《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၅] နွေဦးစားသောက်ပွဲတော်|နွဦေးစားသောက်ပွဲတော်
Advertisement
!unicode!
........................................................................
ကျင်းဖေးထုန်သည်ပန်းရောင်ပန်းပွင့်လေးကိုသိမ်းကာ မြေခွေးလေးထံသို့လက်ဖြန့်ပေးလိုက်၏။
"မင်းထပ်လာမယ်လို့ကိုယ်မထင်ထားဘူး။ မင်းဘယ်လိုလုပ်ပြီးကိုယ့်ကိုအမြဲရှာတွေ့တာများလဲ။"
သူနောက်ဆုံးတွင်ဖြည်းညှင်းစွာပြုံးလိုက်သည်။
"ပထမနှစ်ကြိမ်တွေ့ဆုံခဲ့တာကသိပ်မကောင်းဘူး။ မင်းဒီနေ့ကိုယ်တိုင်ကိုယ်ကျရောက်လာမှတော့ ကိုယ်...မင်းကိုညစာစားဖို့ဖိတ်ချင်တယ်။"
["တစ်စုံတစ်ယောက်ကငါနဲ့အတူတစ်စားပွဲတည်းမှာထိုင်တယ်၊ တစ်စုံတစ်ယောက်ကဆန်ပြုတ်နွေးမနွေးငါ့ကိုမေးလာတယ်။"--ဗီလိန်နှင့်အတူညစာစားပြီး လောကကြီးရဲ့နွေးထွေးမှုကိုသူ့ကိုခံစားခွင့်ပေးလိုက်ပါ။]
ရှုလင်ကျားမစားချင်ပေမဲ့ စနစ်ကထိုသို့ပြောလာလေရာ သူလည်းပဲသဘောမနောကောင်းစွာဖြင့်ကျင်းဖေးထုန်၏လက်ဝါးပေါ်တွင်ရပ်လိုက်သည်။
ကျင်းဖေးထုန်ကရှုလင်ကျားကိုချီကာ အခန်းထံမှထွက်၍ပြောလိုက်သည်။
"တစ်ယောက်ယောက်လာစမ်း။"
ချက်ချင်းပင်၊ နန်းတွင်းအစောင့်များစွာသူ့ရှေ့တွင်ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ချလိုက်ကြသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ခန်းမထဲမှာစားသောက်ပွဲတစ်ပွဲသွားပြင်ချေ။ ပြီးတော့ အခန်းထဲကအလောင်းကိုလည်းသန့်ရှင်းပြီး ရှုသခင်လေးမြင်အောင်လို့ ချင်းချိုးဆီပို့..."
ရှုလင်ကျား: "?"
ကျင်းဖေးထုန်ဤနေရာအထိပြောလိုက်ပြီးနောက်တစ်အောင့်မျှတုံ့ဆိုင်းသွားမိသည်။ ရှုလင်ကျားကမထွက်သွားခင်တွင် သူကသူ့ကတိကိုတည်ပြီး သွမ့်ဟောင်ရန်ကိုရှင်းပြလိမ့်မည်ဟုမျှော်လင့်မိကြောင်း သူ့ကိုပြောသွားခဲ့သည်။ ယခု၌ သူဒါကိုဆောင်ရွက်ပြီးသွားပြီဖြစ်သဖြင့် သူ၏ပထမဆုံးအတွေးကား ပင်ကိုယ်အားဖြင့် သူ့ကိုယ်သူသက်သေပြဖို့ရာ ရှုလင်ကျားအားဒါကိုမျက်စိနှင့်တပ်အပ်မြင်တွေ့စေချင်လိုသည်။
သူလိမ်ညာမပြောခဲ့သည်ဖြစ်ရာ ယင်း၏ဓားဝိညာဥ်ကိုတစ်ခုခုပြောဆိုနိုင်ပေလိမ့်မည်။
သို့သော် အလောင်းကိုပို့ပေးလိုက်ခြင်းကား ကျိုးကြောင်းဆီလျော်သည့်အပြင် ကံဆိုးရာလည်းရောက်သည်။
ကျင်းဖေးထုန်စကားပြောင်းကာပြောလိုက်သည်။
"ထားလိုက်တော့၊ အလောင်းကိုရှင်းဇုန်ကိုပဲပြန်ပို့လိုက်ချည်။ ပြီးမှပဲသူ့ကိုပြောပြလိုက်တော့မယ်။"
သူသည်အမိန့်ပေးပြီးနောက် ရှုလင်ကျားကိုဟောခန်းမဆီခေါ်သွားကာ ထိုနေရာတွင်အရောင်နှင့်အနံ့အရသာတို့ပြည့်စုံလှသော အငွေ့တထောင်းထောင်းထနေသည့်ဟင်းပွဲများအပြည့်နှင့်စားပွဲရှိပေသည်။ စားစရာများအဆင်သင့်ဖြစ်နေလေပြီ။ မြေခွေးများဟာသက်သက်လွတ်သမားမဟုတ်လောက်ဟုတွေးတောမိသည်မို့ အသားဟင်းများဖြင့်ပန်းကန်ပြားများရှေ့တွင် ရှုလင်ကျားအချခံလိုက်ရသည်။ ပန်းကန်များဟာသေးငယ်ပြီး ပန်းပွင့်များပမာပုံသဏ္ဍာန်ရှိသည်။ မြေခွေးအတွက်သီးသန့်ဖြစ်ပုံပင်။ ရှုလင်ကျားသည်ယင်းတို့ကိုအကြည့်တစ်ချက်တည်းဖြင့်သဘောမကျဖြစ်သွားမိကာ ဤကဲ့သို့အစားအစာမျိုးကိုမစားချင်ပေ။ သူသည်ကြက်မွှကြော်ပန်းကိုသူ့လက်ဖဝါးလေးများဖြင့်ဆွဲယူကာ ကျင်းဖေးထုန်ထံသို့ပေါ့ပါးစွာခုန်သွားလိုက်၏။
