《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၁] မနက်နှင့်ညနေကုန်ဆုံးသွားပြီ|မနက္ႏွင့္ညေနကုန္ဆုံးသြားၿပီ
Advertisement
___________________________________________
သူအိပ်မက်ထပ်မက်နေမှန်း ကျင်းဖေးထုန်ရှင်းလင်းစွာသိနေသည်။
-------အိပ်မက်ထဲမှာသာမဟုတ်လျှင် ယခုကဲ့သို့သူလုံးဝဖြစ်လိမ့်မည်မဟုတ်။ သူသည်ဝတ်ရုံလက်များလိပ်တင်လျက်သားဖြင့် သစ်ပင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်နေရင်း သူ့လက်ထဲရှိခြင်းတောင်းထဲတွင် ကြက်သားခေါက်ဆွဲစွပ်ပြုတ်တစ်ပန်းကန်ကိုကိုင်ထား၏။
ဆန်ခေါက်ဆွဲကားပူနွေးသောရနံ့ထုတ်လွှတ်ပေးကာ သူ့ကိုစားစရာအနံ့များစွဲသွားစေပြီး သူ့ဝတ်ရုံပေါ်တွင်ပင်အနံ့စွဲနေကာ အမြဲတမ်းတသီးတသန့်နေတတ်သောကျင်းဖေးထုန်ကို အနည်းငယ်အဆင်မပြေဖြစ်အောင်ပြလုပ်လျက်ရှိသည်။
သို့သော် သူထိုပစ္စည်းများကိုအောက်မချလိုက်သကဲ့သို့ အိပ်မက်မှနိုးအောင်လည်းမကြိုးစားမိပေ။
အဘယ်ကြောင့်ဆိုသော် ဤရှုထောင့်မှနေ၍ သစ်ပင်ပေါ်မှတဆင့်အောက်ငုံ့ကြည့်လိုက်သော် အောက်ဖက်ရှိကျင်းအဆောင်၏ပြတင်းပေါက်မှဖြတ်၍ အခန်းအတွင်းရှိလူတစ်ယောက်ကိုမြင်နိုင်ပေသည်။
ထိုလူ၏ပုံရိပ်ကားအနည်းငယ်ပိန်ပါးပြီး ကျောပြင်ကိုကြည့်ရတာတော့ဆယ်ကျော်သက်တစ်ယောက်ဖြစ်ရမည်ပင်။ ထိုအခိုက်အတန့်တွင်၊ သူသည်စားပွဲပေါ်တွင်ကိုယ်အပေါ်ပိုင်းမှီလျက်သားထိုင်နေကာ လက်ထဲတွင်စုတ်တံတစ်ချောင်းကိုင်ထားရင်းဖြင့် စားပွဲပေါ်တွင်တစ်ခုခုရေးနေကာ ပျင်းနေပုံရသည်။
သူမည်သည့်ပုံစံရှိမှန်း ကျင်းဖေးထုန်မမြင်ရပေ။ သို့ပေမဲ့ တစ်ဖက်လူကိုမြင်လိုက်ရချိန်တွင် ပျော်ရွှင်သောခံစားချက်တစ်ခုကသူ့နှလုံးသားထဲကိုချက်ချင်းဆန်တက်လာသည်ကို သူရှင်းလင်းစွာခံစားမိသည်မို့ သူထံသွားပြီးစကားပြောရန်မစောင့်နိုင်တော့ပေ။
သူသည်သူ၏အလိုဆန္ဒအလျောက်လိုက်နာကာ သစ်ပင်ပေါ်ကခုန်ဆင်းလိုက်ပြီး ဟိုဟိုဒီဒီကြည့်ကာ တံခါးဝရှိအစောင့်များကိုရှောင်ရှားလိုက်ပြီး ပြတင်းပေါက်ကိုတွန်းဖွင့်၍ ပေါ့ပါးစွာခုန်ဝင်လိုက်၏။
ကျင်းဖေးထုန်ဝတ်ရုံကိုသေသပ်အောင်လုပ်ကာ အပြုံးတစ်ပွင့်ဖြင့်လျှောက်သွားလိုက်ပြီး သူ့လက်ထဲရှိဆန်ခေါက်ဆွဲကိုစားပွဲပေါ်တင်ကာ ကောင်လေး၏လက်ထဲကစုတ်တံကိုယူ၍ ပြောလိုက်သည်။
"မရေးနဲ့တော့၊ မင်းပင်ပန်းနေပြီမလား။ ဒီမှာတစ်ခုခုလာစားချည်။"
ကောင်လေးသည်သူ့ပုံစံကြောင့်သိသိသာသာကိုမအံ့သြသွားပေ၊ ခေါင်းမမော့ဘဲ ပြောလာသည်။
"မစားဘူး။"
အသံမှာမတိုင်ခင်ကသူ့အိပ်မက်ထဲတွင်အကြိမ်အနည်းငယ်တွေ့မြင်ခဲ့ရသည့် သူ့ကို"ရှစ်ရှုန်း"ဟုခေါ်သောလူငယ်လေးနှင့်တူညီနေဆဲပင်။
ကျင်းဖေးထုန်ရယ်မောကာဖြင့် သူ့ခေါင်းကိုပွတ်ကာပြောလိုက်သည်။
"မင်းဒေါသထွက်နေတုန်းလား။ အင်း၊ ရှစ်စွင်းကမင်းကိုသူ့နောက်လိုက်ခွင့်မပေးတာက သူ့မှာသူ့အကြောင်းနဲ့သူရှိလို့နေမှာပါ။ မင်းကိုအဖော်ပြုပေးဖို့ ကိုယ်ဒီမှာနေပေးလို့မရဘူးလား။"
ကောင်လေးကသူ့လက်ကိုတွန်းဖယ်လိုက်ပြီးနောက် မတ်မတ်ထိုင်၍ပြောလာသည်။
"ကျွန်တော်ဒေါသမထွက်ပါဘူးနော်။ ကျွန်တော်ကအခုအပြစ်ပေးခံထားရတာမို့ စာကူးနေတာပါ။ စိတ်မပူပါနဲ့။"
သူ၏မေးစေ့ကားအနည်းငယ်ချွန်ကာ သူ့မျက်နှာကအနည်းငယ်ပိန်ပါးပေမဲ့ သူစကားပြောလိုက်သည့်အခါတွင် သူ့ပါးနှစ်ဖက်ကမသိမသာဖောင်းသွားပုံမှာ ဒေါသထွက်နေသောငှက်ကလေးပမာ။
