《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၄] အမိုးပြန်ဖာဖို့လာပြီ|အမိုးျပန္ဖာဖို႔လာၿပီ
Advertisement
........................................................................
ယွဲ့ထောင်စကားပြော၍ပြီးသွားသော် ရှုလင်ကျားရုတ်ခြည်းမူးဝေလာချေသည်။
ထိုအခိုက်၊ သူ့ခြေလက်များမှာလေးလံလာပြီး သူ့ရင်ဘတ်မှာမွန်းကြပ်လာကာ သူအောက်ခြေလွတ်မတတ်ပင်။
ထိုစဥ်၊ စနစ်၏မျက်နှာပြင်ပေါ်ထွက်လာပြီး ဇာတ်ကောင်အဆင့်၏ဖြစ်စဥ်ဘားတန်းမှာအနည်းငယ်အနောက်ပြန်ရောက်သွားတော့သည်။
ခုနတုန်းက စနစ်ကသူ့ကိုကျပန်းတာဝန်တစ်ခုပေးလာပြီး မင်ရှောင်းပြန်လည်ရှင်သန်လာတာကိုသူကူညီနိုင်လို့ရှိရင် သူ၏ကံကောင်းမှုတန်ဖိုးကိုတိုးမြှင့်နိုင်လိမ့်မည်ဟု ၎င်းကပြောခဲ့သည်။
ဤကဲ့သို့တာဝန်အမျိုးအစားကားမပြီးမြောက်လျှင်ပင် ပြစ်ဒဏ်မရှိသည့်တိုင် အကယ်၍ရှုလင်ကျားကကိုယ်တိုင်မကယ်ဘဲ မင်ရှောင်းကိုအခြားသူများမကယ်အောင်တားမြစ်လိုက်လို့ရှိရင် ယင်းကမလွဲဧကန်ပင်အမှတ်အနည်းငယ်နှုတ်ယူသွားလိမ့်မည်။
ကျန်းဖေးထုန်ကားသူ့နံဘေးတွင်ရပ်နေခြင်းပင်။ သူသည်ယွဲ့ထောင်ကိုစကားပြောနေပေမဲ့ ရှုလင်ကျား၏ကိုယ်အနည်းငယ်ယိုင်သွားသည်ကို မျက်လုံးထောင့်မှတဆင့်မြင်လိုက်ရ၏။ သူချက်ချင်းလက်မြှောက်ကာ ရှုလင်ကျား၏လက်မောင်းကိုဖမ်းဆွဲ၍ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
[လေထုကံကောင်းမှု: +10]
မူးဝေမှုကားချက်ချင်းဆိုသလိုပျောက်သွားပေမဲ့ ကံကောင်းမှုတန်ဖိုးရုတ်ခြည်းမြင့်တက်လာခြင်းကား ရှုလင်ကျားကိုအနည်းငယ်အံ့အားသင့်သွားစေသည်။
သူသည်ကျင်းဖေးထုန်၏ရက်ရောမှုကိုလက်ခံလိုက်ကာ သူ့ကိုခေါင်းငြိမ့်ပြ၍ ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်ခဏလောက်မြဲမြဲမရပ်နိုင်တော့လို့ပါ။"
ရှုလင်ကျားပြောလိုက်ရင်းဖြင့် သူ၏လက်မောင်းကိုကျင်းဖေးထုန်၏လက်ဝါးထံမှဆွဲထုတ်ကာ သူ့ဘာသာသူပြန်ရပ်လိုက်သည်။
ရှုလင်ကျားလဲကျသွားမည်ကိုကျင်းဖေးထုန်စိုးရိမ်မိသဖြင့် သူ့လက်ကအရမ်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ ရှုလင်ကျားကဤကဲ့သို့လက်ပြန်ဆွဲလိုက်သော် သူသည်တစ်ဖက်လူ၏လက်ကောက်ဝတ်ကိုစမ်းမိသွားပြီး သူ၏သွေးလွှတ်ကြောကမူမမှန်ဘဲ သူ၏စိတ်ဝိညာဥ်စွမ်းအားမှာလည်းအားနည်းနေသည်ကိုခံစားမိလိုက်သည်။ သူကားဒဏ်ရာရထားသည့်နှယ်။
ကျင်းဖေးထုန်ထိတ်လန့်အံ့သြသွားမိသည်။
ရှုလင်ကျား၌အတွင်းဒဏ်ရာရှိသည်ကို သူအမြဲသိနေခဲ့ပေမဲ့ နှစ်ဦးသားသည်သွမ့်ဟောင်ရန်၏ပုံရိပ်ယောင်ကိုအတူတကွချိုးဖောက်ပြီး ကြိမ်ဖန်များစွာပင်တိုက်ခိုက်ခဲ့ကြသေးသည်။ ရှုလင်ကျားသည်အားနည်းသောလက္ခဏာစိုးစဥ်းမျှမပြခဲ့လေရာ သူ့ဒဏ်ရာမှာပျောက်ကင်းလုမတတ်ဖြစ်နေပြီဟု ကျင်းဖေးထုန်တွေးခဲ့မိ၏။
လွန်ခဲ့သောနှစ်နှစ်ခန့်ကအတွင်းဒဏ်ရာဟာ ရှုလင်ကျားအပေါ်တွင်အလွန်ပြင်းထန်နေအုံးမည်ဟု သူလုံးဝမထင်ထားခဲ့မိပေ။
ဤတိုတောင်းသောအခိုက်အတန့်လေးအတွင်း၌ ရှုလင်ကျား၏လက်မောင်းဟာကျင်းဖေးထုန်၏လက်အတွင်းမှလုံးဝဆွဲထုတ်ပြီးသွားပြီဖြစ်သည်။
ထိုအခိုက်၊ အိပ်မက်နှင့်လက်တွေ့ကားတစ်ခုနှင့်တစ်ခုထပ်သွားပုံပေါ်ပြီး သူ၏လက်ဝါးထံမှချော်ထွက်သွားခဲ့သော ထိုဝတ်ရုံလက်အစွန်းကို ကျင်းဖေးထုန်ရုတ်ခြည်းတွေးမိသွားသည်။
