《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၂] ကျင်းဟွိုင်သို့နှလုံးသား|က်င္းဟြိုင္သို႔ႏွလုံးသား
Advertisement
!unicode!
ယင်းချန်သည်ရှုလင်ကျားနှင့်အတူကြီးပျင်းလာသည်မို့ သူ့အကျင့်စရိုက်ကိုအသိဆုံးပင်။ ဟုတ်သည်၊ ရှုလင်ကျားဒီနေ့ဘာကြောင့်တိုက်ခိုက်မှန်းသိနေပေမဲ့ တစ်နေ့ကျရင်ရှင်းဇုန်ဂိုဏ်းသားများထံမှ ဤကဲ့သို့သောစကားများကြားရလိမ့်မည်ဟု သူဘယ်တုန်းကမျှမထင်မှတ်ထားခဲ့မိပေ။
သူတစ်အောင့်မျှနှုတ်ဆိတ်သွားရကာ သူ၏ထေ့ငေါ့စကားများကိုပြန်ရုတ်သိမ်း၍ တစ်ဖက်လူ၏ပုခုံးကိုပုတ်လိုက်သည်။
"ဒါဖြင့်ရင် အတူကြည့်ကြတာပေါ့ကွာ။"
ယင်းချန်ကဆိုသည်။
ဤအချိန်တွင် ပြိုင်ပွဲကားရှေ့မတိုးနောက််မဆုတ်သာအခြေအနေသို့အလုံးစုံကျရောက်နေပေသည်။ လင်းယွဲ့ကမြေပြင်ပေါ်ရှိဓားဖျားကိုလက်ညှိုးထိုးကာ စိတ်ဝိညာဥ်စွမ်းအားများထည့်လိုက်သည်။ တမဟုတ်ချင်းပင်၊ အဖြူရောင်မီးခိုးငွေ့နှင့်ဖုန်မှုန့်များမှာလှိုင်းလုံးများပမာလိပ်တက်လာခဲ့သည်။
မြေပြင်ပေါ်၌အက်ကွဲကြောင်းများရုတ်တရက်ပေါ်လာကာ ရှုလင်ကျားထံချဥ်းကပ်လာပြီး ကျောက်စရစ်ခဲများမှာလေပွေနှင့်အတူရောယှက်ကာဖြင့် သူ့ထံသို့တဟုန်ထိုးပြေးဝင်လာသည်။ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးမှာလှိုင်းများအကာအရံမဲ့ဆန်တက်လျက်ရှိပုံမှာ ၎င်းကလူတို့ကိုဝါးမျိုရန်ကြိုးစားနေသည့်အလား။
တစ်ချိန်တည်း၌ လင်းယွဲ့ကခုန်တက်ကာ တိုက်ခိုက်ရန်အခွင့်ကောင်းယူ၍ တစ်ဖန်ဦးဆောင်လိုက်ပြန်သည်။
သို့သော် သူ့ခန္ဓာကိုယ်ကျခါနီးတွင် ရှုလင်ကျားကလက်ထဲရှိဓားကိုဆွဲထုတ်ကာ ဓားသွားကိုလွှတ်ပေးလိုက်သည်။ ဝေမုန့်ဓားကချက်ချင်းဆိုသလိုပျံထွက်လာပြီး လေထဲတွင်ငွေရောင်ချည်မျှင်အဖြစ်ပြောင်းလဲသွားလုမတတ်ပင်၊ လေလှိုင်းကိုဖြိုခွင်းကာ လင်းယွဲ့ထံခုန်အုပ်လိုက်သည်။
ဓားကိုယ်ထည်ပေါ်ရှိတောက်ပမှုမှာ တဖိတ်ဖိတ်တောက်နေပြီး ကောင်းကင်ကိုဖြတ်၍ဖြိုခွဲသွားသည့်မိုးကြိုးအလင်းတန်းပမာ အရှေ့ကိုတည့်တည့်မတ်မတ်ရွေ့လျားသွားသည်။ ၎င်း၏အရှိန်ကားပုံမှန်လူတို့၏အရှိန်ထက်အဆပေါင်းများစွာလျင်မြန်ပေသည်။ လင်းယွဲ့ဆက်တိုက်ခိုက်နေလို့ရှိရင် သေချာပေါက်ကိုဓားနှင့်တည့်တည့်ကြီးထိုးစိုက်ခံရမည်ဖြစ်သည်။
သူဟာလည်းအလွန်အထင်ကြီးလောက်စရာပင်၊ သူဟာရုတ်တရက်လေထဲခုန်လိုက်ပြီး ထို့နောက်မြေပြင်ပေါ်ပြန်ကျလာသည်။
ထိုအခိုက်အတန့်လေးတွင် သူဟာလင်းယွဲ့နံဘေးကဖြတ်သွားပြီး သူ့ခန္ဓာကိုယ်ကိုဆွဲကာသူ့နောက်တွင်တိုက်ရိုက်လှုပ်ရှားလိုက်သည်။
ချက်ချင်းပင် ရှုလင်ကျားလှည့်ကာဝှစ်ခနဲပျောက်သွားပြီး ဓားကလင်းယွဲ့ကိုတိုက်ခိုက်လာသည်။
သူအသာစီးရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ သူ၏တိုက်ခိုက်ချက်တစ်ခုချင်းစီတိုင်းဟာ စိတ်ဝင်တစားကြည့်ရှု၍ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှုလင်ကျား၏ဓားလှုပ်ရှားမှုတိုက်ကွက်များသည်အလွန်ချောမွေ့လှပြီး ကျင့်ကြံရေးလောကထဲတွင်မမြင်ရတာကြာပြီဖြစ်သည်။ တကယ့်ကိုမျက်စိပသာဒဖြစ်ပေသည်။
ထိုလှုပ်ရှားမှုပြီးသွားသော် ခုခံရာမှပြန်လည်တိုက်စစ်ဆင်ရာတွင် အလယ်မှာလုံးဝကိုမရပ်တန့်သွားဘဲ အဆုံးသတ်ဟာမနှိုင်းယှဥ်နိုင်လောက်အောင်နက်နဲသိမ်မွေ့လှသည်။
လင်းယွဲ့ကခပ်မြန်မြန်ပင်ဓားကိုလက်နောက်ပြန်ကိုင်၍ အနောက်ကရှုလင်ကျား၏ဓားကိုတားမြစ်လိုက်သည်။ နှစ်ဦးသား၏ဓားချီစွမ်းအားချင်းထိခတ်သွားကာ ချက်ချင်းပင်ထိပ်ဆုံး၌တွေ့ဆုံသွားကြသည်။
