《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၇] သက်တန့်ပဲ့|သက္တန့္ပဲ့
Advertisement
!unicode!
....
တကယ်တော့ ဖန်တင်းမှာလည်းနှဖူးထက်တွင်ချွေးစေးပြန်နေပြီးဖြစ်ကာ ပင့်သက်ရှိုက်နေမိသည်ပင်။ အဆုံး၌ သူ၏ကျင့်ကြံရေးပုံစံ၏စွမ်းအားမှာနှစ်ဆဖြစ်သည့်တိုင်၊ ဤမျှများပြားသောပုံရိပ်ယောင်နှင့်ဓားအသံများကိုထိန်းသိမ်းထားဖို့ရာ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားအတွက် ကြီးစွာသောစမ်းသပ်မှုဖြစ်ပေသည်။
ထိုတင်မကသေး၊ ဖန်တင်းမှာပို၍ပင်အံ့အားသင့်မိသည်။ ပြိုင်ပွဲမတိုင်ခင်တုန်းက သူ၏ပြိုင်ဘက်ကားဒဏ်ရာရထားကာ စိတ်ဝိညာဥ်စွမ်းအားထုတ်သုံး၍မရကြောင်းကိုသူသိထားသည်။ အစကတော့ သူ၏ကြွက်သားနှင့်အရိုးတို့ကိုလှုပ်ရှားကာယှဥ်ပြိုင်မည်ဟု ကြံရွယ်ထားပေမဲ့ ဤမျှအချိန်ကုန်လူပင်ပန်းဖြစ်လိမ့်မည်မထင်ထားခဲ့မိပေ။ အရင်တုန်းက ရှုလင်ကျား၏ဂုဏ်သတင်းကားအလိမ်အညာမဟုတ်။
ဖန်တင်းမှာလည်းရုန်းကန်နေခဲ့ရသည်မှာ ယခုအချိန်မတိုင်ခင်အထိပင်၊ ရှုလင်ကျားကအားလျော့လာသည့်လက္ခဏာများ ဖြည်းဖြည်းချင်းဖော်ပြလာသည်ကို သူနောက်ဆုံးတွင်မြင်လိုက်ရချေသည်။
စင်မြင့်အောက်၌ ကျင်းဖေးထုန်ရုတ်တရက်မတ်တပ်ထရပ်လိုက်မိသည်။
ချီဇုန်၏အခြားတစ်ဖက်တွင် ပြိုင်ပွဲအခြေအနေနှင့်ပတ်သတ်၍ စိုးရိမ်နေကြသည့်ဂိုဏ်းသားများစွာလည်းအာမေဋိတ်သံပြုမိကြသည်။
သူတို့ရှေ့တွင်ဟယ်ဇီကျိုးရှိနေသည်မို့ သူတို့မှာရှုလင်ကျားအပေါ်ထူးထူးခြားခြားစိတ်ပူမှုမပြရဲကြပေမဲ့ ဤအချိန်၌သူတို့မအောင့်ထားနိုင်ကြတော့ပေ။
တစ်ယောက်ယောက်ကအာမေဋိတ်သံပြုလိုက်မိပြီးနောက်၊ သူတို့မှာပါးစပ်ကိုအလျင်စလိုဖုံးထားလိုက်ရပြီး ခုနကတည်းကဆူပုတ်နေခဲ့သောသူတို့ဆရာသခင်ရှစ်စွင်းကို ခိုးကြည့်လိုက်မိကြရာ သူ့တွင်မည်သည့်တုံ့ပြန်မှုမျှမရှိသည်ကိုမြင်လိုက်ရရင်း သူတို့ကတိုက်ပွဲကွင်းပြင်ကိုအမြန်ပြန်ကြည့်လိုက်ကြသည်။
ဟယ်ဇီကျိုးကားနှုတ်ဆိတ်လျက်ရှိပြီး သူ၏လက်ချောင်းထိပ်များမှာအရှိန်အဝါအနည်းငယ်ကို ဖြည်းဖြည်းချင်းစုစည်းနေပေသည်။
ရှုလင်ကျားကဤအဆင့်ရောက်သည်အထိဖန်တင်းကိုတိုက်ခိုက်နိုင်စွမ်းရှိနေပေရာ ၎င်းမှာသူထင်ထားသည်နှင့်နှင့်အလွန်ကွာဟနေပေမဲ့ ဟယ်ဇီကျိုး၏ခန့်မှန်းချက်အရဆိုလျှင် အဆုံးသတ်မှာ ရှုလင်ကျားရှုံးနိမ့်သွားလိမ့်မည်ပင်။
သူကဖန်တင်း၏ပုံရိပ်ယောင်တည်ဆောက်ပုံအတွင်းကျရောက်သွားသည်နှင့် စိတ်ဝိညာဥ်ဆုံးရှုံးမှုဖြစ်လာလိမ့်မည်ဖြစ်ပြီး ဟယ်ဇီကျိုးကသူ့ကိုကယ်တင်ဖို့အဆင်သင့်ပြင်ထားသည်။
ထိုအခိုက်စင်မြင့်ပေါ်တွင် ရှုလင်ကျားရယ်မောလိုက်ပြီးနောက်၌ သူဟာလည်းသူနှင့်ပတ်သတ်၍တစ်ခုခုမှားနေမှန်းသိရှိသွားသည်။ ဤခံစားချက်ကား သူဟာထိုအခိုက်အတန့်တွင်တစ္ဆေဝင်ပူးခံလိုက်ရသည့်အလား မဖော်ပြနိုင်လောက်အောင်ပင်။
ရှုလင်ကျားစိတ်အေးအေးထားကာ ဓားရိုးကိုကိုင်ထားသည့်လက်ကိုအောက်ချလိုက်ပြီး ဓားသွားကိုဆုပ်ကိုင်လိုက်ရာ သွေးများစိမ့်ထွက်လာပြီး သူ့စိတ်မှာရုတ်တရက်ကြည်လင်လာခဲ့သည်။
သူ၏မျက်လုံးထောင့်မှာ ပတ်ပတ်လည်ရှိမိစ္ဆာတို့၏ပုံရိပ်ယောင်များထံတစ်ချက်ဝေ့ဝဲသွားပြီးနောက် စင်မြင့်အောက်တွင် မျက်နှာထက်စိတ်ပူနေသောအကြည့်ဖြင့် မတ်တပ်ရပ်နေသည့်ကျင်းဖေးထုန်ကိုမြင်သွားသည်။
ရှုလင်ကျားလှမ်းကြည့်လာသည်ကိုမြင်လိုက်ရရာ ကျင်းဖေးထုန်ခပ်မြန်မြန်မျက်ခုံးဆန့်ကာ သူ့ကိုခေါင်းငြိမ့်ပြလိုက်သည်။
