《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၇] အဆိပ်သင့်မိုးရေ|အဆိပ္သင့္မိုးေရ
Advertisement
"ဇာတ်ကောင်အဆင့်မြင့်သွားတဲ့အတွက်Hostကိုဂုဏ်ပြုပါတယ်။ အဓိကဇာတ်ဆောင်ရောင်ဝါ၅ရာခိုင်နှုန်းပြန်ရပါပြီ။"
___________________________________________
ယင်းချန်၏မျက်နှာကားတည်ငြိမ်လျက်ရှိကာ သူ့လက်ကိုဆန့်၍ ရှောင်းနဥ်အာ၏အကျီကော်လာအနောက်ကိုဆွဲလိုက်ပြီး သူမကိုပြုတ်မကျသွားအောင်ကာကွယ်လိုက်သည်။
သို့ပေမဲ့ သူ့လက်မှာမူအဆက်မပြတ်တုန်ရီနေပြီး သူ့နှုတ်ခမ်းပေါ်ကသွေးမှာချက်ချင်းဆိုသလိုပျောက်သွားပုံပေါ်သည်မှာ ရှောင်းနဥ်အာကိုလက်ဗလာဖြင့်ကိုင်ထားနိုင်သည့်နှယ်။
ယင်းချန်၏ဘေးရှိဂိုဏ်းသားသည်ရှောင်းနဥ်အာကိုမြန်မြန်ဆွဲခေါ်လိုက်ပြီး သူမကိုတွဲထားလိုက်ရာ သူကတော့ဖြင့်အလောင်းထံခပ်သွက်သွက်လျှောက်သွားလိုက်သည်။
သူသည်ဒူးတစ်ဖက်ထောက်လိုက်ပုံမှာ သူ့လက်ကိုဆန့်ကာအတည်ပြုချင်သည့်အလား။ သို့သော် ဆန့်ထုတ်လိုက်သောလက်ချောင်းမှာမူအချိန်အတော်ကြာမရောက်သွားခဲ့ပေ။
အဆုံး၌ ယင်းချန်ခေါင်းငုံ့ကာ အလောင်း၏မျက်နှာကိုစိုက်ကြည့်လိုက်ပြီး စကားလုံးသုံးလုံးကိုသာလျှင်ဖျစ်ညှစ်ပြောလိုက်နိုင်သည်။
"မဖြစ်နိုင်ဘူး။"
ယင်းချန်၏ပုံစံကားအရမ်းကိုရုတ်ခြည်းဆန်သွားသည်။ ကျန်းရွေ့အစကတောင့်တင်းသွားပေမဲ့ နောက်တော့ဒါဟာလည်းကောင်းသည်ဟုခံစားမိသည်။
မြေခွေးမျိုးနွယ်စုကိုတိုက်ခိုက်ရာတွင် ယင်းချန်ကိုအဓိကလက်နက်အဖြစ်အသုံးချ၍ရပြီး သူ၏ပန်းတိုင်ကိုရောက်ရှိရန် ကြီးမားသောအထောက်အကူဖြစ်လာနိုင်ကာ ဤကားမကောင်းသည့်အရာမဟုတ်ပေ။
ကျန်းရွေ့ဝမ်းနည်းစွာဆိုလိုက်သည်။
"ယင်းရှစ်ရှုန်း၊ ကျွန်တော်လျို့ဝှက်နယ်မြေထဲမှာ အခြားသူတွေနဲ့အတူဒါကိုမြင်ခဲ့တာ။ ဒီမင်သခင်လေးက အစ်ကိုရှုဟန်ဆောင်ထားခဲ့တဲ့တစ်ယောက်ပဲ။ သူဟာလည်းပဲဓားနာကျည်းချက်တွေကိုထိန်းချုပ်နိုင်တယ်။ ဘယ်သူကမှဒီလောက်အထိမလုပ်နိုင်ကြဘူးလေ။"
သူသည်ထိုအကြောင်းဖော်ညွှန်းလိုက်ရာ လက်ရှိလူတိုင်းအကဲဖြတ်၍ရသွားတော့သည်။
ယင်းချန်လက်သီးဆုပ်ကာ ချန်နဥ်ကိုလှည့်ကြည့်မိလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ဟုတ်၊မဟုတ်ဟုတ် ကျွန်တော်ရှင်းပြချက်လိုချင်တယ်။"
သူ့အသံထဲရှိအေးစက်မှုကိုလက်ရှိလူတိုင်းကြားနိုင်ပေသည်။ ရှုလင်ကျား၏သေဆုံးမှုကမြေခွေးမျိုးနွယ်စုနှင့်သက်ဆိုင်သည်ဟု ချန်နဥ်တစ်ယောက်ဝန်ခံရဲသရွေ့၊ ယင်းချန်ကတော့ဖြင့်ဓားကိုထုတ်ကာ နောက်တစ်ခဏတွင်သူ့လည်ပင်းကိုဖြတ်လိုက်မည်ဟု လူတိုင်းသံသယဖြစ်မိသည်။
"အဲ့လိုပါပဲ။"
ချန်နဥ်ကအလွန်တည်ငြိမ်စွာဖြင့်ဆိုသည်။
"ကျန်းသခင်လေးကတစ်ကိုယ်တော်ပြဇာတ်ကို အချိန်အကြာကြီးကနေခဲ့တာပဲ။"
သူသည်ကောင်းမွန်စွာသရုပ်ဆောင်ကာ လှပစွာဖြင့်ပြောလိုက်၏။
"အခုကတော့ကျွန်တော့်အလှည့်ပေါ့။"
ယင်နှင့်ယန်ဓာတ်ဆုံးရှုံးမှုကားကျန်းရွေ့၏နှလုံးသားထဲတွင်မကောင်းသောခံစားချက်ကိုခံစားသွားရစေသည်။-- တစ်ဖက်လူမှာသူထင်ထားသကဲ့သို့အကာအကွယ်မဲ့မသွားပေ။
ချန်နဥ်ကျယ်လောင်စွာပြောလိုက်သည်။
"ဟယ့်လျန်၊ ထွက်လာပြီး လူတိုင်းကိုမင်းသိထားတာပြောပြလိုက်။"
သူ့စကားနောက်လိုက်၍ ခပ်ပုပုမြေခွေးလူငယ်လေးတစ်ယောက်ထွက်ပေါ်လာပြီး ကျန်းရွေ့ကိုလက်ညှိုးထိုးကာ ပြောဆိုတော့သည်။
"လျို့ဝှက်နယ်မြေထဲမှာ ငါတို့သခင်လေးကိုမင်းသတ်လိုက်တာ ငါမြင်လိုက်တယ်!"
