《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၃] လေနှင့်လ|ေလႏွင့္လ
Advertisement
"ရှုလင်ကျားပြောတာအမှန်ပဲ!"
........................................................................
အသွင်သာပြောင်းတတ်သည့်အသုံးမဝင်သောမြေခွေးတစ်ကောင်အနေဖြင့် သူကိုယ်သူကာကွယ်ရန်စွမ်းအားမရှိပေ။
ရှုလင်ကျားသည်မင်ရှောင်း၏ဝိညာဥ်ကိုယ်ထည်ကိုစစ်ဆေးကြည့်လိုက်ရာ ယင်းကအကောင်းပကတိရှိနေသေးသော်လည်း ယန်ဓာတ်အများအပြားဆုံးရှုံးထားမှုကြောင့် အနည်းငယ်အားနည်းနေသည်ကို ခံစားမိလိုက်၏။
ယခုတွင်သူယိမ်းယိုင်နေပုံမှာ အချိန်မရွေးလေနှင့်လွင့်ပါသွားတော့မည့်နှယ်။ သူ့ကိုကယ်၍ရ၊မရတော့ ရှုလင်ကျားမသိပေ။
လမ်းမပေါ်ကပန်းရောင်ဝတ်ရုံနှင့်မိန်းကလေး၏စကားများကို ရှုလင်ကျားသတိရသွားပြီး မင်ရှောင်း၏အလောင်းကဤအချိန်တွင်ချင်းချိုးထံသို့ ပြန်လည်ယူဆောင်ခံသွားရကြောင်းသူသိသည်။ ယခုတွင်တစ်ခုတည်းသောနည်းလမ်းကား သူ့ဝိညာဥ်ကိုအတူပြန်ပို့ပေးရန်ဖြစ်သည်။ ပြန်ကောင်းလာနိုင်မလားကြည့်ရသေးတာပေါ့။
စနစ်မှပေးလာသောတာဝန်မရှိသည့်တိုင် ဒါကချန်နျဥ်၏မျိုးနွယ်စုဖြစ်လေရာ သူယင်းကိုအရေးစိုက်ရပေလိမ့်မည်။
ရှုလင်ကျားပြောလိုက်သည်။
"မင်သခင်လေး၊ ဒါဖြင့် ကျွန်တော်မင်းကိုအခုပဲဝိညာဥ်အိတ်ထဲထည့်ပြီး ချင်းချိုးဆီပြန်ပို့ပေး..."
သူစကားပြော၍မပြီးသေးမီ ကောင်းကင်အပြင်ဖက်မှလာပုံပေါ်သောသိမ်မွေ့သည့််အသံကိုကြားလိုက်ရကာ ယင်းကမညီမညာစွာပေါ်ထွက်လျက်ရှိသည်။
ချက်ချင်းပင်မြောက်ဖက်ရှိတောက်ပသောမိုးကောင်းကင်အောက်၌ ဆန်းကြယ်သောအားတစ်ခုကရိုက်ခတ်သွားပြီး ခုနကရှုလင်ကျားနှင့်အခြားသူများထွက်လာခဲ့ကြသည့် သိပ်မဝေးသောနေရာမှစားသောက်ဆိုင်ပေါ်တည့်တည့်မတ်မတ်ကျရောက်သွားသည်။
ဤလှုပ်ရှားမှုတိုက်ကွက်ကားတကယ့်ကို နိုင်ထက်မင်းထက်ဆန်စွာနှင့်လွှမ်းမိုးခြယ်လှယ်လိုဟန်ရှိပေမဲ့ ယင်းကိုဘယ်သူလုပ်လိုက်မှန်းသူမသိပေ။
ရှုလင်ကျားသည်သူ့ခါးကိုဖိထားကာ ဓားအိမ်ထဲမှဓားကိုဆွဲထုတ်ရန်ပြင်လိုက်ချိန်တွင် ဓားစွမ်းအင်တစ်ခုကသူ့ခန္ဓာကိုယ်ကိုဖြတ်၍ဝေ့ဝဲသွားကာ ယင်းကသူနှင့်ထိပ်တိုက်တွေ့ဆုံသွားချေ၏။
ချက်ချင်းပင်၊ ကျင်းဖေးထုန်ကစားသောက်ဆိုင်ထဲမှပျံထွက်လာပြီး ရှုလင်ကျား၏နံဘေးတွင်ဆင်းသက်လိုက်စဥ် မျက်လုံးမှေးစင်း၍ ကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။
ဤရှုထောင့်မှနေ၍သူ့ကိုကြည့်လိုက်သော် ကျင်းဖေးထုန်၏ဘေးတိုက်မျက်နှာကောက်ကြောင်းမှာ အေးစက်ကာဇောင်းကြွလျက်ရှိသည်။
သွမ့်ဟောင်ရန်မှာသူဖမ်းတာခံလာရပြီး တစ်ကိုယ်လုံးကိုရွှေကြိုးဖြင့်ချုပ်နှောင်ခံထားရကာ ဘေးတွင်ပစ်ထုတ်ခံထားရပေသည်။
ဝေမုန့်ကဒါကိုမြင်သွားပြီး ဓားအိမ်ထဲတွင်မြည်ဟည်းလာသည်။ ရှုလင်ကျားက၎င်းကိုပုတ်ပေး၍ အနည်းငယ်နှစ်သိမ့်ပေးလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
