《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၃] မိုးရေထဲကနီစွေးစွေး|မိုးရေထဲကနီစွေးစွေး
Advertisement
ဟယ်ဇီကျိုးကဆိုသည်: "လင်ကျားဘာလို့မပေါ်လာသေးတာလဲ။ သူကချင်းချိုးဆီဖိတ်ကြားလွှာရဖို့သွားခဲ့တယ်မဟုတ်လား။"
......
ရှုလင်ကျားလက်ရှိရှိနေသည့်နေရာကား အနောက်ဖက်သဲကန္တာရရှိနန်ဇီတောင်ထွတ်တွင်ဖြစ်ကာ ၎င်းဟာ ဓားစမ်းသပ်ရေးညီလာခံကျင်းပသည့်နေရာလည်းဖြစ်သည်။
ချီဇုန်တည်ထောင်သူဖြစ်သည့်အဘိုးအိုခန်းမင်သည် ဤနေရာတွင်ကောင်းကင်ဘုံသို့တက်လှမ်းခဲ့ပြီး တောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူထဲ၌ သူတောက်ဓမ္မပညာကို နားလည်သဘောပေါက်သွားသည့်အချိန်တွင်ကျန်ရစ်ခဲ့သည့်ဓားစွမ်းအင်ရှိနေဆဲဟူသည့်ကောလဟာလများရှိ၏။
လျို့ဝှက်ဂူတလျှောက်အနောက်ဘက်သို့လျှောက်သွားလိုက်သော် လျင်မြန်စွာစီးကျလျက်ရှိသောရေတံခွန်ကြောင့် ချောမွေ့သွားခဲ့သောကျောက်နံရံတစ်ခုရှိသည်။ ယင်းကားမှန်တစ်ချပ်ပမာချောမွေ့လျက်ရှိသည်။ သင့်မှာအခွင့်ရေးရှိရင် လူတို့၏မွေးဖွားခြင်းနှင့်သေဆုံးခြင်း၊ အတိတ်နှင့်လက်ရှိဘဝတို့ကိုမြင်တွေ့နိုင်ပေသည်။
ရှီးဟွမ်၌ထူးခြားသောဥတုရှိသည်။ နှစ်၂၀တိုင်း၊ နွေဦးတွင်တိမ်ထူကာ နွေရာသီတွင်နှင်းကျပြီး ဆောင်းဦးတွင်ရေများခဲကာ ဆောင်းရာသီ၌မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိသည်။
နွေရာသီတွင်ပထမဆုံးနှင်းကျလာသည့်အချိန်မှသာလျှင်၊ တောင်ထွတ်ထိပ်ရှိလျို့ဝှက်ဝူကား ဓားသမားများကြားရှိတိုက်ခိုက်ရေးစိတ်ဝိညာဥ်ကိုအာရုံခံမိ၍ ချိပ်စည်းပွင့်သွားသည်မို့ ဓားစမ်းသပ်ရေးညီလာခံကိုနှစ်၂၀တိုင်း၌ကျင်းပလေ့ရှိသည်။
ကျင့်ကြံရေးလောကကချမှတ်ထားသောစည်းမျဥ်းများအရ၊ လူတစ်ယောက်ကားသူ့ဘဝတွင်ဉာဏ်အလင်းပွင့်ချိန်ကိုဝင်ရောက်ဖို့ရန်အခွင့်အရေးတစ်ခုသာလျှင်ရှိသည်မို့ အရင်ညီလာခံများတွင်နောက်ဆုံးအနိုင်ရသူများမှာ အနာဂတ်ညီလာခံတို့တွင်ပါဝင်ယှဥ်ပြိုင်ရလိမ့်မည်မဟုတ်ပေ။
အရင်တစ်ခေါက်အနိုင်ရသူမှာကျင်းဖေးထုန်ဖြစ်သည်။ သို့ပေမဲ့ ရှီးဟွမ်လျို့ဝှက်ဂူကားသူပြီးကတည်းက နှစ်ပေါင်းတစ်ရာကြာပွင့်မလာခဲ့တော့ပေ။
အခြားနည်းဖြင့်ဆိုရသော် ဓားစမ်းသပ်ရေးညီလာခံ၅ပွဲကျင်းပခဲ့ပြီးဖြစ်ပေမဲ့ တောက်ဓမ္မပညာရှင်များလေးစားရသည့်လူငယ်တစ်ယောက်မျှမရှိခဲ့ဖူးပေ။ လူတိုင်းကအနိုင်ရသူတစ်ယောက်ဖြစ်ရန် သည်းကြီးမဲကြီးကြိုးစားခဲ့ကြပေမဲ့ သူတို့ကဓားစွမ်းအင်ကိုမထိနိုင်ကြပေ။
ဤသည်ကားဓားရေးမျိုးဆက်အတွက်ကြီးစွာသောအရှက်ရမှုဖြစ်၏။
ထိုအကြောင်းပြချက်ကြောင့် ဤဓားစမ်းသပ်ရေးညီလာခံဟာ ဂိုဏ်းတိုင်းထံမှ အာရုံစိုက်မှုအပြည့်ရရှိခဲ့သည်ဟုဆိုရမည်။
တကယ်တမ်း၌ ယခင်ညီလာခံများတွင် ရှုလင်ကျားကအနိုင်ရချေအရှိဆုံးအလောင်းအလျားဖြစ်ပေမဲ့ မတော်တဆကြောင့်ဤသို့ဖြစ်သွားခဲ့ရသည်။ အကြိမ်တိုင်းတွင် သူဟာမျှော်လင့်မထားသည့်အခြေအနေတို့ကြောင့် နှေးဖင့်သွားရသည်မို့ ညီလာခံတက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။