သူ့အသံမှာထက်ရှလျက်ရှိကာ လူတိုင်းမိန်းမောသွားမိကြသည်။
ကျန်းရွေ့၏နှလုံးမှာအရိုင်းဆန်စွာခုန်ပေါက်လာပြီး ထိုအခိုက်အတန့်တွင် သူဖော်ထုတ်ခံလိုက်ပြီဟုသူတွေးမိလုနီးပါးပင်။
ကံကောင်းထောက်မစွာဖြင့် သူ၏စိတ်ဓာတ်ပိုင်းဆိုင်ရာအရည်အသွေးကားထူးကဲသာလွန်နေဆဲဖြစ်ကာ ဤအခိုက်အတန့်၌ သူတည်ငြိမ်နေမိပြီး အေးဆေးစွာပြောလိုက်သည်။
"ဒီကမိတ်ဆွေခင်ဗျ၊ ဒီလိုမှတ်ချက်မျိုးကအပြစ်ကင်းစင်မှုကိုမမျှမတဖြစ်စေတယ်နော်။ ဒါပေမဲ့ အဆိုးဆုံးကတော့ မျိုးနွယ်စုနှစ်စုကြားကဆက်ဆံရေးပျက်စီးသွားရုံပါပဲ။ မင်းအဓိပ္ပါယ်မရှိတာတွေမပြောသင့်ဘူး။"
ဟယ့်လျန်ကပြန်ဖြေသည်။ သူကကျန်းရွေ့ကိုလျစ်လျူရှူကာ ချန်နဥ်ကိုပြောလာသည်။
"အကြီးအကဲ၊ ကျွန်တော်တို့ခုနကမျိုးနွယ်စုခေါင်အတွက် ဆေးပင်တွေယူပြီးဂူထဲကပြန်ထွက်လာကြတယ်။ သခင်လေးကနောက်ဆုံးကလိုက်လာပြီး ကျန်းသခင်လေးကသူ့ရှေ့နည်းနည်းရောက်တယ်။ ကျွန်တော်လှည့်ပြီးသူ့ကိုခေါ်မလို့ပြင်လိုက်ချိန်မှာ ကျန်းသခင်လေးကအနောက်ကိုတစ်ခုခုပစ်လိုက်တာကိုကျွန်တော်မြင်လိုက်ရတယ်။ အဲ့ဒီ့နောက်မှာ ပေါက်ကွဲမှုဖြစ်သွားတာပဲ။ ကျွန်တော်သေချာမြင်လိုက်တာ၊ ကျွန်တော်လုံးဝမမှားဘူး!"
သူ့အသံကားအက်ရှနေပေကာ နောက်ဆုံးစကားလုံးအနည်းငယ်ကိုပြောလိုက်သောအခါတွင် သူကအနည်းငယ်ခွဲပြောလိုက်လေသည်။ ပဲ့တင်သံများကနေရာအလပ်တွင်ပဲ့တင်ထပ်သွားပြီး နားထောင်နေသူတို့၏နှလုံးသားမှာတုန်ရီသွားကြသည်။
ကျန်းရွေ့ထိတ်လန့်သွားကာ လွှတ်ခနဲပြောမိသည်။
"အဓိပ္ပါယ်မရှိတာ၊ မင်းကလီဆယ်ပြောနေတာပဲ! မင်းမြင်လိုက်တယ်ဆိုရင် ခုနကဘာလို့မပြောတာလဲ?!"
"ဘာလို့လဲဆိုတော့ မင်းကဟိုဟိုဒီဒီပြောပြီး သူများတွေကိုစကားပြောခွင့်မပေးဘူးလေ!"
ချန်နဥ်သည်ဟယ့်လျန်လက်ထဲကအထုပ်ကိုယူကာ ကျန်းရွေ့ရှေ့ကိုပစ်ချလိုက်ပြီး ဆူပူလိုက်သည်။
"သူကလီဆယ်ပြောနေတာပေါ့လေ၊ ဒါဖြင့် ဒီလင်ရှောင်းဂိုဏ်းရဲ့အဆောင်စာရွက်အကြွင်းအကျန်တွေကို မင်းဘယ်လိုရှင်းပြမလဲ?!"
ကျန်းရွေ့ငုံ့ကြည့်လိုက်ရာ ချန်နဥ်ပစ်ပေးလာသည်မှာ အဆောင်စာရွက်အကြွင်းအကျန်များဖြစ်ကြောင်းမြင်လိုက်ရပြီး ယင်းတို့အပေါ်တွင်အညစ်အကြေးနှင့် ကျောက်ပဲ့တချို့ရှိနေပေသည်။
ယင်းကားစင်စစ်ပင်လင်ရှောင်းချီဇုန်၏ထူးကဲသောအဆောင်စာရွက်များဖြစ်ကာ ကျောက်တုံးများကိုချေမွပြီး မီးခိုးငွေ့များကိုဖန်တီးရာတွင်အသုံးပြုခြင်းဖြစ်သည်။ သို့ပေမဲ့၎င်းတို့ကသူချန်ထားတာမဟုတ်။ သူဤမျှလောက်ထိသတိမမဲ့ပေ။
မရေတွက်နိုင်သောမျက်လုံးအစုံတို့ကဘေးမှစိုက်ကြည့်နေကြပြီး လျို့ဝှက်နယ်မြေအပြင်ဖက်ရှိနေရာအလပ်မှာဆိတ်သုဥ်းလုနီးပါးပင်။
မည်သူကမျှထိုအကြောင်းမတွေးမိကြပေမဲ့ ချန်နဥ်ကသက်သေထုတ်ပြလာသောအခါ၊ အလောင်းပေါ်လာသည်ဆိုကတည်းက ကျန်းရွေ့၏လုပ်ဆောင်မှုမှာအတော်လေးစိတ်အားထက်သန်နေသည်ဟု လူတိုင်းကူကယ်ရာမဲ့စွာခံစားမိကြသည်။
ယင်းချန်သည်ထိုအဆောင်စာရွက်များကိုကြည့်လိုက်ပြီး ထို့နောက်တွင်ကျန်းရွေ့ကိုခေါင်းလှည့်ကြည့်လိုက်ကာ သူ့ကိုအပေါ်အောက်စုန်ချည်ဆန်ချည်စိုက်ကြည့်လိုက်၏။ နောက်ဆုံး၌ ရေခဲတမျှအေးစက်သောအကြည့်မှာ ကျန်းရွေ့၏မျက်နှာထက်ကျရောက်သွားတော့သည်။
ဤကားချင်းချိုးကိုရောက်လာပြီးနောက်တွင် ယင်းချန်သူ့ကိုကြည့်လာသည့်ပထမဆုံးအကြိမ်ပင်။
ထို့နောက် သူကမည်သူမျှမတွေးမိသောမေးခွန်းကိုမေးလိုက်သည်။
ယင်းချန်ကဆိုသည်။
