《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၄] ရန်ဖေးချန်ကန့်လန့်ကာ|ရန္ေဖးခ်န္ကန့္လန့္ကာ
Advertisement
!unicode!
နန်ဇီတောင်ထွတ်ကား ၎င်း၏ထူးခြားဆန်းကြယ်ကာလှပတင့်တယ်သောရှုမြင်ကွင်းကြောင့် အမြဲတစေကျော်ကြားပေသည်။ ဤကဲ့သို့ပင် နှင်းမှုန်နှင့်ပန်းပွင့်များ၊ နေဝင်ချိန်နှင့်တောင်ထိပ်တွင်တိုက်ခတ်လျက်ရှိသည့်လေညှင်းတို့ကြောင့် နေရာတိုင်းတွင်အရောင်အသွေးစုံလင်လှပေသည်။
လွန်ခဲ့သောလအနည်းငယ်ခန့်က ကျင်းဖေးထုန်ဖိတ်ကြားလွှာရရှိသည့်အခါ သူပျင်းရိသွားခဲ့သည်။ သူ့အတွက် ရှုခင်းကမည်မျှလှပနေပါစေ တစ်ခါမြင်ပြီးသည်နှင့်သာမညောင်ညဖြစ်သွားခဲ့သည်။ ထို့အပြင် ဓားစမ်းသပ်ရေးညီလာခံတိုင်းဟာ ဓားရေးယှဥ်ပြိုင်ရုံတင်မကဘဲ လူတို့နှလုံးသားနှင့်လိုအင်ဆန္ဒတို့၏အတက်အကျတို့ပါယှဥ်ပြိုင်ခြင်းဖြစ်သည်မို့ ကြည့်ရတာပျင်းစရာကောင်းလှသည်။
သို့သော် ထိုအချိန်တုန်းက ရှုလင်ကျားကိုတွေ့ရမည်မှန်းသူမသိခဲ့ပေ။ ဤရက်အနည်းငယ်ဟာ သူအချိန်အတန်ကြာမရှိခဲ့သည့်အပန်းဖြေချိန်ဖြစ်ခဲ့သည်။ သတင်းလာတင်ပြသောသူ့ငယ်သားတို့ကြောင့်မဟုတ်လျှင် သူဒီနေရာကိုဘာအတွက်ရောက်နေမှန်းမေ့သွားလောက်သည်။
သူဘာလုပ်နေလဲဆိုတာ ရှုလင်ကျားကိုကြိုပြောပြချင်ရုံသာ။
နန်ဇီတောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူကား နှစ်ပေါင်း၂ဝတိုင်းတွင်တစ်ကြိမ်သာဖွင့်လို့ရသည်။ ၎င်းကဘိုးဘေးဘီဘင်နတ်ဘုရားတို့ကိုအထင်ကြီးလောက်စေသည့်ဓားစွမ်းအင်ကိုအာရုံခံနိုင်သည်။ ထို့ကြောင့် နှစ်ရာပေါင်းများစွာတိုင်အောင် မည်သူကမျှအထဲဝင်နိုင်ခဲ့ခြင်းမရှိ။
ကျင်းဖေးထုန်ဒီတစ်ခေါက်မလာခင် အစီအစဥ်ကြိုဆွဲခဲ့သည်။ ဒီတစ်ကြိမ်ဓားစမ်းသပ်ရေးညီလာခံမှာဘယ်သူပဲနိုင်နိုင် လျို့ဝှက်ဂူပွင့်လာသည်နှင့် သူဝင်ကိုဝင်သွားရမည်။
လွန်ခဲ့သောနှစ်တစ်ရာခန့်ကလျို့ဝှက်ဂူထဲဝင်ခဲ့သည့်နောက်ဆုံးလူအနေဖြင့် ဓားစွမ်းအင်သုံးကာ ဖောက်ဝင်ဖို့ကသူ့အတွက်ပြဿနာမရှိပေ။
သို့သော် ထိုအချိန်တုန်းက ရှုလင်ကျားပါမည်မှန်းသူမသိခဲ့ပေ၊ အခြားသူများနှင့်ပတ်သတ်၍ သူတွေးပေးစရာမလို။
ဒါပေမဲ့အခုတော့ကွဲပြားသွားပြီ။
ဤဓားစမ်းသပ်ရေးညီလာခံတွင် ရှုလင်ကျားကအနိုင်ရသူဖြစ်နိုင်သည့်အခွင့်ကောင်းများစွာရှိနေပေရာ သူဟာလည်းလျို့ဝှက်ဂူထဲဝင်ဖို့ရာအရည်အချင်းပြည့်မှီလောက်သည်။
သူဒီနေရာကိုလာရသည့်ရည်ရွယ်ချက်ကိုမပြောပြလိုက်လို့ရှိရင် ရှုလင်ကျားကနောက်ဆုံးတွင်သိရှိသွားကာ သူဟာလျို့ဝှက်ဂူထဲဝင်ရန်ရှုလင်ကျားကိုအသုံးချဖို့ တမင်သက်သက်ချဥ်းကပ်လာသည်ဟု တလွဲထင်သွားမည်ကိုကျင်းဖေးထုန်စိုးရိမ်မိသည်။ သို့သော်သူပြောလိုက်လို့ရှိရင်လည်း သူဟာအရာရာတိုင်းကိုတွက်ချက်လေ့ရှိသည့်အကြံသမားတစ်ယောက်ပုံစံပေါက်သွားလိမ့်မည်။
ထိုသို့တွေးရင်း ကျင်းဖေးထုန်မှာရှုလင်ကျား၏ခြံဝန်းထဲကိုမသိလိုက်မသိဘာသာလျှောက်ဝင်လာမိပြီး အကြိမ်အနည်းငယ်မျှဟိုလှည့်ဒီလှည့်တုံ့ဆိုင်းနေမိပြီးသော် တံခါးကိုတွန်းဖွင့်လိုက်ရာ ရှုလင်ကျားကထိုနေရာတွင်မရှိသည်ကိုသာမြင်လိုက်ရသည်။
သူ့မှာရွေးချယ်စရာမရှိသည့်အဆုံး နှစ်ပေါင်းများစွာတွင်ပေါ်လာခဲသည့်စိုးရိမ့်ကြောင့်ကြမှုကိုပြန်ရုတ်သိမ်းလိုက်ရကာ သူ့နေရာကိုပြန်လှည့်လာခဲ့မိသည်။
သူ့အနားတွင်စောင့်နေသည့်လူတစ်ယောက်မျှမရှိပေ၊ နေဝင်သွားသဖြင့် အခန်းမှာမှောင်မည်းနေလေသည်။ ကျင်းဖေးထုန်စိတ်ပူမှုအပြည့်ဖြင့် တံခါးကိုတွန်းဖွင့်လိုက်မိရာ အခန်းထဲရှိခပ်ဖွဖွအသက်ရှုသံကိုထက်ရှစွာခံစားမိလိုက်သည်။
