《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၅] ခန္ဓာကိုယ်ပုံရိပ်ယောင်|ခႏၶာကိုယ္ပုံရိပ္ေယာင္
Advertisement
!unicode!
ကျန်းဝေကကျန်းရွေ့ကိုမေးလာသည်။
"မနက်ဖြန်မင်းရဲ့ပြိုင်ဘက်ကဘယ်သူလဲ။ မင်းသူ့ကိုရိုက်ချနိုင်လို့ရှိရင် မင်းထိပ်ဆုံးသုံးယောက်ထဲဝင်သွားမှာ။ မင်းရှုလင်ကျားနဲ့ထိပ်တိုက်တွေ့ဖို့များတယ်နော်။"
ကျန်းရွေ့ကပင့်သက်ရှိုက်ကာဆိုသည်။
"မဆိုးပါဘူး။ ကျွန်တော်မနက်ဖြန်ကျရင် ကျင်းဟိုင်ဂိုဏ်းကယွီခန်းလျို့နဲ့ယှဥ်ပြိုင်ရမှာ။ ဒါပေမဲ့ကံဆိုးချင်တော့ ကျွန်တော်နိုင်ဖို့က၆၀ရာခိုင်နှုန်းလောက်ဘဲသေချာတယ်။"
ယွီခန်းလျို့ကတတိယပွဲစဥ်တွင်ယှဥ်ပြိုင်နိုင်ပြီး ပင်ကိုယ်အားဖြင့်သူဟာအားမနည်းပေမဲ့ အလွန်ရိုးသားကာ အကြင်နာတရားသိပ်မကင်းမဲ့ပေ။ ခွန်အားအရာ၌ တကယ်တော့လင်းယွဲ့လောက်မကောင်းသော်လည်း ပုတီးစေ့သာရှိလို့ရှိရင် ရာနှုန်းပြည့်ကျိန်းသေသွားမည်ပင်။
ကျန်းဝေနှာမှုတ်လိုက်ပေမဲ့ အတည်မယူဘဲပြောလိုက်သည်။
"ငါမင်းကိုတစ်ခုခုပေးစရာရှိတယ်။ ဒီရက်တွေမှာငါမင်းကိုလာမတွေ့နိုင်ဘူး။"
သူကချင်းကွမ်အိတ်ထုတ်ကာ ကျန်းရွေ့ကိုပေးလာသည်။ ကျန်းရွေ့လှမ်းယူကာဖွင့်ကြည့်လိုက်ရာ အထဲတွင်အဖိုးတန်အဆောင်စာရွက်များရှိနေပြီး ရှားပါးကာပစ္စည်းကောင်းဖြစ်သည့်မှော်လက်နက်နှစ်မျိုးလည်းပါဝင်သည်။ ၎င်းတို့အကူအညီနှင့်ဆိုလျှင် အနိုင်ရဖို့ကသေချာပေါက်ကိုပြဿနာမဟုတ်ပေ။
ကျန်းရွေ့ရင်ထဲတွင်အပျော်လွန်သွားရကာ ကျေးဇူးတင်စွာပြုံးပြ၍ဂါရဝပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှစ်ပေါ်!"
ကျန်းဝေကဆိုသည်။
"ရပါတယ်၊ မင်းငါ့ကိုကျေးဇူးတင်စကားပြောဖို့လိုသေးလို့လား။ မင်းနိုင်သွားရင် ငါတို့ဂိုဏ်းရဲ့ဂုဏ်ကျက်သရေတိုးလာဖို့က ပိုအရေးကြီးတယ်။ တကယ်လို့ရှုလင်ကျားသာဒီဓားစမ်းသပ်ရေးပြိုင်ပွဲမှာအနိုင်ရသွားလို့ရှိရင် သူများတွေဘာပြောကြမယ်ထင်လဲ။ ဘယ်လောက်ရုပ်ဆိုးလိုက်မလဲကွာ။"
ကျန်းရွေ့တန့်သွားကာ ခေါင်းငြိမ့်၍တိုးတိုးပြောမိသည်။
"အမှန်ပဲ။"
သူအတင်းအဖျင်းနှင့်ကောလဟာလများစွာကိုကြားခဲ့ရသည်၊ အခြေခံအားဖြင့်၎င်းတို့အားလုံးဟာ
ရှုလင်ကျား၏ဓားရေးကထူးချွန်ပြီး လင်ရှောင်းဂိုဏ်းက၎င်း၏ကြီးမားသောဆုံးရှုံးမှုကိုသည်းညည်းမခံနိုင်ကြောင်းခံစားနေကြရသည်။ ထိုဆွေးနွေးမှုတို့၏လေသံများမှာ ထေ့ငေါ့ကာအားရကျေနပ်နေပေသည်။
ရှုလင်ကျားကနောက်ဆုံးအနိုင်ရသူဖြစ်သွားခဲ့လို့ရှိလျှင် ချီဇုန်ကတကယ့်ကိုပိုမိုရှက်ရွံ့ရမည်မှာအဟုတ်ပင်။ အကြီးအကဲတစ်ယောက်အနေဖြင့် ကျန်းဝေဟာပင်ကိုယ်အားဖြင့်ဤကဲ့သို့ဂုဏ်သတင်းနှင့်ပတ်သတ်ပြီး အလွန်စိုးရိမ်နေမိသည်ပင်။
ကျန်းရွေ့ကချင်းကွမ်အိတ်ကိုသိမ်းကာပြောလိုက်သည်။
"ရှစ်ပေါ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ဂိုဏ်းအတွက် ကျွန်တော်အကောင်းဆုံးလုပ်မှာပါဗျ။"
"တကယ်တော့ အနိုင်အရှုံးကိုအရမ်းကြီးအလေးအနက်မထားပါနဲ့၊ မင်းလိုလူငယ်တစ်ယောက်အတွက် အခုကအစဘဲရှိသေးတာ၊ အနာဂတ်ကအရှည်ကြီးရှိနေတုန်းပဲ။"
ကျန်းဝေသက်ပြင်းချကာ ကျန်းရွေ့ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်သည်။
"မင်းရဲ့ရှစ်စွင်းအပေါ်မှာကပ်ဘေးတစ်ခုရှိနေတာကိုမင်းသိသင့်တယ်နော်။"