ရှုလင်ကျားမျက်စိမှိတ်ကာ ထိုအခိုက်အတန့်၌လူတိုင်း၏မျက်လုံးများကသူ့အပေါ်တွင်မြဲမြံကာ ရလဒ်ကိုစောင့်မျှော်နေမည်ကိုသူသိသည်။
သို့သော် ကျင်းဖေးထုန်ကိုမြင်လိုက်ရချိန်တွင် လျို့ဝှက်နယ်မြေထဲတွင်"မိုးကြိုးဓားသွား"ဓားရေးကိုနားလည်သွားချိန်၌ မည်သို့ခံစားခဲ့ရကြောင်းရုတ်တရက်သတိရသွားသည်။
ချစ်ခြင်းမေတ္တာကားလူ့သဘာဝ၏စိတ်ဝိညာဥ်ဖြစ်ကာ သဘာဝအလျောက်ဖြစ်ပေါ်လာသည်၊ ၎င်းကဘယ်လောက်သန်မာလိုက်လဲ၊ ဘယ်လိုလုပ်ပြီးမေ့ပျောက်လို့ရနိုင်မှာလဲ။
မေ့ရင်ဂိုဏ်း၏ထိုကျင့်စဥ်ကား ဓားသမား၏ဗလာနတ္ထိစိတ်ကိုဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားသည်ပင်၊ သို့သော် မင်းရဲ့နှလုံးသားမှာအကြင်နာတရားကင်းမဲ့ပြီး တဏှာရမ္မက်ကင်းမဲ့နေလို့ရှိရင် ၎င်းမှာသဘာဝကိုချိုးဖောက်ခြင်းဖြစ်သည်။ မင်းကိုယ်မင်းကိုခုခံလို့မရမှတော့ အပြင်ဘက်လောကရဲ့အနှောင့်အယှက်ကိုလျှော့ပစ်ဖို့ မင်းရဲ့ကိုယ်ပိုင်ခံစားချက်ကိုဘာလို့အသုံးမချရမှာလဲ။
ရှုလင်ကျားရုတ်ခြည်းသိရှိနားလည်သွားရသည်။
သူ့နှလုံးသားထဲမှာ"ပျော်ရွှင်မှု"ရှိလား။
ဟုတ်တာပေါ့ ရှိတယ်၊ ဘာကြောင့်မရှိရမှာလဲ။ အခုအချိန်မှာမပျော်မရွှင်ဖြစ်စေတဲ့အရာများစွာရှိနေရင်တောင်မှ၊ တစ်ချိန်ကချစ်ခင်မြတ်နိုးခဲ့ဖူးသောလူဟောင်းများဟာ ကွဲကွာသွားကြသကဲ့သို့ အသိအမှတ်ပြုမှုနောက်လိုက်ကာပြောင်းလဲသွားကြသော်လည်း တစ်ချိန်တည်းမှာမှတ်ဉာဏ်ထဲတွင်ရေးထိုးထားသည့် တချို့သောငယ်ရွယ်ပျိုမျစ်ကာပျော်ရွှင်ဖွယ်ကောင်းသောအချိန်များအမြဲရှိစမြဲပင်၊ ၎င်းတို့ကိုတွေးမိတဲ့အချိန်တိုင်းမှာ နှလုံးသားထဲတွင်နွေးထွေးမှုကိုခံစားသွားရစေသည်။
ဖန်တင်း၏ဓားကထပ်ရောက်လာပြီး ဓားအသံကားရွှေရောင်ဓားတစ်လက်ပမာမြည်တမ်းနေကာ ချည်မျှင်အပြတ်များပျံ့ကြဲသွားပြီး ပုံရိပ်ယောင်၏မျက်ခုံးများမှာလည်းဒေါသထွက်နေကာ သူ့မျက်နှာမှာကွယ်ဝှက်လျက်ရှိသည်။
ဤတစ်ကြိမ်၌မူ"အမုန်းတရား"ဖြစ်၏။
ရှုလင်ကျားခုခံဖို့မကြိုးစားတော့ပေ။ ဓားနှစ်လက်ထိခတ်သွားသော် တစ်ဖက်လူထုတ်လွှတ်လိုက်သောမုန်းတီးမှုတလျှောက် သူ့အတွေးတို့ကိုကြန့်ကြာစေလိုက်သည်။
ဟယ်ဇီကျိုး၏မထူးခြားမခြားနားမျက်နှာ၊ ကျန်းရွေ့၏ဝမ်းသာပီတိဖြစ်သောအပြုံး၊ သူ့မှတ်ဉာဏ်ထဲကသူ့မိခင်၏မျက်ရည်များ....
သူမတွေးသင့်သောအရာ၊ သူမတွေးချင်သည့်အရာတို့ကို သူတွေးသည်။ သူနောက်ဆုံးရင်ဆိုင်လိုက်သော် သူ့နှလုံးသားအောက်ခြေမှထွက်လာသည့်တောင့်တမှုကို ရှင်းလင်းစွာကြားလိုက်ရသည်။
လမ်းကအန္တရာယ်များတယ်ဆိုတာကိုသိနေတာတောင်မှ ဆူးခက်ခြုံနွယ်တွေကိုဘာကြောင့်ညှပ်ပစ်ဖို့လိုတာလဲ။
မင်းဘာလို့ဒုက္ခခံလေ့ကျင့်ပြီးတော့ ကောင်းကင်ကိုထိုးဖောက်ပြီး သက်ရှိတွေအကုန်လုံးကိုအထက်စီးကကြည့်ဖို့ အစွမ်းအစရှိချင်တာများလဲ။
အဲ့လိုသာဆိုရင် မင်းကကံကြမ္မာရဲ့သနားညှာတာမှုမှာမရှိတော့ဘဲ ခုခံဖို့အားအင်မရှိဘဲမနေတော့ပေ၊ မင်းမြတ်နိုးတဲ့အရာကိုသိမ်းထားလို့ရတယ်၊ မင်းကာကွယ်ချင်တဲ့အရာကိုကာကွယ်နိုင်တယ်၊ အရာအားလုံးကိုပေါ့ပေါ့ပါးပါးဖျက်ဆီးပစ်နိုင်တယ်လေ။
ယင်းကား အတွေးတစ်ခုတည်းအဖြစ်ပြောင်းသွားသည့်အတွေးမျိုးစုံဖြစ်ပြီး ဤလိုအင်ဆန္ဒက လူတွေကိုဓားကိုင်ကာ ခါးမတ်၍ ခေါင်းမော့အောင်တိုက်တွန်းနှိုးဆော်နေသည်။
ရှုံးလို့မရဘူး၊ လုံးဝရှုံးလို့မရဘူး!