"ကျန်းရွေ့၊ ရှုလင်ကျားကမင်သခင်လေးယောင်ဆောင်ထားမှန်း မင်းဘယ်တုန်းကသိသွားတာလဲ။"
သူ့အသံကားညင်သာပြီးမည်းမှောင်နေပေရာ ဒါကိုကြားလိုက်ရသော် ကျန်းရွေ့ကျောချမ်းသွားရပြီး လျင်မြန်စွာပြောလိုက်သည်။
"သိပ်မကြာခင်တုန်းကပါ။"
သူသည်ပြဇာတ်ကောင်းကောင်းကြီးကနေခဲ့ပြီး ရှုလင်ကျားအတွက်ဝမ်းနည်းနေပုံပေါက်ပေမဲ့ ယင်းကအခြားဂိုဏ်းကလူများကိုနှစ်သိမ့်ဖို့ရန်သာလျှင်လုံလောက်ပြီး ယင်းချန်၊ ရှောင်းနဥ်အာနှင့်သူ့ကိုမနှစ်သက်ကြသည့်သူများကိုမူလှည့်စား၍မရပေ။
"သိပ်မကြာခင်တုန်းကတဲ့လား။"
ချန်နဥ်ကပြက်ရယ်ပြုလာသည်။
"ကျန်းသခင်လေးခင်ဗျ၊ ဒီကလူတိုင်းမှာနားတွေပါတယ်။
လင်ရှောင်းဂိုဏ်းကတစ်စုံတစ်ယောက်ကိုမပို့လာတုန်းက မင်းကလျို့ဝှက်နယ်မြေထဲမှာမင်းရဲ့ရှစ်ရှုန်းကိုမှတ်မိပေမဲ့ မဖော်ထုတ်ချင်လို့ဆိုပြီးတော့ မင်းသေချာကြီးပြောခဲ့တာပါနော်။ အခုကျတော့မင်းရဲ့စကားတွေကိုဘာလို့ပြောင်းချင်ရတာလဲ။"
ကျန်းရွေ့ဆွံ့အသွားရသည်။
ဤတစ်ကြိမ်တွင်သူတကယ်ကံမကောင်းပေ။ သူသည်ရှုလင်ကျားကိုကျင်းဖေးထုန်ထံသို့တမင်သက်သက်လှည့်စားကာပို့လိုက်၏။ ကျင်းဖေးထုန်၏လက်ကိုငှားကာ ရှုလင်ကျားကိုရှင်းပစ်၍ရမည်ဟု သူတွေးမိခဲ့သည်။ ထိုအစား ချန်နဥ်ကရှုလင်ကျားထံမှသတင်းရခဲ့သည်။
ကံဆိုးစွာဖြင့် ယင်းချန်ကရောက်လာပြန်သည်။ ထိုလူနှစ်ယောက်လုံးကအရူးလုပ်ဖို့မလွယ်ပေ။ အချင်းချင်းအပြန်အလှန်စကားအနည်းငယ်ပြောလိုက်ပြီးနောက်တွင် သူတို့ကကျန်းရွေ့၏ရည်ရွယ်ချက်ကို ဖောက်ထွင်းမြင်လိုက်ကြသည်။
"ကျန်းရွေ့။"
ထိတ်လန့်မှုကြား၌၊ ယင်းချန်၏ခပ်နိမ့်နိမ့်၊ အေးစက်သောအသံကသူ့ကိုဖြေးညှင်းစွာမေးလာသည်ကိုသာလျှင် ကျန်းရွေ့ကြားလိုက်ရသည်။
"မင်းသတ်ချင်တဲ့လူက...မင်ရှောင်းလား၊ ရှုလင်ကျားလား။"
အနက်ရှိုင်းဆုံးရည်ရွယ်ချက်သည်ကားလူထုရှေ့တွင်ဤကဲ့သို့ရုတ်တရက်ထုတ်ဖော်ခံလိုက်ရရာ ကျန်းရွေ့ရုတ်ခြည်းအရောင်ပြောင်းသွားပြီး သူ့နှလုံးခုန်သံမှာသူ့လည်မျိုမှခုန်ပေါက်ထွက်မတတ်မြန်ဆန်လာကာ သူချက်ချင်းဆိုသလိုချွေးပြန်လာတော့၏။
သူ၏တုံ့ပြန်မှုမှာပြဿနာကိုအပြည့်အစုံရှင်းပြရာရောက်သွားသဖြင့် ပတ်ပတ်လည်ရှိလူတိုင်းမှာထိတ်လန့်အံ့သြမိကြသည်။
ကျန်းရွေ့သည်လွန်ခဲ့သောနှစ်နှစ်အတွင်းတွင်ထင်ရှားကျော်ကြားခဲ့ကာ သူပထမဆုံးစပေါ်လာတုန်းက နှစ်တစ်သောင်းတွင်ကြုံတောင့်ကြုံခဲဉာဏ်ကြီးရှင်တစ်ယောက်ဟု ကောလဟာလထွက်လာခဲ့ပြီး သူဟာရှုလင်ကျားထက်ပင်ပို၍မြင့်မားသွားခဲ့၏။ သူသည်သူနှင့်တွေ့ဆုံသည့်လူတိုင်းကိုများသောအားဖြင့်ယဥ်ကျေးစွာပြောဆိုဆက်ဆံလေ့ရှိပေမဲ့ သူ၏စိတ်ထားကဤမျှဆိုးဝါးယုတ်မာလိမ့်မည်ဟု မထင်ထားမိကြပေ။
ဤအခိုက်၊ ကျန်းရွေ့ကယင်းချန်၏မေးခွန်းများကိုခက်ခက်ခဲခဲဖြေဆိုခဲ့ရသည်။ တိုတောင်းသောတိတ်ဆိတ်မှုကြား၌၊ ယင်းချန်လက်ဆန့်ကာ ဓားရိုးကိုဖိချလိုက်ပြီး ဓားကိုသူ့လက်မဖြင့်ဓားအိမ်ထဲမှအနည်းငယ်ပင့်မခံလိုက်ရရာ ကျယ်လောင်သောဟိန်းသံကကွင်းပြင်ကျယ်ကိုဖြတ်၍ပေါ်ထွက်လာပေသည်။
ယင်းချန်အေးစက်စွာပြောလိုက်သည်။
"ဒါကငါ့နောက်လိုက်ဂိုဏ်းသားကိုသတ်ရမဲ့အချိန်ပဲ!"
ထိုစကားများကျရောက်သွားသည်နှင့် ဓားမှာဆွဲထုတ်ခံလိုက်ရပြီး ဓားအလင်းမှာကျန်းရွေ့ထံသို့တည့်တည့်မတ်မတ်ဦးတည်သွားချေသည်။
ကျန်းရွေ့အလျင်စလိုအော်လိုက်မိသည်။
"ယင်းရှစ်ရှုန်း၊ ကျွန်တော်ရှင်းပြတာကိုနားထောင်ပါအုံးဗျ!"