ကျင်းဖေးထုန်ကသူနှင့်ဆန့်ကျင်ဖက်တွင်ဝင်ထိုင်ကာ လူငယ်လေး၏အရှေ့ကတောက်ဓမ္မသိုင်းကျမ်းကိုဆွဲယူလိုက်ပြီး ၎င်းတို့ကိုစိတ်ရှည်ရှည်ဖြင့်ဆွဲဖြန့်ကာ စားပွဲပေါ်တွင်တင်လိုက်သည်။ ထို့နောက်သူသည်ပူနွေးနွေးဆန်ခေါက်ဆွဲကိုထုတ်ယူကာ အဖုံးဖွင့်လိုက်၏။
ဆန်ခေါက်ဆွဲမှာနှင်းတမျှဖြူစွတ်လျက်ရှိပြီး ကြက်သားမှာလည်းမီးအိမ်အလင်းရောင်အောက်တွင် ရွှေရောင်သန်းနေကာ အခန်းမှာလည်းရနံ့များဖြင့်ပြည့်သွားတော့သည်။
ကျင်းဖေးထုန်ကပန်းကန်လုံးကိုမ၍ ဆန်ခေါက်ဆွဲကိုတူဖြင့်ညှပ်ကာ တစ်ဖက်သို့ပို့လိုက်သည်။
သူကကျီစယ်စွာဖြင့်ဆိုသည်။
"ကျေးဇူးပြုပြီးတော့ဗျာ၊ ကျွန်တော်မျိုးကဒါကိုသခင်လေးအတွက်ဝယ်ပြီးတစ်လမ်းလုံးသယ်လာရတာ၊ ပြီးတော့သစ်ပင်ပေါ်တက်ပြီး ဒီအထိသယ်လာရသေးတယ်၊ ဘယ်လိုလုပ်ပြီးမင်းကတစ်လုတ်လေးတောင်မစားနိုင်ရတာလဲ။"
နောက်ဆုံးတော့သူစောဒကတက်လာပေသည်။
"ပုံမှန်ဆိုအဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ရှစ်စွင်းကဘာလုပ်မယ်ဆိုတာကျွန်တော်တို့ကိုမပြောသွားဘူးလေ။ ကျွန်တော်စိတ်ထဲအဆင်မပြေလို့ တစ်ချက်လိုက်ကြည့်ချင်ပေမဲ့ ဒီကိုပြန်ပို့ခံလိုက်ရတယ်။ အခုတော့စာကူးပြီးအပြစ်ဒဏ်ခံနေရတယ်။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"မင်းကတော့လေ၊ ကိုယ့်ကိုဘာလို့မပြောတာလဲ။ ကိုယ်သိလိုက်ရတဲ့အချိန်ကျတော့မင်းကပြန်ရောက်လာရော။ ခုတော့ကိုယ်တို့အသည်းအသန်ပြေးသွားရင်အရမ်းနောက်ကျသွားလိမ့်မယ်။ မဟုတ်ရင် ဘာဖြစ်သွားမှန်းကိုယ်တို့မြင်ရလောက်တယ်။"
လူငယ်လေးကသူ့ကိုတစ်ချက်စိုက်ကြည့်ကာဆိုသည်။
"အစ်ကိုကကျွန်တော်နဲ့အတူရှိမှာလား။"
ကျင်းဖေးထုန်ကဆိုသည်။
"မင်းဘာပဲလုပ်ချင်လုပ်ချင် ကိုယ်မင်းကိုမတားဘူး။ ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ်၊ ကိုယ်မင်းနဲ့အတူအဆုံးသတ်ထိရှိနေပေးမယ်။"
သူသည်ခပ်ပေါ့ပေါ့လေသံဖြင့် ပုံမှန်အတိုင်းပြောသွားကာ ထို့နောက်တွင်သူကကြက်သားတစ်တုံးလှမ်းပေးလိုက်၏။
"ခုနကမင်းကိုအသားထည့်ပေးဖို့မေ့သွားတယ်၊ မင်းနောက်တစ်တုံးစားလို့ရတယ်။"
လူငယ်လေးကစားနေရင်းဖြင့်ပြောလာသည်။
"ထားလိုက်တော့၊ ရပါတယ်၊ ကျွန်တော်အတွေးလွန်နေတာပဲဖြစ်ပါစေလို့မျှော်လင့်မိတယ်။"
ကျင်းဖေးထုန်"ဟမ်"ဟုပြောကာ ထပ်ပြုံးလိုက်သည်။
"အိုး၊ ကိုယ့်ရဲ့ရှစ်တိလေးကစားနေတဲ့အချိန်မှာ အရမ်းခန့်ညားတာပဲဗျာ၊ ထပ်စားလိုက်ပါအုံးလား။"
သူကဒါကိုပင်ပန်းသည်ဟုမထင်ဘဲ သူ့ကိုပိုစားရန်လေးလေးနက်နက်ဆွဲဆောင်နေပေသည်။ လူငယ်လေးမှာနောက်ဆုံးတွင်မရယ်ပဲမရယ်နိုင်တော့ဘဲ ကျင်းဖေးထုန်၏လက်ထဲကပန်းကန်လုံးကိုဆွဲယူကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ကျွန်တော်စိတ်မရှိပါဘူးဗျ။ ကျွန်တော့်ဘာသာကျွန်တော်စားလိုက်မယ်၊ အစ်ကို့လဲစားတော့!"
ကျင်းဖေးထုန်ပြုံးရုံသာပြုံးကာ သူ့ကိုတူလှမ်းပေးလိုက်ပြီး တန့်သွားပြီးနောက်တီးတိုးပြောလိုက်သည်။
"ဟုတ်သားပဲ၊ ဘာမှစိတ်ပူမနေနဲ့။ ဘာတွေပဲဖြစ်လာဖြစ်လာ မင်းမှာဒီရှစ်ရှုန်းတစ်ယောက်လုံးရှိနေသေးတယ်။"
ကောင်လေးဟာလည်းခေါင်းမော့လာကာ သူ့ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်ရင်းမေးလာသည်။
"အစ်ကိုဘယ်မှာလဲ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"ကိုယ်၊ ကိုယ်..."