ကျန်းရွေ့ရင်ထဲတွင်ဒိန်းခနဲဆောင့်ခုန်သွားရကာပြောမိသည်။
"ကျွန်တော်မတော်တဆကြားဖူးခဲ့တာ၊ အရမ်းအတိအကျကြီးတော့မဟုတ်ဘူး။"
ကျန်းဝေကဆိုသည်။
"သူ့ရဲ့ကပ်ဘေးကိုရှောင်ဖို့မလွယ်ဘူး၊ ရှောင်လို့မရဘူးဆိုရင်....အင်း၊ ဒါကငါတို့ပြောရမဲ့ကိစ္စပဲ။ ဒါကလည်းအရေးကြီးတာပဲ၊ မတော်တဆတစ်ခုခုဖြစ်လာတာနဲ့ ချီဇုန်မှာဆရာသခင်တစ်ယောက်ရှိအောင်သေချာလုပ်ထားရမယ်။"
ကျန်းရွေ့ဒါကိုဘယ်တုန်းကမျှမတွေးဘူးပေ၊ ကျန်းဝေ၏ဆိုလိုရင်းကိုတဝိုးတဝါးကြားလိုက်ရပြီးနောက် သူ့နှလုံးခုန်သံမြန်လာသည်ကိုခံစားမိလိုက်သည်။
"ဂိုဏ်းရဲ့အနာဂတ်ဂိုဏ်းချုပ်က ဂိုဏ်းရဲ့စည်းမျဥ်းတွေအရဆိုရင် တပည့်ဂိုဏ်းသားခေါင်းဆောင်ကလွဲလို့မဖြစ်နိုင်ဘူး။ ကံဆိုးချင်တော့ငါတို့အခြေအနေကနည်းနည်းထူးခြားတယ်။ မင်းရဲ့ရှစ်ရှုန်းလော်ရှောင်းကသူရဲဘောကြောင်စွာနဲ့ လောကကြီးကနေရှောင်တိမ်းနေတယ်။"
ကျန်းဝေကဆိုသည်။
"ကျန်တဲ့လူတွေထဲမှာ ရှုလင်ကျားကဂိုဏ်းကိုပုန်ကန်သွားပြီးတော့ ယင်းချန်ကမောက်မာတယ်၊ သူကလူသားဘုရင်တစ်ယောက်အဖြစ်မွေးဖွားလာခဲ့တာမို့ သူ့မှာဂိုဏ်းချုပ်လုပ်ချင်တဲ့ရည်ရွယ်ချက်မရှိဘူး။ ဘယ်လိုပဲစဥ်းစားစဥ်းစား မင်းနဲ့အသင့်တော်ဆုံးပဲ၊ ဒါပေမဲ့ကံမကောင်းစွာနဲ့ မင်းကငယ်နေသေးတယ်။"
ကျန်းရွေ့ပြောမိသည်။
"ဟင့်အင်း၊ ရှစ်ပေါ်၊ ကျွန်တော်အဲ့အကြောင်းဘယ်လိုလုပ်စဥ်းစားရဲမှာလဲဗျာ..."
"မင်းရှစ်ပေါ်ကိုဒီလိုပြောလို့ရှိရင် မင်းအပြင်မှာသွားကြည့်လို့ရတယ်။ မင်းဘာမှဖိအားများစရာမလိုဘူးဆိုပေမဲ့ မင်းဒီအရာတွေကိုသိထားသင့်တယ်။"
ကျန်းဝေကရှုံ့ချစွာရယ်မောလာသည်။
"ငါမင်းကိုပြောပြချင်ရုံပါ၊ ဓားစမ်းသပ်ရေးညီလာခံကိုအနိုင်ရပြီးတော့ လျို့ဝှက်ဂူထဲဝင်ပြီးအမွေဆက်ခံဖို့ကသိပ်အရေးကြီးတယ်။ အဲ့ဒါကအနာဂတ်မှာမင်းဂိုဏ်းချုပ်ရာထူးကိုဆက်ခံဖို့မင်းအတွက်အရေးကြီးတဲ့အရင်းအနှီးတစ်ခုပဲ။ ကျင်းဖေးထုန်ကိုဘဲကြည့်၊ သူကလည်းအနိုင်ရသွားပြီးနောက်ပိုင်းမှာပီလော့နန်းတော်ကိုပြန်ပြီး နန်းတော်အရှင်ဖြစ်လာတယ်မလား။ သူအခုဖြစ်နေတဲ့ပုံစံကိုမင်းအားမကျဘူးလားကွ။"
ကျန်းရွေ့ကကျင်းဖေးထုန်အကြောင်းပြောခဲသည်။ တစ်ဖက်လူ၏ကိုယ်နှုတ်အမူအကျင့်နှင့်ကြီးမြတ်မှုမှာ အံ့သြစရာကောင်းကာမနာလိုအားကျစရာကောင်းလှသည်။ ဒီတစ်ခေါက်ကျန်းဝေ၏စကားများကိုကြားလိုက်ရရာ သူမနေနိုင်ဘဲသွေးပူလာရသည်။
စင်စစ်ပင်၊ လင်ရှောင်းဂိုဏ်းထဲရှိဘဝဟာအရင်ကထက်ပိုကောင်းလာသော်လည်း သူသာတစ်နေ့ကျဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာပြီး ထိပ်ဆုံးကိုတက်လှမ်းကာ သူ့ကိုထိန်းချုပ်မည့်လူတစ်ယောက်မှမရှိတော့ရင်ပိုမကောင်းပေဘူးလား။
ဆရာသခင်ရှစ်စွင်းကသူ့ကိုတအံ့တသြကြည့်လာအောင်သူလုပ်နိုင်ဖို့မျှော်လင့်မိသည်။ တစ်နေ့ကျရင်သူကရာထူးလက်ဆင့်ကမ်းယူကာ သူဟာရှုလင်ကျားထက်ပိုသင့်တော်သည့်လူဖြစ်ကြောင်းသက်သေပြမည်။
ကျန်းရွေ့မျက်လုံးဖျတ်ခနဲလက်သွားပေမဲ့ သူတည်ငြိမ်စွာပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်ဂိုဏ်းအတွက်တကယ်အနိုင်ရချင်တာမို့ ဓားစမ်းသပ်ရေးညီလာခံမှာကျွန်တော်အကောင်းဆုံးလုပ်ပါ့မယ်။"
ကျန်းရွေ့ရင်ထဲတွင်သိက္ခာစောင့်ထိန်းမှုရှိသည်ကိုကျန်းဝေသိသည်မို့ သူထပ်ခါတလဲလဲပြောမနေတော့ပေ၊ သူဟာတည်ငြိမ်သောလူစားမျိုးကိုလေးစားလေ့ရှိရာ ဒီအတွက်ကြောင့်တစ်ဖက်ကပိုတည်ငြိမ်နေသည်ဟုခံစားမိ၍ပြောလိုက်သည်။