စားပွဲ၏တစ်ဖက်သည် ကျင်းဖေးထုန်၏နေရာဖြစ်ကာ စားပွဲ၏ဆန့်ကျင်ဖက်အခြားတစ်ဖက်၌မူ ရှုလင်ကျားအတွက် ပျော့ပြောင်းကာသက်တောင့်သက်သာရှိသောကူရှင်တစ်ခုရှိသည်။ ကူရှင်၏ထောင့်စွန်းတွင် မြေခွေးဖြူလေးတစ်ကောင်ပုံစံချည်ထိုးထားသည်။ ဤကဲ့သို့တိုတောင်းသောအချိန်တခဏတွင် ယင်းကိုမည်ကဲ့သို့ရှာလိုက်မှန်း သူမသိပေ။
ကျင်းဖေးထုန်သည်ရှုလင်ကျားကိုကူရှင်ပေါ်တင်လိုက်ပုံမှာ မိတ်ဆွေသူငယ်ချင်းဟောင်းကိုဖိတ်ကြားနေသည့်အလား၊ သူ့ကိုပြုံးပြလိုက်သည်။
"မင်းဘာစားရတာကြိုက်မှန်းကိုယ်မသိတာမို့ ကိုယ်အဆင်ပြေတာကိုပဲပြင်လိုက်တယ်။ မင်းကြိုက်တာစားနော်။"
ကျင်းဖေးထုန်သူ့ကိုကြည့်လိုက်ရာ ရှုလင်ကျားကသူ့ရှေ့ရှိဝိုင်ခရားဘေးတွင်ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ဖဝါးကိုမြှောက်၍ခရားကိုတွန်းလိုက်ရာ သေရည်ကဝိုင်ခွက်ထဲကိုလောင်းထည့်ခံလိုက်ရသည်။
သူသည်ဝိုင်နှစ်ခွက်ငှဲ့ကာ တစ်ခွက်ကိုကျင်းဖေးထုန်ရှေ့တိုက်ရိုက်တွန်းပို့လိုက်ပြီး လက်ဖဝါးလေးများကစားပွဲကိုရိုက်လိုက်ပုံမှာ "သောက်!"ဟုပြောနေသည့်နှယ်။
ဤဖြောင့်မတ်ပြီးပိုင်စိုးပိုင်နင်းဆန်ပုံကား လူတွေကိုအနည်းငယ်ရင်းနှီးသယောင်ခံစားသွားရစေသည်။
များသောအားဖြင့် ကျင်းဖေးထုန်သည်သူ့ဘာသာသူသေရည်ငှဲ့ကာသောက်လေ့ရှိပေမဲ့ ယင်းမှာအချိန်အတော်ကြာခဲ့ပြီးဖြစ်လေ၏။ ဤအခိုက် သူလည်းပဲစိတ်ဝင်စားသွားမိသည်။ သူသည်ဝိုင်ခွက်ကိုမြှောက်ကာ နောက်တစ်ခွက်နှင့်ထိလိုက်ပြီး ခေါင်းမော့ကာသောက်လိုက်ပြီးနောက် ရှုလင်ကျားထံခေါင်းငြိမ့်ပြလိုက်သည်။
ဤမြေခွေးလေးဘယ်လိုသောက်မလဲဆိုတာသူကြည့်ချင်မိသည်။
ရှုလင်ကျားကသူ့ကိုသောက်ဖို့ဖိတ်ခေါ်ရဲလေရာ သဘာဝကျကျပင်သူ့၌ကိုယ်ပိုင်သီးသန့်စွမ်းရည်များရှိနေပြီး သူ့ပါးစပ်ကိုဟ၍ဝိုင်ခွက်ကိုကိုက်ကာ လည်တိုင်မော့၍ သက်ပြင်းချလိုက်မိသည်။
ကျင်းဖေးထုန်နောက်ဆုံးတွင်ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်မိသဖြင့် ရှုလင်ကျား၏အမြီးနှင့်ဖြတ်ရိုက်ခံလိုက်ရပေသည်။
ဤမြေခွေးလေး၏ဒေါသကြီးသောစရိုက်ကိုကြိမ်ဖန်များစွာမြင်တွေ့ခဲ့ရပြီးနောက် ကျင်းဖေးထုန်အပြုံးတစ်ပွင့်ဖြင့်တောင်းပန်လိုက်မိသည်။
"ကိုယ်တောင်းပန်ပါတယ်။ မင်းကအရမ်းတော်တယ်လို့ကိုယ်ထင်တယ်။ ကိုယ့်ကိုနောက်တစ်ခွက်ငှဲ့ပေးပါအုံးကွာ။"
သူသည်ဝိုင်ခွက်နှစ်ခွက်ထပ်ဖြည့်လိုက်ပြီး တစ်ဖက်လူကဘာမှမစားလေရာ သူလည်းသောက်ရုံသာသောက်လိုက်သည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့စားပွဲ၏တစ်ဖက်တစ်ချက်တွင်ထိုင်ပြီး သေရည်သောက်ခဲ့သည်မှာ သိပ်မကြာသေးပေမဲ့ ထိုအချိန်တုန်းက သူဟာတစ်ဖက်လူအပေါ်သံသယပိုနေခဲ့သည်။ သို့ပေမဲ့ ယခုတွင်လေထုကပို၍သက်တောင့်သက်တာဖြစ်နေလေရာ သူသေရည်သောက်နိုင်ပေသည်။