မှိန်ဖျော့ဖျော့လရောင်အောက်တွင် ရွှေရောင်အလင်းတန်းတစ်ခုပေါက်ထွက်လာပြီး တိမ်တိုက်များမှာဒေါသထွက်နေသည့်နှယ် ရဲရဲနီလျက်ရှိသည်။ ထို့နောက်ကျင်းဖေးထုန်၏ဓားစွမ်းအင်ကတိမ်တိုက်ကန့်လန့်ကာကိုနှစ်ခြမ်းခွဲလိုက်ပြီး ယင်းကိုတည့်မတ်စွာတွန်းထုတ်ပစ်လိုက်သည်။
အသံရပ်တန့်သွားချေသည်။
ချက်ချင်းအလျှင်းပင်၊ တိမ်တိုက်ကန့်လန့်ကာမှာလုံးဝပျောက်ကွယ်သွားပြီး ခြေရှစ်ချောင်းပါထမ်းစင်တစ်ခုကကောင်းကင်ယံမှထွက်ကျလာကာ လမ်းလယ်ခေါင်၌တန့်သွားတော့သည်။
ထမ်းစင်၏ကန့်လန့်ကာမှာပင့်မခံလိုက်ရပြီး နန်းတွင်းဝတ်ရုံဖြင့်လူငယ်တစ်ယောက်ထွက်လာသည်။
သူ၏မူလမျက်နှာသွင်ပြင်ကားအလွန်တရာချောမောလှပေမဲ့ ဖီးနစ်မျက်ဝန်းတစ်စုံနှင့်ပေါင်းစပ်လိုက်ရာ လူတစ်ယောက်လုံးကအနည်းငယ်ပေါ့ရွတ်ရွှတ်နိုင်ပုံပေါက်သည်။
သူအပြင်ထွက်လာပြီးမကြာမီတွင် သူကပြုံး၍ကျင်းဖေးထုန်ကိုပြောလာသည်။
"တကယ်ရက်စက်လိုက်တာကွာ။"
ကျင်းဖေးထုန်ကလည်းခပ်ဖွဖွပြုံးကာပြောလိုက်သည်။
"လူတစ်ယောက်ကခပ်လျိုလျိုနဲ့ရိုးသားတဲ့ဘဝမှာအသက်ရှင်နေထိုင်နိုင်လို့ရှိရင် အရိုက်ခံရတာတော်တော်လေးလျော့သွားမှာပါ။"
သူခေါင်းလှည့်ကာ ရှုလင်ကျားကိုမိတ်ဆက်ပေးလိုက်သည်။
"ဒါကယွဲ့ထောင်၊ ပီလော့နန်းတော်ရဲ့မုန့်ရှန်းနန်းတော်အရှင်။"
ပီလော့နန်းတော်၏လက်အောက်ရှိနန်းတော်ဆယ်ခု။
ကျင်းဖေးထုန်သည်ဝမ့်ရှီနန်းတော်၏အရှင်သခင်ဖြစ်ပေရာ သူ့ကိုသိသည်မှာမဆန်း။
ပီလော့နန်းတော်ကားထူးခြားဆန်းကြယ်ကာ ကြိုတင်မှန်းဆ၍မရနိုင်၊ ကြီးမားသောစွမ်းအားနှင့်အတူ ဖြောင့်မတ်မှန်ကန်သကဲ့သို့ မိစ္ဆာလည်းဆန်ပေ၏။ နန်းတော်အရှင်သခင်ဆယ်ဦးတွင် ၎င်းတို့၏ကိုယ်ပိုင်ဇစ်မြစ်ရှိပေရာ ၎င်းတို့မှာရိုးရှင်းသောသူများမဟုတ်ကြပါချေ။
ထို့အပြင် ၎င်းနန်းတော်အရှင်သည်လူထုရှေ့တွင်ဘယ်သောအခါမှပေါ်လာလေ့မရှိပေ။ သူ့တွင်ကောင်းကင်နှင့်မြေကြီးကိုထိုးဖောက်နိုင်သောစွမ်းရှည်ရှိကာ ကျင့်ကြံရေးလောက၌အလွန်ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်သည်ဟူသော ကောလဟာလများရှိပေသည်။
ရှုလင်ကျားသည်ယွဲ့ထောင်ကိုတစ်ခါမျှမမြင်ဖူးသော်လည်း ဤမုန့်ရှန်းနန်းတော်အရှင်နှင့်ပတ်သတ်၍ ကောလဟာလတချို့ကြားဖူးခဲ့ပြီး သူဟာမိစ္ဆာမျိုးနွယ်စုတွင်မွေးဖွားခဲ့သည်ဟုဝေဝါးဝါးကြားဖူးခဲ့ကာ သူ၏နောက်ခံအသိုင်းအဝိုင်းမှာလည်းအတော်လေးထူးခြားကာ အစွမ်းထက်လွန်းသဖြင့် သူဟာနန်းတော်ဆယ်ခုထဲတွင် ထိပ်ဆုံးအဆင့်အဖြစ်သတ်မှတ်၍ရနိုင်၏။
သို့သော် ယွဲ့ထောင်သည်စကားများသောလူတစ်ယောက်ဖြစ်ပြီး ဟိုဟိုဒီဒီလျှောက်သွားလေ့ရှိရာ အပြင်ဖက်ရှိသူ၏ဂုဏ်သတင်းမှာသိပ်ကောင်းလှသည်မဟုတ်။
တကယ်တမ်းတွင် ပီလော့နန်းတော်ကားအလုံးစုံကောင်းမြတ်လှသည်မဟုတ်၊ နန်းတော်အရှင်သခင်ဆယ်ဦးတွင် ကိုယ်ပိုင်ထူးခြားချက်များရှိကြသည်။ ဖြစ်နိုင်တာကတော့...
