《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၁] တဖွဲဖွဲမျက်နှာပြင်|တဖွဲဖွဲမျက်နှာပြင်
Advertisement
!unicode!
သူ၏ကံကောင်းမှုနှင့်ပတ်သတ်၍ ပြဿာနာတစ်ခုခုရှိနေသည်ကိုကျန်းရွေ့တွေ့ရှိသွားပေရာ ကွေ့ရီဂိုဏ်းထွက်သွားချိန်တွင် သူလည်းတိတ်တိတ်လေးထွက်သွားလိုက်သည်။
ရှုလင်ကျားကမင်ချီနှင့်ချန်နဥ်တို့နှင့်စကားပြောပြီးသွားသည်ကိုမြင်လိုက်ရရင်း မျက်မှောက်၌ရှိနေကြသည့်လင်ရှောင်းဂိုဏ်းသားများမှာသူ့ကိုချက်ချင်းဝန်းရံလိုက်ကြသည်။ ၎င်းတို့မှာရှင်းဇုန်ဂိုဏ်းသားများဖြစ်ကြပြီး ချီဇုန်ဂိုဏ်းသားအချို့လည်းပါဝင်သည်။
သူတို့ရှုလင်ကျားကိုကြည့်သည့်ပုံစံဟာ ရှုလင်ကျားအားနောက်တစ်ခဏတွင်သူသေသွားတော့မည်ဟုခံစားသွားရစေသည်။
ရှုလင်ကျားကူကယ်ရာမဲ့စွာပြောမိသည်။
"မင်းတို့မှာပြောစရာရှိရင် တည့်တိုးပြောကြလေ။ ဘာမှမရှိရင်ငါသွားတော့မယ်။"
လူငယ်တစ်ယောက်ကသူ့ကိုမေးလာသည်။
"ရှစ်ရှုန်း၊ အစ်ကိုတကယ်ပဲလင်းယွဲ့နဲ့တိုက်ခိုက်မှာလား။"
ရှုလင်ကျားပြောလိုက်သည်။
"ဘာလို့မလုပ်ရမှာလဲ။"
သူ့လေသံမှာအရင်ကအတိုင်းဖြစ်ပေမဲ့ လူတိုင်းမှာအစကအနည်းငယ်ရှက်ရွံ့ကာ အဆင်မပြေဖြစ်သွားခဲ့သည်။ ရှုလင်ကျားအပြောကိုကြားလိုက်ရပြီးနောက်၌ သူတို့မနေနိုင်ဘဲပြောမိသည်။
"ဒါပေမဲ့သူကသိပ်ကောက်ကျစ်တာ။ အစ်ကိုသူ့ကိုချနိုင်ပါ့မလား။ တကယ်လို့အစ်ကိုသူ့ကိုမချနိုင်လို့ရှိရင် သူကအစ်ကို့ကိုသေချာပေါက်သတ်ပစ်မှာဗျ!"
"ဟုတ်တယ်၊ ရှုရှစ်ရှုန်းရ။ သူအစ်ကို့ကိုအရမ်းမုန်းနေတယ်ထင်တယ်။ ခုနကသူ့ရှစ်စွင်းမျက်နှာကိုကြည့်ရတာတော့ တော်တော်လေးစိမ်းပြာသွားတာပဲ။"
"ကျန်းရွေ့ကတော်တော်လေးမကောင်းတာပဲ၊ ဒီကိစ္စကိုသူတာဝန်ယူသင့်တယ်မလား။ သူများတွေကဘယ်လိုလုပ်ရမှာလဲ။"
"ရှစ်ရှုန်း၊ ကျွန်တော်စိတ်ပျက်အားလျော့နေမိလို့အပြစ်မတင်ပါနဲ့ဗျာ၊ အစ်ကိုဖန်တင်းနဲ့တိုက်ခိုက်တုန်းက အရမ်းခက်ခဲခဲ့တဲ့ပုံပဲ။ အစ်ကိုရဲ့စိတ်ဝိညာဥ်စွမ်းအားကအတိတ်တုန်းကနဲ့မတူတော့ဘူးလေ၊ အစ်ကိုနစ်နာလိမ့်မယ်။ ဒီတစ်ခေါက်လင်းယွဲ့နဲ့ထိပ်တိုက်တွေ့တာသိပ်မကောင်းလောက်ဘူး။"
နောက်ဂိုဏ်းသားတစ်ယောက်ကတီးတိုးပြောလာသည်။
"ရှစ်ရှုန်း၊ အစ်ကိုလင်ရှောင်းဂိုဏ်းမှာမနေတော့ဘူးမလား။ ကျွန်တော်ထင်တာကအစ်ကို...ထားလိုက်ပါတော့...အစထဲကဒါကအစ်ကို့ကိစ္စမှမဟုတ်တာ၊ ကောင်းတဲ့အရာတွေကအစ်ကိုမရခဲ့မှတော့ မကောင်းတဲ့အရာတွေ....ဂိုဏ်းက...အစ်ကို့ကိုမဆွဲသွင်းသင့်ပါဘူးဗျာ။"
ရှုလင်ကျားရုတ်ခြည်းမျက်လုံးပင့်လိုက်မိပြီး တစ်စုံတစ်ယောက်ကနောက်ဆုံးတွင်ထိုစကားပြောလာသော် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ကျသွားခဲ့သည်။
"မင်းပြောတာကိုငါသိတယ်၊ ဒါပေမဲ့ငါဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုပြောင်းလဲလိုက်တဲ့အချိန်မှာ ငါအလေးအနက်မယူဆခဲ့တဲ့အရာတချို့ရှိတယ်။"
ရှုလင်ကျားကားဓားအတွက်မွေးဖွားလာသယောင်၊ သူ၏တစ်ကိုယ်လုံးမှာဓားတစ်လက်ပမာ။ သူဟာအမှောင်ထဲတွင်ရပ်နေပြီး သူ့မျက်နှာပေါ်ကမျက်နှာထားပင်မှုန်ဝါးနေရင်တောင်မှ ၎င်းမှာ သွေးလုံးဝမထိထားသည့်ဓားသွားပမာ လင်းလက်တောက်ပကာမျက်စိကျိန်းစရာကောင်းလှသည်။
သူတစ်အောင့်မျှတန့်သွားရပေမဲ့ သူ့ကိုယ်သူရယ်မောကာပြောလိုက်သည်။
"ငါအခေါင်းကိုမမြင်ရင်မျက်ရည်မကျဘူးလို့တွေးထားလိုက်။ ရှည်လျားတဲ့မှတ်ဉာဏ်ရှိနေတာက ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်နေတာပဲ။"