ကျင်းဖေးထုန်၏သေရည်သောက်နိုင်စွမ်းကား အမြဲတစေအလွန်ကောင်းမွန်ချေ၏။ သေရည်ခွက်ပေါင်းများစွာသောက်ပြီးနောက်တွင် သူမမူးဘူးဟုပြော၍ရပေမဲ့ ထိုမြေခွေးလေးကလည်းကောင်းကောင်းသောက်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ လူတစ်ယောက်နှင့်မြေခွေးတစ်ကောင်မှာ စားပွဲပေါ်ရှိဝိုင်ခရားအကုန်လုံးနီးပါးသောက်ပြီးနောက် ရှုလင်ကျားစားပွဲပေါ်ကခုန်ဆင်းလိုက်သည်။
ကျင်းဖေးထုန်သည်ခန်းမရှေ့ရှိ ကုလားထိုင်ပေါ်တွင်မှီလှဲချလိုက်၏။ ရှုလင်ကျားအစကတော့ထိုင်ခုံလက်ရန်းပေါ်တွင်လှဲနေပေမဲ့ နောက်ကျတော့အဆင်မပြေဖြစ်လာလေရာ ရိုးရှင်းစွာဖြင့်လက်ရန်းပေါ်မှခုန်ဆင်းကာ ကျင်းဖေးထုန်၏ပေါင်ပေါ်တွင်နေရာယူလိုက်ပြီး မြေခွေးအမွှေးလုံးလေးအဖြစ်ကွေးနေလိုက်သည်။
သူတို့နှစ်ဦးသားသည်အနည်းငယ်သောက်ထားသဖြင့် ကျင်းဖေးထုန်ကသူ့ကိုသူ့ဗိုက်ပေါ်တွင်လဲလျောင်းခွင့်ပြုထားလိုက်ပြီး လက်ပိုက်ကာဖြင့် ကုလားထိုင်ကိုဖြေးဖြေးလေးလွှဲရမ်းလိုက်သည်။
ဤအချိန်ကားနွေဦးကုန်ခါနီးနွေရာသီကာလပင်ဖြစ်သည်။ ပတ်ဝန်းကျင်၌မည်သည့််အသံစိုးစဥ်းမျှမရှိ။ အပင်ထိပ်ဖျားရှိဆီးသီးပွင့်လွှာတို့မှာ ဝေ့ကာလှည့်ကာဖြင့်လေထဲတွင်လွင့်မျောလျက်ရှိပေသည်။
ရှုလင်ကျားသည်သူ၏အမွှေးဖွာသောအမြီးထဲတွင်ခေါင်းမြှုပ်ထားကာ သေရည်ယစ်မူးခြင်းကိုခံစားနေပေမဲ့ ငိုက်မြည်းနေသောအခြေအနေမှ ကျင်းဖေးထုန်၏လှုပ်နိုးခြင်းခံလိုက်ရတော့သည်။
ကျင်းဖေးထုန်ကပျော့ပြောင်းစွာဖြင့်ရုတ်တရက်ဆိုသည်။
"အသက်ရှင်ရတာအဓိပ္ပါယ်မရှိဘူးလို့ ကိုယ်အမြဲခံစားနေရတယ်။"
သူ့စကားကြောင့် ရှုလင်ကျားအလေးအနက်ဖြစ်သွားသည်။
"ကိုယ်မွေးလာကတည်းက ဒီဘဝမှာဘာလုပ်ရမလဲဆိုတာကိုသတ်မှတ်ထားပြီးသားပဲ။ ရာထူး၊ အဆင့်အတန်း၊ သွေးသားဆက်နွယ်မှု၊ ဒီအရာတွေကလူတွေကိုဘောင်ထဲမှာအလွယ်တကူပိတ်မိသွားစေတယ်။"
ကျင်းဖေးထုန်တွေးတောကာဖြင့် သူ့ကိုယ်သူပြောလိုက်သည်။
"တောက်ဓမ္မပညာကိုကျင့်ကြံပြီး မသေမျိုးဖြစ်ဖို့ကြိုးစားနေကြတဲ့လူတိုင်းက အမြင့်ကိုပျံသန်းချင်ကြတာကြီးပဲ။ တကယ်တော့ အမြင့်ကိုရောက်တော့ရောဘာလုပ်လို့ရမှာတဲ့လဲ။ မသေမျိုးဖြစ်ပြီး လူတွေရဲ့ထိပ်ဆုံးမှာရပ်နေရတာထက်ဘာမှမပိုဘူး။ ကိုယ်လည်းပဲထျန်းမင်တောင်ထွတ်ပေါ်မှာ ကိုယ့်အဖေနဲ့အတူရပ်ပြီး သက်ရှိတွေအားလုံးကိုငုံ့ကြည့်ခဲ့ဖူးတယ်။ အဆုံးမဲ့ချမ်းသာကြွယ်ဝမှုတွေ၊ မာန်မာန၊ ဂုဏ်သိက္ခာတွေနဲ့ပြည့်နေပေမဲ့ အချိန်အကြာကြီးကြည့်ပြီးတဲ့နောက်မှာတော့ တောင်တွေ၊ မြစ်တွေ၊ နေနဲ့လ၊ ထာဝရတည်မြဲခြင်းတွေက...ဘာမှမဟုတ်ဘူး။"
ရှုလင်ကျားကူကယ်ရာမဲ့စွာဖြင့်သူ၏အမွှေးများထဲမှ နားရွက်တစ်ဖက်ထောင်ကာနားစွင့်လိုက်မိသည်။
ထို့နောက် ကျင်းဖေးထုန်၏မိဘများမည်သူမည်ဝါဖြစ်ကြောင်းကို မည်သူတစ်ဦးတစ်ယောက်မျှဖော်ညွှန်းပုံမပေါ်သည်ကို သူသတိရသွားသည်။ သူသည်သိုင်းပညာလေ့လာဆည်းပူးရန် လင်ရှောင်းဂိုဏ်းထံလာရောက်ချင်သဖြင့် လွယ်လင့်တကူရောက်ရှိလာခဲ့ပြီး မည်သည့်နေရာမှာပင်ဖြစ်စေ အမြဲတစေရိုသေလေးစားခံရကာ ထို့နောက်၌ ပီလော့နန်းတော်ထံပြန်သွားခဲ့သော်အခါတွင်လည်း မြင့်မားသောရာထူးအဆင့်အတန်းကိုရရှိခဲ့သည်ကိုသာလျှင် ရှုလင်ကျားသိ၏။