ဘယ်နေရာသွားသွားချီးကျူးမြှောက်ပင့်ခံရကာ "အပြစ်အနာအဆာမရှိ"ဟုလူသိများသော ကျင်းဖေးထုန်သာလျှင် ခြွင်းချက်တစ်ခုဖြစ်ပုံရသည်။
ကျင်းဖေးထုန်သည်ရှုလင်ကျားမည်သူဖြစ်ကြောင်းကို ယွဲ့ထောင်ထံတစ်ဖန်ပြောပြလိုက်ရာ ယွဲ့ထောင်ကရှုလင်ကျားကိုအကြိမ်အနည်းငယ်ကြည့်လာပြီး သူ့မျက်လုံးထဲတွင်အံ့သြမှုတစ်ချက်ဖြတ်ပြေးသွားချေသည်။
သူကဆိုသည်။
"မြင်ခြင်းဟာကြားခြင်းထက်အဆတစ်ရာပိုကောင်းတယ်ဆိုပြီးပြောကြတယ်။ မင်းကလူကြီးမင်းရှုဖြစ်ရမယ်၊ မင်းကတကယ်လှပ...အဟမ်း၊ မဟုတ်ပါဘူး၊ မင်းကအရမ်းခန့်ညားပြီးတော့ မင်းရဲ့လက်နက်ကလည်းသာမန်ထက်ထူးခြားတယ်။ တကယ့်ကိုရင်သပ်ရှုမောစရာပါပဲလား။"
သူကမင်ရှောင်းကိုတစ်ဖန်ညွှန်ပြလိုက်သည်။
"စကားမစပ်၊ ကိုယ်ကမြေခွေးမျိုးနွယ်စုရဲ့မျက်နှာသာပေးမှုကိုအကြွေးတင်နေတာမို့ သခင်လေးမင်ရှောင်းကိုကယ်ဖို့လာခဲ့တာ။ ခြေတစ်လှမ်းနောက်ကျသွားမယ်လို့မထင်ထားမိဘူး။ ကိုယ်တကယ်နောက်ကျသွားတာပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"အရမ်းယဥ်ကျေးနေစရာမလိုပါဘူး၊ ယွဲ့နန်းတော်အရှင်။"
"ဒါဆို..."
ယွဲ့ထောင်ကအနည်းငယ်သူ့နားကပ်၍မေးလာသည်။
"ကိုယ်သခင်လေးရဲ့ဒဏ်ရာကိုကြည့်လို့ရမလား။"
ရှုလင်ကျားဘာမှမပြောရသေးမီ သူ့ကိုတစ်ချိန်လုံးအမှီပြုနေခဲ့သောမင်ရှောင်းကပြောလာသည်။
"ဟင့်အင်း၊ မလိုဘူး၊ မစိုးရိမ်ပါနဲ့။ ခင်ဗျားကျွန်တော့်ကိုတကယ်စိုးရိမ်ဖို့မလိုပါဘူး။"
ယွဲ့ထောင်ပြုံးကာပြောလိုက်သည်။
"မင်သခင်လေးခင်ဗျ၊ မင်းခုခံနေရင်တောင်မှ အခုမင်းရဲ့ဝိညာဥ်ကယန်ဓာတ်အများကြီးဆုံးရှုံးထားတာကို ကိုယ်မြင်ရတယ်ရယ်။ အဲ့ဒါကအချိန်မရွေးကုန်သွားနိုင်တယ်နော်။ တကယ်လို့ မင်းက မင်းရဲ့ကိုယ်ထဲမှာအမြှီးကိုးချောင်းမြေခွေးမျိုးနွယ်စုသွေးမရှိတဲ့ သာမန်လူတစ်ယောက်သာဆိုရင် မင်းသေသွားတာကြာလှပြီ၊ ပြန်လည်ဝင်စားနိုင်တောင်မှာတောင်မဟုတ်ဘူး။ မင်းကမိန်းမတစ်ယောက်လှည့်စားတာခံလိုက်ရတာလေ။ မင်းအသုံးမကျသလိုမခံစားရဘူးလား။"
သူပြောတာကိုနားထောင်ရသည်မှာ မသိရင်သူကအတွင်းလူဖြစ်နေတဲ့အတိုင်းပင်။
မင်ရှောင်းဒေါသတကြီးပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာ၊ ကျွန်တော်အလိမ်မခံရဘူး!"
ယွဲ့ထောင်ကဆိုသည်။
"တကယ်လား။"
ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့နားလည်မှုလွဲမှားမည်ကို မင်ရှောင်းစိုးရိမ်မိသဖြင့် သူတို့ကိုရှင်းပြလိုက်ရသည်။
"သူပြောသလိုမဟုတ်ဘူး။ ကျွန်တော်မိန်းကလေးတစ်ယောက်ကိုသဘောကျသွားလို့ပါ။ သူမရဲ့မိဘတွေကငယ်ငယ်လေးကတည်းကသူမမောင်လေးကိုပဲချစ်ပြီး သူမကိုအရမ်းဆိုးဆိုးဝါးဝါးဆက်ဆံကြတယ်လေ။ သူမမောင်လေးကပြင်းထန်တဲ့ရောဂါနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့တွေကသူမအသက်ကိုလဲပြီးသူ့ကိုကယ်တင်စေချင်ကြတယ်။ ကျွန်တော်အဲ့ဒါကိုမြင်လိုက်ရတော့ သူ့မောင်လေးပြန်ရှင်သန်လာဖို့ သူမအစားကျွန်တော်ဝင်ပေးလိုက်တာ။ ဒါကကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်အရပါပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"သူမမောင်လေးကဖျားနာပြီးသေဆုံးသွားမှတော့ သူ့ကံတရားကဒီလိုပဲလို့ဆိုလိုတာပဲလေ။ အဲ့ဒီ့မိန်းကလေးရဲ့မိဘတွေကသူမအပေါ်ဒီလောက်ဆိုးဝါးနေမှတော့၊ မင်သခင်လေး၊ မင်းဘာလို့သူမကိုအဝေးမခေါ်သွားရတာလဲ။ အဲ့ဒီ့အစား ဒါအတွက်နဲ့သေဖို့ကမထိုက်တန်ပါဘူး။"
မင်ရှောင်းကရှင်းပြသည်။
"ကျွန်တော်လည်းသေချာမသိဘူး။ သူမကသားသမီးဝတ္တရားအမြဲကျေပွန်ပြီး သူမမိဘတွေရဲ့စကားတွေကိုနားထောင်ခဲ့ပေမဲ့ သူမမောင်လေးသေသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူမကိုထိခိုက်လာတဲ့အခါကျတော့ သူမသူတို့ကိုသည်းမခံနိုင်တော့ဘူးလေ။ တကယ်နာကျင်စရာကောင်းတယ်ဗျာ။"
စကားလုံးများကခရေစေ့တွင်းကျဖြစ်ပေမဲ့ ကျင်းဖေးထုန်ကတော့မတည်မယူဘဲ ပြုံးရုံသာပြုံးကာစကားမပြောပေ။
သူ့ဘေးရှိယွဲ့ထောင်ကပြုံးကာဆိုသည်။
"တကယ်ပဲဒီလိုလား။ မင်သခင်လေးကြည့်ရတာတော့ တစ်ခုခုကိုအမှောင်ထဲမှာထားထားတဲ့ပုံပဲနော်။"
မင်ရှောင်းကြောင်အမ်းစွာပြောမိသည်။
"ဘာရယ်?"