သူတို့နှစ်ဦးသားသည်တစ်အောင့်မျှသရေဖြစ်နေခဲ့ပြီး ထို့နောက်တစ်ပြိုင်နက်တည်းလေထဲခုန်တက်ကာ လျင်မြန်စွာတိုက်ခိုက်နေကြပေမဲ့ ကျောက်စိမ်းပန်းကန်ပေါ်ပုလဲလုံးများပြုတ်ကျနေသည့်အလား ရေကန်ကိုရိုက်ခတ်နေသည့်သည်းထန်သောမိုးအလား တချွင်ချွင်အသံကိုသာကြားနေရပြီး လင်းယွဲ့မှာအကြိမ်ပေါင်းများစွာအခွင့်ကောင်းယူဖို့ကြိုးစားပေမဲ့ အကုန်လုံးမှာရှုလင်ကျား၏တင်းတင်းကြပ်ကြပ်ပိတ်ဆို့ခြင်းခံလိုက်ရပေ၏။
သို့သော် တူညီစွာဖြင့် ရှုလင်ကျားဟာလည်းလင်းယွဲ့ဘက်ကအရံအတားကိုချိုးဖောက်ရာတွင်ကျရှုံးသွားခဲ့သည်။
သူတို့ယာယီနောက်ပြန်ဆုတ်လိုက်ချိန်တွင် နှစ်ယောက်လုံးပင့်သက်ရှိုက်မိကြသည်။
ဤပွဲစဥ်၌ တိုက်ခိုက်မှုမှာအလွန်ခက်ခဲသောအရာဖြစ်သည်မို့ ပြိုင်ပွဲကွင်းပြင်ပေါ်ကလူတွေမပြောနှင့်၊ ထိုမြင်ကွင်းကိုကြည့်နေကြသည့်ပရိသတ်များပင်မနေနိုင်ဘဲအသက်အောင့်မိကြကာ အသက်တောင်ရှုမထုတ်ရဲကြပေ။
ရှုလင်ကျားနှင့်လင်းယွဲ့မှာတစ်အောင့်မျှဆက်မတိုက်ကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့သာဤကဲ့သို့ဆက်တိုက်ခိုက်နေလို့ရှိရင် ရုပ်ပိုင်းဆိုင်ရာခွန်အား၊ သက်လုံနှင့်တိုက်ခိုက်လိုစိတ်တို့ဆုံးရှုံးသွားမည်ဖြစ်ကာ သူတို့ဟာသူရှုံးကိုယ်ရှုံးပြိုင်ပွဲအခြေအနေသို့ သေချာပေါက်ကျရောက်သွားလိမ့်မည်ကို ဒီတစ်ကြိမ်တွင်သူတို့နှစ်ဦးစလုံးသဘောပေါက်သွားကြသည်။
အခက်အခဲကိုကျော်လွှားနိုင်ရမည်။
လင်းယွဲ့၏လက်မကဓားရိုးပေါ်ရှိကောက်ကြောင်းကိုပွတ်သပ်လျက်ရှိပြီး သူကရုတ်တရက်ဆိုလာသည်။
"ငါတစ်စုံတစ်ယောက်နဲ့ဒီလိုအားရပါးရမတိုက်ခိုက်ရတာတော်တော်ကြာပြီ။"
ရှုလင်ကျားမျက်ခုံးပင့်ကာပြောလိုက်သည်။
"အိုး၊ ဒါက အရင်ကလိုအနိုင်ရအောင်လို့သူများကိုစကားနာထိုးနေတာပေါ့လေ၊ ငါ့အတွက်အလုပ်ဖြစ်မှာမဟုတ်ဘူး။"
လင်းယွဲ့ပြောမိသည်။
"မင်းကသူများတွေပြောတာကိုတကယ်နားလည်တာပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ငါပြောတာအမှန်ပဲလေ။ မင်းကအရည်အချင်းမရှိတာမဟုတ်ဘူး။ ဝူဖုန်းရှီဖြစ်ဖြစ် မုန့်ခုန်ဖြစ်ဖြစ် နောက်မျိုးဆက်သစ်တွေကတကယ့်ခွန်အားအရာမှာ မင်းရဲ့ပြိုင်ဘက်မဖြစ်သင့်ဘူး။ ဒါပေမဲ့မင်းကဓားအတွက်တိုက်ခိုက်နေတာမဟုတ်ဘဲ မင်းရင်ထဲကအမုန်းတရားကိုဖြေလျှော့နေတာ။ မင်းကသူရဲကောင်းအဖြစ်ကနေလူပြက်ဖြစ်လာပြီးသား၊ မင်းရဲ့ဓားမှာဓားနှလုံးသားမရှိဘူး။"
လင်းယွဲ့ကရှုလင်ကျားကိုအေးစက်စက်စိုက်ကြည့်ကာ သူ့မျက်ဝန်းတစ်စုံကအကြင်နာတရားကင်းမဲ့လာသည်။
"မင်းကငါ့ရှေ့မှာခဏလောက်အသာစီးရသွားလို့ရှိရင် မင်းငါ့ကိုသင်ခန်းစာပေးဖို့အရည်အချင်းပြည့်မှီပြီလို့ထင်နေတာလား။"
လင်းယွဲ့ကတည်တံ့စွာဆိုသည်။
"ဘာလို့လဲဆိုတော့ ငါမင်းကိုရှင်းပစ်ဖို့အခြားနည်းလမ်းမသုံးချင်တာမို့လို့ပဲ။"
သူ့လက်ငါးချောင်းမှာရုတ်ခြည်းတင်းကြပ်သွားကာ ဓားရိုးကိုဆုပ်ကိုင်ထားမိသည်။ ဓားဖျားကစက်ဝန်းပြတ်တစ်ခုဆွဲကာ ရှုလင်ကျား၏ဓားနှင့်အောက်ခြေချင်းတိုက်ခိုက်လာသည်။
ကြည့်ရှုသူများအကြားတွင် ယင်းချန်မှာ"မကောင်းတော့ဘူး!"ဟုလွှတ်ခနဲပြောလိုက်မိသည်။
ရှောင်းနဥ်အာကခပ်မြန်မြန်မေးလာသည်။
"ဘာလို့လဲ။"
ယင်းချန်ကဆိုသည်။
"သူ့ကိုကြည့်ရတာ ဟိုတစ်ခေါက်ဝူဖုန်းရှီကိုရှင်းပစ်ဖို့သုံးခဲ့တဲ့စေးကပ်ကပ်ဓားနည်းလမ်းကိုသုံးတော့မဲ့ပုံပဲ!"