သူ့အသံကရုတ်ခြည်းတန့်သွားရသည်။
ဟုတ်သား၊ သူ..သူဘယ်မှာလဲ။
တဝီဝီလည်နေသောခံစားချက်ရောက်ရှိလာကာ အိပ်မက်မှာချက်ချင်းအဆုံးသတ်သွားသည်။
ကျင်းဖေးထုန်အိပ်ရာပေါ်တွင်လှဲကာ မျက်လုံးဖွင့်လိုက်သည်။
အိပ်မက်ထဲကညနှင့်ယှဥ်လျှင် အခန်းထဲရှိနေရောင်ခြည်ကားအနည်းငယ်တောက်ပလျက်ရှိသည်မို့ သူ့လက်မောင်းကိုမြှောက်ကာ သူ့နှဖူးကိုဝတ်ရုံလက်ဖြင့်တစ်ဝက်ကာလိုက်မိသည်။
သူ၏အိပ်မက်ထဲတွင်ပြောခဲ့သောစကား၊ သူတွေ့ကြုံခဲ့ရသောမြင်ကွင်းကားအရမ်းကိုရှင်းလင်းနေသည့်တိုင် သူပြန်စဥ်းစားကြည့်ပေမဲ့ ထိုလူငယ်လေး၏မျက်နှာကိုမမှတ်မိနိုင်ပေ။
သူဘယ်လိုဖြစ်လို့မေ့သွားရတာလဲ။
ထိုကောင်လေးကမည်သူနည်း။ ပြီးတော့ သူအခုဘယ်ရောက်သွားတာလဲ။
ကျင်းဖေးထုန်အသည်းအသန်စဥ်းစားကြည့်ပေမဲ့ သူ့ရှေ့ရှိတိမ်တိုက်နှင့်မြူလွှာကိုရှင်းလင်းအောင်ကြိုးစားနေသရွေ့၊ သူသည်ချီနှင့်သွေးဖောက်ပြန်မှုကိုခံစားလိုက်ရသည်။
မိစ္ဆာအတွင်းစိတ်ကားသူ၏အသိစိတ်ထဲတွင်ပုန်းကွယ်နေပြီး အခွင့်အရေးကိုအချိန်တိုင်းစောင့်လို့နေကာ ထိုမိစ္ဆာကသူ့စိတ်ထဲတွင်တီးတိုးပြောသံများဖြင့်ဆူညံစွာမွှေနှောက်လျက်ရှိပြီး အသံမှာကျယ်သထက်ကျယ်လာကာ သူ့စိတ်ထဲတွင်မုန်းတီးမှုကိုနှိုးဆွချင်နေသည်။
ဤတစ်ကြိမ်တွင် ကျင်းဖေးထုန်က၎င်းကိုလွှတ်မပေးဘဲ သူ၏ချီကိုဖြည်းညှင်းစွာထိန်းညှိ၍ သူ၏မိစ္ဆာအတွင်းစိတ်ကိုဖိနှိပ်လိုက်သည်။
သူဖိနှိပ်ထားရုံသာတတ်နိုင်သည်။ အကယ်၍ ဒီလိုသာဆက်သွားနေလို့ရှိရင် သူဘယ်အချိန်ထိန်းချုပ်မှုလွတ်သွားမလဲဆိုတာမသိနိုင်။ မိစ္ဆာအတွင်းစိတ်ကိုရှင်းပစ်နိုင်မည့်နည်းလမ်းကို သူဖြစ်နိုင်သမျှအမြန်ဆုံးရှာဖွေရမည်။
ကျိုးချင်းချန်ပြောသည်အရဆိုလျှင်၊ ကျင်းဖေးထုန်မှာအစကမိစ္ဆာအတွင်းစိတ်မရှိပေမဲ့ လွန်ခဲ့သောနှစ်တစ်ရာကဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ပြီး အနိုင်ရသွားကာ ဓားရေးလေ့ကျင့်ရန် နန်ဇီတောင်ထွတ်၏လျို့ဝှက်နယ်မြေထဲဝင်ပြီးနောက်မှသာလျှင် သူ့မှာထိုကဲ့သို့ပြဿနာရှိလာခြင်းပင်။
သူ့အိပ်မက်ထဲကကောင်လေးသည်သူတစ်ခါကသိကျွမ်းခဲ့ဖူးသည့်လူတစ်ယောက်မဟုတ်လောက်ဟု သူတစ်ခါတရံသံသယဝင်မိပေမဲ့ သူ၏ဘိုးဘေးများချန်ရစ်ထားခဲ့သောနာကျည်းမှုနှင့်အတိတ်များကို သူမတော်တဆလက်ခံရရှိခဲ့သည်။
သို့သော် သူ၏ရင်ဘတ်ထဲကပြင်းပြသောခံစားချက်များဟာ သူ့ကိုမလိမ်နိုင်သကဲ့သို့ နန်ဇီလျို့ဝှက်နယ်မြေထဲကိုလည်း မတိုင်ခင်ကလူတစ်ယောက်မျှမဝင်ခဲ့ဖူးသည်မဟုတ်ပေ။
ကျင်းဖေးထုန်သည်၎င်းတို့၏အခြေအနေကိုစုံစမ်းရန် လူတစ်ယောက်ပြီးတစ်ယောက်ပို့ခဲ့ပေမဲ့ သူတစ်ယောက်တည်း၌သာလျှင် မိစ္ဆာအတွင်းစိတ်ရှိနေကြောင်းသိခဲ့ရ၏။
ယင်းကား ပြဿနာကသူ့မှာဖြစ်နေမှန်းထောက်ပြနေသည်။
ခေါင်းလောင်းကခေါင်းလောင်းပင်။ ဒီတစ်ခေါက်ဓားစမ်းသပ်ရေးညီလာခံကလည်းစတော့မည်ဖြစ်ကာ ကျင်းဖေးထုန်ဟာလည်း ထိုလျို့ဝှက်နယ်မြေကိုသွားဖို့ လမ်းရှာရင်ကောင်းမလားဟုတွေးနေမိသည်။
မိစ္ဆာအတွင်းစိတ်ကတဖြည်းဖြည်းချင်းအင်အားကြီးလာပေမဲ့ ၎င်းကလည်းအားထုတ်နေရခြင်းပင်။
သူသည်မျက်ခုံးများကိုအသာပွတ်လိုက်မိပြီး သူ့လက်ကိုပြန်ချလိုက်ချိန်တွင် ပြတင်းပေါက်ဘောင်ပေါ်ကျလာသည့်ခပ်ဖွဖွခြေသံများကိုကြားလိုက်ရသည်။
ကျင်းဖေးထုန်ပင့်သက်ရှိုက်လိုက်မိသည်။
ထို့နောက် ပြတင်းပေါက်ကားညင်သာစွာတွန်းဖွင့်ခံလိုက်ရပြီး အသံသေးသေးလေးတစ်သံကအခန်းထဲသို့တစ်လှမ်းချင်းဝင်ရောက်လာပုံမှာ ခြေလှမ်းတိုင်းကနှလုံးခုန်သံနှင့်သံစဥ်ကိုက်ညီနေသည့်အလား။
မည်သူလာနေမှန်း ကျင်းဖေးထုန်မျက်လုံးဖွင့်ကြည့်စရာမလိုပေ။