တစ်ကိုယ်လုံးရှိချီသွေးကြောများနွေးထွေးလာသည်ကို ရှုလင်ကျားခံစားမိလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအားရပ်တန့်မှုမှာတစ်ဖန်ပြန်လည်ပတ်လာပြီး တဖြည်းဖြည်းချင်းစုဝေးကာ ဓားဖျားထံငြိတွယ်လာသည်။
အကယ်၍ စီးဆင်းနေတဲ့တိမ်တိုက်တို့ကလွတ်လပ်စွာလှိမ့်လို့ရှိရင်၊ ဆန်တက်လာတဲ့လှိုင်းလုံးတို့ကကျယ်ပြောကာပြေးလွှားနေလို့ရှိရင်၊ တဂျုန်းဂျုန်းမိုးချုပ်သံတို့ကကောင်းကင်ယံထက်တွင် ဂျိုးဂျိုးဂျိန်းဂျိန်းမြည်ဟည်းနေလို့ရှိရင်၊ တောင်ထွတ်နှင့်ကုန်းမြင့်တို့ကစတင်ဝေးကွာလာခဲ့လို့ရှိရင်!
ပျံဝဲနေသည့်ဓားအလင်းတန်းအောက်၌ ရှုလင်ကျားကမတ်တပ်ရပ်ကာ ပေါ့ပါးစွာလှုပ်ရှား၍ ဖန်တင်း၏မျက်နှာကိုရွယ်လိုက်သည်။
ဤဓားကားချောမွတ်ကာအရောင်အသွေးစုံလင်ပြီး ပျော်ရွှင်သောရွေ့လျားမှုနှင့်အတူ နှင်းပွင့်ပမာတောက်ပလျက်ရှိကာ ဓားဖျားထက်၌ကျစ်လျစ်နေပြီး လေ၊ အငွေ့နှင့်ကြွေကျလာသည့်ပန်းပွင့်တို့ပင် အသိစိတ်ရှိစွာစုဝေးလာသည်။
ဖန်တင်းမှာအရှိန်ကွာခြားချက်ကိုခံစားမိလိုက်ပေမဲ့ မရှောင်လွှဲလိုက်နိုင်ပေရာ ဓားကိုမြှောက်၍ခုခံရုံသာတတ်နိုင်သည်။
ဟိန်းသံကိုကြားလိုက်ရရင်း ရှုလင်ကျား၏စိတ်ဝိညာဥ်စွမ်းအားမှာဓားအောက်တွင်ရွေ့လျားနေပေမဲ့ ဖန်တင်းမှာအလွန်ပင်ပန်းနေလေပြီ။
ရှုလင်ကျားမျက်စိမှိတ်ကာ အာရုံစိုက်၍ သူ့စိတ်ရွေ့လျားသွားသည့်အတိုင်း ဓားမှာလှုပ်ရှားသွားသည်။ သူကဝေမုန့်ဓားကိုမြေကြီးပေါ်စိုက်လိုက်ရာ ကမ္ဘာမြေကြီးကိုတဖိန့်ဖိန့်တုန်ခါသွားစေသည်။ တမဟုတ်ချင်းပင်၊ မမြင်နိုင်သောဓားချွန်တစ်လက်က ကောင်းကင်ထံပျံသန်းသွားကာ ပုံရိပ်ယောင်ကိုချိုးဖျက်လိုက်သည်။
ဖန်တင်းမှာမထနိုင်ခင် နှစ်ကြိမ်မျှအရိုက်ခံလိုက်ရပြီး သူ့ရင်ဘတ်ကိုဆုပ်ကိုင်ရင်းတစ်ဖန်ပြန်လဲကျသွားကာ အချိန်အတန်ကြာမထလာနိုင်တော့ပေ။
ကြည့်ရှုသူများမှာအကောင်းနှင့်အဆိုးအကြောင်း ဆွေးနွေးစိစစ်နေဆဲဖြစ်ပေမဲ့ ဤအချိန်၌အသံတစ်သံမျှထွက်မလာကြပေ။
ရှုလင်ကျားကားဤအခြေအနေမျိုး၌အနိုင်ရနိုင်သည်ကို သူတို့မအံ့သြမိပေမဲ့ သူကအရမ်းကိုရိုးစင်းစွာနှင့်ရုတ်တရက်ဆန်စွာအနိုင်ရသွားလိမ့်မည်ဟု သူတို့လုံးဝမထင်ထားကြပေ။
"ရှုလင်ကျားရှုံးတော့မှာပဲ"ဟုပြောကာ နောင်တရချင်ယောင်ဆောင်ခဲ့ကြသည့်သူတို့မှာ တစ်ခဏမျှရှက်ရွံ့သွားကြသည်။
ဒါကဉာဏ်ကြီးရှင်လို့ထင်လား။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သူ့ကိုနင်းချဖို့မဖြစ်နိုင်ပေ။
ရှုလင်ကျားကဓားရိုးကိုင်လျက်သားဖြင့် သူ့ရှေ့ကဖန်တင်းကိုကြည့်ကာ တစ်ခဏမျှအနည်းငယ်မိန်းမောနေမိသည်။
အချိန်အကြာကြီးပျံ့ကြဲနေခဲ့သောစိတ်ဝိညာဥ်စွမ်းအားမှာ တစ်ဖန်ပြန်လည်စုစည်းနိုင်စွမ်းရှိပုံရသည်!
ယခင်ကပြင်းထန်သည့်ဒဏ်ရာကြောင့် ရှုလင်ကျား၏စိတ်ဝိညာဥ်စွမ်းအားတစ်ဝက်စွန့်ပစ်ခံလိုက်ရပြီး စိတ်ဝိညာဥ်စွမ်းအားတို့မှာ ဒန်ထျန်းထဲရှိချီပင်လယ်ထဲတွင်အေးခဲ၍မရနိုင်ပေရာ လှုပ်ရှားဖို့ခက်ခဲခဲ့သည်။ အတွေးအားလုံးစုဝေးသွားကာ ၎င်းတို့ကိုယ်တိုင်အတွက်နည်းလမ်းအသစ်ရှာတွေ့သွားခဲ့သည်။
[ဖန်တင်းကိုအနိုင်ရသွားတဲ့အတွက်Hostကိုဂုဏ်ပြုပါတယ်၊ အဓိကဇာတ်ဆောင်ရောင်ဝါ: +5]
[အဓိကဇာတ်ဆောင်မှာ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ဘာပဲဖြစ်ဖြစ်ရိုက်လို့မရနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားရှိကိုရှိရမယ်၊ Hostမှာလည်းရှိမယ်လို့မျှော်လင့်မိတယ်။]
ရှုလင်ကျားကသွေးပေနေသည့်လက်တို့ဖြင့်ဓားပေါ်ထောက်လိုက်ပြီး သူ့ရင်ဘတ်မှာ လေးတိလေးကန်နိမ့်ချည်မြင့်ချည်ဖြစ်နေသေးပေမဲ့ ခုနကပြိုင်ပွဲမှရလာသည့်ပင်ပန်းနွမ်းနွယ်မှုတို့မှာ တစ်ခါတည်းပျောက်သွားပုံရသည်။
မတိုင်ခင်ကပြန်လာခဲ့သည့်အရာတို့ကိုရေတွက်ရင်း၊ သူ့၌အဓိကဇာတ်ဆောင်ရောင်ဝါ၁၀ရာခိုင်နှုန်းရှိနေပြီး သူကအလွန်လျင်မြန်စွာပြန်သက်သာလာနိုင်ကာ ဓားစမ်းသပ်ရေးညီလာခံတွင်နောက်ဆုံးအနိုင်ရသူဖြစ်လာရင် အဓိကဇာတ်ဆောင်ရောင်ဝါ၃၀ရာခိုင်နှုန်းပြန်ရလာနိုင်သည်မို့ ၂၅ရာခိုင်နှုန်းကျန်ရှိနေသေးသည်။
ရှုလင်ကျားပင့်သက်ရှိုက်လိုက်မိပြီး ဖန်တင်းကတစ်ခဏမျှရုန်းကန်နေပြီးနောက် ပြန်လဲကျသွားသည်ကိုမြင်လိုက်ရရာ သူရှေ့တိုးကာလက်တစ်ဖက်ကမ်းပေးလိုက်မိသည်။
ဖန်တင်းတောင့်တင်းသွားကာ တစ်အောင့်ကြာသော် ရှုလင်ကျားလက်ကိုဆုပ်ကိုင်၍ မတ်တပ်ထရပ်လိုက်သည်။
ထိုအခိုက်အတန့်မှသာလျှင် ကွင်းဘေးတွင်ထိုင်နေသည့်နန်ဇီဂိုဏ်းသားမှာအသိပြန်ဝင်လာပြီး ခပ်မြန်မြန်ကျယ်လောင်စွာကြော်ငြာလိုက်သည်။
"ဒီပြိုင်ပွဲပြီးသွားပါပြီ၊ အနိုင်ရသူ..."