စကားပြောပြီးနောက် ရှုလင်ကျားလက်ခါကာသူတို့ကိုစကားပြောရပ်ခိုင်းလိုက်ပြီး အနောက်လှည့်ကာထွက်လာလိုက်သည်။
ရှုလင်ကျားနှင့်လင်းယွဲ့ကြားရှိတိုက်ပွဲကိုမျက်မြင်တွေ့ခဲ့ကြသည့်လူအများအပြားရှိကာ သူတို့နှစ်ဦးဟာလည်းဓားရေးအရာ၌တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ကြပြီး သူတို့ဟာဓားစမ်းသပ်ရေးညီလာခံတွင် လူတိုင်း၏အာရုံစိုက်ရာဗဟိုချက်ဖြစ်နေကြသည်မို့ ထိုကိစ္စမှာခပ်မြန်မြန်ပျံ့နှံ့သွားချေသည်။
နှစ်ဖက်စလုံးသည်ဓားစမ်းသပ်ရေးညီလာခံတွင်ဖိတ်ကြားလွှာရရှိထားကြပေရာ သီးသန့်တိုက်ခိုက်မှုများမှာအစကခွင့်ပြုထားခြင်းမရှိပေ။
ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းကြားရှိအထူးအခြေအနေနှင့် ဂိုဏ်းနှစ်ဖက်စလုံး၏တိုက်တွန်းနှိူးဆော်မှုတို့ကြောင့် တရားဝင်ပြိုင်ပွဲ၏ဒုတိယပွဲစဥ်တွင် နှစ်ယောက်တိုက်ပွဲစီစဥ်ပေးထားသည်။
ထိုဆုံးဖြတ်ချက်ချပြီးမကြာမီ၌ လူအများစုမှာစိတ်သက်သာရာရသွားကြသည်။ ရှုလင်ကျားနှင့်လင်းယွဲ့တို့ရောက်လာကြရင် လူတိုင်းဟာ သူတို့မဲနှိုက်ရင်ကျနိုင်လောက်သည့် အင်အားကြီးပြိုင်ဘက်နှစ်ဦးကိုရှုံးသွားသည်ဟုဆိုလိုပေ၏။
ထို့အပြင် ရှုံးနိမ့်ခြင်းသည်ကြောက်စရာအကောင်းဆုံးအရာမဟုတ်။ လင်းယွဲ့၏ရက်စက်မှုကိုအကြိမ်အနည်းငယ်မျှမြင်လိုက်ရပြီးနောက်၌ မည်သူကမျှသေတွင်းတူးကာသူ့ဓားအောက်၌လည်မစင်းပေးချင်ကြပေ။ ရှုလင်ကျားကသူနှင့်တိုက်ခိုက်ရန်လိုလိုလားလားရှိသည်။ သူ့ကိုစိုးရိမ်ပူပင်နေကြသည့်လူအနည်းငယ်မှအပ၊ အခြားကျင့်ကြံသူများမှာဘာမှမပြောနိုင်ကြပေ။
လရောင်မှာပြတင်းပေါက်ငယ်လေးပေါ်ရောင်ပြန်ဟပ်နေကာ ပြတင်းပေါက်ဘောင်ပေါ်ရှိနူးညံ့သောအဆင်တန်ဆာများမှာနံရံပေါ်အရိပ်ကျလျက်ရှိသည်။ ပြတင်းပေါက်အပြင်ဘက်တွင် ပန်းရနံ့များမှာခပ်ဖျော့ဖျော့သင်းပျံ့လျက်၊ နှင်းများမှာတဖွဲဖွဲကျနေပေသည်။ ယင်းကားနန်ဇီတောင်ထွတ်ပေါ်တွင်သာလျှင်မြင်နိုင်သည့်မြင်ကွင်းတစ်ခုဖြစ်၏။
မနက်ဖြန်၌ ရှုလင်ကျားနှင့်လင်းယွဲ့တို့တရားဝင်ဓားရေးယှဥ်ပြိုင်ကြမည်။
ရှုလင်ကျားအသက်ရှုထိန်းညှိပြီးသော် သူသည်ထုတ်လွှတ်၍ရသွားသောစိတ်ဝိညာဥ်စွမ်းအားအစိတ်အပိုင်းနှင့်အလုံးစုံနေသားကျသွားကာ ထို့နောက်မှသာလျှင် သူ့မျက်လုံးတစ်စုံကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။
အပြင်ဘက်ရှိတီးခတ်သံများမှာရေရှင်ပမာ၊ သီချင်းမှာလည်းသိမ်မွေ့နူးညံ့သည်ကိုဝိုးတိုးဝါးတားကြားလိုက်ရသည်မို့ အခန်းထဲမှထွက်ကာခြံဝန်းထဲလျှောက်လာလိုက်သည်။
ညနေခင်းလေညှင်းမှာညင်သာစွာတိုက်ခတ်လျက်ရှိပြီး ရပ်တန့်ခြင်းမရှိသည့်နှင်းမှုန်များထဲတွင် ပန်းပွင့်ဖတ်အနည်းငယ်ကျဆင်းနေပုံမှာအလွန်တရာလှပပေသည်။
ရှုလင်ကျားလက်ဖြန့်လိုက်ရာ ပွင့်ဖတ်များကသူ့လက်ဖဝါးထဲဆင်းသက်လာပေမဲ့ မည်သည့်သစ်ပင်ကကျလာမှန်းမသိပေ။
ခုနကအသံမှာတစ်စုံတစ်ယောက်ကကုချင်းတီးခတ်ကာ သီချင်းသံနှင့်အတူသီဆိုနေပုံရပြီး သိပ်မဝေးသည့်နေရာလေနှင့်အတူပျံ့လွင့်လာပေရာ အနည်းငယ်ဝေဝေဝါးဝါးဖြစ်နေပေမဲ့ ဘယ်မိန်းကလေးကများညလယ်ခေါင်ကြီးတစ်ခုခုကိုတွေးမိကာ တစ်ယောက်တည်းသီချင်းဆိုနေမှန်းမသိပေ။