သူ့ဘဝ၌ အရာအားလုံးရှိသည်။ ၎င်းမတိုင်မီတုန်းက ဘာကိုမှကယ်တင်နိုင်စွမ်းမရှိသည့်ခံစားချက်ကို သူလုံးဝမကြုံခဲ့ဖူးပေ။ သူ၏ထပ်ခါထပ်ခါအိပ်မက်များထဲတွင်သာလျှင် ထိုလူသားမည်သည့်ပုံစံရှိသည်ကိုမြင်ရရန် သူအတတ်နိုင်ဆုံးကြိုးစားနေမိပြီး ထိုလူသားကိုသူ့နံဘေးတွင်ထားထားချင်ပေမဲ့ အဆုံးတွင် သူလုပ်နိုင်တာဘာဆိုဘာမျှမရှိလေရာ သူ့နှလုံးသားသာလျှင်ဒဏ်ရာဗလပွဖြင့်ပြည့်ကျန်နေခဲ့သည်။
ဤအခိုက်အတန့်၌၊ ဤခံစားချက်ကားအလွန်ဆင်တူလှသည်။
ကျင်းဖေးထုန်၏နှလုံးသားထုံကျင်သွားရကာ သူဘာကိုတွေးနေမိမှန်းသူကိုယ်တိုင်ပင်မသိတော့ပေမဲ့ အဆုံး၌မူ သူ၏အတွေးအလုံးစုံကားရှုလင်ကျား၏အတွင်းဒဏ်ရာအပေါ်တွင်အာရုံစိုက်မိနေဆဲပင်။
သူအရမ်းဆိုးဝါးစွာနာကျင်နေမိသည်။ မင်းဒီလိုပဲဖြစ်နေကျလား။ မင်းဆေးရောသောက်ရဲ့လား၊ ဆေးရောလိမ်းရဲ့လား။ ဒဏ်ရာကမကောင်းသေးဘူးဆိုတော့ မင်းကိုယ်မင်းဂရုမစိုက်ဘူးလို့ဆိုလိုတာမလား။
ဘယ်လိုလုပ်ပြီးဒီလိုဖြစ်နိုင်မှာလဲ။
ကျင်းဖေးထုန်အလျင်စလိုဖြစ်ကောင်းဖြစ်နေပေမဲ့ သူ့လက်ကိုအားသုံး၍ဆုပ်ကိုင်လိုက်သော် သူ့လက်မောင်းအနည်းငယ်ထုံကျင်သွားသည်ကိုရှုလင်ကျားခံစားမိလိုက်ပြီး သူ့လက်ကိုပြန်ဆွဲလိုက်မိသည်။
ချက်ချင်းအလျှင်းပင်၊ အပိုအမှတ်များရရှိလာခြင်းကြောင့် သူကြောင်အမ်းသွားရသည်။
[ပွိုင့်: +10]
[ပွိုင့်: +15]
[ပွိုင့်: +5]
[ပွိုင့်: +20]
"..."
ရှုလင်ကျားသည်ကျင်းဖေးထုန်အားအံ့အားသင့်သောအကြည့်တစ်ချက်ပေးလိုက်မိပြီး သူပဲကြောင်သွားသည်လား၊ စနစ်ပဲကြောင်သွားသည်လားဟုတွေးနေမိ၏။
ယွဲ့ထောင်မှာလူနှစ်ဦးဘေးတွင်ရပ်နေပြီး စကားပြောရန်တုံ့ဆိုင်းနေမိလေသည်။
သူကားကြီးမြတ်သောနန်းတော်အရှင်ဆယ်ဦးထဲကတစ်ဦးဖြစ်၏။ သူသည်ယောက်ျား၊ မိန်းမနှင့် အခြားသူများကိုအနိုင်မကျင့်ဘဲ ဤနေရာတွင်ကုသိုလ်ကောင်းမှုများလုပ်ရင်း အချိန်လာဖြုန်းခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှသူ့ကိုမကူညီကြလေရာ သူပူဆွေးသောကအကြီးအကျယ်ရောက်နေမိသည်။
ထို့အပြင် နောက်ကွယ်တွင်ဝမ်းနည်းစရာများစွာရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ ယွဲ့ထောင်သည်သူ့ဘေးရှိလူနှစ်ဦးကိုကြည့်လိုက်ရာ သိသိသာသာကိုထိုနှစ်ယောက်ကစကားအနည်းငယ်ပင်မဆိုကြပေမဲ့ လေထုကားမဖော်ပြနိုင်လောက်အောင်သိမ်မွေ့လျက်ရှိပြီး သူဟာဘေးဖယ်ခံထားရသည့်အလား သူ့ကိုခံစားသွားရစေသည်။
သူတွန်းအားအပြည့်ဖြင့်ဝင်နှောင့်လိုက်သည်။
"ရှုသခင်လေး၊ မုန့်ရှန်ကမင်သခင်လေးရဲ့အလောင်းကိုချင်းချိုးဆီပြန်ယူသွားတယ်လို့ မင်းပြောလိုက်တာလား။"
ရှုလင်ကျားသည်ကျင်းဖေးထုန်ထံမှအာရုံလွှဲကာ ပြောလိုက်၏။
"သူမကသူ့ကိုပြန်ပို့ဖို့လူတချို့ကိုငှားခဲ့သေးတယ်။ ကျွန်တော်ချင်းချိုးကိုအရင်သွားပြီးစစ်ဆေးကြည့်လိုက်အုံးမယ်၊ ပြီးရင်ဖြေရှင်းချက်ရှိမရှိရှာရမှာပေါ့။ နန်းတော်အရှင်ယွဲ့ရဲ့ကြင်နာမှုကကျွန်တော့်ကိုပျော်ရွှင်စေပါတယ်။ ချင်းချိုးကိုလည်း လင်ကျားဒီအကြောင်းပြောပြလိုက်ပါ့မယ်။"
ယွဲ့ထောင်ကပြုံးကာဆိုသည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဗျ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"မင်း...မင်းအခုသွားတော့မလို့လား။"
ရှုလင်ကျားပြုံးလိုက်ပြီး သူ့ဘေးရှိကြိုးတုပ်ခံထားရသောသွမ့်ဟောင်ရန်ကိုကြည့်လိုက်သည်။
"ဒီတစ်ခါကျွန်တော်သူ့ကိုလိုက်ဖမ်းခဲ့တာက သွမ့်ဟောင်ရန်တကယ်သေမသေအတည်ပြုချင်ရုံပါ။ ပြီးတော့ကျွန်တော့်ဓားကိုလည်းရှင်းပြချက်ပေးရအုံးမယ်လေ။ အခုသူ့ကိုဖမ်းမိသွားပြီဆိုတော့ ကျွန်တော်စိတ်သက်သာရာရသွားပါပြီ။"