ပင်ကိုယ်အားဖြင့် အဓိကအကြောင်းရင်းမှာ သူ့ကိုယ်သူနာမည်ရအောင်လုပ်ဖို့ဖြစ်ပြီး အမြှောက်စာဇာတ်ကောင်အဖြစ်မဟုတ်ပေ။ ရှုလင်ကျား၏ချီသွေးကြောများပျက်စီးသွားကာ သူ၏စွမ်းရည်မှာလည်းပျောက်ဆုံးသွားခဲ့သည်။
သဘောမတူသည့်အသံများအကြားတွင်၊ ကျန်းရွေ့ကဂိုဏ်းထဲဝင်လာပြီးနှစ်နှစ်အကြာမှာ နောက်ဆုံးပြိုင်ပွဲ၏အနိုင်ရသူတစ်ယောက်ဖြစ်လာခဲ့ပြီး ၎င်းဟာကျင့်ကြံရေးလောက၏ဆိုလိုရင်းအစစ်အမှန်ဖြစ်ချေသည်။
သို့သော် ယခုမူ ဇာတ်ကြောင်းသွေဖည်သွားကာ အရာအားလုံးပြောင်းလဲသွားခဲ့သည်။
ဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ရန်လာခဲ့ကြသောကျင့်ကြံသူများသည် နန်ဇီတောင်ထွတ်ထံတရားဝင်ဝင်ရောက်၍ ပြိုင်ပွဲတွင်ယှဥ်ပြိုင်ရန်အရည်အချင်းပြည့်မီမှုကိုရရှိလိုကြပေရာ သူတို့စမ်းသပ်မှုအဆင့်ကိုအရင်ဆုံးဖြတ်ကျော်ရမည်ဖြစ်ပြီး ၎င်းမှာကျိုးချင်းချန်၊ ယင်းချန်နှင့်အခြားသူများပြောခဲ့သည့်ဓားရာစမ်းသပ်မှုဖြစ်ချေသည်။
နန်ဇီတောင်ထွတ်ပြင်ပ၌ကျောက်နံရံတစ်ချပ်ရှိသည်။ သတ္ထုကားအလွန်ထူးခြားပြီး အလွန်အမင်းသိပ်သည်းကာ သံထက်ပိုကောင်းသည်။ ကျင့်ကြံသူတိုင်းပထမဆုံးလုပ်ရမည့်အရာမှာ ထိုကျောက်နံရံပေါ်တွင် သူတို့၏ကိုယ်ပိုင်ဓားရာအမှတ်အသားကိုရေးဆွဲရမည်ဖြစ်သည်။
အကယ်၍ သူတို့ကဒါကိုတောင်မလုပ်နိုင်လို့ရှိရင် ဓားစမ်းသပ်ရေးညီလာခံဖိတ်ကြားလွှာရှိရင်တောင်မှ ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ခွင့်ရှိလိမ့်မည်မဟုတ်။
ဤစမ်းသပ်ရွေးချယ်မှုကအလွန်တင်းကြပ်သည်မို့ ဂိုဏ်းတစ်ဂိုဏ်းချင်းစီဟာ
ဓားစမ်းသပ်ရေးညီလာခံမှာပါဝင်ဖို့တပည့်ဂိုဏ်းသားများရွေးချယ်ရာတွင် အလွန်သတိထားရသည်။ မဟုတ်လျှင်အခွင့်အရေးကိုဖြုန်းတီးတာကဒုတိယဖြစ်ကာ မည်သူကမျှဤပြိုင်ပွဲတွင်သူတို့ဂိုဏ်းကိုအရှက်ရစေချင်မည်မဟုတ်ပေ။
ကျိုးချင်းချန်ပေးသွားသောအနီရောင်ဖိတ်ကြားလွှာ၏အကျိုးကျေးဇူးကား ဤအချိန်တွင်အသုံးဝင်လာသည်။ ရှုလင်ကျားကစမ်းသပ်ချက်လုပ်စရာမလိုသည်မို့ နန်ဇီတောင်ထွတ်ထဲစောစီးစွာဝင်လာခဲ့ပြီး အားနေသည့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် နီးစပ်ရာနေရာတစ်ခုရွေးကာ သန့်ရှင်းရေးလုပ်ပြီးနေနေခဲ့သည်။
ကျင်းဖေးထုန်နှင့်ဆွေးနွေးခဲ့သည့်နောက်ဆုံးတစ်ကြိမ်ကတည်းက သူနားလည်သဘောပေါက်လာခဲ့သည်။ သူကတောင်ထွတ်ပေါ်တွင် နေ့စဥ်နေ့တိုင်းဓားရေးကိုကြိုးစားလေ့ကျင့်နေပေမဲ့ လူတစ်ယောက်ကိုမျှမတွေ့ရသေးပေ။
ခေါင်းလောင်းမြည်လာသော် ဤမနက်ခင်းမှစတင်၍ ဓားရာအမှတ်အသားစမ်းသပ်ချက်စတင်တော့မည်ဖြစ်သည်မို့ ဂိုဏ်းတိုင်းမှလူများရောက်နေလောက်ပြီကိုသတိရသွားသည်။
ယင်းကားသူနှင့်မသက်ဆိုင်သော်လည်း၊ ပြိုင်ပွဲကိုစူးစမ်းရန်အချိန်ကောင်းဖြစ်သည်။ ရှုလင်ကျားသူ့ဘေးရှိဓားကိုကောက်မကာ ထထွက်သွားဖို့ပြင်လိုက်သည်။
သူ့လက်ချောင်းများကဓားအိမ်ကိုထိလိုက်သည်နှင့် ဝေမုန့်ဓားကဘေးကိုအနည်းငယ်ရွေ့သွားကာ ၎င်းဘာသာ၎င်းရှောင်သွားသည်။
ဓားဝိညာဥ်သွမ့်စဲ့သည်ဓားထဲမှအိပ်ချင်မူးတူးထွက်လာပြီး လက်ဆန့်ကာဖြင့်ပါးစပ်ဟကာသမ်းဝေလိုက်သည်။
ရှုလင်ကျားကျောက်ခဲတစ်လုံးကောက်၍ သူ့ပါးစပ်ထဲပစ်ထည့်လိုက်သည်။
