《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၆] ရှန့်ယင်လျို့ရှား|ရွန့္ယင္လ်ိဳ႕ရွား
Advertisement
!unicode!
.....
ဤသည်ကား သူတို့နှစ်ဦးပွေ့ဖက်သည့်ဒုတိယအကြိမ်ဖြစ်ကာ ၎င်းမှာ သူကိုယ်တိုင်လက်ဦးမှုရယူ၍ ရှုလင်ကျားကိုဖက်လိုက်သည့်ပထမဆုံးအကြိမ်ဖြစ်၏။
ရှုလင်ကျားသည်ကျင်းဖေးထုန်၏ပွေ့ဖက်ခြင်းခံလိုက်ရကာ တစ်ဖက်လူ၏ရင်ဘတ်ကားနွေးထွေးပြီး ကျယ်ပြန့်သည်ကိုခံစားလိုက်ရကာ သူ၏နှလုံးသားမှာအတွင်းပိုင်းတွင်လေးလံစွာခုန်ပေါက်လျက်ရှိပြီး အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။
ကျင်းဖေးထုန်၏ကိုယ်သင်းရနံ့မှာသူ့ပတ်ပတ်လည်တွင်တွယ်ငြိလျက်ရှိပြီး ညအချိန်တွင်လေညှင်းယူဆောင်လာသော ပန်းပွင့်ရနံ့နှင့်အနည်းဆင်တူကာ ရန်မျိုးစုံကင်းဝေပြီး စိတ်ပူပင်မှုကိုပပျောက်စေသည်။
ကံကောင်းမှုတန်ဖိုးမြင့်တက်မှုနှုန်းကားအလွန်အမင်းမြန်ဆန်စွာလျင်မြန်လာပုံမှာ သူ့ကိုသက်သာအောင်ကူညီဖို့မစောင့်နိုင်တော့သည့်နှယ် နွမ်းလျသွားသည့်ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ခပ်မြန်မြန်ပြည့်တင်းလာပေသည်။
ကျင်းဖေးထုန်ကသူ့ကိုရုတ်တရက်ဖက်လာလိမ့်မည်ဟု ရှုလင်ကျားမထင်ထားမိပေ။ သူ၏ပထမဆုံးတုံ့ပြန်မှုကားရုန်းထွက်ရန်ဖြစ်ပေမဲ့ သူ့အပေါ်မှီတွယ်နေရင်းဖြင့် သူ့တစ်ကိုယ်လုံးမှာပျင်းရိလေးလံလာကာ မလှုပ်ရှားချင်တော့သည်ကိုခံစားမိလိုက်သည်။
ဤဖက်တွယ်မှု၊ ဆန္ဒမရှိခြင်းနှင့်နာကျည်းချက်တို့အားလုံးမှာ နားလည်ကြသည့်အလား စိုးရိမ်ပူပင်မှုနှင့်မောပန်းမှုတို့မှာလျော့ပါးသွားချေသည်။
သူ၏တင်းမာနေသောအာရုံကြောများမှာဖြည်းညှင်းစွာပြေလျော့သွားပြီး ဤအခိုက်အတန့်ရှိအဖြစ်အပျက်ကိုမစုံစမ်းချင်တော့ဘဲ မျက်စိမှိတ်၍ ကျင်းဖေးထုန်၏ပုခုံးပေါ်မေးစေ့တင်လိုက်သည်။
ပတ်ပတ်လည်၌ နေရောင်ခြည်ကားနွေးထွေးကာ ပန်းပွင့်များမှာမွှေးပျံ့လျက်ရှိသည်။
ကျင်းဖေးထုန်ကသူ၏စိတ်အခြေအနေကိုနားလည်သွားပုံရကာ ရှုလင်ကျား၏ကျောပြင်ကိုခပ်ဖွဖွပုတ်၍ ပျော့ပြောင်းစွာဆိုလာသည်။
"စိတ်မပူနဲ့။"
ရှုလင်ကျားချောချောမွေ့မွေ့ပြောလိုက်သည်။
"ဖန်တင်းကိုပဲစိုးရိမ်ရမှာ။"
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့တွင်တည်ငြိမ်သောစိတ်သဘောထားနှင့် မာကျောသောပါးစပ်ပေါက်ရှိသည်။
ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာရယ်မောလိုက်မိပြီး ပြောလိုက်သည်။
"စိတ်ပူနေသင့်တာကဖန်တင်းပဲ။ ပြိုင်ပွဲအချိန်ရောက်တော့မှာဆိုတော့ ကိုယ်တို့ထိုင်ခုံဆီပြန်သွားရအောင်။ မင်းကောင်းကောင်းယှဥ်ပြိုင်ချင်လို့ရှိရင် ကိုယ်တို့ရဲ့ခွန်အားတွေကိုပြန်အားဖြည့်ရမယ်လေ။"
တိုက်ဆိုင်စွာဖြင့် ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့ပြန်လာသော် ယခင်ပြိုင်ပွဲများ၌အနိုင်ရသူများကိုဆုံးဖြတ်သွားပြီးဖြစ်ကာ ပြိုင်ပွဲကွင်းပြင်ထက်တွင်အခြားသူနှင့်ယှဥ်ပြိုင်နေသည့်ကျန်းရွေ့ကိုမြင်လိုက်ကြရသည်။
ကျန်းရွေ့၏ပြိုင်ဘက်ကား ကွေ့ရီဂိုဏ်းသားတစ်ယောက်ပင်။
ဤဂိုဏ်းသားကားလျိုချုန်းဟုအမည်ရပြီး ခုနကဂိုဏ်းနှစ်ဂိုဏ်းအငြင်းပွားချိန်တွင် သူလည်းပဲကြားထဲမှာရှိနေခဲ့သည်။
ဓားစမ်းသပ်ရေးညီလာခံတရားဝင်မစတင်ခင်၌၊ လင်ရှောင်းဂိုဏ်းနှင့်ကွေ့ရီဂိုဏ်းကြားရှိပဋိပက္ခ၏ကောလဟာလများမှာပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျန်းရွေ့၏ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်မှုမှာချက်ချင်းပေါ်ပေါက်သွားပြီး ၎င်းဟာလည်း ကျင့်ကြံရေးလောကတစ်ခွင်ကိုဖြတ်၍ ကျယ်ပြန့်စွာပျံ့နှံ့သွားခဲ့သည်။ သူ့နာမည်ကိုလူပေါင်းများစွာကြားခဲ့ကြသည်။
ထို့ကြောင့် လူတိုင်း၏အာရုံစိုက်မှုနှင့်ဆွေးနွေးသောအသံများကြားတွင်၊ ကျန်းရွေ့နှင့်လျိုချန်းမှာ ပြိုင်ပွဲကွင်းပြင်အလယ်ကိုလျှောက်လာပြီး သူတို့ဓားများကိုဆွဲထုတ်လိုက်ကြသည်။