"...ငါရန်လျို့တုန့်ချောင်လမ်းကိုလာတုန်းက သီချင်းထဲမှာလျို့ဝှက်အဆင့်ရှိနေလေရဲ့။ တောက်ပတဲ့လမင်းဟာကံကောင်းစေတာမို့ ငါလည်းပဲလုံးဝန်းချင်မိသလို လုံးလည်းမလုံးဝန်းချင်ပြန်ဘူး...ဒါပေမဲ့ငါဟာဆေးပင်နဲ့ဆေးသုတ်ထားတဲ့ယပ်တောင်တွေကိုရှာပြီးတော့ ခပ်ဖွဖွမိုးကိုကာထားခဲ့တယ်။ ဖေးရှုကအကြင်နာတရားမမဲ့ပါဘူး၊ ဉာဏ်ထိုင်းတဲ့ပန်းတွေကလူတွေကိုရယ်မောနေလေရဲ့..."*(1)
ထိုသီချင်းဟာတကယ်တမ်းအဆိုသိပ်မကောင်းပေမဲ့ အသံမှာမသိမသာတုန်ယင်နေပေသည်။ အသံမြှင့်လိုက်သည့်အခါ အချိန်မရွေးမဖမ်းဆုပ်နိုင်သည့်ပုံပေါက်နေပေမဲ့ လေသံကားနူးညံ့ပျော့ပြောင်းနေသောကြောင့် ၎င်းမှာဆွဲငင်အားကောင်းလှပေသည်။
ရှုလင်ကျားသည်တစ်ခဏအတွင်းဖမ်းဆုပ်နိုင်စွမ်းမရှိမှာကိုအမြဲစိတ်ပူနေခဲ့၏။ ထိုနေရာတွင်ရပ်ကာ သေချာဂရုတစိုက်နားထောင်ကြည့်လိုက်ရာ နောက်စာကြောင်းအနည်းငယ်ကပိုကောင်းလာသည်ဟုခံစားမိသည်။
"ငါတို့တွေ့တဲ့အခါကျရင် အချစ်နာကျတဲ့အကြောင်းပြောရခက်တယ်။ ငါအချစ်ကိုယုံကြည်သင့်လား။ ငါလည်းအချစ်ကိုကြောက်နေတုန်းပါပဲ။ ငါမသိတာက ချစ်သူဟာ..."*(2)
"သိ"ဆိုသည့်စကားလုံးနားရောက်သော် သူ့လက်ချောင်းထိပ်ကကုချင်းတီးခတ်လိုက်တာကိုသူကြားလိုက်ရပြီး ကြိုးမျှင်တိခနဲပြတ်သွားသည်မို့ အသံမှာရုတ်ခြည်းရပ်တန့်သွားပေသည်။
ရှုလင်ကျားအနည်းငယ်နောင်တရသွားကာ မနေနိုင်ဘဲခပ်ဖွဖွ"အာ"ဟုလုပ်လိုက်မိပြီး ထို့နောက်တစ်စုံတစ်ယောက်ကနောက်လာမည့်စာသားအနည်းငယ်ကိုဆက်ရွတ်လာသည်အားကြားလိုက်ရချေသည်။
"..ငါတို့အပြန်အလှန်လက်တွဲထားကြဖူးတယ်။ လမင်းကြီးကပြည့်ဝန်းပြီး လမ်းမကပြတင်းပေါက်ရှေ့မှာရှိတယ်။ လထွက်ချိန်ရောက်ရင် ငါမအိပ်ဘဲစောင့်နေလေ့ရှိတယ်..."*(3)
ရှုလင်ကျားရုတ်ခြည်းခေါင်းလှည့်ကြည့်လိုက်ရာ သိပ်မဝေးသောနေရာတွင်သစ်ပင်ပေါ်တွင်မှီထိုင်နေသည့်ကျင်းဖေးထုန်ကိုမြင်လိုက်ရပြီး ထိုသူကသစ်ပင်ပင်စည်ပေါ်ကျောမှီကာ လက်ဖဝါးထဲတွင်ခေါက်ယပ်တောင်တစ်ချောင်းကိုအသာပုတ်လျက်သားဖြင့် ခုနကစာသားလေးကြောင်းမှာအတိအကျကိုသူဆိုသွားခြင်းဖြစ်သည်။
ရှုလင်ကျားလက်ခုပ်အနည်းငယ်တီးကာပြောမိသည်။
"ကောင်းပြီ၊ ကျင်းရှစ်ရှုန်းကစွယ်စုံရပါလားနော်။ သီချင်းကတကယ့်ကိုကောင်းမွန်ပြီးညက်ညောလှပါပေတယ်။ အစ်ကိုအပျော်မယ်စံအိမ်ကိုခဏခဏသွားတယ်ဆိုတာသေချာတယ်။"
ကျင်းဖေးထုန်မှာနောက်ဆုံးစကားကိုကြားလိုက်ရချိန်တွင် မရယ်ဘဲမရယ်နိုင်တော့ပေ။ လျှပ်တပြက်အတွင်း၌ သူဟာသစ်ပင်ပေါ်ကဆင်းလာပြီးဖြစ်ကာ သူ့ဝတ်ရုံမှာလေထဲတွင်တဖျတ်ဖျတ်လွင့်ခါသွားပြီး သူကရှုလင်ကျားဘေးတွင်ရပ်ကာပြောလာသည်။
"အပျော်မယ်စံအိမ်မှာဒီသီချင်းဆိုမှန်းမင်းဘယ်လိုသိတာလဲ။ ကြည့်ရတာတော့ မင်းကဖောက်သည်ဖြစ်လောက်မယ်။"
ရှုလင်ကျားမနေနိုင်ဘဲပြုံးမိကာပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားရဲ့ဂုဏ်သတင်းကိုကြားတော့ ခင်ဗျားကိုကြီးမြတ်တဲ့ပညာရှိပုဂ္ဂိုလ်လို့ခေါ်မိတော့မလိုပဲ။ ခင်ဗျားကိုတည်ငြိမ်ပြီးတစ်ယူသန်တဲ့တောက်ဓမ္မပညာရှင်လို့ထင်ခဲ့တာ။"
ကျင်းဖေးထုန်ခါးဆန့်ကာပြောလိုက်သည်။
"ဒီလောကကြီးထဲမှာ မင်းရုပ်ချောဖို့ပဲလိုတယ်။ မင်းအပြင်ကိုလျှောက်သွားပြီးတော့ ပိုပြီးတည်ငြိမ်ချင်ယောင်ဆောင်လိုက်တာနဲ့ ဒုက္ခနည်းသွားမှာပဲ။"
သူစကားပြောင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ၊ ဒီသီချင်းက ကိုယ်ဒီနေ့တောင်ခြေကမြို့ငယ်လေးမှာကြားခဲ့ရတာပဲ-- ကိုယ်ဇာတ်အဖွဲ့ကိုရိဝိုင်အဆောင်မှာဒီတစ်ညနေဖို့ဖိတ်ထားခဲ့တာ။"
ရှုလင်ကျားတောင့်တင်းသွားကာပြောမိသည်။
"ရိဝိုင်အဆောင်ကိုလာတယ်?"