ရက်အနည်းငယ်အတွင်း၌လျင်မြန်စွာဖြစ်ပေါ်လာသည့် ရင်းနှီးမှုနှင့်နီးကပ်မှုတစ်မျိုးကား မြေခွေးလေးနှင့်ရှုလင်ကျားပင်။
ဖြည်းဖြည်းချင်းချဥ်းကပ်ခံရသည့်ခံစားချက်ကား အိပ်မက်တစ်ခုပမာ အနည်းငယ်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
ကျင်းဖေးထုန်သည်မျက်လုံးဖွင့်ရန်တစ်အောင့်ကြာချိတုံချတုံဖြစ်နေမိပြီး သူ့ကိုယ်သူနူးညံ့သောစောင်ထဲတွင်လှဲချခွင့်ပေးထား၏။ ရှုလင်ကျားလာတာကိုကြားလိုက်ရရင်း သူကအိပ်ယာပေါ်ခုန်တက်လာတော့သည်။
သူ၏အမြှီးကားအိပ်ရာခင်းပေါ်တွင်လှုပ်ခါနေပြီး သူကခေါင်းအုံးအစွန်တွင်ရပ်ကာ ကျင်းဖေးထုန်ကိုငုံ့ကြည့်နေပုံရသည်။
ရှုလင်ကျားသည်ခေါင်းအုံး၏ညာဘက်တွင်အရင်ရပ်၍ ကျင်းဖေးထုန်ကိုစူးစမ်းလိုက်သည်။ တစ်အောင့်ကြာသော် သူကခါးကိုအသားကုန်ကွေးညွှတ်ကာ "ဝှစ်"ခနဲဖြင့် ကျင်းဖေးထုန်၏ခေါင်းပေါ်သို့တိုက်ရိုက်ခုန်လိုက်သည်။
သူ့အမြှီးဖျားပေါ်ရှိအမွှေးမှာ ကျင်းဖေးထုန်၏နှာခေါင်းထိပ်ပေါ်တွင်ဝဲနေပြီး ရှုလင်ကျားကသူ့ခေါင်းအုံးဘယ်ဘက်ပေါ်တစ်ဖန်ပြန်ရပ်ကာ
သူ့ကိုဆက်ကြည့်လိုက်သည်။
တစ်အောင့်အကြာ သူသည်စနစ်ကိုမေးလိုက်မိ၏။
"သူသတိလစ်နေတာလား။"
မဟုတ်လျှင် ဤကဲ့သို့တုံ့ပြန်မှုမရှိလိမ့်မည်မဟုတ်။
စနစ်ကလည်းအနည်းငယ်မသေမချာဖြစ်နေသည်။ အဆုံး၌မူ၊ ဗီလိန်ကအိပ်ချင်ယောင်ဆောင်ကာ မြေခွေးနှင့်အတူကစားမည့်လူစားမျိုးမဟုတ်ကြောင်း ၎င်းနှင့်ရှုလင်ကျားနှစ်ယောက်လုံးသိနေပေသည်။
[လက်ရှိမှာတော့ ဗီလိန်ရဲ့မိစ္ဆာအတွင်းစိတ်ကအားနည်းသွားပြီလို့ပြနေတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်းကောင်းတယ်၊ ဒါပေမဲ့ မိစ္ဆာအတွင်းစိတ်ကိုဖိနှိပ်လိုက်တဲ့ စွမ်းအင်သုံးစွဲမှုပမာဏကြောင့် သတိမမေ့သွားဘူးလို့ပြောလို့မရဘူး။]
ရှုလင်ကျားကသူ၏လက်ဖဝါးကိုဆန့်ထုတ်ကာ ကျင်းဖေးထုန်၏ခေါင်းကိုထုလိုက်သည်။
ကျင်းဖေးထုန်ကခေါင်းမသိမသာစောင်းသွားပေမဲ့ မလှုပ်ရှားလာသေးပေ။
သူ့ကိုထိုကဲ့သို့မြင်လိုက်ရရင်းဖြင့် ရှုလင်ကျားမှာမနေနိုင်ဘဲကျင်းဖေးထုန်၏နှာခေါင်းအောက်လက်ဖဝါးတင်ကာ အသက်ရှုနှုန်းကိုစမ်းကြည့်လိုက်သည်။
တစ်ဖက်လူ၏အသက်ရှုနှုန်းမှာရှည်လျားကာ တည်ငြိမ်နေပြီး သူ့လက်ဖဝါးပေါ်ရှိအမွှေးနုနုတို့မှာအသာယိမ်းယိုင်သွားပေရာ သူကစင်စစ်ကိုအသက်ရှင်နေချေသည်။
ရှုလင်ကျား၏နှလုံးသားမှာပဟေဠိဖြစ်သွားရသည်။
ခင်ဗျားဘာလို့မနိုးလာတာလဲ။
သူသည်ကျင်းဖေးထုန်၏ကိုယ်ပေါ်သို့ထပ်တက်လိုက်ပြန်ကာ
တစ်ဖက်လူ၏ရင်ဘတ်ပေါ်တွင်ရပ်လိုက်ပြီး ထို့နောက်ကျင်းဖေးထုန်၏မျက်နှာကိုကြည့်လိုက်သော် တစ်ဖက်လူ၏မျက်နှာကမျှတသောအသားအရည်၊ ချောမွေ့သောအရေပြားနှင့် အလွန်ချောမောသောရုပ်ရည်ကိုသာလျှင်မြင်လိုက်ရကာ
သူနှင့်ပတ်သတ်၍ဘာမှမှားနေပုံမပေါ်ပေ။
ကျင်းဖေးထုန်မရယ်မိအောင်အသည်းအသန်အောင့်ထားရသည်။
တကယ်တော့ သူတမင်လုပ်တာမဟုတ်ပေ။
ခုနကရှုလင်ကျားသူ့ကိုကြည့်ဖို့ခေါင်းအုံးပေါ်လျှောက်လာတုန်းက၊ ရှုလင်ကျား၏သရုပ်မှန်ကိုခန့်မှန်းမိသွားပြီဖြစ်ကြောင်း တစ်ဖက်လူကိုပြောရင်ကောင်းမလားဟု ကျင်းဖေးထုန်တုံ့ဆိုင်းနေခဲ့မိခြင်းပင်။
Advertisement
ဤရက်များအတောအတွင်း၌၊ ရှုလင်ကျားအပေါ်နားလည်မှုအရဆိုလျှင် တစ်ဖက်လူ၏မူရင်းခန္ဓာကိုယ်ကဤကဲ့သို့မြေခွေးပေါက်စလေးဖြစ်နေသည်ကို စိတ်မကျေမနပ်ဖြစ်နေလောက်မည်ဟု ကျင်းဖေးထုန်ခံစားမိသည်။ အကယ်၍ သူသာမျက်နှာချင်းဆိုင်ထုတ်ပြောလိုက်လျှင် ရှုလင်ကျားကဒေါသထွက်ကောင်းထွက်လာနိုင်သည်။
ဒါပေမဲ့ သူမပြောလိုက်လို့ရှိရင်...
