Advertisement
.....
ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းကြားရှိပဋိပက္ခထဲတွင် မည်သူကမျှအခွင့်မသာလိုက်ပေ။ နှစ်ဖက်စလုံးရှိဒဏ်ရာများအရ ကျန်းရွေ့၏ဓားမှာရုတ်တရက်ပေါက်ကွဲသွားပေမဲ့ ကွေ့ရီဂိုဏ်းကလူများဟာလည်းအပြင်းအထန်ဒဏ်ရာရသွားသည်ဟုတွက်ချက်၍ရသည်။
ကွေ့ရီဂိုဏ်းချုပ်ကျင်းချီရှန်းကား အခြားသောအရေးကြီးကိစ္စများလုပ်ဖို့ရှိသည်မို့ နန်ဇီတောင်ထွတ်ပေါ်မလာခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤပဋိပက္ခကားအစကတည်းကတပည့်ဂိုဏ်းသားများကြားရှိကိုယ်ရည်ကိုယ်သွေးစမ်းသပ်မှုဖြစ်သည်။ အကယ်၍ အကြီးအကဲများဝင်ပါလိုက်မည်ဆိုလျှင် အခြေအနေတစ်ခုလုံးမှာပြောင်းလဲသွားလိမ့်မည်။
ထို့ကြောင့် ဟယ်ဇီကျိုးမှာအစကအဆုံးထိဘာမှမဆိုဘဲ သူ့တပည့်များနှင့်အတူထွက်သွားကာ ကျိုးချင်းချန်ဟာလည်းခုနကရိုင်းစိုင်းသောအရာကို စုံစမ်းစစ်ဆေးဖို့မရည်ရွယ်ထားပေ။
ဟယ်ဇီကျိုးထွက်သွားပြီးနောက်၊ သူဟာချီကွမ်းယာ၏ဒဏ်ရာကို စိတ်အားထက်သန်စွာသွားရောက်ကြည့်ရှုသည်။
ကွေ့ရီဂိုဏ်းသားများကအရမ်းကိုသတိထားကာ ပြောလာသည်။
"မနှောင့်ယှက်ပါနဲ့၊ အကြီးအကဲ။"
ကျိုးချင်းချန်ကဆိုသည်။
"မနှောင့်ယှက်ပါဘူး၊ မနှောင့်ယှက်ပါဘူး၊ ဒီဒဏ်ရာကကုရလွယ်ပါတယ်ကွ။"
သူကထိုသို့ပြောရင်းဖြင့် သူ့လက်ကိုဆန့်ကာ မမျှော်လင့်ထားစွာဖြင့် ချီကွမ်းယာကိုပြင်းထန်စွာဆွဲဆိတ်ပစ်လိုက်သည်။
လင်းယွဲ့မှာ၎င်းကိုတားဖို့အချိန်မရှိလိုက်ဘဲ သူ၏ရှစ်တိတစ်ယောက်အဆိပ်ခတ်ခံလိုက်ရသည်ကိုရပ်ကြည့်နေရသည်။
"ကျိုးဂိုဏ်းချုပ်။"
ကျိုးချင်းချန်လက်ရုတ်လိုက်ရာ ချီကွမ်းယာမှာအော်သံနှင့်အတူနိုးလာသည်။
ကျိုးချင်းချန်ပြုံးကာပြောလိုက်သည်။
"ဒါကကုဖို့လွယ်ပါတယ်လို့ငါပြောတယ်မလား။ စိတ်မပူပါနဲ့၊ သူမသေနိုင်ပါဘူး။ သူ့မှာတစ်ခုခုဖြစ်သွားမှတော့ မင်းတို့တွေလင်ရှောင်းဂိုဏ်းပေါ်မှီခိုရမှာပဲလေ။"
လင်းယွဲ့ကပင့်သက်ရှိုက်၍ဆိုသည်။
"ဒါသေချာပေါက်ကိုအဓိကမဟုတ်ပါဘူး၊ ကွေ့ရီဂိုဏ်းမှာအဲ့လိုလူယုတ်မာမျိုးမရှိပါဘူး။ ကျေးဇူးတင်ပါတယ်၊ ကျိုးဂိုဏ်းချုပ်။"
ကျိုးချင်းချန်ပြောလိုက်သည်။
"ကောင်လေးတွေ၊ မင်းတို့ငယ်ရွယ်ချိန်မှာ ခဏတော့ရူးမိုက်လို့ရတယ်။ မင်းတို့ရဲ့အရည်အချင်းအစစ်အမှန်ကိုကြည့်ဖို့ ငါကွင်းပြင်ပေါ်မှာစောင့်နေမယ်။"
ချီကွမ်းယာမှာနာကျင်မှုဖြင့်ပင့်သက်ရှိုက်နေရပြီး ကျိုးချင်းချန်ထွက်သွားသော် သူ့လက်ကိုလှည့်၍အလယ်ကိုကြည့်လိုက်ရာ ဆွဲဆိတ်ခံလိုက်ရသည့်အရေပြားကိုသာမြင်လိုက်ရပြီး မနေနိုင်ဘဲဆူဆဲမိသည်။
"လင်ရှောင်းဂိုဏ်းမှာကောင်းတဲ့အရာမရှိဘူးပဲ! ဒီအဖိုးကြီးကတကယ်အကြင်နာတရားမရှိဘူး!"
လင်းယွဲ့သည်သူ့ရှစ်တိ၏စောဒကတက်မှုများအကြောင်းအရေးမစိုက်တော့ဘဲ အခြားလားရာကိုမိန်းမောနေသောအကြည့်ဖြင့်လှမ်းကြည့်ကာ မေးလိုက်သည်။
"ကွမ်းယာ၊ မင်းခုနကရှုလင်ကျားကိုမြင်လိုက်လား။"
ချီကွမ်းယာမှာစောစောသတိလစ်သွားသည်မို့ ရှုလင်ကျား၏လုပ်ရပ်ကိုမမြင်လိုက်ပေ၊ သူကမေးသည်။
"ရှုလင်ကျား? သူရောက်လာလို့လား။"
လင်းယွဲ့ကဆိုသည်။
"လာတယ်၊ ခုနကဓားကျိုးတွေကိုရှုလင်ကျားဖျက်ဆီးပစ်လိုက်တာ။"
ချီကွမ်းယာသည်နေရာတိုင်းကအရှုပ်အထွေးများကိုကြည့်လိုက်ပြီး လင်းယွဲ့၏အကြည့်နောက်လိုက်ကြည့်လိုက်ရာ ရှုလင်ကျားကသိပ်မဝေးသောနေရာတွင် ကျင်းဖေးထုန်နှင့်အတူထိုင်နေသည်ကိုမြင်လိုက်ရသည်။
ဤသည်ကိုမြင်လိုက်ရရင်း၊ သူ့မျက်လုံးတောက်သွားကာ သူ့မျက်ဝန်းထဲတွင်ရွှင်မြူးသောအကြည့်ပေါ်လာသည်။
"သိပ်ကောင်းတယ်၊ သူလင်ရှောင်းကထွက်သွားပြီလို့ကြားလိုက်ရတော့ ကျွန်တော်လက်စားချေလို့မရတော့ဘူးလို့ထင်ခဲ့တာ။ သူဒီကိုရောက်လာတာကောင်းတယ်။ ဒီတစ်ခေါက် ကျွန်တော်ဓားစမ်းသပ်ရေးညီလာခံမှာ သူနဲ့ယှဥ်ပြိုင်ခွင့်မရခဲ့ရင်တောင်မှ ကျွန်တော်သူနဲ့စာရင်းရှင်းရလိမ့်မယ်။ တိုက်ခိုက်ရမှာရှက်စရာပဲ!"