သူ့မျက်နှာထားမှာချက်ချင်းဆိုသလိုအေးစက်သွားသည်။
အသက်ရှုသံကားအိပ်ယာဘက်မှလာခြင်းဖြစ်ပြီး ကျင်းဖေးထုန်လက်မြှောက်လိုက်ရာ ခပ်ဖျော့ဖျော့အရှိန်အဝါကသူ့လက်ချောင်းထိပ်မှထွက်လာကာ ပတ်ဝန်းကျင်ကိုလင်းထိန်သွားစေသည်။
သူ့အိပ်ယာပေါ်တွင်အိပ်နေသည့်အမွှေးဖွာဖွာမြေခွေးလေးတစ်ကောင်ကို သူမြင်လိုက်ရသည်။
ဤတစ်ကြိမ်၌မူ ဘောလုံးလေးပမာကွေးမနေဘဲ အိပ်ယာပေါ်တွင်ခြေကားယားလက်ကားယားဖြင့် မြေခွေးပိုင်မုန့်ပမာဆန့်ကားထားပြီး သူ့ခန္ဓာကိုယ်ကဆန့်လိုက်ကွေးလိုက်ဖြင့် သူ့ကိုယ်ထက်ရှိအမွှေးများမှာထောင်မတ်လျက်ရှိသည်။
ယင်းကားဒီကနေ့၏ချစ်စရာအကောင်းဆုံးအံ့အားသင့်စရာဖြစ်လောက်မည်။
မြေခွေးလေးသည်ကျင်းဖေးထုန်အထဲဝင်လာသည့်အသံကိုကြားပေမဲ့ လုံးဝမကြောက်သွားပေ။ သူကမျက်စိတစ်ဖက်ဖွင့်ကာ သူ့ကိုစိုက်ကြည့်လာသည်။ သူကအိပ်ယာပေါ်တွင်ပိုမိုမောက်မာစွာဖြင့်လှိမ့်ပြလာပြီး အိပ်ယာအတွင်းပိုင်းကိုပွတ်သပ်ကာ သူ့ဘက်မှာဂရုမစိုက်ဘဲဆက်အိပ်နေပေသည်။
ရှုလင်ကျားကမြေခွေးဖြစ်သွားပြီး ဘာကြောင့်ဒီကိုထပ်ပြေးလာမှန်း ကျင်းဖေးထုန်မသိပေမဲ့ သူ၏ပျင်းရိပျင်းတွဲပုံစံကိုကြည့်ရင်းဖြင့် ဒီကနေ့လင်းယွဲ့နှင့်ပြင်းထန်သောတိုက်ပွဲကိုယှဥ်ပြိုင်ပြီးနောက်မှာ ပင်ပန်းသွားခြင်းဖြစ်ရမည်ဟုခန့်မှန်းမိလိုက်သည်။
သူကကုတင်အစွန်းတွင်ထိုင်ကာ သူ့လက်ကိုညင်သာစွာဆန့်ထုတ်၍ မြေခွေးလေး၏ခေါင်းကိုအသာထိလိုက်ပြီး သူဟိုဘက်လှည့်လိုက်တုန်းကအောက်မှာညပ်သွားသည့်အမြှီးကြီးကိုဆွဲထုတ်ကာ ဆန့်ပေးလိုက်သည်။
ကျင်းဖေးထုန်ကအရမ်းတွေးပေးတတ်သည်ဟု ရှုလင်ကျားခံစားရ၏။
သူနှင့်လင်းယွဲ့ကြားရှိတိုက်ပွဲကား သူ့ကိုအားအင်မြောက်မြားစွာကုန်ဆုံးသွားစေခဲ့သည်။ သူ၏ဒဏ်ရာများမှာတော်တော်လေးသက်သာလာသည့်တိုင် သူတောင့်မခံနိုင်သေးပေ။ ကျင်းဖေးထုန်ထွက်သွားပြီးမကြာမီတွင် သူမြေခွေးဖြစ်လာတော့မည်ကိုရှုလင်ကျားခံစားမိလိုက်သည်။
ထိုနေရာတွင်လူအများကြီးရှိနေလေရာ သူများတွေမြင်သွားတာမကောင်းပေ။ ထို့ကြောင့် ရှုလင်ကျားဟာလည်းဓားစမ်းသပ်ရေးညီလာခံမပြီးခင် ပြိုင်ပွဲကွင်းပြင်ထဲမှထွက်လာခဲ့သည်။ မြေခွေးအဖြစ်ပြောင်းသွားပြီးနောက်မှာ ကျင်းဖေးထုန်ထံလာခဲ့လိုက်သည်။
ရလဒ်အနေဖြင့် ထိုလူပြန်မလာသေးသည်ကိုမြင်လိုက်ရပေရာ အခန်းထဲတွင်သူ့ကိုစောင့်နေလိုက်သည်။
ရှုလင်ကျားသည်အစကအိန္ဒြေရှိရှိနေနေပြီး ထိုင်ခုံပေါ်တွင်ဆောင့်ကြောင့်ထိုင်လျက် သူ့ကိုစောင့်နေခဲ့သော်လည်း ယခုမူ သူဟာရုပ်ပိုင်းဆိုင်ရာခွန်အားမရှိသည့်မြေခွေးလေးသာဖြစ်သည်မို့ သူငိုက်မြည်းလာခဲ့သည်။
မတော်တဆဖြင့် သူထိုင်ခုံပေါ်ပြုတ်ကျမလိုဖြစ်သွားပြီးနောက်ပြန်နိုးလာကာ ကျင်းဖေးထုန်ပြန်မလာသည်ကိုမြင်လိုက်ရပြီး သူဘယ်သွားရမည်မှန်းမသိတော့ပေ။
ရှုလင်ကျားအမွှေးချကာ သူ့ကိုယ်သူစိတ်ရှုပ်အောင်ထပ်မလုပ်ဖို့ပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်သည်။ သူကကျင်းဖေးထုန်၏အိပ်ယာကုတင်ပေါ်ခုန်တက်ကာ ခေါင်းကိုစောင်ထဲမြှုပ်ထားလျက်သားဖြင့် အိပ်မောကျသွားတော့သည်။
ကျင်းဖေးထုန်ဝင်လာသော် သူကမနိုးတနိုးအခြေအနေတွင်ရှိနေတုန်းပင်။ သူလှုပ်ဖို့ရာအလွန်ပျင်းနေမိသည်။ သူတစ်အောင့်မျှအနားယူလိုက်ပြီးနောက် ထထိုင်ကာကျင်းဖေးထုန်ကိုပွတ်သပ်လိုက်သည်။ သူကသူ့အမွှေးကိုပွတ်သပ်ပေးလာသည်။