ယွဲ့ထောင်ကပြောသည်။
"မင်းရဲ့ချစ်သူမိန်းကလေးမုန့်ရှန်ကလင်ရှောင်းဂိုဏ်းရှင်းဇုန်ရဲ့ အဆင့်မြင့်ဂိုဏ်းသူတစ်ယောက်ဖြစ်နေပြီးသားရယ်။"
သူထိုသို့ပြောလိုက်ပြီးသော် မင်ရှောင်းကမတုံ့ပြန်ရသေးသည့်တိုင် ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့ခန့်မှန်းတာမှန်သွားပေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် မင်ရှောင်း၏အလောင်းကိုယူဆောင်သွားခဲ့သော ပန်းရှောင်ဝတ်ရုံဖြင့်မိန်းကလေးအားသူမှတ်မိသည်။
သူမသည်ကျောပြင်ပေါ်တွင်ရှင်းဇုန်၏ဓားကိုသယ်ဆောင်ထား၏။ ထိုအချိန်တွင် သူမဟာစားသောက်ဆိုင်ထဲတွင်သူမ၏မိခင်နှင့်အချင်းများခဲ့သည်။ သူမဟာလည်း လျော်ကြေး၊ သား၊ အစရှိသည့်စကားလုံးများကိုပြောသွားခဲ့ကာ ဤတစ်ကြိမ်ယွဲ့ထောင်ပြောလာသည့်များနှင့်ကိုက်ညီမှုရှိပေသည်။
တစ်ခုတည်းသောကွာခြားချက်ကား သူမသည်မိဘစကားကိုနားထောင်ကာ ရိုသေလေးစားမှုရှိသည်ဟုမင်ရှောင်းကပြောလာပေမဲ့ သူမမိခင်နှင့်စကားများပုံကိုကြည့်ခြင်းအားဖြင့် သူမကြည့်ရတာနာခံပုံမပေါ်လေရာ သူကလူတစ်ဦးတည်းအကြောင်းပြောနေခြင်းဟုတ်၊မဟုတ်တော့မသိပေ။
မင်ရှောင်းအံ့သြသွားရသည်။
"သူမက...တကယ်ပဲလင်ရှောင်းဂိုဏ်းသူဖြစ်လာတာလား။ ဒါကောင်းတဲ့အရာပဲ၊ ကျွန်တော်မသိခဲ့ဘူး။ ဘယ်တုန်းကဖြစ်သွားတာလဲ။"
"ပြောရရင်အရှည်ကြီးပဲ။"
ယွဲ့ထောင်ကဆိုသည်။
"ကျင်းသခင်သိရမဲ့အရာတစ်ခုရှိတယ်။ ရှင်းဇုန်ကသေမျိုးလောကမှာတပည့်လက်ခံခဲ့တုန်းက မိဘတွေလက်မှတ်ထိုးထားတဲ့စာတစ်စောင်ရှိရမယ်ဆိုတဲ့စည်းမျဥ်းရှိတယ်။ ဒါကြောင့်မို့ မိဘတွေခွင့်မပြုတဲ့မလိမ္မာတဲ့တပည့်တွေကတော့ လင်ရှောင်းဂိုဏ်းလက်အောက်မှာကိုးကွယ်ခံရမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။"
ကျင်းဖေးထုန်ခေါင်းအသာငြိမ့်လိုက်သည်။
မင်ရှောင်း၏မျက်ခုံးနှစ်ဖက်တဖြည်းဖြည်းချင်းတွန့်ခေါက်သွားရသည်။
"ခင်ဗျားဘာကိုဆိုလိုတာလဲ။"
ယွဲ့ထောင်ကပြုံးကာပြောသည်။
"မင်းနားမလည်ဘူးလား၊ မင်သခင်လေး။ မုန့်ရှန်ကမင်းသေသွားပြီးမှလင်ရှောင်းချီဇုန်ဂိုဏ်းသူဖြစ်လာတာမဟုတ်ဘူး၊ သူကအစကတည်းကရှင်းဇုန်ရွေးချယ်တာခံထားရတာ။ ဒါပေမဲ့ ရှင်းဇုန်ထဲကိုဝင်ဖို့သူမမိဘတွေဆီကနေခွင့်ပြုချက်ရဖို့လိုတယ်လေ။ ဒါကြောင့်မို့ သူမမောင်လေးကိုကယ်ဖို့သူမကိုကူညီမဲ့တစ္ဆေတစ်ကောင်ကို သူမရှာဖို့လိုတာပေါ့။"
"အဆုံးမှာတော့ မင်းရဲ့အသက်ကကြိုးတစ်ချောင်းပေါ်မှာရှိနေပေမဲ့ မင်းကသူမကိုတုံးတုံးအအနဲ့ကာကွယ်ပေးနေတုန်းပဲ။ တကယ့်ကိုလှပတဲ့လမ်းလွဲမှုကြီးပါလား!"