ရှုလင်ကျား၏အမြီီးကသူ့နှာခေါင်းထိပ်ပေါ်ခပ်ဖွဖွပွတ်တိုက်သွားသည်ကို ကျင်းဖေးထုန်ခံစားမိလိုက်ပြီး မြေခွေးလေးကခေါင်းအုံးတစ်ဖက်ကိုတစ်ဖန်ခုန်သွားပြန်သည်။
တကယ်လို့ မင်းဘာမှမပြောဘဲ... သူကမြေခွေးဖြစ်ဖို့အရမ်းကြိုးစားနေတာကိုကြည့်နေရုံနဲ့တင်... အရမ်း...
ကျင်းဖေးထုန်သည်ပုံမှန်အားဖြင့်အရာရာတိုင်းကိုပြတ်သားစွာလုပ်လေ့ရှိ၏။ သူကားအနာဂတ်ကိုမျှော်ကြည့်ခဲကာ အခုဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာကိုသာလျှင်တွေးလေ့ရှိသည်။
ရှုလင်ကျားကားဒေါသမထွက်တတ်သော၊ မျက်နှာမရှိသောလူတစ်ယောက်မဟုတ်ဘဲ တကယ်တမ်းအရမ်းကိုရှုပ်ထွေးပေသည်။
အနည်းငယ်ချိတုံချတုံဖြစ်နေပြီးနောက် ရှုလင်ကျားကသူ့ရင်ဘတ်ပေါ်ရောက်နေပြီးဖြစ်ကာ သူ့မျက်နှာကိုလက်ဖဝါးများဖြင့်ပုတ်ရန်ပင်ကြိုးစားနေသည်။
ကျားတစ်ကောင်ကိုစီးဖို့အရမ်းခက်ခဲလှသည်ဟု ကျင်းဖေးထုန်ခံစားလိုက်ရသည်။
သူကသူ့ကိုယ်သူရန်စနေသည်ဟုရှုလင်ကျားခံစားလိုက်ရသည်။ အကယ်၍ ၎င်းကလူသေဖြစ်နေရင်တောင်မှ သူကအလောင်းကိုလှည့်စား၍ရပေမဲ့ ကျင်းဖေးထုန်ကမလှုပ်ရုံသာဖြစ်ကာ သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာအရမ်းကောင်းမွန်သည်ဟု စနစ်ကပြောလာပေရာ ပြဿနာလုံးဝမရှိပေ။
ဘာပဲဖြစ်ဖြစ် ယင်းကားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူကိုတကယ်အရေးစိုက်အောင်လုပ်နိုင်သည်။
သူသည်ကူကယ်ရာမဲ့စွာဖြင့်ကျင်းဖေးထုန်၏ကိုယ်ပေါ်တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာစဥ်းစားနေမိ၏။
ရင်ဘတ်မှဝမ်းဗိုက်အောက်ပိုင်းအထိလျှောက်ပြီးသော် ဝမ်းဗိုက်အောက်ပိုင်းမှပြန်လှည့်လျှောက်လာကာ ရေတချို့သုံး၍ ကျင်းဖေးထုန်ကိုနှိုးကြည့်ရန် ရှုလင်ကျားဆုံးဖြတ်လိုက်သည်။ အကယ်၍ တစ်ဖက်လူမနိုးလာလို့ရှိရင် သူအပြင်ထွက်သွားပြီး လူသားခန္ဓာကိုယ်ကိုပြန်ပြောင်းရုံသာတတ်နိုင်သည်။
ရှုလင်ကျားကကျင်းဖေးထုန်၏ရင်ဘတ်ပေါ်တက်နင်းကာ စားပွဲပေါ်သို့တစ်ဖန်ထပ်ခုန်လိုက်ပြီး ရေတစ်ခွက်လောင်းထည့်ကာ ထို့နောက်သူ့လက်ဖဝါးကိုတိုက်ရိုက်မြှောက်၍ ရေခွက်ကိုရိုက်ချလိုက်သည်။
ရေခွက်ကားလေကိုဖြတ်၍တစ်ပတ်လည်သွားပြီး ကျင်းဖေးထုန်၏ကုတင်ခေါင်းရင်းပေါ်သို့နူးညံ့စွာဆင်းသက်သွားသည်။ ရေတစ်စက်မျှဖိတ်ကျသွားခြင်းမရှိ။
ကျင်းဖေးထုန်ရှေ့မှာတော့ ရှုလင်ကျားထိုသို့မလုပ်ရဲပေ။
သူသည်ကုတင်ခေါင်းရင်းဆီပြန်သွားကာ ရေခွက်နံဘေးတွင်ဆောင့်ကြောင့်ထိုင်ချ၍ ရေခွက်ကိုအသာစောင်းလိုက်ရာ ခွက်ထဲရှိရေမှာအပြင်ထွက်လာပြီး ကျင်းဖေးထုန်၏ခေါင်းပေါ်အနည်းငယ်စီးကျသွားသည်။
ကျင်းဖေးထုန်: "..."
ငါကူကယ်ရာမဲ့နေပြီ။
ရှုလင်ကျားကသူ့နှဖူးပေါ်ရှိရေကိုလက်ဖဝါးနှစ်ဖက်ဖြင့်ပုတ်ကာ တွေးနေမိသည်။
"ငါဘာတွေလုပ်နေတာလဲ။ ဒါကအရမ်းရယ်စရာကောင်းတယ်လို့ ငါဘာလို့ခံစားမိနေတာလဲ...သူနိုးနေတာများလား။"
ကျင်းဖေးထုန်၏နှုတ်ခမ်းပေါ်၌၊ နှုတ်ခမ်းထောင့်စွန်းများအနည်းငယ်ကွေးတက်နေသည်ကို သူမြင်လိုက်ရတော့သည်။
ကျင်းဖေးထုန်၏နှဖူးပေါ်ရှိရှုလင်ကျား၏လက်ဖဝါးမှာအေးခဲသွားရသည်။
တစ်အောင့်ကြာပြီးသော် ဤလူနိုးနေမှန်းရှုလင်ကျားသဘောပေါက်သွားသည်။
ထိုအခိုက်အတန့်တွင်၊ ရှုလင်ကျားသည်ကုတင်ခေါင်းရင်းပေါ်ကရေခွက်ကို တစ်ဖက်လူ၏မျက်နှာပေါ်ပစ်ပေါက်လိုက်ချင်မိ၏။
သူကသူ့လက်ဖဝါးကိုပြန်ရုတ်ကာ အိပ်ရာခင်းနှင့်သုတ်၍ လှည့်ထွက်လာလိုက်သည်။
"ဟေ့! နေပါအုံး!"