"ရှူး"ခနဲမြည်သံနှင့်အတူ သွမ့်စဲ့မှာပါးစပ်ကိုချက်ချင်းပိတ်ပစ်လိုက်ရပြီး သူ့လျှာသူကိုက်မိလုနီးပါးပင်ဖြစ်သွားရကာ ရုတ်ခြည်းလန်းဆန်းသွားပေသည်။
"မင်းဘာလုပ်တာလဲ။"
ရှုလင်ကျားမေးလိုက်သည်။
"မင်းကိုကြည့်ရတာ ဘာလို့နေ့တိုင်းအိပ်ရေးမဝတဲ့ပုံပေါက်နေတာလဲ။"
သွမ့်စဲ့ကဆိုသည်။
"ငါကအရမ်းသနားစရာကောင်းလို့လေ။ ငါကဓားထဲမှာမန္တာန်နဲ့အချိန်အကြာကြီးချိပ်ပိတ်ခံထားရတော့ မေ့မြောနေပြီး အားပြန်ပြည့်ဖို့အချိန်တချို့လိုအပ်တယ်။ ဒါကြောင့်မို့ ငါအမြဲတမ်းအိပ်ချင်နေတာ။ ပြီးတော့ဘာမှလုပ်စရာမရှိဘဲနဲ့ မအိပ်တာကပျင်းစရာကောင်းတယ်။"
ရှုလင်ကျားပြောလိုက်သည်။
"ဒါဖြင့်ရင်မင်းကိုယ်မင်းလန်းဆန်းအောင်လုပ်လို့ရတာပဲ၊ မင်းကခွန်အားကြီးတဲ့အံ့ဖွယ်ဓားမဟုတ်ဘူးလား။ တိုက်ပွဲကွင်းပြင်ထဲသွားဖို့အချိန်ရောက်တော့မယ်။ မင်းအစွမ်းတွေထုတ်ပြလာမှာကို ငါစောင့်နေတယ်နော်။"
သွမ့်စဲ့ကပြောလာသည်။
"အဲ့ဒါက...ဟုတ်တာပေါ့၊ ငါကခွန်အားကြီးတဲ့အံ့ဖွယ်ဓားပဲလေ၊ အံ့သြစရာကောင်းသထက်ကောင်းတယ်။ ဒါပေမဲ့မင်းကတော့ခွန်အားကြီးတဲ့မြေခွေးမဟုတ်ဘူး၊ ငါမင်းကိုမတားဘူးဆိုပေမဲ့ မင်းလုပ်နိုင်မလုပ်နိုင်ဘယ်သူသိမှာလဲ။"
ရှုလင်ကျားရယ်မောလိုက်မိသည်။
သွမ့်စဲ့ကသူ့ကိုကြည့်ကာမေးလိုက်သည်။
"ဟေ့၊ ငါပြောတာက မင်းရှုံးမှာကြောက်လား။"
ရှုလင်ကျား၏ဓားအနေဖြင့် ဓားရေးကျင့်စဥ်ကိုအသုံးပြုလိုက်ချိန်တွင် ပင်ကိုယ်အားဖြင့်ရှုလင်ကျား၏စိတ်အခြေအနေကိုအရှင်းလင်းဆုံးအာရုံခံနိုင်ပြီး သူ၏ရှုပ်ထွေးနေသည့်စိတ်ခံစားချက်များကိုလည်းနားလည်နိုင်သည်။
ရှုလင်ကျားကပြောသည်။
"ငါရှုံးမယ်မထင်ပါဘူး။ ငါဒီမှာယှဥ်ပြိုင်ဖို့ရောက်နေမှတော့ အနိုင်ရဖို့ပဲရည်မှန်းထားတာကို ဘာလို့မနိုင်နိုင်ရမှာလဲ။"
မင်းသာအလုပ်ကြိုးစားလို့ရှိရင် ရလဒ်နှင့်ပတ်သတ်ပြီးအရေးမစိုက်လောက်ပေ၊ သို့သော်ရှုလင်ကျားကတော့ဘယ်တော့မှထိုကဲ့သို့မတွေး။
သူဘာပဲလုပ်လုပ် ရလဒ်ကိုကြည့်ရမည်ပင်၊ ဤလောကကြီးထဲတွင် သူရှင်းလင်းစွာရှင်သန်နေထိုင်ရမည်။
ကောင်းတဲ့အရာတွေကိုလုပ်တာဆိုပေမဲ့ အနာဂတ်နဲ့ပတ်သတ်ပြီးမေးမြန်းဖို့လည်းလိုအပ်သည်!
သွမ့်စဲ့ကသူ့ကိုစိတ်ပူနေသည့်မျက်နှာထားဖြင့်ကြည့်ကာ အသံနိမ့်ဖြင့်မေးလာသည်။
"တကယ်လား။"
ရှုလင်ကျားကလည်းအရမ်းထူးဆန်းကြောင်း သူတွေ့ရှိလိုက်ရသည်။ သူဟာဘယ်တော့မှအပြင်ထွက်ဖို့လမ်းမပျောက်ပေမဲ့ အပြင်ထွက်နိုင်သည့်မရေတွက်နိုင်သောလမ်းများစွာအနက် အခက်ခဲဆုံးလမ်းကိုအမြဲရွေးချယ်ထွက်လေ့ရှိသည်။
ရှုလင်ကျားကဝေမုန့်ဓားရိုးကိုကိုင်ထားပြီး မြေကြီးပေါ်စိုက်ကျကာ မတ်တပ်ထရပ်၍သွမ့်စဲ့ကိုပြုံးပြလိုက်သည်။
"ဘာလို့လဲ၊ ငါတောင်အရမ်းယုံကြည်မှုရှိနေတာကို မင်းကအခြားဓားတွေကြောင့်ရှုံးမယ်ထင်နေတာလား။"
သွမ့်စဲ့တစ်အောင့်မျှတိတ်ဆိတ်နေမိပြီး နောက်ဆုံးတွင်ရယ်မောလိုက်သည်။
"သေချာပေါက်မဖြစ်နိုင်ဘူးပေါ့၊ ငါ့ရဲ့မှော်ဓားမျိုးဆက်ကိုလူတိုင်းကြောက်ကြတယ်၊ ငါ့ဓားကဘယ်လိုလုပ်ရှုံးနိုင်မှာလဲ!"
သူသည်သူ၏တိုက်ခိုက်ရေးစိတ်ဝိညာဥ်ကိုပြန်သွင်းကာ လက်သီးဆုပ်လိုက်၏။
"ဒါဖြင့်ငါတို့အတူတိုက်ခိုက်ပြီးတော့ နန်ဇီတောင်ထွတ်တစ်ခုလုံးကိုထိတ်လန့်သွားအောင်လုပ်ကြမယ်! ဖျက်ဆီးပစ်!"