ရှုလင်ကျားထိုင်ခုံမှာထိုင်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်ချိန်တွင် ကျယ်လောင်သောဓားငိုသံကိုကြားလိုက်ရသည်။ သူကြည့်ပင်မကြည့်လိုက်ပေမဲ့ တစ်ခုခုမှားနေသည်ဟုခံစားမိလိုက်သည်။
ရှုလင်ကျားမသိလိုက်မသိဘာသာဖြင့်သူ့လက်ထဲကလက်ဖက်ရည်ခွက်ကိုစားပွဲပေါ်တင်ကာ မသိမသာခါးကိုင်း၍ ပြိုင်ပွဲအခြေအနေကိုကြည့်လိုက်သည်။
တကယ်တော့ သူတောင်ထွတ်ဂိတ်ဝမှာရှိနေတုန်းက ကျန်းရွေ့ထဲရှိတစ်စုံတစ်ခုကအရင်ကနှင့်ကွဲပြားနေသည်ကို ရှုလင်ကျားခံစားမိခဲ့ပေမဲ့ ထိုအချိန်တုန်းကအခြေအနေမှာဗရုတ်သုတ်ခဖြစ်နေခဲ့ကာ ဓားရာအမှတ်အသားဆွဲသည့်လုပ်ငန်းစဥ်မှာလည်း သိပ်ကိုတိုတောင်းလှသည်မို့ သူသေချာမမြင်ခဲ့ရပေ။
အခုမှသာလျှင် ကျန်းရွေ့၏အရှိန်အဝါနှင့်သူ၏ဓားစွမ်းအင်က သူ့အားအလွန်ရင်းနှီးသည့်ခံစားချက်ပေးစွမ်းနေသည်ကို ရှုလင်ကျားသိရှိသွားသည်။
အတိတ်တွင် သူ၏ဓားငိုသံကားအနည်းငယ်ဝိုးတိုးဝါးတားဖြစ်နေခဲ့ပေမဲ့ ဤအချိန်၌မူ ၎င်းမှာရှင်းလင်းပီသလာကာပိုမိုစိတ်လှုပ်ရှားလာပြီး တိုက်ပွဲကွင်းပြင်ထဲတွင်တိုက်ခိုက်ရေးစိတ်ဝိညာဥ်ကို ရုတ်ခြည်းနှိုးဆွလာသည်။
ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ အသက်အောင့်ထားမိကြပြီး မျက်နှာသာရဖို့တိုက်ခိုက်ချင်သည်မို့ ဤပြိုင်ပွဲ၏အနိုင်အရှုံးကားအလွန်အရေးပါလှသည်။
လျိုချုန်းခေါင်းမော့ကာ မိုးကောင်းကင်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး ကျန်းရွေ့ကိုသြရှရှအသံဖြင့်ပြောလိုက်သည်။
"မိတ်ဆွေကျန်း၊ မင်းကနေလုံးနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတာကို ကျွန်တော်မြင်လိုက်ရတော့ မင်းမျက်လုံးစူးမှာကိုစိုးရိမ်မိတယ်။ မင်းနေရာပြောင်းချင်လား။"
သူကားဖြောင့်မတ်သောလူတစ်ယောက်ဖြစ်ကာ ကျန်းရွေ့ကလွန်ခဲ့သောနှစ်နှစ်ကမှစကျင့်ကြံသူဖြစ်ပြီး အဆုံးတွင်သူကလည်းဝါရင့်ဖြစ်နေသည်ပင်။
မမျှော်လင့်ထားစွာဖြင့် ကျန်းရွေ့ကားအလွန်မောက်မာလှပေသည်။ ဤသည်ကိုကြားလိုက်ရရာ သူကပြုံး၍ဆိုသည်။
"ကိစ္စမရှိပါဘူး၊ ကျွန်တော်ဘယ်နေရာမှာပဲရှိရှိကိစ္စမရှိပါဘူး။ ခင်ဗျားနဲ့ကျွန်တော်တိုက်ခိုက်တာကသိပ်ကြာမှာမှမဟုတ်တာ။"
လျိုချန်းဒေါသထွက်ထွက်ဖြင့်ရယ်လိုက်မိသည်။
"မောက်မာလိုက်တာ!"
ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်းမှာလှုပ်ရှားမှုပြုလုပ်လိုက်ကြ၏။
လျိုချန်းကားကျန်းရွေ့၏စကားလုံးများဖြင့်ရန်စခံလိုက်ရပြီး သူ့ဓားဖြင့်တည့်တည့်ထိုးကာ တည့်တိုးတိုက်ခိုက်လာသည်။
သို့သော်လည်း ကျန်းရွေ့ကတစ်မူထူးစွာဖြင့် ဓားကိုမဆန့်တန်းလာပေ။ ဓားဖျားကားတစ်ဖက်လူ၏ဓားသွားထက်တွင်အနည်းငယ်ဖြတ်သွားကာ သူက၎င်းကိုဘေးမှရှောင်လိုက်သည်။
ကွေ့ရီကျောင်းတော်ကားကျွန်းပေါ်တွင်တည်ရှိပြီး ၎င်း၏တပည့်ဂိုဏ်းသားများမှာ ကျင့်ကြံခြင်းအစကတည်းက ဒီရေထက်တွင်ဓားရေးလေ့ကျင့်ခဲ့ကြရသည်။ ဓားကားလှိုင်းလုံးများပမာ အထိန်းအကွပ်မဲ့သထက်မဲ့နေပေသည်။ ကျန်းရွေ့ဟာ ရေလှိုင်းလုံးများထဲတွင်တရွေ့ရွေ့လှော်ခတ်နေသည့် လှေတစ်စင်းပမာ၊ ဝါးမျိုခံလိုက်ရနိုင်သည့်အန္တရာယ်ရှိ၏။
ဤသည်ကိုမြင်လိုက်ရရင်း လျိုချုန်းမှာပို၍ပင်ရန်လိုလာကာ
တိုက်ခိုက်ရန်ရွယ်လာသည်။
ရှုလင်ကျားရင်ထဲတွင်တိတ်တခိုးပြောလိုက်မိသည်။
"မကောင်းတော့ဘူး။"
လျိုချန်းကအတန်းလိုက်တိုက်ကွက်လေးကွက်ထုတ်သုံးလာပြီး ပတ်ပတ်လည်ရှိချီစွမ်းအားမှာစက်ဝိုင်းအသွင်ဖြစ်တည်လာကာ တိုက်ပွဲဗဟိုထံဖြည်းဖြည်းချင်းစုစည်းလာပြီး ကျန်းရွေ့ကိုအလယ်တွင်ပိတ်ထားချင်သည့်ပုံပင်။
သူတို့အဓိကအလေးပေးသည့်အချက်မှာ "ထပ်လျက်ဖြစ်ခြင်း"နှင့်"ပြောင်းပြန်လှန်ခြင်း"တို့ဖြစ်ပြီး ဓားတစ်လက်စီကားခက်ထန်သောလှိုင်းလုံးပမာ လှိုင်းတစ်လုံးကမငြိမ်သက်သွားဘဲ နောက်လှိုင်းတစ်လှိုင်းကမြင့်တက်လာကာ တစ်နေရာတည်းတွင်ထပ်သွားပြီး ဘမ်းခနဲရိုက်ခတ်သွားချေသည်။ သဘာဝကျကျပင် စွမ်းအားမှာသီးခြားကွဲထွက်သွားသည်။