သူစကားပြော၍မပြီးသေးမီ ယင်းချန်၏ဓားဖျားမှာကျန်းရွေ့နှင့်ခြေလှမ်းတစ်ဝက်မှာရောက်နေပြီးဖြစ်ကာ စူးရှသောဓားချီစွမ်းအင်ကသူ့မျက်နှာကိုထိုးဖောက်လုနီးပါးပင် ဒဏ်ရာဖြစ်သွားစေသည်။
ဆရာတစ်ယောက်ကတပည့်ကိုဆုံးမနေသည့်နှယ် ယင်းချန်ကားအကြင်နာတရားကင်းမဲ့သောလက်တစ်စုံဖြင့် ကျန်းရွေ့ကိုအသေသတ်ရန်ဆုံးဖြတ်ထားပြီး သူ၏တိုက်ကွက်များအတွက်ရှောင်စရာနေရာတစ်ခုပင်မချန်ပေ။
ကျန်းရွေ့မှာရွေးချယ်စရာမရှိသည့်မဆုံးသူ့ဓားကိုဆွဲထုတ်လိုက်ရသည်။ လျှပ်တပြက်အလင်းတန်းထဲတွင် သူသည်ယင်းချန်၏ဓားကိုတိကျစွာတားဆီးလိုက်နိုင်သည်။
နှစ်ဦးသားသည်အကောင်းဆုံးကြိုးစားနေကြကာ သူတို့၏စိတ်ဝိညာဥ်စွမ်းအားများမှာလှုံ့ဆော်ခံလိုက်ရပြီး အလင်းတန်းများမှာရောယှက်သွားကြကာ ဓားချီကားအလျားလိုက်ကူးလူးနေကြပေသည်။
လူတိုင်းအပြင်လျှောက်ထွက်လာသည်ဖြစ်ကာ သူတို့မျက်နှာအဖက်ဆယ်ရပေမည်။ ဤကဲ့သို့အခြေအနေမျိုးကနှစ်ပေါင်းများစွာဖြစ်ခဲလှသည်။
အပြင်လူများကသူတို့ကိုဖြောင်းဖြရန်မတတ်နိုင်သဖြင့် တိတ်တိတ်လေးသာရပ်ကြည့်နေရတော့သည်။
ယင်းချန်နှင့်ကျန်းရွေ့တို့နှစ်ဦးစလုံးဟာရှားပါးသောဆရာသခင်များဖြစ်သည်ဟုပြော၍ရသည်။ တစ်ယောက်တွင်စွမ်းအားကြီးသောတိုက်ကွက်များရှိကာ နောက်တစ်ယောက်၌မူ ထူးကဲသောပါရမီစွမ်းရည်ရှိပေရာ သူတို့၏တိုက်ပွဲမှာစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ တချို့အကြောင်းပြချက်တို့ကိုဖယ်လိုက်လျှင် ဤတိုက်ပွဲကားကြည့်ရတာတန်ပေသည်။
ယင်းချန်၌ ကျန်းရွေ့နှင့်ရှုလင်ကျားနည်းတူ ဓားရေးတွင်ပါရမီမပါသော်လည်း သူဟာလည်းပဲအလွန်အမင်းပါရမီစွမ်းရည်ရှိသည်။ သူ့ဂိုဏ်းထဲတွင် သူဟာ ရှုလင်ကျားပြီးလျှင်ဒုတိယဆရာသခင်ဖြစ်ပေသည်။
ဤအခိုက်၊ ယင်းချန်၏လက်ထဲရှိဓားမှာရောက်ရှိလာပြီး ၎င်းမှာလေနှင့်မိုးပမာ လှိုင်းများကကုန်းပတ်ပေါ်သို့ဆန်တက်လာသည့်နှယ် သူကားအလွန်နိုင်ထက်စီးနင်းဆန်ပြီး သူ၏လှုပ်ရှားမှုများမှာကျန်းရွေ့၏အဓိကနေရာသို့ချဥ်းကပ်နေပေသည်။
နှစ်ဖက်စလုံးသည်တစ်ခဏမျှအနိုင်အရှုံးမသဲကွဲပေမဲ့ ရိလင်းကတော့ဘေးကရပ်ကြည့်နေရင်း ကျန်းရွေ့၏အခြေအနေကအန္တရာယ်များသည်ဟုခံစားမိသဖြင့် ကူကယ်ရာမဲ့စွာရှေ့တစ်လှမ်းတိုးလိုက်မိသည်။
သူ့ဘေးရှိအကြေးခွံမျိုးနွယ်စုကရိလင်းကိုချက်ချင်းလှမ်းဆွဲကာ တီးတိုးပြောလာသည်။
"သခင်လေး၊ အရင်တစ်ခေါက်ကိစ္စက လင်ရှောင်းနဲ့အကြေးခွံမျိုးနွယ်စုကြားကဆက်ဆံရေးကိုထိခိုက်သွားစေတယ်။ ဒီတစ်ကြိမ်ကျန်းရွေ့က သူ့ရှစ်ရှုန်းကိုသတ်တယ်လို့သံသယအဝင်ခံနေရတာ။ သခင်လေးကအရမ်းစိတ်ပူလွန်နေတာပဲ။ သခင်လေးသူ့ကိုထပ်မကူညီနဲ့တော့!"