"ဒါပဲ၊ မနက်ဖြန်ဒီအဆောင်စာရွက်တွေကိုယူသွားချည်။ မင်းကောင်းကောင်းပြိုင်ခဲ့လို့ရှိင် ဘာတွေပဲဖြစ်နေပါစေ ရှစ်ပေါ်ကမင်းဘက်မှာရှိနေမယ်။"
လင်းယွဲ့၏သေဆုံးမှုသတင်းထွက်လာပြီးနောက်တွင် ၎င်းကလူတိုင်းအားသိသိသာသာကိုအံ့သြမှင်သက်သွားစေခဲ့သည်။
နောက်တစ်နေ့တွင် ကွေ့ရီဂိုဏ်းမှ ပြိုင်ပွဲလာကြည့်သည့်လူအနည်းကျဥ်းသာရှိပြီး ၎င်းတို့အားလုံးမှာသုန်မှုန်နေကြသည်။
ပြိုင်ပွဲမစမီ လူအများစုကလင်းယွဲ့၏သေဆုံးမှုအကြောင်းပြောဖြစ်ကြကာ ၎င်းကရုတ်တရက်ဆန်ဆန်ဖြစ်သွားခဲ့သည်ဟုသာခံစားမိကြသည်။
လင်းယွဲ့၏အမူအကျင့်မှာမတိုင်ခင်ကမောက်မာသော်လည်း သူ၏သေဆုံးမှုကြောင့် မုန်းတီးမှုမှာအနည်းငယ်ပျက်ပြယ်သွားခဲ့သည်။ သူသာရှုလင်ကျားနှင့်မတွေ့ခဲ့လို့ရှိရင် ဒီကနေ့တတိယမြောက်ပွဲစဥ်ကိုဝင်ပြိုင်နိုင်လိမ့်မည်ပင်။
ရလဒ်အနေဖြင့် လူငယ်တစ်ယောက်ကဒေါသထွက်လွန်းအားကြီးလို့ ဒဏ်ရာကုနေစဥ်စိတ်မထိန်းနိုင်ဖြစ်ကာ သူ့ကိုယ်သူဒုက္ခရောက်သွားစေခဲ့သည်။
ဤတစ်ကြိမ်တွင်ရှုလင်ကျားကပထမဆုံးပြိုင်ရမည်ဖြစ်သည်။ သူ၏ပြိုင်ဘက်မှာသူ့ကိုမြင်လိုက်ရချိန်တွင်သိမ်ငယ်သွားရသည်။ ထို့အပြင် ဒီတစ်ခေါက်သူ၏ရောင်ဝါဟာလည်း၂၀ရာခိုင်နှုန်းပြန်ရလာပြီဖြစ်ရာ သူဟာဓားရေးတွင်လက်စွမ်းအသစ်ပြလိုက်သည်။ ပြောထားတဲ့အတိုင်း အနိုင်ရဖို့မခက်လိုက်။
သူပြိုင်ပွဲစင်မြင့်ပေါ်ကဆင်းလာသော် ကွေ့ရီဂိုဏ်းကိုကြည့်ကာ မနေနိုင်ဘဲမျက်မှောင်အသာကြုတ်မိသည်။
ကျင်းဖေးထုန်ကဆိုသည်။
"လင်းယွဲ့ရဲ့သေဆုံးမှုကမင်းနဲ့မဆိုင်ဘူး။ မင်းကိုယ်မင်းအပြစ်တင်မနေနဲ့။"
ရှုလင်ကျားချက်ချင်းအကြည့်ပြန်ရုတ်ကာပြောလိုက်သည်။
"ကျွန်တော်ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါဘူးနော်။"
ကျင်းဖေးထုန်မနေနိုင်ဘဲတိတ်တိတ်လေးခိုးပြုံးမိသည်။
ကံကောင်းစွာဖြင့်ရှုလင်ကျားကသူ့မျက်နှာထားကိုသတိမထားမိဘဲပြောလာသည်။
"ကျွန်တော်အရမ်းထူးဆန်းတယ်လို့တွေးမိရုံတင်။ လင်းယွဲ့နဲ့ကျွန်တော်ပြိုင်တုန်းက သူ့ဒဏ်ရာမပြင်းထန်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိတယ်။ သူဒဏ်ရာအများကြီးမရသွားတာမို့ သူဒုက္ခရောက်သွားရင်တောင်မှ သူ့မှာခုခံနိုင်စွမ်းမရှိတာမဖြစ်သင့်ဘူးလေ။ သူဘယ်လိုလုပ်သေသွားတာလဲ။ ကျွန်တော်နားမလည်တော့ဘူး။"
ကျင်းဖေးထုန်ကမေးလာသည်။
"လင်းယွဲ့သေဆုံးမှုရဲ့ထူးခြားဖြစ်စဥ်ကိုသိလား။"
ရှုလင်ကျားခေါင်းခါကာပြောမိသည်။
"ကွေ့ရီဂိုဏ်းကလျို့ဝှက်ထားတယ်။ အခုဆိုရင်ဆက်ဆံရေးကအရမ်းတင်းမာနေတော့ သွားမေးဖို့မလွယ်ဘူး။ သူရူးသွားတာကိုကျွန်တော်သိတယ်၊ မနေ့ညက..."
သူသည်အစက"ကျွန်တော်မနေ့ညကခင်ဗျားဆီကကြားခဲ့တာ"ဟုပြောချင်ပေမဲ့ စကားတစ်ဝက်ရောက်သော် ထိုအချိန်တုန်းကသူဟာမြေခွေးအသွင်နှင့်ရှိနေမှန်းရုတ်တရက်သတိရသွားကာ စကားတစ်ဝက်မှာတင်ချက်ချင်းရပ်ပစ်လိုက်ရပြီး သာမန်ကာလျှံကာပြောလိုက်သည်။
"ကျွန်တော်မနေ့ညကအပြင်မှာကြားခဲ့တာ။"
ကျင်းဖေးထုန်ကဘာမှမကြားချင်ယောင်ဆောင်ကာခေါင်းငြိမ့်၍ပြောလာသည်။