လျိုချုန်း၏ဓားရေးကားအလွန်တရာသိမ်မွေ့ပျော့ပြောင်းလှပြီး မည်သည့်ပြဿနာမျှမရှိပေမဲ့ ကျန်းရွေ့ကနောက်မဆုတ်သွားဘဲ သူ့လက်ထဲကဓားရှည်ကိုမြှောက်ကာ လေထဲကိုလွှဲခုတ်လိုက်သည်။
----ဤကျယ်ပြောသောပင်လယ်သမုဒ္ဓရာထဲတွင်ပုန်းကွယ်နေသည့်ပူစီဖောင်းသေးသေးလေးကို သူတကယ်ရှာတွေ့သွားသည်။
ကျန်းရွေ့ကလက်ဦးမှုရယူပြီး သူ့ဓားကိုသာသုံးလိုက်ပေမဲ့
ဤဓားကားအတိုင်းအဆမဲ့သည်။ ဓားအရှိန်အဝါမှာချက်ချင်းပြိုကွဲစပြုလာသည်မှာသိသာလှပေသည်။
လျိုချုန်းမှာဗရုတ်သုတ်ခဖြစ်သွားကာ ၎င်းကိုတောင့်ခံနိုင်ရုံသာရှိသေးပေမဲ့ ကျန်းရွေ့ကသူ၏ထိတ်လန့်မှုကိုအခွင့်ကောင်းယူ၍ သူ့ဓားဖြင့်ထိုးလိုက်ရာ သွေးများပန်းထွက်လာပြီး လျိုချန်း၏ညာဘက်လက်မောင်းမှာဓားဖြင့်အခုတ်ခံလိုက်ရကာ ဓားသွားကတော့ဖြင့်မြေပြင်ပေါ်ကျသွားသည်။
စင်စစ်ပင်၊ ကျန်းရွေ့ပြောခဲ့သည့်အတိုင်း သူတို့ပြိုင်ပွဲမှာအချိန်သိပ်မကြာခဲ့ပေ။
"အနိုင်ရသူ၊ ကျန်းရွေ့!"
သူတကယ်နိုင်သွားတယ်! အနိုင်ရဖို့အရမ်းလွယ်တာပဲ!
ပတ်ဝန်းကျင်ရှိကြည့်ရှုသူများမိန်းမောသွားကြရုံသာမက၊ လင်ရှောင်းချီဇုန်ဂိုဏ်းသားများပင်အံံ့သြမှင်သက်မိကြသည်။
သူတို့အထင်၊ ကျန်းရွေ့မှာသန်မာသော်လည်း ၎င်းမှာသူ၏မြင့်မားသောပါရမီစွမ်းရည်ကြောင့်သာဖြစ်ပြီး အခြားသောပညာရပ်များတွင်ဆိုးဝါးနေဆဲပင်။ ဂိုဏ်းချုပ်၏တပည့်လေးဦးတွင် သူကအောက်ဆုံးဖြစ်သည်။
သို့သော် ဤအချိန်တွင် သူကားရက်အနည်းငယ်အတွင်းမှာရုတ်တရက်နိုးထလာပုံပေါ်ကာ သူ၏လှုပ်ရှားမှုများကိုပြုလုပ်လိုက်ချိန်၌ သူ့မှာတကယ်ကြီးကိုရှုရှစ်ရှုန်း၏ဓားစွမ်းအင်ရှိနေပေသည်။
ဂိုဏ်းချုပ်ကဓားစမ်းသပ်ရေးညီလာခံမတိုင်ခင်မှာ သူ့ကိုအမိန့်ပေးခဲ့တာများဖြစ်နေမလား။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူ့ကိုဟယ်ဇီကျိုးသင်ပေးခဲ့တာမလျော့ပေမဲ့ သူကရှုလင်ကျားရိုက်တာခံရပြီးနောက်မှာ ဘယ်လိုဖြစ်လို့ရုတ်တရက်နိုးထလာခဲ့တာလဲ။
လျိုချုန်းကားနှစ်ပေါင်းများစွာထင်ရှားကျော်ကြားခဲ့သည်။ သူဖြုတ်ချခံလိုက်ရသည်ကိုမြင်လိုက်ရရာ လက်ရှိလူတိုင်းမှာထိတ်လန့်အံ့အားသင့်မိကြသည်။
ကွေ့ရီဂိုဏ်းကလူများဟာလည်း ဤအဖြစ်အပျက်ကိုကြည့်ကာ သူတို့မျက်နှာမှာအလွန်အရုပ်ဆိုးသွားကြသည်။
ချီကွမ်းယာမနေနိုင်ဘဲတိုးတိုးပြောမိသည်။
"ဒီကျန်းရွေ့...သူက လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကမှ စကျင့်ကြံခဲ့တာမဟုတ်ဘူးလား။ သူ့ရဲ့ဇစ်မြစ်ကဘာများလဲ။ သူ့ရဲ့ဓားရေးနဲ့အမူအကျင့်တွေက ရှုလင်ကျားနဲ့အရမ်းဆင်တူလွန်းတယ်။"
ကျန်းရွေ့နှင့်ရှုလင်ကျားသည် တစ်ဂိုဏ်းသားချင်းဖြစ်သော်လည်း ဂိုဏ်းချုပ်ကသင်ပေးရုံသာဖြစ်ကာ ကိုယ့်ဘာသာကိုယ်လေ့ကျင့်ရသည်ပင်။ ဂိုဏ်းသားတစ်ဦးချင်းစီ၌ နားလည်နိုင်စွမ်းရှိပြီးနောက်တွင် သူနှင့်အကောင်းဆုံးသင့်တော်သည့်တိုက်ခိုက်ရေးနည်းဗျူဟာများရှိလာလိမ့်မည်။
ထို့အပြင် ရှုလင်ကျားကားသာမန်ထက်ထူးခြားသောပါရမီစွမ်းရည်နှင့် ဉာဏ်အမျှော်အမြင်ရှိခြင်းတို့ဖြင့်မွေးဖွားလာခဲ့ပြီး သူ၏အစွမ်းအစများမှာမည်သူမဆိုတုပနိုင်သည့်အရာမဟုတ်ပေ။
လင်းယွဲ့ကဆိုသည်။
"မင်းမမြင်လိုက်ဘူးလား။ ကျန်းရွေ့ကိုအကဲခတ်ရသလောက်တော့ သူ့ရဲ့ဓားရှုရှိုက်သံကိုအာရုံခံနိုင်တဲ့စွမ်းရည်ကလည်း အရမ်းသန်မာတယ်။ သူတို့နှစ်ယောက်လုံးမှာထူးချွန်တဲ့ပါရမီစွမ်းရည်ရှိတာမို့ ဆင်တူနေတာဖြစ်မယ်။"
သူကထိုသို့ပြောရင်း ကူကယ်ရာမဲ့စွာသက်ပြင်းချမိသည်။
"ဟယ်ဇီကျိုးကတကယ့်အံ့ဖွယ်ပဲ၊ သူက နှစ်ရာပေါင်းများစွာမှာမတွေ့ရတဲ့ပါရမီစွမ်းရည်ကို တပည့်လက်ခံပြီးမကြာခင်မှာပဲ နှစ်ယောက်တောင်ရသွားတယ်လေ။ သနားစရာပဲ..."