ထို့နောက် သူတုံ့ပြန်နိုင်သွားကာကျင်းဖေးထုန်ကိုလက်ညှိုးထိုးလိုက်မိသည်။
"အာ၊ ခင်ဗျား?"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ကိုယ်ဒီနေ့မြို့မှာတစ်ယောက်ယောက်ကိုသွားရှာခဲ့တယ်၊ ဒါပေမဲ့ကိုယ်သူ့အရိပ်အယောင်ကိုလမ်းတစ်လျှောက်မှာလုံးဝမတွေ့ခဲ့ရဘူး။ ဒါကြောင့်မို့ ကိုယ်ခဏထိုင်နားဖို့တွေးမိလိုက်တယ်။ ပြီးတော့မှ အောက်ကလမ်းကြားထဲမှာတစ်စုံတစ်ယောက်ကတစ်ယောက်ယောက်နဲ့အချိန်းအချက်လုပ်နေတာကိုမြင်လိုက်ရတော့တာပဲ။"
ရှုလင်ကျားသူ့ကိုမျက်လုံးမှေးစင်းကြည့်လိုက်ပြီး ကျင်းဖေးထုန်စကားပြောလို့ပြီးသွားသော် သူတို့နှစ်ဦးမှာအပြန်အလှန်ကြည့်ကာ ရယ်မောမိကြသည်။
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ပြောတာကခင်ဗျားဘာလို့ညဘက်မအိပ်တာလဲလို့။ ခင်ဗျားဒီကိုရောက်လာတာက ကျွန်တော်နဲ့လင်းယွဲ့ကြားကပဋိပက္ခကိုမြင်လိုက်ရလို့လား။"
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်အစကအဲ့ဒီ့ကိုလာချင်ပေမဲ့ မင်မျိုးနွယ်စုခေါင်အရင်ရောက်နေတာကိုမြင်လိုက်ရတယ်။ ပြီးတော့သူမကမင်းဘက်မှာရှိနေပြီး ကျင်ချီးရှန်ကိုဝေးဝေးမောင်းထုတ်လိုက်တော့ ကိုယ်ဝင်မပါလိုက်တော့တာ။ ကိုယ်ရှုသခင်လေးကိုမေးပါရစေ၊ ဒီပြိုင်ပွဲကအန္တရာယ်များတယ်နော်၊ မင်းအခုဘယ်လိုခံစားနေရလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ဘာမှမခံစားရပါဘူး၊ ကျွန်တော်ကအနိုင်ရချင်ရုံတင်။"
ကျင်းဖေးထုန်ကတစ်အောင့်မျှတွေးကာ-
"ကိုယ်မင်းကိုတစ်ခုလောက်မေးလို့ရမလား။"
ရှုလင်ကျားသူ့ကိုလက်ကာပြလိုက်သည်။
ကျင်းဖေးထုန်ကပြောလာသည်။
"ကိုယ်မေးချင်တာက မင်းရဲ့စိတ်ထဲမှာ ချီဇုန်ကိုလက်မလွှတ်နိုင်သေးဘူးလား။"
ရှုလင်ကျားဒါကိုဝန်ခံရမှာဘယ်တော့မှမရှက်ပေ။
"လူတစ်ယောက်ကမိသားစုလိုအိမ်လို့သတ်မှတ်ထားပြီးတော့ အချိန်အကြာကြီးနေခဲ့တာမို့ မင်းထွက်သွားတာနဲ့မုန်းလိုက်လို့ရတဲ့အရာကျိန်းသေပေါက်မဟုတ်ဘူး။ ကျွန်တော်အစကဝင်မပါဖို့လုပ်ထားပေမဲ့ သူကမင်ကျန့်တောင်ထွတ်တံဆိပ်ပြားကိုနင်းချေပစ်ဖို့ပြင်နေပြီး ကျန်းရွေ့ကဘာမှမလုပ်တာကိုမြင်လိုက်ရတော့ ကျွန်တော်ဘာမှထိန်းချုပ်မထားဘဲဝင်ပါလိုက်မိတာ။"
ထိုတစ်ခဏမှစ၍ မင်ကျန့်တောင်ထွတ်ဟာ သူ၏ဂုဏ်ကျက်သရေ၊ အရှက်ကွဲခြင်း၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတို့ကိုကိုယ်စားပြု၏။ သူသည်တောင်ထွတ်ထိပ်၌ ဓားထောင်ပေါင်းများစွာ၏အော်သံနှင့်အတူ နေ့စဥ်နေ့တိုင်းနိုးထလာခဲ့သည်။ ဤအသိပညာကား သူ၏ရိုးတွင်းခြင်ဆီနှင့်အသွေးအသားထဲထိကဗ္မည်းထိုးထားပြီးဖြစ်ရာ သူဘယ်သွားသွားလိုက်နေလိမ့်မည်ပင်။
ကျင်းဖေးထုန်ကဆိုသည်။
"ဒီတော့မင်းလင်းယွဲ့ကိုအနိုင်ရချင်တာက မင်ကျန့်တောင်ထွတ်နဲ့ချီဇုန်အတွက်ပေါ့။"
ရှုလင်ကျားပြောလိုက်သည်။
"အဲ့ဒါက....မဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကျွန်တော်လုပ်နေတာ။ တကယ်တော့ ကျွန်တော်သိထားပြီးသား၊ 'ဓားဟာအတွေးပေါင်းများစွာကမွေးဖွားလာတာ'ဆိုတော့ ဓားဟာအချစ်ကြောင့်မွေးဖွားလာတယ်လို့မဆိုလိုပေဘူးလား။"
တကယ်တမ်း၌ ကျင့်ကြံသူများသည်"အကြင်နာတရားကင်းမဲ့ခြင်း"ပေါ်အဓိကထားကာကျင့်ကြံခဲ့ကြသည်။ အကယ်၍ ကောင်းကင်သာချစ်ခြင်းမေတ္တာအောက်တွင် အိုဟောင်းသွားလို့ရှိရင် မင်းဟာစိတ်ခံစားချက်တို့လွှမ်းမိုးခြင်းမခံရသည့်အခါမှသာလျှင် မင်းကအလျင်မြန်ဆုံးနှင့် ခွန်အားအကြီးဆုံးဓားကိုသုံးကာ အမြင့်ဆုံးသို့ပျံသန်းနိုင်မည်ဖြစ်၏။