မင်ရှောင်းကဆိုသည်။
"ဒါတွေအားလုံးကခင်ဗျားရဲ့စကားတွေကြီးပဲလေ။ ခင်ဗျားမှာဘာသက်သေရှိလို့လဲ!"
ယွဲ့ထောင်ပြောလိုက်သည်။
"မင်းကသက်သေတောင်းနေပေမဲ့ သူမကိုအခုချက်ချင်းမင်းအရှေ့ဖမ်းခေါ်မလာနိုင်ဘူးလေ။ ပြီးတော့မင်းကိုဘာမှသက်သေပြနေစရာမလိုဘူး။ တချို့အရာတွေကမရည်ရွယ်တာပဲဖြစ်ဖြစ် ခံစားချက်အစစ်အမှန်တွေပဲဖြစ်ဖြစ် မင်းသေချာစဥ်းစားကြည့်လိုက်ရင် မင်းမှာအဖြေရှိလာမှာပါ။ မင်းကိုယ်မင်းဘာကြောင့်လှည့်စားနေရတာလဲ။"
မင်ရှောင်းတစ်အောင့်ကြာနှုတ်ဆိတ်သွားပြီးနောက် ရေရွတ်လိုက်မိသည်။
"တကယ်တော့ ကျွန်တော်တို့အချင်းချင်းသိတာနှစ်လပဲရှိသေးတယ်။ အဲ့ဒီ့နေ့တုန်းကကျွန်တော်လက်ဖက်ရည်ဆိုင်ထဲမှာထိုင်ပြီးလက်ဖက်ရည်သောက်နေခဲ့တာ။ သူမကကျွန်တော့်ဘေးကဖြတ်သွားပြီး သူမဆံထိုးကကျွန်တော်ပုခုံးကိုပြုတ်ကျလာတော့ သူမကကျွန်တော့်ကိုတောင်းပန်လာတယ်လေ။ ပြီးတော့ကျွန်တော်တို့စကားပြောဖြစ်ကြတယ်။ အဲ့ဒီ့ညမှာ သူမနဲ့အတူလကြည့်မလားလို့ သူမကကျွန်တော့်ကိုမေးခဲ့တယ်။"
ယွဲ့ထောင်ကပြုံးကာဆိုသည်။
"ဒီလိုလှည့်ကွက်တွေအများကြီးကိုကိုယ်တွေ့ဖူးပါတယ်။ မင်သခင်လေး၊ မင်းကစိတ်ပျော့တာပဲ။ မင်းအသက်ကိုပြန်ယူချင်လား။"
မင်ရှောင်းမှင်သက်သွားရသည်။
"ဒါကဖြစ်နိုင်သေးလို့လား။"
ယွဲ့ထောင်ကပြောသည်။
"ကိုယ့်မှာဒီအစွမ်းရှိတယ်၊ သူမင်းအပေါ်တင်နေတဲ့အကြွေးမှန်သမျှမင်းကိုပြန်ပေးလာအောင်လုပ်လို့ရတယ်။ မင်းသာအခုနောင်တရနေလို့ရှိရင်..."
မင်ရှောင်းသူ့ကိုဖြတ်ပြောလိုက်သည်။
"အဲ့ဒီ့အချိန်တုန်းက သူမကျွန်တော့်ကိုတမင်သက်သက်ချဥ်းကပ်လာတာဖြစ်နိုင်တယ်။ ဒါပေမဲ့ကျွန်တော်သူမကိုသဘောကျခဲ့တယ်။ ကျွန်တော်လုပ်နိုင်တာဘာမှမရှိပါဘူး။"
ဤအလှည့်အပြောင်းကယွဲ့ထောင်ကိုနင်ပြီးသေစေလုမတတ်ပင်။ သူ့ကိုကြောင်အစွာကြည့်လိုက်မိသည်။
"ဟင်?"
မင်ရှောင်းခေါင်းငုံ့ကာ ထိုကဲ့သို့စကားကိုပြန်သွင်းလိုက်ပြီး တစ်အောင့်မျှတုံ့ဆိုင်းသွားမိပြီးနောက် သူနှင့်အနီးဆုံးတွင်ရပ်နေသောရှုလင်ကျားကိုမျှော်လင့်ချက်တစ်စွန်းတစဖြင့်ကြည့်လိုက်မိသည်။
"ပြီးတော့ သူမမိဘတွေကသူမကိုကောင်းကောင်းမဆက်ဆံဘူး။ သူမအရမ်းကိုခက်ခက်ခဲခဲရှင်သန်နေရတော့ ပိုကောင်းတဲ့ဘဝကိုရမယ့်အခွင့်အရေးကိုရှာချင်တာပုံမှန်ပါပဲ။ အဲ့ဒါကသူမကျွန်တော့်ကိုသဘောမကျဘူးလို့မဆိုလိုဘူးလေ။ ဒီတော့...ဒီတော့ ဒါကခွင့်လွှတ်လို့ရပါသေးတယ်၊ ဟုတ်တယ်မလား။"
ယွဲ့ထောင်ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။
"ဘုရားရေ၊ ညီလေး၊ မင်းရူးသွားပြီလား။"
မင်ရှောင်းသက်ပြင်းချလိုက်သည်။
"ဒါပါပဲ၊ ထားလိုက်ပါတော့။ ကျွန်တော်ကသေတော့မှာပဲ။ သူမကအသက်ရှင်နေမှတော့ ဘာကြောင့်သူမကိုအသက်ရှင်ခွင့်မပေးရမှာလဲ။"
ယွဲ့ထောင်ကခေါင်းကိုတစ်ဖန်ထပ်ခါ၍ ပြောလိုက်သည်။
"မယုံကြည်နိုင်စရာပဲ၊ မယုံကြည်နိုင်စရာပဲ။"
သူစကားပြောရင်းဖြင့်လက်ကိုမြှောက်လိုက်သည်။ ချက်ချင်းပင်၊ မင်ရှောင်းမှာမေ့မြောသွားလေရာ မည်သူကမျှသူ့ကိုဤကဲ့သို့လျင်မြန်စွာလှုပ်ရှားခြင်းမှမတားလိုက်နိုင်ပေ။
ကျင်းဖေးထုန်ပြောလိုက်သည်။
"မင်းဘာလုပ်မလို့လဲ။"
ယွဲ့ထောင်ကသက်ပြင်းချကာဆိုသည်။
"ငါ့အဖေမသွားခင်တုန်းကပြောခဲ့တာတစ်ခုရှိတယ်။ သူကမြေခွေးအကြီးအကဲပေါ်အကြွေးတင်နေတာမို့ သားဖြစ်တဲ့ငါတို့ကသာလုပ်ပေးနိုင်မှာတဲ့။ အဖေရဲ့အကြွေးကိုသားဖြစ်သူကပြန်ဆပ်ပေးတဲ့အနေနဲ့ ငါသူ့အတွက်တစ်ခု၊နှစ်ခုလောက်လုပ်ပေးမလို့လေ။ ဖခင်မင်းကြီးမြန်မြန်ပြန်လာနိုင်ပါစေလို့ ငါမျှော်လင့်မိတယ်။"
"ဒီမြေခွေးကမိန်းကလေးတစ်ယောက်အတွက်အသက်ပေးမလို့လုပ်နေတာကိုမင်းမြင်မှာပါ။ ငါဂရုမစိုက်ရင်ဘာဖြစ်သွားမလဲ။ ငါသူ့အသက်ကိုကယ်ရမယ်။"