ချီကွမ်းယာကပြောသည်။
"ရှုလင်ကျားကစွန့်ပစ်ခံလိုက်ရတယ်လို့ အစ်ကိုပြောခဲ့တယ်မလား၊ ကြည့်ရတာတော့ သူ့ကိုအစားထိုးဖို့ဖြစ်လောက်မယ်။"
လင်းယွဲ့ကပြုံး၍ သူပြောသည့်စကားကိုပေါ့ပါးစွာအဆုံးသတ်လိုက်သည်။
"ကံဆိုးချင်တော့ ဒေါင်းယောင်ဆောင်တဲ့ကျီးကဒေါင်းအစစ်မဟုတ်ဘူးလေ၊ အဆုံးမှာတော့ လူစားထိုးတွေကလည်းအတုအယောင်ပါပဲ။ ဆင်းလာခဲ့၊ ငါဒီဓားစမ်းသပ်ရေးညီလာခံမှာ အနိုင်ရကိုရရမယ်။"
သူကလင်ရှောင်းဂိုဏ်းကိုအမြဲမုန်းနေကြောင်း ချီကွမ်းယာသိသည်မို့ သူ့ကိုမစည်းရုံးတော့ပေ။
"ကျွန်တော်ကြားမိတာက ရှုလင်ကျားရဲ့ပြိုင်ဘက်က မေ့ရင်ဂိုဏ်းကဖန်တင်းဆိုပဲ၊ သူကတော်တော်လေးတော်တယ်။ ကံမကောင်းပေမဲ့ သူဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ကျွန်တော်လည်းသိချင်မိတယ်။ ကျွန်တော်တို့အလှည့်မရောက်သေးမှတော့ ဖြေးဖြေးပဲလုပ်ကြတာပေါ့။"
ဓားစမ်းသပ်ရေးညီလာခံ၏ပထမဆုံးအချိီ၊ ပထမအပိုင်း၌ လူနှစ်ဦးကြားရှိမဲမှတစ်ပါး၊ ကျင့်ကြံသူတစ်ဝက်မှာသုတ်သင်ခံလိုက်ရပြီးဖြစ်ကာ အနိုင်ရသူများကြားတွင် ကျန်းရွေ့၏လုပ်ဆောင်မှုကမျက်စိဖမ်းစားဖွယ်အကောင်းဆုံးပင်။
လွန်ခဲ့သောနှစ်များတွင် လင်ရှောင်းဂိုဏ်းကနှစ်ခြမ်းကွဲသွားပြီး ကွေ့ရီဂိုဏ်းကကျော်ကြားလာခဲ့သည်။ ကျော်ကြားလာသည့်အရှိန်ကားအလွန်သန်မာလှသည်။ ကျန်းရွေ့၏အနိုင်ရမှုက လင်ရှောင်းဂိုဏ်းအတွက်ဂုဏ်ကျက်သရေဆောင်ကျဥ်းလာရုံသာမက၊ နန်ဇီတောင်ထွတ်အောက်ရှိ ရှုလင်ကျားပေါ်လောင်းကြေးထပ်ခြင်းကလည်းမြင့်တက်လာပေသည်။
----ရှုလင်ကျားအပေါ်လောင်းကြေးမှာ ၈မှ၂မှ ၇မှ၃အဖြစ်မြင့်တက်သွားသည်။
လူအများစုမှာ မေ့ရင်ကျောင်းတော်ဖန်တင်း၏ကြီးမြတ်မှုကိုကြားဖူးကြသည်။ ရှုလင်ကျားအောင်မြင်ကျော်ကြားချိန်၌ သူ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ၊ သူ၏လက်ရှိအခြေအနေဆိုလျှင်ပြောမနေနှင့်တော့။ ထို့ကြောင့်လူအများစုကဖန်တင်းဘက်ကလောင်းကြကာ ရှုလင်ကျားနှင့်ပတ်သတ်၍ အကောင်းမမြင်ကြပေ။
Advertisement
သို့သော်လည်း လူအများအပြားမှာ မတိုင်ခင်ကချင်းချိုးတွင်ရှုလင်ကျားကကျန်းရွေ့ပုခုံးရိုးကိုချိုးပစ်လိုက်သည့်မြင်ကွင်းကိုမြင်ထားကြသည်။ ရိုက်ချက်တစ်ချက်တည်းမျှဖြင့် ကျန်းရွေ့မှာရှက်ဖွယ်အခြေအနေသို့ရောက်သွားခဲ့သည်။ တစ်ဖက်လူကပထမအပိုင်းမှာလှုပ်ရှားမှုပြုလုပ်သည်ကိုမမြင်ရခင်အထိ၊ သူတို့ဂရုမစိုက်ခဲ့မိပေ။ ဤလူဟာလည်းအံ့အားသင့်ဖွယ်ကောင်းကြောင်းသူသိသည်။
ဤအချက်ကြောင့် လူတချို့ကရှုလင်ကျားဘက်မှာအပြေးအလွှားသွားလောင်းကြသည်။
ရှုလင်ကျား၏လုပ်ဆောင်ချက်မှာအနည်းငယ်နောက်ကျသွားသည်။ နေလုံး၏နေဝင်ဆည်းဆာအလင်းရောင်က နှင်းပွင့်များကိုခပ်ဖျော့ဖျော့လိမ္မော်ဝါနုအရောင်အဖြစ်ပြောင်းလဲလိုက်ပြီး သူကားလူတိုင်း၏အာရုံစိုက်မှုအောက်၌ ပြိုင်ပွဲကွင်းပြင်ထဲဝင်ရောက်လာသည်။
ဓားစမ်းသပ်ရေးညီလာခံတွင် လာရောက်ပါဝင်ယှဥ်ပြိုင်နိုင်သောသူတို့မှာ စမ်းသပ်စစ်ဆေးမှုများစွာပြီးနောက်မှသာ ရွေးချယ်ခံခဲ့ရသည်မို့ ပင်ကိုယ်အားဖြင့် သူတို့ဟာကွန်ဖူးသိုင်းတွင်မဆိုးဝါးကြပေမဲ့ ပြိုင်ပွဲများစွာအပြီးတွင် သူတို့အများစုမှာအားရကျေနပ်စရာရှိသကဲ့သို့ စိတ်ပျက်ဖို့လည်းကောင်းသည်။