လင်းယွဲ့ခေါင်းခါကာပြောလိုက်သည်။
"ချီရှစ်တိ၊ မင်းအရမ်းမျှော်လင့်ချက်မထားဖို့ ငါအကြံပေးချင်တယ်။"
ချီကွမ်းယာကဆိုသည်။
"ကျွန်တော်သူ့ကိုမနိုင်နိုင်ဘူးလို့ထင်နေတာလား။"
လင်းယွဲ့: "ဆန့်ကျင်ဘက်ပဲ၊ ရှုလင်ကျားကအသုံးမကျဘူးလို့ငါထင်တယ်။"
ချီကွမ်းယာသိချင်စိတ်ဖြင့်ပြောလိုက်သည်။
"ဟင့်အင်း၊ ခုနကသူအစွမ်းပြလိုက်တယ်မလား။"
လင်းယွဲ့ကမြေကြီးပေါ်ကဓားစတစ်ခုကိုကောက်ကာ ပြောလာသည်။
"ခုနကသူတိုက်ကွက်သုံးလိုက်ပြီး သူ့ဓားစွမ်းအင်နဲ့ကျန်းရွေ့ရဲ့ဓားရှုရှိုက်သံကိုဖိနှိပ်လိုက်တာက တိုက်ဆိုင်မှုသက်သက်ပဲ။ ဒါကရှုလင်ကျားသူ့အမေရဲ့ဝမ်းဗိုက်ထဲကယူဆောင်လာတဲ့တစ်ခုခုပဲ၊ ငါမပြောနိုင်ဘူး။"
"ဒါပေမဲ့ သူဓားကွဲစကိုတစ်ယောက်ထဲဖယ်ထုတ်လိုက်တုန်းက အားပြင်းတဲ့တိုက်ကွက်တစ်ခုဖြစ်ပေမဲ့ စိတ်ဝိညာဥ်စွမ်းအားကတော့သိပ်မကောင်းတာကိုငါမြင်လိုက်တယ်။ သိသိသာသာကို နှစ်ပေါင်းများစွာကြိုးစားပမ်းစားကျင့်ကြံခဲ့ရတဲ့ အခြေတည်ဆောက်ပုံကပျက်စီးသွားခဲ့ပြီ။ သူ့ရှစ်စွင်းရဲ့ပြောစကားကိုငါနားထောင်ရသလောက်တော့ သူ့ဒဏ်ရာဟောင်းကဆိုးဝါးနေမှာစိုးတယ်။"
ချီကွမ်းယာမျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာလို့ဒီလိုဖြစ်ရတာလဲ၊ ကျွန်တော်သူ့ကိုဖြောင့်မတ်တဲ့နည်းလမ်းနဲ့အနိုင်ရဖို့လိုတယ်။ တကယ်လို့သူသာတကယ်ပဲဒဏ်ရာဆိုးဆိုးဝါးဝါးရထားလို့ရှိရင် ကျွန်တော်အနိုင်ရတာကအဓိပ္ပါယ်မရှိဖြစ်သွားမှာ။"
"အနိုင်ရဖို့ခဲယဥ်းမှာစိုးတယ်။"
လင်းယွဲ့ကဝေဝေဝါးဝါးပြုံးသည်။
"မင်းမပြောနဲ့၊ သူကဒီမှာဝင်ပြိုင်ဖို့ရောက်လာတာ။ ဓားစမ်းသပ်ရေးညီလာခံမှာ ရန်စတာနဲ့ပုံရိပ်ယောင်ဖန်တီးရာမှာတော်တဲ့ပြိုင်ဖက်နဲ့တွေ့တဲ့ဘယ်သူမဆိုစိတ်ဒုက္ခရောက်ကြမှာပဲ၊ သူရဲကောင်းရဲ့အဆုံးသတ်၊ ကျားကငြိမ်းချမ်းရာရောက်သွားလိမ့်မယ်...အင်း၊ ငါတို့စောင့်ကြည့်နေရုံပဲ။"
ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ကောက်ဝတ်ကိုဆက်ကိုင်ထားရင်းဖြင့် သူ့ကိုသူ့ထိုင်ခုံဆီခေါ်သွားကာ ထို့နောက်လက်ကိုလွှတ်ပေး၍ပြောလိုက်သည်။
"မြန်မြန်ထိုင်တော့လေ။"
သူကတကယ့်ကိုတစ်ယောက်တည်းရပ်နေသည်ကိုမြင်လိုက်ရရင်း၊ ရှုလင်ကျားမေးလိုက်မိသည်။
"ခင်ဗျားရဲ့ငယ်သားတွေမလာဘူးလား။"
ကျင်းဖေးထုန်ကဆိုသည်။
"မလာဘူး။ ဒီဓားစမ်းသပ်ရေးညီလာခံကသူတို့နဲ့မဆိုင်ဘူးလေ။ ဒီကိုလာရတာစိတ်ဝင်စားဖို့မကောင်းဘူး။ ကိုယ်ဘယ်သူ့ကိုမှမခေါ်လာခဲ့ဘူးလေ။"
ပီလော့နန်းတော်ကားထူးခြားဆန်းကြယ်သောနေရာတစ်ခုဖြစ်ကာ လမ်းကြောင်းမှန်မဟုတ်သည်မို့ ဤကဲ့သို့သောညီလာခံတွင်ပါဝင်ခဲလှသည်။
ကျင်းဖေးထုန်အဖိတ်ခံရသည့်အကြောင်းရင်းမှာ
သူသည်စိတ်ဝိညာဥ်ဂိုဏ်းတွင်မွေးဖွားလာခဲ့ပြီး တစ်ခါကညီလာခံတွင်အနိုင်ရဖူးသောကြောင့်ပင်။ သို့သော်သူကားညီလာခံတွင်ပါဝင်ယှဥ်ပြိုင်ရလိမ့်မည်မဟုတ်။
ထိုအကြောင်းကြောင့် သူဟာပီလော့နန်းတော်၏အရှင်သခင်အနေဖြင့် ရှင်းဇုန်၏သာမန်ဂိုဏ်းသားများနှင့်အတူထိုင်၍မရသည်မို့ သီးသန့်စားပွဲနှင့်ထိုင်ခုံစီစဥ်ပေးထားခြင်းပင်။
ရှုလင်ကျားခေါင်းငြိမ့်ကာ ရှေ့ကိုဆက်မကြည့်တော့ပေ။ သူကဝတ်ရုံကိုပင့်မ၍ ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။ သူကားသေရည်ဝိုင်ကရားကိုမကာ ဝိုင်နှစ်ခွက်လောင်းထည့်လိုက်ပြီး တစ်ခွက်ကိုကျင်းဖေးထုန်ရှေ့ပို့ပေးလိုက်သည်။