ရိလင်း၏နှလုံးသားထုံကျင်သွားရသည်။
ဟိုးအစကတည်းက ကျန်းရွေ့ကိုသူစတွေ့တုန်းကဆိုလျှင် သူဟာအကောင်းမြင်တတ်ပြီး တက်ကြွကာ ရိုးသားဖြူစင်၊ ပွင့်လင်းသည်ဟုရိလင်းအမြဲခံစားမိခဲ့သည်။ ထို့ကြောင့် သူသည်ကျန်းရွေ့၏နက်ရှိုင်းစွာဆွဲဆောင်ခြင်းခံလိုက်ရပြီး သူ့အတွက်ဘာမဆိုလုပ်ပေးဖို့ဆန္ဒရှိခဲ့သည်။
သို့သော် တကယ်တမ်း၌မူ တားမြစ်နယ်မြေထဲကိုကျူးကျော်ဝင်ရောက်ခဲ့သည့် ကျန်းရွေ့အတွက် ရှုလင်ကျားကိုအပြစ်ဖို့ခဲ့သည့်အရင်တစ်ခေါက်ကတည်းက ရိလင်း၏အသိစိတ်ထဲတွင်အဆင်မပြေဖြစ်နေခဲ့သည်။
Advertisement
သူသည်လင်ရှောင်းဂိုဏ်း၏မောင်းထုတ်ခြင်းခံလိုက်ရကာ သူမျိုးနွယ်စုဆီပြန်လာခဲ့ပြီးနောက်တွင် အကြီးအကဲများ၏အပြစ်တင်ခြင်းခံခဲ့ရသည်။ သူဟာလည်းပဲ၎င်းကိုကြိမ်ဖန်များစွာစဥ်းစားမိသည်။ ကျန်းရွေ့ကဒီကိစ္စတစ်ခုလုံးကိုတကယ်မသိတာဖြစ်နိုင်မလား။
ဒါမှမဟုတ် ကျန်းရွေ့ဟာသူထင်ထားသကဲ့သို့မဖြူစင်လောက်ပေ။
သူ့ကိုကာကွယ်ရန်အလို့ငှာ ရှုလင်ကျားကိုအပြစ်တင်လိမ့်မည်ကို ကျန်းရွေ့သိသည်။ ထို့ကြောင့် သူဟာတမင်တကာပုန်းကွယ်နေပြီး အဆုံးထိစောင့်ကာ အပြစ်ကင်းချင်ယောင်ဆောင်၍ နောက်ကွယ်ရှိအပြစ်များကို ရိလင်းပေါ်ပုံချလိုက်သည်။
အဆုံးတွင် သူမှာတော့ရေညစ်ဖြင့်အလောင်းခံလိုက်ရကာ သူကိုယ်တိုင်နှင့်ရှုလင်ကျားကြားရှိဆက်ဆံရေးကိုထူးဆန်းသွားစေသည်။
သို့သော် ဒီလိုသာအမှန်ဆိုလျှင် ဤလူ၏အကျင့်စရိုက်ကားသိပ်ကိုကြောက်မက်ဖွယ်ကောင်းလှပေရာ ရိလင်းတစ်ယောက်ထိုအတွေးဝင်လာလေတိုင်း သူ့နှလုံးသားအောက်ခြေတွင်ပြန်လည်သိမ်းဆည်းမိကာ ယင်းကိုနက်ရှိုင်းစွာမစဥ်းစားရဲခဲ့ပေ။
သို့ပေမဲ့ ဤအချိန်တွင် အခြားသူများမသိသော်လည်း ကျန်းရွေ့တစ်ယောက်လျို့ဝှက်နယ်မြေထဲဝင်ပြီးမကြာမီမှာဘဲ ရှုလင်ကျားမည်သူဖြစ်ကြောင်းအာရုံစိုက်ခဲ့သည်ကို သူသိသည်။
ချန်နဥ်နှင့်ယင်းချန်ကသူ့ကိုလီဆယ်ပြောအောင်ဖိအားပေးတာများဖြစ်နေမလား။
ရိလင်းထိုအကြောင်းပိုတွေးလေလေ၊ သူပို၍ကြက်သီးထလာလေလေပင်။
ကျန်းရွေ့သာ ရှုလင်ကျားက်ုတကယ်သတ်ခဲ့တာဆိုလျှင်...
သူ့စိတ်ထဲ၌၊ သူမြေကြီးပေါ်လဲကျသွားစဥ်က တစ်လှမ်းချင်းလျှောက်လာခဲ့သောရှုလင်ကျား၏ပုံရိပ်ဟာ သူ့စိတ်ထဲတွင်ရုတ်ခြည်းပေါ်လာသည်။ ထိုကိစ္စပြီးသွားသော်လည်း ထိုအချိန်တုန်းကအံ့သြမှုနှင့်ထိတ်လန့်မှုကား စကားလုံးဖြင့်ဖော်ပြ၍မရနိုင်သေးပေ။
ထိုကဲ့သို့သောလူစားမျိုးကတကယ်ပဲဤမျှလွယ်လင့်တကူသေဆုံးသွားနိုင်မည်လား။
အကယ်၍ မူရင်းအခြေအနေမှာသာဆိုလျှင်၊ ရိလင်းတစ်ယောက်မတုံ့ဆိုင်းဘဲကျန်းရွေ့ဘက်ကရပ်တည်မိမှာအမှန်။ သို့ပေမဲ့ ဤအခိုက်အတန့်တွင် သူသည်ရှုလင်ကျားကြောင့် ချိတုံချတုံဖြစ်နေမိမှန်း သူနားလည်သွားရသည်။
သူအလွန့်အလွန်ဝေခွဲမရဖြစ်နေစဥ်တွင်၊ ကွင်းပြင်ထဲတွင်မတော်တဆမှုဖြစ်ပျက်သွားတော့သည်!
ယင်းချန်ကားခက်ထန်စွာအော်ဟစ်ကာဖြင့် ဓားကိုဦးခေါင်းထံတည့်မတ်စွာခုတ်ချလိုက်ရာ ကျန်းရွေ့တစ်ယောက်ဓားကိုမြှောက်၍ ချက်ချင်းဆယ်ပေမျှနောက်ပြန်ဆုတ်လိုက်ရသည်။ သူသည်ညာလက်ကိုဝှေ့ယမ်းလိုက်ရာ လေထုအလယ်၌တစ်ခုခုပေါက်ကွဲသွားပြီး မီးနဂါးများစွာကမိုးကောင်းကင်မှရုတ်ခြည်းဆင်းသက်လာကာ သူနှင့်ယင်းချန်၏အလယ်တွင်ပိတ်ဆို့ထားလိုက်သည်။
မီးလုံးမှာထူထဲသောအခိုးအငွေ့နှင့်လုံးထွေးလျက်ရှိကာ ယင်းချန်ထံသို့လိမ့်လာပြီး ပေါက်ကွဲကာနေရာတိုင်းတွင်မီးခိုးများဖြစ်ပေါ်လာစေသည်။
ယင်းချန်မှာကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲ မီးထဲသို့ဝင်တိုးမိလုမတတ်ပင်။ သူသည်အလျင်စလိုဖြင့်ဓားကိုမြေကြီးပေါ်ချကာ သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံး၍ သူ့ထံပျံ့ကြဲလာနေသည့်မီးကိုငြိမ်းလိုက်သည်။
"ဖန်ထျန်းအဆောင်စာရွက်?"
သူမျက်မှောင်ကြုတ်လိုက်မိကာ နှုတ်ခမ်းထက်တွင်အေးစက်စက်အပြုံးပေါ်ထွက်လာသည်။
"ကျန်းရွေ့၊ မင်းမှာမင်းရှစ်စွင်းပေးထားတဲ့သက်ကယ်မှော်လက်နက်ရှိတာမို့ ငါမင်းကိုဘာမှမလုပ်နိုင်ဘူးလို့မင်းထင်နေတာလား။ သူသာမင်းလုပ်ခဲ့တာကိုသိသွားကြည့်ပါလား၊ ဘာတွေပဲဖြစ်နေပါစေ သူမင်းကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး!"