သူမျက်လုံးမှေးစင်းကာ ကျင်းဖေးထုန်ကိုကြည့်၍ပြောလိုက်သည်။
"ရှစ်ရှုန်းဘာပဲလုပ်ချင်လုပ်ချင်၊ သွမ့်ဟောင်ရန်ကိုထပ်ပြီးသွားခွင့်မပေးတော့ဘူးလို့ ကျွန်တော်အစ်ကို့ကိုယုံကြည်လိုက်ပါ့မယ်၊ ဟုတ်တယ်မလား။"
ကျင်းဖေးထုန်နှင့်ရှုလင်ကျားသည်အပြန်အလှန်ကြည့်နေမိကြပြီး တစ်ခဏကြာပြီးသော် ရယ်မောသံနှင့်အတူသူပြောလိုက်သည်။
"ဒါပေါ့။"
ရှုလင်ကျားပြောလိုက်သည်။
"ကောင်းတယ်။"
ရှုလင်ကျားထွက်သွားသည်ကိုယွဲ့ထောင်ကြည့်နေပြီး ရုတ်တရက်မဲ့ပြုံးပြုံးလိုက်သည်။
"ကျင်းနန်းတော်အရှင်၊ ကျင်းနန်းတော်အရှင်၊ မင်းကိုတွေ့ရဖို့တကယ်ခက်ခဲတာပဲ။ ငါကတစ်ယောက်ယောက်ကိုကူညီဖို့ကြိုးစားနေပေမဲ့ မင်းကတော့ငါ့ကိုမျက်နှာသာတောင်မပေးဘူး။ ဒါပေမဲ့ သူတို့မချီးကျူးတာကတော့သိပ်သနားစရာကောင်းတယ်။ မင်းရဲ့ရှစ်တိကမင်းကိုသတိထားနေတယ်ထင်တယ်။ ခုနကမင်းရဲ့စကားထဲမှာ စ်ိတ်ဝင်စားစရာကောင်းတဲ့တစ်ခုခုရှိနေတယ်နော်။"
ကျင်းဖေးထုန်ဘာမှမပြောဘဲ မျက်နှာလွှဲလိုက်သည်။ သူမျက်နှာပြန်လှည့်လာပြီး ယွဲ့ထောင်ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်သည်။
တစ်အောင့်ကြာသော် ယွဲ့ထောင်ကခေါင်းခါကာ "ကျစ်ကျစ်"ဟုနှစ်ခါမျှစုတ်သပ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ၊ အဲ့အကြောင်းမပြောကြရအောင်၊ ငါကတော့ဘာမှမဖြစ်ဘူးလေ။ ဒီကနေ့ကြင်နာမှုကိုပြန်ဆပ်ဖို့ကတကယ်ရှားပါးတယ်။ ပြီးတော့ ငါ့ကိုဘယ်လိုမျက်နှာချိုသွေးရမယ်မှန်းမသိတဲ့လူတစ်သိုက်နဲ့လာတွေ့ရတယ်လို့။ တကယ်ကံဆိုးတာပါလား။"
ကျင်းဖေးထုန်မထူးခြားမခြားနားပြောလိုက်သည်။
"မင်းရဲ့အရှင်နိုးလာပြီလား။"
ယွဲ့ထောင်ကဆိုသည်။
"ဟင့်အင်း၊ အဲ့လောက်မလွယ်ဘူး၊ မင်ချီကရောမနိုးလာသေးဘူးမလား။ မင်သခင်လေးကငါ့ဖခင်မင်းကြီးရဲ့သွေးသားများဖြစ်နေမလားလို့ငါအစကတွေးခဲ့မိပေမဲ့ အဲ့ဒါကအရမ်းတုံးအတဲ့ပုံပဲ။ လူသားတွေကဒေါသကြီးတာမို့ သူတို့ဒေါသကိုထိန်းလို့မရကြဘူးလေ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"သူကသူ့အမေနဲ့သိပ်တူပုံမပေါ်ဘူး။"
ယွဲ့ထောင်သက်ပြင်းချကာပြောမိသည်။
"ငါလည်းအဲ့အကြောင်းတစ်ခါတလေတွေးမိတယ်၊ တကယ်မယုံကြည်နိုင်လောက်အောင်ပဲ။ ငါ့အဖေမှာမိဖုရားနဲ့ကိုယ်လုပ်တော်တွေအများကြီးရှိတယ်လေ၊ မြေခွေးမျိုးနွယ်စုခေါင်တစ်ယောက်အနေနဲ့မင်ချီကတော့ နှစ်ရာပေါင်းများစွာ ချစ်မှုရေးရာမှာဆရာတစ်ဆူဖြစ်နေမှာပဲ။ မရေတွက်နိုင်တဲ့အခြားယောက်ျားတွေလည်းရှိသေးတယ်။ ဒီနှစ်ယောက်လုံးကလောင်စာလုံလောက်တဲ့မီးအိမ်တွေမဟုတ်တော့ နှစ်ယောက်ကြားကချစ်ဒုက္ခက အရမ်းကိုထိခိုက်မှုကြီးမားလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာတဲ့လဲ။"
သူသက်ပြင်းချလိုက်သည်။
"ဇုန်ဝူရှင်း၊ ဒီလူကတော့၊ တကယ်အံ့ဖွယ်ပဲ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"မင်းအရမ်းအောက်တန်းကျတယ်လို့ငါထင်တယ်။"
ယွဲ့ထောင်: "ဟင်?"
ကျင်းဖေးထုန်ကသူ့ကို မိုက်မဲသောမျက်နှာထားဖြင့်သနားသောအကြည့်တစ်ချက်ပေးလိုက်ကာ ထို့နောက်လှည့်ထွက်သွားတော့သည်။
ယွဲ့ထောင်ကသူ့အနောက်မှကျယ်လောင်စွာအော်ပြောလာသည်။
"ဟေး၊ ငါမင်းကိုပြော--"
သူပြော၍မပြီးသေးမီ ကျင်းဖေးထုန်၏ပုံရိပ်မှာပျောက်ကွယ်သွားလေရာ ယွဲ့ထောင်တစ်ဝက်သေသွားပြီး ရေရွတ်လိုက်မိသည်။
"လင်ရှောင်းဂိုဏ်းကလူတွေကတော့၊ ချီးပဲ!"