"ဒီမှာ။"
ဤအပြုအမူကား ကျင်းဖေးထုန်အားမြေခွေးလေးကိုပြန်အမှတ်ရသွားစေကာ သူမနေနိုင်ဘဲပြုံးလိုက်မိချေသည်။
ရှုလင်ကျားကထိုလျို့ဝှက်ချက်ကိုဘယ်အချိန်ထိဖုံးကွယ်ထားမလဲမသိသည်မို့ သူ့လက်ချောင်းကိုနှုတ်ခမ်းထောင့်ပေါ်တင်၍ သူ့အပြုံးကိုကွယ်ဝှက်လိုက်ရပြီး ရှုလင်ကျားနံဘေးတွင်ဝင်ထိုင်လိုက်သည်။
ရှုလင်ကျားမှာအခြားသူများကိုဘယ်တုန်းကမျှသေရည်သောက်ဖို့ဆွဲဆောင်ခြင်းမရှိပေ။ သူကခေါင်းမော့ကာဖြင့်သူ့သေရည်ကိုမော့သောက်လိုက်ပြီး သူ့လက်ထဲကခွက်ကိုကိုင်၍ တစ်ခဏမျှကစားနေပြီးနောက်ပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားကိုရယ်မောမိသွားစေတယ်။"
"ရယ်တယ်? ဘာလို့လဲ။"
ကျင်းဖေးထုန်ဟာလည်းသေရည်တစ်ငုံသောက်ကာ တမင်ပြောလာသည်။
"မင်းကဟယ်ရှစ်ပေါ်နဲ့တကယ်ပြန်လိုက်သွားချင်တာလား။ ကိုယ်အရမ်းမြန်မြန်ကြီးတိုက်တွန်းလိုက်မိလို့တောင်းပန်ပါတယ်။ ကိုယ်မင်းကိုနှောင့်ယှက်မိသွားတာလား။"
ကျင်းဖေးထုန်ကကျောက်စိမ်းကဲ့သို့ချောမွတ်ပေမဲ့ တကယ့်ကိုတော်တော်လေးမသေမျိုးဆန်သည်။ ရှုလင်ကျားမျက်ခုံးပင့်ကာ"ကျစ်"ခနဲစုတ်သပ်လိုက်မိပြီး သေရည်ခွက်ကိုစားပွဲပေါ်ပစ်တင်ကာပြောလိုက်သည်။
"ပေါက်ကရတွေ၊ ကျွန်တော့်ကဘယ်သူလို့ထင်လဲ။ အဲ့ဒီ့ရဖို့ခက်တယ်ဆိုတဲ့ကစားနည်းကိုကစားမယ်တဲ့လား။"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"အဲ့လိုမဟုတ်ဘူး။ ကိစ္စကအဲ့လိုဆိုရင် လူတိုင်းကဘာလို့မင်းကိုရယ်ရဲမှာလဲ။ ကိုယ်မှတ်ချက်တချို့ကြားခဲ့ရတယ်၊ ကျန်းရွေ့ရဲ့ပင်ကိုယ်စရိုက်ကယုတ်မာပြီးတော့ ချီဇုန်ကအရမ်းဘက်လိုက်တယ်လို့ လူတိုင်းကပြောနေကြတယ်။
ကိုယ်မင်းကိုလေးစားတယ်၊ မင်းမှာသူရဲကောင်းစိတ်ဓာတ်နဲ့သတ္တိရှိတယ်၊ ပြီးတော့လူအများကြီးကမင်းကိုချီးကျူးနေကြတာ။"
ရှုလင်ကျားလှောင်ပြုံးပြုံးလိုက်သည်။
"သူတို့ဒီလိုပြောဖို့လိုအပ်လို့ပါ။ ဒါကအမှန်တရားပဲ။"
ကျင်းဖေးထုန်သေရည်ကရားကိုမကာ ရှုလင်ကျား၏ခွက်ကိုဖြည့်ပေးလိုက်သည်။
"ဟုတ်တယ်၊ ဘယ်သူ့ဘက်ကမှန်လဲဆိုတာကို လူအများစုတကယ်နားလည်နိုင်ကြတယ်။ မင်းအနိုင်ရပြီးနောက်မှာ လူတချို့နောင်တရသွားမှာစိုးတယ်။ ဟုတ်တယ်၊ သူတို့မှာဘယ်လိုမျက်လုံးမျိုးရှိနေကြလဲမသိဘူး၊ မင်းဒီမှာရှိနေတာကို သူတို့ကကျန်းရွေ့ဘက်လိုက်နေကြတယ်၊
အရမ်းမိုက်မဲကြတာပဲ။"
ဤသည်ကိုကြားလိုက်ရရာ ခုနကရှုလင်ကျားမှာရှိခဲ့သည့်စိတ်မကောင်းဖြစ်မှုမှာ အများအပြားပျောက်ကွယ်သွားရသည်။ သူမနေနိုင်ဘဲရယ်မောလိုက်မိသည်။
"ကျင်းအရှင်၊ ခင်ဗျားကတကယ်စကားပြောကောင်းတယ်။"
ကျင်းဖေးထုန်ကပြောသည်။
"ရပါတယ်၊ ကိုယ်ကအမှန်တရားကိုပြောနေတာပါကွာ၊ နောက်နေတာမဟုတ်ရပါဘူး။"
ရှုလင်ကျားမျက်တောင်ခတ်လိုက်ပြီး ဒူးခေါင်းပေါ်တံတောင်ဆစ်ထောက်၍ အနည်းကပ်တိုးကပ်ကာ ကျင်းဖေးထုန်၏မျက်နှာထားကိုကြည့်လိုက်ပုံမှာ လိမ်နေခြင်းဟုတ်မဟုတ်ကြည့်နေသည့်အလား။
ကျင်းဖေးထုန်မျက်နှာလှည့်ကာ သူ့ကိုကြည့်စေပြီး သူ့ကဲ့သို့မျက်တောင်ခတ်ပြလာသည်။
သူကားရိုးသားပွင့်လင်းကာတည့်တိုးဆန်ပေမဲ့ လူတွေကသူ့ကိုဟာသမလုပ်နိုင်ပေ။ ရှုလင်ကျားမတ်မတ်ပြန်ထိုင်ကာ အဝေးကိုကြည့်၍ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ကျွန်တော်မနိုင်လောက်ဘူး။"