သူတစ်အောင့်မျှတုံ့ဆိုင်းသွားရကာ 'လင်ရှောင်းဂိုဏ်း'ဟုပြောသင့်မပြောသင့်တွေးတောလိုက်ပြီး ထို့နောက်တည့်တိုးပြောချဖို့ဆုံးဖြတ်လိုက်သည်။
"ရှုလင်ကျား!"
ပတ်ဝန်းကျင်မှာတိတ်ဆိတ်သွားပြီး ကျင်းဖေးထုန်မှာလက်သီးတင်းတင်းဆုပ်ထားမိသည်ကိုဖြည်ကာ အရင်ဦးဆောင်လက်ခုပ်တီးလိုက်သည်။
နန်းတော်အရှင်ကမျက်စိဖွင့်လျက် ပေါက်ကရစကားများကိုပြောခဲ့သည်မို့ ပီလော့နန်းတော်ကလူများမှာချီးကျူးမိကြပေမဲ့ သူတို့ကနေရာတိုင်းတွင်ပုန်း၍ လူလုံးထွက်မပြရုံသာတတ်နိုင်သည်။ ထိုစဥ်၊ ကျင်းဖေးထုန်ကလက်ခုပ်တီးလိုက်ရာ လူအုပ်ကအလျင်စလိုတုံ့ပြန်ကာချီးကျူးလာကြသည်။
မြင်ကွင်းတစ်ခုလုံးမှာရုတ်ခြည်းအသက်ဝင်လာသည်။
အစကတော့ လင်ရှောင်းဂိုဏ်းသားများ၊ ထို့နောက်အခြားသူများ၊ အခြားဂိုဏ်းများမှမသက်ဆိုင်သည့်လူများကလည်းလက်ခုပ်တီးလာကြပြီး တချို့မှာဟယ်ဇီကျိုးကိုပင်ဂုဏ်ပြုလိုက်သေးသည်။
ဟယ်ဇီကျိုးလက်ဖြန့်ကာ သူ့လက်ချောင်းထိပ်မှအရှိန်အဝါကိုပယ်ဖျောက်လိုက်သည်။
သူထွက်သွားချင်လို့ရှိရင်ထွက်သွား၊ ဂိုဏ်း၏အကာအကွယ်ကိုချန်ရစ်ကာ အပြင်ခဏတာသွားလို့ရသည်ဟု သူရှုလင်ကျားကိုအရင်ကပြောခဲ့သည်။ သူစဥ်းစားတွေးခေါ်ကာ ရင့်ကျက်လာပြီး သူ့အတွက်အလုံခြုံဆုံးနေရာက ဘယ်နေရာလဲဆိုတာကိုသိသင့်ကာ သိပ်မကြာခင်ပြန်လာရလိမ့်မည်ပင်။
သို့သော် ဤအခိုက်အတန့်၌ သူ၏သင်ကြားပြသမှုမရှိသည့်နေရာတွင် သူကဤမျှထိရင့်ကျက်လာသည်မို့ ဟယ်ဇီကျိုးအားမပြောအပ်သောစိတ်ဆိုးဒေါသထွက်မှုအနည်းငယ်အပြင် အံ့အားသင့်မှုကိုပါခံစားသွားစေသည်။
မေ့ရင်ဂိုဏ်းသူနှစ်ဦးမှာစင်မြင့်ပေါ်လာကာ ဖန်တင်းကိုကူညီချင်ကြသည်။ မိန်းကလေးများထဲကတစ်ယောက်မှာ ရှုလင်ကျားဘေးကဖြတ်သွားပြီး သူ့ကိုချိုသာစွာပြုံးပြကာဆိုသည်။
"ကိုကို၊ ကိုကိုကအရမ်းချောတာပဲ။ ညီမကြည့်ပါရစေ၊ ကိုကိုရောထိခိုက်သွားသေးလား။"
သူမကပြောရင်းဖြင့် ရှုလင်ကျားမျက်နှာကိုထိချင်နေလေသည်။
သူမလက်ချောင်းထိပ်က သူ့မျက်နှာကိုထိလာတော့မည်ကိုရှုလင်ကျားကြည့်နေပြီး ထို့နောက်မသိမသာမျက်နှာလှည့်ကာရှောင်လိုက်ပြီး အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည်။
"မင်းကိုကိုကဒီမှာမဟုတ်ဘူး၊ မင်းလူမှားနေပြီ။"
သူကားမိန်းကလေးတို့ထက်ခေါင်းတစ်ဝက်မျှအရပ်ပိုရှည်ပြီး ဤကဲ့သို့လက်နောက်ပစ်ထားကာ အနည်းငယ်ကိုင်း၍ငုံ့ကြည့်လာရာ မပြောအပ်သောဆွဲဆောင်မှုတစ်မျိုးရှိနေသည်မို့ မိန်းကလေးမှာခေါင်းတစ်ဝက်မော့ကာဖြင့် တစ်ခဏမျှလက်ပြန်ချဖို့မေ့သွားချေသည်။
Advertisement
သူမအသိပြန်မဝင်လာမီ မှင်သက်နေမိပြီး သူမကပြုံးကာတစ်ခုခုပြောဖို့ပြင်လိုက်ချိန်တွင် ကျင်းဖေးထုန်ကစင်မြင့်ပေါ်ခုန်တက်ကာ သူ့ဘက်ကိုလျှောက်လာပြီဖြစ်ကာ သူဟာလည်းချောမောခန့်ညားကာ ယဥ်ကျေးသိမ်မွေ့သည်ဟုဖော်ပြ၍ရသည်။