ရှုလင်ကျားမှာအလွန်စိတ်ကျေနပ်နေမိပြီး ကျင်းဖေးထုန်၏လက်ဖဝါးကိုသူ့ခေါင်းဖြင့်ပွတ်လိုက်ရာ သူ့နားရွက်ဖျားကသူ့လက်ဖဝါးကိုယားကျိကျိဖြစ်သွားစေသည်။
ကျင်းဖေးထုန်ရယ်လိုက်မိသည်။ သူသဘောကျမှန်းမြင်လိုက်ရရာ သူကရှုလင်ကျား၏အမွှေးများကိုဖြည်းဖြည်းချင်းပွတ်သပ်လျက် မေးလိုက်သည်။
"ကိုယ်ဘယ်သွားသွား မင်းကိုတွေ့နေရသလားလို့?။"
ရှုလင်ကျားကနားမလည်ချင်ယောင်ဆောင်၊ စကားမပြောတတ်ချင်ယောင်ဆောင်ကာ ပျင်းရိပျင်းတွဲလဲလျောင်းရင်း သူ့ကိုလျစ်လျူရှုထားသည်။
လင်းယွဲ့မှာခွန်အားများစွာရှိသည်။ သူသည်ဒီကနေ့တွင်ဓားကိုအလွန်ပြင်းထန်စွာဆုပ်ကိုင်ထားခဲ့ပေရာ သူ့ညာလက်မှာယခုအထိကိုက်ခဲနေသည်မို့ သူခေါင်းလှည့်ကာ သူ့ညာလက်ဖဝါးကိုကျင်းဖေးထုန်လက်ထဲထည့်လိုက်သည်။
ကျင်းဖေးထုန်ကသူ့လက်ဖဝါးကိုဖျစ်ညှစ်ကာဆိုသည်။
"ဟိတ်၊ ကိုယ့်မှာပြောရမှာရှက်နေတဲ့ကိစ္စတစ်ခုရှိတယ်။ ကိုယ်ဘယ်သူ့ကိုပြောရမယ်မှန်းမသိလို့ မင်းကိုဘဲပြောပြရတော့မှာပဲ။"
ရှုလင်ကျားကသူ့ကိုတစ်ချက်စိုက်ကြည့်လာသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ကိုယ်...ကိုယ်လွန်ခဲ့တဲ့သုံးလတုန်းကဓားစမ်းသပ်ရေးညီလာခံဖိတ်ကြားလွှာရရှိခဲ့တယ်။ အဲ့ဒါကပျင်းစရာကောင်းတယ်လို့နွေးမိတာမို့ ကိုယ်မလာချင်ခဲ့ဘူးကွာ။ ဒါပေမဲ့ ကိုယ့်ရဲ့မိစ္ဆာအတွင်းစိတ်ကနန်ဇီတောင်ထွတ်လျို့ဝှက်ဂူထဲကလာတာကို ကိုယ်သိလိုက်ရတယ်။ မိစ္ဆာအတွင်းစိတ်ထွက်လာပြီးတဲ့နောက်မှာ ကိုယ်အဲ့ဒါကိုလုံးဝအမြစ်ဖြတ်ရှင်းပစ်လို့မရဘူးဖြစ်နေတာ။ ဒီတော့ကိုယ်ထင်တာက ကိုယ်အထဲကိုထပ်ဝင်သွားလို့ရှိရင် ကိုယ်နည်းလမ်းရှာလို့ရနိုင်လောက်တယ်။"
သူမရဲတရဲပြောလိုက်ပြီးသော် ရှုလင်ကျားကိုသေချာစူးစမ်းကြည့်ကာ မြေခွေးလေး၏မျက်နှာပေါ်ကအမူအရာအနည်းငယ်ကို မြင်ရအောင်ကြိုးစားနေမိသည်။
ရှုလင်ကျားမြေခွေးအသွင်ပြောင်းသွားချိန်တွင် သူဟာလူသားအသွင်ထက်အနည်းငယ်ပို၍သိမ်မွေ့ပုံပေါက်သည်ကို ကျင်းဖေးထုန်သိထားတာကြာပြီဖြစ်သည်။
နောက်ကျတော့ ရှုလင်ကျားဟာအပြင်ပန်းတွင်အေးစက်သော်လည်း အတွင်းပိုင်းတွင်နွေးထွေးသည်ကို သူသဘောပေါက်သွားခဲ့သည်။ သူကောင်းမှုကုသိုလ်လုပ်သည့်အခါ သူ့စိတ်ကိုဖြတ်၍အမြင်မခံချင်ပေ။ သူ၏နူးညံ့သောစိတ်ထားကိုထုတ်ပြဖို့ရာလွယ်ကူလှပေသည်။
ခုနကသူဒီကိုလာရသည့်ရည်ရွယ်ချက်ကို သိသွားရင်ရှုလင်ကျားစိတ်ခုသွားမည်ကို ကျင်းဖေးထုန်စိတ်ပူမိသဖြင့် မြေခွေးလေးသူ့ထံရောက်လာချိန်တွင် သူစကားအနည်းငယ်ကိုမဝံ့မရဲပြောမိသည်။
ကျင်းဖေးထုန်ကစိတ်အပူလွန်နေခြင်းပင်။ ရှုလင်ကျးဒါကိုကြားလိုက်ရသော် သူကအသုံးချချဥ်းကပ်သည်ဟုလုံးဝမတွေးပေ။
သူကခေါင်းမော့ကာ ကျင်းဖေးထုန်ကိုကြည့်လိုက်ပြီး သူ့လက်ဖဝါးနှစ်ဖက်ဖြင့်စောင်ပေါ်ပုတ်ပြကာခေါင်းစောင်းပြလာသည်။
ကျင်းဖေးထုန်နားလည်သွားသည်၊ ရှုလင်ကျားကသူ့ကို'ဝင်အိပ်မလား'ဟုမေးနေခြင်းဖြစ်သည်။
သူမနေနိုင်ဘဲရယ်မောလျက်ပြောမိသည်။
"ဟုတ်ပြီ၊ အိပ်ကြတာပေါ့။"
ခဏတန့်သွားရကာ ကျင်းဖေးထုန်ပြောမိပြန်သည်။
"လျို့ဝှက်ဂူကနှစ်တစ်ရာကြာအောင်မပွင့်လာပေမဲ့လည်း ဒီဓားစမ်းသပ်ရေးညီလာခံမှာ ကိုယ်အရမ်းစိတ်လှုပ်ရှားနေမိတယ်။ ရှုလင်ကျားကောင်းကြောင်းပြောရရင် သူကတော်တော်လေးပါရမီရှိပြီး ကြံ့ခိုင်မှုလည်းရှိတယ်၊ သူဒီပြိုင်ပွဲမှာနိုင်ပြီးတော့ လျို့ဝှက်ဂူကိုဖွင့်နိုင်ဖို့များတယ်။"
ရှုလင်ကျားကအိပ်ယာပေါ်တွင်အေးစက်စက်လှဲကာဖြင့်ဘာမှမဆိုပေ၊ သူ့အမြှီးထိပ်ဖျားကမသိလိုက်မသိဘာသာလှုပ်နေချေသည်။