ကျင်းဖေးထုန်ကပြောသည်။
"ရလဒ်မထွက်ခင်ဘယ်သူမှမပြောရဲကြဘူးလေ။ မင်းအကောင်းဆုံးကြိုးစားလိုက်ရုံပဲ။ ကိုယ့်ရဲ့အရင်အတွေ့အကြုံကတဆင့်အကဲဖြတ်ရရင် ဒီလူအုပ်ထဲကကျင့်ကြံသူတွေကြားမှာ မင်းထက်သန်မာတဲ့လူရှိမယ်မထင်ဘူး။ ဒီခွန်အားကစိတ်ဝိညာဥ်စွမ်းအားကိုပြောတာမဟုတ်ဘူးနော်။ တစ်ခါတလေကျရင် နောက်ပြန်လှည့်လို့မရတဲ့ရည်မှန်းချက်နဲ့ သဘောထားကြီးဖို့သတ္တိနဲ့တင်လုံလောက်နေပါပြီ။"
သူကသေရည်ကရားကိုဘေးတွင်ချကာ အပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"မင်းရဲ့ဒဏ်ရာကမကောင်းသေးတာမို့ သေရည်နှစ်ခွက်ဆိုလုံလောက်ပြီ၊ မင်းကိုယ်မင်းဂရုစိုက်။ ခဏနေမင်းရဲ့မှော်စွမ်းအားတွေထုတ်ပြလာမှာကို ကိုယ်စောင့်ကြည့်နေမယ်။"
ပီလော့နန်းတော်၏လက်အောက်ငယ်သားတစ်သိုက်မှာ အဝေးတွင်ရပ်နေပြီး ကျင်းဖေးထုန်ရှိရာလားရာကိုသနားစဖွယ်ကြည့်နေရင်း သူကရှုလင်ကျားကိုသူ့ထိုင်ခုံဆီခေါ်လာသည်ကို မြင်လိုက်ကြရသည်။
သူတို့နှစ်ဦးစကားစပြောစဥ်တွင် ရှုလင်ကျား၏မျက်နှာထားမှာအနည်းငယ်မှောင်မိုက်ပြီး မသာမယာဖြစ်နေသေးပေမဲ့ ကျင်းဖေးထုန်ဘာပြောလိုက်လို့လဲတော့မသိ၊ ခဏလေးအတွင်းမှာ စကားလုံးအနည်းငယ်ပြောပြီးနောက်၌ သူတို့နှစ်ဦးစလုံး၏မျက်နှာထက်တွင်အပြုံးပန်းများပွင့်လန်းလာကာ လေထုကားအလွန်တရာလိုက်ဖက်ညီနေပုံပေါက်သည်။
ဤသည်ကား သူတို့အရှင်၏စကားလုံးများဖြင့် လက်အောက်ငယ်သားများအားလုံးမပါလာဟု ပြောခြင်း၏အဖိုးအခပင်ဖြစ်၏!
တစ်ယောက်ကတိတ်တိတ်လေးမေးမိသည်။
"ဆိုတော့ ငါတို့တကယ်ကြီးဖြတ်သွားလို့မရဘူးလား။"
နောက်တစ်ယောက်ကဆိုသည်။
"အရှင်ကအဲ့လိုပြောလာမှတော့ ငါတို့ဘာလုပ်လို့ရမှာလဲ။ ငါတို့အဲ့ဒီကိုသွားလို့မရဘူးဆိုရင် ဒီကနေပဲတိတ်တခိုးကာကွယ်ပေးရမှာပေါ့ဟာ။"
တကယ်တမ်းတွင်၊ လူအနည်းစုမှာသူတို့တည်ရှိမှုနှင့် ကျင်းဖေးထုန်ဘေးတွင်ရှုလင်ကျားထိုင်ခြင်း၏အကြောင်းရင်းကိုမသိကြပေမဲ့ သူတို့ကဉာဏ်အမျှော်အမြင်ရှိစွာပုန်းနေမိကြသည်။
နန်ဇီတောင်ထွတ်ကား ရှည်လျားကာမတ်စောက်ပေမဲ့ ၎င်း၏ထိပ်ဖျားပေါ်ရောက်ရှိသွားသော် ယင်းကားအလွန်တရာကျယ်ပြန့်ကာမျက်နှာပြင်ညီညာပြီး ဘေးဖက်တွင်ပန်းပင်နှင့်သစ်ပင်များစိုက်ပျိုးထားကာ ခပ်သင်းသင်းရနံ့များသင်းပျံ့လျက်ရှိပြီး ပန်းပွင့်ဖတ်နှင့်နှင်းပွင့်များမှာလွင့်ဝဲနေပေသည်။
အလယ်ခေါင်ရှိနေရာလွတ်ဟင်းလင်းပြင်ထဲတွင် ပြိုင်ပွဲကွင်းပြင်ငါးခုရှိနေသည်။ အမျိုးမျိုးသောဂိုဏ်းများနှင့်တစ်ဦးတည်းကျင့်ကြံသူများမှာ ပြိုင်ပွဲကွင်းပြင်များပတ်လည်တွင်ထိုင်နေကြသည်။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီသည် မတူညီကွဲပြားသောဝတ်ရုံအရောင်များဝတ်ထားကြကာ ဂိုဏ်းအလိုက်သေသပ်စွာစုထိုင်နေကြသည်မို့ အကြည့်တစ်ချက်တည်းဖြင့်ခွဲခြားဖို့လွယ်သည်။
Advertisement
ထိပ်ဆုံးနေရာ၌၊ မုတ်ဆိတ်ဖြူနှင့်ဆံပင်ဖြူရှိသည့် အဘိုးအိုနှစ်ယောက်ထိုင်နေကြပြီး တစ်ဦးကဝတ်ရုံနက်ဝတ်ထားကာအရပ်ပုပြီး နောက်တစ်ဦးမှာအဖြူဝတ်ထားကာ ပိန်ပါးပါး၊ အရပ်ရှည်ရှည်ဖြစ်သည်မို့ နှစ်ဦးသားမှာသိသိသာသာကိုကွဲထွက်လျက်ရှိသည်။