"တကယ်တော့ ကိုယ်ရုတ်တရက်တစ်ခုသတိရသွားတယ်၊ ကိုယ်မင်းကိုပြောပြဖို့မေ့နေတာ၊ လင်းယွဲ့ရဲ့အဖိုးလင်းလျန်က လင်ရှောင်းဂိုဏ်းကနေကွေ့ရီဂိုဏ်းကိုပြောင်းသွားတာကိုမင်းသိပေမဲ့ သူကဘာလို့မိုးကြိုးဓားသွားရဲ့ဖန်တီးရှင်ဖြစ်နေလဲဆိုတာမင်းမသိလောက်ဘူးမလား။"
ရှုလင်ကျားမထင်မှတ်ထားစွာပြောမိသည်။
"ဘာများလဲ။"
ကျင်းဖေးထုန်ဟာလည်းဒီအကြောင်းသိတာကြာပြီဖြစ်ကာ ရှုလင်ကျားကသိထားတာကြာပြီဟုခံစားမိသည်။ အဆုံးတွင်ဒီဓားရေးကျင့်စဥ်ကရှင်းဇုန်အပိုင်ဖြစ်သည်မို့ ရှုလင်ကျားက၎င်း၏ဇစ်မြစ်ကိုမသိလောက်ပေ။
ကျင်းဖေးထုန်ပြောလိုက်သည်။
"အင်း၊ နောက်ကျတော့ကိုယ်ပြန်တွေးကြည့်လိုက်မှ လင်းယွဲ့ကမင်းသုံးတဲ့ဓားရေးကိုသုံးပြီးမင်းနဲ့ယှဥ်ပြိုင်ချင်ခဲ့တာ၊ ဒါပေမဲ့ သူကမင်းကိုရှုံးသွားတယ်လေ။ ဒါကြောင့်မို့သူ့အတွက်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်သွားတာပဲ။"
ရှုလင်ကျားမျက်မှောင်ကြုတ်ကာ လင်းယွဲ့၏အပြုအမူများကိုပြန်တွေးကြည့်ပြီး တစ်အောင့်မျှစကားမပြောမိပေ။
သူသည်လင်းလျန်ကိုတစ်ခါမျှမမြင်ဖူးပေမဲ့ ဒီရက်တွေအတွင်းမှာသူဟာမိုးကြိုးဓားသွားကျင့်စဥ်ကိုတော်တော်များများလေ့လာခဲ့သည်မို့ ရှုလင်ကျားအားထိုအကြီးအကဲပုဂ္ဂိုလ်ကိုရိုသေလေးစားသွားစေခဲ့၏။
သူ့တွင်နက်ရှိုင်းသောနားလည်မှုရှိပြီး နှစ်ရာပေါင်းများစွာအပြန်အလှန်ဆက်နွယ်နေသည့်ခံစားချက်မျိုးရနေသည်။
ယခုတွင်လင်းယွဲ့ကသူ့အငယ်ဖြစ်နေကြောင်းကြားလိုက်ရရာ လင်းယွဲ့၏သေဆုံးမှုကသူနှင့်တစ်ခုခုဆိုင်လာပြီမို့ ရှုလင်ကျားကူကယ်ရာမဲ့စွာရှုပ်ထွေးသွားရသည်။
တစ်ခဏမျှကြာသော်သူပြောလိုက်သည်။
"ဒီတော့လင်းယွဲ့ရူးပြီးသေသွားတာက ကျိုးကြောင်းသင့်တယ်လို့ထင်တယ်ပေါ့။"
ကျင်းဖေးထုန်ကဆိုသည်။
"မဟုတ်ဘူး၊ ကိုယ်ကဖြစ်နိုင်ချေကိုမြှင့်ပေးလိုက်ရုံပဲ။ ပြီးတော့ ကိုယ်မနေ့ညကထပ်ခါတလဲလဲတွေးရင်းတွေးရင်းနဲ့ ကိုယ့်မှာနောက်ခန့်မှန်းချက်တစ်ခုရှိလာတယ်။"
ရှုလင်ကျားက"ဟမ်"ဟုဆိုကာ သူဆက်ပြောမှာကိုစောင့်နေပေမဲ့ ကျင်းဖေးထုန်ကပြုံးကာဖြင့်တိုက်ပွဲကွင်းပြင်ကိုကြည့်ကာပြောလာသည်။
"ကြည့်၊ ကျန်းရွေ့နိုင်သွားပြန်ပြီ။ ဒါပေမဲ့ဒီတစ်ခေါက်ကျတော့ အနိုင်ရတာကအရင်နှစ်ပွဲလောက်မကောင်းဘူး။"
ရှုလင်ကျားတိုက်ပွဲကွင်းပြင်ကိုလိုက်ကြည့်ကာပြောမိသည်။
"အဆောင်စာရွက်ကိုမှီခိုပြီးအနိုင်ရတာကသူ့အတွက်တကယ့်ကိုဂုဏ်ကျက်သရေမရှိဘူးပဲ။ ကျစ်....ရတနာတွေအများကြီးပဲ၊ ကျွန်တော်လောင်းတယ်၊ အကြီးအကဲကျန်းကသူ့ကိုအဆောင်စာရွက်တွေတိတ်တခိုးပေးလိုက်တာဖြစ်ရမယ်။"
"လူတွေရဲ့ခေါင်းကိုလောင်းနေတဲ့"သူ့စကားကိုကြားလိုက်ရရင်း
ကျင်းဖေးထုန်အစကရယ်မောမိပေမဲ့ အနောက်ကရှုလင်ကျားပြောတာကိုကြားလိုက်ရသော် သူ့ရင်ထဲတွင်မနေနိုင်ဘဲသက်ပြင်းချမိသည်။
ရှုလင်ကျားကအသေအချာကြီးပြောလာသည်မို့ ချီဇုန်၏အကြီးအကဲကျန်းကကျန်းရွေ့ကိုအရမ်းဘက်လိုက်မှန်းမြင်နိုင်ပေသည်။
ဒီတစ်ခေါက်ကျန်းရွေ့၏ပြိုင်ဘက်ကားသိပ်မသန်မာပေမဲ့ လက်ရှိအခြေအနေမှတဆင့်အကဲဖြတ်ရင်းဖြင့် သူနှင့်ရှုလင်ကျားဟာအဆုံးတွင်တိုက်ခိုက်ရလောက်သည်၊ သို့သော်ကျန်းအကြီးအကဲကကျန်းရွေ့ကိုရတနာအမြောက်အမြားပေးခဲ့သည်မို့ ဘယ်သူ့ကိုနိုင်စေချင်မှန်းသိသာလှပေသည်။
ကျင်းဖေးထုန်အတွက် လူအချို့ကရှုလင်ကျားကိုမျက်နှာသာပေးရင်ဝမ်းမြောက်မိပေမဲ့ တစ်ယောက်ယောက်ကရှုလင်ကျားကိုမမျှမတဆက်ဆံလာလို့ရှိရင် သူမည်မျှမပျော်မရွှင်ဖြစ်ရမှန်းမပြောနိုင်ပေ။