သူရန်လိုနေသည်ကိုမြင်လိုက်ရရင်း၊ ဟယ်ဇီကျိုး၏ဖြစ်လာနိုင်သောတုံ့ပြန်မှုကိုတွေးမိသွားရသော် ကျန်းရွေ့ဟာလည်းဒေါသထွက်သွားမိသည်။
သူသည်သူ၏ဓားစွမ်းအင်ဖြင့်မီးညှိလိုက်ရာ မီးတောက်မီးလျှံများကဓားသွားထက်၌လောင်ကျွမ်းသွားချေသည်။
ကျန်းရွေ့ကဒေါသတကြီးဆိုသည်။
"ယင်းရှစ်ရှုန်း၊ အရမ်းကြီးလည်းဘက်လိုက်မနေပါနဲ့! ရှုရှစ်ရှုန်းကိုကျွန်တော်သတ်လိုက်တယ်ဆိုတဲ့သက်သေလည်းမရှိဘူး! ရှစ်ရှုန်းကကျွန်တော့်ကိုအစထဲသဘောမကျတာမို့ အကုန်လုံးကိုကျွန်တော့်ခေါင်းပေါ်ပုံချတော့မှာလား?!"
ထိုစဥ်။
ငွေရောင်အလင်းတန်းကကောင်းကင်ယံထက်ဝယ်ပျံ့နှံ့လာပြီး
ဓားပျံတစ်လက်ကကောင်းကင်ပေါ်မှရုတ်ခြည်းကျဆင်းလာကာ ကျန်းရွေ့၏ဓားသွားကိုဖယ်ထုတ်လိုက်ပြီး ထို့နောက်တွင်နှစ်ဦးသားကြားရှိနေရာလပ်ကြား၌စိုက်သွားတော့သည်။
ဓား၏ပန်းဖွားကားလေထဲတွင်ညင်သာစွာယိမ်းထိုးလျက်ရှိကာ စူးရှတောက်ပသောအေးစက်စက်ဓားအလင်းရောင်ကား ဓားသွားထက်၌ရောင်ပြန်ဟပ်နေပေသည်။ လူတစ်ယောက်၏အသံကားအေးစက်လျက်ရှိကာ ထိုသူကပေါ့ပါးစွာမေးလာသည်။
"ငါသေသွားပြီလို့ဘယ်သူပြောလဲ။"
အသံလာရာနေရာကိုယင်းချန်ရုတ်ခြည်းကြည့်လိုက်မိသည်။
သို့သော်လည်း ရိလင်းက"မကောင်းတော့ဘူး"ဟုစိတ်ထဲတွင်ပြောမိသည်။ ဤအခိုက်အတန့်တွင် သူ၏ဝေခွဲမရဖြစ်ခြင်းနှင့်တုံ့ဆိုင်းမှုတို့နှင့်ပတ်သတ်ပြီး သူအရေးမစိုက်နိုင်တော့ပေ။ သူ့ကိုဆွဲထားကြသည့်အကြေးခွံမျိုးနွယ်စုကလူတွေကိုမြန်မြန်ဘေးဖယ်ကာပစ်ထုတ်လိုက်သည်။ တစ်ပြိုင်နက်တည်းပင် သူလွှတ်ခနဲပြောလိုက်မိသည်။
"သတိထား!"
အပြာရောင်ဓားရှည်၏အနောက်တွင် ပုံရိပ်တစ်ရိပ်ရုတ်တရက်ထွက်ပေါ်လာပြီး ထို့နောက်တွင်ဓားရှည်ကပြင်းထန်စွာဟိန်းဟောက်လိုက်ရာ ဓားစွမ်းအင်မှာလှည့်လည်သွားလာနေသောနဂါးတစ်ကောင်ပမာ ကျန်းရွေ့ထံသို့တည့်တည့်မတ်မတ်ဖိချလိုက်လေသည်။
ဓားထွက်ပေါ်လာသည့်တစ်ခဏတွင် ပတ်ဝန်းကျင်တစ်ခွင်ရှိအပူချိန်မှာလျင်မြန်စွာကျဆင်းသွားချေသည်။ မီးလျှံကားမငြိမ်းသွားသော်လည်း အပူချိန်နှင့်အရောင်အဆင်းမှာရုတ်ခြည်းမှေးမှိန်သွားပေသည်။
မိုးကောင်းကင်နှင့်မြေကြီးထက်ဝယ်၊ ဓားအရိပ်သာလျှင်ကျန်ရစ်လေတော့သည်။
တစ်ဖက်လူကားလေထဲမှပေါ်လာသည့်ပုံပင်။ သူသည်နီးကပ်လာသော်လည်း သူ၏ပုံရိပ်ကားအပျက်အစီးထဲတွင်ပုန်းကွယ်နေပုံပေါ်ကာ မထင်မရှား၊ တဝိုးတဝါးဖြစ်နေစေသည်။
မယှဥ်နိုင်လောက်အောင်စွမ်းအားကြီးသောအသက်ရှုသံတစ်ခုပေါ်ထွက်လာကာ အလုံးစုံဖိနှိပ်ချုပ်ချယ်လျက်ရှိသည်။
ကျန်းရွေ့ကတော့ လမ်းကဖြတ်သွားသောကျင့်ကြံသူတစ်ယောက်ဟုထင်မိသည်။ လင်ရှောင်းဂိုဏ်းထဲဝင်ရောက်ပြီးနောက်ပိုင်းတွင် သူ၏စွမ်းရည်များကိုအမျိုးစုံသောဆေးဝါးတို့ဖြင့် ဆက်လက်တိုးတက်အောင်လုပ်ခဲ့သည်။ ထို့ကြောင့် သူ၏အခြေခံစွမ်းရည်ကင်းမဲ့မှုဟာ သူ၏အကြီးမားဆုံးအားနည်းချက်ဖြစ်သည်။
ခုနတုန်းကယင်းချန်နှင့်ရင်ဆိုင်တုန်းက၊ တစ်ဖက်လူ၏ဓားစွမ်းအင်နှင့်တိုက်ကွက်များကိုအကဲဖြတ်ရန် သူ၏ပါရမီစွမ်းရည်ကိုအစကအသုံးပြနိုင်သေးသည်။ သို့သော် ဤတစ်ယောက်နှင့်ရင်ဆိုင်လိုက်ရသောအခါ၊ ထိုကောင်းကွက်အားလုံးမှာအသုံးမဝင်တော့သည့်နှယ်။
ဓားကားသက်တန့်ပမာလျင်မြန်စွာပြောင်းလဲလျက်ရှိပြီး လူနောက်လိုက်နေသောအရိပ်ပမာ လေပြေပေါ်အမှီပြု၍ မီးများကိုငြိမ်းသက်ကာ အပင်နှင့်သစ်ပင်များကိုရွှေ့လိုက်လေရာ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကားထပ်တူညီနေပေသည်။
အေးစက်ကာ စူးရှပြီး ပိုင်စိုး၍မရနိုင်ပေ!