သူပြောတာမှန်သည်၊ လင်းယွဲ့သည်ရှုလင်ကျားနှင့်တိုက်ခိုက်ရာတွင် အရက်စက်ဆုံးနှင့်ခွန်အားအကြီးဆုံးလှုပ်ရှားမှုတိုက်ကွက်ကိုလုံးဝမသုံးခဲ့ပေ၊ ဒါဟာရှုလင်ကျားကိုပြိုင်ဘက်အနေနှင့်မထီမဲ့မြင်ပြုခြင်းမဟုတ်ဘဲ ဒီနည်းလမ်းကသူ့အတွက်များလွန်းသည်ဟုတွေးခဲ့မိသောကြောင့်ပင်။
ဝူဖုန်းရှီကိစ္စကလူထုကိုဒေါသထွက်စေခဲ့သည်မို့ သူသာထိုလှည့်ကွက်ဟောင်းကိုထပ်သုံးလိုက်လို့ရှိရင် ကွေ့ရီဂိုဏ်းကထိုကဲ့သို့သောနည်းလမ်းများကိုသာသုံးသည်ဟု လူတွေထင်ကြမည်မှာဧကန်ဖြစ်သည်။
သို့သော်ယခုတွင်တိုက်ကွက်ပေါင်းများစွာသုံးခဲ့ပေမဲ့ လင်းယွဲ့ကရှုလင်ကျားကိုအနိုင်ရချင်ပေရာ သူဒါကိုလုပ်ရပေလိမ့်မည်။
"ယူလိုက်!"
လင်းယွဲ့ကကျယ်လောင်စွာအော်လိုက်ပြီး ဓားဖျားကကျောချမ်းစရာကောင်းအောင်တုန်ခါလာကာ လေထဲပျံထွက်သွားလေသည်!
ရှုလင်ကျား၏လက်ကောက်ဝတ်မှာမသိမသာတုန်ခါလာပြီး ဓားအလင်းရောင်ကဓားထဲမှရုတ်ခြည်းထွက်ပေါ်လာသည်။ ဓားတစ်လက်ကအခြားတစ်လက်ထက်ပို၍ထက်ရှပြီး "ချွင်ချွင်ချွင်ချွင်"ဖြင့် လင်းယွဲ့၏လှုပ်ရှားမှုလေးကွက်ကိုတစ်ကွက်ပြီးတစ်ကွက်ပိတ်ပင်သွားခဲ့သည်။
ရှင်းဇုန်၏ကျော်ကြားသောဂိုဏ်းသားမှာစိတ်ပူလာပုံပေါ်ကာ မနေနိုင်ဘဲပြောမိသည်။
"ရှုရှစ်ရှုန်း၊ အစ်ကိုဘာလုပ်နေတာလဲ! ဒါကထောင်ချောက်နော်!
လင်းယွဲ့ကစေးကပ်ကပ်ဓားကိုသုံးချင်မှန်းအစ်ကိုသိနေမှတော့ အစ်ကိုသူ့ဓားနဲ့မထိအောင်လို့အတတ်နိုင်ဆုံးရှောင်ရမှာလေ၊ အစ်ကိုသူ့ထောင်ချောက်ကိုတားလေလေ အဖမ်းခံရဖို့လွယ်လေလေပဲ။"
ယင်းချန်ကပြောသည်။
"ပုန်းဖို့ကအလုပ်ထက်အပြောကပိုလွယ်တယ်။"
သူပြောတာမှန်သည်၊ အမြဲတမ်းပုန်းနေခြင်းကားနည်းလမ်းကောင်းတစ်ခုမဟုတ်။ လင်းယွဲ့၏ဓားကပိုမိုမြန်ဆန်သထက်မြန်လာသည်ကိုမြင်နေရရင်း ရှုလင်ကျား၏ဓားမှာဖြည်းဖြည်းချင်းလေးလံကာနှေးကွေးလာသယောင်။
ထို့နောက်ချက်ချင်းပင်၊ လင်းယွဲ့ကဓားပြန်ရုတ်လိုက်ပေမဲ့ ရှုလင်ကျားကဓားမရုတ်သိမ်းသည့်အပြင်နောက်ပြန်ရုတ်ရုံတင်သာမက သူ့ဓားဖြင့်ရှေ့တစ်လှမ်းတိုးလိုက်တာကို လူတိုင်းရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။
စေးကပ်ကပ်ဓားနည်းလမ်းကထပ်ပေါ်လာပြန်သည်!
လက်ရှိလူတိုင်းမှာမလှုပ်မယှက်နေမိကြသည်။
ရှုလင်ကျားတောင် လင်းယွဲ့နှင့်ဝူဖုန်းရှီတို့ရဲ့ဆိုးဝါးတဲ့အခြေအနေကိုမကူညီနိုင်ဘဲ သူပါဒီနေ့ရှုံးသွားအုံးမှာလား။
သို့သော် တကယ်တမ်း၌ ရှုလင်ကျားဟာလင်းယွဲ့၏စေးကပ်ကပ်ဓားနည်းလမ်းကို တမင်သက်သက်သုံးလိုက်ခြင်းပင်။
တစ်ဖက်လူကဖမ်းမိချင်ရင် သူဟာသေချာပေါက်ကိုငါးစာချကျွေးရမည်ပင်။ သူသည်တစ်ဖက်လူ၏ရင်ထဲကအမုန်းကိုသေချာလေ့လာပြီး ဒေါသပုံချ၊ ဖျက်ဆီးခြင်းအားဖြင့် တစ်စုံတစ်ခုကိုစိတ်မရှည်စွာသက်သေပြချင်မိသည်။
သို့ပေမဲ့ လင်းယွဲ့၏ဓားအသက်ရှုသံမှာနာကျင်ကာရုန်းကန်လျက်ရှိသည်။
သူဟာဓားစကိုင်ချိန်တုန်းက ထိုကဲ့သို့စိတ်အခြေအနေမျိုးမရှိတာဖြစ်လောက်မည်။ မဟုတ်ရင် သူဟာဤကဲ့သို့ဓားရေးမျိုးကိုကျင့်ကြံခဲ့မည်မဟုတ်ပေ။
သို့သော်အချိန်ကြာလာတော့ ဓားကလင်းယွဲ့၏ကလဲ့စားအတွက်ကိရိယာသက်သက်မျှသာဖြစ်လာပြီး ဓား၏နှလုံးသားမှာရွှံ့နွံထဲနစ်သွားခဲ့သည်။ ဤဓားဖျားချွန်ကိုမြင်လိုက်ရရာ ၎င်းမှာတကယ့်ကိုအတွင်းမှအပြင်ထိပုပ်သိုးစပြုနေပြီဖြစ်သည်။
ဓားတစ်လက်ကဘယ်လိုလုပ်ပြီးတော့ဒီလိုဖြစ်လာရတာလဲ။
သူစိတ်လျှော့ကာ လင်းယွဲ့၏ဓားအသက်ရှုသံနှင့်စိတ်ခံစားချက်တို့ကိုခံစားပြီး သူ့ဓားကိုသူ့ဓားနှင့်အတူလုံးလုံးလျားလျားလှုပ်ရှားစေလိုက်သည်။ အစကနှစ်ဖက်စလုံးရှိဓားအသက်ရှုသံများမှာပါးကိုက်နားကိုက်ဖြစ်နေပြီး အပြန်အလှန်သဟဇာတမဖြစ်ပေမဲ့ တဖြည်းဖြည်းချင်းလက်ခံလာပုံပေါ်သည်။
လင်းယွဲ့ဓားမှာမြန်သထက်မြန်လာသော်လည်း ရှုလင်ကျား၏ဓားရေးမှာမူမတည်မငြိမ်ဖြစ်နေပေသည်။
ကြည့်၊ အချိန်ရောက်လာပြီ!