လူအများစုကထိုင်ခုံမှထထွက်သွားကြသည်။ ရှုလင်ကျားပြိုင်တော့မည်ဟုသူတို့ကြားလိုက်ရသော် သူတို့တက်ကြွလန်းဆန်းသွားကာ ထိုင်ခုံထံအမြန်ပြန်ရောက်လာကြသည်။ ကွင်းပြင်ပေါ်တွင်လူပိုများသည်။
ရှုလင်ကျားနှင့်ဖန်တင်းသည်တစ်ယောက်ထံတစ်ယောက်လျှောက်လာကြပြီး စင်မြင့်ပေါ်၌ဆန့်ကျင်ဘက်ရပ်လိုက်ကြ၏။ ရှုလင်ကျားမှာအစကအရပ်ရှည်ပေမဲ့ ဖန်တင်းကားအလွန်ထွားကြိုင်းကာ သူ့ထက်ခေါင်းတစ်ဝက်ပိုရှည်သည်။
ဤအချိန်တွင်ပင်၊ လူတိုင်း၏ရည်ရွယ်ချက်မှာအပြန်အလှန်စူးစမ်းလေ့လာရန်ဖြစ်ပြီး သူတို့မှာ ရှုလင်ကျား၏ချောမောသောရုပ်ရည်သွင်ပြင်ကြောင့် သက်ပြင်းချမိကြသည်။
ဓားအလင်းတန်းထဲတွင်မတ်တပ်ရပ်နေရင်း သူကားဓားအိမ်မှထွက်လာသောဓားတစ်လက်ပမာ ရှင်းသန့်သောမျက်ခုံးများရှိပေမဲ့ သူ၏မျက်နှာအစိတ်အပိုင်းတို့၏အလှတရားကြောင့် သူ့မျက်လုံးတစ်စုံမှာပင်ကိုယ်အားဖြင့်ချစ်ခင်စုံမက်ဖွယ်ကောင်းကာ အေးစက်လှသည်၊ ၎င်းကသူ၏ရုပ်ရည်ကိုအားဖြည့်ပေးလျက်ရှိသည်။ ယင်းကားအေးစက်စက်ကျောက်စိမ်းငွေ့ကဲ့သို့ လှပကာကြီးမြတ်လှပေသည်။
သူ၏ဓားရေးမည်မျှကောင်းမွန်သည်ကိုမပြောနှင့်၊ လူတို့မှာထိုမျက်နှာကိုကြည့်ရုံနှင့်တင် စိတ်အပန်းဖြေကာပျော်ရွှင်ဖို့လုံလောက်သည်မို့ သူတို့မှာသူ့ကိုမသိလိုက်မသိဘာသာဖြင့်စိုက်ကြည့်မိကြသည်။
မေ့ရင်ဂိုဏ်း၏အကြီးအကဲများမှာ မျက်နှာအုပ်ထားသောပုဝါများဖြင့် လှပသောအမျိုးသမီးများဖြစ်ကြသည်။ သူတို့၏ဂုဏ်ယူရသောဂိုဏ်းသားကယှဥ်ပြိုင်ဖို့စင်မြင့်ပေါ်တက်လာသည်။ ဤအမျိုးသမီးများမှာစိတ်ပူနေပုံမပေါ်ပေမဲ့ သူတို့ကရယ်မောကာဖြင့်ရှုလင်ကျားကိုလက်ညှိုးထိုးလိုက်ကြသည်။
"ဖန်တင်းကမဲနှိုက်တာအရမ်းတော်တာပဲ၊ ဘယ်သူမဆိုသူနဲ့တိုက်ခိုက်လို့ရရင် ငါလည်းတိုက်ခိုက်ချင်တယ်။"
"သူကဒဏ်ရာအပြင်းအထန်ရထားတာ၊ အခုထိပြန်မကောင်းဘူးလေ။"
"သူ့ကိုကြည့်ပါအုံး၊ မျက်နှာလေးပဲကျန်ခဲ့ရင်တောင် လူတွေကိုပျော်ရွှင်အောင်လုပ်နိုင်တယ်။"
"ဒီခါး၊ ဒီခြေထောက်၊ ဒီလည်တိုင်၊ ဒီညှပ်ရိုး၊ ငါတကယ်သဘောကျမိတယ်ဟယ်။"
"ဖန်တင်း ဖန်တင်း၊ မင်းဦးလေးပြောတာကိုနားမထောင်ရင် မင်းရှုံးလိမ့်မယ်နော်! မိန်းမလှလေးတွေကိုမရိုက်တာကငါ့ထုံးစံပဲ!"
ရှုလင်ကျားနှင့်ဖန်တင်းတို့နှစ်ဦးစလုံးမှာ သူတို့စကားများကိုနားထောင်နေကြပြီး သူတို့နှစ်ဦးမှာရှားရှားပါးပါး ထိုသို့တူညီစွာတွေးမိကြပြီး စားပွဲ၏အခြားတစ်ဖက်ထံတစ်ပြိုင်နက်တည်းခြေလှမ်းအနည်းငယ်လှမ်းကာ ထိုအမျိုးသမီးတို့နှင့်ဝေးဝေးနေလိုက်ကြသည်။
ဖန်တင်းကဆိုသည်။
"ရှုသခင်လေး၊ သူတို့ရဲ့ပေါက်ကရစကားတွေကိုနားမထောင်ပါနဲ့၊ ကျွန်တော်မင်းရှေ့မှာရုပ်ဆိုးတဲ့စကားလုံးကိုပြောနိုင်ပေမဲ့ ပြိုင်ပွဲကွင်းပြင်ပေါ်မှာ ကျွန်တော်မင်းကိုအလျှော့ပေးမှာမဟုတ်ဘူး။ မင်းဒဏ်ရာရထားတာပဲဖြစ်ဖြစ် ပြိုင်နေတုန်းရယ်ချင်လာတာပဲဖြစ်ဖြစ် ကျွန်တော်မင်းကိုကူညီမှာမဟုတ်ဘူး။"
ရှုလင်ကျား: "...."