သူမမနေနိုင်ဘဲသူ့ကိုတစ်ချက်စိုက်ကြည့်လိုက်မိပြီး ထို့နောက်ကျင်းဖေးထုန်ကလည်းသူမကို အပြုံးတစ်ပွင့်ဖြင့်ခေါင်းငြိမ့်ပြလာသည်ကိုသူမမြင်လိုက်ရသည်။
သို့ပေမဲ့ သူ့နှုတ်ခမ်းထက်တွင်ခပ်စစအပြုံးနှင့် သိမ်မွေ့သောကိုယ်နှုတ်အမူအရာရှိနေသော်လည်း သူ၏မျက်လုံးထဲတွင်မဖော်ပြနိုင်လောက်သောအေးစက်မှုရှိနေပုံပေါ်သည်။ မိန်းကလေးမှာအန္တရာယ်ကိုအလိုအလျောက်အာရုံခံမိလိုက်ပြီး သူမမျက်နှာထားမှာတောင့်ခဲသွားချေသည်။ ခဏတန့်သွားပြီးသော် သူမဘာဆိုဘာမှမပြောရဲတော့ဘဲ စင်မြင့်ပေါ်မှခပ်သုတ်သုတ်ဆင်းသွားသည်။
ဘာမှမဖြစ်ခဲ့သည့်အလား ကျင်းဖေးထုန်အနောက်လှည့်ကာ ရှုလင်ကျားကိုပြောလိုက်သည်။
"ကြီးမြတ်တဲ့အောင်နိုင်မှုအတွက် ကိုယ်တို့ရဲ့ရှုသခင်လေးကိုဂုဏ်ပြုပါတယ်ကွာ။ မင်းပင်ပန်းနေပြီလား။ အောက်ဆင်းပြီးသွားနားတော့လေ။"
သူ့မျက်လုံးများမှာရှုလင်ကျားအပေါ်တွင်ရှိနေပြီး တစ်ဖက်လူဒဏ်ရာမရထားမှန်းသိပေမဲ့ ဤသည်ကားသူ့တစ်ကိုယ်လုံးရှိစိတ်ဝိညာဥ်စွမ်းအားကို အောင်အောင်မြင်မြင်စုစည်းလိုက်နိုင်သည့်ပထမဆုံးအကြိမ်ဖြစ်သည်မို့ ဆုံးရှုံးမှုမှာကြီးမားလောက်သည်။
ရှုလင်ကျားခေါင်းငြိမ့်ပြလိုက်သည်။
သူကသန်မာကြောင်းကျန်းဖေးထုန်သိနေပေရာ ရှုလင်ကျားကိုသူနှင့်အတူအောက်ဆင်းဖို့ဆွဲခေါ်လာသည့်အလား ရှုလင်ကျားပုခုံးပေါ်လက်မောင်းခပ်ဖွဖွတင်လိုက်ပေမဲ့ တကယ်တမ်း၌သူကသူ့ကိုဖေးမလိုက်ခြင်းဖြစ်သည်။
ထိုင်ခုံထံရောက်သော် ရှုလင်ကျား၏ခြေထောက်များပျော့ခွေသွားကာ ရုတ်တရက်ဆန်စွာထိုင်ချလိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ ရေတစ်ခွက်အရင်သောက်လိုက်မိသည်။
ရေသောက်နေစဥ် ကျင်းဖေးထုန်ကကျောနောက်ရှိလက်ကိုထုတ်လာတာကိုမြင်လိုက်ရသည်မို့ တစ်ဖက်လူကသူ့ကို ရှားပါးတာတစ်ခုခုထုတ်ပြတော့မည်ဟုထင်ကာ သိချင်စိတ်ဖြင့်စိုက်ကြည့်နေမိပေမဲ့ ကျင်းဖေးထုန်ကဝေမုန့်ဓားကိုစားပွဲဘေးမှာတင်လိုက်သည်ကို သူမြင်လိုက်ရပေသည်။
ရှုလင်ကျားသူ့လက်ကိုပြန်ထိကြည့်လိုက်ရာ ခုနကဓားယူဖို့မေ့သွားသည်ကိုသတိရသွားသည်။
နှစ်ဦးသားမှာအချင်းချင်းကြည့်လိုက်ပြီး အတူတူရယ်မောမိကြသည်။
ကျင်းဖေးထုန်ကပြုံးကာဖြင့် ရေနောက်တစ်ခွက်ထည့်ကာသူ့ကိုကမ်းပေး၍ပြောလာသည်။
"မင်းသာဒီပြိုင်ပွဲကိုနိုင်သွားရင် မင်းမနက်ဖြန်မထနိုင်မှာစိုးရိမ်မိတယ်။ မင်းကကျင့်ကြံရေးလောကတစ်ခွင်လုံးမှာပြန်ပြီးကျော်ကြားလာလိမ့်မယ်။ မင်းဘယ်လိုခံစားရလဲ။"
"ဘယ်လိုထင်လဲတဲ့လား။" ရှုလင်ကျားမျက်ခုံးပင့်ကာ-
"ကျွန်တော့်အထင်ကတော့ ဖန်တင်းရဲ့ဓားကခင်ဗျားလုပ်ပြတဲ့တိုက်ကွက်ထက် အများကြီးပိုထူးခြားတယ်!"