ကျန်းရွေ့မှာခပ်မြန်မြန်နောက်ပြန်ဆုတ်လိုက်ရပေမဲ့ တစ်ချိန်တည်း၌ပင်၊ သူ့နှလုံးသားမှာလုံးလုံးလျားလျားနစ်မြုပ်သွားတော့သည်။
-----ဤကဲ့သို့သောဓားကိုကိုင်ဆောင်နိုင်သောသူ ကမ္ဘာပေါ်တွင်နောက်တစ်ယောက်မရှိပေ။
ရှုလင်ကျားမသေသေးဘူး!
သူဒါကိုသိလိုက်ရသော် သူလည်းပဲခွန်အားဆုံးရှုံးမှုကိုတစ်ဖန်ခံစားလိုက်ရကာ ကျန်းရွေ့ရုတ်ခြည်းမူးဝေသွားပြီး သူ၏ခြေလက်များအားနည်းလာကာ သူ၏ခြေလှမ်းများမှာယိမ်းယိုင်သွားပေသည်။
သူ့နှလုံးသားထဲတွင်"မကောင်းတော့ဘူး"ဟုတိတ်တခိုးပြောလိုက်မိကာ တစ်ဖက်လူနီးကပ်လာသည်ကိုရပ်ကြည့်နေရတော့သည်။
တစ်ချိန်တည်းပင်၊ ရိလင်းဟာလည်းအချိန်မီရောက်လာသည်။ သူသည်ကျန်းရွေ့ကိုလက်တစ်ဖက်ဖြင့်တွန်းထုတ်လိုက်ပြီး တစ်ပြိုင်နက်တည်းပင်နောက်လက်တစ်ဖက်ဖြင့်ဓားမြှောင်ကိုလှမ်းပစ်ကာ တစ်ဖက်လူ၏ဓားရှည်ကိုတားလိုက်သည်။
သို့ပေမဲ့ ထိုဓားရှည်ကားမည်သည့်သတ္ထုနှင့်ပြုလုပ်ထားမှန်းသူမသိပေ။ ယင်းကားအံ့သြဖွယ်ကောင်းလောက်အောင်ထက်ပေသည်။ နောက်တစ်ခဏတွင်၊ ဓားမြှောင်မှာဖြတ်တောက်ခံလိုက်ရပြီး မြေကြီးပေါ်ကျသွားချေသည်။
ရိလင်း၏ထိုကဲ့သို့တားမြစ်မှုဟာကျန်းရွေ့အတွက် အချိန်အနည်းငယ်မျှဆွဲပေးလိုက်နိုင်သည်။ သူကအလျင်စလိုပျံဝဲကာ သူ၏ဓားဖြင့်ခုတ်ပစ်လိုက်သည်။
ကျန်းရွေ့ဖြတ်ထုတ်လိုက်သောဓားချီစွမ်းအင်မှာ မမြင်နိုင်သောချီစွမ်းအင်နံရံနှင့်တိုက်မိသွားပုံပေါ်ကာ အနည်းငယ်လှုပ်ခတ်သွားပြီးနောက် ရေခဲဓားသွားမှာနှင်းပွင့်ပမာ သူ၏ပုခုံးနှစ်ဖက်ပေါ်ကျလာပေသည်။
အရိုးကျိုးသည့်အသံမှာအလွန်ရှင်းလင်းပီသလျက်ရှိကာ ကျန်းရွေ့တစ်ယောက်ကတော့ဖြင့်နာကျင်စွာအော်လိုက်မိပြီး ဓားရှည်ကိုလွှတ်ချလိုက်ကာ သူလည်းမြေပြင်ပေါ်လဲကျသွားပြီး ချွေးစေးများပြန်ကာ ပြန်မထလာနိုင်တော့ပေ။
ဓားပန်းဖွားကားအဆွဲခံလိုက်ရပြီး ရေခဲဓားသွားမှာကျန်းရွေ့၏လည်တိုင်ပေါ်ရောက်လာပေသည်။
ဓားအလင်းရောင်မှာသူ့မျက်ဝန်းများမှယိုဖိတ်ကျလာပြီး ရှုလင်ကျားမှာလက်တစ်ဖက်ဖြင့်ဓားကိုင်ထားကာ နောက်တစ်ဖက်ကိုကျောနောက်ပစ်ထားပြီး သူ့မျက်ဝန်းတစ်စုံကအေးစက်လျက်ရှိကာ ခပ်ပေါ့ပေါ့ပြောလိုက်ပေသည်။
"မင်းအရှုံးကိုဝန်ခံပြီလား။"
ထို့ကြောင့် တစ်ဖက်လူမှာတောင့်ခံရန်အစွမ်းအစအလုံးစုံဆုံးရှုံးသွားပေသည်။
ကျန်းရွေ့မှာတစ်ခဏမျှခြောက်ခြားသွားကာ ရေရွတ်လိုက်မိသည်။
"ခင်ဗျားပဲ..."
တောက်ပသောပုလဲတစ်လုံးကားဖုန်မှုန့်အညစ်အကြေးတို့ဖြင့်ပေကျံနေသော်လည်း၊ ယင်းတစ်ဖန်ပြန်လည်တောက်ပလာမည့်နေ့ရက်တော့ရှိစမြဲပင်။
ရှုလင်ကျား၏ဓားကားဘယ်သောအခါမျှမကျိုးပေ။
တိတ်ဆိတ်မှုအပြီး၌၊ လင်ရှောင်းချီဇုန်ဂိုဏ်းသားများမှာ ရုတ်တရက်အံ့အားသင့်စွာဟစ်ကြွေးမိလိုက်ကြသည်။
ရှုလင်ကျားကိုပြန်ခေါ်ရန် ယင်းချန်နောက်လိုက်လာသည့်ဂိုဏ်းသားများမှာ သူနှင့်ရင်းနှီးခဲ့သောအကြီး၊အငယ်များဖြစ်ကြသည်။ ရှောင်းနဥ်အာကိုကူတွဲထားကြသောဂိုဏ်းသားများပျော်ရွှင်လာကြသောအခါ၊ သူတို့သည်ဘာဆိုဘာမျှအရေးမစိုက်ကြတော့ဘဲ သူမကိုအပြေးအလွှားဆွဲဆိတ်ကြတော့သည်။
ဂိုဏ်းသားတစ်ယောက်ကပျော်ပျော်ကြီးပြောလာသည်။
"ရှစ်ကျဲ၊ ထပါအုံး၊ အစ်ကိုရှုအသက်ရှင်နေတယ်၊ ပြီးတော့သူကအရမ်းမိုက်နေတယ်ဗျ။ မျက်လုံးဖွင့်ကြည့်လိုက်ပါအုံး၊ သူအရမ်းချောတာပဲဗျာ! အစ်မထမလာရင် အစ်မမြင်လိုက်ရမှာမဟုတ်ဘူးနော်!"