လင်းယွဲ့အော်လိုက်ပြီးမကြာမီတွင် ဓားအလင်းရောင်မှာမီးတောက်အဖြစ်ပေါက်ထွက်သွားပြီး မျက်မှောက်ရှိလူတိုင်း၏ဖြူဖျော့ဖျော့မျက်နှာပေါ်ရောင်ပြန်ဟပ်သွားကာ ထို့နောက်သူကြည့်နေရင်းနှင့် သူ့လက်ထဲရှိဓားမှာရုတ်တရက်အရှိန်မြင့်သွားသည်။
ဓားကိုယ်ထည်ကတစ်ပတ်လည်နေပြီး လေကတဝီဝီမြည်နေကာ တမဟုတ်ချင်းပင်"လျိုပေါ်ဝမ်လီ (မိုင်ထောင်ပေါင်းများစွာကစီးဆင်းနေသောရေလှိုင်းများ)"၊ "ကုကျိုးရိယယ်(အဖော်မဲ့လှေပေါ်ကသစ်ရွက်တစ်ရွက်"၊ "ဟန့်ဟိုင်ဖုန့်ရန်(ကျယ်ပြောသောပင်လယ်ပြင်၊ လေနှင့်မြူခိုး)"စသည့်တိုက်ကွက်သုံးကွက်မှာအောင်အောင်မြင်မြင်သုံးလိုက်နိုင်သည်။
တိုက်ကွက်တိုင်းမှာအဆုံးမသတ်သွားဘဲ လေပြင်းမုန်တိုင်းအလားခက်ထန်လျက်ရှိသည်။ ပတ်ဝန်းကျင်ရှိအလင်းနီမှာမိုးကောင်းကင်ထဲဖြတ်ခနဲလက်သွားပြီး သိပ်သည်းသောတိမ်တိုက်တို့ကအတူစုစည်းကာ ရှုလင်ကျားထံတိုးဝင်လာသည်။
လင်းယွဲ့၏ရည်ရွယ်ချက်သည် ဝူဖုန်းရှီကိုလုပ်ခဲ့သကဲ့သို့ ရှုလင်ကျား၏ခွန်အားကိုစားသုံးချင်ရုံသာမက တစ်ဖက်လူ၏လှုပ်ရှားမှုများကိုအရင်ထိန်းချုပ်ဖို့ရည်ရွယ်ထားကာ ထို့နောက်မှသာလျှင် သူ့ဓားကိုသုံး၍ ရှုလင်ကျားကိုအပြတ်အသတ်အနိုင်ယူမည်ဖြစ်၏။
"ရှုရှစ်ရှုန်း!"
ရှောင်းနဥ်အာမနေနိုင်ဘဲလွှတ်ခနဲအော်ပြောမိပြီး ရှေ့ကိုခြေလှမ်းအနည်းငယ်ပြေးသွားလိုက်ပေမဲ့ သူမပတ်ဝန်းကျင်မှထုတ်လွှတ်လျက်ရှိသည့်ဓားချီစွမ်းအင်များက သူမကိုဖိအားပေးနောက်ဆုတ်စေသည်။
ဝူဖုန်းရှီမြေပြင်ပေါ်မှာချွေးစေးပြန်နေပုံ၊ မုန့်ခုန်တစ်ယောက်သွေးများစိုရွှဲကာပြန်သယ်ခံလာရပုံတို့ကိုသူမသတိရသွားကာ မတုန်ယင်ဘဲမနေနိုင်တော့ပေ။ ရှုလင်ကျားထိုအခြေအနေသို့ကျရောက်သွားမည်ကို ရှောင်းနဥ်အာမကြည့်နိုင်။
သူမမျက်စိမှိတ်လိုက်ပေမဲ့ ဘယ်သူကသူမပုခုံးပေါ်ခပ်ပြင်းပြင်းရိုက်ချကာ ကျယ်လောင်စွာပြောလာမှန်းသူမသိပေ။
"ကြည့်!"
ပတ်ပတ်လည်ရှိအသံများကြားတွင် ဘန်းခနဲမြည်သံကျယ်လောင်စွာထွက်ပေါ်လာပြီး အဆုံးမဲ့ပဲ့တင်သံထပ်သွားကာ တောက်ပသောဓားအလင်းတန်းကမိုးကောင်းကင်ကိုထိုးဖောက်၍ ပတ်ဝန်းကျင်ရှိမြူခိုးနှင့်မိုးကြိုးတို့ကိုဖယ်ရှားလိုက်သည်။
ရှုလင်ကျား၏ဓားဟာမနှိုင်းယှဥ်နိုင်လောက်သည့်စွမ်းအင်ဖြင့်ပေါက်ထွက်လာကာ လင်းယွဲ့၏ထိန်းချုပ်မှုမှချက်ချင်းဖောက်ထွက်ကာ တိုက်ခိုက်လာသည်!
သူလွဲချော်သွားမည်ဟုလင်းယွဲ့မထင်ထားပေရာ သူတစ်ဝက်လှည့်၍ လေထဲပျံသန်းသွားလိုက်ပြီး အလျင်စလိုနောက်ဆုတ်ရကာ သူ့မျက်နှာမှာထိတ်လန့်အံ့သြလျက်ရှိသည်။
-----ရှုလင်ကျား၏ဓားပေါ်မှာစေးကပ်ကပ်တွန်းအားတစ်ခုရှိနေသည်ကိုသူခံစားမိသည်မို့ သူ့ဓားကိုဟန့်တားချင်ရုံသာ။
ဘာလို့ဒီလိုဖြစ်သွားတာလဲ!