ရှုလင်ကျား: "...ခဏနေတိုက်ခိုက်ပြီးရင် မင်းအဲ့လိုထုတ်မပြောနဲ့နော်။"
နန်ဇီတောင်ထွတ်ကားမတ်စောက်ကာမြင့်မားပြီး ကျောက်နံရံနှစ်ချပ်မှာသဘာဝအလျောက်တောင်ထွတ်ဂိတ်ဝအဖြစ်ဖြစ်တည်နေကာ မားမားမတ်မတ်ရပ်တည်၍ မိုးကောင်းကင်ထံတည့်မတ်စွာထိုးစိုက်လျက်ရှိသည်။
ရှီးဟွမ်တွင်ထူးခြားသောဥတုရှိသည်။ စောစီးသောနွေရာသီ၌ နှင်းပွင့်ချပ်များကျလာပေမဲ့ ရာသီဥတုကတော့ဖြင့်အလွန်နေသာသည်။
ရှုလင်ကျားဖြတ်သွားသော် နေလုံးမှာခုနကလေးတင်ထွက်လာပေရာ နေရောင်ခြည်ထဲရှိနှင်းစက်မှုန်များဟာ သလင်းကျောက်ပမာပိုမိုကြည်လင်လာပုံမှာ ပျံဝဲနေသောကျောက်စိမ်းပွင့်ချပ်များပမာ။
သူသည်အနည်းငယ်မြင့်သောနေရာတွင်ရပ်ကာ အဝေးမှငုံ့ကြည့်လိုက်တော့ မတူညီသောဝတ်စုံများဝတ်ထားကြသည့်တပည့်ဂိုဏ်းသားများက အစုလိုက်တန်းစီလျက်သားဖြင့် တောင်ထွတ်ဂိတ်ဝပြင်ပတွင်ရပ်နေသည်ကိုမြင်လိုက်ရပြီး အကြီးအကဲများမှာသူတို့ကိုယ်ပိုင်နေရာတွင်ထိုင်နေကြကာ လက်ဖက်ရည်သောက်ရင်းစကားစမြည်ပြောရင်းဖြင့် အတော်လေးသက်တောင့်သက်သာဖြစ်နေကြသည်။
လင်ရှောင်းချီဇုန်ဂိုဏ်းသားများအလှည့်ရောက်လာသည်ကိုမြင်လိုက်ရရင်း၊ ရှုလင်ကျားကငွေရောင်မျက်နှာဖုံးပြုလုပ်ကာ သူ့မျက်နှာပေါ်ဆင်မြန်း၍ မသိမသာအနီးကပ်လျှောက်သွားကာရပ်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင်မတူညီကွဲပြားသောဝတ်ရုံ၊ အရောင်များဖြင့်လူများစွာရှိနေကြပြီး သူတို့ကခပ်လျိုလျိုနေကာ အခြားသူတို့၏အခြေအနေကိုစူးစမ်းနေကြသည်မို့ သူတို့၏ရုပ်ရည်သွင်ပြင်ကိုဖုံးကွယ်ထားသောလူများစွာရှိနေပေရာ သူကသူတို့အကြားတွင်ထင်ရှားပေါ်လွှင်မနေပေ။
ရှုလင်ကျားဟိုဟိုဒီဒီကြည့်လိုက်ရာ လင်ရှောင်းချီဇုန်ကလာသောထိုလူများကိုမြင်လိုက်ရသည်။ ဒီတစ်ခေါက်မှာလော်ရှောင်းမပေါ်လာသည်ကိုတွေ့လိုက်ရရာ သူမနေနိုင်ဘဲတိတ်တခိုးသက်ပြင်းချမိသည်။
အစ်ကိုကြီးလော်ရှောင်းကား သိသိသာသာကိုဂိုဏ်းချုပ်၏အကြီးဆုံးတပည့်ဂိုဏ်းသားဖြစ်ပြီး လင်ရှောင်းချီဇုန်၏ဂိုဏ်းသားခေါင်းဆောင်ဖြစ်သည်။ သူကားဆိုးဝါးသောကျန်းမာရေးနှင့်မထူးခြားမခြားနားမှုဖြင့်မွေးဖွားလာခဲ့သည်။ သူသည်အမြဲတစေတည်ငြိမ်အေးချမ်းကာ အရာရာတိုင်းကိုဥပေက္ခာပြုထားလေ့ရှိ၏။ လူအနည်းကျဥ်းပင်သူ့နာမည်ကိုသိကြသည်။
ယင်းချန်နှင့်အခြားသူများကစမ်းသပ်ချက်ကိုလွယ်လင့်တကူဖြင့်ခပ်မြန်မြန်ဖြတ်သွားသည်ကိုမြင်လိုက်ရရင်း ဂိုဏ်းသားကကျယ်လောင်စွာဆိုသည်။
"နောက်တစ်ယောက်! လင်ရှောင်းကျောင်းတော်ချီဇုန်၊ ကျန်းရွေ့။"
ဓားရာအမှတ်အသားချန်ရစ်ထားရသည့်ဤကဲ့သို့စမ်းသပ်မှုမျိုးမှာ လူတိုင်းတူညီစွာလုပ်နေကြသည်မို့ အချိန်အတန်ကြာကြည့်ပြီးနောက်တွင်ပျင်းရိစရာကောင်းလာသည်။ ဤအချိန်တွင် စမ်းသပ်မှုကတစ်ဝက်ရောက်နေပြီးဖြစ်ကာ လူတိုင်းကပင်ပန်းနေကြပေမဲ့ နာမည်ကိုကြားလိုက်ကြရသည့်အချိန်မှာ သူတို့ပြန်လည်တက်ကြွသွားကာထိုအကြောင်းပြောကြတော့သည်။
"ကျန်းရွေ့၊ သူကလင်ရှောင်းဂိုဏ်းရဲ့ဉာဏ်ကြီးရှင်မျိုးဆက်သစ်ဆိုတဲ့တစ်ယောက်မဟုတ်လား။ လက်ရှိမင်ကျန့်ဂိုဏ်းချုပ်ကနာမည်ကြီးကိုခေါ်လာတာပဲ၊ ငါတို့သူပြိုင်တာကိုဒီနေ့ကြည့်နိုင်ပြီပေါ့!"
"ငတုံး၊ ဒီလူသူ့ရဲ့အစွမ်းအစအမှန်ကိုထုတ်ပြလာတာကိုမင်းမြင်ချင်လို့ရှိရင် မင်းစိတ်ပျက်သွားမှာစိုးတယ်။ အရင်တစ်ခေါက်ချင်းချိုးမှာ ရှုလင်ကျားကြောင့်သူရှုံးသွားတာကိုမင်းမသိဘူးလားဟ။"
"ဒါပေမဲ့လည်း လင်ရှောင်းဂိုဏ်းသားတွေဆိုတော့ သူကအဲ့ဒီ့နေ့တုန်းကနေသိပ်မကောင်းလို့ နည်းနည်းဆိုးဝါးသွားပုံပါပဲ။ ကောလဟာလတွေကအရမ်းချဲ့ကားလွန်းတယ်၊ ဆိုတော့ သူ့မှာဘာအစွမ်းအစမှမရှိတာမဖြစ်နိုင်ဘူးမလား။"
"သူ့မှာတကယ်အစွမ်းအစရှိရှိမရှိရှိ၊ သူ့အကျင့်စရိုက်ကမကောင်းတာအမှန်ပဲ။ ဂိုဏ်းသားအချင်းချင်းသတ်တယ်၊ ကောင်းမွန်တဲ့ဓားရေး၊ ပြီးတော့ ရှစ်ရှုန်းတွေကိုဂိုဏ်းကထွက်သွားဖို့တောင်ဖိအားပေးခဲ့တာ၊ ဘာ့၊ သူဘယ်လောက်ပဲပါရမီရှိရှိ ငါကတော့ဒီလိုလူမျိုးကိုရွံတယ်!"
"ပြောရမှာထူးဆန်းတယ်၊ သူကဒီလောက်ကြီးတဲ့အမှားကိုလုပ်ထားတာတောင် အန္တရာယ်ကင်းနေတယ်နော်၊ ဓားစမ်းသပ်ရေးညီလာခံမှာတောင်လာဝင်ပြိုင်လိုက်သေးတယ်။ သူ့ဂိုဏ်းချုပ်ကကျန်းရွေ့ကိုအရမ်းဘက်လိုက်တာပဲ!"