ကျင်းဖေးထုန်မပြုံးဘဲမနေနိုင်တော့ပေ။ ရှုလင်ကျားငြိမ်ကျသွားသည်ကိုသူခံစားမိလိုက်သော် တစ်ခုခုဆိုးဝါးသွားတော့မည်ကိုခံစားလိုက်ရသည်။ တစ်ဖက်လူထွက်သွားတော့မည်ဖြစ်ကြောင်းမြင်လိုက်ရသော် သူတကယ့်ကိုဖော်ထုတ်ခံလိုက်ရမှန်းသိသွားသည်။
အလျင်စလိုဖြင့် သူခပ်မြန်မြန်လှည့်ကာထိုင်လိုက်ပြီး မြေခွေးလေးကိုဖမ်းရန်သူ့လက်ကိုဆန့်ထုတ်၍ မြေခွေးလေးကိုဖမ်းလိုက်သည်။
ရှုလင်ကျား: "..."
သူသည်ကျင်းဖေးထုန်ကိုလာတွေ့သည့်အချိန်တိုင်း သူမပျော်မရွှင်ဖြစ်လာချိန်တွင် အမြဲထွက်သွားလေ့ရှိ၏။ ယင်းကားသူပထမဆုံးအဖမ်းခံလိုက်ရသည့်အချိန်ဖြစ်ပေရာ သူအနည်းငယ်ထိတ်လန့်သွားမိသည်။
ကျင်းဖေးထုန်ကသူ့ကိုလက်မောင်းကြားထဲထည့်ထားကာ ရှုလင်ကျားကိုဂရုတစိုက်ကိုင်ကာ သူနှင့်မျက်နှာချင်းဆိုင်စေလိုက်ပြီး အလေးအနက်ပြောလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်တမင်သက်သက်အိပ်ချင်ယောင်ဆောင်တာမဟုတ်ပါဘူးကွာ။ မင်းရောက်လာတာကိုကိုယ်မြင်လိုက်ရတော့ ကိုယ်အရမ်းပျော်သွားရုံတင်။ ပြီးတော့ ကိုယ်မျက်စိဖွင့်လိုက်တဲ့အချိန်ကျရင် မင်းထပ်ပြီးထွက်သွားမှာစိုးတယ်၊ ဒါကြောင့်မို့ ကိုယ်မလှုပ်ရဲခဲ့တာ။"
ရှုလင်ကျားကသူ့လက်ကိုတွန်းဖယ်ကာ စောင်ပေါ်တွင်ရပ်၍
ကျင်းဖေးထုန်ဖမ်းလိုက်သောကြောင့်ရှုပ်ပွသွားသည့်အမွှေးများကိုခါလိုက်ပေမဲ့ ထပ်မထွက်သွားတော့ပေ။
ကျင်းဖေးထုန်ကသူ့မျက်နှာကိုစိုက်ကြည့်လိုက်သည်-- မြေခွေးမှာမည်သည့်မျက်နှာအမူအရာမျှမရှိပေမဲ့လည်းပေါ့---
သူချောင်းဟမ့်ကာပြောလိုက်သည်။
"တကယ်တော့...အာ၊ တကယ်တော့ မင်းကအရမ်းကိုကျိုးကြောင်းဆီလျော်ပါတယ်။ ကိုယ်မင်းကိုမသွားစေချင်လို့ရှိရင် ဒီအတိုင်းတည့်တိုးပြောလိုက်ရမှာ၊ အိပ်ချင်ယောင်ဆောင်တာတို့ဘာတို့လုပ်စရာမလိုဘူး။ အာ၊ ကိုယ်ကမင်းကိုအကြာကြီးအလုပ်ရှုပ်သွားစေတာမို့လို့ မင်းဒေါသထွက်သွားတာအံ့သြစရာမရှိပါဘူးလေ။"
"ကိုယ့်ကိုထပ်ပြီးခွင့်လွှတ်ပါနော်၊ နောက်တစ်ခါမဖြစ်စေရပါဘူး။ ကိုယ်ခုနကမင်းအတွက်ကြိုးစားပမ်းစားလုပ်ခဲ့ရတာ၊ ခဏလောက်တော့နေပါအုံးလား။"
အနည်းဆုံးတော့မြေခွေးကရှုလင်ကျားဖြစ်နေသည်ပင်။ သူထိုအကြောင်းဒီနေ့မပြောနိုင်သေးပေ၊ ထိုကဲ့သို့အရာကို ကျင်းဖေးထုန်အချိန်တစ်ခုကြာမသိချင်ယောင်ဆောင်နေလိုက်မည်။
ရှုလင်ကျားသည်ကျင်းဖေးထုန်ကိုစူးစိုက်ကြည့်လိုက်ပေမဲ့ သူ့မျက်နှာပေါ်ကအပြုံးတစ်ပွင့်ကိုမြင်လိုက်ရချိန်တွင် ရေတစ်စက်ကသူ့နှဖူးပေါ်မှစီးကျလာကာ စောင်ပေါ်ကျသွားသည်။
သူကတစ်ဖက်လူပေါ်ခုန်တက်ပြီး ရေလောင်းချကာ ခေါင်းပေါ်ကုတ်ခြစ်ခဲ့ရုံသာဖြစ်သည်ကိုတွေးမိသွားကာ ကျင်းဖေးထုန်ကိုလုံလောက်စွာစိတ်ညစ်အောင်လုပ်ခဲ့ပြီးဖြစ်လောက်သည်။
ဒါကိုတွေးမိသွားတော့ ရှုလင်ကျားဟာလည်းအနည်းငယ်အူမြူးသွားကာ ကျင်းဖေးထုန်ထံလက်ဖဝါးတစ်ဖက်မြှောက်ပြလိုက်သည်။
ကျင်းဖေးထုန်မှာတစ်အောင့်မျှကြောင်အမ်းသွားရပြီး ရှုလင်ကျားကသူ့ကိုယ်သူ"အာမခံ"လုပ်ချင်မှန်းသဘောပေါက်သွားသဖြင့် သူလည်းပဲလက်ဆန့်ကာဖြင့် သူ၏သေးငယ်သောလက်ဖဝါးနှင့်ခပ်ဖွဖွရိုက်လိုက်သည်။
သူတည်ငြိမ်စွာပြောလိုက်သည်။
"ကိုယ်ကတိပေးတယ်။"
ကျင်းဖေးထုန်၊ ကျိုးချင်းချန်နှင့်ချင်းချိုးကြားရှိဆက်ဆံရေးကား သာမန်မျှသာဖြစ်ပြီး အခြားသောအရေးကြီးကိစ္စများလည်းရှိသည်။ သူတို့ကခဏတာနေထိုင်ပြီးနောက် နှုတ်ဆက်စကားဆိုကာထွက်ခွာသွားကြသည်။ သူကတော့ချင်းချိုးတွင်ရက်အနည်းငယ်ကြာနေထိုင်ခဲ့သည်။
ဤတစ်ခေါက်လျို့ဝှက်နယ်မြေထဲတွင်ဆေးပင်စုဆောင်းရသည်မှာအရမ်းကိုခက်ခဲခဲ့ပြီး ပြဿနာများစွာဖြစ်ပျက်သွားစေကာ လူတိုင်းကိုလုံလောက်စွာစိတ်ညစ်သွားစေသည်။
သို့ပေမဲ့ ကျေနပ်စရာကောင်းသည့်အရာကား ဆေးရပြီးနောက်တွင် မင်ချီကပိုကောင်းလာကာ ရက်အနည်းငယ်အကြာ၌နိုးလာနိုင်သည်။
ချန်နဥ်ကအချိန်ယူကာ မြေခွေးမျိုးနွယ်စုကလူများကိုစုစည်း၍ မတိုင်ခင်ကသခင်လေး၏သရုပ်ကိုဟန်ဆောင်ရန် တစ်ယောက်ယောက်ကိုရှာဖွေခဲ့သည့်ဖြစ်ရပ်အစအဆုံးကိုအသေးစိတ်ရှင်းပြခဲ့သည်။
မြေခွေးလူသားများအတွက် ၎င်းကအနည်းငယ်စိတ်ပျက်ဖွယ်ရာပင်။
အန္တရာယ်ကင်းလုံခြံမှုအတွက် သခင်လေးမှာငယ်စဥ်ကတည်းကချင်းချိုးမှာမနေကြောင်းဆိုကြသည်။ သူကမျိုးနွယ်စုထဲတွင် အရေးကြီးကိစ္စများရှိသည့်အခါမှသာလျှင် လာရောက်လေ့ရှိသောကြောင့် မြေခွေးမျိုးနွယ်စုကလူများဟာတကယ်တော့ သူနှင့်ပတ်သတ်ပြီးသိပ်မသိကြပေ။
သူတို့ကမင်ရှောင်းလှုပ်ရှားသည်ကိုတစ်ခါတရံမှသာလျှင်မြင်ဖူးသည်။ သူ၏အားနည်းသောအရည်အချင်းကိုမြင်လိုက်ရအပြီး၌၊ သူတို့မှာမျှော်လင့်ချက်များများစားစားမရှိကြပေ။ တစ်ဖက်လူကမျိုးနွယ်စုခေါင်၏သွေးသားဖြစ်သောကြောင့် မြေခွေးလူသားများကဤသခင်လေးကိုဂရုစိုက်ဖြစ်ကြသည်။
၎င်းမှာလျို့ဝှက်နယ်မြေထဲမဝင်ခင်သည်အထိသာ။ ထို့နောက်သူဟာအရမ်းခွန်အားကြီးလာပြီး သူ့ကိုယ်သူတာဝန်ယူနိုင်သည့်အမွေဆက်ဆံသူတစ်ယောက်အဖြစ်ကြီးပျင်းလာသည်ကိုမြင်တွေ့လိုက်ကြရသည်မို့ လူအများစုမှာအလွန်ပျော်ရွှင်သွားကြသည်။ သို့ပေမဲ့ ၎င်းကတစ်ယောက်ယောက်ဟန်ဆောင်ထားတာဖြစ်မှန်း သူတို့ဘယ်တော့မှမတွေးမိခဲ့ကြပေ။