ကျင်းဖေးထုန်ကရယ်မောကာဆိုသည်။
"တကယ်ပဲ။ ကိုယ်ကတိုက်ကွက်အပေါ်ယံပဲသိတာ၊ မေ့ရင်ဂိုဏ်းရဲ့နှလုံးသားကိုမသိဘူးလေ။ ဘာ့၊ အဲ့လောက်အစွမ်းရှိမယ်မထင်ထားဘူး၊ ကိုယ်တကယ်ရှက်မိတယ်။ ဒါပေမဲ့ မင်းကလည်းသူ့ကိုအကန့်အသတ်ထိရောက်အောင်တွန်းပို့ပြီးတော့ သူ့ကိုတိုက်ကွက်သုံးခွင့်ပေးလိုက်တယ်။ ကိုယ်အခြားလှည့်ကွက်တွေကိုမသိပေမဲ့ လောင်းကြေးထပ်တဲ့လူအများစုပိုက်ဆံရှုံးသွားကြမယ်ဆိုတာကိုတော့ခန့်မှန်းမိတယ်။"
ကျင်းဖေးထုန်မှန်သည်၊ ဤဓားစမ်းသပ်ရေးညီလာခံကျင်းပသည့်ရက်အနည်းငယ်အတွင်း၌ အနိုင်ရသူနှင့်ရှုံးနိမ့်သူမှာ ပြိုင်ပွဲတစ်ခုချင်းစီတွင်အမြဲဆုံးဖြတ်ပေမဲ့ သူတို့၏ဂုဏ်သတင်းအသီးသီးတို့ကြောင့် ရှုလင်ကျားနှင့်ဖန်တင်းကြားရှိပြိုင်ပွဲမှာ ပြိုင်ပွဲမစတင်ကတည်းကစိတ်ဝင်စားမှုမြင့်တက်နေခဲ့သည်။
ထို့အပြင် သူတို့ကစိတ်မပျက်စေခဲ့ဘဲ စိတ်လှုပ်ရှားစရာအကောင်းဆုံးနှင့် မထင်မှတ်ထားသောပြိုင်ပွဲကိုယှဥ်ပြိုင်ဆော့ကစားခဲ့ကြသည်။
ရှုလင်ကျားသည်အရေးကြီးသည့်အခိုက်အတန့်တွင် ရလဒ်ကိုပြောင်းပြန်လှန်လိုက်ပြီးနောက် ကြီးမြတ်အံ့သြဖွယ်ရာအောင်နိုင်ခြင်းကိုအနိုင်ရခဲ့ကာ သူ၏ယခင်ကဂုဏ်သတင်းကိုမြှင့်တင်ပြီး ပထမဆုံးပြိုင်ပွဲတွင်ကျော်ကြားလာပြီးနောက်၌ လူအများစုအား သူ၏စိတ်ဓာတ်တက်ကြွဖွယ်ရုပ်ရည်သွင်ပြင်ကို အမှတ်ရသွားစေသည်။ သက်ပြင်းချခြင်းနှင့်စကားများမှုတို့မှာ ပြည်ဖုံးကားချခံလိုက်ရသည်။
လောင်းကြေးထပ်သည့်နေရာ၌၊ လူတချို့မှာပီတိဖြာနေပြီး တချို့ကတော့ဖြင့်စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဤပြိုင်ပွဲ၏အသေးစိတ်နှင့်နှစ်ဖက်စလုံးသုံးသွားသည့်လှုပ်ရှားမှုတိုက်ကွက်တို့မှာ မရေတွက်နိုင်သောဂိုဏ်းသားတို့ကို ထပ်ခါတလဲလဲလေ့လာမိအောင်ဆွဲဆောင်လျက်ရှိသည်။
ကွေ့ရီဂိုဏ်းယာယီတည်းနေသည့်ခြံဝန်းသေးသေးလေးထဲ၌၊ ဓားစမ်းသပ်ရေးညီလာခံကိုလာကြည့်ကြသည့်ဂိုဏ်းသားများအတူစုဝေးနေကြကာ လင်းယွဲ့၊ ချီကွမ်းယာနှင့်အခြားသူတို့ကို တည်ငြိမ်နေသည့်မျက်နှာထားဖြင့်ဝန်းရံထားကြသည်။
ပြိုင်ပွဲ၏ပထမအချီတွင် လင်ရှောင်းဂိုဏ်းကပြိုင်ပွဲအများအပြားနိုင်သွားကာ သူတို့ကြားထဲ၌ ကျန်းရွေ့ဟာကွေ့ရီဂိုဏ်းသားများကို တစ်ယောက်ထက်ပို၍အနိုင်ယူသွားခဲ့သည်။ ရှုလင်ကျားကလည်းအလွန့်အလွန်ထူးကဲသောဓားရေးကိုပြသလာပြီး သူတို့ကိုအလေးအနက်ဖြစ်သွားစေသည်။
နှစ်ဖက်စလုံးကားအချိန်အတန်ကြာရန်စောင်နေခဲ့ကြပြီး ဤညီလာခံတွင် သူတို့ကအချင်းချင်းတွန်းလိုက်တိုက်လိုက်ဖြင့် အတတ်နိုင်ဆုံးကြိုးစားနေကြသည်။
တစ်ဖက်က ကွေ့ရီဂိုဏ်းဟာ လင်ရှောင်းဂိုဏ်း၏လျို့ဝှက်သိုင်းကျင့်စဥ်ကိုရထားသည်မို့ ပထမတန်းစားထဲတွင်စျေးပေါစွာရပ်တည်နေနိုင်တာလားဆိုတာကိုအတည်ပြုချင်နေသည်၊ အခြားတစ်ဖက်ကမူ အရာအားလုံးကလင်ရှောင်းဂိုဏ်း၏ထင်မြင်ချက်သာဖြစ်ပြီး ကွေ့ရီဂိုဏ်း၏ခွန်အားကသူများဟာ လုံးဝကောက်စားစရာမလိုဘူးဆိုတာကိုသက်သေပြချင်နေပေသည်။
သို့သော် အခုပြိုင်ပွဲများကိုကြည့်ခြင်းအားဖြင့် လင်ရှောင်းဂိုဏ်းကတစ်ပန်းသာနေသည်။
ချီကွမ်းယာမနေနိုင်ဘဲပြောမိသည်။
"ကံဆိုးလှချည်လား။ ခုနတုန်းက ကျန်းရွေ့နဲ့လျိုရှစ်ရှုန်းတို့ပြိုင်တယ်။ မနက်ဖြန်ကျရင် လင်းရှစ်ရှုန်းရဲ့ပြိုင်ဘက်ကလင်ရှောင်းဂိုဏ်းကပဲ! ကျွန်တော်တို့ထပ်ရှုံးလို့မကောင်းဘူးနော်။"
ဓားစမ်းသပ်ရေးညီလာခံ၏ပထမအချီကား သုံးလေးရက်မျှကြာမြင့်သည်။ မနက်ဖြန်ပထမဆုံးပြိုင်ပွဲမှာ ကွေ့ရီဂိုဏ်းကလင်းယွဲ့နှင့် လင်ရှောင်းရှင်းဇုန်၏ဝူဖုန်းရှီဖြစ်ပေသည်။
လင်းယွဲ့ကား ကွေ့ရီဂိုဏ်း၏တပည့်ဂိုဏ်းသားခေါင်းဆောင်ဖြစ်သည်မို့ သဘာဝကျကျပင်ပြောစရာမလိုပေမဲ့ ထိုဝူဖုန်းရှီဟာလည်းဂိုဏ်းချုပ်ကျိုးချင်းချန်၏တပည့်ဖြစ်၏။
ကျင်းဖေးထုန်နိုင်သွားကတည်းက ရှင်းဇုန်မှာအမြင့်ဆုံးဂုဏ်သတင်းရရှိသွားခဲ့သည်။ လောင်းကြေးထပ်သည့်နေရာရှိနှစ်ဦးသား၏ပြိုင်ပွဲမှာ အလွန်တင်းကြပ်လျက်ရှိပြီး သူတို့က၅၅မှ၅၀အတွင်းရှိနေဆဲပင်။
ထိုမတိုင်ခင်တွင်၊ ကျန်းရွေ့ကလျိုချုန်းကိုနိုင်သွားကာ အခုရှုလင်ကျား၏လုပ်ဆောင်ချက်ကလည်းပြောင်မြောက်သည်။ လင်ရှောင်းဂိုဏ်းကအခုဆိုအရှိန်ရနေပြီဖြစ်သည်။ အကယ်၍ ကွေ့ရီဂိုဏ်းကထပ်ရှုံးသွားပြီး ရှုံးနိမ့်သူမှာလင်းယွဲ့ဖြစ်နေလို့ရှိရင် မလွဲမသွေဖယ်ထုတ်ခံရတော့မည်ပင်။
လင်းယွဲ့သည်ခပ်လျိုလျိုနေကာ သူ၏အစွမ်းအစကိုအပြင်မှာထုတ်ပြခဲသော်လည်း၊ သူ၏ဓားရေးနှင့်တောက်ဓမ္မသန့်စင်မှုကို ဂိုဏ်းထဲရှိလူတိုင်းသိကြသည်။ သူတို့လင်ရှောင်းဂိုဏ်း၏ဓားရေးကိုလေ့လာတုန်းက သူ့ကိုအလွန်အမင်းလေးစားသွားကြသည်။ သူမစိုးရိမ်ပေမဲ့ ရှုလင်ကျား၏တန်ပြန်တိုက်စစ်ကိုကြည့်ပြီးနောက် သူမနေနိုင်ဘဲထရပ်မိသည်။
