly 50 days to live. One day, the High God of Light, king of the gods, was afflicted with the poison. It caused the entire god realm to be panic-stricken. Searching for any cure to this legendary poison, they found one against all odds. For locked away deep in the forbidden archives, there was a sinister method of removing the infernal poison. The way they found was quite terrible. It was to find someone with a magnificent destiny and transplant the poison to this someone with a magnificent destiny, thereby going against fate, which is something the poison loves. However, he chose the wrong person to use, and now... The reckoning is coming. cover art isn't mine, all rights go to the artist etc.
8 126 - In Serial6 Chapters
True Mana Sovereign
The life wasn't nice to Daniel Taylor - it tried to make him miserable, make him give up and destroy his will. But he fought back, fought back and won. For the sake of the ones he cared about, the ones he loved and cherished. He thought that, at last, he can relax, that the happiness will last. It didn't. Betrayed by his closest, despaired from hopelessness, confused from impossibility and raged from everything, he died in a way he could never expect, could never fathom... could never forgive. He started to hate the world, hate humanity, and even himself. His burning anger and his dark hatred didn't leave him even when he was reborn anew - in the world of mana - the source of magic, of unlimited power. The power he will get for himself, to be above anyone else. Not to protect. Not to bring justice. Just to be. Cover- Image by kalhh from Pixabay
8 145 - In Serial23 Chapters
Sting Them to Death
Waking up as a scorpion was weird enough, but things got even weirder when giant boxes start appearing.
8 208 - In Serial31 Chapters
Battle School
A group of teenagers ripe with talent and passion try their best to prove themselves to the system of a military battle school. But what they fight for may never end up being right. After things go down at the battle school these teens are forced to grow up fast in order to stop a war.
8 213 - In Serial23 Chapters
It's cause I'm a genius
The story of a college kid who would go from being bored to standing at the top of all worlds. Going through the journey of wrecking the capitalist society and surviving a zombie apocalypse as well as discovering the ancient secrets to cultivation, journeying through the various different worlds and saving humanity along the way..... Just for fun. Current schedule : 3 chapters per week: actually it's gonna be a bit more as I plan to release a chapter on the even days of the month. Meaning usually there will be 3 chapters a week, there will be weeks with 4 chapters. Anyway it's just easier that way to set the timer for the chapter releases Disclaimer: This is a work of fiction and any characters or events that might resemble something in reality is a coincidence that's weirder than krillen beating jiren. Have fun
8 133