ထို့အပြင် နန်းတော်အရှင်ဖြစ်သောယွဲ့ထောင်ဟာလည်း ကျင်းဖေးထုန်ကိုအတော်လေးမနာလိုရှုစိမ့်ဖြစ်နေပုံပေါ်သဖြင့် ပီလော့နန်းတော်၏နန်းတော်ဆယ်ခုထဲတွင် သူ၏အဆင့်အတန်းမှာလည်း သာမန်ထက်ထူးခြားကြောင်းမြင်နိုင်ပေသည်။
ယင်းမှကြည့်လျှင်၊ ကျင်းဖေးထုန်၏နောက်ခံအသိုင်းအဝိုင်းကားမရိုးရှင်းလောက်ပေ။ ယခုသူ့စကားများကိုနားထောင်လိုက်တော့ ပို၍ပင်ထူးခြားနေပုံပင်။
ကျင်းဖေးထုန်သည်ရှုလင်ကျား၏နားရွက်ကလေးကိုညင်သာစွာတို့ထိကာ ဆိုလာပေ၏။
"ကိုယ်ဘယ်တုန်းကမှအခွင့်အရေးကိုလွဲချော်ခဲ့ပုံမပေါ်ဘူး။ ဝမ်းဆွေးသောကမရှိ၊ ပျော်ရွှင်မှုမရှိ၊ ဒေါသလည်းမရှိဘဲ ကိုယ်နေ့ရက်တိုင်းကိုတစ်ပုံစံတည်းဖြတ်သန်းနေခဲ့တယ်။ ဒါပေမဲ့ကိုယ်မသိဘူး။ ဘာလို့များ ဒီလိုမျိုးအမြဲခံစားနေရလဲဆိုတာ..."
ကျင်းဖေးထုန်၏အသံမှာရုတ်ခြည်းရပ်တန့်သွားချေသည်။
ရှုလင်ကျားခေါင်းမော့ကာ သူ့ကိုကြည့်လိုက်မိသည်။
ကျင်းဖေးထုန်၏မျက်ဝန်းများကပြန်လည်အောက်မေ့သတိရခြင်းနှင့်ဝေခွဲမရဖြစ်ခြင်းတချို့ကိုပြသလျက်ရှိသည်။
"ကိုယ်အမြဲခံစားနေရတာက...ကိုယ့်မှာရူးသွပ်ပြီးပျော်ရွှင်တဲ့ဘဝရှိခဲ့ဖူးပေမဲ့ သူတို့တွေမရှိတော့ဘူး။ ကိုယ်သူတို့ကိုမမှတ်မိဘူး။ ကိုယ်သူတို့ကိုပြန်ရှာလို့မရဘူး။"
အသံမှာလည်းနွေဦးညလေညှင်းပမာ ညင်သာသောနွေးထွေးမှုကိုဆောင်ကျဥ်းလျက်ရှိသည်။ ကျင်းဖေးထုန်၏စကားလုံးများထဲ၌ သူ၏မှတ်ဉာဏ်ထဲကသူ၏မိဘများနှင့်ပတ်သတ်သော ပျံ့ကြဲနေသည့်အပိုင်းအစများကို ရှုလင်ကျားရုတ်ခြည်းသတိရသွားသည်။
တကယ်တမ်း၌မူ၊ သူကားနောက်ခံအသိုင်းအဝိုင်းရှိသောသူတို့ကိုအားကျမိသဖြင့် လင်ရှောင်းဂိုဏ်းနှင့်ရှစ်စွင်းကိုအမြဲတမ်းဂရုစိုက်ခဲ့သည်။ သူသစ္စာဖောက်ခံရသည်ဟုခံစားရသောအခါ သူထွက်သွားရန်ဆုံးဖြတ်ခဲ့သည်။ ၎င်းဟာလည်း သူတစ်ချိန်ကရတနာတစ်ပါးဟုမှတ်ယူခဲ့သောအရာကိုဖျက်ဆီးရန် အဆုံးမဲ့စိတ်ပျက်မှုကိုမလိုချင်သောကြောင့်ပင်။
ယွဲ့ထောင်ကမင်ရှောင်း၏အသက်ကိုကယ်တင်ဖို့ရန် မုန့်ရှန်၏အသက်ကိုစတေးချင်သည်ကို ရှုလင်ကျားမြင်လိုက်ရတုန်းက၊ သူ့ကိုပုန်းစေပြီး သူ့အဖေကိုသွားရှာရန် အလျင်စလိုထွက်သွားသည့်သူ့အမေကို သူလည်းပဲတွေးမိသွားခဲ့သည်။
ထိုအချိန်တုန်းက သူသည်အလွန်ငယ်သေးပေမဲ့ ယခုသူ့ကိုသာရွေးချယ်ခွင့်ပေးလာခဲ့သည်ရှိသော် သူ့မိသားစုနှင့်သေအတူရှင်မကွာရှိနေတာကပိုကောင်းမည်ဟု သူခံစားမိလိမ့်မည်ပင်။ အနည်းဆုံးတော့ သူ့နှလုံးသားထဲမှာနေရာတစ်ခုရှိနေမည်သာ။
ရှုလင်ကျားသည်မင်ရှောင်းကိစ္စကြောင့် စိတ်လှုပ်ခတ်သွားမိသည်မို့ ယခုအခိုက်အတန့်၌ ကျင်းဖေးထုန်ပြောလာသည်နှင့်ပတ်သတ်၍ သူလည်းပဲတူညီစွာခံစားမိချေ၏။
သူတို့သည်လေထဲတွင်စကားပြောခဲ့ဖူးသောမျက်ကန်းများပင်။ အလင်းရောင်မရှိသည့်အခါတွင် ပန်းရနံ့များကိုအနံ့ခံရှုရှိုက်ကာ လေညှင်းကိုနားထောင်၍ရပေသည်။ အထီးကျန်ဆန်မှုကအထီးမကျန်တော့ပေမဲ့ တစ်နေ့မှာမိုးကောင်းကင်၏အလင်းရောင်ကိုသူတို့တွေ့လိုက်ရသည့်အခါ ပျော်ရွှင်ရူးမိုက်စွာဖြင့်ကခုန်မိကြလိမ့်မည်။
ထို့အပြင် သိသိသာသာကို ကျင်းဖေးထုန်၏ဆုံးရှုံးမှုကား ပို၍နာကျင်စရာကောင်းကာ ပြင်းထန်ပုံပေါက်သည်။
တစ်ဖက်လူကသွမ့်ဟောင်ရန်ကိုအသုံးချကာ ဇုန်ဝူရှင်းကိုရှာဖွေရာတွင် အလွန်ဇွဲကောင်းနေရသည့်အကြောင်းရင်းကို ရှုလင်ကျားရုတ်တရက်အနည်းငယ်နားလည်သွားရသည်။