ကျင်းဖေးထုန်ကဆိုသည်။
"ဒါပေမဲ့အဲ့ဒီ့လျို့ဝှက်ဂူကအရမ်းထူးဆန်းတယ်။ ကိုယ်ဝင်သွားနိုင်လို့ရှိရင် အဲ့ဒါကောင်းတာလား၊ ဆိုတာလားကိုယ်မသိဘူး။ လျို့ဝှက်ဂူတကယ်ပွင့်လာခဲ့ရင် ကိုယ်သူ့ကိုသတိပေးရမယ်။"
သူသည်စကားပြောနေရင်းဖြင့် ရှုလင်ကျား၏အမွှေးကိုပွတ်သပ်ကာ လက်ဖဝါးလေးများကိုဖျစ်ညှစ်လျက်ရှိ၏။
ထိုသတိလက်လွတ်အပြုအမူများဟာ ရှုလင်ကျားကိုကံကောင်းမှုမြောက်မြားစွာရရှိသွားစေပြီး လူသားအသွင်သို့လုံးဝပြန်ပြောင်းလို့ရသွားစေသည်။
အရင်တုန်းက သူတို့သည်ရည်ရွယ်ချက်ပြီးမြောက်သည်နှင့်ကျောခိုင်းသွားလေ့ရှိပေမဲ့ ယခုမူသူတို့နှစ်ယောက်ဟာအပြန်အလှန်ရင်းနှီးမှုရှိလာကြကာ ရှုလင်ကျားမှာကျင်းဖေးထုန်ထံတွင်သက်တောင့်သက်တာဖြစ်နေဆဲပင်။ ဒီရှစ်ရှုန်းကစကားပြောကောင်းသည်၊ အနှိပ်တော်သည်၊ စိတ်သဘောထားကောင်းသည်မို့ သူမလှုပ်ချင်တော့ပေ။
ရှုလင်ကျားပြန်လှဲချကာ အိပ်ယာအစွန်းမှာ နေရာနည်းနည်းလေးသာယူ၍ ရိုးရိုးလေးဆက်အိပ်လိုက်သည်။
ကျင်းဖေးထုန်ကသူ့ကိုနည်းနည်းပြန်ဆွဲလိုက်ရကာ သူ့ရှေ့ကမြင်ကွင်းကိုကြည့်မိချိန်တွင် အလွန်ဆန်းကြယ်လွန်းလှသည်ဟု ရုတ်ခြည်းခံစားလိုက်ရသည်။
မြေခွေးတစ်ကောင်ကိုသူ့အိပ်ယာပေါ်တွင်တကယ်ကြီးလဲလျောင်းခွင့်ပြုဖို့ရာ သူ့အတွက်စိတ်ကူးပင်မယဥ်ဖူးခဲ့ပေ။ လွန်ခဲ့သောတစ်လကျော်ခန့်ကပိုဆိုးသည်။
သူသည်မြေခွေးလေးကိုစောင်နည်းနည်းခြုံပေးကာ ဤတိုတောင်းသောအချိန်ကာလအတွင်းတွင် သူ့ဘဝဟာအမြန်ခြောက်သွေ့တတ်သောပန်းချီစာရွက်နှင့်တူသည်ဟု သူရုတ်ခြည်းသိရှိသွား၏။
ဖြူလျော်ကာစွန်းထင်းခဲ့ဖူးသည့်အရာကား ယခုတွင်နှင်းပန်းပွင့်၊ လေညှင်းထဲတွင်ယိမ်းနွဲ့နေသည့်သစ်ရွက်များ၊ လရောင်အောက်ရှိပုလွေသံ၊ အမိုးရှေ့တွင်ချိတ်ဆွဲထားသည့်တောက်ပသောအလင်းရောင်နှင့်မီးအိမ်ဖြစ်လာပေသည်။
အချိန်တိုင်းကအဖိုးတန်ကာနွေးထွေးစပြုလာပြီး ထိုအခြေအနေကိုစတင်ဝင်ရောက်လာသည်နှင့် ဆုံးရှုံးရမှာကိုကြောက်နေမိသည်။
၎င်းကားမတိုင်ခင်ကသူရှောင်ဖယ်ခဲ့သည့်တစ်စုံတစ်ရာဖြစ်ခဲ့ပေမဲ့ ယခုတွင်သူတန်ဖိုးထားရသည့်တစ်စုံတစ်ရာဖြစ်လာသည်။
ကျင်းဖေးထုန်သည်ရှုလင်ကျားဘေးတွင်လှဲချကာ လက်မောင်းပေါ်ခေါင်းတင်ရင်းဖြင့် နောက်အသံတစ်သံကသူ့နားထဲဝင်လာပုံရကာ တစ်ဝက်ကဝိုးတိုးဝါးတားဖြစ်နေပြီး တစ်ဝက်မှာစိတ်မရှည်ဖြစ်နေပေသည်။
"ရှစ်ရှုန်းရာ၊ နည်းနည်းကြာကြာလေးအိပ်ပါအုံး၊ အရမ်းအိုက်တာပဲ၊ ကျွန်တော့်ဘက်သိပ်မတိုးနဲ့လေဗျာ။"
ကျင်းဖေးထုန်ဒီဘက်လှည့်ကာ သူ့လက်ကိုမြေခွေး၏အမြှီးပေါ်သို့စောင်ပေါ်ကဖြတ်၍တင်လိုက်မိသည်။
သူလုံးဝမအိပ်ချင်ပေ၊ သို့သော်ရှုလင်ကျားကစောင်အောက်တွင်သက်တောင့်သက်သာရှိရှိနစ်မြှုပ်နေသည်ကိုမြင်လိုက်ရရာ သူလည်းသူနှင့်အတူတစ်အောင့်မျှဝင်လှဲကာ နွေးထွေးမှုကိုမျှဝေလိုက်သည်။
ရလဒ်အနေဖြင့် ညလယ်ခေါင်၌အပြင်ကခပ်ဖျော့ဖျော့ဆူညံသံကိုသူကြားလိုက်ရသည်။
ကျင်းဖေးထုန်ထထိုင်ကာနားထောင်လိုက်သည်။
ရှုလင်ကျားလည်းနိုးလာသည်။ သူနားစွင့်ကာစကားအနည်းငယ်မျှနားထောင်လိုက်ပြီးနောက် သူရုတ်ခြည်းအားပြန်ပြည့်သွားကာ ပြတင်းပေါက်ဘောင်ပေါ်ခုန်တက်၍ သူ့လက်ဖဝါးနှစ်ဖက်ကိုမြှောက်ကာ ပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်သည်။
လေထဲတွင်လွင့်မျောလာသည့်အသံများကြားတွင် တစ်ယောက်ယောက်ကျယ်လောင်စွာပြောလာသည်ကိုသူရှင်းလင်းစွာကြားလိုက်ရသည်။
"ဘာပြောလိုက်တယ်? လင်းယွဲ့တကယ်သေသွားပြီပေါ့?!"