လင်းယွဲ့ခြောက်ခြားသွားရကာ အခြေအနေကိုမနားလည်သေးခင်အထိသူ့ကိုသွားမတိုက်ခိုက်ရဲသဖြင့် သူယာယီနောက်ဆုတ်ရုံသာတတ်နိုင်သည်။
သို့သော် သူ၏နောက်ဆုတ်မှုမှာရှုလင်ကျားတိုက်ကွက်လောက်မမြန်ပေ။
ဓားဖြင့်တိုက်စစ်ဆင်၍ ရှုလင်ကျားဟာလည်းသူ့စွမ်းအားကိုထုတ်ကာ တည့်တည့်မတ်မတ်ဝေ့ဝဲသွားပြီး သူ့ခြေဖျားမှာပြိုင်ပွဲကွင်းပြင်ပေါ်ကကျောက်တိုင်ပေါ်အသာနင်းချကာ လူတစ်ကိုယ်လုံးကတော့ဖြင့် ခြောက်ပေကျော်ပျံဝဲသွားပြီး သူ့ခန္ဓာကိုယ်မှာရေစီးကြောင်းပမာ သူဟာလေထဲတွင်ရှိနေလျက်သားဖြင့် "မုန့်ဟွမ်ဖေးလျန့်တန်ရန်ကျိုး"တိုက်ကွက်ကိုသုံးကာ ဓားဖျားကလင်းယွဲ့ခါးနားချဥ်းကပ်သွားသည်။
သူဟာရှုလင်ကျား၏ဓားစွမ်းအင်ဝန်းရံတာခံလိုက်ရသည့်အလား
သူ့လက်ထဲကဓားရှည်လေးလံလာသည်ကိုသာလျှင်လင်းယွဲ့ခံစားလိုက်ရသည်။
သို့သော် ရှုလင်ကျား၏ဓားကသူ့ကိုမထိခင်ဦးတည်ရာဘက်ယိမ်းသွားပြီး "ယွိဟုန်ယိုလျန်ကုချန့်ကျောင်"တိုက်ကွက်သို့ပြောင်းလဲသွားကာ သူ့ဝတ်ရုံမှာဖောင်းပွလာပြီး သူ့ခန္ဓာကိုယ်မှာပုံရိပ်ယောင်ပမာ ဓားကိုယ်ထည်ကကန့်လန့်ဝေ့ဝဲသွားပြီး တံတောင်ဆစ်ကလင်းယွဲ့ရင်ဘတ်ကိုရိုက်ကာ ဓားသွားကလည်မျိုနှင့်ကပ်နေပြီဖြစ်သည်။
လင်းယွဲ့ခပ်မြန်မြန်ခုန်လိုက်ပေမဲ့ သူသည်ဓားကြောင့်ခေါင်းမပြတ်သွားဘဲ ရင်ဘတ်မှာဒဏ်ရာအများအပြားရသွားပေရာ သူ့ခန္ဓာကိုယ်ယိမ်းထိုးသွားကာ အနောက်ယိုင်သွားသည်။
သူသည်အားနည်းချက်ကိုပြကာ ရန်သူကိုမက်လုံးပေးဖို့တကယ်မရည်ရွယ်ထားပေမဲ့ ရှုလင်ကျားဖဲ့တာခံလိုက်ရပေသည်!
လင်းယွဲ့မြဲမြဲမရပ်နိုင်ခင် ရှုလင်ကျား၏ပုံရိပ်ကကောင်းကင်ပေါ်ဆန်တက်သွားကာ သူ့ဓားကအောက်သို့ထိုးဆင်းလာပြီး သူ၏နွမ်းနယ်နေသည့်စိတ်ဝိညာဥ်ကိုဦးတည်နေပေသည်။ လင်းယွဲ့ကဓားကိုဓားအိမ်ပေါ်တင်ကာ အဓိကနေရာကိုရှောင်လိုက်ပေမဲ့ သူ့ပုခုံးပေါ်မှာသွေးထပ်မြင်လိုက်ရပြန်သည်!
နေရာချင်းပြောင်းပြန်ဖြစ်သွားကာ သူဟာသူ့ဓား၏လုံးဝထိန်းချုပ်ခံလိုက်ရသည့်ဝူဖုန်းရှီနှင့် ပွန်းပဲ့ဒဏ်ရာများရကာမခုခံနိုင်တော့သည့်မုန့်ခုန်ဖြစ်လာသယောင်။
"လေကမိုးမခပင်တွေကိုယိမ်းနွဲ့သွားစေတယ်"၊ "နေလုံးပေါ်ယစ်မူးကာ နွေဦးပန်းပွင့်ပေါ်နင်းလျှောက်ခြင်း"၊ "နဂါးငွေ့တန်းဟာရေခဲဘီးဖြစ်တယ်"၊ "ကောင်းကင်ပြာကြီးကဖုန့်မှုန်တွေကိုထွန်းတောက်စေတယ်"!
ရှုလင်ကျား၏ဓားဟာကျယ်လောင်စွာတဝီဝီမြည်နေပြီး သူ့ကိုယ်နေဟန်ထားမှာပေါ့ပါးကာထူးဆန်းနေပေသည်။
ပတ်ပတ်လည်ရှိလူတိုင်းမှာထိတ်လန့်အံ့သြမိလျက် စကားလုံးများပျောက်ရှသွားကြသည်။
ရှုလင်ကျားသုံးလိုက်သည့်တိုက်ကွက်တိုင်းဟာ လင်ရှောင်းဂိုဏ်း၏ကျော်ကြားသောဓားရေးတိုက်ကွက်များဖြစ်ပေမဲ့ သူ့လက်ထဲတွင်၎င်းကအလွန်သေသပ်ကာ ချောမွေ့နေပေသည်။
အချိန်တိုင်းမှာ သူဟာတစ်ဖက်လူ၏တိုက်ခိုက်ချက်နှင့်နောက်ပြန်ဆုတ်ခြင်းကိုအလွတ်မပေးဘဲ တိုက်ကွက်များထုတ်သုံးရာတွင်နှောင့်နှေးမှုမရှိပေ။
ဓားကသူ့နှလုံးသားထဲတွင်ရှိနေပြီးဖြစ်ကာ သူ့နှလုံးသားကားဓား၏နှလုံးသားပမာ။
သူ့စိတ်ထဲတွင်မြင်ကွင်းတစ်ခုဖျတ်ခနဲပေါ်လာသည်။ ၎င်းဟာဂိုဏ်းချုပ်အခန်းရှေ့ရှိနေရာလွတ်တွင်ဖြစ်သည်။ ဟယ်ဇီကျိုးကလူသားအသွင်ပြောင်းရန်လေ့လာသင်ယူခဲ့သည့်သူ့ကိုဓားတစ်လက်ကမ်းပေးလာခဲ့သည်။
ရှုလင်ကျားဓားကိုလက်နှစ်ဖက်ဖြင့်ယူကာ ဆရာသခင်ရှစ်စွင်းကိုမော့ကြည့်လိုက်သည်။
"ဒီနေ့ကမင်းလက်ထဲမှာဓားကိုင်တာပထမဆုံးအကြိမ်ဖြစ်တယ်။ အနာဂတ်မှာမင်းဘယ်မှာပဲရှိနေရှိနေ ဒီဓားစကိုင်တဲ့အခိုက်အတန့်တုန်းကမင်းရဲ့စိတ်အခြေအနေကိုမင်းမှတ်မိနေမယ်လို့ ရှစ်စွင်းမျှော်လင့်တယ်။"