ကြည့်ရသည်မှာ...သူ့မှာလည်း ဘာတွေပဲဖြစ်နေပါစေသိချင်မိသောအမှန်တရားရှိနေပုံပင်။
သင်သာကျင်းဖေးထုန်နှင့်မရင်းနှီးလျှင် သူဟာခံစားချက်ကင်းမဲ့ပြီး အကြင်နာတရားမရှိသောသူဖြစ်သည်ဟု သင်တွေးမိလောက်သဖြင့် လူတွေအတွက်တော့ ဤကဲ့သို့သောသူမျိုးနှင့်ပြောရဆိုရခက်ခဲလောက်မည်ပင်။ သို့ပေမဲ့ မမျှော်လင့်ထားစွာဖြင့် သူကားလူတိုင်းထက်ပို၍ဇွဲကောင်းလှပေ၏။
...အင်း၊ သူဟာလည်းခံစားချက်ရှိသော လူသားတစ်ယောက်ဖြစ်သည်ပင်။
ရှုလင်ကျားပိုကြားချင်ပေမဲ့ ကျင်းဖေးထုန်ကဆက်မပြောတော့ပေ။ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက်၌ သူသက်ပြင်းအသာချလိုက်သည်။
Advertisement
"ဒါပါပဲ။"
ဤစကားလုံးနှစ်လုံးကိုပြောပြီးနောက်မှသာလျှင် သာမန်လူတွေရင်းနှီးသည့်ကျင်းဖေးထုန်ပြန်ရောက်လာပုံပေါက်သည်။
ကျင်းဖေးထုန်စကားထပ်မပြောတော့ဘဲ မျက်စိမှိတ်ကာ ကုလားထိုင်ပေါ်ကျောမှီချလိုက်ပုံမှာ အိပ်မောကျသွားသည့်နှယ်။ ရှုလင်ကျားတစ်အောင့်မျှလှဲနေပြီးနောက်၌ သူ့ပေါင်ပေါ်မှခုန်ဆင်းကာ ခန်းမထဲကထွက်သွားလိုက်တော့သည်။
စနစ်ပေးသည့်တာဝန်ပြီးမြောက်သွားကာ ယနေ့တွင်သူကံကောင်းမှုတန်ဖိုးများစွာရလိုက်သည်။ ကျင်းဖေးထုန်၏မိစ္ဆာအတွင်းစိတ်ကတစ်ခဏမျှ ထပ်ပေါ်လာမည်မဟုတ်သဖြင့် ရှုလင်ကျားသည်မင်ရှောင်းကိုချင်းချိုးထံပြန်ပို့ပေးရမည်ပင်။
ကျင်းဖေးထုန်ကမတားမြစ်သကဲ့သို့ လှုပ်လည်းမလှုပ်ရှားဘဲ ပျင်းရိပျင်းတွဲမှီလျက်ရှိသည်။
သေရည်ကောင်းမွန်စွာသောက်ပြီးနောက်တွင် ဤကဲ့သို့စိတ်ပြေလက်ပျောက်အနားယူဖြစ်ဖို့ကကြုံတောင့်ကြုံခဲလှသည်။ သို့ပေမဲ့ သူ၏အကောင်းဆုံးသေရည်သောက်ဖော်သောက်ဖက်ကား မြေခွေးတစ်ကောင်ဖြစ်နေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေ။
တစ်အောင့်ကြာသော် သူလက်ဆန့်ကာ ကုလားထိုင်ပေါ်မှထ၍ စားပွဲဆီသို့လျှောက်သွားလိုက်သည်။
သေရည်ဝိုင်ခရားမှာကောက်မကာအလှုပ်ခံလိုက်ရပြီး အတွင်း၌သေရည်လက်ကျန်အနည်းငယ်ရှိနေဆဲပင်။
"လောကကြီးထဲမှာ အခက်ခဲဆုံးအရာက ဆုံစည်းခွဲခြားဖို့ပဲ။ နွေဦးအဆုံးသတ်ကိုမင်းရောက်ရင် အဲ့ဒါကိုကြည့်ပြီး ပွဲကထွက်လာခဲ့လိုက်ပါ။"
ကျင်းဖေးထုန်ရေရွတ်ကာ ခရားကိုမြှောက်၍ ခေါင်းမော့ကာသောက်ပစ်လိုက်သည်။
"နှုတ်ဆက်ခွဲခွာရမဲ့အကြောင်းတွေးပြီးတဲ့နောက်မှာ ဘယ်သူကမိုးမခပင်အနွယ်ကိုဖြတ်ပစ်မှာတဲ့လဲ။ ဒီပွေ့ဖက်မှုကဘယ်ဆီများရောက်နေပါလိမ့်။"*
သေရည်များကသူ့လည်ချောင်းထဲစီးဝင်သွားပြီး အနည်းငယ်အရိုင်းဆန်သောယစ်မူးခြင်းနှင့်အတူ သူပြုံးလိုက်မိကာ စားပွဲပေါ်ကမထိတွေ့ထားသောစားစရာများနံဘေးတွင် ခရားကိုပြန်ချလိုက်သည်။
ကျင်းဖေးထုန်၏ခန္ဓာကိုယ်အနည်းငယ်ယိမ်းထိုးသွားကာ ခန်းမထဲကထွက်သွားရန်ပြင်လိုက်ချိန်တွင် သူ့မျက်လုံးကစားပွဲထံမရည်ရွယ်ဘဲဝေ့ဝဲသွားပြီး အနည်းငယ်တောင့်ခဲသွားရသည်။
သူလက်ဆန့်ကာ သစ်ရွက်ပုံသဏ္ဍာန်ရှိသော ချိုမြိန်သောအနံ့နှင့်ပဲစေ့ကိတ်တစ်ပိုင်းကိုပင့်မကာ ယင်းကိုသူ့ရှေ့ယူကြည့်လိုက်မိသည်။