ဘယ်သူကပြိုင်နေတုန်းရယ်ချင်မှာတဲ့လဲ၊ ရူးနေလို့လား။
သူပြောလိုက်သည်။ "ကောင်းပါပြီ။"
တိုတောင်းသောစကားဝိုင်းအပြီး၌၊ ပြိုင်ပွဲတရားဝင်စတင်ကာ နှစ်ဦးသားမှာအချင်းချင်းဦးညွှတ်လိုက်ကြသည်။
ထို့နောက် ရှုလင်ကျားကဖန်တင်းကိုစိုက်ကြည့်ကာ ဓားရိုးကိုလက်တစ်ဖက်တည်းဖြင့်ထိလိုက်ပေမဲ့ ရပ်မြဲရပ်နေဆဲပင်။
ဖန်တင်းကသူ့ကိုယဥ်ကျေးမနေဘဲ သူ့လက်ကိုဆွဲထုတ်လိုက်ရာ ဓားရှည်မှာဓားအသံနှင့်အတူ ဓားအိမ်ထဲကထွက်လာသည်။
သူ၏ဓားငိုသံမှာလေကိုဖြိုခွင်းသွားကာ လူတိုင်း၏နှလုံးသားမှာမဆိုစလောက်တုန်ယင်သွားရသည်။
ဤအသံကားသာမန်ဓားငိုရှိုက်သံနှင့်ကွဲပြားနေသည်မှာ ဓား၏အေးစက်ကာလူသတ်လိုသည့်အရှိန်အဝါမှာ ကြိုးမျှင်တို့ကိုတီးခတ်လျက် နူးညံ့စွာတိုးတိုးဆိုနေသည့်ကုချင်းပမာ နှေးဖင့်မှုအနည်းငယ်ကိုဆောင်ကျဥ်းလာပြီး အသံကမြေပြင်ကိုဆုတ်ဖြဲကာ လှပသောမြင်ကွင်းနှင့်ကြွယ်ဝသာအတွေးတို့ကိုတမဟုတ်ချင်းဖြစ်ပေါ်လာစေသည်။
ရှုလင်ကျားဟာလည်း တစ်ဖက်လူ၏ရေခဲတမျှအေးစက်သောဓားသွားကား သူ့ရင်ထဲကပေါ့ပါးသောတိုက်ကွက်နှင့်ပြုလုပ်ထားပုံပေါ်သည်ဟု ခံစားမိပုံရသည်။
ဤသည်ကားဖန်တင်း၏စိန်ခေါ်မှုပင်။
သူသည်ထိုအခြင်းအရာကြောင့်ဗရမ်းဗတာမဖြစ်သွားသည့်တိုင်၊ တစ်ဖက်လူကဓားဆွဲထုတ်ရုံနှင့်တင် ဤကဲ့သို့အကျိုးသက်ရောက်မှုကိုအောင်မြင်သွားခဲ့ပြီဖြစ်၏။ ဤလူ၏မေ့ရင်ဓားကျင့်စဥ်ကား စင်စစ်ပင်အဆင့်တချို့ထိရောက်နေပြီဆိုသည်ကိုမြင်နိုင်ပေသည်။
ချက်ချင်းအလျှင်းပင်၊ ဓားကားအရှေ့ကိုထိုးစိုက်လာကာ ဖန်တင်းကပထမဆုံးတိုက်ခိုက်မှုကိုတည့်တိုးချပြလာသည်။
သူလှုပ်ရှားမှုပြုလုပ်လိုက်သော် အောက်ဘက်မှဟိန်းသံတစ်သံထွက်လာသည်မို့ လူများစွာရယ်မောမိကြသည်။
သူတို့၏မေ့ရင်ကျောင်းတော်ပုံစံမှာ အမြဲတစေပင်ဓားကသီချင်းကဲ့သို့အသံထွက်ပြီး ဓားကားအကပမာကခုန်လျက်ရှိသည်။ တစ်ချိန်တည်း၌ ထိုလှုပ်ရှားမှုတိုက်ကွက်များမှာအမျိုးသမီးများဖန်တီးထားသည်မို့ သူတို့တွင်တစ်မျိုးတစ်ဖုံညှို့အားပြင်းပြီး နူးညံ့ပျော့ပြောင်းသောစိတ်သဘောထားရှိနေသည်မှာမလွဲဧကန်ဖြစ်သည်။
ဖန်တင်းအခုသုံးလာသည့်တိုက်ကွက်မှာ ကျင်းဖေးထုန်လုပ်ပြခဲ့သည်နှင့်တကယ့်ကိုဆင်တူပေမဲ့ ၎င်းကပို၍ချဲ့ကားထားပေသည်။
သို့သော် ကျင်းဖေးထုန်ကားကျက်သရေရှိကာ ချောမောခန့်ညားပေမဲ့ သူကတော့ဖြင့်အရပ်ရှည်ကာထွားကြိုင်းသည်မို့ သူ၏လက်ကြမ်းကြီးများကိုမြှောက်၍ ချိုမြိန်စွာပြုံးပြလာပြီး သူ့ခါးကိုရမ်းလျက် သူ့ခန္ဓာကိုယ်ကိုဓားကိုင်ကာတွန့်လိမ်လိုက်ပုံမှာ လူတို့ကိုကြက်သီးတဖျန်းဖျန်းထသွားစေသည်။
ရှောင်းနဥ်အာသည်ရှုလင်ကျားစင်မြင့်ပေါ်မတက်လာခင်တွင် နေရာယူထားပြီးဖြစ်ကာ ယခုမူစင်မြင့်ပေါ်မြင်ရအောင်ခြေဖျားထောက်ကြည့်နေရပြီး သူမလည်ပင်းပိုရှည်လာပါစေဟုဆုတောင်းမိကာ စိတ်ပူနေမိချေသည်။
"ဒါကဘယ်လိုဗျူဟာကြီးလဲ၊ ဖန်တင်းကရှုရှစ်ရှုန်းကိုသေလောက်အောင်ကြောက်သွားစေပြီးတော့ မတိုက်ခိုက်ဘဲအနိုင်လိုချင်နေတာလား။"
ရှုလင်ကျားဘာမှမဆိုဘဲ ဖန်တင်း၏ဓားရေးနောက်လိုက်၍ မီတာအနည်းငယ်နောက်ဆုတ်လိုက်ပြီးနောက် ဘေးကိုရှောင်လိုက်သည်။
ဖန်တင်း၏ဓားကလေထဲတွင်ကျသွားပေမဲ့ သူကတုံ့ဆိုင်းမနေဘဲ အနောက်လှည့်ကာဓားကိုပြန်ယူလိုက်သည်။ ဓားအသံကားလူတို့၏အတိတ်ဆက်နွယ်မှုပမာ။
ရှုလင်ကျားကိုစိုးရိမ်နေကြသည့်လူနည်းစုမှတစ်ပါး၊ ဘေးကကြည့်ရှုနေကြသည့်လူအများ၏မျက်နှာထက်တွင် အပြုံးများရှိနေကြကာ စိတ်ဝင်စားမှုကြီးကြီးမားမားဖြင့်ကြည့်နေကြသည်။
ဤကဲ့သို့သောစိတ်ဝင်စားဖွယ်တိုက်ပွဲများမှာမြင်ရခဲလှပြီး သီချင်းနှင့်အကလည်းပါရှိကာ တိုက်စစ်နှင့်ခံစစ်တစ်လှည့်စီရှိနေပြီး ယင်းကားအလွန်ကျောချမ်းဖွယ်ကောင်းကာ ပြင်းထန်ရုံတင်သာမက၊ လူတိုင်းကိုလည်း လှပသောအမျိုးသားတစ်ယောက်ကိုမျက်စိအစာကျွေးရသည့်ပျော်ရွှင်မြူးထူးမှုတစ်မျိုးပေးစွမ်းလျက်ရှိသည်။
ပြီးတော့ ရှုလင်ကျားကလှုပ်ရှားမှုတစ်ကွက်မျှမထုတ်သေးပေ။
သူတို့အကုန်လုံးစူးစိုက်ကြည့်မိကြသည်။ ဒီအရင်ကမောက်မာတဲ့အမျိုးသားက ကောလဟာလတွေထဲကလိုမျိုးလုံးဝအသုံးမဝင်တော့တာများလား၊ သူကပြန်တောင်မတိုက်ခိုက်နိုင်တော့ဘူးလား။
ဖန်တင်း၏ပုံရိပ်ကနီးသထက်နီးကပ်လာသည်ကိုမြင်လိုက်ရရင်း သူကရှုလင်ကျား၏ရင်ဘတ်နားထိရောက်လာကာ ရှုလင်ကျားနောက်ဆုံးတွင်လှုပ်ရှားလိုက်သည်!