ပီလော့နန်းတော်သည်လောကတစ်ဝှမ်းလုံး၌ ခိုလှုံရာနေရာများရှိကာ ဝူချန်တွင်လည်းနေရာတစ်ခုရှိသဖြင့် ကျင်းဖေးထုန်ကသွမ့်ဟောင်ရန်ကိုထိုနေရာဆီသို့ခေါ်သွားသည်။
အခန်းထဲတွင်လူနှစ်ဦးတည်းသာလျှင်ကျန်ရှိတော့သည်။ ကျင်းဖေးထုန်သည်အလယ်ခေါင်ရှိထိုင်ခုံပေါ်ထိုင်ချကာ သွမ့်ဟောင်ရန်အားချည်ထားသောကြိုးကို မန္တာန်တစ်ခုသုံး၍တုံ့ဆိုင်းခြင်းမရှိဖြည်ပေးလိုက်၏။
ယင်းကားသူ၏မောက်မာမှုပင်ဖြစ်ကာ သွမ့်ဟောင်ရန်အတွက်အထင်အမြင်သေးခြင်းတစ်မျိုးလည်းဖြစ်သည်။ သွမ့်ဟောင်ရန်လှောင်ပြုံးပြုံးလိုက်ပြီး ရိုးရှင်းစွာဖြင့်နေရာတစ်ခုရှာထိုင်ကာ ခေါင်းမော့ကြည့်လိုက်သော် ကျင်းဖေးထုန်ကမေးကိုလက်တစ်ဖက်ဖြင့်ထောက်လျက်သားဖြင့် သူ့ကိုစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။
သွမ့်ဟောင်ရန်ပြောလိုက်သည်။
"ရှစ်ကျီ၊ မင်းကငါ့ကိုပြန်ခေါ်လာဖို့တော်တော်လေးအားထုတ်လိုက်ရတာပဲ။ ဒါပေမဲ့ မင်းမှာဘာအမိန့်အာဏာတွေများရှိနေလို့လဲကွ။"
(*ရှစ်ကျီ: ဆရာတူတူလေး(သို့)ဂိုဏ်းတူတူလေး။)
ကျင်းဖေးထုန်ကသူ့ကိုကြည့်နေပြီး သူ့မေးခွန်းကိုမဖြေဘဲ ခပ်စစအပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"သွမ့်ဟောင်ရန်၊ ခင်ဗျားကြောက်နေတာပဲ။"
သွမ့်ဟောင်ရန်တစ်အောင့်မျှတန့်သွားရကာ ပြောမိသည်။
"အဆိုးဆုံးကသေရုံပေါ့၊ ဘယ်လိုလုပ်ပြီးဒီထက်ဆိုးနိုင်မှာလဲ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ဇုန်ဝူရှင်းကပြန်လည်ဝင်စားခြင်းနဲ့ဝိညာဥ်ဖန်တီးတဲ့ပညာရပ်မှာ ကျွမ်းကျင်တယ်ဆိုရင်တောင်မှ ခင်ဗျားကသွမ့်စဲ့ရဲ့ရောဂါကုသဖို့ ရှင်းဇုန်ရဲ့ရတနာကိုသူနဲ့အပေးအယူလုပ်ပြီးတော့ ဒီမိစ္ဆာကွန်ဖူးသိုင်းကိုသင်ယူခဲ့တယ်။ ဒါပေမဲ့အရင်ကခင်ဗျားအကြိမ်ပေါင်းများစွာသေခဲ့တာတွေဟာ အတုအယောင်သေခြင်းပဲ။ ဒီနေ့မှာ ကျွန်တော်ခင်ဗျားရဲ့လျို့ဝှက်ချက်ကိုမတော်တဆရှာတွေ့သွားတော့ ခင်ဗျားထပ်ပြီးသေသွားခဲ့လို့ရှိရင် ခင်ဗျားတကယ်ပြန်မရှင်လာတော့မှာစိုးတယ်ဗျာ။"
သူ့လက်ဆန့်လိုက်သောအခါ သူ့လက်ဖဝါးထဲတွင်မန္တာန်များရေးထွင်းထားသောကျောက်တုံးတစ်တုံးကိုကိုင်ထားပေသည်။ သူသည်ယင်းကိုဖျစ်ညှစ်လိုက်သော် ကျောက်တုံးကအမှုန့်ဖြစ်သွားကာ သူ့လက်ချောင်းများကြားထဲမှတဖွဲဖွဲကျလာချေသည်။
ကျင်းဖေးထုန်ကဤကဲ့သို့အရာမျိုးကိုထုတ်ပြလာသည့်အခါ သွမ့်ဟောင်ရန်ချက်ချင်းလက်ရုတ်ကာ သူ့လည်ပင်းသူထိလိုက်ပြီးနောက် သူ့မျက်လုံးတစ်စုံရုတ်ခြည်းအေးစက်သွားကာ သူသည်ဒေါသတကြီးအော်ဟစ်၍ သူ့လက်ဖဝါးကိုဝေ့ကာ ကျင်းဖေးထုန်၏ငယ်ထိပ်ထံသို့ရိုက်လိုက်သည်!
ဤလက်ဝါးကားရက်စက်စဥ်းလဲပြီး ၎င်းကကျင်းဖေးထုန်ထံမရောက်မီ ပတ်ဝန်းကျင်တစ်ခွင်ဟာမိစ္ဆာလေထုတို့ဖြင့်ပြည့်နှက်နေပေမဲ့ ကျင်းဖေးထုန်၏မျက်ဝန်းတစ်စုံကမျက်တောင်ပင်မခတ်ဘဲ သူလက်ညှိုးလိုက်သော် သူ့လက်ချောင်းထိပ်ကစိတ်ဝိညာဥ်စွမ်းအားမှာ သွမ့်ဟောင်ရန်၏မျက်ခုံးနှစ်ဖက်ထံရောက်ရှိသွားသည်။
သူ၏တိုက်ကွက်ကအရင်ရောက်လာလေရာ သွမ့်ဟောင်ရန်အကာအကွယ်မဲ့သွားပြီး သူ့လက်ဝါးကိုသာလျှင်ပြန်လှည့်ကာခုခံလိုက်ရသည်။ သူသည်အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်ရန် ကျင်းဖေးထုန်၏တွန်းအားပေးခြင်းခံလိုက်ရကာ သွေးတစ်ပွက်အန်လိုက်မိတော့သည်။
Advertisement
ကျင်းဖေးထုန်ကမူလှုပ်ပင်မလှုပ်ဘဲထိုင်ခုံပေါ်တွင်ထိုင်လျက်သားပင်။
သွမ့်ဟောင်ရန်၏မျက်နှာထားမှာအစကခြောက်ခြားသွားပြီးနောက် ရုတ်ခြည်းပြောင်းလဲသွားချေသည်။
"မိစ္ဆာစွမ်းအင်ကိုမင်းမကြောက်ဘူးလား။"
သူကဆိုသည်။
"ဒါဆိုမင်း...ကျင်းဖေးထုန်၊ မင်းလည်းပြုစားခံထားရတာလား။ ဟားဟားဟား! ဘယ်လိုဟာသမျိုးလဲ! မင်းကဒီလိုဖြစ်နေတာပေါ့လေ! ကျင့်ကြံရေးလောကထဲကစံပြုပုဂ္ဂိုလ်တစ်ယောက်ကတောင်..."