ကိတ်တစ်ဝက်ကအကိုက်ခံထားရပြီး ယခုလေးတင်ပန်းကန်ပေါ်သို့မြေခွေးလေး၏ပြန်တင်ခြင်းခံထားရကာ ရှုလင်ကျားစားသွားပုံပေါက်သည်။
ဒါကဘာမှမထူးဆန်းပေမဲ့ ရှုလင်ကျားကစားပွဲပေါ်ကစားစရာအနည်းငယ်ကိုသာလျှင်စားသွားသည်။
ဒီကနေ့နေ့လယ်ခင်းတွင် သူနှင့်ရှုလင်ကျားက ထိုစားသောက်ဆိုင်ထဲတွင်အပြန်အလှန်စမ်းသပ်ခဲ့ကြပြီး သေရည်ဝိုင်တစ်အိုး၊ ပဲစေ့ကိတ်နှင့် အခြားသောဟင်းပွဲအနည်းငယ်ကိုလည်းမှာခဲ့ကြောင်း ကျင်းဖေးထုန်ရုတ်ခြည်းသတိရသွားသည်။
ထိုအချိန်တုန်းက သူတို့သည်စားစရာစာရင်းကိုကြည့်ရန်စိတ်မဝင်စားခဲ့ပေ။ ရှုလင်ကျားကယင်းကိုသာမန်ကာလျှံကာမှာလိုက်ခြင်းပင်။
လူတစ်ယောက်၊ မြေခွေးတစ်ကောင်၊ သူတို့အားလုံးဒါကိုစားရတာကြိုက်ကြတာလား။
စိတ်ထဲတွင်ထိုအတွေးထွက်လာပြီးနောက် ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာဖြင့်ပိုတွေးလိုက်မိသည်။
ယခုလေးတင်သေရည်သောက်စဥ်က မြေခွေးလေး၏မဖော်ပြနိုင်လောက်အောင်ရင်းနှီးသောအကြည့်နှင့် တစ်ခါတရံချစ်စရာကောင်းပြီး ရံဖန်ရံခါဒေါသကြီးတတ်သောစရိုက်။ ၎င်းသည်ရှုလင်ကျားနှင့်အတူတစ်ချိန်တည်းတွင်ဘယ်တော့မှမပေါ်လာပေ။ သို့ပေမဲ့ ယင်းပေါ်လာတိုင်း ရှုလင်ကျားကအနီးအနားတွင်ရှိသည်။
မြေခွေးမျိုးနွယ်စု၏သခင်လေးလည်းရှိသည်...မြေခွေးမျိုးနွယ်စုတွင် လူပေါင်းများစွာရှိသည်။ ဘာကြောင့်များသခင်လေးအဖြစ်ဟန်ဆောင်ဖို့ အပြင်လူကိုရှာခဲ့တာလဲ။
ဤမြေခွေးလေးဟာ ချင်းချိုးမြေခွေးမျိုးနွယ်စုမှဖြစ်လိမ့်မည်ဟု ကျင်းဖေးထုန်တွေးမိသည်။
သို့ပေမဲ့ တစ်ဖက်လူ၏အခြားအခြမ်းမှာ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ကာ ခွဲခြားရခက်ခဲလှသော အခြားသောမျိုးနွယ်စုကဖြစ်ပုံရသည်။
အခြားတစ်ဖက်၌မူ ယင်းကား ကျင်းဖေးထုန်ကားသဘာဝအရမောက်မာကာ တော်ဝင်မိသားစုမှဆင်းသက်လာသောကြောင့်ပင်။ သူသည်အကြင်နာတရားမကင်းမဲ့သော်လည်း ကိစ္စများကိုကိုင်တွယ်ဖြေရှင်းရာ၌ လူကြီးလူကောင်းတစ်ယောက်၏ပုံစံရှိနေဆဲဖြစ်သည်။ ထိုမိတ်ဆွေဆက်ဆံရေးကား နှစ်ဦးနှစ်ဖက်ရိုသေလေးစားရာ၌ အရေးကြီးဆုံးအရာဖြစ်သည်ဟုသူထင်မိသည်။ သူလည်းပဲအမြစ်အထိတူးဖော်ရန်နှောင့်နှေးနေလိမ့်မည်မဟုတ်။
သို့ဖြစ်ရာ ဤမြေခွေးလေး၏ဇစ်မြစ်ကို သူအရေးတယူလေ့လာမနေတော့ပေ။ အဆုံးတွင် လူတချို့ကသူ့ကိုထိခိုက်အောင်လုပ်ချင်ပေမဲ့ မည်သူကမျှမြေခွေးယောင်ဆောင်ပြီး သူ့ကိုမလုပ်ကြံခင် တမင်သက်သက်သူနှင့်ကောင်းမွန်သော ဆက်ဆံရေးတစ်ခုတည်ဆောက်သည်အထိ
ကျင်းဖေးထုန်အပေါ်အထင်မသေးကြပေ။ ဖြားယောင်းခြင်းကားသည်ထက်လက်တွေ့ပိုကျပေ၏။
ရှုလင်ကျားနှင့်မြေခွေးလေး၏အပြုအမူများဟာ ကျင်းဖေးထုန်၏စိတ်ထဲတွင်တစ်လှည့်စီဖြတ်ပြေးလျက်ရှိသည်။ ဤခန့်မှန်းချက်ကားအစကတော့ဖြစ်နိုင်ပုံမပေါ်သော်လည်း သူထိုအကြောင်းပိုတွေးလေလေ နီးကပ်လာသလိုခံစားရလေလေပင်။
ကျင်းဖေးထုန်ပထမဆုံးတွေးမိသောအရာကား ရှုလင်ကျား၏မလှုပ်ရှားသောသွေးခုန်နှုန်းဖြစ်သည်။
တစ်ဖက်လူ၏ခေါင်းမာကာသန်မာသောစိတ်သဘောထားကို သူတွေ့ကြုံခဲ့ပြီးသားပင်။ ရှုလင်ကျားအချိန်အတော်ကြာနာကျင်နေခဲ့မည်ကိုတွေးမိရင်း သူတစ်ခုခုကိုအာရုံရနေပေမဲ့ ထိုအချိန်တုန်းကသူမသိခဲ့ရုံသာ။