ရှုလင်ကျားသည်ကျန်းရွေ့ကိုကြည့်နေရင်း သူ့လက်မောင်းမှာအနောက်ကအဆွဲခံလိုက်ရပြီးနောက် သူအတင်းဆွဲလှည့်ခံလိုက်ရသည်။
ယင်းချန်ကရှုလင်ကျားကိုစိုက်ကြည့်ကာ တစ်ခဏကြာပြီးမှပြောလာသည်။
"မင်းမသေဘူးပေါ့?"
ရှုလင်ကျားမျက်မှောင်ကြုတ်ကာ သူ့လက်မောင်းကိုပြန်ဆွဲလိုက်သည်။
"အသုံးဝင်တာတစ်ခုခုကိုပဲမေးစမ်းပါ။"
ယင်းချန်ကအလေးအနက်ဆိုသည်။
"မင်းခုနကဘယ်သွားနေတာလဲ။ မြေကြီးပေါ်ကအဲ့ဒီ့လူကဘယ်သူလဲ။ ဘာတွေဖြစ်နေတာလဲ!"
ရှုလင်ကျားလည်းအံ့သြသွားမိသည်။ ကျန်းရွေ့ကဤမျှလောက်ထိဖျက်လိုဖျက်ဆီးလုပ်လိမ့်မည်ဟု သူမထင်ထားမိပေ။ သူနေရာတွင်ခဏလောက်မရှိလိုက်သည်နှင့် တစ်ဖက်လူကကိစ္စတစ်ခုလုံးကိုရိုးစင်းအောင်လုပ်ပေးသွားသည်။ ဤကဲ့သို့သွေးမုန်တိုင်းကိုပြုလုပ်နိုင်တာကလည်း အရည်အချင်းတစ်မျိုးပင်။
သူပြောလိုက်သည်။
"တစ်ခါတည်းပြောရတာခက်တယ်။ ငါတစ်ခုချင်းစီပြောပြမယ်။"
ရှုလင်ကျားသည်မင်ရှောင်းဝိညာဥ်ပါသောဝိညာဥ်သိမ်းအိတ်ကိုအရင်ထုတ်ကာ ချန်နဥ်ထံလှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါကမင်ရှောင်းရဲ့ဝိညာဥ်၊ ငါသူ့ကိုပြန်ခေါ်လာတယ်။ သူ့ကိုကယ်ဖို့အခွင့်အရေးရှိမရှိငါသိချင်တယ်။ တစ်ခုခုဖြေရှင်းလိုက်အုံး။"
ချန်နဥ်ကဆိုသည်။
"မင်ရှောင်းရဲ့ဝိညာဥ်ကမင်းနဲ့အတူရှိနေတာလား။ တကယ်ကောင်းတယ်။"
Advertisement
- In Serial33 Chapters
The Sleeper
One day, Celeste Avon fell asleep. She woke up in a cave and everything around her changed. The people she was once close to became almost complete strangers and her home is gone. She must adjust to this new world and find her place in it if she is to move on with her life. But the various factions of the splintered kingdom and people with their own agendas aren't going to make it easy for her. All the while, there is a nagging question in the back of her mind; who put her to sleep and why?
8 178 - In Serial116 Chapters
Stygian Mage
"Welcome Traveler."It was what Soren first heard when he met an impossibly strange man in a horrendously strange world, where fantasy became reality. Now, stranded in the unknown world, Soren must make use of the discovery that strength is all that matters in this world, and try to get himself back home--That is, If he's able to find his way. But there is always more behind the veil of uncertainty, and Soren must be deathly sure of the decisions he makes. After all, curiosity can kill more than just cats. [Author: This is the first story I have ever written so have mercy on me. Bear with me please if I make any mistakes. I welcome all sorts of criticism as it will help me improve. Hope you guys like it.] PS: This story will contain explicit sexual content and profanities. The Mc is not a good guy in this story so don’t expect a nice Mc who will help others regardless of his well-being. P.P.S: The cover image is not owned by me. I used Adobe Spark to combine and edit some free images. P.P.P.S: Also posting on Webnovel, Moonquill, Wattpad, and Scribblehub. Edit: I thought I should add this in here because it seems to be a problem for many people--My inspirations came from mainly chinese webnovels, so my writing style resembled that a lot at start. I just wanted to leave a note here for people who don't like such stuff. I've already improved a lot and changed my style in recent chs, so hope you guys give it a try before dropping prematurely if that's your reason. Furthermore, I will also be editing all the early chs in the near future to make the quality similar to the recent chs. Current Schedule: 1 ch / week [On Saturdays]. [Will be increasing the release rate once I'm comfortable with this speed].
8 115 - In Serial8 Chapters
Sirius: Evolution of A Star
A blue bright star shone graciously across the infinite skies. Yes, numerous stars spread their bright light across the universe, but this star was special. And why was it special? It was conscious. The star possessed the virtues of a living being. But as rational and sane as it was, it also was incredibly careless. Careless in terms of unintentionally destroying planets and other worlds. So, god asked him to reincarnate and make his own world. Thus, began the story of Sirius. Participant in the Royal Road Writathon challenge
8 83 - In Serial23 Chapters
A New Light In Interria
Interria. Cruel and Injust. Forget the promise of an exciting adventure because abominations from your worst nightmares will rise and fill their path to damnation with bloodshed and carnage. Forget your moral compass because thinking of it will only make things harder and harder for you to survive in this grey world. Forget the promise of a wonderland because the lands now are just an empty shell of what they once vowed to be. Forget all your dreams because there is no hope for anyone in this mad world... Or is there? *Note: I am a new writer. So I am open to all criticism. But pls don't be too hard.
8 128 - In Serial9 Chapters
Demiurge: The Creator
Formerly known as Demiurge. Everything from Chapter six is new! Cryptic Synopsis: Eternity is not a dream.Death does not reign supreme. Death, I continue to be.Breath, stay away from me. As the silence becomes ever greater.I become Demiurge, the creator. Normal Synopsis: Adam hates the world, yet he loves life. So he does what every reasonable person would do and decides to leave this world, literally, as he becomes a test pilot for an interdimensional travel experiment. Hoping to find another, better, world. A world he found, but is it better?
8 107 - In Serial34 Chapters
The Ripper
Let's get one thing straight I'm no hero nor villain, I do what I want when I want. Eric Lycan is a 29 year old man who was born with extraordinary abilities. These abilities caused him to have a horrible childhood with so many people after him, key amongst them being the government. After years of running Eric is tired of it all and decides it is time he stops running, it is time he fought back after all he has nothing left to loose. Book 1 in the Next Gen Superverse
8 178