နောက်တစ်ယောက်ကဆိုသည်။
"ဟုတ်တယ်၊ ဆေးကုပေးခဲ့ပေမဲ့ သူ့ကိုမကယ်လိုက်နိုင်ဘူး။ ကွေ့ရီဂိုဏ်းကလူတွေကိုအခုဘဲအကြောင်းကြားလိုက်တာ။"
Advertisement
ရှုလင်ကျားသိပ်ကိုအံ့သြသွားရသည်။
လင်းယွဲ့၏သေဆုံးမှုသတင်းဟာ အနည်းငယ်ရုတ်တရက်ဆန်ကာ မယုံကြည်နိုင်စရာပင်။ ရှုလင်ကျားနှင့်ပြိုင်ပွဲမှာအလွန်အထိနာသွားခဲ့သော်လည်း တကယ်တော့သူ့ဓားကျိုးသွားကာ သူ့ခွန်အားကုန်ဆုံးသွားသည်မှတစ်ပါး သူ့ဒဏ်ရာများမှာမပြင်းထန်ပေရာ ပြိုင်ပွဲအပြီးတွင်အားပြန်ပြည့်လာနိုင်သည်။
အင်း၊ သူသေသွားပြီလို့ဘယ်လိုပြောနိုင်ရတာလဲ။
သူထပ်နားထောင်ချင်ပေမဲ့ အသံများမှာလွင့်ပြယ်သွားပြီဖြစ်ကာ လူအနည်းငယ်ကဒီအတိုင်းဖြတ်သွားရုံသာ၊ သူတို့ကထိုအကြောင်းပြောပြီးနောက် သူတို့နေရာသူတို့ပြန်သွားကြသည်။
ရှုလင်ကျားခေါင်းလှည့်ကာ ကျင်းဖေးထုန်ကိုစကားပြောမိလုမတတ်ဖြစ်သွားရပေမဲ့ သူ့လက်ဖဝါးပေါ်ကအမွှေးနုတို့ကိုတစ်ချက်စိုက်ကြည့်ပြီးနောက်မှသာ သူဟာမြေခွေးတစ်ကောင်ဖြစ်နေသည်ကိုသဘောပေါက်သွားပြီး သူ့နှုတ်ခမ်းပေါ်ကစကားလုံးများကိုပြန်ရုတ်သိမ်းလိုက်ရသည်။
ကျင်းဖေးထုန်လည်းအံ့အားသင့်သွားသည်။ သူ့လက်ဆန့်ကာ ရှုလင်ကျားကိုပြတင်းပေါက်ဘောင်ပေါ်ကချီ၍ အိပ်ယာပေါ်ပြန်တင်ပေးကာ အသံနိမ့်ဖြင့်ပြောလိုက်သည်။
"တစ်ယောက်ယောက်လာအုံး။"
တစ်အောင့်ကြာသော် နန်းတော်အစောင့်တစ်ယောက်ကတံခါးဝမှာပေါ်လာပြီး ဒူးထောက်ကာအရိုအသေပေးလာသည်။
ကျင်းဖေးထုန်ပြောလိုက်သည်။
"အပြင်ကဆူညံသံကဘာဖြစ်တာလဲဆိုတာတစ်ချက်သွားကြည့်ပြီးတော့ အကျိုးအကြောင်းစုံစမ်းခဲ့။"
"ဟုတ်ကဲ့။"
ပီလော့နန်းတော်ကားတကယ့်ကိုအစွမ်းထက်လှသည်။ တစ်အောင့်ကြာသော် ထိုလူကအရာရာတိုင်းကိုအကျိုးအကြောင်းရှင်းလင်းစွာမေးမြန်းပြီး ကျင်းဖေးထုန်ကိုပြန်လာတင်ပြသည်။
ရှုလင်ကျားနားထောင်လိုက်ရာ လင်းယွဲ့၏သေဆုံးမှုဟာ တောင်ကြားထဲတွင်သူ့ဒဏ်ရာကိုပြန်ကုရင်း သူ့အသက်ရှုနှုန်းကိုညှိနေချိန်တွင်ဖြစ်သွားသည်ပင်။
သူ၏အဆင်မပြေသောစိတ်အခြေအနေကြောင့် သူ့စိတ်ဝိညာဥ်အသက်ရှုနှုန်းကခဏတာလမ်းလွဲသွားကာ သူ့နှလုံးခုန်နှုန်းကျဆင်းသွားခဲ့သည်။
ရှုလင်ကျားဒါကိုကြားလိုက်ရသော် ဘာပြောရမယ်မှန်းမသိတော့ပေ။
လင်းယွဲ့ကားဒေါသကြီးကာခက်ထန်သော်လည်း သူဟာမျိုးဆက်သစ်ဓားသမားဉာဏ်ကြီးရှင်ဖြစ်နေတုန်းပင်။ အချိန်ကြာလာသည်နှင့်အမျှ သူဟာကြီးမြတ်သောဆရာသခင်တစ်ဦးဖြစ်လာလိမ့်မည်။ သူဒီလောက်အလွယ်လေးသေဆုံးသွားတာတကယ့်ကိုသက်ပြင်းချစရာကောင်းသည်။
လူတွေမှာသူ့ကြောင့်မသေသွားသည့်တိုင် ပြဿနာမှာသူ့ကြောင့်ဖြစ်သွားခဲ့ခြင်းပင်။ ဒီကိစ္စကြောင့် သူနှင့်ကွေ့ရီဂိုဏ်းဟာလည်းစာရင်းရှင်းကြရအုံးမည်။
ယခုအချိန်မှစ၍ လူတော်တော်များများစော်ကားခံရမည်ကိုရှုလင်ကျားမြင်ယောင်မိသည်။
သူစာရင်းရှင်းရမှာကိုစိတ်မပူပေမဲ့ လင်းယွဲ့ကိစ္စကလူတွေအားသူနှင့်မထိုက်တန်ဟုခံစားသွားရစေသည်မို့ ၎င်းကအနည်းငယ်ရှုပ်ထွေးလျက်ရှိသည်။
ကျင်းဖေးထုန်အတွေးများကာ တိုးတိုးပြောမိသည်။
"တောင်ကြား?"