အထူးသဖြင့်ရှုလင်ကျားရှင်းလင်းစွာသိနေသည်ကိုမြင်နေရချိန်တွင်ဖြစ်သည်။
ကျင်းဖေးထုန်ခဏတန့်သွားကာပြောမိသည်။
"ကိုယ့်ကိုခွင့်လွှတ်ပါကွာ၊ ကိုယ်မင်းနဲ့မလောင်းရဲဘူး။ ဒါပေမဲ့ကျန်းရွေ့ရဲ့မကြာသေးခင်ကအနိုင်ရမှုတွေက ထူးခြားတယ်ထင်လား။ သူ့ပုံစံကြည့်ရတာအရည်အချင်းရှိပုံမပေါ်ပေမဲ့ ပြိုင်လိုက်တိုင်းမှာအနိုင်ရသူဖြစ်သွားတာကြီးပဲ။"
ရှုလင်ကျားခေါင်းငြိမ့်လိုက်သည်။
"ခင်ဗျားဘာပြောချင်တာလဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"မနေ့ကကျန်းရွေ့လည်းဒဏ်ရာကုဖို့ လျိုပေါ်တောင်ကြားကိုသွားတာ ကိုယ်မြင်လိုက်တယ်။ အဲ့ဒီ့အချိန်တုန်းကလင်းယွဲ့လည်းအဲ့ဒီ့မှာရှိနေလောက်တယ်။"
ကျန်းရွေ့ဘာဒဏ်ရာရနေလဲဟုရှုလင်ကျားမေးဖို့ပြင်လိုက်ချိန်တွင် ကျင်းဖေးထုန်ကအပြုံးတစ်ပွင့်ဖြင့်ထပ်ပေါင်းပြောလာသည်။
"ပြီးတော့ကျန်းရွေ့ရဲ့ဒဏ်ရာဘယ်ကရောက်လာလဲမင်းစိတ်ကူးမိမှာမဟုတ်ဘူး။"
သူသည်ထိုအချိန်တုန်းကမြင်ခဲ့သည့်အရာများကိုအစုံအလင်ပြန်ပြောပြလိုက်သည်၊ ကျန်းရွေ့တစ်ယောက်တွင်းထဲဘယ်လိုကျသွားကြောင်း၊ သစ်ပင်နှင့်ကျောက်တုံးရိုက်တာခံခဲ့ရကြောင်း၊ မြေကြီးပေါ်ခဏခဏလဲကျကြောင်း။
ရှုလင်ကျားမျက်နှာပေါ်ရှိအမူအရာမှာအလွန်ထူးဆန်းလျက်ရှိသည်။ သူရယ်ချင်ပေမဲ့သူ့ကိုယ်သူချုပ်တည်းကာမေးမိသည်။
"သူအရမ်းကံဆိုးနေတာလား။"
ကျင်းဖေးထုန်ကခေါင်းငြိမ့်သည်။
"မထူးဆန်းဘူးလား။"
ရှုလင်ကျားသူ၏ကံကောင်းမှုတန်ဖိုးကိုရုတ်ခြည်းတွေးမိသွားသည်။
အဓိကဇာတ်ဆောင်အရှိန်အဝါကိုနည်းနည်းချင်းစီပြန်ယူလိုက်လို့ရှိရင် ကျန်းရွေ့သတိထားမိသွားမလားဟု သူလည်းအရင်ကတွေးမိသည်။
ဒါပေမဲ့သူ့မှာပြောင်းလဲမှုဖြစ်သွားလို့ရှိရင် ဘယ်လိုပြောင်းလဲမှုမျိုးဖြစ်မှာလဲ။ သူသတိထားမိသွားရင် သူဘာလုပ်မှာလဲ။
အခုဆိုရင်အဖြေကနီးကပ်လာသည်ကို ရှုလင်ကျားခံစားမိသည်။
ယခုတွင်ကျန်းရွေ့ကတစ်အောင့်ကြာအနိုင်ရသွားပြီး ထို့နောက်ကံဆိုးမှုကိုခဏတာရရှိသွားသည်။ ၎င်းမှာသူဟာကြီးကြီးမားမားထိခိုက်သွားပြီး တည်ငြိမ်သောအခြေအနေကိုမထိန်းသိမ်းနိုင်ကြောင်းပြသနေသည်။ ထို့နောက်သူ၏နောက်ထပ်လုပ်ရပ်များမှာ သေချာပေါက်ကိုအမှားများလာလိမ့်ပင်။
ရှုလင်ကျားဖြည်းဖြည်းချင်းပြောလိုက်သည်။
"ကျန်းရွေ့ကံမကောင်းဘူး၊ လင်းယွဲ့သေသွားတယ်။ ကျန်းရွေ့ကံပြန်ကောင်းလာပြီး ဒီနေ့နောက်တစ်ပွဲနိုင်သွားတယ်။"
သူပြောလိုက်သည့်စကားလုံးများမှာဆက်စပ်မှုမရှိပုံပေါက်ပေမဲ့ ကျင်းဖေးထုန်ကတော့မဟုတ်ပေ။ သူကမထင်မှတ်ထားစွာဖြင့်နားလည်သွားကာပြောလာသည်။
"ကျန်းရွေ့ကပါရမီစွမ်းရည်ရှိပြီး ကံကောင်းတဲ့လူတစ်ယောက်မဟုတ်ဘူး၊ ဒါပေမဲ့သူ့ကံကိုပြောင်းပြန်လှန်ဖို့နည်းလမ်းရှာလို့ရခဲ့တယ်? လင်းယွဲ့ကိုသတ်တာကနည်းလမ်းတွေထဲကတစ်မျိုးလား။"
ပြောလို့ပြီးသွားသော် သူကူကယ်ရာမဲ့စွာဖြင့်ခေါင်းခါကာပြောမိသည်။
"ရယ်စရာကောင်းလွန်းတယ်။ လောကကြီးထဲမှာဒီလိုအရာမျိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
ရှုလင်ကျားကကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်ကာပြောလာသည်။
"အဲ့လိုအရာမျိုးရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ပြောရင်ရော?"