ကွေ့ရီဂိုဏ်းကလူများအတူစုဝေးကာဆွေးနွေးမိကြသည်။
ချီကွမ်းယာကဆိုသည်။
"အစတုန်းကရှုလင်ကျားရဲ့ဓားလမ်းကြောင်းကို ငါကြည့်လိုက်တယ်၊ သူကဖန်တင်းနဲ့လုံးဝထိပ်တိုက်မတွေ့ဘူး။ သူ့ရဲ့ချီသွေးကြောတစ်ဝက်ပျက်ဆီးသွားတယ်ဆိုတဲ့ကောလဟာလကအမှန်ဖြစ်လောက်မယ်၊ ဒါပေမဲ့သူ့ရဲ့နောက်ဆုံးဓားတည်ဆောက်ပုံကအရမ်းခက်ခဲတယ်။ သိသိသာသာကိုသန်မာတဲ့စိတ်ဝိညာဥ်စွမ်းအားလိုအပ်မှာပဲ။ သူဘယ်လိုလုပ်လိုက်တာများလဲ။ သူ့ဒဏ်ရာမှာအဲ့ဒီ့အချိန်မှာရုတ်တရက်ပြန်ကောင်းသွားတာတော့မဟုတ်လောက်ပါဘူးနော်။"
ဂိုဏ်းသားတစ်ယောက်ကဆိုသည်။
"ငါပြောသင့်လားဆိုတာတော့မသိဘူး။ ရှုလင်ကျားရဲ့ဓားရေးကချီဇုန်ကလာတာမဟုတ်ဘဲ လင်ရှောင်းရှင်းဇုန်နဲ့အရမ်းဆင်တူတယ်လို့ငါခံစားရတယ်။"
သူကတစ်အောင့်မျှတန့်သွားကာပြောလာသည်။
"မင်းရဲ့စိတ်နဲ့ပုံရိပ်ယောင်ကိုဖိနှိပ်တဲ့နည်းလမ်းကိုမြင်ဖူးလား။ ရှုပ်ထွေးတဲ့အတွေးမျိုးစုံကပေါင်းစည်းသွားပြီးတော့ ဓားရေးကျင့်စဥ်ဖြစ်လာတယ်။ ငါတို့ဓားရေးကျင့်စဥ်နဲ့တောင်....နည်းနည်းဆင်..."
သူပြောရင်းဖြင့် လင်းယွဲ့ကိုသတိရှိရှိကြည့်လိုက်ပြီး သူ့အသံမှာပိုတိုးသထက်တိုးလာပေသည်။
လင်းယွဲ့၏အဖိုးဟာ လင်ရှောင်းဂိုဏ်းမှထွက်ခွာပြီးနောက် သူသင်ယူထားသည့်အရာနှင့်အတူ ကွေ့ရီဂိုဏ်းထဲဝင်ရောက်လာသည့်"သစ္စာဖောက်"ဖြစ်ကြောင်းကို မျက်မှောက်ရှိလူတိုင်းသိကြသည်။
ဤဖြစ်ရပ်ဖြစ်ပျက်လာချိန်တွင်၊ လင်ရှောင်းဂိုဏ်းမှာချီဇုန်နှင့်ရှင်းဇုန်ဟူ၍မခွဲခြားရသေးပေမဲ့ စိတ်ကျင့်စဥ်တွင်သဘောထားကွဲလွဲမှုအနည်းငယ်ရှိနေပြီဖြစ်ကာ လင်းယွဲ့၏အဖိုးက"တောက်ဓမ္မပညာကိုနှလုံးသားဖြင့်ခံစားခြင်း"ကိုထောက်ခံခဲ့သည်။
ထို့အပြင် သူ၏အတွေးများမှာအလွန်အကျူးဖြစ်ကာ ထိုအချိန်တုန်းကကျင့်ကြံသူအများစုထောက်ခံကြသည့်
"စာနာထောက်ထားစိတ်မရှိရ၊ လိုအင်ဆန္ဒမရှိရ၊ စိတ်ဗလာနတ္ထိထားရမည်"ဟူသည်ကိုတိုက်ရိုက်ငြင်းဆန်လျက်ရှိပြီး သူ၏စိတ်ခံစားချက်များမှာ အတင်းအကြပ်ဖိနှိပ်ထားရခြင်းထက် သဘာဝအလျောက်ထုတ်ပြသင့်သည်ဟုယုံကြည်နေခဲ့သည်။
ဤအဆုံးသတ်ထိ၊ သူဟာ"မိုးကြိုးဓားသွား"ဟူသည့်ဓားစာအုပ်များပင်ရေးသားခဲ့သည်။
ဤဓားသိုင်းကျင့်စဥ်ကားထုံးစံကိုသွေဖည်ပြီး ထိုအချိန်တုန်းကဝေဖန်မှုများစွာကိုဆွဲဆောင်ခဲ့သည်ဟု သူ၏ဖခင်ပြောပြခဲ့သည်ကို လင်းယွဲ့ကြားဖူးသည်။ လူအများစုက၎င်းကိုမိစ္ဆာကျင့်စဥ်ဟုသတ်မှတ်ပြီး ၎င်းကကျင့်ကြံရေးလောကထဲတွင် ပဋိပက္ခနှင့်တိုက်ပွဲများကိုပင်ဖြစ်ပေါ်စေခဲ့သည်။
အဆုံး၌ သူ၏အဖိုးကလင်ရှောင်းဂိုဏ်းမှဒေါသတကြီးထွက်လာကာ ထို့နောက်အခွင့်အရေးရကာ ကွေ့ရီဂိုဏ်းထံသွားလိုက်သည်။
ကွေ့ရီဂိုဏ်း၏အကျော်ကြားဆုံးဓားရေး"ဝမ်ကျန့်ကွေ့ရီ"ကျင့်စဥ်ကား စင်စစ်ပင်သူ့ကြောင့်တိုးတက်လာပေမဲ့ "မိုးကြိုးဓားသွား"ကျင့်စဥ်ကိုအပြည့်အဝလက်မခံခဲ့ပေ။ အဆုံးတွင် လင်းယွဲ့၏အဖိုးမှာစိတ်ဖိစီးမှုများကာ သေဆုံးသွားခဲ့သည်။
ဤသည်မှာလည်း ကွေ့ရီဂိုဏ်းကသူတို့သိုင်းကျင့်စဥ်ကိုခိုးသွားခဲ့သည်ဟု လင်ရှောင်းဂိုဏ်းအမြဲပြောပြောနေသည့်အကြောင်းရင်းများထဲကတစ်ခုဖြစ်သည်။
သူ့အဖိုး၏လွှမ်းမိုးမှုကြောင့် လင်းယွဲ့ဟာငယ်စဥ်ကတည်းက ဂိုဏ်းထဲတွင်ဖယ်ကျဥ်ခံရ၊ အထင်သေးခံခဲ့ရသည်။ အဆုံး၌သူသည်သူ၏ကိုယ်ပိုင်အစွမ်းအစကြောင့် တပည့်ဂိုဏ်းသားခေါင်းဆောင်ဖြစ်လာပြီး သူ၏လက်ရှိအဆင့်အတန်းကိုဖြည်းဖြည်းချင်းရရှိလာကာ သူ၏ပင်ကိုယ်စရိုက်ကိုလည်းအနည်းငယ်လွန်ကျူးသွားစေသည်။
သူ့အဖိုး၏အမွေကိုဆက်ခံကာ ဤဓားကျင့်စဥ်ကိုသင်ယူဖို့ လင်းယွဲ့မရည်ရွယ်ထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူဟာလည်းဓားရေးကိုအဓိပ္ပါယ်မရှိသည့်အရာအဖြစ်သတ်မှတ်ကာ သူ၏ဘိုးဘေးများက ဂိုဏ်းကိုဆန့်ကျင်ခဲ့သည်ကိုသူရှက်ရွံ့မိသည်။
အဆုံးတွင် ဤကဲ့သို့သောကိစ္စမဖြစ်လာခဲ့လျှင် သူ့ဘဝမှာပိုမိုချောမွေ့လာလိမ့်မည်ပင်။
ဟုတ်သည်၊ လင်းယွဲ့အရွံရှာဆုံးအရာကား လင်ရှောင်းဂိုဏ်းဖြစ်၏။ ဤတစ်ခေါက်သူဓားစမ်းသပ်ရေးညီလာခံကိုရောက်လာချိန်တွင် သူဟာလည်းလူတိုင်းကိုဖိနှိပ်မည့်အကြံကိုကိုင်ဆွဲထားသည်။ လင်းယွဲ့ကထိုအရာများနှင့်ပတ်သတ်၍အရေးစိုက်သည်ကို သူနှင့်ရင်းနှီးသောညီအစ်ကိုများသိကြသည်။ ထို့ကြောင့် ခုနကဂိုဏ်းသားမှာစကားပြောရာတွင်အလွန်ဂရုစိုက်နေခြင်းပင်။
လင်းယွဲ့ကစိတ်မလျှော့ဘဲခပ်ပေါ့ပေါ့ပြောလာသည်။
"မင်းပြောတာမှန်တယ်၊ တကယ်ဆင်တူတယ်။ မဟုတ်ရင် ရှုလင်ကျားရဲ့ဒဏ်ရာနဲ့ ချီဇုန်ဓားကျင့်စဥ်ကိုသုံးနိုင်စွမ်းရှိမှာမဟုတ်ဘူးလေ။"
Advertisement