ရှုလင်ကျားပြောလိုက်သည်။
"မင်သခင်လေးရဲ့အလောင်းကအခုပြန်ပို့ခံလိုက်ရပြီ။ ကျွန်တော်တို့တွေချင်းချိုးကိုသွားပြီး သူ့ဝိညာဥ်နဲ့ခန္ဓာကိုယ်ကိုပေါင်းစည်းလိုက်လို့ရှိရင် တစ်ခုခုတော့ဖြစ်လာမှာပါ။"
ယွဲ့ထောင်ကခေါင်းခါသည်။
"ဝိညာဥ်ကိုယ်ထည်နဲ့ခန္ဓာကိုယ်ကိုပေါင်းစည်းတာကလွယ်တယ်။ ဒါပေမဲ့အခုပြဿနာက သူ့ဝိညာဥ်ကိုယ်ထဲကယန်ဓာတ်ကလုံလောက်မှုမရှိဘူး။ သူ့ချစ်သူဆီကအကြွေးပြန်တောင်းမှရမယ်။"
သူပြောရင်းဖြင့်လက်ဆန့်လိုက်ရာ သူ့လက်ဖဝါးထဲတွင်အပြာရောင်ပိုးချည်မျှင်တစ်စည်းပေါ်လာသည်။
ယင်းအားအကြည့်တစ်ချက်တည်းဖြင့်ရှုလင်ကျားမှတ်မိသွားသည်။
"အကျိုးနှင့်အကြောင်းပိုးချည်မျှင်?"
ဤပိုးချည်မျှင်ကားသာမန်ဆန်ပုံပေါက်ပေမဲ့ တကယ်တမ်းတွင်အလွန်အဖိုးတန်ပေ၏။ လူနှစ်ဦးကြားတွင်ငြိတွယ်မှုတချို့ရှိလျှင် ဤပိုးချည်မျှင်ကသူတို့ကိုဆက်သွယ်ပေးကာ အကြွေး၏အကျိုးနှင့်အကြောင်းကိုရှာဖွေပြီး အချစ်အတွက်အချစ်ပြန်ပေးရကာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပြန်ပေးဆပ်ရသည်။
ယင်း၏ရှားပါးအဖိုးတန်မှုကား ယွဲ့ထောင်၏လက်ထပ်ဖူးစာကြိုးနီနှင့်ယှဥ်၍ရပေသည်။ ယွဲ့ထောင်ကဤပစ္စည်းကိုသာမန်ကာလျှံကာထုတ်ပြလာပြီး သူ့တွင်ကြွယ်ဝချမ်းသာမှုများရှိကြောင်းထုတ်ကြွားလာသည်။
ထို့အပြင် ခုနကသူ့၏ဖခင်အကြောင်းပြောသွားစဥ်က "ဖခင်မင်းကြီး"ဟုဖော်ညွှန်းလိုက်သေးပေမဲ့ ၎င်းကဘယ်ကလာမှန်းသူမသိပေ။
ယွဲ့ထောင်ကဆိုသည်။
"မုန့်ရှန်ကမင်ရှောင်းအပေါ်အသက်ကြွေးတင်နေတော့ အခုသူပြန်ရအောင်ငါကူညီပေးလိုက်မယ်။ ဒါကမျှတပြီးတော့ကျိုးကြောင်းသင့်တယ်လေ။"
ပိုးချည်မျှင်ကပျံသန်းလာကာ ပစ်မှတ်ကိုရှာဖွေနေတော့သည်။
သို့သော်လည်း ရှုလင်ကျားကဓားကိုမြှောက်ကာ ၎င်းကိုတား၍ပြောလိုက်သည်။
"နေပါအုံး။"
ပိုးချည်မျှင်ကသူ့ဓားရိုးတွင်ရစ်ပတ်သွားပြီး ယွဲ့ထောင်ကမေးလာသည်။
"ဘာများလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"မုန့်ရှန်ကမင်ရှောင်းနားချဥ်းကပ်ဖို့အစီအစဥ်ဆွဲခဲ့တယ်လို့ ခင်ဗျားခုနကပြောခဲ့တယ်နော်။ ဒါကခင်ဗျားဖက်ကနားလည်မှုပဲလေ။ တကယ်လို့အဲ့ဒါမှားနေတယ်ဆိုရင် လူတွေကဘာမှမဟုတ်ဘဲစွပ်စွဲခံလိုက်ရတယ်လို့မဆိုလိုဘူးလား။"
ယွဲ့ထောင်ကအပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"ကိုယ်ခုနကပြောလိုက်တဲ့စကားကိုသူပြန်ချေပတာမင်းမြင်တယ်မလား။ သူဘာကြောင့်ဒါကိုမငြင်းမှန်းမင်းသိရဲ့လား။ ဘာကြောင့်လဲဆိုတော့ မင်ရှောင်းကိုယ်တိုင်ကသူ့ချစ်သူရဲ့စိတ်ဓာတ်ကိုကောင်းကောင်းကြီးသိထားတာမို့လို့ပဲ၊ ပြီးတော့သူ့မှာသူမအတွက်ရိုးသားစစ်မှန်တဲ့ခံစားချက်တချို့လည်းရှိနေသေးတယ်။ ဒီတော့ကိုယ်မမှားဘူးလို့ထင်တယ်။"
ရှုလင်ကျားပြောလိုက်သည်။
"ခင်ဗျားသူ့ကိုမေ့အောင်လုပ်လိုက်တာက သူကျိန်းသေပေါက်မလုပ်ဘူးဆိုတာကိုခင်ဗျားသိနေတာမို့လို့လေ။"
"ဒီကလေးကတုံးအတယ်။ ကျွန်တော်သူနဲ့စကားမပြောချင်တော့ဘူး။ သူ့ဘဝကသေတော့မယ့်ဟာကို ဘာကြောင့်ချစ်ဟန်ဆောင်နေရအုံးမှာလဲ။"
"တကယ်လို့သူသာဒီလိုမျိုးရှင်သန်သွားခဲ့လို့ရှိရင် ပိုပြီးတော့နာကျင်စရာကောင်းတယ်။"
ယွဲ့ထောင်ခေါင်းခါကာ ရှုလင်ကျားကိုဖမ်းရန်လက်မြှောက်လိုက်ရာ ရှုလင်ကျား၏ဓားရိုးမှာကြီးမားသောအားအင်ဖြင့်ချက်ချင်းဖိနှိပ်ခံလိုက်ရတော့၏။
"ရှုသခင်လေး၊ မင်းကမင်ရှောင်းရဲ့မိတ်ဆွေဖြစ်နေမှတော့ ကိုယ်ကသူကောင်းဖို့အတွက်လုပ်ပေးနေမှန်း မင်းလည်းသိမှာပါ။ အရာရာတိုင်းကိုအလေးအနက်မထားပါနဲ့။ သူလှည့်စားခံရပြီးအရူးလုပ်ခံရတာကို မင်းမကြည့်ချင်ဘူးမလား။ သူ့ခံစားချက်တွေကအသုံးချခံလိုက်ရပြီး သူမကသူ့အသက်ကိုပါယူသွားခဲ့တာနော်?"