ကျင်းဖေးထုန်ကြောင်အမ်းသွားရသည်။
သူကိုယ်၌ကကောင်းကင်ဘုံ၏ဂုဏ်ယူရသောသားတော်တစ်ပါးဖြစ်ရန်မွေးဖွားလာပြီး အရာရာတိုင်းကားချောမွေ့ကာ သူ၏နောက်ခံအသိုင်းအဝိုင်း၊ ရုပ်ရည်သွင်ပြင်နှင့်ဉာဏ်ကောင်းမှုတို့မှာပထမတန်းစားဖြစ်ပေရာ တကယ်တမ်းတွင် တော်ဝင်မိသားစု၏မောက်မာသောကလေးအချို့ရှိသည်။ ကံကိုလူသားတို့ခြယ်လှယ်လို့ရနိုင်သည်ဆိုတဲ့အချက်ကသိပ်ကိုကိုးရိုးကားယားနိုင်လွန်းလှသည်။
သို့သော် ရှုလင်ကျား၏လေသံထဲတွင်ရှားရှားပါးပါးလေးနက်မှုကိုသူခံစားမိလိုက်သည်။
ထို့ကြောင့်ကျင်းဖေးထုန်သေချာဂရုတစိုက်တွေးကာ သူ့ကိုမျှမျှတတနှင့်လေးနက်စွာဖြေလိုက်သည်။
"ကိုယ်တစ်ခါမှမကြားဖူးဘူး။ ဒါပေမဲ့မင်းပြောတာကသေချာပေါက်ကိုအလိမ်အညာမဟုတ်မှန်းကိုယ်ယုံကြည်တယ်။"
ကျင်းဖေးထုန်၏အဖြေကိုကြားလိုက်ရရာ ရှုလင်ကျားစိတ်သက်သာရာရသွားခဲ့သည်။
၎င်းကရယ်စရာကောင်းပုံပေါ်ရင်တောင်မှ ဒီကမ္ဘာပေါ်မှာသူပြောတာကိုနားထောင်ချင်စိတ်ရှိတဲ့လူတွေရှိနေတုန်းပဲဟုသူတွေးမိသည်။
ရှုလင်ကျား၏စိတ်အခြေအနေချက်ချင်းတိုးတက်လာကာပြုံးလိုက်သည်။
"ထားလိုက်တော့၊ ကျွန်တော်ကဒီအတိုင်းပြောလိုက်တာ၊ ခင်ဗျားလည်းယုံကြည်လိုက်ပေါ့။ ဒါပေမဲ့ကျွန်တော့်မှာသက်သေမရှိဘူး။ ကျွန်တော်သူနဲ့တိုက်ခိုက်တဲ့အခါကျရင် ခင်ဗျားစူးစမ်းလို့ရတယ်။"
ကျင်းဖေးထုန်ကအပြုံးတစ်ပွင့်ဖြင့်ခေါင်းငြိမ့်ပြလာသည်။
ရှုလင်ကျားကပြောရင်းဖြင့် စားပွဲပေါ်ကိုလက်ချောင်းများဖြင့်အသာအယာတတောက်တောက်ခေါက်ကာ ကျင်းဖေးထုန်ကိုမေးလိုက်သည်။
"ဟေ့၊ ကျွန်တော်နိုင်မယ်လို့ယုံကြည်လား။"
သူ့မျက်ဝန်းတစ်စုံကတောက်ပနေပြီး ၎င်းတို့ထဲတွင်ကြည်လင်သောအပြုံးတစ်ပွင့်ရှိနေကာ သူ့အဖြေကိုစောင့်နေပုံမှာ စားပွဲပေါ်မှာဆောင့်ကြောင့်ထိုင်လျက်သားဖြင့် သူ့ကိုမော့ကြည့်ကာထိတွေ့ပေးဖို့တောင်းဆိုနေသည့်မြေခွေးလေး၏မျက်နှာထားနှင့်ကွာခြားမှုမရှိပေ။
၎င်းကသူ့ကိုကျေနပ်သွားစေမလား၊ သူ့အလိုကိုဆန့်ကျင်မိလိုက်မလားသေချာမပြောနိုင်ပေ။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ဟုတ်တာပေါ့၊ ကိုယ်ယုံကြည်တယ်။ အစကထဲကမင်းဟာခွန်အားအကြီးဆုံးလို့ထင်တယ်။"
ရှုလင်ကျားကပြုံးကာဆိုသည်။
"အင်း...ဒါဖြင့်ရင် ကျွန်တော်ကြိုဖိတ်ထားလိုက်မယ်။ ကျွန်တော်နိုင်သွားလို့ရှိရင် တောင်ထိပ်ကလျို့ဝှက်ဂူထဲဝင်လို့ရနိုင်တယ်။ ခင်ဗျားကျွန်တော်နဲ့အတူထပ်ပြီးလိုက်ဝင်ချင်လား။"
ကျင်းဖေးထုန်တောင့်ခဲသွားရသည်:
"ဟမ်?"
ရှုလင်ကျားပြောလိုက်သည်။
"ခင်ဗျားလွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကအဲ့ဒီထဲတစ်ခါဝင်ဖူးတယ်မလား။ ကျွန်တော်တွေးတာက ကျွန်တော်အထဲဝင်သွားနိုင်လို့ရှိရင် တစ်ယောက်ယောက်ကလမ်းပြပေးရင်ကောင်းမှာပဲလို့။ ဘယ်လိုလဲ၊ ခင်ဗျားစိတ်ဝင်စားလား။"
သူဘာကိုဆိုလိုမှန်းကျင်းဖေးထုန်ရုတ်ခြည်းနားလည်သွားရသည်၊ ရှုလင်ကျားဟာသူမနေ့ညကလျို့ဝှက်ဂူထဲဝင်ချင်သည်ဟုသူပြောတာကိုကြားခဲ့သည်မို့ ဒီတစ်ခေါက်သူ့ကိုတမင်သက်သက်ဖိတ်ခေါ်လာခြင်းပင်။
သို့သော်ကျင်းဖေးထုန်ကမြေခွေးလေးကိုသူသွားချင်သည်ဟုပြောခဲ့သည့်အကြောင်းမှာ သူကလျို့ဝှက်ဂူထဲဝင်ချင်သောကြောင့် သူနှင့်နီးစပ်ချင်သည်ဟုရှုလင်ကျားသံသယဝင်သွားမှာစိုးကာ တစ်ဖက်လူ၏စိတ်သဘောထားကိုစမ်းသပ်ချင်ခဲ့ပေမဲ့ ထိုအချိန်တုန်းကမြေခွေးလေးကိုအတည်မယူခဲ့ပေရာ ကျင်းဖေးထုန်စိတ်သက်သာရာရသွားသည်။
သို့သော်ရှုလင်ကျားကဒါကိုမှတ်မိနေပြီး သူရှက်သွားမှာစိုးသည်မို့ လက်ဦးမှုရယူ၍ သူနှင့်အတူသွားရန်သူ့ကိုဖိတ်ခေါ်လာခဲ့သည်။
သူကားထက်ရှပုံပေါက်ပေမဲ့ တစ်စုံတစ်ယောက်ကိုခွဲခြမ်းစိတ်ဖြာရာတွင် သူဟာသိပ်မကြာသေးခင်ကသစ္စာဖောက်ခံရကာနာကျင်ခဲ့ရင်တောင်မှ လူတွေကိုသံသယဝင်ကာခွဲခြားဆက်ဆံခြင်းမရှိပေ။
မှတ်ဉာဏ်မရှိသည့်မြေခွေးလေးတစ်ကောင်ပမာ လမ်းမဘေးတွင်ဆောင့်ကြောင့်ထိုင်ကာစိုက်ကြည့်နေရင်းဖြင့် အလွန်ခက်ထန်ပုံပေါက်အောင်ကြိုးစားနေသော်လည်း တစ်စုံတစ်ယောက်၏နှစ်ကြိမ်တိတိပြန်ပေးဆွဲခြင်းကိုခံခဲ့ရလေသည်။
ပိုင်ရှင်မှာနောက်မြေခွေးတစ်ကောင်ရှိလာမှန်း၎င်းသိသွားလို့ရှိရင် ၎င်းကနောက်ပြန်လှည့်မကြည့်ဘဲထွက်သွားကာ အပြင်ဘက်ရှိ လေနှင့်မိုးထဲပြေးသွားလိမ့်မည်။
သို့သော်နောက်လူတစ်ယောက်နှင့်တွေ့သွားသည့်အခါ ၎င်းကတစ်ဖန်ပက်လက်လှန်ကာ ၎င်း၏ပျော့အိအိဝမ်းဗိုက်လေးအား သင့်ကိုထုတ်ပြပေလိမ့်မည်။
သူအရင်ကမထူးခြားမခြားနားဖြစ်ခဲ့တာကြောင့်ဖြစ်လောက်မည်၊ ထို့ကြောင့်သူမကြာသေးခင်ကစပြီးစိတ်ပြေလျော့လာကာ အလွန်စိတ်ခံစားလွယ်လာပြီး ဒီမြေခွေးလေးအကြောင်းတွေးရင်းနှင့် သူ့လည်ချောင်းတစ်ဆို့လာသည်ကိုခံစားလိုက်ရကာ သူခေါင်းငုံ့၍အသာပြုံးမိသည်။
"ကောင်းပြီ။"
ကျင်းဖေးထုန်စကားပြောလို့ပြီးသွားသော် သူခေါင်းမော့ကာရှုလင်ကျားကိုကြည့်လိုက်သည်။