သို့သော် လူသားတို့သည်စိတ်ခံစားချက်တို့ဖြင့်မွေးဖွားလာပေရာ သူတို့သည်ခံစားချက်ကိုထိန်းချုပ်ကာကျ်င့်ကြံကြရပြီး သူတို့၏ချီကိုသန့်စင်ကာ သူတို့၏စိတ်ကိုရှင်းလင်းစေသည်။ ထို"တောက်ဓမ္မပညာတိုးတက်စေရန်ဇနီးမယားကိုသတ်ပစ်ခြင်း"ဟုခေါ်သည့်အရာကား ဤအရာမှလာခြင်းဖြစ်ပေ၏။
ရှုလင်ကျား၏ဒဏ်ရာမှာ ကျင့်စဥ်အခြေတည်ဆောက်ပုံပျက်စီးသွားသောကြောင့် နှလုံးသားမကြည်မလင်ဖြစ်လာကာ စိတ်ဝိညာဥ်စွမ်းအားပျောက်ကွယ်သွားခဲ့သည်။
သို့သော် ချစ်ခြင်းမေတ္တာထားခြင်းကတကယ်တမ်းအလွန်ကောင်းမွန်မှန်း သူတွေ့ရှိသွားခဲ့သည်။ မင်းမှာကာကွယ်ရမဲ့တစ်စုံတစ်ယောက်ရှိလာတဲ့အခါကျရင် မင်းကမင်းကိုယ်မင်းသက်သေပြချင်လာသည်၊ မင်းမှာဘာပဲဖြစ်နေပါစေ လိုချင်တဲ့တစ်စုံတစ်ရာရှိလာရင်လည်း မင်းကမင်းလုပ်ချင်တာကိုလုပ်နိုင်စွမ်းရှိသွားမည်မှာဧကန်ဖြစ်သည်။
Advertisement
သူသည်ချောက်ကမ်းပါးအောက်ခြေသို့တစ်ခါကျကာ ဆုံးရှုံးမှုနှင့်ပျက်စီးမှုတို့ကိုခံစားခဲ့ရဖူး၏၊ သို့သော် ယခုတွင်ဓားကိုနောက်တစ်ဖန်ပြန်ဆွဲကိုင်ကာ တစ်စုံတစ်ရာအတွက်တိုက်ခိုက်ရင်းဖြင့် သူဟာတစ်ဆင့်ပြီးတစ်ဆင့်ပြန်တက်လာခဲ့သည်။
ကျင်းဖေးထုန်နားမလည်လောက်ဘူးဟု ရှုလင်ကျားတွေးမိသည်မို့ ဘာမှအသေးစိတ်ရှင်းမပြမိပေ။ သို့သော် ကျင်းဖေးထုန်ကခေါင်းငြိမ့်ကာဖြင့် နူးညံ့စွာပြောလာသည်။
"ဟိုးအချိန်တုန်းက တိုင်းပြည်အတွက်အသက်စွန့်လွှတ်ခဲ့ဖူးတယ်။ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့၊ ငါ့ဘဝမှာလက်ရှိရှိနေတာကသိပ်ကိုအထင်ကြီးစရာကောင်းတယ်၊ အရမ်းကိုသန်မာလွန်းလှတယ်! အဲ့ဒါကကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးရဲရင့်မှုပါပဲ.."*
သူကရှုလင်ကျားဘက်လှည့်ကာပြုံးပြလာသည်။
"ဥပမာပြောရရင် ကိုယ်ငယ်ငယ်တုန်းက မိစ္ဆာ(ဒါမှမဟုတ်)တစ်စုံတစ်ရာထွက်လာပြီးတော့ ကမ္ဘာကြီးကိုဖျက်ဆီးပစ်လိမ့်မယ်ပေါ့ ၊ အဲ့အခါကျရင် ကိုယ်ကကိုယ့်ရဲ့ပါရမီစွမ်းရည်တွေကိုအသုံးချပြီးတော့ သူ့ကိုလူတစ်ယောက်ဓားတစ်လက်နဲ့တားမြစ်နိုင်လိုက်တာနဲ့ လောကကြီးကကိုယ့်ကိုကျင်းသူရဲကောင်းအဖြစ်ရိုသေလေးစားလာလိမ့်မယ်လို့ တွေးခဲ့ဖူးတယ်။"
အကြီးမြတ်ဆုံးဗီလိန်တစ်ယောက်အနေဖြင့် ကျင်းဖေးထုန်၏အဆင့်အတန်းမှာ အတော်လေးရည်မှန်းချက်ကြီးမားလိမ့်မည်ဟုရှုလင်ကျားထင်ထားမိပေမဲ့ သူ့မှာတကယ်တမ်းတွင် ဝေမုန့်ဓားနှင့်တစ်ထပ်တည်းတူညီသည့်လိုအင်ဆန္ဒရှိနေလေရာ သူ့ကိုယ်သူထုရိုက်ခြင်းအားဖြင့် သူ့အိပ်မက်သူသဘောပေါက်သွားလောက်မည်။
သူပြောမိသည်။
"ကျွန်တော်ကကံမကောင်းတဲ့လူတစ်ယောက်အဖြစ်မွေးလာတာ။ ကျွန်တော်အပြင်ထွက်လိုက်တာနဲ့ ကျွန်တော့်ကိုရန်လာစတဲ့လူပေါင်းမျိုးစုံနဲ့တွေ့ရတော့တာပဲ။ နောက်တစ်ခါခင်ဗျားလိုချင်တဲ့မိစ္ဆာအကြီးကြီးနဲ့တွေ့လို့ရှိရင် ကျွန်တော်ခင်ဗျားကိုလှမ်းပြောလိုက်ပါ့မယ်။"
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်အရင်တုန်းကတွေ့ဖူးတယ်၊ အဲ့ဒီ့အချိန်တုန်းက..."
နှစ်ယောက်သားမှာစိတ်ကူးတည့်ရာစကားပြောဖြစ်ကြသည်။ သူသည်အစကတော့စိတ်ဝင်တစားရှိပေမဲ့ သူစကားပြောလို့ပြီးသွားသော် နောက်စကားလုံးများသူ့ပါးစပ်ဖျားထံ၌ရှိနေသည်ကိုခံစားမိပေမဲ့ သူ့စိတ်ကဗလာနတ္ထိဖြစ်သွားကာ သူဘာပြောဖို့လုပ်နေတာလဲဆိုတာကိုရုတ်တရက်မတွေးနိုင်တော့ပေ။
သူကြောင်အမ်းနေသည်ကိုမြင်လိုက်ရရင်း ကြီးမားသည့်တစ်စုံတစ်ရာဖြစ်သွားသည်ဟုရှုလင်ကျားတွေးမိကာမေးလိုက်သည်။
"ဘာလဲ။ ခင်ဗျားဘယ်သူ့ကိုတွေ့ခဲ့တာလဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်..."