သူသည်ဒီကနေ့တွင်ကျန်းရွေ့နောက်လိုက်ကာ ထိုနေရာကိုသွားခဲ့ပြီး သူလှည့်ပြန်လာချိန်တွင် လင်းယွဲ့သေဆုံးသွားခဲ့သည်။ ဒါကတိုက်ဆိုင်မှုအနည်းငယ်ဖြစ်ပုံရသည်။
သို့သော် တောင်ကြားထဲတွင် သွားလာဝင်ထွက်နေသည့်လူများစွာရှိသည်။ ဓားစမ်းသပ်ရေးညီလာခံအတွင်းတွင် အမြဲတစေလူရှုပ်လေ့ရှိသည်။ ထိုနေရာတွင်ဘယ်သူမဆိုပေါ်လာတာကပုံမှန်ဖြစ်သည်။ ထို့အပြင် ကျန်းရွေ့ကလင်းယွဲ့ကိုသတ်စရာမလိုပေ၊ သူအတွေးလွန်နေသည်ဟုကျင်းဖေးထုန်ခံစားလိုက်ရသည်။
"သိပြီ။"
သူကရှုလင်ကျားကိုတစ်ချက်စိုက်ကြည့်ကာ တီးတိုးပြောမိသည်။
"တစ်ခုရှိသေးတယ်။ မကြာသေးခင်က လင်ရှောင်းကသူ့ကိုစောင့်ကြည့်ဖို့ကျန်းရွေ့ကိုစေလွှတ်ခဲ့တယ်။"
-------ကျန်းရွေ့ဟာလည်းထိုနေရာတွင်ရပ်ကာ အနီးဝန်းကျင်ရှိလူများပြောသည်ကိုနားထောင်နေလေသည်။ ထိုလူများသည်လင်းယွဲ့၏သေဆုံးမှုနှင့်ပတ်သတ်၍ ဆွေးနွေးနေကြပြီး အချို့မှာထိတ်လန့်အံ့အားသင့်နေကြကာ အချို့မှာစိတ်မကောင်းဖြစ်နေကြပြီး အချို့ကတော့ဖြင့်ကျေနပ်ပီတိဖြာနေကြသည်။
သို့သော် လင်းယွဲ့မှာဒေါသကြောင့်ရူးသွားတာပုံမှန်ဖြစ်သည်ဟု လူအများစုခံစားမိသည်။ သူအချိန်အတန်ကြာနားထောင်နေပေမဲ့ လင်းယွဲ့သေဆုံးမှုအကြောင်းနှင့်ပတ်သတ်၍သံသယဖြစ်စရာစိုးစဥ်းမျှမကြားမိပေ။
ကျန်းရွေ့စိတ်ပြေလျော့လာကာ အရှေ့ကိုတို့ဝှေ့၍တစ်ခဏမျှဟိုဟိုဒီဒီကြည့်ကာ သူ့ဘေးကထူးဆန်းသောကျင့်ကြံသူကိုမဝံ့မရဲပြောလိုက်သည်။
"တောက်ကျန့်ခင်ဗျ၊ ဒီကနေ့ကိစ္စကအရမ်းရုန်တရက်ဆန်ဆန်ဖြစ်သွားတော့ လူတွေရဲ့ရင်ထဲမှာနည်းနည်းအဆင်မပြေဖြစ်သွားကြတယ်။ ကွေ့ရီဂိုဏ်းကိုတစ်ယောက်ယောက်အကြောင်းကြားထားရဲ့လားမသိဘူး။"
သူသည်တကယ့်ကိုပေါက်ကရသွားမေးလေရာ ထူးဆန်းသောကျင့်ကြံသူကခေါင်းလှည့်ကာကျန်းရွေ့ကိုကြည့်လာပေမဲ့ စိတ်ရှည်လက်ရှည်ဖြေလာ၏။
"စိတ်မပူပါနဲ့၊ ကျွန်တော်အကြောင်းကြားထားပြီးပြီ၊ ကွေ့ရီဂိုဏ်းကလူတွေမကြာခင်ရောက်လာလိမ့်မယ်။"
ကျန်းရွေ့မှာနောက်ဆုံးတွင်သက်မချလိုက်မိပြီး သူတန့်သွားကာရိုးသားစွာပြုံး၍ ပြောလိုက်သည်။
"ကောင်းပါတယ်။"
သိပ်ကောင်းတယ်။
သူဟာသူ့အနားရှိလူတွေကိုစကားပြောရန်ထပ်မံကြိုးစားခဲ့ပြီး ဆွေးမြေ့ကာကျိုးကျတော့မည့်ပုံပေါက်သည့်သစ်ပင်အောက်မှာရပ်ဖို့တမင်သက်သက်ပင်ပြေးသွားခဲ့ပြီး မည်သူကမျှသူ့ကိုရိုက်နှက်မဆဲရေးသကဲ့သို့ မည်သည့်သစ်ပင်၊ကျောက်တုံးကမျှသူ့အပေါ်မကျလာသည်ကိုမြင်လိုက်ရရာ သူအလွန်ကျေနပ်သွားရသည်။
လင်းယွဲ့၏သေဆုံးမှုအပြီးတွင် သူ့ကံကလုံးဝပြန်ကောင်းလာကာ သူ့အနားရှိလူတွေဟာသူတို့၏ဂုဏ်ပြုမှုနှင့်ကြင်နာမှုတို့ကို သူ့ထံသို့တစ်ဖန်ဖော်ပြစပြုလာကြသည်ကိုမြင်နိုင်ပေသည်။
ဤနည်းလမ်းကအသုံးဝင်ကြောင်း ဖြစ်ရပ်ကသက်သေပြသွားသည်။ လင်းယွဲ့ကားမောက်မာကာနိုင်လိုမင်းထက်ဆန်ပြီး လင်ရှောင်းဂိုဏ်းကိုကြိမ်ဖန်များစွာရန်စခဲ့ရာ ၎င်းကတကယ့်ကိုဆိုးဝါးသောအခန်းကဏ္ဍနှင့်ညီမျှသည်မို့ ရှုလင်ကျား၏သူ့ကိုအနိုင်ရမှုကသူ့ကံကောင်းမှုကိုမြင့်တက်သွားစေသည်။
ထို့နောက် လင်းယွဲ့ကိုသတ်ပစ်လိုက်လို့ရှိရင်
သဘာဝကျကျပင်နောက်ကတောက်လျှောက်လိုက်ကာ ကံကောင်းမှုကိုရရှိသွားမည်ပင်။
ယင်းကားကျန်းရွေ့အတွက်ကမ္ဘာသစ်တံခါးကိုဖွင့်လှစ်လိုက်သကဲ့သို့ပင်။ ဒီလိုဆိုရင် သူဟာဒီအချိန်ကာလအတွင်းဆုံးရှုံးမှုများကိုပြန်လည်ဖာထေးရန် အခွင့်အလမ်းများစွာကိုရလို့ရသွားပြီဖြစ်သည်။ ဘယ်လိုလုပ်စိတ်မလှုပ်ရှားဘဲနေမှာလဲ။
သို့သော်လည်း....ဤနည်းလမ်းကိုမင်ရှောင်းကသင်ပြပေးသွားခြင်းပင်။
မင်ရှောင်း၏ခန္ဓာကိုယ်ထက်တွင်မပြောအပ်သောမိစ္ဆာစိတ်ဝိညာဥ်ရှိသည်ဟု ကျန်းရွေ့လည်းခံစားလို့ရနိုင်သည်။ သူကားချင်းချိုး၏ကြည့်ကောင်းသောသခင်လေးတစ်ယောက်ဖြစ်သည်။ သူ့တွင်ဘယ်နေရာသွားသွား လိုက်ခစားမည့်လူတစ်စုရှိပါရက်နှင့် သူဘာကြောင့်ထိုနေရာတွင်အချိန်တိုင်းရှိနေရသနည်း။ တစ်ကိုယ်တည်းနားလည်ရခက်သည်။ မင်းနဲ့ငါနဲ့ဘယ်နှကြိမ်များ မတော်တဆ(သို့)ရည်ရွယ်ချက်ရှိရှိတွေ့နေရအုံးမှာလဲ။
ထို့အပြင် မင်ရှောင်းအနေနှင့် ဒီနည်းလမ်းကိုဘယ်လိုသိတာလဲ။ မင်းရဲ့စွန့်စားခန်းတွေအားလုံးကချင်းချိုးနဲ့ဆက်နွယ်နေတာလား။
ကျန်းရွေ့သည်ချင်းချိုးဂိုဏ်းသားများကိုအကြိမ်ပေါင်းများစွာမေးမြန်းခဲ့ပေမဲ့ သူတို့ဟာအလွန်နှုတ်လုံပေရာ သူဘယ်တော့မှရှင်းလင်းသောအဖြေမရခဲ့ပေ။
ယခုတွင်မင်ရှောင်းဟာလည်း ရိလင်းကဲ့သို့ပင်ဇာတ်ကြောင်းထဲတွင် သူ့အတွက်စီစဥ်ပေးထားသည့်နောက်လိုက်တစ်ယောက်ဖြစ်နေမလားဟု ကျန်းရွေ့သံသယပင်ဝင်မိသည်။ သူကသူ့ကိုနှစ်သက်သောကြောင့် ထွက်ကူညီတာဖြစ်မည်။
ယင်းကားသူဟာအလွန်အတ္တကြီးသောကြောင့်မဟုတ်ဘဲ ဝတ္ထုစာအုပ်၏အဓိကဇာတ်ဆောင်အနေဖြင့် ကျန်းရွေ့ဟာမတိုင်ခင်က ထိုကဲ့သို့ရန်မစအပ်သည့်အရာမျိုးနှင့်ကြုံဖူးခဲ့သောကြောင့်ပင်။ ဥပမာ၊ ရိလင်းကသူတို့ထဲကတစ်ယောက်ဖြစ်သည်။