"တကယ်တော့ ဒါကကိုယ်နန်ဇီတောင်ထွတ်လာရတဲ့အကြောင်းရင်းပဲ။ နောက်ဆုံးဓားစမ်းသပ်ရေးပြိုင်ပွဲပြီးတော့ ကိုယ်လျို့ဝှက်ဂူထဲဝင်ပြီးဘိုးဘေးတွေရဲ့အမွေကိုလက်ခံခဲ့တယ်။ အဲ့ဒါကတကယ့်ကိုလျို့ဝှက်နယ်ပယ်ရဲ့တိုးတက်မှုအတွက်အရမ်းအကျိုးရှိတယ်။ ဒါပေမဲ့အဲ့ဒီ့အတွက်ကြောင့်ကိုယ့်မှာမိစ္ဆာအတွင်းစိတ်ရှိလာခဲ့တယ်။ ကိုယ်ခေါင်းလောင်းကိုဖြည်ဖို့ ခေါင်းလောင်းကိုချည်ဖို့လိုနေတုန်းပဲ။ ဒါကြောင့်မို့ ကိုယ်အထဲဝင်ပြီးထပ်ရှာဖွေချင်တယ်။"
မြေခွေးအသွင်နှင့်တုန်းက ရှုလင်ကျားဒါကိုကြားခဲ့ပြီးပြီ။ တစ်အောင့်ကြာသော် သူအနည်းငယ်အံ့အားသင့်သည့်မျက်နှာထားဆင်မြန်းကာမေးမိသည်။
"ဒါဆိုခင်ဗျားမိစ္ဆာအတွင်းစိတ်ရဲ့အရင်းအမြစ်ကဘယ်မှာလဲ။ ဒီလောက်နှစ်တွေအများကြီးကြာပြီးနောက်မှာ ခင်ဗျားရှာတွေ့ပြီလား။"
ကျင်းဖေးထုန်ကသူ့ကိုစိုက်ကြည့်ကာဆိုသည်။
"ဖြစ်နိူင်ပါတယ်...သိပ်မကြာတော့ပါဘူး။"
သူကပြောသည်။
"ကိုယ်မင်းကိုမသွားဖို့ပြောရင် မင်းသေချာပေါက်လက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့အဲ့ဒီ့နေရာကတကယ်ထူးဆန်းတယ်ဆိုတာ ကိုယ်မင်းကိုအသိပေးချင်နေတုန်းပဲ။ မင်းမှာဝင်သွားဖို့အခွင့်အရေးတကယ်ရှိလာရင် မင်းသေသေချာချာစဥ်းစားရမယ်။"
ရှုလင်ကျားကမထူးခြားမခြားနားပြောလာသည်။
"အန္တရာယ်များမှာကြောက်နေလို့ရှိရင် ကုတင်ပေါ်မှာလှဲနေရင်တောင်မှ အိမ်ကြီးပြိုကျသွားနိုင်တာပဲလေ၊ ဘာမှမဖြစ်ပါဘူးဗျာ။ ပြီးတော့ခင်ဗျားကျွန်တော်နဲ့အတူရှိနေတာပဲမလား။"
တတိယပွဲစဥ်တွင် လူပေါင်းများစွာတစ်ပွဲပြီးတစ်ပွဲယှဥ်ပြိုင်ခဲ့ကြကာ လူသိပ်မကျန်တော့ဘဲခပ်မြန်မြန်ပြီးသွားသည်။
အဆုံးတွင် ရှုလင်ကျားနှင့်ကျန်းရွေ့အပြင်၊ ထန်းကွမ်ဟုခေါ်သည့်ထုံလောင်ကျွန်းမှတစ်ကိုယ်တည်းကျင့်ကြံသူနှင့် မေ့ရင်ဂိုဏ်းမှရှဲ့ရှောင်ဝမ်ဟုအမည်ရသောအမျိုးသမီးသာရှိတော့သည်။
သူတို့လေးဦးအနက် ထိပ်ဆုံးသုံးယောက်နှင့်အနိုင်ရသူမှာထပ်မံဆုံးဖြတ်ရမည်ဖြစ်သည်။ ဒုတိယနှင့်တတိယမှာလျို့ဝှက်ဂူထဲမဝင်နိုင်သော်လည်း သူတို့ဟာနန်ဇီတောင်ထွတ်၏ကိုယ်တိုင်လမ်းညွှန်ပြသမှုကိုလက်ခံကာ ဤနေရာရှိမှော်လက်နက်တစ်ခုကိုလည်းရွေးချယ်လို့ရသည်မို့ ၎င်းဟာလည်းအလွန်ရက်ရောသောဆုလဒ်ဖြစ်ပေသည်။
ဒီတစ်ခေါက်တွင် ရှုလင်ကျား၏ပြိုင်ဘက်ကားထန်းကွမ်ဖြစ်ပြီး ကျန်းရွေ့ကတော့မေ့ရင်ဂိုဏ်းကတစ်ယောက်နှင့်ပြိုင်ရမည်။
လူအနည်းကျဥ်းမှာမဲနှိုက်ပြီးနောက် အခန်းပြန်နားကနောက်ဆုံးပြိုင်ပွဲအနည်းငယ်ကိုစောင့်နေကြသည်။
ရှဲ့ရှောင်ဝမ်ကခေါင်းထက်တွင်ကျစ်ဆံမြှီးများကျစ်ထားကာ ရွှေချည်မျှင်ဝတ်ရုံရှည်ကိုဝတ်ထားသည်။ သူမဟာလည်းနှာတံမြင့်မြင့်နှင့်နက်ရှိုင်းသောမျက်ဝန်းတစ်စုံရှိကာ အတော်လေးလှပပေသည်။
သူမကလက်ထဲရှိမဲကိုကြည့်ကာ ကျန်းရွေ့ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"မောင်ငယ်လေးရေ၊ အစ်မကမင်းရဲ့ပြိုင်ပွဲတွေကိုကြည့်ထားပြီးသား၊ မင်းကတော်တော့တော်ပါတယ်။ ဒါပေမဲ့ဂရုစိုက်နော်။ အို၊ တို့နဲ့တိုက်ခိုက်တဲ့အခါကျရင် မှော်လက်နက်ဘဲဖြစ်ဖြစ် အဆောင်စာရွက်ဘဲဖြစ်ဖြစ် အဲ့လောက်သုံးရလွယ်မှာမဟုတ်ဘူးရယ်။"
ရှုလင်ကျား၏ယခင်ကပြိုင်ပွဲကိုကျေးဇူးတင်ရမည်၊ ကျန်းရွေ့မှာမေ့ရင်ဂိုဏ်း၏စွမ်းအားကိုအပြည့်အဝနားလည်သဘောပေါက်သွားခဲ့သည်။
သူတို့သည်ကကွက်နှင့်ဓားသံများဖန်တီးကာအနှောင့်အယှက်ပေးရာတွင်ထူးချွန်ပြီး သူတို့ဟာလည်းပုံရိပ်ယောင်သုံးကာတိုက်ခိုက်လေ့ရှိ၏။ ထိုအရာများနှင့်ရင်ဆိုင်ရသော် မှော်လက်နက်နှင့်အဆောင်စာရွက်တို့၏အခန်းကဏ္ဍမှာတကယ့်ကိုကြီးမားစွာလျော့ကျသွားလိမ့်မည်ပင်။
ကျန်းရွေ့မှာသူ၏သိမ်ငယ်မှုကိုထုတ်မပြနိုင်ပေရာ ရှဲ့ရှောင်ဝမ်ကိုပြန်ပြုံးပြ၍ပြောလိုက်သည်။
"ကျွန်တော့်ကိုအသိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"
ထိုစဥ်၊ တစ်စုံတစ်ယောက်ကသူ့စိတ်ထဲတွင်ပြောလာသည်။
"မေ့ရင်ဂိုဏ်းကအရင်အတိုင်းပဲ၊ ခေါင်းကုတ်ရင်းကိုယ်နေဟန်ထားပြနေပြီးတော့ ခေါင်းလောင်းတွေ၊ လေချွန်သံတွေနဲ့လှည့်ကွက်သုံးနေတုန်း။"
ကျန်းရွေ့မှာအံ့သြဝမ်းသာဖြစ်သွားမိသည်။
"ချန်ပေ့၊ ခင်ဗျားနိုးလာပြီလား။"
ပုတီးစေ့ဝိညာဥ်ကအေးစက်စက်နှာမှုတ်ကာ အသံကနောက်ဆုံးတွင်ပြန်ပေါ်လာခဲ့သည်။
"မင်းလုပ်တာနှေးသွားတာမင်းအမှားပဲ။ မင်းလက်ထဲမှာရှိတာကိုတောင်မထိန်းသိမ်းနိုင်တော့ ဒီပုတီးစေ့ကပျက်စီးပြီးရင်းပျက်စီးနေတာ! မင်းအဲ့ဒီ့အချိန်တုန်းကပုတီးစေ့အက်ရာကိုသွေးနဲ့အချိန်မီပြန်ပြင်ပြီးတော့ နောက်ပွဲစဥ်နှစ်ခုမှာကောင်းကောင်းလုပ်ခဲ့တာမို့ ငါအသိစိတ်ပြန်ရလာနိုင်တာ။"
Advertisement
- In Serial27 Chapters
Origin of Flames