"ခဏလောက် ရှုလင်ကျားဒဏ်အပြင်းအထန်ရထားတာလားဆိုတာကိုငါမေးပါရစေအုံး။ သူကကျန်းရွေ့ကိုရိုက်နိုင်တယ်လား။ ကောလဟာလတွေကချဲ့ကားထားတာများဖြစ်နေမလား။"
ကျန်းရွေ့သည်လူကြားထဲတွင်ပဋိပက္ခဖြစ်သွားပြီးနောက် သူဟာလည်းသူလိုချင်သည့်အရာကိုရသွားကာ ကျင့်ကြံရေးလောကတစ်ဝှမ်းလုံးတွင်ကျော်ကြားလာ၏။
Advertisement
သို့သော်လည်း နာမည်ကားနာမည်ကောင်းမဟုတ်ဘဲ လောကကြီးထဲတွင်ဤပုံစံဖြင့်နာမည်ကြီးခြင်းမှာ အရင်တုန်းကကျန်းရွေ့အိပ်မက်မက်ခဲ့သည့်အရာနှင့် အတော်လေးမတူညီပေ။
ထိုအချိန်တုန်းက၊ သူဟာရှုလင်ကျားကိုသတ်ဖို့ရွယ်သူအဖြစ်ထုတ်ဖော်ခံလိုက်ရပြီး ရှုလင်ကျား၏လက်ထဲတွင်အရှက်ရစဖွယ်ရှုံးနိမ့်သွားခဲ့သည်။ ဂိုဏ်းအများအပြားက၎င်းကိုသူတို့မျက်စိနှင့်တပ်အပ်မြင်ခဲ့ကြသည်။ ထို့နောက် ယင်းကိစ္စကားနည်းလမ်းမျိုးစုံတို့ကြောင့် ခပ်မြန်မြန်ပင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားကာ ကျင့်ကြံရေးလောကတစ်ခွင်ကိုဖြတ်၍ပျံ့နှံ့သွားသည်။
ထိုအချိန်မတိုင်ခင်အထိ၊ လူအများစုသည်ရှုလင်ကျားဂိုဏ်းကထွက်သွားသည့်အကြောင်းကိုမသိကြခဲ့ပေ။ သူထွက်သွားသည့်အကြောင်းပြချက်ကား အတိအကျကို ကျန်းရွေ့၏အတောမသတ်နိုင်သော အပြစ်တင်ချောက်ချမှုတို့ကြောင့်ဖြစ်သည်။
အဆုံးတွင်၊ ချင်းချိုးကားအမြှီးကိုးချောင်းမြေခွေးမျိုးနွယ်စု၏ပိုင်နက်ဖြစ်ကာ သူမို့လို့လူသတ်မှုကိုကောက်ကျစ်စဥ်းလဲစွာကျူးလွန်ရဲသည်။ လင်ရှောင်းဂိုဏ်းထဲရှိလွန်ခဲ့သောနှစ်နှစ်အတွင်းတွင် ကျန်းရွေ့ကသိပ်ကိုဂုဏ်မောက်နေခဲ့ပြီး ရှုလင်ကျားမှာတော့ဖြင့်ဒဏ်ရာအပြင်းအထန်ရသွားကာ စိတ်ပျက်အားငယ်နေခဲ့ရသည်။
ထို့နောက် ရှုလင်ကျားပျောက်သွားကာ ဓားအိမ်မပါသောဓားတစ်လက်နှင့်အတူပြန်ပေါ်လာပုံမှာ သေချာပေါက်ကိုမှင်သက်ဖွယ်ရာကောင်းလှသည်။ သူကကျန်းရွေ့၏ပုခုံးကိုလူကြားထဲတွင်ချိုးပစ်ကာ လူတွေကိုနိုင်ထက်စီးနင်းဆန်သည်ဟုခံစားသွားအောင်ပြုလုပ်လိုက်ရုံတင်သာမကဘဲ သူတို့အားလုံးဟာလည်း သူ၏ပြတ်သားသောလုပ်ရပ်နှင့်ထူးကဲသာလွန်သောဓားရေးတို့ကြောင့် ရှုလင်ကျားကိုချီးကျူးမိကြသည်။
ကျင့်ကြံသူများအတွက်ဂိုဏ်း၏ဇစ်မြစ်ကသိပ်ကိုအရေးကြီးသည်။ အစကတော့ ရှုလင်ကျားဂိုဏ်းမှထွက်ကာထွက်ပြေးသွားခဲ့သည်။ ဤဝေဖန်ရေးလောကကြီးထဲတွင် အပြစ်တင်ခံရဖို့အရမ်းကိုလွယ်ကူလှသည်။ သို့ပေမဲ့ ကျန်းရွေ့ကအရမ်းမုန်းစရာကောင်းသည်မို့ သူဘာလုပ်လုပ်သူ့အတွက်အဓိပ္ပါယ်ရှိသည်ဖြစ်ရာ ၎င်းကလူတွေမမျှော်လင့်ထားမိသည့်ရလဒ်ဖြစ်သည်။
ယခုတွင် ကျန်းရွေ့ကစင်မြင့်ပေါ်တွင်ပေါ်လာပြီး သူကားချောမောပြီးသိမ်မွေ့ပုံပေါ်ကာ ကောလဟာလများထဲကဆိုးဝါးသောလူယုတ်မာနှင့်သိပ်မတူပေ။
သူ့ကိုကြည့်နေရင်းဖြင့် လူတိုင်းမနေနိုင်ဘဲသိချင်စိတ်ဖြစ်သွားရကာ သူမည်သို့စွမ်းဆောင်မလဲ၊ သူ့ကိုဟယ်ဇီကျိုးကဒီလိုကာကွယ်ပေးအောင်ဘယ်လိုလုပ်ခဲ့သလဲနှင့် ပါရမီစွမ်းရည်ဟုခေါ်သောအရာတိုးတက်လာမလာကို မြင်ချင်နေမိကြသည်။
အမျိုးမျိုးသောထင်မြင်ချက်၊ မှန်းဆချက်များအကြား၌၊ ကျန်းရွေ့ထွက်လာသည်။
မတိုင်ခင်က ရှုလင်ကျားနှင့်ဟယ်ဇီကျိုးမှာသူ့ကိုတစ်လှည့်စီဒဏ်ရာရအောင်လုပ်ခဲ့ကြပြီး သူတို့ကပေါ့သေးသေးမလုပ်ခဲ့ကြပေ။ သို့သော်လည်း ရက်အနည်းငယ်အတွင်း၌၊ သူ၏ဒဏ်ရာများမှာအလုံးစုံပျောက်ကင်းသွားပုံရသည်။ အမျိုးမျိုးကောလဟာလ၏လွှမ်းမိုးမှုနှင့်အကြည့်များအောက်၌ သူကားအသားအရည်ကောင်းကာလန်းဆန်းသစ်လွင်နေပုံပေါက်သည်။
ကျန်းရွေ့ကကျောက်နံရံထံတည့်မတ်စွာလျှောက်လာပြီး ပင့်သက်ရှိုက်၍ သူ့ဓားရိုးကိုကိုင်ရန်လက်ဆန့်လိုက်ပြီး အရမ်းကိုစိတ်ပူပင်နေမိသည်။
သူ့စိတ်ထဲတွင်တိတ်တဆိတ်မေးလိုက်သည်။
"ခင်ဗျားအဆင်သင့်ဖြစ်ပြီလား။"
ပုတီးစေ့ထဲရှိအသံကဆိုသည်။
"စလိုက်ကြရအောင်။"
ထို့ကြောင့်ကျန်းရွေ့ဓားဆွဲထုတ်လိုက်သည်။
ရှုလင်ကျားဟာလည်းထိုမြင်ကွင်းကိုကြည့်နေပေမဲ့ ကျန်းရွေ့၏ဓားရှည်ဓားအိမ်ထဲကထွက်လာသည့်အခိုက်အတန့်တွင် သူ့မျက်လုံးများရုတ်ခြည်းအေးခဲသွားရကာ တစ်ခုခုမှားနေပြီဟုခံစားလိုက်ရသည်။
ချက်ချင်းပင်၊ ကျန်းရွေ့ကဓားကိုမြှောက်၍ တည့်တည့်ခုတ်ချလိုက်ရာ ဓားစွမ်းအင်ပေါက်ထွက်လာပြီး ကျောက်နံရံကိုရိုက်ခတ်သွားသည်!