ကြည်လင်သောအသံကရုတ်တရက်စတင်လာပြီး လိုက်ဖက်ညီသောအသံကိုနှောင့်ယှက်ကာ ဝေမုန့်ဓားဖျားကရုတ်ခြည်းမြောက်တက်လာပြီး ထို့နောက်ချက်ချင်းအနောက်လှည့်၍ ပြန်တွန်းထုတ်လိုက်သည်!
သူကားလင်ရှောင်းဂိုဏ်း၏ဓားသိုင်းထဲရှိ "လန်ချိုးကျိကျန်းလင်ပေါ်ချူ"ကိုသုံးသွားကာ ပေါ့ပါးစွာဖြင့်လှပတင့်တယ်စွာလွတ်မြောက်သွားသည်။
သို့သော် ဤတစ်ခေါက်တွင်ဖန်တင်းကအရှေ့မှရောက်လာပြီး ရှုလင်ကျား၏လှုပ်ရှားမှုတိုက်ကွက်ကယေဘုယျအားဖြင့် အနောက်ကတိုက်ခိုက်လာသည့်ရန်သူကိုရှင်းပစ်ရာတွင်သုံးသည်ဖြစ်ရာ သူဘာကြောင့်ဒါကိုသုံးလိုက်တာလဲ။
သို့ပေမဲ့ ရှုလင်ကျား၏ဓားကလေထဲတွင်ထိုးစိုက်သွားပုံပေါ်ပေမဲ့ ကျယ်လောင်ကာထိတ်လန့်ဖွယ်အသံတစ်သံပဲ့တင်ထွက်လာသည်။ ဖန်တင်း၏ပုံရိပ်ကား"ဘမ်း"ခနဲအသံထဲတွင်ပျောက်သွားပြီး သူကသူ၏ခန္ဓာကိုယ်ကိုရှုလင်ကျားနောက်တွင်ဖော်ပြလာသည်။
သူတို့နားထဲကိုဖြတ်သွားသောမိုးကြိုးပစ်သံကိုသာလျှင် လူတိုင်းကြားလိုက်ကြရပြီး သူတို့စိတ်ထဲကအရှုပ်အထွေးကြောင့် သူတို့ရုတ်တရက်ထိတ်လန့်သွားကြသည်။ သူတို့ပင်မသိလိုက်ဘဲ ပုံရိပ်ယောင်ထဲကျရောက်သွားပုံရသည်!
ဖန်တင်းစတိုက်ခိုက်သည့်အချိန်မှစ၍၊ လှုပ်ရှားမှုတိုင်း ဓားအသံတိုင်းကိုသုံးကာ အခြားသူတို့၏အာရုံကိုဆွဲဆောင်ရန်အကောင်းဆုံးကြိုးစားခဲ့ပြီး သူတို့၏စိတ်ခံစားချက်များကိုနှိုးဆွလိုက်သည်။ အကယ်၍ သင်သာသူ့အပေါ်မှာမသိလိုက်မသိဘာသာအာရုံစိုက်မိလို့ရှိရင် သင့်စိတ်မှာသူထိန်းချုပ်တာတဖြည်းဖြည်းချင်းခံလိုက်ရလိမ့်မည်။
သင်ဟာသူမြင်စေချင်တာကိုသာမြင်နိုင်ပြီး သူကြားစေချင်တာကိုသာကြားနိုင်သည်။
ပတ်ပတ်လည်ရှိကျင့်ကြံသူများမှာဤသည်ကိုမြင်လိုက်ရသော် သူတို့မျက်နှာပေါ်ရှိအပြုံးများမှာဖြည်းဖြည်းချင်းပျက်ပြယ်သွားချေသည်။
----ကြည့်ရသည်မှာ ဖန်တင်းကပြိုင်ပွဲအစကတည်းက ပုံရိပ်ယောင်ဖန်တီးပြီးသားဖြစ်ပုံရသည်။ ဤအခိုက်အတန့်၌ သူဟာရှုလင်ကျားဓားဖြင့်ထိုးခြင်းခံလိုက်ရသည်။
လူအများစုမှာမနေနိုင်ဘဲတွေးမိသည်: ဒီကနေ့အဲ့ဒီ့ဖြစ်ရပ်ထဲကလူကငါသာဆိုရင် ငါရှာတွေ့နိုင်ပါ့မလား။
ပြိုင်ပွဲစပြီးမကြာမီတွင် နှစ်ဖက်စလုံးမှာစမ်းသပ်နေကြသည်။ ရှုလင်ကျားကလှုပ်ရှားမှုပြုလုပ်ရာတွင်နှေးကွေးသည်။ သူကဖန်တင်း၏လမ်းကြောင်းကိုမှန်းဆပြီး ဖန်တင်းဟာလည်း ရှုလင်ကျားဤပုံရိပ်ယောင်ကိုမည်မျှတောင့်ခံနိုင်လဲဆိုသည်ကိုကြည့်နေသည်။
သူကမျက်စိတစ်မှိတ်အတွင်း၌ခန္ဓာကိုယ်အစစ်အမှန်ကိုဖောက်မြင်ခံလိုက်ရပေရာ သူ့မျက်နှာအရောင်မသိမသာပြောင်းလဲသွားပြီး ဓားဖျားမှာရှုလင်ကျားနှင့်ထိခတ်သွားကာ ဓားချင်းရိုက်ခတ်ပြီးနောက်အလင်းမှုန်ပေါက်ထွက်လာပြီး နှစ်ဦးသားတစ်ပြိုင်တည်းနောက်ဆုတ်သွားကြသည်။
ဖန်တင်းကခြေနှစ်လှမ်းဆုတ်သွားပေမဲ့ ရှုလင်ကျားမှာလိမ့်သွားကာ စားပွဲခုံအစွန်းပေါ်ရောက်လုမတတ်ဖြစ်သွားသည်။
---ဖန်တင်း၏စိတ်ဝိညာဥ်စွမ်းအားကား စင်စစ်ကိုအားကောင်းလှသည်။
ပထမဆုံးတိုက်ခိုက်မှုတွင် ရှုလင်ကျားကဖန်တင်း၏မပြီးမြောက်သေးသည့်ပုံရိပ်ယောင်အလင်းတန်းကိုဖြတ်မြင်လိုက်ပေမဲ့ ဖန်တင်း၏စိတ်ဝိညာဥ်စွမ်းအားမှာ သိသိသာသာကိုသူ့ထက်သာသည်မို့ နှစ်ဦးသားအချိန်အတော်ကြာတိုက်ခိုက်နေခဲ့ရသည်။
ထိပ်ဆုံးတွင် အကြီးအကဲများအားလုံးမှာခပ်မြင့်မြင့်ထိုင်နေကြပြီး ကုယင်ကလျန်ချန်းဟွာကိုမေးလိုက်သည်။
"မင်းဘယ်လိုထင်လဲ။"
လျန်ချန်းဟွာကတစ်ခဏမျှတွေးကာဆိုသည်။
"သူကပုံရိပ်ယောင်ကိုအရမ်းမြန်မြန်ကြီးဖောက်မြင်နိုင်တာသိပ်ကောင်းတယ်၊ ဒါပေမဲ့ဖန်တင်းလိုချင်တာက ပုံရိပ်ယောင်တစ်ခုလုံးအခြေကျသွားမှာကိုပဲ။ တကယ်လို့ ရှုလင်ကျားရဲ့စိတ်ဝိညာဥ်စွမ်းအားမထိန်းထားနိုင်လို့ရှိရင် သူဖောက်မြင်နိုင်ရင်တောင်မှ သူတောင့်မခံနိုင်မှာစိုးတယ်။ ဆက်ကြည့်ကြတာပေါ့။"
ကုယင်ကပြောသည်။
"ကံဆိုးစွာနဲ့ပဲ ကျုပ်လင်ရှောင်းဂိုဏ်းကိုတကယ်မြင်ချင်မိတယ်။ သူ့ရဲ့ဓားရေးကိုသူ့ခွန်အားအကုန်လုံးနဲ့သုံးလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ။"
Advertisement
- In Serial32 Chapters
Cambion
A boy is born through sacrilege.A priest for a father.A succubus for a mother.The devil wanted a son, and, using his evil trickery, was able to obtain one while simultaneously spitting in God's face.Follow the path of a teen once loved by everyone who is now hated. What makes him so different isn't just the horns that sprout from his head, but the powers the devil has bestowed upon him.Will he use them to slaughter the followers of God? Those who so easily turned their backs on him? Will he accept his heir to the dark throne?Or, will he use his powers to fight his serpent of a father and all his minions?**I release a brand new chapter weekly!*****This is a Dark Fantasy revolving around traditional religion. No ideas expressed in this book reflect the author's views or beliefs.*******Read more from Stevie Collier at www.StevieCollier.com ****
8 189 - In Serial7 Chapters
The Storyteller: Fires in the Sky
[First story complete. Put on hiatus until the next story in this series starts going up.] Come children, gather round the fire and listen to stories of when the earth was young. Of when mankind stood high above all of creation, and proudly ruled the land, sea, and sky. Of times before the storms and the hunters. Who knows, maybe you'll learn something from the past that will help guide your future. Now grab a warm drink and listen on a cold night to how the heavens themselves came to be. The first in a series of short stories about ancient mythology set in a post-apocalyptic world that's just trying to make sense of natural phenomenon and how mankind fell from grace. Our first tale is about two siblings, the Sun and the Moon, and how rivalry, jealousy, neglect, and fear led them straight to the jaws of death.
8 224 - In Serial11 Chapters
The Head That Wears The Crown