Jennafil, an off-world planet and it's inhabitants used to enjoy an infinite summer. Nature shifts violently. Hints of a blizzard blowing in. People don't believe it, summer, now snow? While people in the big city scatter to get back to the green home planet, Ferron, a man prepares to make a deal happen in it's outskirts.
8 263 - In Serial24 Chapters
Ishtar's smile
Greetings to you, mysterious reader! I am Ishtar and... well, 'know what ? Let's forget the formalities! To be honest, I don't know my age. I was here before the founding of Uruk. I'll be there long after your descendants have died. Let's say I'm old, shall we? Well, it doesn't show, because I certainly look something like 17. 'll have to trust me. Ah, ah! Let's start at the beginning: if the weird ideograms on this document make sense to you, then someone has taught you my mother tongue. Congratulations, I am dealing with a well educated individual! Where are you from? Is there anything interesting going on in your era? Because obviously, a few centuries (millennia, actually) will have passed since this was written, so please excuse my curiosity. Ugh... get real. You know no one is gonna read this thing. What's the point for a goddess to keep a diary?24/120, NOVEL. ONGOING.
8 70 - In Serial18 Chapters
Idle Immortal
Lin Yang's dream of becoming a Cultivator like his brother, But the bitter reality was that at age 10, Lin Yang had participated in the cultivation test but failed because he had no talent for cultivation and had to forget his dream. But 5 years later, he summons a very unique rectangular-shaped spirit.
8 175 - In Serial113 Chapters
Army of the Damned
"When are we gonna go home?" as the man in a General uniform looks at the beautiful setting Sun. An Isekai about Politics, Strategy and War. Players suddenly got transported into an Isekai world. Our cast of people are forced to accept the new world and adapt or die. They have the means to do damage and commit war, but are now forced to face the music of morals as now, they're not playing with Code. But actual human life. What will they do? What choices and mistakes will they make in their attempt to go back home?-Story by KFCLover from Archives of Stories
8 136 - In Serial14 Chapters
Survival of a healer
This is the story of kevin who got thrown into another world . Follow his story of living and adventuring(Nothing else or i will spoiler) Major Warning : Since many people hope for good structur and fluent english , i have to disappont you . This story is written with many faults and if you know you don't like such novels please don't even start this novel . Also if you are suck up with transported to another world novels please keep away too , since you won't get anything "new" here . ____________________________________________________________________________________________Author Notes : Englisch is not my primary language , hope you understand that . Visit my mainpage at https://uniquebooksblog.wordpress.com/ Comment for good mood and thus more chapters ! No release schedule , it can be month , weeks , days and mabye only hours . (lets hope not years ) Maybe i will add a donation buttion too , (when it is there pleasy only donate if you want to support me , i will add the names on top of the chapters , none chapter will be sponsored only a hall of fame ) But remember : This is a free story ( now ) and if you're scammed by thieve sites then go flame em !
8 125 - In Serial12 Chapters
Kantai Collection: Two Front War
Just when the Imperial Navy thought they had their hands full with the Abyssals a new force goes up against them, and they are rightfully pissed off! With yet another world war as a possibility how much more can the Imperial Navy take when both the Abyssals AND the Kriegsmarine want their heads?!
8 178