ယင်းလူအိုကြီးနှစ်ဦးမှာ ဤညီလာခံ၏အစီအစဥ်မှူးများဖြစ်ကြပြီး နန်ဇီတောင်ထွတ်၏ဒုတိယအကြီးအကဲများဖြစ်ကာ ဝတ်ရုံနက်နှင့်လူအိုကား လျန်ချန်းဟွာဟုအမည်ရပြီး ဝတ်ရုံဖြူနှင့်လူအိုမှာ ကုယင်ဟုခေါ်တွင်သည်။
ဤအကြီးအကဲနှစ်ဦးသည် လက်ရှိတွင်ကျင့်ကြံရေးလောကတစ်ဝှမ်းလုံး၌ အကြီးတန်းအကျဆုံးလူများဖြစ်ကြကာ သူတို့၏ဂုဏ်သတင်းနှင့်ကျင့်ကြံရေးအခြေခံကား လူတိုင်း၏အသိအမှတ်ပြုခြင်းခံထားရပြီး သူတို့အဆင့်အတန်းမှာ အလွန့်အလွန်ရိုသေလေးစားဖွယ်ကောင်း၏။
လျန်ချန်းဟွာကသူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိသစ်ပင်များပေါ်က သေရည်ခွက်အရွယ်ခရမ်းရောင်ပန်းဖူးများမှာပျံဝဲလာပြီး ကျင့်ကြံသူတို့၏ထိုင်ခုံများထံပျံ့ကြဲသွားကာ ပိုလည်းမပို၊ လျော့လည်းမလျော့သကဲ့သို့ ကွင်းပြင်ထဲရှိလူတစ်ဝက်မှာတစ်ယောက်တစ်ပွင့်ရသွားကြသည်။
ယင်းကား သူတို့၏ပြိုင်ဘက်များကိုမဲနှိုက်ရွေးချယ်ရမည့်ပစ္စည်းဖြစ်သည်။ ရွေးချယ်ရမည့်လူတစ်ယောက်နှင့် အရွေးချယ်ခံရဖို့စောင့်နေသည့်လူတစ်ယောက်အတွက်ကတော့ဖြင့် ၎င်းကလုံးဝကိုကြုံရာကျပန်းဖြစ်သည်ပင်။
ရှုလင်ကျားဟာလည်း ပန်းဖူးရသွားသည့်လူတစ်ဝက်ထဲကတစ်ယောက်ဖြစ်သည်။ သူကသူ့လက်ထဲတွင်ပန်းကလေးဖြေးညှင်းစွာပွင့်လန်းလာသည်ကိုကြည့်နေပြီး ထို့နောက်အတွင်းရှိဝတ်ဆံဖိုပေါ်ထွက်လာကာ ၎င်းအပေါ်တွင်နာမည်တစ်ခုပေါ်လာသည်။
"မေ့ရင်ကျောင်းတော်၊ ဖန်တင်း။"
ရှုလင်ကျားမျက်လုံးပင့်ကြည့်လိုက်ရာ အခြားတစ်ဖက်ရှိဆန့်ကျင်ဖက်ထောင့်ဖြတ်အနေအထား ထိုင်ခုံပေါ်တွင်ထိုင်ကာသူ့ကိုကြည့်နေသည့် အရပ်ရှည်ရှည်၊ ခပ်ထွားထွားယောက်ျားတစ်ယောက်ကိုမြင်လိုက်ရသည်။
ကျင်းဖေးထုန်ပင်မျက်မှောင်မသိမသာကြုတ်လိုက်မိသည်။
ဤအချိန်ရှုလင်ကျား၏ပြိုင်ဘက်မည်သူဖြစ်ကြောင်းကို လင်းယွဲ့နှင့်ချီကွမ်းယာသာသိသွားလို့ရှိရင်၊ သူတို့၏ယခင်ကကျီးပါးစပ်ကြောင့် အံ့အားသင့်သွားလောက်မည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤဖန်တင်း၏ကျင့်စဥ်ကား ခုနကလင်းယွဲ့ပြောသွားသည်နှင့်တစ်ထပ်တည်းကျသည်မို့။ ရှုလင်ကျား၏အားနည်းချက်ထဲကတစ်ခုပင်။
ဖန်တင်းကား သန်မာထွားကြိုင်းကာကြမ်းတမ်းသော ယောက်ျားတစ်ယောက်ဖြစ်သော်လည်း၊ သူလာခဲ့သည့်မေ့ရင်ကျောင်းတော်မှာ အဓိကအားဖြင့်အမျိုးသမီးကျင့်ကြံသူများဖြစ်ကြသည်။
သူတို့ကျင့်ကြံသည့်ကျင့်စဥ်ကား ညှို့ယူဖျားယောင်းခြင်းနှင့်ပုံရိပ်ယောင်ဖန်တီးခြင်းတို့ပေါင်းစပ်ထားသည်။ ဓားအသံမှာ စိတ်လှုပ်ရှားဖွယ်ကောင်းသောသီချင်းပမာ၊ ပုံရိပ်ကား လှပတင့်တယ်သောအကပမာ။ ၎င်းဟာလည်း ဓားရေးနှင့်အလွန်ကွာခြားလှသည်။
ဖန်တင်း၏ရုပ်ရည်သွင်ပြင်မှာ လှပတင့်တယ်မှုနှင့်မဆိုင်သော်လည်း၊ ဂိုဏ်းထဲကိုချွင်းချက်အနေဖြင့်ဝင်ခွင့်ရသွားကာ ယခုဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်ထောက်ဂိုဏ်းချုပ်ရာထူးကိုပင်ရထားပြီး သူ့ခွန်အားမှာအထင်သေး၍မရပေ။
သူ၏ထူးခြားမှုကား သူ၏ပင်ကိုယ်ချီသွေးကြောများမှာကောင်းမွန်ပြီး သူ၏စိတ်ဝိညာဥ်စွမ်းအားမှာလည်းအလွန်တရာအားကောင်းလှသည်။
အဆုံးတွင်၊ ညှို့ယူဖျားယောင်းခြင်းနှင့်ပုံရိပ်ယောင်ဖန်တီးခြင်းကျင့်စဥ်တိုင်းသည် သန်မာသောစိတ်ဝိညာဥ်ပေါ်အခြေခံပြီးမှသာလျှင် အခြားသူတို့၏စိတ်ဝိညာဥ်ပေါ်သက်ရောက်မှုရှိနိုင်သည်။