အိုးမဟုတ်ဘူးပဲ... နှစ်ယောက်စလုံးအတုဖြစ်ကာ သခင်လေးအစစ်ကဘယ်မှာရှိနေမှန်းမသိရသေးပေ။
သို့သော် ဘာပဲဖြစ်နေပါစေ၊ မင်ချီနိုးလာတော့မည်ဟူသည့်အချက်ကလူတိုင်းကိုအလွန်တရာပျော်ရွှင်စေသည့်အဓိကဖြစ်ရပ်ပင်။ အခြေအနေတစ်ခုလုံးကိုကိုင်တွယ်နိုင်သည့်မျိုးနွယ်စုခေါင်ရှိနေသရွေ့၊ သခင်လေးအစစ်ကမြေခွေးမျိုးနွယ်စုထံ မကြာမီသေချာပေါက်ပြန်ရောက်လာမည်ဟုယုံကြည်သည်။
ရှုလင်ကျား၏အကူအညီကိုကျေးဇူးတင်သောကြောင့် ချင်းချိုး၏မြေခွေးလူသားများကသူ့အပေါ်အလွန်နွေးထွေးကြသည်။ သူတံခါးဖွင့်လိုက်သည့်မနက်တိုင်းမှာ ဂူပေါက်ဝနှင့်ပြတင်းပေါက်ပေါ်တွင် သစ်သီးရိုင်းအမြောက်အမြားရှိနေပေသည်။
သူသည်ဤမြေခွေးလေးများနှင့်ရှိနေချိန်တွင် အပြင်ဘက်မြက်ခင်းပြင်ပေါ်မှာ လိမ့်ကာဆော့ကစားနေကြသည့် မတူညီကွဲပြားသောအရောင်နှင့်အမွှေးလုံးလေးများကို ရှုလင်ကျားမြင်နိုင်ပေသည်။ ယင်းမှာ လင်ရှောင်းဂိုဏ်းမှထွက်လာပြီးနောက် စိတ်အခြေအနေကောင်းနေသည့်ရှားပါးသောရက်အနည်းငယ်ဖြစ်သည်။
ရှုလင်ကျားမထွက်သွားခင်၊ မင်ရှောင်းကသူ့ဆီအရင်ဆုံးလာကာနှုတ်ဆက်စကားဆိုသည်။
မင်ရှောင်းကပြောလာသည်။
"ရှုသခင်လေး၊ ကျွန်တော်အားရှန်နဲ့အတူ လင်ရှောင်းရှင်းဇုန်ကိုသွားတော့မယ်။"
သူတို့နှစ်ဦးသည်အကျိုးနှင့်အကြောင်းအပ်ချည်မျှင်ကြောင့်ဆက်နွယ်နေကြသည်မို့ သူတို့မခွဲမခွာနေဖို့မလိုသည့်တိုင် မင်ရှောင်း၏အခြေအနေကအပြည့်အဝပြန်မကောင်းလာသေးပေ။ အနည်းဆုံးတော့ မုန့်ရှန်နှင့်အတူတစ်နေရာတည်းရှိနေတာကလုံခြုံပေသည်။
ရှုလင်ကျားပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ဂရုစိုက်ကြပါ။"
သူတစ်အောင့်မျှတန့်သွားပြီးနောက်ထပ်ဖြည့်ပြောလိုက်သည်။
"သူမကိုပြန်ခေါ်လာနိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ကွာ။"
မင်ရှောင်းကဆိုသည်။
"ခံစားချက်တွေလိုမျိုးအရာတွေကအရမ်းနူးညံ့တယ်လို့ပြောနေတာလား။ အားရှန်၊ အဲ့ဒီ့မိန်းကလေးကငယ်ငယ်ကတည်းက သူမမိဘတွေရဲ့ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာခံခဲ့ရတယ်။ ဘယ်သူကမှသူမကိုမသင်ပေးခဲ့ဘူး။ သူမကအရမ်းရိုင်းပြီးတော့ ကိုယ့်ဆန္ဒကိုယ်ပဲသိတာ၊ ဒါပေမဲ့သူမလှုပ်ခတ်သွားပြီဆိုတာနဲ့
သူမကကျွန်တော့်အတွက်စတေးဖို့ဆန္ဒရှိတာမို့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်။"
သူကားအလွန်ညင်သာသောလေသံဖြင့်ပြောလာပေမဲ့ ရှုလင်ကျားမှာတစ်အောင့်မျတောင့်တင်းသွားရကာ ဤစကားများကထူးဆန်းပုံပေါက်သည်ဟုခံစားမိပေမဲ့ ထိုအကြောင်းသေချာတွေးကြည့်လိုက်ရာ ဘာမှမှားယွင်းနေပုံမပေါ်ပေ။
မင်ရှောင်းကထိုစကားကိုသာပြောလာပြီး ဘာမှထပ်မပြောတော့ဘဲ ရှုလင်ကျားကိုကျေးဇူးတင်လာသည်။
"တကယ်တော့ ကျွန်တော်ဒီကိစ္စအတွက်ရှုသခင်လေးကိုကျေးဇူးတင်ရမယ်။ အစ်ကိုသာယွဲ့နန်းတော်အရှင်ကိုသူမရဲ့အသက်ယူခွင့်ပေးလိုက်ပြီး ကျွန်တော့်ကိုချင်းချိုးဆီပြန်ပို့လိုက်လို့ရှိရင် ကျွန်တော်တို့နှစ်ယောက်လုံးမှာဒီလိုမျိုးအတူရှိဖို့အခွင့်အရေးရလာမှာမဟုတ်ဘူး။ အစ်ကို့ကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတာ ကျွန်တော်တကယ်မသိတော့ပါဘူးဗျာ။"
Advertisement
- In Serial23 Chapters
White Lich
A very unfortunate girl dies, and then gets reborn as a pale lich in a different world. Her misfortune does not end there; She gets captured, enslaved and finally sold to a hero. Or so he call himself. He prides himself on only having his party full of girls and he adores his harem he created over the years. But because she is a strong willed girl she do not easily give in to his ideas of love. She is still faithful to her boyfriend from before when she died. Whether she will be able to accept her loss and build a new relationship will be impossible to say. Her journey is filled with danger from both ancient civilizations to humankind. Will she find happiness in her new existence as a slave to the idiot hero? Or will she find never ending despair?
8 113 - In Serial8 Chapters
The Orb Weaver Chronicles