"အဲ့အကြောင်းမပြောနဲ့တော့။"
ကျင်းဖေးထုန်ညင်သာစွာပြုံးလိုက်ပေမဲ့ သူ့မျက်ဝန်းထဲ၌မူအေးစက်မှုရှိနေပေသည်။
"သွမ့်ဟောင်ရန်၊ လက်ရှိကိစ္စတွေကိုသိထားတဲ့သူက ကျွင်းကျဲပဲရှိတယ်။ ကျွန်တော်ခင်ဗျားနဲ့စကားအေးဆေးပြောရလောက်တဲ့အထိစိတ်ရှည်မနေဘူး။"
သူတစ်အောင့်မျှတန့်ကာပြောလိုက်သည်။
"အခု ဝိညာဥ်ကိုသိနိုင်တဲ့ကျင့်စဥ်တတ်တဲ့တစ်ယောက်ယောက်ကိုရှာဖို့ ကျွန်တော့်ကိုခင်ဗျားကူညီစေချင်တယ်။"
သွမ့်ဟောင်ရန်၏ထက်မြက်သောဦးနှောက်အရဆိုလျှင် ကျင်းဖေးထုန်ကားအနှိုင်းမဲ့မှော်ပညာကိုသင်ယူချင်ပြီး မသေမျိုးကျင့်စဥ်ကိုရှာဖွေချင်သည်ဟုထင်မိသည်။ သို့ပေမဲ့ ကျင်းဖေးထုန်ဟာအားအင်များစွာကုန်ခမ်းနေသည်မို့ တစ်ယောက်ယောက်ကိုရှာဖွေချင်ရုံသာဖြစ်သည်ဟု သူလုံးဝမထင်ထားခဲ့မိပေ။
ကျင်းဖေးထုန်လက်ပြန်ရုတ်ကာ သူ၏နှလုံးသားထဲမှဝိညာဥ်အပိုင်းအစတစ်ခုကိုဆွဲထုတ်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက်၌ သူ၏မျက်နှာနှင့်နှုတ်ခမ်းတစ်စုံမှာဖြူဖျော့သွားပေမဲ့ ကျင်းဖေးထုန်ကတော့အရေးမစိုက်ဘဲ ဝိညာဥ်အမျှင်ကိုသွမ့်ဟောင်ရန်ဆီသို့တွန်းပို့လိုက်သည်။
သူ့ကိုအရမ်းသဘောကျစေသော သူ့အိပ်မက်ထဲရှိ"ရှစ်တိ"နှင့်သူ့တွင် မည်ကဲ့သို့ဆက်ဆံရေးမျိုးရှိမှန်းသူမသိပေ။ ယင်းကားသနားကြင်နာမှု(သို့)နာကျည်းချက်လား။ အချစ်နှင့်အမုန်းပေလား။
ထိုအိပ်မက်များဟာပုံရိပ်ယောင်ဟုတ်၊မဟုတ်ပင်သူမသေချာပေမဲ့ သူ့ကိုစောင့်နေသောထိုကဲ့သို့သူမျိုးရှိကိုရှိနေပေကာ ဤဘဝတွင်သူဖြည့်ဆည်းပေးရမည့်ကတိတစ်ခုရှိသည်ဟု မဖော်ပြနိုင်လောက်အောင်ယုံကြည်နေမိသည်။
ထို့ကြောင့် သူမည်မျှပင်ပေးဆပ်ရပါစေ၊ ထိုလူသားကိုသူရှာဖွေရမည်ပင်။
ဤကမ္ဘာပေါ်တွင်မည်သည့်သဲလွန်စများချန်ရစ်ခဲ့သည်ကိုသူမသိပေ၊ သဲလွန်စအားလုံးကို သူ၏ကိုယ်ပိုင်ဝိညာဥ်အတွင်းသာလျှင်ရှာတွေ့နိုင်ချေသည်။
ကျင်းဖေးထုန်ကဤမျှလောက်ထိအကြင်နာတရားကင်းမဲ့လိမ့်မည်ဟု သွမ့်ဟောင်ရန်မထင်ထားခဲ့မိပေ။ သူကားသူ၏ဝိညာဥ်အမျှင်ကိုပင်ထုတ်၍ သူ့ကိုတစ်မျှင်ပေးလာခဲ့သေးသည်။ သူသည်ယင်းအပေါ်တွင်မန္တာန်စည်းချရန်ရည်ရွယ်ချက်ရှိပေမဲ့ တစ်ဖက်လူ၏လက်ထဲ၌ကြိမ်ဖန်များစွာခံစားခဲ့ရသောရှုံးနိမ့်မှုများကိုသတိရသွားမိသော် သူမလုပ်ရဲသေးပေ။
ကျင်းဖေးထုန်အရှေ့ကိုခါးအသာကိုင်းကာ သွမ့်ဟောင်ရန်ကိုစိုက်ကြည့်လိုက်သည်။ တစ်အောင့်ကြာသော် သွမ့်ဟောင်ရန်ကခေါင်းမော့ကာပြောလာသည်။
"ကမ္ဘာပေါ်မှာအဲ့လိုလူမျိုးမရှိဘူး။"
ဤရလဒ်အထိရောက်လာသောအခါ ကျင်းဖေးထုန်မအံ့သြသွားပေ။ အဆုံး၌မူ အခြားသူ၏အိပ်မက်ထဲတွင်သာလျှင်ထပ်ခါထပ်ခါပေါ်လာလေ့ရှိသောလူတစ်ယောက်အဖို့ သူ့တွင်မမျှော်လင့်ထားသောဖြစ်ရပ်များနှင့်ကြုံတွေ့ခဲ့ရသည့်ဟူသော အလွန်မြင့်မားသည့်ဖြစ်နိုင်ချေရှိလောက်မည်။
သူမေးလိုက်သည်။
"ပြန်လည်ဝင်စားတာကိုကျွန်တော်တို့ရှာလို့ရလောက်လား။"
သွမ့်ဟောင်ရန်ကဆိုသည်။
"အဲ့ဒီ့လူကမရှိတော့ဘူးလို့ပြောတာ၊ သေသွားပြီလို့ပြောချင်တာမဟုတ်ဘူး။ ဘဝစက်ဝန်းကပြတာကတော့ အဲ့ဒီ့လူကထူးခြားတဲ့ကံကြမ္မာနဲ့မွေးဖွားလာပြီး ဒီလောကကြီးထဲမှာမသေမျိုးအဖြစ်ထွန်းတောက်ဖို့ကံကြမ္မာပါတဲ့ ကံကောင်းခြင်းသားတော်နဲ့ပဋိပက္ခဖြစ်ပြီး လောကကြီးထဲကနေပျောက်ကွယ်ဖို့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်။ ဒီတော့ သိပ်မကြာသေးခင်ကအဲ့ဒါသေသွားခဲ့တယ်။"
သူကူကယ်ရာမဲ့စွာဖြင့်ကံဆိုးမှုအပေါ်ပီတိဖြစ်သွားမိပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"သနားစရာကောင်းလိုက်တာ၊ ကျင်းအရှင်ရယ်။"
ကျင်းဖေးထုန်နှုတ်ဆိတ်လျက်ထိုင်နေမိသည်။ တစ်ခဏကြာသော် သူတိတ်ဆိတ်စွာပြုံး၍ပြောလိုက်သည်။
"ဟုတ်တယ်။ သနားစရာပဲ၊ ခင်ဗျားကအသုံးမဝင်တော့ဘူးလေ။"
သူမတ်တပ်ထရပ်လိုက််သည်။
ကျင်းဖေးထုန်၏လှုပ်ရှားမှုများကိုသွမ့်ဟောင်ရန်သေချာမမြင်လိုက်ဘဲ သူ့လည်မျိုတွင်နာကျင်မှုတစ်ခုခံစားလိုက်ရသည်။