ရှုလင်ကျား၏ဓားရေးကျင့်စဥ်မှာ သူ၏ချီသွေးကြောနှင့်အတူပျက်စီးသွားပြီဖြစ်ကာ သူ၏စိတ်မှာလည်းမတည်ငြိမ်ပေ။ ထို့အပြင်၊ စိတ်ဝိညာဥ်စွမ်းအားကုန်ဆုံးမှုနှုန်းမှာလည်း သာမန်လူတို့ထက်ပိုမြန်သည်။ ဖန်တင်းက သူ့အားနည်းချက်များကိုထိုးနှက်ရာမှာ တော်သည်ဟုပြော၍ရ၏။
ပထမဆုံးအချီတွင် ဤကဲ့သို့သောအင်အားကြီးပြိုင်ဘက်နှင့်လာတွေ့ရသည်။ အကယ်၍ သူသာရှုံးနိမ့်သွားခဲ့လျှင် ဓားစမ်းသပ်ရေးညီလာခံကထိုနေရာတွင်ရပ်တန့်သွားလိမ့်မည်ဖြစ်ကာ ၎င်းကတကယ့်ကိုကံဆိုးလှသည်။
ရှုလင်ကျားအပြင်၊ သူတို့၏ပြိုင်ဘက်ကိုအတည်ပြုခဲ့ကြသည့်ကျင့်ကြံသူများမှာ ပျော်ရွှင်နေကြသကဲ့သို့ဝမ်းနည်းနေကြသည်မို့ သူတို့၏မျက်နှာထားမှာကွဲပြားလျက်ရှိသည်။
သူတို့၏ပြိုင်ဘက်ကိုရွေးချယ်ကြပြီးသော်၊ ကျင့်ကြံသူများဟာလည်း မျက်စိမှိတ်လက်မှတ်ထိုးခြင်းဖြင့်ပွဲစဥ်ကိုမဲနှိုက်ရွေးချယ်ကြသည်။
ဤတစ်ကြိမ်တွင် ရှုလင်ကျား၏ကံကသိပ်မဆိုးပေ။ သူနှင့်ဖန်တင်းကြားရှိပြိုင်ပွဲမှာ ပထမအချီ၏ဒုတိယတစ်ဝက်ဖြစ်ပြီး ၎င်းကသူ့ကိုအချိန်တချို့ပေးလာသည်။
ရှုလင်ကျားတစ်အောင့်မျှတွေးကာမတ်တပ်ထရပ်လိုက်သည်။
ကျင်းဖေးထုန်ကထိုင်မြဲထိုင်လျက်သားဖြင့် သူ့ဝတ်ရုံလက်ကိုလှမ်းဆွဲကာ မေးလိုက်သည်။
"မင်းဘာလုပ်မလို့လဲ"
ရှုလင်ကျားကဆိုသည်။
"ကျွန်တော်မေ့ရင်ဂိုဏ်းနဲ့အရင်ကတစ်ခါမှမပြိုင်ဖူးဘူးလေ။ ဒါကြောင့်မို့ ဒီတိုက်ပွဲကွင်းပြင်ငါးခုထဲမှာ သူတို့ဂိုဏ်းကတစ်ယောက်ယောက်ရှိမလားမေးပြီး တစ်ချက်သွားကြည့်မလို့။"
မေ့ရင်ဂိုဏ်းကားအမြဲတစေခပ်လျိုလျိုနေလေ့ရှိပြီး ဂိုဏ်းမှာဝေးကွာသောနေရာတွင်တည်ရှိသည်မို့ သူတို့နှင့်အဆက်အဆံရှိသည့်လူအများကြီးမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လင်ရှောင်းဂိုဏ်း၏ကျော်ကြားသောဓားရေးမှာ အခြေခံအားဖြင့်ကျင့်ကြံရေးလောကတစ်ခွင်လုံးတွင်လူနည်းစုသာမမြင်ဖူးကြပေ။ ဤပြိုင်ပွဲမှာရှုလင်ကျားအသာစီးမရနိုင်ပေ။
ကျင်းဖေးထုန်ကပြောလာသည်။
"မသွားနဲ့၊ မင်းပွဲစဥ်မဲသွားနှိုက်တုန်းက ကိုယ်မေးပြီးသွားပြီ၊ မရှိဘူးတဲ့။ ဒါပေမဲ့ဖန်တင်းရဲ့တိုက်ခိုက်တာကိုကြည့်ဖူးပြီး ဝိုးတိုးဝါးတားမှတ်မိနေတဲ့လူတစ်ယောက်တော့ရှိတယ်။ မင်းဒါနဲ့ပြင်ဆင်လို့ရတယ်။ မင်းတစ်ချက်ကြည့်ချင်လား။"
ရှုလင်ကျားမေးမိသည်။
"ဘယ်သူလဲ။"
ကျင်းဖေးထုန်ကပြုံးပြကာ သူ့ကိုယ်သူလက်ညှိုးထိုးပြလာသည်။
နောက်ကျတော့ ကျင်းဖေးထုန်ပြောသည့်"ကိုယ်တစ်ခုခုကိုဝိုးတိုးဝါးတားမှတ်မိတယ်"ဆိုသည်မှာ တကယ့်ကိုနိမ့်ချပြောဆိုနေခြင်းဖြစ်ကြောင်း ရှုလင်ကျားသိလိုက်ရတော့သည်။
သူအမှုမဲ့အမှတ်မဲ့မြင်လိုက်ရသည့်ဓားတိုက်ကွက်တစ်ခုကို နှစ်ပေါင်းများစွာကြာပြီးနောက်တွင်မမှတ်မိတော့လောက်ပေမဲ့ ကျင်းဖေးထုန်ကတော့ဖြင့်၎င်းကိုရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။ နှစ်ယောက်သားသည်ထိုင်ခုံကထလာပြီး နေရာလွတ်တစ်ခုရှာကာ သူကဓားတိုက်ကွက်တစ်ခုကိုတုပပြလာသည်။
ရှုလင်ကျားမေးစေ့ကိုထိကာ ၎င်းကိုကြည့်လိုက်ပြီးနောက်တွေးတောလိုက်မိသည်။
"စတုတ္ထမြောက်လှုပ်ရှားမှုနဲ့ နောက်ဆုံးရဲ့အရှေ့လှုပ်ရှားမှုက တင့်တယ်ပြီးတော့အထင်ကြီးလောက်စရာပဲ၊ မေ့ရင်ကျောင်းတော်ကတိုက်ကွက်နဲ့မတူသလိုပဲရော်?"