"မင်းကသာမန်ထက်ထူးချွန်တဲ့ပါရမီစွမ်းရည်နဲ့မွေးဖွားလာတယ်။ ဒါပေမဲ့ဒီပါရမီစွမ်းရည်ကမင်းဟာသူများတွေထက်ရေသာခိုလို့ရတယ်လို့ဆိုလိုတာမဟုတ်ဘူး၊ ဆိုလိုချင်တာက မင်းဟာဓားကိုနားလည်ပြီး ပိုပြီးနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးပြီးတော့ လှုပ်ရှားမှုတိုက်ကွက်တွေအကုန်လုံးကိုပြောင်းလဲဖို့ပိုပြီးအင်အားစိုက်ထုတ်ရမှာ၊ မင်းကမင်းရဲ့ဗီဇဖြစ်လာတဲ့အထိကျင့်ကြံအားထုတ်ရမယ်။"
"လင်ကျား၊ ရှစ်စွင်းကိုသက်သေပြပါ၊ မင်းလုပ်နိုင်ပါတယ်။"
ဟယ်ဇီကျိုးကသူ့ခေါင်းကိုထိကာ သူ့ကိုကြည့်လာသည်။
"ဓားတိုင်းကမီးနဲ့ရောသွားနိုင်တယ်၊ ဒါကြောင့်မို့ လူတွေရဲ့စိတ်ဓာတ်အတိုင်းပြောင်းလဲသွားနိုင်တယ်။"
သူသည်ဆရာသခင်၏စကားများကိုနှလုံးသားထဲတွင်မှတ်ယူကာ လှုပ်ရှားမှုတိုက်ကွက်တိုင်းနှင့်ပုံစံတစ်ခုချင်းစီတိုင်းကို အကြိမ်တစ်ထောင်မကကျင့်ကြံခဲ့ပြီး သူမျက်စ်မှိတ်ထားပြီးထိုအကြောင်းမစဥ်းစားရင်တောင်မှ ၎င်းတို့ကိုအသုံးပြုနိုင်သည့်ပမာဏအထိလေ့ကျင့်ခဲ့ပေ၏။
သို့သော် နောက်ကျတော့သူ့ကိုဟယ်ဇီကျိုးပေးခဲ့သည့်ဓားကကျိုးသွားခဲ့ကာ နှစ်ပေါင်းများစွာအားထုတ်ကြိုးပမ်းခဲ့သည့်ကျင့်ကြံမှုများမှာ သူဟာအသုံးမဝင်သောလူတစ်ယောက်ဖြစ်သွားလုနီးပါးပင်။ ဓားကိုထပ်ကိုင်ဖို့ကသူပထမဆုံးလေ့ကျင့်သည့်အချိန်တုန်းကထက်ပင်ပို၍ခက်ခဲခဲ့သည်။
ယခုတွင်သူဟာဒီအဆင့်ထိပြန်လည်ရောက်ရှိလာပြီး ဆရာသခင်ကကြည့်နေတာမို့ အတိတ်တုန်းကလိုမျိုးသူပျော်ရွှင်ကြည်နူးနေရမလား၊ ဒါမှမဟုတ်ရင် သူဟာလင်ရှောင်းဂိုဏ်းသားတစ်ယောက်မဟုတ်တော့တာမို့ သတိထားနေသင့်သလား။
ရှုလင်ကျားခေါင်းလှည့်ကြည့်လိုက်ရာ ဟယ်ဇီကျိုးကအကြောင်းတချို့ကြောင့်ထိုင်ခုံမှခွာကာ ခပ်လှမ်းလှမ်းမှာရပ်၍ သူ့တိုက်ပွဲကိုရပ်ကြည့်နေပေသည်။
သူပထမဆုံးဓားရေးကျင့်စဥ်ကိုကျင့်ကြံပြီး သိုင်းလောကပြိုင်ပွဲတွင်တရားဝင်ယှဥ်ပြိုင်သည့်နေ့တုန်းကကဲ့သို့ပင်။
ရုတ်တရက်သူစိတ်လွင့်သွားခဲ့သည်။
"ရှုလင်ကျား!"
လင်းယွဲ့အတွက် ဒီကနေ့ကသေချာပေါက်ကိုသူဘယ်တော့မှမမေ့မည့်နေ့တစ်ရက်ဖြစ်လိမ့်မည်။ သူဟာအရင်တုန်းကထိုကဲ့သို့အခြေအနေမျိုးသို့လုံးဝတွန်းအားပေးမခံခဲ့ရဖူးပေ။
ယေဘုယျအားဖြင့် ရှုလင်ကျားသုံးနေသည့်နည်းလမ်းသည်သူ့နည်းလမ်းနှင့်တစ်ထပ်တည်းတူညီပုံပေါ်သည့်တိုင် သူဟာနေရာတိုင်းတွင်ဖိနှိပ်ခံထားရကာ ရှုလင်ကျားကကိုယ်ပိုင်နည်းလမ်းသုံး၍ သူ့ကိုအနိုင်ကျင့်နေခြင်းပင်။
တစ်ဖက်လူစိတ်လွှင့်သွားသည်ကိုမြင်လိုက်ရသော် ဒီဒေါသကအထွတ်အထိပ်ရောက်လာသည်။
သူ့ခွန်အားဘယ်ကရောက်လာမှန်းလင်းယွဲ့မသိလိုက်ပေ။ သူ့ကိုယ်ကိုမတ်မတ်ထားကာ သူ့လက်မောင်းနှင့်လက်ကောက်ဝတ်နှစ်ဖက်ကိုမြှောက်၍ သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံးကာသူ့ချီသွေးကြောကိုဖြိုခွဲလိုက်ပြီး ဓားပေါ်သွေးတစ်လုတ်ထွေးလိုက်သည်။
စူးရှရှအလင်းတန်းကဓားထဲမှထွက်ပေါ်လာသည်။ သူသည်ရှုလင်ကျားဓားချီစွမ်းအား၏ထိန်းချုပ်မှုမှလွတ်ထွက်သွားကာ သူ့ကိုယ်သူပင်ဒဏ်ရာအပြင်းအထန်ရသွားစေပေမဲ့ သူ့မှာပြန်လည်တိုက်ခိုက်ရန်တိုတောင်းသောအခွင့်ရေးတစ်ခုရသွားသည်!
လူတိုင်းကူကယ်ရာမဲ့စွာကြည့်နေရင်းဖြင့် လင်းယွဲ့၏ပုံရိပ်ကဓားအလင်းတန်းထဲတွင်တမဟုတ်ချင်းပျောက်ကွယ်သွားသည်။ ချက်ချင်းပင် ဓားကနောက်တစ်လက်ပွားလိုက်ပြီး ဓားအလင်းဖြူအဖြစ်ပြောင်းသွားကာ အလွန်လျင်မြန်လှသောအရှိန်ဖြင့် ရှုလင်ကျားထံတိုးဝင်လာသည်။
ဒီဓားကဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုနှင့်နာကျည်းချက်တို့တွင်လှိုင်းလုံးများပမာတုနှိုင်းမဲ့သည်!