သူသည်လက်တစ်ဖက်ကိုတုန်တုန်ရီရီဖြင့်မြှောက်ကာ ကျင်းဖေးထုန်ကိုလက်ညှိုးထိုးလိုက်မိပြီး အခြားလက်တစ်ဖက်ကမူ သူ့လည်မျိုကိုဆန့်ငင်ဆန့်ငင်ဖြင့်ပိတ်ဆို့လိုက်ပေမဲ့ သွေးကတော့ပန်းထွက်နေဆဲဖြစ်ကာ သူ့လည်ပင်းတစ်ဝိုက်တွင်စိုရွှဲနေပေသည်။
ကျင်းဖေးထုန်လက်နောက်ပစ်လျက်သားဖြင့် သွမ့်ဟောင်ရန်၏ခန္ဓာကိုယ်မြေပြင်ပေါ်လဲကျသွားသည်ကို ဗလာနတ္ထိအမူအရာဖြင့်ကြည့်နေမိကာ အခန်းတစ်ခန်းလုံးမှာတိတ်ဆိတ်ခြင်းကြီးစိုးသွားတော့သည်။
သူသည်မျက်နှာကိုတစ်ဝက်ပင့်မော့ထားကာ မျက်လုံးများမှိတ်ထားပြီး သူ့အမြင်အာရုံမှာအမှောင်ထုထဲကျရောက်သွားပေမဲ့ သူ့နားထဲတွင်ညှို့ငင်နေသောမရေတွက်နိုင်သည့်အသံပေါင်းများစွာရှိနေသည့်ပုံပင်။
"မင်းမြင်ပြီလား။ မင်းရှာနေတဲ့အရာကတကယ်တော့ဘာမှမဟုတ်ဘူး။ မင်းရဲ့ဘဝကအမြဲတမ်းပျင်းစရာကောင်းပြီး ပျက်စီးသွားတော့မှာ။ မင်းရဲ့နောက်ခံအသိုင်းအဝိုင်းကြောင့် မင်းရဲ့စိတ်ခံစားချက်အားလုံးဟာလည်း အပြစ်တွေကြီးပဲ!"
"မင်းအလေးထားချင်ရင်တောင်မှ အလေးထားရမဲ့အကြောင်းရင်းမရှိဘူး၊ မင်းကတိတည်ချင်ရင်တောင်မှ မင်းနဲ့ကတိသစ္စာပြုမယ့်တစ်စုံတစ်ယောက်ကိုမင်းရှာလို့မရဘူးလေ။ ကျင်းဖေးထုန်၊ မင်းကသိပ်သနားစရာကောင်းတာပဲ!"
"ဒါကမင်းဘယ်တော့မှမလွတ်မြောက်နိုင်တဲ့တစ်ခုခုပဲ။ မင်းမနာကျည်းဘူးလား။ မြန်မြန်သွား၊ ခုခံ၊ ရုန်းကန်လိုက်!"
"ဒီလောကကြီးကိုဖျက်ဆီးပစ်လိုက်ရင် မင်းလိုချင်တဲ့အရာရာတိုင်းကမင်းအပိုင်ဖြစ်လာလိမ့်မယ်၊ မကောင်းဘူးလား။"
သူ၏တစ်ကိုယ်လုံးအေးစက်နေပုံမှာ အခုလေးတင်ဟွမ်ချွမ်းလမ်းမပေါ်တွင်လမ်းလျှောက်နေသေးသည့်အလား။
အနက်ရောင်လေထုတစ်စုဟာသူ၏ခြေဖဝါးအောက်မှဆန်တက်လာပြီး ကျင်းဖေးထုန်ကိုတဖြည်းဖြည်းချင်းဝန်းရံလိုက်သည်။
ထိုအခိုက်၊ အခန်းတံခါးမှာ"ကျွီ"ခနဲမြည်သံနှင့်အတူတွန်းဖွင့်ခံလိုက်ရသည်။
ကျင်းဖေးထုန်ရုတ်ခြည်းမျက်လုံးဖွင့်ကြည့်လိုက်ရာ တံခါးအပြင်ဖက်မှစိမ့်ဝင်လာသောလရောင်အောက်၌ ရပ်နေသည့်အမွှေးဖွာဖွာမြေခွေးဖြူလေးကိုမြင်လိုက်ရသည်။
ရှုလင်ကျားသည်အလွန်မြန်ဆန်စွာပြေးလာခဲ့လေရာ သူမြဲမြံစွာရပ်လိုက်ပြီးနောက်တွင် သူ၏တစ်ကိုယ်လုံးပေါ်ရှိအမွှေးတို့မှာလေထဲတွင်ယိမ်းနွဲ့နေပေ၏။
သူသည်ချင်းချိုးဆီပြန်သည့်လမ်းပေါ်ကိုခြေချခဲ့ပြီးသားဖြစ်ပေမဲ့ သူလမ်းတစ်ဝက်ရောက်သော် စနစ်ကသူ့ကိုပြန်လာပြီး ကျင်းဖေးထုန်ကိုရှာကာတာဝန်လုပ်ရန် အော်ဟစ်ကာအသိပေးလာသည်ကိုသူကြားလိုက်ရ၏။
ရှုလင်ကျားဟာ မင်ရှောင်း၏အသက်ကိုလဲလှယ်ခြင်းမှယွဲ့ထောင်ကိုတားမြစ်လိုက်သည့်အတွက် ကံကောင်းမှုတန်ဖိုးအနည်းငယ်အနှုတ်ခံလိုက်ရပေမဲ့ ထို့နောက်တွင် ကျင်းဖေးထုန်ကသူ့ကိုကူညီပေးလာခဲ့သည်။ ဤအခိုက်အတန့်တွင် မြေခွေးအသွင်ပြောင်းလဲခြင်းဟာအန္တရာယ်မရှိလေတော့။
"ငါမသွားချင်ဘူး။"
ရှုလင်ကျားကားကြွယ်ဝချမ်းသာကာ စွမ်းအားကြီးပေ၏။
"သူအခုချက်ချင်းကြီးမလိုလောက်ပါဘူး။ ငါမင်ရှောင်းရဲ့ဝိညာဥ်ကိုချင်းချိုးဆီပြန်ပို့ရအုံးမယ်လေ။"
အညှာအတာကင်းမဲ့စွာငြင်းဆန်လိုက်အပြီးတွင် သူထပ်မေးလိုက်မိသည်။
"မင်းဘာကြောင့်ရုတ်တရက်ကြီးတာဝန်ပေးလာတာလဲ။"
စနစ်ကဆိုသည်။
[ဗီလိန်မှာမိစ္ဆာအတွင်းစိတ်ရှိတယ်။ သူစိတ်ရိုင်းဝင်သွားတော့မယ်၊
သူနဲ့အတူရှိပေးဖို့သူမင်းကိုလိုအပ်နေတယ်။]
ရှုလင်ကျားတန့်သွားရသည်။
သူနှင့်ကျင်းဖေးထုန်သည်အကြိမ်အနည်းငယ်အတူရှိလာခဲ့လေရာ
တစ်ဖက်လူကတဖြည်းဖြည်းချင်းအနက်ရောင်ပြောင်းသွားမည့် ဗီလိန်တစ်ယောက်ဖြစ်ကြောင်း သူမေ့လုနီးပါးဖြစ်သွားခဲ့သည်။
ရိုးသားစွာပြောရလျှင် ကျင်းဖေးထုန်၏စိတ်ထဲ၌အမှောင်ထုရှိပြီး အပြင်ပန်းတွင်မြင်နေရသကဲ့သို့သိမ်မွေ့ညင်သာသောသူတစ်ယောက်မဟုတ်မှန်း သူသိနေသော်လည်း၊ သူ့လိုမျိုးလူတစ်ယောက်ကမိစ္ဆာအတွင်းစိတ်များကိုမွေးထုတ်ပေးနိုင်လိမ့်မည်ဟု ရှုလင်ကျားတကယ်မမြင်မိပေ။ အစွမ်းအစ၊ပါရမီစွမ်းရည်နှင့် ရုပ်ရည်သွင်ပြင်ကိုကြည့်လိုက်လျှင် သူဟာပြီးပြည့်စုံသည်ဟုပြော၍ရသည်။
အရင်ကကျင်းဖေးထုန်ထံမှအခွင့်ကောင်းများစွာယူခဲ့သည်ကိုပြန်တွေးကြည့်လိုက်ရင်း ရှုလင်ကျားသည်တစ်ဖက်ထံတွင်မျက်နှာသာပေးရန်အကြွေးများစွာတင်နေပေ၏။ ယခုတွင်စနစ်ကဒါကိုပြောလာလေရာ သူဒီအတိုင်းပြန်ထိုင်ပြီး လျစ်လျူရှူမထားနိုင်ပေ။
တစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးနောက်၌ ရှုလင်ကျားသည်မင်ရှောင်း၏ဝိညာဥ်နှင့်အတူ စိတ်ဝိညာဥ်စွမ်းအားတချို့ကို ချင်းကွမ်အိတ်ထဲသို့ထည့်လိုက်ပြီးနောက် ပြန်လှည့်ထွက်လာလိုက်ကာ စနစ်၏လမ်းညွှန်မှုအောက်တွင်တံခါးမှတဆင့်အလျင်စလိုဝင်သွားလိုက်ရာ ကျင်းဖေးထုန်၏အနက်ရောင်ချီစွမ်းအားတို့စုစည်းနေသောမြင်ကွင်းကိုမြင်လိုက်ရတော့သည်။
တစ်ဖက်လူကသူ့ကိုအေးစက်နေသောမျက်လုံးများဖြင့်စိုက်ကြည့်နေပြီး လူတစ်ယောက်နှင့်မြေခွေးတစ်ကောင်ဟာ အချင်းချင်းအပြန်အလှန်စိုက်ကြည့်မိကြသည်။
ကျင်းဖေးထုန်၏လက်ရှိအသွင်အပြင်ကားပုံမှန်နှင့်ကွာခြားလျက်ရှိသည်။ ရှုလင်ကျားသတိချပ်နေသင့်ပေမဲ့ ထူးဆန်းသည့်အရာမှာတစ်ဖက်လူကိုသူကြောက်ရွံ့သည်ဟုမခံစားရပေ။
အဘယ်ကြောင့်ဆိုသော် ကျင်းဖေးထုန်ကားဝမ်းနည်းနေပုံပေါက်သည်ဟု သူခံစားမိသောကြောင့်ပင်။
နက်ရှိုင်းသောဝမ်းနည်းမှုကသူ့ကိုလွှမ်းခြုံလျက်ရှိကာ သူကားအလွန်စွမ်းအားကြီးပြီးမည်းမှောင်ပုံပေါ်သည့်တိုင် အရမ်းကိုအထီးကျန်ဆန်နေပေသည်။
ဝမ်းနည်းနေတဲ့လူတစ်ယောက်ကဘယ်လိုလုပ်ပြီးဒီလောက်ထိကြောက်စရာကောင်းနေရတာလဲ။
ရှုလင်ကျားအရှေ့ကိုဖြေးညှင်းစွာလျှောက်သွားကာ လက်ဖဝါးသေးသေးလေးတစ်ဖက်ကိုမြှောက်၍ ကျင်းဖေးထုန်၏ခြေသလုံးကိုညင်သာစွာထိလိုက်ပြီးနောက် သူ့ကိုမော့ကြည့်လိုက်သည်မှာ သူ့ကိုနှုတ်ဆက်စကားပြောချင်သည့်နှယ်။
ကျင်းဖေးထုန်အနည်းငယ်မှင်သက်သွားမိကာ ဤမျက်နှာထားကသူ့ကိုသက်ရှိလူတစ်ယောက်နှင့်တူသွားစေသည်။
ထို့နောက်ရှုလင်ကျားသည်သူ့ခြေထောက်ကိုတစ်ဖန်ထပ်ကိုင်ကာ လက်ဖဝါးတစ်ဝက်မြှောက်ထားရင်းဖြင့် လက်ကိုလုံးဝအောက်မချတော့ပေ။
ကျင်းဖေးထုန်တန့်သွားရကာ ထို့နောက်တွင်ဖြေးညှင်းစွာဆောင့်ကြောင့်ထိုင်ချ၍ သူ့ထံလက်တစ်ဖက်ဆန့်ပေးလိုက်သည်။
မြေခွေးလေး၏လက်ဖဝါးကအရင်တစ်ခါကကဲ့သို့တူညီသောအပူချိန်နှင့်အတူ သူ့လက်ဝါးထဲသို့ရောက်လာပေသည်။
မြေခွေးလေးကခေါင်းငုံ့၍ ကျင်းဖေးထုန်၏လက်ဖဝါးထဲတွင်တစ်ခုခုတင်ပေးလာသည်။ သူခေါင်းမော့ကြည့်လိုက်သော် သူ့လက်ဝါးထဲတွင်ပန်းရောင်ပန်းပွင့်သေးသေးလေးတစ်ပွင့်ရှိနေသည်ကိုမြင်လိုက်ရသည်။
ပွင့်ဖတ်များကားနူးညံ့ကာကြည်လင်လျက်ရှိပြီး အရွက်စိမ်းများမှာအသက်ဓာတ်ပြည့်ဝစီးဆင်းနေပုံပေါ်ကာ အလွန်ဖျော့တော့သောရနံ့ကိုထုတ်လွှတ်ပေးနေသည်။
မြေခွေးတစ်ကောင်အတွက်မူ ယင်းကားအလွန်အဖိုးတန်သောလက်ဆောင်တစ်ခုဖြစ်သည်ပင်။
အရောင်အသွေးစုံလင်ကာ အနံ့အရသာဖြင့်ပြည့်စုံပြီး နွေးထွေးကာ သက်တောင့်သက်သာရှိသည်။
သူကမ္ဘာပေါ်သို့ပြန်လည်ရောက်ရှိလာသကဲ့သို့ ကျင်းဖေးထုန်ရုတ်ခြည်းခံစားမိလိုက်သည်။
သူ့အနီးတဝိုက်ရှိအနက်ရောင်လေထုကားဖြေးညှင်းစွာမှေးမှိန်ပျောက်ပြယ်သွားချေသည်။
ရှုလင်ကျားအမွှေးခါကာဖြင့် သက်မချလိုက်မိတော့သည်။
သူအလျင်စလိုပြေးလာခဲ့လေရာ ပန်းခင်းကိုဖြတ်၍ဒုန်းစိုင်းပြေးလာခဲ့ရသည်။ သူ့တစ်ကိုယ်လုံးပေါ်ပန်းများပွတ်တိုက်သွားကာ သူအနည်းငယ်ယားကျိကျိပင်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင်ထိုပန်းပွင့်ကိုသူဖယ်ရှားနိုင်ခဲ့ပေရာ အခုမှပဲသက်တောင့်သက်တာဖြစ်သွားချေသည်။
ထို့အပြင် ကျင်းဖေးထုန်ဟာလည်းနှစ်သိမ့်ခံလိုက်ရကာ လက်ခါပြီးနောက်တွင် ပုံမှန်အခြေအနေပြန်ဖြစ်သွားပေသည်။ တကယ်တော့ နောက်တစ်ခါဆိုရင် မိစ္ဆာအတွင်းစိတ်များကိုထိရောက်စွာကာကွယ်ဖို့ရန် သူ့ကိုအိမ်မွေးတိရစ္ဆာန်အနည်းငယ်မွေးမြူရန် မင်းတို့အကြုံပြု၍ရသည်။
Advertisement
- In Serial57 Chapters
World Of Elite
Born to a family of exceptional Elites, Rin Kagane was unfortunate enough not to manifest any abilities.While her siblings fight the monsters from the Rift and keep humanity safe, Rin tries to do everything she can to keep up.But martial ability means nothing in the face of raw power.When reality comes calling, Rin makes terrible choices that take her down the wrong path.Follow her as she tries to find her place in a world where she doesn’t easily fit anywhere.