- In Serial32 Chapters
The 13th Essence
In the Tower of Metris, a babe is delivered on the doorstep of an orphanage. This is an all too common tale in the Towers of Kahlea. As Adventurers die braving the dungeons of the Towers, the children left behind are stripped of their home, their possesions and their name. What might seem cruel will sometimes be the only way that the orphans may survive. Dante is such a child. His thirteenth year is upon him and he must now leave the orphanage to become a student of the Academy, where the skills of an Adventurer are taught. Dante, his class and all others in their thirteenth year, will be entering a new life. From their new affinities of magic to the political power plays of the upper tier citizens, will Dante and his friends even survive before they make it to the dungeons?
8 743 - In Serial10 Chapters
Fairy-Elf Enigma
Miles is reluctantly recruited by Elle to be part of her Adventuring Team in hopes that he can speak to the woman he fell in love with. The only problem is that she is dead, but Elle may know a way.
8 153 - In Serial6 Chapters
The Landvaettir
Varen Ashtar, a Junior Archivist with an unhappy past, is sent to investigate the truth of a prophecy he uncovers. It will send him far south into the Unknown Territories, where Vaettir roam without number. Will he succeed in his task? Or will his time run out before the Cataclysm cleanses the world?
8 151 - In Serial21 Chapters
A perfect love story {Completed}
Vanessa is 15 year old girl who's life story is pretty simple. She has a twin sister Lori that's a life guard. She has a major crush on Adam baker. One problem Adam likes Lori her sister. But when adam clones himself accidentally he might but the world in danger
8 62 - In Serial153 Chapters
You Make My Pain Fade (Book 1)
2nd Place Winner for 2018 Naruto Wattys in the Yaoi category!!Highest rating: #1 in KakaNaru bitches~(Completed)When Minato defended the Leaf against the Nine tails he was able to spare Kushina and seal the entirety of that beast inside of Naruto. He grew Fox like ears and a tail, a reminder of what was inside of him. One Kushina had to live with. Even though she loved him, she couldn't bear the burden of raising him. She always had Jiraiya, Naruto's God Father, take care of him. When Jiraya started traveling again when Naruto was four, he left him with Kushina. And she eventually became addicted to alcohol and she would beat him every day.When Naruto started the academy he hid his bruises and cuts from everyone, so no one knew he was being beaten. Even now...on graduation day, they are still Clueless.
8 114 - In Serial37 Chapters
Hot and Cold Do Mix (Descendants Fanfic)
Hattie is the child of Hades, born out of an affair while Hades was with Maleficent, Hattie is the same age as Mal but Mal is seven months older than Hattie. Want to know what Hattie's life is like, come and find out as they explore Auradon and the people in the world.Hey everyone, here is the weirdest thing we're gonna have on this account. I don't own Descendants, the characters except for Hattie and another character that's in the story. I don't own the cover art, and it looks amazing by whoever originally did it. Please don't ask for updates, I update whenever I can and I don't want to be pushed into updating, or else I won't and that isn't fair to you guys. Either way, I hope you guys liked this, and let me know if you want to read more of these kinds of stories.
8 91