ရှုလင်ကျားမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"သူဘယ်လိုလုပ်ပြီးလှည့်စားခံရမှာလဲ။ သူကမုန့်ရှန်ရဲ့ရည်ရွယ်ချက်ကိုမသိခဲ့ဘူးလေ။ သူသေသွားရင်တောင်မှ သူမပျော်ရွှင်နေရင်သူလည်းပျော်ရွှင်နေမှာပဲ၊ ဒီတော့ဘာကြောင့်ဒီလိုလုပ်နေရအုံးမှာလဲ။ သူ့အတွက်ဆုံးဖြတ်ချက်ချပေးမယ်တဲ့လား။"
မင်ရှောင်းကလှည့်စားခံလိုက်ရသည်ဖြစ်စေ၊ အကယ်တင်ခံလိုက်ရသည်ဖြစ်စေ၊ ကျင်းဖေးထုန်ကတော့အရေးမစိုက်လေရာ စကားလုံးဝဝင်မပြောပေမဲ့ ရှုလင်ကျားနှင့်ယွဲ့ထောင်တို့၏စကားများကိုနားထောင်နေမိသည်။
ကျင်းဖေးထုန်ခေါင်းလှည့်ကာရှုလင်ကျားကိုကြည့်လိုက်သည်။ လရောင်အောက်၌ သူ၏ချောမောလှပသောမျက်နှာထက်တွင်ခေါင်းမာသောအကြည့်ရှိနေပြီး သူ၏သူရဲကောင်းဆန်သောမျက်ခုံးနှစ်ဖက်ကားအနည်းတွန့်ခေါက်လျက်ရှိကာ သူကားစိတ်မရှည်ဖြစ်နေပုံပေါ်၏။
ရက်ပေါင်းများစွာအတူရှိလာပြီးနောက်၌ ကျင်းဖေးထုန်ဟာလည်း သူ၏ပင်ကိုယ်စရိုက်ကိုတစ်မျိုးတစ်ဖုံနားလည်လာချေသည်။ ရှုလင်ကျားသည်လျှာစောင်းထက်သော်လည်း သူ၏ပင်ကိုယ်စရိုက်မှာပွင့်လင်းတည့်တိုးဆန်ပြီး အထိန်းအကွပ်မဲ့ကာ အခြားသူများနှင့်ငြင်းခုံရသည်ကိုမနှစ်သက်ပေ။
သို့ပေမဲ့ သူစကားပြောဖို့လိုနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူသာအရာရာတိုင်း၌ရွေးချယ်မှုပြုနေသရွေ့ နောင်တမရဘဲဖြတ်ကျော်ကာ သူ့လမ်းသူလျှောက်ကိုလျှောက်ရမည်ဟု သူ့နှလုံးသားအောက်ခြေမှခံစားမိသောကြောင့်။
သူသည်ထွက်သွားရန်ရွေးချယ်ခဲ့သည်မို့ လင်ရှောင်းကိုသူနှင့်အတူပြန်သွားရန်ငြင်းဆန်ခဲ့၏။ သူကားအရှုံးပေးရန်တွန့်ဆုတ်နေပင်လျှင် လူသားတို့၏သံယောဇဥ်နှင့်သနားကြင်နာမှုဖြင့်ငြိတွယ်ရမည်ကိုအလိုမရှိ။ ယခုတွင် မင်ရှောင်းဟာသူချစ်ရသောမိန်းကလေးကိုကယ်တင်ဖို့ရာ သူ့အသက်ကိုပေးရန်ဆန္ဒရှိနေသည်။ ရှုလင်ကျားဟာလည်း တစ်ဖက်လူကဖြစ်ချင်နေသရွေ့ အဆင်ပြေသည်ဟုယုံကြည်မိသည်။
သေခြင်းနှင့်ရှင်ခြင်းနှင့်ပတ်သတ်၍ သူအရေးမစိုက်သကဲ့သို့ လောကီရေးရာအမှန်တရားများကိုလည်းဂရုမစိုက်ပေ။ သူသည်တည်ငြိမ်အေးချမ်းစွာနှင့်စိတ်အားထက်သန်စွာဖြင့် အသက်ရှင်နေထိုင်၏။
ဤအထိန်းအကွပ်မဲ့သောပင်ကိုယ်စရိုက်နှင့်အပြစ်ကင်းစင်သောခံစားချက်တို့မှာ သင့်ပတ်ဝန်းရှိလူများကိုလည်း မသိလိုက်မသိဘာသာဖြင့်ကူးစက်သွားစေနိုင်ကာ လူတွေကို ဤခေါင်းမာသောအမူအကျင့်အားအမြဲကာကွယ်ပေးချင်အောင်ပြုလုပ်နေပေသည်။
ကျင်းဖေးထုန်သည်ဤကဲ့သို့သောလူမျိုးကိုအရင်ကတစ်ခါမျှမဖြင်ဖူးခဲ့ပေ၊ ၎င်းကအချင်းချင်းပထမဆုံးစတွေ့သကဲ့သို့ခံစားမိသည်။
နှစ်ဦးသားရှေ့မတိုးနောက်မဆုတ်သာဖြစ်နေသည်ကိုမြင်လိုက်ရရင်း သူရုတ်ခြည်းလက်ဆန့်ကာ မင်ရှောင်း၏လက်ကောက်ဝတ်ကိုကိုင်လိုက်ရာ ပိုးချည်မျှင်ကတစ်ခါတည်းပြေသွားပြီး ယွဲ့ထောင်၏လက်ထဲသို့ပြန်ရုတ်သွားတော့သည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"နန်းတော်အရှင်ယွဲ့၊ ရှုရှစ်တိရဲ့စကားကိုငါလည်းသဘောတူတယ်။ ဒီတော့မင်းကိစ္စကိုမေ့လိုက်ပါတော့။"
___________________________________________
!zawgyi!
........................................................................
သူစကားပြော၍မပြီးသေးမီ ကောင်းကင်အပြင်ဖက်မှလာပုံပေါ်သောသိမ်မွေ့သည့်အသံကိုကြားလိုက်ရကာ ယင်းကမညီမညာစွာပေါ်ထွက်လျက်ရှိသည်။
Advertisement
- In Serial13 Chapters
Gateway to Nexus (Dropped)