ကျင်းဖေးထုန်ကြောင်အမ်းသွားရကာ နှေးချ၍ ဖန်တင်း၏လှုပ်ရှားမှုကိုတစ်ဖန်ကစားကာ ရုတ်တရက်ပြောမိသည်။
"ဟုတ်တယ်၊ ဒါကသူ့တိုက်ကွက်မဟုတ်ဘူး၊ သူ့တိုက်ကွက်မှာအမှားသေးသေးလေးတစ်ခုရှိတယ်။ ကိုယ်ပြင်လိုက်မယ်။ မင်းကတကယ်မျက်စိကောင်းတာပဲ။"
သူပြောရင်းဖြင့် ပြန်လည်မြင်ယောင်ကြည့်ကာ လက်ဟန်အမူအရာနှစ်ခုပြုလုပ်လိုက်ပြီးနောက် လှုပ်ရှားမှုတိုက်ကွက်နှစ်ခုကိုပြင်လိုက်သည်။
ရှုလင်ကျားပြောလိုက်မိသည်။
"ဒါကအချိန်တော်တော်ကြာပြီမလား။ ခင်ဗျားရဲ့မှတ်ဉာဏ်ကအရမ်းကောင်းတယ်နော်။"
ကျင်းဖေးထုန်မျက်လွှာချလိုက်မိပြီး သူ့မျက်နှာထားကပေါ့ပါးသွားကာ ပြောလိုက်မိသည်။
"အရမ်းလည်းမဟုတ်ပါဘူး။"
သူကားလုံးဝမမေ့သင့်သည့်လူတစ်ယောက်ကိုမေ့သွားခဲ့သည်မို့ သူဟာမိစ္ဆာတွေ၏အမဲလိုက်ခြင်းခံခဲ့ရကာ သူ့မှာကောင်းမွန်သောမှတ်ဉာဏ်ရှိသည်ဟု သူဘယ်လိုပြောဝံ့မည်နည်း။
သို့သော်လည်း ရှုလင်ကျားမှာခုနကလှုပ်ရှားမှုအကြောင်းတွေးနေပြီး ပြောလိုက်သည်။
"စတုတ္ထမြောက်တိုက်ကွက်ကလုံလောက်တယ်။ ခင်ဗျားသာဒုတိယလှုပ်ရှားမှုကနေနောက်ဆုံးတိုက်ကွက်အထိ မပြင်ဆင်လိုက်လို့ရှိရင် 'ခန်ရှင်းကွားသော်'တိုက်ကွက်တစ်ခုတည်းနဲ့ ခင်ဗျားသူ့ကိုတိုက်ရိုက်အနိုင်ယူလို့ရနိုင်တယ်။"
ဖန်တင်း၏နောက်ဆုံးရဲ့အရှေ့တိုက်ကွက်ကား "လျောင်ချန်းပိုင်ယွဲ့ရှီး"ဟုခေါ်ဆိုသည်။ ဓားဖျားမှာအောက်ဖက်သို့ဆင်းသွားကာ ကမ္ဘာကြီးကိုသုံး၍ ပတ်ဝန်းကျင်ရှိပုံရိပ်ယောင်ကိုနှိုးဆွပြီး တစ်ပြိုင်နက်တည်းတွင်တိုက်စစ်ဆင်တာက ခွန်အားကြီးမားသောတိုက်ကွက်ဖြစ်သည်။
သို့သော် အမှားကဓားတိုက်ကွက်အသုံးမပြုခင်တွင် နှလုံးသား၏အနောက်ဖက်တွင်အမှားတစ်ခုကျိန်းသေရှိလာလိမ့်မည်ပင်။ လင်ရှောင်းဂိုဏ်း၏"ခန်ရှင်းကွားသော်"ကား ရန်သူ၏အနောက်ကိုတိုက်ခိုက်ရန် အထူးဖန်တီးထားသည်။
ကျင်းဖေးထုန်ကဓားကိုသိမ်းကာခေါင်းငြိမ့်ပြလာသည်။
"အမှန်ပဲ၊ ဒါပေမဲ့မင်းအချက်နှစ်ချက်ကိုအာမခံလို့ရတယ်။ တစ်ချက်ကသူဒီတိုက်ကွက်ကိုကျိန်းသေပေါက်သုံးမှာပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"သူ့ရဲ့ပထမနဲ့ဒုတိယမြောက်တိုက်ကွက်က စွမ်းအားကြီးတဲ့သေစေနိုင်လောက်တဲ့တိုက်ကွက်ဖြစ်နေပြီးသား။ ဖန်တင်းကအကန့််အသတ်တစ်ခုကိုတွန်းပို့ခံရသရွေ့ သူဒါကိုကျိန်းသေသုံးလိမ့်မယ်။"
"ဒါဆို ဒါကဒုတိယအချက်ပေါ့။"
ကျင်းဖေးထုန်ကအပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"မင်းသူ့ကိုဒီလှည့်ကွက်နဲ့တွန်းအားပေးနိုင်တယ်လား။"
သူ၏မေးခွန်းကား ရှစ်ရှုန်းတစ်ယောက်၏ဆုံးမမှုနှင့်အတော်လေးဆင်တူပေမဲ့ သူ၏လေသံမှာညင်သာကာပြုံးနေကာ သူကတရားဟောချင်ပုံမပေါ်ပေ။
တချို့သောအကြောင်းကြောင်းကြောင့် ရှုလင်ကျားဤခံစားချက်ကိုသဘောမကျမိပေ၊ ဤကဲ့သို့မေးမြန်းခြင်းနှင့်ဆွေးနွေးမှုများမှာ သူတို့နှစ်ဦးကြားတွင်အလွန်ရင်းနှီးနေသည့်အလား ဝေဝေဝါးဝါးရင်းနှီးကျွမ်းဝင်မှုရှိပုံပေါ်သည်။
သူမျက်ခုံးပင့်ကာပြောလိုက်သည်။
"ခင်ဗျားဘာလို့မကြိုးစားကြည့်တာလဲ။"
အသံထွက်လာသည့်တစ်ချိန်တည်း၌ ဓားမှာဓားအိမ်ထဲကထွက်လာပြီးဖြစ်ကာ ရှုလင်ကျားရှေ့တိုးကာသူ့ကိုရန်စလိုက်ပြီး တိုက်ကွက်တစ်ခုနှင့်အတူသူ့ခေါင်းကိုအနောက်လှည့်ကာ ကျင်းဖေးထုန်၏မျက်နှာပေါ်ရွယ်လိုက်သည်။
ကျင်းဖေးထုန်ကသူ့ခြေဖဝါးကိုမြဲမြံစွာရပ်လျက်သားဖြင့် သူ့ခါးကိုအနောက်လန်ကာ တိုက်ကွက်ကိုရှောင်လွှဲလိုက်ပြီးနောက် ဖန်တင်း၏ဓားရေးတိုက်ကွက်ကိုသုံးကာ ရှုလင်ကျားနှင့်ပြန်တိုက်ခိုက်သည်။
ဤအချိန်တွင်၊ သူတို့နှစ်ဦးဟာသူတို့ကိုယ်သူတို့ဓားလှုပ်ရှားမှုတိုက်ကွက်နှင့် ရိုးစင်းစွာရင်းနှီးအောင်လုပ်နေကြသည်။ သူတို့ဓားထဲတွင်စိတ်ဝိညာဥ်စွမ်းအားမရှိပေ။ ယခင်ကကျိုးချင်းချန်ရှေ့မှောက်ရှိတိုက်ပွဲနှင့်ယှဥ်လျှင်၊ သူတို့ကပိုမိုသက်တောင့်သက်တာဖြစ်နေကြကာ အသေးစိတ်ပိုအာရုံစိုက်ဖို့ခွန်အားရှိနေသည်။
ချီဇုန်နှင့်ရှင်းဇုန်၌ မတူညီကွဲပြားသောစိတ်ကျင့်စဥ်များရှိသော်လည်း၊ ဓားကိုင်ပုံကိုင်နည်းတွင်ခြားနားချက်မရှိပေ။ သူတို့နှစ်ယောက်ဤနည်းလမ်းဖြင့်ဆွေးနွေးကြချိန်တွင် ရှုလင်ကျားလုပ်လိုက်သည့်လှုပ်ရှားမှုတိုက်ကွက်တိုင်းက အနည်းငယ်ဘက်လိုက်မှုရှိသည်ကို ကျင်းဖေးထုန်တွေ့ရှိသွားသည်။ ပထမအကြည့်တစ်ချက်၌၊ ၎င်းကလေ့ကျင့်ဖို့မလုံလောက်ပုံပေါ်သည်မို့ ၎င်းကထိပ်တန်းမဟုတ်ပေ။
သို့သော် ဟုတ်တာပေါ့၊ ရှုလင်ကျားကဓားကိုထိပ်တန်းမဖြစ်အောင်မလုပ်နိုင်ပေ။ ဤသည်ကား သူတို့အတွက်အခြေခံအကျဆုံးကွန်ဖူးသိုင်းဖြစ်၏။ သူတို့သည်ငယ်စဥ်ကတည်းက ၎င်းကိုအကြိမ်ထောင်ပေါင်း၊ ရာပေါင်းများစွာလေ့ကျင့်ခဲ့ကြရသည်။ တစ်ခုတည်းသောရှင်းပြချက်ကား သူကတမင်လုပ်နေသည်သာ။