သို့ပေမဲ့ယခုကြည့်ရသည်မှာ သူသာတကယ်ပဲမြေခွေးတစ်ကောင်ဖြစ်ခဲ့လျှင် သူသေရည်သောက်နေစဥ်တွင် သူ့ကိုယ်သူဒဏ်ရာရနေသည့်လူတစ်ယောက်ဟုမတွေးဘဲ သူဟာ"အတိုင်းအတာ"ဟူသည့်စကားလုံးကိုမမြင်ဖူးမှာစိုးသည်။
ချင်းချိုး၏လျို့ဝှက်နယ်မြေကားအလွန်အန္တရာယ်များလှ၏။ သူပြန်သွားပြီးနောက်၌ အတွင်းကိုဆက်လက်ဖောက်ဝင်နေမည်လားဆိုတာကိုသူမသိပေ။ သူဒဏ်ရာရသွားရင်ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ အဲ့ဒါကငါနဲ့ဘာဆိုင်လို့လဲ။ ငါကဘာလို့ဒေါသထွက်နေရတာလဲ။ ဘာကြောင့်များစိုးရိမ်နေမိတာလဲ။
ကျင်းဖေးထုန်တွေးရင်းဖြင့်အပြင်လျှောက်ထွက်သွားသည်။
သူ၏ငယ်သားများကအပြင်တွင်ရပ်ကာစောင့်ကြပ်လျက်ရှိပြီး ဒါကိုမြင်လိုက်ရသော် သူတို့ဦးညွှတ်ကာ မေးလိုက်သည်။
"အရှင်?"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ငါချင်းချိုးကိုသွားမှာမို့ မင်းတို့လိုက်လာစရာမလိုဘူး။"
မည်သူကမျှမမေးရဲကြပေ။ ကျင်းဖေးထုန်၏ကိုယ်ရံတော်ယွမ်လီတစ်ယောက်သာလျှင်မေးရဲသည်။ သူသည်နှစ်ပေါင်းများစွာအတူရှိလာခဲ့ကာ သစ္စာစောင့်သိပြီး စကားကြွယ်ပေ၏။
သူပြောလိုက်သည်။
"အရှင်၊ အရှင့်ကိုအရမ်းစိုးရိမ်စေတဲ့ကိစ္စကြီးတစ်ခုခုများရှိလို့လား။ တကယ်လို့အန္တရာယ်များလို့ရှိရင် အရှင်လူများများခေါ်သွားသင့်ပါတယ်။"
ကျင်းဖေးထုန်တန့်သွားကာ အနောက်လှည့်၍ပြောလိုက်သည်။
"ငါစိုးရိမ်နေတာလား။"
ယွမ်လီကဆိုသည်။
"ဟုတ်ပါတယ်အရှင်။ ပျော်ရွှင်မှုနဲ့အမျက်ဒေါသကခွဲခြားလို့မရဘူးလို့ အရှင်အမြဲပြောခဲ့တယ်လေ။ အရှင်အရမ်းစိုးရိမ်နေတာကို ကျွန်တော်မျိုးမြင်ရတာဒါပထမဆုံးပါပဲ။ ဒါမှမဟုတ်ရင် ကျွန်တော်မျိုးပဲအရှင်နဲ့အတူလိုက်ခဲ့ပါမယ်။"
- "ကိုယ်ဘယ်တုန်းကမှအခွင့်အရေးကိုလွဲချော်ခဲ့ပုံမပေါ်ဘူး။ ဝမ်းဆွေးသောကမရှိ၊ ပျော်ရွှင်မှုမရှိ၊ ဒေါသလည်းမရှိဘဲ နေ့ရက်တိုင်းကိုကိုယ်ဒီလိုပဲတူညီစွာဖြတ်သန်းနေခဲ့တယ်။"
မကြာသေးခင်ကသူပြောလိုက်သောစကားများကြောင့် ကျင်းဖေးထုန်၏နှလုံးသားဒိန်းခနဲဆောင့်ခုန်သွားရကာ ယင်းကချိုမြိန်ခြင်းလား၊ ခါးသက်မှုလားဆိုတာကို သူတစ်အောင့်မျှမသိတော့ဘဲဝေခွဲမရဖြစ်နေမိတော့သည်။
သူသည်ယွမ်လီထံလက်မြှောက်ပြကာ "ရပ်"ဟုအမူအရာပြလိုက်ပြီး ဘာဆိုဘာမှမဆိုဘဲအဝေးလျှောက်ထွက်သွားလိုက်မိချေ၏။
___________________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
*ကျိုးပန့်ရန်ရဲ့"လိုင်ချီးသီးရနံ့"။
ရှစ်ရှုန်း:"ငါက ငါ့ဇနီးလေးကိုမှတ်မိတဲ့နေရာမှာ အထူးကျွမ်းကျင်တယ်ရော်။"
___________________________________________
နောက်ဆုံးတော့ပြန်ရောက်လာခဲ့ပါပြီ။ မျှော်နေတဲ့သူရှိရဲ့လား?? ကိုယ်လည်းဘာတွေအလုပ်ရှုပ်လို့ရှုပ်နေမှန်းမသိဘူး။ အခုတော့updateပြန်မှန်ပါပြီ။ နောက်ပိုင်းတွေကစာလုံးရေအရမ်းများတာမို့ တစ်ရက်ခြားစီupပါ့မယ်။ နားမလည်တဲ့နေရာရှိရင် မေးလို့ရပါတယ်နော်။ မရှိန်ကြပါနဲ့။ ဟောဒီကတစ်ယောက်က သောက်ချောကြီးရယ်...ဟဲဟဲ စာမျှားချိတ်မှာလည်းဒါတင်ထားပါတယ်။ "ဟူအောင့်ထျန်း"ဆိုတဲ့နာမည်နဲ့ပါပဲ။
________________________________
!zawgyi!