သူတန့်သွားရကာ သူ့နှလုံးသားမှာနစ်မြုပ်သွားချေသည်။
ကျင်းဖေးထုန်သည်မတိုင်ခင်ကထိုအိပ်မက်များမက်ခဲ့ဖူး၏။ သူဟာအလွန်အရေးကြီးသောလူတစ်ယောက်ကိုမေ့နေသည်ကိုသူသိနေသည့်တိုင် ထိုလူဘယ်ရောက်သွားမှန်းမသိပေ။ ၎င်းဟာအရင်ဘဝကကံကြမ္မာပေလား၊ သို့မဟုတ် တစ်စုံတစ်ရာပေလား။
ထို့အပြင် သူအခုမှသဘောပေါက်သွားခဲ့သည်။ သူ့မှာထူးခြားဆန်းကြယ်သောအတတိတ်ရှိနေသည်ကိုမပြောနှင့်၊ ယခုဘဝမှာသူ၏မှတ်ဉာဏ်ထဲတွင်အမှားအယွင်းတစ်ခုခုရှိနေပုံရသည်။
သူကားပီလော့နန်းတော်တွင်မွေးဖွားလာခဲ့ပြီး အရေးပါသောအဆင့်အတန်းနှင့် ထူးခြားသောသွေးတို့ရှိသည်။ သူသည်ငယ်စဥ်ကတည်းက ကျော်ကြားသောဆရာထံမှအထူးတလှယ်လမ်းညွှန်ပြသခံခဲ့ရကာ လက်ရုံးရည်နှင့်နှလုံးရည်နှစ်ခုစလုံးတွင်ထူးချွန်သည်။ နောက်ကျတော့ နှစ်ပေါင်းများစွာမေ့မြောသွားကာ တောက်ဓမ္မပညာကိုနားလည်သဘောပေါက်ခဲ့သည်။
သူ့ဘဝရှိအရာရာတိုင်းဟာတည်ငြိမ်ချောမွေ့နေခဲ့ပေရာ သူ့သည်တစ်စုံတစ်ရာမှားယွင်းနေခဲ့ကြောင်းဘယ်တုန်းကမျှသတိမထားမိခဲ့ပေမဲ့ ယခုအချိန်ပြန်တွေးကြည့်မိရာ သူ့ဘဝတွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာဝိုးတိုးဝါးတားဖြစ်နေပေသည်။
သူသည်တကယ့်အတွေ့အကြုံအစစ်အမှန်ကိုပြောပြချင်မိပေမဲ့ သူ့စိတ်မှာဗလာနတ္ထိဖြစ်နေခဲ့ပေ၏။
သူဟာသူ့ကိုယ်သူတိတ်တိတ်လေးပျောက်ဆုံးသွားကာ ကျိုးပဲ့နေသည့်ဝိညာဥ်အစိတ်အပိုင်းနှင့်အတူသူစိမ်းတစ်ယောက်အဖြစ်ပြောင်းလဲသွားသည့်အလား ထိုခံစားချက်မှာခြောက်ခြားဖွယ်ကောင်းလှသည်။
သူဒီလိုမဖြစ်သင့်ဘူး၊ သူဒီလိုမဖြစ်သင့်ဘူးလေ။
ကျင်းဖေးထုန်၏မျက်နှာမှာအလွန်အရုပ်ဆိုးနေသောကြောင့်ဖြစ်လောက်မည်၊ ရှုလင်ကျားကမေးခွန်းထုတ်မိသည်။ သူပြန်မဖြေလာတာကိုမြင်လိုက်ရရာ သူရှေ့တိုး၍သူ့ကိုဖေးမကာပြောမိသည်။
"ရှစ်ရှုန်း၊ အဆင်ပြေရဲ့လား။"
"ရှစ်ရှုန်း"ဆိုသည့်စကားက
အိပ်မက်ထဲရှိလူငယ်လေးနှင့်ထပ်သွားခဲ့သည်။ ကျင်းဖေးထုန်ခေါင်းလှည့်ကာရှုလင်ကျားကိုကြည့်လိုက်မိပြီး သူဟာမဖော်ပြနိုင်လောက်သည့်အခြေအနေတွင်ပိတ်မိနေပေသည်။
ကျင်းဖေးထုန်ချက်ချင်းပြောလာသည်။
"ရှောင်ကျား-"
ရှုလင်ကျားမှာအရင်က သူ့ထံမှတစ်ခါမှထိုသို့အခေါ်မခံရဖူးပေ။
"တကယ်လို့တစ်နေ့ကျရင်..."
ကျင်းဖေးထုန်ကဖြည်းညှင်းစွာဆိုသည်။
"ကိုယ်ပြောချင်တာက တကယ်လို့တစ်စုံတစ်ယောက်ကမင်းသိတဲ့တစ်ယောက်နဲ့မတူတာကိုမင်းသိသွားလို့ရှိရင် အဲ့ဒီ့လူမှာအခြားအတိတ်တွေရှိနေရင်ရှိနေ၊ မဟုတ်ရင်သူကမင်းနဲ့အတူရှိနေတဲ့အတိတ်အကြောင်းတွေကိုမေ့သွားခဲ့လို့ရှိရင် မင်းစိတ်ပျက်သွားမှာလား။"
သူ့မေးခွန်းကအနည်းငယ်ထူးဆန်းပေမဲ့ ရှုလင်ကျားကအတည်ဖြေလိုက်သည်။
"ဟင့်အင်း။"
သူပြောလိုက်သည်။
"ဘယ်လောက်ပဲမေ့သွားပါစေ လူတစ်ယောက်ထဲဖြစ်နေတုန်းပဲလေ။ မမှတ်မိလို့ရှိရင်လည်း ဆယ်ခါ၊ အခါတစ်ရာထပ်လုပ်လို့ရတယ်၊ မှတ်မိနိုင်တဲ့အချိန်တစ်ခါလောက်တော့ရှိမှာပါ။"
ကုချင်းကြိုးမျှင်ပြန်ဆက်သွားကာ ခပ်လှမ်းလှမ်းရှိသီချင်းသံမှာတစ်ဖန်ပြန်ထွက်လာသည်။
"...ငါရန်လျို့တုန့်ချောင်လမ်းကိုလာတုန်းက သီချင်းထဲမှာလျို့ဝှက်အဆင့်ရှိနေလေရဲ့။ တောက်ပတဲ့လမင်းဟာကံကောင်းစေတာမို့ ငါလည်းပဲလုံးဝန်းချင်မိသလို လုံးလည်းမလုံးဝန်းချင်ပြန်ဘူး...ဒါပေမဲ့ငါဟာဆေးပင်နဲ့ဆေးသုတ်ထားတဲ့ယပ်တောင်တွေကိုရှာပြီးတော့ ခပ်ဖွဖွမိုးကိုကာထားခဲ့တယ်။ ဖေးရှုကအကြင်နာတရားမမဲ့ပါဘူး၊ ဉာဏ်ထိုင်းတဲ့ပန်းတွေကလူတွေကိုရယ်မောနေလေရဲ့..."