သူအစကနည်းနည်းထူးဆန်းနေမိပြီး တိုက်ခိုက်ပြီးလျှင်မေးကြည့်ဖို့တွေးလိုက်ပေမဲ့ တိုက်ခိုက်နေရင်းဖြင့် ကျင်းဖေးထုန်ရုတ်ခြည်းနားလည်သွားရသည်။
---ရှုလင်ကျား၏စိတ်ဝိညာဥ်ချီသွေးကြောမှာ နေရာတော်တော်များများတွင်ပျက်စီးသွားခဲ့သည်မို့ အခြေတည်ဆောက်ပုံ၏အထောက်အပံ့မပါဘဲ ဓားကိုတိကျစွာသုံး၍ရမည်မဟုတ်။ ထို့ကြောင့် ဤတိုက်ပွဲအတွက်တစ်ခုတည်းသောနည်းလမ်းမှာ သူ၏အနေအထားနှင့်ကိုယ်နေဟန်ထားကိုညှိခြင်းသာလျှင်ဖြစ်သည်။
တည့်တိုးတိုက်ခိုက်သည့်လှုပ်ရှားမှုတိုက်ကွက်များစွာရှိပေမဲ့ ၎င်းတို့ကရှုလင်ကျားထံရောက်လာသော် ၎င်းတို့ဟာ လားရာပြောင်းလဲရန်၊ စိတ်ဝိညာဥ်စွမ်းအားမျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့မှုကိုရှောင်ရှားရန်နှင့် အစွမ်းအစကိုသုံးပြီးအနိုင်ရရန် ဓားကိုသာအသုံးပြုနိုင်သည်။
Advertisement
- In Serial20 Chapters
A Noble In The Wastelands
Linus is a son of a duke, the 4th to be exact, and he loves it. His days are spent at his leisure at the royal court in the winter months and growing specialty grapes to support his wine habit as well as less licit plants at their country home in the warmer months. Life is good until he finds out he's being sent to a frontier outpost. Now he'll have to utilize all his [Skills] and leverage his current and future [Classes] to survive and thrive in the wilds, far from civilization and its conveniences. Will be updating 1 chapter per week moving forward on Sundays.
8 204 - In Serial21 Chapters
I'm A Monster, A Harpy
One day Ariara woke up as a Harpy in a grass field... Sadly for her, this would mark the start of her adventure in this new world, a world filled with dangers and adventures ahead, but how would she survive in this world as a Harpy, a monster hunted by humans, the specie of this world. Nonetheless, she has weapons to fight back with, the small similarities humans and Harpies have, a cheat power she was granted and her gaming instincts.
8 249 - In Serial20 Chapters
Impostor
During delicate negotiations with the powerful Drezian Empire, the only human trusted by the Drezians, Ambassador Veronica Hunley, has died. Earth's diplomatic staff on Jin'Drezia, knowing how vital these negotiations are to Earth's survival, concocts a desperate scheme. The newest member of the staff, a young woman named Fiona Reinhardt, must impersonate Ambassador Hunley and complete the negotiations. The problem for her, and for Earth, is that she has no idea what she's doing.
8 134 - In Serial26 Chapters
There's method to this madness
A collection of a few pieces of poetry I've written that I don't mind if you see.A mix of different types of poetryThe base image is credited to Tema66 from pixabay. I did add all the lazy effects though
8 515 - In Serial44 Chapters
Wendy
"He left me all alone, now what am I supposed to do?""She wanted me to grow up, I wasn't sure I could."Did you think there story was finished, once Peter went back to Neverland? I don't think so, after all, how could they forget the love of their lives?
8 89 - In Serial21 Chapters
•Let me help you• (Lin Manuel Miranda)
About a month ago a young woman named sara started working at lin's local bodega across from his apartment. Since he's close with everyone in the neighborhood he's been trying to talk to her but she always seems timid and somewhat scared. Lin thinks it's strange but doesn't worry about it too much, but when he sees her in an aggresive confrontation with a man one evening that changes.
8 105