8 280 - In Serial84 Chapters
Record of Naruto Verse
On the verge of death, he activated a certain scroll that he couldn't decipher even researching in many ways. The name of that scroll is [Record of Naruto Verse]. By using his new gain power his ambition is to revive his destroyed sect and loved ones, and achieve the acknowledgment as the strongest person in the world, his journey began. [Author Note:] 1] Yep, this story will be fast pace story. So an early warning for that. 2] I have no future plot-plan 3] There will be many plot hole like original :p . 4] It might not be a good story, I just started writing to spend my time and so post here to help you to spend your time. 5] And enjoy. *** Remember, I also post this fanfiction on RoyalRoadl.com by the name of LordNoname. I also wrote the same thing there.
8 651 - In Serial19 Chapters
The Apex Guardian
An orphaned man, born with nothing, learns of the death of his father, one of the most powerful men alive who has left everything to his son, Asher. The catch? If you kill someone before they have the chance to inherit things from the dead, it's yours, no criminal charges.
8 113 - In Serial36 Chapters
CODEX INFINITUS
This is the story of Odin McGill, a young university student, who stumbles upon an orb containing a mysterious Codex right before an apocalyptic calamity strikes Earth. The Codex immediately grants him a game-like ability to level up and become stronger as he prepares to face the disasters of the coming apocalypse.-----[Killed One Pseudo-Type-I Creature][Origin Points +5, Current Origin Points: 5/20][Special Core Meta-Genes beneficial to Host detected within the body of the slain creature][Whether to absorb??] Odin was startled. He stood stock-still beside the beast's corpse in a dazed state as his mind tried to make sense of the notification. But his decision-making was almost instantaneous. "Yes, please, absorb the core meta-genes," he gave the mental command and braced himself. [Core meta-genes of the spatial attribute successfully absorbed and incorporated into the Host's body and soul][Evolution prerequisites accomplished][Spirit +4, Physique +1, Strength +1, Agility +1][The Host has acquired the spatial manipulation meta-power]----- Advance chapters of Codex Infinitus are now available on my Patreon: https://www.patreon.com/Mujunel_the_Mystic
8 136 - In Serial13 Chapters
Battery
Lyon a science experiment gone wrong. His creators adopt him to become his parents. They get murdered by the country and lyon swears to find out who did it. He finds new people and himself on his journey. How will he handle this corrupted world?
8 118 - In Serial13 Chapters
||Broken hope|| Bakugou x reader (rewrite)
This is just the rewrite of my story broken hope|| this is probably going to be a short story||
8 147