တကယ်လို့သူသာတစ်ချက်တည်းနှင့်အောင်မြင်သွားခဲ့လို့ရှိရင် ဓားကနှလုံးသားကိုထိုးဖောက်သွားမှာဖြစ်ပြီး ရှုလင်ကျားအသာစီးရဖို့မဖြစ်နိုင်တော့ပေ။
ဓားရှည်ကရှုလင်ကျားနှင့်လက်မဝက်မျှသာကွာတော့သည်ကိုမြင်နေရရင်း ပတ်ပတ်လည်ရှိအာမေဋိတ်သံများထွက်ပေါ်လာကာ အချို့လူများပင်ခေါင်းလှည့်လိုက်မိကြပြီး ထပ်မကြည့်နိုင်ကြတော့ပေ။ ထိုစဥ် ရှုလင်ကျား၏ခါးကအနောက်ကိုမသိမသာစောင်းသွားသည်။
တမဟုတ်ချင်းပင်၊ သူဟာလက်ထဲရှိဓားရှည်ကိုဒေါင်လိုက်မြှောက်လိုက်ရာ ၎င်းကလင်းယွဲ့၏ဓားဖျားကိုအတိအကျဟန့်ထားလိုက်သည်။
လင်းယွဲ့၏ဓားသွားနှင့်ရှုလင်ကျား၏ဓားတို့ပေါင်းဆုံသွားသည့်နေရာတွင် ကြီးမားသောအလင်းတန်းပေါက်ထွက်လာသည်။ ချက်ချင်းပင် ရှုလင်ကျား၏ပုံရိပ်ကချက်ချင်းဆိုသလိုအရှေ့ကိုင်းကာ တဟုန်ထိုးပြေးသွားလိုက်ပြီး လင်းယွဲ့၏ဓားရှည်ကိုပင်နှစ်ပိုင်းဖြတ်ပစ်လိုက်သည်!
ထက်ရှသောဓားတစ်လက်မှာသူ့တိုက်ခိုက်ချက်အောက်တွင်သစ်ဆွေးပမာပျက်စီးသွားချေသည်။
လေထဲတွင်ကျိုးပဲ့သံထွက်ပေါ်လာကာ အဖြူရောင်အလင်းတန်းပျောက်ကွယ်သွားပြီး လင်းယွဲ့၏ပုံရိပ်ကထိုထဲမှထွက်ကျလာကာ တစ်ပြိုင်နက်တည်း၌ ဓားကျိုးနှစ်ပိုင်းမှာမြေပြင်ပေါ်ကျသွားသည်။
ရှုလင်ကျားပြန်ရုတ်ဖို့ပြင်လိုက်ပေမဲ့ လင်းယွဲ့ကမယုံကြည်နိုင်သေးပေ။
ရှုလင်ကျားမျက်မှောင်အသာကြုတ်လိုက်မိပြီး ခြေလှမ်းတိုင်းတွင်ဖျတ်ခနဲဖျတ်ခနဲဖြင့် သူ့ပုံရိပ်ဟာရေကိုရပ်လိုက်သည့်လေပမာ မျက်စိတစ်မှိတ်အတွင်းမှာလင်းယွဲ့ကိုပတ်နေပေသည်။
လင်းယွဲ့ကအရှေ့မှာသူ့အရိပ်ကိုပျောက်သွားပြီး ဓားရှည်တစ်လက်ကသူ့လည်တိုင်ထက်တွင်ပေါ်လာသည်။
ရှုလင်ကျားကသူ့ဘေးတွင်ပေါ်လာကာ သူ့လက်ထဲကဓားရှည်ကိုကြည့်ပင်မကြည့်ဘဲမြှောက်လိုက်ပြီး လင်းယွဲ့၏လည်မျိုပေါ်ထောက်လိုက်သည်။
"မင်းထပ်ပြီးလာရှုပ်လို့ရှိရင် ဒီဓားအောက်မှာမင်းအသက်ပျောက်သွားလိမ့်မယ်။"
သူပြောပြီးနောက် ဓားကိုရုတ်ကာဓားအိမ်ထဲပြန်ထည့်လိုက်သည်။
လင်းယွဲ့ရုပ်ထုပမာတောင့်တင်းစွာရပ်နေမိသည်။ တစ်အောင့်ကြာသော်သူရေရွတ်မိသည်။
"ဒါဘယ်လိုဖြစ်သွားတာလဲ။ မဖြစ်နိုင်ဘူး!"
သူယိမ်းထိုးသွားရကာ ထက်ရှစွာလှည့်လာပြီး ရှုလင်ကျားကိုသွေးချင်းနီနေသည့်မျက်ဝန်းတို့ဖြင့်စိုက်ကြည့်ကာ အံကြိတ်၍ပြောလာသည်။
"သတ္ထုချင်းတူတာတောင်မှ မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားကငါ့လောက်မကောင်းတော့ ငါ့ဓားကိုရှင်လျက်ချိုးပစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ မင်းငါ့ဓားကိုဒီလိုဖြစ်အောင်ဘာမှော်အတတ်သုံးလိုက်တာလဲကွ?!"