ကျင်းဖေးထုန်သီချင်းကိုနားထောင်နေမိပြီး နှင်းစက်များနှင့်ပန်းပွင့်တို့မှာ အိပ်မက်တစ်ခုပမာရောယှက်သွားသည်။ သူ့ရှေ့ရှိရှုလင်ကျား၏မျက်နှာကားလရောင်ကြောင့် ဖြူစွတ်နေပေမဲ့ သူ၏မျက်ခုံး၊ မျက်လုံးနှင့်နှုတ်ခမ်းပါးတို့မှာကြည်လင်ပြီး ရှင်းသန့်လှပကာလှုပ်ခတ်သွားစေသည်။
ဒီညမှာသူအတောက်ပဆုံးပဲ။
ကျင်းဖေးထုန်ခက်ခက်ခဲခဲအကြည့်လွှဲလိုက်ရပေမဲ့ သူ့ကိုရှုလင်ကျားလှုပ်ခတ်သွားစေသည့်အခိုက်အတန့်ဟာ သူ့ရုပ်ရည်သွင်ပြင်၏ဆွဲဆောင်မှုကြောင့်မဟုတ်ဘဲ သူ့ထံမှဘယ်တော့မှပျောက်ကွယ်မသွားမည့်စိတ်အားထက်သန်မှုနှင့်စိတ်နှလုံးစင်ကြယ်မှုတို့ကြောင့်ဖြစ်သည်။
တစ်ဖက်လူ၏လက်ကသူ့လက်မောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်ကိုကျင်းဖေးထုန်ခံစားမိသည်။ သူဟာအခြားသူများကိုဖေးမနေခဲ့ပေမဲ့ ဒါဟာသူတစ်ပါးထံမှခွန်အားရရှိသည့်ပထမဆုံးအကြိမ်ဖြစ််သည်။
သူ့ရင်ဘတ်မှာအနည်းငယ်ပူနွေးလာပြီး ရှုလင်ကျား၏ကြည်လင်တောက်ပသောမျက်ဝန်းတစ်စုံထံမှအစက်ငယ်နှစ်ခုကိုတွေ့လိုက်ရကာ တစ်ခုခုသဘောပေါက်သွားပြီး သူ့မျက်ဝန်းထဲတွင်တောက်ပသောအပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
သူတီးတိုးဆိုမိသည်။
"ဟုတ်တယ်၊ အမှတ်ရမဲ့အချိန်ရှိစမြဲပဲ။"
မှတ်ဉာဏ်ပျောက်ဆုံးသွားရင်တောင်မှ နှလုံးသားကလားရာနောက်လိုက်ပြီး သူသဘောကျသည့်လူကိုရှာဖွေပေလိမ့်မည်။
......
"၇၈ခုမြောက်ပွဲစဥ်၊ လင်းယွဲ့နဲ့ရှုလင်ကျား!"
"ဒုန်----"
ဗုံတီးသံမြည်ဟည်းလာကာ စိတ်လှုပ်ရှားနေသည့်အသံတစ်သံကလူတိုင်း၏ခေါင်းထက်၌ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် မွန်းတည့်ချိန်ရောက်တော့မည်ဖြစ်ရာ နေလုံးမှာပြင်းထန်ကာလင်းထိန်လျက်ရှိပြီး အလွန်ပူပြင်းသောနွေရာသီလေထုမှာပတ်ဝန်းကျင်တစ်ခွင်တွင်ပြည့်နှက်နေသဖြင့် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေလေသည်။
ထိုစဥ် ရှင်းလင်းသောအလင်းတန်းရုတ်ခြည်းထွက်ပေါ်လာသည်!
လင်းယွဲ့ကဓားရှည်ကိုဓားအိမ်ထဲမှလက်မဖြင့်ဆွဲထုတ်လိုက်ရာ လေထဲတွင်ငွေရောင်အလင်းတန်းဝေ့ဝဲထွက်ပေါ်လာကာ သူ့လက်ထဲ၌သက်ဆင်းသွားချေသည်။
ဤဓားကားအလွန်လျင်မြန်ပြီး ဓားဖျားမှာချွန်မြကာ ထောင်ပေါင်းများစွာသောကြယ်ပွင့်များအဖြစ်ပြောင်းလဲသွားပြီး တကယ့်အစစ်အမှန်တိုက်ခိုက်မှုလားရာကိုခွဲခြားရန်မဖြစ်နိုင်အောင်ပြုလုပ်လျက်ရှိပြီး ဓားကအေးစက်ကာထက်ရှပြီး လူသတ်လိုစိတ်ရည်ရွယ်ချက်ကအလွန်ပြင်းထန်သည်ကိုသာလျှင်ခံစားရသည်။
လင်းယွဲ့ကဘာမှမဆိုဘဲသူ၏လှည့်ကွက်ဟောင်းကိုထပ်မံကစားကာ ပထမဆုံးတိုက်ကွက်ကမြန်ဆန်ပြီးခက်ထန်လှပေသည်!
ရှုလင်ကျားဟာလည်းတစ်ချိန်တည်းမှာဓားဆွဲထုတ်ပြီးဖြစ်ကာ ဓားရှည်ကလေထဲတွင်စက်ဝန်းပြတ်သဏ္ဍာန်ဆွဲသွားပြီး လင်းယွဲ့၏စိတ်ဝိညာဥ်စွမ်းအားကိုအလယ်တွင်ထားကာဝန်းရံလိုက်သည်။ ထို့နောက်သူ့ဓားဖျားကဦးတည်ရာဘက်ပြောင်းသွားကာ လင်းယွဲ့ထံတည့်တည့်မတ်မတ်ရောက်လာပြီး လင်းယွဲ့ကဓားမြှောက်ကာခုခံလိုက်သည်။
"ချွင်---"
ဓားနှစ်လက်ထိခတ်သွားကာ ဓားဖျားမှမီးပွားများထွက်ပေါ်လာပြီး ဓားချီစွမ်းအားကသူတို့နှစ်ဦးကြားတွင်ဘန်းခနဲပေါက်ကွဲထွက်သွားသည်။ လေပွေငယ်ကဲ့သို့ဝေ့ဝဲသွားပြီးနောက် သည်းထန်သောမိုးပမာသွန်းလောင်းကျလာသည်။
ယင်းကားသူတို့နှစ်ဦး၏ပထမဆုံးတိုက်ကွက်သာရှိသေးသည်၊ ဤကဲ့သို့သောပြိုင်ပွဲကြောင့် ကွင်းပြင်တစ်ခုလုံးမှာတိတ်ဆိတ်လျက်ရှိသည်။
ဒီတစ်ကြိမ်တွင် ရှုလင်ကျားနှင့်လင်းယွဲ့တို့၏လှုပ်ရှားမှုတိုက်ကွက်များမှာအပေါ်ယံတွင်ကွဲပြားပုံပေါ်သော်လည်း သူတို့၏ဓားလှုပ်ရှားမှုများကတူညီပုံပေါက်သည်ကို မျက်စိလျင်သောသူများသာမြင်နိုင်ပေသည်။
ရှုလင်ကျားနှင့်လင်းယွဲ့မှာတစ်ပြိုင်နက်တည်းခြေလှမ်းအနည်းငယ်မျှအနောက်လွင့်သွားကြသည်။ လင်းယွဲ့ကဓားကိုမြေပြင်ပေါ်ထောက်ကာ မြဲမြဲရပ်လိုက်ပြီး ရှုလင်ကျားထက်ခြေတစ်လှမ်းနည်းပုံပေါ်သွားအောင်လုပ်လိုက်ပေမဲ့ သူ့ရင်ဘတ်ထဲမှာသွေးများဆန်တက်လာသည်ကိုခံစားမိသည်။
သူကရှုလင်ကျားကိုတစ်ချက်လောက်ကျွေးလိုက်ချင်ပေမဲ့ အလုပ်မဖြစ်ပေ။ သူ့ရင်ထဲတွင်ဒေါသပုန်ထလာကာ အေးစက်စက်ပြောမိသည်။
"သိပ်ကောင်းတယ်၊ မင်းကြည့်ရတာငါ့ကိုခပ်ပြင်းပြင်းရိုက်ချတော့မဲ့ပုံပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ကြောက်လို့လား။"
"မင်းကိုကြောက်ရမှာလား။"
လင်းယွဲ့ကပြက်ရယ်ပြုသည်။
"အိပ်မက်မက်နေလိုက်!"