It's a tale as old as time. Boy goes to funeral. Boy gets sucked into a different world. Boy has to lead a settlement. Boy has to lead a settlement? Boy has to lead a settlement. This is a story about that settlement, and some other stuff. Maybe. Disclaimer: Not sure if it qualifies enough for a gore tag. There is a description of someone's death somewhere in this, but I don't think it is descriptive enough to justify a gore tag. Disclaimer part deux: I initially started writing this as background for another story but got so into it I just ended fleshing it out a bit. Disclaimer part tres: People love reading disclaimers don't they? It's why I've included so many. They're just for you. Disclaimer part four: I know, this is getting egregious. You're starting to find it less funny. Just wait till the twentieth disclaimer, it will start being funny again. Disclaimer part five: I'm kidding, this is the last one. I don't promise I'll read every comment or message, but I certainly welcome your feedback. Disclaimer part six: I lied, it wasn't the last one. I wrote this story without breaking it down into chapters. It just goes, that means that the chapter ends when it ends, not when there is a convenient break in the story. That means that it's very annoying for you as a reader since chapters can end mid sentence. Hah! Sucker! Disclaimer part seven: Get ready for slow updates. Who knows when this will continue. Toss it on read later and come back in fifty years. Disclaimer part eight: Cover Photo by Arthur Ogleznev on Unsplash
8 160 - In Serial59 Chapters
Defy the Legends
"The hand of Fate works in ways inconceivable to those uneducated in her divine method. No trial reaches an end until she sings of it's conclusion... and she's very shy." ~??? Defy The Legends follows a group of forgotten heroes dubbed the "Defiant," each of nine being the reincarnations of legendary warriors embodying the virtues of humanity, who defended the world of Takera from the denizens of the Void thousands of years past. Through cryptic and oftentimes dire means, each coming of these heroes are slowly but surely drawn to each other by an age-old bond, bringing them together when the world is on the brink of annihilation: this cataclysm known as the Great Schism. However, they now remain scattered throughout the world, following a horrific event that ultimately left all but one with a curse to nullify their bond, ensuring that they'd never reunite to prevent the Schism's next arrival. One of those possibly stricken with this curse is named Kyoya Miskrit, the miscreant unknowingly pursuing a path with no way back -- and with a new threat arising from deep within the Demons' Void, he's forced to trust someone believing themselves to be a long-lost ally and assist them in gathering the Defiant once again, in hopes of silencing the whispers of darkness that have begun creeping back from the depths... ...Only this time, for good. _________________________________________________________________________ ***As of Feb. 1st, 2021, the version of this fiction found on Wattpadd is officially synced with the version showcased here. Thank you for your patience!
8 435 - In Serial13 Chapters
The Trick Tower Tourist
Mica Walters is a Video Game Reviewer who receives an open beta invite to a Virtual MMO called The Trick Tower. Mica picks the one class that none of the other Beta’s have even touched called: [Tourist] who’s main quest line isn’t slaying dragons or killing trolls: it’s taking pictures for a photo compendium. Armed with a camera and a cartoon-y beach body shirt, Mica is off to the races to explore The Trick Tower and document as much as she can. ->| About the Writer: I'm Chelsea and this is my first venture into LitRPG/Progression Fantasy genre! Please pardon any typos I make (feel free to tell me about them so I can edit back if I miss one!) I'm a Stay At Home Mom to a rambunctious toddler who takes up most of my time and subsequent brain power so I might make a few mistakes. About the Story: Trick Tower is NOT going to be math heavy and will focus more on the adventure side of things rather than the grind. Made for fans of: Nethack, King's Quest, Pokemon, and Skyrim Upload Schedule: Tuesdays and Thursdays! About the Warnings: There will be light swearing/cursing and artful euphemisms and references. The Trick Tower Tourist is powered by puns and alliteration so be prepared for groans.
8.18 179 - In Serial22 Chapters
Perfect Blood
In a world where ones' bloodlines decides one's fate. A cruel world that people with powerful blood lines are fated to rise to the top. While ones do not is stucked in a life full of pain, descrimination and miseries. Erhart Rain, a 18 years old teenager boy that is supposbly killed by poisionous gas during a lab experiment is given another chance to recarnate into this world along with three other 18 year olds charged with the role to change this unknown world. But instead of being recarnarted into a body with [Perfect Blood], a powerful mixed bloodlines of Dragons, Demons and Divine Warriors like the other three. Erhart is simply given the blood of a normal human. "How am i going to change this world like this? "
8 187