ရှုလင်ကျားခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ငါ့ရဲ့မှော်အတတ်ကြောင့်မဟုတ်ဘူး၊ မင်းရဲ့ဓားနှလုံးသားကပျက်စီးနေတာမို့လို့ပဲ။"
သူမျက်လုံးပင့်ကာလင်းယွဲ့ကိုကြည့်လိုက်သည်။
"တကယ်တော့ ငါစိတ်မကောင်းဖြစ်မိတယ်၊ မင်းရဲ့ဓားရေးကတကယ်ထူးချွန်တာမို့လို့ ငါမင်းနဲ့ကောင်းကောင်းမွန်မွန်တိုက်ခိုက်ချင်ခဲ့တာ။ ဒါပေမဲ့ကံမကောင်းချင်တော့ မင်းရင်ထဲမှာကောက်ကျစ်ဖို့လိုတဲ့မုန်းတီးမှုဘဲရှိနေတော့ မင်းကယှဥ်ပြိုင်လိုတဲ့စိတ်ဆန္ဒမရှိဘူး။ မင်းရဲ့ဓားကမင်းကိုယ်တိုင်ကြောင့်ပျက်စီးသွားတာ။"
"ဒါဘာကိုပြောချင်တာလဲ။"
တစ်စုံတစ်ယောက်ကအသံနိမ့်ဖြင့်မေးလာသည်။
"တခြားနည်းနဲ့ပြောရရင် ရှုလင်ကျားကလင်းယွဲ့ရဲ့ဓားနှလုံးသားကိုဖမ်းဆုပ်လိုက်နိုင်တာလား။"
သူအရည်အချင်းရှိမှန်းသူကြားဖူးတာကြာပြီဖြစ်ကာ ဓားတစ်လက်ချင်းစီတိုင်း၏အသက်ရှုသံကိုသူကြားနိုင်သဖြင့် ၎င်းအခြေအနေကိုနားလည်သွားရသည်။
သို့သော် အခြေအနေကိုနားလည်ရုံတင်နှင့်မလုံလောက်ပေ။ လင်းယွဲ့၏အသက်ကိုခြိမ်းခြောက်နေသည့်တိုက်ခိုက်ချက်ကိုမျက်နှာချင်းဆိုင်ရင်း အချိန်တိုလေးအတွင်းမှာအဓိကအချက်ကိုရှာဖွေကာ ဓားနှလုံးသားကိုဓားတစ်လက်နှင့်ဖျက်ဆီးနိုင်စွမ်းရှိဖို့က အလွန်တရာတိကျသောခွန်အားနှင့်အချိန်တို့လိုအပ်ပြီး အရှေ့ကိုတိုးဖို့ရာသတ္တိပိုရှိရပေမည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အရာကား ဒါတွေအားလုံးဟာအသက်နှင့်အတူအမြဲဒွန်တွဲတည်ရှိနေမည်ဖြစ်ကာ တစ်ခဏတာလှိုင်းလုံးများကြောင့်ပျောက်ကွယ်သွားမည်မဟုတ်။
"အရမ်းသန်မာလွန်းတယ်။"
တစ်စုံတစ်ယောက်ကရေရွတ်မိသည်။
"ချီဇုန်ကဘာလို့သူ့ကိုပစ်ပယ်ခဲ့တာလဲမသိဘူး။"
ရှုလင်ကျား၏စကားလုံးများကိုကြားလိုက်ရပြီးနောက် လင်းယွဲ့ပါးစပ်ဟကာခွန်းတုံ့ပြန်ဖို့ပြင်လိုက်ပေမဲ့ သူဘာမှမပြောနိုင်ကြောင်းသိလိုက်ရကာ သူ့ဒေါသအောက်၌ ပါးစပ်ထဲမှသွေးတစ်လုတ်အန်ထွက်လာသည်။
လင်းယွဲ့လဲကျသွားသည်။
ရှုလင်ကျားစင်မြင့်ပေါ်တွင်ရပ်နေလျက်သားဖြင့် အနောက်လှည့်ကာကျင်ချီးရှန်ကိုပြောလိုက်သည်။
"ကျင်ဂိုဏ်းချုပ်၊ ကျွန်တော်တို့ဟိုတစ်ခါကသဘောတူညီမှုတစ်ခုလုပ်ခဲ့တာကိုခင်ဗျားမှတ်မိပါတယ်နော်။ ကျွန်တော်သာလင်းယွဲ့ကိုနိုင်သွားလို့ရှိရင် ကွေ့ရီဂိုဏ်းကလင်ရှောင်းဂိုဏ်းရဲ့သိုင်းကွက်တချို့ကိုယူထားတာ တကယ်မှန်တယ်ဆိုတာကိုခင်ဗျားဝန်ခံရမယ်လို့လေ။"
ကျင်ချီးရှန်ကဆိုသည်။"မင်း---"
ရှုလင်ကျားသူ့ကိုတည်ငြိမ်စွာဖြတ်ပြောလိုက်သည်။
"ခင်ဗျားဝန်မခံချင်လောက်ပေမဲ့ ခင်ဗျားရဲ့ကတိကိုခင်ဗျားတည်တည်မတည်တည် ကျွန်တော်ကတော့လုပ်စရာရှိတာကိုလုပ်ခဲ့ပြီးပြီ။"
ထို့နောက်သူကသူ့ဓားကိုကိုင်၍ လက်နှစ်ဖက်စုကာအရိုအသေပေးပြီးနောက် စင်မြင့်ပေါ်ကဆင်းလာခဲ့သည်။
Advertisement
- In Serial70 Chapters
Law Of Karma
Yu Xiang had the good fortune of being reborn in this new world into a strong Sect. Now a fledgling Cultivator of his own, he seeks to go as far as his legs and soul will take him, hopefully causing the least amount of pain and misery possible to his fellow cultivators and mortal people alike. After all, with flying swords, reality-bending masters, and giant spiritual beasts running around, who knew if Karma was a thing here? Better to hedge his bets and be on his best behavior. If only it were that easy... ______________________________ Updates on Sundays. English isn't my first language so feel free to point out any weird sentences, or errors.
8 160 - In Serial129 Chapters
The Unknown
Follow the lives of four young orphans who suddenly find themselves growing up under the stern discipline of not one but two handsome inexperienced guardians who are clearly in way over their heads.
8 244 - In Serial22 Chapters
I'M ALIVE!
I committed suicide after my wife was murdered and raped by some lunatics. I was in hell when I got a book that is able to summon some fucking powerful demons. It was a gift from Satan himself. Nice guy, foul breath. Satan, Santa what difference does it make now? It is a good gift! They will pay... all of them will perish by my own hands because I'm alive again! Pretty messed up shit, right? I would like to see this rotten city burn and I will, but that’s enough talk for now. My mood is really bad. I got an army from hell at my disposal and I have some bastards to torture, and then murder... What the fuck is he doing!? "Hey, Alastor! Wait for me, you son of a bitch!" New cover by Yuri Padial- commissioned before I decided to draw again. Paid for it, so Iwill fucking use it! Hiatus - New chapters will take longer than I expected. If you still with me thanks for the support, and if you are gone... I don't give a fucking crap! Have a nice day!
8 254 - In Serial11 Chapters
My World Beyond the Closed Doors
""What am I? Why do I have this dream? What does it mean?I always question myself, but never got an answer.. until that day... when I fell from the top of a building to save him."A story of an emotionless girl who's lost and wants to be found. She seeks for the clues that are hidden from within and question all that is and not real; the answers? ... She'll find it the other world.Will she be okay.. ?I welcome you to her reality; to the world beyond the closed doors
8 148 - In Serial41 Chapters
Meggy X Reader: Endgame
A decade after the events of Meggy X Reader, Xeggy and Wario-man return, but they're not alone. They've hired every single villain the heroes have tussled with in the past. The heroes must reunite and fight for the future of the Multiverse. Along with the old villains, new powerful villains have rose from the dust, such as the mighty Shadow Jackals.Will the Multiverse be saved by the Multiversal Heroes? Or will they finally meet their ends and fail?The third war begins now. The Multiverse's fate lies in the heroes' hands.(Image on cover belongs to kuby64 on Deviantart.)
8 223 - In Serial37 Chapters
Death Note Boyfriend Scenarios
Hey guys!!!! 👋≧◉ᴥ◉≦Thank you so much for clicking on this story xD In here are a bunch of Death Note Boyfriend Scenarios! Death Note is my absolute favorite and I always love reading scenarios so I thought to make some of my own for you guys ;).Inside are scenarios for: Light, L, Mello, Matt, and Near.Please feel free to suggest any scenarios for me. I'm sure I'll need some help along the way :P Thank you guys, and enjoy!
8 164