အားအင်အပြည့်ဖြင့်ကျယ်လောင်သောငိုသံနှင့်အတူ တောင်ထွတ်တစ်ခုလုံးတုန်ခါသွားကာ လက်ချောင်းတစ်ဝက်စာအနက်ရှိသည့်အက်ကွဲရာတစ်ခုကိုကျောက်နံရံပေါ်တွင်ချန်ရစ်ခဲ့ပြီး မတိုင်ခင်ကစမ်းသပ်ချက်ကိုဖြတ်ကျော်သွားနိုင်သည့်လူတိုင်းထက်သာလွန်သွားသည်။
ရှုလင်ကျားတစ်ယောက်သာလျှင်အံ့သြသွားခြင်းမဟုတ်ဘဲ လက်ရှိလူတိုင်းမှာအလွန်တရာအံ့သြမှင်သက်မိကြသည်။
------သူ့မှာဒီလိုအစွမ်းအစမျိုးရှိမှန်းတကယ်မမြင်နိုင်ခဲ့ဘူး!
ဂိုဏ်းအသီးသီး၏အကြီးအကဲများမှာ သိပ်မဝေးသောနေရာရှိမြင့်မားသောနေရာတွင်ထိုင်နေကြသည်မို့ ထိုမြင်ကွင်းကိုမြင်လိုက်ကြရပြီးဖြစ်သည်။
လင်ရှောင်းဂိုဏ်းနှစ်ဂိုဏ်းစလုံး၏တပည့်ဂိုဏ်းသားများအားလုံးကစမ်းသပ်ချက်ကိုဖြတ်ကျော်သွားနိုင်သည်ကိုမြင်လိုက်ရရင်း ဟယ်ဇီကျိုးဘေးကအဘိုးအိုမှာမနေနိုင်ဘဲသူ့ကိုပြုံးပြ၍ပြောမိသည်။
"ဟယ်ဂိုဏ်းချုပ်၊ လင်ရှောင်းဂိုဏ်းကတကယ့်ကိုပါရမီရှိတာပဲ။ မင်းရဲ့တပည့်ငယ်လေးကတကယ်အံ့သြဖို့ကောင်းတယ်။ သူ့လှုပ်ရှားမှုကရှုလင်ကျားနဲ့တူတယ်လို့ငါထင်တယ်။"
ဟယ်ဇီကျိုးလည်းပြုံးကာပြောလိုက်သည်။
"ဒါကမတော်တဆပါ၊ ဟယ်အဖိုးကြီးကတော့ယဥ်ကျေးနေပြန်ပါပြီ။"
သူစကားပြောလိုက်သော် သူကားအနည်းငယ်စိတ်လွတ်နေပုံပင်။
သူသည်တံခါးအပြင်ဘက်ရှိအမျိုးမျိုးသောဂိုဏ်းနှင့်ဂိုဏ်းသားများကိုတစ်ချက်စိုက်ကြည့်ကာ မနေနိုင်ဘဲမျက်မှောင်အသာကြုတ်မိသည်။
အခုဆိုရင်စမ်းသပ်ချက်တစ်ဝက်ရောက်နေပြီဖြစ်ကာ ရှုလင်ကျားပေါ်လာသည်ကိုဟယ်ဇီကျိုးမမြင်ရသေးပေ။
ဟင့်အင်း၊ သူကချင်းချိုးဆီဖိတ်ကြားလွှာရဖို့သွားခဲ့တယ်လို့ ယင်းချန်ပြောခဲ့တယ်မဟုတ်ဘူးလား။
ရှုလင်ကျား၏ကိုယ်ကျင့်စရိုက်ကသေချာပေါက်ကိုလာလိမ့်မည်ကို ဟယ်ဇီကျိုးသေချာသိနေပြီး တစ်ဖက်လူပေါ်လာသည်ကိုစောင့်နေခဲ့ပေမဲ့ နေ့တစ်ဝက်ကုန်ဆုံးသွားကြောင်းမြင်လိုက်ရရင်း ရှုလင်ကျားကစမ်းသပ်ချက်အတွက်ထွက်လာသည်ကိုသူမမြင်ရုံတင်သာမကဘဲ တောင်ထွတ်ဂိတ်ဝပြင်ပရှိနေရာလွတ်တစ်ခုလုံးတွင် အရိပ်အယောင်ကိုပင်မမြင်ရပေ။
"ဂိုဏ်းချုပ်။"
ကျော်ကြားသောဂိုဏ်းသားတစ်ယောက်ကသူ့ဆီလျှောက်လာကာ အသံနိမ့်ဖြင့်ပြောလာသည်။
"တပည့်ခုနကချင်းချိုးဆီသတင်းရယူဖို့သွားတော့ ရှုရှစ်ရှုန်းကလွန်ခဲ့တဲ့ရက်အနည်းငယ်ထွက်သွားပြီး သူတို့နဲ့အတူမရှိဘူးဆိုတာကိုသိခဲ့ရပါတယ်။"
ဟယ်ဇီကျိုးမေးလိုက်သည်။
"သူချင်းချိုးရဲ့ဖိတ်ကြားလွှာကိုယူသွားလား။"
ထိုဂိုဏ်းသားကဆိုသည်။
"ကျွန်တော်မေးလိုက်တဲ့တစ်ယောက်က မြေခွေးမျိုးနွယ်စုမှာရာထူးမြင့်တဲ့လူမဟုတ်တော့ ကျွန်တော်သေချာမသိခဲ့ရပေမဲ့ ချင်းချိုးမှာအားလုံးပေါင်းဖိတ်ကြားလွှာ၅စောင်ပဲရှိပြီး သူတို့ကလည်းဒီတစ်ခေါက်လူငါးယောက်ပို့လာပါတယ်ဗျ။ ကြည့်ရတာတော့ ရှစ်ရှုန်းကမြေခွေးမျိုးနွယ်စုဆီကနေဖိတ်ကြားလွှာယူခဲ့ပုံမပေါ်..."