ဟုတ်တာပေါ့၊ ဒါကဖြစ်နိုင်ချေသာ။ ကျန်းရွေ့ထိုသို့ခန့်မှန်းလိုက်သော်လည်း သူကမင်ရှောင်းကိုသတိအနည်းငယ်ထားနေတုန်းပင်။
သို့သော်လည်း ယခုအချိန်တွင်အလျင်လိုဆုံးတာဝန်မှာ ဓားစမ်းသပ်ရေးညီလာခံတွင်အနိုင်ရသူဖြစ်ရန်ဖြစ်သည်။
ထိုနည်းဖြင့်သာလျှင် ဆရာသခင်ရှစ်စွင်းကသူ့တန်ဖိုးကိုမြင်ကာ သူဟာလည်းရှုလင်ကျား၏ခြိမ်းခြောက်မှုကိုလုံးဝရှင်းထုတ်ရန် အခွင့်ကောင်းများစွာရနိုင်မည်ပင်။
ကျန်းရွေ့၏အဓိကလုပ်ရပ်ပြီးမြောက်သွားပြီးနောက်၌ သူကသူ့ဒဏ်ရာများကိုကုသရန် လျိုပေါ်တောင်ကြားထဲတွင်ဆက်မနေတော့ဘဲ မြန်မြန်လေးထွက်လာခဲ့လိုက်သည်။ သူတောင်ကြားထဲကထွက်လာချိန်တွင် သူ့အနားမှာမည်သူမျှမရှိသည်ကိုမြင်လိုက်ရရာ သူတိုးတိုးခေါ်မိပြန်သည်။"ချန်ပေ့? ချန်ပေ့?"
ပုတီးစေ့အလင်းရောင်မှာမှိန်နေပြီး အထဲတွင်အသံတစ်သံမျှမရှိသေးပေ။
ဒီတစ်ခေါက် ကျန်းရွေ့မှာအကြံရှိသည်။ အရင်တစ်ခေါက်ဆုံးရှုံးမှုကသိပ်ကိုကြီးမားလွန်းသည်မို့ သူ့ကံကောင်းမှုကဒီတစ်ကြိမ်တွင်မလုံမလောက်ဖြစ်နေကာ ပုတီးစေ့တို့၏ပြန်ကောင်းမှုကိုအလွန်နှေးသွားစေသည်ဟုထင်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏နောက်လာမည့်ပြိုင်ဘက်ကခွန်အားသိပ်မကြီးပေ။ လွန်ခဲ့သောရက်အနည်းငယ်အတွင်းမှာ ကျန်းရွေ့တစ်ယောက်ပြိုင်ပွဲအတွေ့အကြုံများစွာရရှိခဲ့သည်။ ပုတီးစေ့အကူအညီမပါဘဲ ထိုတစ်ယောက်ကိုသူရှင်းပစ်နိုင်လောက်သည်။
သူနောက်တစ်ပွဲနိုင်သွားလို့ရှိရင် ပုတီးစေ့ဝိညာဥ်ပြန်နိုးလာနိုင်လောက်သည်။ ကျန်းရွေ့ထို့သို့တွေးကာ လင်ရှောင်းချီဇုန်နေသည့်ခြံဝန်းထံတည့်တည့်မတ်မတ်ပြန်လာခဲ့သည်။
ဂိုဏ်းချုပ်ခြံဝန်းရှေ့ကဖြတ်သွားသော် တံခါးနှင့်သိပ်မဝေးသောနေရာကအသံတစ်သံကိုကြားလိုက်ရသည်။ သူသွားမနှုတ်ဆက်ရသေးခင် ဟယ်ဇီကျိုးအသံကမေးလာပြီးဖြစ်သည်။
"ဘယ်သူလဲ။"
ကျန်းရွေ့အလျင်စလိုဂါရဝပြုလိုက်ရသည်။
"ရှစ်စွင်း၊ ကျန်းအကြီးအကဲ၊ တပည့်ပါဗျ။"
ဟယ်ဇီကျိုးနှင့်လက်ရှိတွင်စကားပြောနေသည့်တစ်ယောက်မှာ ချီဇုန်တွင်ရာထူးအမြင့်ဆုံးအကြီးအကဲဖြစ်ကာ ကျန်းဝေဟုအမည်ရပြီး သူဟာလည်းကျန်းရွေ့ဘက်ကဖြစ်သည်။ ကျန်းရွေ့လင်ရှောင်းဂိုဏ်းထဲရောက်လာကတည်းက သူဟာသူ့ကိုအမြဲတစေမျှော်လင့်ထားခဲ့သည်။
ဟယ်ဇီကျိုးကခေါင်းငြိမ့်ကာဆိုသည်။
"မင်းဘယ်သွားနေတာလဲ။"
ကျန်းရွေ့ပြောလိုက်သည်။
"ရှစ်စွင်း၊ ဒီတပည့်အားပြန်ဖြည့်ဖို့တောင်ကြားကိုသွားခဲ့တာပါ။"
ကျန်းဝေကထိုစကားကိုကြားသွားကာ မေးလာသည်။
"တစ်ယောက်ယောက်ပြောတာကိုငါကြားလိုက်ရတယ်၊ တောင်ကြားမှာဘာဖြစ်သွားလို့လဲ။"
ကျန်းရွေ့က"ဟုတ်ကဲ့"ဟုဆိုကာ လင်းယွဲ့ကိစ္စကိုပြောပြလိုက်သည်။ ဟယ်ဇီကျိုးနှင့်ကျန်းရွေ့မှာဒါကိုကြားသော် အတွေးအပြည့်ဖြင့် အချင်းချင်းအပြန်အလှန်ကြည့်မိကြသည်။
ကျန်းဝေကပြောသည်။
"လင်းယွဲ့ကတကယ်ကြီးဒီလိုသေသွားတာပဲ။ ကွေ့ရီဂိုဏ်းကဒီအတွက်ကြောင့် လင်ရှောင်းကိုဒေါသထွက်မလားငါသိချင်မိတယ်။"
ဟယ်ဇီကျိုးကခပ်ပေါ့ပေါ့ဆိုသည်။
"ကွေ့ရီဂိုဏ်းနဲ့လင်ရှောင်းဂိုဏ်းက အမြဲတမ်းရန်စောင်နေခဲ့ကြတာပဲ။ ဒီတော့ဒေါသထွက်တော့ကောဘာဖြစ်လဲ။ သူရှုံးမှာကြောက်နေမှာပေါ့။"
ကျန်းဝေကမျက်မှောင်ကြုတ်လျက်ပြောလာသည်။
"ဒါပေမဲ့ဒီကိစ္စကလင်ရှောင်းဂိုဏ်းနဲ့မဆိုင်ဘူးလေ။ ရှုလင်ကျားကချီဇုန်မှာမရှိတော့ပေမဲ့ သူလုပ်ခဲ့တဲ့ကိစ္စကချီဇုန်ခေါင်းပေါ်ကျနေတုန်းပဲ။ ငါတော့စိတ်တိုတယ်၊ ဂိုဏ်းကိုဆန့်ကျင်သွားတဲ့သစ္စာဖောက်ကိုငါအမြဲစိတ်တိုနေခဲ့တာ။ မကောင်းတော့ဘူး၊ ထိန်းချုပ်ရမဲ့အချိန်ရောက်ပြီ။"
ဟယ်ဇီကျိုးကဆိုသည်။
"လင်ရှောင်းဂိုဏ်းကအနိုင်ကျင့်ခံမှာတဲ့လား။ ရှင်းဇုန်ဘယ်လိုကိုင်တွယ်မလဲကျုပ်အစကကြည့်ချင်နေတာ၊ ဒါပေမဲ့ လင်းယွဲ့ကချီဇုန်ကိုရန်စလာပြန်တယ်လေ။ လင်ကျားဝင်မပါရင်တောင် ကျုပ်သူ့ကိုအသက်ချမ်းသာမပေးနိုင်ဘူး။ ကျန်းအကြီးအကဲ၊ ခင်ဗျားဘက်လိုက်လွန်းအားကြီးနေပြီ။"
Advertisement
- In Serial31 Chapters
The Apocalyptic Game - A LitRPG
20 years ago, on an ordinary day, the world was turned into a game in which human beings were the players. Ever since then, humanity fought against the endless swarms of the NPCs, as well as against each other. Yet in the end, it was all meaningless. The pain. The suffering. The victories and the defeats. This game turned out to be nothing more than a joke, and the last of mankind was mercilessly purged. Shaw was a survivor. She was a player. She was a Warrior. Most importantly, she was the last human on Earth to die. Yet, death wouldn't be the end for her. Instead, she was given a second chance. She was brought back to ten minutes before the game started with all the memories of her 20 years of combat, and this time, she would win. [participant in the Royal Road Writathon challenge]