ထိုစကားများထွက်လာသည်နှင့် သူ့ဓားဖျားထက်၌ရွှေရောင်အလင်းတန်းများတမဟုတ်ချင်းစုဝေးလာကာ နေရောင်ခြည်ပမာတောက်ပလျက်ရှိပြီး လင်းယွဲ့ကလက်တစ်ဖက်တွင်ဓားကိုင်ကာဖြင့် နောက်တစ်ဖက်ကချိပ်စည်းပုံဖော်ကာ သူ့ညာပုခုံးကိုအားစိုက်၍ ဓားဖျားကိုလှည့်လိုက်လေရာ လေထုအလယ်တွင်တောက်ပပရွှေရောင်ဓားရာကျန်ရစ်ခဲ့ပြီး တစ်ခုနှင့်တစ်ခုထပ်သွားကာ ရှုလင်ကျားကိုတိုက်ခိုက်လာသည်။
သူရှုလင်ကျားကိုနိုင်ကိုနိုင်ရမည်၊ သူအနိုင်ချင်ဆုံးအရာမှာရှုလင်ကျားဖြစ်သည်။ တစ်ဖက်လူဓားကိုင်တာကိုမြင်လိုက်ရသည့်အခိုက်အတန့်မှစ၍ လင်းယွဲ့ထိုသို့တွေးမိသည်။
ဒီဓားကျင့်စဥ်ကြောင့်မဟုတ်ရင် သူတို့ဟိုဟိုဒီဒီပြေးလွှားကာ အခြားသူများအပေါ်မှီခိုပြီး နောက်ဆုံးမှာသစ္စာဖောက်ဟု စွပ်စွဲခံခဲ့ရမည်မဟုတ်ပေ။
သူသည်ငယ်ငယ်ကတည်းကကြိုးစားပမ်းစားလေ့လာသင်ယူခဲ့ပြီး ကောလဟာလဘယ်လောက်များများကြားခဲ့ရသည်ကိုသူမသိတော့ပေ။ လင်းယွဲ့မှာသူ့အဖိုး၏အမွေကိုဆက်ခံရန်ရည်ရွယ်ချက်မရှိ။ တစ်ဖက်လူကစျေးပေါသည်ဟုသူခံစားမိရုံသာ။
Advertisement
- In Serial7 Chapters
Tank
Eliza is a young woman finding her way through life and hiding from her past. When she decided to face the urge from running away, a simple train trip turns into something more. She is caught in the middle of something she can't comprehend. All pictures in story are not mine and all credits to creator and also this story is not yet complete and I am still putting things together so there are parts that won't make sense.
8 240 - In Serial6 Chapters
After the Fall. (Book 1 of the Shardfall Saga)
Not too far off in the future, a meteor strikes the earth leaving the world in devastation. The impact of such a massive object changed the enviroment entirely, from tsunamis to tornadoes and the complete rewriting of the world's ecosytems. The worst part of it though was the fact the meteor was not composed of rocks and minerals. Mana, otherwise known as magic, composed the meteor in its entirety. With this foregin element introduced, the very biology of everything changed. Meet Ridge who even after living in this new world for several months doesn't have a clue as to what he is, because not everyone was lucky enough to change into things from fairy tales. Instead he has to work to find out what he is and what his dreams mean, all while trying to find a way to survive the monsters and dangers that lurk in the new enviroments.
8 191 - In Serial56 Chapters
The Other - a (man) called Ted
A figure, large and present through time in ways most would not understand. Seemingly uncaring about all except his own principles, the one we refer to as the Other (for legitimate reasons, lest some accidentally call upon his old name), finds his way through life. Though refusing to claim the title himself, this (immortal)'s projects have begun to leave him behind, awaiting some accident to move him back into the world. - - - - - - Initially intended to be a novella, then a project to keep me sane in busy times IRL, this will be considered the roughest of drafts. Also, IRL may prevent me from regular updates after the backlog is done. Tags with a grain of salt, items may be mentioned briefly in story so far, or in chapters already written but not published. Content warnings just in case. Some perspective switching in the first several chapters. Legitimately though, in the first chapters an explanation is provided for referencing to the MC as 'the Other.'
8 164 - In Serial22 Chapters
LILAC MUSINGS.
graced poetic rambles & what-not.lower-case intended.
8 116 - In Serial29 Chapters
The Little Prince
The Little Prince, first published in 1943, is a novella and the most famous work of the French aristocrat, writer, poet and pioneering aviator Antoine de Saint-Exupéry.Link: https://andonovicmilica.files.wordpress.com/2018/07/the_little_prince.pdf
8 129 - In Serial24 Chapters
one || eddie kaspbrak [1]
Believe it or not, Rylee Tozier, a quick witted, creative, and self confident girl, has some secrets. Rylee and Richie are thirteen year old twins, they're basically the same person, aside from height. Both wear glasses, both have short black hair, both have a quick wit, both are very stubborn, both have the same dark brown eyes, both have the same friends, point is, almost everything about them is the same, but not their height. Richie is about 5'6" while Rylee stands at 5'0"Rylee and Richie are part of the 'losers club' which are Bill Denbrough, Eddie Kaspbrak, Stan Uris, Richie Tozier, and Rylee Tozier. The Tozier twins have known them since they were five, but Rylee became best friends with Eddie when they were three. The biggest similarity between the twins; their fear. Clowns. [ BOOK 1/2 ]eddie kaspbrak x fem!oc #1 kindascary march 2020#1 kindascary april 2020#1 kindascary may 2020 #2 kindascary june 2020#4 billdenbrough july 2020
8 163