သူအသံကအားနည်းလာရင်းဖြင့်အနောက်ဆုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ဇီကျိုး၏မျက်နှာကား သိသိသာသာကိုအလွန်အရုပ်ဆိုးနေသောကြောင့်ပင်။
ဒီလိုမဖြစ်သင့်ဘူး။
ရှုလင်ကျားတစ်ခုခုဖြစ်သွားတာလား၊ ဒါမှမဟုတ် ချင်းချိုးကနောင်တရပြီး သူ့ကိုဖိတ်ကြားလွှာမပေးခဲ့တာလား။
ဟယ်ဇီကျိုးတည်ငြိမ်စွာပြောလိုက်သည်။
"သူနဲ့မိတ်ဆွေဆက်ဆံရေးရှိတဲ့အခြားဂိုဏ်းကလူတွေကိုသွားမေးပြီးတော့ သူချင်းချိုးကထွက်သွားပြီးနောက်မှာ ဘယ်နေရာကိုသွားလဲဆိုတာသိတဲ့လူရှိမရှိကြည့်ခဲ့ချည်။"
ထိုဂိုဏ်းသားကလျင်မြန်စွာတုံ့ပြန်ကာ လှည့်ထွက်လိုက်သည်။ ထိုစဥ်သိပ်မဝေးသောနေရာကပွက်လောရိုက်သံကိုကြားလိုက်ရကာ တစ်ယောက်ယောက်ကဝေဝေဝါးဝါးအသံမြှင့်၍ ပြောလိုက်သည်။
"ရှုလင်ကျား။"
ဟယ်ဇီကျိုးချက်ချင်းလှည့်ကြည့်လိုက်မိသည်။
ဂိုဏ်းသားကဆိုသည်။
"ဂိုဏ်းချုပ်၊ ကြည့်ရတာကွေ့ရီဂိုဏ်းကလူတွေကကျွန်တော်တို့နဲ့ရန်ဖြစ်နေပုံရတယ်!"
ကွေ့ရီဂိုဏ်းအကြောင်းပြောရလျှင်၊ သူဟာလည်းလင်ရှောင်းဂိုဏ်း၏ရန်သူဟောင်းဖြစ်ကာ နှစ်ဖက်စလုံးမှာနှစ်ပေါင်းများစွာအချင်းပွားခဲ့ကြသည်။
လင်ရှောင်းဂိုဏ်းနှစ်ခြမ်းမခွဲရသေးသည့်အချိန်ဟုပြောရမည်၊ ဂိုဏ်းထဲမှာအလွန်အမင်းထူးချွန်သောတပည့်ဂိုဏ်းသားတစ်ယောက်ရှိပေမဲ့ သူ၏တွန့်တိုသောအကျင့်စရိုက်ကြောင့် အမြဲတမ်းထူးဆန်းသည့်ကွန်ဖူးသိုင်းတချို့လေ့ကျင့်ရသည်ကိုကြိုက်နှစ်သက်သည်မို့ သူဟာမကြာခဏဖယ်ကျဥ်ခံရကာ လှောင်ပြောင်ဟားတိုက်ခံခဲ့ရပေရာ သိုင်းပညာကိုချန်ရစ်၍ ကွေ့ရီဂိုဏ်းဆီပြောင်းသွားခဲ့သည်။
ထို့နောက် ကွေ့ရီဂိုဏ်း၏အဆက်မပြတ်တိုးတက်ဖွံ့ဖြိုးမှုနှင့်အတူ၊ လင်ရှောင်းဂိုဏ်း၏ခွန်အားမှာနှစ်ပိုင်းကွဲပြီးနောက်ပိုင်းအားနည်းလာကာ နှစ်ဖက်ကြားရှိပဋိပက္ခမှာလည်းပိုမိုများပြားလာခဲ့သည်။
ကွေ့ရီဂိုဏ်းကသူတို့၏ကွန်ဖူးသိုင်းပညာကိုလေ့လာခဲ့သည်ဟု လင်ရှောင်းဂိုဏ်းကယုံကြည်နေစဥ်၊ ကွေ့ရီဂိုဏ်းကလည်း လင်ရှောင်းဂိုဏ်းကနှစ်ပေါင်းများစွာကြီးစိုးနေခဲ့ပြီး အခြားဂိုဏ်းများကသူတို့ကိုကျော်တက်သွားသည်ကိုမမြင်ချင်ဟုခံစားနေခဲ့ရသည်။
ကွေ့ရီဂိုဏ်းကလင်ရှောင်းဂိုဏ်း၏ကွန်ဖူးသိုင်းကိုလေ့လာခဲ့ခြင်းဟုတ်မဟုတ်အကြောင်းနှင့်ပတ်သတ်၍ နှစ်ဦးနှစ်ဖက်အချင်းပွားခဲ့ကြသည်မှာ ယခုအချိန်ထိမပြီးသေးပေ။
ဤကိစ္စ၏ဇစ်မြစ်ကားကျန်းရွေ့ထံတွင်ရှိနေဆဲပင်။
ခုနကကျန်းရွေ့သည်အာရုံအများအပြားဆွဲဆောင်သွားကာ
ချီဇုန်တစ်ခုလုံးထံကျော်ကြားမှုကိုဆောင်ကျဥ်းလာသည်။ နန်စီတောင်ထွတ်ဂိုဏ်းသားများကသူ့ကိုဦးဆောင်ခေါ်လာပြီး တောင်ထွတ်ဂိတ်ဝထဲဝင်လာသည်။
ဤကား မသေမျိုးဂိုဏ်းထဲဝင်လာပြီးကတည်းက သူ၏ဂိုဏ်းပြင်ပတွင် ကြီးမားသောအခိုက်အတန့်သို့ရောက်ရှိလာသည့်ပထမဆုံးအကြိမ်ဖြစ်သည်မို့ သူအရမ်းစိတ်လှုပ်ရှားနေမိသည်။
တောင်ထွတ်ဂိတ်ဝအနောက်ရှိအရံအတားပွင့်သွားပြီးနောက်၊ သူသည်ရွှေရောင်အလင်းတန်းကြောင့်အရင်ဆုံးမိန်းမောသွားရကာ ထို့နောက်တောက်ပသောနေလုံးကိုမြင်လိုက်ရပြီး နန်းတော်ကား ခမ်းနားကြီးကျယ်ကာလှပသပ်ရပ်ပြီး ပျံဝဲနေသောနှင်းစက်မှုန်များဖြင့်အလှဆင်ထားပုံမှာ မသေမျိုးနန်းတော်ပမာ။
ဒါကိုမြင်လိုက်ရသော်ကျန်းရွေ့မိန်းမောသွားကာသက်ပြင်းချမိသည်။
"ကမ္ဘာပေါ်မှာဒီလိုရတနာမျိုးရှိနေတာပဲ၊ တကယ့်ကိုအမြင်ကျယ်စေတယ်။ ကမ္ဘာပေါ်မှာအချမ်းသာဆုံးလို့ကောလဟာလထွက်နေတဲ့ အမတနယ်မြေဆိုတာဒီလိုမျိုးပဲဖြစ်ရမယ်!"