8 140 - In Serial8 Chapters
A King's Regret - Ravenchild
Alwnn is shrouded by the fog of war. Dracones Auryelin, former ruler of the imperial territory, is dead by an assassin’s blade. His mistress and child are missing, presumed slain. His sworn brother, Dracones Uthyr leads what little remains of their legion in a desperate defence of a far-flung, effectively abandoned territory against demons, magical beasts and men. The culprit of this disaster Vertigan, son of a former ally, has declared himself High King and renounced his father's imperial ties. Vertigan’s bid for power had hinged on two key points. The first was capturing Auryelin’s mistress, the imperial sorceress charged with maintaining Alwnn’s mystical protections, alive. The second was the trustworthiness of his barbarian mercenaries. His demon-worshipping, barbarian mercenaries. As all sides seek to attain their own goals a young sorcerer emerges from the cursed woods of Alwnn.
8 114 - In Serial17 Chapters
Paragon of Light
The world has revolved around a divine game, the Paragon of Light doing battle with the Paragon of Shadows, since time immemorial. Now, suddenly that game has changed - changed genres. Will the four Disciples of Light figure out the new rules and find their Paragon in time?
8 216 - In Serial27 Chapters
mercy > the originals
"we shall show mercy, but we shall not ask for it." or in which mercy mikaelson is the younger twin of hope mikaelson and they are finally seeing their father again. {season 4}completed
8 153 - In Serial30 Chapters
Jealousy... (Argos X Mr. Plant)
Argos is obsessive over Mr. Plant. What would happen if Argos were to ever find out that Mr Plant was hanging out with another entity?This is a fanfic of a TikTok ship from user @ashurgharavi⚠️ Profile Art is Not Mine!⚠️Argos × Mr. Plant is canon and was proved in the Valentine's video this year.Entity is another word for people but in a Dreamcore/Weirdcore world.
8 160 - In Serial25 Chapters
Percy Jackson: Hunter of Artemis
What if Percy was cheated on by Annabeth? What if he had dated other girls before that, all who had hurt him in some way? What if he swore of dating for eternity? What if Percy was aloud to join the Hunt? Percy Jackson had gone through three different relationships; all of them ending in pain. He finally has enough when Annabeth cheats on him. So he leaves. He ran away from Camp and into the forest. He bought a bow and quiver from a hunting store and trained himself to be an accurate shooter. When he runs into the Hunters of Artemis, he asks to join the Hunt. He swears of girls and pledges to be loyal to Artemis forever.But what happens when he must return to the place where he was hurt the most: Camp? What happens when he has to face Annabeth? What happens when she asks him to break his oath to Artemis? Will he stay with Artemis and the other Huntresses he has come to know as his sisters? Or will he leave them for Annabeth, the one who betrayed him and missed him when he left? Would you like to know? Then go on my reader. Read on. But do not blame me for the horrors you may unveil...Disclaimer: All characters belong to Rick Riordon. They are not mine (although I wish they were). Only the plot is mine.Enjoy
8 121