........................................................................
"တစ်ယောက်ယောက်လာစမ်း။"
ရှုလင်ကျား: "?"
Advertisement
- In Serial37 Chapters
The Tooth and Claw Guild - A Shifter LitRPG Story
150 years in the future. Refugees outside one of the last viable cities on Earth. One by one, they are funnelled into a refugee camp outside the city walls, for what looks like a life sentence of hard labor. But when Ricky arrives, he learns that they are offered a lifeline – overnight, they can enter the Dark Framework, a fantasy adventure game, and where the bravest and most cunning have a chance to find a key to the city. If they succeed, they can become a citizen of New Baravia at last. As Ricky starts out on his quest, he quickly finds that he lacks the strength to overcome both the game’s monsters and obstacles. But when a guild of mysterious shapeshifters offer to take him in, he has a chance to work with others at last. If he joins with them, perhaps could they find the key to the city together – but at a cost of the principles that Ricky holds closest to his heart. In this dark fantasy story, which moves between a brutal post-apocalyptic real world and a virtual game world, the only way for Ricky to succeed in his quest may be to let go of his humanity...
8 101 - In Serial24 Chapters
ABERRANT: The Tale of Magic Under the Fallen Sky
THIS NOVEL HAS BEEN DISCONTINUED. CHAPTERS WILL NOT BE UPLOADED AS OF 3/18/2021. In the world of 2093, Earth's surface has been ravaged by the elements of outerspace and humanity has retreated into the colossal dome cities. Where Magic is introduced as a scientific concept, mankind lives in a technological society hanging between a utopia of peace, and a cornered race awaiting its destruction. Michael has lost his family, friends, and home in an incident that has changed his life forever. But he does not abandon hope, as the truth behind his town's destruction may lie in humanity's salvation. Accompanied by his childhood friend Julia, Michael faces the fate of the world starting at the gate of Lyre Magic Academy! Will he be able to succeed in his new school life? Will he be able to call on his dark past to lead him towards his desired future? Find out next time on dra This is the first novel I've written so I'd appreciate any type of feedback I can get. While the quality may fluctuate here and there, I promise you that the writing will continue to improve as the story develops into a deeper, more sophisticated world of exciting adventures and challenges. Stay with me to delve into a complex world of intense hardship and discovery, all to sate your unending hunger for fantasy and exploration. And yes, the cover art is made in MS Paint.
8 94 - In Serial33 Chapters
Otherworldly Life as a Beastman
After working on a costume for cosplaying, an introverted boy, Shouya Kirikage, suddenly woke up another world where it inhabited by other races such as Elves, Half-breeds, and of course, Beast-humans. When he arrived, his body was mysteriously transformed into a beast-man, an animal that walks and talks like a human. Can he survive in another world in an inhuman form?
8 122 - In Serial80 Chapters
RESCUED AND RISEN
Becoming a stripper or taking part in what most people would term as 'prostitution' was never my dream. Becoming a hooked drug addict was never part of my future plans either. I had always been another normal ambitious teenager with a dream to have a top class job with a huge office on the 30th floor, but all that dream faded and life became a nightmare when I was sold to a drug dealer by my drug addict stepfather, months after mom's illness. The money my stepfather got supposedly kept him high but for me it became more than just being high. My life consisted of abuse, alcohol, drugs,poles and men. I wasn't given a choice to do otherwise, well not until I was rescued or more like pitied and not being killed when my boss and his men were taken out by one of the guy I was sent to seduced that same night. Who is this guy? Well I'm about to find out when I regain consciousness.This is the third book in the mafia trilogy.1.Daddy's Little Assassin2.Caught In The Middle3.Rescued&Risen**
8 135 - In Serial14 Chapters
LIKE AN IDOL•MYUNGJIN
Myungie: HA HA HAYou funny boiThat was really funny broI laughed Idk who is this idol but I like himGive me his name and I ll stan him later But now please send a real photo of youJinu: to be honest,Its me :") ***•B×B•texting+written parts***-COMPLETED-
8 161 - In Serial24 Chapters
Supernatural Imagines
Supernatural Imagines including:Dean WinchesterSam WinchesterCastielMichaelYoung John WinchesterKevin Tran and etcRequests are open hope you guys enjoy!Disclaimer-I don't own Supernatural or its characters
8 192