A story about a relatively normal young man named Sebastian Frost and his adventures in a new VR world by the name of Nexus. Unlike most he has a definite goal and that is to prove that his favorite class is also viable in this new world. The class? Well it's a mage of course. Events not of his own choosing, ends up sending him down a dark path of growth and self-discovery, one that he never could have predicted. The mature tag is there for several reasons, for now it's a precaution, but at some point there will probably appear both sexual and violent content.
8 160 - In Serial67 Chapters
The Kathaldi Chronicles
The Kathaldi Chronicles are an epic tale of a long forgotten evil that has returned to conquer the world. The Kathaldi hate the gods. The Gods are afraid of the Kathaldi. The last time they tangled most of the world was destroyed. The only hope is a small group of friends. Join Dirk as he tells their story. Who is Dirk?He's a thief. And a scoundrel. Now he needs to help his boyhood friend save the world.Some wonder why Dirk would help. Look, he’s a jerk, not a monster. And if the world is destroyed who would Dirk steal from?Does that make him a hero? Hopefully the ladies will think so. There is adventure, heroes aplenty, magic, monsters, evil deeds, and lots of laughs as Dirk tells how he saved the world while his friends were nearby. *** Book One: Children of Kathaldi (Complete book available on Royal Road) Book Two: Assassins of Kathaldi (In progress on Royal Road) Book Three: Destroyers of Kathaldi (Coming soon to Royal Road)
8 171 - In Serial36 Chapters
You Don't Scare Me ( Laughing Jack X Reader )
You're 16 and baby sitting your Mothers bosses son, Nate. You thought it would be an easy night.Nate is only 6 years old and claims to have an imaginary friend. How hard could it be?I don't own Laughing Jack or any other creepypasta's in this story.
8 254 - In Serial50 Chapters
LETTERS TO REALITY ✓
Letters to Reality now available as a paperback book on Amazon and other stores: link in bio!love letters to seven boys anyone would find hard to forget.#1 in poetry#13 in loveletters[ inspired by To all the Boys i've Loved before ]
8 169 - In Serial65 Chapters
Skaikru ☣ Bellamy Blake [2]
"I never wanted to be this kind of warrior. A soulless one." Nia's journey continues, except now she is among Skaikru. But can she still stand by them despite all their decision makings. Or will this bring out the warrior inside her.
8 329 - In Serial12 Chapters
Against All Odds | Han Solo [1]
"You're unpredictable sometimes.""I'm pretty sure me being pissed at you isn't unpredictable."Emilia Burns worked for the rebellion and is close friends with Princess Leia. Her new mission is to get herself to Alderaan as well as Obi-Wan Kenobi, who she needs to locate.
8 161