အခြားသူများမှာအံ့အားသင့်၍သက်ပြင်းချမိသည်။ သူ့နံဘေးကဂိုဏ်းသားကဆိုသည်။
"ဒါကလည်းငါ့ဘဝမှာမြင်ဖူးခဲ့တဲ့ပေါင်ရှန်းတောင်ထွတ်တွေထဲမှာ အလှဆုံးတန်ဆာဆင်ထားတဲ့နန်းတော်ပဲ။ ဒါပေမဲ့ တောင်ထွတ်ထိပ်ကလျို့ဝှက်နယ်မြေဆိုဘယ်လောက်လှလိုက်မလဲနော်။"
နောက်တစ်ယောက်ကပြုံးကာပြောသည်။
"လျို့ဝှက်နယ်မြေကငါတို့လိုသာမန်လူတွေမြင်နိုင်တဲ့အရာမဟုတ်ဘူးလေ။ ဒါပေမဲ့ကျန်းရှစ်ရှုန်းမှာအခွင့်အရေးရှိသေးလောက်တယ်။"
ကျန်းရွေ့ကရှုလင်ကျားကိုသတ်ချင်သည်ဟူသောသတင်းပျံ့သွားကတည်းက၊ ဂိုဏ်းများကြားရှိသူ၏ဂုဏ်သိက္ခာမှာကြီးစွာပျက်စီးသွားခဲ့ပြီး ဂိုဏ်းသားများစွာကသူနှင့်အဆက်အဆံမလုပ်ကြတော့ပေ။
သို့သော်လည်း ဂိုဏ်းချုပ်၏ကာကွယ်ပေးမှုနှင့် ခုနကကျန်းရွေ့၏သာမန်ထက်သာလွန်သောစွမ်းရည်ကိုမြင်လိုက်ရချိန်တွင်၊ မျက်နှာချိုသွေးကာ ချီးကျူးမြှောက်ပင့်နေဆဲဖြစ်သည့်လူအနည်းငယ်လည်းရှိသည်။
ကျန်းရွေ့စကားပြောဖို့ပြင်လိုက်ပေမဲ့ ထိုအခိုက်အတန့်တွင် သူ့မျက်နှာပေါ်လေဖြတ်တိုက်သွားသည်ကိုခံစားလိုက်ရပြီး ဖောက်မြင်နိုင်သောလေပြေဓားသွားတစ်လက်က မျက်စိတစ်မှိတ်အတွင်းချဥ်းကပ်လာကာ သူ့ဆီတည့်တည့်မတ်မတ်ဦးတည်လာသည်။
"တင်---"
ကျန်းရွေ့တောင့်တင်းသွားရကာ တုံ့ဆိုင်းခြင်းမရှိဘဲဓားကိုမြှောက်၍တားလိုက်ရာ ဓားချင်းထိခတ်သံထွက်လာပြီး လေပြေဓားသွားပျက်စီးသွားကာ လေထုအလယ်တွင်ငွေရောင်ဆံထိုးတစ်ချောင်းထွက်ပေါ်လာသည်။
ငွေရောင်ဆံထိုးကကျန်းရွေ့၏ဓားသွားနှင့်ရိုက်ခတ်မိကာ ချက်ချင်းလည်သွားပြီး လေထဲပျံဝဲသွားသည်။ ၎င်းကပတ်ပတ်လည်ရှိလေထုကိုချက်ချင်းဆိုသလိုစုစည်း၍ ချွန်မြသောဓားသွားအဖြစ်တစ်ဖန်ပြောင်းလဲကာ လင်ရှောင်းဂိုဏ်းသားများထံမိုးစက်ပမာကုတ်ခြစ်တော့သည်။
Advertisement
- In Serial19 Chapters
*DING* : A Dreamer’s Game
James lives his life with his head in the clouds. He's just getting by in college and working a job that allows him to day dream. He's pretty comfortable spending his days dreaming of fighting bad guys and saving damsels. That is until he is surprised on the way home from work by a letter floating before his eyes with a blinking green message attached [New message. Accept? [Y/N]] This letter offers him the inheritance of the [Dreamer] class and warns of an impending world wide change. Soon James is thrown into a new reality of skills, levels, classes, professions, and EXP. But he seems to be the only one experiencing this change. But for some reason he doesn't think that'll last very long. This story is one of my first attempts at posting my stories anywhere so please leave comments and constructive criticism/praise. I'd really love it if there was a group of people who enjoyed it and if there is I'll figure out a regular release schedule. Totally my story and I reserve rights to it and such forth.
8 207 - In Serial30 Chapters
One man army in a marvel universe
Braden Willian Parker, is Spiderman older brother. He is not from any know marvel universe. In fact he just died a little, then was born as Peter Parker seven years older brother. Crashing any hope of being spiderman himself, sure he could try an steal his little bro super heros chance, but he had a sneaking suspicion that the universe would some how not allow that too happen. Now being a casual reader and watcher of anything marvel related. He knows that it just a matter of when not if, that thing gets absolutely bat sheet crazy. So he figure he better find a good plan in getting power or something to protect not just him, but also his family. Cause he remember that the marvel world has a sadistic glee in destroying Peter loved one, making either Peter pay in pain or those around him.
8 200 - In Serial38 Chapters
Suddenly, Planeswalkers appeared.
Planeswalkers are referred to as someone who traveled through another plane of existence. When Darwyn encountered the wizard from the other world, he goes into a journey to find these so-called Planeswalkers. I decided to write this story to become a good writer, any criticism about my writing and story are welcomed.
8 116 - In Serial35 Chapters
Rocket in Wonderland Lost in the Multiverse
When Rocket gets lost in the Multiverse, he found himself in an alien planet scavenging for spare parts he could use to repair his ship. He was guided by a smiling cat, who called himself Cheshire, along the mysterious world and Rocket intended to keep their relationship casual. However there was something about the feline that drew Rocket close to him and as he stayed longer, he discovered that there was something else going on inside the planet and its beings. Being Rocket, he couldn't care less about the planet or the cat until the mysteries were slowly hinting that he and Cheshire might have a shared past. DISCLAIMER: I do not own Marvel or any of its characters. This is merely a fanfiction and I do not intend to make profit out of it.
8 178 - In Serial5 Chapters
cookie Run ship stories !!
literally just wholesome cute ship storiesrequest: open!
8 62 - In Serial12 Chapters
to the moon and back || christopher sturniolo
you meet a really attractive boy at your door one daylet's see where this goes
8 85