"The Orb Weaver Chronicles contains several major and unique events that may or may not unknowingly intertwines with one another. The author of these chronicles is unknown, although some have hinted at the symbolism behind its name..." - Year unknown, location unknown 9 February 2022 Update: Welcome to the companion short story compilation of my novel trilogy The Shadow Paradigm. This compilation features prequels, sidequels and sequels to the novel's major plotline, as well as featuring a wide range of characters, new and recurring. Prior knowledge of the novel is not necessary as the Orb Weaver Chronicles' short stories are standalone. Once called The Arkesyyan Chronicles, I've deleted quite a few of its old stories. Due to the new avenue and revision, oriented toward more mystery and film-noir ambience, that I took my stories into, I've removed all aliens and overly sci-fi aspects of the whole TSP lineup, so I've updated the Orb Weaver Chronicles accordingly. I hope you enjoy them, and in time, a revised version will also be updated.
8 95 - In Serial6 Chapters
Overload
Come one, come all to the grand reveal of MavraCorp’s Greatest Golem to date! Introducing; The Perfect Boyfriend System (Perfect Girlfriend System to be released shortly) For only 6 easy payments of 99$ you can get a brand spanking new lover, with none of the awkward stuff! He cooks, he cleans! (For legal reasons we must note that the Perfect Boyfriend Golem must be taught to clean and cook, and does not come with instinctive janitorial/culinary ability.) He doesn’t leave you for that rat, Susan! …ahem. Powered by only the most cutting edge of golem runology, your Boyfriend will evolve and learn as he lives. Under your (hopefully) caring hand he will grow to something extraordinary! Who knows, maybe with your help he’ll even become sentient… nah. MavraCorp is not responsible for any deaths, injuries, or general destruction caused by Perfect Boyfriends. [For an additional payment of 50$ you can get the Memory Wand, perfect for recreating that one celebrity, or a sexy highschool crush you recently rediscovered on Binstafram] (I’ll change the cover art when I get a chance but I had this one from a while ago so why not.)
8 115 - In Serial115 Chapters
A Cursed Life.
In a continent ravaged by war between humans and magical beings, an orphan child has taken residence at the bastion of hope in the human kingdom. Though displaying incredible dexterity, his terrible luck pins him against foes he could not hope to defeat. A chance encounter with thugs leaves him stabbed and left for dead. With an intense desire to live, he awakens the innate and powerful darkness magic to bolster his life and take back what others have stolen from him. This chronicles his journey as he learns to harness his power, whether it is for good or evil, you'll have to read and find out. To everyone interested in this story, I have every intention to finish it, but chapters will be very slow since I am going to college. If my studies allow me any spare time I will update the story and write a new chapter.
8 193 - In Serial67 Chapters
chocolate and ice
♧اسم فیکشن: شکلات و یخ♤ژانر: رومنس، اکشن، انگست، رازآلود، اسمات♧کاپل: کایهون/سکای ورس ، چانبک (هردو اصلی)♤ فصل اول کامل. قرار بود فقط یه جیب زدن ساده از یه مرد خوشتیپ توی کلابی که کار میکنه باشه،نفهمید چی شد که از جیب زدن به چشیدن یه شکلات جهنمی رسید؟شکلات ممنوعه ای که شاید تاوان مزه کردنش، زیر رو شدن زندگیش بود.........بکهیون ، برادر کوچیک تر و دردساز سهون ، میدونست نباید عاشق چانیول بشهاینجا قصه های پری نبود که شاهزاده و گدابتونن کنارهم خوشحال زندگی کنناما دست خودش هم نبود که دلش با دیدن شاهزاده ی این روزای زندگیش ، تند تر می تپید..!
8 154 - In Serial42 Chapters
Whatever
Jesse Falls Anderson is the daughter of Daniel Anderson and Riley Falls. She has half alpha and half warrior blood in her but the problem is her warrior blood is more then her alpha blood. Which means Jesse will have no choice but to find her mate for her pack! But there's a slight problem. Ever since she was small, she never hopes for her prince charming, as known as her mate, to be there for her. It's a good thing she never DID hope for her mate. Why? Well lets just say that there's gonna be a BIG surprise for Jesse.
8 59

